First Love

By LilySuu_

513 66 21

Chansoo Day Special (One short) More

Chapter start

513 66 21
By LilySuu_

(Zawgyi)

12.6.2021

ေက်ာင္းသားေဟာင္းေတြ႔ဆံုပြဲကို ေဂ်ာင္ဆူး ပထမဆံုး အႀကိမ္ ေရာက္႐ွိေနျခင္း...

အထက္တန္းၿပီး၍ ၉ႏွစ္ေက်ာ္ အၾကာမွ အခုလို ေရာက္႐ွိလာျခင္းအတြက္ ေဂ်ာင္ဆူး အလြန္ပင္ စိတ္လႈပ္႐ွားေနမိသည္။ စိမ္းသက္သက္ ခံစားခ်က္ႀကီးက စိတ္မသက္မသာျဖစ္ေစပါ၏။

သက္ျပင္းတစ္ခ်က္ ခပ္ဖြဖြခ်ရင္း တံခါးလက္ကိုင္ကို ဆြဲဖြင့္ရန္ ႀကိဳးစားေတာ့ လက္တစ္စံုက ေအးစက္လာေတာ့သည္။ တံခါးခ်ပ္ကို ျဖတ္ေက်ာ္၍ ထြက္ေပၚလာေသာ စကားေျပာသံတို႔က ႏွလံုးခုန္သံကို ဆူညံေစသည္။

တံခါးလက္ကိုင္ဘုကို လွည့္ၿပီး အခန္းတြင္း ျဖည္းျဖည္းခ်င္းဝင္သြားေတာ့ စကားေျပာသံမ်ားက မီးခဲကို ေရနဲ႔ပတ္လိုက္သလို ႐ွဲခနဲ ၿငိမ္ၾကသြားၿပီး ေဂ်ာင္ဆူး႐ွိရာဆီ အၾကည့္မ်ား စုေဝးလာေတာ့သည္။

"ရား!! ဒိုဂေယာင္ဆူး"
အတန္းေခါင္းေဆာင္ ကင္မ္ဂြၽန္ေျမာင္ဆီမွ အသံ...
ထို႔ေနာက္ သူ႔ဆီ အေျပးတစ္ပိုင္း ေရာက္ခ်လာကာ လက္ေမာင္းကို လာ႐ိုက္သည္။ ထို႔အတူ အခန္းတြင္းမွ သူအားလံုးကလည္း ထိုင္ေနရမွ ထလာၾကသည္။

"Oh My God...ေႏြေခါင္ေခါင္ မိုးရြားခ်ေတာ့မယ္ထင္တယ္! ဒိုဂေယာင္ဆူး လာတယ္တဲ့"

ေျဗာင္ဘတ္ခ္ဟ်ြန္းရဲ႕ စကားသံအဆံုးတြင္ ေဂ်ာင္ဆူး အနည္းငယ္ ႐ွက္သြားရသည္။ ကိုယ္ကသာ သူစိမ္းဆန္ေနသလို ျဖစ္ေနေပမဲ့ သူတို႔ကေတာ့ အရင္အတိုင္းပင္ ေဂ်ာင္ဆူးကို ဆက္ဆံၾကသည္။ အရာအားလံုးက ေပါ့ေပါ့ပါးပါးလိုပင္...

"Hyung ကြၽန္ေတာ္ေဘး လာထိုင္ ဒီမွာေနရာလြတ္တယ္"
ကင္မ္ဂ်ံဳအင္က ထိုင္ေနရာမွ သူကို လက္ယက္ေခၚသည္။ အတန္းတူသူငယ္ခ်င္းေတြ ျဖစ္ေပမဲ့ ဂ်ံဳအင္က သူ႔ကို အကိုဟုသာ ေခၚတတ္သည္။ သူတစ္ခ်က္ ျပံဳးျပလိုက္ရင္း ဂ်ံဳအင္ ႐ွိရာဆီ ေလ်ွာက္သြားလိုက္သည္။

"ကဲ ဆိုစမ္းပါဦး အၾကာႀကီးေနမွ လာရတဲ့ အေၾကာင္းေလး! ငါတို႔မွာေတာ့ ႏွစ္တိုင္း ဆက္သြယ္လိုက္ရတာ မင္းကေတာ့ အေရးကို မလုပ္...ဒိုဂေယာင္ဆူးတို႔ ေခ်ပံုကေတာ့ ေက်ာင္းတုန္းက အတိုင္းပဲ"

အိုဆယ္ဟြန္း၏ စကားအဆံုး ဘတ္ခ္ဟြၽန္းက အားရပါးရ ထရီ၏။

"မင္း ရည္းစားစကားေျပာမယ္ထင္လို႔ ေနမွာေပါ့"

ဘတ္ခ္ဟြၽန္း၏ စကားအဆံုး အခန္းတြင္းမွ လူအားလံုးက အားပါးတရ ရီေမာၾကသည္မို႔ ေဂ်ာင္ဆူးေရာ ဆယ္ဟြန္းပါ မ်က္ႏွာႀကီး နီျမန္းသြားေတာ့သည္။

"ပါးစပ္ပိတ္!"
ဆယ္ဟြန္း ၏ ႐ွက္ကိုး ႐ွက္ကန္းစကားေၾကာင့္ တစ္ခန္းလံုး ျပန္၍ ဆူညံသြားရျပန္သည္။

"ေတာ္ပါကြာ! ေတာ္ၾကာ ဂေယာင္ဆူး ထျပန္သြားမွ လိုက္ေခၚမရျဖစ္ေနမယ္"

ကင္မ္မင္ေဆာ့ ေျပာလိုက္ေတာ့ အားလံုးက ေထာက္ခံၾကသလိုႏွင့္ တစ္စ တစ္စ ၿငိမ္ၾကသြားေတာ့သည္။

ေဂ်ာင္ဆူး အခန္းတစ္ခုလံုးကို ေဝ့ၾကည့္ရင္း တစ္စံုတစ္ေယာက္ကို ႐ွာေနမိသည္။ သူ ဒီကို ေရာက္ေနရသည့္ အေၾကာင္းအရင္းေပါ့~

သူ၏ အခ်စ္ဦး ပတ္ခ္ခ်န္းေယာလ္....

ခ်န္းေယာလ္ ကိုးရီးယားကို ျပန္ေရာက္ေနၿပီးဆိုေသာ သတင္းစကားက သူ႔ကို ဒီေနရာသို႔ သယ္ေဆာင္လာျခင္း ျဖစ္သည္။
ဘြဲ႔ရၿပီးကတည္းက ႏိုင္ငံရပ္ျခားကို ထြက္ခြာသြားေသာ သူ...
ႏႈတ္ဆက္ေဖာ္ေတာင္ မရပဲ သူေ႐ွ႕မွ ႐ုတ္တရက္ ထြက္ခြာသြားေသာ သူ...

ထိုသူကို သူက ေတြ႔ခ်င္လြန္းပါသျဖင့္ ဤေနရာသို႔ ေရာက္႐ွိေနျခင္း...

"ဘယ္သူကို ႐ွာေနတာလဲ ခ်န္းေယာလ္လား?"

ကင္မ္ဂ်ံဳဒဲ့ က ေဘးနားကပ္ကာ လာေျပာသည္မို႔ အသားေလးေခါင္းၿငိမ့္ျပလိုက္သည္။
ခ်န္းေယာလ္ အေပၚထားသည့္ သူခံစားခ်က္ကို ေကာင္းေကာင္းႀကီး သိေသာ တစ္ဦးတည္းေသာ သူငယ္ခ်င္း.

ဂ်ံဳဒဲ့က ျပံဳးျပလာရင္း သူ႔ပခံုးကို ခပ္ဖြဖြ ပုတ္ေပး၏။

"သူက မၾကာခင္ ေစ့စပ္ေတာ့မွာတဲ့"
ဂ်ံဳဒဲ့ဆီက ၾကားလိုက္ရေသာ မထင္မွတ္ထားသည့္ စကားတစ္ခြန္းက လည္ပတ္ေနေသာ သူ႔ကမၻာႀကီးကို ရပ္တန္႔သြားေစသည္။
ဝိုင္ခြက္ကို ကိုင္ထားေသာ လက္က မသိလိုက္မသိဘာသာ တင္းသြားေသာေၾကာင့္ ဘတ္ခ္ဟြၽန္းက လွမ္းေမးရတဲ့အထိ..

"ဂေယာင္ဆူး ဘာျဖစ္လဲ ေနမေကာင္းဘူးလား?"

ေဘးမွ ဂ်ံဳဒဲ့၏ ဘာမွ မျဖစ္ပါဘူးဟူေသာ သူ႔အစား အေျဖစကားတြင္ ဘတ္ခ္ဟြၽန္းက သေဘာေပါက္သလို ေခါင္းညိမ့္ျပသည္။

"ဂေယာင္ဆူး အရင္လို တစ္ေယာက္တည္းပဲလား? ငါတို႔ဘယ္ေတာ့ ပြဲတက္ရမွာလဲ"

ဂြၽန္ေျမာင္၏ ေမးစကားကို ဂ်ံဳဒဲ့က ပခံုးတိုက္၍ သတိေပးလိုက္မွ တစ္ဝက္တစ္ျပတ္ကေန ၾကားလိုက္ရသည္။

"ေအး ဟုတ္တယ္! ငါတို႔ သူငယ္ခ်င္းေတြထဲ မင္းတစ္ေယာက္တည္း လူပ်ိဳႀကီး အျဖစ္က်န္ေနတာ..လုပ္ေတာ့ေလကြာ ေနာက္ႏွစ္ဆို ၃၀ထဲ ေရာက္ေတာ့မွာကို"

ရီ႐ွင္းက တစ္ခ်ိန္လံုး ၿငိမ္ေနခဲ့ၿပီးမွ ဝင္ေျပာ၏။

မွန္ပါ၏။ သူတို႔ ႏွစ္ သူငယ္ခ်င္းေတြထဲဆိုလ်ွင္ အားလံုးက လက္တြဲေဖာ္ အသီးသီး ႐ွိေနၾကၿပီး ျဖစ္ၿပီး ခ်န္း ဆိုလ်ွင္ သမီးေလးေတာင္ ရေနၿပီ မဟုတ္ပါလား? က်န္ရစ္သူက သူႏွင့္ ခ်န္းေယာလ္သာ..
.အခု ခ်န္းေယာလ္ကပါ ေစ့စပ္ေတာ့မည္ဆိုေတာ့ က်န္ရစ္သူက သူတစ္ေယာက္တည္း...

