Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
https://www.novelupdates.com/HusbandBeAGentleman
Translator - No Cause
--------------------
ေဖ့က်င္းနွင့္ရန္ရွီးနဥ္တို႔ ဟြမ္ေကာ္ကုန္း အိမ္ေတာ္မွ ျမင္းလွည္းျဖင့္ ျပန္လည္ထြက္ခြာလာခဲ့ၾကသည္။
ေဖ့က်င္း မ်က္နွာအိုေနသည္ကို ရန္ရွီးနဥ္ သတိထားမိပါသည္။ "အစ္ကိုႀကီး သူနဲ႔ ဘာေတြ ေျပာျဖစ္ခဲ့လို႔လဲ ဟင္"
ေဖ့က်င္း ေက်ာဆန္႔လိုက္ရင္း ေျဖ၏။ "ညီလာခံ ရံုးေတာ္က တာဝန္ေတြ ဝတၱရားေတြ အေၾကာင္းပဲ"
ရန္ရွီးနဥ္သည္ ေဖ့က်င္း မေျပာလိုသည္ကို ေျပာျပရန္ အတင္းအၾကပ္ ဖိအားမေပး။ ထို႔အျပင္ ဟြမ္ေကာ္နွင့္ ေဖ့က်င္းတို႔အၾကား ဆုယြဲ႕နွင့္ နန္းလုရန္အေၾကာင္းက လြဲ၍ အျခား ေျပာစရာ မရွိမွန္း သူမ သိၿပီးသား။
သူတို႔ ေဖ့က်င္း အိမ္ေတာ္ျပန္ေရာက္ေတာ့ ညေကာင္းကက္ယံက မင္နက္ပမာ ေမွာင္မိုက္ေနေခ်ၿပီ။
တစ္ေနကုန္ အခ်ိန္စာရင္း ၾကပ္သိပ္ေနသျဖင့္ ရန္ရွီးနဥ္လည္း ပင္ပန္းလွၿပီ။ မိန္းမေစတစ္ဦးက သူမအတြက္ ခ်ိဳးေရေႏြးေႏြး ျပင္ဆင္ထားနွင့္ၿပီး ျဖစ္၍ သူမ ခန္းေဆာင္တြင္း ခ်က္ခ်င္း ဝင္သြားလိုက္ေတာ့သည္။
ေဖ့က်င္းကေတာ့ ေပ့သို၏ အိမ္ေဆာင္ကို သြားသည္။
ေပ့သိုမွာ အေပၚရုံမ်ားခြၽတ္၍ အိပ္ရာဝင္ေတာ့မည့္စဲစဲ သူ႔၏ အိမ္ခန္းေဆာင္ထဲ တစ္စံုတစ္ဦး က်ဴးေက်ာ္ဝင္လာသည္ကို ၾကားလိုက္ရ၏။ သူ လွည့္ၾကည့္လိုက္စဥ္ ေဖ့က်င္းက သူ႔ဝတ္ရံုစကို ဆြဲဆုပ္ကိုင္ထားၿပီး ျဖစ္၏။
"စာ ပို႔လိုက္တာ မင္းပဲ...!" ေဖ့က်င္း ေအးစက္စက္ ေျပာလာသည္။
ဟြမ္ေကာ္ကုန္း၏ ဆက္သားတစ္ေယာက္ ေရာက္လာၿပီး ေဖ့က်င္းနွင့္ ရန္ရွီးနဥ္ကို စားေသာက္ပြဲ ဖိတ္ၾကားခဲ့သည့္အေၾကာင္း ေပ့သို ၾကားၿပီးျဖစ္၏။ အမွန္တရားကို ျငင္းဆန္၍ မရသည္ကိုလည္း သူ သိသည္။ ထို႔ေၾကာင့္ ေဖ့က်င္း၏ အမ်က္ကို သူ မွန္းဆမိၿပီးသား။
ေပ့သိုသည္ မိမိ ဝတ္ရံုစကို ဆြဲထားေသာ ေဖ့က်င္းလက္ကို တြန္းဖယ္လိုက္ၿပီး ေၾကတြန္႔သြားသည္တို႔ကို ခါဆန္႔ေနလိုက္သည္။ "သိၿပီးသားဆိုရင္လဲ ဘာလို႔ ေမးေနေသးသလဲ"
ထင္ရာစိုင္းၿပီးသည့္တိုင္ ေပ့သို ေအးေဆးတည္ၿငိမ္ေနစိမ့္သည္ကို ေဖ့က်င္းေတြ႕ေတာ့ စိတ္တိုရလြန္း၍ ရယ္ပါ ရယ္လိုက္ေတာ့သည္။ သူ ထိုင္ခံုတစ္လံုး၌ ဝင္ထိုင္လိုက္ၿပီး ေပ့သိုအား ဆိတ္ဆိတ္သာ ၾကည့္ေနလိုက္သည္။
"မင္း ေနွးကန္ေနတဲ့အတြက္ မင္းရဲ႕ အမွားလို႔ပဲ ေျပာရမွာေပါ့" ေပ့သိုက ေျပာသည္။ "သူမ်ားလက္ကို ငါ သြားငွားလိုက္ရတယ္"
ဟြမ္းေကာ္၏ သားသမီးမ်ားအနက္ ဟြမ္းေကာ္သည္ ခ်န္မိဖုရားကို အခ်စ္ဆံုးျဖစ္၏။ "မိဖုရားေခါင္ႀကီးက မိဖုရားခ်န္ကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ႀကံတာကို ဟြမ္ေကာ္သာ သိသြားရင္ ေသခ်ာေပါက္ သူ႔သမီးအတြက္ လက္တုံ႔ျပန္ေတာ့မွာပဲ..."
