လရိပ်ဆင်သည့်ကကြိုး
Por nway-layaung
157K 8K 446
ကကြိုးဆိုသောကောင်လေး တောကနေမြို့ကျောင်းတက်ရာက လရိပ်မာန်နဲ့ဘယ်လိုတွေဆုံကြမလဲ။ လရိပ်မာန်နဲ့သံယောဇဉ်တွေဘယ်လိုငြိ... Mais
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း (၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀) (ဇာတ်သိမ်းပိုင်း)
For You 💝💝
Season 2
Hello
အပိုင်း(၃)
6.8K 372 2
Por nway-layaung
🌃 လရိပ်ဆင်သည့်ကကြိုး အပိုင်း (၃) 🌃
လရိပ်မာန် နေ့လည်ကအလုပ်လုပ်ထားတဲ့အရှိန်ကြောင့်ပင်ပန်းတာနှင့် စောစောအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ တစ်ရေးနိုးဗိုက်ဆာတာနှင့် အောက်ဆင်းလာတော့ တစ်ယောက်ထဲမို့ မီးလည်းဖွင့်မနေတော့ပဲ ခေါက်ဆွဲပြုတ်လိုက်သည်။ ဒါကိုဘယ်ကရောက်လာမှန်းမသိတဲ့ မိန်ကလေးလို ပျော့ဖတ်ဖတ်နဲ့ကောင်လေးက တုတ်နဲ့ လာရိုက်သည်မို့ သူမရိုက်ခင် လက်ကို ဦးအောင်ချုပ်လိုက်ရသည်။ မီးဖွင့်လိုက်တော့မှ အံံ့ဩသလိုနှင့်သူ့ကိုစိုက်ကြည့်နေသည်။ အရပ်ကလည်းမိမိနှင့်ယှဉ်ရင် ရင်ဘတ်ကျော်ကျော်လောက်သာရှိသည်မို့ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ လွှမ်းမိုးမှုအောက်မှာမြုပ်နေသည်။ မိမိကိုမော့ကြည့်လာတဲ့ကောင်လေးကိုပြန်ကြည့်လိုက်တော့ ရှက်သလိုလိုနှင့်ခေါင်းကိုပြန်ငုံ့သွားသည်။
" တောင်းပန်ပါတယ်နော် ...ဟို... ကျွန်တော်သူခိုးမှတ်လို့ပါ ''
ကကြိုး လရိပ်မာန် အောက်ကထွက်ပြီးပျာပျာသလဲတောင်းပန်လိုက်သည်။
မိမိကိုတောင်းပန်နေသည့်ပြဿနာအိုးလေးကိုကြည့်ပြီး လရိပ်မာန်စိတ်မဆိုးဘဲ ပြုံးမိသွားသည်။
" မင်းငါ့ကိုအခု သူခိုးလို့ပြောလိုက်တာလား ''
" မဟုတ်ပါဘူးဗျာ အဲ့လိုသဘောမဟုတ်ပါဘူး အဲ့ဒါကလေဟို..... ''
ကကြိုးဘာဆက်ပြောရမှန်းမသိပဲခေါင်းကိုသာ ကုပ်နေမိတော့သည်။ မိမိကိုဖြေရခက်ပြီးခေါင်းကို ပွတ်နေသော ကောင်လေးကိုကြည့်ပြီးလရိပ်မာန်ရယ်မိသည်။
** ဘာလဲဟ လူကြည့်ရီနေ **
ဗွက် ဗွက်
တဗွက်ဗွက် ဆူလာသည့်ခေါက်ဆဲဲ​ပြုတ်အိုးကြောင့် လရိပ်မာန်ခေါက်ဆဲဲပြုတ်အိုးဆီပြေးခဲ့တော့သည်။ ကကြိုးလည်းထိုအခြေနေကိုအခွင့်ကောင်းယူကာ လရိပ်မာန်ဆီမှထွက်ပြေးကာ အိမ်ပေါ်သို့တက်ပြေးခဲ့သည်။
" သွားတော့မယ်နော် ''
လရိပ်မာန်ပြေးတက်သွားသော ကကြိုးကိုကြည့်ပြီးတစ်ခါထပ်ပြုံးမိသည်။
" တကယ့်ကောင်လေးပဲ ''