"ငါက မင္းတို႔လို အပူမ႐ွာခ်င္လို႔ေလ"

လုပ္ရီ ရယ္လိုက္ရင္း ဝိုင္ခြက္ကို ေမာ့ေသာက္လိုက္သည္။

"အားလံုးပဲ ေနာက္က်သြားလို႔ ေဆာတီးဗ်ာ"

ေနာက္ဆံုးေတာ့ သူ ေမ်ွာ္ေနခဲ့သူ ေရာက္လာခဲ့ၿပီး ျဖစ္သည္။
ခ်န္းေယာလ္က တံခါးေ႐ွ႕ရပ္ေနရင္း သူ႔ဆီ တည့္တည့္ၾကည့္ေနသည္။ ဘာ အေၾကာင္းျပခ်က္မွ မ႐ွိ သူတစ္ေယာက္တည္းကို ကြက္၍ စိုက္ၾကည့္ေနသည္မို႔ မလုံမလဲျဖစ္ကာ ဆန္႔က်င္ဖက္သို႔ မ်က္ႏွာလႊဲလိုက္သည္။

ကိုယ္က မ႐ိုးမသား ခံစားခ်က္ႀကီး ႐ွိေနသည္မဟုတ္လား...သူက ႐ိုး႐ိုးသားသားၾကည့္ေနရင္ေတာင္မွေလ...

"ခ်န္းေယာလ္ ဘယ္လိုျဖစ္လို႔ ေရေတြ စိုေနရတာလဲ?"

ဂြၽန္ေျမာင္၏ အေမးကို သူက ဆံပင္ကို ေရခါရင္း ေျဖလာသည္။
"႐ုတ္တရက္ႀကီး မိုးရြားခ်လာလို႔ေလ"

မၾကားရၿပီး ျဖစ္ေသာ အသံၾသၾသကို နားေထာင္ရင္း ႏွလံုးခုန္သံတို႔က ျမန္ဆန္လာရသည္။

ပတ္ခ်န္းေယာလ္သည္ အဲ့လိုပင္... သူ႔ကို အေသးအဖြဲ အမူအရာေလးကအစ ရင္ခုန္ေစသည္။

"ဂ်ံဳဒဲ့ မင္း ငါနဲ႔ ေနရာလဲေပးလို႔ရမလား!"

ခ်မ္း ကို ေနရာလဲေပးရန္ လာေျပာေနေသာ သူ႔ေနာက္မွ ခ်န္းေယာလ္ကို မ်က္လံုးေထာင့္မွ ေန၍ ခိုးၾကည့္လိုက္သည္။
၁၆ႏွစ္အရြယ္ ေကာင္ေလးလည္း မဟုတ္ပါပဲ သူ႔ေဘး ဘာလို႔မ်ား ထိုင္ခ်င္ရတာလဲဟု ေတြးကာ ႀကိတ္၍ ေက်နပ္သြားရၿပီး ရင္ခုန္သြားရသည္မို႔ ႏွလံုးခုန္သံမ်ား ၾကားသြားေလမလားဟု ပင္ စိတ္ပူသြားရသည္။

"မိုးေရ စိုေနေတာ့ေလ ဟိုနားဆို ခ်မ္းလာမွာ ဆိုးလို႔"

ရင္ခုန္သံကိုပင္ ခ်က္ခ်င္း ရပ္တန္႔ပစ္လိုက္ရမလို႔ ျဖစ္သြားၿပီး အင္တင္တင္ ျဖစ္သြားရသည္။

"ငါကို ဆံုးေအာင္ေတာင္ ရင္မခုန္ခိုင္းဘူး" ဟု ပြစိပြစိ လိုက္လိုက္မိသည္။

"ဂေယာင္ဆူး မေတြ႔ရတာ ၾကာၿပီေနာ္~ အဆင္ေျပတယ္ဟုတ္"

ထိုင္ခံုတြင္ ဝင္ထိုင္ၿပီးသည္ႏွင့္ ပထမဆံုး ေျပာလာေသာစကား...

အဆင္မေျပရင္ မင္းက ေျပေအာင္လုပ္ေပးမွာလား ဟု စိတ္ထဲ ႀကိတ္ပြားလိုက္ေသာ္လည္း လက္ေတြ႔တြင္ေတာ့..

"ဒီလိုပါပဲ! မင္းေရာ?.....မၾကာခင္ ေစ့စပ္ေတာ့မယ္ဆို"

အေနာက္က စကားတစ္ခြန္းကို အထြန္႔တက္ကာ စပ္စုလိုက္မိသည္။ တကယ္ေတာ့ ဒါက ဒိုဂေယာင္ဆူး စတိုက္မဟုတ္...

ခ်န္းေယာလ္က ခပ္ဖြဖြ ရီလာသည္မို႔ ပါးခ်ိဳင့္ေလးမ်ား ထင္းခနဲ ေပၚလာေတာ့သည္။ ဒီ ေယာက်္ား၏ ေခ်ာေမာမႈကို ေငးေမာေနသည္က အခ်ိန္ေတြကိုပင္ ေမ့ေလ်ာ့ေစသည္။

"ဘာလဲ ငါ့မ်က္ႏွာမွာ တစ္ခုခု ေပေနလို႔လား"

ဘယ္ခ်ိန္က နီးကပ္လာမွန္း မသိေသာ ခ်န္းေယာလ္မ်က္ႏွာက သူ၏ မ်က္ႏွာႏွင့္ စင္တီမီတာ အနည္းငယ္သာ ကြာေတာ့သည္။ ဝင္သက္ ထြက္သက္ ကေတာင္ မ်က္ႏွာကို လာေရာက္ ကလူဂ်ီစယ္ေနၿပီ ျဖစ္သည္။

လန္႔သြားရေသာေၾကာင့္ အေနာက္သို႔ ဆုပ္လိုက္မိ၍ ခံုေပၚမွ ျပဳတ္က်လုနီးနီး ျဖစ္သြားရသည္။ သို႔ေသာ္ ျပဳတ္မက်ပါေခ်။
ခ်န္းေယာလ္၏ လက္တစ္ဖက္က သူ႔ခါးမွ ေန၍ ဆြဲလိုက္ေသာေၾကာင့္ ျဖစ္သည္။ ထိုအတူ သူကိုယ္ေလးက ခ်န္းေယာလ္ ရင္ခြင္ထဲ အံဝင္ခြင္က်...

"သတိထားဦးေလ"

နားဆီ တိုးကပ္၍ ဆိုလာေသာေၾကာင့္ တုန္တက္သြားရသည္။ ဘယ္လို အေျခအေနမ်ိဳး ျဖစ္ေနသည္ကို သူ မေဝခြဲတတ္ပါ။ ထို႔အတူ ခ်န္းေယာလ္၏ အမူအရာ တစ္ခ်ိဳ႕...

ခ်န္းေယာလ္ကို တြန္းဖယ္လိုက္ရင္း ထိုင္ခံုတြင္ ေသခ်ာထိုင္ကာ ပတ္ေဘးလည္ကို ေဝ့ၾကည့္လိုက္ၿပီး အားလံုးက မိမိတို႔ အေျခအေနကို မျမင္လိုက္ဘူးဟု ထင္ရမွ သက္ျပင္း ခိုးခ်လိုက္မိသည္။

"ဂေယာင္ဆူး မင္းက အရင္အတိုင္းပဲေနာ္"

ရယ္သံေႏွာ၍ ေျပာလာေသာ ခ်န္းေယာလ္ကို သူလွည့္မၾကည့္ျဖစ္ခဲ့ပါ။

"ခ်န္းေယာလ္..မင္း ေစ့စပ္ေတာ့မယ္ဆိုတဲ့ သတင္းေတြ ၾကားေနရတယ္...ငါတို႔ကိုလည္း ေျပာပါဦးကြာ"

မင္ေဆာ့၏ အေမးကို ခ်န္းေယာလ္က သေဘာတက် ရီေမာလာသည္။
သူလည္း သိခ်င္ေနသည္မို႔ ေဘးမွ ခ်န္းေယာလ္ကို ခိုးၾကည့္လိုက္မိေသာ္လည္း အၾကည့္ခ်င္းဆံုသြားရသည္။
ဒီတစ္ခါေတာ့ အၾကည့္မလႊဲမိပါ။

"ေအးကြာ! ငါ့မိဘေတြေပါ့ မေသခင္ေလး ငါ့သားႀကီး အိမ္ေထာင္အတည္တက်ေလး ျဖစ္ခ်င္ပါတယ္ဆိုၿပီး စီစဥ္ေပးတာ! အိမ္မွာ အငယ္မေတြက ေယာက်္ားကိုယ္စီနဲ႔ ျဖစ္ေနၾကၿပီမဟုတ္လား"

ခ်န္းေယာလ္ကေတာ့ ေပါ့ေပါ့ပါးပါး ေျပာေနျခင္းျဖစ္ေသာ္လည္း သူကေတာ့ တစ္စတစ္စ ဝမ္းနည္းလာရသည္။ သူ ကိုယ္တိူင္မပိုင္ဆိူင္ရရင္ေတာင္မွ တျခားသူ ပိုင္သြားမည့္ အေရးကို မၾကည့္ႏိုင္ပါေလ..

"အဲ့ေတာ့ မင္းက အလြယ္တကူပဲ လက္ခံလိုက္တယ္ေပါ့!"
ဘတ္ခ္ဟြၽန္းက ေမး၏။ အြန္း ဟူေသာ သူ၏ ေထာက္ခံမႈကို ၾကားလိုက္ရသည္မို႔ ေဂ်ာင္ဆူး ေခါင္းငံုထားလိုက္မိသည္။

စိတ္မာသူ ျဖစ္ေသာ္လည္း စိတ္မထိန္းႏိုင္ပဲ ႐ုတ္တရက္ႀကီး မ်က္ရည္က်သြားမိလ်ွင္ သို႔ေလာ္ သို႔ေလာ္ႏွင့္ ႐ွည္လာႏိုင္သည္ မဟုတ္လား။

"ဒါေပမဲ့~"

​ခ်န္းေယာလ္၏ ဒါေပမဲ့ ဟူေသာ အသံ႐ွည္ဆြဲမႈ အဆံုးတြင္ သူ ခ်န္းေယာလ္ကို လွည့္ၾကည့္လိုက္သည္။ ခ်န္းေယာလ္ကလည္း သူကို တစ္ခ်က္လွည့္ၾကည့္ၿပီး အေ႐ွ႕မွ သူမ်ားဆီ မ်က္ႏွာမူသြားသည္။

"ငါမွာ ခ်စ္ရမဲ့သူ သက္သက္႐ွိတယ္"

အခန္းတစ္ခုလံုးထဲမွ သူမ်ားမွ အာေမဋိတ္အသံမ်ိဳးစံုကို တစ္ၿပိဳင္နက္တည္း ၾကားလိုက္ရသည္။ သူလည္း သိခ်င္စိတ္မ်ားေၾကာင့္ အသက္႐ွဴရန္ပင္ေမ့ေလ်ာ့သြားသည္။

အခ်စ္ဦး၏ ခ်စ္ရသူဟာ ဘယ္သူမ်ား ျဖစ္လိမ့္မလဲ။ သူ သိတဲ့သူထဲကပဲလား?

