Healing Love

Od Merrie614

70.3K 12.4K 1.3K

Chanbaek Only Více

Healing Love (1)
Healing Love (2)
Healing Love (4)
Healing Love (5)
Healing Love (6)
Healing Love (7)
Healing Love (8)
Healing Love (9)
Healing Love (10)
Healing Love(11)
Healing Love (12)
Healing Love(13)🚨
Healing Love (14)
Healing Love (15)
Healing Love(16)
Healing Love(17)
Healing Love (18)
Healing Love(19)
Healing Love (20)
Healing Love(21)
Healing Love (22)
Healing Love (23) 🚨🚨
Healing Love (24)
Healing Love (25)
Healing Love (26)
Healing Love (27)
Healing Love (28)
Healing Love (29)
Healing Love (30)
Healing Love (31)
Healing Love (32) 🚨
Healing Love (33)

Healing Love (3)

1.6K 347 21
Od Merrie614

Healing Love 🍁

Part - 3

စိမ်းစိမ်းကားကား ဖုန်းချသွားလိုက်တာ ပြန်ခေါ်တာတောင် မကိုင်တော့ဘူး။ စာသင်ချိန် ခဏနားတုန်းလေး ဆက်လိုက်ရတာကြောင့် ထပ်ခေါ်ဖို့လည်း မအားတော့ပါ။ နေပေါ့ .... နောက်များမှ  Baekhyunee Baekhyunee လုပ်လို့ကတော့ Byun Baekhyun တို့က ချေပစ်မှာ !

Baekhyun က Seoul National University မှာ ရှေးဟောင်းသုတေသန မေဂျာရပ်ကို သင်ယူနေတဲ့ ဥာဏ်ကြီးရှင်အတတ်ကလေး။ တောင်ကိုရီးယားနိုင်ငံက အထက်တန်းကလေးတွေ ဒီ တက္ကသိုလ်ကို ဝင်ချင်လွန်းလို့ ၃ နှစ်နီးပါး မိဘရော ဆရာတွေပါမကျန် အသည်းအသန် ကြိုးစားရပေမယ့် Baekhyun ကတော့ အရမ်း မခက်ခဲခဲ့ပါ။ သူများထက် IQ မြင့်တယ်လို့တော့ မေမေက ပြောဖူးတယ်။

ကိုယ်တိုင် စိတ်ဝင်စားတဲ့ မေဂျာပဲမို့ စာသင်ချိန်လည်း မပျက်မကွက် အမြဲ လိုက်နားထောင်တော့ ကျောင်းဖွင့်တဲ့ ၁ လအတွင်း professor တွေရဲ့ သဘောကျမှုကို ခံရသူလည်းဖြစ်သည်။ သူ့ဘာသာသူ အေးအေးဆေးဆေး နေသူပဲမို့ အတန်းသားအချင်းချင်းကလည်း အရောတဝင်မနေမိ။ အကုန်လုံးက ဘက်စုံ ထူးချွန်ပြီးသား ကလေးတွေမို့ ပညာဂုဏ်ရှိတာလည်း ဖြစ်ကောင်းဖြစ်မည်။

" နောက်နှစ်ပတ်နေရင် report တင်ရတော့မယ်နော် .... ပြင်ဆင်ထားကြပါ ကလေးတို့ ! ဘယ်လိုရေးရမလဲ ပုံစံမသိရင် စီနီယာတွေဆီ မေးကြည့်တာဖြစ်ဖြစ် ကိုးကားတာဖြစ်ဖြစ် လုပ်နိုင်တယ် "

ပထမနှစ်ကလေးတွေမို့ စီနီယာတွေရော ဌာနအသီးသီးကပါ ဂရုစိုက်ပေးလို့ တော်သေးသည်။ မဟုတ်ရင် ယောင်လည်လည်ဖြစ်နေမှာ။
မနက်ဖြန် အလုပ်ရော ကျောင်းရော မရှိတာမို့ ဘူချွန်းပြန်ဦးမှပါလေ။

မသွားခင် ဒီညလေးတော့ အစ်ကို့ကို ထပ်တွေ့ချင်သေးတာ......

