Unicode
စုန့်ရီကကုရှင်ချွမ်းရဲ့ကားနဲ့ပဲအိမ်ကိုပြန်လာခဲ့တယ်။ ညဆယ့်တစ်နာရီဆိုတော့ ကားပါကင်မှာလူရှင်းတယ်။ စုန့်ရီကကားတံခါးကိုဖွင့်ကာဆင်းလိုက်ပ်ိး တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ် "ငါ့ကိုအိမ်လိုက်ပို့ပေးလို့ကျေးဇူးပါ"
ကုရှင်ချွမ်း ကားပြတင်းပေါက်ပေါ်မှာတံတောင်ဆစ်နဲ့ထောက်လိုက်ပီး သူ့ကိုအထက်အောက်ကြည့်လာတယ် "ကျေးဇူးတင်ပါတယ်ပြောတာနဲ့ပြီးသွားရောလား?"
စုန့်ရီကမေးကိုနည်းနည်းမော့ပီး သူ့ကိုကြည့်လာတယ်။ သူ့ရဲ့မေးရိုးအဆုံး လည်ပင်လေးကပင်လယ်အော်ကရေကြည်ကြည်လေးတွေလိုပဲကြည်လင်လှတယ် "မင်းဘာလိုချင်လို့လဲ?"
အဲ့ဒီမျက်လုံးတွေကလဲအေးစက်ပီး လျစ်လျုရှုတဲ့အကြည့်တွေနဲ့ကြည့်တတ်တယ်။
ကုရှင်ချွမ်း ဒီထက်ပိုပီးရင်းနှီးမှုမရှိနိုင်ခဲ့ဘူး။ ကျောင်းမှာတုန်းကဆို စုန့်ရီကပေါင်းရသင်းရလွယ်တဲ့လူအဖြစ်အသိများကြတယ်။ သူကလူတိုင်းကိုပြုံးပြတယ်။ အတန်းပိုင်ဆရာမကဆို ဒီကလေးက စိတ်ထားကောင်းလွန်းလို့အနာဂတ်မှာအနိုင့်ကျင်ခံရမှာစိုးတယ်ဆိုပီးမကြာခဏပြောလေ့ရှိတယ်။
ကုရှင်ချွမ်းနဲ့တွေ့ဆုံရင်တော့ စိတ်ဓာတ်ကျစရာပဲ။ စုန့်ရီကလူတိုင်းကိုအထင်သေးပီး အရမ်းဟိတ်ကြီးဟန်ကြီးနိုင်တာကို သူ(gu) ကလွဲပီး ဘယ်သူကမှမပြောကြဘူး။ ဒီလူတွေကမျက်လုံးများကန်းနေကြတာလားဆိုပီးသူမနားလည်နိုင်ဖြစ်နေပေမဲ့ သူတို့ကိုလျစ်လျူရှုထားလိုက်တယ်။ နှစ်အနည်းငယ်အကြာမှာတော့ ဒါကဘာလဲဆိုတာနားလည်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ စုန့်ရီကဟန်ဆောင်ကောင်းလွန်းတယ်!
စုန့်ရီရဲ့မျက်လုံးတွေကို အရင်တုန်းးကမြင်ခဲ့ရစဥ်က သူ့(SY)ကိုခေါင်းငုံ့စေပီး သူ့(gu) ဆီမှာခစားအောင်လုပ်ပစ်ချင်တယ်လို့ ကုရှင်ချွမ်းတွေးခဲ့ဖူးတယ်။ အခုတော့ စုန့်ရီရဲ့ဒီလိုမျက်လုံးတွေကိုမြင်ရတဲ့အခါမှာ တစ်ကိုယ်လုံးပူလောင်လာရတယ်....ဒါကသောက်ရမ်းsexy ကျတယ်။
ကုရှင်ချွမ်းကအရှေ့ကိုကိုင်းလိုက်ပီး စုန့်ရီကိုကြည့်ကာ အဓိပ္ပါယ်မပြတ်သားစွာပြောလာတယ် "မင်းကငါ့ကိုလက်ဖက်ရည်လေးတစ်ခွက်လောက်ဖြစ်ဖြစ်သောက်ဖို့တောင်မခေါ်တော့ဘူးလား?"
စုန့်ရီကခပ်ဖွဖွပြုံးလိုက်ပီး မျက်ခုံးပင့်ကာ သတိပေးလိုက််တယ် "မင်းအရမ်းကြီးရောင့်တက်မလာနဲ့ မင်းဒီနေ့ညငါ့ကိုနမ်းတဲ့ကိစ္စကိုမရှင်းရသေးဘူး"
"မင်းလဲတစ်ယောက်ယောက်ကိုမနမ်းဖူးတာမှမဟုတ်တာ အရေးကြီးကိစ္စကြီးလုပ်လို့" ကုရှင်ချွမ်းကလူပါးဝစွာပြောလာတယ်။
စုန့်ရီသူ့ကိုတစ်ချက်ကြည့်လိုက်တယ် "သခင်လေးကု မင်းမှာအဓမ္မကျင့်သူတစ်ယောက်ဖြစ်ဖို့ အရမ်းကောင်းတဲ့အကြောင်းပြချက်တွေရှိတာပဲ"
ကုရှင်ချွမ်းကသဘောမတူဘဲဖြည်းဖြည်းလေးပြောလာတယ် "မင်းတစ်ယောက်တည်းဆိုမြစ်ကိုဖြတ်ပီးတံတားကိုဖျက်ဆီးလို့မှမရတာ မင်းပန်းကန်ကိုကျကွဲအောင်လုပ်လို့မင်းအမေဆူသလိုပဲ ဒါကဖြစ်ရိုးဖြစ်စဥ်ကိစ္စပါ အဓမ္မကျင့်တာလို့ပြောလို့မရဘူး"
တကယ်လို့သူ့လက်ထဲမှာ ရေတစ်ဗူးရှိနေခဲ့မယ်ဆိုရင် ကုရှင်ချွမ်းရဲ့မျက်နှာကိုရေနဲ့ပက်ပြီးသွားလောက်ပီ။ သူဒီလိုလူယုတ်မာမျိုးကိုမတွေ့ဖူးသေးဘူး "သခင်လေးကု မင်းမှန်ပါတယ် အဲ့တော့ငါတို့ကြားမှာဘာကိစ္စမှမရှိဘူး"
သူကပြောပီးသွားတော့လှည့်ထွက်သွားလိုက်တယ်။ ကုရှင်ချွမ်းကကားပေါ်ကနေခုန်ဆင်းလာပီး သူ့နောက်ကနေဘာစကားမှမပြောဘဲလိုက်လာတယ်။
ခြေလှမ်းသံတွေက တိတ်ဆိတ်နေတဲ့ကားပါကင်ထဲမှာ ရှင်းရှင်းလင်းလင်းကြားနေရတယ်။ စုန့်ရ်ိခနလောက်လမ်းလျှောက်ပီးတော့ ရပ်လိုက်ကာ ခေါင်းကိုလှည့်လိုက်တယ် "မင်းဘာလုပ်ချင်လို့လဲ?"
