Love of an idoit အရူးတစ်ယောက...
By Bai_lianhua
637K 41.6K 3.5K
Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More
မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim
အပိုင်း၆
12.9K 1K 52
By Bai_lianhua
Unicode
ရှောင်ဟန်လည်း သူ့ကိုအရှေ့က ဉီးဆောင်ပြီး အခန်းရှိရာကိုခေါ်သွားတဲ့ ကောင်ကလေးရဲ့ ကျောပြင်ကိုကြည့်ပြီး ဘယ်လို စကားစပြီးပြောရမလဲစဉ်းစားနေမိသည်။ အမှန်ဆို ငယ်ရွယ်တဲ့သူက ကလေးပီပီစကား စပြောရမှာမဟုတ်ဘူးလား။
အခုတော့ကိုယ်တော်ချောက သူ့ကိုကြောက်လို့ထင်ပါရဲ့ စကားကို တစ်ခွန်းမှဟမလာဘူး...
အခန်းစီရောက်ဖို့အရေး တို့အရေး လိုပင် လမ်းကိုမြန်မြန်သာလျောက်နေလေသည်။
အဲ့တော့ သူဘက်ကပဲ စပြီးရေလာ ရတော့မှာပေါ့။
ဒါနဲ့ ကိုယ်ဘက်က အရင်ရေလာပြီး ဟိုဘက်က မြောင်းမပေးရင် ဘယ်လိုလုပ်ရပါ့။
(ကိုယ့်ဘက်ကစပြီးစကားပြောတာကို ဟိုဘက်ကပြန်မပြောအရေးမလုပ်ရင်လို့ပြောတာပါ)
မသိတော့ဘူး ဇာတ်စင်အရင်ကြည့်ကရမှာပဲ။
သူတို့နှစ်ဉီးအခန်းတစ်ခန်းရဲ့အရှေ့ရောက်တော့ မျက်နှာအရေ ထူတဲ့ရှောင်ဟန်ကပဲ ကိုယ်တော်ချောကို စကားစပြောရတော့သည်။
ရှောင်ဟန်က နေရခက်စွာနဲ့ ချောင်း ဟန့်လိုက်သည်။
"အဟန့်...မင်းကို...ကောကောက အားယွင်လိုခေါ်မယ်နော်...ကောကိုကြောက်စရာမလိုပါဘူး...ဟီး...ကောက ကလေးချစ်တတ်တယ်ရယ်...
ကောကိုတော့ ရှောင်ဟန်ကောလို့ခေါ်လို့ရတယ်"
"......"
ကျိုးယွင်က သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် အထူးဆန်းလုပ်ပီးကြည့်လာခဲ့သည်။ ဘာမှတော့ပြန်မပြောသေးပေ။
ဒီကလေးက သူ့ကိုတော်တော်လေးကိုကြောက်နေပါရောလား။
ဒါပေမဲ့ နောက်ဆိုရင် အဆင်ပြေသွားမှာပါလေ။ သူကလူကြီးလူကောင်းပဲကလေးကို သူ့ဘက်ကပဲ အလျော့ပေးရမှာပေါ့။
ရှောင်ဟန်က ထပ်ပြီးမထူးဇာတ်ခင်းကာ သွားဖြဲပြလိုက်ပြီး
"ကောကို မကြောက်ပါနဲ့ ...ကောကမင်းကို ကိုက်မစားပါဘူးကွာ...ပြီးတော့ကောက လူသားမစားဘူးအာ့ကြောင့် မကြောက်နဲ့ရယ် လိမ္မာတယ်"
