မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

783K 71.8K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

part(7)

10.5K 1.1K 10
By SpringGenAerri


လင်းသန့်ကြည်

ဒီနေ့ ဆေးရုံမှာ ဝတ်ရည်ဂျူတီကစောသည်။ ဒါကြောင့် နှစ်ယောက်သားအတူမသွားဖြစ်။ လင်းသန့်ကြည် အိပ်ယာနိုးတော့ ဝတ်ရည် ဆေးရုံကိုသွားနှင့်ပြီ။ လင်းသန့်ကြည်က နေ့လည်မှ သွားရမည်။

အိပ်ယာကို သေ​သေသပ်သပ်ခေါက်သည်။ မျက်နှာသစ် သွားတိုက်ကာ မီးဖိုခန်းထဲရောက်တော့ အန်တီရှိန်လဲ ကျောင်းသွားဖို့အသင့်ဖြစ်နေပြီ။

"Morning. လင်းသန့်....နေလို့ကောင်းရဲ့လား...မနေ့က မိုးမိတော့"

"ဟုတ် တီရှိန်.....ညက ဆေးသောက်အိပ်တာ...နေကောင်းပါတယ်"

"တီရှိန် သွားပြီနော်....တာ့တာ"

နှုတ်ဆက်ကာ ထွက်သွားသော အန်တီရှိန်.....

"သား...လင်းသန့်...မုန့်ဟင်းခါးဝယ်ထားတယ် စားလိုက်အုံး"

အန်တီထားက ဟင်းချက်ဖို့ပြင်ဆင်နေရင်း ပြောသည်။

"ဟုတ်"

အန်တီထားက အိမ်မှာပဲ အိမ်အလုပ်တွေ လုပ်ရင်းနေသူပါ။ အန်တီထားကို ကူဖို့ အဖော်တစ်ယောက်တော့ နေ့တိုင်းလာသည်။ မနက်စောစော ရောက်လာပြီး အန်တီထားနှင့်စျေးသွား...ပြီးရင် ကူပြီးချက် ပြုတ်ပေး...အဝတ်လျှော် မီးပူတိုက် အိမ်သန့်ရှင်းရေးလုပ်ပြီး ညနေဆိုပြန်သည်။ ညအိပ်အဖော်ရယ်လို့တော့ ခေါ်မထားကြပါ။
အောက်ထပ်မှာ ပါပါးနဲ့အန်တီထားကတစ်ခန်း....ဝတ်ရည်နဲ့ အန်တီရှိန်ကတစ်ခန်း ...ဧည့်ခန်း... မီးဖိုခန်း ရေချိုးခန်းအိပ်သာခန်းတို့ရှိသည်။
ထပ်ခိုးလေးတစ်ထပ်ရှိသေးသည်။ ထိုအထပ်တွင် အိပ်ခန်းနှစ်ခန်းရှိသည်။ တစ်ခန်းက လင်းသန့်ကြည်နေသည်။ နောက်တစ်ခန်းကဧည့်သည်ခန်း ဖြစ်သည်။
အိမ်လေးကသပ်သပ်ရပ်ရပ်နှင့်နေချင်စဖွယ်ပါ။
မိသားစုနဲ့အိမ်လေးက ကွက်တိ။ ဒါကြောင့် အိမ်အကူဆိုရင်လဲ ညအိပ်မထားဖြစ်။ မနက်သွား ညနေပြန်သာရှိသည်။

အန်တီထားက သဘောလဲ ကောင်းသည်။ နူးညံ့၍ဖြူစင်သောစိတ်သဘောထားရှိသည်။ မိခင်တစ်ယောက်ဖြစ်သောကြောင့် သားသမီးအရွယ်တွေ့လျှင် သားသမီးလိုဆက်ဆံတတ်သူ။ လင်းသန့်ရဲ့ ဒုတိယအမေပါပဲ။

သားယောကျားလေးမရှိသည့်အတွက် ဝတ်ရည်နှင့်တန်းတူထားကာ သားတစ်ယောက်လို လင်းသန့်ကြည်ကို ချစ်ပေးကြသည်။တစ်ခုတော့ရှိသည်။ လင်းသန့်ကြည်ကို သားမက်တော်ချင်လို့တော့ လုံးဝမဟုတ်။
ချစ်တာကချစ်တာပဲ ဆိုပေမဲ့ ဝတ်ရည်နှင့်လင်းသန့်ကြည်သည် မောင်နှမလိုသာ ချစ်ကြသူတွေဖြစ်သလို မိဘတွေသည်လည်း မောင်နှမဟူ၍သာ သဘောထားကြသည်။

ဒီမိသားစုနဲ့ နေရခြင်းသည် လင်းသန့်ကြည်အတွက် အဖက်ဖက်က စိတ်ချမ်းသာရသည်။
ညကပဲ ကြည့်လေ...လင်းသန့်ကြည်ကို ကားဝယ်ပေးဖို့တိုင်ပင်နေကြသည်။
ကားဝယ်သည့်ကိစ္စကတော့ ဝတ်ရည်မနှင့်ဒီနေ့အခြေအတင်ဆွေးနွေးရမည့်သဘောရှိသည်။

"သား...လင်းသန့်....ထမင်းဗူးယူသွားမလား...ဆေးရုံမှာစားရအောင်"

"ဟုတ်...ယူသွားမယ် အန်တီထား...ဝတ်ရည်မ မနက်စာရောမှီရဲ့လား"

"သားအဖနှစ်ယောက် စောတော့ စောတယ်...သွားကြတာ....လမ်းမှာတစ်ခုခုဝင်စားမယ်ထင်တယ်....ပါပါးလိုက်ပို့မယ်ပြောတာပဲ....သားတို့ဆေးခန်းလေးကို ပါပါးက မရောက်ရသေးဘူးဆို"