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အမေ ဆုံးသွားပြီးကတည်းက အဖေက နောက်အိမ်ထောင်တရားဝင်မပြုပေမယ့် အမျိုးသမီးတွေနဲ့ တွဲသားတွဲလာတော့ ရှိတတ်သည်။ ဒီသတင်း ဒီမြင်ကွင်းတွေဟာ အထက်တန်းကျောင်းသားအရွယ် ကောင်လေးအတွက်တော့ မနှစ်မြို့စရာ။ သို့သော်လည်း သူ မပိတ်ပင်မိ။ အဖေဆိုတဲ့ အသိနဲ့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံသလို အဖေကလည်း နွေးနွေးထွေးထွေးပါပဲ။

တက္ကသိုလ်ရွေးရမယ့်အချိန်ရောက်တော့ စီးပွားရေးပညာရှင်ပီပီ အဖေက စီးပွားရေးတက်စေချင်ခဲ့သည်။ ဒါပေမယ့် သူက အဖေ့ညီ သူ့ဦးေလး ဖြစ်သူ တရားသူကြီးသွေးနဲ့ နီးသလား မပြောတတ်။ ငယ်စဥ်ကတည်းက တရားသူကြီး ဖြစ်ချင်ခဲ့၏။ ကိုရီးယားနိုင်ငံမှာ ေဆးမှတ်နီးနီး ကြိုးစားရတဲ့ ဥပဒေမေဂျာကို လိုချင်လွန်းလို့ ရေကုန်ရေခမ်း ကြိုးစားလာခဲ့ရသူ။

နောက်ဆုံးတော့ လိုချင်တဲ့ မေဂျာ ဝင်နိုင်ခဲ့သည်။ So hee (ဆိုဟီး) နဲ့လည်း တက္ကသိုလ်မှာပဲ ဆုံခဲ့ပြီး အတူတူဘွဲ့ရခဲ့၏။ အစိုးရစာမေးပွဲ ဝင်မဖြေတဲ့ So hee က (အရပ်ခေါ် )  အပြင်အမှုေဆာင်ရှေ့နေ လိုင်စင်ရခဲ့ပြီး အစိုးရစာမေးပွဲ ဝင်ဖြေခဲ့တဲ့ Chanyeol ကတော့ ဥပဒေအရာရှိ ( တရားရုံးရှေ့နေ ) ဖြစ်လာခဲ့သည်။ ထိုမျှလောက်နဲ့ မရပ်တန့်ချင်တာကြောင့် တစ်နှစ်မှာ တစ်ခါသာခေါ်တဲ့ တရားသူကြီးအဆင့် စာမေးပွဲကို ဝင်ဖြေဖို့ ကြိုးစားခဲ့ပြန်သည်။

မအောင်မြင်ခဲ့သလို ဆုံးရှုံးမှုလည်း များခဲ့သည်လေ..

အဲ့ဒီကာလတွေကို ပြန်စဥ်းစားတိုင်း အတိတ်တွေထဲက မရုန်းထွက်ခဲ့ချိန်တိုင်း Chanyeol အတွက် အရက်ကသာ ဖြေဆေး , ဆေးလိပ်ကသာ စိတ်ဖြေရာ ဖြစ်နေပြန်သည်။ အခုလည်း ဆေးလိပ်ဖွာနေမိတာ ဘယ်နှလိပ်မှန်းမသိတော့။ အသစ်ထပ်ဝယ်လာပြီး အပေါ်မတက်ခင်လေး တိုက်အောက်မှာ သောက်နေမိတာ ....

