Love of an idoit အရူးတစ်ယောက...

By Bai_lianhua

637K 41.6K 3.5K

Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More

မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim

အပိုင်း၄

14.9K 1.1K 25
By Bai_lianhua

Unicode:

ဆေးရုံကဆင်းလာပြီး ရက်တစ်ပတ်အကြာ အချိန်ကုန်ဆုံးသွားပြီးသည့်အခါတွင်တော့ ကျိုးယွင်ရဲ့ အခြေအနေက သိပ်မဆိုးတော့ဘူးဟု အားလုံးကသိထားကြသည်။

ကျိုးယွင်က အရင်အခါများ ကဲ့သို့တော့ ဂရုစိုက်မှုများကို မတောင်းဆိုတော့ချေ။တစ်နေရာရာတွင် သူတစ်ယောက်ထဲသာ တိတ်ဆိတ်စွာနေနေတတ်​လေသည်။ ကျိုးယွင်၏ အမူအရာများကလည်း အချိန်နဲ့အမျှ ခန့်မှန်းရခက်လာခဲ့သည်။

တစ်ချို့အလုပ်သမားများဆိုလျှင် တစ်ခါတစ်ခါ သူတို့ကိုယ် သူတို့ဉာဏ်မမှီ လာသလိုပင်ခံစားနေရလေသည်။

ကျိုးယွင်၏အပြုအမူများဟာ စိတ္တဇ ဆန်နေသလို ထူးဆန်းလွန်းလှသည်။အရင်ကထက်လည်းလျှို့ဝှက်ပြီး ကြက်သီးထစရာကောင်းလာသည်။

သူတို့ သခင်လေး မူမှန်မမှန်သေချာအကဲခတ်ကြည့်
ကြပြန်သော်လည်း ဒါကမဟုတ်ပြန်။
တစ်ခါတစ်ရံ ဘာမှဖြစ်သည့် ပုံစံဖြင့် သူတို့ကို
ပြုံးပြတတ်သေးသည်။
ဒီလိုပြုံးပြပြီဆို အရင်ကလို ချစ်စရာမကောင်းပဲ ခေါင်းခဲစရာကောင်းလှသည်။
ဘာကြောင့် အဲ့လိုကြီး ပြုံးပြလာသလဲဆိုတာကိုတောင် သူတို့တွေလည်း နားမလည်ဖြစ်ကြရတယ်။
ည အချိန်မတော် လူအိပ်ချိန်တွင်ဆို ခြံထဲဆင်း၍လည်း ဒန်းထိုင်စီးနေတတ်သေးသည်။ သူတို့ အလုပ်သမားများကသာ ဒါကို ရံဖန်ရံခါ တွေ့ရတတ်သည်။ အခုနောက်ပိုင်းတော့ သူတို့တွေလည်း
ဆက်တိုက်ဆိုသလို တွေ့မိ သတိထားမိကြတယ်။

အိမ်ကြီးရှင်တို့ကတော့ဒါကို မသိကြသေးပေ။
ကျိုးသခင်ကြီးကလည်း အလုပ်ကိစ္စဖြင့် ပေကျင်းဘက်ကိုရောက်နေလေသည်။
အိမ်တော်သခင်မကလည်း မမေးသည့် အတွက် သူတို့ကလည်းမပြောပြဖြစ်ပါ။ မပြောရဲတာအမှန်ပဲဖစ်သည်။
သူတို့အလုပ်သမားများက အိမ်အလုပ်တွင်သာအာရုံစိုက်ရမည်မဟုတ်လား။
သည်လိုနှင့်အချိန်ကြာလာသည်နှင့်အမျှ သူတို့ကလည်း ကျိုးယွင်၏ပုံစံကို ကျင့်သားပင်ရလာတော့သည်။

သခင်လေးယွင်က အခုလိုကြီး မျှော်လင့်မထားတာတွေ ဖြစ်ပျက်ခဲ့လို့ ကျောင်းကို ခဏ နားထားရသည့်အတွက် နေ့ခင်းဘက် တွေဆိုရင် အခန်းထဲ၌သာ
တစ်နေကုန်အောင် နေလေသည်။
ထူးထူးဆန်းဆန်း ကျိုးသခင်မကြီးကလည်း ဒီရက်ပိုင်းအတွင်း ငြိမ်ချက်ကောင်းနေ
လေသည်။နောက်ရက်တွေကျရင်တော့ ဘယ်လိုလာမလဲဆိုတာ သူတို့လည်းမသိ။

ကျိုးရန်ကတော့ နှစ်ဝက်စာမေးပွဲနီး၍ အရင်မလုပ်ခဲ့သောစာများကို အတိုးရော အရင်းပါ ပေါင်းစပ်နေရသဖြင့် ကျိုးယွင်ကို ပြဿနာရှာဖို့ပင်သူ မအား။
သူ့ရဲ့စာများနဲ့သာ လုံလည်ပတ်ချာရိုက်နေလေသည်။

တကယ့်တော့အမှန်က ကျိုးယွဲ့မူ ငြိမ်ချက်ကောင်းနေတာ မဟုတ်ရ။ သူမက ကျိုးယွင် ရဲ့ အနာဂတ်ကိုကောင်းကောင်းခြယ်လှယ်နိုင်ရန် ကြိုးစားအားထုတ်နေလေတာဖြစ်သည်။

သူမက ကျိုးယွင်ရဲ့စိတ်ကို တူးစွဖို့ ဓားကောင်း တစ်လက်ကိုဘယ်လိုလူကို အသုံးချရမလဲစဉ်းစားနေလေတာဖြစ်သည်။

သူမကြံစည်ထားသည့် အကြံစည်များကို အမြန်ဆုံး အကောင်ထည်ဖော်ရန် အတွက်လည်း သူမက
ကောက်ကျစ်စွာပြုံးလိုက်မိပေ၏။ ဒါကို
သူမကိုယ်တိုင်တောင် သတိမပြု မိလိုက်ပေ။

အချိန်တစ်ခဏ အကြာတွင် သူမက ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။ သူမက ဆိုဖာထိုင်ခုံနေရာမှာ အေးဆေး ချေချိတ်ထိုင်လိုက်ပြီး ယမကာခွက်ကို လှုပ်လှည့်ကာ တစ်ဖက်လူ ဖုန်းကိုင်မှာကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေလေသည်။

သိပ်ပင်မကြာလိုက် တစ်ဖက်က သူ့ရဲ့ဖုန်းကို ချက်ချင်းပဲ ကိုင်လိုက်ပုံရသည်။ ကျိုးယွဲ့မူ၏ ဆေးဆိုးပန်းရိုက် နှုတ်ခမ်းပါးတစ်စုံက အထက်ကိုမြင့်တက်လာခဲ့သည်။

ကျိုးယွဲ့မူက သူမရဲ့ လိုရင်းကို တဖက်လူကိုပြောပြလိုက်ပြီး တစ်နေရာတွင်ချိန်းရန် ပြောလိုက်ကာ ဖုန်းချလိုက်လေသည်။

သူမသည် မိမိ၏ ပထမဆုံးခြေလှမ်းအတွက် ရင်ခုန်နေမိ၍ ယနေ့ည သူမ အိပ်မပျော်နိုင်မည်ကိုပင် တွေးပူမိသည်အထိ ခံစားမိလိုက်တယ်။

------------------------------------------

ပေကျင်းမြို့ရဲ့" ခိုနားရာ" (Shelter)
လို့အမည်ရတဲ့ မိဘမဲ့ကလေးများဂေယာသည် လာရောက်လှူဒါန်းသည့် စေတနာရှင်တို့၏လှူဒါန်းမှုကြောင့် ဂေဟာ အတွင်းရှိ ကလေးငယ်များကပျော်နေကြလျက်ရှိသည်။

ဂေဟာ ရဲ့အရှေ့ဘက် သစ်ပင်ရိပ်အောက်တွင်ထိုင်နေသော အသက်၁၂အရွယ်လူငယ်လေးသည်
သူ့ထက်အငယ် ကလေးငယ်လေးများမုန့်ရ၍ပျော်ရွင်နေသည့်ပုံစံအား ပြုံးကာကြည့်နေလေသည်။
ထိုလူငယ်လေးရဲ့နာမည်က ရှောင်ဟန်။
ရှောင်ဟန်ပုံစံက ပကာသနမပါ ရိုးရှင်းပြီး သိမ်မွေ့လွန်းလှတယ်။ မြင်သူတိုင်း မျက်နှာမလွဲချင်အောင် ဖြစ်မိတဲ့ ငေးမောစရာကောင်းတဲ့ မျက်နှာချောချောလှလှလေးကိုပိုင်ဆိုင်ထား​လေတယ်။ မွေးသန္ဓေကကောင်းခဲ့ပုံရသည်။ ပျက်ချက်တစ်စုံတစ်ရာမှကို ကောင်လေးမှာမရှိ။ အသားအရေကလည်း ပြောစရာမလို။ ဝင်းဝါပြီး အိစက်တဲ့ ရွှေဝါရောင်သမ်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားတာဖြစ်သည်။

ရှောင်ဟန်က မုန့်ထုတ်လေးများကိုကိုင်ထားကာ ပြုံးပျော်နေကြတဲ့ ကလေးများရဲ့ ဖြူစင်လှသော အပြုအမူကိုကြည့်ရင်း ကိုယ်တိုင်ကလည်း
မပြုံးပဲ မနေနိုင်ဖြစ်နေရတယ်။