"ဟုတ်လား.....ပါပါးနဲ့သွားရင် သားလဲစောစောထပြီး လိုက်သွားပါတယ်"

"မြို့စွန်မှာဆိုတော့ မောင်နှစ်မနှစ်ယောက်လုံးကို ပါပါးက စိတ်မချဘူးတဲ့....ရပ်ကွက်အနေအထားလဲ ကြည့်ချင်တယ်နေမှာ"

"ရပ်ကွက်က လူတော်များတယ်....လက်လုပ်လက်စားတွေချည်းပါပဲ"

"အေးလေ...အလုပ်ကများ ဆေးရုံတစ်ဖက် ဆေးခန်းတစ်ဖက်နဲ့ အိမ်နဲ့ဝေးတော့ ပါပါးကစိတ်မချဘူးဖြစ်နေတာ.....သားတို့ ကားဝယ်ဖို့ကရော"

"သားကအဆင်ပြေပါတယ်.....နောက်ကျမယ်ဆိုရင် taxi နဲ့ပြန်လာလဲ ရပါတယ်....ဝတ်ရည်ရောပဲလေ...သားတို့နှစ်ယောက်ပဲဟာ..အဖော်ရှိသားပဲ"

"ဝတ်ရည်အတွက်ဆို ပါပါးကဝယ်ပေးမှာမဟုတ်ဘူး....မောင်နှစ်မနှစ်ယောက် တူတူသုံးရအောင်ဝယ်ပေးချင်နေတာ...သားက မမောင်းချင်သေးဘူးလား"

"ဟုတ်တယ်....သားကားမောင်းဖို့မရဲသေးဘူးဖြစ်နေတယ်"

လင်းသန့်​​ကြည် အားလျော့စွာပြောသည်။

"driver ငှားဖို့လဲ ဝတ်ရည်ကနှမြောနေတာ....တစ်ခုခုတော့ ကြည့်ပြီးတိုင်ပင်ကြလေ...ပါပါးကတော့ ဝယ်ပေးမယ်ချည်းလုပ်နေတာ"

စကားတပြောပြောနဲ့ပင် မနက်စာ စားပြီးသွားသည်။ ဆေးရုံသွားဖို့ပြင်ဆင်ရမည်။ ဒီနေ့ နေ့လည်မှ စ ကာ ဂျူတီဝင်ရမည်....ညအထိဖြစ်သည်။ ဝတ်ရည်နဲ့ကတော့ ဒီနေ့လိုနေ့မျိုးမှာ တွေ့ရဖို့ပင်မသေချာ။ ဆေးခန်းကိုတော့ ဒီနေ့ အာကာထိုင်ရမည်။

ဝတ်ရည်က သူ့ဂျူတီပြီးလျှင် ဆေးခန်းကူထိုင်ရင်ထိုင်.....မထိုင်ရရင် စောစောအိမ်ပြန်သည်။ လင်းသန့်ကြည်ကတော့ ဆေးရုံမှာညအိပ်ရမည်။
များသောအားဖြင့် ဝတ်ရည်နှင့်ဂျူတီတူတာများသော်လည်း ဒီနေ့လို ဂျူတီမတူတာမျိုးလဲ ရှိသည်။ ဆေးရုံတစ်ရုံတည်းဆိုပေမဲ့ တစ်ခါတစ်ရံ တစ်နေကုန်မတွေ့ကြရ။ ကိုယ်စီအလုပ်များကြသည်။
ဒီနေ့ ဝတ်ရည်မကို ရှောင်ချင်တာနဲ့အတော်ပဲပေါ့။
တွေးရင်း လင်းသန့်ကြည် ပြုံးစိစိဖြစ်လာသည်။

ကားအလွန်လိုချင်နေရှာသော ဝတ်ရည်မ ညက အိပ်လို့မှပျော်ရဲ့လားမသိ။
လင်းသန့်ကြည်ကို အားကိုးလို့တော့ ကားမဝယ်သင့်သလို...ဝတ်ရည်ကိုယုံကြည်၍လဲ ကားကမဝယ်သင့်ပါ။
ဒီတိုင်းပဲအဆင်ပြေနေတာပဲကို။ လူကြီးတွေက စိတ်ပူစောလွန်းသည်။ လင်းသန့်ကြည်ရော ဝတ်ရည်ပါ အသက်က နှစ်ဆယ်ကျော်ပြီ။ ကလေးမှ မဟုတ်တာ...နော့... ဒါပေမဲ့ ပါ​ပါးက အပိုအလုပ်တွေ လုပ်တတ်သူတော့​ဖြင့်မဟုတ်ပါ။ ဝယ်ပေးသင့်လို့ဝယ်ပေးတာပဲဆိုတာတော့သိသည်။ သို့သော် လင်းသန့်ကြည် ကားမမောင်းရဲပါ။

ရေချိုးပြီး အဝတ်အစားအပိုတွေလဲ ထည့်ယူရသည်။
လင်းသန့်ကြည် ပြင်ဆင်ပြီး ဆင်းလာတော့ အန်တီထားလဲ ထမင်းဗူးအသင့်ပြင်ပေးပြီးပြီ။ လက်မှနာရီကိုကြည့်တော့ ဆယ်နာရီခွဲပြီ။
လိုင်းကားနဲ့သွားမှာဆိုတော့ ...စောထွက်ရမည်။

ထမင်းဗူးကိုယူကာ အန်တီထားကို နှုတ်ဆက်ရင်း
လင်းသန့်​ကြည် ကားမှတ်တိုင်ကို လမ်းလျှောက်လာခဲ့တော့သည်။
အိမ်ကနေ ဆေးရုံထိ အနည်းဆုံးတစ်နာရီကားစီးရသည်။