"ငါတို႔ သိတဲ့လူလား?"
သူ ေမးခ်င္ေနသည့္ ေမးခြန္းကို ရီ႐ွင္းက ေမးလာသည္။

"အင္း မင္းတို႔အားလံုး သူ႔ကို ေကာင္းေကာင္းသိတယ္"

"ဘယ္သူလဲ ကင္မ္ဟာနာ?"
ကင္မ္ဟာနာ...သူမဟာ သူတို႔ အထက္တန္းတုန္းက အထူးတလည္နာမည္ႀကီးခဲ့ေသာ ၿပိဳင္ဖက္ေက်ာင္းေတာ္၏ အလွဘုရင္မ...သူမ ဖက္က ခ်န္းေယာလ္ကို စိတ္ဝင္စားေနသည္ဟူေသာ သတင္းမ်ား အတိအက် ထြက္႐ွိခဲ့ဖူးၿပီး သူတို႔ႏွစ္ေယာက္ အခ်င္းခ်င္း ခ်စ္ႀကိဳက္ေနၾကသည္ဟု rumorမ်ား ထြက္ခဲ့ဖူးသည္။ တရားဝင္တြဲခဲ့ၾကသလားဆိုသည္ကိုေတာ့ မည္သူမွ မသိခဲ့...ကာယကံ႐ွင္မ်ားသာသိလိမ့္မည္။

"ဟာနာ ကို ႀကိဳက္တယ္ဆိုလည္း ဘာလို႔ မိဘေတြ ေပးစားတဲ့သူနဲ႔ ယူေနမွာလဲ?"

"ဟာနာက အိမ္ေထာင္က်သြားၿပီေလ ကင္ဂ်ံဳအင္ရဲ႕"

ဂ်ံဳအင္၏ အေျပာကို ဆယ္ဟြန္းက ဝင္ေထာက္၏။

"မင္းတို႔ကလည္းကြာ...ဟာနာကို ႀကိဳက္တယ္လို႔ ငါဘယ္တုန္းကမ်ား ေျပာခဲ့ဖူးလို႔လဲ...အားလံူးက အတင္းအဖ်င္းေတြ..."

ခ်န္းေယာလ္ ေျပာေတာ့ အေတြးေလ်ွာက္ေရာက္ေနေသာ သူအားလံုးၿငိမ္က်သြားသည္။

"ငါ သူကို တစ္ခါေလးမွ ဖြင့္မေျပာခဲ့ဖူးဘူး သူ႔အေပၚထားတဲ့ ငါ့ရဲ႕ ခံစားခ်က္အစစ္ေတြကိုေလ...ငါ ႏိုင္ငံျခားမသြားခင္ အခ်ိန္ေလးတုန္းက ငါသူ႔ကို ဖြင့္ေျပာဖို႔ ႀကိဳးစားခဲ့ဖူးတယ္.သူသာ လက္ခံခဲ့ရင္ တစ္သက္လံုး ဘယ္မွမသြားပဲ သူေဘးမွာပဲ ေနဖို႔ ေတြးထားခဲ့တာ"

ခ်န္းေယာလ္၏ အတိတ္ကို တူးေဖာ္ေနေသာ ေဆြးေဆြးျမည့္ျမည့္ အေၾကာင္းအရာ တစ္ခ်ိဳ႕ကို အားလံုးက စိတ္ဝင္တစားနားေထာင္ေနၾက၏။ ေဂ်ာင္ဆူး အပါအဝင္...

"ဒါဆို?"

ဂ်ဳံဒဲ့က စကားလွမ္းေထာက္သည္..

"ငါ သူကို တျခားတစ္ေယာက္နဲ႔ အတူ ေတြ႕ခဲ့တာ...တျခားတစ္ေယာက္နဲ႔ နမ္းမလိုျဖစ္ေနတဲ့ သူ႔ကို ေတြ႔ခဲ့တယ္။ အဲ့ညက လွည့္လာခဲ့တဲ့ ငါက သူကို တစ္ေခါက္ေလးေတာင္ ျပန္မၾကည့္ျဖစ္ေတာ့တာ ဒီေန႔အထိပဲ"

အားလံုးဆီမွ မေက်မနပ္အသံမ်ား ထြက္ေပၚလာသည္။

"အဲ့ေတာ့ အဲ့တစ္ေယာက္လည္း အိမ္ေထာင္က်သြားၿပီေပါ့"
ဘတ္ခ္ဟြၽန္းထံမွ စိတ္ပ်က္လက္ပ်က္ေရရြတ္သံက အခန္းတြင္း ပ်ံလြင့္လို႔...

"ငါ အထင္လြဲသြားတာ...အဲ့ေန႔က အျဖစ္အပ်က္ကို အစအဆံုးမေတြ႔ခဲ့ပဲ ငါ သူ႔ကိုအထင္လြဲသြားမိတာ"

ခ်န္းေယာလ္က ေက်နပ္ေနသလို အသံအေနအထားနဲ႔ ေျပာေနေသာေၾကာင့္ ေဂ်ာင္ဆူး ဘာရယ္မဟုတ္ စိတ္တိုသြားရသည္။ မဆီမဆိုင္ပါပဲ...

"အဲ့ေတာ့ ျပန္လိုက္မလို႔လား မင္းက? ေစ့စပ္ဖို႔ပဲ လုပ္ေနၿပီကို"

ဂေယာင္ဆူး အသံမာမာႏွင့္ ေမးလိုက္မိသည္။ ဘာျဖစ္ခ်င္လို႔ ျဖစ္ခ်င္ေနမွန္းမသိေသာ ခ်န္းေယာလ္ကို သူႏွင့္ မဆိုင္ပါပဲ စိတ္ဆိုးမိသည္။

"သူကသာ ငါ့ကို သေဘာက်ပါတယ္လို႔ ေျပာလိုက္ရင္ ေစ့စပ္ပြဲက်င္းပေနရင္းတန္းလန္းေတာင္ ဖ်က္သိမ္းၿပီး သူ႔ေနာက္လိုက္ဖို႔ စိတ္ကူး႐ွိတယ္"

ေဂ်ာင္ဆူး, ခ်န္းေယာလ္၏ မ်က္လံုးထဲသို႔ ေစ့ေစ့စိုက္ၾကည့္လိုက္သည္။

"မိန္းကေလး႐ွင္ ဖက္ကိုလည္း အားနာဦးေလ"

သူ႔အသံက ပို၍ မာေၾကာသြားသည္ကို သတိထားလိုက္မိပါသည္။ ခ်န္းေယာလ္က မထီမဲ့ျမင္သလို ပံုစံႏွင့္ မ်က္ခံုးကို ပင့္ျပလာသည္။

"ႏိုးပါ...ငါ့တြက္ သူက ပိုအေရးႀကီးတယ္"

ပူေႏြးလာေသာ ပတ္ဝန္းက်င္အေျခအေနေၾကာင့္ ဂ်ံဳအင္က သူ႔လက္ကို ဆြဲ၍ လွမ္းသတိေပး၏။ ဂြၽန္ေျမာင္ကလည္း လွမ္းေျပာ၏။

"ခ်န္းေယာလ္ ကိစၥ ခ်န္းေယာလ္ ၾကည့္လုပ္မွာေပါ့ ေဂ်ာင္ဆူး"

ဟုတ္သားပဲ...ခ်န္းေယာလ္ ကိစၥကို သူက ဘာလို႔ ၾကားထဲက နာေနရမွာလဲ...မိန္းကေလး႐ွင္ ကလည္း ကိုယ္မွ ဟုတ္မေနပဲ... ေဂ်ာင္ဆူး စိတ္ေလ်ာ့လိုက္ရသည္။ ဒီကိစၥက သူ႔အလြန္ပင္။

"Sorryကြာ! ငါ ေဘာင္ေက်ာ္သြားတယ္"

"မင္းေျပာတဲ့စကားေတြမွာ ေဘာင္ေက်ာ္တယ္ဆိုတာမ်ိဳးမ႐ွိပါဘူး" ခ်န္းေယာလ္က ေအးေအးလူလူပင္ေျပာလာသည္။ ဒိစကားဝိုင္းထဲ အိုဗာျဖစ္သြားသူက သူတစ္ေယာက္တည္း...

စားၾကေသာက္ၾက ေ႐ွးေဟာင္းေႏွာင္းျဖစ္မ်ားေျပာၾကႏွင့္ အခ်ိန္ေတြက ကုန္မွန္းမသိ ကုန္ဆံုးလာေတာ့သည္။

"ေဂ်ာင္ဆူး ကားမပါဘူးလား? ငါ လိုက္ပို႔ေပးမယ္ေလ"
ဟိုတယ္ေ႐ွ႕ ရပ္ေစာင့္ေနေသာ သူ့ကို ဂြၽန္ေျမာင္က ကားထိုးရပ္လာရင္း လွမ္းေမးသည္။

ေတာင္ေတြးေျမာက္ေတြးရင္း ကားစီးမည္ဟူေသာ ရည္ရြယ္ခ်က္က ကားမယူလာခဲ့ၿပီး Taxi နဲ႔သာ ေတြ႔ဆံုပြဲသို႔လာခဲ့ျခင္း...
အခု အျပန္တြင္လည္း ထိုစိတ္ကူး႐ွိသည္မို႔ ဂြၽန္ေျမာင္ကို သူျငင္းလိုက္သည္။

ဂြၽန္ေျမာင္ကားေလးထြက္သြားသည္ကို မ်က္စိတစ္ဆံုးၾကည့္ရင္း ထိုေနရာတြင္ ရပ္ေနမိသည္။ Taxiလည္း လွမ္းမတားျဖစ္...

"ဂေယာင္ဆူး?"

အေနာက္ဖက္မွ ေခၚသံၾကားသည္မို႔ ေဂ်ာင္ဆူး လွည့္ၾကည့္လိုက္ေတာ့ ထိုသူက ပတ္ခ္ခ်န္းေယာလ္...
အေစာက ဝိုင္ခြက္ေရေပါင္းမ်ားစြာေသာက္ထားေသာ သူက အနည္းငယ္ရီေဝေဝ ျဖစ္ေနဟန္...

