Unicode
သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူကနေ့တွေညတွေက ကပြောင်းကပြန်တွေဖြစ်လို့ဖြစ် စားချိန်သောက်ချိန်ကလဲမမှန် ဖျော်ဖြေရတာတွေကလဲများပြားတော့ အစာအိမ်မှာပြဿနာနည်းနည်းရှိတယ်။ စုန့်ရီဒီလိုအခြေအနေမျိုးကိုအရင်ကတစ်ခါတစ်ရံကြုံရပေမဲ့ အခုတလောတော့ အကြိမ်ရေစိပ်နေတယ်။
"မင်းကဒီလိုဖြစ်နေတာတောင် သောက်ချင်သေးတုန်းလား?" ကုရှင်ချွမ်းကမျက်မှောင်ကြုံ့လိုက်တယ်။
စုန့်ရီပါးစပ်ဆေးပီးသွားပေမဲ့ ဗိုက်ထဲမှာတော့ မအီမသာဖြစ်နေတုန်းပဲ။ သူခါးကိုပြန်မတ်လိုက်ပီး သူ့ပါးကိုသူပြန်ပုတ်လိုက်တယ် "မင်းငါ့ကို Tianqin Bay ကိုပို့ပေးလို့ရမလား ငါဘားကိုမသွားတော့ဘူး"
အရက်သောက်လို့မရရင်လဲ သူငယ်ချင်းတွေနဲ့အပန်းဖြေရမှာပေါ့။
ကုရှင်ချွမ်းကသူ့ကိုစိုက်ကြည့်လာတယ် "မင်းဘယ်သူ့ကိုသွားရှာမလို့လဲ?"
"ငါ့ရဲ့မိတ်ဆွေတစ်ယောက်ပါ" စုန့်ရီကားထဲမှာပြန်ထိုင်လိုက်ပီး နောက်ကြည့်မှန်ထဲကိုကြည့်ပီး သူ့ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပီး သူ့ပုံစံကိုအထာကျအောင်လုပ်လိုက်တယ်။
ကုရှင်ချွမ်းကသူ့ရဲ့အပြုအမူတွေကိုမြင်တဲ့အခါမှာ သူ့အတွက်အရေးကြီးနဲ့လူတစ်ယောက်တွေ့မှာလားဆိုပီး တွေးမိကာ သူ့လက်တွေကိုဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပီး အရေးမထားဘဲမေးလိုက်ဟန်ဆောင်လိုက်တယ် "A လား O လား? လက်ထပ်ပီးသားလား?"
"ချန်းစုန့်လေ မင်းသူ့ကိုတွေ့ဖူးပါတယ်" စုန့်ရီကထူးဆန်းနေတဲ့မေးခွန်းကိုပျင်းရိစွာပဲဖြေလိုက်တယ်။
"ချန်းစုန့်? မင်းကိုဟိုတစ်ခါတုန်းကကမ်းခြေမြို့မှာလာရှာတဲ့အသက်ကြီးကြီးလူလား?" ကုရှင်ချွမ်းကချန်းစုန့်ကိုသေသေချာချာကြီးကိုမှတ်မိနေတယ်။ အထူးသဖြင့်ချန်းစုန့်ဖုန်းခေါ်တော့ စုန့်ရီပျော်ရွှင်နေတာကိုပေါ့။
စုန့်ရီကသူ့ကိုဘယ်လိုတောင်လားဆိုတဲ့အကြည့်တစ်ခုနဲ့ကြည့်လာပီး အလေးအနက်ပြောလိုက်တယ် "ချန်းစုန့်ကအသက်သုံးဆယ်လောက်ပဲရှိသေးတာပါ သူ့ကိုအသက်ကြီးတယ်လို့ပြောလို့မရသေးပါဘူး သူ့ကိုအဲ့လိုမခေါ်နဲ့"
ကုရှင်ချွမ်းကမျက်နှာတည်တည်နဲ့ပြောလာတယ် "ချန်းစုန့်ကိုသွားရှာဖို့မင်းကငါ့ကိုမောင်းပို့ပေးစေချင်နေတာလား"
"မင်းအတွက်အဆင်မပြေဘူးဆိုရင်လဲ ငါ့ဘာသာငါပဲသွားလိုက်တော့မယ်" စုန့်ရီကကားထဲကထွက်မလို့ပြင်လိုက်တယ်။
ကုရှင်ချွမ်းကကားမောင်းတဲ့နေရာမှာမြန်မြန်ပြန်ထိုင်လိုက်ပီး ခါးပတ်ကိုသေချာပတ်ကာ အေးစက်စက်နှာမှုတ်လိုက်တယ် "မင်းသူ့ကိုသွားရှာလို့ရပါတယ် ငါမင်းနဲ့လိုက်ခဲ့မယ်"
ပထမဆုံးကုရှင်ချွမ်းနဲ့ချန်းစုန့်တွေ့တုန်းကကုရှင်ချွမ်းမျက်နှာသာမပေးတာကိုစုန့်ရီရှင်းရှင်းလင်းလင်းမှတ်မိသေးတာမို့ မျက်မှောင်ကြုံ့လိုက်တယ် "ငါနဲ့မလိုက်ခဲ့နဲ့ မင်းကဘာသွားလုပ်မလို့လဲ?"
"အာ့ဆိုလဲ မင်းကိုသွားခွင့်မပေးနိုင်ဘူး" ကုရှင်ချွမ်းကလက်ရမ်းလိုက်က်ပီး လီဗာကိုနင်းကို ကားပါကင်ထဲကနေမောင်းထွက်လာတယ်။
စုန့်ရီစက္ကန့်အနည်းငယ်လောက်အံ့အားသင့်သွားပီး စိတ်အခြေအနေမကောင်းတာမို့ သူ့ကိုလှည့်မကြည့်ဘဲ ကားပြတင်းကနေတရိပ်ရိပ်ကျန်နေခဲ့တဲ့မြင်ကွင်းကိုပဲကြည့်နေလိုက်တော့တယ်။
ကုရှင်ချွမ်းစိတ်ထိန်းလိုက်ပီး လမ်းကိုအာရုံစိုက်ပီးကြည့်လိုက်တယ်။ ခနလောက်နေတော့ နောက်ဆုံးတစ်ခေါက်ဟိုဒါဖြစ်ပီးသွားတုန်းက စုန့်ရီနဲ့ချန်းစုန့်စကားပြောတာကအတွေးထဲရောက်လာတယ်။ ရုပ်ရှင်သွားကြည့်မယ်ဘာညာနဲ့ သောက်ကျိုးနည်း ဒီလိုဟာမျိုးတွေလဲရှိသေးတာပဲ။
ခနအကြာမှာတော့ သူကမည်နှာမည်းမည်းနဲ့ပဲ ရန်သူ့ရဲ့အခြေအနေကိုစစ်ဆေးကြည့်လိုက်တယ် "မင်းကချန်းစုန့်အိမ်ကိုညကြီးသွားတော့ သူ့မိန်းမကဘာမှမပြောဘူးလား?"
စုန့်ရီကခေါင်းလှည့်ပီးသူ့ကိုကြည့်ကာ တည်တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ် "ချန်းစုန့်ကလက်မထပ်ရသေးဘူး ငါတို့ကသူငယ်ချင်းဆက်ဆံရေးပဲ"
"ဘယ်သူငယ်ချင်းက ရုပ်ရှင်အတူတူကြည့်ပီး ညကြီးသွားရှာတတ်တာမျိုးရှိလို့လဲ?" ကုရှင်ချွမ်းတစ်ယောက်သူလွန်သွားပီမှန်းသိပေမဲ့ မမေးရင်လဲသက်သောင့်သက်သာမရှိခံစားနေရတယ်။
စုန့်ရီကထပ်ပီးသည်းမခံနိုင်တော့ဘူး "မင်းမှာသူငယ်ချင်းမရှိဘူးလား? မင်းအတွေးတွေအဲ့လောက်ထိညစ်ပတ်မနေနဲ့ အိုခေ?"
ကုရှင်ချွမ်းက steering wheel ကိုတင်းတင်းကိုင်ပီး ဒေါသတကြီးပြောတယ် "ငါဆိုသူငယ်ချင်းတွေနဲ့ရုပ်ရှင်မကြည့်ဘူး"
စုန့်ရီနှုတ်ခမ်းတွေကွေးသွားတယ် "ငါတို့ရုပ်ရှင်အတူတူမကြည့်ခဲ့ဘူးလား?"
