အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လ...

By ZuriLeora

824K 134K 14.1K

I don't own this novel. I just translate. Fully credit to original author and eng translator(s). More

DESCRIPTION
CHAPTER 1 - Go to the wrong room, wrong bed
CHAPTER 2 - Meet the rival
CHAPTER 3 - Extraordinarily Jealous
CHAPTER 4 - Cheng Feng/ Ride The Wind
CHAPTER 5 - C fan anchor
CHAPTER 6 - I'll cover you
CHAPTER 7 - One more
CHAPTER 8 - Two more
CHAPTER 9 - Three Shifts
CHAPTER 10 - The Adulterer Sees Adultery
CHAPTER 11 - We can be friends
CHAPTER 12 - A dying appointment
CHAPTER 13 - Ambiguous
CHAPTER 14- It is okay to scold me, but not to scold my fans
CHAPTER 15 - Let's Play
CHAPTER 16 - Come up with ideas
CHAPTER 17 - Me and Inhibitor, You choose one kind
CHAPTER 18 - You are such a little liar
CHAPTER 20 - Temporary
CHAPTER 21 - Is it okay to watch cartoons?
CHAPTER 22 - Xia Feng (Summer wind)
CHAPTER 23 - Bai Yueguang is back.
CHAPTER 24 - Dinner for three people
CHAPTER 25 - Shen Li kisses your face, I'll kiss your mouth
CHAPTER 26 - Velvet cake
CHAPTER 27 - It's my pleasure
CHAPTER 28 - The feeling of home
CHAPTER 29 - You Are Not Worthy
CHAPTER 30 - Don't be impulsive!
CHAPTER 31 - Like it?
CHAPTER 32 - He knows it all!
CHAPTER 33 - Animal world
CHAPTER 34 - Don't follow me
CHAPTER 35 - Don't you like me?
CHAPTER 36 - Who the hell is stupid?
CHAPTER 37 - You are pregnant!
CHAPTER 38 - You look a lot like when I was young
CHAPTER 39 - Baby, I'm a rascal
CHAPTER 40 - Because of you
CHAPTER 41 - Love Hotel
CHAPTER 42 - He is behaved
CHAPTER 43 - Improper Male-Male relationship
CHAPTER 44 - Torn Up
CHAPTER 45 - Not allow to refuse
CHAPTER 46 - Become a boyfriend
CHAPTER 47 - I like you so much
CHAPTER 48 - This is too fast
CHAPTER 49 - Do it well
CHAPTER 50 - You will regret this!
CHAPTER 51 - That's stupid
CHAPTER 52 - Your Eyes
CHAPTER 53 - He, my wife
CHAPTER 54 - Public execution
CHAPTER 55 - The dove occupies the magpie nest
CHAPTER 56 - Run thousands of miles at night
CHAPTER 57 - This is the cub of our Shen Family
CHAPTER 58 - He will be the target of every love song of mine
CHAPTER 59 - Rational and Irrational
CHAPTER 60 - Introduce me, my man
CHAPTER 61 - Life is too short
CHAPTER 62 - I am going to be a father
CHAPTER 63 - Meet in-laws
CHAPTER 64 - Face to face
CHAPTER 65 - I like you too
CHAPTER 66 - Owe to clean up
CHAPTER 67 - Annual Drama
CHAPTER 68 - Take care
CHAPTER 69 - Shura Field
CHAPTER 70 - I want you to see me.
CHAPTER 71 - Don't Cry
CHAPTER 72 - See my parents
CHAPTER 73 - Marry me
CHAPTER 74 - The ugly wife also sees her in-laws

CHAPTER 19 - Don't tempt me

11K 1.8K 88
By ZuriLeora

Unicode

စုန့်ရီကပြုံးလိုက်ကာ ကုရှင်ချွမ်းရဲ့​လက်ကောက်ဝတ်ကိုညင်ညင်သာသာလေးကိုင်လိုက်ပီး ဖြည်းဖြည်းလေးပွတ်သပ်လိုက်တယ် "ကုရှင်ချွမ်း..."

သူဖြည်းဖြည်းလေးခေါ်လိုက်တာက အဲ့ဒီနာမည်ကသူ့နှုတ်ခမ်းနဲ့သွားတွေကြားမှာလှည့်လည်သွားနေသလိုပဲ မခွဲနိုင်မခွာရက်ဖြစ်နေသလိုအဓိပ္ပါယ်တွေပါရှိနေတယ်။

နှစ်ယောက်သားရဲ့အသက်ရှူငွေ့တွေက တစ်ခုနဲ့တစ်ခုရစ်သွယ်နေပီး လေထုကဟိုလိုလိုဒီလိုလိုကြီးဖြစ်နေတယ်။

ကုရှင်ချွမ်းမျက်လုံးတွေ​ကိုမှေးကျဥ်းလိုက်ပီး မနေ့ကပုံရိပ်တွေးကိုပြန်တွေးမိတယ်။ စုန့်ရီကသူ့အောက်မှာလဲလျောင်းရင်း နှုန်ခမ်းရဲရဲလေးတွေကအနည်းငယ်ပွင့်ဟနေတယ်။ သူကစုန့်ရီရဲ့ သွယ်လျပေါ့ပြောင်းတဲ့ ခြေသလုံးလေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပီး သူ့ထဲကိုကြမ်းကြမ်းတမ်းတမ်းကျူးကျော်ဝင်ရောက်ခဲ့တယ်။ စုန့်ရီရဲ့ခါးသိမ်သိမ်လေးရဲ့နူးညံ့နေပီး သူ့နှလုံးခုန်နှုန်းကအရမ်းမြန်​နေကာ တစ်ကိုယ်လုံးကလဲအဖျားတက်နေတဲ့အတိုင်းပဲ။

စုန့်ရီကသူ့လက်ကိုဖြုတ်ချလိုက်ပီး တည်တည်ငြိမ်ငြိမ်ပြုံးလိုက်တယ် "ငါအခုအဆင်ပြေသွားပီမို့ ငါ့ကိုမင်းသဘောအတိုင်းလာမဆက်ဆံနဲ့"

ကုရှင်ချွမ်းကသူလှည့်စားခံလိုက်ရတယ်ဆိုတာကိုသိသွားတယ်။ သူကလက်ကိုဆန့်လိုက်ကာ စုန့်ရီကိုအိပ်ယာပေါ်သို့ပခုံးကနေဖိချလိုက်ပီး ​လှောင်ရယ်လိုက်တယ် "မင်းမနေ့ကငါ့ကိုတောင်းဆိုခဲ့တာကိုမမေ့နဲ့"

ကုရှင်ချွမ်းကထိုကိစ္စကိုပြန်အစဖော်နေတာမို့ စုန့်ရီဒေါသထွက်သွားတယ် "မနေ့တုန်းကဘယ်သူမှန်းတောင်ငါမသိတဲ့ဟာကို ငါကထည့်တွက်ရမှာလား?"

