သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၂၁)

1.2K 313 29
By Ling____

ရွှမ်းကျီးသည်ကား တောင်ပိုင်းအရပ်ဒေသများသာမက မြောက်ပိုင်းဒေသတခွင်ပါမကျန် နိုင်ငံအနှံ့နေရာအနှံ့ခြေဆန့်သွားလာဖူးသူတစ်ဦးဖြစ်သည့်အလျောက် သူ့ဘဝတစ်သက်တာတွင် ရုက္ခဗေဒဥယျာဉ်ပေါင်းများစွာကိုလည်းသွားရောက်လည်ပတ်ခဲ့ဖူးပြီးသားဖြစ်သည်။ သို့ပေသိ မဆိုစလောက်လေး အခန့်မသင့်အဆင်မပြေဖြစ်သွားရုံနှင့် သွေးများထွက်လာတတ်သော ထူးခြားဆန်းပြားသည့်ပန်းပွင့်မျိုးကိုမူ ယခုမှ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ အရေးပေါ်အသက်ကယ်ဆယ်မှုလေးတောင် လုပ်ရန်အချိန်မမီလိုက်ရှာပေ။

သူ၏ 'အိမ်မှထွက်ပြေးသွား' ခဲ့သော သက်စောင့်ဓားခမျာ အနိမ့်အမြင့်အတက်အကျများလှသောကံကြမ္မာနှင့်တွေ့ဆုံခဲ့ရရှာသည်။ အဆိုပါဓားမှာ မိစ္ဆာသခင်ကြီး၏ 'ကပ်ပါး' ပြုခြင်းကိုခံလိုက်ရသည့်တိုင်အောင် အနည်းဆုံးတော့ အနှီမိစ္ဆာသခင်ကြီးသည်ကား တစ်ကိုယ်ရည်သန့်ရှင်းရေးကိုအလေးထားသူတစ်ဦးဖြစ်သည်လေ။ ဓားတွင် သူ့ခန္ဓာကိုယ်ပေါ်မှ မွှေးကြိုင်သင်းပျံ့သောရနံ့များတောင်စွဲထင်ကပ်ငြိနေကောင်းနေနိုင်ပေသည်။ သို့သော် အဆိုပါဓားမှာ နောက်ထပ်တစ်ကြိမ် အဖြူရောင်ပန်းများ၏ 'ရာသီသွေး' များဖြင့်ပေကျံသွားပါမူ နောင်တစ်ချိန်တွင် ဓားကိုသူ့ကျောရိုးထဲသို့ မည်ကဲ့သို့ပြန်ထည့်လို့ရပါတော့မည်နည်း?

တကယ်ပဲ ဒါတွေအားလုံးကို သူ့ကျောပေါ်မှာ ထမ်းပိုးသွားရမှဖြစ်မှာလား?

ထိုအခိုက် ရွှမ်းကျီးတစ်ယောက် အမှိုက်ထုပ်တစ်ထုပ်နှင့်တူသော မုတ်ဆိတ်နှင့်လူကို လွှတ်ချလိုက်ချင်စိတ်တို့ တဖွားဖွားဖြစ်ပေါ်လို့လာသည်။ သို့သော်လည်း 'သူတော်ကောင်းတရားကိုးပါး' ကို နှစ်ပေါင်းများစွာလက်ခံသွတ်သွင်းကျင့်သုံးလာခဲ့သည့် လူငယ်လေးတစ်ယောက်ဖြစ်နေသည့် သူ့အတွက် သူ့လက်ထဲတွင်ကိုင်ထားသော အနှီ ဆိုးဆိုးဝါးဝါးညစ်ပတ်နံစော်နေသည့် သက်ရှိလူသားတစ်ယောက်ကို အောက်သို့လွှတ်ချလိုက်ဖို့ရာလည်းမလုပ်နိုင်ပါချေ။ ၎င်းမှာ နောက်ထပ်လည်း လက်မအားတော့သည့်အတွက် ကြံရာမရသည့်အဆုံး သူ၏ခြေလက်လေးချောင်းလုံးကို အစွမ်းကုန်အသုံးချရန်ကြိုးစားလိုက်သည်။ သူက ခြေထောက်ကိုဆန့်ထုတ်လိုက်ပြီး ဓားကိုလေထဲသို့ ကန်ထုတ်လိုက်သည်။ ထို့နောက် 'သွေးစွပ်ပြုတ်ရည်'များထဲသို့နစ်မြုပ်သွားတော့မည့် အဆိုပါဓားကိုကယ်တင်ရန်အလို့ငှာ သူက မုတ်ဆိတ်နှင့်လူကို လက်ထဲတွင်ကိုင်ထားရင်းပင် လေထုထဲသို့မြောက်တက်သွားသော ဓားနောက်ကိုလိုက်ကာ ဓားကိုသူ့ခြေထောက်နှစ်ချောင်းဖြင့်ဖမ်းညှပ်ရန်ကြိုးစားလိုက်သည်။

ထိုအခိုက်မှာပင် နံရံများတစ်လျှောက်စီးကျလာနေသော သွေးနီရောင် ပန်းဝတ်ရည်များသည်ကား လမ်းတစ်ဝက်တွင်ရပ်တန့်သွားကြပြီး ကမ္ဘာမြေကြီး၏ဆွဲငင်အားကို လုံးဝဥဿုံလျစ်လျူရှုထားသည့်နှယ် ထူးခြားဆန်းကြယ်ပြီး သဘာဝမကျစွာပင် အဆိုပါဝတ်ရည်များမှာ လေထုထဲသို့ အလျားလိုက်ပန်းထွက်လာကြလေတော့သည်။

ထိုပန်းထွက်လာသော အနီရောင်ဝတ်ရည်များသည်ကား လေထုအတွင်း၌ ပန်းထိုးချည်ထည်တစ်ထည်အလား ယှက်သန်းရက်ဖြာသွားကြသွားပြီးနောက် ရွှမ်းကျီး၏အတောင်များနှင့် ထိသွားလျှင်ထိသွားချင်းမှာပင် အငွေ့ပျံကာ မှိန်ပျပျမြူခိုးငွေ့များအဖြစ်ပြောင်းလဲသွားကြသည်မှာ မက်မွန်ပန်းပွင့်လွှာတစ်လွှာအလား၊ တကယ့်ကိုပင် ရင်သတ်ရှုမောဖွယ်ကောင်းလောက်အောင်လှပခန့်ညားလွန်းလှပေသည်။ ရွှမ်းကျီးမှာ သူ့ပါးစပ်ကိုဖွင့်ကာ ချီးမွမ်းပြောဆိုခြင်းမလုပ်လိုက်ရသေးခင်မှာပင် သတိလစ်နေသည့် မုတ်ဆိတ်နှင့်လူက ရုတ်တရက် အာခေါင်ခြစ်၍ထအော်ကာ ရုန်းကန်လှုပ်ရှားနေတော့သည်။ ရွှမ်းကျီးက ကြည့်လိုက်သောအခါ အဆိုပါပန်းဝတ်ရည်စက်တချို့က မုတ်ဆိတ်နှင့်လူ၏လက်ပေါ်သို့ကျရောက်သွားသည်ကိုတွေ့လိုက်ရသည်။ သူ့အရေပြားမှာ အပြင်းစားအက်စစ်ရည်ဖြင့် အစားခံလိုက်ရသည့်နှယ် ချက်ချင်းဆိုသလိုပင် အရေပြားပေါ်၌ ကြောက်စရာကောင်းလှသော အမည်းစက်များဖြစ်ပေါ်သွားလေတော့သည်။ ထိုသူက အသည်းခိုက်ဖွယ် နာကျင်မှုကြောင့် လန့်နိုးလာရခြင်းဖြစ်သည်!

ပန်းဝတ်ရည်တွေက တကယ်ကြီး အဆိပ်ရှိနေတာပဲ!

အချိန်ခဏလေးအတွင်းမှာပင် ရွှမ်းကျီး၏အတောင်ပံများပေါ်ရှိ တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များကြောင့်လားမသိ၊ ပန်းဝတ်ရည်များထံမှဖြစ်တည်လာသော သွေးနီရောင်မြူခိုးငွေ့များမှာ တဖြည်းဖြည်းသိပ်သည်းထူထပ်လာတော့သည်။ မုတ်ဆိတ်နှင့်လူမှာ 'မြူခိုးငွေ့'များဖြင့်ထိတွေ့သွားသောအခါ သူ၏အရေပြားလွှာများမှာ ချက်ချင်းဆိုသလိုပင် စတင်ပေါက်ပြဲလာကာအနာများဖြစ်ပေါ်လာတော့သည်။ မသိလျှင်ဖြင့် တဟုန်းဟုန်းတောက်လောင်နေသောမီးတွင်းထဲ၌ ဝါးမြိုခံလိုက်ရရှာသော မီးလူသားတစ်ယောက်သဖွယ်။
တစ်ချိန်တည်းမှာပင် ပန်းသွေးရောင်မြူခိုးများက မြေပြင်မှတဆင့်် ဂူမျက်နှာကျက်ဆီသို့ အလျင်အမြန်လွင့်ပျံတက်သွားကြပြီးနောက် အေးစက်နေသောကျောက်ဂူနံရံများနှင့်ထိတွေ့မိကာ အလျင်အမြန်ပင် အချင်းချင်းသိပ်သည်းစုစည်းသွားလျက် မိုးစက်မိုးပေါက်များသဖွယ် အောက်သို့ရွာကျသွန်းဖြိုးလာလေသည်။ ငှက်လူသား ရွှမ်းကျီးသည်ကား အဆိုပါအက်စစ်မိုးများကိုကိုယ်တိုင်ထုတ်လုပ်သူမဟုတ်သည့်တိုင်အောင် ၎င်းမှာ အဆိုပါမိုးများကိုဖြစ်ပေါ်စေရန် စီးကူးပေးသည့် ကြားခံပစ္စည်းတစ်ခုသဖွယ်ဖြစ်သွားလေတော့သည်!

ရွှမ်းကျီးခမျာ မတတ်သာသည့်အဆုံး၌ သက်ရှိလူသားတစ်ယောက်ကိုသာဦးစားပေးကယ်တင်ရန်ဆုံးဖြတ်လိုက်ပြီး ဓားကိုဂရုစိုက်နေရန်အချိန်မရှိတော့ပါချေ။ သူက သူ့ခြေထောက်များကိုကြုံ့ကြုံ့လေးကွေးညွတ်လိုက်ပြီး သူ၏ဧရာမအတောင်ပံနှစ်ဖက်ကို ရေ၊ မီးမထိုးဖောက်နိုင်သော ဒိုင်းကာတစ်ခုသဖွယ်ဖြစ်စေလျက် သူနှင့်မုတ်ဆိတ်နှင့်လူနှစ်ယောက်စလုံးကို အတောင်ပံနှစ်ဖက်ဖြင့်ဖုံးအုပ်လွှမ်းခြုံထားလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သွေးနီရောင်မိုးစက်မိုးပေါက်များနှင့်လေပြင်းများအကြား၌ ခုနလေးတင် လေထုထဲသို့ သူကန်ထုတ်လိုက်သော လေးလံသောဓားကြီးသည်ကား ရေအိုင်ငယ်လေးထဲသို့ ပလုံခနဲ အသံပေးလျက်ပြုတ်ကျသွားရှာသည်။

ရေအိုင်မှာ သိပ်တော့မနက်ပါချေ။ လေးလံသောဓားမှာ ပြုတ်ကျသွားလျှင်သွားချင်းမှာပင် ရေကန်အောက်ခြေကြမ်းပြင်နှင့်ထိရိုက်သွား၏။ ရွှမ်းကျီးက သူ၏အတောင်ပံများကြားရှိ လှစ်ဟနေသည့်အပေါက်လေးမှတဆင့် အပြင်သို့ချောင်းကြည့်လိုက်သောအခါတွင်မူ ရေမျက်နှာပြင်အောက်၌ ကျောက်သားစင်မြင့်တစ်ခုရှိနေသည်ကို နောက်ဆုံးတွင်တွေ့လိုက်ရသည်။ အဆိုပါကျောက်သားစင်မြင့်၏အကျယ်အဝန်းမှာ သုံးမီတာခန့်ရှိပြီး ရေအောက်ထဲတွင်နစ်သည်ဆိုရုံနစ်မြုပ်နေခြင်းသာဖြစ်သည်။ စင်မြင့်ထက်တွင် တစ်စုံတစ်ခုရှိနေသလိုပင်__

နောက်တခဏအကြာမှာတော့ ရွှမ်းကျီး၏မျက်ဝန်းအိမ်များမှာ ရုတ်တရက် ဝိုင်းစက်ပြူးကျယ်သွားရှာတော့သည်__

စင်မြင့်ပေါ်တွင်ရှိနေသည့်အရာမှာ အဖုံးဖွင့်ထားသော ခေါင်းတလားအလွတ်တစ်လုံးဖြစ်ပြီး သူ့ဓားက ထိုခေါင်းတလားထဲသို့ တန်းတန်းမတ်မတ်ပြုတ်ကျသွားခြင်းဖြစ်သည်!

၎င်းမှာ သူ့ဓားကိုပြန်သွားကောက်ချိန်မရလိုက်သေးခင်မှာပင် သူ့ရင်အစုံမှာ တလှပ်လှပ်ခုန်လှုပ်သွားရှာပြီး သူ၏နှလုံးသားကို သံမဏိလွန်တစ်ချောင်းဖြင့်ထိုးဖောက်ခံနေရသကဲ့သို့ခံစားလိုက်ရသည်။ အေးစက်စက်ဗလာနတ္ထိဖြစ်နေသောခံစားချက်များနှင့် စူးရှထက်မြသောနာကျင်မှုဝေဒနာတို့က ဆူနာမီလှိုင်းလုံးကြီးတစ်လုံးသဖွယ် တဟုန်ထိုးလှိုက်တက်လို့လာကြသည်။ ရွှမ်းကျီး၏နားထဲတွင် ပစ္စည်းတစ်ခုခုအက်ကွဲကြေမွသွားသည့်အသံတစ်သံကိုကြားလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် သူ့ခမျာ အသက်ရှူကြပ်လာရှာသည်။

သွေးနီရောင်ပန်းဝတ်ရည်များက ရေအိုင်ငယ်လေးထဲသို့ ကျဆင်းသွားကြသည်။ ကြည်လင်သန့်ရှင်းနေခဲ့သည့် ရေအိုင်ထဲရှိရေများမှာ ချက်ချင်းဆိုသလို ထိတ်လန့်ချောက်ချားဖွယ်ကောင်းသောသွေးနီရောင်ရေများအဖြစ်ပြောင်းလဲသွားကြလေတော့သည်__
.
.
.
.

တစ်ချိန်တည်းမှာပင် ချိယွမ်းချောက်နက်ကြီးထဲရှိ ယဇ်ပလ္လင်တဝိုက်တွင် ကင်းလှည့်နေကြသော လက်နက်ဝိညာဉ်များ၏ခြေလှမ်းများသည်ကား ရုတ်ချည်းပင် တညီတညာတည်းရပ်တန့်သွားကြ၏။ ဓား (၁) မှာ တစ်ခုခုကိုအာရုံခံမိသွားဟန်ဖြင့် ခေါင်းကိုဆတ်ခနဲလှည့်ကာ ယဇ်ပုလ္လင်ဆီသို့လှမ်းကြည့်လိုက်သည်။ နောက်ထပ်ဂူကျောက်တိုင်တစ်တိုင်သည်ကား ဘာရယ်ကြောင့်မှန်းမသိဘဲ အက်ကွဲပွင့်ထွက်သွား၏!