"မင်းကငါ့သူငယ်ချင်းမဟုတ်ဘူး" ကုရှင်ချွမ်းကတုံ့ဆိုင်းခြင်းမရှိပြန်ပြောလိုက်တယ်။
စုန့်ရီ 'oh' လို့ပြောလိုက်တယ်။ နည်းနည်းတော့အသည်းကွဲတာပေါ့ ဒီရက်ပိုင်းတွေထဲမှာ သူတို့ရင်းရင်းနှီးနှီးနေတာကပျော်စရာကောင်းတယ်လို့သူကတွေးနေခဲ့တာ။
သူကသူငယ်ချင်းတစ်ယောက်လို့တောင်အထင်မခံခဲ့ရတာပဲ။
မီးနီစောင့်နေတုန်းမှာ ကုရှင်ချွမ်းကစုန့်ရီရဲ့ညှိုးငယ်သွားမှုကိုမြင်တော့ သူပြောတာမှားသွားပီးမှန်းနားလည်လိုက်တယ်။ သူမေးရိုးတွေတင်းလာပီး စကားတစ်ခွန်းကသူ့သွားတွေကြားကနေထွက်လာတယ် "မင်းကသူငယ်ချင်းဆိုတာထက်ပိုကောင်းတယ်"
"တကယ်လား?" စုန့်ရီနည်းနည်းပိုတက်ကြွသွားပီး သက်သောင့်သက်သာခံစားလိုက်ရတယ်။ အဲ့လိုမှမဟုတ်ရက် သူတို့နှစ်ယောက်သားဟာ အတန်းဖော်တွေ၊လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ကြီး သူငယ်ချင်းဆိုပီးတောင်မဖြစ်ခဲ့ရင် တခြားသူတွေအမြင်မှာအထင်သေးစရာဖြစ်နေလိမ့်မယ်။
ကုရှင်ချွမ်းနှုတ်ခမ်းတွေကိုတင်းတင်းဖိထားတယ်။ 'သူငယ်ချင်း' ဆိုတဲ့စကားလုံးကသူ့ကိုမသက်မသာဖြစ်စေတယ်။ သူငယ်ချင်းတဲ့ F**k!
ကုရှင်ချွမ်းကသူ့အိမ်ဆီကိုပဲမောင်းလိုက်တယ်။ စုန့်ရီအံ့အားသင့်သွားပေမဲ့ သူရင်းနှီးနေတဲ့တံခါးအတိုင်းလိုက်ဝင်သွားလိုက်တယ်။
အရင်တစ်ခါထပ်တောင်အိမ်ကပိုပီးသန့်ရှင်းနေသေးတယ်။ စုန့်ရီကဖိနပ်လဲလိုက်ပီး ဧည့်ခန်းထဲကဆိုဖာမှာဝင်ထိုင်လိုက်ပီး ဖုန်းထုတ်ကာ mail တွေကိုပြန်ပီးဖြေနေလိုက်တယ်။
ကုရှင်ချွမ်းကမီးဖိုချောင်ထဲဝင်သွားပီ ဘာလုပ်ရမှန်းမသိတာနဲ့ပဲ ဟိုတာဆေးဒီတာဆေးလျှောက်လုပ်နေလိုက်တယ်။
စုန့်ရီက mail တွေကိုပြန်ဖြေပီးနောက်မှာတော့ ပျင်းရိလာတာမို့ ကုရှင်ချွမ်းအိမ်ကိုလျှောက်ပီးကြည့်နေလိုက်တယ်။
အိမ်ကသုံးထပ်ဖြစ်ပီးတော့အရမ်းကြီးတယ်။ ရေကူးကန်နဲ့ဥယျာဥ်တစ်ခုလဲရှိသေးတယ်။ အရင်တစ်ခေါက်ရောက်တုန်းက သူဒေါသထွက်ထွက်နဲ့ပြန်သွားတာမို့လျှောက်ပီးမကြည့်လိုက်ရဘူး။
ဒီတစ်ကြိမ်မှာတော့ သူမြို့တော်ရဲ့ပါဝါကိုခံစားမိတယ်။ သူကိုးနှစ်ဆယ်နှစ်လောက်အလုပ်ကြိုးစားလိုက်ရင် သူကိုယ့်သူအတွက်အိမ်တစ်လုံးလောက်တော့ဝယ်ပေးမယ် ပီးရင်အိမ်ကိုစောင့်ရှောက်ဖို့ခွေးလေးတစ်ကောင်မွေးထားမယ်။ သူ့ရဲ့အသက်ကြီးသွားမဲ့အချိန်ကတော့တကယ့်ကိုပျော်ရွှင်စရာလေးပဲ။
သူလျှောက်သွားနေရင်း ပထမထပ်မှာတစ်ဝက်ပွင့်နေတဲ့တံခါးတစ်ခုရှေ့မှာရပ်လိုက်တယ်။ အခန်းကအသံလုံအောင်ဆောက်ထားတာဖြစ်ပီး နံရံပတ်ပတ်လည်မှာက ဂီတတူရိယာတွေနဲ့ပြည့်နေပီး ကာရာအိုကေစက်လဲရှိနေတယ်။ ဒါကကာရာအိုကေခန်းတစ်ခုနဲ့တူတယ်။
စုန့်ရီတံခါးကိုဖွင့်ကာဝင်သွားလိုက်ပီး microphone stand ကိုကောက်ကိုင်ကြည့်တော့အတော်လေးလေးတာကိုသိလိုက်ရတယ်။ သူနဲ့မျက်နှာချငိးဆိုင်မှာလဲ teleprompter နဲ့ချိတ်ထားတဲ့ projector တစ်ခုရှိနေတယ်။ ကုရှင်ချွမ်းကအိမ်မှာလဲပဲသီချင်းတွေ record လုပ်တာများလား?
သူကိုယ်တိုင်ကလဲသရုပ်ဆောင်တစ်ဦးဖြစ်တဲ့စုန့်ရီဟာ တစ်နေ့လုံးသရုပ်ဆောင်ပီးသွားရင် နားတဲ့အချိန်ဆို အဲ့ဒီအလုပ်နဲ့လုံးဝမထိတွေ့ချင်တော့တာ။ စုန့်ရီသူ့ကိုယ်သူနဲ့နှိုင်းယှဥ်မိတယ်။ ကုရှင်ချွမ်းကအိမ်မှာပဲ သူ့ရဲ့ခံစားချက်တွေကို အေးအေးဆေးဆေးဆိုလေ့ရှိတာလား?
စုန့်ရီအဲ့တာကိုတွေးတောနေတုန်းမှာ ထမင်းနံ့မွှေးမွှေးလေးအနံ့ရလိုက်တယ်။
ကုရှင်ချွမ်းကတံခါးအပြင်ဘက်မှာရပ်နေပီး သူ့ကိုအထူးအဆန်းကြည့်နေတယ် "မင်းဒီမှာဘာလုပ်နေတာလဲ?"
"ငါလျှောက်ကြည့်နေတာပါ" စုန့်ရီကပခုံးတွန့်ပြလိုက်တယ် "ဒီနေရာကအတော်လေးကောင်းတယ်"
ကုရှင်ချွမ်းအမူအရာကနည်းနည်းပြေလျော့သွားတယ် "ကြည့်စရာအများကြီးမရှိပါဘူး တစ်ခါတလေဆိုဒီမှာပဲသီချင်းတွေ record လုပ်လိုက်တာ"
"မင်း Station L သုံးတယ်လား?" စုန့်ရီနံရံပေါ်ကဆုတံဆိပ်တွေတင်ထားတဲ့စင်ကိုညွှန်ပြလိုက်တယ်။ အဲ့ဒီမှာရွှေရောင်တလက်လက်တောက်နေတဲ့ ဒိုင်းဆုတွေရှိနေတယ်။ အဲ့ဒီဒိုင်းတွေထဲကမှာတစ်ခုက ကာတွန်းပုံလူလေးသေးသေးလေးက လူအုပ်ထဲကနေခွဲထွက်ပီး ရပ်နေတဲ့ဒိုင်းဆုလေးဖြစ်တယ်။
စုန့်ရီကပြောလိုက်တယ် "Station L ရဲ့ annual popularity award ပဲ မင်းကဘယ်အပိုင်းကလဲ?"