လရိပ်မာန်ပြောလည်းပြောရင်းခေါင်းကိုခါလိုက်သည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ကကြိုးတို့ဒီနေ့ကျောင်းအပ်ရသည်။ ကျောင်းကမဖွင့်သေးပေမဲ့ ကျောင်းအပ်ရမဲ့ ကိစ္စနဲ့ ကျောင်းဝန်းထဲမှာ မိဘတွေရောကလေးတွေရောစုံနေသည်။
ဆေးသုတ်ထားတဲ့ အစိမ်းရောင်သံတံခါးမကြီး ထိုသံတံခါးကြီးရဲ့ဘေးမှာလည်း လူတစ်ကိုယ်ဝင်သာသည့် တံခါးလေးရှိသည်။ ဘေးပတ်ပတ်လည်ကအုတ်တံတိုင်းတွေကတော့ အစိမ်းနုရောင်လွှမ်းသုတ်ထားသည်။
ကျောင်းဝင်းထဲဝင်လိုက်သည်နှင့် ဧကရီပန်းရဲ့ရနံ့က လူကိုအေးချမ်းစေသည်။ ယူကလစ်ပင်ရှည်ကြီးထဲမှ အဝါရောင်ရွက်အိုလေးတွေ အစိမ်းရောင်ရွက်ပျိုလေးတွေကလည်း လေမင်းရဲ့စေရာ အတိုင်း ယိမ်းနွဲ့နေကြသည်။ ကျောင်းကြီးရဲ့ဝင်ပေါက်မျက်နှာမူရာမှာလည်း မြန်မာနိုင်ငံတော်အလံကိုလွှင့်ထူထားသည်။ အစိမ်းရောင်တွေပဲ အပြည့်သုတ်ထားသည့်ကြီးမားလှသည့် နှစ်ထပ်ကျောင်းဆောင်ကြီးက ခမ်းနားလှသည်။ ထိုကျောင်းဆောင်ကြီးရဲ့မျက်စောင်းထိုးလောက်မှာလည်း ကျောင်းဆောင်ဖြူကြီးရှိသည်။ ဘေးမှာတော့ နှစ်ခန်းဆက်ထားသည့် တစ်ထပ်ကျောင်းဆောင်လေးရှိသည်။ သူ့အနောက်မှာတော့ အိုမင်းနေသည့် ပျဉ်ထောင်တစ်ဝက် တိုက်တစ်ဝက် နှစ်ထပ်ကျောင်းဆောင်ရှိသည်။ ထိုပျဉ်တစ်ဝက် အုတ်တစ်ဝက်ကျောင်းဆောင်ရဲ့ တောင်ဘက်မှာ ခုနှစ်တန်းတွေနေတဲ့ တစ်ထပ်ကျောင်းဆောင်လေးရှိသည်။ ထိုခုနှစ်တန်းဆောင်ရဲ့ဘေးမှာမှ ဘောလုံးကွင်းရှိသည်။ ခုနှစ်တန်းဆောင်ရဲ့အနောက်မှာကား ဟောခန်းကြီးရှိသည်။ ​ဟောခန်းရဲ့နောက်မှာ ခြင်းခတ်တဲ့နေရာရှိသည်။ နောက်ငါးတန်းခြောက်တန်းတွေအတွက်အဆောင်ရှိသည်။
ကျောင်းအဝင်ကယူကလစ်ပင်နားမှာ ကုက္ကိုပင်ရှိသည်။ ထိုကုက္ကိုလ်ပင်နားမှာတော့ကျောင်းသားတွေ စက်ဘီးတွေထားကြသည်။ မုန့်စျေးတန်းကတော့ ထိုကုက္ကိုလ်ပင်ကြီးရဲ့ နောက်မှာ တစ်နည်းအစိမ်းရောင်အပြည့်သုတ်ထားသည့် နှစ်ထပ်ကျောင်းဆောင်ကြီးနှင့် အနောက်ဘက် မျက်စောင်းထိုးမှာဖြစ်သည်။
ကကြိုးကျောင်းဝင်းထဲမှာငေးကောင်းကောင်းနှင့် လှည့်ပတ်ငေးနေသည်မှာ အတော်ပင်ကြာသွားသည်။ ဒေါ်လေးမြခက်ပင်သူ့အတွက် ကျောင်းအပ်ဖို့ ပြောပြီးစာရွက်လေးတွေချပေးသည်။ ထိုစာရွက်တွေမှာ လိုအပ်တာတွေရေးပြီးသည်နှင့် ကံကောင်းချင်တော့ သူကစာအုပ်တွေပါတစ်ခါတည်းရခဲ့သည်။ ကိုမယန်မှာလည်း ဆယ်တန်းဆိုသာ့်အတိုင်း စာအုပ်တွေအများကြီးကို တပွေ့တပိုက်နှင့် ဖြစ်သည်။
" ကိုမာန် ရလားကျွန်တော် ဝိုင်းသယ်ပေးရမလား ''
" ရတယ် ကိုယ့်ဟာကိုယ်သာ ကောင်းကောင်းသယ် ''
" ဟုတ်ကဲ့ ''
စာအုပ်တွေမနိုင်မနင်းသယ်ပြီး မိမိကိုဟောက်လိုက်သော လူကြီးကိုလှန်ပင်မကြည့်ရဲတော့ပဲ ဟုတ်ကဲ့လိုက်ရသည်။