ထိုကလေးငယ်လေးများက သူ့ရဲ့ ညီငယ်လေးများကဲ့သို့ သတ်မှတ်ထားတဲ့ ကလေးငယ်များပဲဖြစ်သည်။သူ ဒီဂေဟာကြီးမှာနေလာခဲ့တာ ယခုဆို ၁၂နှစ်ပင်ပြည့်ပြီဖြစ်သည်။
အခုဆိုရင် ဒီဂေဟာကြီးမှာ သူ့ အရွယ်ကောင်လေးများ သိပ်ပင်မကျန်ရှိလှတော့ပါ။
တစ်ချို့ကောင်လေးများက အစောပိုင်းကာလကတည်းက လာရောက်ခေါ်ယူမွေးစားခြင်းခံကြရ​​ပြီ ဖြစ်သည်။
သူသည်ကား ကျန်းမာရေးခြူချာ၍ ကျန်ရစ်ခဲ့လေသည့်ထဲက တစ်ယောက်ဖြစ်သည်။
သို့သော်လည်းသူ ဒါနဲ့ပတ်သတ်ပြီး အထူးအထွေ ဝမ်းမနည်းမိ၊ သူပျော်ပါသည်။ဒီလို ချစ်စရာကောင်း
ပြီး ဟန်ဆောင်မှုကင်းတဲ့ကလေးငယ်တွေကိုထိန်းကျောင်းပေးရသည့်အတွက်။

ရှောင်ဟန်ဆိုသည့် သူက ကလေးလည်းအရမ်းချစ်တတ်ပါသည်။
သူ့ထက်ငယ်နေရင်ကို သူက ကလေးတစ်ယောက်လို သဘောထားသည်။သတ်မှတ်ထား၏။ဤဂေဟာတွင် သူ့ထက်အကြီး နှစ်ယောက်နှင့်ရွယ်သူခုနှစ်ယောက်ကလွဲရင် ကျန်တာအားလုံးသူ့အတွက်တော့ ကလေးများ၊ညီလေးများပင် ဖြစ်၏။

သူ နေထိုင်တဲ့ ဤဂေဟာတွင်စာလည်းသင်ကြားပေးပါ​သေးသည်။
ရှောင်ဟန်က ဒီဂေဟာမှာအသက်အရွယ်တစ်ခုအထိသာနေရန် ရည်ရွယ်ထားသည်။သူ အရွယ်ရောက်လာသည့်နေ့ကျလျှင် ကိုယ့်အား ကိုယ်ကိုးစီးပွားရှာပြီး လှူနိုင်သလောက် လာလှူရန်အတွက်လည်းရည်ရွယ်ထားသည်။

ဒါ့ကြောင့်လည်း သူ ကိုယ့်အားကိုယ်ကိုးရမယ့်အချိန်ရောက်ရင်အသုံးချနိုင်ဖို့ စာကိုလည်းအကောင်းဆုံးဖြစ်အောင် လေ့လာကြိုးစားခဲ့တာဖြစ်သည်။
အားသည့်အချိန်များတွင်လဲကလေးငယ်များကို စာ၌စိတ်ပါ ဝင်စားအောင် အကောင်းဆုံးအားစိုက်
သင်ကြားပေးသည်။ ဂေဟာမှာရှိသည့် ကလေးများက သူ့ကိုဆို အရမ်းပဲချစ်ကြသည်။
ကောကော ဆိုပြီးတော့ကို ပါစပ်ဖျားကမချကြ။

ထိုကလေးလေးများထဲမှာမှ ဝမ်းဝမ် ဆိုသည့် ကလေးလေးကအဆိုးဆုံးပဲဖြစ်သည်။

ယခုလည်း အဲ့ကလေးလေးက သူထိုင်နေတဲ့ ဘက်ကိုလှည့်ပြီး သူ့ကိုပြုံးဖြဲ ပြနေလေသည်။ ဒီ ကလေးကတော့ တော်တော် ဆိုးဆိုးလေးပဲ....ဟုရှောင်ဟန်တွေးယူရတဲ့အထိ။ကလေးလေးက အဲ့လောက်ကို အသည်းယားစရာကောင်းပြီး ချစ်စရာကောင်းလွန်းလှသည်။
ဟော်...ကိုယ်တော်ချောက... အငြိမ်မနေပြန်
ဘူး.. အခုလဲ သူ့ဘက်ကို စည်ပိုင်းကလေးလိမ့်သလို ပြေးလာနေပြီ ဖြစ်သည်။

ရှောင်ဟန်ဆီကို တစ်လှိမ့်လှိမ့်ပြေးလာခဲ့တဲ့ စည်းပိုင်းကလေးက ပါးစပ်ကလည်း မရပ်မနားအော်ဟစ်ရယ်မောကာ ပြောသည်။

"ကောကောရေ....ဒီမှာကြည့်ပါအူး ကျွန်တော့ကို... မုန့်တွေက.. အများကြီးပဲ...ဟီးဟီး"

ရှောင်ဟန် ကပြုံးစစနဲ့ဆိုလိုက်တယ်။

"အမြဲသွားဖီးပြမနေနဲ့....နွားပွဲစားလေး"

ထိုသို့ပြောရင်းဝမ်းဝမ်ရဲ့ခေါင်းကလေးကိုပွတ်ပေးလိုက်သည်။
"လာခဲ့...ကောဘေးမှာလာထိုင်"

"ဟုတ်....ကောကော....အင့် စားအူးလေကော"

"တော်ပီ...မစားတော့ဘူး...မင်းလို ၅နှစ်သားလေးစားတဲ့ဟာတွေကို ကောမစားဘူး.."

ရှောင်ဟန်က စနောက်ကာပြောလိုက်တာဖြစ်သည်။ဒါကို ဝမ်းဝမ်လေးက စူပုတ်စူပုတ်ဖြင့် သူ့ကိုပြန်ပြောလာတယ်။

"ဟား...ကောကောနော်...ကျွန်တော်ကလူကောင်သေးလို့ ၅နှစ်သားပုံစံဖြစ်နေတာ....၇ နှစ်တောင်ပြည့်တော့မှာ...ဘာမှတ်နေလဲ...ဟင့်"

ဝမ်းဝမ်ကစူပုတ်နေသည့်ရုပ်ကလေးဖြင့်မျက်နှာတစ်ဖက်သို့လွဲသွားပြီး ပြန်ချော့စေချင်သည့်ဟန်ဖြင့်မျက်စောင်းလေးခဲထားသည်။

ရှောင်ဟန်က လည်း စနောက်ချင်သေးတာကြောင့် ရုပ်ကိုတည်လိုက်ပြီး

"မရပါဘူး...ကလေးက ကလေးပဲ...လူကြီးဖြစ်ချင်မနေနဲ့...ကောထက်ငယ်ရင်...ကလေးပဲ"

"တော်ပီ...ကောကော ကိုမခေါ်တော့ဘူး...မုန့်လည်းမကျွေးတော့ဘူး" ဟုဆိုကာ သူ့အနားမှ ပြေးထွက်သွားလေတော့သည်။
ရှောင်ဟန်က ထိုပုံရိပ်လေးကို မျက်စိတစ်ဆုံး အရိပ်လေးကွယ်ပျောက်သွားတဲ့အထိ လိုက်ကြည့်နေရင်း မနေနိုင်စွာ အော်ရယ်ပြောမိသည်။

"ဟား..ဟား..ဟား...ပြေးနေပုံက တကယ့်စည်ပိုင်းကလေး..."

ထိုမြင်ကွင်းကို ဂေဟာ အတွင်းပိုင်းတစ်နေရာကနေ မလှုပ်မယှက် ကြည့်နေလေသည့် သူတစ်ဉီးရှိသည်။ထိုသူက ယခုလက်ရှိအလှူရှင်ကြီး အဖြစ်တလဲ စီးပွားရေးလုပ်ငန်းရှင်ကြီး ကျိုးဟန်။ကျိုးဟန်က
သဘောကျစွာ အစအဆုံးရပ်ကြည့်နေမိသည်မှာ အချိန်ကုန်လို့ကုန်သွားမှန်းတောင် သူကိုယ်တိုင်က မရိပ်စားမိလိုက်။အချိန်အတော်ကုန်သွားတာတောင် မသိလိုက်ပဲရှိတယ်။

သူ့လို အချိန်တန်ဖိုးထားတဲ့သူကလေ တကယ်ကို သတိမထားလိုက်မိဘူး။ ခဏလောက်ကြာမှ ကျိုးသခင်ကြီး မိမိအခြေအနေကို ရိပ်စားမိလိုက်ပြီး အံအားသင့်ရကာ ကျေနပ်အားရစွာပြုံးလိုက်မိပါသည်။
ထိုကောင်လေးကိုကြည့်ရတာ သူလည်း အလိုလိုနေရင်းရင်ထဲနွေးသွားမိသည်။
သူ၏သားငယ်သာ ထိုလူငယ်ဘေးနားမှာနေရ
ရင် သူ့သားငယ်ခံစားနေရတဲ့ အထီးကျန်မှုတွေပြေပျောက်နိုင်လောက်တယ်ဆိုတာ သူလောင်းကြေးထပ်ရဲသည်။

သူ့သားငယ်ကိုသာ ဒီလူငယ်ကထိန်းကျောင်းပေးမယ်ဆိုရင် သူလဲအနည်းနဲ့အများတော့
စိတ်အေးရလောက်တယ်။ပြီးတော့
အခုရက်ပိုင်းအတွင်းဖြစ်နေတဲ့ သားငယ်ရဲ့လက္ခဏာကလည်း အဖော်မဲ့နေတဲ့ ယုန်သူငယ်လိုမဟုတ်လား။