လိုင်းကားကို တမေ့တမောစီးပြီး.... လင်းသန့်ကြည်ဆေးရုံရောက်လာသည်။
ရောက်တာနဲ့ ကျောပိုးအိတ်လေးချရုံရှိသေး...သူနာပြုတစ်ယောက်က အပြေးအလွှားလာခေါ်သည်။
လူနာကြည့်ဖို့ လင်းသန့်ကြည် သူနာပြုနောက်ကလိုက်ရတော့သည်။
ဒီလိုပါပဲ... တာဝန်တွေဆီကို ရောက်သွားရင် လူက အလိုလို ပြေးလွှားပြီးသားပါပဲ။ ဘယ်ဆရာဝန်တစ်ဦးတစ်ယောက်မှ ဆေးရုံတွင် ဆင်မယဥ်သာ လမ်းမလျှောက်ကြ။ အမြဲ ပြေးပြေးလွှားလွှားပါပဲ။

ပြည်သူ့ဆေးရုံဖြစ်သည့်အပြင် ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးမြို့ငယ်လေး ဖြစ်တော့....လူနာတွေ အားကိုးကြသည်။
ဆေးရုံကိုပဲ လာပြကြသည်။အပြင်ဆေးခန်းတွေမှာ ကုဖို့မတတ်နိုင်ကြသူတွေများသည်လေ။ လူမိုက်တွေကြီးစိုးသောမြို့ဖြစ်သည့်အတွက်လဲ သွေးထွက်သံယိုလူနာတွေလဲ မရှား။

လင်းသန့်ကြည်တို့ကတော့....လူနာမြင်ရင် အရာရာမေ့သူမို့ ဝတ်ရည်ရော ကားရောမေ့သွားတော့သည်။
လူနာကိုသာအာရုံစိုက်ကာ ကုပေးနေတော့သည်။

ဒီဆေးရုံမှာ လင်းသန့်ကြည်နဲ့ဝတ်ရည်က ဆရာဝန်တွေထဲမှာအငယ်ဆုံး။ ဒါပေမဲ့ လူနာကိုလဲ မကြောက်တတ်....လုပ်နိုင်အားလဲ ပြည့်သည်။ အသက်ငယ်ပေမဲ့ နှစ်ယောက်လုံးက နာမည်ဂုဏ်သတင်းကြီးသည်။ သွက်လက်ချက်ချာ၍ လူနာအပေါ်နားလည်ပေးနိုင်သည်။ ကျရာတာဝန်ကိုမညီးမညူကြိုးစားလုပ်တတ်ကြသည်။

ဒီဆေးရုံကို ရောက်တာမကြာသေးပေမဲ့ အထာသိနေကြပြီ။ လာကုတဲ့လူနာတွေရဲ့အထာကိုလဲသိသည်။ မိမိတို့ကိုကူနေသည့် သူနာပြုတွေရဲ့အထာကိုလဲသိသည်။
ပေါင်းသင်းဆက်ဆံရေး မညံ့ကြသူတွေဆိုတော့ အားလုံးနှင့်အဆင်ပြေသည်။

လူနာများချိန်လဲ သွက်သွက်လက်လက်...လူနာနည်းချိန်လဲ သွက်သွက်လက်လက်ပင်။ လုပ်ငန်းခွင်မှာ နာမည်ကောင်းရှိကြသည်။ စီနီယာဆရာဝန်တွေရဲ့ ဖေးမမှု သွန်သင်မှုကိုလဲ ရသည်။

ခုလဲ ရောက်တာနဲ့ တန်းစီနေသောအလုပ်တွေဆီသို့.....

.
.
.
ဆေးရုံမှာက အဆောင်သုံးဆောင်ရှိသည်။ လင်းသန့်ကြည်က အရေးပေါ်ဘက်ကိုရောက်နေတာ။ ဝတ်ရည်ကတော့ လေးထပ်ဆောင်သစ်ဘက်မှာဖြစ်ဖို့များသည်။ ရောက်ကတည်းက လူနာတွေကြားထဲ ရောက်နေရတာ ထမင်းစားချိန်ကျော်နေပြီ။ ထမင်းဗူးပါလာတာ ဝတ်ရည်ကို မပြောရသေး။ ဖုန်းဆက်အုံးမှ.....

ဖုန်းကိုထုတ်ကာ ကော်ရစ်ဒါဘေးကို လျှောက်လာလိုက်သည်။ ဝတ်ရည်ကိုဖုန်းဆက်ပေမဲ့မကိုင်သေး.....ဝတ်ရည်မ အလုပ်များနေတယ်နဲ့တူတယ်။

"ဆရာ.....ဒေါက်တာဝတ်ရည်က နားနေခန်းမှာစောင့်နေတယ်တဲ့....ဆရာ နေ့လည်စာသွားစားပါလား....ကျွန်မတို့ရှိတာပဲ"

တွေးနေတုန်းရှိသေး ဝတ်ရည်ဆီက သတင်းစကားကို သူနာပြုဆရာမလေးက လာပြောသည်။
ဝတ်ရည်မ.....ဒီနေ့ ဒင်းငါ့ကိုအလွတ်ပေးမှာမဟုတ်ဘူး။ မနက်ကရော ပါပါးကို ဘယ်လိုချုပ်လိုက်သေးလဲမသိ။

အတွေးနဲ့ ဆရာဝန်များနားနေခန်းဆီ လင်းသန့်ကြည်လျှောက်လာခဲ့သည်။
အခန်းထဲရောက်တာနဲ့....ထမင်းစားပွဲပေါ်မှာအဆင်သင့်ပြင်ထားသော ထမင်း..ဟင်းများ....အဲ့မယ်....ကုန်းဘောင်ကြီးကြော်တစ်ပွဲက ပါလိုက်သေးသည်။ ဟင်....ကျောပေးထိုင်နေတာ အာကာ မှလား....စစ်ကူ​ပါခေါ်ထားလိုက်သေးသည်။

