Empress Xiao

By Amarayoyo94

85.1K 6.9K 308

Start date...7.6.2021 More

Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Request
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao

Empress Xiao

3.9K 347 9
By Amarayoyo94

ဒီရက်တွေအတွင်းမှာ ရှောင်းကျန့်တစ်ယောက်ပျာယာခတ်နေရတယ်။
သားတော်လေးကိုနေ့စဥ်ထိန်းကျောင်းရတာ လွယ်ကူတဲ့တာဝန်မဟုတ်ပေ။ ဘယ်လိုပဲ မိမိကမွေးထားတဲ့သူဖြစ်ပါစေ ယောကျာ်းလေးတစ်ယောက်အနေနဲ့ သူရင်းနှီးကျွမ်းကျင်ရာတော့မဟုတ်ပေ။

မနက်စောစော ရှောင်းကျန့်အိပ်ယာပင်မနိုးသေးဘူး သားငယ်ကဗိုက်ဆာလို့ နိုးလာပြီလေ။

အရှင်ကသူ့ရင်ခွင်ထဲ အိပ်မောကျနေတဲ့ ရှောင်းကျန့်ကိုအသာလေးမလို့ ထထိုင်လိုက်တယ်။ အဲ့နောက်ကုတင်ဘေးက သစ်သားပုခတ်လေးထဲ အသံပြုနေပါတဲ့ သားတော်လေးကို ချီကာ ချော့မြူနေတယ်။

"ဗိုက်ဆာနေပြန်ပြီလား သားတော် ပါးပါးက မနိုးသေးဘူးလေ ဒီဗိုက်လေးက ဆာနိုင်လွန်းတယ်ကွာ"

"ခစ်ခစ်"

အရှင်က သူ့နှာဖျားလေးကို သားတော်ရဲ့ဝမ်းဗိုက်ပေါ်ပွတ်ဆွဲရင်းစတော့ ကလေးကတခစ်ခစ်ရယ်တယ်။

"အယ် ရယ်တယ်ပေါ့လေ ခမည်းတော်ကိုကြောက်ဘူးလား ဟင်"

"ခစ်ခစ်"

သားအဖနှစ်ယောက် ကလူကျီဆယ်သံကြောင့် ရှောင်းကျန့်လည်းနိုးလာတော့သည်။

"အရှင်"

"ဟင် ကြင်ယာတော် နိုးလာပြီလား"

"သားတော်ရော နို့ဆာနေတယ်မလား ကျွန်တော့်ကိုပေး"

"အင်း နို့စို့ရတော့မယ်တဲ့ သားတော်လေးကမစို့ချင်ပါဘူးနော် ဟုတ်တယ်မလား"

"အဲ့အဲ့"

သူ့အဖေစကားလက်မခံဘဲ တုံ့ပြန်ချင်ပုံရကာ မျက်ခုံးလေးတွေပင် ကျုံ့လာသလို...

"ရွှတ် လူလည်လေးကွာ ဘယ်သူ့သားတော်လေးပါလိမ့်"

အရှင်ကတရှုံ့ရှုံ့နမ်းရင်းစတော့ တခစ်ခစ်ရယ်နေသည်။ ရှောင်းကျန့် သားအဖနှစ်ယောက်ရဲ့ပုံရိပ်ကိုကြည့်နေရင်း ရင်ထဲလှိုက်တက်လာတဲ့ ကြည်နူးမှုက ဘာနဲ့မှ မလဲနိုင်ပါပေ။

သူ့မှာ ဒီလိုချစ်ပေးမယ့် ခမည်းတော်မရှိခဲ့ဘူး။ ဒါပေမယ့် သူ့ကိုအရမ်းချစ်ပေးတဲ့ ခင်ပွန်းရှိခဲ့တယ်။ သူအရမ်းချစ်ပေးရမယ့် သူ့ကလေးကိုဂရုစိုက်ကာကွယ်ချစ်ပေးမယ့် သူ့အမျိုးသားရှိတယ်။ အခုသူ့မှာ ကိုယ်ပိုင်မိသားစုလေးရှိနေပြီ ။ သူဒီဘဝကိုအရမ်းကိုမှ နှစ်သက်တယ်။

