"ရော့ နောင်နောင် နင်မှာထားတဲ့ပစ္စည်း.."
"အေးအေး ကျေးဇူးပဲ...
စိုက်လိုက်ရသေးလား.."
"မစိုက်ရဘူး နင်ပေးလိုက်တဲ့ငွေနဲ့ကွက်တိ...
ပိုတာကတော့ ငါ့ဆီဖိုးလေ..."
"ပေးပါတယ်ဟာ ယူလိုက်.."
နီလာကမ်းပေးလာတဲ့ဘူးလေးကိုယူလိုက်ပြီး ဘောင်ချာကိုဖတ်လိုက်သည်။
"ဟဲ့ ဘာလို့ နင့်နာမည်နဲ့ဖြစ်နေတာလဲ?.."
"ဟုတ်လား..
သြော် မှတ်မိပြီ..
သူက နာမည်မေးတာနဲ့ ငါလည်းငါ့နာမည်ပြောလိုက်တာ..
ကိစ္စမရှိဘူးမလား..."
"ရပါတယ် နာမည်ကအရေးကြီးတာမှမဟုတ်တာ.."
နာမည်လေးမှားရုံနဲ့ဘာမှမဖြစ်ပါဘူး...
အဓိကက အဓိကပဲလေ...
"ဘာပစ္စည်းလဲဟ....
ငါ့ကိုလည်းပြပါဦး.."
ကျော်ဇောကရောက်လာပြီး နောင့်လက်ထဲကဘူးကိုယူလိုက်သည်။
"Wowwww! ဆွဲကြိုးလေးပါလား...
ဘယ်သူ့အတွက်လဲကွ...
မင်းဝတ်မယ်လို့တော့မထင်ဘူးနော်.."
"ငါ့အတွက်တဲ့.."
"သေလိုက်လေ..."
ပတ်ခနဲပြန်ပြောလာတဲ့နောင့်ကျောပေါ် နီလာလက်ဖဝါးရောက်သွားသည်။
"သေနာလေး စတဲ့ဟာကို.."
"အေးလေ မင်းကလည်းစတဲ့ဟာကို.."
ကျော်ဇောလက်ထဲက ရွှေဘူးကိုပြန်ယူလိုက်ပြီး အိတ်ကပ်ထဲထည့်လိုက်သည်။
"ဘယ်သူ့အတွက်လဲလို့...
မင်းမှာဆင်စရာလူရှိသေးလို့လား.."
နောင်ဆိုတာက ရွှေလုပ်ပြီး သူကိုယ်တိုင်ဝတ်တတ်တဲ့သူမဟုတ်ဘူးဆိုတာ ကျော်ဇောတို့သိသည်။ သူ့အမေနဲ့အဲ့အစ်မရှိစဉ်တုန်း သူ့မုန့်ဖိုးလေးတွေနဲ့စုပြီး သူ့အမေနဲ့အဲ့အစ်မကို ဆင်ပေးနေကြ။ အမေနဲ့အမဲ့အမလည်းမရှိတော့ဘူးဆိုတော့ သူဆင်စရာလူက...
"ကျော်ဇောရယ် မေးနေသေးတယ်...
သူ့အိမ်မှာဘယ်သူရှိသေးလို့လဲ?..
ရှိတဲ့လူကိုဆင်မှာပေါ့.."
"အဲ့ဒါဆို..."
"ကိုရှင်းသန့်ပေါ့ အဟား.."
ကျော်ဇောနဲ့နီလာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြိုင်တူပြောလိုက်သည်။
"ဖြစ်စရာလား..."
"ဖြစ်စရာလားတဲ့...
မဖြစ်နိုင်ဘူးလို့တော့ မပြောဘူးနော်.."
"ဟုတ်ပါ့ ဟုတ်ပါ့.."
"တော်လိုက်တော့ မင်းတို့နဲ့စကားပြောဖို့အချိန်မရှိဘူး...
