မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

784K 71.8K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

part(15)

9K 962 14
By SpringGenAerri

နီးကပ်လာသော.... ခြေလှမ်းများ.....

ထမင်းစားပြီးတာနဲ့ လူကြီးတွေနဲ့ခဏစကားပြောကြသည်။ တခြားမိသားစုတွေက ဒီအချိန်မှာ အနားယူကြပြီဆိုပေမဲ့...ဒီမိသားစုကတော့ အနားမယူနိုင်ကြသေးပါ။ နေ့တိုင်းမိသားစုဆုံတာမရှိသလို ဆုံတဲ့အချိန်ကိုတော့ တန်ဖိုးထားတတ်ကြသည်။ စကားပြောရင်း ပြောရင်း အချိန်နောက်ကျလို့ နောက်ကျနေမှန်းတောင်မသိလိုက်ကြ။

ဒီနေ့ရဲ့ အဓိက ပြောဖြစ်တဲ့အကြောင်းအရာကတော့...ကားအကြောင်းပါပဲ။ အတက်ကြွဆုံးဆွေးနွေးသူကတော့ အများသိကြတဲ့အတိုင်း.....ဒေါ်ဝတ်ရည်ပေါ့။ ဖြစ်နိုင်ရင် လင်းသန့်ကြည်က သေးနိုင်သမျှသေးသည့်ကားမျိုးကို လိုချင်သည်။ ရန်ကုန်မှာအဝင်အထွက်က ကားသေးလေ ကောင်းလေမှလား။
ငွေလဲ သိပ်မကုန်စေချင်တော့.....toyota vits ဒါမှမဟုတ်ရင် honda fit လောက်ပဲလိုချင်သည်။
ဝတ်ရည်က brand new ကိုလိုချင်နေသည်။ ကားကိုလဲ sport type ခပ်မြင့်မြင့်လိုချင်သည်။ နယ်ဝေးခရီးထွက်သည့်အခါအဆင်ပြေတာမျိုးပေါ့။
လင်းသန့်ကြည်မှာ ဝတ်ရည်ကို ပြူးကြည့်နေရသည်။

တစ်ခုပဲ အလစ်အငိုက်ခံမယ် မိဝတ်ရည်ရေ......
အားလုံးတော့ နင့်သဘော အဖြစ်မခံနိုင်ဘူး.....
ဒီတစ်ခုတောင် လူကြီးတွေက တိုက်တွန်းလို့နော်....ဟွန်း....
လင်းသန့်ကြည်မှ ဝတ်ရည် လူလည်ကျသမျှကို လူကြီးတွေကိုလဲ မတိုင်ရဲတော့ ကြိတ်ခံနေရသည်။

နောက်ဆုံးတော့....ပါပါးနဲ့ အန်တီထားက လင်းသန့်ကြည်ဖြစ်စေချင်တာကိုသာ အကြမ်းဖျင်းလက်ခံကြသည်။ သူငယ်ချင်းနှစ်ယောက် အလုပ် သွားရုံ ပြန်ရုံအတွက်ပဲမို့ တော်သင့်ရုံ တစ်ပတ်ရစ်ထဲက သန့်တာလေးကိုရှာဝယ်ဖို့ပဲ ပြောသည်။

စကားပြောလို့ ပြီးတော့ ဆယ်နာရီကျော်နေပြီ။
အားလုံးကို နှုတ်ဆက်ကာ လင်းသန့်ကြည် အခန်းထဲဝင်လာခဲ့တော့သည်။ မေမေနဲ့ဖွားဆီ ဖုံးဆက်ရမည်လေ။

ဝတ်ရည်နဲ့ အန်တီရှိန်တို့ တူဝရီးလဲ အခန်းထဲဝင်ကြပြီ။

မနက်ဖန်တော့ ဂျူတီအရမ်းကြီးစောစောမဝင်ရပေမဲ့
ဆရာဝန်ကြီး round တဲ့နောက်ကို နှစ်ယောက်လုံး လိုက်ကြရမည်။
စောစောနားတော့မည်။

အိပ်ယာပေါ်ကို ခေါင်းချပြီး နားကာမှ....လင်းသန့်ကြည် တစ်စုံတစ်ယောက်ကို သတိရမိပြန်သည်။
သူ......နေကောင်းရဲ့လား....မနေ့ညက.... ဒီချိန်လောက်မှာ သူဆေးရုံကိုရောက်လာတာပဲ....နေကောင်းပါစေလို့ဆုတောင်းပေးနေလိုက်သည်။
ထူးဆန်းသောညလို့ပဲ ပြောရမလား...... အရာအားလုံးရဲ့စတင်ခြင်းညလို့ပဲ ပြောရမလားမသိတော့ပါဘူး။ သူ့ကိုစိတ်ပူရင်း...သူနေကောင်းပါစေလို့ဆုတောင်းရင်း လင်းသန့်ကြည် အိပ်ပျော်သွားတော့သည်။
တစ်စုံတစ်ယောက်ကို တွေးရင်း အိပ်ပျော်ရသည်မှာ လင်းသန့်ကြည်ဘဝတွင် ပထမဆုံးဖြစ်သည်။
.
.
.