လက်နက်ဝိညာဉ်များက အသစ်စက်စက်အက်ကွဲသွားသောဂူကျောက်တိုင်နားဆီသို့စုဝေးရောက်ရှိလာကြသည်။ ဓား (၁)က သူ၏ပုပ်ရိဆွေးမြည့်နေသော လက်ကိုရှေ့သို့ဆန့်ထုတ်ကာ ထိုအက်ကွဲသွားသောနေရာကိုပြန်လည်ဖာထေးရန်ကြိုးစားလိုက်သည်။ သို့သော် ၎င်းမှာ ထိုကျောက်တိုင်ကိုထိတောင်မထိလိုက်ရသေးခင်မှာပင် ဂူကျောက်တိုင်ဆီမှ ခပ်တိုးတိုးအသံတစ်ချက်ထွက်ပေါ်လာပြီး မြောက်မြားလှစွာသောလက်နက်ဝိညာဉ်များ၏မျက်စိရှေ့မှောက်မှာပင် မှုန့်မှုန့်ညက်ညက်ကြေကာ တစစီပျက်စီးပြိုကျသွားရှာတော့သည်။ တဆက်တည်းမှာပင် ကျောက်တိုင်ပေါ်ရှိအက်ကွဲကြောင်းများထဲမှ အဖြူရောင်အလင်းတန်းတစ်တန်းထွက်ပေါ်လာပြီး အရှေ့စူးစူးအရပ်ဆီသို့ တရှိန်ထိုး ထိုးတက်သွားလေတော့သည်။

လက်နက်ဝိညာဉ်များမှာ အူတီးအူကြောင်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ တသော့သော့တိုက်ခတ်နေသောလေအဝှေ့တွင် သူတို့၏အေးစက်သောချပ်ဝတ်တန်ဆာများထံမှ တဂျစ်ဂျစ်မြည်သံများထွက်ပေါ်နေလျက်ရှိသည်။ ၎င်းတို့သည်ကား အလွန်အမင်းအသက်အရွယ်အိုမင်းကြီးရင့်နေပြီဖြစ်သောကြောင့် သူတို့၏မှတ်ဉာဏ်များမှာလည်း သူတို့၏လက်နက်ကိုယ်ထည်များကဲ့သို့ပင် ဟိုတစ်ကွက်သည်တစ်ကွက် သံချေးတက်ကုန်ကြပြီဖြစ်သည်။ ဂူကျောက်တိုင်အက်ကွဲသွားခြင်းက မည်သည့်အရာကိုကိုယ်စားပြုရည်ညွှန်းနေသလဲဆိုတာကို ကောင်းကောင်းမမှတ်မိကြတော့ပါချေ။ သို့သော်.....ကြောက်မက်ဖွယ်ကောင်းသောကိစ္စတစ်ခုဖြစ်ပေါ်လာတော့မည်ဆိုသည့်အကြောင်းကိုတော့ အရိပ်အမြွက်ပြသနေသည့်နှယ်။
.
.
.

ဓားမှာ ရေအိုင်ထဲသို့ပြုတ်ကျသွားချိန်၌ ရှန့်လင်ယွမ်း၏အာရုံခံစားမှုများမှာ ကမောက်ကမဖြစ်သွားသလိုခံစားလိုက်ရသည်။ သူ၏အသိစိတ်အာရုံက ထူးထူးခြားခြားထုံကျဉ်လို့လာသလို သူ၏နှလုံးခုန်သံကလည်း အလွန်အမင်း ဗြောင်းဆန်လို့လာတော့သည်။ တစ်စုံတစ်ရာက သူ၏ပါးလျသောရင်အုံကိုဖြတ်သန်းထိုးဖောက်ပြီး ပြင်ပကမ္ဘာသို့ထွက်လာရန် ဆန္ဒပြင်းပြနေသည့်နှယ်။ ရှန့်လင်ယွမ်းကမူ ထိုအရာက ဘာလဲဆိုတာကို မသိချင်ပေ။ ထိုအချိန်ခဏလေးအတွင်းမှာပင် ဘာရယ်ကြောင့်မှန်းမသိဘဲ သူ့နှလုံးအိမ်ထဲတွင် အကြောက်တရားတို့ လူးလွန့်ပေါက်ဖွားလို့လာသည်။ အဆိုပါသွေးနီရောင်ရေများက ပင့်ကူပိုးအိမ်တစ်ခုအဖြစ်သို့စုစည်းယှက်သန်းသွားပြီး သူ့ကိုအလယ်တွင် ထွေးပတ်လွှမ်းခြုံထားလိုက်ရန်ကိုသာ သူမျှော်လင့်တောင့်တမိလေတော့သည်။ ထိုမှသာလျှင် သူ၏မျက်လုံးများကိုမှိတ်၊ နားများကိုပိတ်ကာ နောက်ဆုံးအချိန်ထိ ပုန်းအောင်းရှောင်တိမ်းနေနိုင်မည်ဖြစ်သည်။

သို့သော်....ဤကမ္ဘာလောကကြီးအတွင်း၌ သူ့အတွက် ပုန်းအောင်းနားခိုစရာနေရာဟူ၍ တစ်လက်မလေးတောင်မှရှိမနေခဲ့ပါချေ။

ငြိမ်းချမ်းစွာအိပ်စက်ခြင်း၊ အသက်ရှူခြင်း၊ အပန်းဖြေအနားယူခြင်း....ထိုအရာများအားလုံးသည်ကား သူ့အတွက်တော့ မဖြစ်နိုင်သောစိတ်ကူးယဉ်အိပ်မက်များသာဖြစ်နေခဲ့ကြသည်။

သူ၏မှတ်ဉာဏ်များသည်ကား အိပ်နေရာမှ လန့်နိုးလာသော မကောင်းဆိုးဝါးတစ်ကောင်အလား။ ထိုသားရဲသတ္တဝါကြီးက မျက်လုံးများကိုဖွင့်၊ ရက်စက်ကြမ်းကြုတ်သော ပါးစပ်ကြီးကိုဟ,၍ သူ့ထံသို့ပြေးဝင်လာနေသည့်နှယ်။

လေးလံသောဓားကြီးထံမှ တိုးလျသောတဝီဝီမြည်သံများထွက်ပေါ်လို့လာသည်။ တဆက်တည်းမှာပင် လေးဖက်လေးတန်သောဂူနံရံများမှာ တုန်ခါလာကြပြီး နံရံထက်ရှိ ပန်းပွင့်များမှာလည်း ညှိုုးလျော်ခြောက်သွေ့သွားကာ ရေအိုင်အလယ်တွင် ရေဝဲတစ်ခုဖြစ်ပေါ်လို့လာသည်။ ခေါင်းတလားမှာ ထိုရေဝဲ၏အလယ်ဗဟိုတည့်တည့်၌ရှိနေတာဖြစ်သည်။ ထို့နောက်မှာတော့ ခေါင်းတလားထဲတွင်ရှိနေသော တစ်စုံတစ်ခုက စုပ်ယူဆွဲသွင်းလိုက်သည့်နှယ်၊ ရေမျက်နှာပြင်က အောက်သို့ တစ်လက်မပြီးတစ်လက်မ နိမ့်ကျသွားလေတော့သည်။

ရွှမ်းကျီးမှာလည်း တစ်ကိုယ်လုံးချွေးစေးချွေးပေါက်များဖြင့်စိုရွှဲနေလျက် ရုတ်တရက်ဖြစ်ပေါ်လာသော ရင်တုန်ပန်းတုန်ခံစားချက်များကြား၌ သက်ပြင်းတစ်ချက်ချလိုက်ရှာသည်။ ရေအိုင်ထဲရှိ သွေးနီရောင်အရည်များက ခေါင်းတလားထဲသို့ လုံးလုံးလျားလျားစုပ်ယူခြင်းခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါ ရွှမ်းကျီးတစ်ယောက် အံ့ဩမှင်တက်သွားသည်။ ရေများက ပြန်လည်ကြည်လင်သန့်ရှင်းသွားပြီးနောက်မှာတော့ ခေါင်းတလားက သိသာထင်ရှားစွာထွက်ပေါ်လို့လာသည်__

ရေထဲမှထွက်ပေါ်လာသော ခေါင်းတလားအလွတ်တစ်လုံး။ သို့သော် ထိုခေါင်းတလားထဲသို့ပြုတ်ကျသွားခဲ့သော ဓားမှာတော့ ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့သည်။ အထဲတွင်..... 'လူ' တစ်ယောက်ထိုင်နေသည်။

ရွှမ်းကျီးမှာ ၎င်းကို 'လူ' ဟု ခေါ်သင့်မခေါ်သင့်ဆိုတာကိုလည်း သိပ်ပြီးမသေချာလှပါချေ။

မုတ်ဆိတ်နှင့်လူ၏မျက်သားဖြူဖြူတို့သည်ကား သူ့မျက်လုံးအိမ်ထဲတွင် ပရမ်းပတာချာလပတ်လည်နေရှာတော့သည်။ ၎င်းမှာ သတိလစ်မေ့မြောသွားခဲ့ပြီးနောက် တဖန်လန့်နိုးလာရပြီး အခုချိန်၌ လေထုထဲတွင် တိုးလို့တွဲလောင်းဖြစ်နေကာ သေခြင်းနှင့်ရှင်ခြင်းအကြား လူးလာခေါက်ပြန်သွားလာနေရရင်း ရူးမတတ်ဖြစ်နေရှာတော့သည်။ ရွှမ်းကျီးတောင်မှပင် မည်သို့မှမတတ်နိုင်ဘဲ တစ်ကိုယ်လုံးကြက်သီးတဖြန်းဖြန်းထသွားရှာ၏။ ၎င်းမှာ ကောင်းကင်ဘုံမှ ပေးလာသော မိုးကြိုုးသွားပြစ်ဒဏ်များနှင့် အရိုးများစိစိညက်ညက်ကြေလောက်သော ဖြစ်ရပ်များကို အနီးကပ်မျက်ဝါးထင်ထင်တွေ့ကြုံခဲ့ရပြီးသည့်နောက်မှာတော့ မည်သည့်ခေတ်၊ မည်သည့်ကာလ၊ မည်သည့်နေရာတို့မှ ထိတ်လန့်ချောက်ချားစရာကောင်းသော သရဲရုပ်ရှင်ဇာတ်ကားမျိုးကိုမဆို တည်တည်ငြိမ်ငြိမ်ဖြင့် ခံနိုင်ရည်ရှိရှိကြည့်နိုင်သွားပြီဖြစ်သည်။

သို့တိုင်...အဆိုပါ 'လူ' သည်ကား သူ၏စိတ်ကူးပုံဖော်ထားချက်များကိုကျော်လွန်နေဆဲဖြစ်သည်.....အဘယ့်ကြောင့်ဆိုသော် အနှီခန္ဓာကိုယ်မှာ တကယ့်ကို လူတစ်ယောက်နှင့်လားလားမျှမတူသောကြောင့်ပင်တည်း။

ခေါင်းတလားထဲတွင်ရှိနေသည့်အရာမှာ သေချာပေါက်ကို မီးကျွမ်းနေပြီး ပုံသဏ္ဌာန်ပျက်ယွင်းနေသည့် အလောင်းကောင်တစ်ကောင်၏ရုပ်ကြွင်းအပိုင်းအစများဖြစ်သည်။ မည်သည့်နေရာက ဦးခေါင်းဖြစ်ပြီး မည်သည့်နေရာက ခြေထောက်ဖြစ်သည်ကိုပင် သေချာမမြင်ရတော့ပါချေ။ ခန္ဓာကိုယ်တစ်ခုလုံးတွင် အကောင်းအတိုင်းရှိနေသည့် အရိုးများ အသားလွှာများဟူ၍ တစ်လက်မစာတောင်မကျန်တော့ပေ။ ခါးကျောရိုးဆစ်များမှာလည်း ထက်ပိုင်းကျိုးပြတ်နေပြီး ထိုအပေါ်အောက်တစ်ပိုင်းစီဖြစ်နေသော ကျောရိုးနှစ်ပိုင်းကို ပုပ်ရိဆွေးမြည့်နေသော မီးကျွမ်းနေသည့်အသားစိုင်များဖြင့် လျော့တိလျော့ရဲချိတ်တွဲထားလျက်ရှိနေသည်။

သို့သော် ထိုကဲ့သို့ ဆိုးဆိုးရွားရွားပုံပျက်ပန်းပျက်ဖြစ်နေသောအခြေအနေမှာပင် မီးကျွမ်းနေသောအလောင်းကောင်သည်ကား လှုပ်ရှားနေဆဲဖြစ်သည်!

သူ့ခန္ဓာကိုယ်ပေါ်ရှိအရိုးများထံမှ တဂျွတ်ဂျွတ်မြည်သံများထွက်ပေါ်လာနေပြီး ထိုအသံများကြားထဲ၌ပင် ကပ်တွဲနေသောအသားလွှာများကို ထိုးဖောက်ပြီးထွက်လာသည့် အရိုးချောင်းဖြူဖြူများဆီမှ ဖောက်ခနဲမြည်သံများ ကလည်း တစ်ချက်တစ်ချက်ကြားဖောက်ထွက်ပေါ်လာကြပြန်သည်။ အရိုးများမှာ သူတို့ဘာသာသူတို့ အလိုအလျောက် ဟိုဟိုသည်သည်လှည့်ပတ်လှုပ်ရှားနေကြသည်မှာ သူတို့တည်ရှိရမည့်နေရာမှန်ကို ရှာဖွေနေသည့်အလား။ အချိန်ခဏလေးအတွင်း၌ ကျစ်လစ်ရှည်လျားသောအရိုးဖြူများက အသီးသီးချိတ်ဆက်သွားကြပြီး ထိုအရိုးများပေါ်၌ သွေးကြောများနှင့်အရွတ်အသားများဖြစ်ပေါ်လာကြလေသည်။

ရွှမ်းကျီးတစ်ယောက် ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားရှာ၏။ ထိုလျှပ်တပြက်အတွင်းမှာပင် ထိုကဲ့သို့ ကြွက်သားမျှင်များနှင့်အသားစိုင်များ တစ်လွှာပြီးတစ်လွှာဖြစ်တည်လာနေသောခံစားချက်သည်ကား ပူဆွေးယဇ်ပူဇော်ပွဲကြောင့် အသားစိုင်များ တစ်လွှာပြီးတစ်လွှာလှီးဖြတ်ခံလိုက်ရသောခံစားချက်ထက်ပင် ပို၍နာကျင်စရာကောင်းလိမ့်မည်ဟု သူ ခံစားလိုက်ရသည်__ပူဆွေးယဇ်ပူဇော်ပွဲ၏တန်ပြန်ပြစ်ဒဏ်ခတ်မှုဖြစ်ပေါ်နေချိန်၌ အဆောက်အဦးခေါင်မိုးထက်တွင် တစ်ချိန်လုံးအပြုံးမျက်နှာတစ်ခုကိုသယ်ဆောင်ထားရင်း မလှုပ်မယှက် ငြိမ်ငြိမ်သက်သက်မတ်တပ်ရပ်လို့နေကာ အဆုံးတွင်ပြာမှုန့်များအဖြစ်အသွင်ပြောင်းသွားရှာသည့် လူသား-မိစ္ဆာကို သူ ပြန်လည်အမှတ်ရမိသွားသည်။

သို့သော် ယခုအကြိမ်မှာတော့ 'မီးကျွမ်းနေသည့်အလောင်းကောင်' သည်ကား မရပ်မနားကို ရုန်းကန်လှုပ်ရှားလို့နေသည်။ သူ့လက်နှစ်ဖက်က ခေါင်းတလား၏အနားစောင်းများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလေရာ လက်မအနည်းငယ်ထူထဲသော ကြေးနီရောင်ခေါင်းတလားအနားစွန်းများမှာ သူ့လက်ဆကြောင့် ချိုင့်ဝင်သွားရှာတော့သည်။