သားအကိုကြီးက အနေအရမ်းအေးလွန်းတော့ သားယွင်ကအထီးကျန်နေတာလို့သူထင်မြင်မိသည်။သူ(သခင်ကြီး)လည်းတစ်ချိန်လုံးမအားလပ်ပေ။အခုလည်း အလုပ်ကိစ္စအတွက် အကျိုးဆောင်ဖို့ ဒီဂေဟာကိုလာလိုက်တာ မှန်ကန်သွားတယ်။ ဒီတစ်ခေါက်က လုံးဝ အကျိုးမယှတ်ဘူး။ ကျိုးဟန်က စီးပွားရေးတစ်ယောက်ဆိုတော့ ယခုလို အမြတ်နဲ့ တွက်ခြေကိုသာ မြင်တာဖြစ်သည်။ သူက သူ့အတွက် အကျိုးမယှတ်လျော့လောက်ဖူးဆိုလျှင် ပျော်ပျော်ပါးပါးကြီးရှေ့ကိုတိုးရဲတယ်။ ကျန်တာတွေကို သိပ်ဂရုမစိုက်တတ်။ အခုကတော့ ပိုပြီးတော့ပေါ့။ ဒါက သားငယ်အတွက် မဟုတ်လား...သူပိုပြီးလုပ်သင့်တယ်။
နောက်ပြီးယခုလို နွေးထွေးဖော်ရွေတဲ့ဒီကောင်လေးကို သားငယ်အကို အဖြစ် ခေါ်ထားရရင်လည်း လုံးဝ အကျိုးရုတ်လာမှာမဟုတ်ဘူး။ ဒီကောင်လေးကိုသာ သားငယ်က အစ်ကို တော်ထားရင် သားယွင်လည်း အရင်လိုပြန်ပြီးပျော်ရွင်လာမှာပင်။ ထိုမြင်ကွင်းလေးထဲကအတိုင်း ဖြစ်လာမှာပင်။
အဲ့လိုသာဆိုသားငယ်လေးမျက်လုံးတွေက ဒီထက်တောင် ပိုအသက်ဝင်ပြီး စောနက ကောင်လေးထက်ကို ပိုချစ်ဖို့ကောင်းနေအူးမည် ။

ထို့ကြောင့်ပင် ကျိုးသခင်ကြီးသည် ထိုလူငယ်ကို ဤ ဂေဟာမှ မွေးစားခေါ်ယူရန်ဆုံးဖြတ်လိုက်တော့
သည်။သူ၏ဆုံးဖြတ်ချက်ကို သူဘယ်တော့မှ နောင်တရလာမှာမဟုတ်ဘူး။

-------------------------------------

ရှောင်ဟန် အခန်းထဲမှာ သက်တောင့်သက်သာ အနားယူပြီး စာဖတ်ဖို့ပြင်ဆင်နေချိန်မှာပဲ
ဂေဟာမှူးက သူထံသို့ပျော်ရွင်နေသည့်မျက်နှာနဲ့ရောက်ရှိလာခဲ့သည်။
ထိုဂေဟာမှူးသည်ကား သူတို့အားလုံးရဲ့ အဖေအရင်းကဲ့သို့သတ်မှတ်ထားသည့်သူသာဖြစ်သည်။

ရှောင်ဟန်က ဖတ်ဖို့ပြင်နေတဲ့ စာအုပ်လေးကို ပြန်ပိတ်လိုက်ပြီးမှ စားပွဲပေါ် လှမ်းတင်ရင်း မေးမိသည်။

"ပါး...ပါးက ဘာတွေ... ပျော်နေတာလဲ....ကျွန်တော့်ကိုရောမျှဝေပါဉီး"

ပြီးနောက် ထိုင်နေရာမှထရပ်လိုက်သည်။ ပြီးတာနဲ့ ထို ထိုင်ခုံမှာပဲ ပါးကိုဝင်ထိုင်ခိုင်းလိုက်တယ်။

ပါးက သူ့လုပ်ဆောင်ပေးသမျှကို လိုက်လျောညီထွေစွာ လက်ခံလိုက်ပြီး တစ်စုံတစ်ရာကို အရမ်းဝမ်းသာသည့်ဟန်ဖြင့်သူ့ကိုကြည့်ကာ ဆိုလာခဲ့သည်။

"ရှောင်ဟန်...သား...ပါး ပြောမဲ့စကားကို သေချာနားထောင်...မငြင်းဆန်ရဘူး..ပါးကိုချစ်ရင်...
နောက်ပြီး သားကောင်းကောင်းမွန်မွန်နဲ့နေချင်ရင်...အခုလေ သားကိုမွေးစားချင်တဲ့သူရှိနေပြီး ပါးအရမ်းပျော်တာပဲ..သားရဲ့အနာဂါတ်လေးလဲ မကြာခင် တောက်ပတော့မှာ"

"......."

ရှောင်ဟန်ကအံသြနေသေး၍ ဘာမှကိုမပြောနိုင်
ဖြစ်နေရတယ်။သူမပြောနိုင် သေးခင်မှာပဲ ပါးက ဆက်ပြီး ပြောလာပြန်ပါသည်။

"အခု သားကို ကျိုးအိမ်တော်က.. သခင်ကြီးကမွေးစားလိမ့်မယ်...ဒါကို သားမငြင်းလိုက်ပါနဲ့"

ရှောင်ဟန်က ယခုလိုကြီးပြောတော့ သူလက်သင့်မခံနိုင်ဖြစ်လာရသည်။
အရင်တုန်းကတော့ အချိန်တန်ရင် ခွဲခွာကြ
ရမှာကို သူကြိုတွေးထားမိပေမဲ့ ယခုလိုကျပြန်တော့ သူဒီ အေးချမ်းတဲ့ အရိပ်အမြှုံကြီးကိုမခွဲခွာနိုင်။
ရှောင်ဟန်က ချက်ချင်း လှိုက်တက်လာသော ဝမ်းနည်းစိတ်များဖြင့်ခေါင်းကိုသာအတွင်တွင်ခါ
နေမိသည်။
ဟင့်အင်း...မဟုတ်ဘူးလေ....သူဒီလောက်နှစ်တွေကြာလာသည်အထိနေလာတဲ့ဂေဟာကို သူခွဲခွာဖို့ဆိုတာမဖြစ်နိုင်သေးဘူးလေ။ဒါက မဖြစ်နိုင်တော့ဘူး။ သူလည်း ဒီနေရာလေးမှာအသားကျပြီး ပျော်ရွင်နေရပြီးလေ။ အခုမှဘာဖြစ်လို့ဒီလိုတွေဖြစ်လာရ
တာလဲ...သူလည်းမသိတော့ဘူး။

ရှောင်ဟန်က ဝမ်းနည်းလှိုက်တက်လို့ ကျလာသည့် သူ့မျက်ရည်များကို အတင်းဖိသုပ်ရင်း ပြောနေမိ၏။

"ဟင့်အင်း...ကျွန်တော်..မသွားနိုင်ဘူး..ဒီက ကလေးတွေ..ပါးတို့ရော..ဒီနေရာလေးကိုရော...ကျွန်တော်ခွဲနိုင်မယ်မထင်ဘူးပါး...ကျွန်တော်မလိုက်သွားလို့ရတယ်မို့လားပါး...ဟင်း ပါး မလိုက်သွားလို့ ရတယ်မို့လား..."

ထိုအခါဂေယာမှူးက ဂရုဏာဒေါသပါပြီး အသံမာမာဖြင့် ရှောင်ဟန်ကို ပြောလာခဲ့သည်။

"မရဘူး...ရှောင်ဟန်...ငါ ကျိုးသခင်ကြီးကိုပြောပြီးပြီ..မင်းကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ ဂေဟာမှူးငါ့မျက်နှာကိုထောက်ရင် မင်းဒါကို ထပ်မငြင်းနဲ့တော့...မဟုတ်ရင်မင်းလည်းဒီမှာမနေတော့နဲ့...နေလို့ရမယ်လဲ မထင်နဲ့...."

"......"

" မင်းရွေးချယ်ရမှာက ဘယ်ဟာပဲရွေးရွေး ထွက်သွားရမှာက ထွက်သွားရမှာပဲ...ကောင်းကောင်းထွက်သွားရင်တော့ မင်းရဲ့အနာဂါတ်လှပလိမ့်မယ်...ကျိုးအိမ်တော်ကို မလိုက်သွားဘူးဆိုရင်
တောင်မှ...မင်းဒီနေရာကထွက်သွားရလိမ့်မယ်"

"......"

"ငါ့ကို... ထပ်ပြောရအောင်မလုပ်နဲ့တော့...မင်းလည်းစာတတ်ပါတယ်..ဘယ်လိုရွေးချယ်ရင်ကောင်းမလဲဆိုတာ မင်းလည်းတွေးတတ်လောက်ပါတယ်"

"......."

ထို့နောက်မှ ဂေဟာမှူးသည် စိတ်ကိုပြန်လျော့လိုက်ပြီး နောက်ထပ်စကားကိုဆိုပြန်သည်။

"ကယ်....မင်းကို...ကျိုးသခင်ကြီးကစောင့်နေတယ်...ငါနဲ့ လိုက်ခဲ့လိုက်တော့"

ပြောရင်းနဲ့ပင် ပါးက ကျွန်တော့လက်ကိုဆွဲကာ အခန်းအပြင်ဘက်သို့ ခေါ်ထုတ်လေတော့သည်။

အပြင်ဘက်တွင် ကျိုးသခင်ကြီးက မျှော်လင့်ချက်များနှင့် သူတို့အလာကို ရပ်စောင့်နေလေသည်။သူ့ရဲ့အမြင်မှာတော့ ထိုလူကြီး၏ အသက်အရွယ်သည်ကား ခန့်မှန်းခြေ ၃၈ နှစ်ဝန်းကျင်လောက်ရှိပေလောက်မည်။
ထိုသခင်ကြီးက သူ့ကိုမြင်တွေ့တယ်ဆိုရင်ပဲ ဖော်ရွေစွာဖြင့်ပြုံးပြလာခဲ့သည်။

ကျိုးသခင်ကြီးက သူ့ကို နှစ်သိမ့်စကားဆိုလာခဲ့သည်။ထိုအသံထဲတွင် မြောက်များစွာသော ဂုဏ်ရှိန်ဂုဏ်ဝါတို့ ကိန်းအောင်းနေပေသည်။

"သား...သား ခံစားရတာကို အန်ကယ် နားလည်ပေးနိုင်ပါတယ်...သားကိုအန်ကယ်က သားအဖြစ်မွေးစားမှာပါ..ပြီးတော့သားအနာဂါတ်ကိုလည်း အကောင်းဆုံးဖြစ်အောင်အန်ကယ် ပျိုးထောင်ပေးမှာပါ...သား
အတွက် ပိုကောင်းလာလိမ့်မယ်လို့အန်ကယ် အာမခံ
တယ်.."