အာသာမပြေချင်သေးတာကြောင့် နောက်တစ်လိပ် သောက်ဖို့ ထုတ်လိုက်ပေမယ့်  မီးခြစ်က အသစ်မဝယ်ခဲ့မိ။ အားစိုက်ပြီး ခြစ်နေလည်း မီးတောက်ပေါ်မလာတော့ပေ။ သွားပြန်ဝယ်ရဦးမှာမို့ ကျစ် သပ်လိုက်မိတယ်။ ထိုအချိန် နှုတ်ခမ်းမှာ တေ့ထားတဲ့ ဆေးလိပ်အရှေ့ ပေါ်လာတဲ့ မီးတောက်လေးကြောင့် အရှေ့ကို မကြည့်မိခင် မီးလှမ်းတို့လိုက်သည်။

တစ်ချက် ရှိုက်လိုက်ပြီးမှ အရှေ့သေချာကြည့်မိတော့.....

" တတိယအကြိမ် တွေ့ခြင်းပါခင်ဗျ "

မနေ့က ဝင်တိုက်မိတဲ့ ကောင်လေးမှန်း မှတ်မိလိုက်သည်။ မနက်က ငွေသားလှမ်းတောင်းတာလည်း ခေါင်းထဲပြန်ပေါ်လာ၏။

" အင်္ကျီဖိုး ?  "

သူမေးလိုက်တော့ ကောင်လေးက ပြုံးပြလာသည်။

" Byun Baekhyun လို့ ခေါ်ပါတယ် အစ်ကို , အင်္ကျီဖိုးမဟုတ်ပါဘူးခင်ဗျ "

ခပ်သွက်သွက်လေး ပြန်တုန့်ပြန်လာတာမို့ သူ တွေးမိပါ၏။ ဒီကောင်လေးအရွယ်တုန်းက သူလည်း သွက်လက်တဲ့ လူငယ်တစ်ယောက်ပဲ။

" အစ်ကို့နာမည်ကရော "

" Park Chanyeol.... "

ဖြေပြီး တစ်ရှိုက်လောက် ဖွာလိုက်မိတာမို့ အရှေ့က ကောင်လေး မျက်နှာတည့်တည့်ဆီ။ မျက်နှာလေး ရှုံ့သွားပြီး မျက်စိစုံမှိတ်ပစ်လိုက်တာက သူ မွှန်သွားပြီပေါ့။

" ဆေးလိပ်တွေ အများကြီး မသောက်သင့်ဘူး အစ်ကို "

" ဒီကို ဝင်လာတာ မင်းလည်း ဆေးလိပ်သောက်ဖို့မဟုတ်ဘူးလား "

Chanyeol ရည်ညွှန်းလိုက်တာက သူတို့နှစ်ယောက် ရပ်နေတဲ့ smoking area လေးကို ။

" ဟင့်အင်း... အစ်ကို့ကို မီးလာညှိပေးတာ , ကျွန်တော် ဆေးလိပ်မသောက်တတ်ဘူး "

" ကျေးဇူးပဲ ... ပြန်လို့ရပြီ "

ဆိုကာ သူ့ခြေလှမ်းတွေ store ဆိုင်ကို ဦးတည်လိုက်သည်။ မီးခြစ်က ဝယ်ရဦးမှာ။ စိတ်ထင်နေလို့ ဘေးဘီဝဲကြည့်မိတော့ အနောက်က ကပ်လိုက်လာတဲ့ ကောင်လေး။ သူ ကြည့်မှန်းသိတော့ ခပ်တည်တည်ပဲ ပြန်ကြည့်လာသည်။
သူလည်း ဝယ်စရာရှိလို့နေမှာ ဆိုတဲ့အတွေးနဲ့ ဘာမှတော့ မမေးမိ။

ဆိုင်ထဲရောက်တော့လည်း ဘာမှမဝယ်ပဲ ဘေးမှာ လိုက်ရပ်နေတာကြောင့် ဆိုင်ပြင်ရောက်တော့ မေးမိတော့သည်။

" ဘာဖြစ်ချင်နေပြန်ပြီလဲ "

" ခင်ဗျာ ... သြော် ဟိုလေ သိချင်တာရှိလို့ "

