🍁Daffodils:အပိုင်း(၇)အသဲကွဲတယ်ဆိုတာ...
မိုးပင်လယ် တစ်နေကုန်မနားရသေးပေမဲ့ ညရောက်တော့လဲ ပညာပေးအစီအစဉ်အတွက်လိုအပ်တာတွေထည့်နေရတယ်။ပညာပေးခရီးဆိုပေမယ့် ဆေးရုံဆေးခန်းဝေးကြတဲ့ဒေသတြွေဖစ်တာမို့ဆေးဝါးတွေလဲလှူကြဖို့လဲပါသေးတယ်။နားကျပ်၊သွေးပေါင်ချိန်စက်၊သွေးချို ဆီးချို စစ်ဖို့အတွက်ပါအကုန်ယူသွားရမယ်။အဝတ်အစားကတော့ပေါ့ပေါ့ပါးပါးနဲ့နွေးစေမယ့်အင်္ကျီ၂ထည်လောက်ဆိုရလောက်ပြီ။
သူဗီရိုထဲကအနွေးအင်္ကျီထုတ်လိုက်တော့ မှ နွေဉီးရဲ့မာဖလာလေးပြန်မပေးရသေးတာကိုသတိရတယ်။ သေချာလျော်ဖွတ်မီးပူတိုက်ထားတဲ့ဖာဖလာလေးကိုမွှေးကြူလိုက်တော့ဆပ်ပြာနံ့လေးနဲ့အတူနွေဉီးရဲ့အငွေ့အသက်လေး ရလိုက်သလိုမို့နှလုံးသားထဲနွေးထွေးသွားရတယ်။ မာဖလာကိုမွှေးကြူရင်းမှ ကိုကျော်ဇင်ထွဋ်ပြောတာကို သတိရသွားတယ်။
အဲ့နေ့က နွေဉီး နဲ့ခေမီ ကော်ရစ်ဒါမှာ စကားများနေကြတာကို ကိုကျော်ဇင်ထွဋ်က အမှတ်မထင်ကြားသွားတယ်။
ကိုထွဋ်ကနားနေခန်းဝကနေခေါင်းကိုပြူကြည့်ကာ သူ့စားပွဲကိုပြန်လာပြီး...
"ငါထင်သားပဲ ခေမီနဲ့နွဉေီးက တစ်ခုခုပါပဲဆိုတာ"
"ဘာလို့လဲဗျ"
"ကော်ရစ်ဒါမှာ စကားများနေကြတယ်...ကြည့်ရတာ မင့် နွေဉီးက ခဲမှန်ဖူးတဲ့စာသူငယ်ထပ်မဖြစ်ချင်ဘူးထင်တယ်"
"စာသူငယ်!!???သူတို့ကတွဲဖူးတာလား"
"ဟုတ်မှာပေါ့..ငါလဲ ဖျတ်ခနဲပဲကြားလိုက်ရတာ..နွေဉီးကတော့လုံးဝကိုကြောက်နေပုံပဲ"
ကိုထွဋ်စကားကြောင့် မိုးပင်လယ် မျက်လုံးထဲမှာတစ်ခါတစ်လေအသက်မဲ့နေတတ်တဲ့ နွေဉီးရဲ့မျက်လုံးနဲ့မျက်နှာကိုမြင်ယောင်လာမိတယ်။
"ဟုတ်လား..."
မိုးပင်လယ်စကားထောက်ပေးတော့ ကိုကျော်ဇင်ထွဋ်က ခေါင်းညိတ်တယ်။
"ငါဒီတစ်ခါတော့ နွေဉီးကိုသနားသလိုလိုဖြစ်သွားပြီ...ခေမီလဲ ဇနဲ့ပဲထင်တယ်ကွ...ငါထင်ပါတယ် ဒီလိုတောင်ပေါ်က ဆေးရုံကိုလာဖို့ဆိုတာ အသဲကွဲ နေတဲ့လူတွေပဲလာကြမှာ"
"ဘာဆိုင်လို့လဲဗျ.အစ်ကိုကလဲကျွန်တော်ကရော...အသဲကွဲဖို့နေနေသာသာ ရည်းစားတောင်မရှိဘူး."