အိမ်ပြန်ရဦးမှာ.."
"ဘာလဲ? စောစောပြန်လာဖို့ပြောလိုက်လို့လား..."
"သူပြောရင်ငါကနားထောင်မှာတဲ့လား...
စကားများမနေနဲ့ ဟေ့ကောင်...
ငါ့တုတ်တုတ်ပါ ခြံထဲသွားထားပေး...
ခြံတံခါးသော့ကိုသေချာခတ်နော် သရက်ချိန်ဆိုတော့ လာခိုးခူးတယ်သူတွေရှိတယ်.."
"အေးပါကွာ မင်းခြံကိုဘယ်သူမှမထိရဲပါဘူး..
အပေါက်ဆိုးလွန်းတဲ့မင်းခြံနဲ့မင်းရဲ့ဘေးကခြံတွေကို ရွာထဲကလူတွေကကြောက်ပြီးသားပါ.."
"အပေါက်ဆိုးထားမှတော်ရုံကျမှာ..
သွားပြီကွာ သွားပြီ..."
ကျော်ဇောနဲ့နီလာတို့ကိုနှုတ်ဆက်ပြီး နောင်ထွက်လာခဲ့သည်။
"ကိုရှင်းသန့်ကိုလည်းကောင်းကောင်းဆဆက်ဆံနော်.." ဆိုတဲ့ နီလာ့ရဲ့အသံကြောင့် နောင်ပြန်ကြည့်လာပြီး...
"ငါ အကြီးကိုဝင်ပြောခဲ့ရမလား...
နီလာ ရည်းစားနဲ့ချိန်းတွေ့နေပါတယ်ဆိုပြီး.."
"နောင်နောင် ကောင်စုတ် ပြောလို့ကတော့ နင်မလွယ်ဘူးမှတ်.."
ပြန်အော်ပြောနေတဲ့နီလာ့ရဲ့အသံတွေကိုကျောခိုင်းလိုက်ပြီး အိမ်ကိုသာပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ သူ့ဘက်ကကောင်းကောင်းမွန်မွန်နေခဲ့ပေမယ့် ရာရှင်းသန့်က့်က အပြစ်ရှာလာသည်။ အပြောမတတ်တဲ့သူ့ကြောင့် ရာရှင်းသန့်ငိုသွားတာသိပေမယ့် သူမချော့တတ်။ စိတ်တိုတိုနဲ့ ရွှေဘူးကိုပစ်ပေါက်လိုက်သည်။ ဗီရိုဘေးကပ်ပြီး ထိုင်နေလိုက်သည်။ ဘာလုပ်လို့ လုပ်ရမလဲမသိ။ ရွာထဲကိုတခါမှမရောက်ဖူးဘဲနဲ့ ထွက်သွားတဲ့ရာရှင်းသန့့်် တစ်ခုခုများဖြစ်နေမလားဆိုပြီး သူနည်းနည်းတော့စိုးရိမ်သည်။ မြွေပါးကင်းပါးနဲ့ ဘယ်လိုများသွားနေမလဲမသိဘူး။
နောက်ဆုံးတော့ ဓာတ်မီးကိုယူပြီး သူ ရာရှင်းသန့်နောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
~~~~~~~~~~~~~~~~~~~~
ရှင်းသန့်တ့်တစ်ယောက်ငိုသာငိုနေရပေမယ့် သူ့ကိုဖက်ထားတာဘယ်သူမှန်းလဲမသိ။ ရနေတဲ့ရေမွှေးနံ့ကြောင့် ရင်းနှီးသိလိုတော့ရှိသည်။ အတင်းတွန်းဖယ်လိုက်တော့ တွေ့လိုက်ရတဲ့လူကြောင့် ရှင်းသန့်ဝ့်ဝမ်းသာသွားသည်။
"နန္ဒ.."
"အေး ငါပဲ.."
"မင်းဘယ်လိုရောက်လာတာလဲ?.."
"လာ ဒီမှာလာထိုင်.."