" မဖြေချင်ဘူး မင်း လစ်လိုက်တော့ "

ခွန်းတုန့်ပြန်နေကြရင်းပဲ တိုက်ဘက်ဆီ ပြန်လျှောက်လာနေတာ ဖြစ်သည်။ Chanyeol က စိတ်မရှည်ချင်တော့။

" စိတ်ညစ်စရာရှိလို့မဟုတ်လားဟင် ... ပြောပြချင်ရင် ပြောပြပါလား "

" မပြောပြချင်ဘူး "

" ဘာလို့လဲ "

သူ့ခြေလှမ်းတွေကို အမှီလိုက်နေရတာမို့ Baekhyun က မောစပြုနေပြီ။ ပါးစပ်ကလည်း တစ်ခွန်းမကျန် မေးနေသေးသည်။

" ကျစ် ! ဘယ်အထိ လိုက်မလို့လဲ ကောင်လေး "

" အင်!!"

သူမေးလိုက်တော့မှ လန့်သွားတဲ့ကောင်လေးက အခုမှ တိုက်အောက်ရောက်နေမှန်း သိတဲ့ပုံ။ ထိုအခါမှ မျက်တောင် ပုတ်ခတ် ပုတ်ခတ်နဲ့ ...

" ဖုန်းဆက်လိုက်မယ် အစ်ကို , သွားပြီခင်ဗျ "

ဆိုကာ ခပ်တည်တည်ပဲ ပြန်လှည့်သွားသည်။ Chanyeol စိတ်ရှုပ်လာရ၏။ ဒီလိုမျိုးတွေ သူမကြိုက်။

" အာရုံနောက်စရာပဲ မင်းက !! "

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

တိုသွားပြီ 😁😁

Healing Love 🍁

Part - 3

စိမ္းစိမ္းကားကား ဖုန္းခ်သြားလိုက္တာ ျပန္ေခၚတာေတာင္ မကိုင္ေတာ့ဘူး။ စာသင္ခ်ိန္ ခဏနားတုန္းေလး ဆက္လိုက္ရတာေၾကာင့္ ထပ္ေခၚဖို႔လည္း မအားေတာ့ပါ။ ေနေပါ့ .... ေနာက္မ်ားမွ  Baekhyunee Baekhyunee လုပ္လို႔ကေတာ့ Byun Baekhyun တို႔က ေခ်ပစ္မွာ !

Baekhyun က Seoul National University မွာ ေရွးေဟာင္းသုေတသန ေမဂ်ာရပ္ကို သင္ယူေနတဲ့ ဥာဏ္ႀကီးရွင္အတတ္ကေလး။ ေတာင္ကိုရီးယားနိုင္ငံက အထက္တန္းကေလးေတြ ဒီ တကၠသိုလ္ကို ဝင္ခ်င္လြန္းလို႔ ၃ ႏွစ္နီးပါး မိဘေရာ ဆရာေတြပါမက်န္ အသည္းအသန္ ႀကိဳးစားရေပမယ့္ Baekhyun ကေတာ့ အရမ္း မခက္ခဲခဲ့ပါ။ သူမ်ားထက္ IQ ျမင့္တယ္လို႔ေတာ့ ေမေမက ေျပာဖူးတယ္။

ကိုယ္တိုင္ စိတ္ဝင္စားတဲ့ ေမဂ်ာပဲမို႔ စာသင္ခ်ိန္လည္း မပ်က္မကြက္ အၿမဲ လိုက္နားေထာင္ေတာ့ ေက်ာင္းဖြင့္တဲ့ ၁ လအတြင္း professor ေတြရဲ႕ သေဘာက်မႈကို ခံရသူလည္းျဖစ္သည္။ သူ႕ဘာသာသူ ေအးေအးေဆးေဆး ေနသူပဲမို႔ အတန္းသားအခ်င္းခ်င္းကလည္း အေရာတဝင္မေနမိ။ အကုန္လုံးက ဘက္စုံ ထူးခြၽန္ၿပီးသား ကေလးေတြမို႔ ပညာဂုဏ္ရွိတာလည္း ျဖစ္ေကာင္းျဖစ္မည္။