ရှောင်ဟန်ကပြောရင်းဆိုရင် အကျင့်ပါကာ ဝမ်းဝမ်လေးကို လုပ်ပေးသလိုမျိုး ခေါင်းလေးကိုပွတ်ပေးမိမလိုဖြစ်သွား၍ လက်ကိုအမြန်ပြန်ရုတ် လိုက်ရသည်။ဒါက ဒီကလေးလေး မကြိုက်မှာဆိုးတာကြောင့်။ ဘာလို့ဆို ကလေးလေးရဲ့ မျက်ခုံးတွေက သိသိသာသာ တွန့်ကွေးလာပြီး မျက်မှောင်ကျုံ့တာက အရမ်းသိသာလာလို့ပဲ။ ဒီလို အမူအရာနဲ့ ပုံစံအချိုးလေးက တကယ်ကြီးကို လူကြီးဆန်နေတယ်။ ကြည့်စမ်းသူ အခုမှ သတိထားမိတယ်။ လူဝင်စားလေးကြနေတာပဲ....။
ကျိုးယွင်က သူ့ရှေ့ကလူရဲ့ အကြောင်းကို သူသေချာမသိသေးဘူး။ ထိုလူရဲ့ပုံစံကြည့်ရတာတော့ သူ့ကို
စိတ်ရင်းနဲ့ပြောနေဟန် ပေါ်ပေမယ့် သူမယုံဘူး။
သူ့ရဲ့သွေးသားအရင်းတွေကတောင် သူ့အပေါ်မကောင်းတာ သူစိမ်းက ဘယ်လိုလုပ်ပြီးသူ့အပေါ် ကောင်းနိုင် ပါ့မလဲ။
သူဒီလူကို လတ်တလော စောင့်ကြည့်ဖို့ သူဆုံးဖြတ်လိုက်သည်။
ခင်ဗျားမှာ ...ဘာလိုအကြံအစည်တွေ ရှိမရှိကျွန်တော် မသိပေမဲ့...ရှိနေရင်အမြန်လက်လျော့လိုက်တာကောင်းမယ်...မဟုတ်ရင်..ခင်ဗျား အတွက် ကောင်းတာတွေ ဖြစ်လာမှာမဟုတ်လို့ဘဲ..အခုလောလောဆယ်တော့ကျွန်တော် ခင်ဗျား ကိုစောင့်ကြည့်နေဖို့ပဲ တတ်နိုင်တဲ့ အရွယ်မို့လို့...
ကျိုးယွင်က ထိုလူသားကို စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"မကြောက်ဘူး"ထိုအသံက သေချာနားထောင်ကြည့်ရင် တကယ်ကြက်သီးထရာကောင်းတယ်။
"......."
ရှောင်ဟန်က ထိုကလေးလေးရဲ့ အပြောနဲ့အကြည့်ကြောင့် ရုတ်တစ်ရက် ကြက်သီးတောင်ထသွားရသည်။
ဘာလို့ဒီတိုက်ကြီးထဲမှာရှိတဲ့ လေထုက.. ရုတ်တရက် ကြီး အေးလာရတာလဲ..သူစိတ်ထင်လို့နေမှာပါ။
ကျိုးယွင်က သူလုပ်ရမယ့်အရာကို အဓိက နှင့် သာမည ကိုခွဲခြားလိုက်ပြီး အမြန် ပြန်ပြီးရယ်ပြလိုက်တယ်။သူလည်း အလျင်လိုစရာ မလိုသေးဘူး...ဖြေးဖြေးချင်းပေါ့...
"ဟီး...ကျွန်တော်ကောကိုမကြောက်ဘူး...စောစော က ကောကသာ ကျွန်တော့်ကိုကြောက်သွားတာမို့လား"
ထိုအခါမှသာ ရှောင်ဟန်လည်း အစောပိုင်းတစ်လျောက်လုံးမှာ ဒီကလေးရဲ့ အမူအရာတွေက စချင်လို့ တမင်လုပ်ထားမှန်း သိလိုက်ရတယ်။ ဒီကလေးက အစတန်လေးထင်ပါရဲ့။ ဟုတ်တာပေါ့... ဖြစ်နိုင်ပါတယ်...ကလေးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အမူအကျင့်လေးတွေက ဘယ်သူနေပါ့မလဲ...။
ရှောင်ဟန်က သူ့ကို စနောက်နေတဲ့ ကလေးရဲ့ခေါင်းလေးကို ရဲတင်းစွာပွတ်ပေးလိုက်ပြီး
"အားယွင်ကတော့လေ...ကောက အဟုတ်မှတ်လို့...