"မင္း ေတာ္ေတာ္ ဉာဏ္မ်ားတတ္တာပဲ" ေဖ့က်င္း ခ်ီးက်ဴးေထာမနာ ျပဳလိုက္သည္။ "မင္း ပိုက်ယ္တဲ့ ကြင္းကို ပတ္ေလ်ွာက္ရေတာ့မွာေတာ့ စိတ္မေကာင္းစရာပဲ၊ မင္းက သူမ်ား ဓားကို ငွားၿပီး လူသတ္ခ်င္တယ္ဆိုရင္ အဲ့ဒီ သူမ်ားကလဲ တျခားတစ္ေယာက္ ဓားကို ငွားခ်င္မယ္လို႔ သိထားသင့္တယ္... ေပ့သို၊ မိဖုရားေခါင္ႀကီးကို ထိပ္တိုက္ေတြ႕ဖို႔ သူနဲ႔ ပူးေပါင္းေအာင္ ဖိအားေပးလို႔ရတဲ့ အေၾကာင္းျပခ်က္ ဟြမ္ေကာ္ ရသြားၿပီ၊ အဲ့ဒီ အေၾကာင္းျပခ်က္ကို မင္း သြားေပးလိုက္တာပဲ ေပ့သို..."
ေပ့သို အားနာစိတ္ကို ခ်ိဳးနွိမ္ထားလိုက္ရသည္။ "ေကာင္းတာေပါ့၊ မင္း ဟြမ္ေကာ္ကုန္းနဲ႔ အရင္ေပါင္းထားၿပီး မိဖုရားေခါင္ႀကီးကို ရွင္းသင့္တယ္"
ေဖ့က်င္း နားထင္ကိုသာ နွိပ္နယ္ေနမိေတာ့သည္။ "အရင္တုန္းက မင္း ငါ့ကို ဟြမ္ေကာ္နဲ႔ ပူးေပါင္းေစခ်င္တယ္ဆိုတာ သူ႔အႀကံအစည္ေတြကို မသိခဲ့ေသးလို႔ပဲ၊ ဒါေပမဲ့ အခု မင္း ေတ်ာင္းက်င္းက်ီ အေၾကာင္းသိထားၿပီးၿပီပဲ... ဒါေတာင္ မင္းက ငါ့ကို သူတို႔နဲ႔ ပူးေပါင္းေစခ်င္တယ္ေပါ့... ၿပီးရင္ မင္း ငါ့အေၾကာင္း ေကာင္းေကာင္း သိထားတာပဲ၊ သူမ်ားက ငါ့ကို ဖိအားေပးၿပီး ခိုင္းတာမ်ိဳးကို ဘယ္ေလာက္ေတာင္ မုန္းလိုက္သလဲ၊ မိဖုရားခ်န္အတြက္ ငါ ကလဲ့စားေခ်မွာ ေသခ်ာေပါက္ပဲ၊ ဒါေပမဲ့ ငါ့လမ္းေၾကာင္းမွာ ငါ့အစီအစဥ္ကို သူမ်ား ဝင္ဖ်က္တာမ်ိဳး ခြင့္မျပဳနိုင္ဘူး...!"