ကုရှင်ချွမ်းကမျက်တောင်လေးခတ်လိုက်တယ် "မင်းဟာတွေငါ့ဘောင်းဘီပေါ်ကျသွားတာလေ ငါ့ဟာသန့်ရှင်းအောင်မင်းကလျှော်ပေးဖို့တာဝန်ယူရမှာပေါ့"
"မင်းဘာပြောနေတာလဲ" စုန့်ရီရဲ့မျက်နှာကမည်းမှောင်နေပီး သူ့စကားတွေကိုနားမလည်ဟန်ဆောင်လိုက်တယ်။
ကုရှင်ချွမ်းကမျက်မှောင်ကြုံ့လိုက်တယ် "ငါအတည်ပြောနေတာ ငါ့အမေကငါ့အိမ်မှာရောက်နေတာ ငါဒီအတိုင်းကြီးပြန်မသွားချင်ဘူး"
စုန့်ရီကသူပြောတာအမှန်လားအမှားလားဆိုတာမပြောတတ်ဘူး။ ဒါပေမဲ့ နူးညံ့လှပပီး သူတစ်ပါးရဲ့နှလုံးသားကိုကြည်လင်စေတဲ့မားမားကုကိုတွေးမိတော့ တွန့်ဆုတ်ဆုတ်နဲ့ခေါင်းညိမ့်လိုက်ပီး မသက်မသာပြောလိုက်တယ် "မင်းငါ့အမေကိုတော့အနှောင့်အယှက်ပေးလို့မရဘူးနော် လျှော်ပီးသွားရင်မြန်မြန်ပြန်ရမယ်"
ကုရှင်ချွမ်းကစုန့်ရီရဲ့အိမ်အကြောင်းသိတယ်။ Star Entertianment Company မှာရှိတဲ့အနုပညာရှင်တွေရဲ့information အားလုံးကိုသူကြည့်ဖူးတယ်။ စုန့်ရီတို့နေတဲ့နေရာကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှဆောက်လုပ်ခဲ့တာဖြစ်တယ်။.ပတ်ဝန်းကျင်ကကောင်းမွန်ပီး ပိုင်ရှင်တွေရဲ့အကြောင်းထိန်းသိမ်းမှုကလဲအတော်လေးကောင်းတယ်။ ဒါ့ကြောင့်ဒီမှာ အနုပညာနယ်ပယ်မှာ ဒုတိယနဲ့တတိယအဆင့်အရှိတဲ့အနုပညာရှင်တော်တော်များများဒီမှာနေကြတယ်။
"ငါ့အမေအိပ်နေတယ် မင်းအသံတိုးတိုးနေ" စုန့်ရီကတံခါးကိုဖြည်းဖြည်းလေးပိတ်လိုက်တယ်။
ကုရှင်ချွမ်းကဆိုဖာပေါ်မှာထိုင်လိုက်ပီး ခေါင်းအုံးတစ်လုံးဆွဲယူကာ အဲ့ဒီပေါ်မှာမေးလေးတင်ထားတယ်။ စုန့်ရီရဲ့အနံ့ကဒီအပေါ်မှာအပြည့်ရှိနေပီး သက်သောင့်သက်သာဖြစ်စေတဲ့အနံ့လေးထွက်နေတယ်။
စုန့်ရီရဲ့အိမ်ကမကြီးမသေးအိပ်ခန်းနှစ်ခန်းနဲ့ သန့်သန့်ရှင်းရှင်းရှိလှတယ်။ အလှဆင်ထားတာကလဲရိုးရှင်းပီး ဧည့်ခန်ကနေ တခြားအခန်းတွေကိုခွဲဖြာသွားတယ်။
ကုရှင်ချွမ်းလှည့်ပတ်ကြည့်ရင်း ကျောင်းတုန်းကကိစ္စတစ်ခုကိုသတိရသွားတယ်။ စုန့်ရီကကျောင်းပိတ်ရက်တိုင်း ဘာဂါဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ခဲ့တယ်။ အဲ့ဒိအချိန်တုန်းကသူ(gu)ကအရမ်းငယ်ရွယ်ပီး ကောင်းမွန်တဲ့အခြေအနေရှိတော့ လူတွေအကြောင်းကိုလုံးဝမသိခဲ့ဘူး။ စုန့်ရီကဟမ်ဘာဂါဆိုင်မှာအလုပ်လုပ်တယ်ဆိုတာ ပျော်ဖို့ကောင်းလို့လုပ်တယ်ဆိုပီးတွေးခဲ့တယ်။
သူကဘာဂါဆိုင်မှာ စားစရာအများကြီးကို အကြိမ်ရေတော်တော်များများဝယ်ကာ စုန့်ရီကိုနာမည်တပ်ပီး သူ့အတွက်စားစရာတွေပြင်ခိုင်းခဲ့တယ်။ အဲ့တုန်းကဆယ့်ရှစ်ဆယ့်ကိုးပဲရှိသေးတဲ့စုန့်ရီက သူ့ကိုမပြုံးမရယ်ဘဲနဲ့စိုက်ကြည့်ပီး နောက်တစ်ခါထပ်မလာဖို့အေးစက်စက်ပြောခဲ့တယ်။
အဲ့ဒီအချိန်တုန်းကသူထင်ခဲ့တာစုန့်ရီကစိတ်ကြီးပီး ဘာမဟုတ်တာလေးနဲ့ဒေါသထွက်တတ်တဲ့သူလို့ပေါ့။ ဒါပေမဲ့နှစ်တွေကြာလာတော့မှ သူကမာနကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးလေးစားမှုကို ထိပါးစေခဲ့တယ်ဆိုတာကို သူနားလည်ခဲ့ရတယ်။
အဲ့ဒါကိုတွေးမိတော့ ကုရှင်ချွမ်းရဲ့နှလုံးသားက ထူးဆန်းစွာမသက်မသာဖြစ်လာခဲ့တယ်။ စုန့်ရီကဒီနှစ်တွေထဲမှာ အတော်လေးပင်ပန်းခဲ့မှာပဲ။
စုန့်ရီကအဲ့ဒီအချိန်မှာရေချိုခန်းထဲကနေခေါင်းလေးပြူထွက်လာပီး ကုရှင်ချွမ်းရဲ့နဂိုအတိုင်းဖြစ်နေတဲ့အဝတ်အစားတွေကိုကြည့်ကာ အသံတိုးတိုးလေးနဲ့မေးလာတယ် "မင်းအဲ့တာကိုအခုထိမချွတ်ရသေးဘူးလား?"