ရှောင်းကျန့် အတွေးလွန်နေတုန်း သူ့နဖူးဆီကအနွေးဓာတ်ကြောင့် အသိပြန်ဝင်လာရသည်။

"ဘာတွေတွေးနေတာလဲ ရှောင်း သားတော်က နို့ဆာနေပြီလေ"

ရှောင်းကျန့် အရှင့်ရင်ခွင်ထဲက သားတော်ကိုကြည့်မိတော့ နို့မတိုက်ဘဲငိုင်နေတဲ့ မိမိကြောင့် မျက်နှာလေးတောင်မဲ့နေလေပြီ။

"ခစ်ခစ် ခဏလေးစောင့်ရတာပါ သားတော်လေးရယ် ဘာလို့မဲ့ရှုံ့နေရတာလဲ"

ရှောင်းကျန့်က သားတော်ကို သူ့ဆီလွှဲယူပြီး နို့တိုက်ရန်ပြင်လိုက်တယ်။

အရှင်က သူ့ဆံပင်စတွေကိုသပ်ရင် သူ့ဘေးမှာဝင်ထိုင်တယ်။
နောက်အရှင့်ရဲ့ ရင်ခွင်ကျယ်ကြီးထဲ သူ့ကိုယ်လေးကိုနှစ်မြုပ်လိုက်တယ်။

"အိပ်ချင်အိပ်လိုက်အုံးလေ အစောကြီးရှိသေးတယ်"

"အင်းးးးး"

ဒီလိုနဲ့အရှင်ရဲ့ရင်ခွင်ထဲမှာ ရှောင်းကျန့်ကအိပ် ရှောင်းကျန့်ရဲ့ရင်ခွင်ထဲမှာ သားတော်က နို့စို့ရင်း အိပ်ပျော်လျက်ရှိသည်။
ဒီမြင်ကွင်းက နန်းတော်မှာ တစ်ဆယ့်လေးနှစ်တာလောက်ထိ ရှိနေမယ့် မြင်ကွင်းမျိုးဖြစ်သည်။

                         ×××××××××××××××

ကြင်ယာတော်ရှန်းက ဒီနေ့ပြစ်ဒဏ်ကနေလွတ်မြောက်လာပြီဖြစ်သည်။

"ဟွန့် ငါ အထဲမှာရှိနေတုန်း ဟိုအကုသိုလ်လေးမွေးလာပြီပေါ့"

"စကားပြောဆင်ခြင်ပါ ကြင်ယာတော်ရှန်း ဒီကလေးကို အရှင်ကသိပ်ချစ်တာပါ တစ်ယောက်ယောက်များကြားသွားရင်"

"တစ်ယောက်ယောက် ကြားသွားတော့ဘာဖြစ်လဲ ငါကလည်း ကိုယ်ဝန်ကြီးနဲ့လေ ငါ့ကိုအရှင်ကသတ်ရက်ပါ့မလား အဟွန့်"

"ဘာပဲဖြစ်ဖြစ် စကားပြောဆင်ခြင်ပါ သားဇောနဲ့အဖေက အရာရာကိုဆင်ခြင်နိုင်စွမ်းမရှိလောက်ဘူး"

"ကျိုးကုန်းကုန်း ဘယ်တုန်းကအဲ့လောက်ကြောက်တတ်သွားရတာလဲ ငါကလေးမွေးပြီးရင် အဲ့ကလေးက အရှင့်အချစ်ဆုံးဖြစ်လာမှာ ငါ့ကလေးကပဲ နန်းမွေဆက်ခံရမှာ"

"ကြင်ယာတော်ရှန်းက ယောကျာ်းလေးမွေးမယ်ဆိုတာသေချာပြီလား"

"နင် ရာရာစစ ငါ့စကားတွေကို ကန့်လန့်တိုက်ရဲတယ်ပေါ့"

"ကြင်ယာတော် ကောင်းဖို့အတွက်ပြောပြနေတာပါ ကျွန်တော်မျိုးမကို စိတ်ဆိုးရင်လည်းမတတ်နိုင်ပါဘူး အရှင်က ခုချိန်ထိ ကြင်ယာတော်ရှန်းကို အဆောင်ယောင်တွေပြန်ပေးဖို့ အမိန့်မပေးထားသေးပါဘူး"

"ဘာာာ"
.
.
.
.
.
.
.
.
.
.
.