ေပ့သို အသက္ျပင္းျပင္း ရွဴသြင္းလိုက္သည္။ "ဟြမ္ေကာ္ မင္းကို အသံုးခ်တာ အေရးမဟုတ္ပါဘူး၊ မင္းလဲ သူ႔ကို ျပန္အသံုးခ်လို႔ရတာပဲ... သူက မင္းကို ရုပ္ေသးတစ္ရုပ္လို ျမင္ေနတာကို သြား ဂရုစိုက္ေနတာလား၊ မင္းရဲ႕ ဗ်ဴဟာေတြ၊ အႀကံအစည္ေတြ ျဖတ္ထိုးဉာဏ္ေကာင္းတာေတြနဲ႔ဆို ဟြမ္ေကာ္ ဘယ္ေလာက္ ပါးနပ္ေနပါေစ၊ သူ႔ကို အသက္အႏၲရာယ္ တကယ္ၿခိမ္းေျခာက္နိုင္တာ မင္းမွန္း ရိပ္မိမွာ မဟုတ္ဘူး..."
"သူနဲ႔ ပတ္သက္လိုက္တာနဲ႔ ငါ ဖံုးကြယ္သိုသိပ္ထားတဲ့အရာေတြ အကုန္ ေပၚလာမွာ၊ လူေတြ သတိထားမိသြားမွာ... ဒါကို စြန္႔စားေစခ်င္တာလား" ေဖ့က်င္း ေမးလိုက္ေတာ့သည္။
"မစြန္႔စားစရာလား" ေပ့သိုက ျပန္ေမး၏။
"ငါေတာ့ စြန္႔စားရမွာ မုန္းတယ္" ေဖ့က်င္းက ျပန္ေျဖသည္။
"အမွန္တိုင္း ေျပာစမ္းပါ..." ေပ့သို ေမးလာေတာ့သည္။ "မင္း စြန္႔စားရတာ မုန္းတယ္ဆိုရင္ ဘာလို႔ ငါ့ကို ကယ္ခဲ့တာလဲ"
ခန္းေဆာင္အတြင္း ဝန္းက်င္အေငြ႕အသက္ အေျခအေန တင္းမာလာေတာ့သည္။
ထိုနွစ္က ေပ့သိုတို႔ မိသားစု စည္းစိမ္မ်ားအားလံုး အသိမ္းခံရၿပီး မိသားစုမ်ားအားလံုး သတ္ျဖတ္ခံလိုက္ရသည္။ မီးေလာင္ေနသည့္ၾကားက ေဖ့က်င္း သူ႔ကို ကယ္တင္ခဲ့ကာ သူ႔သရုပ္မွန္ကို ဖုံးကြယ္ထားေပးခဲ့၏။ သူကေတာ့ မိသားစုအတြက္ လက္တုံ႔ျပန္သည့္အေနနွင့္ နန္းတြင္း ရံုးေတာ္ကို ဆန္႔က်င္လိုခဲ့သည္။
"မင္း ဘုရင္ မျဖစ္ခ်င္ဘူးလို႔ မင္း ေျပာခဲ့တယ္" ေပ့သိုကပဲ ဆက္ေျပာသည္။ "ဒါဆို မင္း ဘာလို႔ ငါ့လို အျပစ္သားကို ကယ္ခဲ့တာလဲ၊ ေဖ့က်င္း မင္းက သံသယမ်ားတတ္တယ္၊ သတိႀကီးတယ္၊ ငါ မင္းအသက္ကို ကယ္ဖူးတာ တစ္ခုတည္းအတြက္နဲ႔ မင္း ငါ့ကို ကယ္မွာ မဟုတ္ဘူး... ငါတို႔ ရွန္းအိမ္ေတာ္က ဝွက္သိမ္းထားတဲ့ ေရႊေငြဥစၥာေတြ လိုခ်င္လို႔ မင္း ငါ့ကို ကယ္တာ၊ ဒီရတနာေတြ မင္း လက္ထဲေရာက္သြားရင္ မင္း ထီးနန္းကို လုရတာ ပိုလြယ္သြားၿပီ"
ေပ့သို ရင္ထဲ၌ ဤစကားမ်ားကို ကာလၾကာရွည္ သိမ္းဆည္းထားျဖစ္ခဲ့သည္။ သူ႔ေမးခြန္းမ်ားကို ေဖ့က်င္း မေကြမကြင္း ေျဖေပးတာသာ သူ လိုလားသည္။
