ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန...

By hannawizard

58.1K 3.8K 45

Chongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြ... More

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_1
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_2
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_3
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_4
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_5
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_6
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_7
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_8
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်-9
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_10
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_11
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_12
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_13
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_14
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_15
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_16
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် _17
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_18
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_19
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_20
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_21
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_22
❣️ ကျေးဇူးတင်လွှာ ❣️

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် _Final Part

4.3K 182 2
By hannawizard

Final Part ❣️

လေယာဉ်စီးနေတဲ့တစ်လျှောက်လုံး ကိုယ့်မြေအပေါ်ပြန်ရောက်ရပြီဆိုတဲ့စိတ်ကြောင့်နှစ်ယောက်လုံးပျော်နေခဲ့ကြတယ် ဒါပေမဲ့အကြာကြီးနေလို့တော့မရပါ ရိပေါ်က U.Sမှာကျောင်းသွားတက်ရမှာမို့ ပြန်ရောက်လျက်နဲ့ပင် ကိုယ့်မြေကိုလွမ်းစိတ်ကမပြေ။
ရှောင်ကျန့်ပြင်သစ်မှာနေစဉ် ရိပေါ်ကလိုက်နေပေးခဲ့တာကြောင့် ရိပေါ်မှာနေရင်းထိုင်ရင်းတစ်နှစ်အလကားဖြစ်လိုက်ရတာမို့ ရှောင်ကျန့်က ရိပေါ် U.Sသွားဖို့ကိုသာ စိတ်ထဲလောနေခဲ့ရသည် တစ်ဖက်ကလဲ မိဘတွေနဲ့တစ်လတည်းသာတွေ့ခွင့်ရှိတော့တယ်ဆိုသော စိတ်ကြောင့်ငိုချင်ချင်။
ဒါပေမဲ့ သူ့မှာကောင်လေးနဲ့မှမခွဲနိုင်ဘဲ ပြီးတော့ ရိပါ်ကလဲ သူမလိုက်ရင် သူလဲ U.Sကျောင်းသွားမတက်ပါဘူးဆိုပြီး ဂျစ်ကန်နေတာကြောင့် ရှောင်ကျန့်ကရိပေါ်နောက်ကို ကန့်လန့်ကန့်လန့်ပါရဦးမှာဘဲ။

"ရှောင်ကျန့် သားလေး"
"မား"
ရှောင်ကျန့်က မဖက်ရတာကြာပြီဖြစ်သောမားကို ၀အောင်တိုးဖက်ထားလိုက်လေသည် ဖက်နေသောသားအမိကိုပြုံးကြည့်ရင်းမှ ရှောင်ကျန့်ပါးကလဲ ၀င်ဖက်လိုက်လေသည်။
"ပါး"
"အင်း ရိပေါ် သား"
ရိပေါ်ကလဲ သူ့ပါးကိုဖက်လိုက်သည် ပါးကပိန်သွားသလိုဘဲ အလုပ်တွေများပိုပင်ပန်းသလား။
"ငါ့သားက ပိုပြီးအရပ်ရှည်လာသလိုဘဲ"
ရိပေါ်ပါးက အရပ်ရှည်ကာ လူကြီးပုံပေါက်လာသောသားဖြစ်သူကို တစိမ့်စိမ့်ကြည့်နေမိသည် သားကပါးဖောင်းဖောင်း နှာခေါင်းလုံးလုံးလေးတွေကြောင့် ချစ်စရာကောင်းချင်ပေမဲ့ သေသပ်လှသောမေးရိုးလေးနဲ့ နှာတံချွန်ချွန် အထူးသဖြင့်မျက်လုံးအကြည့်စူးစူးလေးက သားကိုယောင်္ကျားဆန်အောင်ပံ့ပိုးပေးလျက်ရှိသည်။

ထို့နောက် နှစ်ဖက်မိသားစုနဲ့အတူ စားသောက်ဆိုင်မှာမုန့်စားကြသည် ခုတော့လဲတားမရသော သားနှစ်ယောက်ကြောင့် သူတို့လဲ သဘောတူကြည်ဖြူလိုက်ကြရပြီမလား။
"ရှေ့ဆက်ပြီး သားတို့ဘယ်လိုလုပ်ကြမလဲ"
"ကျနော် U.Sပညာသင်သွားရင် ရှောင်ကျန့်ကိုပါ ခေါ်ခဲ့မလို့"
"သားကပါ လိုက်သွားမလို့လား"
ရှောင်ကျန့်မားအသံက တိုးလျလျ တစ်နှစ်တောင်ခွဲထားရသောသားကို ထပ်မခွဲချင်။
"ဟုတ် မား"
"ကျနော် သေချာခေါ်သွားပါ့မယ် အန်တီရဲ့"
ရိပေါ်ရဲ့စကားသံကြားတော့ ရှောင်ကျန့်မားကခေါင်းမညိတ် ခေါင်းမခါ သားရှိရာပြင်သစ်ကို ကျောင်းပျက်ခံပြီး တစ်နှစ်ကျော်ဒုက္ခလိုက်ခံခဲ့သောကလေးကို သူမ ယုံပါတယ် ပြီးတော့ငြင်းလဲမငြင်းရက်။

"လိုက်သွားခိုင်းလိုက်ပါ မိန်းမရယ် မင်းသားမျက်နှာလဲကြည့်ဦး"
ယောင်္ကျားပြောစကားကြောင့် သားမျက်နှာကိုကြည့်တော့လဲ မျှော်လင့်တကြီးသူ့ကိုကြည့်နေရှာသည်။
"အေး အေးပါ လိုက်သွား လိုက်သွား"
"ယေး ကျေးဇူးပါ အန်တီ"
"ရပါတယ်ရှင် အန်တီသားကိုသာစောင့်ရှောက်ပေး မင်းကိုအန်တီယုံတယ်နော် ရိပေါ်"
"ဟုတ် စိတ်ချပါ အန်တီ"
ကလေးလိုပျော်မြူးသွားသောရိပေါ်ကိုကြည့်ရင်း ရှောင်ကျန့်ကပါပြုံးနေလိုက်မိသည်။
မင်းသာပျော်မယ်ဆို ဘာဘဲလုပ်ရလုပ်ရပေါ့ ရိပေါ်ရယ် မင်းပျော်ဖို့ကသာ ငါ့ရဲ့အဓိကပါ။

"ဒါဆို ခဏလောက် ကျနော့်ကိုခွင့်ပြုပါဦး"
ရှောင်ကျန့်ကပြောရင်းထတော့ ရိပေါ်ကချက်ချင်းလက်လှမ်းဆွဲရင်း
"ဘယ်သွားမလို့လဲ"
"Toiletသွားမလို့"
"လိုက်ခဲ့မယ်"
"ဘာလိုက်လုပ်မှာလဲ နေခဲ့လေ ချက်ချင်းပြန်လာခဲ့မယ်"
ကလေးလို နေရာတကာလိုက်ချင်‌နေသာရိပေါ်ကြောင့် ရှောင်ကျန့်မှာရီလဲရီချင် လူကြီးတွေရှ်ိတော့ ရှက်လဲ ရှက်လာတာမို့ ပြောပြီးတာနဲ့ချက်ချင်းအမြန်ထွက်လာခဲ့လိုက်သည်။

Toiletထဲ ၀င်နေတုန်းမှာပင် အပြင်ဘက်မှာ ဟိုဒီလျှောက်နေသံကိုကြားလိုက်ရသည် ရိပေါ်များလား Toiletခန်းထဲမှာ ထွက်လာပြီးလက်ဆေးကာအပြင်ထွက်မိချိန်မှာတော့ သူတွေ့လိုက်ရတဲ့သူဟာ တစ်ကိုယ်လုံးအနက်၀တ်ဆင်ထားခဲ့သည်။
Maskအမည်း၀တ်ထား၍ မျက်လုံးလေးသာပေါ်နေသော ထိုလူ၏မျက်လုံးများကိုသူမှတ်မိသည် ဘယ်လို ဖုံးထားဖုံးထား ဒီမျက်လုံးတွေကို သူသေချာမှတ်မိနေခဲ့ပါသည်။
"ယွီရှင်း မင်း"
စကားတောင်ဆုံးအောင်ပြောခွင့်မရဘဲ ပုဝါစတခုဖြင့် ရှောင်ကျန့်ရဲ့နှာခေါင်းပေါ်သို့ ယွီရှင်းကအုပ်လိုက်လေသည် ကြောက်လန့်တကြားဖြင့် ရုန်းကန်နေသည့်ကြားမှာပင် ရှောင်ကျန့်ကမ္ဘာကမှောင်အတိဖြစ်သွားခဲ့လေပြီ ကမ္ဘာကြီးနှင့်အဆက်အသွယ်မပြတ်တောက်ခင်မှာ သူ‌နောက်ဆုံး ခပ်တိုးတိုးခေါ်လိုက်မိသည့် နာမည်လေးကတော့ "ရိပေါ်"။

ခေါင်းကိုက်နေသလိုခံစားချက်သဲ့သဲ့နှင့်အတူရှောင်ကျန့်နိုးလာခဲ့ရသည် မှေးစင်းရာမှာ နေသာကျနေခဲ့သောမျက်၀န်းများကိုအားတင်းပြီးကြည့်မိတော့ သူ့ကိုကျောပေးရပ်‌နေသောယောင်္ကျားလေးတစ်ယောက်။
ဝေဝါးနေသောမျက်၀န်းများကိုပွတ်ရင်းထပ်ကြည့်မိသော ထိုလူဟာ၀တ်စုံပြည့်၀တ်ထားခဲ့ပုံပင် ထိုလူ့ကိုကျော်၍ သူ့ဆီကျလာသောနေရောင်ခြည်ကိုလက်သေးသေးလေးဖြင့်ကာရင်း အားယူပြီးခေါ်လိုက်မိတာက နှုတ်ခမ်း၀မှာအမြဲစိုးမိုးနေခဲ့သောနာမည်လေးပင်။
"ရိ ရိပေါ်လား"
သူ့ရဲ့ခပ်တိုးတိုးခေါ်သံကြားမှပင် သူ့ဘက်သို့ တဖြည်းဖြည်းလှည့်လာသောထိုလူ့မျက်နှာကို သေချာမြင်ရရန် နေရောင်ကိုလက်နဲ့ကာထားရင်း အားစိုက်၍ကြည့်မိချိန်မှာတော့။