ထိုအချိန်တွင် ဘဂျမ်းက အိပ်ပျော်နေတာပါ။

အစာပျော့ပျော့ပဲစားပါလို့ မှာလိုက်လို့ ပျော့ရုံမက ပြဲကာနေသော ကြာဇံပြုတ်ကို စားခဲ့သည်။
ဆေးသောက်ပါနော်လို့ ပြောလိုက်သည်ကြောင့် ဆေးသောက်ပြီးပြီ။သူ့စကားကို တစ်ခါနားမထောင်မိတာကြောင့် အဖြစ်အပျက်က အားနာစရာတွေအထိဖြစ်ကုန်သည်လေ။ အပေတုံးလုပ်မိတာက ကိုယ်ပဲဖြစ်တာပေမဲ့ ပင်ပန်းသွားရသူက သူလေ။ လူပုံကြည့်တော့ မထင်ရဘူး။ ဖြူဖျော့ဖျော့လေးက သိပ်ကိုပင်ပန်းခံနိုင်သည်တဲ့။ ကျွဲပေါက်လိုလူကတော့ .... ပေ မိသည့်အတွက်အားနာရသည်။

အမေနဲ့လဲ ဖုန်းပြောလိုက်သေးသည်။
ဘဂျမ်း မပြန်တာကြာပြီဆိုတော့ အမေက နေထိုင်မကောင်းချိန် အဝေးမှာမို့လို့ သိပ်စိတ်မကောင်းရှာ။ အမေလာခဲ့ရမလား ဟု အကြိမ်ကြိမ်မေးသည်။
နဲနဲပါးပါးသက်သာရင် အိမ်ကိုခဏပြန်ခဲ့ဖို့လဲ တောင်းဆိုသည်။ ဘဂျမ်းအတွက် တစ်ဦးတည်းသော မှီခိုရာက အမေဖြစ်သလို....အမေ့အတွက်လဲ ဘဂျမ်းကသာ တစ်ဦးတည်းသော အားကိုးရာ။
အမေက ဘဂျမ်းအတွက်အမြဲစိတ်မကောင်းဖြစ်ရရှာသည်။

သူ့သားလေး တက်သည့်အရွယ်....အရာရာပြည့်စုံရမည့်အရွယ်တွင် ကျောင်းထွက်ပြီး မြို့ကိုတက်ပြီး အလုပ်ကြမ်းနဲ့စတင်ခဲ့ရသည်။ဒါ့အပြင် လူရိုးလူကောင်းလေး ဘဂျမ်းကို အသုံးချခံရပြီး ထောင်ကျခဲ့ရသေးသည်။ အမက ဘဂျမ်းကို ဖြစ်နိုင်ရင်သူ့မျက်စိအောက်အပျောက်မခံထားချင်နေတာပါ။ ဘဂျမ်းကသာ အမေ့ကိုတောင်းပန်ပြီး အလုပ်ဆက်လုပ်နေတာ။
ကလေးတွေ ရှေ့ရေးက ရှိသေးသည်။ ဘဂျမ်း ငွေရလွယ်သည့် ရန်ကုန်မှာ ဆက်ပြီးအလုပ် လုပ်ရအုံးမည်။ကြိုးစားပန်းစား ရှာဖွေပြီး ကျစ်ကျစ်လစ်လစ်စုဆောင်းရအုံးမည်။ ဒါမှ....အမေ့အနား ဘဂျမ်း ပြန်နိုင်မည်။
.
.
.
.
.
ဆေးသောက်ပြီးမကြာပါဘူး....ဘဂျမ်း အိပ်လိုက်တာပါပဲ။
.
.
.နောက်တစ်နေ့မနက်မှာ ဘဂျမ်း ပေါ့ပါးကြည်လင်စွာနိုးလာခဲ့သည်။ အဖျားမရှိတော့တဲ့ပုံပဲ။ ရေချိုးချင်သည်။ ရေချိုးလို့ရပါ့မလားလဲတွေးရသည်။ သို့သော် မနေ့က အဖျားပြင်းရင်ရေချိုးချရမယ်လို့ သူပြောသံကြားမိသည်။ မြန်မြန်ဆန်ဆန်ပဲ ဘဂျမ်း မျက်နှာသစ်ကာ ရေချိုးလိုက်သည်။ မနက်စာကို အစာပြည့်တာ စားချင်မိသည်။ လမ်းထိပ်လက်ဖက်ရည်ဆိုင်က အီကြာကွေးပူပူလေးနှင့်လက်ဖက်ရည်ကျကျစိမ့်စိမ့်ကိုစားမည်ဟုတွေးသည်။
တစ်ခါမှ လက်ဖက်ရည်ဆိုင်မထိုင်ဖူးခဲ့သည့် ဘဂျမ်းပါ။