ရှင်းသန့်လ့်လက်ကိုဆွဲပြီး အုတ်ခုံတစ်ခုမှာ နန္ဒကထိုင်စေသည်။
"ဒါဘယ်နေရာလဲ?...
မင်းကဘယ်လိုလုပ်ရောက်လာတာလဲ?.."
"ဒါဘုန်းကြီးကျောင်းကစင်္ကြန်မှာ...
ဘယ်လိုရောက်လာလဲဆိုတော့ ဒီရွာက အဖွားတစ်ယောက်ကိုလာကြည့်ပေးတာ...
ပြီးတာနဲ့ မင်းဆီကိုဝင်လာတာ.."
"အဲ့တာဆို..."
"မင်းတို့၂ယောက်ရဲ့အသံတွေကို ငါအကုန်ကြားခဲ့တယ်.."
ရှင်းသန့်ဆ့်ဆက်မပြောဘဲ နှာတရှုံ့ရှုံ့လုပ်နေသည်။
"ငါ မင်းကိုမင်းအိမ်ပြန်လိုက်ပို့ပေးမယ်...
အခု ငါနဲ့တခါတည်းလိုက်ခဲ့..."
"ဟမ်.."
"ဟိုကောင်ကမင်းကိုမချစ်ဘူးမလား...
သူနဲ့အတူမနေနဲ့တော့ ငါပြန်လိုက်ပို့ပေးမယ်.."
"ငါမပြန်ချင်ဘူး.."
"ဘာလို့လဲ သူကမင်းအပေါ်ကောင်းမှမကောင်းဘဲ ဘာလို့တွယ်ကပ်နေမှာလဲ?.."
ရှင်းသန့်အ့်အသံတိတ်သွားပြီး လက်၂ဖက်ကိုပွတ်နေသည်။
"ရှင်းသန့်ကလေးလိုလုပ်မနေနဲ့ ငါနဲ့အခုလိုက်ခဲ့..."
"ငါမလိုက်ဘူး...
နောင်နဲ့ဘဲနေမှာ.."
"မင်းကိုသူကမချစ်ဘူးလေ...
ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကိုဘာလို့ခင်တွယ်နေတာလဲ?.."
"နောင်ငါ့ကိုမချစ်ပေမယ့် ငါကနောင့်ကိုချစ်တယ်လေ...
ငါမပြန်ဘူး ဒီမှာပဲနေမှာ.."
"ကျစ် မင်းသူ့ကြောင့်ငိုပြီးထွက်လာတာမဟုတ်ဘူးလား.."
"ခဏလေးစိတ်မကောင်းဖြစ်မိတာ...
အခုမှမဖြစ်တော့တာ.."
"ရာရှင်းသန့်ရာ..."
ဘယ်လိုမှပြောလို့မရတော့မို့ နန္ဒသက်ပြင်းသာချလိုက်သည်။
"အခုဘယ်သွားမှာလဲ?.."
"အိမ်ပြန်မယ်လေ.."
"ဘယ်အိမ်လဲ?.."
"နောင့်အိမ်ပေါ့ မင်းကလည်းသိရဲ့သားနဲ့.."
"မင်းကိုတော့မနိုင်ဘူး...
နောက်တစ်ခါဒီလိုမျိုးထပ်မြင်ရင် ငါအန်ကယ်တို့ကိုဖုန်းခေါ်လိုက်မှာ.."
"မဖြစ်စေရဘူး..."
"ပြီးရော လာ လိုက်ပို့ပေးမယ်..."
"ဘာနဲ့လာတာလဲ?.."
"ဆိုင်ကယ်နဲ့...
ပြန်တော့မလို့ပဲ မင်းကိုစိတ်မချတာနဲ့ပြန်လာတာ...
ထင်တဲ့အတိုင်းမင်းထွက်လာတာပဲ.."
"ဆိုင်ကယ်နဲ့ဆိုတော့ မိုက်တာပေါ့...