"ယွီရှင်း"
"အေး ငါ ယွီရှင်း မင်းကတကယ်လွန်တယ်နော် ရှောင်ကျန့် မေ့လဲကျချိန်မှရော ပြန်နိုးထချိန်မှာရော မင်းကဒီကောင်လေးနာမည်ကို‌ဘဲ ခေါ်နေခဲ့တာပါလား"
ယွီရှင်းက သူမှန်းသိတာနဲ့ကြောက်လန့်တကြားနှင့် ချက်ချင်းတင်းမာသွားသောရှောင်ကျန့်မျက်နှာလေးကိုကြည့်ရင်း ရင်နာနာနဲ့ပြောသည်။
"မင်း ငါ့ကိုဘာလုပ်မလို့လဲ"
"ဘာလုပ်ရမှာလဲ မင်းနဲ့လက်ထပ်မလို့လေ"
"ဟမ် မင်း မင်းရူးနေလား ယွီရှင်း"
ရှောင်ကျန့်က ယွီရှင်းပြောစကားကြောင့် မိမိကိုယ်ကိုပြန်ငုံ့ကြည့်မိတော့ wedding suit အဖြူရောင်လေးနှင့်။

ထိတ်လန့်တကြားနဲ့ကုတင်ပေါ်ကခုန်ဆင်းပြီးတံခါးစီပြေးဖို့ပြင်တော့ ယွီရှင်းကရှောင်ကျန့်လက်ကိုလှမ်းဆွဲသည် ထို့နောက်ဖုန်းကိုဖွင့်ကာ ပုံတစ်ပုံကိုပြသည် ပုံကိုမြင်တော့ရှောင်ကျန့်မှာစောင့်တက်လာသောစိုးရိမ်မှုကြောင့်နှလုံးသွေးတို့ပင်ရပ်တန့်ချင်သွားရသည်။
ရိပေါ်ကိုခုံတစ်ခုံတွင် ထိုင်ခိုင်းလျက်နောက်ပြန်ကြိုးတုပ်ထားသည့်အပြင် မျက်လုံးများကိုလဲအုပ်စီးထားသေးသည် ရင်တွင်းသို့၀င်ရောက်လာသောပူပန်သောကရဲ့အရှိန်တို့ကြောင့် ဖုန်းကိုစေ့စေ့ကြည့်ရင်း အသက်ရှုပင်မ၀ချင်တော့။

ယွီရှင်းက ဖုန်းပြန်ပိတ်ပြီးသိမ်းလိုက်ကာ
"တွေ့တယ်နော် ရှောင်ကျန့် မင်းငါ့စကားနားထောင်ရင်ထောင်ပေါ့ မထောင်ရင်တော့ မင်းကောင်ကို အဟက်"
ခပ်ဟဟလေးရီသောယွီရှင်းကို ရှောင်ကျန့်ကမီး၀င်း၀င်းတောက်နေသောမျက်၀န်းများဖြင့်ကြည့်လေသည်။
"မင်း သူ့ကိုဘာမှလုပ်စရာမလိုဘူး ယွီရှင်း"
"ငါလဲ သူ့ကိုဘာမှမလုပ်ချင်ပါဘူး မင်းသာငါ့စကားနားထောင်ရင်ပေါ့"
ရှောင်ကျန့်ဆီကဖြေသံမကြားရပေမဲ့ ရှောင်ကျန့်နာခံမယ်ဆိုတာ ယွီရှင်းကသိနေခဲ့ပြီးသား။
"တအောင့်နေ မင်းပါးလာခေါ်လိမ့်မယ် ညဏ်များမနေဘဲ အေးဆေးလိုက်လာခဲ့ ထွက်ပြေးလို့ကတော့ မင်းကောင်အလောင်းကိုမြင်ရဖို့ပြင်ထား"
ယွီရှင်းကပြောရင်းမှ အခန်းပြင်ထွက်သွား‌တော့   ရှောင်ကျန့်က ကုတင်ပေါ်ငုတ်တုတ်ထိုင်ချမိသည် ငါဘာလုပ်ရမလဲ ရိပေါ်ရယ် ငါ‌ဘာတွေလုပ်‌ရတော့မလဲ။

မျက်နှာကိုလက်နဲ့အုပ်နေရင်းစဉ်းစားခိုက်မှာပင်  အခန်းတံခါးဖွင့်သံကြားရ၍လှည့်ကြည့်လိုက်တော့ ပါး နောက်မှာ‌တော့ကောင်‌မလေးတစ်ယောက်ပါလိုက်လာ၍ ဇာအဖြူကိုပန်းပွင့်ပုံသဏ္ဍန်လေးဖော်ထားပြီးအောက်ကအစရှည်ချထားသောပုဝါစကိုယူလာပြီး ရှောင်ကျန့်ရဲ့ပုခုံးပေါ်တွင် လာတပ်ပေးပြန်သည် မငြင်းသာတာမို့ရှောင်ကျန့်ကငြိမ်ခံနေလိုက်ရသည်။
"ပါး"
"သား ဘာမှမပြောနဲ့တော့ သားလုပ်သင့်ဝာာကိုသာလုပ်လိုက်တော့"
"ဒါ ဒါပေမယ့်"
"နောက်ကျနေပြီသား လာ"
ပါးကပြောပြောဆိုဆိုနှင့် ရှောင်ကျန့်လက်တစ်ဖက်ကိုချိတ်လိုက်တာမို့ ရှောင်ကျန့်ဘာလုပ်ရမှန်းမသိတော့ ပါးကရောအလိုတူအလိုပါလား။

ဘယ်လောက်‌ဘဲ ရိပေါ်ကိုသဘောမကျဘူးဆိုဆို ဒီလိုအောက်တန်းကျတဲ့နည်းနဲ့သူ့ကိုရယူဖို့ကြိုးစားတဲ့လူကိုတော့ ပါးတို့လက်မခံသင့်ပါဘူး သူ့ကောင်လေးကရော ဘာချို့ယွင်းချက်များရှိနေလို့လဲ ချို့ယွင်းချက်ရှိနေခဲ့ရင်တောင် ငါကချစ်တယ်လေ ငါကရိပေါ်ကိုအရမ်းချစ်တယ်လေ။
ရိပေါ်လက်ထပ်ဖို့ပူဆာတိုင်းငြင်းခဲ့တာဟာ ဒီလိုအောက်တန်းကျတဲ့နည်းလမ်းနဲ့ရယူဖို့ကြိုးစားတဲ့ယွီရှင်းကိုလက်ထပ်ဖို့မဟုတ်ဘူး ကောင်လေးရဲ့ရှေ့ရေးကို တနည်းနည်းနဲ့ထိခိုက်မှာကိုစိုးရိမ်မိလို့  အရာရာပြည့်စုံတဲ့ကောင်လေးကိုလူသိရှင်ကြားအရှက်မကွဲစေချင်ခဲ့လို့။
ခုလိုယွီရှင်းနဲ့လက်ထပ်တာကိုမြင်ရင်ရော ရိပေါ်ဘယ်လောက်တောင်စိတ်ထိခိုက်ရှာမလဲ အကိုကသူ့ကိုလက်ထပ်ချင်လို့ ကျနော့်ကိုငြင်းတာပေါ့ ဟုတ်လား ဆိုပြီး သူ့ကိုမေးမေးပြီးငိုနေတော့မှာဘဲ င့ါကိုအထင်မလွဲပါနဲ့ရိပေါ်ရယ် မင်းအတွက်ပါကွယ် မင်းအတွက်မို့ငါဒီလိုလုပ်ရတာပါ မင်းသာတခုခုဖြစ်ရင် ငါတကယ်ရူးရမှာမို့လို့ပါရိပေါ်ရယ် ငါ့ကိုနားလည်ပေးမယ်မလားဟင်။

ခမ်းနားလှသောတံခါးကြီးရဲ့ရှေ့မှာသားအဖနှစ်ယောက်ရပ်နေခဲ့ကြသည် ပါးက၀မ်းသာစွာဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ် သူကတော့နာကျင်စွာ ရူးသွပ်စွာ ပြီးတော့ရှုံးနိမ့်စွာ ခေါင်းထဲမှာပေါ်လာတာက ကောင်လေးမျက်နှာများ ပြီးတော့အကြိမ်ကြိမ်သူ့ကိုတောင်းဆိုခဲ့ရှာသောစကားသံလေးများ။
"အကို ကျနော်အကို့ကိုလက်ထပ်ပါရစေတော့"
ရိပေါ်ရဲ့ဒီစကားသံတခွန်းကြားတိုင်း ရှောင်ကျန့်မျက်ရည်တစ်စက်လွင့်စင်ရသည် တဖြည်းဖြည်းချင်း ရှိုက်သံသာထွက်ပေါ်လာ၍ ပရိသတ်ဘက်ကိုတချက်လှည့်မကြည့်သောသားဖြစ်သူကြောင့် ရှောင်ကျန့်ပါးလဲဘာလုပ်ရမှန်းမသိ။
ပွဲလာသောဧည့်ပရိသတ်ကလဲ ပျော်ရမယ့်မင်္ဂလာပွဲနေ့မှာရှိုက်ကြီးတငင်ငိုကာ ခေါင်းငုံ့လျက်လျှောက်လာသော သတို့သားကိုကြည့်ရင်း ရီရခက် ငိုရခက်။

ရှောင်ကျန့်က ငိုနေရင်းမှစိတ်ကိုမနည်းပြန်တင်းနေရသည် ဘေးကိုသေချာမကြည့်မိပေမဲ့များပြားလှသောပရိသတ်တွေရှိနေမှန်းရှောင်ကျန့်သိသည် ပြီးတော့ သူ့ကို‌သတို့သားနေရာကနေရပ်ကြည့်နေမယ့် ယွီရှင်းကလဲ ဒီလိုငိုယိုနေတာကို နည်းနည်းလေးမှသဘောကျမှာမဟုတ်။
စိတ်တိုပြီးရိပေါ်ကို နှိပ်စက်ခိုင်းရင်ဒုက္ခဘဲ ဟူသောအတွေးတွေ၀င်လာလိုက် သူသာရိပေါ်ခွင့်တောင်းတာကိုလက်ခံခဲ့ရင် ယွီရှင်းနေရာမှာသူချစ်သောကောင်လေး ရိပေါ်ဖြစ်ရမှာဆိုသော ယူကျုံးမရနောင်တစိတ်များဖြင့် လူကရူးသွပ်လာချင်သည်။

