"အားးးးးးးးးးးး"
"ဘုန်း!..."
နောင်တစ်ယောက်အော်ပြီး ခြေထောက်ကိုရမ်းလိုက်တာ စောင်နဲ့ညှိပြီး ကုတင်အောက်ကိုပြုတ်ကျလေသည်။
"အ! ကျွတ်ကျွတ် နာလိုက်တာ..."
"နောင် နောင်ဘာဖြစ်လို့လဲ?.."
အခန်းထဲကအသံတွေကိုကြားတယ်ထင် ရှင်းသန့်ကပြေးဝင်လာသည်။ ကုတင်အောက်မှာလဲနေတာမို့ ရှင်းသန့်လ့်လည်းပြေးထူလိုက်သည်။
"ကျုပ်အသားကိုလာမထိနဲ့ ဖယ်..."
ဒီလူ့လက်တွေနဲ့ ညကသူ့ကို.....
တွေးရင်းနဲ့တင်ကြက်သီးထကာ ရှင်းသန့်ရဲ့လ့်ရဲ့လက်ကိုဖယ်ချလိုက်သည်။
တင်ပါးကိုဖိထားရင်း နောင်ဖြေးဖြေးချင်းကုန်းထလိုက်သည်။ ရှင်းသန့်ကတော့ လက်နှီးစုတ်ကိုကိုင်ထားပြီး နောင်ဖြစ်နေတာတွေကိုနားမလည်နိုင်တော့။
"ကိုယ်သံပုရာရည်ဖျော်ပေးထားတယ် စိတ်ကြည်သွားအောင်သောက်လိုက်ပါလား.."
"မသောက်ဘူး..."
ပြတ်ပြတ်သားသားအသံကြောင့်ရှင်းသန့်လ့်လည်း ရှင်းသန့်ရှေ့ဆက်ပြောဖို့ရာမဝံ့မရဲ။
"ဟို ညက ကိစ္စအတွက်ဆိုကိုယ်တောင်းပန်ပါတယ်...
ကိုယ်လည်းထိန်းနေရင်းနဲ့ကို..."
"တော်လိုက်တော့ ခင်ဗျားဆက်မပြောနဲ့တော့...
ခင်ဗျားကိုဒီလိုခွေးကျင့်ခွေးကြံ ကြံတတ်လိမ့်မယ်လို့ ကျုပ်မထင်ထားခဲ့ဘူး..."
"ကိုယ်ဘာလုပ်မိလို့လဲ?...
နောင့်အင်္ကျီမှာအနံ့စွဲနေလို့ ကိုယ်အင်္ကျီချွတ်ပေးမိရုံပါ...
နောင်အတင်းရုန်းလို့ကိုယ်လည်းမထိန်းနိုင်တော့ဘဲ လွှတ်ပေးလိုက်မိတာ...
ကုတင်ပေါ်ပြုတ်ကျစေလိုတဲ့ရည်ရွယ်ချက် ကိုယ့်မှာမရှိခဲ့ပါဘူး...
နောင့်ကိုနာကျင်သွားစေတဲ့အတွက် ကိုယ်တောင်းပန်ပါတယ်.."