"လင်းသန့်လေး....လာ...လာ....မမ ထမင်းစားဖို့စောင့်နေတာ...ကိုကိုလဲရောက်နေတယ်"

လင်းသန့်ကြည် လက်ကို ဇိမ်ဆွဲကာဆေးနေလိုက်သည်။ဝတ်ရည်မကို စကားကျော်လွန်အောင် ပြောဖို့ကမလွယ်။ မပြောခင် အားမွေးထားရမည်။

"ကဲ....ထမင်းကောင်းကောင်းစားမယ်ဟေ့...စကားမများကြနဲ့"

စားပွဲမှာထိုင်ရင်း ပြောလိုက်သည့် လင်းသန့်ကြည်စကားကြောင့် ဝတ်ရည်ရော အာကာပါ ရယ်ကြသည်။
ဝတ်ရည်က လင်းသန့်ကြည်ထက် လေးလကြီးသည်။ အာကာက နှစ်လကြီးသည်။ ထို့ကြောင့် ဒီသူငယ်ချင်းသုံးယောက်မှာ လင်းသန့်ကြည်က အငယ်ဆုံး....ဝတ်ရည်က အကြီးဆုံး....လေးလလောက်ကြီးသည်ကို လေးနှစ်လောက်ကြီးသလို အမြဲစတိုင်ဖမ်းတတ်သည်။

"ပါပါး ပေးတုန်းယူရတာနော်....ငြင်းမယ်ဆို ဒီအစ်မမျက်နှာကို ထောက်ထားအုံး"

ဝတ်ရည်အသံကြောင့် လင်းသန့်ကြည် စားနေရင်းမှ မော့ကာကြည့်သည်။
တစ်လက်စထဲ အာကာ့ကိုပါ အားကိုးတကြီး​ကြည့်မိသည်။
ထမင်းကို မမြင်ဖူးသလို စိုက်ကာကြည့်ရင်း စားနေပုံထောက်ရင် အာကာလဲ ​ကားဝယ်ပေးမည့်ကိစ္စသိလောက်ပြီ။

"ဘယ်သူမောင်းမှာလဲ...ငါ့အကြောင်းသိရဲ့နဲ့"

"ဒီအစ်မ မောင်းမှာပေါ့"

"နင်.....မောင်း....ငါ...မ....စီး....ရဲ....လေ"

အာကာရယ်သည်။
ဝတ်ရည်မ မျက်နှာဆူသွားတော့သည်။

"လိမ္မာတယ် လင်းသန့်လေးရယ်...ဝယ်လိုက်ကြရအောင်"

"နေပါအုံး....ဘယ်သူမောင်းမှာလဲဟ"

"ငါမောင်းမယ်...နင်ဘေးကနေလိုက်....နင် စိတ်ချမ်းသာစေရမယ်.....ငါအရမ်း အရမ်းစွတ်မမောင်းဘူး ယာဥ်စည်းကမ်း လမ်းစည်းကမ်းအတိုင်းမောင်းမယ်ဟာ....နော်....နော်"

မျက်နှာက ကြောင်သေမရုပ်နဲ့ လိုချင်တာရှိလို့....ကားသာရကြည့်...ပြောထားသမျှမေ့မှာ မသိတာကျလို့...

"စဥ်းစားအုံးမယ်လေ"

"စျေးမကိုင်နဲ့နော်...ငါ ထုချလိုက်လို့"

ပြောလဲပြော လက်က ကျောနားရောက်လာတော့သည်။ အကြောင်းသိတာကြောင့်အချိန်မှီရှောင်တာပေါ့။

လွယ်လွယ်တော့လုပ်လို့မဖြစ်။ ဝတ်ရည်နဲ့ကား....ကားနဲ့ဝတ်ရည် အတူတွဲမထားကောင်းဘူး။
.
.
.

.
ဆက်ရန်.......


လင္းသန့္ၾကည္

ဒီေန႕ ေဆး႐ုံမွာ ဝတ္ရည္ဂ်ဴတီကေစာသည္။ ဒါေၾကာင့္ ႏွစ္ေယာက္သားအတူမသြားျဖစ္။ လင္းသန့္ၾကည္ အိပ္ယာနိုးေတာ့ ဝတ္ရည္ ေဆး႐ုံကိုသြားႏွင့္ၿပီ။ လင္းသန့္ၾကည္က ေန႕လည္မွ သြားရမည္။

အိပ္ယာကို ေသ​ေသသပ္သပ္ေခါက္သည္။ မ်က္ႏွာသစ္ သြားတိုက္ကာ မီးဖိုခန္းထဲေရာက္ေတာ့ အန္တီရွိန္လဲ ေက်ာင္းသြားဖို႔အသင့္ျဖစ္ေနၿပီ။

"Morning. လင္းသန့္....ေနလို႔ေကာင္းရဲ႕လား...မေန႕က မိုးမိေတာ့"

"ဟုတ္ တီရွိန္.....ညက ေဆးေသာက္အိပ္တာ...ေနေကာင္းပါတယ္"

"တီရွိန္ သြားၿပီေနာ္....တာ့တာ"

ႏႈတ္ဆက္ကာ ထြက္သြားေသာ အန္တီရွိန္.....

