OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေ...

By KendaShin

71.5K 7.8K 342

Unicode & Zawgyi available! Title- (After regenerating into omega,everyone is dying to marry me) All credit g... More

Summary[ U & Z ]
အခန်း-၁
[ Permission ]
အခန်း-၂
အခန်း-၃
အခန်း-၄
အခန်း ၅
အခန်း-၆
အခန်း-၇
အခန်း-၉
အခန်း-၁၀
အခန်း-၁၁

အခန်း-၈

2.9K 580 42
By KendaShin

[UNICODE]

တစ်ဖက်ကလူက ထိန်းချူပ်ကော်လံကို ထိတော့မယ်ဆဲဆဲမှာ ဖူယွမ်ကျုံးက တားမလို့ပြင်လိုက်သော်လည်း သူ့အလျင် ယွမ်ယဲ့က ထိုလူရဲ့လက်ကောက်ဝတ်အား လက်တစ်ခုလုံးကိုချိုးနိုင်လောက်သည့်အားနှင့် ဆွဲဖမ်းပစ်လိုက်သည်။

ယွမ်ယဲ့ရဲ့မျက်ခုံးတန်းတွေက စုကြုံ့နေပြီး သူ၏အေးစက်စက်စကားသံများမထွက်သည်တောင်မှ ရှည်လျားလှသောအရပ်နှင့် လေထုကကြပ်တည်းနေပြီး ကျန်တဲ့သူတစ်ယောက်ချင်းစီကိုလည်း ကြောက်လန့်စေရန် စွမ်းဆောင်နိုင်လှသည်။

အချိန်တစ်ခုစာလောက် ဆိုင်ထဲတွင်တိတ်ဆိတ်နေကြပြီး ဖူယွမ်ကျုံးက လက်ကိုအားပြုပြီး ထရပ်လိုက်သည့်အခါ အမျက်ဒေါသများကြားက ပေါက်ကွဲမှုတစ်ခုလို အသံကျယ်လောင်သွားတော့သည်။

သူက Omega တစ်ယောက်အနေနဲ့ တိုက်ခိုက်ခံရသလိုဖြစ်သွားတာကို သူနားလည်သောကြောင့် ထိုသို့ခံစားချက်ကိုမနည်းလိုက်ဖမ်းမိအောင် လုပ်နေရသည်။ ဆယ်ကျော်သက်ဘဝကတည်းက ဘယ်သူကမျှ သူ့အားဒီလိုစည်းကျော်ပြီး ရန်မစရဲခဲ့ပါပေ။ ဒါကရိုးရိုးတန်းတန်း ရန်ပွဲလေးတစ်ခုပဲမဟုတ်ဘူးလား? သူကထိုသူနှင့် ရန်ဖြစ်လိုက်ပြီး သူ့ကိုမထီမဲ့မြင်ပြုခြင်းရလာဒ်ကို မြင်သာအောင်ကော်လံစပြန်ဆွဲလိုက်မယ်လေ။

မည်သို့ပင်ဆိုစေ ကျောင်းရန်ပွဲများတွင် အထိုက်အလျောက်ပါဝင်ခဲ့သောသူ ဖြစ်သည်ကြောင့် ဘယ်လိုရန်ဖြစ်ရမလဲဆိုတာ ဖူယွမ်ကျုံးလည်း နားလည်ပါသည်။ သူ့ရန်ပွဲများကို ကျောင်းကမသိသလိုကျော်သွားပေးဖို့ဆိုလျှင် နည်းလမ်းတစ်ခုပဲလိုအပ်ပါသည်။ ရန်ဖြစ်နေရင်း တစ်ယောက်နှင့်တစ်ယောက် ဆွဲထည့်ခြင်းပင်။ အရင်သာစလိုက်၊ ပြီးရင် ကျောင်းဝတ္တရားတွေကို ရွတ်ပြစရာမလို‌အောင် လက်တုံ့ပြန်သလိုပုံစံလုပ်လိုက်ရုံပဲလေ။

မင်းသာရန်ပွဲကိုအရင်စလိုက်ရင်တော့ လက်အရင်ရွှေ့တဲ့သူက မင်းဖြစ်နေတဲ့အတွက် ကျောင်းစည်းကမ်းဝတ္တရားများက မင်းပုခုံးကိုပဲစုပုံကျလာမှာပဲ ဖြစ်သည်။ ယွမ်ယဲ့ရဲ့ လက်အားကိုကြည့်ပုံအရတော့ တစ်ဖက်သူရဲ့လက်ကောက်ဝတ်က ရက်အနည်းငယ်လောက် ဘာမှလုပ်လို့ရမှာမဟုတ်တော့ပေ။ သူတို့ဘယ်လိုများလုပ်မှာပါလိမ့််? ကျန်တဲ့သူတွေကိုပဲ သူတို့စတာလို့ စွပ်စွဲလိုက်ရတော့မှာလား?

အခုချိန်မှာတော့ ဖူယွမ်ကျုံးရဲ့ဦးနှောက်က ဒိုင်းနမိုက်တစ်ခုလို ဖြစ်နေပေသည်။ သူ့ရဲ့ Omega စရိုက်ကိုပဲ ကောင်းကောင်းအသုံးချဖို့လိုနေသည့် အခြေအနေပင်။ သူကအားမရှိ၊ သနားစရာကောင်းတဲ့ ကာကွယ်မှုမလုပ်နိုင်သော Omega တစ်ယောက်ဖြစ်ပြီး ယွမ်ယဲ့ကတော့ သူ့ကိုကာကွယ်ပေးခဲ့ရတဲ့ တစ်ယောက်တည်းသော သူရဲကောင်းလေးပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်လေ သူကခုန‌ လေးကတင် သူ့ကော်လံကိုထိတော့မယ့်ဆဲဆဲခံလိုက်ရသူဖြစ်ပြီး သူ့ရဲ့၁.၈မီတာရှည်လျားတဲ့ အရပ်နဲ့ Omega ခန္ဓာကိုယ်က တစ်ယောက်ချင်းစီကို ပြန်ရိုက်နိုင်တယ်ဆိုတဲ့ အချက်ကိုဖယ်လိုက်ရင်တော့ အကုန်လုံးကမှားနေတာတော့ မဟုတ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖူယွမ်ကျုံးက ဖြေရှင်းချက်များကိုစာစီနေပြီး ကျန်တဲ့သူများက သူနဲ့အရိုင်းအစိုင်းကောင်ကို လာဝိုင်းရိုက်ကြတော့မည်ဟု တထစ်ချတွေးထားလိုက်သည်။ သို့သော်လည်း ဖူယွမ်ကျုံးမှာ သူတို့ကိုဘာမှတောင် ပြန်မလုပ်လိုက်ရဘဲ တစ်ချို့က ဖုန်းများကိုထုတ်၍ မှတ်တမ်းယူထားကာ "အရိုင်းအစိုင်းကောင်က ချနေပြီ၊ သွားကြ။ နံပါတ်တစ် ကျောင်းကို သူ့ရဲ့ရိုင်းပြတဲ့ အပြုအမူတွေပို့ကြ" ဟုအော်နေကြတော့သည်။

သေလိုက်ပါတော့၊ တော်တော်များများက ဒီအခြေအနေကို အတည်မှတ်သွားကြလေပြီ။

ဖူယွမ်ကျုံးမှာ ကြောင်အသွားမိတော့သည်။ ယွမ်ယဲ့က အလျင်အမြန်လက်ကိုပြန်ရုတ်လိုက်ပြီး ရန်ပွဲကိုအဆုံးသတ်လိုက်သည်။ လက်ကိုအဆွဲခံလိုက်ရသောလူက သူ၏နီရဲနေသောလက်အား ကိုင်လျက် ဖုန်းကင်မရာ‌ရှေ့သို့ ပြေးသွားကာအော်နေပေ၏။

"မြန်မြန်ရိုက်ထား၊ ဒါသူ့ရဲ့ငါ့ကို အနိုင်ကျင့်ထားတဲ့သက်သေပဲ"

"ဘာသက်သေလဲ?"

ယွမ်ယဲ့က ပြန်ချေပလိုက်သည်။

"ငါလုပ်ခဲ့လို့လား?"

တစ်ဖက်လူက စူးစူးရှရှအော်ဟစ်လာသည်။

"မင်းကမသိချင်ယောင်ဆောင်နေတာလား? ငါ့လက်ကိုကြည့်လိုက်ဦး၊ မင်းသဘောပေါက်ပြီလား?"

"ဘာတွေပြောနေတာလဲ? ငါဘာမှမလုပ်ခဲ့ဘူး"

ယွမ်ယဲ့ကကြိမ်း‌မောင်းလျက်

"ဟုတ်ပြီလေ၊ ဟိုဘက်ကကောင်တွေ ရိုက်နေတာရပ်တော့။ ငါဘာမှမလုပ်ခဲ့ပါဘူး။ ဟုတ်တယ်မလား ဆိုင်ရှင်?"

သူက မီးဖိုချောင်ဘက်ကို တစ်ချက်လှည့်ကြည့်ပြီး ပြောလိုက်သည်။ ဆိုင်ရှင်က ဟန်ကိုယ့်ကာတစ်ဖက်လူတွေကို လှည့်ပြောလိုက်တော့သည်။

"ကျောင်းသားတို့၊ ဦးတို့ဆိုင်ကို ကြိုချိန်းထားတဲ့ဧည့်သည်တွေလာတော့မှာမလို့ ပြဿနာမရှိဘူးဆိုရင် ထွက်သွားပေးနိုင်မလား? မဟုတ်ရင် ဒီနားကရဲစခန်းကို အကြောင်းကြားရလိမ့်မယ်"

"သေလိုက်ပါလား"

တစ်ဖက်အဖွဲ့မှာတော့ ရှူးရှူးရှားရှားဖြစ်သွားကာ ယွမ်ယဲ့တို့ဘက်ကို စူးစိုက်ကြည့်ပြီး လှည့်ထွက်သွားကြတော့သည်။

"နေဦး"

ယွမ်ယဲ့က ထိုအုပ်စုအား တားလိုက်ပြီး သူ၏ခြေတံရှည်များကို လိမ်ရပ်လျက်

"မင်းတို့သွားနိုင်ပြီလို့ ဘယ်သူပြောလဲ?"

"မင်းကဘာလုပ်ချင်သေးလို့လဲ?"

"ငါ့သူငယ်ချင်းရဲ့ ကော်လံကိုထိလို့ရတယ်လို့ ဘယ်သူပြောလဲ?"

ယွမ်ယဲ့က ပြောလိုက်သည်။

"တောင်းပန်လိုက်"

"တောင်းပန်ရမယ် ဟုတ်လား?"

တစ်ဖက်လူက အော်ဟစ်လိုက်လေသည်။

"မင်းရေရှည်ကိုကြည့်တာ ကောင်းမယ်နော်။ ‌‌နောက်ကျ မင်းငါ့ရှေ့မှာ ဒူးထောက်နေရမယ်"

"ငါမလုပ်နိုင်တာကို ဖယ်လိုက်ရင်ပေါ့"

ယွမ်ယဲ့က တစ်လုံးချင်းပြောလိုက်သည်။

"ငါမင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မင်းကအခုထိထင်နေတုန်းလား?"

စကားသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ice mint အနံ့ pheromone က နေရာကျဥ်းလေးတွင် ပျံ့လွင့်လာတော့သည်။ နှင်းမုန်တိုင်းအပြင်းစားနဲ့ဆင်တူနေသော အနံ့က ထောင့်များအထိပါ ရှင်းရှင်းလင်းလင်းပျံ့နှံ့သွားပြီး အသားထဲတိုးဝင်မတတ် သိပ်သည်းလာလေသည်။

ဒီရနံ့က လုံးဝကိုအံ့အားသင့်စွာ ဖိအားပြင်းလှပေသည်။ လူတစ်ချို့ပင်လျှင် အသားအရည်များဖြူဖျော့လာကာ ချွေးစေးတို့ထွက်လာပြီး သူတို့၏အဆုတ်များက ဓားသွားထက်တွင်ရှိနေသကဲ့သို့ အသက်ရှူရန်ခက်ခဲလာပါတော့သည်။ ဆိုင်ထဲမှာပြေးထွက်ချင်လှသော်လည်း သူတို့ခြေထောက်များက လှုပ်၍ပင်မရတော့သောကြောင့် ယွမ်ယဲ့ကိုသာ ရပ်တန့်ပေးရန် ကြည့်ရုံပဲတတ်နိုင်တော့၏။

"တောင်းပန်လိုက်"

ယွမ်ယဲ့က လျှောက်သွားကာ ထိုသူတို့အား တစ်ယောက်ချင်းစီကြည့်လိုက်သည်။

"ငါတကယ်....တောင်းပန်ပါတယ်"

ကော်လံအား ထိရန်ရွယ်ခဲ့သောသူက အဆိုးဆုံးခံစားရကာ သေမတတ်ဖြစ်နေသောကြောင့်မတတ်နိုင်တော့ဘဲ တောင်းပန်လိုက်ရတော့သည်။ ထို့နောက်တွင်တော့ စူးရှသော ice mint ရနံ့က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့၏။

လူတစ်ချို့မှာ ယခုမှပင် နေသာထိုင်သာရှိသွားတော့သည်။ အရိုင်းအစိုင်းလေးရဲ့ pheromone က မတအားကြောက်ဖို့ကောင်းနေသောကြောင့် ထိုသူတို့မှာ မျက်လုံးချင်းဆုံရန်ပင် လန့်ဖြန့်နေကြပြီး ဆိုင်ထဲမှ အလျင်ထွက်သွားကြတော့သည်။

ယွမ်ယဲ့က စကားစရန်ပြင်လိုက်သည်။ သူ၏အသံကယခုတွင်တော့ အခုနကနှင့်မတူတော့ဘဲ ပြောင်းလဲသွားပေတော့သည်။ သို့ပေတိ မထင်မှတ်ထားစွာ ကြမ်းပြင်ဘက်မှာ ညည်းသံတိုးတိုလေးကို ကြားလိုက်ရလေသည်။

"အင်း...."

ထိုင်ခုံပေါ်တွင် မျက်နှာများပူလောင်လျက် ခန္ဓာကိုယ်တစ်ခုလုံးကထောင်ချောက်မိနေသလို ဖြစ်နေသောဖူယွမ်ကျုံးခမျာ သူ့ပါးစပ်ကိုကာထားလျက်ကပင် အားအင်ပြန်စုနေရပေသည်။ အခုထိသူ့မှာ ice mint အနံ့ကိုမရှူမိအောင် မနေနိုင်သေးပင်။ Alpha တစ်ယောက်ရဲ့ pheromone က သူ့သွေးကြောတွေထဲ တိုးဝင်နေကာ သူ့ခန္ဓာကိုယ်အား အထိန်းအကွပ်လုပ်နေလေသည်။

သူ့အခြေအနေက မီးတောထဲရောက်နေသလိုပင်။ ဒီလိုပူလောင်နေသော အပူချိန်ကသူ့အား တစ်စုံတစ်ခုအား အမှတ်မထင် သတိရစေသည်။ အခုအခြေအနေက ထိုနေ့ကနွေးထွေးမှုတွင် ရှဲ့လင်ခံစားခဲ့ရသော အခြေအနေနှင့် ဆင် တူနေပေသည်။ ဒါကသူမုန်းတဲ့အခြေအနေတစ်ခုလို ဖြစ်နေလေရဲ့။ ဒီသဘာဝရဲ့ အားအင်ဆုတ်လျော့မှုကို သူတော်တော်စိတ်တိုလှပါသည်။

သူ၏ခန္ဓာကိုယ်က တကယ်ကိုနေရခက်နေသည်၊ သူ့အတွေးတွေကို ပြောင်းပြန်လှန်ဖို့ တစ်ခြားအကြောင်းအရာနှင့် အာရုံလွှဲရမည်။ ဥပမာပြောရရင် pheromone တိုက်ပွဲတွေက တကယ်ကိုအခြေအနေစွန့်စားရာကျလွန်းတယ်၊ ဒါဖြစ်လာဖို့ ဘာအကြောင်းပြချက်မှ ရေရေရာရာမလိုဘူး။ သူ့ရှေ့ကယွမ်ယဲ့ကို ပြန်တိုက်ထုတ်ဖို့ အားယူကြည့်ပေမယ့် ယွမ်ယဲ့က Alpha pheromone ကိုသုံးလိုက်တာနဲ့ သူကဘယ်လိုအခြေအနေမဆို ရှုံးသွားမှာပင်။ ဒီအခြေအနေမှာတော့ သူကဘယ်တော့မှ Alpha တစ်ယောက်ကဲ့သို့ ဖြစ်လာမည်မဟုတ်...

ဖူယွမ်ကျုံးက ပြဿနာရှာလွန်းသည့် ယွမ်ယဲ့ကိုကြည့်ရန် ခေါင်းကိုမော့လိုက်သည်။ သူ့ရဲ့မျက်လုံးတွေကနီရဲနေပြီး အရည်ကြည်လေးမျာလည်းရစ်သိုင်းနေကာ တစ်မျိုးတစ်ဖုံဝမ်းနည်းဖို့ကောင်းနေလျက် မူမမှန်ပင်။

"......."

ယွမ်ယဲ့က တစ်ခဏလောက်စိုက်ကြည့်နေကာ သူ့လည်စေ့မှာလှုပ်ခတ်သွားရပေတော့သည်။ စကားစပြောလိုက်သည့်အခါတွင်‌တော့ အသံကအနည်းငယ်ကြောင်တောင်တောင်ဖြစ်နေလျက်။

"တောင်းပန်ပါတယ် ငါ့အမှားပါ၊ မင်းအခြေအနေကိုငါမတွေးလိုက်မိဘူး။ ငါဆိုင်ရှင်ကိုမင်းအတွက်ဆေးတောင်းလိုက်မယ်"

လေထုက မကြာခင်ကပင်ဖိအားပေးခြင်းခံထားရပြီး ပြတင်းပေါက်များကလည်းပိတ်ထားသောကြောင့် ယွမ်ယဲ့မှာအကုန်လိုက်ဖွင့်လျက် ဆိုင်ရှင်အားမီးဖိုချောင်ထဲသွားရှာတော့သည်။ ဆိုင်ရှင်ခမျာ သူ၏ pheromone ဖြင့်လွှမ်းမိုးခံရမည်စိုးသောကြောင့် မီးဖိုဘက်သုတ်ခြေတင် ပြေးသွားခြင်းပင် ဖြစ်ပါသည်။

"ငါမင်းကို ထိန်းချုပ်ဆေး ပေးမယ်"

ဆိုင်ရှင်က ဆေးဘူးကိုယူလိုက်ကာ ဆေးထုတ်ပေးပြီး အရည်ကြည်တစ်ဘူးကိုလည်း ပေးလာလေသည်။

"ဒါက pheromone ရနံ့ပျယ်ဆေးလေ၊ သူ့အဝတ်တွေပေါ်ဖြန်းပေးလိုက်လို့ရတယ်။ မဟုတ်ရင် မင်းရနံ့တွေစွဲကုန်မယ်"

ယွမ်ယဲ့က ပစ္စည်းနှစ်ခုကို ခဏကြည့်နေပြီး ဆေးကိုယူကာ အရည်ကြည်ဘူးကိုတော့ ထားခဲ့လိုက်သည်။

"ရနံ့က အဆင်မပြေလို့လား?"

သူကခပ်ဟဟလေးရယ်လိုက်သည်။

"ဒါက မက်မွန်သီးရနံ့တွေအတွက် အဆင်ပြေအလုပ်ဖြစ်ပါတယ်"

ဆိုင်ရှင်မှာတော့ နည်းနည်းရှုပ်ထွေးသွားမိသည်။

"ဒါချီးကျူးသွားတာလား?"

ယွမ်ယဲ့က သူနဲ့စကားစဖြတ်လိုက်ပြီး ‌ဆေးနှင့် ရေနွေးနွေးလေးတစ်ခွက်ယူကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့လိုက်သည်။ ဖူယွမ်ကျုံး၏အခြေအနေ မဆိုးလာခင် ကိုယ်ကိုကိုင်းညွတ်ပေးလျက်

"ဒီမှာ ဆေးလေးသောက်လိုက်နော်"

ဖူယွမ်ကျုံးက အရည်ကြည်တွေငွေ့သိုင်းနေသော မျက်လုံးများဖြင့်ဖွင့်ကြည့်လာလျက် တုန်ယင်နေသောလက်များနှင့် ရေခွက်ကိုကိုင်ရန်ကြိုးစားနေသော်လည်း သူ့လက်များကအားအင်မဲ့နေကာ ခွက်ကိုကိုင်မရဖြစ်နေ၏။ ယွမ်ယဲ့က ဖူယွမ်ကျုံးအား သူ့လက်မောင်းပေါ်တွင် မှီစေလျက်ထိန်းညှိပေးရင်း ရေကမ်းပေးကာ ဆေးလည်းကိုယ်တိုင်တိုက်ပေးလိုက်တော့သည်။

ဖူယွမ်ကျုံး၏လည်ဂုတ်သားမှ ပျံ့လွင့်နေသော မက်မွန်သီးရနံ့ကတော့ ကော်လံဝတ်ထားသည်တောင်မှ မဖုံးကွယ်ထားနိုင်ပါတော့ချေ။

ယွမ်ယဲ့က အံ့သြဖွယ်ကောင်းလှသော လည်ဂုတ်လေးနားကို ခေါင်းငုံ့လာပြီး ပြောလိုက်မိသည်။

"ငါတော့ အရမ်းဝမ်းနည်းနေမိပြီ"

"ငါတို့ဒါကို ဥပမာအဖြစ်လက်ခံလို့မရဘူးလေ"

ဖူယွမ်ကျုံးကဆေးသောက်ပြီးနောက်မှာတော့ ခဏလောက်ငြိမ်သက်နေပြီး သူ့အားစိတ်တိုစွာကြည့်နေကာ တစ်ခုခုညစ်နွမ်းနေသလိုခံစားနေရတဲ့ ကြမ်းပြင်ကိုလည်းသေချာစိုက်ကြည့်နေလိုက်သည်။

ယွမ်ယဲ့က ခေါင်းခါပြလျက်

"ခုနက "တောင်းပန်ပါတယ်"ဆိုတဲ့ စကားလုံးက pheromone လွှင့်မိလို့ တောင်းပန်တာမဟုတ်ဘူး။ အဲ့မတိုင်ခင်ကဟာအတွက်ပြောတာ"

"အခု မင်းဘာလုပ်မလို့လဲ?"