ပါးပေါ်သို့ပူလောင်စွာကျဆင်းနေသောမျက်ရည်များကို လက်ခုံလေးဖြင့်သုတ်ဖို့ရည်ရွယ်ရင်း လက်လေးကိုမြှောက်မိခိုက် လေထဲမှာသူ့လက်ကိုဖမ်းပြီးဆုပ်ကိုင်လိုက်သောလက်တစ်ဖက် အံ့ဩစွာဖြင့် လက်ပိုင်ရှင်ကိုကြည့်မိတော့။
"ရိပေါ်"
ရှောင်ကျန့်ရဲ့တိုးရှရှအသံလေးရဲ့အဆုံးမှာတော့ ရိပေါ်နဲ့ရှောင်ကျန့်ရဲ့ကိုယ်လေးနှစ်ခုမှ ကြားလေတောင်တိုးလို့မရအောင်နီးကပ်သွားရလေပြီ ရှောင်ကျန့်ကရိပေါ်ရင်ခွင်ထဲသို့‌ခေါင်းလေးတိုး၀င်ကာ ဖက်ထားမိသည်က လွတ်ထွက်သွားမှာစိုးသည့်အလား။

"ဒီလောက်ဆိုတော်ပြီနော် ညကျမှအ၀ဖက်တော့လေ ဟုတ်ပြီလား"
ည  ညဟုတ်လား ပြီးတော့တကယ်ဆိုရိပေါ်က ပြန်ပေးဆွဲခံထားရတာမဟုတ်ဘူးလား ရှောင်ကျန့်ကဖက်ထားရင်းမှ သူ့မေးတင်ထားမိသောရိပေါ် အင်္ကျီလေးကိုကြည့်မိတော့ Suitအနက်လေး။
ရိပေါ်ရင်ခွင်ထဲမှ အမြန်ထွက်ပြီး ရိပေါ်ကိုသေချာကြည့်မိတော့ Wedding suitအနက်လေးဖြင့် ရင်ဘတ်နားကမှာလဲ ပန်းလေးကကပ်ထားသေးသည်။
"ဒါ ဒါဆို"
"အင်း"
"ဘာအင်းလဲ"
"ကျနော်က အကို့ရဲ့သတို့သားလေ"
"ဟမ်"
ရင်ထဲမှာဖြစ်‌ပေါ်လာသော ၀မ်းသာမှုအဟုန်နှင့် ဒေါသစိတ်လေးလဲကပ်ပါလာရပြန်သည်။

"၀မ်ရိပေါ် မင်း"
"တော်ပြီ တော်ပြီ ရန်ကတော့ နောက်မှအ‌၀တွေ့တော့နော်"
"မရဘူး"
"ရပါတယ် နောက်မှတွေ့ပါ နောက်ကျအ၀တွေ့"
"၀မ်ရိပေါ် မင်းကလေ"
"ဟဲ လုပ်ပါ အကိုကလဲ ဧည့်သည်တွေစောင့်နေရတာအားနာစရာကြီး"
ရိပေါ်ရဲ့စကားကြောင့် ရှောင်ကျန့်မှာလူတွေကိုတစ်လှည့် ရိပေါ်ကိုတစ်လှည်ကြည့်ရင်း ဒေါသကိုမြိုချလိုက်ရသည်။

ရိပေါ်က ဒေါသကိုထိန်းဟန်နှင့် မျက်နှာနီရဲရဲလေးဖြင့် မသက်မသာလေးပြုံးလိုက်သောရှောင်ကျန့်လက်ကလေးကိုသူ့လက်မောင်းပေါ်သို့ချိတ်ရင်း ကတိသစ္စာပြုရန်စင်ပေါ်သို့သွားလေသည်ထို့နောက်တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ရင်းကတိသစ္စာပြုကြရသည်။

"ကျွန်ုပ် ၀မ်ရိပေါ်သည် ယနေ့မှစ၍ ရှောင်ကျန့်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သေဆုံးခြင်းကကျွန်ုပ်တို့ကိုမခွဲခြားသည်အထိချစ်မြတ်နိုးသွားပါ့မယ်လို့ကတိသစ္စာပြုပါသည်"
ရှောင်ကျန့်ကကတိသစ္စာပြုနေရှာသောရိပေါ်ကို ကြည့်ရင်း ရင်ထဲတွင်တသိမ့်သိမ့်ရင်ခုန်လာရသည် ဘယ်သူသိနိုင်မလဲ ပထမဆုံးတွေ့တဲ့အချိန်မှာ‌ပင် သူ့ကိုခင်ဗျားဆိုသောစကားလုံးကိုပါးစပ်ဖျားကမချဘဲ ရိုင်းစိုင်းပြခဲ့သောကောင်လေးက သူ့သူတို့သားဖြစ်လာလိမ့်မယ်လို့လေ။

"ကျွန်ုပ် ရှောင်ကျန့်သည် ယနေ့မှစ၍ ၀မ်ရိပေါ်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သေဆုံးခြင်းကကျွန်ုပ်တို့ကိုမခွဲခြားသည်အထိချစ်မြတ်နိုးသွားပါ့မယ်လို့ကတိသစ္စာပြုပါသည်"
ရိပေါ်က ကတိသစ္စာပြုနေသောရှောင်ကျန့်ကိုခုမှပင် သေချာစွာဖြင့်တယုတယငေးစိုက်မိသည် Wedding Suitအဖြူလေးကို၀တ်ထားလျက် ပုခုံးပေါ်ကပန်းပွင့်ပုံသဏ္ဍန်ဇာပါးပါးလေးမှတဆင့် ရှည်လျားစွာကျဆင်းလာသောဇာပုဝါအဖြူရှည်လေးက အကိုနှင့်လိုက်ဖက်ညီစွာ။
ယောင်္ကျားလေးမို့ လှတယ်လို့မသုံး‌သင့်ပေမဲ့ အကိုကသူ့မျက်၀န်းတွေထဲမှာ တကယ့်ပင်မလွှဲကြည့်နိုင်လောက်အောက်နူးညံ့စွာလှပနေခဲ့သည်။

ကတိသစ္စာဆိုရင်း ပြုံးလိုက်သောသွားလေးတွေဟာ ပုလဲလုံးလေးတွေလို ရှေ့ကသွားလေးတွေကြောင့်ကြည့်ရတာ ယုန်‌ပေါက်စလေးအလား နှုတ်ခမ်းနားကမှဲ့လေးကတော့ သူအသက်ရှုရပ်တန့်ဖို့လုံလောက်သည့်အကြောင်းရင်းလေး။
ငိုထားတဲ့အရှိန်ကြောင့်နီရဲနေသောနှာတံချွန်ချွန်လေးနဲ့ ပါးလေးတွေကိုကြည့်မိတော့စမိတာကိုနောင်တရချင်သွားသလို အကိုငြင်းဦးမှာကြောက်လို့ပါကွာ ကျနော့်ကိုနားလည်ပေးမယ်မလား ကျနော်လုပ်သမျှဟာ အကိုကို့ချစ်လို့။
ထိုမှတဆင့် သူ့ကိုကြည့်နေသောမျက်၀န်းလေးတွေကတော့ သူရဲ့ချစ်ခြင်းတရားတို့မြှုပ်နှံရာရပ်၀န်းလေး ငိုထားရလိုနီစပ်စပ်လေးဖြစ်နေရှာသော မျက်ခန်းစပ်လအတွင်းမှ အနက်ရောင်မျက်၀န်းလေး‌တွေကတော့ ကြည်လဲ့လဲ့။

နောက်ဆုံးတော့ သူ့ကိုပျော်ရွင်စေနိုင်သော ကြည်နူးစေနိုင်သော သာယာစေနိုင်သော တခါတလေတော့ နာကျင်ကြေကွဲစေနိုင်သောစကားသံလေးတွေထွက်ပေါ်ရာ ပန်းနုရောင်နှုတ်ခမ်းပါးပါးလေးပေါ်အကြည့်ရောက်မိခိုက်မှာပင် ဘယ်သူကစတင်၍အော်လိုက်လေမှန်းမသိသောအသံညီညီညာညာတစ်ခုက နားထဲတိုး၀င်လာရလေပြီ။
"နမ်းပါ နမ်းပါ နမ်းပါ"
ထိုကျယ်လောင်လှသောအသံတွေကို အာရုံမစိုက်မိဘဲ သူ့ရဲ့ပိုင်ဆိုင်ရာမျက်နှာဖူးဖူးလေးကိုကြည့်မိတော့ ရှက်သွေးလွှမ်းနေပြီမို့ ရင်ထဲလှိုက်ခနဲခုန်ရပြန်သည်။
ထို့နောက်တော့ ချစ်ရသောကလေးရဲ့ နားထင်နှစ်ဖက်နားတစ်ဝိုက်ကို လက်ကလေးနှစ်ဖက်နှင့်အသာအယာလှမ်းကိုင်လိုက်ရင်း ဘယ်တော့မှမရိုးအီနိုင်အောင် ရင်ခုန်စေနိုင်သော နှုတ်ခမ်းလေးကိုကြာရှည်စွာ ဖိကပ်နမ်းလိုက်လေတော့သည်။

မြင်ကွင်းလှပသော အထပ်မြင့်Hotelခန်းတစ်ခုတွင် ကုတင်ပေါ်ထိုင်နေရင်းရိပေါ်ရဲ့ရင်တွေဗရမ်းဗတာခုန်နေမိသလို ရေချိုးကန်ရဲ့ဘောင်လေးပေါ်တွင် ထိုင်နေသောရှောင်ကျန့်ရဲ့လက်နှစ်ဖက်ကလဲ ပွတ်ချေရလွန်းလို့ နီရဲနေရလေပြီ။
အကြိမ်ကြိမ်ကြုံဖူးပြီးပေမဲ့ ဒီတကြိမ်မှ ပိုထူးခြားစွာခုန်နေမိသောကိုယ့်ရင်ဘတ်ကို လက်သေးသေးလေးနဲ့ပြန်စမ်းကြည့်ရင်း ရှောင်ကျန့်ရှက်နေမိသည် နဂိုကတည်းက မင်္ဂလာဦးညဆိုတာဒီလိုဘဲလား။
တိတ်ဆိတ်လှသောHotelခန်းထဲမှာထိုင်ရင်း ရိပေါ်တစ်ယောက် အာခေါင်တို့ပင်ခြောက်သွေ့လာတာမို့ သက်သာစေရန်တံတွေးကိုသာအကြိမ်ကြိမ်မြိုချမိပေမဲ့ အချည်းနှီးသားပင်။
ပုံမှန်သာဆို ရေချိုးခန်းထဲပုန်းနေရှာသောရှောင်ကျန့်ကို တံခါးကိုတဒုန်းဒုန်းထုရင်း ချီပြီးကုတင်ပေါ်သို့ခေါ်လာမိမှာပေမဲ့ ခုချိန်မှာတော့ဘာ‌ကြောင့်မှန်းမသိပေမဲ့ ငြိမ်သက်နေမိခဲ့သည် မငြိမ်နိုင်သောစိတ်ကို အကြိမ်ကြိမ်ငြိမ်အောင်ကြိုးစားလို့မရတဲ့အဆုံးကုတင်ပေါ်သို့ပက်လက်လှဲရင်း မျက်လုံးတို့ကိုကြိုးစားမှိတ်ထားမိလေသည်။