"ဟ!!Sea ရ အသဲကွဲတာ ရည်းစားနဲ့ပြတ်မှ အသဲကွဲတာမှမဟုတ်တာ ငါ့ကောင်ရာ...ကိုယ်ချစ်တဲ့အရာ၊ကိုယ်တန်ဖိုးထားရတဲ့ အရာ တစ်ခုခု ပျက်စီးယိုယွင်းရင်လဲအသဲကွဲရတာပဲ...ကိုယ့်ခွေးလေး ကြောင်လေးသေလဲ ပိုင်ရှင်အနေနဲ့ အသဲကွဲရတာပဲ...ကိုယ့်မိသားစုကြောင့်လဲ အသဲကွဲနိုင်တာပဲ...ကိုယ့်crushက ပြန်မကြိုက်လဲ အသဲကွဲသလို ခံစားရတာပဲ..ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းကတော့ တစ်နည်းနည်းနဲ့အသဲကွဲဖူးကြတာပဲ...
ငါ့ညီမတစ်ဝမ်းကွဲဆို သူကြိုက်တဲ့ထိုင်းမင်းသားလက်ထပ်သွားလို့ သူ့မှာ အသဲကွဲပြီးအဲ့မင်းသားဇာတ်ကားတွေ ၁နှစ်လောက်မကြည့်နိုင်ဘူးတဲ့.."
ကိုကျော်ဇင်ထွဋ်က သက်ပြင်းချပြီး ဆက်ပြောတယ်။
"မင်းသိလား Sea လူတိုင်းအသဲကွဲဖူးပေမဲ့ အချို့လူတွေကျ အရမ်းခံစားရပြီး အချို့လူတွေကျ သိပ်မခံစားရသလိုဖြစ်လဲဆိုတာ...ငါ့စိတ်ထင် ခံစားရတဲ့သူတွေက အရမ်းစိတ်နှစ်ထားပြီး အဲ့နေရာမှာပဲ ရပ်ပြီး ကျန်ခဲ့ကြတယ်..အချို့ကျ Move on လုပ်နိုင်ကြတယ်..အသဲကွဲရင်တော့ အကုန်နာကျင်ကြရတာချည်းပဲ.. ကိုယ့်ကုသနည်းကိုကိုယ်တိုင်ရှာချင်ရှာ မရှာရင်ကိုယ့်ကိုကုပေးမဲ့သူကိုရှာပဲ...အဲ့တာမှ move on နိုင်မှာ"
"နွေဉီးရော Move on နိုင်ပြီလို့ ထင်လား"
"ငါတော့ ကြိုးစားနေတုန်း ဝင်ဖျက်တာခံလိုက်ရပြီလို့ထင်နေတယ်..."
"..."
"နွေဉီးကဒီတောင်ပေါ်ဆေးရုံလေးကသူ့ဒဏ်ရာကို ကုသပေးနိုင်မယ်ထင်လို့ လာခဲ့ပေမဲ့ ဒဏ်ရာကျက်ခါနီးမှ သူ့ကိုဒဏ်ရာပေးတဲ့သူကနောက်ကနေလိုက်ချလာတယ်"
"နွေဉီးတော့တော်တော်စိတ်ညစ်နေမှာပဲ"
"အေးပေါ့ကွာ မတွေ့ချင်လို့ထွက်ပြေးလာပါတယ်ဆိုမှ ကိုယ့်နောက်ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်နေတာမျိုးတော့ ဘယ်သူမဆိုဘယ်အဆင်ပြေပါ့မလဲ..ကဲသူများကိုထားပါ မင်းကရော Sea မင်းအသဲကွဲတဲ့ဒဏ်ရာအတွက်သင့်တော်တဲ့ဆေး ရှာတွေ့ပြီလား"
ကိုထွဋ်က မချိုမချဉ်ပြုံးပြီးမေးလာတော့မိုးပင်လယ်စိတ်ညစ်ညစ်နဲ့ခေါင်းခါပြီးရယ်မိတော့တယ်။
" ကဲကျွန်တော့်ကိုချည်းပြောမနေနဲ့ အစ်ကိုကရော ဘာအသဲကွဲလို့ရောက်လာလဲပြော"
"ဟောဗျာ..ငါ့အသဲကတော့ကွဲရုံတင်မကဘူး..ခြောက်သွေ့ပျက်စီးတော့မှာမို့လေကွာ..ခုဆိုငါ့အသဲလေးမကြိုက်တာဘာမှမလုပ်တော့ပါဘူးဆို"
"ဟားဟား အစ်ကိုကတော့လေ..."