ဖူယွမ်ကျုံးက မေးလိုက်သည်။

ဒါကခုနက ဟိုအဖွဲ့တွေကြောင့်ဖြစ်သွားတာလား? ဘယ်လိုအခြေအနေမျိုးနဲ့ ဒီအရိုင်းကောင်လေးကို စွပ်စွဲကြမှာလဲ? မင်းကသာ တောင်းပန်ဖို့လိုတယ်ဆိုရင် ခုနကဟိုအဖွဲ့တွေက ပိုပြီးတော့တောင် တောင်းပန်ပေးဖို့လိုအပ်တယ်လေ။ သူ့ကိုဘယ်လိုများသတ်မှတ်ရမလဲ....

"မင်းရဲ့ pheromone က တော်တော်ချိုတာပဲ"

ယွမ်ယဲ့ကနှုတ်ခမ်းများကိုသပ်လိုက်ပြီး ထောင့်စွန်းလေးများကွေးသွားအောင် ပြုံးလိုက်သည်။

"ငါတကယ် မက်မွန်သီးရနံ့အသားလေးကို ကိုက်ဖို့လိုအပ်နေတယ်"

"သွားစမ်းပါ"

ဖူယွမ်ကျုံးတစ်ယောက် ယွမ်ယဲ့ကိုခုံပေါ်ကတွန်းချလိုက်လေသည်။

မြေပြင်ပေါ်ထိုင်လျက်ကျသွားတဲ့ ယွမ်ယဲ့ကတော့စိတ်မဆိုးဘဲ ပို၍ပြုံးလာကာ

"ဒါလေးက တကယ်ကိုခက်ခဲမယ့် မက်မွန်သီးလေးပဲ"

ဖူယွမ်ကျုံးရဲ့မျက်လုံးတွေထဲ အရိုင်းဆန်တဲ့အရိပ်တစ်ချို့ဖြတ်ပြေးသွားပြီး ယွမ်ယဲ့ကိုရိုက်ပစ်ရန် ခုံပေါ်မှာလိုက်သည်။ အရိုင်းကောင်ကတော့ ထရပ်လျက် သူ့လက်သီးချက်မှ ရှောင်လိုက်လေရဲ့။ သူကရုတ်တရက် သေချာတောင်းပန်တိုးလျှိုးသည့် လေသံနှင့်ပြောလိုက်သေးသည်။

"ငါမှားတာပါ"

ဒီကောင်လေးရဲ့ အပြုအမူတွေကို ကြည့်စမ်းပါဦး။ ဖူယွမ်ကျုံးက ဖြစ်ပျက်သမျှအကုန်ပြန်စဥ်းစားလိုက်ပြီး အေးစက်စက်လေသံနဲ့ မေးလိုက်သည်။

"မင်းသူတို့နဲ့ ဘာဇယားတွေရှုပ်ထားတာလဲ?"

ခုနကသူတို့စကားဝိုင်းကို ပြန်လည်ဆွဲခေါ်သွားကြည့်တော့ ယွမ်ယဲ့က ထိုအဖွဲ့ကိုသေလောက်အောင် ရိုက်နှက်ခဲ့ပြီး ထိုအကြောင်းကြောင့်ပဲ ကျောင်းပြောင်းလာတာ ဖြစ်နိုင်သည်လေ။ ယွမ်ယဲ့ကတစ်ခါမှ သူ့ကိုမပြောပြဖူးပေမယ့် ထိုအုပ်စုအား အကြောင်းမဲ့သက်သက်မရိုက်နှက်ဘူးဆိုတာတော့ ဖူယွမ်ကျုံးသိပါသည်။ ဒီကိစ္စမှာ တစ်ခုခုတော့ရှိရမည်။

သူနဲ့ယွမ်ယဲ့ရဲ့ ဆက်ဆံရေးက အကုန်အစင်ပြောပြရမည့် အခြေအနေထိမရောက်သေးလို့ပင်ဖြစ်ရမည်။ ထို့ကြောင့် သူကအသေးစိတ်မမေးတော့ဘဲ ပုံမှန်လိုပဲသာမန်ကာလျှံကာသယောင် မေးလိုက်တာပင်။

"ဘာမှအရေးမကြီးပါဘူး၊ ပြောရလောက်တောင်မတန်ဘူး"

ယွမ်ယဲ့က ရယ်မောနေသည်၊ ထိုအကြောင်းအရာအား စကားလမ်းလွှဲရန်ကြိုးပမ်းလျက်

"ငါတို့စားဖို့ရော၊ ဆိုင်ရှင်ကိုပြင်ခိုင်းလိုက်ရမလား"

"ဒီနေ့တော့ တော်ပြီ၊ နောက်တစ်ခါမှပေါ့"

ယွမ်ယဲ့က ဒီအကြောင်းကိုနှုတ်ဆိတ်နေဖို့၊ စိတ်ပျက်စရာအဖြစ် သတ်မှတ်နေသောကြောင့် နောက်တစ်ခါမှပဲမေးဖို့ တေးထားလိုက်သည်။ ဖုန်းအားထုတ်ကြည့်လိုက်သောအခါ အချိန်ကနည်းနည်းတောင် နောက်ကျနေသည်ပေ။ ဟိုအဖွဲ့ကြောင့် သူ့အချိန်တွေ တော်‌တော်ကုန်သွားရတာပဲ၊ အခုတော့အချိန်မီအောင်ပြန်သွားဖို့တောင် မသေချာတော့။

"အချိန်တောင်ရောက်တော့မယ်။ ငါရှဲ့လင်ကိုစောင့်ဖို့သွားတော့မယ်"

"မင်း သူနဲ့ပြန်ဖို့လိုလို့လား?"

ယွမ်ယဲ့ကသူ့အားစိုက်ကြည့်လျက် အသံကဝေဝေဝါးဝါးဖြင့်

"ငါမင်းကိုပြန်ပို့ပေးလို့ရလား?"

"မလိုပါဘူး၊ ငါမင်းကိုယောကျာ်းတစ်ယောက်အနေနဲ့ တစ်ခုပြောပြမယ်"

ဖူယွမ်ကျုံးက လွယ်အိတ်အားလွယ်လျက် သူ့ကိုလက်ပြလိုက်ပြီး

"မင်းအတန်းမပြန်ဘူးလား? ငါသွားပြီနော်"

အရိုင်းကောင်လေးက ရပ်နေကာ တိတ်ဆိတ်နေဆဲ။

"ဘုရားသခင် အကုန်ကိုပြောပြရတော့မှာပဲ"

ဖူယွမ်ကျုံးက စဥ်းစားနေတာရပ်လိုက်ပြီး ယွမ်ယဲ့ကိုပြောလိုက်သည်။

"နောက်တစ်ခါ မင်းကိုဟိုအဖွဲ့တွေ ရန်လာရှာရင် ငါ့ကိုခေါ်လိုက်၊ ငါချပေးမယ်"

"မင်းကငါ့အတွက် သူများကိုချပေးမလို့လား?"

"ဘာဖြစ်လဲ? ငါကချဖို့အသင့်ပဲနော်။ မင်းငါ့အကြောင်းမသိရင် နောက်တစ်ခါဆိုဘယ်လိုလဲ၊ အခွင့်အရေးရတဲ့တစ်ခါပေါ့ ငါနဲ့ချကြည့်လေ"

ဖူယွမ်ကျုံးက အလျင်အမြန်နောက်တစ်ကြောင်းပါထပ်ဖြည့်ပြောလိုက်သည်။

"မင်းငါ့ကို pheromone နဲ့တော့ အနိုင်မယူရဘူးနော်"

"ဟုတ်ပြီလေ မင်းရဲ့စိတ်နှလုံးသားလေး ကောင်းချီးပေးခံရပါစေ"

ယွမ်ယဲ့က ခဏလောက်စိုက်ကြည့်နေပြီး ရုတ်တရက်ပြောလိုက်သည်။

"ဒါပေမဲ့ ကြည့်ရုံနဲ့တော့ မမိုက်ဘူးလေ။ တစ်ခုခုနဲ့အလောင်းအစားထပ်ရင်ရော?"

"မင်းကဘာနဲ့လောင်းချင်လို့လဲ?"

ဖူယွမ်ကျုံးကမေးလိုက်သောအခါ ယွမ်ယဲ့၏ပုံစံက လုံးဝကိုအလေးအနက်ဖြစ်နေပြီး တစ်ခုခုကြံစည်နေပုံပင်။

ဒါကအရင်ဘဝတုန်းကနဲ့ တူတူပဲမဟုတ်ဘူးလား? ယွမ်ယဲ့သာသူ့ကိုရှုံးသွားရင် ဖူယွမ်ကျုံးကို အစ်ကိုကြီးယွမ်လို့ ခေါ်ရုံပဲလေ။

"မင်းဖြစ်ချင်တာပြောလိုက်၊ ငါနားထောင်နေတယ်"

ယွမ်ယဲ့က တစ်လုံးချင်းပြောလာပါတော့သည်။

"ငါနဲ့အပြင်ထွက်လည်ပေး။ လကုန်ရင်...ငါတို့နှစ်ယောက်တည်း၊ ဘယ်လိုလဲ?"

"ဒါကရိုးရာလား?"

"ဒါကအခြေခံပဲလေ"

ယွမ်ယဲ့က ရယ်မောလျက်

"သဘောတူလား?"

"ရတယ်လေ"

ယွမ်ယဲ့က တစ်မျိုးဖြစ်နေတယ်လို့ ခံစားမိတဲ့အချက်ကလွဲလို့ လက်ရှိမှာတော့ အလောင်းအစားမပါလည်း ဖူယွမ်ကျုံး သူနှင့်တူတူလျှောက်လည်ပေးနိုင်ပါသည်။ အခြေအနေတွေကိုပြောင်းလဲဖို့ မကြိုးစားသေးခင်အထိပေါ့။

"ငါ့အခြေအနေက မသိလိုက်ဘဲနဲ့တောင် ပြန်‌ကောင်းလာပြီနော်"

သူကယွမ်ယဲ့ကို ပြောလိုက်သည်။

"ဒါပေမဲ့ ဒါကမင်းအတွက်အရမ်းမခက်လောက်ပါဘူးလို့ မင်းယုံကြည်ချက်ထားလို့ရပါသေးတယ်"

ယွမ်ယဲ့က ခပ်ဟဟရယ်လျက်

"ငါသိဖို့အခွင့်အရေးမရလိုက်မှာတောင် ကြောက်မိပါတယ်"

"ဒါကတော့ လုံးဝသေချာကျေးဇူးတင်ရတော့မှာပဲနော်"

ဖူယွမ်ကျုံးက ရယ်မောလျက်ပင်

"ငါသွားပြီ"

"ဟုတ်ပြီ မနက်ဖြန်မှတွေ့ကြတာပေါ့"

ယွမ်ယဲ့ကပြောလိုက်သည်။

"ငါမင်းကိုမနက်ဖြန်ကျ ကျောင်းမှာလက်ဆောင်တစ်ခုပေးမယ်"

"ဘာလို့ ငါ့ကိုပေးတာလဲ?"