ဒါဆို...ကောလည်း အခန်းထဲဝင်တော့မယ်...နောက်မှအားယွင်လေးစီကိုလာခဲ့မယ်နော်...သိလား"
ကလေးလေးက သူ့ကို အလိုက်သင့်လေးနဲ့ လိမ္မာစွာ ပြန်ဖြေလာခဲ့တယ်။
"ဟုတ်"
ကောင်ငယ်လေးထွက်သွားတော့ရှောင်ဟန်လည်း အခန်းထဲကို ဝင်လာခဲ့ လိုက်တယ်။
ရှောင်ဟန်အခန်းထဲရောက်တော့ အခန်းအပြင်အဆင်အဆောင်အယောင်တွေကို ကြည့်ပြီး မျက်လုံးအပြူးသား ပါစပ်အဟောင်းသား ဖြစ်သွားရတော့တယ်။
ကယ်ကြပါအူး...ဒါသူနေရမယ့်အိပ်ခန်းကြီးတဲ့...
အကျယ်ကြီးပဲ...လူလေးယောက်လောက်တောင် အဆင်ပြေပြေနေလို့ရလောက်တဲ့အထိကိုကျယ်ဝန်းလွန်းတယ်။
ကုတင်ကြီးကလဲ မွေ့ရာ အကောင်းစားကြီးနဲ့..သူ့တစ်သက်ဒီလိုနေရမယ်လို့...အိမ်မက်တောင် မမက်ဖူးဘူး.။ ရှောင်ဟန် သူ့လက်ကိုယ်သူ တစ်ချက်ခပ်နာနာလေး  ဆွဲဆိတ်ကြည့်လိုက်တယ်။
"အာ့....နာလိုက်တာ...အစစ်အမှန် တကယ်ကြီးပဲ...အိမ်မက်မဟုတ်ဘူး... "
ရှောင်ဟန် ထိုမွေ့ရာကြီးကို သွားပြီး ထိကိုင်ကြည့်လိုက်သည်။ ထိထိချင်းပဲ နှုတ်မှ မနေနိုင်ရေရွတ်မိတော့တယ်။
"...အားပါးပါး...ကိုင်လို့ကောင်းလိုက်တာ...အိစက်နေ
ရောပဲ"
ဒါနဲ့ သူဒါကြီးနဲ့ အိပ်ရင် အိပ်ပျော်ပါ့မလား သူမသိဘူး။ အရင်ထဲက သူဒါမျိုးနဲ့အိပ်ဖူးတာမဟုတ်ဘူးရယ်။ ကုတင်အမာတွေဖြင့်သာ သူအိပ်စက်ခဲ့ဖူးတာ။ဟူး..ပါးတို့ကို သတိရလိုက်တာ...ပါးတို့ကိုလည်း ဒါမျိုးကြီးနဲ့အိပ်ခိုင်းချင်လိုက်တာ...
