Unicode
Yoongiတစ်ယောက် စဉ်းစားရင်းထိတ်လန့်အံ့ဩလာမိပြန်သည်။ လူတစ်ယောက်ကထိုမျှရက်စက်မည်တဲ့လား...ထိုလူသားကားလူမှဟုတ်လေရဲ့လား.. ။ Jeon နေရာမှာသူသာဆို သေတောင်သွားနိုင်လေသည်။
Flashback.
..
..
"Busan ကိုရောက်တော့ အဘွားကကြမ်းပြင်ပေါ်မှာ သွေးတွေနဲ့လဲကျနေခဲ့တာ... အရေးပေါ်ကားခေါ်ပြီး ဆေးရုံတင်ခဲ့ပေမယ့် အချိန်မမှီခဲ့ဘူးhyung... အဘွားက.. အဘွားက လောကကြီးကနေထွက်သွားခဲ့ပြီ... "
တုန်ရင်နေသောအသံတို့ဖြင့် ဆိုလာသူကိုကြည့်မိတော့ သွေးကြောတွေယှက်နွယ်ေနသောပါးပြင်မှာ ငွေရောင်လဲ့လဲ့ပုလဲလုံးလေးများ ခကြွေလာခဲ့သည်။ ဒီအချိန် သူတကယ်နှစ်သိမ့်ပေးချင်သည်။ ဒါပေမယ့် သူဘယ်ကစပြီးနှစ်သိမ့်ပေးရပါမည်နည်း.. ။
"နောက်တော့ အမေကပါကျွန်တော့်ရှေ့ အသတ်ခံခဲ့ရတာ... ဘယ်လိုသတ်ခဲ့လဲသိချင်လားhyung"
စကားပြောနေရင်းမှ ကိုယ့်အားပြန်မေးလာသောသူကြောင့် အနည်းငယ်ကြောင်အသွားခဲ့သည်။
သိချင်သည်လို့ပြောရင်လည်း အနာဟောင်းကိုသွားဆွမိသလိုဖြစ်မည်။ မသိချင်ဘူးဟုငြင်းရန်လည်း စိတ်ကမပါသည်တော့အမှန်ပင်။ စပ်စုတာတော့မဟုတ်ဘူးပေါ့။ သူကပြောချင်နေတာလေ။
"ပြောလေ..Jeon ရင်ဖွင့်လိုက်ပါ..."
"ဓါးနဲ့မွှန်းခံရပြီး သွေးထွက်လွန်ပြီးသေတာတဲ့... အဲ့တုန်းကဆို အမေကမျက်နှာတစ်ပြင်လုံး အမေကြိုက်တဲ့အနီရောင်တွေရဲလို့... ဂါဝန်အနီရောင်လေးနဲ့ပေါ့... ကျွန်တော်ဝင်သွားတော့ အမေ့ကိုသတ်ခဲ့တဲ့လူတစ်ယောက်က နီရဲနေတဲ့ ဓါးတစ်ချောင်းကိုကိုင်ပြီး တစ်ဖက်ကဝိုင်တစ်ခွက်ကိုကိုင်ထားခဲ့တယ်... ပြီးတော့ ကျွန်တော့်ကိုတွေ့သွားလို့ ကျွန်တော်ပြေးခဲ့တယ်... သူကအနောက်ကနေကားနဲ့လိုက်နေခဲ့တယ်...
တစ်နေရာရောက်တော့ ကျွန်တော့်အရိုးတွေကျိုးကြေသွားသလို ခံစားလိုက်ရတယ်... တစ်ကိုယ်လုံးနာကျင်နေခဲ့တယ်... နောက်ဆုံးကြားလိုက်ရတာက... မင်းသေသွားရင်ကောင်းမယ် အဲ့ဒါမှမင်းမြင်ခဲ့တာတွေ ပြောပြလို့မရတော့မှာတဲ့လေ"
ကျွန်တော်တုန်လှုပ်သွားခဲ့သည်။ ဒါပေမယ့် လူသတ်တရားခံကမည်သူနည်း။ ကျွန်တော်သိချင်တာကြောင့် မေးလိုက္မိတော့ နောင်တပင်ရချင်သွားသည်။ သူပြောလိုက်သည်ကား
"ကျွန်တော့်အဖေJeon Shinseok"
Jeonပြောပုံအရဆို သူ့အဖေကလွန်ခဲ့တဲ့နှစ်နှစ်က ထောင်ထဲမှာသေသွားခဲ့သည်တဲ့...