ဒီဆုကရဖို့မလွယ်ကူဘူး။ fan အရေအတွက်က 1 million လောက်ထိရောက်ခါမှ ဇကာတင်ဝင်တာ။ ကုရှင်ချွမ်းက Station L မှာအဲ့လောက်ထိ fan တွေရှိနေပီလား။
ကုရှင်ချွမ်းကသူ့ကိုကြည့်လာပီး မျက်နှာကတော့တစ်ချက်မှမပြောင်းဘူး "Living area မှာ စားစရာတွေကအေးတော့မယ် မင်းမစားသေးဘူးလား?"
စုန့်ရီကအရမ်းသိချင်နေတယ် "Living area မှာဘာလုပ်တာလဲ?"
သူအရမ်းကြီးအာရုံစိုက်တာတော့မဟုတ်ပေမဲ့ Living area မှာ fan million နဲ့ချီပီးရှိတဲ့သူကသိပ်မများဘူး။
ကုရှင်ချွမ်းကသူ့ခေါင်းကိုဆွဲချလိုက်တယ် "မင်းစားမှာလား အဓိပ္ပါယ်မရှိတာတွေပြောနေမှာလား?"
စုန့်ရီကအရမ်းဗိုက်ဆာနေပြီဖြစ်တယ်။ သူညစာအတွက်ဘာမှမစားရသေးတာမို့ စားပွဲဆီကိုပဲသွားလိုက်တယ်။ ကုရှင်ချွမ်းက ဆန်ပြုတ်တခွက်၊ ကြာစွယ်တစ်ပန်းကန်၊ ဟင်းရွက်သေးသေးတွေကြော်ထားတာကတစ်ပန်းကန် စတာတွေကိုမီးခိုထဲကနေယူလာပေးတယ်။
ဆန်ပြုတ်အရသာကနည်းနည်းပေါ့ပေမဲ့ ပူပူလေးမို့ ဗိုက်ထဲမှာနွေးသွားသလိုပဲ။ အရံဟင်းလေးတွေနဲ့ပါပေါင်းရင် တကယ်လန်းလန်းဆန်းဆန်းဖြစ်သွားစေတယ်။
ကုရှင်ချွမ်းကစားပီးသားပန်းကန်တွေဆေးရအောင်မီးဖိုချောင်ထဲဝင်သွားတယ်။ တစ်ဝက်ပွင့်နေတဲ့မီးဖိုခန်းထဲမှာသူကအလုပ်ရှုပ်နေတယ်။ တံခါးတစ်ဖက်မှာတော့စုန့်ရီရှိနေပီး ကုရှင်ချွမ်းရဲ့အရပ်မြင့်မြင့်သွယ်သွယ်နဲ့ကျစ်လျစ်သန်မာတဲ့နောက်ကျောကိုမြင်နေရတယ်။ သူကအင်္ဂလိပ်သီချင်းတစ်ပုဒ်ကိုစိမ်ပြေနပြေနဲ့အေးအေးဆေးဆေး ဆိုညည်းနေတာကိုမြင်နေရတယ်။
စုန့်ရီနည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ တကယ်တော့သူအေးအေးဆေးဆေးလေးမစားခဲ့ရတာအတော်ကြာပီ။ ဇာတ်ကားရိုက်တုန်းကဆိုလဲအလောတကြီးစားရတယ်။ အိမ်ပြန်ရောက်တော့လဲ ကျောက်ဟုန်းရန်က mahjong ကစားရင်းအလုပ်ရှုပ်နေတာနဲ့သူကိုယ်တိုင်ပဲ ချက်ပြုတ်လိုက်ရတယ်။ အဲ့လိုမှမဟုတ်ရင်လဲအပြင်ကနေမှာစားရတယ်။
သူ့အဲ့ဒီ'အိမ်' ဆိုတဲ့ခံစားချက်ကိုမကြုံရတော့တာအတော်ကြီးကိုကြာနေပြီဖြစ်တယ်။
စုန့်ရီခါးသက်စွာပြုံးလိုက်တယ်။ သူကသူ့ရဲ့အချစ်ပြိုင်ဘက်ဆီကနေနွေးထွေးမှုဆိုတာကို ထင်ယောင်ထင်မှားခံစားနေရသည်အထိ အရမ်းသနားစရာကောင်းနေတာပဲ။
သူ့ဘဝလက်တွဲဖော်ကိုရှာသင့်နေပြီထင်တယ်။
အားလုံးပြီးသွားတော့ ကုရှင်ချွမ်းကခွေတစ်ခွေထုတ်ပီး DVD player ထဲကိုထည့်လိုက်တယ်။ ခနအကြာမှာ screen ပေါ်မှာပေါ်လာခဲ့တာကတော့ သူတို့နှစ်ယောက်ပြဇာတ်ရုံမှာ အတူတူကြည့်ခဲ့တယ် 'xxx' ဖြစ်နေတယ်။
စုန့်ရီကဒီဇာတ်လမ်းကိုကြည့်ရတာသဘောကျပေမဲ့ အချိန်တိုလေးအတွင်းမှာနှစ်ကြိမ်ပြန်ကြည့်ရမှာကျတော့ပျင်းစရာကောင်းတယ် "မင်းဇာတ်ကားပြောင်းလိုက်လို့ရလား?"
ကုရှင်ချွမ်းကသူ့ကိုကြည့်လာပီး သူ့ရဲ့ခြေထောက်ရှည်ရှည်တွေကိုဆန့်ထုတ်ကာ သူ့ဘေးနားမှာထိုင်လိုက်ပီး တည်တည်ငြိမ်ငြိမ်ပဲပြောလာတယ် "မင်းဒါကိုကြည့်ရတာကြိုက်တယ်မဟုတ်ဘူးလား?"
သူ့အတွေးတွေကအရမ်းရိုးရှင်းပါတယ်။ စုန့်ရီကဒါကိုကြည့်ရတာပျင်းသွားမယ်ဆိုရင် ချန်းစုန့်အိမ်ကိုဒီဇာတ်ကားသွားကြည့်တော့မှာမဟုတ်ဘူး။
"ဒါပဲကြည့်လိုက်တော့မယ်" စုန့်ရီကြည့်ရင်းအိပ်ငိုက်လာတယ်။
ကုရှင်ချွမ်း ရေချိုးပီးဖွက်လာတော့ သူကဆိုဖာပေါ်မှာ ခေါင်းအုံးလေးတစ်လုံးနဲ့အိပ်ပျော်နေပီဖြစ်တယ်။
နာရီလက်တံကဆယ့်တစ်နာရီဆိုတာကိုပြသနေပီး TV ကနေထွက်လာတဲ့အသံတိုးတိုးကလွဲပီး အရာအားလုံးကတိတ်ဆိတ်နေတယ်။
ကုရှင်ချွမ်းကစုန့်ရီဘေးနားကနေ လည်ပင်းကိုကိုင်းပီး သူ့ကိုကြည့်လိုက်တယ်။ စုန့်ရီရဲ့အသက်ရှူသံကရှည်ပီးညီညာနေတယ်။ ဂျယ်ရဲ့သက်ရောက်မှုကလဲကုန်သွားပီမို့ ဆံပင်လေးတွေကစင်းကျနေပီး အရမ်းနူးညံ့ပုံပေါ်တယ်။ သူ့ရဲ့မျက်မှန်ကတော့တရွဲ့လေးဖြစ်နေပီ။ နှာတံမြင့်မြင့်လေးနဲ့ကြည်လင်အေးချမ်းတဲ့ဟန်ပန်က ယဥ်ယဥ်ကျေးကျေးပြုမူတတ်တဲ့အကောင်ပေါက်လေးလိုပဲ။
အရမ်းတိတ်ဆိတ်လွန်းလို့ ကုရှင်ချွမ်းသူ့နှလုံးခုန်သံတွေကိုတောင်သူပြန်ကြားနေရတယ်။ သူခနလောက်တန့်သွားပီး လက်ဆန့်ထုတ်ကာ စုန့်ရီရဲ့ပါးလေးကိုဖွဖွလေးပုတ်လိုက်တယ် "အိပ်ယာထဲကိုသွား ဒီမှာအိပ်ရင်အအေးမိသွားလိမ့်မယ်"
စုန့်ရီကခေါင်းအုံးလေးကိုတိုးဝှေ့လိုက်ပီး မျက်လုံးလေးမပွင့်တပွင့်နဲ့ပြောတယ် "ဟင့်အင်း ငါအိမ်ပြန်မှာ"
"အရမ်းနောက်ကျနေပီ ဒီညကျတော့ငါ့အိမ်မှာပဲအိပ်လိုက်တော့" ကုရှင်ချွမ်းကသူ့ပခုံးကိုဖိချလိုက်ပီး အတင်းအကျပ်ပြောလိုက်တယ်။
ဘယ်လိုလုပ်စုန့်ရိီကဒီမှာအိပ်ရဲပါ့မလဲ? အိမ်ကလူတွေကိုလဲဘယ်လိုပြောပြရမှာလဲ? သူ့အိမ်ကိုလာပီး ထမင်းစားတာကအဆင်ပြေတယ် ဒါပေမဲ့အိပ်ဖို့ကကျ A တစ်ယောက်နဲ့ O တစ်ယောက် နားထောင်ရတာနဲ့တင်ပဲအဆင်မပြေလှဘူး။
သူဆိုဖာပေါ်မှာနောက်ပြန်လက်ထောက်လိုက်ပီး ထထိုင်ချင်ပေမဲ့ ကုရှင်ချွမ်းရဲ့အားကိုသူပြန်ပီးမတွန်းလှန်နိုင်ဘူး။ အကြာကြီးရုန်းပီးတာတောင် လှုပ်လို့မရတော့ ဒေါသတကြီးပြောလိုက်တယ် "မင်းငါ့အပေါ်ကိုခြေတွေလက်တွေမသုံးနဲ့"
ကုရှင်ချွမ်းကသူ့ကိုငုံ့ကြည့်ပီး သူ့မျက်နှာကိုဖျစ်ဖို့လက်ကိုဆန့်ထုတ်ကာ ဖွေးဥနေတဲ့ပါးလေးကိုဖျစ်ပစ်လိုက်တယ် "သုံးတယ်ကွာ အဲ့တော့ဘာဖြစ်လဲ?"