" ေနာက္ႏွစ္ပတ္ေနရင္ report တင္ရေတာ့မယ္ေနာ္ .... ျပင္ဆင္ထားၾကပါ ကေလးတို႔ ! ဘယ္လိုေရးရမလဲ ပုံစံမသိရင္ စီနီယာေတြဆီ ေမးၾကည့္တာျဖစ္ျဖစ္ ကိုးကားတာျဖစ္ျဖစ္ လုပ္နိုင္တယ္ "

ပထမႏွစ္ကေလးေတြမို႔ စီနီယာေတြေရာ ဌာနအသီးသီးကပါ ဂ႐ုစိုက္ေပးလို႔ ေတာ္ေသးသည္။ မဟုတ္ရင္ ေယာင္လည္လည္ျဖစ္ေနမွာ။
မနက္ျဖန္ အလုပ္ေရာ ေက်ာင္းေရာ မရွိတာမို႔ ဘူခြၽန္းျပန္ဦးမွပါေလ။

မသြားခင္ ဒီညေလးေတာ့ အစ္ကို႔ကို ထပ္ေတြ႕ခ်င္ေသးတာ......

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အေမ ဆုံးသြားၿပီးကတည္းက အေဖက ေနာက္အိမ္ေထာင္တရားဝင္မျပဳေပမယ့္ အမ်ိဳးသမီးေတြနဲ႕ တြဲသားတြဲလာေတာ့ ရွိတတ္သည္။ ဒီသတင္း ဒီျမင္ကြင္းေတြဟာ အထက္တန္းေက်ာင္းသားအ႐ြယ္ ေကာင္ေလးအတြက္ေတာ့ မႏွစ္ၿမိဳ႕စရာ။ သို႔ေသာ္လည္း သူ မပိတ္ပင္မိ။ အေဖဆိုတဲ့ အသိနဲ႕ ေကာင္းေကာင္းမြန္မြန္ပဲ ဆက္ဆံသလို အေဖကလည္း ႏြေးႏြေးေထြးေထြးပါပဲ။

တကၠသိုလ္ေ႐ြးရမယ့္အခ်ိန္ေရာက္ေတာ့ စီးပြားေရးပညာရွင္ပီပီ အေဖက စီးပြားေရးတက္ေစခ်င္ခဲ့သည္။ ဒါေပမယ့္ သူက အေဖ့ညီ သူ႕ဦးေလး ျဖစ္သူ တရားသူႀကီးေသြးနဲ႕ နီးသလား မေျပာတတ္။ ငယ္စဥ္ကတည္းက တရားသူႀကီး ျဖစ္ခ်င္ခဲ့၏။ ကိုရီးယားနိုင္ငံမွာ ေဆးမွတ္နီးနီး ႀကိဳးစားရတဲ့ ဥပေဒေမဂ်ာကို လိုခ်င္လြန္းလို႔ ေရကုန္ေရခမ္း ႀကိဳးစားလာခဲ့ရသူ။

ေနာက္ဆုံးေတာ့ လိုခ်င္တဲ့ ေမဂ်ာ ဝင္နိုင္ခဲ့သည္။ So hee (ဆိုဟီး) နဲ႕လည္း တကၠသိုလ္မွာပဲ ဆုံခဲ့ၿပီး အတူတူဘြဲ႕ရခဲ့၏။ အစိုးရစာေမးပြဲ ဝင္မေျဖတဲ့ So hee က (အရပ္ေခၚ )  အျပင္အမႈေဆာင္ေရွ႕ေန လိုင္စင္ရခဲ့ၿပီး အစိုးရစာေမးပြဲ ဝင္ေျဖခဲ့တဲ့ Chanyeol ကေတာ့ ဥပေဒအရာရွိ ( တရား႐ုံးေရွ႕ေန ) ျဖစ္လာခဲ့သည္။ ထိုမွ်ေလာက္နဲ႕ မရပ္တန့္ခ်င္တာေၾကာင့္ တစ္ႏွစ္မွာ တစ္ခါသာေခၚတဲ့ တရားသူႀကီးအဆင့္ စာေမးပြဲကို ဝင္ေျဖဖို႔ ႀကိဳးစားခဲ့ျပန္သည္။

မေအာင္ျမင္ခဲ့သလို ဆုံးရႈံးမႈလည္း မ်ားခဲ့သည္ေလ..