ကုရှင်ချွမ်းက 'အမ်း' ဆိုပီးခပ်ဝါးဝါးပြောလာပီး သူ့လက်ချောင်းတွေကသူ့ဘောင်းဘီကကြယ်သီးတွေကိုပွင့်ပွင့်လင်းလင်းပဲဖြုတ်လိုက်တယ်။ သူကဘောင်းဘီကိုဖြည်းဖြည်းလေးကန်လိုက်ပီး အချိုးကျကျနဲ့ပြည့်စုံတဲ့ကြွက်သားတွေရှိတဲ့ခြေတံရှည်ရှည်တွေကိုဖော်ပြလာတယ်။ အဲ့တာတွေကအတော်လေးအားအင်အပြည့်ရှိပုံပေါ်တယ်။ သူအပေါ်ပိုင်းမှာဝတ်ထားတဲ့တီရှပ်ကနည်းနည်းပွနေပီး သူ့ရဲ့ခါးကိုပိုပီးကျစ်လျစ်ဟန်ပေါ်စေတယ်။ သူကအလှနတ်ဘုရားရဲ့ဂုဏ်ယူရတဲ့ထုဆစ်မှုတစ်ခုလိုပဲ။
လူတိုင်းကအလှတရားကိုချစ်မြတ်နိုးကြတယ်။ စုန့်ရီကနောက်ထပ်တစ်ခါထပ်ကြည့်လိုက်တော့ သူနှလုံးခုန်နှုန်တွေကမြန်လာပီး နှလုံးသားကတသိမ့်သိမ့်လေးခုန်နေတယ်။
သူ့အကြည့်တွေကိုပြန်ရုတ်လိုက်တဲ့အချိန်မှာ မတော်တဆကုရှင်ချွမ်းခါးကတက်တူးကိုတွေ့လိုက်တယ်။ ဟိုတစ်ခေါက်က ခြေတံရှည်ကောကောပို့လိုက်တဲ့ပုံထဲမှာ ဂရိစာလုံးတွေကိုအတန်းလိုက်လေးထိုးထားတာကိုတွေ့ခဲ့တယ်။ ဒါကအတော်လေးမိုက်တယ်။
အရင်အကြိမ်တွေတုန်းကစုန့်ရီအဲ့တာကိုတစ်ချက်လောက်ပဲဖျတ်ခနဲကြည့်လိုက်တာ။ ကုရှင်ချွမ်းရဲ့မိသားစုလိုချမ်းသာတဲ့မိသားစုတွေကသူတို့ကလေးတွေကိုတက်တူးထိုးဖို့ခွင့်ပြုထားတာလားလို့တောင်သူစဥ်းစားမိသေးတယ်။
ဒီတစ်ကြိမ်မှာ တက်တူးကအနာရွတ်တစ်ခုကိုဖုံးဖို့ထိုးထားတယ်ဆိုတာကို စုန့်ရီရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။ ကုရှင်ချွမ်းရဲ့ခါးပေါ်မှာ ရှည်လျားပီးမညီမညာဖြစ်နေတဲ့အနာရွတ်တစ်ခုရှိနေတယ်။ ပြန်ပီးအသစ်ဖြစ်လာတဲ့အသားအရေဖျော့ဖျော့ကိုကြည့်ရသလောက်တော့ ဒီအနာရွတ်ကအချိန်တော်တော်ကြာနေလောက်ပီ။
စုန့်ရီကသူများရဲ့ privacy ကိုလဲမေးဖို့လဲမလွယ်ကူတာမို့ စိတ်ထဲမှာပဲခန့်မှန်းကြည့်လိုက်တယ်။ တစ်စုံတစ်ယောက်ကကုရှင်ချွမ်းကိုဓားနဲ့တိုက်ခိုက်ရဲတယ်ဆို ဒီတစ်ယောက်ကအသက်ရှင်ရတာပင်ပန်းနေလို့ပဲဖြစ်ရမယ် ဟုတ်တယ်မလား?
ဒီလူရဲ့သတ္တိကပေါ့ပေါ့သေးသေးမဟုတ်ဘူးပဲ။
စုန့်ရီကဘောင်းဘီကိုလျှော်ပီးတော့ မြန်မြန်အခြောက်ခံလိုက်ကာ ကုရှင်ချွမ်းဆီကိုပစ်ပေးလိုက်တယ် "နောက်ကျနေပီ မြန်မြန်ဝတ်ပီးအိမ်ပြန်တော့"
ကုရှင်ချွမ်းကစိတ်မရှည်တာမျိုးမရှိဘဲ ဘောင်းဘီကိုဖြည်းဖြည်းလေးဝတ်နေတယ်။"စုန့်ရီ မင်းအိမ်ကိုတစ်ယောက်ယောက်ရောက်ဖူးသေးလား?"
"မင်းဘာလို့ဒါကိုမေးတာလဲ?" စုန့်ရီအသံကမသာမယာဖြစ်နေတယ်။
"မင်းအိမ်ကအရမ်းရှုပ်ပွနေတယ်လေ မင်းကအဲ့ဒီတစ်ယောက်ရှေ့မှာမျက်နှာပျက်မှာကိုတွေးမိလို့ပါ" ကုရှင်ချွမ်းရှက်ရွံ့မှုမရှိဘဲပြောလာတယ်။
စုန့်ရီကမျက်လုံးကိုမှေးလိုက်တယ် "ငါကမရှက်တတ်ဘူး နောက်ပီးဒီကိစ္စကမင်းနဲ့လဲမပတ်သက်ပါဘူး"
အဲ့ဒါအပြင် သူအိမ်ကလုံးဝရှုပ်ပွမနေပါဘူး။ မရှင်းဘဲထားတာ ရက်အနည်းငယ်လောက်ရှိနေပီဆိုပေမဲ့ အတော်လေးသပ်သပ်ရပ်ရပ်ရှိပါတယ်။ ကုရှင်ချွမ်းသူ့ကိုအပြစ်လိုက်ရှာတာကဘာလို့အကျင့်တစ်ခုလိုဖြစ်နေတာလဲ?
ကုရှင်ချွမ်းကကြယ်သီးတွေတပ်လိုက်ပီး ဘာမှမဖြစ်သလိုပဲပေါ့ပေါ့ပါးပါးမေးလာတယ် "ချန်းစုန့်ရောရောက်ဖူးလား?"
စုန့်ရီကတုံးအမနေပါဘူး။ သူကတခစ်ခစ်ရယ်လိုက်ပီး တမင်သက်သက်လှောင်ပြောင်လိုက်တယ် "ကုရှင်ချွမ်း ဒါတွေမေးနေတာ မင်းငါ့ကိုများကြိုက်နေတာလား?"
ကုရှင်ချွမ်းကသူ့ကိုကြိုက်လိမ့်မယ်လို့သူတော့မထင်ပါဘူး။ သူကအရမ်းဆွဲဆောင်မှုရှိပေမဲ့လဲ ရှန်းလီအပေါ်ကုရှင်ချွမ်းရဲ့ကြိုက်နှစ်သက်မှုကိုကိုယ်တွေ့မြင်နိုင်တယ်။
ဒါတွေပြောနေရတာကကုရှင်ချွမ်းကိုစိတ်ပျက်သွားစေဖို့ဖြစ်တယ်။
ကုရှင်ချွမ်းကခနလောက်ကြောင်သွားပီး စုန့်ရီရဲ့လှောင်နေဟန်တွန့်နေတဲ့နှုတ်ခမ်းတွေကိုတစ်ချက်ကြည့်ကာ အထင်သေးစွာနှာမှုတ်လိုက်တယ် "အရှက်မရှိလိုက်တာ မင်းမျက်နှာပေါ်မှာ ရွေတွေကပ်ထားရင်တောင် ငါကမင်းကိုမကြိုက်ဘူး"
"မင်းဒီတိုင်းပြောမှပဲ ငါစိတ်အေးတော့တယ်" စုန့်ရီကစိတ်သက်သာရာရစွာသက်ပြင်းတစ်ချက်ချလိုက်ပီး ပြုံးလိုက်တယ် "မင်းအရင်ကအတိုင်းပဲဆက်ဆံစမ်းပါ မဟုတ်ရင်မင်းကငါ့ဆီမှာနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်မှာကိုစိုးရိမ်နေရတယ်"
ကုရှင်ချွမ်းနှုတ်ခမ်းကိုတင်းတင်းဖိလိုက်ပီး မျက်နှာကိုအေးစက်စွာနဲ့ပဲအဝေးကိုလှည့်လိုက်တယ် "ကိုယ့်ကိုယ်ကိုအထင်ကြီးတာတွေလျှော့စမ်းပါ ငါကရှန်းလီကိုကြိုက်တာ"
စုန့်ရီကပြုံးပီး ကုရှင်ချွမ်းကိုစိတိဝင်တစားကြည့်လိုက်တယ် "ငါတကယ်သိချင်နေတာ မင်းရှန်းလီကိုဘယ်လိုလုပ်ကြိုက်သွားတာလဲ?"