စုန့်ရီအစကစိတ်ကောင်းဝင်နေပေမဲ့ အဲ့ဒါကိုကြားတော့အရမ်းစိတ်တိုလာတယ်။ ဒါပေမဲ့ သူ့ပါးကအဖျစ်ခံထားရတဲ့အတွက်စကားတစ်လုံးမှပြောလို့မရဖြစ်နေတယ်။
ယုန်လေးတွေကဆတ်ခနဲကိုက်သလို သူလဲကိုက်ပစ်ချင်တယ်။ သေပေရော့ကွကုရှင်ချွမ်းရ။ စုန့်ရီကခေါင်းကိုဘေးတိုက်လှည့်ပီး သူ့ပါးစပ်ကိုဖျစ်ထားတဲ့ကုရှင်ချွမ်းရဲ့လက်ကိုကိုက်မလို့လုပ်လိုက်တယ်။ ဒါပေမဲ့ ကုရှင်ချွမ်းကသူ့အပြုအမူတွေကိုရိပ်မိဟန်ပေါ်တယ်။ သူပါးစပ်ဟလိုက်တဲ့အချိန်မှာပဲ အနမ်းပြင်းပြင်းတစ်ခုကကျရောက်လာတယ်။ အရိုင်းဆန်ဆန်အငွေ့အသက်တွေကရစ်ပတ်နေပီး အသက်ရှူမဝအောင်အစုပ်ခံနေရတယ်။
မိုးကြိုးပစ်ချခံလိုက်ရသလိုပဲ စုန့်ရီကြောင်အသွားတယ်။
ကမ်းခြေမြို့လေးမှာ နောက်ဆုံးတစ်ခေါက်နမ်းခဲ့တုန်းကလို အလောတကြီးနမ်းတာမျိုးမဟုတ်ဘဲ ဒီနေ့အခြေအနေကအတော်လေးကောင်းမွန်တယ်။ ကုရှင်ချွမ်းကအနမ်းထဲမှာပဲအာရုံစိုက်ထားတယ်။ စုန့်ရီကပိတ်ကျနေမျက်တောင်မွှေးလေးတွေကို စိတ်ဆိုးစွာ ဒေါသထွက်စွာ အံ့အားသင့်စွာကြည့်နေတယ်။ ဒါကိုရောဘယ်လိုပြောအုံးမှာလဲ?
စုန့်ရီသူ့ပခုံးကိုအဝေးကိုတွန်းထုတ်လိုက်တယ်။ သူ့မျက်နှာကပူလောင်နေပီး သူ့ရဲ့စိုစွတ်နေတဲ့နှုတ်ခမ်းတွေကိုသုတ်လိုက်ကာ ဆူလိုက်တယ် "မင်းဘာဖြစ်နေတာလဲ?"
သူ့ရဲ့ဒီလိုရှက်ဝဲဝဲပုံလေးရယ် ပိုပီးရဲသွားတယ်နှုတ်ခမ်းလေးရယ် ဒါတွေကိုကြည့်မိတဲ့သူက နှလုံးတွေတဒုန်းဒုန်းခုန်ပီး အတွေးတွေတစ်ဖက်ကမ်းကူးသွားလိမ့်မယ်။
ကုရှင်ချွမ်းကအရမ်းပျော်ရွှင်နေပီး နှုတ်ခမ်းသပ်လိိုက်ကာ ပြောင်ကျကျပဲပြောလာတယ် "မင်းအပေါ်ကိုငါ့ရဲ့ခြေတွေလက်တွေတင်မကဘူး ပါးစပ်ပါသုံးနိုင်တယ်ဆိုတာသက်သေပြတာလေ"
စုန့်ရီအသက်တောင်ဝဝမရှူနိုင်ခင်မှာပဲ သူ့ဘေးကခေါင်းအုံးကိုဆွဲယူပီး သူ့ကိုပစ်ပေါက်လိုက်တယ် "မင်း မကောင်းတဲ့လူဆိုးကောင်!"
သူအဲ့ဒီနှစ်ညအကြောင်းကိုမတွေးချင်ဘူး။ ဒါပေမဲ့ကုရှင်ချွမ်းနဲ့နီးနီးကပ်ကပ်ထိတွေ့ရတိုင်း အဲ့ဒီမကောင်းတဲ့အကောင်ကသူ့ကိုအမြဲသတိရအောင်လုပ်တယ်။
~~~~~~~~
ကိုယ့်အထင် ကုရှင်ချွမ်းက hotel ညကတစ်ယောက်က ရှန်းလီကိုမြင်ပီးကတည်းက စုန့်ရီမှန်းသိနေလောက်ပီ။ ဒီတိုင်းအတည်ပြုဖို့ပဲလိုတော့တာလို့ထင်တယ်။ အဲ့တာ reader လေးတွေရောဘယ်လိုထင်လဲမေးကြည့်ချင်လို့။
Zawgyi
သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ သူကေန႔ေတြညေတြက ကေျပာင္းကျပန္ေတြျဖစ္လို႔ျဖစ္ စားခ်ိန္ေသာက္ခ်ိန္ကလဲမမွန္ ေဖ်ာ္ေျဖရတာေတြကလဲမ်ားျပားေတာ့ အစာအိမ္မွာျပႆနာနည္းနည္းရွိတယ္။ စုန္႔ရီဒီလိုအေျခအေနမ်ိဳးကိုအရင္ကတစ္ခါတစ္ရံၾကဳံရေပမဲ့ အခုတေလာေတာ့ အႀကိမ္ေရစိပ္ေနတယ္။
"မင္းကဒီလိုျဖစ္ေနတာေတာင္ ေသာက္ခ်င္ေသးတုန္းလား?" ကုရွင္ခၽြမ္းကမ်က္ေမွာင္ၾကဳံ႕လိုက္တယ္။
စုန္႔ရီပါးစပ္ေဆးပီးသြားေပမဲ့ ဗိုက္ထဲမွာေတာ့ မအီမသာျဖစ္ေနတုန္းပဲ။ သူခါးကိုျပန္မတ္လိုက္ပီး သူ႔ပါးကိုသူျပန္ပုတ္လိုက္တယ္ "မင္းငါ့ကို Tianqin Bay ကိုပို႔ေပးလို႔ရမလား ငါဘားကိုမသြားေတာ့ဘူး"
အရက္ေသာက္လို႔မရရင္လဲ သူငယ္ခ်င္းေတြနဲ႔အပန္းေျဖရမွာေပါ့။
ကုရွင္ခၽြမ္းကသူ႔ကိုစိုက္ၾကည့္လာတယ္ "မင္းဘယ္သူ႔ကိုသြားရွာမလို႔လဲ?"