ထိုအချိန်မှာပင် ပွင့်လာသောရေချိုးခန်းတံခါးသံကြောင့် မျက်လုံးတွေကိုဖွင့်ကြည့်မိတော့ Shower Robeအဖြူရောင်လေးနဲ့ရှောင်ကျန့် ခပ်ဖြူဖြူ‌ကောင်လေးက Shower Robeအဖြူလေးကိုတွဲဖက်‌၀တ်ထားလေတော့ ယုန်ဖြူပေါက်လေးတစ်ကောင်အလား။
ရှောင်ကျန့်က သူ့လည်ပင်းလေးကို သူလက်နဲ့ပွတ်ရင်း ရိပေါ်လှဲနေရာကုတင်ရဲ့အောက်နားလေးမှာ လာထိုင်လေသည် လှဲနေရာမှ ရိပေါ်ကလှမ်းကြည့်မိတော့ ရဲရဲတောက်နေပြီဖြစ်သော နားရွက်လေးများ ခြောက်သွေ့နေသောအာခေါင်ရဲ့အဖြေကိုသိပြီးဖြစ်သောရိပေါ်ကပင် ကုတင်ပေါ်မှ အသာအယာထ၍ ရှောင်ကျန့်ထိုင်နေရာ ကုတင်အောက်ခြေနားတွင် သွားရပ်လိုက်လေသည်။

ထို့နောက် ခါးကိုအနည်းငယ်ကုန်း၍ ဘာတခွန်းမှစကားမဆိုသေးဘဲ ခုလောလောဆယ်ဖြစ်နေသောရောဂါကိုဖြေရှင်းရန်အတွက် နှုတ်ခမ်းဖူးဖူးလေးတွေကိုငုံ့နမ်းလိုက်လေသည် အာခေါင်ခြောက်တာသက်သာသွားချိန်မှာတော့ ရှောင်ကျန့်ကိုပွေ့ချီရင်း ကုတင်ပေါ်သို့ သေချာတင်ပေးလိုက်သည်။
ထို့နောက်သူကပါ ကုတင်ပေါ်ဖြည်းဖြည်းချင်းတက်ရင်း အုပ်မိုးလိုက်ကာ
"ဒီနေ့ ကျနော့်ကိုခွင့်ပြုပေးမယ်မလားဟင်"
သူ့ကိုပြန်မော့ကြည့်လာသောရှောင်ကျန့်မျက်လုံးတို့ကရီဝေဝေ ပြီးတော့ရိပေါ်ရဲ့မျက်နှာလေးကိုလှမ်းကိုင်ရင်း ပြောတာက
"မေးနေစရာလိုသေးလို့လား ရိပေါ်ရယ် ငါကမင်းအပိုင်‌မဟုတ်လား"
ရိပေါ်က ရှောင်ကျန့်ရဲ့ဆံပင်လေးတွေကို လှမ်းထိလိုက်ရင်း
"ဟုတ်တယ် အကိုက ကျနော့်အပိုင်"
ရိပေါ်ရဲ့စကားသံထွက်ထွက်လာချင်းမှ‌ဘဲ ရှောင်ကျန့်ကခေါင်းလေးမ၍ ရိပေါ်ကိုနမ်းလေသည်။

ရိပေါ်ရဲ့နှုတ်ခမ်းအတွင်းပိုင်းထဲထိ တိုး၀င်လာသောရှောင်ကျန့်ရဲ့လျှာဖျားလေးကို ရိပေါ်ကအလိုက်သင့်ပြန်နမ်းလိုက်လေသည် ထို့နောက်တော့ အမြဲဦးဆောင်သူဖြစ်ခဲ့သောရိပေါ်ကပင် ရှောင်ကျန့်ရဲ့နှုတ်ခမ်းတွေကို အပိုင်သိမ်းကာ ခပ်ကြမ်းကြမ်းနမ်းလေတော့သည်။
ရှောင်ကျန့်က ရိပေါ်ရဲ့ရှပ်အင်္ကျီလေးရဲ့ကြယ်သီးလေးတွေ ဖြုတ်ဖို့ကြိုးစားနေစဉ်မှာပင် ရှောင်ကျန့်ရဲ့Shower Ropeရဲ့ကြိုးစလေးသည် ရိပေါ်လက်အတွင်းမှာပြေလျော့ခဲ့ရလေပြီ။

ရိပေါ်က‌ရှောင်ကျန့်ရဲ့ခါးအောက်ပိုင်းကိုအပိုင်သိမ်းနေခဲ့သလို ရှောင်ကျန့်ရဲ့နှုတ်ခမ်း၊လည်တိုင်၊ညှပ်ရိုး၊ပန်းနုရောင်အရာလေးများအပေါ်တွင်လဲ အနမ်းခြေရာချန်ဖို့မမေ့ခဲ့ပေ။
တခါတရံ သူ့ရဲ့ကြမ်းတမ်းမှုကြောင့်ထွက်ပေါ်လာသောရှောင်ကျန့်ရဲ့နာကျင်မှုညည်းသံသဲ့သဲ့ကိုတော့ ရိပေါ်ကဒီအချိန်မျိုးတွင်တကိုယ်ကောင်းဆန်စွာ သာယာမှုလို့ခေါင်းစဉ်တပ်ရဲမြဲ။
ရှောင်ကျန့်ကလဲ နား‌လည်ပေးမယ်ဆိုတာ ရိ‌ပေါ်အတိအကျသိနေခဲ့ပါသည် တချို့အရာတွေက နာကျင်မှုနဲ့သာယာမှုဟာဒွန့်တွဲကာတည်ရှိနေတတ်တာဘဲမဟုတ်လား။

ဥပမာ သူတို့ရဲ့ ချစ်ခြင်းဇာတ်လမ်းလေးလိုပေါ့ နာကျင်မှုတလှည့် သာယာမှုတလှည့် ပျော်ရွင်မှုတလှည့် ဝမ်းနည်းမှုတလှည့် ဒီလိုပါဘဲ မကောင်းမှုတွေကြားထဲမှ ကောင်းသောအရာလေးတချို့ကို သိမြင်ခံစားပြီး ကြည်နူးရတာဟာလဲ ချစ်ခြင်းမေတ္တာရဲ့သဘောတစ်ခုပါဘဲ။
သူတို့နှစ်ယောက်ဟာ ချစ်လဲချစ်ဖူးသလိုမုန်းလဲမုန်းဖူးခဲ့ကြတယ် ဒါပေမဲ့နှစ်ယောက်လုံးကပြိုင်တူလက်လွှတ်ဖို့တော့မကြိုးစားခဲ့ကြ။
ခိုင်မြဲသောသံယောဇဉ်ကြိုးတို့ဖြင့်ရစ်ပတ်ထားခဲ့ကြတာမို့ တစ်ယောက်ကပြေးရင် တစ်ယောက်ကကြိုးလေးကိုအားပြုကာ ရှာဖွေမြဲ လွမ်းဆွတ်မြဲ ပြန်လည်ပိုင်ဆိုင်ဖို့ကြိုးစားခဲ့ကြမြဲ။

#Unicode

Final Part ❣️

ေလယာဥ္စီးေနတဲ့တစ္ေလွ်ာက္လုံး ကိုယ့္ေျမအေပၚျပန္ေရာက္ရၿပီဆိုတဲ့စိတ္ေၾကာင့္ႏွစ္ေယာက္လုံးေပ်ာ္ေနခဲ့ၾကတယ္ ဒါေပမဲ့အၾကာႀကီးေနလို႔ေတာ့မရပါ ရိေပၚက U.Sမွာေက်ာင္းသြားတက္ရမွာမို႔ ျပန္ေရာက္လ်က္နဲ႔ပင္ ကိုယ့္ေျမကိုလြမ္းစိတ္ကမေျပ။
ေ႐ွာင္က်န္႔ျပင္သစ္မွာေနစဥ္ ရိေပၚကလိုက္ေနေပးခဲ့တာေၾကာင့္ ရိေပၚမွာေနရင္းထိုင္ရင္းတစ္ႏွစ္အလကားျဖစ္လိုက္ရတာမို႔ ေ႐ွာင္က်န္႔က ရိေပၚ U.Sသြားဖို႔ကိုသာ စိတ္ထဲေလာေနခဲ့ရသည္ တစ္ဖက္ကလဲ မိဘေတြနဲ႔တစ္လတည္းသာေတြ႕ခြင့္႐ွိေတာ့တယ္ဆိုေသာ စိတ္ေၾကာင့္ငိုခ်င္ခ်င္။
ဒါေပမဲ့ သူ႕မွာေကာင္ေလးနဲ႔မွမခြဲႏိုင္ဘဲ ၿပီးေတာ့ ရိပၚကလဲ သူမလိုက္ရင္ သူလဲ U.Sေက်ာင္းသြားမတက္ပါဘူးဆိုၿပီး ဂ်စ္ကန္ေနတာေၾကာင့္ ေ႐ွာင္က်န္႔ကရိေပၚေနာက္ကို ကန္႔လန္႔ကန္႔လန္႔ပါရဦးမွာဘဲ။