"ရွန္းအိမ္ေတာ္ရဲ႕ စည္းစိမ္ေတြအတြက္ မင္း ငါ့ကို ကယ္ခဲ့တာဆိုရင္ေတာင္ ငါ မင္းလက္ထဲကို ကိုယ္တိုင္ ထည့္ေပးလုိက္နိုင္တယ္" ေပ့သိုက ေျပာသည္။ "မိဖုရားေခါင္ႀကီးရဲ႕ ဘက္ေတာ္သားေတြကို ေျဖရွင္းရာမွာ မင္း ငါ့ကို ကူညီေပးသေ႐ြ႕"
ခန္းေဆာင္တစ္ခုလံုး ေက်ာခ်မ္းစဖြယ္ပင္ ဆိတ္သုန္းေနေတာ့သည္။ ေဖ့က်င္း မည္သို႔ အေတြးရွိေလာက္သလဲ ေပ့သို မခန္႔မွန္း နိုင္ေတာ့။
ရုတ္တရက္ ေခါင္မိုးေပၚသို႔ မိုးစက္က်သံ တေျဖာက္ေျဖာက္ကို ၾကားလိုက္ရေတာ့ေလသည္။
ေလေပြတစ္ခ်က္က ခန္းေဆာင္အတြင္း မိုးစက္မ်ား သယ္ေဆာင္လာၿပီး ေဖ့က်င္းမ်က္နွာေပၚ ပက္ျဖန္းေစေလသည္။ သူ မိုးေရတို႔ကို အသာအယာ သပ္ခ်လိုက္ၿပီး ျပတင္းေပါက္ ထပိတ္လိုက္သည္။
"မင္း ငါ့ကို ကယ္ဖူးတာေၾကာင့္အတြက္နဲ႔ ငါ မင္းကို ကယ္ခဲ့တာက အမွန္ဆိုရင္ေရာ" ေဖ့က်င္း ေမးေလသည္။
ေဖ့က်င္း စိတ္ရင္း အမွန္ျဖင့္ ေျပာေနသလား ေပ့သို အခ်ိန္ကုန္ခံ အပင္ပန္းခံ၍ မွန္းဆၾကည့္မိသည္။ ေဖ့က်င္းမွာ မိမိ၏ အတြင္းစိတ္သ႑ာန္အမွန္ကို ဖံုးကြယ္ရာ၌ တစ္ဖက္ကမ္းခတ္ေနေသာ ရွားပါး လူစားတစ္မ်ိဳးျဖစ္မွန္း သူ သိသည္။
"ၿပီးေတာ့ ရွန္းအိမ္ေတာ္က လူေတြ တစ္ေယာက္မက်န္ ေသကုန္ၿပီ" ေဖ့က်င္းက ဆက္ေျပာေလသည္။ "မင္းက ေပ့သိုဆိုတာကို မေမ့ပါနဲ႔"
ေပ့သို ေနရာတြင္သာ အၾကာႀကီး ဆက္ရပ္ေနခဲ့မိသည္။ ေဖ့က်င္း၏ ေလသံနွင့္ မ်က္နွာထားက သိမ္ေမြ႕ေပ်ာ့ေျပာင္းေနသည္။ ၾကင္နာစိတ္ အျပည့္နွင့္ ျဖစ္သည္။ သို႔ေသာ္ ဘာေၾကာင့္ရယ္မသိ၊ သူ အရႈံးေပးခ်င္စိတ္ ေပါက္လာေစရန္ ဖိအားတစ္မ်ိဳး ေပးနိုင္စြမ္းေနသည္။
"ငါ မင္းကို ေျပာစရာ တစ္ခုက်န္ေသးတယ္" ေပ့သို အစခ်ီလ်က္ ေခ်ာင္းဟန္႔လိုက္၏။
"ဘာလဲ" ေဖ့က်င္းက ေမးသည္။
"အေမႊးတိုင္ထဲမွာ ပါတဲ့ ဖူေကြ႕ကို ငါ ေသခ်ာ ျပန္ေလ့လာျဖစ္ခဲ့တယ္" ေပ့သို ေျပာလိုက္သည္။ "မင္း ဇနီးရဲ႕ ခႏၶာကိုယ္ထဲ ရွိေနတဲ့ ဖူေကြ႕အဆိပ္ေျပဖို႔ကို လဝက္ ေစာင့္စရာ မလိုေတာ့ဘူး၊ တစ္ပတ္ဆို ရၿပီ"
ေဖ့က်င္း မ်က္ဝန္းမ်ား ေမွးစင္းလိုက္ၿပီး ေပ့သို အက်ႌေကာ္လာကို ဆြဲလိုက္ကာ သူ႔ရင္ဘတ္ကို ထုိးလိုက္ေတာ့သည္။ "မင္း ငါ့ကို သက္သက္ လိမ္ေျပာခဲ့တာပဲ...!"
ေပ့သိုကေတာ့ ေအာင့္သြားေသာ ရင္ကို အသာပြတ္ကာ၊ "မင္းၾကင္ယာေတာ္က တကယ္ပဲ မင္းအတြက္ ထူးထူးျခားျခားအေရးပါေနသူပဲကိုး..."