"ငါ့ရဲ့မိတ္ေဆြတစ္ေယာက္ပါ" စုန္႔ရီကားထဲမွာျပန္ထိုင္လိုက္ပီး ေနာက္ၾကည့္မွန္ထဲကိုၾကည့္ပီး သူ႔ဆံပင္ကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္လုပ္ပီး သူ႔ပုံစံကိုအထာက်ေအာင္လုပ္လိုက္တယ္။
ကုရွင္ခၽြမ္းကသူ႔ရဲ့အျပဳအမူေတြကိုျမင္တဲ့အခါမွာ သူ႔အတြက္အေရးႀကီးနဲ႔လူတစ္ေယာက္ေတြ႕မွာလားဆိုပီး ေတြးမိကာ သူ႔လက္ေတြကိုေဘာင္းဘီအိတ္ကပ္ထဲထည့္လိုက္ပီး အေရးမထားဘဲေမးလိုက္ဟန္ေဆာင္လိုက္တယ္ "A လား O လား? လက္ထပ္ပီးသားလား?"
"ခ်န္းစုန္႔ေလ မင္းသူ႔ကိုေတြ႕ဖူးပါတယ္" စုန္႔ရီကထူးဆန္းေနတဲ့ေမးခြန္းကိုပ်င္းရိစြာပဲေျဖလိုက္တယ္။
"ခ်န္းစုန္႔? မင္းကိုဟိုတစ္ခါတုန္းကကမ္းေျခၿမိဳ႕မွာလာရွာတဲ့အသက္ႀကီးႀကီးလူလား?" ကုရွင္ခၽြမ္းကခ်န္းစုန္႔ကိုေသေသခ်ာခ်ာႀကီးကိုမွတ္မိေနတယ္။ အထူးသျဖင့္ခ်န္းစုန္႔ဖုန္းေခၚေတာ့ စုန္႔ရီေပ်ာ္ရႊင္ေနတာကိုေပါ့။
စုန္႔ရီကသူ႔ကိုဘယ္လိုေတာင္လားဆိုတဲ့အၾကည့္တစ္ခုနဲ႔ၾကည့္လာပီး အေလးအနက္ေျပာလိုက္တယ္ "ခ်န္းစုန္႔ကအသက္သုံးဆယ္ေလာက္ပဲရွိေသးတာပါ သူ႔ကိုအသက္ႀကီးတယ္လို႔ေျပာလို႔မရေသးပါဘူး သူ႔ကိုအဲ့လိုမေခၚနဲ႔"
ကုရွင္ခၽြမ္းကမ်က္ႏွာတည္တည္နဲ႔ေျပာလာတယ္ "ခ်န္းစုန္႔ကိုသြားရွာဖို႔မင္းကငါ့ကိုေမာင္းပို႔ေပးေစခ်င္ေနတာလား"
"မင္းအတြက္အဆင္မေျပဘူးဆိုရင္လဲ ငါ့ဘာသာငါပဲသြားလိုက္ေတာ့မယ္" စုန္႔ရီကကားထဲကထြက္မလို႔ျပင္လိုက္တယ္။
ကုရွင္ခၽြမ္းကကားေမာင္းတဲ့ေနရာမွာျမန္ျမန္ျပန္ထိုင္လိုက္ပီး ခါးပတ္ကိုေသခ်ာပတ္ကာ ေအးစက္စက္ႏွာမွုတ္လိုက္တယ္ "မင္းသူ႔ကိုသြားရွာလို႔ရပါတယ္ ငါမင္းနဲ႔လိုက္ခဲ့မယ္"
ပထမဆုံးကုရွင္ခၽြမ္းနဲ႔ခ်န္းစုန္႔ေတြ႕တုန္းကကုရွင္ခၽြမ္းမ်က္ႏွာသာမေပးတာကိုစုန္႔ရီရွင္းရွင္းလင္းလင္းမွတ္မိေသးတာမို႔ မ်က္ေမွာင္ၾကဳံ႕လိုက္တယ္ "ငါနဲ႔မလိုက္ခဲ့နဲ႔ မင္းကဘာသြားလုပ္မလို႔လဲ?"
"အာ့ဆိုလဲ မင္းကိုသြားခြင့္မေပးနိုင္ဘူး" ကုရွင္ခၽြမ္းကလက္ရမ္းလိုက္က္ပီး လီဗာကိုနင္းကို ကားပါကင္ထဲကေနေမာင္းထြက္လာတယ္။
စုန္႔ရီစကၠန္႔အနည္းငယ္ေလာက္အံ့အားသင့္သြားပီး စိတ္အေျခအေနမေကာင္းတာမို႔ သူ႔ကိုလွည့္မၾကည့္ဘဲ ကားျပတင္းကေနတရိပ္ရိပ္က်န္ေနခဲ့တဲ့ျမင္ကြင္းကိုပဲၾကည့္ေနလိုက္ေတာ့တယ္။
ကုရွင္ခၽြမ္းစိတ္ထိန္းလိုက္ပီး လမ္းကိုအာ႐ုံစိုက္ပီးၾကည့္လိုက္တယ္။ ခနေလာက္ေနေတာ့ ေနာက္ဆုံးတစ္ေခါက္ဟိုဒါျဖစ္ပီးသြားတုန္းက စုန္႔ရီနဲ႔ခ်န္းစုန္႔စကားေျပာတာကအေတြးထဲေရာက္လာတယ္။ ႐ုပ္ရွင္သြားၾကည့္မယ္ဘာညာနဲ႔ ေသာက္က်ိဳးနည္း ဒီလိုဟာမ်ိဳးေတြလဲရွိေသးတာပဲ။
ခနအၾကာမွာေတာ့ သူကမည္ႏွာမည္းမည္းနဲ႔ပဲ ရန္သူ႔ရဲ့အေျခအေနကိုစစ္ေဆးၾကည့္လိုက္တယ္ "မင္းကခ်န္းစုန္႔အိမ္ကိုညႀကီးသြားေတာ့ သူ႔မိန္းမကဘာမွမေျပာဘူးလား?"
စုန္႔ရီကေခါင္းလွည့္ပီးသူ႔ကိုၾကည့္ကာ တည္တည္တည္ၿငိမ္ၿငိမ္ပဲေျပာလိုက္တယ္ "ခ်န္းစုန္႔ကလက္မထပ္ရေသးဘူး ငါတို႔ကသူငယ္ခ်င္းဆက္ဆံေရးပဲ"
"ဘယ္သူငယ္ခ်င္းက ႐ုပ္ရွင္အတူတူၾကည့္ပီး ညႀကီးသြားရွာတတ္တာမ်ိဳးရွိလို႔လဲ?" ကုရွင္ခၽြမ္းတစ္ေယာက္သူလြန္သြားပီမွန္းသိေပမဲ့ မေမးရင္လဲသက္ေသာင့္သက္သာမရွိခံစားေနရတယ္။
စုန္႔ရီကထပ္ပီးသည္းမခံနိုင္ေတာ့ဘူး "မင္းမွာသူငယ္ခ်င္းမရွိဘူးလား? မင္းအေတြးေတြအဲ့ေလာက္ထိညစ္ပတ္မေနနဲ႔ အိုေခ?"
ကုရွင္ခၽြမ္းက steering wheel ကိုတင္းတင္းကိုင္ပီး ေဒါသတႀကီးေျပာတယ္ "ငါဆိုသူငယ္ခ်င္းေတြနဲ႔႐ုပ္ရွင္မၾကည့္ဘူး"
စုန္႔ရီႏွုတ္ခမ္းေတြေကြးသြားတယ္ "ငါတို႔႐ုပ္ရွင္အတူတူမၾကည့္ခဲ့ဘူးလား?"