အသံကြိုးများနှင့်လျှာမှာ ဖွဲ့စည်းလို့မပြီးသေးသည့်အတွက် သူ့ကိုကြည့်ရသည်မှာ အသံတိတ်အော်ဟစ်မြည်တမ်းနေရသကဲ့သို့ပင်......။

ဘေးမှရပ်ကြည့်နေသည့် ရွှမ်းကျီးသည်ပင် သူ့တစ်ကိုယ်လုံးတွင် ပူလောင်နာကျင်သောခံစားချက်များကို အတူတကွလိုက်ပါခံစားလိုက်ရရှာပြီး ၎င်းမှာ ချွေးသီးချွေးပေါက်များဖြင့် စိုရွှဲနေတော့သည်။

အချိန် ၁၅ မိနစ်အတွင်းမှာပင် 'မီးကျွမ်းနေသည့်အလောင်းကောင်' ၏ခန္ဓာကိုယ်ပေါ်တွင် အရိုးများနှင့်အသွေးအသားများဖွဲ့စည်းတည်ဆောက်လို့ပြီးစီးသွားသည်။ ထို့နောက် အဆိုပါသွေးသံတရဲရဲဖြစ်နေသောကိုယ်ပေါ်၌ ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် လူ့အရေပြားတစ်လွှာဖြစ်တည်ထွက်ပေါ်လာပြီး နောက်ဆုံးတွင်တော့ ဆံနွယ်ရှည်များက ရေတံခွန်တစ်ခုကဲ့သို့အလား အရှိန်အဟုန်ဖြင့်ရှင်သန်ပေါက်ရောက်လာသည်မှာ ခေါင်းတလားတစ်ခုလုံးကိုပင် လွှမ်းခြုံသွားလေတော့သည်။ ခေါင်းတလားအနားစွန်းများကို တင်းကြပ်စွာဆုပ်ကိုင်ထားသောလက်များမှာ အားလျော့သွားကြပြီး အဆုံး၌ တိုးညှင်းသောအသံတစ်သံနှင့်အတူ အောက်သို့တွဲလောင်းပြုတ်ကျသွားရှာသည်။

လက်ချောင်းများမှာ ရှည်သွယ်ဖြူဆွတ်ကာ စိုစွတ်လို့နေပြီး နှစ်ထောင်ပေါင်းများစွာ မြစ်ရေအလျဉ်ဖြင့်ဆေးကြောသန့်စင်ခံထားရသည့် အရည်အသွေးကောင်းသော အဖြူရောင်ကျောက်စိမ်းတုံးများသဖွယ်။

ထိုလက်တစ်စုံကို ရွှမ်းကျီးမှတ်မိပါ၏__ထိုလက်များသည်ကား သိပ်မကြာသေးခင်အချိန်ကမှ သူ့ကို ရိုက်ပုတ်ခဲ့သောလက်များပင်ဖြစ်သည်။

မိုးကြိုးသွားများဖြင့်ပြစ်ဒဏ်ခတ်ခြင်းကိုခံခဲ့ရသော မိစ္ဆာအရှင်သခင်ကြီးသည်ကား ဓားထဲမှထွက်ပေါ်လာလေပြီ!

ထိုအခိုက်မှာပင် ရေမျက်နှာပြင်က မူလထက် နှစ်မီတာခန့်ပို၍နိမ့်ကျသွားပြီး ကျောက်သားစင်မြင့်တစ်ခုလုံးမှာ လုံးလုံးလျားလျားပေါ်ထွက်လို့လာတော့သည်။ အပေါ်စီးကကြည့်မည်ဆိုပါက အဆိုပါကျောက်သားစင်မြင့်ကို သိပ်သည်းကျစ်လစ်သောဒီဇိုင်းပုံစံမျိုးဖြင့်ဖုံးကာအုပ်လွှမ်းထားတာကိုတွေ့နိုင်သည်။ အမှန်တကယ်တွင်မူ အလွှာနှစ်လွှာဖြင့်ဖုံးလွှမ်းထားခြင်းဖြစ်သည်။ တစ်လွှာမှာ ကျောက်သားထဲသို့ ထုဆစ်ရေးထွင်းထားခြင်းဖြစ်သည်။ ထိုအရာများက ဘာတွေလဲဆိုတာကို ရွှမ်းကျီးမသိသော်လည်း သူ၏အတွေ့အကြုံအရတော့ ထိုအရာများမှာ အလှဆင်ရုံသက်သက်ဖန်တီးထားသောဒီဇိုင်းပုံစံများထက် ဘာမှန်းမသိသော အက္ခရာစာသားများနှင့်ပို၍တူလှသည်။

ကျန်တစ်လွှာကိုတော့ ဆေးရောင်များဖြင့်ခြယ်သထား၏။ ထိုအရာကိုတော့ သူရင်းနှီးနေပြီးသားဖြစ်သည်__ထိုအရာသည်ကား ပူဆွေးယဇ်ပူဇော်ပွဲမှ ယဇ်စာသားများပင်တည်း။

ရေမျက်နှာပြင်က တဖန်ပြန်လည်ငြိမ်သက်သွားသည်။ ရွှမ်းကျီးမှာ တခဏမျှ ချိတုံချတုံဖြစ်နေပြီးကာမှ သတိကြီးစွာထားပြီး ကျောက်သားစင်မြင့်ထက်သို့သက်ဆင်းခြေချလိုက်သည်။ သူက မြေပြင်ထက်တွင်ရှိနေသော ယဇ်စာသားများဘေးမှ ခြေဖျားထောက်၍လှည့်ပတ်သွားလာနေစဉ် မြန်ဆန်ပြီး ကမောက်ကမဖြစ်နေသော အသက်ရှူသံသဲ့သဲ့ကိုကြားလိုက်ရသည်။

"အာ...ဟိုလေ...."

ရွှမ်းကျီးက အတွန့်တွန့်အဆုတ်ဆုတ်ဖြင့် သူ့ပါးစပ်ကိုဟ, ကာ မေးလိုက်သည်။

"ခင်ဗျား....ခင်ဗျား....အသက်ရှင်နေတုန်းလား?"

ခေါင်းတလားထဲတွင်ရှိနေသည့်လူက လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး တုံ့ပြန်မှုပြုလိုက်သည့်တိုင် သူ့ထံမှအဖြေစကားသံကတော့ထွက်မလာခဲ့ပါချေ။

ရွှမ်းကျီးက ဘေးဘီဝဲယာကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းတလားအနီးတွင်ရှိနေသည့် မည်သည့်ယဇ်စာသားမှရှိမနေသော နေရာလွတ်တစ်ခုကို ခက်ခက်ခဲခဲရှာတွေ့သွားသည်။ ထို့နောက်မှာတော့ ယခုအချိန်၌ လျှာတစ်လစ်ထွက်နေရှာသော မုတ်ဆိတ်နှင့်လူကို ထိုနေရာတွင်ချထားလိုက်၏။ ထိုအခါမှသာလျှင် တစ်စုံတစ်ခုပျောက်ဆုံးနေကြောင်းကို သူ အချိန်နှောင်းခါမှသဘောပေါက်သွားလေတော့သည်။

"ခဏလေး...." ရွှမ်းကျီး တွေးလိုက်သည်။

"ငါ့ရဲ့ သောက်ကျိုုးနည်းဓားကြီးရော?"

ရွှမ်းကျီးတစ်ယောက် ယခုအခါမှသာ စိတ်နှင့်လူနှင့်ပြန်ကပ်သွားရှာပြီး မေးခွန်းပေါင်းတသီတသန်းကြီးက သူ့ခေါင်းထဲမှတန်းစီထွက်ပေါ်လို့လာသည်။

ဒါက ဘယ်လိုအခြေအနေကြီးလဲ?

ဒီမိစ္ဆာသခင်ကြီးက မိုးကြိုးသွားပေါင်းထောင်နဲ့ချီအောင် အပစ်ခံလိုက်ရပြီး ပြာမှုန့်တွေအဖြစ်ကြွေလွင့်ပျက်စီးသွားခဲ့တာမဟုတ်ဘူးလား? သူက ဘယ်နေရာကနေ ခန္ဓာကိုယ်တစ်ခုကိုရလာတာလဲ? ဘယ်လို လှည့်ကွက်တွေကိုသုံးလိုက်လို့ သက်ရှိလူသားတစ်ယောက်ပြန်ဖြစ်သွားတာလဲ?

သို့သော် ထိုကိစ္စများက ဘေးဖယ်ထားလို့ရသောအသေးအမွှားကိစ္စလေးသာဖြစ်သည်။ ထို့ထက်ပို၍အရေးကြီးဆုံးအချက်သည်ကား__မိစ္ဆာသခင်ကြီးက 'အပြင်ကိုထွက်'လာပြီဆိုတော့ ဒါဖြင့် သူ့ရဲ့ဓားကရော ဘယ်ရောက်သွားတာလဲ?

သူ၏ဓားမှာ မိစ္ဆာသခင်ကြီးဝင်ပူးတာကိုမခံရသေးခင်အချိန်၌ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေခဲ့တာဖြစ်ပြီး သူ့စိတ်ဆန္ဒအတိုင်း လှုပ်ရှားပြုမူလေ့ရှိသည်။ ၎င်းမှာ မိစ္ဆာသခင်ကြီး၏ကပ်ပါးပြုခြင်းကိုခံလိုက်ရပြီးနောက်ပိုင်းတွင်တော့ သူ့ထံတွင် လူနှင့်ဓား ကွေကွင်းခွဲခွာမှုကြောင့်ဖြစ်ပေါ်လာသော ပူပန်သောကဝေဒနာတစ်မျိုးတစ်ဖုံကို ခံစားလိုက်ရရှာတော့သည်။ အချိန်ခဏလေးခွဲခွာရလျှင်တောင်မှ သူ့ခမျာ နေမထိထိုင်မသာဖြစ်နေရတာဖြစ်သည်။ အခုချိန်မှာတော့ သူ့ခမျာ ဓား၏တည်နေရာကိုတောင်မှ လုံးဝကိုအာရုံခံလို့မရနိုင်တော့ပါချေ။ သို့သော် ဘာရယ်ကြောင့်မှန်းမသိ၊ ထူးဆန်းစွာပင် လူနှင့်ဓားခွဲခွာနေရခြင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် သောကဗျာပါဒစိတ်များမှာ အကြောင်းခြင်းရာမည်မည်ရရမရှိပါဘဲ အစအနပင်မကျန် အငွေ့ပျံပျောက်ကွယ်သွားလေတော့သည်။

ရွှမ်းကျီးတစ်ယောက် သူ့ဓားကိုရှာဖွေရန်အလို့ငှာ ခြေလှမ်းကျယ်ကြီးတစ်လှမ်း လှမ်းလိုက်ပြီး ခေါင်းတလားဘေးသို့လျှောက်သွားလိုက်သည်။ သို့သော် လက်တောင်မလှုပ်လိုက်ရသေးခင်မှာပင် သူ့အကြည့်များက ခေါင်းတလားထဲတွင်ရှိနေသောလူထံသို့ အရင်ဦးဆုံးရောက်ရှိသွား၏။

မိမိသည်ကား ချိယွမ်းဆေးရုံ၌ ရှန့်လင်ယွမ်းနှင့် သူသေကိုယ်သေတိုက်ခိုက်ခဲ့ဖူးသည့်အတွက် ပြောစရာမလိုလောက်အောင်ပင် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းကြီးကိုမှတ်မိကြပါ၏။ ခေါင်းတလားထဲရှိလူသည်ကား ထိုပုဂ္ဂိုလ်နှင့် တူညီသောမျက်နာ၊ တူညီသောပုံပန်းသွင်ပြင်မျိုးရှိသည့်အပြင် ခေါင်းပေါ်တွင်ပေါက်နေသည့် ဆံပင်ပမာဏကအစ တစ်ထပ်တည်းတူညီလို့နေသည်။ သို့သော်ငြား ထိုအချက်များအားလုံးတူညီနေသည့်တိုင် တစ်စုံတစ်ရာကတော့ ချိယွမ်းတွင် သူတွေ့မြင်ခဲ့ရသော လူသား-မိစ္ဆာနှင့်တူညီခြင်းမရှိဘဲ ကွဲပြားခြားနားနေတာကို သူခံစားနေရဆဲဖြစ်သည်။

ချိယွမ်းဆေးရုံတွင်တွေ့ခဲ့ရသည့်လူမှာ သူ့မျက်စိနှစ်လုံးရှေ့မှောက်၌ပင် ပြာမှုန့်များအဖြစ် တစစီကြွေကျလွင့်ပါးသွားခဲ့ရတာဖြစ်ပြီး ဖုန်စုပ်စက်ကတောင် ထိုခန္ဓာကိုယ်အကြွင်းအကျန်အစအနများကိုစုပ်ယူနိုင်လိမ့်မည်မဟုတ်။ ထို့အပြင်....ချိယွမ်းဆေးရုံရှိ ရှန့်လင်ယွမ်းဆိုသူ၏ခန္ဓာကိုယ်ပေါ်တွင် သက်ရှိတစ်ယောက်နှင့်တူသောအရိပ်အသက်များကိုမခံစားခဲ့ရပေ။ ၎င်းသည်ကား နာကျင်မှုကိုမသိသလို သက်ရှိလူသားတစ်ဦးထံတွင်ရှိရမည့် ပျော်ရွှင်မှု၊ ဝမ်းနည်းကြေကွဲမှု၊ စိတ်ဆိုးဒေါသထွက်မှု အစရှိသောခံစားချက်များ ရှိမနေသကဲ့သို့ခံစားရစေသည်။ ၎င်းမှာ မိုးကြိုးသွားများ၏လက်ချက်ကြောင့် ပြာမှုန့်များအဖြစ်ကြွေလွင့်ပျက်စီးသွားခဲ့ရတာတောင်မှ ဘေးကကြည့်နေရသူတို့အဖို့ အထိတ်တလန့်ဖြစ်သွားစေသောခံစားချက်မျိုးကိုသာဖြစ်ပေါ်စေနိုင်သည်__သစ်ပင်ကြီးတစ်ပင်အား မိုးကြိုးပစ်လိုက်တာကို တွေ့မြင်လိုက်ရသောကြောင့် အထိတ်တလန့်ဖြစ်သွားသောခံစားချက်မျိုးသာဖြစ်သည်။

သို့သော် ယခုမူ ခေါင်းတလားထဲရှိလူသည်ကား အမှန်စင်စစ် 'သက်ရှိ' တစ်ယောက်ဖြစ်လို့နေသည်။ ရွှမ်းကျီးမှာ ထိုသူထံမှ နာကျင်မှုဝေဒနာများကိုတောင် ခံစားနေရသလိုပင်။

သူက အသံတစ်ချက်မှမထွက်ဘဲ ခေါင်းတလားကိုအမှီပြုထားနေသည်။ ကြည့်ရတာ သူ့ဘာသာသူ အားပြုထောက်ကန်ရန်ကြိုးစားနေတာပဲဖြစ်ရမည်။ သူ၏ပါးလျသောလက်ပြင်ရိုးများသည်ကား တောင့်တင်းသောအရေပြားလွှာအောက်မှ ထိုးဖောက်ထွက်လာရန်အဆင်သင့်ဖြစ်နေကြသလို၊ ၎င်းတို့မှာ ဖိနှိပ်ထိန်းချုပ်ထားသောအသက်ရှူသံများနှင့်အတူ အသံတိတ် နိမ့်ချည်မြင့်ချည်ခါယမ်းလှုပ်ရှားလို့နေသည်။

