နီးကပ်လာသော.... ခြေလှမ်းများ...
ဒီနေ့ညလဲ လင်းသန့်ကြည်နဲ့ဝတ်ရည်တို့ နှစ်ယောက်သား နောက်ကျပြန်သည်။
ပြန်ကာနီး အဖွားတစ်ယောက်ဖျားလို့ လာပြတာကြည့်ပေးရသေးသည်။ အဖွားကအသက်ကြီးပြီဆိုတော့ စိတ်ရှည်လက်ရှည် ပြောပြပေးရ ကုပေးရသည်။
ဝတ်ရည်နှင့် အကူကောင်မလေးက အပြင်မှာ စာရင်းလေးတွေ လုပ်နေချိန် လင်းသန့်ကြည်က အဖွားကို ကုပေးရသည်။
အဖွားက လင်းသန့်ကြည်ကို ချစ်လို့ဆိုပြီး စကားတွေပြောနေတာ မပြီးတော့။ လာပြပေးသည့် အဖွားသမီးကချော့ပြောမှ ပြန်တော့သည်။
လင်းသန့်ကြည်က အိမ်မှာ အဖွားနဲ့နေခဲ့သူ....အဖွားရဲ့အချစ်တုံးမြေးလေးဆိုတော့ အဖွားကို သတိရသွားတော့သည်။
ဆေးခန်းရော ဆေးရုံရောမှာ အလုပ်လုပ်ကြရတာ မကြာသေးတာကြောင့် အိမ်ကိုပြန်ဖို့မစဥ်းစားနိုင်သေး။ ပိတ်ရက်နဲ့ ဂျူတီoff ဆက်တိုက်ရှိရင်တော့မဆိုး။ အိမ်ကိုခဏတော့ပြန်ချင်သေးသည်။ နေ့တိုင်း ဖုန်းဆက်ကြသည်ဆိုသော်လည်း အဖွားကိုရော အမေကိုရောလွမ်းနေပြီ။
အားလုံးသိမ်းဆည်းကာ တံခါးပိတ်ပြီး ပြန်လာတော့....ည ရှစ်နာရီကျော်လေပြီ။
နှစ်ယောက်သား....လမ်းမပေါ်ရောက်အောင် လျှောက်လာမိကြသည်။ ရန်ကုန်လူနေမှုကတော့ ညဘက်လဲ မီးရောင်အောက်မှာ လူတွေသွား လာ လှုပ်ရှားကြဆဲ။ ဒါပေမဲ့ ဒီနေ့ အိမ်ကိုပြန်ရောက်ရင် ကိုးခွဲအနည်းဆုံးဖြစ်မှာပဲ။ ဒါတောင် ညဘက်ဆို ကားတွေမပိတ်လို့။
နေ့ဘက်ဆို လမ်းမှာကားပိတ်တာနဲ့ပဲ ကြာနေရောလေ။
"လင်းသန့်......"
လင်းသန့်ကြည် ပုခုံးကို သူ့ပုခုံးနဲ့တိုက်ရင်း....ဝတ်ရည်ခေါ်သည်။
"အင်း...."
"Taxi နဲ့ ပြန်ကြမယ်လေ ....ဒီနေ့ပင်ပန်းတယ်မှလား...ဆေးခန်းလူကျတယ်လေ"
"နင်ပေးမှာလား... ကားခက"
"ဘာလို့ပေးရမှာလဲ....."
"မပေးရင် မစီးနဲ့ပေါ့.....မိုးလင်းမှ ထလာရတဲ့ သူကပင်ပန်းနေသေးတယ်...ငါ ပင်ပန်းဖို့လဲ ထားအုံး....."
"ဒါတော့....ကိုယ့်သဘောကိုယ်ဆောင်တာပဲလေ....စေတနာရေစီးကမ်းပြိုလိုက်နေတာကိုး.....မနားနဲ့ပေါ့"
"ဘာ.....ပြော.....တယ်"
ဝတ်ရည်ကို မျက်စောင်းလဲထိုး လက်ကလဲ ဂုတ်ကိုဆွဲကိုင်ကာ အံကြိတ်သံကြီးနဲ့ လင်းသန့်ကြည်ပြောသည်။
"အ....လွှတ်...လွှတ်....လင်းသန့်မ....နာတယ်ဟ"
ခေါင်းကို ဘယ် ညာ ခါကာရုန်းရင်း ဝတ်ရည် အော်တော့သည်။
လင်းသန့်ကြည်မလွှတ်....
"ပြောလေ ကဲလေ...ငါ့ကို လင်းသန့်မ....လို့ခေါ်ပြန်ပြီလား...အပြစ်က နှစ်ခုရှိနေပြီနော်"
လမ်းမပေါ်မှာ လူရှင်းလို့ပဲတော်တော့သည်။
နှစ်ယောက်သား ကိုက်တော့မည့်ပုံနဲ့.....
လမ်းမပေါ်ရောက်လာတော့မှ ဝတ်ရည်ကို လွှတ်လိုက်သည်။
"အ့......နာလိုက်တာ...လင်းသန့်မ.မ.မ."
ပြောရင်းရှေ့ကနေ သွက်သွက်ပြေးသည်။
လင်းသန့်ကြည် ပြေးမလိုက်ပါ။
ကားလမ်းမပေါ်အရောက် ဖြတ်သွားသော taxi ကို အလျင်အမြန်တားသည်။
ကားဆရာနှင့်ဈေးညှိပြီး အရင်တက်တော့သည်။
"လာလေ.....မလိုက်ဘူးလား"
လင်းသန့်ကြည်ကို ကြည့်ကာ ပြုံးစိစိဖြင့်ခေါ်သည်။
"............"
စူပွပွနှင့် ပြန်ကြည့်နေလိုက်သည်။ မျက်လုံးတွေကတော့ စကားအခွန်းပေါင်းများစွာပြောနေတာပေါ့......