ဖူယွမ်ကျုံး အံ့သြသွားမိသည်။

"မနက်ဖြန်ကျမှကြည့်"

ဖူယွမ်ကျုံးကတော့ ယွမ်ယဲ့ရဲ့ရူးကြောင်ကြောင်ပစ္စည်းတွေကို တွေးမိပြီး နှာခေါင်းရှုံ့လိုက်မိသည်။ သူကကျောင်းကိုပြန်လာလိုက်ပြီး သူရောက်သည့်အချိန်မှာလည်း အချိန်သင့်ပင်။ တတိယနှစ်တွေရဲ့အတန်းတွေက အခုလေးတင်ပြီးသွားတာဖြစ်သည်။ သူကလမ်းမကြီးပေါ်မှာ ဘေးတန်းတွေကိုဆန့်ဆန့်ကြီးမှီကာစောင့်နေရင်း အခန်းထဲမှထွက်လာသော ရှဲ့လင်ကိုမြင်လိုက်ရသည်။

"မင်းငါ့ကိုဝင်ပေါက်မှာ ဒီလိုထိုင်စောင့်စရာမလိုပါဘူး"

သူ့ကိုထိုင်စောင့်နေသော ဖူယွမ်ကျုံးကိုမြင်သောအခါ ရှဲ့လင်ကအလျင်အမြန်ရောက်လာပါတော့သည်။

"မင်းထိုင်နေတဲ့နေရာပြောလေ၊ ငါလာရှာမှာပေါ့"

ဖူယွမ်ကျုံးက ရယ်မောလိုက်သည်။ ရှဲ့လင်ကိုဒီလိုလာစောင့်ရလို့လည်း သူဘာမှမဖြစ်ပါဘူး။ မည်သို့ပင်ဆိုစေ ရှဲ့လင် သူ့အနားရောက်လာသောအခါတွင်တော့ ရုတ်တရက်ရပ်တန့်သွားပြီး သူ့လက်ကောက်ဝတ်အားဆွဲလျက် သူ့ရှေ့ကိုခေါ်လိုက်ပြီး အသံနက်နက်ဖြင့်မေးလာလေသည်။

"မင်းကိုယ်ပေါ်က ဘယ်သူ့ pheromone လဲ?"

"ဘာကြီး?"

ဖူယွမ်ကျုံးတစ်ယောက် ကြောင်အသွားပြီး သူ့ကိုယ်သူပြန်အနံ့ရှူကြည့်သောအခါ ice mint အနံ့ဖျော့ဖျော့လေးကို ရလိုက်လေသည်။

ခုနကတင် ဒီ pheromone တွေကြောင့် လဲကျမတတ်ဖြစ်သွားပြီး ဆေးလည်းသောက်ပြီးပြီပင်။ ဒီစွဲကပ်နေတဲ့အရာကို ပြန်သတိမထားမိလိုက်ပါချေ။ ရှဲ့လင်သာမပြောလျှင်လည်း ဒါကိုသတိထားမိမည်မဟုတ်။

"ဒါက...ယွမ်ယဲ့ဆီက"

မူမမှန်သောအကြည့်တွေက ဖူယွမ်ကျုံးမျက်နှာပေါ် ပေါ်လာတော့သည်။ သူ ရှဲ့လင်ဆီမှာ ညစာသွားစားတဲ့အကြောင်းကို မပေါ်စေချင်ပါ။ အခုရှဲ့လင်က သတိထားမိသွားမှာတော့ သူလည်း ရှဲ့လင်ကိုမလိမ်ချင်သောကြောင့် ဝန်ခံလိုက်ဖို့ပဲလုပ်ရလေသည်။

"ငါပြောတာနားထောင်နော်...."

သူကအလျင်အမြန်ပဲ ခုနလေးတင်ဖြစ်ပျက်သမျှကို ရှဲ့လင်အားပြောပြလိုက်သည်။ ပြီးတော့ pheromone ဆီကနေ အနှိပ်စက်ခံလိုက်ရကြောင်းလည်းပြောပြလိုက်သည်။ ထိုအခြေအနေတွင် ဒီ့ထက်ပိုကောင်းတဲ့အခြေအနေမျိုး မရှိနိုင်တော့တာကဖြစ်သင့်သည်ပဲလေ။

ရှဲ့လင်က သူ့ဆီကလှည့်ထွက်သွားပြီး ဘာစကားမှမဆိုဘဲ ကျောင်းထဲမှထွက်သွားလေရဲ့။ ဖူယွမ်ကျုံး အနည်းငယ်စိတ်ပျက်မိသွားသည်။ ရှဲ့လင်က ယွမ်ယဲ့နဲ့သိပ်မပေါင်းသင်းဖို့ ပြောထားတာဖြစ်သည်။ ဒါပေမဲ့ သူမှမလုပ်နိုင်တာလေ။ ဘယ်လိုပဲဖြစ်ဖြစ် ယွမ်ယဲ့ကသူ့ညီအစ်ကိုပဲကို။ ဒီလိုလိင်ခွဲခြားမှုကြောင့်နဲ့ ဘယ်လိုများ သူ့ညီအစ်ကိုနဲ့ မပေါင်းဘဲနေရမည်လဲ။

အိမ်ကကားက ကျောင်းအပြင်တွင်စောင့်နေလေပြီ။ ဖူယွမ်ကျုံးက ကားကိုမြင်ပြီး ဝင်ပေါက်ကိုအရင်ပြေးသွားလိုက်တော့သည်။

သူ့လက်ချောင်းများက ဝင်ပေါက်တံခါးကို ကိုင်ရုံရှိသေး ကြီးမားလှတဲ့အားအင်တစ်ခုကပေါ်လာကာ ဝင်ပေါက်တွင်သူ့ကိုကပ်လိုက်ပြီး တင်းတင်းကျပ်ကျပ်ကိုင်ထားလေ၏။

"ရှဲ့လင်?"

ဖူယွမ်ကျုံးတစ်ယောက် တော်တော်လန့်သွားရပါသည်။ အရှေ့‌ ကား၏ မှန်ကနေ သူ့နောက်ကရှဲ့လင်ကိုမြင်လိုက်ရသည်။ သူကခြေထောက်တွေကို ဖိထားလိုက်ပြီး လက်တွေကလည်ပင်းအနောက်ဘက်အား ထိရန်ပြုမူလာလေသည်။ အမည်းရောင်ကော်လံအောက်က ထွက်ပေါ်လာသော heat တွင် သူအရှုံးပေးခဲ့ရသည်။ ကိုက်ရာအပေါက်လေးများက အခုထိမှိန်ဖျော့စွာတည်ရှိနေဆဲ။

ရှဲ့လင်က လည်ပင်းကိုလက်ချောင်းများနှင့် ကြမ်းတမ်းစွာပွတ်သပ်လိုက်ပြီး မျက်ခုံးတန်းများကအေးစက်နေလျက် မျက်လုံးထဲတွင် မှောင်မိုက်နေလေသည်။

သူကဖူယွမ်ကျုံးလည်ပင်းအနောက်နားသို့ ခေါင်းကိုငုံ့ဆင်းလိုက်ပြီး အသက်ရှူငွေ့ရေးရေးက လည်ပင်းကိုရိုက်ခတ်လာ၏။ ထို့နောက်တွင်တော့ ရှဲ့လင်၏ပါးလျသောနှုတ်ခမ်းများမှ စကားလုံးတစ်လုံးစီက ဖူယွမ်ကျုံးနားထဲတိုးဝင်လာပါတော့သည်။

"ငါမင်းကို အဲဒီနေ့က အသေအချာ အမှတ်အသားလုပ်ခဲ့လိုက်ရမှာ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🥝 :အကြာကြီးပျောက်နေပြီး ပြန်ပေါ်လာပါပြီ၊တောင်းပန်ပါတယ်၊စောင့်နေပေးကြလို့လည်း ကျေးဇူးတင်ပါတယ်
cmtလေးတွေဖတ်ပြီး အားပြည့်သွားပြီ^v^
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

[ZAWGYI]

တစ္ဖက္ကလူက ထိန္းခ်ဴပ္ေကာ္လံကို ထိေတာ့မယ္ဆဲဆဲမွာ ဖူယြမ္က်ဳံးက တားမလို႔ျပင္လိုက္ေသာ္လည္း သူ႔အလ်င္ ယြမ္ယဲ့က ထိုလူရဲ႕လက္ေကာက္ဝတ္အား လက္တစ္ခုလုံးကိုခ်ိဳးႏိုင္ေလာက္သည့္အားႏွင့္ ဆြဲဖမ္းပစ္လိုက္သည္။

ယြမ္ယဲ့ရဲ႕မ်က္ခုံးတန္းေတြက စုႀကဳံ႔ေနၿပီး သူ၏ေအးစက္စက္စကားသံမ်ားမထြက္သည္ေတာင္မွ ရွည္လ်ားလွေသာအရပ္ႏွင့္ ေလထုကၾကပ္တည္းေနၿပီး က်န္တဲ့သူတစ္ေယာက္ခ်င္းစီကိုလည္း ေၾကာက္လန႔္ေစရန္ စြမ္းေဆာင္ႏိုင္လွသည္။

အခ်ိန္တစ္ခုစာေလာက္ ဆိုင္ထဲတြင္တိတ္ဆိတ္ေနၾကၿပီး ဖူယြမ္က်ဳံးက လက္ကိုအားျပဳၿပီး ထရပ္လိုက္သည့္အခါ အမ်က္ေဒါသမ်ားၾကားက ေပါက္ကြဲမႈတစ္ခုလို အသံက်ယ္ေလာင္သြားေတာ့သည္။

သူက Omega တစ္ေယာက္အေနနဲ႔ တိုက္ခိုက္ခံရသလိုျဖစ္သြားတာကို သူနားလည္ေသာေၾကာင့္ ထိုသို႔ခံစားခ်က္ကိုမနည္းလိုက္ဖမ္းမိေအာင္ လုပ္ေနရသည္။ ဆယ္ေက်ာ္သက္ဘဝကတည္းက ဘယ္သူကမွ် သူ႔အားဒီလိုစည္းေက်ာ္ၿပီး ရန္မစရဲခဲ့ပါေပ။ ဒါက႐ိုး႐ိုးတန္းတန္း ရန္ပြဲေလးတစ္ခုပဲမဟုတ္ဘူးလား? သူကထိုသူႏွင့္ ရန္ျဖစ္လိုက္ၿပီး သူ႔ကိုမထီမဲ့ျမင္ျပဳျခင္းရလာဒ္ကို ျမင္သာေအာင္ေကာ္လံစျပန္ဆြဲလိုက္မယ္ေလ။