"မျပန္ေသးဘူးလား? အငွါးယာဥ္ေမာင္း ေခၚထားရဲ႕လား"

သူ႔စကားအဆံုးတြင္ ခ်န္းေယာလ္က မေျပာမဆိုႏွင့္ သူ႔လက္ကိုဆြဲကာ ေ႐ွ႕မွ ဦးေဆာင္သြား၏။

"ခ်န္းေယာလ္ ဘယ္သြားမလို႔လဲ"
သူေမးသည္ကို မေျဖပဲဆက္သြားေနသည္မို႔ ဆက္ေမးမေနေတာ့ပဲ ေခၚေဆာင္ရာေနာက္သာ လိုက္လာခဲ့လိုက္သည္။

ေဒါင့္တစ္ေနရာေရာက္ေတာ့ သူ ကိုယ္ေလးက အုတ္နံရံဆီ တြန္းျခင္းခံလိုက္ရသည္။ ေဂ်ာင္ဆူး၏ ကိုယ္ေလးက ခ်န္းေယာလ္နဲ႔ အုတ္နံရံၾကားတြင္ ႐ွိေနခဲ့ၿပီး ခ်န္းေယာလ္က အုတ္နံရံကို လက္ေထာက္ကာ သူကို ငံုၾကည့္လာသည္။

နီးကပ္ေနေသာ ခနၶာကိုယ္ႏွစ္ခုေၾကာင့္ အၾကမ္းပတမ္းခုန္ေပါက္ေနေသာ သူ႔ရင္ခုန္သံကို တစ္ဖက္လူမ်ား ၾကားသြားေလမလားဟူေသာ စိုးရိမ္စိတ္ေၾကာင့္ အက်ီစကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားမိသည္။

"ဆူး~"
သူ မရင္းႏွီးပါေသာ အေခၚအေဝၚ တစ္ခုက ခ်န္းေယာလ္ ႏႈတ္ခမ္းလႊာၾကားမွ ထြက္ေပၚလာသည္။
ခ်န္းေယာလ္၏ မ်က္ဝန္းမ်ားကို မဝံ့မရဲေမာ့ၾကည့္လိုက္မိသည္။

"ဆူး~"
ခ်န္းေယာလ္၏ ေခါင္းကို သူ႔ပခံုးေပၚျပဳတ္က်လာသည္။ ထြက္သက္ပူေႏြးေႏြးက လည္ပင္းကို လာေရာက္႐ိုက္ခတ္သည္။ ဒုတိယအႀကိမ္ သူ႔နာမည္ကိုေခၚသံက အနည္းငယ္ေဆြးျမည့္ေနသလို...

"ေျပာေလ ဘာေျပာမလို႔လဲ"
ေက်ာျပင္ကို ခပ္ဖြဖြ ပြတ္သပ္ရင္း ေျပာလိုက္သည္။

"ငါ ေနာက္က်ေနလား?"
အစအဆံုးမ႐ွိ ေမးလာေသာစကားေၾကာင့္ ေဂ်ာင္ဆူး နားလည္ရခက္သြားသည္။ သူမေမးခင္ပင္ ခ်န္းေယာလ္က ဆက္ေျပာလာ၏။

"ငါ အခုခ်ိန္မွ သူကိုလိုခ်င္ေနရင္ အရမ္းေနာက္က်ေနမလား?"

ေၾသာ္ ဟု ခပ္တိုးတိုးေရရြတ္လိုက္ရင္း ေက်ာျပင္ေပၚကလက္ကို ျပန္႐ုတ္လိုက္ေတာ့သည္။
မမွီဘူး လိုခ်င္မေနနဲ႔ဟု ဘုကလန္႔ ေျပာပစ္လိုက္ခ်င္ေသာ္လည္း မေျပာျဖစ္...

"ငါက ဘယ္သိမလဲ"

"ဆူး~ မင္းမွာ ခ်စ္သူ႐ွိေနၿပီလား?"
မဆီမဆိုင္ေမးလာျပန္ေသာ ေမးခြန္းတစ္ခု...

"႐ွိတယ္"
သူ၏ အေျဖအဆံုးတြင္ ခ်န္းေယာလ္က သက္ျပင္းအ႐ွည္ႀကီးခ်လာသည္။ ၿပီးေနာက္ သူကို အတင္း တိုး၍ ဖက္တြယ္ေတာ့သည္။ ႐ုတ္တရက္ႀကီး ဘာျဖစ္သြားျပန္တာလဲ...

တြန္းထုတ္ပစ္ေနေသာ္လည္း အားခ်င္းကမမ်ွ...

"ဒါဆို ငါ မင္းကို ခ်စ္တယ္လို႔ ေျပာရင္ေတာင္ မင္းက လက္ခံေပးဖို႔ မျဖစ္ႏိုင္ေတာ့ဘူးေပါ့"

"ဘယ္လို!" ဆက္မ႐ုန္းႏိုင္ေတာ့ေပ။

"မင္း ဘာကို ေျပာခ်င္တာလဲ ခ်န္းေယာလ္?"
သူ တကယ္ကို နားမလည္ပါ၍ ေမးလိုက္ျခင္းသာ...

"ငါ မင္းကို ခ်စ္တယ္လို႔ေလ~ ငါမင္းကို အေစာႀကီးကတည္းက ခ်စ္ခဲ့ရတာပါလို႔ေလ"

ေဂ်ာင္ဆူး ေခါင္းတည့္တည့္သို႔ မိုးႀကိဳးပစ္ခ်လိုက္သလိုပင္..
ေပ်ာ္သြားသည္လား ထိတ္လန္႔သြားသည္လားကိုပင္ မေတြးႏိုင္ေတာ့ပါ။

သူ၏ အခ်စ္ဦးက သူကို ခ်စ္သတဲ့လား...
ပတ္ခ္ခ်န္းေယာလ္က သူကို ခ်စ္ေနသတဲ့...
ဒိုဂေယာင္ဆူးရဲ႕ အခ်စ္ဦးက ဒိုဂေယာင္ဆူးကို ခ်စ္ေနပါသတဲ့...
အႏွစ္ႏွစ္အလလႏွင့္ အရိပ္တၾကည့္ၾကည့္ ခ်စ္ခဲ့ရသူကလည္း သူ႔နည္းတူ ခ်စ္ပါသတဲ့...

"မင္း တကယ္ေျပာေနတာလား ခ်န္းေယာလ္? ငါ့ကို မေနာက္နဲ႔ေနာ္"

"ဘာလို႔ ေနာက္ရမွာလဲ...ေနာက္ရမဲ့အသက္အရြယ္လား? မင္းေၾကာင့္ ငါ အခုခ်ိန္ထိ လူပ်ိဳႀကီးျဖစ္ေနရေသးတယ္ဆိုတာ မင္းသိလား"

ဖိေဟာက္ျခင္း ခံလိုက္ရေသာေၾကာင့္ လန္႔သြားရေသာ္လည္း အဆံုးတြင္ သေဘာတက် ရီခ်လိုက္မိသည္။

"ရီစရာပါလားဟမ္"

ခင္ဗ်ားႀကီးကို အူယားလို႔ရီတာေလ...မရီရဘူးလား

"မင္း အဲ့ေန႔က ဟို အတန္း၇က အေကာင္နဲ႔ နမ္းမလိုျဖစ္ေနတာ..ငါ ဘယ္ေလာက္ေပါက္ကြဲခဲ့ရလားသိလား? မင္း ကင္းကင္း႐ွင္း႐ွင္းမေနလို႔ ငါမွာ ၁၀ႏွစ္နီးပါး အသည္းကြဲၿပီးေနခဲ့ရတာ"

မူးေန၍ပဲလား မသိေပ...စကားေၾကာက အေတာ္အရစ္႐ွည္သည္။

"ငါ အျပစ္ပဲ ျဖစ္ရေသးတယ္လား! မင္းဟာမင္း ထင္ခ်င္​ရာထင္ေနတာေလ..လႊတ္စမ္း ငါ့ကို"

အနည္းငယ္ေျပေလ်ာ့ေနေသာ လက္ေမာင္းမ်ားၾကားမွ အတင္း႐ုန္းထြက္လိုက္ၿပီး လွည့္ထြက္လာေတာ့ လက္ကို လွမ္းဆြဲ၏။

"မျဖစ္ႏိုင္ေတာ့ဘူးလား? ငါတကယ္ေနာက္က်သြားၿပီးလာ ဆူး~"

ဆြဲထားေသာ လက္ကို ေဆာင့္႐ုန္းလိုက္ၿပီး ေျပာလိုက္သည္။

"ဘယ္သူက ေျပာလဲ ေနာက္က်တယ္လို႔! ငါလည္း မင္းကို ခ်စ္လို႔ အခုခ်ိန္ထိ တစ္ကိုယ္တည္းေနေနတာ..ငတံုး"

အံ့ျသသြားေသာ မ်က္လံုးမ်ားက အေရာင္တလက္လက္..သေဘာက်လြန္းလို႔ ဘယ္လိုလုပ္ရပါ့လိမ့္...

"တကယ္လား ဆူး?"