"မင္းကငါ့သူငယ္ခ်င္းမဟုတ္ဘူး" ကုရွင္ခၽြမ္းကတုံ႔ဆိုင္းျခင္းမရွိျပန္ေျပာလိုက္တယ္။
စုန္႔ရီ 'oh' လို႔ေျပာလိုက္တယ္။ နည္းနည္းေတာ့အသည္းကြဲတာေပါ့ ဒီရက္ပိုင္းေတြထဲမွာ သူတို႔ရင္းရင္းႏွီးႏွီးေနတာကေပ်ာ္စရာေကာင္းတယ္လို႔သူကေတြးေနခဲ့တာ။
သူကသူငယ္ခ်င္းတစ္ေယာက္လို႔ေတာင္အထင္မခံခဲ့ရတာပဲ။
မီးနီေစာင့္ေနတုန္းမွာ ကုရွင္ခၽြမ္းကစုန္႔ရီရဲ့ညႇိုးငယ္သြားမွုကိုျမင္ေတာ့ သူေျပာတာမွားသြားပီးမွန္းနားလည္လိုက္တယ္။ သူေမးရိုးေတြတင္းလာပီး စကားတစ္ခြန္းကသူ႔သြားေတြၾကားကေနထြက္လာတယ္ "မင္းကသူငယ္ခ်င္းဆိုတာထက္ပိုေကာင္းတယ္"
"တကယ္လား?" စုန္႔ရီနည္းနည္းပိုတက္ႂကြသြားပီး သက္ေသာင့္သက္သာခံစားလိုက္ရတယ္။ အဲ့လိုမွမဟုတ္ရက္ သူတို႔ႏွစ္ေယာက္သားဟာ အတန္းေဖာ္ေတြ၊လုပ္ေဖာ္ကိုင္ဖက္ေတြျဖစ္ခဲ့ႀကီး သူငယ္ခ်င္းဆိုပီးေတာင္မျဖစ္ခဲ့ရင္ တျခားသူေတြအျမင္မွာအထင္ေသးစရာျဖစ္ေနလိမ့္မယ္။
ကုရွင္ခၽြမ္းႏွုတ္ခမ္းေတြကိုတင္းတင္းဖိထားတယ္။ 'သူငယ္ခ်င္း' ဆိုတဲ့စကားလုံးကသူ႔ကိုမသက္မသာျဖစ္ေစတယ္။ သူငယ္ခ်င္းတဲ့ F**k!
ကုရွင္ခၽြမ္းကသူ႔အိမ္ဆီကိုပဲေမာင္းလိုက္တယ္။ စုန္႔ရီအံ့အားသင့္သြားေပမဲ့ သူရင္းႏွီးေနတဲ့တံခါးအတိုင္းလိုက္ဝင္သြားလိုက္တယ္။
အရင္တစ္ခါထပ္ေတာင္အိမ္ကပိုပီးသန္႔ရွင္းေနေသးတယ္။ စုန္႔ရီကဖိနပ္လဲလိုက္ပီး ဧည့္ခန္းထဲကဆိုဖာမွာဝင္ထိုင္လိုက္ပီး ဖုန္းထုတ္ကာ mail ေတြကိုျပန္ပီးေျဖေနလိုက္တယ္။
ကုရွင္ခၽြမ္းကမီးဖိုေခ်ာင္ထဲဝင္သြားပီ ဘာလုပ္ရမွန္းမသိတာနဲ႔ပဲ ဟိုတာေဆးဒီတာေဆးေလၽွာက္လုပ္ေနလိုက္တယ္။
စုန္႔ရီက mail ေတြကိုျပန္ေျဖပီးေနာက္မွာေတာ့ ပ်င္းရိလာတာမို႔ ကုရွင္ခၽြမ္းအိမ္ကိုေလၽွာက္ပီးၾကည့္ေနလိုက္တယ္။
အိမ္ကသုံးထပ္ျဖစ္ပီးေတာ့အရမ္းႀကီးတယ္။ ေရကူးကန္နဲ႔ဥယ်ာဥ္တစ္ခုလဲရွိေသးတယ္။ အရင္တစ္ေခါက္ေရာက္တုန္းက သူေဒါသထြက္ထြက္နဲ႔ျပန္သြားတာမို႔ေလၽွာက္ပီးမၾကည့္လိုက္ရဘူး။
ဒီတစ္ႀကိမ္မွာေတာ့ သူၿမိဳ႕ေတာ္ရဲ့ပါဝါကိုခံစားမိတယ္။ သူကိုးႏွစ္ဆယ္ႏွစ္ေလာက္အလုပ္ႀကိဳးစားလိုက္ရင္ သူကိုယ့္သူအတြက္အိမ္တစ္လုံးေလာက္ေတာ့ဝယ္ေပးမယ္ ပီးရင္အိမ္ကိုေစာင့္ေရွာက္ဖို႔ေခြးေလးတစ္ေကာင္ေမြးထားမယ္။ သူ႔ရဲ့အသက္ႀကီးသြားမဲ့အခ်ိန္ကေတာ့တကယ့္ကိုေပ်ာ္ရႊင္စရာေလးပဲ။
သူေလၽွာက္သြားေနရင္း ပထမထပ္မွာတစ္ဝက္ပြင့္ေနတဲ့တံခါးတစ္ခုေရွ႕မွာရပ္လိုက္တယ္။ အခန္းကအသံလုံေအာင္ေဆာက္ထားတာျဖစ္ပီး နံရံပတ္ပတ္လည္မွာက ဂီတတူရိယာေတြနဲ႔ျပည့္ေနပီး ကာရာအိုေကစက္လဲရွိေနတယ္။ ဒါကကာရာအိုေကခန္းတစ္ခုနဲ႔တူတယ္။
စုန္႔ရီတံခါးကိုဖြင့္ကာဝင္သြားလိုက္ပီး microphone stand ကိုေကာက္ကိုင္ၾကည့္ေတာ့အေတာ္ေလးေလးတာကိုသိလိုက္ရတယ္။ သူနဲ႔မ်က္ႏွာခ်ငိးဆိုင္မွာလဲ teleprompter နဲ႔ခ်ိတ္ထားတဲ့ projector တစ္ခုရွိေနတယ္။ ကုရွင္ခၽြမ္းကအိမ္မွာလဲပဲသီခ်င္းေတြ record လုပ္တာမ်ားလား?
သူကိုယ္တိုင္ကလဲသ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့စုန္႔ရီဟာ တစ္ေန႔လုံးသ႐ုပ္ေဆာင္ပီးသြားရင္ နားတဲ့အခ်ိန္ဆို အဲ့ဒီအလုပ္နဲ႔လုံးဝမထိေတြ႕ခ်င္ေတာ့တာ။ စုန္႔ရီသူ႔ကိုယ္သူနဲ႔ႏွိုင္းယွဥ္မိတယ္။ ကုရွင္ခၽြမ္းကအိမ္မွာပဲ သူ႔ရဲ့ခံစားခ်က္ေတြကို ေအးေအးေဆးေဆးဆိုေလ့ရွိတာလား?
စုန္႔ရီအဲ့တာကိုေတြးေတာေနတုန္းမွာ ထမင္းနံ့ေမႊးေမႊးေလးအနံ့ရလိုက္တယ္။
ကုရွင္ခၽြမ္းကတံခါးအျပင္ဘက္မွာရပ္ေနပီး သူ႔ကိုအထူးအဆန္းၾကည့္ေနတယ္ "မင္းဒီမွာဘာလုပ္ေနတာလဲ?"
"ငါေလၽွာက္ၾကည့္ေနတာပါ" စုန္႔ရီကပခုံးတြန္႔ျပလိုက္တယ္ "ဒီေနရာကအေတာ္ေလးေကာင္းတယ္"
ကုရွင္ခၽြမ္းအမူအရာကနည္းနည္းေျပေလ်ာ့သြားတယ္ "ၾကည့္စရာအမ်ားႀကီးမရွိပါဘူး တစ္ခါတေလဆိုဒီမွာပဲသီခ်င္းေတြ record လုပ္လိုက္တာ"
"မင္း Station L သုံးတယ္လား?" စုန္႔ရီနံရံေပၚကဆုတံဆိပ္ေတြတင္ထားတဲ့စင္ကိုညႊန္ျပလိုက္တယ္။ အဲ့ဒီမွာေရႊေရာင္တလက္လက္ေတာက္ေနတဲ့ ဒိုင္းဆုေတြရွိေနတယ္။ အဲ့ဒီဒိုင္းေတြထဲကမွာတစ္ခုက ကာတြန္းပုံလူေလးေသးေသးေလးက လူအုပ္ထဲကေနခြဲထြက္ပီး ရပ္ေနတဲ့ဒိုင္းဆုေလးျဖစ္တယ္။
စုန္႔ရီကေျပာလိုက္တယ္ "Station L ရဲ့ annual popularity award ပဲ မင္းကဘယ္အပိုင္းကလဲ?"