ကားခ နင်ရှင်းမှာလား... ဝတ်ရည်မ ပေါ့။
ဝတ်ရည်က လင်းသန့်ကြည် လက်ကိုဆွဲချပြီး ကားထဲဆွဲသွင်းသည်။ ကို့ယို့ကားယားနှင့် ကားထဲသို့ လင်းသန့်ကြည်ရောက်သွားတော့သည်။
"လူ လည် မကျ နဲ့နော်"
ကားထဲဝင်ထိုင်မိသည်နှင့်...လင်းသန့်ကြည်က ပြောတော့သည်။
ပြုံးစိစိနဲ့ခေါင်းကို တစ်ဆတ်ဆတ်ညိမ့်သည်။
ရုပ်ကိုက...... တစ်စက်မှ မသင်္ကာ.....
လင်းသန့်ကြည် ဝတ်ရည်နဲ့အတူနေတာကြာပြီ။ ဒင်းအကြောင်းသိပါ့....ပန်ကာမ...ရုပ်က တမျိုးတမည်နဲ့
"လင်းသန့်....ငါ လက်ထပ်တော့မယ်"
ရုတ်တရက်ကြီးထပြောလာတော့သည်။
"ဟမ်"
မအံသြခံနိုင်မလား.....အာကာက လက်ထပ်ဖို့တိုင်ပင်တာကို ငြင်းနေတာဘယ်သူလဲ။ လက်ထပ်ဖို့မဟုတ်ဘူးနော်.....နောက်သုံးနှစ်လား....လေးနှစ်လား...စသည်ဖြင့်ပေါ့ plan ချဖို့တောင်လက်မခံတာပါဆို။
အိမ်မှာ ကလေးလုပ်တုန်း....ဆေးခန်းမှာသူငယ်ချင်းနှစ်ယောက်ကို အနိုင်ကျင့်ဗိုလ်ကျလို့ကောင်းတုန်းရှိသေးတာကိုး။
ခုတော့ ဒင်းက ဒါကို စကားလုပ်ပြောနေပြီ။
အမှန်အတိုင်းပြောရရင် လင်းသန့်ကြည် ဝတ်ရည်နဲ့ အာကာကို သိပ်သဘောကျသည်။ ဝတ်ရည်သည် အာကာနဲ့မှ နတ်ဖက်တဲ့စုံတွဲလိုသဘာဝကျကျရှိလှသည်။ သူတို့နှစ်ယောက်ရဲ့ type ကိုက ဆန့်ကျင်ဘက်။
ဆန့်ကျင်ဘက်ဆိုသည်မှာ တစ်ယောက်လိုအပ်တာက တစ်ယောက်မှာရှိနေတာမျိုးလို လိုက်ဖက်မှုနှင့်မတူညီကြတာပါ။ အာကာက ဝတ်ရည်ကိုသိပ်ချစ်သည်။ သူငယ်ချင်းလိုရော ချစ်သူလိုရော ချစ်သည်။
ဂရုစိုက်မှု.... ရိုးသားပွင့်လင်းစွာအကွယ်အဝှက်မရှိဆက်ဆံပေးမှုတို့နှင့်ချစ်ပေးသည်။
လင်းသန့်ကြည်လဲ ဝတ်ရည်ကိုချစ်တာပါပဲ။ အလွန် အင်မတန်ရိုးသားစွာပေါ့။ သူငယ်ချင်းလိုရော မောင်နှမလိုပါချစ်ရသည့် မိန်းကလေးဆိုလို့ ဝတ်ရည်တစ်ယောက်ပဲရှိတာ။
ဒီလို ရုတ်တရက်ကြီးပြောလာတော့ စိတ်ထဲတစ်မျိုးခံစားရသည်။
"ဟုတ်....လို့.....လား"
"ဟုတ်တာပေါ့....ဒီည ပါပါးတို့ကိုပြောပြလိုက်မယ်....မနက်ဖန်နင့်ကိုကိုလာမှာပဲလေ...နင်...မေးကြည့်ပေါ့"
"တကယ်...ပေါ့...လေ"
"အော..ကဲ...တကယ်ပါဆို....ခုမှ...အစ်မကိုနှမြောနေတာလား...ဟုတ်လား...လင်းသန့်လေး"
လင်းသန့်ကြည် ဝတ်ရည်ကို ပြန်ကြည့်နေသည်။
ဒီသူငယ်ချင်းမက လင်းသန့်ကြည်အပေါ်တကယ်ကို အစ်မလိုစောင့်ရှောက်သည်။
မောင်နှမ မရှိသည့် လင်းသန့်ကြည် ဝတ်ရည်ကိုအစ်မရင်းလိုခံစားရသည်။
"လက်ထပ်ပြီးရင်.....တို့ ဒီမြို့နဲ့အနီးဆုံးမှာနေမယ်....အဲ့ကိစ္စတော့ နင် ဝိုင်းပြောပေးမှရမယ်ထင်တယ်...အိမ်မှာ နင်ပဲ ကျန်ခဲ့ရတေ့ာမှာ နော်....ငါ့အစား လူကြီးတွေကို ဂရုစိုက်ပေး"
"အမ်.....အိမ်ခွဲနေမှာလား....အဲ့လိုဆို ပါပါးနဲ့အန်တီထားက လက်ခံမယ်မထင်ဘူး...ဘာလို့အိမ်ခွဲနေမှာလဲ.....ငါ့အခန်းကို ယူလိုက်လေ...ငါ ကားဂိုထောင်အပေါ်က ထပ်ခိုးလေးမှာ ပြောင်းနေပေးမယ်.....အိမ်ခွဲမနေပါနဲ့ဟာ...ငါတောင် မနေတတ်ဘူး....လူကြီးတွေဆို ပိုဆိုးမှာပေါ့"
လင်းသန့်ကြည် ပြောရင်း ဝမ်းနည်းမှုကြောင့်လှိုက်တက်လာသည်။ အတူနေသည့် သံယောဇဥ်က နည်းမှမနည်းခဲ့တာ။
လင်းသန့်ကြည် ရန်ကုန်ကိုကျောင်းလာတက်ကာစကလဲ အတော်လေးဒုက္ခရောက်သည်။