ရွှမ်းကျီးမှာ အနှီလူသားကို ရှင်းရှင်းလင်းလင်းတွေ့မြင်သွားသည်နှင့်တပြိုင်နက် ပြင်းပြသောစိတ်ခံစားချက်များက သူ့ကို ရုတ်တရက်လွှမ်းမိုးထားလိုက်သည့်နှယ်။ စကားလုံးများဖြင့်ညွှန်းဆိုဖော်ပြ၍မရနိုင်သော ပျော်ရွှင်မှုနှင့်ကြေကွဲဝမ်းနည်းစရာခံစားချက်နှစ်မျိုးက အချင်းချင်းရစ်ပတ်နှောင်ဖွဲ့လို့နေပြီး သူ၏နာမ်ဝိညာဉ်ကိုတောင် လှုပ်နှိုးတုန်ခါသွားစေတော့သည်။ နှစ်ထောင်ပေါင်းများစွာ စဉ်ဆက်မပြတ်ဆန့်တန်းဆက်သွယ်ထားခဲ့သော နောင်တတရားများက နောက်ဆုံး၌ အဆုံးသတ်ပြီးဆုံးသွားရသလို။ ၎င်းမှာ အဆုံးမရှိသောညဉ့်အမှောင်ထုထဲတွင် အချိန်မည်မျှကြာလို့ကြာမှန်းမသိ ပိတ်မိနေရင်းက နောက်ဆုံး၌ အရုဏ်ဦးရောင်ခြည်တန်းလေးတမျှင်ကို ဖျတ်ခနဲတွေ့မြင်လိုက်ရသည့်နှယ်။

၎င်းမှာ မွေးကတည်းက သူ့ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို့ဆန့်ကျင်ဘက်ဖြစ်နေသည့် ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုတို့ကို မခံစားခဲ့ဖူးပါချေ။ သူ့ခန္ဓာကိုယ်ထဲမှ လိပ်ပြာလွင့်ထွက်သွားသကဲ့သို့ပင်။ ရွှမ်းကျီးမှာ ထိုနေရာ၌ အချိန်အတော်ကြာအောင် အံ့ဩမှင်သက်စွာရပ်နေမိပြီး မျက်ရည်များပင်ကျလုမတတ်ဖြစ်လာရလေ၏။ သူက မသိလိုက်မသိဘာသာဖြင့်ပင် သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိနှိပ်ထားမိသည်။

ခေါင်းတလားထဲရှိလူမှာ အလွန်တရာဖြူဖျော့လျက်ရှိနေသည်မှာ နှစ်ပေါင်းထောင်နှင့်ချီအောင် နေရောင်ခြည်ကိုမထိတွေ့ခဲ့ရသူတစ်ယောက်ကဲ့သို့နှယ်။ သူ၏ဆံနွယ်များက မှင်ရည်အလား နက်မှောင်နေပြီး ပါးပြင်ဘေးတစ်ဖက်တွင်ကျဆင်းနေသည့် ခြောက်သွေ့နေသော သွေးစီးကြောင်းတစ်ကြောင်းက နီမြန်းနေသောမျက်ဝန်းထောင့်စွန်းများနှင့်ဆုံစည်းဆက်သွယ်သွားသည်မှာ သွေးမျက်ရည်များစီးကျနေသည့်အလား။ ထင်ရှားပြတ်သားသော ဆန့်ကျင်ဘက်အရောင်တို့က သိသိသာသာကိုအတိုင်းသားကွဲထွက်နေသည်မှာ ရင်သတ်ရှုမောစရာကောင်းသောသက်ရောက်အားတစ်မျိုးတစ်ဖုံကိုဖြစ်ပေါ်သွားစေတော့သည်။

ထို့အပြင်.....

သူ့ကိုယ်ပေါ်တွင် အဝတ်အစားကင်းမဲ့နေလျက်ရှိသည်။

ခဏလေး!

ရွှမ်းကျီးမှာ ရုတ်တရက် အသိစိတ်ပြန်ကပ်လာပြီး ထူးခြားဆန်းကြယ်သောစိတ်ခံစားချက်များထဲမှ ရုန်းကန်တိုးထွက်လာ၏။ ၎င်းသည်ကား ကိုယ်လုံးတီးဖြစ်နေသောယောကျ်ားတစ်ယောက်ကို အချိန်အတော်ကြာအောင် ကြက်သေသေကာ တစိုက်မတ်မတ် စူးစိုက်ကြည့်ရှုနေမိတာဖြစ်သည်။ မိမိမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုဖြင့် နှစ်ကြိမ်လောက် အပြစ်ပေးအရေးယူခံရလောက်သည်အထိကို အချိန်အကြာကြီးငေးမောကြည့်နေမိခဲ့လေသည်!

"အိုင်း.....ဟိုလေ... ကျွန်တော်....ကျွန်တော်....တမင်တကာလုပ်တာမဟုတ်ဘူးနော်....ခင်ဗျားက ဘာမပြောနဲ့ညာမပြောနဲ့ ရုတ်တရက်ကြီး ထွက်လာတာလေ...."

ရွှမ်းကျီးက သူ့အကြည့်များကို ကမန်းကတန်းရှောင်လွှဲလိုက်စေကာမူ အဆိုပါမြင်ကွင်းသည်ကား သူ၏မြင်လွှာပေါ်တွင် စွဲမြဲစွာထင်ကျန်ရစ်ခဲ့လေသည်။ သူက အထိတ်တလန့်ဖြင့် မျက်တောင်များကိုအကြမ်းပတမ်းပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို တပွတ်ပွတ်တသပ်သပ်လုပ်လိုက်သည်။ ၎င်းမှာ ထိုလူကို ဝတ်စရာတစ်ခုခုငှားပေးချင်နေတာဖြစ်ကောင်းဖြစ်နိုင်သော်ငြား ထိုကိစ္စက သူ့အတွက် ဘယ်လိုမှကိုမဖြစ်နိုင်သောကိစ္စဖြစ်နေသည်__သူ၏အပေါ်ဝတ်ကုတ်အင်္ကျီနှင့်သိုးမွေးအင်္ကျီမှာ ဝင်လိုက်ထွက်လိုက်လုပ်နေသောအတောင်များကြောင့် မီးကျွမ်းကာ သူတောင်းစားတစ်ယောက်၏နောက်ကျောပြောင်ဖြစ်နေသောအဝတ်အစားမျိုးဖြစ်သွားရှာပြီဖြစ်သည်။ ၎င်းမှာ အောက်ခံဘောင်းဘီရှည်ကို ဝတ်လေ့ဝတ်ထရှိသူမဟုတ်သည့်အတွက် သူဝတ်ထားသောဘောင်းဘီကိုချွတ်ပေးလိုက်မည်ဆိုပါက မိမိမှာလည်း *ဟိုင်အာညီအစ်ကိုများ၏ပုံစံမျိုးပေါက်သွားပေလိမ့်မည်။ သည်လိုအနစ်နာခံတာမျိုးကတော့ နည်းနည်းလေးရုပ်ပေါက်လွန်းသွားမည်ဖြစ်သည်။

*ဟိုင်အာညီအစ်ကိုများ-- ကာတွန်းဇာတ်လမ်းတွဲတစ်ခုတွင်ပါဝင်သော အတွင်းခံဘောင်းဘီလေးသာဝတ်ထားသည့် အဓိကဇာတ်လိုက်ညီအစ်ကိုနှစ်ဦးဖြစ်သည်။


"ဒါဖြင့်....ဒီလိုလုပ်ရင်ရော...."

ရွှမ်းကျီး၏မျက်လုံးများမှာ ချာလပတ်လည်နေပြီး ၎င်းမှာ ပြောမိပြောရာလျှောက်ပြောနေမိလေ၏။

"ကျွန်တော် မုတ်ဆိတ်နဲ့လူရဲ့အဝတ်အစားတွေကို ချွတ်ပေးရင်ရော? နည်းနည်းတော့ နံနေတယ်ဆိုပေမယ့် ခင်ဗျား အဆင်ပြေပါ့မလား?"

ရှန့်လင်ယွမ်းက သူ့ကိုအရေးမလုပ်ပါချေ။ သူက လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ကာ ခေါင်းတလားအနားစောင်းပေါ်တွင်တင်ထားရင်းက အားလျော့ချိနဲ့စွာဖြင့် တစ်ချက်ဝှေ့ယမ်းလိုက်သည်။

သွေးနီရောင်ပန်းဝတ်ရည်များဖြင့်ပြည့်ဝနေခဲ့သော ညှိုးလျော်ခြောက်သွေ့သွားရှာသည့်နွယ်ပင်များက တွန့်လိမ်ကောက်ကွေးစွာဖြင့် အချင်းချင်းယှက်နွယ်ရက်ဖြာသွားကြသည်။ ၎င်းတို့မှာ ရွှမ်းကျီး၏သိုးမွေးအင်္ကျီပေါ်ရှိ အတန်းလိုက်အမြှောင်းလိုက်ဖြစ်နေသည့် ချည်ထိုးရာများ၏ပုံစံအတိုင်းတုပလိုက်ကြပြီး သူတို့ဘာသာသူတို့ ဝတ်ရုံရှည်တစ်ထည်ဖြစ်သွားသည်အထိရက်လုပ်လိုက်ကြပြီးနောက် ထိုအမျိုးသား၏ခန္ဓာကိုယ်ပေါ်သို့သက်ဆင်းသွား၏။

ရှန့်လင်ယွမ်းသည်ကား အဝတ်စလေးတစ်စ၏အလေးချိန်ကိုပင် ခံနိုင်ရည်ရှိပုံမရ၊ သူ့ကိုယ်ပေါ်သို့လွှားကျလာသောဝတ်ရုံ၏အလေးချိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ အောက်သို့နစ်ဝင်သွားရှာသည်။ ရွှမ်းကျီးက ထိုသူကိုတွဲကူဖေးမရန် အလိုအလျောက်ပင် လက်လှမ်းလိုက်မိသည်။ သို့သော် လမ်းခုလတ်မှာပင် သူတုံ့ဆိုင်းရပ်တန့်သွား၏။ ဘာကြောင့်များ ထိုသို့ဆန္ဒအလျောက်လုပ်လိုက်မိသလဲဆိုတာကို သူကိုယ်တိုင်လည်းမသိတော့။

ထိုအခိုက်မှာပင် ရှန့်လင်ယွမ်းဆီမှ ဗလုံးဗထွေးပြောလာသောစကားသံကို သူကြားလိုက်ရသည်။

ရွှမ်းကျီးက အသက်ပင်ရဲရဲမရှူရဲဘဲ မေးလိုက်သည်။

"ဘာ?"

ထိုလူက စကားကို သွားကြားထဲမှ ဖျစ်ညှစ်ထုတ်နေရသည့်နှယ် တစ်လုံးချင်းစီ ပြတ်တောင်းပြတ်တောင်းပြောလာသည်။ သူ၏ကတုန်ကယင်ဖြစ်နေသောစကားသံထဲတွင် သွေးညှီနံ့များယှဉ်တွဲရောယှက်လို့နေ၏။

"ဘယ်သူက....ဘယ်သူက သူ့ခေါင်းတလားကို ဖွင့်လိုက်တာလဲ?....."

20.6.21


🔥🔥🔥🔥🔥🔥🔥

Zawgyi

႐ႊမ္းက်ီးသည္ကား ေတာင္ပိုင္းအရပ္ေဒသမ်ားသာမက ေျမာက္ပိုင္းေဒသတခြင္ပါမက်န္ နိုင္ငံအႏွံ႕ေနရာအႏွံ႕ေျခဆန႔္သြားလာဖူးသူတစ္ဦးျဖစ္သည့္အေလ်ာက္ သူ႕ဘဝတစ္သက္တာတြင္ ႐ုကၡေဗဒဥယ်ာဥ္ေပါင္းမ်ားစြာကိုလည္းသြားေရာက္လည္ပတ္ခဲ့ဖူးၿပီးသားျဖစ္သည္။ သို႔ေပသိ မဆိုစေလာက္ေလး အခန႔္မသင့္အဆင္မေျပျဖစ္သြား႐ုံႏွင့္ ေသြးမ်ားထြက္လာတတ္ေသာ ထူးျခားဆန္းျပားသည့္ပန္းပြင့္မ်ိဳးကိုမူ ယခုမွ ပထမဆုံးအႀကိမ္ေတြ႕ဖူးျခင္းျဖစ္သည္။ အေရးေပၚအသက္ကယ္ဆယ္မႈေလးေတာင္ လုပ္ရန္အခ်ိန္မမီလိုက္ရွာေပ။

သူ၏ 'အိမ္မွထြက္ေျပးသြား' ခဲ့ေသာ သက္ေစာင့္ဓားခမ်ာ အနိမ့္အျမင့္အတက္အက်မ်ားလွေသာကံၾကမၼာႏွင့္ေတြ႕ဆုံခဲ့ရရွာသည္။ အဆိုပါဓားမွာ မိစာၦသခင္ႀကီး၏ 'ကပ္ပါး' ျပဳျခင္းကိုခံလိုက္ရသည့္တိုင္ေအာင္ အနည္းဆုံးေတာ့ အႏွီမိစာၦသခင္ႀကီးသည္ကား တစ္ကိုယ္ရည္သန႔္ရွင္းေရးကိုအေလးထားသူတစ္ဦးျဖစ္သည္ေလ။ ဓားတြင္ သူ႕ခႏၶာကိုယ္ေပၚမွ ေမႊးႀကိဳင္သင္းပ်ံ့ေသာရနံ႕မ်ားေတာင္စြဲထင္ကပ္ၿငိေနေကာင္းေနနိုင္ေပသည္။ သို႔ေသာ္ အဆိုပါဓားမွာ ေနာက္ထပ္တစ္ႀကိမ္ အျဖဴေရာင္ပန္းမ်ား၏ 'ရာသီေသြး' မ်ားျဖင့္ေပက်ံသြားပါမူ ေနာင္တစ္ခ်ိန္တြင္ ဓားကိုသူ႕ေက်ာရိုးထဲသို႔ မည္ကဲ့သို႔ျပန္ထည့္လို႔ရပါေတာ့မည္နည္း?

တကယ္ပဲ ဒါေတြအားလုံးကို သူ႕ေက်ာေပၚမွာ ထမ္းပိုးသြားရမွျဖစ္မွာလား?

