"ရာရှင်းသန့့်် ရာရှင်းသန့့်် ဘယ်ရောက်နေတာလဲမသိဘူး...
ထမင်းစားချိန်ပဲရောက်နေပြီ ဒီလူဘယ်သွားနေလဲမသိဘူး.."
ထမင်းစားပွဲပေါ်မှာ သူ့အတွက် ထမင်းတစ်ပန်းကန်သာပြင်ပေးထားပြီး ရာရှင်းသန့်ကတော့ဘယ်ရောက်နေလဲမသိပေ။
"ကိုယ်အပင်တွေရေလောင်းနေတာ...
နောင်တစ်ယောက်တည်းထမင်းစားလိုက်တော့...
ကိုယ်မဆာသေးလို့ပြီးမှစားမယ်..."
နောင့်ကိုလာပြောပြီး ရှင်းသန့်က့်က ခေါင်းရင်းဘက်ကိုပြန်ထွက်သွားသည်။
"ဘာလဲဟ ဒီလူ..."
အရင်နေ့တွေကတောင် သူမစားသေးရင် မစားတတ်တဲ့သူက အခုစားနှင့်တဲ့လား။
"စားနှင့်ဆိုတော့လည်း စားရတာပေါ့..."
ရှင်းသန့်ဗိုက်ဆာနေပေမယ့်လည်း နောင်ထမင်းစားနေတာကြောင့် မစားသေးဘဲစောင့်နေခြင်းဖြစ်သည်။ နောင်က ပိုင်ရှင်ရှိတဲ့လူတစ်ယောက်ဖြစ်သွားပြီဆိုတော့ နောင့်အပေါ်ထားနေတဲ့စိတ်တွေကို ရှင်းသန့်ဖြည်းဖြည်း ဖြတ်တောက်ရမည်။ ပိုင်ရှင်ရှိတာသိသိရက်နဲ့ သူစိတ်ထားနေရင်း နောက်ဆုံးသူပဲပိုခံစားရမှာလေ။
"အလှလေး အလှလေး.."
"သြော် နေထူး.."
အိမ်ရှေ့ကနေလှမ်းခေါ်နေသည်မို့ ရှင်းသန့်ပိုက်ကိုချကာ ထွက်လာခဲ့သည်။
"အလှလေးကဗျာ အလှူကိုလာလည်းမလာဘူး.."
"အယ် ဒီနေ့လား ကိုယ်မေ့သွားတယ်.."
ဟုတ်သား နေထူးကအလှူလာဖို့ဖိတ်ထားတာပဲ..
"မေ့သွားတယ်ဆိုလို့ခွင့်လွှတ်လိုက်မယ်..
ဒီမှာ အလှလေးဖို့ ငါးကြင်းပေါင်းနဲ့ငပိပေါင်း..
အသုပ်လေးရော.."
"မဟုတ်တာ နေထူးရာ ဒီလိုတွေလာမပို့ပါနဲ့...
ကိုယ်လည်းဘာမှလုပ်ပေးထားတာမရှိဘဲနဲ့.."
"အလှလေးကိုစားစေချင်လို့ပါဗျာ...
ယူထားလိုက်ပါ.."
"ဟို နောင်က ပြောမှာစိုးလို့ပါ.."
"သိပြီ ကျွန်တော်နားလည်ပြီ.."
ဟင်းထုပ်တွေကိုင်ပြီး နေထူးကအထဲကိုဝင်သွားသည်။
"နောင်နောင် ဟေ့ကောင် နောင်နောင်.."
"ဘာလဲ? ဒီကိုဘာလာလုပ်ပြန်တာလဲ?..."
"ဒီမှာ မင်းတို့အတွက်ဟင်းလာပေးတာ..."
မင်းတို့အတွက်ဆိုကတည်းက နောင်သိလိုက်ပြီ။
"စားလိုက်နော် ငါထားသွားမယ်..."
ပြောပြီး နေထူးအမြန်ပြန်ထွက်လာသည်။ ခေါင်းရင်းကနေလှမ်းကြည့်နေတဲ့အလှလေးကို Okလုပ်ပြလိုက်ပြီး မျက်လုံးမှိတ်ပြကာ ထွက်သွားသည်။ အိမ်ထဲကိုပြန်ကြည့်လိုက်တော့ သူတို့ကိုကြည့်နေတဲ့နောင်ကြောင့် ရှင်းသန့်မျက်နှာကိုလွှဲလိုက်သည်။
စားပွဲပေါ်တင်ထားတဲ့ဟင်းထုပ်တွေကိုယူလိုက်ပြီး ထည့်လိုက်ကာ ဝက်စာအိုးထဲသို့.....