Flash end
~~~~~~~~~~~~~~~
"Dr. Min ဆေးရုံအုပ်ကခေါ်နေပါတယ်"
အပြင်က သူနာပြုမလေး၏အသံကြောင့် အတွေးတို့ကိုရပ်တန့်ကာ ဆေးရုံအုပ်ရုံးခန်းဆီသို့
ခြေလှမ်းများကဦးတည်မိခဲ့သည်။ အခန်းထဲရှိဆိုဖာပေါ်ထိုင်ကာ စာရွက်စာတမ်းများကိုစစ်ဆေးနေသော ဆေးရုံအုပ် Oh ဆီသွားကာ
"ဆေးရုံအုပ် Oh ကျွန်တော့်ကိုခေါ်တယ်ဆို"
"ဟုတ်တယ် Dr. Min မင်းကျန်းမာရေးအခြေအနေဘယ်လိုလဲ။ သက်သာရဲ့လား"
ချက်ချင်းကြီးကျန်းမာရေးအခြေအနေကို မေးလာေသာကြောင့် သိများသွားပြီလားဆိုတဲ့အတွေးလေးက ဝင်လာခဲ့ပြန်သည်။
"ကောင်းပါတယ် ဆေးရုံအုပ်Oh... ဆေးရုံအုပ်ရောကျန်းခမ်းသာလို့မာပါရဲ့လား"
"အဟက် Dr. Minကတော့နောက်ပြီဗျာ"
"ဟုတ်ပါပြီ... ဒါနဲ့ဆေးရုံအုပ်Oh ခေါ်ရတဲ့အကြောင်းအရင်းက..."
"ဆေးခွင့်ပေးမလို့ပါ... နေမကောင်းတာကိုမကုပဲမထားပါနဲ့..."
"အဲ့လောက်လည်းမဟုတ်ပါဘူးဗျာ"
"မရဘူးMin Yoongi ကလေးမဆန်စမ်းနဲ့...မဟုတ်ရင်မင်းအဖေကို ပြောပြရလိမ့်မယ်"
"ဟာ...ဦးလေးကလည်း"
"ပျောက်အောင်ကုပြီးမှ ငါ့ဆေးရုံအရိပ်နင်း...သွားတော့"
"ဦးလေးကဗျာ..."
Yoongiတကယ့်ကို ပြောစရာစကားတွေပျောက်ရှသွားခဲ့သည်။ စိတ်လေးကလည်း
ဆိုးချင်လာပြန်သည်။ ဒါပေမယ့် ဦးလေးပြောတာလည်းမှန်နေပြန်သည်။ သူအခုတလော ခနခနပင်ေခါင်းကိုက်လာသည်... အတိတ်ကလည်းမေ့တတ်လာသည်... တစ်ခါတစ်လေကျရင်လည်း မူးဝေနေပြန်သည်... အသက်ရှူကလည်းကျပ်လာသေးသည်။ အရင်ကလည်း ထိုသို့ဖြစ်တတ်သော်ညား
အခုလောက္မဆိုးပင်.. ။ ထို့ကြောင့်လည်း ဆေးစစ်ပြီးပြီ...အဖြေကတော့မသိရသေး...အခုတလော အခြေအနေပိုဆိုးလာခဲ့သည်... ။ တော်ပါပြီ ဒီလောက်ဆိုယုန်ပေါက်လည်း ကျွန်တော့်ကိုမျှော်နေရောပေါ့။
Yoongiအခန်းတစ်ခုရှေ့ရောက်သည်နှင့်ရပ်လိုက်ကာ အိပ်ကပ်ထဲရှိအနံ့သင်းေသာရေမွှေးဘူးသေးကိုထုတ်ကာ ကိုယ်၌ဆွတ်လိုက်မိသည်။ အမြဲတမ်း ကိုယ်၌ lavenderပန်းအနံ့သင်းနေသော ကိုယ်လေးကိုမနာလိုကာ ထိုကဲ့သို့လိုက်လုပ်မိခဲ့ခြင်း။ တံခါးခေါက်ကာအသံပေးပြီးဝင်လိုက်တော့ ယုန်ဗလကြီးကသူ့အားကျောပေးထိုင်ကာ အသံချိုချိုေလးဖြင့်သီချင်းညည်းနေလေသည်။ ထို့ကြောင့် ကိုယ်ရောက်နေတာသူသိစေရန် အသံပြုလိုက်သည်။
"အဟမ်း Jeon"
"Hyungရောက်လာပြီလား"
"အင်း Jeon"
" Hyungကိုပြောပြရဦးမယ်...ကျွန်တော်လေမျက်စိပြန်မြင်ချင်ပြီ hyung"
" မျက်ကြည်လွှာအလှူရှင်ရပြီမို့လို့လားJeon"
" မရသေးဘူးhyung...ကျွန်တော်ကတော့မြင်ချင်တယ်... hyungကိုရော သဘာဝတရားကြီးကိုရော..."