ပြောပြီး ရှင်းသန့်အခ့်အခန်းထဲကထွက်လာခဲ့သည်။ သူညက နောင့်ကိုစေတနာနဲ့အင်္ကျီလဲပေးဖို့ လုပ်ခဲ့တာ နောင်ကအတင်းရုန်းတော့ အရှိန်မထိန်းနိုင်ဘဲ နောင်ကုတင်ပေါ်ကပြုတ်ကျသွားခဲ့သည်။ အရှိန်နဲ့ဆိုတော့ နောင်တော်တော်လေးနာသွားမယ်ဆိုတာ ရှင်းသန့်သိသည်။ ရှင်းသန့်လည်း နောင့်ကိုယ်ကိုမနိုင်မနင်းနဲ့မပြီး ကုတင်ပေါ်တင်ပေးခဲ့သည်။ ကြည့်လိုက်တော့ နောင်ကအိပ်ပျော်နေပြီ။ နောင်နိုးသွားမှာစိုးတာကြောင့် ရှင်းသန့်လ့်လည်း စောင်ကိုသေချာပေးလိုက်ပြီး အခန်းထဲကထွက်လာခဲ့သည်။
အဲ့တာကို နောင်ကဘာလို့အခုလောက်ထိ ရင့်ရင့်သီးသီးပြောလဲဆိုတာ ရှင်းသန့်နားမလည်နိုင်တော့။
နောင်ကတော့ တွေတွေလေးကျန်နေခဲ့သည်။ ရာရှင်းသန့်ပြောပုံအရဆို ရာရှင်းသန့်နဲ့သူက ဘာမှမဖြစ်ခဲ့ဘူးပေါ့...
အဲ့တာဆို သူထင်နေတဲ့အရာတွေက သူစိတ်ကူးယဉ်နေတာလား ဒါမှမဟုတ် အိပ်မက်များလား....
ထင်တော့ထင်သား ဒီလူအင်အားနဲ့သူ့ကိုဘယ်လိုလုပ်နိုင်မှာလဲ?...
ခေါင်းကိုသာနာနာကုတ်လိုက်ပြီး အခန်းထဲကထွက်လာခဲ့သည်။ ရှင်းသန့်ကိုလှည့်ကြည့်လိုက်တော့ ဘာမှမဖြစ်သလိုပုံစံနဲ့ ထမင်းအိုးငှဲ့နေသည်။ သူပြောခဲ့တဲ့စကားတွေအတွက် အားနာပေမယ့် တောင်းပန်ဖို့တော့အစီအစဉ်မရှိ။
"တိုတို တိုတို..."
နောင်လှမ်းကြည့်နေတုန်းမှာပဲ အိမ်ထဲကိုဝင်လာတဲ့အသံသေးသေးလေးကြောင့် နောင်လှည့်ကြည့်လိုက်သည်။
"သားခန့် ကိုကိုဒီမှာ.."
မီးဖိုဆောင်ထဲကရာရှင်းသန့်က့်ကအသံလှမ်းပေးတော့ သေးသေးလေးက သူ့ဖိနပ်သူချွတ်ပြီး အိမ်ထဲကိုဝင်လာသည်။ နောင့်ကိုတချက်မော့ကြည့်ပြီး ရာရှင်းသန့်ရှိရာကိုပြေးသွားလေသည်။
"တိုတို အင့်.."
အင်္ကျီအိတ်ကပ်ဖောင်းဖောင်းလေးထဲက သကြားလုံးတစ်လုံးကိုထုတ်ပြီး ရှင်းသန့်ကိုပေးလာသည်။
"သားခန့်ကလိမ္မာလိုက်တာ...
ကိုင်ထားဦးနော် ကိုကိုထမင်းအိုးတင်လိုက်ဦးမယ်...
ပြီးရင် သားခန့်သောက်ဖို့ကိုကိုနွားနို့ကျိုထားတယ်.."
"ဟီး ဟုတ်.."
နွားနို့သောက်ရမှာမို့ပျော်သွားသည့်အလား လက်ခုပ်တီးပြီး ရှင်းသန့်ပါးကိုနမ်းလာသည်။
"နွားနို့လေးသောက်ရမှာကို တော်တော်ပျော်နေတယ် ဟွန်း....."
ရှင်းသန့်တိြု့်တို့ကြားတဲ့အထိအော်ပြောလိုက်ပြီး သွားတိုက်ဆေးနဲ့သွားပွတ်တံကိုယူကာ ရေအိုးဆီကိုသွားလေသည်။ ရှင်းသန့်လ့်လည်း ဘာမှပြောမနေတော့ဘဲ သားခန့်အတွက် နွားနို့ပြင်ပေးလိုက်သည်။
"သားခန့်လာတာအစောကြီးပဲ မေမေလိုက်ပို့တာလား.."