အဲ့ဒီကာလေတြကို ျပန္စဥ္းစားတိုင္း အတိတ္ေတြထဲက မ႐ုန္းထြက္ခဲ့ခ်ိန္တိုင္း Chanyeol အတြက္ အရက္ကသာ ေျဖေဆး , ေဆးလိပ္ကသာ စိတ္ေျဖရာ ျဖစ္ေနျပန္သည္။ အခုလည္း ေဆးလိပ္ဖြာေနမိတာ ဘယ္ႏွလိပ္မွန္းမသိေတာ့။ အသစ္ထပ္ဝယ္လာၿပီး အေပၚမတက္ခင္ေလး တိုက္ေအာက္မွာ ေသာက္ေနမိတာ ....

အာသာမေျပခ်င္ေသးတာေၾကာင့္ ေနာက္တစ္လိပ္ ေသာက္ဖို႔ ထုတ္လိုက္ေပမယ့္  မီးျခစ္က အသစ္မဝယ္ခဲ့မိ။ အားစိုက္ၿပီး ျခစ္ေနလည္း မီးေတာက္ေပၚမလာေတာ့ေပ။ သြားျပန္ဝယ္ရဦးမွာမို႔ က်စ္ သပ္လိုက္မိတယ္။ ထိုအခ်ိန္ ႏႈတ္ခမ္းမွာ ေတ့ထားတဲ့ ေဆးလိပ္အေရွ႕ ေပၚလာတဲ့ မီးေတာက္ေလးေၾကာင့္ အေရွ႕ကို မၾကည့္မိခင္ မီးလွမ္းတို႔လိုက္သည္။

တစ္ခ်က္ ရွိုက္လိုက္ၿပီးမွ အေရွ႕ေသခ်ာၾကည့္မိေတာ့.....

" တတိယအႀကိမ္ ေတြ႕ျခင္းပါခင္ဗ် "

မေန႕က ဝင္တိုက္မိတဲ့ ေကာင္ေလးမွန္း မွတ္မိလိုက္သည္။ မနက္က ေငြသားလွမ္းေတာင္းတာလည္း ေခါင္းထဲျပန္ေပၚလာ၏။

" အကၤ်ီဖိုး ?  "

သူေမးလိုက္ေတာ့ ေကာင္ေလးက ၿပဳံးျပလာသည္။

" Byun Baekhyun လို႔ ေခၚပါတယ္ အစ္ကို , အကၤ်ီဖိုးမဟုတ္ပါဘူးခင္ဗ် "

ခပ္သြက္သြက္ေလး ျပန္တုန့္ျပန္လာတာမို႔ သူ ေတြးမိပါ၏။ ဒီေကာင္ေလးအ႐ြယ္တုန္းက သူလည္း သြက္လက္တဲ့ လူငယ္တစ္ေယာက္ပဲ။

" အစ္ကို႔နာမည္ကေရာ "

" Park Chanyeol.... "

ေျဖၿပီး တစ္ရွိုက္ေလာက္ ဖြာလိုက္မိတာမို႔ အေရွ႕က ေကာင္ေလး မ်က္ႏွာတည့္တည့္ဆီ။ မ်က္ႏွာေလး ရႈံ႕သြားၿပီး မ်က္စိစုံမွိတ္ပစ္လိုက္တာက သူ မႊန္သြားၿပီေပါ့။

" ေဆးလိပ္ေတြ အမ်ားႀကီး မေသာက္သင့္ဘူး အစ္ကို "