ထိုအခိုက္ ႐ႊမ္းက်ီးတစ္ေယာက္ အမွိုက္ထုပ္တစ္ထုပ္ႏွင့္တူေသာ မုတ္ဆိတ္ႏွင့္လူကို လႊတ္ခ်လိဳက္ခ်င္စိတ္တို႔ တဖြားဖြားျဖစ္ေပၚလို႔လာသည္။ သို႔ေသာ္လည္း 'သူေတာ္ေကာင္းတရားကိုးပါး' ကို ႏွစ္ေပါင္းမ်ားစြာလက္ခံသြတ္သြင္းက်င့္သုံးလာခဲ့သည့္ လူငယ္ေလးတစ္ေယာက္ျဖစ္ေနသည့္ သူ႕အတြက္ သူ႕လက္ထဲတြင္ကိုင္ထားေသာ အႏွီ ဆိုးဆိုးဝါးဝါးညစ္ပတ္နံေစာ္ေနသည့္ သက္ရွိလူသားတစ္ေယာက္ကို ေအာက္သို႔လႊတ္ခ်လိဳက္ဖို႔ရာလည္းမလုပ္နိုင္ပါေခ်။ ၎မွာ ေနာက္ထပ္လည္း လက္မအားေတာ့သည့္အတြက္ ႀကံရာမရသည့္အဆုံး သူ၏ေျခလက္ေလးေခ်ာင္းလုံးကို အစြမ္းကုန္အသုံးခ်ရန္ႀကိဳးစားလိုက္သည္။ သူက ေျခေထာက္ကိုဆန႔္ထုတ္လိုက္ၿပီး ဓားကိုေလထဲသို႔ ကန္ထုတ္လိုက္သည္။ ထို႔ေနာက္ 'ေသြးစြပ္ျပဳတ္ရည္'မ်ားထဲသို႔နစ္ျမဳပ္သြားေတာ့မည့္ အဆိုပါဓားကိုကယ္တင္ရန္အလို႔ငွာ သူက မုတ္ဆိတ္ႏွင့္လူကို လက္ထဲတြင္ကိုင္ထားရင္းပင္ ေလထုထဲသို႔ေျမာက္တက္သြားေသာ ဓားေနာက္ကိုလိုက္ကာ ဓားကိုသူ႕ေျခေထာက္ႏွစ္ေခ်ာင္းျဖင့္ဖမ္းညွပ္ရန္ႀကိဳးစားလိုက္သည္။

ထိုအခိုက္မွာပင္ နံရံမ်ားတစ္ေလွ်ာက္စီးက်လာေနေသာ ေသြးနီေရာင္ ပန္းဝတ္ရည္မ်ားသည္ကား လမ္းတစ္ဝက္တြင္ရပ္တန႔္သြားၾကၿပီး ကမာၻေျမႀကီး၏ဆြဲငင္အားကို လုံးဝဥႆုံလ်စ္လ်ဴရႈထားသည့္ႏွယ္ ထူးျခားဆန္းၾကယ္ၿပီး သဘာဝမက်စြာပင္ အဆိုပါဝတ္ရည္မ်ားမွာ ေလထုထဲသို႔ အလ်ားလိုက္ပန္းထြက္လာၾကေလေတာ့သည္။

ထိုပန္းထြက္လာေသာ အနီေရာင္ဝတ္ရည္မ်ားသည္ကား ေလထုအတြင္း၌ ပန္းထိုးခ်ည္ထည္တစ္ထည္အလား ယွက္သန္းရက္ျဖာသြားၾကသြားၿပီးေနာက္ ႐ႊမ္းက်ီး၏အေတာင္မ်ားႏွင့္ ထိသြားလွ်င္ထိသြားခ်င္းမွာပင္ အေငြ႕ပ်ံကာ မွိန္ပ်ပ်ျမဴခိုးေငြ႕မ်ားအျဖစ္ေျပာင္းလဲသြားၾကသည္မွာ မက္မြန္ပန္းပြင့္လႊာတစ္လႊာအလား၊ တကယ့္ကိုပင္ ရင္သတ္ရႈေမာဖြယ္ေကာင္းေလာက္ေအာင္လွပခန႔္ညားလြန္းလွေပသည္။ ႐ႊမ္းက်ီးမွာ သူ႕ပါးစပ္ကိုဖြင့္ကာ ခ်ီးမြမ္းေျပာဆိုျခင္းမလုပ္လိုက္ရေသးခင္မွာပင္ သတိလစ္ေနသည့္ မုတ္ဆိတ္ႏွင့္လူက ႐ုတ္တရက္ အာေခါင္ျခစ္၍ထေအာ္ကာ ႐ုန္းကန္လႈပ္ရွားေနေတာ့သည္။ ႐ႊမ္းက်ီးက ၾကည့္လိုက္ေသာအခါ အဆိုပါပန္းဝတ္ရည္စက္တခ်ိဳ႕က မုတ္ဆိတ္ႏွင့္လူ၏လက္ေပၚသို႔က်ေရာက္သြားသည္ကိုေတြ႕လိုက္ရသည္။ သူ႕အေရျပားမွာ အျပင္းစားအက္စစ္ရည္ျဖင့္ အစားခံလိုက္ရသည့္ႏွယ္ ခ်က္ခ်င္းဆိုသလိုပင္ အေရျပားေပၚ၌ ေၾကာက္စရာေကာင္းလွေသာ အမည္းစက္မ်ားျဖစ္ေပၚသြားေလေတာ့သည္။ ထိုသူက အသည္းခိုက္ဖြယ္ နာက်င္မႈေၾကာင့္ လန႔္နိုးလာရျခင္းျဖစ္သည္!

ပန္းဝတ္ရည္ေတြက တကယ္ႀကီး အဆိပ္ရွိေနတာပဲ!

အခ်ိန္ခဏေလးအတြင္းမွာပင္ ႐ႊမ္းက်ီး၏အေတာင္ပံမ်ားေပၚရွိ တဟုန္းဟုန္းေတာက္ေလာင္ေနေသာမီးေတာက္မ်ားေၾကာင့္လားမသိ၊ ပန္းဝတ္ရည္မ်ားထံမွျဖစ္တည္လာေသာ ေသြးနီေရာင္ျမဴခိုးေငြ႕မ်ားမွာ တျဖည္းျဖည္းသိပ္သည္းထူထပ္လာေတာ့သည္။ မုတ္ဆိတ္ႏွင့္လူမွာ 'ျမဴခိုးေငြ႕'မ်ားျဖင့္ထိေတြ႕သြားေသာအခါ သူ၏အေရျပားလႊာမ်ားမွာ ခ်က္ခ်င္းဆိုသလိုပင္ စတင္ေပါက္ၿပဲလာကာအနာမ်ားျဖစ္ေပၚလာေတာ့သည္။ မသိလွ်င္ျဖင့္ တဟုန္းဟုန္းေတာက္ေလာင္ေနေသာမီးတြင္းထဲ၌ ဝါးၿမိဳခံလိုက္ရရွာေသာ မီးလူသားတစ္ေယာက္သဖြယ္။
တစ္ခ်ိန္တည္းမွာပင္ ပန္းေသြးေရာင္ျမဴခိုးမ်ားက ေျမျပင္မွတဆင့္္ ဂူမ်က္ႏွာက်က္ဆီသို႔ အလ်င္အျမန္လြင့္ပ်ံတက္သြားၾကၿပီးေနာက္ ေအးစက္ေနေသာေက်ာက္ဂူနံရံမ်ားႏွင့္ထိေတြ႕မိကာ အလ်င္အျမန္ပင္ အခ်င္းခ်င္းသိပ္သည္းစုစည္းသြားလ်က္ မိုးစက္မိုးေပါက္မ်ားသဖြယ္ ေအာက္သို႔႐ြာက်သြန္းၿဖိဳးလာေလသည္။ ငွက္လူသား ႐ႊမ္းက်ီးသည္ကား အဆိုပါအက္စစ္မိုးမ်ားကိုကိုယ္တိုင္ထုတ္လုပ္သူမဟုတ္သည့္တိုင္ေအာင္ ၎မွာ အဆိုပါမိုးမ်ားကိုျဖစ္ေပၚေစရန္ စီးကူးေပးသည့္ ၾကားခံပစၥည္းတစ္ခုသဖြယ္ျဖစ္သြားေလေတာ့သည္!

႐ႊမ္းက်ီးခမ်ာ မတတ္သာသည့္အဆုံး၌ သက္ရွိလူသားတစ္ေယာက္ကိုသာဦးစားေပးကယ္တင္ရန္ဆုံးျဖတ္လိုက္ၿပီး ဓားကိုဂ႐ုစိုက္ေနရန္အခ်ိန္မရွိေတာ့ပါေခ်။ သူက သူ႕ေျခေထာက္မ်ားကိုႀကဳံ႕ႀကဳံ႕ေလးေကြးၫြတ္လိုက္ၿပီး သူ၏ဧရာမအေတာင္ပံႏွစ္ဖက္ကို ေရ၊ မီးမထိုးေဖာက္နိုင္ေသာ ဒိုင္းကာတစ္ခုသဖြယ္ျဖစ္ေစလ်က္ သူႏွင့္မုတ္ဆိတ္ႏွင့္လူႏွစ္ေယာက္စလုံးကို အေတာင္ပံႏွစ္ဖက္ျဖင့္ဖုံးအုပ္လႊမ္းၿခဳံထားလိုက္ေလသည္။

တစ္ခ်ိန္တည္းမွာပင္ ေသြးနီေရာင္မိုးစက္မိုးေပါက္မ်ားႏွင့္ေလျပင္းမ်ားအၾကား၌ ခုနေလးတင္ ေလထုထဲသို႔ သူကန္ထုတ္လိုက္ေသာ ေလးလံေသာဓားႀကီးသည္ကား ေရအိုင္ငယ္ေလးထဲသို႔ ပလုံခနဲ အသံေပးလ်က္ျပဳတ္က်သြားရွာသည္။

ေရအိုင္မွာ သိပ္ေတာ့မနက္ပါေခ်။ ေလးလံေသာဓားမွာ ျပဳတ္က်သြားလွ်င္သြားခ်င္းမွာပင္ ေရကန္ေအာက္ေျခၾကမ္းျပင္ႏွင့္ထိရိုက္သြား၏။ ႐ႊမ္းက်ီးက သူ၏အေတာင္ပံမ်ားၾကားရွိ လွစ္ဟေနသည့္အေပါက္ေလးမွတဆင့္ အျပင္သို႔ေခ်ာင္းၾကည့္လိုက္ေသာအခါတြင္မူ ေရမ်က္ႏွာျပင္ေအာက္၌ ေက်ာက္သားစင္ျမင့္တစ္ခုရွိေနသည္ကို ေနာက္ဆုံးတြင္ေတြ႕လိုက္ရသည္။ အဆိုပါေက်ာက္သားစင္ျမင့္၏အက်ယ္အဝန္းမွာ သုံးမီတာခန႔္ရွိၿပီး ေရေအာက္ထဲတြင္နစ္သည္ဆို႐ုံနစ္ျမဳပ္ေနျခင္းသာျဖစ္သည္။ စင္ျမင့္ထက္တြင္ တစ္စုံတစ္ခုရွိေနသလိုပင္__

ေနာက္တခဏအၾကာမွာေတာ့ ႐ႊမ္းက်ီး၏မ်က္ဝန္းအိမ္မ်ားမွာ ႐ုတ္တရက္ ဝိုင္းစက္ျပဴးက်ယ္သြားရွာေတာ့သည္__

စင္ျမင့္ေပၚတြင္ရွိေနသည့္အရာမွာ အဖုံးဖြင့္ထားေသာ ေခါင္းတလားအလြတ္တစ္လုံးျဖစ္ၿပီး သူ႕ဓားက ထိုေခါင္းတလားထဲသို႔ တန္းတန္းမတ္မတ္ျပဳတ္က်သြားျခင္းျဖစ္သည္!

၎မွာ သူ႕ဓားကိုျပန္သြားေကာက္ခ်ိန္မရလိုက္ေသးခင္မွာပင္ သူ႕ရင္အစုံမွာ တလွပ္လွပ္ခုန္လႈပ္သြားရွာၿပီး သူ၏ႏွလုံးသားကို သံမဏိလြန္တစ္ေခ်ာင္းျဖင့္ထိုးေဖာက္ခံေနရသကဲ့သို႔ခံစားလိုက္ရသည္။ ေအးစက္စက္ဗလာနတၳိျဖစ္ေနေသာခံစားခ်က္မ်ားႏွင့္ စူးရွထက္ျမေသာနာက်င္မႈေဝဒနာတို႔က ဆူနာမီလွိုင္းလုံးႀကီးတစ္လုံးသဖြယ္ တဟုန္ထိုးလွိုက္တက္လို႔လာၾကသည္။ ႐ႊမ္းက်ီး၏နားထဲတြင္ ပစၥည္းတစ္ခုခုအက္ကြဲေၾကမြသြားသည့္အသံတစ္သံကိုၾကားလိုက္ရသည္။ ႐ုတ္ခ်ည္းဆိုသလိုပင္ သူ႕ခမ်ာ အသက္ရႉၾကပ္လာရွာသည္။

ေသြးနီေရာင္ပန္းဝတ္ရည္မ်ားက ေရအိုင္ငယ္ေလးထဲသို႔ က်ဆင္းသြားၾကသည္။ ၾကည္လင္သန႔္ရွင္းေနခဲ့သည့္ ေရအိုင္ထဲရွိေရမ်ားမွာ ခ်က္ခ်င္းဆိုသလို ထိတ္လန႔္ေခ်ာက္ခ်ားဖြယ္ေကာင္းေသာေသြးနီေရာင္ေရမ်ားအျဖစ္ေျပာင္းလဲသြားၾကေလေတာ့သည္__
.
.
.
.

တစ္ခ်ိန္တည္းမွာပင္ ခ်ိယြမ္းေခ်ာက္နက္ႀကီးထဲရွိ ယဇ္ပုလႅင္တဝိုက္တြင္ ကင္းလွည့္ေနၾကေသာ လက္နက္ဝိညာဥ္မ်ား၏ေျခလွမ္းမ်ားသည္ကား ႐ုတ္ခ်ည္းပင္ တညီတညာတည္းရပ္တန႔္သြားၾက၏။ ဓား (၁) မွာ တစ္ခုခုကိုအာ႐ုံခံမိသြားဟန္ျဖင့္ ေခါင္းကိုဆတ္ခနဲလွည့္ကာ ယဇ္ပုလႅင္ဆီသို႔လွမ္းၾကည့္လိုက္သည္။ ေနာက္ထပ္ဂူေက်ာက္တိုင္တစ္တိုင္သည္ကား ဘာရယ္ေၾကာင့္မွန္းမသိဘဲ အက္ကြဲပြင့္ထြက္သြား၏!

လက္နက္ဝိညာဥ္မ်ားက အသစ္စက္စက္အက္ကြဲသြားေသာဂူေက်ာက္တိုင္နားဆီသို႔စုေဝးေရာက္ရွိလာၾကသည္။ ဓား (၁)က သူ၏ပုပ္ရိေဆြးျမည့္ေနေသာ လက္ကိုေရွ႕သို႔ဆန႔္ထုတ္ကာ ထိုအက္ကြဲသြားေသာေနရာကိုျပန္လည္ဖာေထးရန္ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ၎မွာ ထိုေက်ာက္တိုင္ကိုထိေတာင္မထိလိုက္ရေသးခင္မွာပင္ ဂူေက်ာက္တိုင္ဆီမွ ခပ္တိုးတိုးအသံတစ္ခ်က္ထြက္ေပၚလာၿပီး ေျမာက္ျမားလွစြာေသာလက္နက္ဝိညာဥ္မ်ား၏မ်က္စိေရွ႕ေမွာက္မွာပင္ မႈန႔္မႈန႔္ညက္ညက္ေၾကကာ တစစီပ်က္စီးၿပိဳက်သြားရွာေတာ့သည္။ တဆက္တည္းမွာပင္ ေက်ာက္တိုင္ေပၚရွိအက္ကြဲေၾကာင္းမ်ားထဲမွ အျဖဴေရာင္အလင္းတန္းတစ္တန္းထြက္ေပၚလာၿပီး အေရွ႕စူးစူးအရပ္ဆီသို႔ တရွိန္ထိုး ထိုးတက္သြားေလေတာ့သည္။

လက္နက္ဝိညာဥ္မ်ားမွာ အူတီးအူေၾကာင္ျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကသည္။ တေသာ့ေသာ့တိုက္ခတ္ေနေသာေလအေဝွ႕တြင္ သူတို႔၏ေအးစက္ေသာခ်ပ္ဝတ္တန္ဆာမ်ားထံမွ တဂ်စ္ဂ်စ္ျမည္သံမ်ားထြက္ေပၚေနလ်က္ရွိသည္။ ၎တို႔သည္ကား အလြန္အမင္းအသက္အ႐ြယ္အိုမင္းႀကီးရင့္ေနၿပီျဖစ္ေသာေၾကာင့္ သူတို႔၏မွတ္ဉာဏ္မ်ားမွာလည္း သူတို႔၏လက္နက္ကိုယ္ထည္မ်ားကဲ့သို႔ပင္ ဟိုတစ္ကြက္သည္တစ္ကြက္ သံေခ်းတက္ကုန္ၾကၿပီျဖစ္သည္။ ဂူေက်ာက္တိုင္အက္ကြဲသြားျခင္းက မည္သည့္အရာကိုကိုယ္စားျပဳရည္ၫႊန္းေနသလဲဆိုတာကို ေကာင္းေကာင္းမမွတ္မိၾကေတာ့ပါေခ်။ သို႔ေသာ္.....ေၾကာက္မက္ဖြယ္ေကာင္းေသာကိစၥတစ္ခုျဖစ္ေပၚလာေတာ့မည္ဆိုသည့္အေၾကာင္းကိုေတာ့ အရိပ္အႁမြက္ျပသေနသည့္ႏွယ္။
.
.
.