"......"

"......"

"ပြီးတော့ အန်ကယ်မှာ သားရဲ့အရွယ် သားကြီးတစ်ယောက်ရယ် ၇နှစ်အရွယ်သားလေး တစ်ယောက်ရယ်လည်းရှိတယ်...အန်ကယ်ရဲ့သားငယ်က သားလိုနွေးထွေးတဲ့အကိုတစ်ယောက်အရမ်းလိုအပ်နေတဲ့အခြေအနေမို့ပါ...အန်ကယ်သားငယ်လေးအတွက်
ဘယ်လိုပဲဖြစ်ဖြစ်သားကိုလက်ခံစေချင်တယ်"

ကျိုးသခင်ကြီးက ထိုကောင်လေးလိုက်လာအောင် သားငယ်အကြောင်းကို အဓိကပါအောင်ဖိပြောပေး
လိုက်သည်။
သူမှန်းတာ မမှားဘူးဆိုရင် ဒီကောင်လေးက ကလေး
အတော်ချစ်တတ်ပုံရသည်။ အခုလဲ ကောင်လေးရဲ့ ပုံစံမျက်နှာအမူအရာက စောစောကဖြစ်နေတဲ့
ပုံစံလောက်မဆိုးတော့ဟုပြောရမည်ဖြစ်သည်။

ရှောင်ဟန်ကလည်း ၇နှစ်အရွယ်ကလေး ဆိုတာကိုကြားတော့မှ သူလည်းသိပ်အထီးမကျန်သလို ခံစားလိုက်ရတယ်။
ပထမက ထိုအန်ကယ်ကြီးကိုထပ်ငြင်းရန်ကြိုးစားမည့်အတွေးများသည်လည်း လေထဲပင်ပျောက်ရှမသွားခင် သူ့အတွေးများထဲတွင်ပင် ချက်ချင်းလက်ငင်းပယ်လွင့်သွားလေတော့သည်။သူ့ရဲ့စိတ်ထဲမှာလဲ ကျေနပ်သလို ပျော်ရွှင်လာခဲ့ရပြီး ကြိတ်ပြောနေမိသည်။

ကလေးတဲ့ ၇နှစ်အရွယ်ကလေးဆိုတော့...
သူလည်းမပြင်းရတော့ဘူး...ဟုတ်တာပေါ့...
ဒါဆိုရင်တော့ လိုက်သွားလိုက်ချင်တယ်။

အာ...နေအူးဒါဆို ဒီက ကလေးတွေကရော...
ပြီးတော့ဝမ်းဝမ်လေးရော...
ကလေးတွေအကုန်မဟုတ်ရင်တောင် ဝမ်းဝမ်လေးတော့ခေါ်သွားနိုင်ဖို့...တောင်းဆိုရပေဉီးမည်။
မဟုတ်ရင် ဝမ်းဝမ်လေးအတွက် စိတ်မကောင်းစရာပဲ။

ရှောင်ဟန်ကအင်တင်တင်ဖြင့် ခပ်တွက်တွက်လေး
ပြောလိုက်သည်။

"ဟုတ်...ကျွန်တော်လက်ခံပါ့မယ် အန်ကယ်..ဒါပေမဲ့..
ကျွန်တော့်ညီလေး...ဝမ်းဝမ်လေးကိုရော..."

သူ့စကားပင်မဆုံးသေခင်မှာပင် ပါးက လက်ကာပြီး

"ဝမ်းဝမ်လေးကို မွေးစားမဲ့သူက နောက်သုံးရက်ဆိုလာခေါ်တော့မှာ...မင်းတို့လက်မခံမှာဆိုးလို့အသိမပေးသေးတာပဲရှိတာ.. ဝမ်းဝမ်လေးအတွက်တော့
စိတ်မပူနဲ့..."

ပါးက သက်ငွေ့ခပ်ဖြေးဖြေးလေးချလိုက်ရင်း

"ပြီးတော့...ဝမ်းဝမ်လေးကိုနောက်ဆုံးတစ်ခေါက်သွားတွေ့လှည့်ချေ...သူ့ကိုမရိပ်မိစေနဲ့...မြန်မြန်သွား...ဒီကစောင့်နေမယ်"

ရှောင်ဟန်က ဖြစ်သင့်ဖြစ်ထိုက်တာကို အနည်းငယ်တွေးတောစဉ်းစားလိုက်ပြီးမှ ဆုံးဖြတ်ချက်အခိုင်အမာ ချလိုက်ကာ စိတ်မကောင်းစွာနဲ့"ဟုတ်ကဲ့ ပါး" လို့သာပြောလိုက်ရတော့သည်။

သူလည်း ငိုချင်သည့်စိတ်ကိုထိန်ထားလိုက်ပြီး
ဝမ်းဝမ်လေးကို မသိမသာ စကားပြောလိုက်တယ်။
သူပြောချင်မိတဲ့စကားအကြောင်းအရာတွေကို ဒီကလေးလေး မရိပ်မိအောင် အတင်းချုပ်တီးပြီးပြောယူရသည်။ သူပြောဆိုခဲ့တာကတော့ များများစားစားမဟုတ်... လိမ်လိမ်မာမာနေ...ကျန်းမာရေး ဂရုစိုက် အရမ်းကြီးမဆိုးရဘူး...ဒီလောက်လေးပဲဖစ်သည်။ ဒီထက်ပြောရင်လည်း သူ သူ့ရဲ့ မျက်ရည်တွေကို ဆက်ပြီးမထိန်းထားနိုင်မှာဆိုးရတယ်။ ကလေးလေးသိသွားလို့မဖြစ်ဘူးမဟုတ်လား။
ပြောချင်တာလေးတွေကို ပြောပြီးတာနဲ့
မျက်ရည်မကျခင် အမြန်ပြန်ထွက်လာခဲ့လိုက်သည်။
သူ့စိတ်ထဲမှာလဲ စိတ်မကောင်းဖြစ်စွာ ရေရွတ်လိုက်မိတယ်။

ဝမ်းဝမ်လေးရေ ကောကောက မင်းကိုအမြဲတမ်းသတိရနေမှာပါ။ မင်းကကောအတွက် ညီအရင်းလေးတစ်ယောက်လိုပါပဲ။
ကံမကုန်သေးရင်တော့ ကောတို့ တစ်နေ့ပြန်တွေ့နိုင်မှာပါ။

ပြီးတော့ဒီဂေဟာကြီးရယ်...ကလေးတွေရော..ပါးရော...အကုန်လုံးကို..နှုတ်ဆက်ခဲ့ပါတယ်။
ဒီကိုလဲ...ပြန်လာခဲ့အူးမယ်...ဒီအရပ်လေးကို..ပြန်လာခဲ့အူးမှာ...

သိပ်မကြာခင်အချိန်အပိုင်းအခြားလောက်မှာတော့ ကျိုးအိမ်တော်၏ ဇိမ်ခံ ကားနက်ကြီးသည် "ခိုနားရာ"ဂေဟာလေးကို ကျောခိုင်းကာ ထွက်ခွာသွားလေတော့သည်။

-------------------------------------------

Zawgyi:

ေဆး႐ုံကဆင္းလာၿပီး ရက္တစ္ပတ္အၾကာ အခ်ိန္ကုန္ဆုံးသြားၿပီးသည့္အခါတြင္ေတာ့ က်ိဳးယြင္ရဲ႕ အေျခအေနက သိပ္မဆိုးေတာ့ဘူးဟု အားလုံးကသိထားၾကသည္။

က်ိဳးယြင္က အရင္အခါမ်ား ကဲ့သို႔ေတာ့ ဂ႐ုစိုက္မႈမ်ားကို မေတာင္းဆိုေတာ့ေခ်။တစ္ေနရာရာတြင္ သူတစ္ေယာက္ထဲသာ တိတ္ဆိတ္စြာေနေနတတ္ေလသည္။ က်ိဳးယြင္၏ အမူအရာမ်ားကလည္း အခ်ိန္နဲ႕အမွ် ခန့္မွန္းရခက္လာခဲ့သည္။

တစ္ခ်ိဳ႕အလုပ္သမားမ်ားဆိုလွ်င္ တစ္ခါတစ္ခါ သူတို႔ကိုယ္ သူတို႔ဉာဏ္မမွီ လာသလိုပင္ခံစားေနရေလသည္။

က်ိဳးယြင္၏အျပဳအမူမ်ားဟာ စိတၱဇ ဆန္ေနသလို ထူးဆန္းလြန္းလွသည္။အရင္ကထက္လည္းလွို႔ဝွက္ၿပီး ၾကက္သီးထစရာ ေကာင္းလာသည္။