မည္သို႔ပင္ဆိုေစ ေက်ာင္းရန္ပြဲမ်ားတြင္ အထိုက္အေလ်ာက္ပါဝင္ခဲ့ေသာသူ ျဖစ္သည္ေၾကာင့္ ဘယ္လိုရန္ျဖစ္ရမလဲဆိုတာ ဖူယြမ္က်ဳံးလည္း နားလည္ပါသည္။ သူ႔ရန္ပြဲမ်ားကို ေက်ာင္းကမသိသလိုေက်ာ္သြားေပးဖို႔ဆိုလွ်င္ နည္းလမ္းတစ္ခုပဲလိုအပ္ပါသည္။ ရန္ျဖစ္ေနရင္း တစ္ေယာက္ႏွင့္တစ္ေယာက္ ဆြဲထည့္ျခင္းပင္။ အရင္သာစလိုက္၊ ၿပီးရင္ ေက်ာင္းဝတၱရားေတြကို ႐ြတ္ျပစရာမလို‌ေအာင္ လက္တုံ႔ျပန္သလိုပုံစံလုပ္လိုက္႐ုံပဲေလ။

မင္းသာရန္ပြဲကိုအရင္စလိုက္ရင္ေတာ့ လက္အရင္ေ႐ႊ႕တဲ့သူက မင္းျဖစ္ေနတဲ့အတြက္ ေက်ာင္းစည္းကမ္းဝတၱရားမ်ားက မင္းပုခုံးကိုပဲစုပုံက်လာမွာပဲ ျဖစ္သည္။ ယြမ္ယဲ့ရဲ႕ လက္အားကိုၾကည့္ပုံအရေတာ့ တစ္ဖက္သူရဲ႕လက္ေကာက္ဝတ္က ရက္အနည္းငယ္ေလာက္ ဘာမွလုပ္လို႔ရမွာမဟုတ္ေတာ့ေပ။ သူတို႔ဘယ္လိုမ်ားလုပ္မွာပါလိမ့္္? က်န္တဲ့သူေတြကိုပဲ သူတို႔စတာလို႔ စြပ္စြဲလိုက္ရေတာ့မွာလား?

အခုခ်ိန္မွာေတာ့ ဖူယြမ္က်ဳံးရဲ႕ဦးေႏွာက္က ဒိုင္းနမိုက္တစ္ခုလို ျဖစ္ေနေပသည္။ သူ႔ရဲ႕ Omega စ႐ိုက္ကိုပဲ ေကာင္းေကာင္းအသုံးခ်ဖို႔လိုေနသည့္ အေျခအေနပင္။ သူကအားမရွိ၊ သနားစရာေကာင္းတဲ့ ကာကြယ္မႈမလုပ္ႏိုင္ေသာ Omega တစ္ေယာက္ျဖစ္ၿပီး ယြမ္ယဲ့ကေတာ့ သူ႔ကိုကာကြယ္ေပးခဲ့ရတဲ့ တစ္ေယာက္တည္းေသာ သူရဲေကာင္းေလးေပါ့။

ဘယ္လိုပဲျဖစ္ျဖစ္ေလ သူကခုန‌ ေလးကတင္ သူ႔ေကာ္လံကိုထိေတာ့မယ့္ဆဲဆဲခံလိုက္ရသူျဖစ္ၿပီး သူ႔ရဲ႕၁.၈မီတာရွည္လ်ားတဲ့ အရပ္နဲ႔ Omega ခႏၶာကိုယ္က တစ္ေယာက္ခ်င္းစီကို ျပန္႐ိုက္ႏိုင္တယ္ဆိုတဲ့ အခ်က္ကိုဖယ္လိုက္ရင္ေတာ့ အကုန္လုံးကမွားေနတာေတာ့ မဟုတ္။

မ်က္စိတစ္မွိတ္အတြင္းမွာပဲ ဖူယြမ္က်ဳံးက ေျဖရွင္းခ်က္မ်ားကိုစာစီေနၿပီး က်န္တဲ့သူမ်ားက သူနဲ႔အ႐ိုင္းအစိုင္းေကာင္ကို လာဝိုင္း႐ိုက္ၾကေတာ့မည္ဟု တထစ္ခ်ေတြးထားလိုက္သည္။ သို႔ေသာ္လည္း ဖူယြမ္က်ဳံးမွာ သူတို႔ကိုဘာမွေတာင္ ျပန္မလုပ္လိုက္ရဘဲ တစ္ခ်ိဳ႕က ဖုန္းမ်ားကိုထုတ္၍ မွတ္တမ္းယူထားကာ "အ႐ိုင္းအစိုင္းေကာင္က ခ်ေနၿပီ၊ သြားၾက။ နံပါတ္တစ္ ေက်ာင္းကို သူ႔ရဲ႕႐ိုင္းျပတဲ့ အျပဳအမူေတြပို႔ၾက" ဟုေအာ္ေနၾကေတာ့သည္။

ေသလိုက္ပါေတာ့၊ ေတာ္ေတာ္မ်ားမ်ားက ဒီအေျခအေနကို အတည္မွတ္သြားၾကေလၿပီ။

ဖူယြမ္က်ဳံးမွာ ေၾကာင္အသြားမိေတာ့သည္။ ယြမ္ယဲ့က အလ်င္အျမန္လက္ကိုျပန္႐ုတ္လိုက္ၿပီး ရန္ပြဲကိုအဆုံးသတ္လိုက္သည္။ လက္ကိုအဆြဲခံလိုက္ရေသာလူက သူ၏နီရဲေနေသာလက္အား ကိုင္လ်က္ ဖုန္းကင္မရာ‌ေရွ႕သို႔ ေျပးသြားကာေအာ္ေနေပ၏။

"ျမန္ျမန္႐ိုက္ထား၊ ဒါသူ႔ရဲ႕ငါ့ကို အႏိုင္က်င့္ထားတဲ့သက္ေသပဲ"

"ဘာသက္ေသလဲ?"

ယြမ္ယဲ့က ျပန္ေခ်ပလိုက္သည္။

"ငါလုပ္ခဲ့လို႔လား?"

တစ္ဖက္လူက စူးစူးရွရွေအာ္ဟစ္လာသည္။

"မင္းကမသိခ်င္ေယာင္ေဆာင္ေနတာလား? ငါ့လက္ကိုၾကည့္လိုက္ဦး၊ မင္းသေဘာေပါက္ၿပီလား?"

"ဘာေတြေျပာေနတာလဲ? ငါဘာမွမလုပ္ခဲ့ဘူး"

ယြမ္ယဲ့ကႀကိမ္း‌ေမာင္းလ်က္

"ဟုတ္ၿပီေလ၊ ဟိုဘက္ကေကာင္ေတြ ႐ိုက္ေနတာရပ္ေတာ့။ ငါဘာမွမလုပ္ခဲ့ပါဘူး။ ဟုတ္တယ္မလား ဆိုင္ရွင္?"

သူက မီးဖိုေခ်ာင္ဘက္ကို တစ္ခ်က္လွည့္ၾကည့္ၿပီး ေျပာလိုက္သည္။ ဆိုင္ရွင္က ဟန္ကိုယ့္ကာတစ္ဖက္လူေတြကို လွည့္ေျပာလိုက္ေတာ့သည္။

"ေက်ာင္းသားတို႔၊ ဦးတို႔ဆိုင္ကို ႀကိဳခ်ိန္းထားတဲ့ဧည့္သည္ေတြလာေတာ့မွာမလို႔ ျပႆနာမရွိဘူးဆိုရင္ ထြက္သြားေပးႏိုင္မလား? မဟုတ္ရင္ ဒီနားကရဲစခန္းကို အေၾကာင္းၾကားရလိမ့္မယ္"

"ေသလိုက္ပါလား"

တစ္ဖက္အဖြဲ႕မွာေတာ့ ရွဴးရွဴးရွားရွားျဖစ္သြားကာ ယြမ္ယဲ့တို႔ဘက္ကို စူးစိုက္ၾကည့္ၿပီး လွည့္ထြက္သြားၾကေတာ့သည္။

"ေနဦး"

ယြမ္ယဲ့က ထိုအုပ္စုအား တားလိုက္ၿပီး သူ၏ေျခတံရွည္မ်ားကို လိမ္ရပ္လ်က္

"မင္းတို႔သြားႏိုင္ၿပီလို႔ ဘယ္သူေျပာလဲ?"

"မင္းကဘာလုပ္ခ်င္ေသးလို႔လဲ?"

"ငါ့သူငယ္ခ်င္းရဲ႕ ေကာ္လံကိုထိလို႔ရတယ္လို႔ ဘယ္သူေျပာလဲ?"

ယြမ္ယဲ့က ေျပာလိုက္သည္။

"ေတာင္းပန္လိုက္"

"ေတာင္းပန္ရမယ္ ဟုတ္လား?"

တစ္ဖက္လူက ေအာ္ဟစ္လိုက္ေလသည္။

"မင္းေရရွည္ကိုၾကည့္တာ ေကာင္းမယ္ေနာ္။ ‌‌ေနာက္က် မင္းငါ့ေရွ႕မွာ ဒူးေထာက္ေနရမယ္"

"ငါမလုပ္ႏိုင္တာကို ဖယ္လိုက္ရင္ေပါ့"

ယြမ္ယဲ့က တစ္လုံးခ်င္းေျပာလိုက္သည္။

"ငါမင္းကို ဘာမွမလုပ္ႏိုင္ဘူးလို႔ မင္းကအခုထိထင္ေနတုန္းလား?"