ေဖ့က်င္း အမွန္တကယ္ ၿပံဳးလာသည္။ "သိပ္ဟုတ္တာေပါ့"
"အဲ့ဒီနွစ္က ယဲ့ဝူမိန္းကေလးကို မင္း ဘာလို႔ အေကာက္ႀကံခဲ့သလဲဆိုတာ အခုမွပဲ သေဘာေပါက္ေတာ့တယ္" ေပ့သိုက ဆိုသည္။ "ေျပာစမ္းပါဦး၊ ယဲ့ဝူ ဘယ္လိုေသသြားတာလဲ ငါ သိခ်င္လို႔"
"မင္း ေသတဲ့အထိ ေစာင့္ေလ" ေဖ့က်င္းက ဆိုသည္။ "ငရဲျပည္ေရာက္လို႔ သူနဲ႔ ေတြ႕မွ ဘယ္လိုေသရတာလဲ ေမးၾကည့္ေပါ့"
ေဖ့က်င္း တံခါးကို တြန္းဖြင့္ကာ ထြက္သြားေလေတာ့သည္။
__
__
[Unicode]
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
https://www.novelupdates.com/HusbandBeAGentleman
Translator - No Cause
--------------------
ဖေ့ကျင်းနှင့်ရန်ရှီးနဉ်တို့ ဟွမ်ကော်ကုန်း အိမ်တော်မှ မြင်းလှည်းဖြင့် ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
ဖေ့ကျင်း မျက်နှာအိုနေသည်ကို ရန်ရှီးနဉ် သတိထားမိပါသည်။ "အစ်ကိုကြီး သူနဲ့ ဘာတွေ ပြောဖြစ်ခဲ့လို့လဲ ဟင်"
ဖေ့ကျင်း ကျောဆန့်လိုက်ရင်း ဖြေ၏။ "ညီလာခံ ရုံးတော်က တာဝန်တွေ ဝတ္တရားတွေ အကြောင်းပဲ"
ရန်ရှီးနဉ်သည် ဖေ့ကျင်း မပြောလိုသည်ကို ပြောပြရန် အတင်းအကြပ် ဖိအားမပေး။ ထို့အပြင် ဟွမ်ကော်နှင့် ဖေ့ကျင်းတို့အကြား ဆုယွဲ့နှင့် နန်းလုရန်အကြောင်းက လွဲ၍ အခြား ပြောစရာ မရှိမှန်း သူမ သိပြီးသား။
သူတို့ ဖေ့ကျင်း အိမ်တော်ပြန်ရောက်တော့ ညကောင်းကက်ယံက မင်နက်ပမာ မှောင်မိုက်နေချေပြီ။
တစ်နေကုန် အချိန်စာရင်း ကြပ်သိပ်နေသဖြင့် ရန်ရှီးနဉ်လည်း ပင်ပန်းလှပြီ။ မိန်းမစေတစ်ဦးက သူမအတွက် ချိုးရေနွေးနွေး ပြင်ဆင်ထားနှင့်ပြီး ဖြစ်၍ သူမ ခန်းဆောင်တွင်း ချက်ချင်း ဝင်သွားလိုက်တော့သည်။
ဖေ့ကျင်းကတော့ ပေ့သို၏ အိမ်ဆောင်ကို သွားသည်။
ပေ့သိုမှာ အပေါ်ရုံများချွတ်၍ အိပ်ရာဝင်တော့မည့်စဲစဲ သူ့၏ အိမ်ခန်းဆောင်ထဲ တစ်စုံတစ်ဦး ကျူးကျော်ဝင်လာသည်ကို ကြားလိုက်ရ၏။ သူ လှည့်ကြည့်လိုက်စဉ် ဖေ့ကျင်းက သူ့ဝတ်ရုံစကို ဆွဲဆုပ်ကိုင်ထားပြီး ဖြစ်၏။
"စာ ပို့လိုက်တာ မင်းပဲ...!" ဖေ့ကျင်း အေးစက်စက် ပြောလာသည်။
ဟွမ်ကော်ကုန်း၏ ဆက်သားတစ်ယောက် ရောက်လာပြီး ဖေ့ကျင်းနှင့် ရန်ရှီးနဉ်ကို စားသောက်ပွဲ ဖိတ်ကြားခဲ့သည့်အကြောင်း ပေ့သို ကြားပြီးဖြစ်၏။ အမှန်တရားကို ငြင်းဆန်၍ မရသည်ကိုလည်း သူ သိသည်။ ထို့ကြောင့် ဖေ့ကျင်း၏ အမျက်ကို သူ မှန်းဆမိပြီးသား။