အမေတို့ အဖွားတို့နဲ့ တစ်အိပ်ယာထဲ အိပ်ခဲ့ရသူပီပီ အိမ်လွမ်းနာကို ရက်ပေါင်းများစွာ ခံစားခဲ့ရဖူးသည်။
တစ်ခါမှ အိမ်နဲ့ မခွဲဖူးသည့်အပြင် အမေက အဆောင်မှာ အပ်ပေးပြီးတာနဲ့ ချက်ချင်းပြန်တော့တာလေ။ အိမ်မှာ အဖွားကို ထားခဲ့ရသည်ကိုး။ အမေက လင်းသန့်ကြည်ကို ပိုးမွေးသလို တကယ်ဂရုစိုက်မွေးခဲ့တာ မှန်သော်လည်း ယောကျားလေးတစ်ယောက်ဖြစ်သည်ကြောင့် ရဲဝံ့ပြတ်သားစွာ သတ္တိရှိရှိလဲ ဖြစ်စေချင်ပြန်သည်။
လင်းသန့်ကြည်က ရန်ကုန်မှာ ဆေးကျောင်းလာမတက်ခင်အချိန်ထိ အိမ်မှာ ထမင်းခွံ့ကျွေးရတုန်းရှိသေးတာ။
အမေနဲ့အဖွားကို သိပ်ကို အချွဲပိုသည်။
ဝတ်ရည်တို့အိမ်ကို ပြောင်းပြီးနေပြန်တော့လဲ ဝတ်ရည်ထက်ပိုပြီး အငယ်လိုဆက်ဆံခံရသည်။ အားလုံးရဲ့အချစ်ခံရသည်။
သို့သော် ဝတ်ရည် အချစ်ခံရပုံကတစ်မျိုး။
အိမ်မှာ ဝတ်ရည်က mood maker တစ်ယောက်လေ။ ပေါ့ပေါ့ပါးပါးရှိပြီး သွက်လက်ထက်မြက်သူဆိုတော့ သူမရှိရင် မရှိသလို အိမ်ကသိပ်ကိုသိသာသည်။
လင်းသန့်ကြည်က အငြိမ်သမား....ဝတ်ရည်က အလှုပ်သမား....
ဝတ်ရည်မရှိလျှင် အိမ်မှာ နေတတ်ကြတော့မည်မထင်ပါ။
"ဒါ.....မဲ့....မမနဲ့ကိုကိုက ခွဲနေချင်တာလေ...အိမ်ထောင်ပြုပြီဆိုရင် အိမ်အလုပ်တွေက လုပ်ရတော့မှာပဲ.....အလုပ်လဲမထွက်ချင်ဘူး...ဆေးခန်းတစ်ဖက်ကရှိသေးတယ်....ဟုတ်ဘူးလား"
ဝတ်ရည်ကတော့ ဒါကို ပေါ့ပေါ့ပါးပါးပဲ ပြောနေပြန်သည်။ ဝတ်ရည်မ ဟာလေ....သိပ်အသည်းမာသည်။ သူအသည်းမာသည်ဆိုကာမှ.....ကိုယ်ကပိုပြီး ဝမ်းနည်းလာပြန်သည်။
"ဘယ်လိုပဲဖစ်ဖြစ်လေ....အိမ်မှာပဲ နေပါဟာ.....နင် ချက်တတ် ပြုတ်တတ်တာလဲ မဟုတ်ဘဲနဲ့...."
"နင့်ကိုကိုချက်တတ်တယ်လေ.....သူက အချက်အပြုတ်တာဝန်ယူရင် ကိုယ်က အိမ်သန့်ရှင်းရေးနဲ့အလျှော်အဖွတ် တာဝန်ယူရမှာပေါ့....ဟုတ်ဘူးလား....အိမ်မှာဆို မေမေပဲ ပင်ပန်းမယ်လေ.....အလုပ်နဲ့နီးနီးနေချင်တယ်ဟာ....ကား တိုးစီးရတာ အရမ်းပင်ပန်းတယ်"
"ကားဝယ်လိုက်လေ......ကားဝယ်လိုက်ပေါ့.....ဟိုနေ့က ပါပါးက.... ကားဝယ်လို့ပြောတယ်လေ.....နော်....နော်"
ဝတ်ရည်ရဲ့ လက်ကို ကိုင်လှုပ်ကာ အမောတကော အသည်းအသန်ဖြင့် လင်းသန့်ကြည် ပြောသည်။
"နေပါစေတော့ဟာ......အော....ဒါနဲ့ ငါမရှိရင်ရော နင့်တစ်ယောက်ထဲ ပြန်ရ သွားရ အဆင်ပြေမှာပါနော်"
ဝတ်ရည်ရဲ့ ခုမှ လင်းသန့်ကြည်ကို သတိရသည့်ဟန်ဖြင့်မေးသည်။
"ဟင့်အင်း....ဟင့်အင်း....ဝတ်ရည်မ....ငါမေ့နေတာ....ကားဝယ်လိုက်ရင် ရတဲ့ဟာကို....နင်ကလေ...လွယ်တာကို သိပ်ခက်အောင် လုပ်တယ်....အိမ်ပြန်ရောက်ရင် ငါပြောပေးမယ် ပါပါးကို ကားဝယ်ပေးဖို့......အိမ်ခွဲနေဖို့ပြောမဲ့အစား ကားဝယ်ပေးဖို့ပြောတာ နီးစပ်တယ်....ငါပဲပြောလိုက်တောမယ်"
"ဟာ.....နေစမ်းပါဟာ....ငါ ကိုကိုနဲ့တိုင်ပင်ပြီးပါပြီဆိုမှ"
"တိတ်......ငါ....ကြည့် စီစဥ်မယ်"
ပြောရင်းဆိုရင်းပင် အိမ်နားရောက်လာခဲ့ပြီ။
ကားခကို ဝတ်ရည်ကပင်ရှင်းကာ နှစ်ယောက်သား အိမ်ကို လျှောက်လာခဲ့သည်။ အိမ်ရှေ့ရောက်မှ ဝတ်ရည်က လင်းသန့်ပုခုံးကိုဆွဲကာ.....
