Tian Guan Ci Fu Fanfictions

By Sagi-latt

21.2K 1.7K 107

လိုင်းပေါ်မှာလည်းသိတဲ့လူသိမှာပါ သိမ်းထားလို့ရအောင်ပြန်တင်ပေးတာ🙂 လိုင်းပေါ်မှာလည်းသိတဲ့လူသိမှာပါ သိမ်းထားလို့ရ... More

အရှင့်သားရဲ့Online Shopping -1
အရှင့်သားရဲ့Online Shopping-2
ညင်သာစွာပေါက်ကွဲခြင်းgp
ညင်သာစွာပေါက်ကွဲခြင်းgp-1
ညင်သာစွာပေါက်ကွဲခြင်းgp-2
Quest To Million-1
Quest To Million-2
ချီရုန် Reaction
We F**k Our Teachers
A Survey From God-1
TGCF LA ><><
အစိမ်းဘဒိုနှင့်အရှင့်သားဝိညာဉ်လဲခံလိုက်ရသောအခါ-1
အစိမ်းသရဲဘဒိုနှင့်အရှင့်သားဝိညာဉ်လဲခံလိုက်ရသောအခါ-2
BQ WX HL in ကာရာအိုကေ
''တူနှစ်ကိုယ်ကျင့်ကြံရေး''စားသောက်ဆိုင်
ပိုချစ်တဲ့သူ ကိုယ်သာဖြစ်ပါစေ
The life ofမောင်သုံးလန်


764 71 5
By Sagi-latt

//Zaw//










''ငါတို့ကT''


---










#MXTX
#SVSSMDZSHOB
#BQWXHL

//Uni//
သိုင်းလောကရဲ့ပြောင်းပြန်စုံတွဲ

**နာမည်ကျော်ကြား အမှောင်လောကသားများ**

လော့ပင်းဟယ်-" ဝံ့ကြွားဂုဏ်အင် မိစ္ဆာလမ်းစဉ်"ဝတ္ထု၏ဇာတ်လိုက်။ဇာတ်လမ်းထဲပါသမျှအမျိုးသမီးဇာတ်ကောင်တို့၏နှစ်သက်ခြင်းခံရ။မိစ္ဆာဓားတစ်လက်ဖြစ်သည့်ရှင်းမော့ဓားအားပိုင်ဆိုင်ထားပြီးသွေးအေးအေးနှင့်လက်ရဲဇက်ရဲရှိသောမျက်ရည်တစမ်းစမ်းနှင့်မိစ္ဆာဘုရင်။
အကျဉ်းချုပ်-(ဝူးဝူးမြည်သံစွဲကာ ပိုင်ရာဆိုင်ရာကောင်းကင်ထောက်တိုင်ကြောင့်အတိဿယဝုတ္တိလကာင်္မြောက်သူ)

ဟွားချန်-ပန်းတစ်ပွင့်အားလက်လှမ်းမူ သွေးမိုးအဟူဘွဲ့ပိုင်ရှင်။သုံးဆယ့်သုံးပါးသောနတ်ဘုရားတို့အားမကြောက်မလန့်စိန်ခေါ်ခဲ့သူ။''အဲ့မင်''အမည်ရမျက်နှာလိုက်သည့်ဓားကောက်နှင့်နတ်ဘုရားတိုင်းကြောက်ရွံ့သောမရဏလိပ်ပြာတို့အားစေခိုင်းနိုင်သူ။အရာရာကိုသိမြင်နှံ့စပ်ပြီးဘာမဆိုလုပ်ကိုင်နိုင်စွမ်းရှိသော အချေတစ်လိုင်းမျက်နှာထားနှင့် ကိုကိုကြောက်တယ်ဟူသောဖျက်ဆီးချေမှုန်းရေးအဆင့် တစ္ဆေဘုရင်။
အကျဉ်းချုပ်-(2021ခုနှစ်၏အကောင်းဆုံးအကယ်ဒမီဆုရှင် မောင်သုံးလန်)