ကုရှင်ချွမ်းမျက်နှာကြီးကအကြည့်ရဆိုးသွားပေမဲ့ အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူကာခနလောက်စဥ်းစားပီး အလေးအနက်ပြောလာတယ် "Xia Feng ကရှန်းလီအတွက်ရေးထားတာ မင်းအဲ့တာကိုကြားဖူးလား?"
စုန့်ရီနည်းနည်းတောင်အထင်ကြီးသွားတယ်။ ကုရှင်ချွမ်းသီချင်းတွေကိုသူ့ဘက်ကအစပြုပီး နားထောင်တာမျိုးမရှိပေမဲ့ သူ့ဘေးနားမှာအဲ့ဒီသီချင်းကိုနားထောင်တဲ့လူတွေအမြဲတမ်းရှိနေခဲ့တယ်။ 'Xia Feng' ကို အချစ်ဦးကိုဖော်ကျူးတဲ့အံ့ဖွယ်သီချင်းလို့လဲအမည်တပ်ကြသေးတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းကဒီသီချင်းကအဓိကဂီတပလက်ဖောင်းတွေမှာရေပန်းစားခဲ့တယ်။
ကုရှင်ချွမ်းကမြင်ရခဲတဲ့သိမ်မွေ့သောမျက်လုံးလေးတွေနဲ့ခေါင်းလေးစောင်းပီး နူးနူးညံ့ညံ့ပြောနေတယ် "ငါကျောင်းပြောင်းခဲ့တဲ့ ပထမဆုံးရက်မှာ သူကငါ့ဘေးကနေစက်ဘီးဖြတ်စီးသွားတာ အဲ့တုန်းကသူ့မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘူး ဒါပေမဲ့သူ့အင်္ကျီပေါ်ကနာမည်ကဒ်ပြားလေးကိုတော့မြင်လိုက်တယ် သူ့ကိုမြင်လိုက်ရတာကငါ့စိတ်ကူးထားတာနဲ့တစ်ပုံစံတည်းပဲ"
Xia Feng ကသူနဲ့ရှန်းလီပထမဆုံးတွေ့ခဲ့ရတာကိုပုံဖော်ထားတာ။ ဇူလိုင်နဲ့ဩဂုတ်လရဲ့နွေရာသီမှာ ပုစဥ်းရင်ကွဲတွေကအော်မြည်နေပီး အဖြူရှပ်အင်္ကျီနဲ့ကောင်လေးကစက်ဘီးစီးနေတယ်။ ခေါင်းနောက်ကဆံပင်တိုတိုလေးတွေကလေအဝှေ့မှာ တွန့်တွန့်သွားပီး လေပြည်လေးကကောင်လေးရဲ့အင်္ကျီအနားစကိုဖြတ်တိုက်သွားတဲ့အခါမှာ မြု(ဇ်) ကသူ့ရဲ့ဖုံးကွယ်ထားသောအလှအပကိုဖွင့်ဟပြတဲ့အလား နူးညံ့သေးသွယ်တဲ့ခါးလေးကပေါ်လာတယ်။ ကုရှင်ချွမ်းပထမဆုံးအကြိမ်အဖြစ် အလှတရားဆိုတာကိုနားလည်ခဲ့တယ်။
သူနှစ်တွေအများကြီးကြာပီးတာတောင် ဒီမြင်ကွင်းကိုမှတ်မိနေသေးတယ်။
နွေရာသီရယ် အဖြူရောင်ရှပ်အင်္ကျီလေးရယ် စက်ဘီးစီးနေတဲ့ဆယ်ကျော်သက်ကောင်လေးရယ် သူ့ရဲ့ပထမဆုံးသောအချစ်မှာ လှပတဲ့စကားလုံးတွေကစုရုံးတည်ရှိနေခဲ့တယ်။
စုန့်ရီပုံစံကအထူးတဆန်းဖြစ်နေပီး အကြိမ်အနည်းငယ်လောက်ချောင်းဟန့်လိုက်တယ် "မင်းပြောတာက မင်းပထမဆုံးရှန်းလီကိုတွေ့တော့ သူကစက်ဘီးစီးနေတာပေါ့?"
"ဟုတ်တယ်လေ" ကုရှင်ချွမ်းကစုန့်ရီရဲ့မျက်နှာအမူအရာကိုဂရုတစိုက်ကြည့်ရှူစစ်ဆေးနေတယ်။
စုန့်ရီနှုတ်ခမ်းကိုတွန့်လိုက်ပီး ခနလောက်တိတ်ဆိတ်သွားကာ နှလုံးသားရဲ့အောက်ခြေကနေသက်ပြင်းချလိုက်တယ် "အဲ့ဒါကအတော်လေးကောင်းတယ် ငယ်ရွယ်ချိန်ခံစားချက်တွေကအမြဲတမ်းရွှင်လန်းပေါ့ပါးတယ်"
ရှန်းလီကစက်ဘီးကိုဘယ်လိုစီးရမလဲဆိုတာလုံးဝမသိကြောင်းကိုတော့ ကုရှင်ချွမ်းကိုသူမပြောပြနိုင်ခဲ့ဘူး။
~~~~~~~~~~
ILYP ဖတ်တဲ့သူတွေကတော့ ဒီနောက်ဆုံးအပိုင်းကိုသိကြမှာပါ။
နောက်နှစ်ပိုင်းကျ ပေါ်မလာနာမည်ကြား omega လေးနဲ့နှစ်ယောက်သားတွေ့ကြတော့မယ်။
Data 0 ဖြစ်ခါနီးလေးတင်ပေးလိုက်တယ်T.T
Zawgyi
စုန္႔ရီကကုရွင္ခၽြမ္းရဲ့ကားနဲ႔ပဲအိမ္ကိုျပန္လာခဲ့တယ္။ ညဆယ့္တစ္နာရီဆိုေတာ့ ကားပါကင္မွာလူရွင္းတယ္။ စုန္႔ရီကကားတံခါးကိုဖြင့္ကာဆင္းလိုက္ပ္ိး တည္တည္ၿငိမ္ၿငိမ္ပဲေျပာလိုက္တယ္ "ငါ့ကိုအိမ္လိုက္ပို႔ေပးလို႔ေက်းဇူးပါ"
ကုရွင္ခၽြမ္း ကားျပတင္းေပါက္ေပၚမွာတံေတာင္ဆစ္နဲ႔ေထာက္လိုက္ပီး သူ႔ကိုအထက္ေအာက္ၾကည့္လာတယ္ "ေက်းဇူးတင္ပါတယ္ေျပာတာနဲ႔ၿပီးသြားေရာလား?"
စုန္႔ရီကေမးကိုနည္းနည္းေမာ့ပီး သူ႔ကိုၾကည့္လာတယ္။ သူ႔ရဲ့ေမးရိုးအဆုံး လည္ပင္ေလးကပင္လယ္ေအာ္ကေရၾကည္ၾကည္ေလးေတြလိုပဲၾကည္လင္လွတယ္ "မင္းဘာလိုခ်င္လို႔လဲ?"