ဒီလိုနဲ့ပဲ ကျောင်းအပ်ခြင်းကားပြီးစီးခဲ့သည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ဖုန်းနံပါတ်လေးတစ်ခုဘေးမှာ အသဲပုံလေးတွေလည်းဝိုင်းရံထားသည်။ ထိုအသဲပုံလေးနှစ်ခုကြားက နာမည်က " ကြွေ ''တဲ့။
" ဟဲလို ''
ဒီအသံလေး သိပ်နားထောင်လို့ကောင်းတယ် ။ တည်ငြိမ်ခြင်း အေးချမ်းခြင်းနဲ့ ချိုမြိန်ခြင်းဆိုတာတွေပါခံစားရသည်။
" ကြွေ ''
" မာန်လား ဘာလဲ ''
" မာန်လား ဘာလဲပြောလေ ''
" ဘာမှတော့မဟုတ်ပါဘူး ငါတို့ဆယ်တန်းတွေကျောင်းဖွင့်တော့မယ်လို့ ပြီးတော့ ဆယ်တန်းဖြေပြီးရင်နင်သိတယ်မလား...... ''
လရိပ်မာန် ပြောလက်စ စကားကိုဖျက်ချပြီး ရပ်လိုက်သည်။ တစ်ဖက်က မိန်းကလေးကတော့ ရှက်ရေးရေးလေးပြုံးနေသည်။ သို့သော်လည်း ဖုန်းထဲမှာတော့ သူမရဲ့အသံ တည်ငြိမ်ခြင်းအပြည့်။
" အင်း ငါသိတယ် ဒါပဲနော် ''
ကြွေ ပြောပြီးဖုန်းချလိုက်သည်။ တစ်ဖက်ကကောင်လေးကတော့ ပျော်လွန်းလို့ လက်သီးလက်မောင်းတန်းနေလေပြီ။ မျက်နှာမှာလည်း ​ပျောရွှင်မှုကထိန်းမနိုင်သိမ်းမရ။ ထိုကောင်လေးကိုလည်း တစ်ဖက်မှ ကကြိုးက ကြည့်နေသည်။
** ဒီလူဘာတွေ ဒီလောက်ပျော်နေတာလဲ မဟုတ်မှလွဲရော ရည်းစားနဲ့များဖုန်းပြောနေတာလား **
ကကြိုး စိတ်ထဲကတွေးလိုက်ပေမဲ့ ထိုလူ့ဆီမသွားပြီးမမေးမိခဲ့။ တကယ်လို့သူသာ ပွင့်လင်းစွာမေးခဲ့ရင် တချို့သောအရာတွေဖြစ်ပျက်လာပါ့မလား.......
ဆက်ရန်
အပိုင်း (၄)
နွေလရောင်
လိုအပ်ချက်မှန်သမျှကို ပွင့်လင်းစွာထောက်ပြပေးခဲ့ကြပါဗျ။ 😅😅😅
Zawgyi
** ဘာလဲဟ လူကြည့်ရီနေ **
ဗွက် ဗွက်
" သွားတော့မယ်နော် ''
" တကယ့်ကောင်လေးပဲ ''
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
" ဟုတ်ကဲ့ ''
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
" ဟဲလို ''
" ကြွေ ''
" မာန်လား ဘာလဲ ''
" မာန်လား ဘာလဲပြောလေ ''
" အင်း ငါသိတယ် ဒါပဲနော် ''
ဆက်ရန်
အပိုင်း (၄)
နွလေရောင်
Continuar a ler
Também vai Gostar
1.4K 102 15
သခငျ(ခ) Mr.Vampire + သူ့အရိပျ သခင်(ခ) Mr.Vampire + သူ့အရိပ် uni "သဖေို့အတှကျ စောင့်နေပေမယ့် မင်းနဲ့တွေ့တဲ့အချိန်မှာ သေခြင်းတရားကိုလက်တွန့်မိပြီ " သခင...
46.4K 1.4K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
1.6M 129K 28
သောင်းဆင့်ဆက်နိုင် နှင်းဆီဘွဲ့ဆူး
959K 182K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...