"လင်းသန့်လေး...မမပြောမယ်....ကိုကိုနဲ့မမ လက်ထပ်ဖို့ကိစ္စ မပြောနဲ့အုံး...ကားကိစ္စအရင်ပြောလိုက်....နော်"
"................"
လင်းသန့်ကြည် မသင်္ကာဖွယ်ရာ အနံ့အသက်တွေ စတင်ခံစားမိစပြုပြီ။
ဝတ်ရည်မရဲ့ တည်တံနေလှစွာသော မျက်ခွက်ကြီးကို ကြည့်ရင်း ကြည့်ရင်း ပိုပြီး သတိထားမိလာတော့သည်။
လင်းသန့်ကြည် ဝတ်ရည်မ၏ ထောင်ချောက်မိနေပြီလားဟု တွေးနေရသည်။
တကယ်ပဲ လက်ထပ်တော့မှာလား.....
ကား....ကြောင့် လင်းသန့်ကြည်ကို ဆွလေသည်လား...ဝေခွဲမရ။
ဒါပေမဲ့....ဝတ်ရည်က အတည်ပြောနေသည့်ပုံ။
ဘယ်လို လုပ်ရမည်လဲ ဟု.....အသည်းအသန်စဥ်းစားရင်းဖြင့်.... အိမ်ထဲရောက်လာလေပြီ။
"ဟော.....ကလေးတွေပြန်လာပြီ.....နောက်ကျတယ်နော်.....ငါ့ကလေးတွေ"
အန်တီထားရဲ့ တစ်အိမ်လုံးကို လှမ်းပြောသည့်အသံနှင့်အတူ စိတ်ပူသံလေးကပါ ကပ်ပါလာသည်။
အခန်းထဲမှ.....ပါပါးထွက်လာသည်။
အန်တီရှိန်က ထမင်းစားခန်းထဲမှ....လှမ်းအော်သည်။
"ရောက်ရင်.....ထမင်းစားကြမယ်ကွာ....ရေမြန်မြန်ချိုးကြ.....ကလေးတွေကို စောင့်နေတာ....ထမင်းပွဲပြင်လိုက်တော့မယ်...နော်"
လင်းသန့်ကြည်နှင့် ဝတ်ရည် ကိုယ့်အခန်းကိုယ်ပြေးပြီး ရေချိုးကြရသည်။
ခဏနေလို့ ထမင်းစားခန်းထဲရောက်တော့....လူကြီးတွေက ထမင်းလက်ဆုံစားဖို့ စောင့်နေဆဲ။
အရင်စောစောစားနှင့်ပါဟု ဘယ်တော့မှ ပြောလို့မရပါ။ ပါပါး စောစောပြန်ရောက်တဲ့ရက်ဆို ပိုဆိုးသည်။
မိသားစုစုံအောင်စောင့်ပြီးမှ စားတော့ နောက်ကျသည်။
ခုံတွင် ဝင်ထိုင်ပြီး လူကြီးတွေကို ကြည့်သည်။
"လင်းသန့်....ပြောစရာ ရှိလို့လား...."
ပါပါးကမေးသည်။
"ဟုတ်..... ပါပါး....ဟို....သားတို့....ကားဝယ်မလားလို့ပါ"
"ဝယ်လေ....သားရဲ့....သားလဲ ကားရှိရင် အလိုလိုမောင်းရဲသွားမှာပါ.....အိမ်မှာ နောက်ကျရင် စိတ်ပူနေရတာ....နော့"
"ဟုတ်.....ဟို.....ဟို...လေ......ဝတ်ရည်က.....ဟို...."
"တစ်ဟိုဟိုနဲ့.....ဘာဖြစ်....လူကြီးတွေက ထမင်းစားဖို့စောင့်နေတာကို.....စားမယ်လေ....မောင်လေးရဲ့.....ကားဝယ်ဖို့ဆို....ဟုတ်လား"
ပြောရင်းဆိုရင်းရောက်လာပါပြီ။ ဒေါ်ဝတ်ရည်တိုးဝင့်ရှိန်....
လူကြီးတွေက နှစ်ယောက်သားကို ငေးရင်း...
လင်းသန့်ကြည် မှားလေပြီ။
ဝတ်ရည်ရဲ့ ထောင်ချောက်ထဲသို့အမှန်တကယ်ကျရောက်သွားမှန်း ရှင်းလင်းတိကျစွာ သိလိုက်ရပါပြီ။
ဒါပေမဲ့....ဘယ်လိုပြန်ရှင်းရတော့မလဲ။ လူကြီးတွေက အိမ်ပြန်နောက်ကျရင်စိတ်ပူတာလဲ သိနေတာပဲ။
ဆေးရုံ ဆေးခန်းအလုပ်ကရော အိမ်ပြန်စောတာရှိလို့လား။
ခုတော့ ဝတ်ရည်မကို သတ်ချင်နေပေမဲ့...လူကြီးတွေကို ကြည့်ပြန်တော့ ပြောပြီးသားစကား မပြင်ချင်ပြန်။
ဝတ်ရည်မက... ပြုံးစိစိနဲ့....
လင်းသန့်ကြည်က ငိုမဲ့မဲ့နဲ့.....
.
.
.
.
.
.
.
ဆက်ရန်.......
နီးကပ္လာေသာ.... ေျခလွမ္းမ်ား...