"နောင်အဲ့တာဘာလုပ်တာလဲ?.."
"ဘာလုပ်တာမြင်လဲ?.."
"နေထူးကစေတနာနဲ့လာပေးတာကို.."
"စေတနာကိုအသိအမှတ်ပြုချင်ရင် အဲ့ထဲကနေပဲယူစားလိုက်တော့...
ပိုးကြေးပန်းကြေးလာပေးတဲ့ပစ္စည်းတွေကို ကျုပ်အိမ်မှာမထားနိုင်ဘူး.."
ရှင်းသန့် နောင့်ကိုဘာမှပြန်မပြောချင်တော့။
"နေဦး.."
ရှင်းသန့်ကအပြင်ထွက်ဖို့ပြင်သော်လည်း နောင့်ကလက်ကိုဆွဲထားလေသည်။
"လက်ကိုလွှတ်ပြီးပြောပါ.."
နောင်ကိုင်ထားတဲ့လက်ကိုအတင်းရုန်းလိုက်ပြီး ရှင်းသန့်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ? ခင်ဗျားအသားကဘာတွေနဲ့ထုထားလို့အထိမခံတာလဲ?.."
ပြောလည်းပြော နောင်ကရှင်းသန့်ရဲ့လ့်ရဲ့လက်၂ဖက်လုံးကိုချုပ်ကိုင်ထားလေသည်။
"ပိုင်ရှင်ရှိသားလူတစ်ယောက်အနေနဲ့ အခုလိုအပြုအမူမျိုးတွေ မပြုမူပါနဲ့တော့..."
"ဘာတွေပြောနေတာလဲ?..
ခင်ဗျားပြောနေတာတွေတစ်ခုမှနားမလည်ဘူး..."
"နောင်နဲ့နီလာကချစ်သူတွေဖြစ်နေပြီဆိုတာ ကိုယ်သိတယ်...
ပိုင်ရှင်ရှိနေတဲ့လူတစ်ယောက်နဲ့ကိုယ်နီးနီးကပ်ကပ်မနေချင်ဘူး...
နီလာတွေ့သွားရင်လည်းမကောင်းပါဘူး.."
"ဘာတွေပြောနေတာလဲ?..
ပိုင်ရှင်ရှိတာတွေရော နီလာရောဘာတွေလဲ?..
ခင်ဗျားပြောနေတာတွေ ကျွန်တော်ဘာမှနားမလည်ဘူး.."
"နောင်နားလည်သွားမှာပါ...
ကိုယ့်ကိုလွှတ်ပေးတော့ ကိုယ်ထမင်းဆာနေပြီ.."
ပြောလိုက်မှနောင်ကလက်ကိုလွှတ်ပေးလာသည်။ ရှင်းသန့်လ့်လည်းနောင့်ကိုကျောခိုင်းလိုက်ပြီး ထမင်းစားဖို့ပြင်လိုက်သည်။
"သြော် ရာရှင်းသန့့်် ကြောင်အိမ်ထဲမှာ သာကူမုန့်ဖက်ထုပ်တွေရှိတယ်..."
"အဲ့တာကိုယ်ကဘာလုပ်ရမှာလဲ?.."
ဟုတ်တယ်လေ နောင်ကရှိတယ်ပဲပြောတာ သူကဘာလုပ်ရမှာလဲ?...
"လွှင့်ပစ်ရမှာဟေ လွှင့်ပစ်ရမှာ...
တကယ်တည်းမှပဲ..."
"အင်းအင်း ကိုယ်လွှတ်ပစ်လိုက်မယ်.."
"ရာရှင်းသန့့််! ခင်ဗျား!...
လုပ်ချင်သလိုလုပ်တော့.."
ရာရှင်းသန့်ဆိုတဲ့လူက စေတနာနဲ့ကိုမတန်ဘူး...
နေထူးကျွေးတဲ့အစားအမှစားမှာတဲ့လား...
ပြောပြီးနောင်ကထွက်သွားတာမို့ ရှင်းသန့်လ့်လည်း ဆာနေတဲ့ဗိုက်ကိုဖြည့်လိုက်သည်။ ပန်းကန်တွေဆေးပြီးတာနဲ့ ရှင်းသန့်လ့်လည်းပန်းကန်တွေကိုကြောင်အိမ်ထဲမှာသေချာထည့်လိုက်သည်။ ကြွေပန်းကန်လေးထဲမှာထည့်ထားတဲ့သာကူမုန့်ဖက်ထုပ်တွေကိုတွေ့ရတာမို့ ရှင်းသန့်သေချာထုတ်ကြည့်လိုက်သည်။
"အကောင်းကြီးရှိသေးတာကို နောင်ကလည်းလေ နှမြောစရာ.."