ထို့နောက်တွင်လည်း အခန်းထဲကိုလှည့်ပတ်ကြည့်ရှု့ရင်း ပြောစရာစကားတောင်ပျောက်ရှ သွားရတော့သည်။
အကုန်လုံးက တကယ့် တန်ဖိုးကြီး အကောင်းစားတွေချည်းပဲ ။သူရဲ့ မျက်စိတောင် ကြိမ်းတယ်။အခန်းရဲ့ခန်းဆီးလိုက်ကာ တွေကလဲ အဝါရောင်ဖျော့ဖျော့လေးနဲ့ မျက်စိ ပဒေသာ ရှိလှသည်။ နန်းတော်ကြီးထဲရောက်သလို အထက်တန်းဆန်လှပြီး မျက်လှည့်ဆန်လွန်းလှတယ်။
အရာရာတိုင်းက ထိရက်စရာကိုမရှိပေ။
ကလေးလေးတစ်ယောက်ကို စောင့်ရှောက်ဖို့ သူကို
အများကြီးကို ပြန်လုပ်ပေးထားကြတာပဲ...သူ့အတွက်ဒါက တော်တော်လေးကြေးကြီးလွန်းတယ်။ သူမခံယူဝံ့တော့ဘူး။
သူ့ဘက်ကလည်းတော်တော်လေးကို ပြန်ပေးဆပ်ကာမှသာ တော်ကာကြပေလိမ့်မည်။ မဟုတ်ရင် သူတို့အတွက် မတရားသလို သူတစ်သက်လုံးခံစားနေရပေလိမ့်မည်။
ရှောင်ဟန် စစ်မှန်သောကတိကဝတ်ပြုလိုက်တယ်။
မွေးစားအဖေ.. ကျွန်တော်ကတိပေးပါတယ်...ကျွန်တော် ကျိုးယွင်ကို အကောင်းဆုံး ညီအရင်းလေးတစ်ယောက်လို သတ်မှတ်ပြီး ...ဂရုစိုက်ပေးပါ့မယ်လို့ ကျွန်တော် ဂတိပေးပါတယ်...မဟုတ်ရင်...ဒီကျေးဇူးတွေကိုကျွန်တော် ပြန်ဆပ်နိုင်မယ်လို့..မထင်မိဘူး...ဟူး..
ရှောင်ဟန် သက်ပြင်းသာ ထပ်တလဲလဲ
ချမိတော့သည်။ အစက အရမ်းပျောနေမိပေမဲ့လည်း စက္ကန့်မလပ်ခင်မှာပဲ သူ့စိတ်တွေလေးလံခဲ့ရတယ်။
ဒါက တစ်ခါမှကို ယခုအချိန်ထိ မခံစားခဲ့ဖူးတဲ့ လှောင်ချိုင့်ထဲ အမိခံလိုက်ရတဲ့ ခံစားခကြျကွီးလျုပဲ...
ထို့နောက် ရှောင်ဟန်လည်း ရေချိုးရန် အဝတ်စားများကိုချွတ်လိုက်ပြီး တဘက် ပတ်ကာ အခန်းအတွင်းရှိ ရေချိုး ခန်းထဲသို့ဝင်လာခဲ့လိုက်သည်။
သူ့စိတ်တွေ အခုလေးကန်နေတယ်။ လေးကန်နေတဲ့စိတ်တွေ ပြေပျောက်ဖို့က ရေအေးနဲ့လောင်းချမှရမယ်။ ရေချိုးပြီးရင်တော့ ညီရင်းလေးလို စောင့်ရှောက်ပေးရမယ့် သူဆီကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။
ရှောင်ဟန်ရေချိုးပြီးတာနဲ့ သင့်တော်တဲ့ အဝတ်အစားများကိုဝတ်လိုက်ပြီး အားယွင်လေး အခန်းသို့ထွက်လာခဲ့လိုက်သည်။
သူ အတွက် အချိန်ဆွဲလို့ မဖြစ်ဘူး..အခုကစပြီး ဒီကလေးလေးကိုသူအကောင်းဆုံးဖြစ်အောင် ပြုစုပေးရမယ်၊စောင့်ရှောက်ပေးရမယ်။ ညီအရင်းလေးတစ်ယောက်လို ဂရုစိုက်ပေးရမယ်။ ဒါက သူ့အတွက် အရေးကြီးဆုံးပဲ။ အခုကစပြီးသူက ဒီကလေးလေးအတွက်ပဲ....
ရှောင်ဟန်...ဖိုက်တင်း...
ရှောင်ဟန် သူကိုယ်သူ အားပေးလိုက်ကာ တစ်ဖက်
ဘေးကပ်ရပ်အခန်းဆီ ထွက်လာခဲ့လိုက်သည်။
---------------------------------------
ရှောင်ဟန်က ကျုးယွင်ရဲ့ အခန်းရှေ့ကိုရောက်တော့ဘာမှစဉ်းစားမနေတော့ပဲ အခန်းတံခါးကို ခေါက်လိုက်တယ်။
"ဒေါက်!...ဒေါက်!...ဒေါက်!"