ယောကျားလေးအများစုက လက်ဖက်ရည်ဆိုင်ထိုင်ရင် အမြဲအကျင့်ဖြစ်သည်လေ။ ဒါကြောင့် ဘဂျမ်းမှာ ထိုသို့ပိုက်ဆံကုန်ခံရမည့်အကျင့်မျိုးမရှိ။ ညဘက် ဘောလုံးပွဲတွေကို လက်ဖက်ရည်ဆိုင်မှာကြည့်ရသည့်အရသာသည် ဘာနဲ့မှမတူပါ။ ဘဂျမ်း ဘောလုံးပွဲတော့ကြိုက်သည်။ သို့သော် လက်ဖက်ရည်ဆိုင်ထဲမှာ ဘဂျမ်းထိုင်မကြည်တတ်။ လမ်းထိပ်အုတ်ခုံပေါ်ကနေ လှမ်းကြည့်လို့ရသည်လေ။

အဆောင်ပြင်ကို ထွက်မိသည်နှင့် လမ်းမမှာတွေ့ရတဲ့ ကိုဝင်းအောင်....

"သက်သာလား...ဘဂျမ်း"

ဘဂျမ်းကိုလှမ်းမေးသည်။

"ဟုတ်ကဲ့ ကိုဝင်းအောင် သက်သာပါတယ်...ကျွန်တော်ဆေးသောက်ရအုံးမှာ....တစ်ခုခုသွားစားမလို့... ကိုဝင်းအောင်လဲ လိုက်ခဲ့လေ"

"နေပါစေကွာ...ငါ....မလိုက်တော့ပါဘူး"

"လာ ပါ ဗျာ....ကျွန်တော်ကျေးဇူးတင်လို့ပါ....လိုက်ခဲ့ပါ"

ကိုဝင်းအောင်ပြုံးပြုံးကြီးနှင့်ခေါင်းညိမ့်ပြသည်။
လမ်းထိပ်ကိုသိပ်တော့မလျှောက်လိုက်ရ။
မှာစရာရှိတာ မှာပြီး စားကြသည်။
ကိုဝင်းအောင်ကလဲ....ဘဂျမ်းအကြောင်း သူသိချင်တာမေးသည်။ ဘဂျမ်းလဲ စိတ်လိုလက်ရဖြေမိသည်။
အရင်ဆို ဘဂျမ်းက လူရှောင်သည်။ ချေတာမိုးတာမျိုးမဟုတ်ရပါ။ ကိုယ့်ဘဝနဲ့ကိုယ်.... ကိုယ့်အကြောင်း ကိုယ်သာသိသည်။ ဒါကြောင့် ရပ်ကွက်ထဲမှာ အပေါင်းအသင်းရယ်လို့မရှိ။ သို့သော် ကူညီစရာရှိရင် ကူညီပေးလိုက်တတ်သည်။
ဘဂျမ်းမှာ အဖော်အပေါင်းဆိုလို့ ညနေ အိမ်ကိုစောစောပြန်ရတဲ့နေ့မှာ အတူဘောလုံးထွက်ကန်သည့် ကလေးတွေသာရှိသည်။

စကားလဲပြောကြ....စားသောက်လို့လဲ ပြီးကျပြီဆိုတော့...ဘဂျမ်း...ပါဆယ်ထုတ်သည်။
လက်ဖက်ရည်နှင့်အီကြာကွေးကို အဆောင်မှာကျန်နေသေးသည့်သူတွေအတွက် ပါဆယ်ဝယ်ခဲ့သည်။
အဲ့နေ့ညက သူတို့သာ မကယ်ရင် ဘဂျမ်းဘဝမတွေးရဲပါ။

"မင်းဟာ.....များလှချည်လားကွ"

"ဟုတ်တယ် ကိုဝင်းအောင်...အဆောင်ကလူတွေ ကျွေးချင်လို့"

"အေး...အေး....ကောင်းပါတယ်ကွာ...မင်းပြန်လိုက်တော့ ငါအလုပ်သွားမှာ"

ကိုဝင်းအောင်ကို ဘဂျမ်း နှုတ်ဆက်ပြီး အဆောင်ကိုပြန်ခဲ့သည်။

"ဟေ့ရောင်...ဘဂျမ်း...မင်းကို ဆေးခန်းလာဖို့....ဆရာဝန်လေးကမှာထားတယ်နော်....ဒီနေ့အလုပ်နားဖို့လဲ ပြောလိုက်တယ်"

ဘဂျမ်းနောက်ကျောမှ...ကိုဝင်းအောင်လှမ်းအော်ပြောသည်။

"ဟုတ်.....ဟုတ်ကဲ့...ကိုဝင်းအောင်"