ကုရှင်ချွမ်းမျက်လုံးထဲမှာ ​ဒေါသမီးတွေတောက်လောင်လာပီး စုန့်ရီနားထပ်ကပ်လာကာ သူ့ကိုစူးစူးစိုက်စိုက်ကြည့်လာတယ် "မင်းကအရမ်းရက်ရောတာပဲ"

စုန့်ရီကသူ့ကိုတတ်နိုင်သလောက်ခပ်မာမာစိုက်ကြည့်နေပေမဲ့ ကုရှင်ချွမ်းအောက်မှာခေါင်းတောင်မထောင်နိုင်ဘူး။ သူကသရော်လိုက်တယ် "မင်းရဲ့ချီးကျူးမှုအတွက်ကျေးဇူးတင်ပါတယ်"

စုန့်ရီကဒေါသတကြီးရယ်လိုက်တယ် "ဒါလေးအတွက်နဲ့တင်ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး ငါမင်းကိုဒီထက်ပိုပီးကူညီနိုင်သေးတယ်"

စုန့်ရီမခံနိုင်တော့ဘဲ အိပ်ယာပေါ်ကထဖို့အတင်းကြိုးစားလိုက်တယ်။ ဒါပေမဲ့ ကုရှင်ချွမ်းကမလွှတ်ပေးပဲ သူ့ရဲ့လက်ကောက်ဝတ်ကိုတင်းတင်းဆုပ်ကိုင်ထားတယ် "မင်းဘယ်သွားမလို့လဲ?"

"မင်းနဲ့ဘာမှမဆိုင်ဘူး" စုန့်ရီကဒီနေရာမှာနောက်ထပ်တစ်စက္ကန့်လေးတောင်ထပ်မနေနိုင်​တော့တဲ့အလား တွန်းထိုးရုန်းကန်နေတယ်။

ကုရှင်ချွမ်းအသက်အောင့်လိုက်ပီး စုန့်ရီနားနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်တယ် "မလှုပ်နဲ့ ငါမင်းကိုတက်လုပ်မိ​တော့မယ်"

စုန့်ရီခနလောက်ကြောင်သွားတယ်။ သူတောင့်ခဲသွားပီး နည်းနည်းလေးမှမလှုပ်ရဲတော့ဘူး။ သူ့မျက်နှာကထိတ်လန့်မှုကြောင့်ရဲလာတယ် "ငါ့ကိုလွှတ်ပေးတော့ ငါရေချိုတော့မယ်"

ကုရှင်ချွမ်းကသူ့အသက်ရှူနှုန်းတွေကိုထိန်းလိုက်တယ်။ မိနစ်အနည်းငယ်အကြာမှာတော့  သူ့ကိုချုပ်ထားတာကိုဖြည်းဖြည်းချင်းလွှတ်ပေးပီးမတ်တပ်ရပ်လိုက်တယ်။ နောက်တော့ သူကအဝေးကိုအကြည့်လွှဲလိုက်ပီး ပုံမှန်မဟုတ်စွာပြောလာတယ် "မင်းတစ်ခုခုပြောစရာရှိတယ်ဆိုရင်လဲ ငါ့ကိုတစ်ချိန်လုံးဆွဲ​ဆောင်မနေနဲ့"

စုန့်ရီသွားကြိတ်လိုက်ပီး စကားတစ်ခွန်းမှမပြောလို​တော့ဘူး။ သူ့ခန္တာကိုယ်ကအားအင်ကုန်ခမ်းမောပန်းနေပီး ထိုင်ဖို့တောင်အားမရှိတော့ဘူး။ ဒါပေမဲ့ကုရှင်ချွမ်းရှေ့မှာ သူ့ရဲ့အားနည်းနေမှုကိုမပြချင်တာမို့ သူရဲ့ပျော့ခွေနေတဲ့ခြေထောက်တွေကိုအိပ်ယာထဲကနေထလို့ရအောင် တွန်းအားပေးလိုက်တယ်။ ခြေလှမ်းအနည်းငယ်လှမ်အပီးမှာ သူတုန်ယင်လာတယ်။

ကုရှင်ချွမ်းကကြည့်မနေနိုင်တော့တာမို့ လက်လှမ်းပီး သူ့ခါးလေးကိုထိန်းလိုက်တယ် "ငါဒီမှာတစ်ယောက်လုံးရှိနေတာကိုဘာတွေ​လုပ်နေတာလဲ?"

မင်းဒီမှာရှိနေလို့ပဲ ငါ့ရဲ့အားနည်းချကိုမပြချင်တာလို့ စုန့်ရီစိတ်ထဲမှာပြောလိုက်ပီး ကုရှင်ချွမ်းရဲ့သန်မာတဲ့လက်မောင်းတွေကိုတွန်းလိုက်တယ် "ငါ့ဘာသာငါလုပ်နိုင်တယ်"

ဘယ်လိုလုပ် ကုရှင်ချွမ်းကသူ့ကိုဒီလိုကြီးလမ်းလျှောက်ခွင့်ပြုနိုင်မှာလဲ။ ဒါကြီးကအရမ်းများလွန်းတယ်။ သူကခန္တာကိုယ်ကိုကိုင်းလိုက်ကာ လက်တစ်ဖက်ကစုန့်ရီဒူးအောက်ကနေလျှိုသွင်းလိုက်ပီး အလျားလိုက်ပွေ့ချီလိုက်တယ်။ စုန့်ရီကြောက်လန့်သွားတယ် "မင်းငါ့ကိုအောက်ကိုချပေး ငါ့ဘာသာငါသွားနိုင်တယ်"

ကုရှင်ချွမ်းကဘာမှမကြားရတဲ့အတိုင်း tent ကိုဖွင့်ပီး ကျွန်းပေါ်မှာ ရုပ်ရှင်အဖွဲ့သားတွေလုပ်ထားတဲ့ ယာယီရေချိုခန်းလေးဆီကိုသယ်သွားတော့တယ်။ အဲ့ဒီထဲမှာ လူတစ်ယောက်တည်းရပ်ရုံလောက်ပဲကျယ်ဝန်းတယ်။ ပင်လယ်ထဲမှာရိုက်ကူးပီးတဲ့အချိန်မှာ လူတိုင်းကဒီကိုရေ​လာချိုးလေ့ရှိတယ်။