သူတို႔ သခင္ေလး မူမွန္မမွန္ေသခ်ာအကဲခတ္ၾကည့္
ၾကျပန္ေသာ္လည္း ဒါကမဟုတ္ျပန္။
တစ္ခါတစ္ရံ ဘာမွျဖစ္သည့္ ပုံစံျဖင့္ သူတို႔ကို
ၿပဳံးျပတတ္ေသးသည္။
ဒီလိုၿပဳံးျပၿပီဆို အရင္ကလို ခ်စ္စရာမေကာင္းပဲ ေခါင္းခဲစရာ ေကာင္းလွသည္။
ဘာေၾကာင့္ အဲ့လိုႀကီး ၿပဳံးျပလာသလဲဆိုတာ သူတို႔ေတြလည္း နားမလည္ျဖစ္ရတယ္။
ည အခ်ိန္မေတာ္ လူအိပ္ခ်ိန္တြင္ဆို ၿခံထဲဆင္း၍လည္း ဒန္းထိုင္စီးေနတတ္ေသးသည္။ သူတို႔ အလုပ္သမားမ်ားကသာ ဒါကို ရံဖန္ရံခါ ေတြ႕ရတတ္သည္။ အခုေနာက္ပိုင္းေတာ့ ဆက္တိုက္ဆိုသလို ေတြ႕မိ သတိထားမိၾကသည္။

အိမ္ႀကီးရွင္တို႔ကေတာ့ဒါကို မသိၾကေသးေပ။
က်ိဳးသခင္ႀကီးကလည္း အလုပ္ကိစၥျဖင့္ ေပက်င္းဘက္ကိုေရာက္ေနေလသည္။
အိမ္ေတာ္သခင္မကလည္း မေမးသည့္ အတြက္ သူတို႔ကလည္းမေျပာျပျဖစ္ပါ။ မေျပာရဲတာအမွန္ပဲဖစ္သည္။
သူတို႔အလုပ္သမားမ်ားက အိမ္အလုပ္တြင္သာအာ႐ုံစိုက္ရမည္မဟုတ္လား။
သည္လိုႏွင့္အခ်ိန္ၾကာလာသည္ႏွင့္အမွ် သူတို႔ကလည္း က်ိဳးယြင္၏ပုံစံကို က်င့္သားပင္ရလာေတာ့သည္။

သခင္ေလးယြင္က အခုလိုႀကီး ေမွ်ာ္လင့္မထားတာေတြ ျဖစ္ပ်က္ခဲ့လို႔ ေက်ာင္းကို ခဏ နားထားရသည့္အတြက္ ေန႕ခင္းဘက္ ေတြဆိုရင္ အခန္းထဲ၌သာ
တစ္ေနကုန္ေအာင္ ေနေလသည္။
ထူးထူးဆန္းဆန္း က်ိဳးသခင္မႀကီးကလည္း ဒီရက္ပိုင္းအတြင္း ၿငိမ္ခ်က္ေကာင္းေန
ေလသည္။ေနာက္ရက္ေတြက်ရင္ေတာ့ ဘယ္လိုလာမလဲဆိုတာ သူတို႔လည္းမသိ။

က်ိဳးရန္ကေတာ့ ႏွစ္ဝက္စာေမးပြဲနီး၍ အရင္မလုပ္ခဲ့ေသာစာမ်ားကို အတိုးေရာ အရင္းပါ ေပါင္းစပ္ေနရသျဖင့္ က်ိဳးယြင္ကို ျပႆနာရွာဖို႔ပင္သူ မအား။
သူ႕ရဲ႕စာမ်ားနဲ႕သာ လုံလည္ပတ္ခ်ာရိုက္ေနေလသည္။

တကယ့္ေတာ့အမွန္က က်ိဳးယြဲ႕မူ ၿငိမ္ခ်က္ေကာင္းေနတာ မဟုတ္ရ။ သူမက က်ိဳးယြင္ ရဲ႕ အနာဂတ္ကိုေကာင္းေကာင္းျခယ္လွယ္နိုင္ရန္ ႀကိဳးစားအားထုတ္ေနေလတာျဖစ္သည္။

သူမက က်ိဳးယြင္ရဲ႕စိတ္ကို တူးစြဖို႔ ဓားေကာင္း တစ္လက္ကိုဘယ္လိုလူကို အသုံးခ်ရမလဲစဥ္းစားေနေလတာျဖစ္သည္။

သူမႀကံစည္ထားသည့္ အႀကံစည္မ်ားကို အျမန္ဆုံး အေကာင္ထည္ေဖာ္ရန္ အတြက္လည္း သူမက
ေကာက္က်စ္စြာၿပဳံးလိုက္မိေပ၏။ ဒါကို
သူမကိုယ္တိုင္ေတာင္ သတိမျပဳ မိလိုက္ေပ။

အခ်ိန္တစ္ခဏ အၾကာတြင္ သူမက ဖုန္းနံပါတ္တစ္ခုကို ႏွိပ္လိုက္ေလသည္။ သူမက ဆိုဖာထိုင္ခုံေနရာမွာ ေအးေဆး ေခ်ခ်ိတ္ထိုင္လိုက္ၿပီး ယမကာခြက္ကို လႈပ္လွည့္ကာ တစ္ဖက္လူ ဖုန္းကိုင္မွာကို စိတ္ရွည္လက္ရွည္နဲ႕ ေစာင့္ဆိုင္းေနေလသည္။

သိပ္ပင္မၾကာလိုက္ တစ္ဖက္က သူ႕ရဲ႕ဖုန္းကို ခ်က္ခ်င္းပဲ ကိုင္လိုက္ပုံရသည္။ က်ိဳးယြဲ႕မူ၏ ေဆးဆိုးပန္းရိုက္ ႏႈတ္ခမ္းပါးတစ္စုံက အထက္ကိုျမင့္တက္လာခဲ့သည္။

က်ိဳးယြဲ႕မူက သူမရဲ႕ လိုရင္းကို တဖက္လူကိုေျပာျပလိုက္ၿပီး တစ္ေနရာတြင္ခ်ိန္းရန္ ေျပာလိုက္ကာ ဖုန္းခ်လိဳက္ေလသည္။

သူမသည္ မိမိ၏ ပထမဆုံးေျခလွမ္းအတြက္ ရင္ခုန္ေနမိ၍ ယေန႕ည သူမ အိပ္မေပ်ာ္နိုင္မည္ကိုပင္ ေတြးပူမိသည္အထိ ခံစားမိလိုက္တယ္။

------------------------------------------

ေပက်င္းၿမိဳ႕ရဲ႕" ခိုနားရာ" (Shelter)
လို႔အမည္ရတဲ့ မိဘမဲ့ကေလးမ်ားေဂယာသည္ လာေရာက္လႉဒါန္းသည့္ ေစတနာရွင္တို႔၏လႉဒါန္းမႈေၾကာင့္ ေဂဟာ အတြင္းရွိ ကေလးငယ္မ်ားကေပ်ာ္ေနၾကလ်က္ရွိသည္။

ေဂဟာ ရဲ႕အေရွ႕ဘက္ သစ္ပင္ရိပ္ေအာက္တြင္ထိုင္ေနေသာ အသက္၁၂အ႐ြယ္လူငယ္ေလးသည္
သူ႕ထက္အငယ္ ကေလးငယ္ေလးမ်ားမုန့္ရ၍ေပ်ာ္႐ြင္ေနသည့္ပုံစံအား ၿပဳံးကာၾကည့္ေနေလသည္။
ထိုလူငယ္ေလးရဲ႕နာမည္က ေရွာင္ဟန္။
ေရွာင္ဟန္ပုံစံက ပကာသနမပါ ရိုးရွင္းၿပီး သိမ္ေမြ႕လြန္းလွတယ္။ ျမင္သူတိုင္း မ်က္ႏွာမလြဲခ်င္ေအာင္ ျဖစ္မိတဲ့ ေငးေမာစရာေကာင္းတဲ့ မ်က္ႏွာေခ်ာေခ်ာလွလွေလးကိုပိုင္ဆိုင္ထားေလတယ္။ ေမြးသႏၶေကေကာင္းခဲ့ပုံရသည္။ ပ်က္ခ်က္တစ္စုံတစ္ရာမွကို ေကာင္ေလးမွာမရွိ။ အသားအေရကလည္း ေျပာစရာမလို။ ဝင္းဝါၿပီး အိစက္တဲ့ ေ႐ႊဝါေရာင္သမ္းတဲ့ အသားအေရကို ပိုင္ဆိုင္ထားတာျဖစ္သည္။

ေရွာင္ဟန္က မုန့္ထုတ္ေလးမ်ားကိုကိုင္ထားကာ ၿပဳံးေပ်ာ္ေနၾကတဲ့ ကေလးမ်ားရဲ႕ ျဖဴစင္လွေသာ အျပဳအမူကိုၾကည့္ရင္း ကိုယ္တိုင္ကလည္း
မၿပဳံးပဲ မေနနိုင္ျဖစ္ေနရတယ္။

ထိုကေလးငယ္ေလးမ်ားက သူ႕ရဲ႕ ညီငယ္ေလးမ်ားကဲ့သို႔ သတ္မွတ္ထားတဲ့ ကေလးငယ္မ်ားပဲျဖစ္သည္။သူ ဒီေဂဟာႀကီးမွာေနလာခဲ့တာ ယခုဆို ၁၂ႏွစ္ပင္ျပည့္ၿပီျဖစ္သည္။
အခုဆိုရင္ ဒီေဂဟာႀကီးမွာ သူ႕ အ႐ြယ္ေကာင္ေလးမ်ား သိပ္ပင္မက်န္ရွိလွေတာ့ပါ။
တစ္ခ်ိဳ႕ေကာင္ေလးမ်ားက အေစာပိုင္းကာလကတည္းက လာေရာက္ေခၚယူေမြးစားျခင္းခံၾကရၿပီ ျဖစ္သည္။
သူသည္ကား က်န္းမာေရးျခဴခ်ာ၍ က်န္ရစ္ခဲ့ေလသည့္ထဲက တစ္ေယာက္ျဖစ္သည္။
သို႔ေသာ္လည္းသူ ဒါနဲ႕ပတ္သတ္ၿပီး အထူးအေထြ ဝမ္းမနည္းမိ၊ သူေပ်ာ္ပါသည္။ဒီလို ခ်စ္စရာေကာင္း
ၿပီး ဟန္ေဆာင္မႈကင္းတဲ့ကေလးငယ္ေတြကိုထိန္းေက်ာင္းေပးရသည့္အတြက္။