"ေ႐ွာင္က်န္႔ သားေလး"
"မား"
ေ႐ွာင္က်န္႔က မဖက္ရတာၾကာၿပီျဖစ္ေသာမားကို ၀ေအာင္တိုးဖက္ထားလိုက္ေလသည္ ဖက္ေနေသာသားအမိကိုျပဳံးၾကည့္ရင္းမွ ေ႐ွာင္က်န္႔ပါးကလဲ ၀င္ဖက္လိုက္ေလသည္။
"ပါး"
"အင္း ရိေပၚ သား"
ရိေပၚကလဲ သူ႕ပါးကိုဖက္လိုက္သည္ ပါးကပိန္သြားသလိုဘဲ အလုပ္ေတြမ်ားပိုပင္ပန္းသလား။
"ငါ့သားက ပိုၿပီးအရပ္႐ွည္လာသလိုဘဲ"
ရိေပၚပါးက အရပ္႐ွည္ကာ လူႀကီးပုံေပါက္လာေသာသားျဖစ္သူကို တစိမ့္စိမ့္ၾကည့္ေနမိသည္ သားကပါးေဖာင္းေဖာင္း ႏွာေခါင္းလုံးလုံးေလးေတြေၾကာင့္ ခ်စ္စရာေကာင္းခ်င္ေပမဲ့ ေသသပ္လွေသာေမး႐ိုးေလးနဲ႔ ႏွာတံခြၽန္ခြၽန္ အထူးသျဖင့္မ်က္လုံးအၾကည့္စူးစူးေလးက သားကိုေယာက်ၤားဆန္ေအာင္ပံ့ပိုးေပးလ်က္႐ွိသည္။

ထို႔ေနာက္ ႏွစ္ဖက္မိသားစုနဲ႔အတူ စားေသာက္ဆိုင္မွာမုန္႔စားၾကသည္ ခုေတာ့လဲတားမရေသာ သားႏွစ္ေယာက္ေၾကာင့္ သူတို႔လဲ သေဘာတူၾကည္ျဖဴလိုက္ၾကရၿပီမလား။
"ေ႐ွ႕ဆက္ၿပီး သားတို႔ဘယ္လိုလုပ္ၾကမလဲ"
"က်ေနာ္ U.Sပညာသင္သြားရင္ ေ႐ွာင္က်န္႔ကိုပါ ေခၚခဲ့မလို႔"
"သားကပါ လိုက္သြားမလို႔လား"
ေ႐ွာင္က်န္႔မားအသံက တိုးလ်လ် တစ္ႏွစ္ေတာင္ခြဲထားရေသာသားကို ထပ္မခြဲခ်င္။
"ဟုတ္ မား"
"က်ေနာ္ ေသခ်ာေခၚသြားပါ့မယ္ အန္တီရဲ႕"
ရိေပၚရဲ႕စကားသံၾကားေတာ့ ေ႐ွာင္က်န္႔မားကေခါင္းမညိတ္ ေခါင္းမခါ သား႐ွိရာျပင္သစ္ကို ေက်ာင္းပ်က္ခံၿပီး တစ္ႏွစ္ေက်ာ္ဒုကၡလိုက္ခံခဲ့ေသာကေလးကို သူမ ယုံပါတယ္ ၿပီးေတာ့ျငင္းလဲမျငင္းရက္။

"လိုက္သြားခိုင္းလိုက္ပါ မိန္းမရယ္ မင္းသားမ်က္ႏွာလဲၾကည့္ဦး"
ေယာက်ၤားေျပာစကားေၾကာင့္ သားမ်က္ႏွာကိုၾကည့္ေတာ့လဲ ေမွ်ာ္လင့္တႀကီးသူ႕ကိုၾကည့္ေန႐ွာသည္။
"ေအး ေအးပါ လိုက္သြား လိုက္သြား"
"ေယး ေက်းဇူးပါ အန္တီ"
"ရပါတယ္႐ွင္ အန္တီသားကိုသာေစာင့္ေ႐ွာက္ေပး မင္းကိုအန္တီယုံတယ္ေနာ္ ရိေပၚ"
"ဟုတ္ စိတ္ခ်ပါ အန္တီ"
ကေလးလိုေပ်ာ္ျမဴးသြားေသာရိေပၚကိုၾကည့္ရင္း ေ႐ွာင္က်န္႔ကပါျပဳံးေနလိုက္မိသည္။
မင္းသာေပ်ာ္မယ္ဆို ဘာဘဲလုပ္ရလုပ္ရေပါ့ ရိေပၚရယ္ မင္းေပ်ာ္ဖို႔ကသာ ငါ့ရဲ႕အဓိကပါ။

"ဒါဆို ခဏေလာက္ က်ေနာ့္ကိုခြင့္ျပဳပါဦး"
ေ႐ွာင္က်န္႔ကေျပာရင္းထေတာ့ ရိေပၚကခ်က္ခ်င္းလက္လွမ္းဆြဲရင္း
"ဘယ္သြားမလို႔လဲ"
"Toiletသြားမလို႔"
"လိုက္ခဲ့မယ္"
"ဘာလိုက္လုပ္မွာလဲ ေနခဲ့ေလ ခ်က္ခ်င္းျပန္လာခဲ့မယ္"
ကေလးလို ေနရာတကာလိုက္ခ်င္‌ေနသာရိေပၚေၾကာင့္ ေ႐ွာင္က်န္႔မွာရီလဲရီခ်င္ လူႀကီးေတြ႐ွ္ိေတာ့ ႐ွက္လဲ ႐ွက္လာတာမို႔ ေျပာၿပီးတာနဲ႔ခ်က္ခ်င္းအျမန္ထြက္လာခဲ့လိုက္သည္။

Toiletထဲ ၀င္ေနတုန္းမွာပင္ အျပင္ဘက္မွာ ဟိုဒီေလွ်ာက္ေနသံကိုၾကားလိုက္ရသည္ ရိေပၚမ်ားလား Toiletခန္းထဲမွာ ထြက္လာၿပီးလက္ေဆးကာအျပင္ထြက္မိခ်ိန္မွာေတာ့ သူေတြ႕လိုက္ရတဲ့သူဟာ တစ္ကိုယ္လုံးအနက္၀တ္ဆင္ထားခဲ့သည္။
Maskအမည္း၀တ္ထား၍ မ်က္လုံးေလးသာေပၚေနေသာ ထိုလူ၏မ်က္လုံးမ်ားကိုသူမွတ္မိသည္ ဘယ္လို ဖုံးထားဖုံးထား ဒီမ်က္လုံးေတြကို သူေသခ်ာမွတ္မိေနခဲ့ပါသည္။
"ယြီ႐ွင္း မင္း"
စကားေတာင္ဆုံးေအာင္ေျပာခြင့္မရဘဲ ပုဝါစတခုျဖင့္ ေ႐ွာင္က်န္႔ရဲ႕ႏွာေခါင္းေပၚသို႔ ယြီ႐ွင္းကအုပ္လိုက္ေလသည္ ေၾကာက္လန္႔တၾကားျဖင့္ ႐ုန္းကန္ေနသည့္ၾကားမွာပင္ ေ႐ွာင္က်န္႔ကမ႓ာကေမွာင္အတိျဖစ္သြားခဲ့ေလၿပီ ကမ႓ာႀကီးႏွင့္အဆက္အသြယ္မျပတ္ေတာက္ခင္မွာ သူ‌ေနာက္ဆုံး ခပ္တိုးတိုးေခၚလိုက္မိသည့္ နာမည္ေလးကေတာ့ "ရိေပၚ"။

ေခါင္းကိုက္ေနသလိုခံစားခ်က္သဲ့သဲ့ႏွင့္အတူေ႐ွာင္က်န္႔ႏိုးလာခဲ့ရသည္ ေမွးစင္းရာမွာ ေနသာက်ေနခဲ့ေသာမ်က္၀န္းမ်ားကိုအားတင္းၿပီးၾကည့္မိေတာ့ သူ႕ကိုေက်ာေပးရပ္‌ေနေသာေယာက်ၤားေလးတစ္ေယာက္။
ေဝဝါးေနေသာမ်က္၀န္းမ်ားကိုပြတ္ရင္းထပ္ၾကည့္မိေသာ ထိုလူဟာ၀တ္စုံျပည့္၀တ္ထားခဲ့ပုံပင္ ထိုလူ႕ကိုေက်ာ္၍ သူ႕ဆီက်လာေသာေနေရာင္ျခည္ကိုလက္ေသးေသးေလးျဖင့္ကာရင္း အားယူၿပီးေခၚလိုက္မိတာက ႏႈတ္ခမ္း၀မွာအၿမဲစိုးမိုးေနခဲ့ေသာနာမည္ေလးပင္။
"ရိ ရိေပၚလား"
သူ႕ရဲ႕ခပ္တိုးတိုးေခၚသံၾကားမွပင္ သူ႕ဘက္သို႔ တျဖည္းျဖည္းလွည့္လာေသာထိုလူ႕မ်က္ႏွာကို ေသခ်ာျမင္ရရန္ ေနေရာင္ကိုလက္နဲ႔ကာထားရင္း အားစိုက္၍ၾကည့္မိခ်ိန္မွာေတာ့။

"ယြီ႐ွင္း"
"ေအး ငါ ယြီ႐ွင္း မင္းကတကယ္လြန္တယ္ေနာ္ ေ႐ွာင္က်န္႔ ေမ့လဲက်ခ်ိန္မွေရာ ျပန္ႏိုးထခ်ိန္မွာေရာ မင္းကဒီေကာင္ေလးနာမည္ကို‌ဘဲ ေခၚေနခဲ့တာပါလား"
ယြီ႐ွင္းက သူမွန္းသိတာနဲ႔ေၾကာက္လန္႔တၾကားႏွင့္ ခ်က္ခ်င္းတင္းမာသြားေသာေ႐ွာင္က်န္႔မ်က္ႏွာေလးကိုၾကည့္ရင္း ရင္နာနာနဲ႔ေျပာသည္။
"မင္း ငါ့ကိုဘာလုပ္မလို႔လဲ"
"ဘာလုပ္ရမွာလဲ မင္းနဲ႔လက္ထပ္မလို႔ေလ"
"ဟမ္ မင္း မင္း႐ူးေနလား ယြီ႐ွင္း"
ေ႐ွာင္က်န္႔က ယြီ႐ွင္းေျပာစကားေၾကာင့္ မိမိကိုယ္ကိုျပန္ငုံ႔ၾကည့္မိေတာ့ wedding suit အျဖဴေရာင္ေလးႏွင့္။