" ဒီကို ဝင္လာတာ မင္းလည္း ေဆးလိပ္ေသာက္ဖို႔မဟုတ္ဘူးလား "

Chanyeol ရည္ၫႊန္းလိုက္တာက သူတို႔ႏွစ္ေယာက္ ရပ္ေနတဲ့ smoking area ေလးကို ။

" ဟင့္အင္း... အစ္ကို႔ကို မီးလာညွိေပးတာ , ကြၽန္ေတာ္ ေဆးလိပ္မေသာက္တတ္ဘူး "

" ေက်းဇူးပဲ ... ျပန္လို႔ရၿပီ "

ဆိုကာ သူ႕ေျခလွမ္းေတြ store ဆိုင္ကို ဦးတည္လိုက္သည္။ မီးျခစ္က ဝယ္ရဦးမွာ။ စိတ္ထင္ေနလို႔ ေဘးဘီဝဲၾကည့္မိေတာ့ အေနာက္က ကပ္လိုက္လာတဲ့ ေကာင္ေလး။ သူ ၾကည့္မွန္းသိေတာ့ ခပ္တည္တည္ပဲ ျပန္ၾကည့္လာသည္။
သူလည္း ဝယ္စရာရွိလို႔ေနမွာ ဆိုတဲ့အေတြးနဲ႕ ဘာမွေတာ့ မေမးမိ။

ဆိုင္ထဲေရာက္ေတာ့လည္း ဘာမွမဝယ္ပဲ ေဘးမွာ လိုက္ရပ္ေနတာေၾကာင့္ ဆိုင္ျပင္ေရာက္ေတာ့ ေမးမိေတာ့သည္။

" ဘာျဖစ္ခ်င္ေနျပန္ၿပီလဲ "

" ခင္ဗ်ာ ... ေၾသာ္ ဟိုေလ သိခ်င္တာရွိလို႔ "

" မေျဖခ်င္ဘူး မင္း လစ္လိုက္ေတာ့ "

ခြန္းတုန့္ျပန္ေနၾကရင္းပဲ တိုက္ဘက္ဆီ ျပန္ေလွ်ာက္လာေနတာ ျဖစ္သည္။ Chanyeol က စိတ္မရွည္ခ်င္ေတာ့။

" စိတ္ညစ္စရာရွိလို႔မဟုတ္လားဟင္ ... ေျပာျပခ်င္ရင္ ေျပာျပပါလား "

" မေျပာျပခ်င္ဘူး "

" ဘာလို႔လဲ "

သူ႕ေျခလွမ္းေတြကို အမွီလိုက္ေနရတာမို႔ Baekhyun က ေမာစျပဳေနၿပီ။ ပါးစပ္ကလည္း တစ္ခြန္းမက်န္ ေမးေနေသးသည္။

" က်စ္ ! ဘယ္အထိ လိုက္မလို႔လဲ ေကာင္ေလး "

" အင္!!"

သူေမးလိုက္ေတာ့မွ လန့္သြားတဲ့ေကာင္ေလးက အခုမွ တိုက္ေအာက္ေရာက္ေနမွန္း သိတဲ့ပုံ။ ထိုအခါမွ မ်က္ေတာင္ ပုတ္ခတ္ ပုတ္ခတ္နဲ႕ ...

" ဖုန္းဆက္လိုက္မယ္ အစ္ကို , သြားၿပီခင္ဗ် "

ဆိုကာ ခပ္တည္တည္ပဲ ျပန္လွည့္သြားသည္။ Chanyeol စိတ္ရႈပ္လာရ၏။ ဒီလိုမ်ိဳးေတြ သူမႀကိဳက္။

" အာ႐ုံေနာက္စရာပဲ မင္းက !! "

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

တိုသြားၿပီ 😁😁

Pokračovat ve čtení

Mohlo by se ti líbit

1.1M 38K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
617K 18.6K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
217K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1.8M 60.5K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...