"အားယွင်လေး....ကော...လာတယ်မင်းဆီကို"
ခဏအကြာတွင် အခန်းတံခါးကပွင့်လာခဲ့ပြီး
ကျိုးယွင်က မျက်လုံးလေးမှေးကျဉ်းကာ အလိုမကျသလို စိတ်ရှုပ်နေသလိုလေးနဲ့ သူ့ကိုကြည့်လာသည်။
ကျိုးယွင်က သူ့ရှေ့ကလူကိုတစ်ချက်အကဲခတ်လိုက်ပြီး ခဏ အကြာတွင် ဆုံးဖြတ်ချက်ချလိုက်ကာ
မျက်နှာကို ချစ်စရာကောင်းအောင် ပြုံးလိုက်ပြီး
"ဝင်ခဲ့လေ...ရှောင်ဟန်ကော "
ကောင်လေးက သူမှန်းသိသွားတာ်ထင်ပါရဲ့အလိုမကျတဲ့ အကြည့်လေတွေပြေပျောက်သွားပြီး
ချက်ချင်းပြုံးပြလာတယ်။ ရှောင်ဟန် စိတ်တွေပြန်လည် တက်ကြွကာ ပျော်ရွှင်သွားရတယ်။
သူတက်ကြွစွာနဲ့ပဲ ပြန်ဖြေပေးမိတယ်။
"အင်းဒါဆိုကောဝင်ခဲ့ပြီ..."
ရှောင်ဟန်လည်း ကျိုးယွင်ရဲ့ ခေါင်းငြိမ့်တဲ့
ခွင့်ပြုချက်လက်မှတ်ရသည်နှင့် ဝင်ခဲ့လိုက်သည်။
သူ ကျိုးယွင်ရဲ့ အခန်းကို ရောက်တော့ သူ့အခန်းနဲ့တစ်ခြားစီဖြစ်နေသည်။
နေ့ခင်းကြောင်တောင် မဲမှောင်နေတာပဲ...အခန်း
အသွင်အပြင်ကို သေချာတောင်မမြင်ရဘူး...။
မနည်းကြည့်ယူရတယ်။
ခန်းစီးလိုက်ကာတွေကလဲ အနက်ရောင် တွေဖြစ်ပြီး လိုက်ကာတွေကိုလည်း စီးနှောင်မထားဘဲ
ချထားလေသည်။ မီးလည်းမထွန်းပေ။
သူသာဆို အမှောင်ကြောက်၍ ယခုလိုနေမည်မဟုတ်။
"အားယွင် အခန်းကလဲ မှောင်နေတာပဲ...မီးမထွန်းဘူးလား..."
"မထွန်းဘူး ရှောင်ဟန်ကော...မျက်စိစူးတယ်...ကျွန်တော်မနေတတ်ဖူးရယ်"
"အော်...ကောဆို အမှောင်ကြောက်လို့ ညဘက်ဆိုရင်တောင် မီးထွန်းပြီးမှအိပ်တာ...ဟီး.."
ရှောင်ဟန်က ခန်းစီးလိုက်ကာတွေနှင့်အခြားအရာတွေ ကို တစ်ချက်ကြည့်လိုက်ပြီး
"အားယွင်က အနက်ရောင်တွေကို ကြိုက်တာလား "
ကျိုးယွင်ကလည်း သူကိုယ်သူတောင်မသိဘူး။ သူဘာ့ကြောင့်အနက်ရောင်တွေကိုကြိုက်လာမှန်း။သူအခုတစ်လောသူ့ကိုယ်သူတောင် နားမလည်နိုင်ဘူး။ အရင်ကသူကြိုက်တာတွေကိုကြည့်ပြီး ဘယ်လောက်တောင်စိတ်ပျက်စရာကောင်းတယ်ဆိုတာကိုတောင် သူနားမလည်တော့ဘူး။ထားလိုက်တော့ ...နားမလည်တာပဲကောင်းတယ် ခေါင်းကိုက်တယ်...မစဉ်းစားတော့ဘူး...