အဲ့ဒီမ်က္လုံးေတြကလဲေအးစက္ပီး လ်စ္လ်ဳရွုတဲ့အၾကည့္ေတြနဲ႔ၾကည့္တတ္တယ္။
ကုရွင္ခၽြမ္း ဒီထက္ပိုပီးရင္းႏွီးမွုမရွိနိုင္ခဲ့ဘူး။ ေက်ာင္းမွာတုန္းကဆို စုန္႔ရီကေပါင္းရသင္းရလြယ္တဲ့လူအျဖစ္အသိမ်ားၾကတယ္။ သူကလူတိုင္းကိုျပဳံးျပတယ္။ အတန္းပိုင္ဆရာမကဆို ဒီကေလးက စိတ္ထားေကာင္းလြန္းလို႔အနာဂတ္မွာအနိုင့္က်င္ခံရမွာစိုးတယ္ဆိုပီးမၾကာခဏေျပာေလ့ရွိတယ္။
ကုရွင္ခၽြမ္းနဲ႔ေတြ႕ဆုံရင္ေတာ့ စိတ္ဓာတ္က်စရာပဲ။ စုန္႔ရီကလူတိုင္းကိုအထင္ေသးပီး အရမ္းဟိတ္ႀကီးဟန္ႀကီးနိုင္တာကို သူ(gu) ကလြဲပီး ဘယ္သူကမွမေျပာၾကဘူး။ ဒီလူေတြကမ်က္လုံးမ်ားကန္းေနၾကတာလားဆိုပီးသူမနားလည္နိုင္ျဖစ္ေနေပမဲ့ သူတို႔ကိုလ်စ္လ်ဴရွုထားလိုက္တယ္။ ႏွစ္အနည္းငယ္အၾကာမွာေတာ့ ဒါကဘာလဲဆိုတာနားလည္လိုက္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ စုန္႔ရီကဟန္ေဆာင္ေကာင္းလြန္းတယ္!
စုန္႔ရီရဲ့မ်က္လုံးေတြကို အရင္တုန္းးကျမင္ခဲ့ရစဥ္က သူ႔(SY)ကိုေခါင္းငုံ႔ေစပီး သူ႔(gu) ဆီမွာခစားေအာင္လုပ္ပစ္ခ်င္တယ္လို႔ ကုရွင္ခၽြမ္းေတြးခဲ့ဖူးတယ္။ အခုေတာ့ စုန္႔ရီရဲ့ဒီလိုမ်က္လုံးေတြကိုျမင္ရတဲ့အခါမွာ တစ္ကိုယ္လုံးပူေလာင္လာရတယ္....ဒါကေသာက္ရမ္းsexy က်တယ္။
ကုရွင္ခၽြမ္းကအေရွ႕ကိုကိုင္းလိုက္ပီး စုန္႔ရီကိုၾကည့္ကာ အဓိပၸါယ္မျပတ္သားစြာေျပာလာတယ္ "မင္းကငါ့ကိုလက္ဖက္ရည္ေလးတစ္ခြက္ေလာက္ျဖစ္ျဖစ္ေသာက္ဖို႔ေတာင္မေခၚေတာ့ဘူးလား?"
စုန္႔ရီကခပ္ဖြဖြျပဳံးလိုက္ပီး မ်က္ခုံးပင့္ကာ သတိေပးလိုက္္တယ္ "မင္းအရမ္းႀကီးေရာင့္တက္မလာနဲ႔ မင္းဒီေန႔ညငါ့ကိုနမ္းတဲ့ကိစၥကိုမရွင္းရေသးဘူး"
"မင္းလဲတစ္ေယာက္ေယာက္ကိုမနမ္းဖူးတာမွမဟုတ္တာ အေရးႀကီးကိစၥႀကီးလုပ္လို႔" ကုရွင္ခၽြမ္းကလူပါးဝစြာေျပာလာတယ္။
စုန္႔ရီသူ႔ကိုတစ္ခ်က္ၾကည့္လိုက္တယ္ "သခင္ေလးကု မင္းမွာအဓမၼက်င့္သူတစ္ေယာက္ျဖစ္ဖို႔ အရမ္းေကာင္းတဲ့အေၾကာင္းျပခ်က္ေတြရွိတာပဲ"
ကုရွင္ခၽြမ္းကသေဘာမတူဘဲျဖည္းျဖည္းေလးေျပာလာတယ္ "မင္းတစ္ေယာက္တည္းဆိုျမစ္ကိုျဖတ္ပီးတံတားကိုဖ်က္ဆီးလို႔မွမရတာ မင္းပန္းကန္ကိုက်ကြဲေအာင္လုပ္လို႔မင္းအေမဆူသလိုပဲ ဒါကျဖစ္ရိုးျဖစ္စဥ္ကိစၥပါ အဓမၼက်င့္တာလို႔ေျပာလို႔မရဘူး"
တကယ္လို႔သူ႔လက္ထဲမွာ ေရတစ္ဗူးရွိေနခဲ့မယ္ဆိုရင္ ကုရွင္ခၽြမ္းရဲ့မ်က္ႏွာကိုေရနဲ႔ပက္ၿပီးသြားေလာက္ပီ။ သူဒီလိုလူယုတ္မာမ်ိဳးကိုမေတြ႕ဖူးေသးဘူး "သခင္ေလးကု မင္းမွန္ပါတယ္ အဲ့ေတာ့ငါတို႔ၾကားမွာဘာကိစၥမွမရွိဘူး"
သူကေျပာပီးသြားေတာ့လွည့္ထြက္သြားလိုက္တယ္။ ကုရွင္ခၽြမ္းကကားေပၚကေနခုန္ဆင္းလာပီး သူ႔ေနာက္ကေနဘာစကားမွမေျပာဘဲလိုက္လာတယ္။
ေျခလွမ္းသံေတြက တိတ္ဆိတ္ေနတဲ့ကားပါကင္ထဲမွာ ရွင္းရွင္းလင္းလင္းၾကားေနရတယ္။ စုန္႔ရ္ိခနေလာက္လမ္းေလၽွာက္ပီးေတာ့ ရပ္လိုက္ကာ ေခါင္းကိုလွည့္လိုက္တယ္ "မင္းဘာလုပ္ခ်င္လို႔လဲ?"