ကုရှင်ချွမ်းသူနဲ့အတူလိုက်ဝင်လာမှာစိုးတာမို့ စုန့်ရီတံခါးကိုမြန်မြန်ပိတ်လိုက်ပီး သူ့ကိုသူသန့်စင်ဖို့ရေပန်းကိုဖွင့်လိုက်တယ်။ ကုရှင်ချွမ်းကခွေးတစ်ကောင်လိုပဲ သူ့ကိုကိုက်ထားတာဆိုတာနည်းနည်းနော​နောမဟုတ်ဘူး။ သူအိပ်နေတုန်းကဘာမှမခံစား​ရပေမဲ့ ရေအေးအေးနဲ့ထိတော့ နာလို့တုန်တက်သွားရတယ်။

ကျွန်းပေါ်မှာမိုးကဘယ်အချိန်တိတ်သွားလဲတော့မသိဘူး။ ကောင်းကင်ကြီးကတဖြည်းဖြည်းကြည်လင်လာပီး မိုးရွာပီးလို့မြေနံ့နဲ့ သစ်စိမ်းနံ့လေးက ပင်လယ်ရဲ့ငန်ပီးစိုစွတ်တဲ့လေနဲ့အတူရောယှက်နေတယ်။

ရေချိုးပီးတဲ့အခါမှာ​တော့ စုန့်ရီကကုရှင်ချွမ်းအထဲကိုကမ်းပေးတဲ့ အဝတ်အစားသန့်သန့်လေးလဲပီးတဲ့အခါမှာ​တော့ အရင်ကလောက်မသက်မသာ​မဖြစ်တော့ဘဲ ဖြတ်ဖြတ်လတ်လတ်ပြန်ဖြစ်သွားတယ်။

သူtent ထဲဝင်ပီး သူ့ပစ္စည်းတွေကိုသိမ်းလိုက်တယ်။ မနေ့တုန်းကဖုန်းကရေဝင်သွားတာမို့ screen ပေါ်မှာဘာမှမပေါ်​တော့ဘူး။ ကံကောင်းစွာနဲ့ပဲ သူ့မှာအပိုတစ်လုံးရှိနေသေးတယ်။ စုန့်ရီကဆင်းကဒ်ကိုထုတ်ပီး နောက်ဖုန်းထဲထည့်လိုက်တယ်။ သူဖုန်းကိုဖွင့်လိုက်တဲ့အခါမှာ missed call ပေါက်းမြောက်များစွာကအတန်းလိုက်ကြီးပေါ်လာတယ်။ သူတို့ထဲကတချို့ကတော့ ချန်စုန့်နဲ့တခြားသူငယ်ချင်းတွေဖြစ်တယ်။

စုန့်ရီကဒါရိုက်တာရန်ကိုတောင်းပန်ဖို့အရင်းဆုံးဖုန်းခါ်လိုက်ပီး မနေ့တုန်းကထိခိုက်မိသွားတာမို့ ပြန်မလာဖြစ်တာပါဆိုပီးခပ်မြန်မြန်ပြောပြလိုက်တယ်။ ဒါရိုက်တာရန်ကသူ့ကိုအရမ်းကြီးတော့ အပြစ်မတင်ပါဘူး။ သူကစကားအနည်းငယ်လောက်ပြောပီး နောက်တစ်ခါကျပိုပီးဂရုစိုက်ဖို့ပြောတယ်။

စုန့်ရီခနလောက်စဥ်းစားပီး ချန်းစုန့်ကိုပြန်ခေါ်လိုက်တယ်။

ဖုန်းကချိတ်ဆက်မိပီးချက်ချင်းပဲ ချန်းစုန့်ရဲ့ရင်ဖိုနေတဲ့အသံကထွက်လာတယ် "စုန့်ရီ မင်းအဆင်ပြေရဲ့လား ဒါရိုက်တာရန်ကမင်းကိုရှာမတွေ့ဘူးဆို..."

"အဆင်ပြေပါတယ်​ မနေ့ကဒီတိုင်းဒုက္ခ​နည်းနည်းရောက်နေတာ အခုတော့ဖြေရှင်းပီးသွားပါပြီ" စုန့်ရီအသံကဖြတ်လတ်တက်ကြွနေတဲ့အသံပေါက်တယ်။

ကုရှင်ချွမ်းကလက်ပိုက်ပီး ထိုင်ခုံပေါ်မှာမှီထိုင်ကာ စုန့်ရီကိုမျက်လုံးမှေးကြည့်နေတယ်။

အခုဖုန်းပြောနေတဲ့ပုံကစကားပြောလို့မဝတဲ့ပုံနဲ့။ ဖုန်းကောလ်လေးတစ်ခုကစုန့်ရီကိုပျော်ရွှင်အောင်လုပ်နိုင်တယ်ပေါ့။

"ဟုတ်ပါပြီကွာ ငါမင်းကိုသတင်းကောင်းပြောစရာရှိတယ်"

"ဘာသတင်းကောင်းလဲ?"

"ငါ 'xxx' ရဲ့မူရင်း blu-ray ခွေဝယ်ထားတယ် မင်းအဲ့တာကိုအရမ်းကြိုက်တာငါမှတ်မိသေးတယ်"

စုန့်ရီမျက်လုံးတွေကတောက်ပသွားပီး ပြုံးလိုပ်တယ် "မင်းအရမ်းတော်တာပဲ ကျွန်တော်အဲ့တာကို​ရှာနေတာနှစ်ဝက်လောက်တောင်ရှိနေပီ"

"မင်းပြန်လာရင် ငါတို့ဒီတစ်ခုကိုအတူတူကြည့်ကြမယ်"

"အိုခေလေ ကျွန်တော်လဲခင်ဗျားအိမ်ကရုပ်ရှင်ရုံလေးကိုသတိရနေတာ 'xxx' ကိုကြည့်ရတဲ့ခံစားချက်နဲ့ပါပေါင်းရင်အရမ်းမိုက်မှာပဲ"

ချန်းစုန့်ကနောက်ထပ်စကားထပ်ပြောမလို့လုပ်တဲ့အချိန်မှာ ဖုန်းတစ်ဖက်နေ 'bangbangbang' အသံတွေကြားလိုက်ရတတော့ သူမေးလိုက်တယ် "စုန့်ရီ ဘာဖြစ်တာလဲ"

ကုရှင်ချွမ်းကရုပ်တည်ကြီးနဲ့ သူ့ခြေထောက်အရှည်ကြီးကိုဆန့်ထုတ်ပီး လေးထောင့်စားပွဲကိုဖိနပ်ထိပ်နဲ့ကန်နေတာမို့ ဆူဆူညံညံအသံတွေထွက်လာတာဖြစ်တယ်။

စုန့်ရီသူ့ကိုစိုက်ကြည့်လိုက်ပီး အသံကိုနှိမ့်လိုက်တယ် "ဘာမှဖြစ်ပါဘူး သရုပ်ဆောင်တစ်ယောက်မွေးထားတဲ့ခွေးလေးတစ်ကောင်ပါ စကားနားမထောင်ဘူး အရမ်းဆိုးတယ်"

ကုရှင်ချွမ်းကမျက်မှောင်ကြီးကြုတ်ကာစုန့်ရီကိုအေးစက်စက်စိုက်ကြည့်နေတယ်။

ချန်းစုန့်​ကပြုံးလိုက်တယ် "အဲ့ဒီခွေးလေးကဘာမျိုးလဲ?"