"သား...လင္းသန့္...မုန့္ဟင္းခါးဝယ္ထားတယ္ စားလိုက္အုံး"

အန္တီထားက ဟင္းခ်က္ဖို႔ျပင္ဆင္ေနရင္း ေျပာသည္။

"ဟုတ္"

အန္တီထားက အိမ္မွာပဲ အိမ္အလုပ္ေတြ လုပ္ရင္းေနသူပါ။ အန္တီထားကို ကူဖို႔ အေဖာ္တစ္ေယာက္ေတာ့ ေန႕တိုင္းလာသည္။ မနက္ေစာေစာ ေရာက္လာၿပီး အန္တီထားႏွင့္ေစ်းသြား...ၿပီးရင္ ကူၿပီးခ်က္ ျပဳတ္ေပး...အဝတ္ေလွ်ာ္ မီးပူတိုက္ အိမ္သန့္ရွင္းေရးလုပ္ၿပီး ညေနဆိုျပန္သည္။ ညအိပ္အေဖာ္ရယ္လို႔ေတာ့ ေခၚမထားၾကပါ။
ေအာက္ထပ္မွာ ပါပါးနဲ႕အန္တီထားကတစ္ခန္း....ဝတ္ရည္နဲ႕ အန္တီရွိန္ကတစ္ခန္း ...ဧည့္ခန္း... မီးဖိုခန္း ေရခ်ိဳးခန္းအိပ္သာခန္းတို႔ရွိသည္။
ထပ္ခိုးေလးတစ္ထပ္ရွိေသးသည္။ ထိုအထပ္တြင္ အိပ္ခန္းႏွစ္ခန္းရွိသည္။ တစ္ခန္းက လင္းသန့္ၾကည္ေနသည္။ ေနာက္တစ္ခန္းကဧည့္သည္ခန္း ျဖစ္သည္။
အိမ္ေလးကသပ္သပ္ရပ္ရပ္ႏွင့္ေနခ်င္စဖြယ္ပါ။
မိသားစုနဲ႕အိမ္ေလးက ကြက္တိ။ ဒါေၾကာင့္ အိမ္အကူဆိုရင္လဲ ညအိပ္မထားျဖစ္။ မနက္သြား ညေနျပန္သာရွိသည္။

အန္တီထားက သေဘာလဲ ေကာင္းသည္။ ႏူးညံ့၍ျဖဴစင္ေသာစိတ္သေဘာထားရွိသည္။ မိခင္တစ္ေယာက္ျဖစ္ေသာေၾကာင့္ သားသမီးအ႐ြယ္ေတြ႕လွ်င္ သားသမီးလိုဆက္ဆံတတ္သူ။ လင္းသန့္ရဲ႕ ဒုတိယအေမပါပဲ။

သားေယာက်ားေလးမရွိသည့္အတြက္ ဝတ္ရည္ႏွင့္တန္းတူထားကာ သားတစ္ေယာက္လို လင္းသန့္ၾကည္ကို ခ်စ္ေပးၾကသည္။တစ္ခုေတာ့ရွိသည္။ လင္းသန့္ၾကည္ကို သားမက္ေတာ္ခ်င္လို႔ေတာ့ လုံးဝမဟုတ္။
ခ်စ္တာကခ်စ္တာပဲ ဆိုေပမဲ့ ဝတ္ရည္ႏွင့္လင္းသန့္ၾကည္သည္ ေမာင္ႏွမလိုသာ ခ်စ္ၾကသူေတြျဖစ္သလို မိဘေတြသည္လည္း ေမာင္ႏွမဟူ၍သာ သေဘာထားၾကသည္။

ဒီမိသားစုနဲ႕ ေနရျခင္းသည္ လင္းသန့္ၾကည္အတြက္ အဖက္ဖက္က စိတ္ခ်မ္းသာရသည္။
ညကပဲ ၾကည့္ေလ...လင္းသန့္ၾကည္ကို ကားဝယ္ေပးဖို႔တိုင္ပင္ေနၾကသည္။
ကားဝယ္သည့္ကိစၥကေတာ့ ဝတ္ရည္မႏွင့္ဒီေန႕အေျခအတင္ေဆြးႏြေးရမည့္သေဘာရွိသည္။

"သား...လင္းသန့္....ထမင္းဗူးယူသြားမလား...ေဆး႐ုံမွာစားရေအာင္"

"ဟုတ္...ယူသြားမယ္ အန္တီထား...ဝတ္ရည္မ မနက္စာေရာမွီရဲ႕လား"

"သားအဖႏွစ္ေယာက္ ေစာေတာ့ ေစာတယ္...သြားၾကတာ....လမ္းမွာတစ္ခုခုဝင္စားမယ္ထင္တယ္....ပါပါးလိုက္ပို႔မယ္ေျပာတာပဲ....သားတို႔ေဆးခန္းေလးကို ပါပါးက မေရာက္ရေသးဘူးဆို"

"ဟုတ္လား.....ပါပါးနဲ႕သြားရင္ သားလဲေစာေစာထၿပီး လိုက္သြားပါတယ္"

"ၿမိဳ႕စြန္မွာဆိုေတာ့ ေမာင္ႏွစ္မႏွစ္ေယာက္လုံးကို ပါပါးက စိတ္မခ်ဘဴးတဲ့....ရပ္ကြက္အေနအထားလဲ ၾကည့္ခ်င္တယ္ေနမွာ"

"ရပ္ကြက္က လူေတာ္မ်ားတယ္....လက္လုပ္လက္စားေတြခ်ည္းပါပဲ"

"ေအးေလ...အလုပ္ကမ်ား ေဆး႐ုံတစ္ဖက္ ေဆးခန္းတစ္ဖက္နဲ႕ အိမ္နဲ႕ေဝးေတာ့ ပါပါးကစိတ္မခ်ဘဴးျဖစ္ေနတာ.....သားတို႔ ကားဝယ္ဖို႔ကေရာ"