ထိတ္လန္႔တၾကားနဲ႔ကုတင္ေပၚကခုန္ဆင္းၿပီးတံခါးစီေျပးဖို႔ျပင္ေတာ့ ယြီ႐ွင္းကေ႐ွာင္က်န္႔လက္ကိုလွမ္းဆြဲသည္ ထို႔ေနာက္ဖုန္းကိုဖြင့္ကာ ပုံတစ္ပုံကိုျပသည္ ပုံကိုျမင္ေတာ့ေ႐ွာင္က်န္႔မွာေစာင့္တက္လာေသာစိုးရိမ္မႈေၾကာင့္ႏွလုံးေသြးတို႔ပင္ရပ္တန္႔ခ်င္သြားရသည္။
ရိေပၚကိုခုံတစ္ခုံတြင္ ထိုင္ခိုင္းလ်က္ေနာက္ျပန္ႀကိဳးတုပ္ထားသည့္အျပင္ မ်က္လုံးမ်ားကိုလဲအုပ္စီးထားေသးသည္ ရင္တြင္းသို႔၀င္ေရာက္လာေသာပူပန္ေသာကရဲ႕အ႐ွိန္တို႔ေၾကာင့္ ဖုန္းကိုေစ့ေစ့ၾကည့္ရင္း အသက္႐ႈပင္မ၀ခ်င္ေတာ့။

ယြီ႐ွင္းက ဖုန္းျပန္ပိတ္ၿပီးသိမ္းလိုက္ကာ
"ေတြ႕တယ္ေနာ္ ေ႐ွာင္က်န္႔ မင္းငါ့စကားနားေထာင္ရင္ေထာင္ေပါ့ မေထာင္ရင္ေတာ့ မင္းေကာင္ကို အဟက္"
ခပ္ဟဟေလးရီေသာယြီ႐ွင္းကို ေ႐ွာင္က်န္႔ကမီးဝင္းဝင္းေတာက္ေနေသာမ်က္၀န္းမ်ားျဖင့္ၾကည့္ေလသည္။
"မင္း သူ႕ကိုဘာမွလုပ္စရာမလိုဘူး ယြီ႐ွင္း"
"ငါလဲ သူ႕ကိုဘာမွမလုပ္ခ်င္ပါဘူး မင္းသာငါ့စကားနားေထာင္ရင္ေပါ့"
ေ႐ွာင္က်န္႔ဆီကေျဖသံမၾကားရေပမဲ့ ေ႐ွာင္က်န္႔နာခံမယ္ဆိုတာ ယြီ႐ွင္းကသိေနခဲ့ၿပီးသား။
"တေအာင့္ေန မင္းပါးလာေခၚလိမ့္မယ္ ညဏ္မ်ားမေနဘဲ ေအးေဆးလိုက္လာခဲ့ ထြက္ေျပးလို႔ကေတာ့ မင္းေကာင္အေလာင္းကိုျမင္ရဖို႔ျပင္ထား"
ယြီ႐ွင္းကေျပာရင္းမွ အခန္းျပင္ထြက္သြား‌ေတာ့   ေ႐ွာင္က်န္႔က ကုတင္ေပၚငုတ္တုတ္ထိုင္ခ်မိသည္ ငါဘာလုပ္ရမလဲ ရိေပၚရယ္ ငါ‌ဘာေတြလုပ္‌ရေတာ့မလဲ။

မ်က္ႏွာကိုလက္နဲ႔အုပ္ေနရင္းစဥ္းစားခိုက္မွာပင္  အခန္းတံခါးဖြင့္သံၾကားရ၍လွည့္ၾကည့္လိုက္ေတာ့ ပါး ေနာက္မွာ‌ေတာ့ေကာင္‌မေလးတစ္ေယာက္ပါလိုက္လာ၍ ဇာအျဖဴကိုပန္းပြင့္ပုံသ႑န္ေလးေဖာ္ထားၿပီးေအာက္ကအစ႐ွည္ခ်ထားေသာပုဝါစကိုယူလာၿပီး ေ႐ွာင္က်န္႔ရဲ႕ပုခုံးေပၚတြင္ လာတပ္ေပးျပန္သည္ မျငင္းသာတာမို႔ေ႐ွာင္က်န္႔ကၿငိမ္ခံေနလိုက္ရသည္။
"ပါး"
"သား ဘာမွမေျပာနဲ႔ေတာ့ သားလုပ္သင့္ဝာာကိုသာလုပ္လိုက္ေတာ့"
"ဒါ ဒါေပမယ့္"
"ေနာက္က်ေနၿပီသား လာ"
ပါးကေျပာေျပာဆိုဆိုႏွင့္ ေ႐ွာင္က်န္႔လက္တစ္ဖက္ကိုခ်ိတ္လိုက္တာမို႔ ေ႐ွာင္က်န္႔ဘာလုပ္ရမွန္းမသိေတာ့ ပါးကေရာအလိုတူအလိုပါလား။

ဘယ္ေလာက္‌ဘဲ ရိေပၚကိုသေဘာမက်ဘူးဆိုဆို ဒီလိုေအာက္တန္းက်တဲ့နည္းနဲ႔သူ႕ကိုရယူဖို႔ႀကိဳးစားတဲ့လူကိုေတာ့ ပါးတို႔လက္မခံသင့္ပါဘူး သူ႕ေကာင္ေလးကေရာ ဘာခ်ိဳ႕ယြင္းခ်က္မ်ား႐ွိေနလို႔လဲ ခ်ိဳ႕ယြင္းခ်က္႐ွိေနခဲ့ရင္ေတာင္ ငါကခ်စ္တယ္ေလ ငါကရိေပၚကိုအရမ္းခ်စ္တယ္ေလ။
ရိေပၚလက္ထပ္ဖို႔ပူဆာတိုင္းျငင္းခဲ့တာဟာ ဒီလိုေအာက္တန္းက်တဲ့နည္းလမ္းနဲ႔ရယူဖို႔ႀကိဳးစားတဲ့ယြီ႐ွင္းကိုလက္ထပ္ဖို႔မဟုတ္ဘူး ေကာင္ေလးရဲ႕ေ႐ွ႕ေရးကို တနည္းနည္းနဲ႔ထိခိုက္မွာကိုစိုးရိမ္မိလို႔  အရာရာျပည့္စုံတဲ့ေကာင္ေလးကိုလူသိ႐ွင္ၾကားအ႐ွက္မကြဲေစခ်င္ခဲ့လို႔။
ခုလိုယြီ႐ွင္းနဲ႔လက္ထပ္တာကိုျမင္ရင္ေရာ ရိေပၚဘယ္ေလာက္ေတာင္စိတ္ထိခိုက္႐ွာမလဲ အကိုကသူ႕ကိုလက္ထပ္ခ်င္လို႔ က်ေနာ့္ကိုျငင္းတာေပါ့ ဟုတ္လား ဆိုၿပီး သူ႕ကိုေမးေမးၿပီးငိုေနေတာ့မွာဘဲ င့ါကိုအထင္မလြဲပါနဲ႔ရိေပၚရယ္ မင္းအတြက္ပါကြယ္ မင္းအတြက္မို႔ငါဒီလိုလုပ္ရတာပါ မင္းသာတခုခုျဖစ္ရင္ ငါတကယ္႐ူးရမွာမို႔လို႔ပါရိေပၚရယ္ ငါ့ကိုနားလည္ေပးမယ္မလားဟင္။

ခမ္းနားလွေသာတံခါးႀကီးရဲ႕ေ႐ွ႕မွာသားအဖႏွစ္ေယာက္ရပ္ေနခဲ့ၾကသည္ ပါးက၀မ္းသာစြာျဖစ္ခ်င္ျဖစ္ခဲ့လိမ့္မယ္ သူကေတာ့နာက်င္စြာ ႐ူးသြပ္စြာ ၿပီးေတာ့႐ႈံးနိမ့္စြာ ေခါင္းထဲမွာေပၚလာတာက ေကာင္ေလးမ်က္ႏွာမ်ား ၿပီးေတာ့အႀကိမ္ႀကိမ္သူ႕ကိုေတာင္းဆိုခဲ့႐ွာေသာစကားသံေလးမ်ား။
"အကို က်ေနာ္အကို႔ကိုလက္ထပ္ပါရေစေတာ့"
ရိေပၚရဲ႕ဒီစကားသံတခြန္းၾကားတိုင္း ေ႐ွာင္က်န္႔မ်က္ရည္တစ္စက္လြင့္စင္ရသည္ တျဖည္းျဖည္းခ်င္း ႐ိႈက္သံသာထြက္ေပၚလာ၍ ပရိသတ္ဘက္ကိုတခ်က္လွည့္မၾကည့္ေသာသားျဖစ္သူေၾကာင့္ ေ႐ွာင္က်န္႔ပါးလဲဘာလုပ္ရမွန္းမသိ။
ပြဲလာေသာဧည့္ပရိသတ္ကလဲ ေပ်ာ္ရမယ့္မဂၤလာပြဲေန႔မွာ႐ိႈက္ႀကီးတငင္ငိုကာ ေခါင္းငုံ႔လ်က္ေလွ်ာက္လာေသာ သတို႔သားကိုၾကည့္ရင္း ရီရခက္ ငိုရခက္။

ေ႐ွာင္က်န္႔က ငိုေနရင္းမွစိတ္ကိုမနည္းျပန္တင္းေနရသည္ ေဘးကိုေသခ်ာမၾကည့္မိေပမဲ့မ်ားျပားလွေသာပရိသတ္ေတြ႐ွိေနမွန္းေ႐ွာင္က်န္႔သိသည္ ၿပီးေတာ့ သူ႕ကို‌သတို႔သားေနရာကေနရပ္ၾကည့္ေနမယ့္ ယြီ႐ွင္းကလဲ ဒီလိုငိုယိုေနတာကို နည္းနည္းေလးမွသေဘာက်မွာမဟုတ္။
စိတ္တိုၿပီးရိေပၚကို ႏွိပ္စက္ခိုင္းရင္ဒုကၡဘဲ ဟူေသာအေတြးေတြ၀င္လာလိုက္ သူသာရိေပၚခြင့္ေတာင္းတာကိုလက္ခံခဲ့ရင္ ယြီ႐ွင္းေနရာမွာသူခ်စ္ေသာေကာင္ေလး ရိေပၚျဖစ္ရမွာဆိုေသာ ယူက်ံဳးမရေနာင္တစိတ္မ်ားျဖင့္ လူက႐ူးသြပ္လာခ်င္သည္။