တစ်ခုကိုယူပြီးစားကြည့်လိုက်တော့ တကယ်ကောင်းသည်။ အထဲကအုန်းယိုလေးနဲ့ဆိုတော့ ရှင်းသန့်တကယ်ကြိုက်သည်။ နောင်က မြန်မာမုန့်တွေကြိုက်တဲ့သူဆိုတော့ ဒီလိုမုန့်တွေနဲ့သူမစိမ်း။
"ဒီလောက်ကောင်းတာကို နောင့်ကိုနောက်တစ်ခါဝယ်ကျွေးခိုင်းမှ..."
သူကသာပြောနေတာ နောင်ကတော့ သူ့အလိုကိုဖြည့်ပေးမယ်မထင်ဘူး..
ဘာပဲဖြစ်ဖြစ် ဒီလိုစားချင်တာလေးစားရတော့ နောင့်ကိုပိုချစ်သွားပြီ...
{ဘာမှမဆိုင်ဘူး}
_______________________________
"တောက်တဲ့!.."
"အား!! မေမေ့! မေမေ့!..."
တရေးနိုးကြီးတောက်တဲ့အသံကြားတာမို့ ရှင်းသန့်ထြ့်ထကြည့်လိုက်တဲ့အခါ သူအိမ်တဲ့ဘေးက ဗီရိုပေါ်ကအိမ်တိုင်မှာကပ်နေတဲ့တောက်တဲ့တွေ့တာမို့ မထိန်းနိုင်တော့ဘဲ အော်မိသွားသည်။
"ဘာဖြစ်တာလဲ? အလန့်တကြား.."
"နောင် နောင်လုပ်ပါဦး...
ကိုယ်အိပ်တဲ့ဘေးမှာ တောက်တဲ့ကြီး.."
အိပ်ချင်မူးတူးနဲ့ထလာတယ်ထင် ပုဆိုးကိုမကာ နောင်ကသူ့နားကိုလျှောက်လာသည်။ ရှင်းသန့်လ့်လည်း နောင့်အနားကပ်သွားလိုက်ပြ်ိး နောင့်လက်ကိုမရဲတရဲကိုင်ထားလိုက်သည်။ နောင်ဘက်ကလည်းတွန်းမထုတ်တာမို့ ရှင်းသန့်ဆက်ကိုင်ထားလိုက်သည်။ မနက်ကလေးတင် သူ့အသားကိုမထိဖို့ပြောခဲ့ပေမယ့် ထိုအချက်ကိုသူကိုယ်တိုင်ပဲအရင်ချိုးဖောက်မိသွားသည်။
"တောက်တဲ့တစ်ကောင်က ခင်ဗျားကိုဘာလုပ်နိုင်မှာမို့လို့လဲ?..
ဒီလောက်ကြောက်နေတာ.."
"တောက်တဲ့ဆိုတာမျိုးက ကပ်လိုက်ရင် မိုးရွာမှခွာလို့ရတာတဲ့ ကိုယ်ကြောက်တယ်...
အဲ့တောက်တက်ကိုမောင်းပေးပါနောင်ရာ...
ကိုယ်မအိပ်ရဲလို့ပါ.."
"သူကအဲ့မှာနေလာတာတော်တော်ကြာနေပြီ..
အခုမှဘယ်လိုမောင်းမလဲ?..
ခင်ဗျားမအိပ်ရဲရင်မအိပ်နဲ့ပေါ့.."
"အဲ့တော့ကိုယ်ဘယ်လိုလုပ်ရမလဲ မီးဖိုဆောင်မှာသွားအိပ်ရမှာလား.."
နောင့်အိမ်က တစ်ထပ်အိမ်ဖြစ်တာမို့ရှင်းသန့်အိပ်တဲ့ဧည့်ခန်းရယ် နောင်အိပ်တဲ့အခန်းရယ် မီးဖိုဆောင်(ထမင်းစားခန်း)နဲ့မှ ၃ခန်းပဲရှိသည်မို့ ရှင်းသန့်အိပ်စရာ မီးဖိုဆောင်ပဲရှိမည်။ နောင်ကတော့သူ့အခန်းမှာပေးအိပ်မယ်လို့မထင်ပေ။
"ဟူး..................