စကားသံဆုံးသြားသည္ႏွင့္တစ္ၿပိဳင္နက္ ice mint အနံ႔ pheromone က ေနရာက်ဥ္းေလးတြင္ ပ်ံ႕လြင့္လာေတာ့သည္။ ႏွင္းမုန္တိုင္းအျပင္းစားနဲ႔ဆင္တူေနေသာ အနံ႔က ေထာင့္မ်ားအထိပါ ရွင္းရွင္းလင္းလင္းပ်ံ႕ႏွံ႔သြားၿပီး အသားထဲတိုးဝင္မတတ္ သိပ္သည္းလာေလသည္။

ဒီရနံ႔က လုံးဝကိုအံ့အားသင့္စြာ ဖိအားျပင္းလွေပသည္။ လူတစ္ခ်ိဳ႕ပင္လွ်င္ အသားအရည္မ်ားျဖဴေဖ်ာ့လာကာ ေခြၽးေစးတို႔ထြက္လာၿပီး သူတို႔၏အဆုတ္မ်ားက ဓားသြားထက္တြင္ရွိေနသကဲ့သို႔ အသက္ရွဴရန္ခက္ခဲလာပါေတာ့သည္။ ဆိုင္ထဲမွာေျပးထြက္ခ်င္လွေသာ္လည္း သူတို႔ေျခေထာက္မ်ားက လႈပ္၍ပင္မရေတာ့ေသာေၾကာင့္ ယြမ္ယဲ့ကိုသာ ရပ္တန႔္ေပးရန္ ၾကည့္႐ုံပဲတတ္ႏိုင္ေတာ့၏။

"ေတာင္းပန္လိုက္"

ယြမ္ယဲ့က ေလွ်ာက္သြားကာ ထိုသူတို႔အား တစ္ေယာက္ခ်င္းစီၾကည့္လိုက္သည္။

"ငါတကယ္....ေတာင္းပန္ပါတယ္"

ေကာ္လံအား ထိရန္႐ြယ္ခဲ့ေသာသူက အဆိုးဆုံးခံစားရကာ ေသမတတ္ျဖစ္ေနေသာေၾကာင့္မတတ္ႏိုင္ေတာ့ဘဲ ေတာင္းပန္လိုက္ရေတာ့သည္။ ထို႔ေနာက္တြင္ေတာ့ စူးရွေသာ ice mint ရနံ႔က ခ်က္ခ်င္းဆိုသလို ေပ်ာက္ကြယ္သြားေတာ့၏။

လူတစ္ခ်ိဳ႕မွာ ယခုမွပင္ ေနသာထိုင္သာရွိသြားေတာ့သည္။ အ႐ိုင္းအစိုင္းေလးရဲ႕ pheromone က မတအားေၾကာက္ဖို႔ေကာင္းေနေသာေၾကာင့္ ထိုသူတို႔မွာ မ်က္လုံးခ်င္းဆုံရန္ပင္ လန႔္ျဖန႔္ေနၾကၿပီး ဆိုင္ထဲမွ အလ်င္ထြက္သြားၾကေတာ့သည္။

ယြမ္ယဲ့က စကားစရန္ျပင္လိုက္သည္။ သူ၏အသံကယခုတြင္ေတာ့ အခုနကႏွင့္မတူေတာ့ဘဲ ေျပာင္းလဲသြားေပေတာ့သည္။ သို႔ေပတိ မထင္မွတ္ထားစြာ ၾကမ္းျပင္ဘက္မွာ ညည္းသံတိုးတိုေလးကို ၾကားလိုက္ရေလသည္။

"အင္း...."

ထိုင္ခုံေပၚတြင္ မ်က္ႏွာမ်ားပူေလာင္လ်က္ ခႏၶာကိုယ္တစ္ခုလုံးကေထာင္ေခ်ာက္မိေနသလို ျဖစ္ေနေသာဖူယြမ္က်ဳံးခမ်ာ သူ႔ပါးစပ္ကိုကာထားလ်က္ကပင္ အားအင္ျပန္စုေနရေပသည္။ အခုထိသူ႔မွာ ice mint အနံ႔ကိုမရွဴမိေအာင္ မေနႏိုင္ေသးပင္။ Alpha တစ္ေယာက္ရဲ႕ pheromone က သူ႔ေသြးေၾကာေတြထဲ တိုးဝင္ေနကာ သူ႔ခႏၶာကိုယ္အား အထိန္းအကြပ္လုပ္ေနေလသည္။

သူ႔အေျခအေနက မီးေတာထဲေရာက္ေနသလိုပင္။ ဒီလိုပူေလာင္ေနေသာ အပူခ်ိန္ကသူ႔အား တစ္စုံတစ္ခုအား အမွတ္မထင္ သတိရေစသည္။ အခုအေျခအေနက ထိုေန႔ကေႏြးေထြးမႈတြင္ ရွဲ႕လင္ခံစားခဲ့ရေသာ အေျခအေနႏွင့္ ဆင္ တူေနေပသည္။ ဒါကသူမုန္းတဲ့အေျခအေနတစ္ခုလို ျဖစ္ေနေလရဲ႕။ ဒီသဘာဝရဲ႕ အားအင္ဆုတ္ေလ်ာ့မႈကို သူေတာ္ေတာ္စိတ္တိုလွပါသည္။

သူ၏ခႏၶာကိုယ္က တကယ္ကိုေနရခက္ေနသည္၊ သူ႔အေတြးေတြကို ေျပာင္းျပန္လွန္ဖို႔ တစ္ျခားအေၾကာင္းအရာႏွင့္ အာ႐ုံလႊဲရမည္။ ဥပမာေျပာရရင္ pheromone တိုက္ပြဲေတြက တကယ္ကိုအေျခအေနစြန႔္စားရာက်လြန္းတယ္၊ ဒါျဖစ္လာဖို႔ ဘာအေၾကာင္းျပခ်က္မွ ေရေရရာရာမလိုဘူး။ သူ႔ေရွ႕ကယြမ္ယဲ့ကို ျပန္တိုက္ထုတ္ဖို႔ အားယူၾကည့္ေပမယ့္ ယြမ္ယဲ့က Alpha pheromone ကိုသုံးလိုက္တာနဲ႔ သူကဘယ္လိုအေျခအေနမဆို ရႈံးသြားမွာပင္။ ဒီအေျခအေနမွာေတာ့ သူကဘယ္ေတာ့မွ Alpha တစ္ေယာက္ကဲ့သို႔ ျဖစ္လာမည္မဟုတ္...

ဖူယြမ္က်ဳံးက ျပႆနာရွာလြန္းသည့္ ယြမ္ယဲ့ကိုၾကည့္ရန္ ေခါင္းကိုေမာ့လိုက္သည္။ သူ႔ရဲ႕မ်က္လုံးေတြကနီရဲေနၿပီး အရည္ၾကည္ေလးမ်ာလည္းရစ္သိုင္းေနကာ တစ္မ်ိဳးတစ္ဖုံဝမ္းနည္းဖို႔ေကာင္းေနလ်က္ မူမမွန္ပင္။

"......."

ယြမ္ယဲ့က တစ္ခဏေလာက္စိုက္ၾကည့္ေနကာ သူ႔လည္ေစ့မွာလႈပ္ခတ္သြားရေပေတာ့သည္။ စကားစေျပာလိုက္သည့္အခါတြင္‌ေတာ့ အသံကအနည္းငယ္ေၾကာင္ေတာင္ေတာင္ျဖစ္ေနလ်က္။

"ေတာင္းပန္ပါတယ္ ငါ့အမွားပါ၊ မင္းအေျခအေနကိုငါမေတြးလိုက္မိဘူး။ ငါဆိုင္ရွင္ကိုမင္းအတြက္ေဆးေတာင္းလိုက္မယ္"

ေလထုက မၾကာခင္ကပင္ဖိအားေပးျခင္းခံထားရၿပီး ျပတင္းေပါက္မ်ားကလည္းပိတ္ထားေသာေၾကာင့္ ယြမ္ယဲ့မွာအကုန္လိုက္ဖြင့္လ်က္ ဆိုင္ရွင္အားမီးဖိုေခ်ာင္ထဲသြားရွာေတာ့သည္။ ဆိုင္ရွင္ခမ်ာ သူ၏ pheromone ျဖင့္လႊမ္းမိုးခံရမည္စိုးေသာေၾကာင့္ မီးဖိုဘက္သုတ္ေျခတင္ ေျပးသြားျခင္းပင္ ျဖစ္ပါသည္။

"ငါမင္းကို ထိန္းခ်ဳပ္ေဆး ေပးမယ္"

ဆိုင္ရွင္က ေဆးဘူးကိုယူလိုက္ကာ ေဆးထုတ္ေပးၿပီး အရည္ၾကည္တစ္ဘူးကိုလည္း ေပးလာေလသည္။

"ဒါက pheromone ရနံ႔ပ်ယ္ေဆးေလ၊ သူ႔အဝတ္ေတြေပၚျဖန္းေပးလိုက္လို႔ရတယ္။ မဟုတ္ရင္ မင္းရနံ႔ေတြစြဲကုန္မယ္"

ယြမ္ယဲ့က ပစၥည္းႏွစ္ခုကို ခဏၾကည့္ေနၿပီး ေဆးကိုယူကာ အရည္ၾကည္ဘူးကိုေတာ့ ထားခဲ့လိုက္သည္။

"ရနံ႔က အဆင္မေျပလို႔လား?"

သူကခပ္ဟဟေလးရယ္လိုက္သည္။

"ဒါက မက္မြန္သီးရနံ႔ေတြအတြက္ အဆင္ေျပအလုပ္ျဖစ္ပါတယ္"

ဆိုင္ရွင္မွာေတာ့ နည္းနည္းရႈပ္ေထြးသြားမိသည္။

"ဒါခ်ီးက်ဴးသြားတာလား?"

ယြမ္ယဲ့က သူနဲ႔စကားစျဖတ္လိုက္ၿပီး ‌ေဆးႏွင့္ ေရေႏြးေႏြးေလးတစ္ခြက္ယူကာ မီးဖိုေခ်ာင္ထဲမွ ထြက္လာခဲ့လိုက္သည္။ ဖူယြမ္က်ဳံး၏အေျခအေန မဆိုးလာခင္ ကိုယ္ကိုကိုင္းၫြတ္ေပးလ်က္

"ဒီမွာ ေဆးေလးေသာက္လိုက္ေနာ္"

ဖူယြမ္က်ဳံးက အရည္ၾကည္ေတြေငြ႕သိုင္းေနေသာ မ်က္လုံးမ်ားျဖင့္ဖြင့္ၾကည့္လာလ်က္ တုန္ယင္ေနေသာလက္မ်ားႏွင့္ ေရခြက္ကိုကိုင္ရန္ႀကိဳးစားေနေသာ္လည္း သူ႔လက္မ်ားကအားအင္မဲ့ေနကာ ခြက္ကိုကိုင္မရျဖစ္ေန၏။ ယြမ္ယဲ့က ဖူယြမ္က်ဳံးအား သူ႔လက္ေမာင္းေပၚတြင္ မွီေစလ်က္ထိန္းညႇိေပးရင္း ေရကမ္းေပးကာ ေဆးလည္းကိုယ္တိုင္တိုက္ေပးလိုက္ေတာ့သည္။

ဖူယြမ္က်ဳံး၏လည္ဂုတ္သားမွ ပ်ံ႕လြင့္ေနေသာ မက္မြန္သီးရနံ႔ကေတာ့ ေကာ္လံဝတ္ထားသည္ေတာင္မွ မဖုံးကြယ္ထားႏိုင္ပါေတာ့ေခ်။

ယြမ္ယဲ့က အံ့ၾသဖြယ္ေကာင္းလွေသာ လည္ဂုတ္ေလးနားကို ေခါင္းငုံ႔လာၿပီး ေျပာလိုက္မိသည္။

"ငါေတာ့ အရမ္းဝမ္းနည္းေနမိၿပီ"

"ငါတို႔ဒါကို ဥပမာအျဖစ္လက္ခံလို႔မရဘူးေလ"

ဖူယြမ္က်ဳံးကေဆးေသာက္ၿပီးေနာက္မွာေတာ့ ခဏေလာက္ၿငိမ္သက္ေနၿပီး သူ႔အားစိတ္တိုစြာၾကည့္ေနကာ တစ္ခုခုညစ္ႏြမ္းေနသလိုခံစားေနရတဲ့ ၾကမ္းျပင္ကိုလည္းေသခ်ာစိုက္ၾကည့္ေနလိုက္သည္။

ယြမ္ယဲ့က ေခါင္းခါျပလ်က္

"ခုနက "ေတာင္းပန္ပါတယ္"ဆိုတဲ့ စကားလုံးက pheromone လႊင့္မိလို႔ ေတာင္းပန္တာမဟုတ္ဘူး။ အဲ့မတိုင္ခင္ကဟာအတြက္ေျပာတာ"

"အခု မင္းဘာလုပ္မလို႔လဲ?"