သတိ က ရသွားပြန်သည်။

အဆောင်သို့ပြန်ရောက်တော့...အောက်ထပ်အခန်းတွေဆီကိုဝင်ကာ ဝယ်လာတဲ့ မနက်စာတွေပေးရင်းကျေးဇူးတင်စကားပြောရသည်။ အရင်က ဘဂျမ်းက ရင်းရင်းနှီးနှီးမနေခဲ့ကြသူတွေပေမဲ့....ယောကျားလေးတွေဆိုတော့ တေးနေ ကောက်နေတာတာသိပ်မရှိပါ။ ဘဂျမ်းက ရင်းရင်းနှီးနှီးမနေတတ်ပေမဲ့ ပြသနာလဲမရှာသလို စိတ်ရင်းကောင်းပြီးအနေအေးမှန်း သူတို့သိကြတာလဲပါသည်။
ဖွယ်ဖွယ်ရာရာမပြောတတ်တဲ့ကျေးဇူးတင်စကားကိုပဲ ပြောတတ်သလိုပြောကာ ဘဂျမ်း အခန်းဆီပြန်ခဲ့သည်။

ဆေးသောက်ပြီး.... နားရမည်။
နားချင်စိတ်လဲ သိပ်မရှိသလို.....မနားလဲ ရပါသည်။
တကယ်ကို နေကောင်းနေပါပြီ။
ဒါပေမဲ့....ဘဂျမ်း....ကြောက်သွားပြီ။
ပုံပျက်ပန်းပျက်နဲ့ ဆေးရုံကိုထမ်းပြေးရသည်ကိုလဲ ကြောက်သည်။ ပြင်းပြင်းထန်ထန်ခံစားရသည့် အဖျားကိုလဲကြောက်သည်။
ပြီးတော့......ပြီးတော့.....သူ့စကားကိုအမှုမဲ့ အမှတ်မဲ့ လုပ်မိမှာ ပိုကြောက်သည်။
သူ့စေတနာကို သိသည်။
သူ ကြင်နာတတ်တာကို ခံစားရသည်။
သူစိတ်ပူနေတာကိုမြင်သည်။

ဒါကြောင့်.....ဘာရယ်တော့မဟုတ်ပေမဲ့...ဘယ်လိုရည်ရွယ်ရင်းမှ မရှိပေမဲ့....ဘာကြောင့်အတိအကျမသိပေမဲ့ ဘဂျမ်း ဘဝမှာ လူတစ်ဦးတစ်ယောက်ကိုအလေးထားမိစပြုပြီ။ ကိုယ်မဟုတ်သူတစ်ယောက်....ကိုယ်မိသားစုဝင်တစ်ယောက်လဲ မဟုတ်သည့် အခြားသောလူစိမ်းတစ်ယောက်ကို.... ကိုယ့်ခန္ဓာအစိတ်အပိုင်းလို...ကိုယ့်မိသားစုသွေးသားလို အလေးဂရုထားမိပြီ။
စိတ်ရဲ့စေရာက အလျားအနံတိုင်းတာလို့မရနိုင်တော့...
ဖမ်းဆုပ်မိဖို့ရာလဲမဖြစ်နိုင်သေး။
ခံစားချက်ကို အမျိုးအမည်ခွဲခြါးဖို့လဲ သတိမကပ်သေးခင်ပေါ့.....

ဘဂျမ်း ပြုံးပြီးရင်းပြုံးမိသည်။
တွေးမိတိုင်းပြုံးမိနေသည်။
သူ့ကိုယ်သူ သတိမထားမိပါ။

တကယ်တော့...ဘဂျမ်း..အတွေးက ရိုးရိုးသားသားပါပဲ။ ကိုယ်လုပ်လိုက်တဲ့ပေါ့ဆမှုကြောင့် တပါးသူတွေကို ပင်ပန်းမှုမဖြစ်စေချင်တာပါ။

သို့သော်.....ဒါ.....မှန်ရဲ့လား.....
ရပ်တန့်ဖို့လိုမလား.......
.
.
.
.
.
.
.
ဆက်ရန်......


နီးကပ္လာေသာ.... ေျခလွမ္းမ်ား.....

ထမင္းစားၿပီးတာနဲ႕ လူႀကီးေတြနဲ႕ခဏစကားေျပာၾကသည္။ တျခားမိသားစုေတြက ဒီအခ်ိန္မွာ အနားယူၾကၿပီဆိုေပမဲ့...ဒီမိသားစုကေတာ့ အနားမယူနိုင္ၾကေသးပါ။ ေန႕တိုင္းမိသားစုဆုံတာမရွိသလို ဆုံတဲ့အခ်ိန္ကိုေတာ့ တန္ဖိုးထားတတ္ၾကသည္။ စကားေျပာရင္း ေျပာရင္း အခ်ိန္ေနာက္က်လိဳ႕ ေနာက္က်ေနမွန္းေတာင္မသိလိုက္ၾက။