ဒီေန႕ညလဲ လင္းသန့္ၾကည္နဲ႕ဝတ္ရည္တို႔ ႏွစ္ေယာက္သား ေနာက္က်ျပန္သည္။
ျပန္ကာနီး အဖြားတစ္ေယာက္ဖ်ားလို႔ လာျပတာၾကည့္ေပးရေသးသည္။ အဖြားကအသက္ႀကီးၿပီဆိုေတာ့ စိတ္ရွည္လက္ရွည္ ေျပာျပေပးရ ကုေပးရသည္။
ဝတ္ရည္ႏွင့္ အကူေကာင္မေလးက အျပင္မွာ စာရင္းေလးေတြ လုပ္ေနခ်ိန္ လင္းသန့္ၾကည္က အဖြားကို ကုေပးရသည္။
အဖြားက လင္းသန့္ၾကည္ကို ခ်စ္လို႔ဆိုၿပီး စကားေတြေျပာေနတာ မၿပီးေတာ့။ လာျပေပးသည့္ အဖြားသမီးကေခ်ာ့ေျပာမွ ျပန္ေတာ့သည္။
လင္းသန့္ၾကည္က အိမ္မွာ အဖြားနဲ႕ေနခဲ့သူ....အဖြားရဲ႕အခ်စ္တုံးေျမးေလးဆိုေတာ့ အဖြားကို သတိရသြားေတာ့သည္။
ေဆးခန္းေရာ ေဆး႐ုံေရာမွာ အလုပ္လုပ္ၾကရတာ မၾကာေသးတာေၾကာင့္ အိမ္ကိုျပန္ဖို႔မစဥ္းစားနိုင္ေသး။ ပိတ္ရက္နဲ႕ ဂ်ဴတီoff ဆက္တိုက္ရွိရင္ေတာ့မဆိုး။ အိမ္ပိုခဏေတာ့ျပန္ခ်င္ေသးသည္။ ေန႕တိုင္း ဖုန္းဆက္ၾကသည္ဆိုေသာ္လည္း အဖြားကိုေရာ အေမကိုေရာလြမ္းေနၿပီ။
အားလုံးသိမ္းဆည္းကာ တံခါးပိတ္ၿပီး ျပန္လာေတာ့....ည ရွစ္နာရီေက်ာ္ေလၿပီ။
ႏွစ္ေယာက္သား....လမ္းမေပၚေရာက္ေအာင္ ေလွ်ာက္လာမိၾကသည္။ ရန္ကုန္လူေနမႈကေတာ့ ညဘက္လဲ မီးေရာင္ေအာက္မွာ လူေတြသြား လာ လႈပ္ရွားၾကဆဲ။ ဒါေပမဲ့ ဒီေန႕ အိမ္ကိုျပန္ေရာက္ရင္ ကိုးခြဲအနည္းဆုံးျဖစ္မွာပဲ။ ဒါေတာင္ ညဘက္ဆို ကားေတြမပိတ္လို႔။
ေန႕ဘက္ဆို လမ္းမွာကားပိတ္တာနဲ႕ပဲ ၾကာေနေရာေလ။
"လင္းသန့္......"
လင္းသန့္ၾကည္ ပုခုံးကို သူ႕ပုခုံးနဲ႕တိုက္ရင္း....ဝတ္ရည္ေခၚသည္။
"အင္း...."
"Taxi နဲ႕ ျပန္ၾကမယ္ေလ ....ဒီေန႕ပင္ပန္းတယ္မွလား...ေဆးခန္းလူက်တယ္ေလ"
"နင္ေပးမွာလား... ကားခက"
"ဘာလို႔ေပးရမွာလဲ....."
"မေပးရင္ မစီးနဲ႕ေပါ့.....မိုးလင္းမွ ထလာရတဲ့ သူကပင္ပန္းေနေသးတယ္...ငါ ပင္ပန္းဖို႔လဲ ထားအုံး....."
"ဒါေတာ့....ကိုယ့္သေဘာကိုယ္ေဆာင္တာပဲေလ....ေစတနာေရစီးကမ္းၿပိဳလိုက္ေနတာကိုး.....မနားနဲ႕ေပါ့"
"ဘာ.....ေျပာ.....တယ္"
ဝတ္ရည္ကို မ်က္ေစာင္းလဲထိုး လက္ကလဲ ဂုတ္ကိုဆြဲကိုင္ကာ အံႀကိတ္သံႀကီးနဲ႕ လင္းသန့္ၾကည္ေျပာသည္။
"အ....လႊတ္...လႊတ္....လင္းသန့္မ....နာတယ္ဟ"
ေခါင္းကို ဘယ္ ညာ ခါကာ႐ုန္းရင္း ဝတ္ရည္ ေအာ္ေတာ့သည္။
လင္းသန့္ၾကည္မလႊတ္....
"ေျပာေလ ကဲေလ...ငါ့ကို လင္းသန့္မ....လို႔ေခၚျပန္ၿပီလား...အျပစ္က ႏွစ္ခုရွိေနၿပီေနာ္"
လမ္းမေပၚမွာ လူရွင္းလို႔ပဲေတာ္ေတာ့သည္။
ႏွစ္ေယာက္သား ကိုက္ေတာ့မည့္ပုံနဲ႕.....
လမ္းမေပၚေရာက္လာေတာ့မွ ဝတ္ရည္ကို လႊတ္လိုက္သည္။
"အ့......နာလိုက္တာ...လင္းသန့္မ.မ.မ."
ေျပာရင္းေရွ႕ကေန သြက္သြက္ေျပးသည္။
လင္းသန့္ၾကည္ ေျပးမလိုက္ပါ။
ကားလမ္းမေပၚအေရာက္ ျဖတ္သြားေသာ taxi ကို အလ်င္အျမန္တားသည္။
ကားဆရာႏွင့္ေဈးညွိၿပီး အရင္တက္ေတာ့သည္။
"လာေလ.....မလိုက္ဘူးလား"
လင္းသန့္ၾကည္ကို ၾကည့္ကာ ၿပဳံးစိစိျဖင့္ေခၚသည္။
"............"
စူပြပြႏွင့္ ျပန္ၾကည့္ေနလိုက္သည္။ မ်က္လုံးေတြကေတာ့ စကားအခြန္းေပါင္းမ်ားစြာေျပာေနတာေပါ့......
ကားခ နင္ရွင္းမွာလား... ဝတ္ရည္မ ေပါ့။
ဝတ္ရည္က လင္းသန့္ၾကည္ လက္ကိုဆြဲခ်ၿပီး ကားထဲဆြဲသြင္းသည္။ ကို႔ယို႔ကားယားႏွင့္ ကားထဲသို႔ လင္းသန့္ၾကည္ေရာက္သြားေတာ့သည္။
"လူ လည္ မက် နဲ႕ေနာ္"
ကားထဲဝင္ထိုင္မိသည္ႏွင့္...လင္းသန့္ၾကည္က ေျပာေတာ့သည္။
ၿပဳံးစိစိနဲ႕ေခါင္းကို တစ္ဆတ္ဆတ္ညိမ့္သည္။
႐ုပ္ကိုက...... တစ္စက္မွ မသကၤာ.....