ဓားမွာ ေရအိုင္ထဲသို႔ျပဳတ္က်သြားခ်ိန္၌ ရွန႔္လင္ယြမ္း၏အာ႐ုံခံစားမႈမ်ားမွာ ကေမာက္ကမျဖစ္သြားသလိုခံစားလိုက္ရသည္။ သူ၏အသိစိတ္အာ႐ုံက ထူးထူးျခားျခားထုံက်ဥ္လို႔လာသလို သူ၏ႏွလုံးခုန္သံကလည္း အလြန္အမင္း ေျဗာင္းဆန္လို႔လာေတာ့သည္။ တစ္စုံတစ္ရာက သူ၏ပါးလ်ေသာရင္အုံကိုျဖတ္သန္းထိုးေဖာက္ၿပီး ျပင္ပကမာၻသို႔ထြက္လာရန္ ဆႏၵျပင္းျပေနသည့္ႏွယ္။ ရွန႔္လင္ယြမ္းကမူ ထိုအရာက ဘာလဲဆိုတာကို မသိခ်င္ေပ။ ထိုအခ်ိန္ခဏေလးအတြင္းမွာပင္ ဘာရယ္ေၾကာင့္မွန္းမသိဘဲ သူ႕ႏွလုံးအိမ္ထဲတြင္ အေၾကာက္တရားတို႔ လူးလြန႔္ေပါက္ဖြားလို႔လာသည္။ အဆိုပါေသြးနီေရာင္ေရမ်ားက ပင့္ကူပိုးအိမ္တစ္ခုအျဖစ္သို႔စုစည္းယွက္သန္းသြားၿပီး သူ႕ကိုအလယ္တြင္ ေထြးပတ္လႊမ္းၿခဳံထားလိုက္ရန္ကိုသာ သူေမွ်ာ္လင့္ေတာင့္တမိေလေတာ့သည္။ ထိုမွသာလွ်င္ သူ၏မ်က္လုံးမ်ားကိုမွိတ္၊ နားမ်ားကိုပိတ္ကာ ေနာက္ဆုံးအခ်ိန္ထိ ပုန္းေအာင္းေရွာင္တိမ္းေနနိုင္မည္ျဖစ္သည္။

သို႔ေသာ္....ဤကမာၻေလာကႀကီးအတြင္း၌ သူ႕အတြက္ ပုန္းေအာင္းနားခိုစရာေနရာဟူ၍ တစ္လက္မေလးေတာင္မွရွိမေနခဲ့ပါေခ်။

ၿငိမ္းခ်မ္းစြာအိပ္စက္ျခင္း၊ အသက္ရႉျခင္း၊ အပန္းေျဖအနားယူျခင္း....ထိုအရာမ်ားအားလုံးသည္ကား သူ႕အတြက္ေတာ့ မျဖစ္နိုင္ေသာစိတ္ကူးယဥ္အိပ္မက္မ်ားသာျဖစ္ေနခဲ့ၾကသည္။

သူ၏မွတ္ဉာဏ္မ်ားသည္ကား အိပ္ေနရာမွ လန႔္နိုးလာေသာ မေကာင္းဆိုးဝါးတစ္ေကာင္အလား။ ထိုသားရဲသတၱဝါႀကီးက မ်က္လုံးမ်ားကိုဖြင့္၊ ရက္စက္ၾကမ္းၾကဳတ္ေသာ ပါးစပ္ႀကီးကိုဟ,၍ သူ႕ထံသို႔ေျပးဝင္လာေနသည့္ႏွယ္။

ေလးလံေသာဓားႀကီးထံမွ တိုးလ်ေသာတဝီဝီျမည္သံမ်ားထြက္ေပၚလို႔လာသည္။ တဆက္တည္းမွာပင္ ေလးဖက္ေလးတန္ေသာဂူနံရံမ်ားမွာ တုန္ခါလာၾကၿပီး နံရံထက္ရွိ ပန္းပြင့္မ်ားမွာလည္း ညွိုုးေလ်ာ္ေျခာက္ေသြ႕သြားကာ ေရအိုင္အလယ္တြင္ ေရဝဲတစ္ခုျဖစ္ေပၚလို႔လာသည္။ ေခါင္းတလားမွာ ထိုေရဝဲ၏အလယ္ဗဟိုတည့္တည့္၌ရွိေနတာျဖစ္သည္။ ထို႔ေနာက္မွာေတာ့ ေခါင္းတလားထဲတြင္ရွိေနေသာ တစ္စုံတစ္ခုက စုပ္ယူဆြဲသြင္းလိုက္သည့္ႏွယ္၊ ေရမ်က္ႏွာျပင္က ေအာက္သို႔ တစ္လက္မၿပီးတစ္လက္မ နိမ့္က်သြားေလေတာ့သည္။

႐ႊမ္းက်ီးမွာလည္း တစ္ကိုယ္လုံးေခြၽးေစးေခြၽးေပါက္မ်ားျဖင့္စို႐ႊဲေနလ်က္ ႐ုတ္တရက္ျဖစ္ေပၚလာေသာ ရင္တုန္ပန္းတုန္ခံစားခ်က္မ်ားၾကား၌ သက္ျပင္းတစ္ခ်က္ခ်လိဳက္ရွာသည္။ ေရအိုင္ထဲရွိ ေသြးနီေရာင္အရည္မ်ားက ေခါင္းတလားထဲသို႔ လုံးလုံးလ်ားလ်ားစုပ္ယူျခင္းခံလိုက္ရသည္ကို ေတြ႕လိုက္ရေသာအခါ ႐ႊမ္းက်ီးတစ္ေယာက္ အံ့ဩမွင္တက္သြားသည္။ ေရမ်ားက ျပန္လည္ၾကည္လင္သန႔္ရွင္းသြားၿပီးေနာက္မွာေတာ့ ေခါင္းတလားက သိသာထင္ရွားစြာထြက္ေပၚလို႔လာသည္__

ေရထဲမွထြက္ေပၚလာေသာ ေခါင္းတလားအလြတ္တစ္လုံး။ သို႔ေသာ္ ထိုေခါင္းတလားထဲသို႔ျပဳတ္က်သြားခဲ့ေသာ ဓားမွာေတာ့ ေပ်ာက္ခ်င္းမလွေပ်ာက္ဆုံးသြားခဲ့သည္။ အထဲတြင္..... 'လူ' တစ္ေယာက္ထိုင္ေနသည္။

႐ႊမ္းက်ီးမွာ ၎ကို 'လူ' ဟု ေခၚသင့္မေခၚသင့္ဆိုတာကိုလည္း သိပ္ၿပီးမေသခ်ာလွပါေခ်။

မုတ္ဆိတ္ႏွင့္လူ၏မ်က္သားျဖဴျဖဴတို႔သည္ကား သူ႕မ်က္လုံးအိမ္ထဲတြင္ ပရမ္းပတာခ်ာလပတ္လည္ေနရွာေတာ့သည္။ ၎မွာ သတိလစ္ေမ့ေျမာသြားခဲ့ၿပီးေနာက္ တဖန္လန႔္နိုးလာရၿပီး အခုခ်ိန္၌ ေလထုထဲတြင္ တိုးလို႔တြဲေလာင္းျဖစ္ေနကာ ေသျခင္းႏွင့္ရွင္ျခင္းအၾကား လူးလာေခါက္ျပန္သြားလာေနရရင္း ႐ူးမတတ္ျဖစ္ေနရွာေတာ့သည္။ ႐ႊမ္းက်ီးေတာင္မွပင္ မည္သို႔မွမတတ္နိုင္ဘဲ တစ္ကိုယ္လုံးၾကက္သီးတျဖန္းျဖန္းထသြားရွာ၏။ ၎မွာ ေကာင္းကင္ဘုံမွ ေပးလာေသာ မိုးႀကိဳုးသြားျပစ္ဒဏ္မ်ားႏွင့္ အရိုးမ်ားစိစိညက္ညက္ေၾကေလာက္ေသာ ျဖစ္ရပ္မ်ားကို အနီးကပ္မ်က္ဝါးထင္ထင္ေတြ႕ႀကဳံခဲ့ရၿပီးသည့္ေနာက္မွာေတာ့ မည္သည့္ေခတ္၊ မည္သည့္ကာလ၊ မည္သည့္ေနရာတို႔မွ ထိတ္လန႔္ေခ်ာက္ခ်ားစရာေကာင္းေသာ သရဲ႐ုပ္ရွင္ဇာတ္ကားမ်ိဳးကိုမဆို တည္တည္ၿငိမ္ၿငိမ္ျဖင့္ ခံနိုင္ရည္ရွိရွိၾကည့္နိုင္သြားၿပီျဖစ္သည္။

သို႔တိုင္...အဆိုပါ 'လူ' သည္ကား သူ၏စိတ္ကူးပုံေဖာ္ထားခ်က္မ်ားကိုေက်ာ္လြန္ေနဆဲျဖစ္သည္.....အဘယ့္ေၾကာင့္ဆိုေသာ္ အႏွီခႏၶာကိုယ္မွာ တကယ့္ကို လူတစ္ေယာက္ႏွင့္လားလားမွ်မတူေသာေၾကာင့္ပင္တည္း။

ေခါင္းတလားထဲတြင္ရွိေနသည့္အရာမွာ ေသခ်ာေပါက္ကို မီးကြၽမ္းေနၿပီး ပုံသဏၭာန္ပ်က္ယြင္းေနသည့္ အေလာင္းေကာင္တစ္ေကာင္၏႐ုပ္ႂကြင္းအပိုင္းအစမ်ားျဖစ္သည္။ မည္သည့္ေနရာက ဦးေခါင္းျဖစ္ၿပီး မည္သည့္ေနရာက ေျခေထာက္ျဖစ္သည္ကိုပင္ ေသခ်ာမျမင္ရေတာ့ပါေခ်။ ခႏၶာကိုယ္တစ္ခုလုံးတြင္ အေကာင္းအတိုင္းရွိေနသည့္ အရိုးမ်ား အသားလႊာမ်ားဟူ၍ တစ္လက္မစာေတာင္မက်န္ေတာ့ေပ။ ခါးေက်ာရိုးဆစ္မ်ားမွာလည္း ထက္ပိုင္းက်ိဳးျပတ္ေနၿပီး ထိုအေပၚေအာက္တစ္ပိုင္းစီျဖစ္ေနေသာ ေက်ာရိုးႏွစ္ပိုင္းကို ပုပ္ရိေဆြးျမည့္ေနေသာ မီးကြၽမ္းေနသည့္အသားစိုင္မ်ားျဖင့္ ေလ်ာ့တိေလ်ာ့ရဲခ်ိတ္တြဲထားလ်က္ရွိေနသည္။

သို႔ေသာ္ ထိုကဲ့သို႔ ဆိုးဆိုး႐ြား႐ြားပုံပ်က္ပန္းပ်က္ျဖစ္ေနေသာအေျခအေနမွာပင္ မီးကြၽမ္းေနေသာအေလာင္းေကာင္သည္ကား လႈပ္ရွားေနဆဲျဖစ္သည္!

သူ႕ခႏၶာကိုယ္ေပၚရွိအရိုးမ်ားထံမွ တဂြၽတ္ဂြၽတ္ျမည္သံမ်ားထြက္ေပၚလာေနၿပီး ထိုအသံမ်ားၾကားထဲ၌ပင္ ကပ္တြဲေနေသာအသားလႊာမ်ားကို ထိုးေဖာက္ၿပီးထြက္လာသည့္ အရိုးေခ်ာင္းျဖဴျဖဴမ်ားဆီမွ ေဖာက္ခနဲျမည္သံမ်ား ကလည္း တစ္ခ်က္တစ္ခ်က္ၾကားေဖာက္ထြက္ေပၚလာၾကျပန္သည္။ အရိုးမ်ားမွာ သူတို႔ဘာသာသူတို႔ အလိုအေလ်ာက္ ဟိုဟိုသည္သည္လွည့္ပတ္လႈပ္ရွားေနၾကသည္မွာ သူတို႔တည္ရွိရမည့္ေနရာမွန္ကို ရွာေဖြေနသည့္အလား။ အခ်ိန္ခဏေလးအတြင္း၌ က်စ္လစ္ရွည္လ်ားေသာအရိုးျဖဴမ်ားက အသီးသီးခ်ိတ္ဆက္သြားၾကၿပီး ထိုအရိုးမ်ားေပၚ၌ ေသြးေၾကာမ်ားႏွင့္အ႐ြတ္အသားမ်ားျဖစ္ေပၚလာၾကေလသည္။

႐ႊမ္းက်ီးတစ္ေယာက္ ျပင္းျပင္းထန္ထန္ ထိတ္လန႔္တုန္လႈပ္သြားရွာ၏။ ထိုလွ်ပ္တျပက္အတြင္းမွာပင္ ထိုကဲ့သို႔ ႂကြက္သားမွ်င္မ်ားႏွင့္အသားစိုင္မ်ား တစ္လႊာၿပီးတစ္လႊာျဖစ္တည္လာေနေသာခံစားခ်က္သည္ကား ပူေဆြးယဇ္ပူေဇာ္ပြဲေၾကာင့္ အသားစိုင္မ်ား တစ္လႊာၿပီးတစ္လႊာလွီးျဖတ္ခံလိုက္ရေသာခံစားခ်က္ထက္ပင္ ပို၍နာက်င္စရာေကာင္းလိမ့္မည္ဟု သူ ခံစားလိုက္ရသည္__ပူေဆြးယဇ္ပူေဇာ္ပြဲ၏တန္ျပန္ျပစ္ဒဏ္ခတ္မႈျဖစ္ေပၚေနခ်ိန္၌ အေဆာက္အဦးေခါင္မိုးထက္တြင္ တစ္ခ်ိန္လုံးအၿပဳံးမ်က္ႏွာတစ္ခုကိုသယ္ေဆာင္ထားရင္း မလႈပ္မယွက္ ၿငိမ္ၿငိမ္သက္သက္မတ္တပ္ရပ္လို႔ေနကာ အဆုံးတြင္ျပာမႈန႔္မ်ားအျဖစ္အသြင္ေျပာင္းသြားရွာသည့္ လူသား-မိစာၦကို သူ ျပန္လည္အမွတ္ရမိသြားသည္။