ကျိုးယွင်ကရှောင်ဟန်ကို ပြန်ဖြေလိုက်တယ်။
"အဲ့လိုလဲ..မဟုတ်ပါဘူး မျက်စိထဲမှာ ကောင်းမယ်ထင်လို့...ကောရော မကြိုက်ဘူးလား"
"ဟင့်အင်း..မကြိုက်ဘူး...အဲ့အရောင်ကအထီးကျန်တယ်လို ကောထင်တယ်... ကောကတော့ မကြိုက်ဘူးရယ်"
"အော်"
ရှောင်ဟန်က ဘေးပတ်လည်ကိုတစ်ချက် ကြည့်လိုက်ပြီး အခန်းထောင့် ခြေရင်းတွင် စုပုံနေသော အရုပ်အပုံလိုက်ကြီးကို တွေ့လိုက်ရတယ်။ ရှောင်ဟန် မနေနိုင်စွာနဲ့ ချက်ချင်းပဲ မေးလိုက်တယ်။
"အရုပ်တွေဆော့နေတာလား...အားယွင်က "
အားယွင်က သူ့ကို ခေါင်းခါပြလာကာ
"မဟုတ်ဘူး...ကျွန်တော်မကြိုက်တော့လို့...လွင့်ပစ်မလို့...ပုံထားတာ...အခုတစ်လော အဲ့ဒါတွေက မျက်စိရှုပ်တယ်လို့ ကျွန်တော် ခံစားနေရလို့"
ကျိုးယွင်က ထိုလူ့ကို ဘာ့ကြောင့်မှန်းရယ်တော့မသိ အမှန်တိုင်းပြော ပြလိုက်မိတယ်။အမှန်တိုင်းဆိုရင်သူအခုတစ်လော ဘာဖြစ်မှန်းမသိဘူး။ဘယ်သူနဲ့မှကို စကားမပြောချင်ဘူး။ ဒါပေမဲ့ ဘာ့ကြောင့်မှန်းမသိ သူ့ရှေ့က လူကိုတော့ သူစကားပြန်ပြောနေမိတယ်။
ရှောင်ဟန်ကမျက်လုံးပြူး မျက်စံပြူးဖြင့် ကျိုးယွင်ကိုကြည့်ကာ လက်ကာရင်းဆို၏။သူဒီကို ရောက်တာ တစ်ရက်တောင်မပြည့်သေးဘူး မျက်လုံးပဲပြူးနေရတာတွေချည်းပဲ။ ကြာရင် သူတော့မျက်ပြူးဖြစ်တော့မယ်။
"လွှင့်တော့ မပစ်လိုက်ပါနဲ့...အကောင်းကြီးတွေပဲရှိသေးတာကို နှမြောစရာကြီး... အားယွင်မကြိုက်တော့ရင် ကောကိုပေးလိုက်...ကောကြိုက်တယ်"
ဟုတ်တယ်...သူမရှက်တော့ဘူး..ရှက်နေလဲဘာထူးမှာလဲ...အရုပ်တွေက အကောင်းတွေကို...ပြီးတော့သူတကယ်ကြိုက်တယ်...သူငယ်ငယ်ကဆို...အရုပ်ရချင်တာတောင် ဝယ်ပေးမယ့်သူမရှိဘူး...ပါးတော့ရှိပါသည်။ဒါပေမဲ့ ပါးပိုက်ဆံကုန်မှာဆိုးလို့...သူကြိုက်ပေမဲ့ မဝယ်ခိုင်းရက်ဘူး...အဲ့တော့ ပါးကသူ့ကို ဝယ်ပေးမယ်လို့ပြောရင်..သူကကျွန်တော် မကြိုက်ဘူးလို့ပဲဘူးခံငြင်းခဲ့ရတာ...တကယ်တော့ သူကြိုက်ပါသည်..အရမ်း...
" ရှောင်ဟန်ကော ကြိုက်တယ်ဆိုလဲ ယူလိုက်လေ...