ေရွာင္ဟန္ဆိုသည့္ သူက ကေလးလည္းအရမ္းခ်စ္တတ္ပါသည္။
သူ႕ထက္ငယ္ေနရင္ကို သူက ကေလးတစ္ေယာက္လို သေဘာထားသည္။သတ္မွတ္ထား၏။ဤေဂဟာတြင္ သူ႕ထက္အႀကီး ႏွစ္ေယာက္ႏွင့္႐ြယ္သူခုႏွစ္ေယာက္ကလြဲရင္ က်န္တာအားလုံးသူ႕အတြက္ေတာ့ ကေလးမ်ား၊ညီေလးမ်ားပင္ ျဖစ္၏။

သူ ေနထိုင္တဲ့ ဤေဂဟာတြင္စာလည္းသင္ၾကားေပးပါေသးသည္။
ေရွာင္ဟန္က ဒီေဂဟာမွာအသက္အ႐ြယ္တစ္ခုအထိသာေနရန္ ရည္႐ြယ္ထားသည္။သူ အ႐ြယ္ေရာက္လာသည့္ေန႕က်လွ်င္ ကိုယ့္အား ကိုယ္ကိုးစီးပြားရွာၿပီး လႉနိုင္သေလာက္ လာလႉရန္အတြက္လည္းရည္႐ြယ္ထားသည္။

ဒါ့ေၾကာင့္လည္း သူ ကိုယ့္အားကိုယ္ကိုးရမယ့္အခ်ိန္ေရာက္ရင္အသုံးခ်နိဳင္ဖို႔ စာကိုလည္းအေကာင္းဆုံးျဖစ္ေအာင္ ေလ့လာႀကိဳးစားခဲ့တာျဖစ္သည္။
အားသည့္အခ်ိန္မ်ားတြင္လဲကေလးငယ္မ်ားကို စာ၌စိတ္ပါ ဝင္စားေအာင္ အေကာင္းဆုံးအားစိုက္
သင္ၾကားေပးသည္။ ေဂဟာမွာရွိသည့္ ကေလးမ်ားက သူ႕ကိုဆို အရမ္းပဲခ်စ္ၾကသည္။
ေကာေကာ ဆိုၿပီးေတာ့ကို ပါစပ္ဖ်ားကမခ်ၾက။

ထိုကေလးေလးမ်ားထဲမွာမွ ဝမ္းဝမ္ ဆိုသည့္ ကေလးေလးကအဆိုးဆုံးပဲျဖစ္သည္။

ယခုလည္း အဲ့ကေလးေလးက သူထိုင္ေနတဲ့ ဘက္ကိုလွည့္ၿပီး သူ႕ကိုၿပဳံးၿဖဲ ျပေနေလသည္။ ဒီ ကေလးကေတာ့ ေတာ္ေတာ္ ဆိုးဆိုးေလးပဲ....ဟုေရွာင္ဟန္ေတြးယူရတဲ့အထိ။ကေလးေလးက အဲ့ေလာက္ကို အသည္းယားစရာေကာင္းၿပီး ခ်စ္စရာေကာင္းလြန္းလွသည္။
ေဟာ္...ကိုယ္ေတာ္ေခ်ာက... အၿငိမ္မေနျပန္
ဘူး.. အခုလဲ သူ႕ဘက္ကို စည္ပိုင္းကေလးလိမ့္သလို ေျပးလာေနၿပီ ျဖစ္သည္။

ေရွာင္ဟန္ဆီကို တစ္လွိမ့္လွိမ့္ေျပးလာခဲ့တဲ့ စည္းပိုင္းကေလးက ပါးစပ္ကလည္း မရပ္မနားေအာ္ဟစ္ရယ္ေမာကာ ေျပာသည္။

"ေကာေကာေရ....ဒီမွာၾကည့္ပါအူး ကြၽန္ေတာ့ကို... မုန့္ေတြက.. အမ်ားႀကီးပဲ...ဟီးဟီး"

ေရွာင္ဟန္ ကၿပဳံးစစနဲ႕ဆိုလိုက္တယ္။

"အၿမဲသြားဖီးျပမေနနဲ႕....ႏြားပြဲစားေလး"

ထိုသို႔ေျပာရင္းဝမ္းဝမ္ရဲ႕ေခါင္းကေလးကိုပြတ္ေပးလိုက္သည္။
"လာခဲ့...ေကာေဘးမွာလာထိုင္"

"ဟုတ္....ေကာေကာ....အင့္ စားအူးေလေကာ"

"ေတာ္ပီ...မစားေတာ့ဘူး...မင္းလို ၅ႏွစ္သားေလးစားတဲ့ဟာေတြကို ေကာမစားဘူး.."

ေရွာင္ဟန္က စေနာက္ကာေျပာလိုက္တာျဖစ္သည္။ဒါကို ဝမ္းဝမ္ေလးက စူပုတ္စူပုတ္ျဖင့္ သူ႕ကိုျပန္ေျပာလာတယ္။

"ဟား...ေကာေကာေနာ္...ကြၽန္ေတာ္ကလူေကာင္ေသးလို႔ ၅ႏွစ္သားပုံစံျဖစ္ေနတာ....၇ ႏွစ္ေတာင္ျပည့္ေတာ့မွာ...ဘာမွတ္ေနလဲ...ဟင့္"

ဝမ္းဝမ္ကစူပုတ္ေနသည့္႐ုပ္ကေလးျဖင့္မ်က္ႏွာတစ္ဖက္သို႔လြဲသြားၿပီး ျပန္ေခ်ာ့ေစခ်င္သည့္ဟန္ျဖင့္မ်က္ေစာင္းေလးခဲထားသည္။

ေရွာင္ဟန္က လည္း စေနာက္ခ်င္ေသးတာေၾကာင့္ ႐ုပ္ကိုတည္လိုက္ၿပီး

"မရပါဘူး...ကေလးက ကေလးပဲ...လူႀကီးျဖစ္ခ်င္မေနနဲ႕...ေကာထက္ငယ္ရင္...ကေလးပဲ"

"ေတာ္ပီ...ေကာေကာ ကိုမေခၚေတာ့ဘူး...မုန့္လည္းမေကြၽးေတာ့ဘူး" ဟုဆိုကာ သူ႕အနားမွ ေျပးထြက္သြားေလေတာ့သည္။
ေရွာင္ဟန္က ထိုပုံရိပ္ေလးကို မ်က္စိတစ္ဆုံး အရိပ္ေလးကြယ္ေပ်ာက္သြားတဲ့အထိ လိုက္ၾကည့္ေနရင္း မေနနိုင္စြာ ေအာ္ရယ္ေျပာမိသည္။

"ဟား..ဟား..ဟား...ေျပးေနပုံက တကယ့္စည္ပိုင္းကေလး..."

ထိုျမင္ကြင္းကို ေဂဟာ အတြင္းပိုင္းတစ္ေနရာကေန မလႈပ္မယွက္ ၾကည့္ေနေလသည့္ သူတစ္ဉီးရွိသည္။ထိုသူက ယခုလက္ရွိအလႉရွင္ႀကီး အျဖစ္တလဲ စီးပြားေရးလုပ္ငန္းရွင္ႀကီး က်ိဳးဟန္။က်ိဳးဟန္က
သေဘာက်စြာ အစအဆုံးရပ္ၾကည့္ေနမိသည္မွာ အခ်ိန္ကုန္လို႔ကုန္သြားမွန္းေတာင္ သူကိုယ္တိုင္က မရိပ္စားမိလိုက္။အခ်ိန္အေတာ္ကုန္သြားတာေတာင္ မသိလိုက္ပဲရွိတယ္။

သူ႕လို အခ်ိန္တန္ဖိုးထားတဲ့သူကေလ တကယ္ကို သတိမထားလိုက္မိဘူး။ ခဏေလာက္ၾကာမွ က်ိဳးသခင္ႀကီး မိမိအေျခအေနကို ရိပ္စားမိလိုက္ၿပီး အံအားသင့္ရကာ ေက်နပ္အားရစြာၿပဳံးလိုက္မိပါသည္။
ထိုေကာင္ေလးကိုၾကည့္ရတာ သူလည္း အလိုလိုေနရင္းရင္ထဲႏြေးသြားမိသည္။
သူ၏သားငယ္သာ ထိုလူငယ္ေဘးနားမွာေနရ
ရင္ သူ႕သားငယ္ခံစားေနရတဲ့ အထီးက်န္မႈေတြေျပေပ်ာက္နိုင္ေလာက္တယ္ဆိုတာ သူေလာင္းေၾကးထပ္ရဲသည္။

သူ႕သားငယ္ကိုသာ ဒီလူငယ္ကထိန္းေက်ာင္းေပးမယ္ဆိုရင္ သူလဲအနည္းနဲ႕အမ်ားေတာ့
စိတ္ေအးရေလာက္တယ္။ၿပီးေတာ့
အခုရက္ပိုင္းအတြင္းျဖစ္ေနတဲ့ သားငယ္ရဲ႕လကၡဏာကလည္း အေဖာ္မဲ့ေနတဲ့ ယုန္သူငယ္လိုမဟုတ္လား။