ဒီဆုကရဖို႔မလြယ္ကူဘူး။ fan အေရအတြက္က 1 million ေလာက္ထိေရာက္ခါမွ ဇကာတင္ဝင္တာ။ ကုရွင္ခၽြမ္းက Station L မွာအဲ့ေလာက္ထိ fan ေတြရွိေနပီလား။
ကုရွင္ခၽြမ္းကသူ႔ကိုၾကည့္လာပီး မ်က္ႏွာကေတာ့တစ္ခ်က္မွမေျပာင္းဘူး "Living area မွာ စားစရာေတြကေအးေတာ့မယ္ မင္းမစားေသးဘူးလား?"
စုန္႔ရီကအရမ္းသိခ်င္ေနတယ္ "Living area မွာဘာလုပ္တာလဲ?"
သူအရမ္းႀကီးအာ႐ုံစိုက္တာေတာ့မဟုတ္ေပမဲ့ Living area မွာ fan million နဲ႔ခ်ီပီးရွိတဲ့သူကသိပ္မမ်ားဘူး။
ကုရွင္ခၽြမ္းကသူ႔ေခါင္းကိုဆြဲခ်လိုက္တယ္ "မင္းစားမွာလား အဓိပၸါယ္မရွိတာေတြေျပာေနမွာလား?"
စုန္႔ရီကအရမ္းဗိုက္ဆာေနၿပီျဖစ္တယ္။ သူညစာအတြက္ဘာမွမစားရေသးတာမို႔ စားပြဲဆီကိုပဲသြားလိုက္တယ္။ ကုရွင္ခၽြမ္းက ဆန္ျပဳတ္တခြက္၊ ၾကာစြယ္တစ္ပန္းကန္၊ ဟင္းရြက္ေသးေသးေတြေၾကာ္ထားတာကတစ္ပန္းကန္ စတာေတြကိုမီးခိုထဲကေနယူလာေပးတယ္။
ဆန္ျပဳတ္အရသာကနည္းနည္းေပါ့ေပမဲ့ ပူပူေလးမို႔ ဗိုက္ထဲမွာေႏြးသြားသလိုပဲ။ အရံဟင္းေလးေတြနဲ႔ပါေပါင္းရင္ တကယ္လန္းလန္းဆန္းဆန္းျဖစ္သြားေစတယ္။
ကုရွင္ခၽြမ္းကစားပီးသားပန္းကန္ေတြေဆးရေအာင္မီးဖိုေခ်ာင္ထဲဝင္သြားတယ္။ တစ္ဝက္ပြင့္ေနတဲ့မီးဖိုခန္းထဲမွာသူကအလုပ္ရွုပ္ေနတယ္။ တံခါးတစ္ဖက္မွာေတာ့စုန္႔ရီရွိေနပီး ကုရွင္ခၽြမ္းရဲ့အရပ္ျမင့္ျမင့္သြယ္သြယ္နဲ႔က်စ္လ်စ္သန္မာတဲ့ေနာက္ေက်ာကိုျမင္ေနရတယ္။ သူကအဂၤလိပ္သီခ်င္းတစ္ပုဒ္ကိုစိမ္ေျပနေျပနဲ႔ေအးေအးေဆးေဆး ဆိုညည္းေနတာကိုျမင္ေနရတယ္။
စုန္႔ရီနည္းနည္းလွုပ္လွုပ္ရွားရွားျဖစ္သြားတယ္။ တကယ္ေတာ့သူေအးေအးေဆးေဆးေလးမစားခဲ့ရတာအေတာ္ၾကာပီ။ ဇာတ္ကားရိုက္တုန္းကဆိုလဲအေလာတႀကီးစားရတယ္။ အိမ္ျပန္ေရာက္ေတာ့လဲ ေက်ာက္ဟုန္းရန္က mahjong ကစားရင္းအလုပ္ရွုပ္ေနတာနဲ႔သူကိုယ္တိုင္ပဲ ခ်က္ျပဳတ္လိုက္ရတယ္။ အဲ့လိုမွမဟုတ္ရင္လဲအျပင္ကေနမွာစားရတယ္။
သူ႔အဲ့ဒီ'အိမ္' ဆိုတဲ့ခံစားခ်က္ကိုမၾကဳံရေတာ့တာအေတာ္ႀကီးကိုၾကာေနၿပီျဖစ္တယ္။
စုန္႔ရီခါးသက္စြာျပဳံးလိုက္တယ္။ သူကသူ႔ရဲ့အခ်စ္ၿပိဳင္ဘက္ဆီကေနေႏြးေထြးမွုဆိုတာကို ထင္ေယာင္ထင္မွားခံစားေနရသည္အထိ အရမ္းသနားစရာေကာင္းေနတာပဲ။
သူ႔ဘဝလက္တြဲေဖာ္ကိုရွာသင့္ေနၿပီထင္တယ္။
အားလုံးၿပီးသြားေတာ့ ကုရွင္ခၽြမ္းကေခြတစ္ေခြထုတ္ပီး DVD player ထဲကိုထည့္လိုက္တယ္။ ခနအၾကာမွာ screen ေပၚမွာေပၚလာခဲ့တာကေတာ့ သူတို႔ႏွစ္ေယာက္ျပဇာတ္႐ုံမွာ အတူတူၾကည့္ခဲ့တယ္ 'xxx' ျဖစ္ေနတယ္။
စုန္႔ရီကဒီဇာတ္လမ္းကိုၾကည့္ရတာသေဘာက်ေပမဲ့ အခ်ိန္တိုေလးအတြင္းမွာႏွစ္ႀကိမ္ျပန္ၾကည့္ရမွာက်ေတာ့ပ်င္းစရာေကာင္းတယ္ "မင္းဇာတ္ကားေျပာင္းလိုက္လို႔ရလား?"
ကုရွင္ခၽြမ္းကသူ႔ကိုၾကည့္လာပီး သူ႔ရဲ့ေျခေထာက္ရွည္ရွည္ေတြကိုဆန္႔ထုတ္ကာ သူ႔ေဘးနားမွာထိုင္လိုက္ပီး တည္တည္ၿငိမ္ၿငိမ္ပဲေျပာလာတယ္ "မင္းဒါကိုၾကည့္ရတာႀကိဳက္တယ္မဟုတ္ဘူးလား?"