သေရောသေချာလို့လား ယူမှာက"
ရှောင်ဟန်က လက်သုံးချောင်းထောင်ပြီး ကျိန်ပြကာ
ရယ်လိုက်ပြီး
"သေချာတယ်...ကောကျိန်ဆိုတယ် ...ကောတကယ်ကြိုက်တာ"
"......"
ကျိုးယွင် သူ့ရှေ့က သူ့ကိုသွားဖြဲရယ်ပြကာ ကျိန်ဆိုနေသော ထိုလူကိုကြည်ပြီး
အဟက်...ဘာအထာလဲ...ကလေးအထာတွေ...ကလေးဆန်လိုက်တာ...အရုပ်လေးအတွက်နဲ့များ...ကျိန်ပြနေသေးတယ်...
သူ့ အသက်နဲ့ဒါတွေကို တကယ်ကြီးရချင်နေတာလား ။ထားလိုက်ပါတော့ ဒါကသူ့ကိစ္စ ကိုယ်နဲ့မှမဆိုင်တာ...
"ကော...အခန်းပြန်ရင် အကုန်လုံးပြန်သယ်သွားမယ်"
"နိုင်လို့လား...အများကြီးကိုကောက"
"နိုင်တယ်...နိုင်တယ်...ကိစ္စမရှိဘူး အကုန်မနိုင်ရင် ခြင်းတောင်းနဲ့နောက်တစ်ခေါက်ပေါ့...ဟီးဟီး ဘာမှမဖြစ်ဘူး..."
ရှောင်ဟန်က ထိုကလေး စိတ်မပြောင်းသွားခင် အမြန်သယ် သွားရန်ဆုံးဖြတ်လိုက်မိတယ်။
"ဟို...ကော အခုပဲ သယ်သွားလိုက်ရမလား...အားယွင်လေး မျက်စိနောက်မှာဆိုးလို့..."
"ဟမ်း...ရတယ် အကုန်သယ်သွားလိုက်"
ရှောင်ဟန်လည်း ထိုကလေးစိတ်မပြောင်းခင် အကုန်လုံးက ကျုံးရုံးမလိုက်ကာမိမိ အခန်းသို့ အမြန်ပြန်လာလိုက်သည်။ ကျန်တာတွေကို နောက်တစ်ခေါက် ခြင်းတောင်းနဲ့သယ်ရမယ်လို့ တေးထားလိုက်သည်။
ကျိုးယွင်လည်း သူ့ရှေ့မှာ အရုပ်တွေကိုမနိုင်မနင်းသယ်နေသောထိုလူကိုကြည့်ပြီး စိတ်ထဲမှသာပြောနေမိတယ်။
မသိတာကျလို့ သူစိတ်မပြောင်းခင် အမြန်သယ်နေတာ...အသိအသာကြီးပဲ ။သူက ကလေးလား ငါက ကလေးလား။ဒီလူကပဲသူကိုထိန်းမှာလား သူကပဲဒီလူ့ကိုထိန်းရမှာလားမသဲကွဲဘူး။ ဘယ်လိုလူမျိုးနဲ့လာတွေ့နေတာပါလိမ့် အူတူတူနဲ့။
ကျိုယွင် အရုပ်တွေကိုသယ်ရင်း အလုပ်ရှုပ်နေသော ထိုရှောင်ဟန်ဆိုသော လူကို ကြည့်နေမိသည်။
သူပုံစံက ဖြူစင်တဲ့ပုံစံပေါ်ပေမယ့်...ဒီလို ဖြူစင်တဲ့ပုံစံနဲ့လူမျိုးမတွေ့ကြုံဖူးသေတာကြောင့် ဟန်ဆောင်နေတဲ့ပုံစံနဲ့လည်းဆင်ပြန်သည်။ဟန်ဆောင်နေ
တာဆိုရင်ရော..။သူ့အမေက သူ့အဖေရှေ့မှာ သူအပေါ်ကောင်းဟန်ဆောင်သလိုမျိုး...သူ့အကိုက..သူ့အဖေနဲ့အမေရှေ့မှာ သူ့ကိုချစ်ပြသလိုမျိုး...