သားအကိုႀကီးက အေနအရမ္းေအးလြန္းေတာ့ သားယြင္ကအထီးက်န္ေနတာလို႔သူထင္ျမင္မိသည္။သူ(သခင္ႀကီး)လည္းတစ္ခ်ိန္လုံးမအားလပ္ေပ။အခုလည္း အလုပ္ကိစၥအတြက္ အက်ိဳးေဆာင္ဖို႔ ဒီေဂဟာကိုလာလိုက္တာ မွန္ကန္သြားတယ္။ ဒီတစ္ေခါက္က လုံးဝ အက်ိဳးမယွတ္ဘူး။ က်ိဳးဟန္က စီးပြားေရးတစ္ေယာက္ဆိုေတာ့ ယခုလို အျမတ္နဲ႕ တြက္ေျခကိုသာ ျမင္တာျဖစ္သည္။ သူက သူ႕အတြက္ အက်ိဳးမယွတ္ေလ်ာ့ေလာက္ဖူးဆိုလွ်င္ ေပ်ာ္ေပ်ာ္ပါးပါးႀကီးေရွ႕ကိုတိုးရဲတယ္။ က်န္တာေတြကို သိပ္ဂ႐ုမစိုက္တတ္။ အခုကေတာ့ ပိုၿပီးေတာ့ေပါ့။ ဒါက သားငယ္အတြက္ မဟုတ္လား...သူပိုၿပီးလုပ္သင့္တယ္။
ေနာက္ၿပီးယခုလို ႏြေးေထြးေဖာ္ေ႐ြတဲ့ဒီေကာင္ေလးကို သားငယ္အကို အျဖစ္ ေခၚထားရရင္လည္း လုံးဝ အက်ိဳး႐ုတ္လာမွာမဟုတ္ဘူး။ ဒီေကာင္ေလးကိုသာ သားငယ္က အစ္ကို ေတာ္ထားရင္ သားယြင္လည္း အရင္လိုျပန္ၿပီးေပ်ာ္႐ြင္လာမွာပင္။ ထိုျမင္ကြင္းေလးထဲကအတိုင္း ျဖစ္လာမွာပင္။
အဲ့လိုသာဆိုသားငယ္ေလးမ်က္လုံးေတြက ဒီထက္ေတာင္ ပိုအသက္ဝင္ၿပီး ေစာနက ေကာင္ေလးထက္ကို ပိုခ်စ္ဖို႔ေကာင္းေနအူးမည္ ။

ထို႔ေၾကာင့္ပင္ က်ိဳးသခင္ႀကီးသည္ ထိုလူငယ္ကို ဤ ေဂဟာမွ ေမြးစားေခၚယူရန္ဆုံးျဖတ္လိုက္ေတာ့
သည္။သူ၏ဆုံးျဖတ္ခ်က္ကို သူဘယ္ေတာ့မွ ေနာင္တရလာမွာမဟုတ္ဘူး။

-------------------------------------

ေရွာင္ဟန္ အခန္းထဲမွာ သက္ေတာင့္သက္သာ အနားယူၿပီး စာဖတ္ဖို႔ျပင္ဆင္ေနခ်ိန္မွာပဲ
ေဂဟာမႉးက သူထံသို႔ေပ်ာ္႐ြင္ေနသည့္မ်က္ႏွာနဲ႕ေရာက္ရွိလာခဲ့သည္။
ထိုေဂဟာမႉးသည္ကား သူတို႔အားလုံးရဲ႕ အေဖအရင္းကဲ့သို႔သတ္မွတ္ထားသည့္သူသာျဖစ္သည္။

ေရွာင္ဟန္က ဖတ္ဖို႔ျပင္ေနတဲ့ စာအုပ္ေလးကို ျပန္ပိတ္လိုက္ၿပီးမွ စားပြဲေပၚ လွမ္းတင္ရင္း ေမးမိသည္။

"ပါး...ပါးက ဘာေတြ... ေပ်ာ္ေနတာလဲ....ကြၽန္ေတာ့္ကိုေရာမွ်ေဝပါဉီး"

ၿပီးေနာက္ ထိုင္ေနရာမွထရပ္လိုက္သည္။ ၿပီးတာနဲ႕ ထို ထိုင္ခုံမွာပဲ ပါးကိုဝင္ထိုင္ခိုင္းလိုက္တယ္။

ပါးက သူ႕လုပ္ေဆာင္ေပးသမွ်ကို လိုက္ေလ်ာညီေထြစြာ လက္ခံလိုက္ၿပီး တစ္စုံတစ္ရာကို အရမ္းဝမ္းသာသည့္ဟန္ျဖင့္သူ႕ကိုၾကည့္ကာ ဆိုလာခဲ့သည္။

"ေရွာင္ဟန္...သား...ပါး ေျပာမဲ့စကားကို ေသခ်ာနားေထာင္...မျငင္းဆန္ရဘူး..ပါးကိုခ်စ္ရင္...
ေနာက္ၿပီး သားေကာင္းေကာင္းမြန္မြန္နဲ႕ေနခ်င္ရင္...အခုေလ သားကိုေမြးစားခ်င္တဲ့သူရွိေနၿပီး ပါးအရမ္းေပ်ာ္တာပဲ..သားရဲ႕အနာဂါတ္ေလးလဲ မၾကာခင္ ေတာက္ပေတာ့မွာ"

"......."

ေရွာင္ဟန္ကအံၾသေနေသး၍ ဘာမွကိုမေျပာနိုင္
ျဖစ္ေနရတယ္။သူမေျပာနိုင္ ေသးခင္မွာပဲ ပါးက ဆက္ၿပီး ေျပာလာျပန္ပါသည္။

"အခု သားကို က်ိဳးအိမ္ေတာ္က.. သခင္ႀကီးကေမြးစားလိမ့္မယ္...ဒါကို သားမျငင္းလိုက္ပါနဲ႕"

ေရွာင္ဟန္က ယခုလိုႀကီးေျပာေတာ့ သူလက္သင့္မခံနိုင္ျဖစ္လာရသည္။
အရင္တုန္းကေတာ့ အခ်ိန္တန္ရင္ ခြဲခြာၾက
ရမွာကို သူႀကိဳေတြးထားမိေပမဲ့ ယခုလိုက်ျပန္ေတာ့ သူဒီ ေအးခ်မ္းတဲ့ အရိပ္အျမႇုံႀကီးကိုမခြဲခြာနိုင္။
ေရွာင္ဟန္က ခ်က္ခ်င္း လွိုက္တက္လာေသာ ဝမ္းနည္းစိတ္မ်ားျဖင့္ေခါင္းကိုသာအတြင္တြင္ခါ
ေနမိသည္။
ဟင့္အင္း...မဟုတ္ဘူးေလ....သူဒီေလာက္ႏွစ္ေတြၾကာလာသည္အထိေနလာတဲ့ေဂဟာကို သူခြဲခြာဖို႔ဆိုတာမျဖစ္နိုင္ေသးဘူးေလ။ဒါက မျဖစ္နိုင္ေတာ့ဘူး။ သူလည္း ဒီေနရာေလးမွာအသားက်ၿပီး ေပ်ာ္႐ြင္ေနရၿပီးေလ။ အခုမွဘာျဖစ္လို႔ဒီလိုေတြျဖစ္လာရ
တာလဲ...သူလည္းမသိေတာ့ဘူး။

ေရွာင္ဟန္က ဝမ္းနည္းလွိုက္တက္လို႔ က်လာသည့္ သူ႕မ်က္ရည္မ်ားကို အတင္းဖိသုပ္ရင္း ေျပာေနမိ၏။

"ဟင့္အင္း...ကြၽန္ေတာ္..မသြားနိုင္ဘူး..ဒီက ကေလးေတြ..ပါးတို႔ေရာ..ဒီေနရာေလးကိုေရာ...ကြၽန္ေတာ္ခြဲနိုင္မယ္မထင္ဘူးပါး...ကြၽန္ေတာ္မလိုက္သြားလို႔ရတယ္မို႔လားပါး...ဟင္း ပါး မလိုက္သြားလို႔ ရတယ္မို႔လား..."

ထိုအခါေဂယာမႉးက ဂ႐ုဏာေဒါသပါၿပီး အသံမာမာျဖင့္ ေရွာင္ဟန္ကို ေျပာလာခဲ့သည္။

"မရဘူး...ေရွာင္ဟန္...ငါ က်ိဳးသခင္ႀကီးကိုေျပာၿပီးၿပီ..မင္းကို ေကြၽးေမြးေစာင့္ေရွာက္ထားတဲ့ ေဂဟာမႉးငါ့မ်က္ႏွာကိုေထာက္ရင္ မင္းဒါကို ထပ္မျငင္းနဲ႕ေတာ့...မဟုတ္ရင္မင္းလည္းဒီမွာမေနေတာ့နဲ႕...ေနလို႔ရမယ္လဲ မထင္နဲ႕...."

"......"

" မင္းေ႐ြးခ်ယ္ရမွာက ဘယ္ဟာပဲေ႐ြးေ႐ြး ထြက္သြားရမွာက ထြက္သြားရမွာပဲ...ေကာင္းေကာင္းထြက္သြားရင္ေတာ့ မင္းရဲ႕အနာဂါတ္လွပလိမ့္မယ္...က်ိဳးအိမ္ေတာ္ကို မလိုက္သြားဘူးဆိုရင္
ေတာင္မွ...မင္းဒီေနရာကထြက္သြားရလိမ့္မယ္"

"......"

"ငါ့ကို... ထပ္ေျပာရေအာင္မလုပ္နဲ႕ေတာ့...မင္းလည္းစာတတ္ပါတယ္..ဘယ္လိုေ႐ြးခ်ယ္ရင္ေကာင္းမလဲဆိုတာ မင္းလည္းေတြးတတ္ေလာက္ပါတယ္"

"......."