သူ႔အေတြးေတြကအရမ္းရိုးရွင္းပါတယ္။ စုန္႔ရီကဒါကိုၾကည့္ရတာပ်င္းသြားမယ္ဆိုရင္ ခ်န္းစုန္႔အိမ္ကိုဒီဇာတ္ကားသြားၾကည့္ေတာ့မွာမဟုတ္ဘူး။
"ဒါပဲၾကည့္လိုက္ေတာ့မယ္" စုန္႔ရီၾကည့္ရင္းအိပ္ငိုက္လာတယ္။
ကုရွင္ခၽြမ္း ေရခ်ိဳးပီးဖြက္လာေတာ့ သူကဆိုဖာေပၚမွာ ေခါင္းအုံးေလးတစ္လုံးနဲ႔အိပ္ေပ်ာ္ေနပီျဖစ္တယ္။
နာရီလက္တံကဆယ့္တစ္နာရီဆိုတာကိုျပသေနပီး TV ကေနထြက္လာတဲ့အသံတိုးတိုးကလြဲပီး အရာအားလုံးကတိတ္ဆိတ္ေနတယ္။
ကုရွင္ခၽြမ္းကစုန္႔ရီေဘးနားကေန လည္ပင္းကိုကိုင္းပီး သူ႔ကိုၾကည့္လိုက္တယ္။ စုန္႔ရီရဲ့အသက္ရွူသံကရွည္ပီးညီညာေနတယ္။ ဂ်ယ္ရဲ့သက္ေရာက္မွုကလဲကုန္သြားပီမို႔ ဆံပင္ေလးေတြကစင္းက်ေနပီး အရမ္းႏူးညံ့ပုံေပၚတယ္။ သူ႔ရဲ့မ်က္မွန္ကေတာ့တရြဲ႕ေလးျဖစ္ေနပီ။ ႏွာတံျမင့္ျမင့္ေလးနဲ႔ၾကည္လင္ေအးခ်မ္းတဲ့ဟန္ပန္က ယဥ္ယဥ္ေက်းေက်းျပဳမူတတ္တဲ့အေကာင္ေပါက္ေလးလိုပဲ။
အရမ္းတိတ္ဆိတ္လြန္းလို႔ ကုရွင္ခၽြမ္းသူ႔ႏွလုံးခုန္သံေတြကိုေတာင္သူျပန္ၾကားေနရတယ္။ သူခနေလာက္တန္႔သြားပီး လက္ဆန္႔ထုတ္ကာ စုန္႔ရီရဲ့ပါးေလးကိုဖြဖြေလးပုတ္လိုက္တယ္ "အိပ္ယာထဲကိုသြား ဒီမွာအိပ္ရင္အေအးမိသြားလိမ့္မယ္"
စုန္႔ရီကေခါင္းအုံးေလးကိုတိုးေဝွ႕လိုက္ပီး မ်က္လုံးေလးမပြင့္တပြင့္နဲ႔ေျပာတယ္ "ဟင့္အင္း ငါအိမ္ျပန္မွာ"
"အရမ္းေနာက္က်ေနပီ ဒီညက်ေတာ့ငါ့အိမ္မွာပဲအိပ္လိုက္ေတာ့" ကုရွင္ခၽြမ္းကသူ႔ပခုံးကိုဖိခ်လိုက္ပီး အတင္းအက်ပ္ေျပာလိုက္တယ္။
ဘယ္လိုလုပ္စုန္႔ရိီကဒီမွာအိပ္ရဲပါ့မလဲ? အိမ္ကလူေတြကိုလဲဘယ္လိုေျပာျပရမွာလဲ? သူ႔အိမ္ကိုလာပီး ထမင္းစားတာကအဆင္ေျပတယ္ ဒါေပမဲ့အိပ္ဖို႔ကက် A တစ္ေယာက္နဲ႔ O တစ္ေယာက္ နားေထာင္ရတာနဲ႔တင္ပဲအဆင္မေျပလွဘူး။
သူဆိုဖာေပၚမွာေနာက္ျပန္လက္ေထာက္လိုက္ပီး ထထိုင္ခ်င္ေပမဲ့ ကုရွင္ခၽြမ္းရဲ့အားကိုသူျပန္ပီးမတြန္းလွန္နိုင္ဘူး။ အၾကာႀကီး႐ုန္းပီးတာေတာင္ လွုပ္လို႔မရေတာ့ ေဒါသတႀကီးေျပာလိုက္တယ္ "မင္းငါ့အေပၚကိုေျခေတြလက္ေတြမသုံးနဲ႔"
ကုရွင္ခၽြမ္းကသူ႔ကိုငုံ႔ၾကည့္ပီး သူ႔မ်က္ႏွာကိုဖ်စ္ဖို႔လက္ကိုဆန္႔ထုတ္ကာ ေဖြးဥေနတဲ့ပါးေလးကိုဖ်စ္ပစ္လိုက္တယ္ "သုံးတယ္ကြာ အဲ့ေတာ့ဘာျဖစ္လဲ?"
စုန္႔ရီအစကစိတ္ေကာင္းဝင္ေနေပမဲ့ အဲ့ဒါကိုၾကားေတာ့အရမ္းစိတ္တိုလာတယ္။ ဒါေပမဲ့ သူ႔ပါးကအဖ်စ္ခံထားရတဲ့အတြက္စကားတစ္လုံးမွေျပာလို႔မရျဖစ္ေနတယ္။
ယုန္ေလးေတြကဆတ္ခနဲကိုက္သလို သူလဲကိုက္ပစ္ခ်င္တယ္။ ေသေပေရာ့ကြကုရွင္ခၽြမ္းရ။ စုန္႔ရီကေခါင္းကိုေဘးတိုက္လွည့္ပီး သူ႔ပါးစပ္ကိုဖ်စ္ထားတဲ့ကုရွင္ခၽြမ္းရဲ့လက္ကိုကိုက္မလို႔လုပ္လိုက္တယ္။ ဒါေပမဲ့ ကုရွင္ခၽြမ္းကသူ႔အျပဳအမူေတြကိုရိပ္မိဟန္ေပၚတယ္။ သူပါးစပ္ဟလိုက္တဲ့အခ်ိန္မွာပဲ အနမ္းျပင္းျပင္းတစ္ခုကက်ေရာက္လာတယ္။ အရိုင္းဆန္ဆန္အေငြ႕အသက္ေတြကရစ္ပတ္ေနပီး အသက္ရွူမဝေအာင္အစုပ္ခံေနရတယ္။
မိုးႀကိဳးပစ္ခ်ခံလိုက္ရသလိုပဲ စုန္႔ရီေၾကာင္အသြားတယ္။
ကမ္းေျခၿမိဳ႕ေလးမွာ ေနာက္ဆုံးတစ္ေခါက္နမ္းခဲ့တုန္းကလို အေလာတႀကီးနမ္းတာမ်ိဳးမဟုတ္ဘဲ ဒီေန႔အေျခအေနကအေတာ္ေလးေကာင္းမြန္တယ္။ ကုရွင္ခၽြမ္းကအနမ္းထဲမွာပဲအာ႐ုံစိုက္ထားတယ္။ စုန္႔ရီကပိတ္က်ေနမ်က္ေတာင္ေမႊးေလးေတြကို စိတ္ဆိုးစြာ ေဒါသထြက္စြာ အံ့အားသင့္စြာၾကည့္ေနတယ္။ ဒါကိုေရာဘယ္လိုေျပာအုံးမွာလဲ?
စုန္႔ရီသူ႔ပခုံးကိုအေဝးကိုတြန္းထုတ္လိုက္တယ္။ သူ႔မ်က္ႏွာကပူေလာင္ေနပီး သူ႔ရဲ့စိုစြတ္ေနတဲ့ႏွုတ္ခမ္းေတြကိုသုတ္လိုက္ကာ ဆူလိုက္တယ္ "မင္းဘာျဖစ္ေနတာလဲ?"
သူ႔ရဲ့ဒီလိုရွက္ဝဲဝဲပုံေလးရယ္ ပိုပီးရဲသြားတယ္ႏွုတ္ခမ္းေလးရယ္ ဒါေတြကိုၾကည့္မိတဲ့သူက ႏွလုံးေတြတဒုန္းဒုန္းခုန္ပီး အေတြးေတြတစ္ဖက္ကမ္းကူးသြားလိမ့္မယ္။
ကုရွင္ခၽြမ္းကအရမ္းေပ်ာ္ရႊင္ေနပီး ႏွုတ္ခမ္းသပ္လိိုက္ကာ ေျပာင္က်က်ပဲေျပာလာတယ္ "မင္းအေပၚကိုငါ့ရဲ့ေျခေတြလက္ေတြတင္မကဘူး ပါးစပ္ပါသုံးနိုင္တယ္ဆိုတာသက္ေသျပတာေလ"
စုန္႔ရီအသက္ေတာင္ဝဝမရွူနိုင္ခင္မွာပဲ သူ႔ေဘးကေခါင္းအုံးကိုဆြဲယူပီး သူ႔ကိုပစ္ေပါက္လိုက္တယ္ "မင္း မေကာင္းတဲ့လူဆိုးေကာင္!"
သူအဲ့ဒီႏွစ္ညအေၾကာင္းကိုမေတြးခ်င္ဘူး။ ဒါေပမဲ့ကုရွင္ခၽြမ္းနဲ႔နီးနီးကပ္ကပ္ထိေတြ႕ရတိုင္း အဲ့ဒီမေကာင္းတဲ့အေကာင္ကသူ႔ကိုအျမဲသတိရေအာင္လုပ္တယ္။
~~~~~~~~
ကိုယ့္အထင္ ကုရွင္ခၽြမ္းက hotel ညကတစ္ေယာက္က ရွန္းလီကိုျမင္ပီးကတည္းက စုန္႔ရီမွန္းသိေနေလာက္ပီ။ ဒီတိုင္းအတည္ျပဳဖို႔ပဲလိုေတာ့တာလို႔ထင္တယ္။ အဲ့တာ reader ေလးေတြေရာဘယ္လိုထင္လဲေမးၾကည့္ခ်င္လို႔။