နောက်ခါမင်းအားရင်ငါ့ကိုသင်ပေးနော်.
ငါလည်းဆိုင်ကယ်စီးတတ်ချင်တယ်.."
စကားလမ်းကြောင်းလွှဲပြီးပြောနေတဲ့ရှင်းသန့်ကို နန္ဒဘာမှဆက်ပြောမနေတော့။
"သွားမယ် တက်...
ညကြီးမိုးချုပ်အပြင်ထွက်သွားတာတောင် မင်းကောင်ကမင်းကိုလိုက်မရှာဘူး..."
ရှင်းသန့်ဘာမှပြန်မပြောသည်မို့ နန္ဒလည်းဆိုင်ကယ်နှိုးကာ ရှင်းသန့်ကိုလိုက်ပို့ပေးလိုက်သည်။
အကွယ်မှာရပ်ကြည့်နေတဲ့လူတစ်ယောက်ကိုတော့ သူတို့၂ယောက်လုံးမမြင်လိုက်ပေ။
ရှင်းသန့်အိမ်ထဲဝင်တော့ တံခါးကြီးကလည်းပွင့်နေကာ နောင့်အခန်းကပိတ်ထားသည်။ ရှင်းသန့်လည်းအခန်းထဲကိုမဝင်တော့ဘဲ ဗီရိုဘေးမှာသာလှဲလိုက်သည်။ ဗီရိုပေါ်က ပုဆိုးတစ်ထည်ကိုခြုံထားလိုက်ပြီး ကိုယ့်လက်ကိုခေါင်းအုံးကာမှေးနေလိုက်သည်။ ငိုထားတာကြောင့် အချိန်ခဏလေးအတွင်းမှာ ရှင်းသန့်အိပ်ပျော်သွားသည်။
သူ့နောက်မှ ရောက်လာပြီး သူ့ကိုပွေ့ချီကာ ကုတင်ပေါ်တင်ပေးခဲ့တာကိုသူမသိတော့။
နောင်တစ်ယောက်ပြန်ရောက်ကတည်းက ရှင်းသန့်ပြောတဲ့စကားများကိုနားထဲကမထွက်။ သူ့ဖက်လှည့်ကာအိပ်ပျော်နေတဲ့ရှင်းသန့်ကို သူကြည့်လိုက်သည်။
"ကျုပ်ခင်ဗျားအပေါ်ဒီလောက်မကောင်းတာတောင် ကျုပ်ကိုဘာလို့အဲ့လောက်တောင်ချစ်ရတာလဲ?..."
ရှင်းသန့်ပခုံးပေါ်လက်တင်မိတော့...
"နောင် ကိုယ်တောင်းပန်ပါတယ်...
ကိုယ်မရည်ရွယ်ဘဲပြောလိုက်မိတာပါ...
ကိုယ့်ကိုနှင်မထုတ်ပါနော်.."
သူ့အသားနဲ့ထိရုံနဲ့တင် ရာရှင်းသန့်ကဒီလိုတောင်ယောင်တဲ့အထိဆိုတော့ သူဟာ ရာရှင်းသန့်အပေါ်ဘယ်လောက်တောင်ဆိုးဝါးခဲ့တာလဲ?..
တုန်နေတဲ့ရာရှင်းသန့်ကိုယ်လေးကိုဖက်ထားလိုက်သည်။
"ခင်ဗျားထွက်သွားမယ်ဆိုရင်တောင် ကျုပ်ကမရရ ရအောင်ခေါ်ထားမှာ.."
"အင်း...."
သူပြောနေတာကိုသိသည့်အလား အင်းဆိုပြီး ငြိမ်ကျသွားလေသည်။
ကျုပ်အပေါ်ကိုအဲ့လောက်ထိမချစ်ပြပါနဲ့လား ခင်ဗျားရယ်............
_________________________________________________
တုတ်တုတ်=သုံးဘီးဆိုင်ကယ်
16.6.2021
💙Chel💙