အဟက်...ဘယ်အရာမှ...မယုံရဘူး...ခင်ဗျားလဲသူတို့တွေလိုမျိုးပဲဆိုရင်ရော...
အဲ့လိုဆို...ခင်ဗျားကိုကျွန်တော် ခွင့်လွတ်နိုင်မယ်မထင်ဘူး။
အမေ...အစ်ကို...အမေတို့ဖြစ်စေချင်တဲ့အတိုင်းပဲ...အခုဆိုအမေတို့ဒြပ်တွေကိုကူးပြီး လူတွေကို မယုံကြည်ရဲတော့ဘူး...အကုန်လုံးက အပြင်ပန်းကောင်းပြီး အတွင်းပုပ်တဲ့ ပန်းသီးဖြစ်နေမှာ ကျွန်တော်တကယ်ပဲ...ကြောက်တယ်
အမေတို့နဲ့တင် ကျွန်တော်ရဲ့ ခါးသီးမှုတွေက လုံလောက်တာထက်တောင်ပိုလျံနေပြီ...အဲ့လိုပိုလျံနေလို့လဲ အခုဆို ကျန်တဲ့လူတွေကိုတောင်မယုံကြည်နိုင််တော့ဘူး...။
အခုအဖြစ်ကိုသာ ကြည့်တော့...
အခုလဲ..
..ကျွန်တော့်ရှေ့က အဲ့ဒီလူက...ဘယ်လိုလူစားများလဲ..ဆိုတာတောင်ကျွန်တော် လေ့လာနေရတယ်။
ကိစ္စမရှိပါဘူး...ကျွန်တော့်မှာ အချိန်အလုံလောက်ရှိတယ်။..ကျွန်တော်ရအောင်ဖော်ထုတ်မှာမယုံမရှိနဲ့...အဲ့ဒီခါကျရင်လဲ...ရှောင်ဟန်ကော... ခင်ဗျား အတွက် ကံကောင်းပါစေလို့...ကျွန်တော်ဆုတောင်းတယ်...ပြီးတော့မှ...ကျွန်တော့်အဆိုးမဆိုနဲ့...ကျွန်တော်က တကယ်မရက်စက်ချင်ဘူး...
ရက်စက်ရတာ မကြိုက်ဘူး...
--------------------------
Zawgyi
"......"
"......."
"ဟုတ်"
ရောပဲ"
ဒါက တစ်ခါမှကို ယခုအချိန်ထိ မခံစားခဲ့ဖူးတဲ့ လှောင်ချိုင့်ထဲ အမိခံလိုက်ရတဲ့ ခံစားခကွကြှီးလြုပဲ...
ရှောင်ဟန်...ဖိုက်တင်း...
---------------------------------------
"ဒေါက်!...ဒေါက်!...ဒေါက်!"
ကောင်လေးက သူမှန်းသိသွားတ်ာထင်ပါရဲ့အလိုမကျတဲ့ အကြည့်လေတွေပြေပျောက်သွားပြီး
မနည်းကြည့်ယူရတယ်။
ချထားလေသည်။ မီးလည်းမထွန်းပေ။
"အော်"
ရယ်လိုက်ပြီး
"......"
အမေတို့နဲ့တင် ကျွန်တော်ရဲ့ ခါးသီးမှုတွေက လုံလောက်တာထက်တောင်ပိုလျံနေပြီ...အဲ့လိုပိုလျံနေလို့လဲ အခုဆို ကျန်တဲ့လူတွေကိုတောင်မယုံကြည်နိုင်တော့ဘူး...။
အခုလဲ..
ရက်စက်ရတာ မကြိုက်ဘူး...
--------------------------
Continue Reading
You'll Also Like
667K 7.1K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
71.4K 13.4K 27
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
308K 24.8K 29
Mini Story Uni Life Style Sweet Romance
936K 49.6K 44