ကုရွင္ခၽြမ္းကမ်က္ေတာင္ေလးခတ္လိုက္တယ္ "မင္းဟာေတြငါ့ေဘာင္းဘီေပၚက်သြားတာေလ ငါ့ဟာသန္႔ရွင္းေအာင္မင္းကေလၽွာ္ေပးဖို႔တာဝန္ယူရမွာေပါ့"
"မင္းဘာေျပာေနတာလဲ" စုန္႔ရီရဲ့မ်က္ႏွာကမည္းေမွာင္ေနပီး သူ႔စကားေတြကိုနားမလည္ဟန္ေဆာင္လိုက္တယ္။
ကုရွင္ခၽြမ္းကမ်က္ေမွာင္ၾကဳံ႕လိုက္တယ္ "ငါအတည္ေျပာေနတာ ငါ့အေမကငါ့အိမ္မွာေရာက္ေနတာ ငါဒီအတိုင္းႀကီးျပန္မသြားခ်င္ဘူး"
စုန္႔ရီကသူေျပာတာအမွန္လားအမွားလားဆိုတာမေျပာတတ္ဘူး။ ဒါေပမဲ့ ႏူးညံ့လွပပီး သူတစ္ပါးရဲ့ႏွလုံးသားကိုၾကည္လင္ေစတဲ့မားမားကုကိုေတြးမိေတာ့ တြန္႔ဆုတ္ဆုတ္နဲ႔ေခါင္းညိမ့္လိုက္ပီး မသက္မသာေျပာလိုက္တယ္ "မင္းငါ့အေမကိုေတာ့အေႏွာင့္အယွက္ေပးလို႔မရဘူးေနာ္ ေလၽွာ္ပီးသြားရင္ျမန္ျမန္ျပန္ရမယ္"
ကုရွင္ခၽြမ္းကစုန္႔ရီရဲ့အိမ္အေၾကာင္းသိတယ္။ Star Entertianment Company မွာရွိတဲ့အႏုပညာရွင္ေတြရဲ့information အားလုံးကိုသူၾကည့္ဖူးတယ္။ စုန္႔ရီတို႔ေနတဲ့ေနရာကလြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကမွေဆာက္လုပ္ခဲ့တာျဖစ္တယ္။.ပတ္ဝန္းက်င္ကေကာင္းမြန္ပီး ပိုင္ရွင္ေတြရဲ့အေၾကာင္းထိန္းသိမ္းမွုကလဲအေတာ္ေလးေကာင္းတယ္။ ဒါ့ေၾကာင့္ဒီမွာ အႏုပညာနယ္ပယ္မွာ ဒုတိယနဲ႔တတိယအဆင့္အရွိတဲ့အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားဒီမွာေနၾကတယ္။
"ငါ့အေမအိပ္ေနတယ္ မင္းအသံတိုးတိုးေန" စုန္႔ရီကတံခါးကိုျဖည္းျဖည္းေလးပိတ္လိုက္တယ္။
ကုရွင္ခၽြမ္းကဆိုဖာေပၚမွာထိုင္လိုက္ပီး ေခါင္းအုံးတစ္လုံးဆြဲယူကာ အဲ့ဒီေပၚမွာေမးေလးတင္ထားတယ္။ စုန္႔ရီရဲ့အနံ့ကဒီအေပၚမွာအျပည့္ရွိေနပီး သက္ေသာင့္သက္သာျဖစ္ေစတဲ့အနံ့ေလးထြက္ေနတယ္။
စုန္႔ရီရဲ့အိမ္ကမႀကီးမေသးအိပ္ခန္းႏွစ္ခန္းနဲ႔ သန္႔သန္႔ရွင္းရွင္းရွိလွတယ္။ အလွဆင္ထားတာကလဲရိုးရွင္းပီး ဧည့္ခန္ကေန တျခားအခန္းေတြကိုခြဲျဖာသြားတယ္။
ကုရွင္ခၽြမ္းလွည့္ပတ္ၾကည့္ရင္း ေက်ာင္းတုန္းကကိစၥတစ္ခုကိုသတိရသြားတယ္။ စုန္႔ရီကေက်ာင္းပိတ္ရက္တိုင္း ဘာဂါဆိုင္မွာအခ်ိန္ပိုင္းအလုပ္လုပ္ခဲ့တယ္။ အဲ့ဒိအခ်ိန္တုန္းကသူ(gu)ကအရမ္းငယ္ရြယ္ပီး ေကာင္းမြန္တဲ့အေျခအေနရွိေတာ့ လူေတြအေၾကာင္းကိုလုံးဝမသိခဲ့ဘူး။ စုန္႔ရီကဟမ္ဘာဂါဆိုင္မွာအလုပ္လုပ္တယ္ဆိုတာ ေပ်ာ္ဖို႔ေကာင္းလို႔လုပ္တယ္ဆိုပီးေတြးခဲ့တယ္။
သူကဘာဂါဆိုင္မွာ စားစရာအမ်ားႀကီးကို အႀကိမ္ေရေတာ္ေတာ္မ်ားမ်ားဝယ္ကာ စုန္႔ရီကိုနာမည္တပ္ပီး သူ႔အတြက္စားစရာေတြျပင္ခိုင္းခဲ့တယ္။ အဲ့တုန္းကဆယ့္ရွစ္ဆယ့္ကိုးပဲရွိေသးတဲ့စုန္႔ရီက သူ႔ကိုမျပဳံးမရယ္ဘဲနဲ႔စိုက္ၾကည့္ပီး ေနာက္တစ္ခါထပ္မလာဖို႔ေအးစက္စက္ေျပာခဲ့တယ္။
အဲ့ဒီအခ်ိန္တုန္းကသူထင္ခဲ့တာစုန္႔ရီကစိတ္ႀကီးပီး ဘာမဟုတ္တာေလးနဲ႔ေဒါသထြက္တတ္တဲ့သူလို႔ေပါ့။ ဒါေပမဲ့ႏွစ္ေတြၾကာလာေတာ့မွ သူကမာနႀကီးတဲ့ေကာင္ေလးတစ္ေယာက္ရဲ့ကိုယ့္ကိုယ္ကိုအထင္ႀကီးေလးစားမွုကို ထိပါးေစခဲ့တယ္ဆိုတာကို သူနားလည္ခဲ့ရတယ္။
အဲ့ဒါကိုေတြးမိေတာ့ ကုရွင္ခၽြမ္းရဲ့ႏွလုံးသားက ထူးဆန္းစြာမသက္မသာျဖစ္လာခဲ့တယ္။ စုန္႔ရီကဒီႏွစ္ေတြထဲမွာ အေတာ္ေလးပင္ပန္းခဲ့မွာပဲ။
စုန္႔ရီကအဲ့ဒီအခ်ိန္မွာေရခ်ိဳခန္းထဲကေနေခါင္းေလးျပဴထြက္လာပီး ကုရွင္ခၽြမ္းရဲ့နဂိုအတိုင္းျဖစ္ေနတဲ့အဝတ္အစားေတြကိုၾကည့္ကာ အသံတိုးတိုးေလးနဲ႔ေမးလာတယ္ "မင္းအဲ့တာကိုအခုထိမခၽြတ္ရေသးဘူးလား?"