စုန့်ရီကစိတ်အခြေအနေကောင်းနေတာမို့ ပေါ့ပေါ့ပါးပါးပဲဖြေလိုက်တယ် "အလက်စကာပါ ကစားရတာပျော်စရာကောင်းတယ်"

"တကယ်လား?" ချန်းစုန့်ကစိတ်ဝင်စားလာပီး တရင်တနှီးပဲအကြံပြုတယ် "သူဆိုးနေတာကမျိုးပွားချိန်ရောက်လို့ဖြစ်နိုင်တယ် စောစော​ွေးသွင်းထားတာက လူရောခွေးရောအတွက်ကောင်းတယ်"

စုန့်ရီလှောင်ရယ်ရယ်လိုက်တယ်။ ကုရှင်ချွမ်းမျက်နှာကြီးကလူတွေကိုကိုက်စားတော့မဲ့အတိုင်း မည်းမှောင်ရုပ်စိုးနေပီ။ စုန့်ရီအရမ်းပျော်ရွှင်နေတယ် "မင်းပြောတာမှန်တယ် ကျွန်တော်ဒီလိုလုပ်ဖို့ဘာလို့မေ့နေရတာလဲ"

ချန်းစုန့်ကလဲလိုက်ရယ်ပီး အသံတိုးတိုးလေးနဲ့ပြောတယ် "မင်းရယ်တာကိုမကြားရတာတောင်အတော်ကြာပီ ငါတစ်ခါကြားတိုင်း ငါ့စိတ်ကအရမ်းအ​ခြေအနေကောင်းသွားတယ်"

"အာ့ဆိုခင်ဗျားကျွန်တော့်ကို များများဆက်သွယ်သင့်တယ် အဲ့တာမှ ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကျန်းမာမှာ" စုန့်ရီကစနောက်ပီးပြောလိုက်တယ်။

"မင်း Imperial Capital ကိုပြန်လာ​ရင် ငါတို့ညစာအတူတူသွားစားရအောင် ငါတို့မကြာမကြာသွားတတ်တဲ့စားသောက်ဆိုင်မှာ ဟင်းပွဲအသစ်တွေထပ်တိုးလာတယ် အဲ့ဒီအရာသာကို​မင်းကြိုက်မှာသေချာတယ်"

ကုရှင်ချွမ်းမျက်မှောင်ကြုတ်နေတယ်။ သောက်ရမ်းစိတ်ပျက်လွန်းလို့ သူတို့ပြောတာတွေကိုနောက်ထပ်ထပ်နားမထောင်နိူင်တော့ဘူး။ သူစုန့်ရီဖုန်းကိုဒေါသတကြီးဆွဲယူလိုက်ပီး မြန်မြန်ဖုန်းချပစ်လိုက်တယ်။

စုန့်ရီကစိုက်ကြည့်လာတယ် "မင်းဘာလုပ်တာလဲ?"

"ငါစိတ်​​ပျော်နေတဲ့အချိန်မှာ သူနဲ့ဖုန်း​ေပြာဖို့ငါခွင့်မပြုဘူး" ကုရှင်ချွမ်းကဖုန်းကိုလက်ထဲမှာဖျစ်ညစ်ထားတယ်။

စုန့်ရီကနားမလည်နိုင်စွာအံကြိတ်လိုက်တယ် "မင်းရူးနေလား ငါဘာသာဘယ်သူနဲ့ပြောပြောမင်းနဲ့ဆိုင်လို့လား?"

ကုရှင်ချွမ်းကသူ့ကိုတစ်ချက်ကြည့်လာတယ် "ငါခွင့်မပြဘူး မင်းခန္တာကိုယ်ကအခုလေးတက်သက်သာလာတာ ကောင်းကောင်းအနားယူရမယ်"

"ဒီကိစ္စတွေပြောရအောင်မင်းကဆရာဝန်လား?" စုန့်ရီကကုရှင်ချွမ်းရဲ့စိတ်ကိုအနှောင့်အယှက်ပေးလိုက်မိတာကိုမသိဘဲ ဒေါသတကြီးပြောလိုက်တယ်။

ကုရှင်ချွမ်းကအေးစက်စက်ပဲပြန်ပြောလာတယ် "သေချာပေါက်မင်းကိုဂရုစိုက်ပေးရမှာပေါ့ နောက်တစ်ခါထပ်အအေးမိပီး ငါ့ကိုအဖျားကူးသွားရင်ဘယ်လိုလုပ်မလဲ?"

စုန့်ရီကဒေါသအရမ်းထွက်နေတယ်။.မင်းအဖျားကူးမှားကြောက်နေသလို ငါကလဲမင်းဆီကဦးနှောက်​မသန်စွမ်းတဲ့ရောဂါကူးမှာကြောက်နေတာ။ "ငါ့ကိုဖုန်းပြန်ပေး"

ကုရှင်ချွမ်းကဘာမှလှုပ်ရှားမှုမရှိဘဲ စုန့်ရီကိုစစ်ဆေးမေးမြန်းလိုက်တယ် "ချန်းစုန့်နဲ့မင်းရဲ့ဆက်ဆံရေးကဘာလဲ မင်းတို့မကြာခဏခနအတူတူစားသောက်ပျော်ပါးကြတာလား?"

စုန့်ရီကမျက်မှောင်ကြုတ်လိုက်တယ် "မင်းဘာလို့မေးနေတာလဲ?"