ကျုပ်အခန်းထဲမှာလာအိပ်.."
"ဟင်.."
ကြားလိုက်ရတဲ့ရှင်းသန့်ကိုယ့်နားကိုကိုယ်မယုံတော့။ သူစိတ်ကူးများယဉ်နေတာလား ဒါမှမဟုတ် အိပ်မက်မက်နေတာလား...
"ဘာလုပ်နေတာလဲ? မြန်မြန်အိပ်ယာမသိမ်းဘဲနဲ့.."
"အင်းအင်း ကိုယ်အခုသိမ်းလိုက်မယ်.."
"ဝါးးးးး ကောင်းကောင်းမအိပ်ရဘူး.."
တဝါးဝါးသမ်းပြီး နောင်ကအခန်းထဲကိုဝင်သွားသည်။ ရှင်းသန့်လည်း အိပ်ယာအမြန်သိမ်းလိုက်ပြီး နောင့်အခန်းထဲဝင်လိုက်သည်။ ကုတင်က၂ယောက်စာရတာမို့ ရှင်းသန့်အတော်လေးပျော်သွားသည်။ နောင်နဲ့သူကြားမှာ ခွခေါင်းအုံးခြားပြီး စောင်ခြုံကာအိပ်လိုက်သည်။ အခုချိန်မှာတောက်တဲ့ကိုလည်းသူမကြောက်တော့။ ဘာလို့ဆို သူ့ဘေးမှာ သူ့ကိုကာကွယ်ပေးမယ့်နောင်ရှိနေပြီလေ။ အတွေးနဲ့တင်ရှင်းသန့်တစ်ယောက်ကြည်နူးနေသည်။ ခွခေါင်းအုံးသာခြားထားတာ ဖြစ်နိုင်ရင် နောင်နဲ့ကျောချင်းကပ်ထားလိုက်ချင်တာ..
No No No ရာရှင်းသန့် မင်းအဲ့လိုမတွေးရဘူးလေ...
နောင့်မှာ သူ့ချစ်တဲ့သူရှိတယ်...
မင်း နောင့်နဲ့ခပ်ကွာကွာမှာနေရမယ် ဟုတ်တယ်..
"ဟုတ်တယ်.."
ရှင်းသန့်တိုးတိုးသာရေရွတ်လိုက်ပြီး ကုတင်အစွန်းကိုတိုးလိုက်သည်။
မပိုင်ဆိုင်ရမှန်းသိတဲ့လူတစ်ယောက်ကို အစကတည်းက ပိုင်ဆိုင်ချင်လိုစိတ်မထားသင့်ဘူးလေ..
__________________________________________________________
ဝက်စာအိုး=တချို့အိမ်တွေရှိချင်ရှိမှာပေါ့နော်
ထမင်းအိုးကိုထင်းနဲ့တည်ရင် ထမင်းရည်ခံရတယ်လေ အဲ့ခံတဲ့အိုးပါ..
ထမင်းရည်ကကျတော့ဝက်စာကျွေးတဲ့နေရာမှာသုံးတယ်
အဲ့အိုးထဲကိုထည့်လိုက်တာကိုပြောတာပါ....
နောက် မီးဖိုဆောင်နဲ့ထမင်းစားခန်း
ချယ်က တခါတလေပေါင်းရေးပါတယ်...
များသောအားဖြင့် ရွာတွေမှာဆို ထမင်းဟင်းချက်တဲ့အခန်းထဲမှာ ထမင်းစားပွဲထားပြီး စားကြတယ်ပေါ့နော်..
အဲ့တာကြောင့် ချယ်က ထမင်းစားခန်းလို့ပဲရေးရေး မီးဖိုဆောင်လို့ပဲရေးရေးအတူတူပါပဲနော်...
အဲ့တော့ကား မသိတဲ့စကားလုံးဆို commentမှာမေးလို့ရပါတယ်
တောက်တဲ့ ကျန်သေးတယ်...
ယောက်ျားလေးမို့တောက်တဲ့မကြောက်ဘူးဆိုတာ ရှိတဲ့သူလည်းရှိပါတယ်...
ကပ်လိုက်ရင်မိုးရွာမှခွာလို့ရတယ်ဆိုပြီး ကြားဖူးတာကြောင့် တချို့တွေလည်းကြောက်ကြပါတယ်...
{ချယ်လည်းတကယ်ကြောက်ပါတယ်😐}
13.6.2021
💙Chel💙