ဒီေန႕ရဲ႕ အဓိက ေျပာျဖစ္တဲ့အေၾကာင္းအရာကေတာ့...ကားအေၾကာင္းပါပဲ။ အတက္ႂကြဆုံးေဆြးႏြေးသူကေတာ့ အမ်ားသိၾကတဲ့အတိုင္း.....ေဒၚဝတ္ရည္ေပါ့။ ျဖစ္နိုင္ရင္ လင္းသန့္ၾကည္က ေသးနိုင္သမွ်ေသးသည့္ကားမ်ိဳးကို လိုခ်င္သည္။ ရန္ကုန္မွာအဝင္အထြက္က ကားေသးေလ ေကာင္းေလမွလား။
ေငြလဲ သိပ္မကုန္ေစခ်င္ေတာ့.....toyota vits ဒါမွမဟုတ္ရင္ honda fit ေလာက္ပဲလိုခ်င္သည္။
ဝတ္ရည္က brand new ကိုလိုခ်င္ေနသည္။ ကားကိုလဲ sport type ခပ္ျမင့္ျမင့္လိုခ်င္သည္။ နယ္ေဝးခရီးထြက္သည့္အခါအဆင္ေျပတာမ်ိဳးေပါ့။
လင္းသန့္ၾကည္မွာ ဝတ္ရည္ကို ျပဴးၾကည့္ေနရသည္။

တစ္ခုပဲ အလစ္အငိုက္ခံမယ္ မိဝတ္ရည္ေရ......
အားလုံးေတာ့ နင့္သေဘာ အျဖစ္မခံနိုင္ဘူး.....
ဒီတစ္ခုေတာင္ လူႀကီးေတြက တိုက္တြန္းလို႔ေနာ္....ဟြန္း....
လင္းသန့္ၾကည္မွ ဝတ္ရည္ လူလည္က်သမွ်ကို လူႀကီးေတြကိုလဲ မတိုင္ရဲေတာ့ ႀကိတ္ခံေနရသည္။

ေနာက္ဆုံးေတာ့....ပါပါးနဲ႕ အန္တီထားက လင္းသန့္ၾကည္ျဖစ္ေစခ်င္တာကိုသာ အၾကမ္းဖ်င္းလက္ခံၾကသည္။ သူငယ္ခ်င္းႏွစ္ေယာက္ အလုပ္ သြား႐ုံ ျပန္႐ုံအတြက္ပဲမို႔ ေတာ္သင့္႐ုံ တစ္ပတ္ရစ္ထဲက သန့္တာေလးကိုရွာဝယ္ဖို႔ပဲ ေျပာသည္။

စကားေျပာလို႔ ၿပီးေတာ့ ဆယ္နာရီေက်ာ္ေနၿပီ။
အားလုံးကို ႏႈတ္ဆက္ကာ လင္းသန့္ၾကည္ အခန္းထဲဝင္လာခဲ့ေတာ့သည္။ ေမေမနဲ႕ဖြားဆီ ဖုံးဆက္ရမည္ေလ။

ဝတ္ရည္နဲ႕ အန္တီရွိန္တို႔ တူဝရီးလဲ အခန္းထဲဝင္ၾကၿပီ။

မနက္ဖန္ေတာ့ ဂ်ဴတီအရမ္းႀကီးေစာေစာမဝင္ရေပမဲ့
ဆရာဝန္ႀကီး round တဲ့ေနာက္ကို ႏွစ္ေယာက္လုံး လိုက္ၾကရမည္။
ေစာေစာနားေတာ့မည္။

အိပ္ယာေပၚကို ေခါင္းခ်ၿပီး နားကာမွ....လင္းသန့္ၾကည္ တစ္စုံတစ္ေယာက္ကို သတိရမိျပန္သည္။
သူ......ေနေကာင္းရဲ႕လား....မေန႕ညက.... ဒီခ်ိန္ေလာက္မွာ သူေဆး႐ုံကိုေရာက္လာတာပဲ....ေနေကာင္းပါေစလို႔ဆုေတာင္းေပးေနလိုက္သည္။
ထူးဆန္းေသာညလို႔ပဲ ေျပာရမလား...... အရာအားလုံးရဲ႕စတင္ျခင္းညလို႔ပဲ ေျပာရမလားမသိေတာ့ပါဘူး။ သူ႕ကိုစိတ္ပူရင္း...သူေနေကာင္းပါေစလို႔ဆုေတာင္းရင္း လင္းသန့္ၾကည္ အိပ္ေပ်ာ္သြားေတာ့သည္။
တစ္စုံတစ္ေယာက္ကို ေတြးရင္း အိပ္ေပ်ာ္ရသည္မွာ လင္းသန့္ၾကည္ဘဝတြင္ ပထမဆုံးျဖစ္သည္။
.
.
.