ကုရွင္ခၽြမ္းက 'အမ္း' ဆိုပီးခပ္ဝါးဝါးေျပာလာပီး သူ႔လက္ေခ်ာင္းေတြကသူ႔ေဘာင္းဘီကၾကယ္သီးေတြကိုပြင့္ပြင့္လင္းလင္းပဲျဖဳတ္လိုက္တယ္။ သူကေဘာင္းဘီကိုျဖည္းျဖည္းေလးကန္လိုက္ပီး အခ်ိဳးက်က်နဲ႔ျပည့္စုံတဲ့ႂကြက္သားေတြရွိတဲ့ေျခတံရွည္ရွည္ေတြကိုေဖာ္ျပလာတယ္။ အဲ့တာေတြကအေတာ္ေလးအားအင္အျပည့္ရွိပုံေပၚတယ္။ သူအေပၚပိုင္းမွာဝတ္ထားတဲ့တီရွပ္ကနည္းနည္းပြေနပီး သူ႔ရဲ့ခါးကိုပိုပီးက်စ္လ်စ္ဟန္ေပၚေစတယ္။ သူကအလွနတ္ဘုရားရဲ့ဂုဏ္ယူရတဲ့ထုဆစ္မွုတစ္ခုလိုပဲ။
လူတိုင္းကအလွတရားကိုခ်စ္ျမတ္နိုးၾကတယ္။ စုန္႔ရီကေနာက္ထပ္တစ္ခါထပ္ၾကည့္လိုက္ေတာ့ သူႏွလုံးခုန္ႏွုန္ေတြကျမန္လာပီး ႏွလုံးသားကတသိမ့္သိမ့္ေလးခုန္ေနတယ္။
သူ႔အၾကည့္ေတြကိုျပန္႐ုတ္လိုက္တဲ့အခ်ိန္မွာ မေတာ္တဆကုရွင္ခၽြမ္းခါးကတက္တူးကိုေတြ႕လိုက္တယ္။ ဟိုတစ္ေခါက္က ေျခတံရွည္ေကာေကာပို႔လိုက္တဲ့ပုံထဲမွာ ဂရိစာလုံးေတြကိုအတန္းလိုက္ေလးထိုးထားတာကိုေတြ႕ခဲ့တယ္။ ဒါကအေတာ္ေလးမိုက္တယ္။
အရင္အႀကိမ္ေတြတုန္းကစုန္႔ရီအဲ့တာကိုတစ္ခ်က္ေလာက္ပဲဖ်တ္ခနဲၾကည့္လိုက္တာ။ ကုရွင္ခၽြမ္းရဲ့မိသားစုလိုခ်မ္းသာတဲ့မိသားစုေတြကသူတို႔ကေလးေတြကိုတက္တူးထိုးဖို႔ခြင့္ျပဳထားတာလားလို႔ေတာင္သူစဥ္းစားမိေသးတယ္။
ဒီတစ္ႀကိမ္မွာ တက္တူးကအနာရြတ္တစ္ခုကိုဖုံးဖို႔ထိုးထားတယ္ဆိုတာကို စုန္႔ရီရွင္းရွင္းလင္းလင္းျမင္လိုက္ရတယ္။ ကုရွင္ခၽြမ္းရဲ့ခါးေပၚမွာ ရွည္လ်ားပီးမညီမညာျဖစ္ေနတဲ့အနာရြတ္တစ္ခုရွိေနတယ္။ ျပန္ပီးအသစ္ျဖစ္လာတဲ့အသားအေရေဖ်ာ့ေဖ်ာ့ကိုၾကည့္ရသေလာက္ေတာ့ ဒီအနာရြတ္ကအခ်ိန္ေတာ္ေတာ္ၾကာေနေလာက္ပီ။
စုန္႔ရီကသူမ်ားရဲ့ privacy ကိုလဲေမးဖို႔လဲမလြယ္ကူတာမို႔ စိတ္ထဲမွာပဲခန္႔မွန္းၾကည့္လိုက္တယ္။ တစ္စုံတစ္ေယာက္ကကုရွင္ခၽြမ္းကိုဓားနဲ႔တိုက္ခိုက္ရဲတယ္ဆို ဒီတစ္ေယာက္ကအသက္ရွင္ရတာပင္ပန္းေနလို႔ပဲျဖစ္ရမယ္ ဟုတ္တယ္မလား?
ဒီလူရဲ့သတၱိကေပါ့ေပါ့ေသးေသးမဟုတ္ဘူးပဲ။
စုန္႔ရီကေဘာင္းဘီကိုေလၽွာ္ပီးေတာ့ ျမန္ျမန္အေျခာက္ခံလိုက္ကာ ကုရွင္ခၽြမ္းဆီကိုပစ္ေပးလိုက္တယ္ "ေနာက္က်ေနပီ ျမန္ျမန္ဝတ္ပီးအိမ္ျပန္ေတာ့"
ကုရွင္ခၽြမ္းကစိတ္မရွည္တာမ်ိဳးမရွိဘဲ ေဘာင္းဘီကိုျဖည္းျဖည္းေလးဝတ္ေနတယ္။"စုန္႔ရီ မင္းအိမ္ကိုတစ္ေယာက္ေယာက္ေရာက္ဖူးေသးလား?"
"မင္းဘာလို႔ဒါကိုေမးတာလဲ?" စုန္႔ရီအသံကမသာမယာျဖစ္ေနတယ္။
"မင္းအိမ္ကအရမ္းရွုပ္ပြေနတယ္ေလ မင္းကအဲ့ဒီတစ္ေယာက္ေရွ႕မွာမ်က္ႏွာပ်က္မွာကိုေတြးမိလို႔ပါ" ကုရွင္ခၽြမ္းရွက္ရြံ့မွုမရွိဘဲေျပာလာတယ္။
စုန္႔ရီကမ်က္လုံးကိုေမွးလိုက္တယ္ "ငါကမရွက္တတ္ဘူး ေနာက္ပီးဒီကိစၥကမင္းနဲ႔လဲမပတ္သက္ပါဘူး"
အဲ့ဒါအျပင္ သူအိမ္ကလုံးဝရွုပ္ပြမေနပါဘူး။ မရွင္းဘဲထားတာ ရက္အနည္းငယ္ေလာက္ရွိေနပီဆိုေပမဲ့ အေတာ္ေလးသပ္သပ္ရပ္ရပ္ရွိပါတယ္။ ကုရွင္ခၽြမ္းသူ႔ကိုအျပစ္လိုက္ရွာတာကဘာလို႔အက်င့္တစ္ခုလိုျဖစ္ေနတာလဲ?
ကုရွင္ခၽြမ္းကၾကယ္သီးေတြတပ္လိုက္ပီး ဘာမွမျဖစ္သလိုပဲေပါ့ေပါ့ပါးပါးေမးလာတယ္ "ခ်န္းစုန္႔ေရာေရာက္ဖူးလား?"
စုန္႔ရီကတုံးအမေနပါဘူး။ သူကတခစ္ခစ္ရယ္လိုက္ပီး တမင္သက္သက္ေလွာင္ေျပာင္လိုက္တယ္ "ကုရွင္ခၽြမ္း ဒါေတြေမးေနတာ မင္းငါ့ကိုမ်ားႀကိဳက္ေနတာလား?"
ကုရွင္ခၽြမ္းကသူ႔ကိုႀကိဳက္လိမ့္မယ္လို႔သူေတာ့မထင္ပါဘူး။ သူကအရမ္းဆြဲေဆာင္မွုရွိေပမဲ့လဲ ရွန္းလီအေပၚကုရွင္ခၽြမ္းရဲ့ႀကိဳက္ႏွစ္သက္မွုကိုကိုယ္ေတြ႕ျမင္နိုင္တယ္။
ဒါေတြေျပာေနရတာကကုရွင္ခၽြမ္းကိုစိတ္ပ်က္သြားေစဖို႔ျဖစ္တယ္။
ကုရွင္ခၽြမ္းကခနေလာက္ေၾကာင္သြားပီး စုန္႔ရီရဲ့ေလွာင္ေနဟန္တြန္႔ေနတဲ့ႏွုတ္ခမ္းေတြကိုတစ္ခ်က္ၾကည့္ကာ အထင္ေသးစြာႏွာမွုတ္လိုက္တယ္ "အရွက္မရွိလိုက္တာ မင္းမ်က္ႏွာေပၚမွာ ေရြေတြကပ္ထားရင္ေတာင္ ငါကမင္းကိုမႀကိဳက္ဘူး"
"မင္းဒီတိုင္းေျပာမွပဲ ငါစိတ္ေအးေတာ့တယ္" စုန္႔ရီကစိတ္သက္သာရာရစြာသက္ျပင္းတစ္ခ်က္ခ်လိုက္ပီး ျပဳံးလိုက္တယ္ "မင္းအရင္ကအတိုင္းပဲဆက္ဆံစမ္းပါ မဟုတ္ရင္မင္းကငါ့ဆီမွာနက္နက္ရွိုင္းရွိုင္းအျမစ္တြယ္မွာကိုစိုးရိမ္ေနရတယ္"
ကုရွင္ခၽြမ္းႏွုတ္ခမ္းကိုတင္းတင္းဖိလိုက္ပီး မ်က္ႏွာကိုေအးစက္စြာနဲ႔ပဲအေဝးကိုလွည့္လိုက္တယ္ "ကိုယ့္ကိုယ္ကိုအထင္ႀကီးတာေတြေလၽွာ့စမ္းပါ ငါကရွန္းလီကိုႀကိဳက္တာ"
စုန္႔ရီကျပဳံးပီး ကုရွင္ခၽြမ္းကိုစိတိဝင္တစားၾကည့္လိုက္တယ္ "ငါတကယ္သိခ်င္ေနတာ မင္းရွန္းလီကိုဘယ္လိုလုပ္ႀကိဳက္သြားတာလဲ?"