ဖူယြမ္က်ဳံးက ေမးလိုက္သည္။

ဒါကခုနက ဟိုအဖြဲ႕ေတြေၾကာင့္ျဖစ္သြားတာလား? ဘယ္လိုအေျခအေနမ်ိဳးနဲ႔ ဒီအ႐ိုင္းေကာင္ေလးကို စြပ္စြဲၾကမွာလဲ? မင္းကသာ ေတာင္းပန္ဖို႔လိုတယ္ဆိုရင္ ခုနကဟိုအဖြဲ႕ေတြက ပိုၿပီးေတာ့ေတာင္ ေတာင္းပန္ေပးဖို႔လိုအပ္တယ္ေလ။ သူ႔ကိုဘယ္လိုမ်ားသတ္မွတ္ရမလဲ....

"မင္းရဲ႕ pheromone က ေတာ္ေတာ္ခ်ိဳတာပဲ"

ယြမ္ယဲ့ကႏႈတ္ခမ္းမ်ားကိုသပ္လိုက္ၿပီး ေထာင့္စြန္းေလးမ်ားေကြးသြားေအာင္ ၿပဳံးလိုက္သည္။

"ငါတကယ္ မက္မြန္သီးရနံ႔အသားေလးကို ကိုက္ဖို႔လိုအပ္ေနတယ္"

"သြားစမ္းပါ"

ဖူယြမ္က်ဳံးတစ္ေယာက္ ယြမ္ယဲ့ကိုခုံေပၚကတြန္းခ်လိုက္ေလသည္။

ေျမျပင္ေပၚထိုင္လ်က္က်သြားတဲ့ ယြမ္ယဲ့ကေတာ့စိတ္မဆိုးဘဲ ပို၍ၿပဳံးလာကာ

"ဒါေလးက တကယ္ကိုခက္ခဲမယ့္ မက္မြန္သီးေလးပဲ"

ဖူယြမ္က်ဳံးရဲ႕မ်က္လုံးေတြထဲ အ႐ိုင္းဆန္တဲ့အရိပ္တစ္ခ်ိဳ႕ျဖတ္ေျပးသြားၿပီး ယြမ္ယဲ့ကို႐ိုက္ပစ္ရန္ ခုံေပၚမွာလိုက္သည္။ အ႐ိုင္းေကာင္ကေတာ့ ထရပ္လ်က္ သူ႔လက္သီးခ်က္မွ ေရွာင္လိုက္ေလရဲ႕။ သူက႐ုတ္တရက္ ေသခ်ာေတာင္းပန္တိုးလွ်ိဳးသည့္ ေလသံႏွင့္ေျပာလိုက္ေသးသည္။

"ငါမွားတာပါ"

ဒီေကာင္ေလးရဲ႕ အျပဳအမူေတြကို ၾကည့္စမ္းပါဦး။ ဖူယြမ္က်ဳံးက ျဖစ္ပ်က္သမွ်အကုန္ျပန္စဥ္းစားလိုက္ၿပီး ေအးစက္စက္ေလသံနဲ႔ ေမးလိုက္သည္။

"မင္းသူတို႔နဲ႔ ဘာဇယားေတြရႈပ္ထားတာလဲ?"

ခုနကသူတို႔စကားဝိုင္းကို ျပန္လည္ဆြဲေခၚသြားၾကည့္ေတာ့ ယြမ္ယဲ့က ထိုအဖြဲ႕ကိုေသေလာက္ေအာင္ ႐ိုက္ႏွက္ခဲ့ၿပီး ထိုအေၾကာင္းေၾကာင့္ပဲ ေက်ာင္းေျပာင္းလာတာ ျဖစ္ႏိုင္သည္ေလ။ ယြမ္ယဲ့ကတစ္ခါမွ သူ႔ကိုမေျပာျပဖူးေပမယ့္ ထိုအုပ္စုအား အေၾကာင္းမဲ့သက္သက္မ႐ိုက္ႏွက္ဘူးဆိုတာေတာ့ ဖူယြမ္က်ဳံးသိပါသည္။ ဒီကိစၥမွာ တစ္ခုခုေတာ့ရွိရမည္။

သူနဲ႔ယြမ္ယဲ့ရဲ႕ ဆက္ဆံေရးက အကုန္အစင္ေျပာျပရမည့္ အေျခအေနထိမေရာက္ေသးလို႔ပင္ျဖစ္ရမည္။ ထို႔ေၾကာင့္ သူကအေသးစိတ္မေမးေတာ့ဘဲ ပုံမွန္လိုပဲသာမန္ကာလွ်ံကာသေယာင္ ေမးလိုက္တာပင္။

"ဘာမွအေရးမႀကီးပါဘူး၊ ေျပာရေလာက္ေတာင္မတန္ဘူး"

ယြမ္ယဲ့က ရယ္ေမာေနသည္၊ ထိုအေၾကာင္းအရာအား စကားလမ္းလႊဲရန္ႀကိဳးပမ္းလ်က္

"ငါတို႔စားဖို႔ေရာ၊ ဆိုင္ရွင္ကိုျပင္ခိုင္းလိုက္ရမလား"

"ဒီေန႔ေတာ့ ေတာ္ၿပီ၊ ေနာက္တစ္ခါမွေပါ့"

ယြမ္ယဲ့က ဒီအေၾကာင္းကိုႏႈတ္ဆိတ္ေနဖို႔၊ စိတ္ပ်က္စရာအျဖစ္ သတ္မွတ္ေနေသာေၾကာင့္ ေနာက္တစ္ခါမွပဲေမးဖို႔ ေတးထားလိုက္သည္။ ဖုန္းအားထုတ္ၾကည့္လိုက္ေသာအခါ အခ်ိန္ကနည္းနည္းေတာင္ ေနာက္က်ေနသည္ေပ။ ဟိုအဖြဲ႕ေၾကာင့္ သူ႔အခ်ိန္ေတြ ေတာ္‌ေတာ္ကုန္သြားရတာပဲ၊ အခုေတာ့အခ်ိန္မီေအာင္ျပန္သြားဖို႔ေတာင္ မေသခ်ာေတာ့။

"အခ်ိန္ေတာင္ေရာက္ေတာ့မယ္။ ငါရွဲ႕လင္ကိုေစာင့္ဖို႔သြားေတာ့မယ္"

"မင္း သူနဲ႔ျပန္ဖို႔လိုလို႔လား?"

ယြမ္ယဲ့ကသူ႔အားစိုက္ၾကည့္လ်က္ အသံကေဝေဝဝါးဝါးျဖင့္

"ငါမင္းကိုျပန္ပို႔ေပးလို႔ရလား?"

"မလိုပါဘူး၊ ငါမင္းကိုေယာက်ာ္းတစ္ေယာက္အေနနဲ႔ တစ္ခုေျပာျပမယ္"

ဖူယြမ္က်ဳံးက လြယ္အိတ္အားလြယ္လ်က္ သူ႔ကိုလက္ျပလိုက္ၿပီး

"မင္းအတန္းမျပန္ဘူးလား? ငါသြားၿပီေနာ္"

အ႐ိုင္းေကာင္ေလးက ရပ္ေနကာ တိတ္ဆိတ္ေနဆဲ။

"ဘုရားသခင္ အကုန္ကိုေျပာျပရေတာ့မွာပဲ"

ဖူယြမ္က်ဳံးက စဥ္းစားေနတာရပ္လိုက္ၿပီး ယြမ္ယဲ့ကိုေျပာလိုက္သည္။

"ေနာက္တစ္ခါ မင္းကိုဟိုအဖြဲ႕ေတြ ရန္လာရွာရင္ ငါ့ကိုေခၚလိုက္၊ ငါခ်ေပးမယ္"

"မင္းကငါ့အတြက္ သူမ်ားကိုခ်ေပးမလို႔လား?"

"ဘာျဖစ္လဲ? ငါကခ်ဖို႔အသင့္ပဲေနာ္။ မင္းငါ့အေၾကာင္းမသိရင္ ေနာက္တစ္ခါဆိုဘယ္လိုလဲ၊ အခြင့္အေရးရတဲ့တစ္ခါေပါ့ ငါနဲ႔ခ်ၾကည့္ေလ"

ဖူယြမ္က်ဳံးက အလ်င္အျမန္ေနာက္တစ္ေၾကာင္းပါထပ္ျဖည့္ေျပာလိုက္သည္။

"မင္းငါ့ကို pheromone နဲ႔ေတာ့ အႏိုင္မယူရဘူးေနာ္"

"ဟုတ္ၿပီေလ မင္းရဲ႕စိတ္ႏွလုံးသားေလး ေကာင္းခ်ီးေပးခံရပါေစ"

ယြမ္ယဲ့က ခဏေလာက္စိုက္ၾကည့္ေနၿပီး ႐ုတ္တရက္ေျပာလိုက္သည္။

"ဒါေပမဲ့ ၾကည့္႐ုံနဲ႔ေတာ့ မမိုက္ဘူးေလ။ တစ္ခုခုနဲ႔အေလာင္းအစားထပ္ရင္ေရာ?"

"မင္းကဘာနဲ႔ေလာင္းခ်င္လို႔လဲ?"

ဖူယြမ္က်ဳံးကေမးလိုက္ေသာအခါ ယြမ္ယဲ့၏ပုံစံက လုံးဝကိုအေလးအနက္ျဖစ္ေနၿပီး တစ္ခုခုႀကံစည္ေနပုံပင္။

ဒါကအရင္ဘဝတုန္းကနဲ႔ တူတူပဲမဟုတ္ဘူးလား? ယြမ္ယဲ့သာသူ႔ကိုရႈံးသြားရင္ ဖူယြမ္က်ဳံးကို အစ္ကိုႀကီးယြမ္လို႔ ေခၚ႐ုံပဲေလ။

"မင္းျဖစ္ခ်င္တာေျပာလိုက္၊ ငါနားေထာင္ေနတယ္"

ယြမ္ယဲ့က တစ္လုံးခ်င္းေျပာလာပါေတာ့သည္။

"ငါနဲ႔အျပင္ထြက္လည္ေပး။ လကုန္ရင္...ငါတို႔ႏွစ္ေယာက္တည္း၊ ဘယ္လိုလဲ?"

"ဒါက႐ိုးရာလား?"

"ဒါကအေျခခံပဲေလ"

ယြမ္ယဲ့က ရယ္ေမာလ်က္

"သေဘာတူလား?"