"သားကအဆင္ေျပပါတယ္.....ေနာက္က်မယ္ဆိုရင္ taxi နဲ႕ျပန္လာလဲ ရပါတယ္....ဝတ္ရည္ေရာပဲေလ...သားတို႔ႏွစ္ေယာက္ပဲဟာ..အေဖာ္ရွိသားပဲ"

"ဝတ္ရည္အတြက္ဆို ပါပါးကဝယ္ေပးမွာမဟုတ္ဘူး....ေမာင္ႏွစ္မႏွစ္ေယာက္ တူတူသုံးရေအာင္ဝယ္ေပးခ်င္ေနတာ...သားက မေမာင္းခ်င္ေသးဘူးလား"

"ဟုတ္တယ္....သားကားေမာင္းဖို႔မရဲေသးဘူးျဖစ္ေနတယ္"

လင္းသန့္​​ၾကည္ အားေလ်ာ့စြာေျပာသည္။

"driver ငွားဖို႔လဲ ဝတ္ရည္ကႏွေျမာေနတာ....တစ္ခုခုေတာ့ ၾကည့္ၿပီးတိုင္ပင္ၾကေလ...ပါပါးကေတာ့ ဝယ္ေပးမယ္ခ်ည္းလုပ္ေနတာ"

စကားတေျပာေျပာနဲ႕ပင္ မနက္စာ စားၿပီးသြားသည္။ ေဆး႐ုံသြားဖို႔ျပင္ဆင္ရမည္။ ဒီေန႕ ေန႕လည္မွ စ ကာ ဂ်ဴတီဝင္ရမည္....ညအထိျဖစ္သည္။ ဝတ္ရည္နဲ႕ကေတာ့ ဒီေန႕လိုေန႕မ်ိဳးမွာ ေတြ႕ရဖို႔ပင္မေသခ်ာ။ ေဆးခန္းကိုေတာ့ ဒီေန႕ အာကာထိုင္ရမည္။

ဝတ္ရည္က သူ႕ဂ်ဴတီၿပီးလွ်င္ ေဆးခန္းကူထိုင္ရင္ထိုင္.....မထိုင္ရရင္ ေစာေစာအိမ္ျပန္သည္။ လင္းသန့္ၾကည္ကေတာ့ ေဆး႐ုံမွာညအိပ္ရမည္။
မ်ားေသာအားျဖင့္ ဝတ္ရည္ႏွင့္ဂ်ဴတီတူတာမ်ားေသာ္လည္း ဒီေန႕လို ဂ်ဴတီမတူတာမ်ိဳးလဲ ရွိသည္။ ေဆး႐ုံတစ္႐ုံတည္းဆိုေပမဲ့ တစ္ခါတစ္ရံ တစ္ေနကုန္မေတြ႕ၾကရ။ ကိုယ္စီအလုပ္မ်ားၾကသည္။
ဒီေန႕ ဝတ္ရည္မကို ေရွာင္ခ်င္တာနဲ႕အေတာ္ပဲေပါ့။
ေတြးရင္း လင္းသန့္ၾကည္ ၿပဳံးစိစိျဖစ္လာသည္။

ကားအလြန္လိုခ်င္ေနရွာေသာ ဝတ္ရည္မ ညက အိပ္လို႔မွေပ်ာ္ရဲ႕လားမသိ။
လင္းသန့္ၾကည္ကို အားကိုးလို႔ေတာ့ ကားမဝယ္သင့္သလို...ဝတ္ရည္ကိုယုံၾကည္၍လဲ ကားကမဝယ္သင့္ပါ။
ဒီတိုင္းပဲအဆင္ေျပေနတာပဲကို။ လူႀကီးေတြက စိတ္ပူေစာလြန္းသည္။ လင္းသန့္ၾကည္ေရာ ဝတ္ရည္ပါ အသက္က ႏွစ္ဆယ္ေက်ာ္ၿပီ။ ကေလးမွ မဟုတ္တာ...ေနာ့... ဒါေပမဲ့ ပါ​ပါးက အပိုအလုပ္ေတြ လုပ္တတ္သူေတာ့​ျဖင့္မဟုတ္ပါ။ ဝယ္ေပးသင့္လို႔ဝယ္ေပးတာပဲဆိုတာေတာ့သိသည္။ သို႔ေသာ္ လင္းသန့္ၾကည္ ကားမေမာင္းရဲပါ။

ေရခ်ိဳးၿပီး အဝတ္အစားအပိုေတြလဲ ထည့္ယူရသည္။
လင္းသန့္ၾကည္ ျပင္ဆင္ၿပီး ဆင္းလာေတာ့ အန္တီထားလဲ ထမင္းဗူးအသင့္ျပင္ေပးၿပီးၿပီ။ လက္မွနာရီကိုၾကည့္ေတာ့ ဆယ္နာရီခြဲၿပီ။
လိုင္းကားနဲ႕သြားမွာဆိုေတာ့ ...ေစာထြက္ရမည္။

ထမင္းဗူးကိုယူကာ အန္တီထားကို ႏႈတ္ဆက္ရင္း
လင္းသန့္​ၾကည္ ကားမွတ္တိုင္ကို လမ္းေလွ်ာက္လာခဲ့ေတာ့သည္။
အိမ္ကေန ေဆး႐ုံထိ အနည္းဆုံးတစ္နာရီကားစီးရသည္။

လိုင္းကားကို တေမ့တေမာစီးၿပီး.... လင္းသန့္ၾကည္ေဆး႐ုံေရာက္လာသည္။
ေရာက္တာနဲ႕ ေက်ာပိုးအိတ္ေလးခ်႐ုံရွိေသး...သူနာျပဳတစ္ေယာက္က အေျပးအလႊားလာေခၚသည္။
လူနာၾကည့္ဖို႔ လင္းသန့္ၾကည္ သူနာျပဳေနာက္ကလိုက္ရေတာ့သည္။
ဒီလိုပါပဲ... တာဝန္ေတြဆီကို ေရာက္သြားရင္ လူက အလိုလို ေျပးလႊားၿပီးသားပါပဲ။ ဘယ္ဆရာဝန္တစ္ဦးတစ္ေယာက္မွ ေဆး႐ုံတြင္ ဆင္မယဥ္သာ လမ္းမေလွ်ာက္ၾက။ အၿမဲ ေျပးေျပးလႊားလႊားပါပဲ။