"Star Entertainment ကမကြာခင်ငါ့ရဒ့ကုမ္ပဏီဖြစ်လာမှာ ပီး​တော့မင်းတို့အားလုံးကငါ့ရဲ့အလုပ်သမားပဲ ငါကမင်းတို့ဆက်ဆံရေးကိုစစ်ဆေးရလိမ့်မယ်" ကုရှင်ချွမ်းကနည်းလမ်းတကျပြောတယ်။

စုန့်ရီကအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပီး အရှုံးပေးလိုက်ရ​တော့တယ် "ငါဖုန်းမလိုတော့ပါဘူး မင်းနဲ့ငါနဲ့ကအတန်းဖော်တွေဖြစ်ခဲ့တာဆို​တော့ မင်းကိုဖုန်းတစ်လုံးလက်ဆောင်ပေးတယ်ပဲ​ထားလိုက်ပေါ့"

ဒီသောက်ဖုန်းကိုငရဲကိုယူသွားပီးဆော့နေလိုက်လူဆိုးကောင်ရဲ့။

ကုရှင်ချွမ်းကပိုပီး​တောင်စိတ်ပျက်သွားသေးတယ်။ သူကချန်းစုန့်နဲ့စုန့်ရီအရမ်းရင်းနှီးနေတာကိုကြားလိုက်ရတော့ မပျော်တော့ဘူး ဒါပေမဲ့ စုန့်ရီကဒီတစ်ကြိမ်မှာဒေါသထွက်သွား​တော့ သူနောက်ထပ်ထပ်ပီးမသက်မသာခံစားရတယ်။

သူမနေ့တုန်းကစုန့်ရီကိုဟိုလိုလုပ်ခဲ့ပီဒီနေ့ကျ​စုန့်ရီကိုနောက်ထပ်ဒေါသထွက်အောင်လုပ်ခဲ့ပြန်ပီ။

သူအရမ်းကြီးယုတ်မာနေတာလား?

စုန့်ရီအိပ်ယာထဲဝင်ကာစောင်ခြုံပီးအိပ်လိုက်တယ်။ သူနိုးလာတဲ့အခါမှာ ရုပ်ရှင်အဖွဲ့သားတွေလဲရောက်နေကြပီ။ စုန့်ရီက ကမ်းခြေမြို့ကိုရောက်​တော့ ဒါရိုက်တာရန်ဆီကနေ နေမကောင်းဘူးဆိုပီးလဝက်လောက်ခွင့်ယူကာ Imperial Capital ကိုတိတ်တိတ်လေးပြန်လာလိုက်တယ်။

သူအိမ်ပြန်ရောက်တဲ့အခါမှာ ရင်းနှီးနေတဲ့အခန်းလထဲမှာမတ်တပ်ရပ်ပီး ခေါင်းအုံးလေးပိုက်လိုက်ခါမှ လုံခြုံတယ်လို့ခံစားရတော့တယ်။

ကုရှင်ချွမ်းရဲ့ရှေ့မှာ သူမျက်နှာကတည်ငြိမ်နေတယ်ဆိုပေမဲ့ တကယ်​တော့ နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်နေတာဖြစ်တယ်။

စုန့်ရီသူ့ရဲ့ virginity အတွက်ပူဆွေးဖို့​တောင်အချိန်မရဘူး သူ့​အမေကနေ့လည်ခင်းကျအိမ်တံခါးမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ချလာတယ်။ သူ့ရဲ့အ​ရှေ့အနောက်မှာ ကြီးကောင်ကြီးမား bodyguard သုံးယောက်ကရပ်နေတယ်။

စုန့်ရီဟိုတစ်ခါတုန်းကသူ့သူငယ်ချင်းကိုရှာပေးထားခိုင်းတဲ့သူတွေဖြစ်မယ်။

စုန့်ရီ bodyguard တစ်ယောက်ကိုအထက်အောက်အစုံအဆန်ကြည့်လိုက်ပီး ရင်းနှီးနေသလိုခံစားရတယ် "မင်းနာမည်ဘယ်သူလဲ?"

ကျောက်ဟုန်းရန်ကစုန့်ရီရဲ့အင်္ကျီလက်ကိုဆွဲလိုက်ပီး မျက်လုံးတစ်ချက်မှိတ်ပီးပြောတယ် "ရှောင်ကျောက်ကမင်းတို့အထက်တန်းကျောင်းကကျောင်းသားဟောင်းလေ ကျောက်ကျန်းဝေတဲ့"

အဲ့လိုပြောမှစုန့်ရီသတိ​ရ​တော့တယ်။ အထက်တန်းတုန်းကကျောင်းလူဆိုးကြီး ကျောင်းအပြင်ဘက်မှာလူမိုက်အဖွဲ့လုပ်ပီး တစ်နေ့လုံးကာကွယ်စောင့်ရှောက်ပေးရရင်ဘယ်လောက်ဆိုပီးပိုက်ဆံတောင်းတဲ့သူကြီးပေါ့။ အခုကျ သူ bodyguard ဖြစ်လာမယ်လို့ စုန့်ရီထင်မထားခဲ့ဘူး။

စုန့်ရီကလက်ဆန့်ထုတ်လိုက်ပီး နူးနူးညံ့ညံ့ပြုံးပြတယ် "ငါမင်းကိုဒီရက်ပိုင်းတွေမှာဒုက္ခပေးမိသလိုဖြစ်သွားတယ်"

ကျောက်ကျန်းဝေရဲ့မျက်နှာကထူးဆန်းနေပီး သူ့လက်ကိုဆွဲပီးလှုပ်တယ်။ စုန့်ရီကသူ့ရဲ့တုန်နေတဲ့လက်ကိုကြည့်လိုက်ပီး စိတ်သက်သာရာရအောင်​ပြောလိုက်တယ် "ထိုင်ပါအုံး အရမ်းကြီးစိတ်လှုပ်ရှားနေစရာမလိုပါဘူး"

​ကျောက်ကျန်းဝေကဆိုဖာပေါ်မှာငူငူငိုင်ငိုင်ကြီထိုင်​နေတယ်။ စုန့်ရီသူ့ရဲ့လည်ပင်း​နောက်မှာချွေးအေးတွေထွက်နေတာကိုမြင်လိုက်ရတယ်။ တစ်ချက်ကြည့်ရုံနဲ့တင်သူကြောကက်နေမှန်းသိသာလှတယ်။ ကျောက်ကျန်းဝေနဲ့သူနဲ့တစ်ကျောင်းတည်းဆိုပေမဲ့ နှစ်ယောက်သားကြားမှာဘာပြဿနာမှမရှိခဲ့ပါဘူး။ ဘာလို့​ကျောက်ကျန်းဝေကသူ့ကိုမြင်ရုံနဲ့အရမ်းကြောက်နေရတာလဲ?