ဝေဝူရှင်း-မှော်နက်လမ်းစဉ်၏ပထမဆုံးကျင့်ကြံသူ။လက်စွဲတော်''ချန်ချင်''အမည်ရပုလွေတစ်ချက်အမှုတ်မှာ ဖုတ်ကောင်ပေါင်းများစွာကို(ခွေးသေမှလွဲ၍)ထိန်းချုပ်နိုင်ပြီးသိုင်းလောကသားတိုင်းကြောက်ရသည့်''ဝမ်နင်း''ဟူသောချစ်စရာ့တစ္ဆေစစ်သူကြီး(ပေပီဖုတ်)အားအသက်သွင်းခဲ့သည့် နာမည်ကြားရုံနှင့်လူတိုင်းဖိန့်ဖိန့်တုန်ကြောက်ရပါသောရီလင်းအကြီးအကဲ။
အကျဉ်းချုပ်-(မကြုံဖူး မြင်မှသိ ၃၁ဘုံမှာ သူအရွဆုံး)

အဆိုပါဂုဏ်ဆောင်ပုဒ်များဖတ်အပြီးမှာ ဝေဝူရှင်းကဝမ်းသာအားရနှင့်ပြောသည်။

''ကိုယ့်လူတို့ ဒါဆိုကျွန်တော်တို့သုံးယောက်ကအတူတူဘဲပေါ့ ဟားဟား''

သူ့စကားကြောင့်ဟွားချန်နှင့်လော့ပင်းဟယ်ကဂရုဏာသက်နေသည့်အကြည့်နှင့်ကြည့်ကာ

''မဟုတ်ဘူး ငါတို့ကမတူဘူး''

''ဘာမတူလို့တုန်း ဘယ်နေရာကများမတူလို့လဲ ပြောကြည့်စမ်းပါဦး''

''ငါတို့ကT''

(ဝေဝူရှင်းကြောင်နေ နောက် မျက်နှာကြီးရဲလာပြီးကိုက်တက်လာတဲ့ခါးကိုဖိထား)

---
ရှန်ချင်းချိုး-ချင်းကျင့်တောင်သခင်။နာမည်ကြီးရှိုးယာဓားအားကိုင်ဆောင်ပြီး သိမ်မွေ့သောကိုယ်ဟန်အမူအယာနှင့်နတ်ဘုရားအလားထင်မှတ်ရသောရုပ်ရည်အားပိုင်ဆိုင်ထားသူ။တိတ်ဆိတ်ငြိမ်းချမ်းခြင်းကိုနှစ်သက်ကာနှုတ်ထွက်သမျှစကားတိုင်းကပြေပြစ်ကျစ်လျစ်၍တိုတိုနှင့်လိုရင်းရောက်အောင်ပြောဆိုနိုင်သူ။
အကျဉ်းချုပ်-(WTFအားအာဂုံဆောင် ယောကျာ်းငိုလျှင် ကမ္ဘာပျက်)

လန်ဝမ့်ကျီး-သိုင်းလောကသားတိုင်းကစံပြထားရသည့်ပုဂ္ဂိုလ်။တည်ငြိမ်သောအသွင်အပြင် ရေသေကဲ့သို့မပြောင်းမလဲရှိသောမျက်နှာ ဖြောင့်မတ်တည်ကြည်သောစိတ်ဓာတ်ကြောင့် လူတိုင်းကလေးစားပြီး ပယင်းရောင်မျက်ဝန်း ပိတုန်းရောင်ရှိ ဖြောင့်တန်းသောဆံနွှယ်ရှည်(လူမဖြောင့်ပေမဲ့)နှင့်နှစ်ယောက်မရှိအောင်ချောမောလှသည့်ကူးစူးလန်၏ဒုတိယသခင်လေးဟုဆိုတိုင်းကြားရသည့်မိန်းမပျိုတိုင်းကိုရှက်သွေးဖြန်းအောင်လုပ်ဆောင်နိုင်သူ။''မကောင်းသူပယ် ကောင်းသူကယ်''ဟူသောဆောင်ပုဒ်ကိုလက်ကိုင်စွဲကာ သိုင်းလောကတစ်ခွင်ခြေဆန့်နေသူ။
အကျဉ်းချုပ်-(လေ့လာဆည်းပူးအကျိုးထူး   Everyday၏အလင်းသခင်)