ညီလာခံအဆောင်တော်တွင်

ညီလာခံကျင်းပနေတုန်း တံခါးစောင့်ဆီကနေ အကြောင်းကြားမှုတစ်ခုရောက်လာသည်။

"ဝင်ခဲ့ခိုင်းလိုက်"

အရှင့်အသံကတည်ကြည်နေပြီး သေချာနားထောင်ရင် စိတ်မရှည်မှုတွေကိုတွေ့ရမှာပင်။

ညီလာခံ တံခါးပွင့်သွားတာနဲ့ အနည်းငယ်ကပိုကရိုဝတ်စုံနဲ့ သနားစဖွယ်ဖြစ်နေသော မိန်းမပျိုတစ်ယောက်ကဝင်လာလေသည်။
သူမကတော့ ကြင်ယာတော်ရှန်းပင်။

"အရှင် ကျွန်တော်မျိုးမကိုဘယ်လိုများ ရက်စက်ရက်တာလဲ အရှင့်ရဲ့မိဖုရားကိုစော်ကားမိလို့ဆိုပြီး ရေခဲနန်းတော်မှာအပြစ်ဒဏ်လည်း ခံယူပြီးပြီကို ဘာကြောင့်များမကျေနပ်နိုင်သေးရတာလဲ"

"ကိုယ်တော်က မင်းကိုဘာများလုပ်ခဲ့လို့တုန်း"

သူမက မျက်နှာကိုပိုငယ်လိုက်ကာ မျက်ရည်တွေဒလဟော စီးကျလာပြီး

"အရှင်က အရင်ရာထူးအဆောင်ယောင်တွေကိုတောင် ပြန်မပေးသေးဘူးလေ ကျွန်တော်မျိုးမကလည်း အရှင့်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရသူပါ စကားလေးတစ်ခွန်းမှားမိတာနဲ့ပဲ အရှင့်ရင်သွေးရဲ့မိခင်ကို ဒီလိုအပြစ်ပေးရက်တော့မှာလား"

သူမရဲ့စကားတွေကြား အမတ်မင်းတွေက သူမကိုသနားကရုဏာပိုနေကြသည်။ ထိုထဲမှာ မပါဝင်သူက အမတ်ချုပ်ကြီးပင် သူမကသူ့သမီးနှစ်ယောက်လုံးကို စော်ကားထားသည်လေ။

"ကြင်ယာတော်ရှန်းက မိဖုရားတွေကို စော်ကားခဲ့တာတော့အမှန်ပဲလေ ဘာလို့များအပြစ်ပေးမှုအတွက် အရှင့်ကိုပြန်အပြစ်တင်နေရတာလဲ"

ကြင်ယာတော်ရှန်းက သူမရဲ့သရုပ်ဆောင်ကောင်းမှုအတွက် ဂုဏ်ယူနေတုန်း မြေခွေးအိုကြီးရဲ့စကားကြောင့် မျက်နှာမဲ့မိသွားသည်။

"အမတ်ချုပ်ကြီးက ဘာကိုပြောချင်တာလဲ ကျွန်မကကိုယ်ဝန်သည်တစ်ယောက်ပါ မိဖုရားတွေနဲ့ ရန်ဖြစ်နိုင်ပါ့မလား"

"ဒါဆို မိဖုရားတွေကလီဆယ်​ပြီးတိုင်တယ်လို့ပြောချင်တာပေါ့ ကြင်ယာတော်ရှန်းက တဖြည်းဖြည်းနဲ ရဲတင်းလာလိုက်တာ အရှင့်ရဲ့ရှေ့မှာတောင် လိမ်လည်ရဲလာပြီ"