ပေ့သိုသည် မိမိ ဝတ်ရုံစကို ဆွဲထားသော ဖေ့ကျင်းလက်ကို တွန်းဖယ်လိုက်ပြီး ကြေတွန့်သွားသည်တို့ကို ခါဆန့်နေလိုက်သည်။ "သိပြီးသားဆိုရင်လဲ ဘာလို့ မေးနေသေးသလဲ"
ထင်ရာစိုင်းပြီးသည့်တိုင် ပေ့သို အေးဆေးတည်ငြိမ်နေစိမ့်သည်ကို ဖေ့ကျင်းတွေ့တော့ စိတ်တိုရလွန်း၍ ရယ်ပါ ရယ်လိုက်တော့သည်။ သူ ထိုင်ခုံတစ်လုံး၌ ဝင်ထိုင်လိုက်ပြီး ပေ့သိုအား ဆိတ်ဆိတ်သာ ကြည့်နေလိုက်သည်။
"မင်း နှေးကန်နေတဲ့အတွက် မင်းရဲ့ အမှားလို့ပဲ ပြောရမှာပေါ့" ပေ့သိုက ပြောသည်။ "သူများလက်ကို ငါ သွားငှားလိုက်ရတယ်"
ဟွမ်းကော်၏ သားသမီးများအနက် ဟွမ်းကော်သည် ချန်မိဖုရားကို အချစ်ဆုံးဖြစ်၏။ "မိဖုရားခေါင်ကြီးက မိဖုရားချန်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာကို ဟွမ်ကော်သာ သိသွားရင် သေချာပေါက် သူ့သမီးအတွက် လက်တုံ့ပြန်တော့မှာပဲ..."
"မင်း တော်တော် ဉာဏ်များတတ်တာပဲ" ဖေ့ကျင်း ချီးကျူးထောမနာ ပြုလိုက်သည်။ "မင်း ပိုကျယ်တဲ့ ကွင်းကို ပတ်လျှောက်ရတော့မှာတော့ စိတ်မကောင်းစရာပဲ၊ မင်းက သူများ ဓားကို ငှားပြီး လူသတ်ချင်တယ်ဆိုရင် အဲ့ဒီ သူများကလဲ တခြားတစ်ယောက် ဓားကို ငှားချင်မယ်လို့ သိထားသင့်တယ်... ပေ့သို၊ မိဖုရားခေါင်ကြီးကို ထိပ်တိုက်တွေ့ဖို့ သူနဲ့ ပူးပေါင်းအောင် ဖိအားပေးလို့ရတဲ့ အကြောင်းပြချက် ဟွမ်ကော် ရသွားပြီ၊ အဲ့ဒီ အကြောင်းပြချက်ကို မင်း သွားပေးလိုက်တာပဲ ပေ့သို..."
ပေ့သို အားနာစိတ်ကို ချိုးနှိမ်ထားလိုက်ရသည်။ "ကောင်းတာပေါ့၊ မင်း ဟွမ်ကော်ကုန်းနဲ့ အရင်ပေါင်းထားပြီး မိဖုရားခေါင်ကြီးကို ရှင်းသင့်တယ်"
ဖေ့ကျင်း နားထင်ကိုသာ နှိပ်နယ်နေမိတော့သည်။ "အရင်တုန်းက မင်း ငါ့ကို ဟွမ်ကော်နဲ့ ပူးပေါင်းစေချင်တယ်ဆိုတာ သူ့အကြံအစည်တွေကို မသိခဲ့သေးလို့ပဲ၊ ဒါပေမဲ့ အခု မင်း တျောင်းကျင်းကျီ အကြောင်းသိထားပြီးပြီပဲ... ဒါတောင် မင်းက ငါ့ကို သူတို့နဲ့ ပူးပေါင်းစေချင်တယ်ပေါ့... ပြီးရင် မင်း ငါ့အကြောင်း ကောင်းကောင်း သိထားတာပဲ၊ သူများက ငါ့ကို ဖိအားပေးပြီး ခိုင်းတာမျိုးကို ဘယ်လောက်တောင် မုန်းလိုက်သလဲ၊ မိဖုရားချန်အတွက် ငါ ကလဲ့စားချေမှာ သေချာပေါက်ပဲ၊ ဒါပေမဲ့ ငါ့လမ်းကြောင်းမှာ ငါ့အစီအစဉ်ကို သူများ ဝင်ဖျက်တာမျိုး ခွင့်မပြုနိုင်ဘူး...!"