လင္းသန့္ၾကည္ ဝတ္ရည္နဲ႕အတူေနတာၾကာၿပီ။ ဒင္းအေၾကာင္းသိပါ့....ပန္ကာမ...႐ုပ္က တမ်ိဳးတမည္နဲ႕
"လင္းသန့္....ငါ လက္ထပ္ေတာ့မယ္"
႐ုတ္တရက္ႀကီးထေျပာလာေတာ့သည္။
"ဟမ္"
မအံၾသခံနိုင္မလား.....အာကာက လက္ထပ္ဖို႔တိုင္ပင္တာကို ျငင္းေနတာဘယ္သူလဲ။ လက္ထပ္ဖို႔မဟုတ္ဘူးေနာ္.....ေနာက္သုံးႏွစ္လား....ေလးႏွစ္လား...စသည္ျဖင့္ေပါ့ plan ခ်ဖိဳ႕ေတာင္လက္မခံတာပါဆို။
အိမ္မွာ ကေလးလုပ္တုန္း....ေဆးခန္းမွာသူငယ္ခ်င္းႏွစ္ေယာက္ကို အနိုင္က်င့္ဗိုလ္က်လိဳ႕ေကာင္းတုန္းရွိေသးတာကိုး။
ခုေတာ့ ဒင္းက ဒါကို စကားလုပ္ေျပာေနၿပီ။
အမွန္အတိုင္းေျပာရရင္ လင္းသန့္ၾကည္ ဝတ္ရည္နဲ႕ အာကာကို သိပ္သေဘာက်သည္။ ဝတ္ရည္သည္ အာကာနဲ႕မွ နတ္ဖက္တဲ့စုံတြဲလိုသဘာဝက်က်ရွိလွသည္။ သူတို႔ႏွစ္ေယာက္ရဲ႕ type ကိုက ဆန့္က်င္ဘက္။
ဆန့္က်င္ဘက္ဆိုသည္မွာ တစ္ေယာက္လိုအပ္တာက တစ္ေယာက္မွာရွိေနတာမ်ိဳးလို လိုက္ဖက္မႈႏွင့္မတူညီၾကတာပါ။ အာကာက ဝတ္ရည္ကိုသိပ္ခ်စ္သည္။ သူငယ္ခ်င္းလိုေရာ ခ်စ္သူလိုေရာ ခ်စ္သည္။
ဂ႐ုစိုက္မႈ.... ရိုးသားပြင့္လင္းစြာအကြယ္အဝွက္မရွိဆက္ဆံေပးမႈတို႔ႏွင့္ခ်စ္ေပးသည္။
လင္းသန့္ၾကည္လဲ ဝတ္ရည္ကိုခ်စ္တာပါပဲ။ အလြန္ အင္မတန္ရိုးသားစြာေပါ့။ သူငယ္ခ်င္းလိုေရာ ေမာင္ႏွမလိုပါခ်စ္ရသည့္ မိန္းကေလးဆိုလို႔ ဝတ္ရည္တစ္ေယာက္ပဲရွိတာ။
ဒီလို ႐ုတ္တရက္ႀကီးေျပာလာေတာ့ စိတ္ထဲတစ္မ်ိဳးခံစားရသည္။
"ဟုတ္....လို႔.....လား"
"ဟုတ္တာေပါ့....ဒီည ပါပါးတို႔ကိုေျပာျပလိုက္မယ္....မနက္ဖန္နင့္ကိုကိုလာမွာပဲေလ...နင္...ေမးၾကည့္ေပါ့"
"တကယ္...ေပါ့...ေလ"
"ေအာ..ကဲ...တကယ္ပါဆို....ခုမွ...အစ္မကိုႏွေျမာေနတာလား...ဟုတ္လား...လင္းသန့္ေလး"
လင္းသန့္ၾကည္ ဝတ္ရည္ကို ျပန္ၾကည့္ေနသည္။
ဒီသူငယ္ခ်င္းမက လင္းသန့္ၾကည္အေပၚတကယ္ကို အစ္မလိုေစာင့္ေရွာက္သည္။
ေမာင္ႏွမ မရွိသည့္ လင္းသန့္ၾကည္ ဝတ္ရည္ကိုအစ္မရင္းလိုခံစားရသည္။
"လက္ထပ္ၿပီးရင္.....တို႔ ဒီၿမိဳ႕နဲ႕အနီးဆုံးမွာေနမယ္....အဲ့ကိစၥေတာ့ နင္ ဝိုင္းေျပာေပးမွရမယ္ထင္တယ္...အိမ္မွာ နင္ပဲ က်န္ခဲ့ရေတ့ာမွာ ေနာ္....ငါ့အစား လူႀကီးေတြကို ဂ႐ုစိုက္ေပး"
"အမ္.....အိမ္ခြဲေနမွာလား....အဲ့လိုဆို ပါပါးနဲ႕အန္တီထားက လက္ခံမယ္မထင္ဘူး...ဘာလို႔အိမ္ခြဲေနမွာလဲ.....ငါ့အခန္းကို ယူလိုက္ေလ...ငါ ကားဂိုေထာင္အေပၚက ထပ္ခိုးေလးမွာ ေျပာင္းေနေပးမယ္.....အိမ္ခြဲမေနပါနဲ႕ဟာ...ငါေတာင္ မေနတတ္ဘူး....လူႀကီးေတြဆို ပိုဆိုးမွာေပါ့"
လင္းသန့္ၾကည္ ေျပာရင္း ဝမ္းနည္းမႈေၾကာင့္လွိုက္တက္လာသည္။ အတူေနသည့္ သံေယာဇဥ္က နည္းမွမနည္းခဲ့တာ။
လင္းသန့္ၾကည္ ရန္ကုန္ကိုေက်ာင္းလာတက္ကာစကလဲ အေတာ္ေလးဒုကၡေရာက္သည္။
အေမတို႔ အဖြားတို႔နဲ႕ တစ္အိပ္ယာထဲ အိပ္ခဲ့ရသူပီပီ အိမ္လြမ္းနာကို ရက္ေပါင္းမ်ားစြာ ခံစားခဲ့ရဖူးသည္။