"ငါတို့တစ်ယောက်နဲ့တစ်ယောက်သိလို့လား?" စုန့်ရီသိချင်စိတ်ပြင်းစွာနဲ့မေးလိုက်တယ်။

ကျောက်ကျန်းဝေနှုတ်ခမ်းတွေကတုန်သွားပီး မျက်နှာကဖြူဖျော့သွားတယ်။ သူစုန့်ရီကိုမြန်မြန်တစ်ချက်ကြည့်ပီး အထစ်ထစအငေါ့အငေါ့ပြောလာတယ် "မသိပါဘူး ငါတို့မတွေ့ဖူးဘူး"

~~~~~~~
Spoiler: ​ကျောက်ကျန်းဝေရယ် ခါးပေါ်ကတက်တူးရယ် စုန့်ကျဲပြောတဲ့ ကုရှင်ချွမ်းကသူတို့အိမ်နား​ကလမ်းမှာစောင့်နေတယ်ဆိုတာရယ်ကဆက်စပ်နေတယ် chapter 81 ကျမှအဲ့ဒီအကြောင်းကပါလာမှာ ကုရှင်ချွမ်းက protective love rival ကြီး 😥

Zawgyi

စုန္႔ရီကျပဳံးလိုက္ကာ ကုရွင္ခၽြမ္းရဲ့​လက္ေကာက္ဝတ္ကိုညင္ညင္သာသာေလးကိုင္လိုက္ပီး ျဖည္းျဖည္းေလးပြတ္သပ္လိုက္တယ္ "ကုရွင္ခၽြမ္း..."

သူျဖည္းျဖည္းေလးေခၚလိုက္တာက အဲ့ဒီနာမည္ကသူ႔ႏွုတ္ခမ္းနဲ႔သြားေတြၾကားမွာလွည့္လည္သြားေနသလိုပဲ မခြဲနိုင္မခြာရက္ျဖစ္ေနသလိုအဓိပၸါယ္ေတြပါရွိေနတယ္။

ႏွစ္ေယာက္သားရဲ့အသက္ရွူေငြ႕ေတြက တစ္ခုနဲ႔တစ္ခုရစ္သြယ္ေနပီး ေလထုကဟိုလိုလိုဒီလိုလိုႀကီးျဖစ္ေနတယ္။

ကုရွင္ခၽြမ္းမ်က္လုံးေတြ​ကိုေမွးက်ဥ္းလိုက္ပီး မေန႔ကပုံရိပ္ေတြးကိုျပန္ေတြးမိတယ္။ စုန္႔ရီကသူ႔ေအာက္မွာလဲေလ်ာင္းရင္း ႏွုန္ခမ္းရဲရဲေလးေတြကအနည္းငယ္ပြင့္ဟေနတယ္။ သူကစုန္႔ရီရဲ့ သြယ္လ်ေပါ့ေျပာင္းတဲ့ ေျခသလုံးေလးကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ပီး သူ႔ထဲကိုၾကမ္းၾကမ္းတမ္းတမ္းက်ဴးေက်ာ္ဝင္ေရာက္ခဲ့တယ္။ စုန္႔ရီရဲ့ခါးသိမ္သိမ္ေလးရဲ့ႏူးညံ့ေနပီး သူ႔ႏွလုံးခုန္ႏွုန္းကအရမ္းျမန္​ေနကာ တစ္ကိုယ္လုံးကလဲအဖ်ားတက္ေနတဲ့အတိုင္းပဲ။

စုန္႔ရီကသူ႔လက္ကိုျဖဳတ္ခ်လိုက္ပီး တည္တည္ၿငိမ္ၿငိမ္ျပဳံးလိုက္တယ္ "ငါအခုအဆင္ေျပသြားပီမို႔ ငါ့ကိုမင္းသေဘာအတိုင္းလာမဆက္ဆံနဲ႔"

ကုရွင္ခၽြမ္းကသူလွည့္စားခံလိုက္ရတယ္ဆိုတာကိုသိသြားတယ္။ သူကလက္ကိုဆန္႔လိုက္ကာ စုန္႔ရီကိုအိပ္ယာေပၚသို႔ပခုံးကေနဖိခ်လိုက္ပီး ​ေလွာင္ရယ္လိုက္တယ္ "မင္းမေန႔ကငါ့ကိုေတာင္းဆိုခဲ့တာကိုမေမ့နဲ႔"

ကုရွင္ခၽြမ္းကထိုကိစၥကိုျပန္အစေဖာ္ေနတာမို႔ စုန္႔ရီေဒါသထြက္သြားတယ္ "မေန႔တုန္းကဘယ္သူမွန္းေတာင္ငါမသိတဲ့ဟာကို ငါကထည့္တြက္ရမွာလား?"

ကုရွင္ခၽြမ္းမ်က္လုံးထဲမွာ ​ေဒါသမီးေတြေတာက္ေလာင္လာပီး စုန္႔ရီနားထပ္ကပ္လာကာ သူ႔ကိုစူးစူးစိုက္စိုက္ၾကည့္လာတယ္ "မင္းကအရမ္းရက္ေရာတာပဲ"

စုန္႔ရီကသူ႔ကိုတတ္နိုင္သေလာက္ခပ္မာမာစိုက္ၾကည့္ေနေပမဲ့ ကုရွင္ခၽြမ္းေအာက္မွာေခါင္းေတာင္မေထာင္နိုင္ဘူး။ သူကသေရာ္လိုက္တယ္ "မင္းရဲ့ခ်ီးက်ဴးမွုအတြက္ေက်းဇူးတင္ပါတယ္"

စုန္႔ရီကေဒါသတႀကီးရယ္လိုက္တယ္ "ဒါေလးအတြက္နဲ႔တင္ငါ့ကိုေက်းဇူးတင္စရာမလိုပါဘူး ငါမင္းကိုဒီထက္ပိုပီးကူညီနိုင္ေသးတယ္"

စုန္႔ရီမခံနိုင္ေတာ့ဘဲ အိပ္ယာေပၚကထဖို႔အတင္းႀကိဳးစားလိုက္တယ္။ ဒါေပမဲ့ ကုရွင္ခၽြမ္းကမလႊတ္ေပးပဲ သူ႔ရဲ့လက္ေကာက္ဝတ္ကိုတင္းတင္းဆုပ္ကိုင္ထားတယ္ "မင္းဘယ္သြားမလို႔လဲ?"