ထိုအခ်ိန္တြင္ ဘဂ်မ္းက အိပ္ေပ်ာ္ေနတာပါ။

အစာေပ်ာ့ေပ်ာ့ပဲစားပါလို႔ မွာလိုက္လို႔ ေပ်ာ့႐ုံမက ၿပဲကာေနေသာ ၾကာဇံျပဳတ္ကို စားခဲ့သည္။
ေဆးေသာက္ပါေနာ္လို႔ ေျပာလိုက္သည္ေၾကာင့္ ေဆးေသာက္ၿပီးၿပီ။သူ႕စကားကို တစ္ခါနားမေထာင္မိတာေၾကာင့္ အျဖစ္အပ်က္က အားနာစရာေတြအထိျဖစ္ကုန္သည္ေလ။ အေပတုံးလုပ္မိတာက ကိုယ္ပဲျဖစ္တာေပမဲ့ ပင္ပန္းသြားရသူက သူေလ။ လူပုံၾကည့္ေတာ့ မထင္ရဘူး။ ျဖဴေဖ်ာ့ေဖ်ာ့ေလးက သိပ္ကိုပင္ပန္းခံနိုင္သည္တဲ့။ ကြၽဲေပါက္လိုလူကေတာ့ .... ေပ မိသည့္အတြက္အားနာရသည္။

အေမနဲ႕လဲ ဖုန္းေျပာလိုက္ေသးသည္။
ဘဂ်မ္း မျပန္တာၾကာၿပီဆိုေတာ့ အေမက ေနထိုင္မေကာင္းခ်ိန္ အေဝးမွာမို႔လို႔ သိပ္စိတ္မေကာင္းရွာ။ အေမလာခဲ့ရမလား ဟု အႀကိမ္ႀကိမ္ေမးသည္။
နဲနဲပါးပါးသက္သာရင္ အိမ္ကိုခဏျပန္ခဲ့ဖို႔လဲ ေတာင္းဆိုသည္။ ဘဂ်မ္းအတြက္ တစ္ဦးတည္းေသာ မွီခိုရာက အေမျဖစ္သလို....အေမ့အတြက္လဲ ဘဂ်မ္းကသာ တစ္ဦးတည္းေသာ အားကိုးရာ။
အေမက ဘဂ်မ္းအတြက္အၿမဲစိတ္မေကာင္းျဖစ္ရရွာသည္။

သူ႕သားေလး တက္သည့္အ႐ြယ္....အရာရာျပည့္စုံရမည့္အ႐ြယ္တြင္ ေက်ာင္းထြက္ၿပီး ၿမိဳ႕ကိုတက္ၿပီး အလုပ္ၾကမ္းနဲ႕စတင္ခဲ့ရသည္။ဒါ့အျပင္ လူရိုးလူေကာင္းေလး ဘဂ်မ္းကို အသုံးခ်ခံရၿပီး ေထာင္က်ခဲ့ရေသးသည္။ အမက ဘဂ်မ္းကို ျဖစ္နိုင္ရင္သူ႕မ်က္စိေအာက္အေပ်ာက္မခံထားခ်င္ေနတာပါ။ ဘဂ်မ္းကသာ အေမ့ကိုေတာင္းပန္ၿပီး အလုပ္ဆက္လုပ္ေနတာ။
ကေလးေတြ ေရွ႕ေရးက ရွိေသးသည္။ ဘဂ်မ္း ေငြရလြယ္သည့္ ရန္ကုန္မွာ ဆက္ၿပီးအလုပ္ လုပ္ရအုံးမည္။ႀကိဳးစားပန္းစား ရွာေဖြၿပီး က်စ္က်စ္လစ္လစ္စုေဆာင္းရအုံးမည္။ ဒါမွ....အေမ့အနား ဘဂ်မ္း ျပန္နိုင္မည္။
.
.
.
.
.
ေဆးေသာက္ၿပီးမၾကာပါဘူး....ဘဂ်မ္း အိပ္လိုက္တာပါပဲ။
.
.
.ေနာက္တစ္ေန႕မနက္မွာ ဘဂ်မ္း ေပါ့ပါးၾကည္လင္စြာနိုးလာခဲ့သည္။ အဖ်ားမရွိေတာ့တဲ့ပုံပဲ။ ေရခ်ိဳးခ်င္သည္။ ေရခ်ိဳးလို႔ရပါ့မလားလဲေတြးရသည္။ သို႔ေသာ္ မေန႕က အဖ်ားျပင္းရင္ေရခ်ိဳးခ်ရမယ္လို႔ သူေျပာသံၾကားမိသည္။ ျမန္ျမန္ဆန္ဆန္ပဲ ဘဂ်မ္း မ်က္ႏွာသစ္ကာ ေရခ်ိဳးလိုက္သည္။ မနက္စာကို အစာျပည့္တာ စားခ်င္မိသည္။ လမ္းထိပ္လက္ဖက္ရည္ဆိုင္က အီၾကာေကြးပူပူေလးႏွင့္လက္ဖက္ရည္က်က်စိမ့္စိမ့္ကိုစားမည္ဟုေတြးသည္။
တစ္ခါမွ လက္ဖက္ရည္ဆိုင္မထိုင္ဖူးခဲ့သည့္ ဘဂ်မ္းပါ။