"အမတ်ချုပ်ကြီးက အမျိုးသမီးတစ်ယောက်နဲ့တောင် ယှဥ်ပြိုင်ရန်ဖြစ်နေတယ်ပေါ့ ဒီလိုဆို အမတ်ချုပ်ကြီးရဲ့သမီးတွေကရော ကြင်ယာတော်ရှန်းကို ကိုယ်ဝန်ဆောင်တာကိုမကျေနပ်လို့ မဟုတ်တာတွေပြောနေကြတာရော မဖြစ်နိုင်ဘူးလား"

"မင်းကများ မိဖုရားတွေကို ရိုးစွပ်လို့"

ကြင်ယာတော်ရှန်း သူမမပြောမီ ဝင်ပြောလိုက်တဲ့ အတိုင်ပင်ခံအမတ်ကြောင့် မာနထောင်လွှားတဲ့အပြုံးမျိုးပြုံးလိုက်မိသည်။ အရှင်က မျက်ခုံးတစ်ချက်ပင့်သွားပြီး အရာအားလုံးကို နားလည်သွားသလိုကြည့်လာသည်။

"ကဲ တော်ကြတော့ ကြင်ယာတော်ရှန်းကို အရင်အဆောင်ယောင်တွေပြန်ပေးလိုက် ဒါမယ့် ကိုယ်လုပ်တော်တွေကို ခေါ်ခိုင်းတာတွေအနိုင်ကျင့်တာတွေထပ်မလုပ်နဲ့ နောက်တစ်ခါထပ်ကြားရင် ကိုယ်တော့်ကိုအပြစ်မဆိုနဲ့"

သူမအရမ်းကျေနပ်နေတာမျိုးမဟုတ်ပေမယ့် အရှင့်ရဲ့ဒေါသကိုတောကြောက်ရသေးသည်မို့

"အမိန့်တော်အတိုင်းပါ အရှင်"

သူမကထွက်မသွားမီ အတိုင်ပင်ခံအမတ်ကြီးဘက်ကိုအမည်ဖော်မရတဲ့အပြုံးမျိုးပြုံးပြသွားပြီး အမတ်ချုပ်ကြီးကိုတော့ သရော်လှောင်ပြောင်တဲ့အကြည့်မျိုးနဲ့ ကြည့်ပေးလိုက်သည်။ အမတ်ချုပ်ကြီးက ဒေါသထွက်နေပေမယ့် ဘာမှတော့မလုပ်နိုင်သေးပေ။

'မင်းကလေးမွေးပြီးရင်မလွယ်ဘူးမှတ် မဟုတ်ဘူး ကလေးမွေးခွင့်ရရင်ကို ကံကောင်းနေပြီပဲ'

အမတ်ချုပ်ကြီးရဲ့မျက်နှာထက်က လူယုတ်မာပြုံးကြောင့် အတိုင်ပင်ခံအမတ်ကြီးတစ်ယောက်စိတ်ပူမိသွားသည်။

"ကဲ ဒီနေ့ ညီလာခံကတော့ ဒီလောက်ပဲ မနက်ဖြန် အရေးကြီးတဲ့ ကိစ္စဆွေးနွေးစရာရှိတယ် ဘယ်သူမှမပျက်ကွက်စေနဲ့"

အရှင်ကပြောပြီးတာနဲ့ သူ့ရဲ့သားတော်လေးနဲ့ ကြင်ယာတော်ရှိရာအဆောင်ဆီကိုထွက်ခွာသွားတော့သည်။

!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ငပျင်းမလေး YoYo##







"ခစ်ခစ်"



"ခစ်ခစ်"


"အရှင်"




"အဲ့အဲ့"












"အင်းးးးး"


                         ×××××××××××××××










"ဘာာာ"
.
.
.
.
.
.
.
.
.
.
.



"ဝင်ခဲ့ခိုင်းလိုက်"























!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ငပျင်းမလေး YoYo##

Continue Reading

You'll Also Like

85.8K 8.3K 106
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
135K 11.4K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...