ျပည္သူ႕ေဆး႐ုံျဖစ္သည့္အျပင္ ရန္ကုန္ၿမိဳ႕ရဲ႕ဆင္ေျခဖုံးၿမိဳ႕ငယ္ေလး ျဖစ္ေတာ့....လူနာေတြ အားကိုးၾကသည္။
ေဆး႐ုံကိုပဲ လာျပၾကသည္။အျပင္ေဆးခန္းေတြမွာ ကုဖို႔မတတ္နိုင္ၾကသူေတြမ်ားသည္ေလ။ လူမိုက္ေတြႀကီးစိုးေသာၿမိဳ႕ျဖစ္သည့္အတြက္လဲ ေသြးထြက္သံယိုလူနာေတြလဲ မရွား။

လင္းသန့္ၾကည္တို႔ကေတာ့....လူနာျမင္ရင္ အရာရာေမ့သူမို႔ ဝတ္ရည္ေရာ ကားေရာေမ့သြားေတာ့သည္။
လူနာကိုသာအာ႐ုံစိုက္ကာ ကုေပးေနေတာ့သည္။

ဒီေဆး႐ုံမွာ လင္းသန့္ၾကည္နဲ႕ဝတ္ရည္က ဆရာဝန္ေတြထဲမွာအငယ္ဆုံး။ ဒါေပမဲ့ လူနာကိုလဲ မေၾကာက္တတ္....လုပ္နိုင္အားလဲ ျပည့္သည္။ အသက္ငယ္ေပမဲ့ ႏွစ္ေယာက္လုံးက နာမည္ဂုဏ္သတင္းႀကီးသည္။ သြက္လက္ခ်က္ခ်ာ၍ လူနာအေပၚနားလည္ေပးနိုင္သည္။ က်ရာတာဝန္ကိုမညီးမၫူႀကိဳးစားလုပ္တတ္ၾကသည္။

ဒီေဆး႐ုံကို ေရာက္တာမၾကာေသးေပမဲ့ အထာသိေနၾကၿပီ။ လာကုတဲ့လူနာေတြရဲ႕အထာကိုလဲသိသည္။ မိမိတို႔ကိုကူေနသည့္ သူနာျပဳေတြရဲ႕အထာကိုလဲသိသည္။
ေပါင္းသင္းဆက္ဆံေရး မညံ့ၾကသူေတြဆိုေတာ့ အားလုံးႏွင့္အဆင္ေျပသည္။

လူနာမ်ားခ်ိန္လဲ သြက္သြက္လက္လက္...လူနာနည္းခ်ိန္လဲ သြက္သြက္လက္လက္ပင္။ လုပ္ငန္းခြင္မွာ နာမည္ေကာင္းရွိၾကသည္။ စီနီယာဆရာဝန္ေတြရဲ႕ ေဖးမမႈ သြန္သင္မႈကိုလဲ ရသည္။

ခုလဲ ေရာက္တာနဲ႕ တန္းစီေနေသာအလုပ္ေတြဆီသို႔.....

.
.
.
ေဆး႐ုံမွာက အေဆာင္သုံးေဆာင္ရွိသည္။ လင္းသန့္ၾကည္က အေရးေပၚဘက္ကိုေရာက္ေနတာ။ ဝတ္ရည္ကေတာ့ ေလးထပ္ေဆာင္သစ္ဘက္မွာျဖစ္ဖို႔မ်ားသည္။ ေရာက္ကတည္းက လူနာေတြၾကားထဲ ေရာက္ေနရတာ ထမင္းစားခ်ိန္ေက်ာ္ေနၿပီ။ ထမင္းဗူးပါလာတာ ဝတ္ရည္ကို မေျပာရေသး။ ဖုန္းဆက္အုံးမွ.....

ဖုန္းကိုထုတ္ကာ ေကာ္ရစ္ဒါေဘးကို ေလွ်ာက္လာလိုက္သည္။ ဝတ္ရည္ကိုဖုန္းဆက္ေပမဲ့မကိုင္ေသး.....ဝတ္ရည္မ အလုပ္မ်ားေနတယ္နဲ႕တူတယ္။

"ဆရာ.....ေဒါက္တာဝတ္ရည္က နားေနခန္းမွာေစာင့္ေနတယ္တဲ့....ဆရာ ေန႕လည္စာသြားစားပါလား....ကြၽန္မတို႔ရွိတာပဲ"

ေတြးေနတုန္းရွိေသး ဝတ္ရည္ဆီက သတင္းစကားကို သူနာျပဳဆရာမေလးက လာေျပာသည္။
ဝတ္ရည္မ.....ဒီေန႕ ဒင္းငါ့ကိုအလြတ္ေပးမွာမဟုတ္ဘူး။ မနက္ကေရာ ပါပါးကို ဘယ္လိုခ်ဳပ္လိုက္ေသးလဲမသိ။

အေတြးနဲ႕ ဆရာဝန္မ်ားနားေနခန္းဆီ လင္းသန့္ၾကည္ေလွ်ာက္လာခဲ့သည္။
အခန္းထဲေရာက္တာနဲ႕....ထမင္းစားပြဲေပၚမွာအဆင္သင့္ျပင္ထားေသာ ထမင္း..ဟင္းမ်ား....အဲ့မယ္....ကုန္းေဘာင္ႀကီးေၾကာ္တစ္ပြဲက ပါလိုက္ေသးသည္။ ဟင္....ေက်ာေပးထိုင္ေနတာ အာကာ မွလား....စစ္ကူ​ပါေခၚထားလိုက္ေသးသည္။