"ေအး ေနာက္ေနတာ...ေပ်ာ္စရာေကာင္းလို႔"

ႏႈတ္ခမ္းကို မဲ့ရြဲ႔ျပလိုက္ၿပီး ေနာက္တြင္ ခ်န္ခဲ့ကာ လွည့္ထြက္လာခဲ့သည္။ ေျခသံုးလွမ္းလိုက္ လွမ္းအၿပီးတြင္ အေနာက္မွ ဝုန္းခနဲ အသံၾကားလိုက္ရသည္။

႐ုတ္တရက္ႀကီး ပစ္လဲက်သြားေသာ ခ်န္းေယာလ္က ေျမျမင္ထက္တြင္ အတံုးအ႐ုန္း...
ေဂ်ာင္ဆူး ပူထူသြားရၿပီး ခ်န္းေယာလ္ဆီ ေျပးကာ ဆြဲထူရသည္။

"ခ်န္းေယာလ္ ရား...သတိထားဦး! ဘယ္လိုျဖစ္တာလဲ ငါ့ကို စိတ္ပူေအာင္မလုပ္နဲ႔ကြာ"

*ႁပြတ္*

ဆြဲထူေနေသာ သူ၏ ပါးကို အခြင့္အေရးယူကာ လွမ္းနမ္း၏။ တကယ္ေတာ့ ခ်န္းေယာလ္က ေမ့လဲသြားျခင္းမဟုတ္ပဲ သက္သက္ကို မာယာလုပ္ျပျခင္း... မိန္းမႀကီးက်လို႔ဟု စိတ္ထဲ ႀကိတ္ပြားလိုက္ကာ...ရင္ဘတ္ကို ထုပစ္လိုက္သည္။

"ႏွာဘူး!"
ရီသံပါးပါးက ေဂ်ာင္ဆူးကို စိတ္ၾကည္ႏူးေစသည္။ သူပါ ခ်န္းေယာလ္ႏွင့္ အတူ ရယ္လိုက္ရင္း အၾကည့္ခ်င္းဆံုသြားခ်င္မွာေတာ့ ႏွစ္ေယာက္လံုး အရီရပ္သြားေတာ့သည္။

"ဆူး~ ကိုယ့္ကို မူးေနတယ္ဆိုၿပီး မနက္က်မွ မလွိမ့္တပတ္မလုပ္ရဘူးေနာ္"

ႏႈတ္ခမ္းဆီ တိုးဝင္ကာ နမ္း႐ိႈက္လာေသာေၾကာင့္ မ်က္လံုးကို အသာအယာမွိတ္ခ်လိုက္မိသည္။
သူ၏ ပထမဆံုးေသာ အနမ္းက သူ၏ အခ်စ္ဦး ပတ္ခ္ခ်န္းေယာလ္အတြက္ ျဖစ္ေစခဲ့သည္။ သူေက်နပ္ပါသည္။

ခ်စ္တယ္ ခ်န္းေယာလ္~

"ခ်စ္တယ္ ဆူး~"
သူ စ္ိတ္ထဲမွ ေရရြတ္သူကို ခ်န္းေယာလ္က သူႏွင့္ထပ္တူ ေျပာလာသည္။

.........................END..........................

Happy ChanSoo Day
Happy 612 Day
Chansoo dayအတြက္ဆိုၿပီး အမွတ္တရေလးဖန္တီးဖို႔ေတြးထားခဲ့ဲပါတယ္..ဒါ​ေပမဲ့ မအားတာေၾကာင့္ အခ်ိန္ေသခ်ာမယူရပဲ ျဗန္းစားႀကီးေရးလိုက္ရလို႔ လိုအပ္ခ်က္ေတြအမ်ားႀကီး႐ွိေနႏိုင္ပါတယ္။

Feedback ေလးေတြေပးခဲ့ပါဦးေနာ္...One shotနဲ႔ပဲ အဆံုးသတ္လိုက္ရမလား..Mini seriesေလးအျဖစ္ေရးေပးရမလားဆိုတာ ေဝခြဲမရတာေၾကာင့္ fbေလးေတြသာေပးသြားပါေနာ္...

(Unicode)

12.6.2021

ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ဂျောင်ဆူး ပထမဆုံး အကြိမ် ရောက်ရှိနေခြင်း...

အထက်တန်းပြီး၍ ၉နှစ်ကျော် အကြာမှ အခုလို ရောက်ရှိလာခြင်းအတွက် ဂျောင်ဆူး အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ စိမ်းသက်သက် ခံစားချက်ကြီးက စိတ်မသက်မသာဖြစ်စေပါ၏။

သက်ပြင်းတစ်ချက် ခပ်ဖွဖွချရင်း တံခါးလက်ကိုင်ကို ဆွဲဖွင့်ရန် ကြိုးစားတော့ လက်တစ်စုံက အေးစက်လာတော့သည်။ တံခါးချပ်ကို ဖြတ်ကျော်၍ ထွက်ပေါ်လာသော စကားပြောသံတို့က နှလုံးခုန်သံကို ဆူညံစေသည်။

တံခါးလက်ကိုင်ဘုကို လှည့်ပြီး အခန်းတွင်း ဖြည်းဖြည်းချင်းဝင်သွားတော့ စကားပြောသံများက မီးခဲကို ရေနဲ့ပတ်လိုက်သလို ရှဲခနဲ ငြိမ်ကြသွားပြီး ဂျောင်ဆူးရှိရာဆီ အကြည့်များ စုဝေးလာတော့သည်။

"ရား!! ဒိုဂယောင်ဆူး"
အတန်းခေါင်းဆောင် ကင်မ်ဂျွန်မြောင်ဆီမှ အသံ...
ထို့နောက် သူ့ဆီ အပြေးတစ်ပိုင်း ရောက်ချလာကာ လက်မောင်းကို လာရိုက်သည်။ ထို့အတူ အခန်းတွင်းမှ သူအားလုံးကလည်း ထိုင်နေရမှ ထလာကြသည်။

"Oh My God...နွေခေါင်ခေါင် မိုးရွားချတော့မယ်ထင်တယ်! ဒိုဂယောင်ဆူး လာတယ်တဲ့"

ဗြောင်ဘတ်ခ်ဟျွန်းရဲ့ စကားသံအဆုံးတွင် ဂျောင်ဆူး အနည်းငယ် ရှက်သွားရသည်။ ကိုယ်ကသာ သူစိမ်းဆန်နေသလို ဖြစ်နေပေမဲ့ သူတို့ကတော့ အရင်အတိုင်းပင် ဂျောင်ဆူးကို ဆက်ဆံကြသည်။ အရာအားလုံးက ပေါ့ပေါ့ပါးပါးလိုပင်...

"Hyung ကျွန်တော်ဘေး လာထိုင် ဒီမှာနေရာလွတ်တယ်"
ကင်မ်ဂျုံအင်က ထိုင်နေရာမှ သူကို လက်ယက်ခေါ်သည်။ အတန်းတူသူငယ်ချင်းတွေ ဖြစ်ပေမဲ့ ဂျုံအင်က သူ့ကို အကိုဟုသာ ခေါ်တတ်သည်။ သူတစ်ချက် ပြုံးပြလိုက်ရင်း ဂျုံအင် ရှိရာဆီ လျှောက်သွားလိုက်သည်။

"ကဲ ဆိုစမ်းပါဦး အကြာကြီးနေမှ လာရတဲ့ အကြောင်းလေး! ငါတို့မှာတော့ နှစ်တိုင်း ဆက်သွယ်လိုက်ရတာ မင်းကတော့ အေရးကို မလုပ်...ဒိုဂယောင်ဆူးတို့ ချေပုံကတော့ ကျောင်းတုန်းက အတိုင်းပဲ"

အိုဆယ်ဟွန်း၏ စကားအဆုံး ဘတ်ခ်ဟျွန်းက အားရပါးရ ထရီ၏။

"မင်း ရည်းစားစကားပြောမယ်ထင်လို့ နေမှာပေါ့"

ဘတ်ခ်ဟျွန်း၏ စကားအဆုံး အခန်းတွင်းမှ လူအားလုံးက အားပါးတရ ရီမောကြသည်မို့ ဂျောင်ဆူးရော ဆယ်ဟွန်းပါ မျက်နှာကြီး နီမြန်းသွားတော့သည်။

"ပါးစပ်ပိတ်!"
ဆယ်ဟွန်း ၏ ရှက်ကိုး ရှက်ကန်းစကားကြောင့် တစ်ခန်းလုံး ပြန်၍ ဆူညံသွားရပြန်သည်။

"တော်ပါကွာ! တော်ကြာ ဂယောင်ဆူး ထပြန်သွားမှ လိုက်ခေါ်မရဖြစ်နေမယ်"

ကင်မ်မင်ဆော့ ပြောလိုက်တော့ အားလုံးက ထောက်ခံကြသလိုနှင့် တစ်စ တစ်စ ငြိမ်ကြသွားတော့သည်။

ဂျောင်ဆူး အခန်းတစ်ခုလုံးကို ဝေ့ကြည့်ရင်း တစ်စုံတစ်ယောက်ကို ရှာနေမိသည်။ သူ ဒီကို ရောက်နေရသည့် အကြောင်းအရင်းပေါ့~

သူ၏ အချစ်ဦး ပတ်ခ်ချန်းယောလ်....

ချန်းယောလ် ကိုးရီးယားကို ပြန်ရောက်နေပြီးဆိုသော သတင်းစကားက သူ့ကို ဒီနေရာသို့ သယ်ဆောင်လာခြင်း ဖြစ်သည်။
ဘွဲ့ရပြီးကတည်းက နိုင်ငံရပ်ခြားကို ထွက်ခွာသွားသော သူ...
နှုတ်ဆက်ဖော်တောင် မရပဲ သူရှေ့မှ ရုတ်တရက် ထွက်ခွာသွားသော သူ...

ထိုသူကို သူက တွေ့ချင်လွန်းပါသဖြင့် ဤနေရာသို့ ရောက်ရှိနေခြင်း...

"ဘယ်သူကို ရှာနေတာလဲ ချန်းယောလ်လား?"

ကင်မ်ဂျုံဒဲ့ က ဘေးနားကပ်ကာ လာပြောသည်မို့ အသားလေးခေါင်းငြိမ့်ပြလိုက်သည်။
ချန်းယောလ် အပေါ်ထားသည့် သူခံစားချက်ကို ကောင်းကောင်းကြီး သိသော တစ်ဦးတည်းသော သူငယ်ချင်း.

ဂျုံဒဲ့က ပြုံးပြလာရင်း သူ့ပခုံးကို ခပ်ဖွဖွ ပုတ်ပေး၏။

"သူက မကြာခင် စေ့စပ်တော့မှာတဲ့"
ဂျုံဒဲ့ဆီက ကြားလိုက်ရသော မထင်မှတ်ထားသည့် စကားတစ်ခွန်းက လည်ပတ်နေသော သူ့ကမ်ဘာကြီးကို ရပ်တန့်သွားစေသည်။
ဝိုင်ခွက်ကို ကိုင်ထားသော လက်က မသိလိုက်မသိဘာသာ တင်းသွားသောကြောင့် ဘတ်ခ်ဟျွန်းက လှမ်းမေးရတဲ့အထိ..

"ဂယောင်ဆူး ဘာဖြစ်လဲ နေမကောင်းဘူးလား?"