ပေ့သို အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ "ဟွမ်ကော် မင်းကို အသုံးချတာ အရေးမဟုတ်ပါဘူး၊ မင်းလဲ သူ့ကို ပြန်အသုံးချလို့ရတာပဲ... သူက မင်းကို ရုပ်သေးတစ်ရုပ်လို မြင်နေတာကို သွား ဂရုစိုက်နေတာလား၊ မင်းရဲ့ ဗျူဟာတွေ၊ အကြံအစည်တွေ ဖြတ်ထိုးဉာဏ်ကောင်းတာတွေနဲ့ဆို ဟွမ်ကော် ဘယ်လောက် ပါးနပ်နေပါစေ၊ သူ့ကို အသက်အန္တရာယ် တကယ်ခြိမ်းခြောက်နိုင်တာ မင်းမှန်း ရိပ်မိမှာ မဟုတ်ဘူး..."
"သူနဲ့ ပတ်သက်လိုက်တာနဲ့ ငါ ဖုံးကွယ်သိုသိပ်ထားတဲ့အရာတွေ အကုန် ပေါ်လာမှာ၊ လူတွေ သတိထားမိသွားမှာ... ဒါကို စွန့်စားစေချင်တာလား" ဖေ့ကျင်း မေးလိုက်တော့သည်။
"မစွန့်စားစရာလား" ပေ့သိုက ပြန်မေး၏။
"ငါတော့ စွန့်စားရမှာ မုန်းတယ်" ဖေ့ကျင်းက ပြန်ဖြေသည်။
"အမှန်တိုင်း ပြောစမ်းပါ..." ပေ့သို မေးလာတော့သည်။ "မင်း စွန့်စားရတာ မုန်းတယ်ဆိုရင် ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ"
ခန်းဆောင်အတွင်း ဝန်းကျင်အငွေ့အသက် အခြေအနေ တင်းမာလာတော့သည်။
ထိုနှစ်က ပေ့သိုတို့ မိသားစု စည်းစိမ်များအားလုံး အသိမ်းခံရပြီး မိသားစုများအားလုံး သတ်ဖြတ်ခံလိုက်ရသည်။ မီးလောင်နေသည့်ကြားက ဖေ့ကျင်း သူ့ကို ကယ်တင်ခဲ့ကာ သူ့သရုပ်မှန်ကို ဖုံးကွယ်ထားပေးခဲ့၏။ သူကတော့ မိသားစုအတွက် လက်တုံ့ပြန်သည့်အနေနှင့် နန်းတွင်း ရုံးတော်ကို ဆန့်ကျင်လိုခဲ့သည်။
"မင်း ဘုရင် မဖြစ်ချင်ဘူးလို့ မင်း ပြောခဲ့တယ်" ပေ့သိုကပဲ ဆက်ပြောသည်။ "ဒါဆို မင်း ဘာလို့ ငါ့လို အပြစ်သားကို ကယ်ခဲ့တာလဲ၊ ဖေ့ကျင်း မင်းက သံသယများတတ်တယ်၊ သတိကြီးတယ်၊ ငါ မင်းအသက်ကို ကယ်ဖူးတာ တစ်ခုတည်းအတွက်နဲ့ မင်း ငါ့ကို ကယ်မှာ မဟုတ်ဘူး... ငါတို့ ရှန်းအိမ်တော်က ဝှက်သိမ်းထားတဲ့ ရွှေငွေဥစ္စာတွေ လိုချင်လို့ မင်း ငါ့ကို ကယ်တာ၊ ဒီရတနာတွေ မင်း လက်ထဲရောက်သွားရင် မင်း ထီးနန်းကို လုရတာ ပိုလွယ်သွားပြီ"
ပေ့သို ရင်ထဲ၌ ဤစကားများကို ကာလကြာရှည် သိမ်းဆည်းထားဖြစ်ခဲ့သည်။ သူ့မေးခွန်းများကို ဖေ့ကျင်း မကွေမကွင်း ဖြေပေးတာသာ သူ လိုလားသည်။
"ရှန်းအိမ်တော်ရဲ့ စည်းစိမ်တွေအတွက် မင်း ငါ့ကို ကယ်ခဲ့တာဆိုရင်တောင် ငါ မင်းလက်ထဲကို ကိုယ်တိုင် ထည့်ပေးလိုက်နိုင်တယ်" ပေ့သိုက ပြောသည်။ "မိဖုရားခေါင်ကြီးရဲ့ ဘက်တော်သားတွေကို ဖြေရှင်းရာမှာ မင်း ငါ့ကို ကူညီပေးသရွေ့"