"ဟုတ်..."
"မန်းမန်းရောစားပြီးပြီခဲ့လား.."
"ဟုတ်.."
"အင်းအင်း သားခန့်နွားနို့သောက်နေနော်...
ကိုကိုထမင်းအိုးသွားချလိုက်ဦးမယ်.."
ရှင်းသန့်လ့်လည်း သားခန့်ကိုထားခဲ့ပြီး ထမင်းအိုးသွားချသည်။ ရှင်းသန့့်် ထမင်းအိုးချနေတဲ့နောင်ရောက်လာပြီး သားခန့်သောက်နေတဲ့နွားနို့ခွက်ကိုယူလိုက်ပြီး တဝက်လောက်ကိုယူသောက်လိုက်သည်။
"အီး ဟင့် တိုတို အီး တိုတို့..."
"ဘာဖြစ်တာလဲ? ဒါလေးယူသောက်တာကို.."
"အီး ဘဘ ဆိုး ဟင့် ဟင့်.."
"သားခန့် ဘာဖြစ်တာလဲ?.."
ရှင်းသန့်အ့်အနားကိုရောက်လာသည်မို့ နောင်ထိုနေရာကနေအမြန်ထွက်လာသည်။
"ဘဘ သောက် ဟင့် ဟင့်..."
"အင်းအင်း ကိုကိုပြန်ထည့်ပေးမယ်နော် တိတ်တိတ်..
နောင်ရာ သောက်ချင်ရင်ပြောပါလား...
ကိုယ်ထည့်ပေးမှာပေါ့.."
"နွားနို့သောက်ရတာဝါသနာကိုမပါတာ...
တမင်စချင်လို့သောက်တာ.."
သူအမှားမလုပ်ထားသလိုပုံစံနဲ့ပြန်ပြောနေတဲ့နောင်ကို သူခေါင်းသာခါမိသည်။
"နေ့လယ်စာပြန်စားမယ်...
ရှိတာချက်ထား ဗီရိုပေါ်စာအုပ်ထဲမှာပိုက်ဆံညှပ်ထားတယ်...
အကုန်လုံးလည်းမသုံးပြစ်လိုက်နဲ့..."
"အင်းအင်း.."
ပြောပြီးသည်နှင့် နောင်ကအဝတ်အစားလဲကာအပြင်ကိုထွက်သွားသည်။ အိမ်မှာတော့ ရှင်းသန့်နှင့်သားခန့်၂ယောက်သာကျန်နေခဲ့သည်။
________________________________
"ရေမန်းတောင်လာတောင်းသောက်ရတဲ့အထိ ဘာတွေများမက်လို့လဲ?.."
"ကြီးကြီးမားမားမဟုတ်ပါဘူး ဒီလိုပဲပေါက်တတ်ကရပါ.."
ကျော်ဇောရဲ့အမေ ကြီးကြီးမြရဲ့အမေးကို နောင်ထိုမျှပဲဖြေလိုက်သည်။ သူမက်တဲ့အကြောင်းတွေကိုပြောပြလိုက်ရင် ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်မလဲ?...
ဘေးမှာကျော်ဇောရဲ့ရယ်မယ့်အသံကြီးကိုလည်း သူမကြားချင်...
"ပြောပြစမ်းပါကွာ မကောင်းတဲ့အရာဆိုယတြာချေသင့်ချေရအောင်လို့..."
"ယတြာချေရလောက်တဲ့အထိလည်းမဟုတ်ပါဘူးကွာ..."
"အေးလေ အဲ့တာကြောင့်ပြောပြပါဆို.."
ပြောဖို့ရာ သူရှက်သည်။ အိပ်မက်ထဲမှာတောင် သူကရာရှင်းသန့်အောက်မှာဆိုတော့ အပြင်မှာဆိုရင်ရော ဆိုတဲ့အတွေးနဲ့ ကြက်သီးတောင်ထသည်။ ဒီအိပ်မက်ကအမှားကြီးပဲဖြစ်မှာ...