ပါးေပၚသို႔ပူေလာင္စြာက်ဆင္းေနေသာမ်က္ရည္မ်ားကို လက္ခုံေလးျဖင့္သုတ္ဖို႔ရည္႐ြယ္ရင္း လက္ေလးကိုေျမႇာက္မိခိုက္ ေလထဲမွာသူ႕လက္ကိုဖမ္းၿပီးဆုပ္ကိုင္လိုက္ေသာလက္တစ္ဖက္ အံ့ဩစြာျဖင့္ လက္ပိုင္႐ွင္ကိုၾကည့္မိေတာ့။
"ရိေပၚ"
ေ႐ွာင္က်န္႔ရဲ႕တိုး႐ွ႐ွအသံေလးရဲ႕အဆုံးမွာေတာ့ ရိေပၚနဲ႔ေ႐ွာင္က်န္႔ရဲ႕ကိုယ္ေလးႏွစ္ခုမွ ၾကားေလေတာင္တိုးလို႔မရေအာင္နီးကပ္သြားရေလၿပီ ေ႐ွာင္က်န္႔ကရိေပၚရင္ခြင္ထဲသို႔‌ေခါင္းေလးတိုး၀င္ကာ ဖက္ထားမိသည္က လြတ္ထြက္သြားမွာစိုးသည့္အလား။

"ဒီေလာက္ဆိုေတာ္ၿပီေနာ္ ညက်မွအ၀ဖက္ေတာ့ေလ ဟုတ္ၿပီလား"
ည  ညဟုတ္လား ၿပီးေတာ့တကယ္ဆိုရိေပၚက ျပန္ေပးဆြဲခံထားရတာမဟုတ္ဘူးလား ေ႐ွာင္က်န္႔ကဖက္ထားရင္းမွ သူ႕ေမးတင္ထားမိေသာရိေပၚ အက်ႌေလးကိုၾကည့္မိေတာ့ Suitအနက္ေလး။
ရိေပၚရင္ခြင္ထဲမွ အျမန္ထြက္ၿပီး ရိေပၚကိုေသခ်ာၾကည့္မိေတာ့ Wedding suitအနက္ေလးျဖင့္ ရင္ဘတ္နားကမွာလဲ ပန္းေလးကကပ္ထားေသးသည္။
"ဒါ ဒါဆို"
"အင္း"
"ဘာအင္းလဲ"
"က်ေနာ္က အကို႔ရဲ႕သတို႔သားေလ"
"ဟမ္"
ရင္ထဲမွာျဖစ္‌ေပၚလာေသာ ၀မ္းသာမႈအဟုန္ႏွင့္ ေဒါသစိတ္ေလးလဲကပ္ပါလာရျပန္သည္။

"၀မ္ရိေပၚ မင္း"
"ေတာ္ၿပီ ေတာ္ၿပီ ရန္ကေတာ့ ေနာက္မွအ‌၀ေတြ႕ေတာ့ေနာ္"
"မရဘူး"
"ရပါတယ္ ေနာက္မွေတြ႕ပါ ေနာက္က်အ၀ေတြ႕"
"၀မ္ရိေပၚ မင္းကေလ"
"ဟဲ လုပ္ပါ အကိုကလဲ ဧည့္သည္ေတြေစာင့္ေနရတာအားနာစရာႀကီး"
ရိေပၚရဲ႕စကားေၾကာင့္ ေ႐ွာင္က်န္႔မွာလူေတြကိုတစ္လွည့္ ရိေပၚကိုတစ္လွည္ၾကည့္ရင္း ေဒါသကိုၿမိဳခ်လိုက္ရသည္။

ရိေပၚက ေဒါသကိုထိန္းဟန္ႏွင့္ မ်က္ႏွာနီရဲရဲေလးျဖင့္ မသက္မသာေလးျပဳံးလိုက္ေသာေ႐ွာင္က်န္႔လက္ကေလးကိုသူ႕လက္ေမာင္းေပၚသို႔ခ်ိတ္ရင္း ကတိသစၥာျပဳရန္စင္ေပၚသို႔သြားေလသည္ထို႔ေနာက္တစ္ေယာက္လက္ကိုတစ္ေယာက္ဆုပ္ကိုင္ရင္းကတိသစၥာျပဳၾကရသည္။

"ကြၽႏ္ုပ္ ၀မ္ရိေပၚသည္ ယေန႔မွစ၍ ေ႐ွာင္က်န္႔ကို ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ၊ ခ်မ္းသာသည္ျဖစ္ေစ၊ ဆင္းရဲသည္ျဖစ္ေစ ေသဆုံးျခင္းကကြၽႏ္ုပ္တို႔ကိုမခြဲျခားသည္အထိခ်စ္ျမတ္ႏိုးသြားပါ့မယ္လို႔ကတိသစၥာျပဳပါသည္"
ေ႐ွာင္က်န္႔ကကတိသစၥာျပဳေန႐ွာေသာရိေပၚကို ၾကည့္ရင္း ရင္ထဲတြင္တသိမ့္သိမ့္ရင္ခုန္လာရသည္ ဘယ္သူသိႏိုင္မလဲ ပထမဆုံးေတြ႕တဲ့အခ်ိန္မွာ‌ပင္ သူ႕ကိုခင္ဗ်ားဆိုေသာစကားလုံးကိုပါးစပ္ဖ်ားကမခ်ဘဲ ႐ိုင္းစိုင္းျပခဲ့ေသာေကာင္ေလးက သူ႕သူတို႔သားျဖစ္လာလိမ့္မယ္လို႔ေလ။

"ကြၽႏ္ုပ္ ေ႐ွာင္က်န္႔သည္ ယေန႔မွစ၍ ၀မ္ရိေပၚကို ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ၊ ခ်မ္းသာသည္ျဖစ္ေစ၊ ဆင္းရဲသည္ျဖစ္ေစ ေသဆုံးျခင္းကကြၽႏ္ုပ္တို႔ကိုမခြဲျခားသည္အထိခ်စ္ျမတ္ႏိုးသြားပါ့မယ္လို႔ကတိသစၥာျပဳပါသည္"
ရိေပၚက ကတိသစၥာျပဳေနေသာေ႐ွာင္က်န္႔ကိုခုမွပင္ ေသခ်ာစြာျဖင့္တယုတယေငးစိုက္မိသည္ Wedding Suitအျဖဴေလးကို၀တ္ထားလ်က္ ပုခုံးေပၚကပန္းပြင့္ပုံသ႑န္ဇာပါးပါးေလးမွတဆင့္ ႐ွည္လ်ားစြာက်ဆင္းလာေသာဇာပုဝါအျဖဴ႐ွည္ေလးက အကိုႏွင့္လိုက္ဖက္ညီစြာ။
ေယာက်ၤားေလးမို႔ လွတယ္လို႔မသုံး‌သင့္ေပမဲ့ အကိုကသူ႕မ်က္၀န္းေတြထဲမွာ တကယ့္ပင္မလႊဲၾကည့္ႏိုင္ေလာက္ေအာက္ႏူးညံ့စြာလွပေနခဲ့သည္။

ကတိသစၥာဆိုရင္း ျပဳံးလိုက္ေသာသြားေလးေတြဟာ ပုလဲလုံးေလးေတြလို ေ႐ွ႕ကသြားေလးေတြေၾကာင့္ၾကည့္ရတာ ယုန္‌ေပါက္စေလးအလား ႏႈတ္ခမ္းနားကမွဲ႔ေလးကေတာ့ သူအသက္႐ႈရပ္တန္႔ဖို႔လုံေလာက္သည့္အေၾကာင္းရင္းေလး။
ငိုထားတဲ့အ႐ွိန္ေၾကာင့္နီရဲေနေသာႏွာတံခြၽန္ခြၽန္ေလးနဲ႔ ပါးေလးေတြကိုၾကည့္မိေတာ့စမိတာကိုေနာင္တရခ်င္သြားသလို အကိုျငင္းဦးမွာေၾကာက္လို႔ပါကြာ က်ေနာ့္ကိုနားလည္ေပးမယ္မလား က်ေနာ္လုပ္သမွ်ဟာ အကိုကို႔ခ်စ္လို႔။
ထိုမွတဆင့္ သူ႕ကိုၾကည့္ေနေသာမ်က္၀န္းေလးေတြကေတာ့ သူရဲ႕ခ်စ္ျခင္းတရားတို႔ျမႇဳပ္ႏွံရာရပ္၀န္းေလး ငိုထားရလိုနီစပ္စပ္ေလးျဖစ္ေန႐ွာေသာ မ်က္ခန္းစပ္လအတြင္းမွ အနက္ေရာင္မ်က္၀န္းေလး‌ေတြကေတာ့ ၾကည္လဲ့လဲ့။

ေနာက္ဆုံးေတာ့ သူ႕ကိုေပ်ာ္႐ြင္ေစႏိုင္ေသာ ၾကည္ႏူးေစႏိုင္ေသာ သာယာေစႏိုင္ေသာ တခါတေလေတာ့ နာက်င္ေၾကကြဲေစႏိုင္ေသာစကားသံေလးေတြထြက္ေပၚရာ ပန္းႏုေရာင္ႏႈတ္ခမ္းပါးပါးေလးေပၚအၾကည့္ေရာက္မိခိုက္မွာပင္ ဘယ္သူကစတင္၍ေအာ္လိုက္ေလမွန္းမသိေသာအသံညီညီညာညာတစ္ခုက နားထဲတိုး၀င္လာရေလၿပီ။
"နမ္းပါ နမ္းပါ နမ္းပါ"
ထိုက်ယ္ေလာင္လွေသာအသံေတြကို အာ႐ုံမစိုက္မိဘဲ သူ႕ရဲ႕ပိုင္ဆိုင္ရာမ်က္ႏွာဖူးဖူးေလးကိုၾကည့္မိေတာ့ ႐ွက္ေသြးလႊမ္းေနၿပီမို႔ ရင္ထဲလိႈက္ခနဲခုန္ရျပန္သည္။
ထို႔ေနာက္ေတာ့ ခ်စ္ရေသာကေလးရဲ႕ နားထင္ႏွစ္ဖက္နားတစ္ဝိုက္ကို လက္ကေလးႏွစ္ဖက္ႏွင့္အသာအယာလွမ္းကိုင္လိုက္ရင္း ဘယ္ေတာ့မွမ႐ိုးအီႏိုင္ေအာင္ ရင္ခုန္ေစႏိုင္ေသာ ႏႈတ္ခမ္းေလးကိုၾကာ႐ွည္စြာ ဖိကပ္နမ္းလိုက္ေလေတာ့သည္။