ခန်းဆောင်တစ်ခုလုံး ကျောချမ်းစဖွယ်ပင် ဆိတ်သုန်းနေတော့သည်။ ဖေ့ကျင်း မည်သို့ အတွေးရှိလောက်သလဲ ပေ့သို မခန့်မှန်း နိုင်တော့။
ရုတ်တရက် ခေါင်မိုးပေါ်သို့ မိုးစက်ကျသံ တဖြောက်ဖြောက်ကို ကြားလိုက်ရတော့လေသည်။
လေပွေတစ်ချက်က ခန်းဆောင်အတွင်း မိုးစက်များ သယ်ဆောင်လာပြီး ဖေ့ကျင်းမျက်နှာပေါ် ပက်ဖြန်းစေလေသည်။ သူ မိုးရေတို့ကို အသာအယာ သပ်ချလိုက်ပြီး ပြတင်းပေါက် ထပိတ်လိုက်သည်။
"မင်း ငါ့ကို ကယ်ဖူးတာကြောင့်အတွက်နဲ့ ငါ မင်းကို ကယ်ခဲ့တာက အမှန်ဆိုရင်ရော" ဖေ့ကျင်း မေးလေသည်။
ဖေ့ကျင်း စိတ်ရင်း အမှန်ဖြင့် ပြောနေသလား ပေ့သို အချိန်ကုန်ခံ အပင်ပန်းခံ၍ မှန်းဆကြည့်မိသည်။ ဖေ့ကျင်းမှာ မိမိ၏ အတွင်းစိတ်သဏ္ဍာန်အမှန်ကို ဖုံးကွယ်ရာ၌ တစ်ဖက်ကမ်းခတ်နေသော ရှားပါး လူစားတစ်မျိုးဖြစ်မှန်း သူ သိသည်။
"ပြီးတော့ ရှန်းအိမ်တော်က လူတွေ တစ်ယောက်မကျန် သေကုန်ပြီ" ဖေ့ကျင်းက ဆက်ပြောလေသည်။ "မင်းက ပေ့သိုဆိုတာကို မမေ့ပါနဲ့"
ပေ့သို နေရာတွင်သာ အကြာကြီး ဆက်ရပ်နေခဲ့မိသည်။ ဖေ့ကျင်း၏ လေသံနှင့် မျက်နှာထားက သိမ်မွေ့ပျော့ပြောင်းနေသည်။ ကြင်နာစိတ် အပြည့်နှင့် ဖြစ်သည်။ သို့သော် ဘာကြောင့်ရယ်မသိ၊ သူ အရှုံးပေးချင်စိတ် ပေါက်လာစေရန် ဖိအားတစ်မျိုး ပေးနိုင်စွမ်းနေသည်။
"ငါ မင်းကို ပြောစရာ တစ်ခုကျန်သေးတယ်" ပေ့သို အစချီလျက် ချောင်းဟန့်လိုက်၏။
"ဘာလဲ" ဖေ့ကျင်းက မေးသည်။
"အမွှေးတိုင်ထဲမှာ ပါတဲ့ ဖူကွေ့ကို ငါ သေချာ ပြန်လေ့လာဖြစ်ခဲ့တယ်" ပေ့သို ပြောလိုက်သည်။ "မင်း ဇနီးရဲ့ ခန္ဓာကိုယ်ထဲ ရှိနေတဲ့ ဖူကွေ့အဆိပ်ပြေဖို့ကို လဝက် စောင့်စရာ မလိုတော့ဘူး၊ တစ်ပတ်ဆို ရပြီ"
ဖေ့ကျင်း မျက်ဝန်းများ မှေးစင်းလိုက်ပြီး ပေ့သို အကျႌကော်လာကို ဆွဲလိုက်ကာ သူ့ရင်ဘတ်ကို ထိုးလိုက်တော့သည်။ "မင်း ငါ့ကို သက်သက် လိမ်ပြောခဲ့တာပဲ...!"
ပေ့သိုကတော့ အောင့်သွားသော ရင်ကို အသာပွတ်ကာ၊ "မင်းကြင်ယာတော်က တကယ်ပဲ မင်းအတွက် ထူးထူးခြားခြားအရေးပါနေသူပဲကိုး..."
ဖေ့ကျင်း အမှန်တကယ် ပြုံးလာသည်။ "သိပ်ဟုတ်တာပေါ့"
"အဲ့ဒီနှစ်က ယဲ့ဝူမိန်းကလေးကို မင်း ဘာလို့ အကောက်ကြံခဲ့သလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်" ပေ့သိုက ဆိုသည်။ "ပြောစမ်းပါဦး၊ ယဲ့ဝူ ဘယ်လိုသေသွားတာလဲ ငါ သိချင်လို့"
"မင်း သေတဲ့အထိ စောင့်လေ" ဖေ့ကျင်းက ဆိုသည်။ "ငရဲပြည်ရောက်လို့ သူနဲ့ တွေ့မှ ဘယ်လိုသေရတာလဲ မေးကြည့်ပေါ့"
ဖေ့ကျင်း တံခါးကို တွန်းဖွင့်ကာ ထွက်သွားလေတော့သည်။