/Beep..Beep/
ဖုန်းကတုန်ခါသံကြားမှမိုးပင်လယ်ရဲ့အတွေးတွေကပစ္စုပန်ကိုပြန်ရောက်လာတယ်။နွေဉီးဆီက စာဝင်လာတာ..
.
ပစ္စည်းတွေသေချာစိစစ်လာဖို့နဲ့ မနက်၅နာရီထွက်မယ့်အကြောင်း...
မိုးပင်လယ် ရုတ်တရက်နွေဉီးကိုသတိရသွားစိတ်နဲ့.စာပြန်ရိုက်လိုက်တယ်။
/ဘာလုပ်နေလဲ/
စာကချက်ချင်းပြန်ဝင်မလာဘူး။မိုးပင်လယ်လဲရေးပြီးမှ ကိုယ့်ကိုကိုယ်ဘာလို့ပို့မိတာလဲလို့ ပြန်တွေးနေရတယ်။အရင်ကဆို လူတစ်ယောက်ကို Replyတောင် တော်ရုံပြန်လေ့မရှိတဲ့ သူက နွေဉီးနဲ့တွေ့မှ Crush ကို 'Hi စားပြီးပြီလား' လို့ စာသွားပို့တတ်တဲ့ဆယ်ကျော်သက်လေးတွေလို ပြုမူနေမိတော့တာ။
ကျစ်...ရှက်စရာကြီးကွာ...
တစ်ယောက်တည်းရှက်အမ်းအမ်းကြီးဖြစ်နေတုန်းနွေဉီးဆီကစာပြန်ဝင်လာတယ်။
/ပစ္စည်းတွေထည့်နေတာ.../
/ကိုယ်ရောပဲ.../
Shit!!!!
မိုးပင်လယ် ခပ်တိုးတိုး ဆဲရေးမိပြန်တယ်။"ကိုယ်" လို့သုံးလိုက်မိပြန်ပြီ...သူ့ကိုလာကြောင်တဲ့ကောင်လို့ထင်တော့မှာပဲ...
ဒီတစ်ခါလဲ စာကချက်ချင်းပြန်ဝင်မလာဘူး။
တစ်ဖက်ကနွေဉီးကလဲ စာပြန်ခါနီး ဘာပြန်လို့ပြန်ရမှန်းမသိဖြစ်နေရတယ်။ဒီလူကဘာတုန်း...မနက်ဖြန်ခရီးသွားပါမယ်ဆိုမှဘာလုပ်နေလဲလာမေးနေသေးတယ်။ ပြီးတော့ သူ့ကိုသူ "ကိုယ်"တဲ့ ....လခွမ်းလိုပဲ။ဘာမှန်းမသိနွေဉီး မျက်နှာတွေပူတက်လာရတယ်။
စာပြန်ရိုက်ရမလား...မရိုက်ရဘူးလား ...မရိုက်ရင် ရိုင်းရာကျမှာလားနဲ့အတွေးများပြီး နောက်ဆုံးမှာတော့နွေဉီး စာပြန်ရိုက်လိုက်တယ်။
/ကျွန်တော့်မာဖလာ ခင်ဗျားဆီမှာလား/
ဟင်!!!သူတော့ ဘာမဆိုင်ညာမဆိုင် ဥစ္စာရူးမိသလိုဖြစ်ပြီလား မသိဘူး....