ကုရွင္ခၽြမ္းမ်က္ႏွာႀကီးကအၾကည့္ရဆိုးသြားေပမဲ့ အသက္ကိုခပ္ျပင္းျပင္းတစ္ခ်က္ရွူကာခနေလာက္စဥ္းစားပီး အေလးအနက္ေျပာလာတယ္ "Xia Feng ကရွန္းလီအတြက္ေရးထားတာ မင္းအဲ့တာကိုၾကားဖူးလား?"
စုန္႔ရီနည္းနည္းေတာင္အထင္ႀကီးသြားတယ္။ ကုရွင္ခၽြမ္းသီခ်င္းေတြကိုသူ႔ဘက္ကအစျပဳပီး နားေထာင္တာမ်ိဳးမရွိေပမဲ့ သူ႔ေဘးနားမွာအဲ့ဒီသီခ်င္းကိုနားေထာင္တဲ့လူေတြအျမဲတမ္းရွိေနခဲ့တယ္။ 'Xia Feng' ကို အခ်စ္ဦးကိုေဖာ္က်ဴးတဲ့အံ့ဖြယ္သီခ်င္းလို႔လဲအမည္တပ္ၾကေသးတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကဒီသီခ်င္းကအဓိကဂီတပလက္ေဖာင္းေတြမွာေရပန္းစားခဲ့တယ္။
ကုရွင္ခၽြမ္းကျမင္ရခဲတဲ့သိမ္ေမြ႕ေသာမ်က္လုံးေလးေတြနဲ႔ေခါင္းေလးေစာင္းပီး ႏူးႏူးညံ့ညံ့ေျပာေနတယ္ "ငါေက်ာင္းေျပာင္းခဲ့တဲ့ ပထမဆုံးရက္မွာ သူကငါ့ေဘးကေနစက္ဘီးျဖတ္စီးသြားတာ အဲ့တုန္းကသူ႔မ်က္ႏွာကိုရွင္းရွင္းလင္းလင္းမျမင္လိုက္ရဘူး ဒါေပမဲ့သူ႔အကၤ်ီေပၚကနာမည္ကဒ္ျပားေလးကိုေတာ့ျမင္လိုက္တယ္ သူ႔ကိုျမင္လိုက္ရတာကငါ့စိတ္ကူးထားတာနဲ႔တစ္ပုံစံတည္းပဲ"
Xia Feng ကသူနဲ႔ရွန္းလီပထမဆုံးေတြ႕ခဲ့ရတာကိုပုံေဖာ္ထားတာ။ ဇူလိုင္နဲ႔ဩဂုတ္လရဲ့ေႏြရာသီမွာ ပုစဥ္းရင္ကြဲေတြကေအာ္ျမည္ေနပီး အျဖဴရွပ္အကၤ်ီနဲ႔ေကာင္ေလးကစက္ဘီးစီးေနတယ္။ ေခါင္းေနာက္ကဆံပင္တိုတိုေလးေတြကေလအေဝွ႕မွာ တြန္႔တြန္႔သြားပီး ေလျပည္ေလးကေကာင္ေလးရဲ့အကၤ်ီအနားစကိုျဖတ္တိုက္သြားတဲ့အခါမွာ ျမဳ(ဇ္) ကသူ႔ရဲ့ဖုံးကြယ္ထားေသာအလွအပကိုဖြင့္ဟျပတဲ့အလား ႏူးညံ့ေသးသြယ္တဲ့ခါးေလးကေပၚလာတယ္။ ကုရွင္ခၽြမ္းပထမဆုံးအႀကိမ္အျဖစ္ အလွတရားဆိုတာကိုနားလည္ခဲ့တယ္။
သူႏွစ္ေတြအမ်ားႀကီးၾကာပီးတာေတာင္ ဒီျမင္ကြင္းကိုမွတ္မိေနေသးတယ္။
ေႏြရာသီရယ္ အျဖဴေရာင္ရွပ္အကၤ်ီေလးရယ္ စက္ဘီးစီးေနတဲ့ဆယ္ေက်ာ္သက္ေကာင္ေလးရယ္ သူ႔ရဲ့ပထမဆုံးေသာအခ်စ္မွာ လွပတဲ့စကားလုံးေတြကစု႐ုံးတည္ရွိေနခဲ့တယ္။
စုန္႔ရီပုံစံကအထူးတဆန္းျဖစ္ေနပီး အႀကိမ္အနည္းငယ္ေလာက္ေခ်ာင္းဟန္႔လိုက္တယ္ "မင္းေျပာတာက မင္းပထမဆုံးရွန္းလီကိုေတြ႕ေတာ့ သူကစက္ဘီးစီးေနတာေပါ့?"
"ဟုတ္တယ္ေလ" ကုရွင္ခၽြမ္းကစုန္႔ရီရဲ့မ်က္ႏွာအမူအရာကိုဂ႐ုတစိုက္ၾကည့္ရွူစစ္ေဆးေနတယ္။
စုန္႔ရီႏွုတ္ခမ္းကိုတြန္႔လိုက္ပီး ခနေလာက္တိတ္ဆိတ္သြားကာ ႏွလုံးသားရဲ့ေအာက္ေျခကေနသက္ျပင္းခ်လိုက္တယ္ "အဲ့ဒါကအေတာ္ေလးေကာင္းတယ္ ငယ္ရြယ္ခ်ိန္ခံစားခ်က္ေတြကအျမဲတမ္းရႊင္လန္းေပါ့ပါးတယ္"
ရွန္းလီကစက္ဘီးကိုဘယ္လိုစီးရမလဲဆိုတာလုံးဝမသိေၾကာင္းကိုေတာ့ ကုရွင္ခၽြမ္းကိုသူမေျပာျပနိုင္ခဲ့ဘူး။
~~~~~~~~~~
ILYP ဖတ္တဲ့သူေတြကေတာ့ ဒီေနာက္ဆုံးအပိုင္းကိုသိၾကမွာပါ။
ေနာက္နစ္ပိုင္းက် ေပၚမလာနာမည္ၾကား omega ေလးနဲ႔ႏွစ္ေယာက္သားေတြ႕ၾကေတာ့မယ္။
Data 0 ျဖစ္ခါနီးေလးတင္ေပးလိုက္တယ္T.T