သို႔ေသာ္ ယခုအႀကိမ္မွာေတာ့ 'မီးကြၽမ္းေနသည့္အေလာင္းေကာင္' သည္ကား မရပ္မနားကို ႐ုန္းကန္လႈပ္ရွားလို႔ေနသည္။ သူ႕လက္ႏွစ္ဖက္က ေခါင္းတလား၏အနားေစာင္းမ်ားကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားေလရာ လက္မအနည္းငယ္ထူထဲေသာ ေၾကးနီေရာင္ေခါင္းတလားအနားစြန္းမ်ားမွာ သူ႕လက္ဆေၾကာင့္ ခ်ိဳင့္ဝင္သြားရွာေတာ့သည္။

အသံႀကိဳးမ်ားႏွင့္လွ်ာမွာ ဖြဲ႕စည္းလို႔မၿပီးေသးသည့္အတြက္ သူ႕ကိုၾကည့္ရသည္မွာ အသံတိတ္ေအာ္ဟစ္ျမည္တမ္းေနရသကဲ့သို႔ပင္......။

ေဘးမွရပ္ၾကည့္ေနသည့္ ႐ႊမ္းက်ီးသည္ပင္ သူ႕တစ္ကိုယ္လုံးတြင္ ပူေလာင္နာက်င္ေသာခံစားခ်က္မ်ားကို အတူတကြလိုက္ပါခံစားလိုက္ရရွာၿပီး ၎မွာ ေခြၽးသီးေခြၽးေပါက္မ်ားျဖင့္ စို႐ႊဲေနေတာ့သည္။

အခ်ိန္ ၁၅ မိနစ္အတြင္းမွာပင္ 'မီးကြၽမ္းေနသည့္အေလာင္းေကာင္' ၏ခႏၶာကိုယ္ေပၚတြင္ အရိုးမ်ားႏွင့္အေသြးအသားမ်ားဖြဲ႕စည္းတည္ေဆာက္လို႔ၿပီးစီးသြားသည္။ ထို႔ေနာက္ အဆိုပါေသြးသံတရဲရဲျဖစ္ေနေသာကိုယ္ေပၚ၌ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနသည့္ လူ႕အေရျပားတစ္လႊာျဖစ္တည္ထြက္ေပၚလာၿပီး ေနာက္ဆုံးတြင္ေတာ့ ဆံႏြယ္ရွည္မ်ားက ေရတံခြန္တစ္ခုကဲ့သို႔အလား အရွိန္အဟုန္ျဖင့္ရွင္သန္ေပါက္ေရာက္လာသည္မွာ ေခါင္းတလားတစ္ခုလုံးကိုပင္ လႊမ္းၿခဳံသြားေလေတာ့သည္။ ေခါင္းတလားအနားစြန္းမ်ားကို တင္းၾကပ္စြာဆုပ္ကိုင္ထားေသာလက္မ်ားမွာ အားေလ်ာ့သြားၾကၿပီး အဆုံး၌ တိုးညွင္းေသာအသံတစ္သံႏွင့္အတူ ေအာက္သို႔တြဲေလာင္းျပဳတ္က်သြားရွာသည္။

လက္ေခ်ာင္းမ်ားမွာ ရွည္သြယ္ျဖဴဆြတ္ကာ စိုစြတ္လို႔ေနၿပီး ႏွစ္ေထာင္ေပါင္းမ်ားစြာ ျမစ္ေရအလ်ဥ္ျဖင့္ေဆးေၾကာသန႔္စင္ခံထားရသည့္ အရည္အေသြးေကာင္းေသာ အျဖဴေရာင္ေက်ာက္စိမ္းတုံးမ်ားသဖြယ္။

ထိုလက္တစ္စုံကို ႐ႊမ္းက်ီးမွတ္မိပါ၏__ထိုလက္မ်ားသည္ကား သိပ္မၾကာေသးခင္အခ်ိန္ကမွ သူ႕ကို ရိုက္ပုတ္ခဲ့ေသာလက္မ်ားပင္ျဖစ္သည္။

မိုးႀကိဳးသြားမ်ားျဖင့္ျပစ္ဒဏ္ခတ္ျခင္းကိုခံခဲ့ရေသာ မိစာၦအရွင္သခင္ႀကီးသည္ကား ဓားထဲမွထြက္ေပၚလာေလၿပီ!

ထိုအခိုက္မွာပင္ ေရမ်က္ႏွာျပင္က မူလထက္ ႏွစ္မီတာခန႔္ပို၍နိမ့္က်သြားၿပီး ေက်ာက္သားစင္ျမင့္တစ္ခုလုံးမွာ လုံးလုံးလ်ားလ်ားေပၚထြက္လို႔လာေတာ့သည္။ အေပၚစီးကၾကည့္မည္ဆိုပါက အဆိုပါေက်ာက္သားစင္ျမင့္ကို သိပ္သည္းက်စ္လစ္ေသာဒီဇိုင္းပုံစံမ်ိဳးျဖင့္ဖုံးကာအုပ္လႊမ္းထားတာကိုေတြ႕နိုင္သည္။ အမွန္တကယ္တြင္မူ အလႊာႏွစ္လႊာျဖင့္ဖုံးလႊမ္းထားျခင္းျဖစ္သည္။ တစ္လႊာမွာ ေက်ာက္သားထဲသို႔ ထုဆစ္ေရးထြင္းထားျခင္းျဖစ္သည္။ ထိုအရာမ်ားက ဘာေတြလဲဆိုတာကို ႐ႊမ္းက်ီးမသိေသာ္လည္း သူ၏အေတြ႕အႀကဳံအရေတာ့ ထိုအရာမ်ားမွာ အလွဆင္႐ုံသက္သက္ဖန္တီးထားေသာဒီဇိုင္းပုံစံမ်ားထက္ ဘာမွန္းမသိေသာ အကၡရာစာသားမ်ားႏွင့္ပို၍တူလွသည္။

က်န္တစ္လႊာကိုေတာ့ ေဆးေရာင္မ်ားျဖင့္ျခယ္သထား၏။ ထိုအရာကိုေတာ့ သူရင္းႏွီးေနၿပီးသားျဖစ္သည္__ထိုအရာသည္ကား ပူေဆြးယဇ္ပူေဇာ္ပြဲမွ ယဇ္စာသားမ်ားပင္တည္း။

ေရမ်က္ႏွာျပင္က တဖန္ျပန္လည္ၿငိမ္သက္သြားသည္။ ႐ႊမ္းက်ီးမွာ တခဏမွ် ခ်ိတုံခ်တဳံျဖစ္ေနၿပီးကာမွ သတိႀကီးစြာထားၿပီး ေက်ာက္သားစင္ျမင့္ထက္သို႔သက္ဆင္းေျခခ်လိဳက္သည္။ သူက ေျမျပင္ထက္တြင္ရွိေနေသာ ယဇ္စာသားမ်ားေဘးမွ ေျခဖ်ားေထာက္၍လွည့္ပတ္သြားလာေနစဥ္ ျမန္ဆန္ၿပီး ကေမာက္ကမျဖစ္ေနေသာ အသက္ရႉသံသဲ့သဲ့ကိုၾကားလိုက္ရသည္။

"အာ...ဟိုေလ...."

႐ႊမ္းက်ီးက အတြန႔္တြန႔္အဆုတ္ဆုတ္ျဖင့္ သူ႕ပါးစပ္ကိုဟ, ကာ ေမးလိုက္သည္။

"ခင္ဗ်ား....ခင္ဗ်ား....အသက္ရွင္ေနတုန္းလား?"

ေခါင္းတလားထဲတြင္ရွိေနသည့္လူက လႈပ္လႈပ္ရွားရွားျဖစ္သြားၿပီး တုံ႕ျပန္မႈျပဳလိုက္သည့္တိုင္ သူ႕ထံမွအေျဖစကားသံကေတာ့ထြက္မလာခဲ့ပါေခ်။

႐ႊမ္းက်ီးက ေဘးဘီဝဲယာကိုတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး ေခါင္းတလားအနီးတြင္ရွိေနသည့္ မည္သည့္ယဇ္စာသားမွရွိမေနေသာ ေနရာလြတ္တစ္ခုကို ခက္ခက္ခဲခဲရွာေတြ႕သြားသည္။ ထို႔ေနာက္မွာေတာ့ ယခုအခ်ိန္၌ လွ်ာတစ္လစ္ထြက္ေနရွာေသာ မုတ္ဆိတ္ႏွင့္လူကို ထိုေနရာတြင္ခ်ထားလိုက္၏။ ထိုအခါမွသာလွ်င္ တစ္စုံတစ္ခုေပ်ာက္ဆုံးေနေၾကာင္းကို သူ အခ်ိန္ေႏွာင္းခါမွသေဘာေပါက္သြားေလေတာ့သည္။

"ခဏေလး...." ႐ႊမ္းက်ီး ေတြးလိုက္သည္။

"ငါ့ရဲ႕ ေသာက္က်ိဳုးနည္းဓားႀကီးေရာ?"

႐ႊမ္းက်ီးတစ္ေယာက္ ယခုအခါမွသာ စိတ္ႏွင့္လူႏွင့္ျပန္ကပ္သြားရွာၿပီး ေမးခြန္းေပါင္းတသီတသန္းႀကီးက သူ႕ေခါင္းထဲမွတန္းစီထြက္ေပၚလို႔လာသည္။

ဒါက ဘယ္လိုအေျခအေနႀကီးလဲ?

ဒီမိစာၦသခင္ႀကီးက မိုးႀကိဳးသြားေပါင္းေထာင္နဲ႕ခ်ီေအာင္ အပစ္ခံလိုက္ရၿပီး ျပာမႈန႔္ေတြအျဖစ္ေႂကြလြင့္ပ်က္စီးသြားခဲ့တာမဟုတ္ဘူးလား? သူက ဘယ္ေနရာကေန ခႏၶာကိုယ္တစ္ခုကိုရလာတာလဲ? ဘယ္လို လွည့္ကြက္ေတြကိုသုံးလိုက္လို႔ သက္ရွိလူသားတစ္ေယာက္ျပန္ျဖစ္သြားတာလဲ?

သို႔ေသာ္ ထိုကိစၥမ်ားက ေဘးဖယ္ထားလို႔ရေသာအေသးအမႊားကိစၥေလးသာျဖစ္သည္။ ထို႔ထက္ပို၍အေရးႀကီးဆုံးအခ်က္သည္ကား__မိစာၦသခင္ႀကီးက 'အျပင္ကိုထြက္'လာၿပီဆိုေတာ့ ဒါျဖင့္ သူ႕ရဲ႕ဓားကေရာ ဘယ္ေရာက္သြားတာလဲ?

သူ၏ဓားမွာ မိစာၦသခင္ႀကီးဝင္ပူးတာကိုမခံရေသးခင္အခ်ိန္၌ သူ႕ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုအျဖစ္ရွိေနခဲ့တာျဖစ္ၿပီး သူ႕စိတ္ဆႏၵအတိုင္း လႈပ္ရွားျပဳမူေလ့ရွိသည္။ ၎မွာ မိစာၦသခင္ႀကီး၏ကပ္ပါးျပဳျခင္းကိုခံလိုက္ရၿပီးေနာက္ပိုင္းတြင္ေတာ့ သူ႕ထံတြင္ လူႏွင့္ဓား ေကြကြင္းခြဲခြာမႈေၾကာင့္ျဖစ္ေပၚလာေသာ ပူပန္ေသာကေဝဒနာတစ္မ်ိဳးတစ္ဖုံကို ခံစားလိုက္ရရွာေတာ့သည္။ အခ်ိန္ခဏေလးခြဲခြာရလွ်င္ေတာင္မွ သူ႕ခမ်ာ ေနမထိထိုင္မသာျဖစ္ေနရတာျဖစ္သည္။ အခုခ်ိန္မွာေတာ့ သူ႕ခမ်ာ ဓား၏တည္ေနရာကိုေတာင္မွ လုံးဝကိုအာ႐ုံခံလို႔မရနိုင္ေတာ့ပါေခ်။ သို႔ေသာ္ ဘာရယ္ေၾကာင့္မွန္းမသိ၊ ထူးဆန္းစြာပင္ လူႏွင့္ဓားခြဲခြာေနရျခင္းေၾကာင့္ျဖစ္ေပၚခဲ့သည့္ ေသာကဗ်ာပါဒစိတ္မ်ားမွာ အေၾကာင္းျခင္းရာမည္မည္ရရမရွိပါဘဲ အစအနပင္မက်န္ အေငြ႕ပ်ံေပ်ာက္ကြယ္သြားေလေတာ့သည္။

႐ႊမ္းက်ီးတစ္ေယာက္ သူ႕ဓားကိုရွာေဖြရန္အလို႔ငွာ ေျခလွမ္းက်ယ္ႀကီးတစ္လွမ္း လွမ္းလိုက္ၿပီး ေခါင္းတလားေဘးသို႔ေလွ်ာက္သြားလိုက္သည္။ သို႔ေသာ္ လက္ေတာင္မလႈပ္လိုက္ရေသးခင္မွာပင္ သူ႕အၾကည့္မ်ားက ေခါင္းတလားထဲတြင္ရွိေနေသာလူထံသို႔ အရင္ဦးဆုံးေရာက္ရွိသြား၏။

မိမိသည္ကား ခ်ိယြမ္းေဆး႐ုံ၌ ရွန႔္လင္ယြမ္းႏွင့္ သူေသကိုယ္ေသတိုက္ခိုက္ခဲ့ဖူးသည့္အတြက္ ေျပာစရာမလိုေလာက္ေအာင္ပင္ သူတို႔ႏွစ္ေယာက္မွာ တစ္ေယာက္ကိုတစ္ေယာက္ ေကာင္းေကာင္းႀကီးကိုမွတ္မိၾကပါ၏။ ေခါင္းတလားထဲရွိလူသည္ကား ထိုပုဂၢိဳလ္ႏွင့္ တူညီေသာမ်က္နာ၊ တူညီေသာပုံပန္းသြင္ျပင္မ်ိဳးရွိသည့္အျပင္ ေခါင္းေပၚတြင္ေပါက္ေနသည့္ ဆံပင္ပမာဏကအစ တစ္ထပ္တည္းတူညီလို႔ေနသည္။ သို႔ေသာ္ျငား ထိုအခ်က္မ်ားအားလုံးတူညီေနသည့္တိုင္ တစ္စုံတစ္ရာကေတာ့ ခ်ိယြမ္းတြင္ သူေတြ႕ျမင္ခဲ့ရေသာ လူသား-မိစာၦႏွင့္တူညီျခင္းမရွိဘဲ ကြဲျပားျခားနားေနတာကို သူခံစားေနရဆဲျဖစ္သည္။

ခ်ိယြမ္းေဆး႐ုံတြင္ေတြ႕ခဲ့ရသည့္လူမွာ သူ႕မ်က္စိႏွစ္လုံးေရွ႕ေမွာက္၌ပင္ ျပာမႈန႔္မ်ားအျဖစ္ တစစီေႂကြက်လြင့္ပါးသြားခဲ့ရတာျဖစ္ၿပီး ဖုန္စုပ္စက္ကေတာင္ ထိုခႏၶာကိုယ္အႂကြင္းအက်န္အစအနမ်ားကိုစုပ္ယူနိုင္လိမ့္မည္မဟုတ္။ ထို႔အျပင္....ခ်ိယြမ္းေဆး႐ုံရွိ ရွန႔္လင္ယြမ္းဆိုသူ၏ခႏၶာကိုယ္ေပၚတြင္ သက္ရွိတစ္ေယာက္ႏွင့္တူေသာအရိပ္အသက္မ်ားကိုမခံစားခဲ့ရေပ။ ၎သည္ကား နာက်င္မႈကိုမသိသလို သက္ရွိလူသားတစ္ဦးထံတြင္ရွိရမည့္ ေပ်ာ္႐ႊင္မႈ၊ ဝမ္းနည္းေၾကကြဲမႈ၊ စိတ္ဆိုးေဒါသထြက္မႈ အစရွိေသာခံစားခ်က္မ်ား ရွိမေနသကဲ့သို႔ခံစားရေစသည္။ ၎မွာ မိုးႀကိဳးသြားမ်ား၏လက္ခ်က္ေၾကာင့္ ျပာမႈန႔္မ်ားအျဖစ္ေႂကြလြင့္ပ်က္စီးသြားခဲ့ရတာေတာင္မွ ေဘးကၾကည့္ေနရသူတို႔အဖို႔ အထိတ္တလန႔္ျဖစ္သြားေစေသာခံစားခ်က္မ်ိဳးကိုသာျဖစ္ေပၚေစနိုင္သည္__သစ္ပင္ႀကီးတစ္ပင္အား မိုးႀကိဳးပစ္လိုက္တာကို ေတြ႕ျမင္လိုက္ရေသာေၾကာင့္ အထိတ္တလန႔္ျဖစ္သြားေသာခံစားခ်က္မ်ိဳးသာျဖစ္သည္။