တစ်ဖက်က စာကတော့ချက်ချင်းပြန်ဝင်လာခဲ့တယ်။
/ဟုတ်တယ်...နက်ဖြန်ယူလာခဲ့ပေးမယ်လေ/
/ဟုတ်ကဲ့.../
/goodnight ဆာဂျင်/
/ဟုတ်ကဲ့ ...ခင်ဗျားရော.../
ပြန်ဝင်လာတဲ့စာကြောင့်မိုးပင်လယ် အီလည်လည်ကြီးခံစားလိုက်ရတယ်။Goodnightလို့ပြန်ပြောလိုက်ရင် ပြီးတဲ့ဟာကို...ဒါပေမယ့်လဲ ထပ်ဝင်လာတဲ့စာကြောင့်သူ့နှုတ်ခမ်းမှာ ပြုံးရိပ်ထင်လာရတယ်။
/Goodnight/
မိုးပင်လယ် ဖုန်းကို မွေ့ယာပေါ်ပစ်ချပြီး ဆယ်ကျော်သက်လေးလို လက်သီးဆုပ်ပြီး "Yes" လို့အော်ပစ်လိုက်တယ်။ဖုန်းထဲက"Goodnight"ဆိုတဲ့ရိုးရှင်းတဲ့စာလေးကိုကြည့်ရင်းမိုးပင်လယ် သွားတွေပေါ်တဲ့အထိ စိတ်လွတ်ကိုယ်လွတ်ပြုံးနေမိတယ်။
_______________
မဲဘာန်းရဲ့မနက်၅နာရီက ပိန်းပိတ်အောင်မှောင်နေသေးတယ်။လမ်းမီးအချို့နဲ့ အိမ်ရှေ့မီးအချို့ကလွဲပြီးလမ်းပေါ်မှာအလင်းရောင်မရှိ...တိမ်ဖုံးနေတာမို့လကိုလဲမမြင်ရ ကြယ်သေးသေးလေးတွေရဲ့အလင်းရောင်သာ ဟိုတစ်ဖျတ်ဒီတစ်ဖျတ်ရှိနေတယ်။
ညကမိုးစွေထားတာမို့ လမ်းတွေကစိုစွတ်နေတယ်။မိုးပင်လယ်တစ်ယောက် အိတ်တွေကတစ်ဖက် ချော်မလဲအောင်ထိန်းရတာကတစ်ဖက်နဲ့ထင်သလောက် မြန်မြန်မလျှောက်နိုင်ဖြစ်နေရတယ်။ လက်ကောက်ဝတ်ကနာရီကိုမြှောက်ကြည့်လိုက်တော့ ငါးနာရီ ငါးမိနစ်ရှိနေပြီမို့ သူ့ခြေလှမ်းတွေကိုပိုအရှိန်တင်လိုက်တယ်။
ဆေးရုံရှေ့ရောက်တော့ သွားမယ့်လူအကုန်ရောက်နေပြီမို့ သူ ခပ်မြန်မြန်တောင်းပန်စကားပြောပြီး ကားပေါ်တက်လိုက်တယ်။လူများများနဲ့တစ်စုတစ်စည်းထဲဖြစ်စေဖို့ ဆေးရုံအုပ်ကြီးက ပေါင်မုန့်ကားစီစဉ်ပေးထားတယ်။မိုးပင်လယ်ကားပေါ်ရောက်တော့ ....ရှေ့ခန်းမှာ ခေမီနဲ့ဒရိုင်ဘာ..အလယ်ခုံမှာက နပ်စ်၂ယောက်နဲ့ပစ္စည်းအချို့..နွေဉီးကတော့ဟိုးနောက်ဘက် ပစ္စည်းတွေကြားမှာ တစ်ယောက်တည်း။နားကြပ်တပ် မျက်လုံးမှိတ်ထားတာကြောင့်မိုးပင်လယ် စကားမပြောတော့ဘဲ ဒရိုင်ဘာကိုထွက်ခိုင်းလိုက်တော့တယ်။
သူ ထိုင်သာနေရတာ မရိုးမရွနဲ့ စိတ်ကမဖြောင့်ဘူး။အကွေ့အကောက်များတဲ့တောင်ပေါ်လမ်းတြွေဖစ်တာမို့ အဆင်မှပြေပါ့မလားလို့တွေးမိနေတာကြောင့် နွေဉီးရှိနေတဲ့ကားနောက်ဘက်ကို ၅မိနစ်တစ်ခါလောက်လှည့်ကြည့်နေမိတယ်။သူကသာ စိတ်ပူနေတာ သူ့ဆာဂျင်လေးကတော့ မျက်တောင် တောင်တစ်ချက်မခတ်ပဲ တုပ်တုပ်ကိုမလှုပ်ဘူး။