ေယာက်ားေလးအမ်ားစုက လက္ဖက္ရည္ဆိုင္ထိုင္ရင္ အၿမဲအက်င့္ျဖစ္သည္ေလ။ ဒါေၾကာင့္ ဘဂ်မ္းမွာ ထိုသို႔ပိုက္ဆံကုန္ခံရမည့္အက်င့္မ်ိဳးမရွိ။ ညဘက္ ေဘာလုံးပြဲေတြကို လက္ဖက္ရည္ဆိုင္မွာၾကည့္ရသည့္အရသာသည္ ဘာနဲ႕မွမတူပါ။ ဘဂ်မ္း ေဘာလုံးပြဲေတာ့ႀကိဳက္သည္။ သို႔ေသာ္ လက္ဖက္ရည္ဆိုင္ထဲမွာ ဘဂ်မ္းထိုင္မၾကည္တတ္။ လမ္းထိပ္အုတ္ခုံေပၚကေန လွမ္းၾကည့္လို႔ရသည္ေလ။

အေဆာင္ျပင္ကို ထြက္မိသည္ႏွင့္ လမ္းမမွာေတြ႕ရတဲ့ ကိုဝင္းေအာင္....

"သက္သာလား...ဘဂ်မ္း"

ဘဂ်မ္းကိုလွမ္းေမးသည္။

"ဟုတ္ကဲ့ ကိုဝင္းေအာင္ သက္သာပါတယ္...ကြၽန္ေတာ္ေဆးေသာက္ရအုံးမွာ....တစ္ခုခုသြားစားမလို႔... ကိုဝင္းေအာင္လဲ လိုက္ခဲ့ေလ"

"ေနပါေစကြာ...ငါ....မလိုက္ေတာ့ပါဘူး"

"လာ ပါ ဗ်ာ....ကြၽန္ေတာ္ေက်းဇူးတင္လို႔ပါ....လိုက္ခဲ့ပါ"

ကိုဝင္းေအာင္ၿပဳံးၿပဳံးႀကီးႏွင့္ေခါင္းညိမ့္ျပသည္။
လမ္းထိပ္ကိုသိပ္ေတာ့မေလွ်ာက္လိုက္ရ။
မွာစရာရွိတာ မွာၿပီး စားၾကသည္။
ကိုဝင္းေအာင္ကလဲ....ဘဂ်မ္းအေၾကာင္း သူသိခ်င္တာေမးသည္။ ဘဂ်မ္းလဲ စိတ္လိုလက္ရေျဖမိသည္။
အရင္ဆို ဘဂ်မ္းက လူေရွာင္သည္။ ေခ်တာမိုးတာမ်ိဳးမဟုတ္ရပါ။ ကိုယ့္ဘဝနဲ႕ကိုယ္.... ကိုယ့္အေၾကာင္း ကိုယ္သာသိသည္။ ဒါေၾကာင့္ ရပ္ကြက္ထဲမွာ အေပါင္းအသင္းရယ္လို႔မရွိ။ သို႔ေသာ္ ကူညီစရာရွိရင္ ကူညီေပးလိုက္တတ္သည္။
ဘဂ်မ္းမွာ အေဖာ္အေပါင္းဆိုလို႔ ညေန အိမ္ကိုေစာေစာျပန္ရတဲ့ေန႕မွာ အတူေဘာလုံးထြက္ကန္သည့္ ကေလးေတြသာရွိသည္။

စကားလဲေျပာၾက....စားေသာက္လို႔လဲ ၿပီးက်ၿပီဆိုေတာ့...ဘဂ်မ္း...ပါဆယ္ထုတ္သည္။
လက္ဖက္ရည္ႏွင့္အီၾကာေကြးကို အေဆာင္မွာက်န္ေနေသးသည့္သူေတြအတြက္ ပါဆယ္ဝယ္ခဲ့သည္။
အဲ့ေန႕ညက သူတို႔သာ မကယ္ရင္ ဘဂ်မ္းဘဝမေတြးရဲပါ။

"မင္းဟာ.....မ်ားလွခ်ည္လားကြ"

"ဟုတ္တယ္ ကိုဝင္းေအာင္...အေဆာင္ကလူေတြ ေကြၽးခ်င္လို႔"

"ေအး...ေအး....ေကာင္းပါတယ္ကြာ...မင္းျပန္လိုက္ေတာ့ ငါအလုပ္သြားမွာ"

ကိုဝင္းေအာင္ကို ဘဂ်မ္း ႏႈတ္ဆက္ၿပီး အေဆာင္ကိုျပန္ခဲ့သည္။

"ေဟ့ေရာင္...ဘဂ်မ္း...မင္းကို ေဆးခန္းလာဖို႔....ဆရာဝန္ေလးကမွာထားတယ္ေနာ္....ဒီေန႕အလုပ္နားဖို႔လဲ ေျပာလိုက္တယ္"

ဘဂ်မ္းေနာက္ေက်ာမွ...ကိုဝင္းေအာင္လွမ္းေအာ္ေျပာသည္။

"ဟုတ္.....ဟုတ္ကဲ့...ကိုဝင္းေအာင္"