ဘယ်လိုပဲကြည့်ကြည့်သူကအသာကြီးပဲကို..
ဖြစ်ချင်ဖြစ် ရာရှင်းသန့်ကပဲအောက်ကဖြစ်ရမှာလေ...
"တချို့အိပ်မက်တွေက ပြောင်းပြန်မှတ်ယူရတယ်...
ဥပမာ ကိုယ့်အိပ်မက်တစ်ယောက်ယောက်သေတယ်ပေါ့ အဲ့လိုဆို အဲ့လူကပိုပြီးကျန်းမာရေးကောင်းတယ်လေ...
နောင်နောင်လည်း အဲ့လိုပဲမှတ်ယူလိုက်ပါ...
အိပ်မက်ကိုသိပ်အစွဲအလန်းမထားနဲ့.."
ကြီးကြီးမြရဲ့အပြောတွေကြောင့် နောင့်မျက်နှာပြုံးရွှင်သွားသည်။ ဒါဆို သူအိပ်မက်ကိုပြောင်းပြန်ယူရမှာပေါ့...
"မင်း ကိုရှင်းသန့်ကို အနိုင်ကျင့်နေတာမြင်ပြီး အခုလိုအိပ်မက်ဆိုးတွေမက်အောင် အိမ်စောင့်နတ်ကဒဏ်ခတ်တာနေမှာပေါ့..."
"ဘာမှကိုမဆိုင်တာ...
အဲ့လူကျရာ ဘာများကောင်းနေလို့လဲ?.."
"ဘယ်သူ့အပေါ်မှမကောင်းရင်တောင် မင်းအပေါ်တော့ကောင်းတယ်လေ...
ငါသာကိုရှင်းသန့်နေရာမှာဆို မင်းနဲ့ဘယ်လိုမှဒီလောက်ထိနေနိုင်မှာမဟုတ်ဘူး..."
"ကျစ် သူ့ဘက်ကချည်းပါမနေနဲ့...
သူမကောင်းတာတွေမင်းမှမသိဘဲ..."
"မမေဆုံးတာကြောင့်လား...
သူနဲ့အနေသာကြီးပါကွာ...
သူ့ကိုသူ့အိမ်ကမိန်းမပေးစားမှာသိလို့ မင်းဒီကိုခေါ်ခဲ့တယ်ဆိုတာ ငါမသိဘူးများထင်နေလား.."
"မင်းဘာမှမသိဘဲ လာမပြောနဲ့ ကျော်ဇော...
အဲ့ကိစ္စနဲ့ဘာမှကိုမဆိုင်တာ...
ငါ့ကိုအဲ့လိုတွေလာမပြောနဲ့ ငါမကြိုက်ဘူး.."
ကျော်ဇောလည်း နောင်ဆက်ပြီးဘူးခံငြင်းမယ်ဆိုတာသိနေတာမို့ ဆက်မပြောတော့။
"သြော် အေး စာ စာရော..."
"ဘာစာလဲ?.."
"နီလာ့ကိုပေးမယ့်စာလေ...
မင်းမပေးရသေးဘူးမလား အဲ့တာကြောင့် ပြသနာတွေကအခုထိမပြီးသေးတာ.."
"ဟုတ်သား ညကမူးသွားတာနဲ့မေ့သွားတာ...
အင်္ကျီအိတ်ကပ်ထဲမှာကွ သွားပြန်ယူဦးမယ်..."
ပြောပြီး နောင်တစ်ယောက်သူ့အိမ်ကိုပြန်ပြေးသွားလေသည်။
အိမ်ရောက်သည်နှင့် အခန်းထဲအရင်ဝင်ကာ စာကိုအရင်ရှာသည်။ အင်္ကျီမတွေ့တာကြောင့် နောင်ဒေါသထွက်လာသည်။
"ရာရှင်းသန့် ရာရှင်းသန့် လာခဲ့ဦး.."