မိုးပင်လယ်ရဲ့မကြာခဏလှည့်ကြည့်မှုကိုခံနေရတဲ့နွေဉီးအဖြစ်ကလဲ လွယ်မနေဘူး။ဘာမှလဲမတတ်နိုင်ပဲ စိတ်ထဲမှာကလိကလိဖြစ်နေရတယ်။စကားတွေမပြောချင်လို့အနောက်ခန်းထဲဝင်ထိုင်ပါတယ်ဆိုမှခဏခဏ လှည့်ကြည့်နေတာကြောင့် နပ်စ်၂ယောက်က တစ်ယောက်နဲ့တစ်ယောက် တိုးတိုးကပ်ပြောလိုက်ကြိတ်ရယ်လိုက်နဲ့။နားကြပ်တပ်ထားပေမဲ့ဘာမှနားထောင်မနေတာမို့တစ်ချက်တစ်ချက်ကြားနေရတယ်။
သူသာကြားနေရတာ မိုးပင်လယ်ကတော့သတိတောင်ထားမိပုံမပေါ်ဘူး။တစ်ခါတစ်လေ မျက်လုံးလေးခိုးဖွင့်မိတုန်း ရှေ့ဆုံးကခေမီ့ရဲ့မျက်လုံးစူးစူးဒဏ်ကိုလဲခံရသေးတယ်။ မိုးပင်လယ်ရေ လှည့်မကြည့်ပါနဲ့တော့ လို့သာကျုံးအော်ပစ်လိုက်ချင်တော့တယ်။
အဲ့ဖြစ်ရပ်ကြီးက အချိန်အတော်ကြာတဲ့အထိ ပတ်လည်ရိုက်နေတယ်။ဒါပေမဲ့ အချိန်ပြည့်စောင့်ကြည့်နေတဲ့လူရဲ့ အကြည့်ကို ဘယ်အချိန်ထိရှောင်နိုင်မှာမို့လဲ။နောက်တစ်ခါနွေဉီး မျက်လုံးခိုးအဖွင့်မှာ မိုးပင်လယ် လှည့်အကြည့်နဲ့တိုးသွားတာမို့မြန်မြန် ပြန်မှိတ်ပြီး မိုးပင်လယ်ရဲ့ထိုင်ခုံကို ခြေထောက်နဲ့ကန်လိုက်တယ်။
/ဒုန်း•••/
"အ!!"
နောက်ကနေနွဉေီးကခြေထောက်နဲ့ကန်လိုက်တာမို့မိုးပင်လယ် "အ"ခနဲ အသံထွက်သွားတာကိုတစ်ကားလုံးက လှည့်ကြည့်လာပြန်တယ်။မိုးပင်လယ် ရယ်ပြလိုက်ပြီး ဖုန်းကိုင်လိုက်တော့ နွေဉီးဆီကစာဝင်လာတယ်။
/ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ/
နွေဉီးက သူလှည့်လှည့်ကြည့်နေတာကိုသိနေတယ်ပေါ့။မိုးပင်လယ် အားရဝမ်းသာနဲ့ နောက်ကိုလှည့်ပြီး ပြန်ဖြေမယ် အလုပ်...
"အဟမ်း.."
နွေဉီးရဲ့ချောင်းဟန့်သံ...စာထပ်ဝင်လာပြန်တယ်။
/ကျွန်တော့်ကိုလှည့်ကြည့်တာ ရပ်လိုက်ပါတော့...ဘာပြောစရာရှိလို့လဲ စာပဲပို့လိုက်ပါလား/
နွေဉီး လူတိုင်းလှည့်ကြည့်တဲ့ဒဏ်ကို တကယ်ကိုမခံနိုင်တော့ဘူး။ပြန်ပို့တဲ့စာထဲမှာ စိတ်မရှည်သလိုဖြစ်သွားလဲ သူတစ်ကယ်ကိုမတတ်နိုင်တော့ဘူး။ဒီအခြေအနေကနေ လွတ်မြောက်သွားရင်ပြီးတာပဲ။
မိုးပင်လယ်ဆီက စာပြန်ဝင်လာတယ်။
/အရေးမကြီးပါဘူး..ရတယ် ကိုယ်ဟိုရောက်မှပြောမယ်/
နွေဉီး ကျိန်းစပ်နေတဲ့မျက်လုံးတွေကို ပြန်မှိတ်ချလိုက်ပြီး ပြင်ပကအသံတွေပါမကြားရစေဖို့သီချင်းပါဖွင့်ထားလိုက်တယ်။