ဘေးမှ ဂျုံဒဲ့၏ ဘာမှ မဖြစ်ပါဘူးဟူသော သူ့အစား အဖြေစကားတွင် ဘတ်ခ်ဟျွန်းက သဘောပေါက်သလို ခေါင်းညိမ့်ပြသည်။

"ဂယောင်ဆူး အရင်လို တစ်ယောက်တည်းပဲလား? ငါတို့ဘယ်တော့ ပွဲတက်ရမှာလဲ"

ဂျွန်မြောင်၏ မေးစကားကို ဂျုံဒဲ့က ပခုံးတိုက်၍ သတိပေးလိုက်မှ တစ်ဝက်တစ်ပြတ်ကနေ ကြားလိုက်ရသည်။

"အေး ဟုတ်တယ်! ငါတို့ သူငယ်ချင်းတွေထဲ မင်းတစ်ယောက်တည်း လူပျိုကြီး အဖြစ်ကျန်နေတာ..လုပ်တော့လေကွာ နောက်နှစ်ဆို ၃၀ထဲ ရောက်တော့မှာကို"

ရီရှင်းက တစ်ချိန်လုံး ငြိမ်နေခဲ့ပြီးမှ ဝင်ပြော၏။

မှန်ပါ၏။ သူတို့ နှစ် သူငယ်ချင်းတွေထဲဆိုလျှင် အားလုံးက လက်တွဲဖော် အသီးသီး ရှိနေကြပြီ ဖြစ်ပြီး ချန်း ဆိုလျှင် သမီးလေးတောင် ရနေပြီ မဟုတ်ပါလား? ကျန်ရစ်သူက သူနှင့် ချန်းယောလ်သာ..
.အခု ချန်းယောလ်ကပါ စေ့စပ်တော့မည်ဆိုတော့ ကျန်ရစ်သူက သူတစ်ယောက်တည်း...

"ငါက မင်းတို့လို အပူမရှာချင်လို့လေ"

လုပ်ရီ ရယ်လိုက်ရင်း ဝိုင်ခွက်ကို မော့သောက်လိုက်သည်။

"အားလုံးပဲ နောက်ကျသွားလို့ ဆောတီးဗျာ"

နောက်ဆုံးတော့ သူ မျှော်နေခဲ့သူ ရောက်လာခဲ့ပြီး ဖြစ်သည်။
ချန်းယောလ်က တံခါးရှေ့ရပ်နေရင်း သူ့ဆီ တည့်တည့်ကြည့်နေသည်။ ဘာ အကြောင်းပြချက်မှ မရှိ သူတစ်ယောက်တည်းကို ကွက်၍ စိုက်ကြည့်နေသည်မို့ မလုံမလဲဖြစ်ကာ ဆန့်ကျင်ဖက်သို့ မျက်နှာလွှဲလိုက်သည်။

ကိုယ်က မရိုးမသား ခံစားချက်ကြီး ရှိနေသည်မဟုတ်လား...သူက ရိုးရိုးသားသားကြည့်နေရင်တောင်မှလေ...

"ချန်းယောလ် ဘယ်လိုဖြစ်လို့ ရေတွေ စိုနေရတာလဲ?"

ဂျွန်မြောင်၏ အမေးကို သူက ဆံပင်ကို ရေခါရင်း ဖြေလာသည်။
"ရုတ်တရက်ကြီး မိုးရွာချလာလို့လေ"

မကြားရတာ​ကြာပြီ ဖြစ်သော အသံသြသြကို နားထောင်ရင်း နှလုံးခုန်သံတို့က မြန်ဆန်လာရသည်။

ပတ်ချန်းယောလ်သည် အဲ့လိုပင်... သူ့ကို အသေးအဖွဲ အမူအရာလေးကအစ ရင်ခုန်စေသည်။

"ဂျုံဒဲ့ မင်း ငါနဲ့ နေရာလဲပေးလို့ရမလား!"

ချန်း ကို နေရာလဲပေးရန် လာပြောနေသော သူ့နောက်မှ ချန်းယောလ်ကို မျက်လုံးထောင့်မှ နေ၍ ခိုးကြည့်လိုက်သည်။
၁၆နှစ်အရွယ် ကောင်လေးလည်း မဟုတ်ပါပဲ သူ့ဘေး ဘာလို့များ ထိုင်ချင်ရတာလဲဟု တွေးကာ ကြိတ်၍ ကျေနပ်သွားရပြီး ရင်ခုန်သွားရသည်မို့ နှလုံးခုန်သံများ ကြားသွားလေမလားဟု ပင် စိတ်ပူသွားရသည်။

"မိုးရေ စိုနေတော့လေ ဟိုနားဆို ချမ်းလာမှာ ဆိုးလို့"

ရင်ခုန်သံကိုပင် ချက်ချင်း ရပ်တန့်ပစ်လိုက်ရမလို့ ဖြစ်သွားပြီး အင်တင်တင် ဖြစ်သွားရသည်။

"ငါကို ဆုံးအောင်တောင် ရင်မခုန်ခိုင်းဘူး" ဟု ပွစိပွစိ ​ပြောလိုက်မိသည်။

"ဂယောင်ဆူး မတွေ့ရတာ ကြာပြီနော်~ အဆင်ပြေတယ်ဟုတ်"

ထိုင်ခုံတွင် ဝင်ထိုင်ပြီးသည်နှင့် ပထမဆုံး ပြောလာသောစကား...

အဆင်မပြေရင် မင်းက ပြေအောင်လုပ်ပေးမှာလား ဟု စိတ်ထဲ ကြိတ်ပွားလိုက်သော်လည်း လက်တွေ့တွင်တော့..

"ဒီလိုပါပဲ! မင်းရော?.....မကြာခင် စေ့စပ်တော့မယ်ဆို"

အနောက်က စကားတစ်ခွန်းကို အထွန့်တက်ကာ စပ်စုလိုက်မိသည်။ တကယ်တော့ ဒါက ဒိုဂယောင်ဆူး စတိုင့မဟုတ်...

ချန်းယောလ်က ခပ်ဖွဖွ ရီလာသည်မို့ ပါးချိုင့်လေးများ ထင်းခနဲ ပေါ်လာတော့သည်။ ဒီ ယောကျ်ား၏ ချောမောမှုကို ငေးမောနေသည်က အချိန်တွေကိုပင် မေ့လျော့စေသည်။

"ဘာလဲ ငါ့မျက်နှာမှာ တစ်ခုခုပေနေလို့လား"

ဘယ်ချိန်က နီးကပ်လာမှန်း မသိသော ချန်းယောလ်မျက်နှာက သူ၏ မျက်နှာနှင့် စင်တီမီတာ အနည်းငယ်သာ ကွာတော့သည်။ ဝင်သက် ထွက်သက် ကတောင် မျက်နှာကို လာရောက် ကလူဂျီစယ်နေပြီ ဖြစ်သည်။

လန့်သွားရသောကြောင့် အနောက်သို့ ဆုပ်လိုက်မိ၍ ခုံပေါ်မှ ပြုတ်ကျလုနီးနီး ဖြစ်သွားရသည်။ သို့သော် ပြုတ်မကျပါချေ။
ချန်းယောလ်၏ လက်တစ်ဖက်က သူ့ခါးမှ နေ၍ ဆွဲလိုက်သောကြောင့် ဖြစ်သည်။ ထိုအတူ သူကိုယ်လေးက ချန်းယောလ် ရင်ခွင်ထဲ အံဝင်ခွင်ကျ...

"သတိထားဦးလေ"

နားဆီ တိုးကပ်၍ ဆိုလာသောကြောင့် တုန်တက်သွားရသည်။ ဘယ်လို အခြေအနေမျိုး ဖြစ်နေသည်ကို သူ မဝေခွဲတတ်ပါ။ ထို့အတူ ချန်းယောလ်၏ အမူအရာ တစ်ချို့...

ချန်းယောလ်ကို တွန်းဖယ်လိုက်ရင်း ထိုင်ခုံတွင် သေချာထိုင်ကာ ပတ်ဘေးလည်ကို ဝေ့ကြည့်လိုက်ပြီး အားလုံးက မိမိတို့ အခြေအနေကို မမြင်လိုက်ဘူးဟု ထင်ရမှ သက်ပြင်း ခိုးချလိုက်မိသည်။

"ဂယောင်ဆူး မင်းက အရင်အတိုင်းပဲနော်"

ရယ်သံနှော၍ ပြောလာသော ချန်းယောလ်ကို သူလှည့်မကြည့်ဖြစ်ခဲ့ပါ။

"ချန်းယောလ်..မင်း စေ့စပ်တော့မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်...ငါတို့ကိုလည်း ပြောပါဦးကွာ"

မင်ဆော့၏ အမေးကို ချန်းယောလ်က သေဘာတက် ရီမောလာသည်။
သူလည်း သိချင်နေသည်မို့ ဘေးမှ ချန်းယောလ်ကို ခိုးကြည့်လိုက်မိသော်လည်း အကြည့်ချင်းဆုံသွားရသည်။
ဒီတစ်ခါတော့ အကြည့်မလွှဲမိပါ။

"အေးကွာ! ငါ့မိဘတွေပေါ့ မသေခင်လေး ငါ့သားကြီး အိမ်ထောင်အတည်တကျလေး ဖြစ်ချင်ပါတယ်ဆိုပြီး စီစဉ်ပေးတာ! အိမ်မှာ အငယ်မတွေက ယောကျ်ားကိုယ်စီနဲ့ ဖြစ်နေကြပြီမဟုတ်လား"

ချန်းယောလ်ကတော့ ပေါ့ပေါ့ပါးပါး ပြောနေခြင်းဖြစ်သော်လည်း သူကေတာ့ တစ်စတစ်စ ဝမ်းနည်းလာရသည်။ သူ ကိုယ်တိူင်မပိုင်ဆိူင်ရရင်တောင်မှ တျခားသူ ပိုင်သွားမည့် အေရးကို မကြည့်နိုင်ပါလေ..

"အဲ့တော့ မင်းက အလွယ်တကူပဲ လက်ခံလိုက်တယ်ပေါ့!"

ဘတ်ခ်ဟျွန်းက မေး၏။ အွန်း ဟူသော သူ၏ ထောက်ခံမှုကို ကြားလိုက်ရသည်မို့ ဂျောင်ဆူး ခေါင်းငုံထားလိုက်မိသည်။

စိတ်မာသူ ဖြစ်သော်လည်း စိတ်မထိန်းနိုင်ပဲ ရုတ်တရက်ကြီး မျက်ရည်ကျသွားမိလျှင် သို့လော် သို့လော်နှင့် ရှည်လာနိုင်သည် မဟုတ်လား။

"ဒါပေမဲ့~"

ချန်းယောလ်၏ ဒါပေမဲ့ ဟူသော အသံရှည်ဆွဲမှု အဆုံးတွင် သူ ချန်းယောလ်ကို လှည့်ကြည့်လိုက်သည်။ ချန်းယောလ်ကလည်း သူကို တစ်ချက်လှည့်ကြည့်ပြီး အရှေ့မှ သူများဆီ မျက်နှာမူသွားသည်။

"ငါမှာ ချစ်ရမဲ့သူ သက်သက်ရှိတယ်"

အခန်းတစ်ခုလုံးထဲမှ သူများမှ အာမေဋိတ်အသံမျိုးစုံကို တစ်ပြိုင်နက်တည်း ကြားလိုက်ရသည်။ သူလည်း သိချင်စိတ်များကြောင့် အသက်ရှူရန်ပင်မေ့လျော့သွားသည်။

အချစ်ဦး၏ ချစ်ရသူဟာ ဘယ်သူများ ဖြစ်လိမ့်မလဲ။ သူ သိတဲ့သူထဲကပဲလား?