"ဘာဖြစ်လို့လဲ? နောင်.."
နောင့်ခေါ်သံကြားသည်မို့ ရှင်းသန့်လည်းအပင်တွေရေလောင်းနေရာမှ အမြန်အိမ်ထဲဝင်လာခဲ့သည်။
"ကျုပ်အင်္ကျီရော ကျုပ်ညကဝတ်တဲ့အင်္ကျီ.."
"ကိုယ်လျှော်လိုက်တယ်လေ.."
"ဘာ!! ခင်ဗျားကိုဘယ်သူလျှော်ခိုင်းလို့လဲ?...
တောက်! အရေးမပါတာတွေ..."
ဒေါကြီးမောကြီးနဲ့ အင်္ကျီလှန်းထားတဲ့တန်းဆီသွားသည်။ အင်္ကျီအိတ်ကပ်ကိုဖွင့်ကြည့်တော့ စာကိုမတွေ့။
ရေလျှော်လို့ ပြဲပြီးထွက်သွားပြီထင်တယ်...
"ခင်ဗျားအလုပ်ဟုတ်လို့လား...
ကျစ် နောက်တစ်ခါ ကျုပ်အင်္ကျီတွေလာမကိုင်နဲ့...
ဒီစာကအရေးကြီးပါတယ်ဆိုမှ တောက်!.."
ဒေါသတွေထွက်ပြီး တောက်တခတ်ခတ်နဲ့ပြောနေတဲ့နောင့်ကိုကြည့်ပြီး ရှင်းသန့်ရင်ထဲနာကျင်ရသည်။ စာရွက်လေးတစ်ရွက်ပျောက်သွားတာကို နောင့်မှာ ဒီလောက်ထိဒေါသစိတ်တွေဖြစ်နေတာလား...
"အသဲပုံအနီလေးတွေပါတဲ့စာရွက်လား.."
"ဟုတ်တယ်.."
"ကိုယ်သိမ်းထားပါတယ် နောင်ပြန်လာရင်ပေးမယ်ဆိုပြီးတော့..."
အသံကိုမနည်းထိန်းပြီး စာအုပ်ကြားထဲညှပ်ထားတဲ့စာရွက်လေးကိုယူကာ နောင့်ကိုပေးလိုက်သည်။
"တော်သေးတာပေါ့ ပြဲသွားထင်နေတာ.."
စာရွက်ရသွားတာနဲ့ပြုံးပျော်ပြီးထွက်သွားတဲ့နောင့်ကိုကြည့်ပြီး မျက်ရည်တွေကအထိန်းကွပ်မဲ့စွာ စီးကျလာသည်။ စာထဲမှာပါတဲ့အကြောင်းအရာတွေကိုသူသိလိုက်သည်မို့ ပိုပြီးခံစားရသည်။ သူဟာ နောင့်အတွက် စာရွက်တစ်ရွက်လေးတောင် အရေးမပါဘူးပဲ...
စာရွက်ထဲမှာရေးထားသည်က....
❤️ချစ်တယ် နီလာ...
အစကတည်းကဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် အခွင့်မသာခဲ့လို့ပါ....
ဖွဲ့ဖွဲ့နွှဲ့နွှဲ့မရေးတတ်တာမို့ ဒါလေးတော့ ခွင့်လွှတ်ပေးပါ..
ကိုယ့်ကိုပြန်ချစ်ပေးပါနော်...❤️
__________________________________________________________
အိပ်မက်မက်တာပါ နောင့်ကိုအတော်ချစ်ကြတယ်ထင်တယ် ကျေနပ်နေကြတာ🙂
နောင်ကအလိုက်မသိသလို အပြောလည်းမတတ်ပါဘူး ဒါပေမယ့် ရာရှင်းသန့်ကချစ်မြဲချစ်ဆဲချစ်လတ္တံ...
11.6.2021
💙Chel💙