တစ္ခါမွ အိမ္နဲ႕ မခြဲဖူးသည့္အျပင္ အေမက အေဆာင္မွာ အပ္ေပးၿပီးတာနဲ႕ ခ်က္ခ်င္းျပန္ေတာ့တာေလ။ အိမ္မွာ အဖြားကို ထားခဲ့ရသည္ကိုး။ အေမက လင္းသန့္ၾကည္ကို ပိုးေမြးသလို တကယ္ဂ႐ုစိုက္ေမြးခဲ့တာ မွန္ေသာ္လည္း ေယာက်ားေလးတစ္ေယာက္ျဖစ္သည္ေၾကာင့္ ရဲဝံ့ျပတ္သားစြာ သတၱိရွိရွိလဲ ျဖစ္ေစခ်င္ျပန္သည္။
လင္းသန့္ၾကည္က ရန္ကုန္မွာ ေဆးေက်ာင္းလာမတက္ခင္အခ်ိန္ထိ အိမ္မွာ ထမင္းခြံ႕ေကြၽးရတုန္းရွိေသးတာ။
အေမနဲ႕အဖြားကို သိပ္ကို အခြၽဲပိုသည္။
ဝတ္ရည္တို႔အိမ္ကို ေျပာင္းၿပီးေနျပန္ေတာ့လဲ ဝတ္ရည္ထက္ပိုၿပီး အငယ္လိုဆက္ဆံခံရသည္။ အားလုံးရဲ႕အခ်စ္ခံရသည္။
သို႔ေသာ္ ဝတ္ရည္ အခ်စ္ခံရပုံကတစ္မ်ိဳး။
အိမ္မွာ ဝတ္ရည္က mood maker တစ္ေယာက္ေလ။ ေပါ့ေပါ့ပါးပါးရွိၿပီး သြက္လက္ထက္ျမက္သူဆိုေတာ့ သူမရွိရင္ မရွိသလို အိမ္ကသိပ္ကိုသိသာသည္။
လင္းသန့္ၾကည္က အၿငိမ္သမား....ဝတ္ရည္က အလႈပ္သမား....
ဝတ္ရည္မရွိလွ်င္ အိမ္မွာ ေနတတ္ၾကေတာ့မည္မထင္ပါ။
"ဒါ.....မဲ့....မမနဲ႕ကိုကိုက ခြဲေနခ်င္တာေလ...အိမ္ေထာင္ျပဳၿပီဆိုရင္ အိမ္အလုပ္ေတြက လုပ္ရေတာ့မွာပဲ.....အလုပ္လဲမထြက္ခ်င္ဘူး...ေဆးခန္းတစ္ဖက္ကရွိေသးတယ္....ဟုတ္ဘူးလား"
ဝတ္ရည္ကေတာ့ ဒါကို ေပါ့ေပါ့ပါးပါးပဲ ေျပာေနျပန္သည္။ ဝတ္ရည္မ ဟာေလ....သိပ္အသည္းမာသည္။ သူအသည္းမာသည္ဆိုကာမွ.....ကိုယ္ကပိုၿပီး ဝမ္းနည္းလာျပန္သည္။
"ဘယ္လိုပဲဖစ္ျဖစ္ေလ....အိမ္မွာပဲ ေနပါဟာ.....နင္ ခ်က္တတ္ ျပဳတ္တတ္တာလဲ မဟုတ္ဘဲနဲ႕...."
"နင့္ကိုကိုခ်က္တတ္တယ္ေလ.....သူက အခ်က္အျပဳတ္တာဝန္ယူရင္ ကိုယ္က အိမ္သန့္ရွင္းေရးနဲ႕အေလွ်ာ္အဖြတ္ တာဝန္ယူရမွာေပါ့....ဟုတ္ဘူးလား....အိမ္မွာဆို ေမေမပဲ ပင္ပန္းမယ္ေလ.....အလုပ္နဲ႕နီးနီးေနခ်င္တယ္ဟာ....ကား တိုးစီးရတာ အရမ္းပင္ပန္းတယ္"
"ကားဝယ္လိုက္ေလ......ကားဝယ္လိုက္ေပါ့.....ဟိုေန႕က ပါပါးက.... ကားဝယ္လို႔ေျပာတယ္ေလ.....ေနာ္....ေနာ္"
ဝတ္ရည္ရဲ႕ လက္ကို ကိုင္လႈပ္ကာ အေမာတေကာ အသည္းအသန္ျဖင့္ လင္းသန့္ၾကည္ ေျပာသည္။
"ေနပါေစေတာ့ဟာ......ေအာ....ဒါနဲ႕ ငါမရွိရင္ေရာ နင့္တစ္ေယာက္ထဲ ျပန္ရ သြားရ အဆင္ေျပမွာပါေနာ္"
ဝတ္ရည္ရဲ႕ ခုမွ လင္းသန့္ၾကည္ကို သတိရသည့္ဟန္ျဖင့္ေမးသည္။
"ဟင့္အင္း....ဟင့္အင္း....ဝတ္ရည္မ....ငါေမ့ေနတာ....ကားဝယ္လိုက္ရင္ ရတဲ့ဟာကို....နင္ကေလ...လြယ္တာကို သိပ္ခက္ေအာင္ လုပ္တယ္....အိမ္ျပန္ေရာက္ရင္ ငါေျပာေပးမယ္ ပါပါးကို ကားဝယ္ေပးဖို႔......အိမ္ခြဲေနဖို႔ေျပာမဲ့အစား ကားဝယ္ေပးဖို႔ေျပာတာ နီးစပ္တယ္....ငါပဲေျပာလိုက္ေတာမယ္"
"ဟာ.....ေနစမ္းပါဟာ....ငါ ကိုကိုနဲ႕တိုင္ပင္ၿပီးပါၿပီဆိုမွ"
"တိတ္......ငါ....ၾကည့္ စီစဥ္မယ္"
ေျပာရင္းဆိုရင္းပင္ အိမ္နားေရာက္လာခဲ့ၿပီ။
ကားခကို ဝတ္ရည္ကပင္ရွင္းကာ ႏွစ္ေယာက္သား အိမ္ကို ေလွ်ာက္လာခဲ့သည္။ အိမ္ေရွ႕ေရာက္မွ ဝတ္ရည္က လင္းသန့္ပုခုံးကိုဆြဲကာ.....