"ငါတို့ သိတဲ့လူလား?"
သူ မေးချင်နေသည့် မေးခွန်းကို ရီရှင်းက မေးလာသည်။

"အင်း မင်းတို့အားလုံး သူ့ကို ကောင်းကောင်းသိတယ်"

"ဘယ်သူလဲ ကင်မ်ဟာနာ?"
ကင်မ်ဟာနာ...သူမဟာ သူတို့ အထက်တန်းတုန်းက အထူးတလည်နာမည်ကြီးခဲ့သော ပြိုင်ဖက်ကျောင်းတော်၏ အလှဘုရင်မ...သူမ ဖက်က ချန်းယောလ်ကို စိတ်ဝင်စားနေသည်ဟူသော သတင်းများ အတိအက် ထွက်ရှိခဲ့ဖူးပြီး သူတို့နှစ်ယောက် အချင်းချင်း ချစ်ကြိုက်နေကြသည်ဟု rumorများ ထွက်ခဲ့ဖူးသည်။ တရားဝင်တွဲခဲ့ကြသလားဆိုသည်ကိုတော့ မည်သူမှ မသိခဲ့...ကာယကံရှင်များသာသိလိမ့်မည်။

"ဟာနာ ကို ကြိုက်တယ်ဆိုလည်း ဘာလို့ မိဘတွေ ပေးစားတဲ့သူနဲ့ ယူနေမှာလဲ?"

"ဟာနာက အိမ်ထောင်ကျသွားပြီလေ ကင်ဂျုံအင်ရဲ့"

ဂျုံအင်၏ အပြောကို ဆယ်ဟွန်းက ဝင်ထောက်၏။

"မင်းတို့ကလည်းကွာ...ဟာနာကို ကြိုက်တယ်လို့ ငါဘယ်တုန်းကများ ပြောခဲ့ဖူးလို့လဲ...အားလူံးက အတင်းအဖျင်းတွေ..."

ချန်းယောလ် ပြောတော့ အတွေးလျှောက်ရောက်နေသော သူအားလုံးငြိမ်ကျသွားသည်။

"ငါ သူကို တစ်ခါလေးမှ ဖွင့်မပြောခဲ့ဖူးဘူး သူ့အပေါ်ထားတဲ့ ငါ့ရဲ့ ခံစားချက်အစစ်တွေကိုလေ...ငါ နိုင်ငံခြားမသွားခင် အချိန်လေးတုန်းက ငါသူ့ကို ဖွင့်ပြောဖို့ ကြိုးစားခဲ့ဖူးတယ်.သူသာ လက်ခံခဲ့ရင် တစ်သက်လုံး ဘယ်မှမသွားပဲ သူဘေးမှာပဲ နေဖို့ တွေးထားခဲ့တာ"

ချန်းယောလ်၏ အတိတ်ကို တူးဖော်နေသော ဆွေးဆွေးမြည့်မြည့် အကြောင်းအရာ တစ်ချို့ကို အားလုံးက စိတ်ဝင်တစားနားထောင်နေကြ၏။ ဂျောင်ဆူး အပါအဝင်...

"ဒါဆို?"

ဂျုံဒဲ့က စကားလှမ်းထောက်သည်..

"ငါ သူကို တခြားတစ်ယောက်နဲ့ အတူ တွေ့ခဲ့တာ...တခြားတစ်ယောက်နဲ့ နမ်းမလိုဖြစ်နေတဲ့ သူ့ကို တွေ့ခဲ့တယ်။ အဲ့ညက လှည့်လာခဲ့တဲ့ ငါက သူကို တစ်ခေါက်လေးတောင် ပြန်မကြည့်ဖြစ်တော့တာ ဒီနေ့အထိပဲ"

အားလုံးဆီမှ မကျေမနပ်အသံများ ထွက်ပေါ်လာသည်။

"အဲ့တော့ အဲ့တစ်ယောက်လည်း အိမ်ထောင်ကျသွားပြီပေါ့"
ဘတ်ခ်ဟျွန်းထံမှ စိတ်ပျက်လက်ပျက်ရေရွတ်သံက အခန်းတွင်း ပျံလွင့်လို့...

"ငါ အထင်လွဲသွားတာ...အဲ့နေ့က အဖြစ်အပျက်ကို အစအဆုံးမတွေ့ခဲ့ပဲ ငါ သူ့ကိုအထင်လွဲသွားမိတာ"

ချန်းယောလ်က ကျေနပ်နေသလို အသံအနေအထားနဲ့ ပြောနေသောကြောင့် ဂျောင်ဆူး ဘာရယ်မဟုတ် စိတ်တိုသွားရသည်။ မဆီမဆိုင်ပါပဲ...

"အဲ့တော့ ပြန်လိုက်မလို့လား မင်းက? စေ့စပ်ဖို့ပဲ လုပ်နေပြီကို"

ဂယောင်ဆူး အသံမာမာနှင့် မေးလိုက်မိသည်။ ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်းမသိသော ချန်းယောလ်ကို သူနှင့် မဆိုင်ပါပဲ စိတ်ဆိုးမိသည်။

"သူကသာ ငါ့ကို သဘောကျပါတယ်လို့ ပြောလိုက်ရင် စေ့စပ်ပွဲကျင်းပနေရင်းတန်းလန်းတောင် ဖျက်သိမ်းပြီး သူ့နောက်လိုက်ဖို့ စိတ်ကူးရှိတယ်"

ဂျောင်ဆူး, ချန်းယောလ်၏ မျက်လုံးထဲသို့ စေ့စေ့စိုက်ကြည့်လိုက်သည်။

"မိန်းကလေးရှင် ဖက်ကိုလည်း အားနာဦးလေ"

သူ့အသံက ပို၍ မာကြောသွားသည်ကို သတိထားလိုက်မိပါသည်။ ချန်းယောလ်က မထီမဲ့မြင်သလို ပုံစံနှင့် မျက်ခုံးကို ပင့်ပြလာသည်။

"နိုးပါ...ငါ့တွက် သူက ပိုအရေးကြီးတယ်"

ပူနွေးလာသော ပတ်ဝန်းကျင်အခြေအနေကြောင့် ဂျုံအင်က သူ့လက်ကို ဆွဲ၍ လှမ်းသတိပေး၏။ ဂျွန်မြောင်ကလည်း လှမ်းပြော၏။

"ချန်းယောလ် ကိစ္စ ချန်းယောလ် ကြည့်လုပ်မှာပေါ့ ဂျောင်ဆူး"

ဟုတ်သားပဲ..ချန်းယောလ် ကိစ္စကို သူက ဘာလို့ ကြားထဲက နာနေရမှာလဲ...မိန်းကလေးရှင် ကလည်း ကိုယ်မှ ဟုတ်မနေပဲ... ဂျောင်ဆူး စိတ်လျော့လိုက်ရသည်။ ဒီကိစ္စက သူ့အလွန်ပင်။

"Sorryကြာ! ငါ ဘောင်ကျော်သွားတယ်"

"မင်းပြောတဲ့စကားတွေမှာ ဘောင်ကျော်တယ်ဆိုတာမျိုးမရှိပါဘူး" ချန်းယောလ်က အေးအေးလူလူပင်ပြောလာသည်။ ဒိစကားဝိုင်းထဲ အိုဗာဖြစ်သွားသူက သူတစ်ယောက်တည်း...

စားကြသောက်ကြ ရှေးဟောင်းနှောင်းဖြစ်များပြောကြနှင့် အချိန်တွေက ကုန်မှန်းမသိ ကုန်ဆုံးလာတော့သည်။

"ဂျောင်ဆူး ကားမပါဘူးလား? ငါ လိုက်ပို့ပေးမယ်လေ"
ဟိုတယ်ရှေ့ ရပ်စောင့်နေသော သူ့ကို ဂျွန်မြောင်က ကားထိုးရပ်လာရင်း လှမ်းမေးသည်။

တောင်တွေးမြောက်တွေးရင်း ကားစီးမည်ဟူသော ရည်ရွယ်ချက်က ကားမယူလာခဲ့ပြီး Taxi နဲ့သာ တွေ့ဆုံပွဲသို့လာခဲ့ခြင်း...
အခု အပြန်တွင်လည်း ထိုစိတ်ကူးရှိသည်မို့ ဂျွန်မြောင်ကို သူငြင်းလိုက်သည်။

ဂျွန်မြောင်ကားလေးထွက်သွားသည်ကို မျက်စိတစ်ဆုံးကြည့်ရင်း ထိုနေရာတွင် ရပ်နေမိသည်။ Taxiလည်း လှမ်းမတားဖြစ်...

"ဂယောင်ဆူး?"

အနောက်ဖက်မှ ခေါ်သံကြားသည်မို့ ဂျောင်ဆူး လှည့်ကြည့်လိုက်တော့ ထိုသူက ပတ်ခ်ချန်းယောလ်...
အစောက ဝိုင်ခွက်ရေပေါင်းများစွာသောက်ထားသော သူက အနည်းငယ်ရီဝေဝေ ဖြစ်နေဟန်...

"မပြန်သေးဘူးလား? အငှါးယာဉ်မောင်း ခေါ်ထားရဲ့လား"

သူ့စကားအဆုံးတွင် ချန်းယောလ်က မပြောမဆိုနှင့် သူ့လက်ကိုဆွဲကာ ရှေ့မှ ဦးဆောင်သွား၏။

"ချန်းယောလ် ဘယ်သွားမလို့လဲ"
သူမေးသည်ကို မဖြေပဲဆက်သွားနေသည်မို့ ဆက်မေးမနေတော့ပဲ ခေါ်ဆောင်ရာနောက်သာ လိုက်လာခဲ့လိုက်သည်။

ဒေါင့်တစ်နေရာရောက်တော့ သူ ကိုယ်လေးက အုတ်နံရံဆီ တွန်းခြင်းခံလိုက်ရသည်။ ဂျောင်ဆူး၏ ကိုယ်လေးက ချန်းယောလ်နဲ့ အုတ်နံရံကြားတွင် ရှိနေခဲ့ပြီး ချန်းယောလ်က အုတ်နံရံကို လက်ထောက်ကာ သူကို ငုံကြည့်လာသည်။

နီးကပ်နေသော ခန္ဓာကိုယ်နှစ်ခုကြောင့် အကြမ်းပတမ်းခုန်ပေါက်နေသော သူ့ရင်ခုန်သံကို တစ်ဖက်လူများ ကြားသွားလေမလားဟူသော စိုးရိမ်စိတ်ကြောင့် အကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။

"ဆူး~"
သူ မရင်းနှီးပါသော အခေါ်အဝေါ် တစ်ခုက ချန်းယောလ် နှုတ်ခမ်းလွှာကြားမှ ထွက်ပေါ်လာသည်။
ချန်းယောလ်၏ မျက်ဝန်းများကို မဝံ့မရဲမော့ကြည့်လိုက်မိသည်။

"ဆူး~"
ချန်းယောလ်၏ ခေါင်းကို သူ့ပခုံးပေါ်ပြုတ်ကျလာသည်။ ထွက်သက်ပူနွေးနွေးက လည်ပင်းကို လာရောက်ရိုက်ခတ်သည်။ ဒုတိယအကြိမ် သူ့နာမည်ကိုခေါ်သံက အနည်းငယ်ဆွေးမြည့်နေသလို...