"မင္းနဲ႔ဘာမွမဆိုင္ဘူး" စုန္႔ရီကဒီေနရာမွာေနာက္ထပ္တစ္စကၠန္႔ေလးေတာင္ထပ္မေနနိုင္​ေတာ့တဲ့အလား တြန္းထိုး႐ုန္းကန္ေနတယ္။

ကုရွင္ခၽြမ္းအသက္ေအာင့္လိုက္ပီး စုန္႔ရီနားနားကိုကပ္ကာ တိုးတိုးေလးေျပာလိုက္တယ္ "မလွုပ္နဲ႔ ငါမင္းကိုတက္လုပ္မိ​ေတာ့မယ္"

စုန္႔ရီခနေလာက္ေၾကာင္သြားတယ္။ သူေတာင့္ခဲသြားပီး နည္းနည္းေလးမွမလွုပ္ရဲေတာ့ဘူး။ သူ႔မ်က္ႏွာကထိတ္လန္႔မွုေၾကာင့္ရဲလာတယ္ "ငါ့ကိုလႊတ္ေပးေတာ့ ငါေရခ်ိဳေတာ့မယ္"

ကုရွင္ခၽြမ္းကသူ႔အသက္ရွူႏွုန္းေတြကိုထိန္းလိုက္တယ္။ မိနစ္အနည္းငယ္အၾကာမွာေတာ့  သူ႔ကိုခ်ဳပ္ထားတာကိုျဖည္းျဖည္းခ်င္းလႊတ္ေပးပီးမတ္တပ္ရပ္လိုက္တယ္။ ေနာက္ေတာ့ သူကအေဝးကိုအၾကည့္လႊဲလိုက္ပီး ပုံမွန္မဟုတ္စြာေျပာလာတယ္ "မင္းတစ္ခုခုေျပာစရာရွိတယ္ဆိုရင္လဲ ငါ့ကိုတစ္ခ်ိန္လုံးဆြဲ​ေဆာင္မေနနဲ႔"

စုန္႔ရီသြားႀကိတ္လိုက္ပီး စကားတစ္ခြန္းမွမေျပာလို​ေတာ့ဘူး။ သူ႔ခႏၲာကိုယ္ကအားအင္ကုန္ခမ္းေမာပန္းေနပီး ထိုင္ဖို႔ေတာင္အားမရွိေတာ့ဘူး။ ဒါေပမဲ့ကုရွင္ခၽြမ္းေရွ႕မွာ သူ႔ရဲ့အားနည္းေနမွုကိုမျပခ်င္တာမို႔ သူရဲ့ေပ်ာ့ေခြေနတဲ့ေျခေထာက္ေတြကိုအိပ္ယာထဲကေနထလို႔ရေအာင္ တြန္းအားေပးလိုက္တယ္။ ေျခလွမ္းအနည္းငယ္လွမ္အပီးမွာ သူတုန္ယင္လာတယ္။

ကုရွင္ခၽြမ္းကၾကည့္မေနနိုင္ေတာ့တာမို႔ လက္လွမ္းပီး သူ႔ခါးေလးကိုထိန္းလိုက္တယ္ "ငါဒီမွာတစ္ေယာက္လုံးရွိေနတာကိုဘာေတြ​လုပ္ေနတာလဲ?"

မင္းဒီမွာရွိေနလို႔ပဲ ငါ့ရဲ့အားနည္းခ်ကိုမျပခ်င္တာလို႔ စုန္႔ရီစိတ္ထဲမွာေျပာလိုက္ပီး ကုရွင္ခၽြမ္းရဲ့သန္မာတဲ့လက္ေမာင္းေတြကိုတြန္းလိုက္တယ္ "ငါ့ဘာသာငါလုပ္နိုင္တယ္"

ဘယ္လိုလုပ္ ကုရွင္ခၽြမ္းကသူ႔ကိုဒီလိုႀကီးလမ္းေလၽွာက္ခြင့္ျပဳနိုင္မွာလဲ။ ဒါႀကီးကအရမ္းမ်ားလြန္းတယ္။ သူကခႏၲာကိုယ္ကိုကိုင္းလိုက္ကာ လက္တစ္ဖက္ကစုန္႔ရီဒူးေအာက္ကေနလၽွိုသြင္းလိုက္ပီး အလ်ားလိုက္ေပြ႕ခ်ီလိုက္တယ္။ စုန္႔ရီေၾကာက္လန္႔သြားတယ္ "မင္းငါ့ကိုေအာက္ကိုခ်ေပး ငါ့ဘာသာငါသြားနိုင္တယ္"

ကုရွင္ခၽြမ္းကဘာမွမၾကားရတဲ့အတိုင္း tent ကိုဖြင့္ပီး ကၽြန္းေပၚမွာ ႐ုပ္ရွင္အဖြဲ႕သားေတြလုပ္ထားတဲ့ ယာယီေရခ်ိဳခန္းေလးဆီကိုသယ္သြားေတာ့တယ္။ အဲ့ဒီထဲမွာ လူတစ္ေယာက္တည္းရပ္႐ုံေလာက္ပဲက်ယ္ဝန္းတယ္။ ပင္လယ္ထဲမွာရိုက္ကူးပီးတဲ့အခ်ိန္မွာ လူတိုင္းကဒီကိုေရ​လာခ်ိဳးေလ့ရွိတယ္။

ကုရွင္ခၽြမ္းသူနဲ႔အတူလိုက္ဝင္လာမွာစိုးတာမို႔ စုန္႔ရီတံခါးကိုျမန္ျမန္ပိတ္လိုက္ပီး သူ႔ကိုသူသန္႔စင္ဖို႔ေရပန္းကိုဖြင့္လိုက္တယ္။ ကုရွင္ခၽြမ္းကေခြးတစ္ေကာင္လိုပဲ သူ႔ကိုကိုက္ထားတာဆိုတာနည္းနည္းေနာ​ေနာမဟုတ္ဘူး။ သူအိပ္ေနတုန္းကဘာမွမခံစား​ရေပမဲ့ ေရေအးေအးနဲ႔ထိေတာ့ နာလို႔တုန္တက္သြားရတယ္။

ကၽြန္းေပၚမွာမိုးကဘယ္အခ်ိန္တိတ္သြားလဲေတာ့မသိဘူး။ ေကာင္းကင္ႀကီးကတျဖည္းျဖည္းၾကည္လင္လာပီး မိုးရြာပီးလို႔ေျမနံ့နဲ႔ သစ္စိမ္းနံ့ေလးက ပင္လယ္ရဲ့ငန္ပီးစိုစြတ္တဲ့ေလနဲ႔အတူေရာယွက္ေနတယ္။