"လင္းသန့္ေလး...မမေျပာမယ္....ကိုကိုနဲ႕မမ လက္ထပ္ဖို႔ကိစၥ မေျပာနဲ႕အုံး...ကားကိစၥအရင္ေျပာလိုက္....ေနာ္"
"................"
လင္းသန့္ၾကည္ မသကၤာဖြယ္ရာ အနံ႕အသက္ေတြ စတင္ခံစားမိစျပဳၿပီ။
ဝတ္ရည္မရဲ႕ တည္တံေနလွစြာေသာ မ်က္ခြက္ႀကီးကို ၾကည့္ရင္း ၾကည့္ရင္း ပိုၿပီး သတိထားမိလာေတာ့သည္။
လင္းသန့္ၾကည္ ဝတ္ရည္မ၏ ေထာင္ေခ်ာက္မိေနၿပီလားဟု ေတြးေနရသည္။
တကယ္ပဲ လက္ထပ္ေတာ့မွာလား.....
ကား....ေၾကာင့္ လင္းသန့္ၾကည္ကို ဆြေလသည္လား...ေဝခြဲမရ။
ဒါေပမဲ့....ဝတ္ရည္က အတည္ေျပာေနသည့္ပုံ။
ဘယ္လို လုပ္ရမည္လဲ ဟု.....အသည္းအသန္စဥ္းစားရင္းျဖင့္.... အိမ္ထဲေရာက္လာေလၿပီ။
"ေဟာ.....ကေလးေတြျပန္လာၿပီ.....ေနာက္က်တယ္ေနာ္.....ငါ့ကေလးေတြ"
အန္တီထားရဲ႕ တစ္အိမ္လုံးကို လွမ္းေျပာသည့္အသံႏွင့္အတူ စိတ္ပူသံေလးကပါ ကပ္ပါလာသည္။
အခန္းထဲမွ.....ပါပါးထြက္လာသည္။
အန္တီရွိန္က ထမင္းစားခန္းထဲမွ....လွမ္းေအာ္သည္။
"ေရာက္ရင္.....ထမင္းစားၾကမယ္ကြာ....ေရျမန္ျမန္ခ်ိဳးၾက.....ကေလးေတြကို ေစာင့္ေနတာ....ထမင္းပြဲျပင္လိုက္ေတာ့မယ္...ေနာ္"
လင္းသန့္ၾကည္ႏွင့္ ဝတ္ရည္ ကိုယ့္အခန္းကိုယ္ေျပးၿပီး ေရခ်ိဳးၾကရသည္။
ခဏေနလို႔ ထမင္းစားခန္းထဲေရာက္ေတာ့....လူႀကီးေတြက ထမင္းလက္ဆုံစားဖို႔ ေစာင့္ေနဆဲ။
အရင္ေစာေစာစားႏွင့္ပါဟု ဘယ္ေတာ့မွ ေျပာလို႔မရပါ။ ပါပါး ေစာေစာျပန္ေရာက္တဲ့ရက္ဆို ပိုဆိုးသည္။
မိသားစုစုံေအာင္ေစာင့္ၿပီးမွ စားေတာ့ ေနာက္က်သည္။
ခုံတြင္ ဝင္ထိုင္ၿပီး လူႀကီးေတြကို ၾကည့္သည္။
"လင္းသန့္....ေျပာစရာ ရွိလို႔လား...."
ပါပါးကေမးသည္။
"ဟုတ္..... ပါပါး....ဟို....သားတို႔....ကားဝယ္မလားလို႔ပါ"
"ဝယ္ေလ....သားရဲ႕....သားလဲ ကားရွိရင္ အလိုလိုေမာင္းရဲသြားမွာပါ.....အိမ္မွာ ေနာက္က်ရင္ စိတ္ပူေနရတာ....ေနာ့"
"ဟုတ္.....ဟို.....ဟို...ေလ......ဝတ္ရည္က.....ဟို...."
"တစ္ဟိုဟိုနဲ႕.....ဘာျဖစ္....လူႀကီးေတြက ထမင္းစားဖို႔ေစာင့္ေနတာကို.....စားမယ္ေလ....ေမာင္ေလးရဲ႕.....ကားဝယ္ဖို႔ဆို....ဟုတ္လား"
ေျပာရင္းဆိုရင္းေရာက္လာပါၿပီ။ ေဒၚဝတ္ရည္တိုးဝင့္ရွိန္....
လူႀကီးေတြက ႏွစ္ေယာက္သားကို ေငးရင္း...
လင္းသန့္ၾကည္ မွားေလၿပီ။
ဝတ္ရည္ရဲ႕ ေထာင္ေခ်ာက္ထဲသို႔အမွန္တကယ္က်ေရာက္သြားမွန္း ရွင္းလင္းတိက်စြာ သိလိုက္ရပါၿပီ။
ဒါေပမဲ့....ဘယ္လိုျပန္ရွင္းရေတာ့မလဲ။ လူႀကီးေတြက အိမ္ျပန္ေနာက္က်ရင္စိတ္ပူတာလဲ သိေနတာပဲ။
ေဆး႐ုံ ေဆးခန္းအလုပ္ကေရာ အိမ္ျပန္ေစာတာရွိလို႔လား။
ခုေတာ့ ဝတ္ရည္မကို သတ္ခ်င္ေနေပမဲ့...လူႀကီးေတြကို ၾကည့္ျပန္ေတာ့ ေျပာၿပီးသားစကား မျပင္ခ်င္ျပန္။
ဝတ္ရည္မက... ၿပဳံးစိစိနဲ႕....
လင္းသန့္ၾကည္က ငိုမဲ့မဲ့နဲ႕.....
.
.
.
.
.
.
.
ဆက္ရန္.......