"ရတယ္ေလ"

ယြမ္ယဲ့က တစ္မ်ိဳးျဖစ္ေနတယ္လို႔ ခံစားမိတဲ့အခ်က္ကလြဲလို႔ လက္ရွိမွာေတာ့ အေလာင္းအစားမပါလည္း ဖူယြမ္က်ဳံး သူႏွင့္တူတူေလွ်ာက္လည္ေပးႏိုင္ပါသည္။ အေျခအေနေတြကိုေျပာင္းလဲဖို႔ မႀကိဳးစားေသးခင္အထိေပါ့။

"ငါ့အေျခအေနက မသိလိုက္ဘဲနဲ႔ေတာင္ ျပန္‌ေကာင္းလာၿပီေနာ္"

သူကယြမ္ယဲ့ကို ေျပာလိုက္သည္။

"ဒါေပမဲ့ ဒါကမင္းအတြက္အရမ္းမခက္ေလာက္ပါဘူးလို႔ မင္းယုံၾကည္ခ်က္ထားလို႔ရပါေသးတယ္"

ယြမ္ယဲ့က ခပ္ဟဟရယ္လ်က္

"ငါသိဖို႔အခြင့္အေရးမရလိုက္မွာေတာင္ ေၾကာက္မိပါတယ္"

"ဒါကေတာ့ လုံးဝေသခ်ာေက်းဇူးတင္ရေတာ့မွာပဲေနာ္"

ဖူယြမ္က်ဳံးက ရယ္ေမာလ်က္ပင္

"ငါသြားၿပီ"

"ဟုတ္ၿပီ မနက္ျဖန္မွေတြ႕ၾကတာေပါ့"

ယြမ္ယဲ့ကေျပာလိုက္သည္။

"ငါမင္းကိုမနက္ျဖန္က် ေက်ာင္းမွာလက္ေဆာင္တစ္ခုေပးမယ္"

"ဘာလို႔ ငါ့ကိုေပးတာလဲ?"

ဖူယြမ္က်ဳံး အံ့ၾသသြားမိသည္။

"မနက္ျဖန္က်မွၾကည့္"

ဖူယြမ္က်ဳံးကေတာ့ ယြမ္ယဲ့ရဲ႕႐ူးေၾကာင္ေၾကာင္ပစၥည္းေတြကို ေတြးမိၿပီး ႏွာေခါင္းရႈံ႕လိုက္မိသည္။ သူကေက်ာင္းကိုျပန္လာလိုက္ၿပီး သူေရာက္သည့္အခ်ိန္မွာလည္း အခ်ိန္သင့္ပင္။ တတိယႏွစ္ေတြရဲ႕အတန္းေတြက အခုေလးတင္ၿပီးသြားတာျဖစ္သည္။ သူကလမ္းမႀကီးေပၚမွာ ေဘးတန္းေတြကိုဆန႔္ဆန႔္ႀကီးမွီကာေစာင့္ေနရင္း အခန္းထဲမွထြက္လာေသာ ရွဲ႕လင္ကိုျမင္လိုက္ရသည္။

"မင္းငါ့ကိုဝင္ေပါက္မွာ ဒီလိုထိုင္ေစာင့္စရာမလိုပါဘူး"

သူ႔ကိုထိုင္ေစာင့္ေနေသာ ဖူယြမ္က်ဳံးကိုျမင္ေသာအခါ ရွဲ႕လင္ကအလ်င္အျမန္ေရာက္လာပါေတာ့သည္။

"မင္းထိုင္ေနတဲ့ေနရာေျပာေလ၊ ငါလာရွာမွာေပါ့"

ဖူယြမ္က်ဳံးက ရယ္ေမာလိုက္သည္။ ရွဲ႕လင္ကိုဒီလိုလာေစာင့္ရလို႔လည္း သူဘာမွမျဖစ္ပါဘူး။ မည္သို႔ပင္ဆိုေစ ရွဲ႕လင္ သူ႔အနားေရာက္လာေသာအခါတြင္ေတာ့ ႐ုတ္တရက္ရပ္တန႔္သြားၿပီး သူ႔လက္ေကာက္ဝတ္အားဆြဲလ်က္ သူ႔ေရွ႕ကိုေခၚလိုက္ၿပီး အသံနက္နက္ျဖင့္ေမးလာေလသည္။

"မင္းကိုယ္ေပၚက ဘယ္သူ႔ pheromone လဲ?"

"ဘာႀကီး?"

ဖူယြမ္က်ဳံးတစ္ေယာက္ ေၾကာင္အသြားၿပီး သူ႔ကိုယ္သူျပန္အနံ႔ရွဴၾကည့္ေသာအခါ ice mint အနံ႔ေဖ်ာ့ေဖ်ာ့ေလးကို ရလိုက္ေလသည္။

ခုနကတင္ ဒီ pheromone ေတြေၾကာင့္ လဲက်မတတ္ျဖစ္သြားၿပီး ေဆးလည္းေသာက္ၿပီးၿပီပင္။ ဒီစြဲကပ္ေနတဲ့အရာကို ျပန္သတိမထားမိလိုက္ပါေခ်။ ရွဲ႕လင္သာမေျပာလွ်င္လည္း ဒါကိုသတိထားမိမည္မဟုတ္။

"ဒါက...ယြမ္ယဲ့ဆီက"

မူမမွန္ေသာအၾကည့္ေတြက ဖူယြမ္က်ဳံးမ်က္ႏွာေပၚ ေပၚလာေတာ့သည္။ သူ ရွဲ႕လင္ဆီမွာ ညစာသြားစားတဲ့အေၾကာင္းကို မေပၚေစခ်င္ပါ။ အခုရွဲ႕လင္က သတိထားမိသြားမွာေတာ့ သူလည္း ရွဲ႕လင္ကိုမလိမ္ခ်င္ေသာေၾကာင့္ ဝန္ခံလိုက္ဖို႔ပဲလုပ္ရေလသည္။

"ငါေျပာတာနားေထာင္ေနာ္...."

သူကအလ်င္အျမန္ပဲ ခုနေလးတင္ျဖစ္ပ်က္သမွ်ကို ရွဲ႕လင္အားေျပာျပလိုက္သည္။ ၿပီးေတာ့ pheromone ဆီကေန အႏွိပ္စက္ခံလိုက္ရေၾကာင္းလည္းေျပာျပလိုက္သည္။ ထိုအေျခအေနတြင္ ဒီ့ထက္ပိုေကာင္းတဲ့အေျခအေနမ်ိဳး မရွိႏိုင္ေတာ့တာကျဖစ္သင့္သည္ပဲေလ။

ရွဲ႕လင္က သူ႔ဆီကလွည့္ထြက္သြားၿပီး ဘာစကားမွမဆိုဘဲ ေက်ာင္းထဲမွထြက္သြားေလရဲ႕။ ဖူယြမ္က်ဳံး အနည္းငယ္စိတ္ပ်က္မိသြားသည္။ ရွဲ႕လင္က ယြမ္ယဲ့နဲ႔သိပ္မေပါင္းသင္းဖို႔ ေျပာထားတာျဖစ္သည္။ ဒါေပမဲ့ သူမွမလုပ္ႏိုင္တာေလ။ ဘယ္လိုပဲျဖစ္ျဖစ္ ယြမ္ယဲ့ကသူ႔ညီအစ္ကိုပဲကို။ ဒီလိုလိင္ခြဲျခားမႈေၾကာင့္နဲ႔ ဘယ္လိုမ်ား သူ႔ညီအစ္ကိုနဲ႔ မေပါင္းဘဲေနရမည္လဲ။

အိမ္ကကားက ေက်ာင္းအျပင္တြင္ေစာင့္ေနေလၿပီ။ ဖူယြမ္က်ဳံးက ကားကိုျမင္ၿပီး ဝင္ေပါက္ကိုအရင္ေျပးသြားလိုက္ေတာ့သည္။

သူ႔လက္ေခ်ာင္းမ်ားက ဝင္ေပါက္တံခါးကို ကိုင္႐ုံရွိေသး ႀကီးမားလွတဲ့အားအင္တစ္ခုကေပၚလာကာ ဝင္ေပါက္တြင္သူ႔ကိုကပ္လိုက္ၿပီး တင္းတင္းက်ပ္က်ပ္ကိုင္ထားေလ၏။

"ရွဲ႕လင္?"

ဖူယြမ္က်ဳံးတစ္ေယာက္ ေတာ္ေတာ္လန႔္သြားရပါသည္။ အေရွ႕‌ ကား၏ မွန္ကေန သူ႔ေနာက္ကရွဲ႕လင္ကိုျမင္လိုက္ရသည္။ သူကေျခေထာက္ေတြကို ဖိထားလိုက္ၿပီး လက္ေတြကလည္ပင္းအေနာက္ဘက္အား ထိရန္ျပဳမူလာေလသည္။ အမည္းေရာင္ေကာ္လံေအာက္က ထြက္ေပၚလာေသာ heat တြင္ သူအရႈံးေပးခဲ့ရသည္။ ကိုက္ရာအေပါက္ေလးမ်ားက အခုထိမွိန္ေဖ်ာ့စြာတည္ရွိေနဆဲ။

ရွဲ႕လင္က လည္ပင္းကိုလက္ေခ်ာင္းမ်ားႏွင့္ ၾကမ္းတမ္းစြာပြတ္သပ္လိုက္ၿပီး မ်က္ခုံးတန္းမ်ားကေအးစက္ေနလ်က္ မ်က္လုံးထဲတြင္ ေမွာင္မိုက္ေနေလသည္။

သူကဖူယြမ္က်ဳံးလည္ပင္းအေနာက္နားသို႔ ေခါင္းကိုငုံ႔ဆင္းလိုက္ၿပီး အသက္ရွဴေငြ႕ေရးေရးက လည္ပင္းကို႐ိုက္ခတ္လာ၏။ ထို႔ေနာက္တြင္ေတာ့ ရွဲ႕လင္၏ပါးလ်ေသာႏႈတ္ခမ္းမ်ားမွ စကားလုံးတစ္လုံးစီက ဖူယြမ္က်ဳံးနားထဲတိုးဝင္လာပါေတာ့သည္။

"ငါမင္းကို အဲဒီေန႔က အေသအခ်ာ အမွတ္အသားလုပ္ခဲ့လိုက္ရမွာ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🥝 :အၾကာႀကီးေပ်ာက္ေနၿပီး ျပန္ေပၚလာပါၿပီ၊ေတာင္းပန္ပါတယ္၊ေစာင့္ေနေပးၾကလို႔လည္း ေက်းဇူးတင္ပါတယ္
cmtေလးေတြဖတ္ၿပီး အားျပည့္သြားၿပီ^v^
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

387K 22.2K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင္ခုန္စရာ ဇာက္လမ္းေလးတစ္ပုဒ္ကုိ ငါ အခုေျပာျပမယ္ ..... ဇာက္လမ္းေလးက ဒီလိ...
382K 31.2K 42
လွတ်လပ်ရေးခေတ်ဦး ၁၉၅၀နှစ်ပိုင်းလောက်က အပြေးနည်းပြနဲ့ အပြေးအားကစားသမားလေးတို့အကြောင်း (Own Creation) လြတ္လပ္ေရးေခတ္ဦး ၁၉၅၀ႏွစ္ပိုင္းေလာက္က နည္းျပနဲ႔ အ...
176K 21.1K 48
အို....ဤအချစ်များရယ် ဘာကြောင့် ဆုံဖို့ခက်ရတယ်(Zaw and Uni)