"ပြောလေ ဘာပြောမလို့လဲ"
ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်ရင်း ပြောလိုက်သည်။

"ငါ နောက်ကျနေလား?"
အစအဆုံးမရှိ မေးလာသောစကားကြောင့် ဂျောင်ဆူး နားလည်ရခက်သွားသည်။ သူမမေးခင်ပင် ချန်းယောလ်က ဆက်ပြောလာ၏။

"ငါ အခုချိန်မှ သူကိုလိုချင်နေရင် အရမ်းနောက်ကျနေမလား?"

သြော် ဟု ခပ်တိုးတိုးရေရွတ်လိုက်ရင်း ကျောပြင်ပေါ်ကလက်ကို ပြန်ရုတ်လိုက်တော့သည်။
မမွီဘူး လိုချင်မနေနဲ့ဟု ဘုကလန့် ပြောပစ်လိုက်ချင်သော်လည်း မပြောဖြစ်...

"ငါက ဘယ်သိမလဲ"

"ဆူး~ မင်းမှာ ချစ်သူရှိနေပြီလား?"
မဆီမဆိုင်မေးလာပြန်သော မေးခွန်းတစ်ခု...

"ရှိတယ်"
သူ၏ အဖြေအဆုံးတွင် ချန်းယောလ်က သက်ပြင်းအရှည်ကြီးချလာသည်။ ပြီးနောက် သူကို အတင်း တိုး၍ ဖက်တွယ်တော့သည်။ ရုတ်တရက်ကြီး ဘာဖြစ်သွားပြန်တာလဲ...

တွန်းထုတ်ပစ်နေသော်လည်း အားချင်းကမမျှ...

"ဒါဆို ငါ မင်းကို ချစ်တယ်လို့ ပြောရင်တောင် မင်းက လက်ခံပေးဖို့ မဖြစ်နိုင်တော့ဘူးပေါ့"

"ဘယ်လို" ဆက်မရုန်းနိုင်တော့ပေ။

"မင်း ဘာကို ပြောချင်တာလဲ ချန်းယောလ်?"
သူ တကယ်ကို နားမလည်ပါ၍ မေးလိုက်ခြင်းသာ...

"ငါ မင်းကို ချစ်တယ်လို့လေ~ ငါမင်းကို အစောကြီးကတည်းက ချစ်ခဲ့ရတာပါလို့လေ"

ဂျောင်ဆူး ခေါင်းတည့်တည့်သို့ မိုးကြိုးပစ်ချလိုက်သလိုပင်..
ပျော်သွားသည်လား ထိတ်လန့်သွားသည်လားကိုပင် မတွေးနိုင်တော့ပါ။

သူ၏ အချစ်ဦးက သူကို ချစ်သတဲ့လား...
ပတ်ခ်ချန်းယောလ်က သူကို ချစ်နေသတဲ့...
ဒိုဂယောင်ဆူးရဲ့ အချစ်ဦးက ဒိုဂယောင်ဆူးကို ချစ်နေပါသတဲ့...
အနှစ်နှစ်အလလနှင့် အရိပ်တကြည့်ကြည့် ချစ်ခဲ့ရသူကလည်း သူ့နည်းတူ ချစ်ပါသတဲ့...

"မင်း တကယ်ပြောနေတာလား ချန်းယောလ်? ငါ့ကို မနောက်နဲ့နော်"

"ဘာလို့ နောက်ရမှာလဲ...နောက်ရမဲ့အသက်အရွယ်လား? မင်းကြောင့် ငါ အခုချိန်ထိ လူပျိုကြီးဖြစ်နေရသေးတယ်ဆိုတာ မင်းသိလား"

ဖိဟောက်ခြင်း ခံလိုက်ရသောကြောင့် လန့်သွားရသော်လည်း အဆုံးတွင် သဘောတကျ ရီချလိုက်မိသည်။

"ရီစရာပါလားဟမ်"

ခင်ဗျားကြီးကို အူယားလို့ရီတာလေ...မရီရဘူးလား

"မင်း အဲ့နေ့က ဟို အတန်း၇က အကောင်နဲ့ နမ်းမလိုဖြစ်နေတာ..ငါ ဘယ်လောက်ပေါက်ကွဲခဲ့ရလားသိလား? မင်း ကင်းကင်းရှင်းရှင်းမနေလို့ ငါမှာ ၁၀နှစ်နီးပါး အသည်းကွဲပြီးနေခဲ့ရတာ"

မူးနေ၍ပဲလား မသိပေ...စကားကြောက အတော်အရစ်ရှည်သည်။

"ငါ အပြစ်ပဲ ဖြစ်ရသေးတယ်လား! မင်းဟာမင်း ထင်ချင်ရာထင်နေတာလေ..လွှတ်စမ်း ငါ့ကို"

အနည်းငယ်ပြေလျော့နေသော လက်မောင်းများကြားမှ အတင်းရုန်းထွက်လိုက်ပြီး လှည့်ထွက်လာတော့ လက်ကို လှမ်းဆွဲ၏။

"မဖြစ်နိုင်တော့ဘူးလား? ငါတကယ်နောက်ကျသွားပြီးလာ ဆူး~"

ဆွဲထားသော လက်ကို ဆောင့်ရုန်းလိုက်ပြီး ပြောလိုက်သည်။

"ဘယ်သူက ပြောလဲ နောက်ကျတယ်လို့! ငါလည်း မင်းကို ချစ်လို့ အခုချိန်ထိ တစ်ကိုယ်တည်းနေနေတာ..ငတုံး"

အံ့သြသွားသော မျက်လုံးများက အရောင်တလက်လက်..သဘောကျလွန်းလို့ ဘယ်လိုလုပ်ရပါ့လိမ့်...

"တကယ်လား ဆူး?"

"အေး နောက်နေတာ...ပျော်စရာကောင်းလို့"

နှုတ်ခမ်းကို မဲ့ရွဲ့ပြလိုက်ပြီး နောက်တွင် ချန်ခဲ့ကာ လှည့်ထွက်လာခဲ့သည်။ ခြေသုံးလှမ်းလိုက် လှမ်းအပြီးတွင် အနောက်မှ ဝုန်းခနဲ အသံကြားလိုက်ရသည်။

ရုတ်တရက်ကြီး ပစ်လဲကျသွားသော ချန်းယောလ်က မြေမြင်ထက်တွင် အတုံးအရုန်း...
ဂျောင်ဆူး ပူထူသွားရပြီး ချန်းယောလ်ဆီ ပြေးကာ ဆွဲထူရသည်။

"ချန်းယောလ် ရား...သတိထားဦး! ဘယ်လိုဖြစ်တာလဲ ငါ့ကို စိတ်ပူအောင်မလုပ်နဲ့ကွာ"

*ပြွတ်*

ဆွဲထူနေသော သူ၏ ပါးကို အခွင့်အရေးယူကာ လှမ်းနမ်း၏။ တကယ်တော့ ချန်းယောလ်က မေ့လဲသွားခြင်းမဟုတ်ပဲ သက်သက်ကို မာယာလုပ်ပြခြင်း... မိန်းမကြီးကျလို့ဟု စိတ်ထဲ ကြိတ်ပွားလိုက်ကာ...ရင်ဘတ်ကို ထုပစ်လိုက်သည်။

"နှာဘူး!"
ရီသံပါးပါးက ဂျောင်ဆူးကို စိတ်ကြည်နူးစေသည်။ သူပါ ချန်းယောလ်နှင့် အတူ ရယ်လိုက်ရင်း အကြည့်ချင်းဆုံသွားချင်မှာတော့ နှစ်ယောက်လုံး အရီရပ်သွားတော့သည်။

"ဆူး~ ကိုယ့်ကို မူးနေတယ်ဆိုပြီး မနက်ကျမှ မလှိမ့်တပတ်မလုပ်ရဘူးနော်"

နှုတ်ခမ်းဆီ တိုးဝင်ကာ နမ်းရှိုက်လာသောကြောင့် မျက်လုံးကို အသာအယာမှိတ်ချလိုက်မိသည်။
သူ၏ ပထမဆုံးသော အနမ်းက သူ၏ အချစ်ဦး ပတ်ခ်ချန်းယောလ်အတွက် ဖြစ်စေခဲ့သည်။ သူကျေနပ်ပါသည်။

ချစ်တယ် ချန်းယောလ်~

"ချစ်တယ် ဆူး~"
သူ စ်ိတ်ထဲမှ ရေရွတ်သူကို ချန်းယောလ်က သူနှင့်ထပ်တူ ပြောလာသည်။

.........................END..........................

Happy ChanSoo Day
Happy 612 Day
Chansoo dayအတွက်ဆိုပြီး အမှတ်တရလေးဖန်တီးဖို့တွေးထားခဲ့ဲပါတယ်..ဒါပေမဲ့ မအားတာကြောင့် အချိန်သေချာမယူရပဲ ဗြန်းစားကြီးရေးလိုက်ရလို့ လိုအပ်ချက်တွေအများကြီးရှိနေနိုင်ပါတယ်။

Feedback လေးတွေပေးခဲ့ပါဦးနော်...One shotနဲ့ပဲ အဆုံးသတ်လိုက်ရမလား..Mini seriesလေးအဖြစ်ရေးပေးရမလားဆိုတာ ဝေခွဲမရတာကြောင့် fbလေးတွေသာပေးသွားပါနော်...

Continue Reading

You'll Also Like

379K 12K 87
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...
296K 14.2K 92
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
132K 7.8K 93
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
86.1K 2.9K 27
Yn was married to a cold man, Kim Taehyung, the Mafia King, who never showed any emotion towards her. He never trusted her and it caused him to take...