ရှဲ့လျန်-ရှန်လဲ့ပြည်၏ရင်နှစ်သည်းချာ ပန်းမြတ်သရဖူစစ်နတ်ဘုရား။တစ်ဖက်ကပန်းတစ်ဖက်ကဓားကိုကိုင်ဆွဲကာ လူသားတိုင်းကိုကယ်တင်ပေးချင်သူ။အသက်ငယ်ငယ်နှင့်နတ်ပြည်စံမြန်းခွင့်ရခဲ့ပြီးနတ်ဘုရားတို့၏ဧကရာဇ်နတ်ဖေဖေကြီးမှအထူးအလေးပေးခြင်းခံရသူ။ဖြူစင်မွန်မြတ်သောစိတ်ထားနှင့်အေးချမ်း၍အကြည်ဓာတ်ကိန်းအောင်းနေသောမျက်နှာပိုင်ရှင်ဖြစ်သော်လည်းခွန်အားအကြီးဆုံးစစ်နတ်ဘုရားတစ်ပါးဖြစ်သည့်အပြင်ဥာဏ်ပညာအရာမှာလည်းသူမတူအောင်ထက်မြတ်လှသူ။
အကျဉ်းချုပ်-(မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်အစားအသောက်ဖန်တီးထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးကုမ္မဏီ၏CEOဖြစ်သော်လည်းလက်ရှိကိုဗစ်ကြောင့်OSလုပ်နေသည်ဟုသတင်းရ)

''အဟဲ ကျွန်တော့်ကိုအဲ့လောက်ထိရေးပေးထားမယ်တောင်မထင်ဘူး ဘာဖြစ်ဖြစ်ရေးပေးတဲ့လူကိုကျေးဇူးတင်ပါတယ်''

ရှဲ့လျန်ကပြောပြီး''သိုင်းလောကမှ နာမည်ကြီးသူတော်စင်ပုဂ္ဂိုလ်တို့၏အကြောင်းအရာများ''စာအုပ်ကိုရှန်ချင်းချိုးလက်ထဲထည့်ပေးလိုက်တယ်။ရှန်ချင်းချိုးကခနလောက်ပြန်ဖတ်ပြီး

''ဒုသခင်လေးလန် စိတ်မရှိရင် ''ဖိနှိပ်ခံသူများ၏အထက်လမ်းသို့ကျင့်ကြံရေး''gpကိုဝင်မလားဗျ အချင်းချင်းဆိုတော့ဝင်ကြေးပေးစရာမလိုပါဘူး ဗဟုသုတလည်းရတာပေါ့''
//ဖိနှိပ်ခံသူများ၏အထက်လမ်းသို့ကျင့်ကြံရေးgp=Tနေရာရရေး တို့အရေးgp//

ရှန်ချင်းချိုးပြောတော့ ဝမ့်ကျီးကဗျက်စောင်းတီးနေရာမှရပ်ကာမျက်နှာသေနဲ့ပြောတယ်

''ဆရာရှန်ရဲ့ ကမ်းလှမ်းမှုကိုကျေးဇူးတင်ပါတယ် ကျွန်တော်ကအစတည်းကလေ့လာပြီးသားမို့မဝင်တော့ပါဘူး''

ပြောပြီးဗျက်စောင်းပြန်တီးနေသောသူ့ကိုရှဲ့လျန်ကအားကျသည့်အကြည့်နှင့်ကြည့်နေသလို ရှန်ချင်းချိုးကလည်းကြိတ်မနိုင်ခဲမရညည်းနေတယ်

''လော့ပင်းဟယ်…လော့ပင်းဟယ် မင်းငိုငိုနေလို့ပေါ့ကွာ မဟုတ်ရင် ဟင်းဟင်း!!!''

#MXTX
#SVSSMDZSHOB
#BQWXHL

Continue Reading

You'll Also Like

3.5K 208 9
syatem ကမ္ဘာ နတ်ဘုရားတွေက host လိုက်ရှာရင်း နတ်ဘုရားလိုစွမ်းအင်ရှိတဲ့ လူသားတစ်ယောက်ကို တွေ့ရှိသွားကြတယ် ။ ဒီလူသားက သူတို့ရဲ့ ပျက်စီးနေတဲ့ syste...
175K 1.6K 175
作者:村里的小傲娇 Chen Xiaolin accidentally bleeds on the bracelet her grandmother left her, and she discovers a space inside. She then fills the space with...
49.7K 2.2K 62
Book 1 ကို acc ထဲမှာဝင်ဖတ်ပေးကြပါ
838K 88.6K 188
သူ​ဌေးသား​လေးဘိုင်ရှီက ငယ်စဥ်အချိန်တုန်းက ​ထိတ်လန့်စရာကောင်းတဲ့အဖြစ်တစ်ခုကို ကြုံ​တွေ့ခဲ့ရတယ် အဲ့အချိန်ကတည်းစလို့ သူ့မိဘ​တွေကစိုးရိမ်ပြီး သူ့အနား​အနီ...