"လင္းသန့္ေလး....လာ...လာ....မမ ထမင္းစားဖို႔ေစာင့္ေနတာ...ကိုကိုလဲေရာက္ေနတယ္"

လင္းသန့္ၾကည္ လက္ကို ဇိမ္ဆြဲကာေဆးေနလိုက္သည္။ဝတ္ရည္မကို စကားေက်ာ္လြန္ေအာင္ ေျပာဖို႔ကမလြယ္။ မေျပာခင္ အားေမြးထားရမည္။

"ကဲ....ထမင္းေကာင္းေကာင္းစားမယ္ေဟ့...စကားမမ်ားၾကနဲ႕"

စားပြဲမွာထိုင္ရင္း ေျပာလိုက္သည့္ လင္းသန့္ၾကည္စကားေၾကာင့္ ဝတ္ရည္ေရာ အာကာပါ ရယ္ၾကသည္။
ဝတ္ရည္က လင္းသန့္ၾကည္ထက္ ေလးလႀကီးသည္။ အာကာက ႏွစ္လႀကီးသည္။ ထို႔ေၾကာင့္ ဒီသူငယ္ခ်င္းသုံးေယာက္မွာ လင္းသန့္ၾကည္က အငယ္ဆုံး....ဝတ္ရည္က အႀကီးဆုံး....ေလးလေလာက္ႀကီးသည္ကို ေလးႏွစ္ေလာက္ႀကီးသလို အၿမဲစတိုင္ဖမ္းတတ္သည္။

"ပါပါး ေပးတုန္းယူရတာေနာ္....ျငင္းမယ္ဆို ဒီအစ္မမ်က္ႏွာကို ေထာက္ထားအုံး"

ဝတ္ရည္အသံေၾကာင့္ လင္းသန့္ၾကည္ စားေနရင္းမွ ေမာ့ကာၾကည့္သည္။
တစ္လက္စထဲ အာကာ့ကိုပါ အားကိုးတႀကီး​ၾကည့္မိသည္။
ထမင္းကို မျမင္ဖူးသလို စိုက္ကာၾကည့္ရင္း စားေနပုံေထာက္ရင္ အာကာလဲ ​ကားဝယ္ေပးမည့္ကိစၥသိေလာက္ၿပီ။

"ဘယ္သူေမာင္းမွာလဲ...ငါ့အေၾကာင္းသိရဲ႕နဲ႕"

"ဒီအစ္မ ေမာင္းမွာေပါ့"

"နင္.....ေမာင္း....ငါ...မ....စီး....ရဲ....ေလ"

အာကာရယ္သည္။
ဝတ္ရည္မ မ်က္ႏွာဆူသြားေတာ့သည္။

"လိမၼာတယ္ လင္းသန့္ေလးရယ္...ဝယ္လိုက္ၾကရေအာင္"

"ေနပါအုံး....ဘယ္သူေမာင္းမွာလဲဟ"

"ငါေမာင္းမယ္...နင္ေဘးကေနလိုက္....နင္ စိတ္ခ်မ္းသာေစရမယ္.....ငါအရမ္း အရမ္းစြတ္မေမာင္းဘူး ယာဥ္စည္းကမ္း လမ္းစည္းကမ္းအတိုင္းေမာင္းမယ္ဟာ....ေနာ္....ေနာ္"

မ်က္ႏွာက ေၾကာင္ေသမ႐ုပ္နဲ႕ လိုခ်င္တာရွိလို႔....ကားသာရၾကည့္...ေျပာထားသမွ်ေမ့မွာ မသိတာက်လိဳ႕...

"စဥ္းစားအုံးမယ္ေလ"

"ေစ်းမကိုင္နဲ႕ေနာ္...ငါ ထုခ်လိဳက္လို႔"

ေျပာလဲေျပာ လက္က ေက်ာနားေရာက္လာေတာ့သည္။ အေၾကာင္းသိတာေၾကာင့္အခ်ိန္မွီေရွာင္တာေပါ့။

လြယ္လြယ္ေတာ့လုပ္လို႔မျဖစ္။ ဝတ္ရည္နဲ႕ကား....ကားနဲ႕ဝတ္ရည္ အတူတြဲမထားေကာင္းဘူး။
.
.
.

.
ဆက္ရန္.......















Continue Reading

You'll Also Like

69.1K 4.1K 52
ရိုးရှင်းတဲ့ ချစ်ခြင်း‌မေတ္တာပါပဲ။ ကိုယ်တို့ရဲ့နှလုံးသားတွေကိုတော့ လမ်းပျောက်စေလိမ့်မယ်။
232K 5.7K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
136K 11.3K 45
ဆာယာ ဆိုတာ အေးရိပ်တဲ့လေ ။ ကလေးတွေအတွက် အေးမြတဲ့အရိပ် ဖြစ်စေတဲ့ ဆာယာ ဆိုတဲ့ ဆရာ ။ ရာဇသဝဏ် ရဲ့ နှလုံးသား အေးရိပ်ကလေးပါ။ ဆာယာ တဲ့လေ။ ရာဇသဝဏ် + ဆာယာ
12.8K 782 29
🌀Cover By Aqua🌀-Fancy romance×Comedy Theme- 🌀လေလျင်မှာ​မျောတတ်တဲ့ ​ရောင်စုံစကြာ​လေး​တွေက ဦးတို့နှစ်​ယောက်ကြား အချစ်သ​​​​င်္ကေတတစ်ခုအဖြစ် မယ်မယ်ရရ...