သတိ က ရသြားျပန္သည္။

အေဆာင္သို႔ျပန္ေရာက္ေတာ့...ေအာက္ထပ္အခန္းေတြဆီကိုဝင္ကာ ဝယ္လာတဲ့ မနက္စာေတြေပးရင္းေက်းဇူးတင္စကားေျပာရသည္။ အရင္က ဘဂ်မ္းက ရင္းရင္းႏွီးႏွီးမေနခဲ့ၾကသူေတြေပမဲ့....ေယာက်ားေလးေတြဆိုေတာ့ ေတးေန ေကာက္ေနတာတာသိပ္မရွိပါ။ ဘဂ်မ္းက ရင္းရင္းႏွီးႏွီးမေနတတ္ေပမဲ့ ျပသနာလဲမရွာသလို စိတ္ရင္းေကာင္းၿပီးအေနေအးမွန္း သူတို႔သိၾကတာလဲပါသည္။
ဖြယ္ဖြယ္ရာရာမေျပာတတ္တဲ့ေက်းဇူးတင္စကားကိုပဲ ေျပာတတ္သလိုေျပာကာ ဘဂ်မ္း အခန္းဆီျပန္ခဲ့သည္။

ေဆးေသာက္ၿပီး.... နားရမည္။
နားခ်င္စိတ္လဲ သိပ္မရွိသလို.....မနားလဲ ရပါသည္။
တကယ္ကို ေနေကာင္းေနပါၿပီ။
ဒါေပမဲ့....ဘဂ်မ္း....ေၾကာက္သြားၿပီ။
ပုံပ်က္ပန္းပ်က္နဲ႕ ေဆး႐ုံကိုထမ္းေျပးရသည္ကိုလဲ ေၾကာက္သည္။ ျပင္းျပင္းထန္ထန္ခံစားရသည့္ အဖ်ားကိုလဲေၾကာက္သည္။
ၿပီးေတာ့......ၿပီးေတာ့.....သူ႕စကားကိုအမႈမဲ့ အမွတ္မဲ့ လုပ္မိမွာ ပိုေၾကာက္သည္။
သူ႕ေစတနာကို သိသည္။
သူ ၾကင္နာတတ္တာကို ခံစားရသည္။
သူစိတ္ပူေနတာကိုျမင္သည္။

ဒါေၾကာင့္.....ဘာရယ္ေတာ့မဟုတ္ေပမဲ့...ဘယ္လိုရည္႐ြယ္ရင္းမွ မရွိေပမဲ့....ဘာေၾကာင့္အတိအက်မသိေပမဲ့ ဘဂ်မ္း ဘဝမွာ လူတစ္ဦးတစ္ေယာက္ကိုအေလးထားမိစျပဳၿပီ။ ကိုယ္မဟုတ္သူတစ္ေယာက္....ကိုယ္မိသားစုဝင္တစ္ေယာက္လဲ မဟုတ္သည့္ အျခားေသာလူစိမ္းတစ္ေယာက္ကို.... ကိုယ့္ခႏၶာအစိတ္အပိုင္းလို...ကိုယ့္မိသားစုေသြးသားလို အေလးဂ႐ုထားမိၿပီ။
စိတ္ရဲ႕ေစရာက အလ်ားအနံတိုင္းတာလို႔မရနိုင္ေတာ့...
ဖမ္းဆုပ္မိဖို႔ရာလဲမျဖစ္နိုင္ေသး။
ခံစားခ်က္ကို အမ်ိဳးအမည္ခြဲျခါးဖို႔လဲ သတိမကပ္ေသးခင္ေပါ့.....

ဘဂ်မ္း ၿပဳံးၿပီးရင္းၿပဳံးမိသည္။
ေတြးမိတိုင္းၿပဳံးမိေနသည္။
သူ႕ကိုယ္သူ သတိမထားမိပါ။

တကယ္ေတာ့...ဘဂ်မ္း..အေတြးက ရိုးရိုးသားသားပါပဲ။ ကိုယ္လုပ္လိုက္တဲ့ေပါ့ဆမႈေၾကာင့္ တပါးသူေတြကို ပင္ပန္းမႈမျဖစ္ေစခ်င္တာပါ။

သို႔ေသာ္.....ဒါ.....မွန္ရဲ႕လား.....
ရပ္တန့္ဖို႔လိုမလား.......
.
.
.
.
.
.
.
ဆက္ရန္......

Continue Reading

You'll Also Like

35K 2.3K 41
[ Zawgyi ] ---------------- ခ်စ္ျခင္းေမတၱာကို ရိုးရိုးေလးလို႔ထင္ထားခဲ့တာ အခုေတာ့ သီအိုရီရွာမေတြ႕တဲ့ပုစာၦတစ္ပုဒ္လိုပဲ သူ႕ရဲ႕အေျဖဟာ ဗလာနတၳိ [ Unicode ]...
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
102K 7.3K 71
အချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။
12.8K 782 29
🌀Cover By Aqua🌀-Fancy romance×Comedy Theme- 🌀လေလျင်မှာ​မျောတတ်တဲ့ ​ရောင်စုံစကြာ​လေး​တွေက ဦးတို့နှစ်​ယောက်ကြား အချစ်သ​​​​င်္ကေတတစ်ခုအဖြစ် မယ်မယ်ရရ...