သို႔ေသာ္ ယခုမူ ေခါင္းတလားထဲရွိလူသည္ကား အမွန္စင္စစ္ 'သက္ရွိ' တစ္ေယာက္ျဖစ္လို႔ေနသည္။ ႐ႊမ္းက်ီးမွာ ထိုသူထံမွ နာက်င္မႈေဝဒနာမ်ားကိုေတာင္ ခံစားေနရသလိုပင္။

သူက အသံတစ္ခ်က္မွမထြက္ဘဲ ေခါင္းတလားကိုအမွီျပဳထားေနသည္။ ၾကည့္ရတာ သူ႕ဘာသာသူ အားျပဳေထာက္ကန္ရန္ႀကိဳးစားေနတာပဲျဖစ္ရမည္။ သူ၏ပါးလ်ေသာလက္ျပင္ရိုးမ်ားသည္ကား ေတာင့္တင္းေသာအေရျပားလႊာေအာက္မွ ထိုးေဖာက္ထြက္လာရန္အဆင္သင့္ျဖစ္ေနၾကသလို၊ ၎တို႔မွာ ဖိႏွိပ္ထိန္းခ်ဳပ္ထားေသာအသက္ရႉသံမ်ားႏွင့္အတူ အသံတိတ္ နိမ့္ခ်ည္ျမင့္ခ်ည္ခါယမ္းလႈပ္ရွားလို႔ေနသည္။

႐ႊမ္းက်ီးမွာ အႏွီလူသားကို ရွင္းရွင္းလင္းလင္းေတြ႕ျမင္သြားသည္ႏွင့္တၿပိဳင္နက္ ျပင္းျပေသာစိတ္ခံစားခ်က္မ်ားက သူ႕ကို ႐ုတ္တရက္လႊမ္းမိုးထားလိုက္သည့္ႏွယ္။ စကားလုံးမ်ားျဖင့္ၫႊန္းဆိုေဖာ္ျပ၍မရနိုင္ေသာ ေပ်ာ္႐ႊင္မႈႏွင့္ေၾကကြဲဝမ္းနည္းစရာခံစားခ်က္ႏွစ္မ်ိဳးက အခ်င္းခ်င္းရစ္ပတ္ေႏွာင္ဖြဲ႕လို႔ေနၿပီး သူ၏နာမ္ဝိညာဥ္ကိုေတာင္ လႈပ္ႏွိုးတုန္ခါသြားေစေတာ့သည္။ ႏွစ္ေထာင္ေပါင္းမ်ားစြာ စဥ္ဆက္မျပတ္ဆန႔္တန္းဆက္သြယ္ထားခဲ့ေသာ ေနာင္တတရားမ်ားက ေနာက္ဆုံး၌ အဆုံးသတ္ၿပီးဆုံးသြားရသလို။ ၎မွာ အဆုံးမရွိေသာညဉ့္အေမွာင္ထုထဲတြင္ အခ်ိန္မည္မွ်ၾကာလို႔ၾကာမွန္းမသိ ပိတ္မိေနရင္းက ေနာက္ဆုံး၌ အ႐ုဏ္ဦးေရာင္ျခည္တန္းေလးတမွ်င္ကို ဖ်တ္ခနဲေတြ႕ျမင္လိုက္ရသည့္ႏွယ္။

၎မွာ ေမြးကတည္းက သူ႕ဘဝတစ္ေလွ်ာက္လုံးတြင္ ထိုကဲ့သို႔ဆန႔္က်င္ဘက္ျဖစ္ေနသည့္ ေပ်ာ္႐ႊင္မႈႏွင့္ဝမ္းနည္းမႈတို႔ကို မခံစားခဲ့ဖူးပါေခ်။ သူ႕ခႏၶာကိုယ္ထဲမွ လိပ္ျပာလြင့္ထြက္သြားသကဲ့သို႔ပင္။ ႐ႊမ္းက်ီးမွာ ထိုေနရာ၌ အခ်ိန္အေတာ္ၾကာေအာင္ အံ့ဩမွင္သက္စြာရပ္ေနမိၿပီး မ်က္ရည္မ်ားပင္က်လဳမတတ္ျဖစ္လာရေလ၏။ သူက မသိလိုက္မသိဘာသာျဖင့္ပင္ သူ႕ရင္ဘတ္ကို လက္တစ္ဖက္ျဖင့္ဖိႏွိပ္ထားမိသည္။

ေခါင္းတလားထဲရွိလူမွာ အလြန္တရာျဖဴေဖ်ာ့လ်က္ရွိေနသည္မွာ ႏွစ္ေပါင္းေထာင္ႏွင့္ခ်ီေအာင္ ေနေရာင္ျခည္ကိုမထိေတြ႕ခဲ့ရသူတစ္ေယာက္ကဲ့သို႔ႏွယ္။ သူ၏ဆံႏြယ္မ်ားက မွင္ရည္အလား နက္ေမွာင္ေနၿပီး ပါးျပင္ေဘးတစ္ဖက္တြင္က်ဆင္းေနသည့္ ေျခာက္ေသြ႕ေနေသာ ေသြးစီးေၾကာင္းတစ္ေၾကာင္းက နီျမန္းေနေသာမ်က္ဝန္းေထာင့္စြန္းမ်ားႏွင့္ဆုံစည္းဆက္သြယ္သြားသည္မွာ ေသြးမ်က္ရည္မ်ားစီးက်ေနသည့္အလား။ ထင္ရွားျပတ္သားေသာ ဆန႔္က်င္ဘက္အေရာင္တို႔က သိသိသာသာကိုအတိုင္းသားကြဲထြက္ေနသည္မွာ ရင္သတ္ရႈေမာစရာေကာင္းေသာသက္ေရာက္အားတစ္မ်ိဳးတစ္ဖုံကိုျဖစ္ေပၚသြားေစေတာ့သည္။

ထို႔အျပင္.....

သူ႕ကိုယ္ေပၚတြင္ အဝတ္အစားကင္းမဲ့ေနလ်က္ရွိသည္။

ခဏေလး!

႐ႊမ္းက်ီးမွာ ႐ုတ္တရက္ အသိစိတ္ျပန္ကပ္လာၿပီး ထူးျခားဆန္းၾကယ္ေသာစိတ္ခံစားခ်က္မ်ားထဲမွ ႐ုန္းကန္တိုးထြက္လာ၏။ ၎သည္ကား ကိုယ္လုံးတီးျဖစ္ေနေသာေယာက်္ားတစ္ေယာက္ကို အခ်ိန္အေတာ္ၾကာေအာင္ ၾကက္ေသေသကာ တစိုက္မတ္မတ္ စူးစိုက္ၾကည့္ရႈေနမိတာျဖစ္သည္။ မိမိမွာ လိင္ပိုင္းဆိုင္ရာထိပါးေႏွာင့္ယွက္မႈျဖင့္ ႏွစ္ႀကိမ္ေလာက္ အျပစ္ေပးအေရးယူခံရေလာက္သည္အထိကို အခ်ိန္အၾကာႀကီးေငးေမာၾကည့္ေနမိခဲ့ေလသည္!

"အိုင္း.....ဟိုေလ... ကြၽန္ေတာ္....ကြၽန္ေတာ္....တမင္တကာလုပ္တာမဟုတ္ဘူးေနာ္....ခင္ဗ်ားက ဘာမေျပာနဲ႕ညာမေျပာနဲ႕ ႐ုတ္တရက္ႀကီး ထြက္လာတာေလ...."

႐ႊမ္းက်ီးက သူ႕အၾကည့္မ်ားကို ကမန္းကတန္းေရွာင္လႊဲလိုက္ေစကာမူ အဆိုပါျမင္ကြင္းသည္ကား သူ၏ျမင္လႊာေပၚတြင္ စြဲၿမဲစြာထင္က်န္ရစ္ခဲ့ေလသည္။ သူက အထိတ္တလန႔္ျဖင့္ မ်က္ေတာင္မ်ားကိုအၾကမ္းပတမ္းပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီး သူ႕ခႏၶာကိုယ္ကို တပြတ္ပြတ္တသပ္သပ္လုပ္လိုက္သည္။ ၎မွာ ထိုလူကို ဝတ္စရာတစ္ခုခုငွားေပးခ်င္ေနတာျဖစ္ေကာင္းျဖစ္နိုင္ေသာ္ျငား ထိုကိစၥက သူ႕အတြက္ ဘယ္လိုမွကိုမျဖစ္နိုင္ေသာကိစၥျဖစ္ေနသည္__သူ၏အေပၚဝတ္ကုတ္အကၤ်ီႏွင့္သိုးေမြးအကၤ်ီမွာ ဝင္လိုက္ထြက္လိုက္လုပ္ေနေသာအေတာင္မ်ားေၾကာင့္ မီးကြၽမ္းကာ သူေတာင္းစားတစ္ေယာက္၏ေနာက္ေက်ာေျပာင္ျဖစ္ေနေသာအဝတ္အစားမ်ိဳးျဖစ္သြားရွာၿပီျဖစ္သည္။ ၎မွာ ေအာက္ခံေဘာင္းဘီရွည္ကို ဝတ္ေလ့ဝတ္ထရွိသူမဟုတ္သည့္အတြက္ သူဝတ္ထားေသာေဘာင္းဘီကိုခြၽတ္ေပးလိုက္မည္ဆိုပါက မိမိမွာလည္း *ဟိုင္အာညီအစ္ကိုမ်ား၏ပုံစံမ်ိဳးေပါက္သြားေပလိမ့္မည္။ သည္လိုအနစ္နာခံတာမ်ိဳးကေတာ့ နည္းနည္းေလး႐ုပ္ေပါက္လြန္းသြားမည္ျဖစ္သည္။

*ဟိုင္အာညီအစ္ကိုမ်ား-- ကာတြန္းဇာတ္လမ္းတြဲတစ္ခုတြင္ပါဝင္ေသာ အတြင္းခံေဘာင္းဘီေလးသာဝတ္ထားသည့္ အဓိကဇာတ္လိုက္ညီအစ္ကိုႏွစ္ဦးျဖစ္သည္။

"ဒါျဖင့္....ဒီလိုလုပ္ရင္ေရာ...."

႐ႊမ္းက်ီး၏မ်က္လုံးမ်ားမွာ ခ်ာလပတ္လည္ေနၿပီး ၎မွာ ေျပာမိေျပာရာေလွ်ာက္ေျပာေနမိေလ၏။

"ကြၽန္ေတာ္ မုတ္ဆိတ္နဲ႕လူရဲ႕အဝတ္အစားေတြကို ခြၽတ္ေပးရင္ေရာ? နည္းနည္းေတာ့ နံေနတယ္ဆိုေပမယ့္ ခင္ဗ်ား အဆင္ေျပပါ့မလား?"

ရွန႔္လင္ယြမ္းက သူ႕ကိုအေရးမလုပ္ပါေခ်။ သူက လက္တစ္ဖက္ကိုဆန႔္ထုတ္လိုက္ကာ ေခါင္းတလားအနားေစာင္းေပၚတြင္တင္ထားရင္းက အားေလ်ာ့ခ်ိနဲ႕စြာျဖင့္ တစ္ခ်က္ေဝွ႕ယမ္းလိုက္သည္။

ေသြးနီေရာင္ပန္းဝတ္ရည္မ်ားျဖင့္ျပည့္ဝေနခဲ့ေသာ ညွိုးေလ်ာ္ေျခာက္ေသြ႕သြားရွာသည့္ႏြယ္ပင္မ်ားက တြန႔္လိမ္ေကာက္ေကြးစြာျဖင့္ အခ်င္းခ်င္းယွက္ႏြယ္ရက္ျဖာသြားၾကသည္။ ၎တို႔မွာ ႐ႊမ္းက်ီး၏သိုးေမြးအကၤ်ီေပၚရွိ အတန္းလိုက္အျမႇောင္းလိုက္ျဖစ္ေနသည့္ ခ်ည္ထိုးရာမ်ား၏ပုံစံအတိုင္းတုပလိုက္ၾကၿပီး သူတို႔ဘာသာသူတို႔ ဝတ္႐ုံရွည္တစ္ထည္ျဖစ္သြားသည္အထိရက္လုပ္လိုက္ၾကၿပီးေနာက္ ထိုအမ်ိဳးသား၏ခႏၶာကိုယ္ေပၚသို႔သက္ဆင္းသြား၏။

ရွန႔္လင္ယြမ္းသည္ကား အဝတ္စေလးတစ္စ၏အေလးခ်ိန္ကိုပင္ ခံနိုင္ရည္ရွိပုံမရ၊ သူ႕ကိုယ္ေပၚသို႔လႊားက်လာေသာဝတ္႐ုံ၏အေလးခ်ိန္ေၾကာင့္ ခႏၶာကိုယ္တစ္ခုလုံးမွာ ေအာက္သို႔နစ္ဝင္သြားရွာသည္။ ႐ႊမ္းက်ီးက ထိုသူကိုတြဲကူေဖးမရန္ အလိုအေလ်ာက္ပင္ လက္လွမ္းလိုက္မိသည္။ သို႔ေသာ္ လမ္းခုလတ္မွာပင္ သူတုံ႕ဆိုင္းရပ္တန႔္သြား၏။ ဘာေၾကာင့္မ်ား ထိုသို႔ဆႏၵအေလ်ာက္လုပ္လိုက္မိသလဲဆိုတာကို သူကိုယ္တိုင္လည္းမသိေတာ့။

ထိုအခိုက္မွာပင္ ရွန႔္လင္ယြမ္းဆီမွ ဗလုံးဗေထြးေျပာလာေသာစကားသံကို သူၾကားလိုက္ရသည္။

႐ႊမ္းက်ီးက အသက္ပင္ရဲရဲမရႉရဲဘဲ ေမးလိုက္သည္။

"ဘာ?"

ထိုလူက စကားကို သြားၾကားထဲမွ ဖ်စ္ညွစ္ထုတ္ေနရသည့္ႏွယ္ တစ္လုံးခ်င္းစီ ျပတ္ေတာင္းျပတ္ေတာင္းေျပာလာသည္။ သူ၏ကတုန္ကယင္ျဖစ္ေနေသာစကားသံထဲတြင္ ေသြးညွီနံ႕မ်ားယွဥ္တြဲေရာယွက္လို႔ေန၏။

"ဘယ္သူက....ဘယ္သူက သူ႕ေခါင္းတလားကို ဖြင့္လိုက္တာလဲ?....."

20.6.21

🔥🔥🔥🔥🔥🔥🔥

Continue Reading

You'll Also Like

3.5M 282K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
3.5M 532K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
199K 22.9K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...