ထိုစဉ် အသံမြည်လာဖုန်းကြောင့် နှစ်ယောက်ကြားစကားသံတို့တိတ်ဆိတ်သွားသည်။ ဖုန်းကိုထုတ်ကြည့်လိုက်တော့ ကျွန်တော်ဆေးစစ်ထားတဲ့ဆေးရုံကပင်..ဆေးစစ်ချက်ရပြီတဲ့။ ထို့ကြောင့် ကျွန်တော်Jeonကိုခွင့်တောင်းကာ
သွားယူရန်ပြင်လိုက်သည်။
-----------------
ဆေးစစ်ချက်သွားယူရန် ေကာင်တာဆီအသွားတွင် ချက်ချင်းခြေလှမ်းတို့ယိုင်နဲ့ကာ မြင်နေရသည်ကား ပြေးလွှားနေသောအဖြူလွှလွှအရာများ၊ အော်ခေါ်နေသံများနှင့်အတူ ကိုယ်ခန္ဓာကလည်းသန်မာလှသည့် အေးဆိမ့်လှသည့်ဆေးရုံကြမ်းပြင်ပေါ်သို့ပစ်လဲကာ အမှောင်အတိဖုံးလွှမ်းသွားသည်။
တစ်ဖက်တွင်လည်း ကောင်လေးတစ်ယောက်က
သူ့ဆီပြန်လာမည်ဟုဆိုသော ကောင်လေးတစ်ယောက်ကိုတစ်ညလုံးမအိပ်ပဲ ထိုင်စောင့်နေခဲ့သည်ကိုသိပါက ချက်ချင်းပင်မလွဲမသွေရောက်ရှိလာပေမည်။
ကိုယ့်ရဲ့မကောင်းမကန်းလေးကို ဖတ်ပေးတဲ့လူရှိတော့အရမ်းပျော်နေတာ စာဖတ်သူတို့ရဲ့ စိတ်ကျေနပ်မှုမရမှာလည်း အားနာမိပြန်ရောပေါ့သွားရင်တောင်းပန်ပါတယ်နော် ကျန်းမာရေးဂရုစိုက်ကြပါ အပြင်သွားရင်maskတပ်ပါ
တစ်ယောက်တည်းမထွက်ကြပါနဲ့ သတိထားကြပါ မထင်ရင်မထင်သလိုလုပ်နေကြတာမို့
အရေးအသားမကောင်းတာကြောင့်လည်း အားနာပါတယ်နော် 💜💜
------------_-------------_------------------_--------------
Zawgyi
Flashback.
..
..
Flash end
~~~~~~~~~~~~~~~
ချက်ချင်းကြီးကျန်းမာရေးအခြေအနေကို မေးလာသောကြောင့် သိများသွားပြီလားဆိုတဲ့အတွေးလေးက ဝင်လာခဲ့ပြန်သည်။
"ဟာ...ဦးလေးကလည်း"
"ဦးလေးကဗျာ..."
"အဟမ်း Jeon"
"Hyungရောက်လာပြီလား"
"အင်း Jeon"
-----------------
ဆေးစစ်ချက်သွားယူရန် ကောင်တာဆီအသွားတွင် ချက်ချင်းခြေလှမ်းတို့ယိုင်နဲ့ကာ မြင်နေရသည်ကား ပြေးလွှားနေသောအဖြူလွှလွှအရာများ၊ အော်ခေါ်နေသံများနှင့်အတူ ကိုယ်ခန္ဓာကလည်းသန်မာလှသည့် အေးဆိမ့်လှသည့်ဆေးရုံကြမ်းပြင်ပေါ်သို့ပစ်လဲကာ အမှောင်အတိဖုံးလွှမ်းသွားသည်။