ျမင္ကြင္းလွပေသာ အထပ္ျမင့္Hotelခန္းတစ္ခုတြင္ ကုတင္ေပၚထိုင္ေနရင္းရိေပၚရဲ႕ရင္ေတြဗရမ္းဗတာခုန္ေနမိသလို ေရခ်ိဳးကန္ရဲ႕ေဘာင္ေလးေပၚတြင္ ထိုင္ေနေသာေ႐ွာင္က်န္႔ရဲ႕လက္ႏွစ္ဖက္ကလဲ ပြတ္ေခ်ရလြန္းလို႔ နီရဲေနရေလၿပီ။
အႀကိမ္ႀကိမ္ၾကဳံဖူးၿပီးေပမဲ့ ဒီတႀကိမ္မွ ပိုထူးျခားစြာခုန္ေနမိေသာကိုယ့္ရင္ဘတ္ကို လက္ေသးေသးေလးနဲ႔ျပန္စမ္းၾကည့္ရင္း ေ႐ွာင္က်န္႔႐ွက္ေနမိသည္ နဂိုကတည္းက မဂၤလာဦးညဆိုတာဒီလိုဘဲလား။
တိတ္ဆိတ္လွေသာHotelခန္းထဲမွာထိုင္ရင္း ရိေပၚတစ္ေယာက္ အာေခါင္တို႔ပင္ေျခာက္ေသြ႕လာတာမို႔ သက္သာေစရန္တံေတြးကိုသာအႀကိမ္ႀကိမ္ၿမိဳခ်မိေပမဲ့ အခ်ည္းႏွီးသားပင္။
ပုံမွန္သာဆို ေရခ်ိဳးခန္းထဲပုန္းေန႐ွာေသာေ႐ွာင္က်န္႔ကို တံခါးကိုတဒုန္းဒုန္းထုရင္း ခ်ီၿပီးကုတင္ေပၚသို႔ေခၚလာမိမွာေပမဲ့ ခုခ်ိန္မွာေတာ့ဘာ‌ေၾကာင့္မွန္းမသိေပမဲ့ ၿငိမ္သက္ေနမိခဲ့သည္ မၿငိမ္ႏိုင္ေသာစိတ္ကို အႀကိမ္ႀကိမ္ၿငိမ္ေအာင္ႀကိဳးစားလို႔မရတဲ့အဆုံးကုတင္ေပၚသို႔ပက္လက္လွဲရင္း မ်က္လုံးတို႔ကိုႀကိဳးစားမွိတ္ထားမိေလသည္။

ထိုအခ်ိန္မွာပင္ ပြင့္လာေသာေရခ်ိဳးခန္းတံခါးသံေၾကာင့္ မ်က္လုံးေတြကိုဖြင့္ၾကည့္မိေတာ့ Shower Robeအျဖဴေရာင္ေလးနဲ႔ေ႐ွာင္က်န္႔ ခပ္ျဖဴျဖဴ‌ေကာင္ေလးက Shower Robeအျဖဴေလးကိုတြဲဖက္‌၀တ္ထားေလေတာ့ ယုန္ျဖဴေပါက္ေလးတစ္ေကာင္အလား။
ေ႐ွာင္က်န္႔က သူ႕လည္ပင္းေလးကို သူလက္နဲ႔ပြတ္ရင္း ရိေပၚလွဲေနရာကုတင္ရဲ႕ေအာက္နားေလးမွာ လာထိုင္ေလသည္ လွဲေနရာမွ ရိေပၚကလွမ္းၾကည့္မိေတာ့ ရဲရဲေတာက္ေနၿပီျဖစ္ေသာ နား႐ြက္ေလးမ်ား ေျခာက္ေသြ႕ေနေသာအာေခါင္ရဲ႕အေျဖကိုသိၿပီးျဖစ္ေသာရိေပၚကပင္ ကုတင္ေပၚမွ အသာအယာထ၍ ေ႐ွာင္က်န္႔ထိုင္ေနရာ ကုတင္ေအာက္ေျခနားတြင္ သြားရပ္လိုက္ေလသည္။

ထို႔ေနာက္ ခါးကိုအနည္းငယ္ကုန္း၍ ဘာတခြန္းမွစကားမဆိုေသးဘဲ ခုေလာေလာဆယ္ျဖစ္ေနေသာေရာဂါကိုေျဖ႐ွင္းရန္အတြက္ ႏႈတ္ခမ္းဖူးဖူးေလးေတြကိုငုံ႔နမ္းလိုက္ေလသည္ အာေခါင္ေျခာက္တာသက္သာသြားခ်ိန္မွာေတာ့ ေ႐ွာင္က်န္႔ကိုေပြ႕ခ်ီရင္း ကုတင္ေပၚသို႔ ေသခ်ာတင္ေပးလိုက္သည္။
ထို႔ေနာက္သူကပါ ကုတင္ေပၚျဖည္းျဖည္းခ်င္းတက္ရင္း အုပ္မိုးလိုက္ကာ
"ဒီေန႔ က်ေနာ့္ကိုခြင့္ျပဳေပးမယ္မလားဟင္"
သူ႕ကိုျပန္ေမာ့ၾကည့္လာေသာေ႐ွာင္က်န္႔မ်က္လုံးတို႔ကရီေဝေဝ ၿပီးေတာ့ရိေပၚရဲ႕မ်က္ႏွာေလးကိုလွမ္းကိုင္ရင္း ေျပာတာက
"ေမးေနစရာလိုေသးလို႔လား ရိေပၚရယ္ ငါကမင္းအပိုင္‌မဟုတ္လား"
ရိေပၚက ေ႐ွာင္က်န္႔ရဲ႕ဆံပင္ေလးေတြကို လွမ္းထိလိုက္ရင္း
"ဟုတ္တယ္ အကိုက က်ေနာ့္အပိုင္"
ရိေပၚရဲ႕စကားသံထြက္ထြက္လာခ်င္းမွ‌ဘဲ ေ႐ွာင္က်န္႔ကေခါင္းေလးမ၍ ရိေပၚကိုနမ္းေလသည္။

ရိေပၚရဲ႕ႏႈတ္ခမ္းအတြင္းပိုင္းထဲထိ တိုး၀င္လာေသာေ႐ွာင္က်န္႔ရဲ႕လွ်ာဖ်ားေလးကို ရိေပၚကအလိုက္သင့္ျပန္နမ္းလိုက္ေလသည္ ထို႔ေနာက္ေတာ့ အၿမဲဦးေဆာင္သူျဖစ္ခဲ့ေသာရိေပၚကပင္ ေ႐ွာင္က်န္႔ရဲ႕ႏႈတ္ခမ္းေတြကို အပိုင္သိမ္းကာ ခပ္ၾကမ္းၾကမ္းနမ္းေလေတာ့သည္။
ေ႐ွာင္က်န္႔က ရိေပၚရဲ႕႐ွပ္အက်ႌေလးရဲ႕ၾကယ္သီးေလးေတြ ျဖဳတ္ဖို႔ႀကိဳးစားေနစဥ္မွာပင္ ေ႐ွာင္က်န္႔ရဲ႕Shower Ropeရဲ႕ႀကိဳးစေလးသည္ ရိေပၚလက္အတြင္းမွာေျပေလ်ာ့ခဲ့ရေလၿပီ။

ရိေပၚက‌ေ႐ွာင္က်န္႔ရဲ႕ခါးေအာက္ပိုင္းကိုအပိုင္သိမ္းေနခဲ့သလို ေ႐ွာင္က်န္႔ရဲ႕ႏႈတ္ခမ္း၊လည္တိုင္၊ညႇပ္႐ိုး၊ပန္းႏုေရာင္အရာေလးမ်ားအေပၚတြင္လဲ အနမ္းေျခရာခ်န္ဖို႔မေမ့ခဲ့ေပ။
တခါတရံ သူ႕ရဲ႕ၾကမ္းတမ္းမႈေၾကာင့္ထြက္ေပၚလာေသာေ႐ွာင္က်န္႔ရဲ႕နာက်င္မႈညည္းသံသဲ့သဲ့ကိုေတာ့ ရိေပၚကဒီအခ်ိန္မ်ိဳးတြင္တကိုယ္ေကာင္းဆန္စြာ သာယာမႈလို႔ေခါင္းစဥ္တပ္ရဲၿမဲ။
ေ႐ွာင္က်န္႔ကလဲ နား‌လည္ေပးမယ္ဆိုတာ ရိ‌ေပၚအတိအက်သိေနခဲ့ပါသည္ တခ်ိဳ႕အရာေတြက နာက်င္မႈနဲ႔သာယာမႈဟာဒြန္႔တြဲကာတည္႐ွိေနတတ္တာဘဲမဟုတ္လား။

ဥပမာ သူတို႔ရဲ႕ ခ်စ္ျခင္းဇာတ္လမ္းေလးလိုေပါ့ နာက်င္မႈတလွည့္ သာယာမႈတလွည့္ ေပ်ာ္႐ြင္မႈတလွည့္ ဝမ္းနည္းမႈတလွည့္ ဒီလိုပါဘဲ မေကာင္းမႈေတြၾကားထဲမွ ေကာင္းေသာအရာေလးတခ်ိဳ႕ကို သိျမင္ခံစားၿပီး ၾကည္ႏူးရတာဟာလဲ ခ်စ္ျခင္းေမတၱာရဲ႕သေဘာတစ္ခုပါဘဲ။
သူတို႔ႏွစ္ေယာက္ဟာ ခ်စ္လဲခ်စ္ဖူးသလိုမုန္းလဲမုန္းဖူးခဲ့ၾကတယ္ ဒါေပမဲ့ႏွစ္ေယာက္လုံးကၿပိဳင္တူလက္လႊတ္ဖို႔ေတာ့မႀကိဳးစားခဲ့ၾက။
ခိုင္ၿမဲေသာသံေယာဇဥ္ႀကိဳးတို႔ျဖင့္ရစ္ပတ္ထားခဲ့ၾကတာမို႔ တစ္ေယာက္ကေျပးရင္ တစ္ေယာက္ကႀကိဳးေလးကိုအားျပဳကာ ႐ွာေဖြၿမဲ လြမ္းဆြတ္ၿမဲ ျပန္လည္ပိုင္ဆိုင္ဖို႔ႀကိဳးစားခဲ့ၾကၿမဲ။

#Zawgyi

#Yizhanfic
-Hanna
2021 Jun 23 Wed
2:50PM

Continue Reading

You'll Also Like

25.6K 1.7K 39
ဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။
98.3K 15.9K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
572K 20.5K 23
Xiao Zhan ♥ Wang Yibo (ရှင်းဝမ်)
173K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."