ထို႔ေနာက္မွ ေဂဟာမႉးသည္ စိတ္ကိုျပန္ေလ်ာ့လိုက္ၿပီး ေနာက္ထပ္စကားကိုဆိုျပန္သည္။

"ကယ္....မင္းကို...က်ိဳးသခင္ႀကီးကေစာင့္ေနတယ္...ငါနဲ႕ လိုက္ခဲ့လိုက္ေတာ့"

ေျပာရင္းနဲ႕ပင္ ပါးက ကြၽန္ေတာ့လက္ကိုဆြဲကာ အခန္းအျပင္ဘက္သို႔ ေခၚထုတ္ေလေတာ့သည္။

အျပင္ဘက္တြင္ က်ိဳးသခင္ႀကီးက ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ သူတို႔အလာကို ရပ္ေစာင့္ေနေလသည္။သူ႕ရဲ႕အျမင္မွာေတာ့ ထိုလူႀကီး၏ အသက္အ႐ြယ္သည္ကား ခန့္မွန္းေျခ ၃၈ ႏွစ္ဝန္းက်င္ေလာက္ရွိေပေလာက္မည္။
ထိုသခင္ႀကီးက သူ႕ကိုျမင္ေတြ႕တယ္ဆိုရင္ပဲ ေဖာ္ေ႐ြစြာျဖင့္ၿပဳံးျပလာခဲ့သည္။

က်ိဳးသခင္ႀကီးက သူ႕ကို ႏွစ္သိမ့္စကားဆိုလာခဲ့သည္။ထိုအသံထဲတြင္ ေျမာက္မ်ားစြာေသာ ဂုဏ္ရွိန္ဂုဏ္ဝါတို႔ ကိန္းေအာင္းေနေပသည္။

"သား...သား ခံစားရတာကို အန္ကယ္ နားလည္ေပးနိုင္ပါတယ္...သားကိုအန္ကယ္က သားအျဖစ္ေမြးစားမွာပါ..ၿပီးေတာ့သားအနာဂါတ္ကိုလည္း အေကာင္းဆုံးျဖစ္ေအာင္အန္ကယ္ ပ်ိဳးေထာင္ေပးမွာပါ...သား
အတြက္ ပိုေကာင္းလာလိမ့္မယ္လို႔အန္ကယ္ အာမခံ
တယ္.."

"......"

"......"

"ၿပီးေတာ့ အန္ကယ္မွာ သားရဲ႕အ႐ြယ္ သားႀကီးတစ္ေယာက္ရယ္ ၇ႏွဈအရွယ်သားေလး တစ္ေယာက္ရယ္လည္းရွိတယ္...အန္ကယ္ရဲ႕သားငယ္က သားလိုႏြေးေထြးတဲ့အကိုတစ္ေယာက္အရမ္းလိုအပ္ေနတဲ့အေျခအေနမို႔ပါ...အန္ကယ္သားငယ္ေလးအတြက္
ဘယ္လိုပဲျဖစ္ျဖစ္သားကိုလက္ခံေစခ်င္တယ္"

က်ိဳးသခင္ႀကီးက ထိုေကာင္ေလးလိုက္လာေအာင္ သားငယ္အေၾကာင္းကို အဓိကပါေအာင္ဖိေျပာေပး
လိုက္သည္။
သူမွန္းတာ မမွားဘူးဆိုရင္ ဒီေကာင္ေလးက ကေလး
အေတာ္ခ်စ္တတ္ပုံရသည္။ အခုလဲ ေကာင္ေလးရဲ႕ ပုံစံမ်က္ႏွာအမူအရာက ေစာေစာကျဖစ္ေနတဲ့
ပုံစံေလာက္မဆိုးေတာ့ဟုေျပာရမည္ျဖစ္သည္။

ေရွာင္ဟန္ကလည္း ၇ႏွဈအရွယ်ကေလး ဆိုတာကိုၾကားေတာ့မွ သူလည္းသိပ္အထီးမက်န္သလို ခံစားလိုက္ရတယ္။
ပထမက ထိုအန္ကယ္ႀကီးကိုထပ္ျငင္းရန္ႀကိဳးစားမည့္အေတြးမ်ားသည္လည္း ေလထဲပင္ေပ်ာက္ရွမသြားခင္ သူ႕အေတြးမ်ားထဲတြင္ပင္ ခ်က္ခ်င္းလက္ငင္းပယ္လြင့္သြားေလေတာ့သည္။သူ႕ရဲ႕စိတ္ထဲမွာလဲ ေက်နပ္သလို ေပ်ာ္႐ႊင္လာခဲ့ရၿပီး ႀကိတ္ေျပာေနမိသည္။

ကေလးတဲ့ ၇ႏွဈအရွယ်ကေလးဆိုေတာ့...
သူလည္းမျပင္းရေတာ့ဘူး...ဟုတ္တာေပါ့...
ဒါဆိုရင္ေတာ့ လိုက္သြားလိုက္ခ်င္တယ္။

အာ...ေနအူးဒါဆို ဒီက ကေလးေတြကေရာ...
ၿပီးေတာ့ဝမ္းဝမ္ေလးေရာ...
ကေလးေတြအကုန္မဟုတ္ရင္ေတာင္ ဝမ္းဝမ္ေလးေတာ့ေခၚသြားနိုင္ဖို႔...ေတာင္းဆိုရေပဉီးမည္။
မဟုတ္ရင္ ဝမ္းဝမ္ေလးအတြက္ စိတ္မေကာင္းစရာပဲ။

ေရွာင္ဟန္ကအင္တင္တင္ျဖင့္ ခပ္တြက္တြက္ေလး
ေျပာလိုက္သည္။

"ဟုတ္...ကြၽန္ေတာ္လက္ခံပါ့မယ္ အန္ကယ္..ဒါေပမဲ့..
ကြၽန္ေတာ့္ညီေလး...ဝမ္းဝမ္ေလးကိုေရာ..."

သူ႕စကားပင္မဆုံးေသခင္မွာပင္ ပါးက လက္ကာၿပီး

"ဝမ္းဝမ္ေလးကို ေမြးစားမဲ့သူက ေနာက္သုံးရက္ဆိုလာေခၚေတာ့မွာ...မင္းတို႔လက္မခံမွာဆိုးလို႔အသိမေပးေသးတာပဲရွိတာ.. ဝမ္းဝမ္ေလးအတြက္ေတာ့
စိတ္မပူနဲ႕..."

ပါးက သက္ေငြ႕ခပ္ေျဖးေျဖးေလးခ်လိဳက္ရင္း

"ၿပီးေတာ့...ဝမ္းဝမ္ေလးကိုေနာက္ဆုံးတစ္ေခါက္သြားေတြ႕လွည့္ေခ်...သူ႕ကိုမရိပ္မိေစနဲ႕...ျမန္ျမန္သြား...ဒီကေစာင့္ေနမယ္"

ေရွာင္ဟန္က ျဖစ္သင့္ျဖစ္ထိုက္တာကို အနည္းငယ္ေတြးေတာစဥ္းစားလိုက္ၿပီးမွ ဆုံးျဖတ္ခ်က္အခိုင္အမာ ခ်လိဳက္ကာ စိတ္မေကာင္းစြာနဲ႕"ဟုတ္ကဲ့ ပါး" လို႔သာေျပာလိုက္ရေတာ့သည္။

သူလည္း ငိုခ်င္သည့္စိတ္ကိုထိန္ထားလိုက္ၿပီး
ဝမ္းဝမ္ေလးကို မသိမသာ စကားေျပာလိုက္တယ္။
သူေျပာခ်င္မိတဲ့စကားအေၾကာင္းအရာေတြကို ဒီကေလးေလး မရိပ္မိေအာင္ အတင္းခ်ဳပ္တီးၿပီးေျပာယူရသည္။ သူေျပာဆိုခဲ့တာကေတာ့ မ်ားမ်ားစားစားမဟုတ္... လိမ္လိမ္မာမာေန...က်န္းမာေရး ဂ႐ုစိုက္ အရမ္းႀကီးမဆိုးရဘူး...ဒီေလာက္ေလးပဲဖစ္သည္။ ဒီထက္ေျပာရင္လည္း သူ သူ႕ရဲ႕ မ်က္ရည္ေတြကို ဆက္ၿပီးမထိန္းထားနိုင္မွာဆိုးရတယ္။ ကေလးေလးသိသြားလို႔မျဖစ္ဘူးမဟုတ္လား။
ေျပာခ်င္တာေလးေတြကို ေျပာၿပီးတာနဲ႕
မ်က္ရည္မက်ခင္ အျမန္ျပန္ထြက္လာခဲ့လိုက္သည္။
သူ႕စိတ္ထဲမွာလဲ စိတ္မေကာင္းျဖစ္စြာ ေရ႐ြတ္လိုက္မိတယ္။

ဝမ္းဝမ္ေလးေရ ေကာေကာက မင္းကိုအၿမဲတမ္းသတိရေနမွာပါ။ မင္းကေကာအတြက္ ညီအရင္းေလးတစ္ေယာက္လိုပါပဲ။
ကံမကုန္ေသးရင္ေတာ့ ေကာတို႔ တစ္ေန႕ျပန္ေတြ႕နိုင္မွာပါ။

ၿပီးေတာ့ဒီေဂဟာႀကီးရယ္...ကေလးေတြေရာ..ပါးေရာ...အကုန္လုံးကို..ႏႈတ္ဆက္ခဲ့ပါတယ္။
ဒီကိုလဲ...ျပန္လာခဲ့အူးမယ္...ဒီအရပ္ေလးကို..ျပန္လာခဲ့အူးမွာ...

သိပ္မၾကာခင္အခ်ိန္အပိုင္းအျခားေလာက္မွာေတာ့ က်ိဳးအိမ္ေတာ္၏ ဇိမ္ခံ ကားနက္ႀကီးသည္ "ခိုနားရာ"ေဂဟာေလးကို ေက်ာခိုင္းကာ ထြက္ခြာသြားေလေတာ့သည္။

-------------------------------------------

Continue Reading

You'll Also Like

71.7K 13.4K 27
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
3.3M 212K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.1M 8.6K 11
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
668K 7.1K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...