ပခုံးကို လှုပ်နိုးလာတဲ့ လက်ကြောင့်နွေဉီး မျက်လုံးဖွင့်လိုက်တော့ ရှေ့ခုံကနေနောက်ကို လှည့်ပြီး သူ့ကိုနှိုးနေတဲ့ မိုးပင်လယ်ရဲ့မျက်နှာကို အရင်တွေ့ရတယ်။။မျက်ဝန်းညိုတွေက အမြဲကြည်စင်နေပြီး အသားညိုညိုရဲ့စိုပြေမှုကတောင်ပေါ်ဒေသရဲ့အအေးဒဏ်နဲ့တောင်ခြောက်သွေ့ခြင်းအလျင်းမရှိ။မိုးပင်လယ်ကနွေဉီးမျက်ဝန်း တွေကိုစိုက်ကြည့်ပြီးရယ်ပြကာ "Morning" လို့ပြောလာတယ်။
နွေဉီးရုတ်တရက်ကြောင်သွားပြီး ပြူးကြည့်နေပြီးခါမှ ပါးစပ်မဖွင့်ပဲကြိတ်သမ်းကာ မျက်လုံးကျယ်အောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်း..."Morning!!ရောက်တာကြာပြီလား"
"မကြာသေးပါဘူး..ခုလေးတင်ပဲ..ပစ္စည်းတွေတော့ ကိုယ်တို့ချပြီးကြပြီ"
"ဗျာ..အားနာစရာဗျာ...ကျွန်တော့်ကိုဘာလို့မနှိုးတာလဲ"
"ညဂျုတီတွေ ဆက်ပြီး မနားရလို့ အိပ်ခိုင်းထားတာ ခုလဲ ပစ္စည်းတွေက မများပါဘူး"
"နောက်ဆို အဲ့လိုမလုပ်ပါနဲ့ ကျွန်တော်က ခုလို အားနာရတာမျိုးအဆင်မပြေလို့...ပြီးတော့ ကျွန်တော့်အတွက်တွေးပေးလို့ကျေးဇူးတင်ပါတယ်"
နွေဉီးပြောစကားကို မိုးပင်လယ်က ခေါင်းတစ်ညိတ်ညိတ်နဲ့နားထောင်ပြီးမှအောက်ကိုဆင်းတယ်။နွေဉီးလဲ ကားအောက်ကိုဆင်းလိုက်ပြီး စိမ့်နေအောင်အေးတဲ့ တောင်ပေါ်ဒေသရဲ့ နံနက်ခင်းလေနုအေးကို တစ်ဝကြီး ရှုသွင်းလိုက်တော့ လန်းဆန်းသွားတယ်။
"ကျွန်တော်တို့နားရမဲ့ နေရာကဘယ်မှာလဲ သွားရအောင်လေ"
"ခဏ နွေဉီး...အာ..Sorry"
"ရပါတယ်ဗျာ..ဆေးရုံတစ်ခုလုံးလဲ နွေဉီးလို့ခေါ်နေတာပဲဟာ..ခေါ်သာခေါ်တော့"
နွေဉီးက မိုးပင်လယ်ရဲ့အိုးတိုးအမ်းတမ်းဖြစ်သွားမှုကို ပေါ့သွားစေဖို့အရယ်တစ်ဝက်နဲ့ပြောတော့ မိုးပင်လယ်က ပြုံးပြီးခေါင်းညိတ်တယ်။ပြီး အနွေးထည် အိပ်ကပ်ထဲက မာဖလာကိုဆွဲထုတ်လိုက်ပြီးနွေဉီးရဲ့ လည်တိုင်ကို ပတ်ပေးတယ်။အနီးကပ်ရပ်နေတာမို့ မိုးပင်လယ်ရဲ့ဝင်သက်ထွက်သက်တွေက သူ့နဖူးကိုလာရိုက်ခတ်နေတယ်။နွေဉီး မျက်နှာကိုမော့လိုက်တော့ မိုးပင်လယ်ရဲ့နူးညံ့ပြီးကြည်လဲ့တဲ့မျက်ဝန်းညိုတွေနဲ့ဆုံလိုက်ပြန်ရတယ်။
အဲ့အချိန်ခဏလေးမှာ နွေဉီးရဲ့ဖြူဖွေးတဲ့ မျက်နှာလေးက ပန်းရောင်လေးဖြစ်သွားတယ်လို့ မိုးပင်လယ်ထင်တယ်။ချယ်ရီပန်းလေးတစ်ပွင့်ကို အနီးကပ်ကြည့်နေရသလို ခံစားမှုမျိုးနဲ့သူ့ရဲ့နှလုံးသားကလဲ အခုန်မြန်လာတယ်။
____________