ေရခ်ိဳးပီးတဲ့အခါမွာ​ေတာ့ စုန္႔ရီကကုရွင္ခၽြမ္းအထဲကိုကမ္းေပးတဲ့ အဝတ္အစားသန္႔သန္႔ေလးလဲပီးတဲ့အခါမွာ​ေတာ့ အရင္ကေလာက္မသက္မသာ​မျဖစ္ေတာ့ဘဲ ျဖတ္ျဖတ္လတ္လတ္ျပန္ျဖစ္သြားတယ္။

သူtent ထဲဝင္ပီး သူ႔ပစၥည္းေတြကိုသိမ္းလိုက္တယ္။ မေန႔တုန္းကဖုန္းကေရဝင္သြားတာမို႔ screen ေပၚမွာဘာမွမေပၚ​ေတာ့ဘူး။ ကံေကာင္းစြာနဲ႔ပဲ သူ႔မွာအပိုတစ္လုံးရွိေနေသးတယ္။ စုန္႔ရီကဆင္းကဒ္ကိုထုတ္ပီး ေနာက္ဖုန္းထဲထည့္လိုက္တယ္။ သူဖုန္းကိုဖြင့္လိုက္တဲ့အခါမွာ missed call ေပါက္းေျမာက္မ်ားစြာကအတန္းလိုက္ႀကီးေပၚလာတယ္။ သူတို႔ထဲကတခ်ိဳ႕ကေတာ့ ခ်န္စုန္႔နဲ႔တျခားသူငယ္ခ်င္းေတြျဖစ္တယ္။

စုန္႔ရီကဒါရိုက္တာရန္ကိုေတာင္းပန္ဖို႔အရင္းဆုံးဖုန္းခၚလိုက္ပီး မေန႔တုန္းကထိခိုက္မိသြားတာမို႔ ျပန္မလာျဖစ္တာပါဆိုပီးခပ္ျမန္ျမန္ေျပာျပလိုက္တယ္။ ဒါရိုက္တာရန္ကသူ႔ကိုအရမ္းႀကီးေတာ့ အျပစ္မတင္ပါဘူး။ သူကစကားအနည္းငယ္ေလာက္ေျပာပီး ေနာက္တစ္ခါက်ပိုပီးဂ႐ုစိုက္ဖို႔ေျပာတယ္။

စုန္႔ရီခနေလာက္စဥ္းစားပီး ခ်န္းစုန္႔ကိုျပန္ေခၚလိုက္တယ္။

ဖုန္းကခ်ိတ္ဆက္မိပီးခ်က္ခ်င္းပဲ ခ်န္းစုန္႔ရဲ့ရင္ဖိုေနတဲ့အသံကထြက္လာတယ္ "စုန္႔ရီ မင္းအဆင္ေျပရဲ့လား ဒါရိုက္တာရန္ကမင္းကိုရွာမေတြ႕ဘူးဆို..."

"အဆင္ေျပပါတယ္​ မေန႔ကဒီတိုင္းဒုကၡ​နည္းနည္းေရာက္ေနတာ အခုေတာ့ေျဖရွင္းပီးသြားပါၿပီ" စုန္႔ရီအသံကျဖတ္လတ္တက္ႂကြေနတဲ့အသံေပါက္တယ္။

ကုရွင္ခၽြမ္းကလက္ပိုက္ပီး ထိုင္ခုံေပၚမွာမွီထိုင္ကာ စုန္႔ရီကိုမ်က္လုံးေမွးၾကည့္ေနတယ္။

အခုဖုန္းေျပာေနတဲ့ပုံကစကားေျပာလို႔မဝတဲ့ပုံနဲ႔။ ဖုန္းေကာလ္ေလးတစ္ခုကစုန္႔ရီကိုေပ်ာ္ရႊင္ေအာင္လုပ္နိုင္တယ္ေပါ့။

"ဟုတ္ပါၿပီကြာ ငါမင္းကိုသတင္းေကာင္းေျပာစရာရွိတယ္"

"ဘာသတင္းေကာင္းလဲ?"

"ငါ 'xxx' ရဲ့မူရင္း blu-ray ေခြဝယ္ထားတယ္ မင္းအဲ့တာကိုအရမ္းႀကိဳက္တာငါမွတ္မိေသးတယ္"

စုန္႔ရီမ်က္လုံးေတြကေတာက္ပသြားပီး ျပဳံးလိုပ္တယ္ "မင္းအရမ္းေတာ္တာပဲ ကၽြန္ေတာ္အဲ့တာကို​ရွာေနတာႏွစ္ဝက္ေလာက္ေတာင္ရွိေနပီ"

"မင္းျပန္လာရင္ ငါတို႔ဒီတစ္ခုကိုအတူတူၾကည့္ၾကမယ္"

"အိုေခေလ ကၽြန္ေတာ္လဲခင္ဗ်ားအိမ္က႐ုပ္ရွင္႐ုံေလးကိုသတိရေနတာ 'xxx' ကိုၾကည့္ရတဲ့ခံစားခ်က္နဲ႔ပါေပါင္းရင္အရမ္းမိုက္မွာပဲ"

ခ်န္းစုန္႔ကေနာက္ထပ္စကားထပ္ေျပာမလို႔လုပ္တဲ့အခ်ိန္မွာ ဖုန္းတစ္ဖက္ေန 'bangbangbang' အသံေတြၾကားလိုက္ရတေတာ့ သူေမးလိုက္တယ္ "စုန္႔ရီ ဘာျဖစ္တာလဲ"

ကုရွင္ခၽြမ္းက႐ုပ္တည္ႀကီးနဲ႔ သူ႔ေျခေထာက္အရွည္ႀကီးကိုဆန္႔ထုတ္ပီး ေလးေထာင့္စားပြဲကိုဖိနပ္ထိပ္နဲ႔ကန္ေနတာမို႔ ဆူဆူညံညံအသံေတြထြက္လာတာျဖစ္တယ္။

စုန္႔ရီသူ႔ကိုစိုက္ၾကည့္လိုက္ပီး အသံကိုႏွိမ့္လိုက္တယ္ "ဘာမွျဖစ္ပါဘူး သ႐ုပ္ေဆာင္တစ္ေယာက္ေမြးထားတဲ့ေခြးေလးတစ္ေကာင္ပါ စကားနားမေထာင္ဘူး အရမ္းဆိုးတယ္"

ကုရွင္ခၽြမ္းကမ်က္ေမွာင္ႀကီးၾကဳတ္ကာစုန္႔ရီကိုေအးစက္စက္စိုက္ၾကည့္ေနတယ္။

ခ်န္းစုန္႔​ကျပဳံးလိုက္တယ္ "အဲ့ဒီေခြးေလးကဘာမ်ိဳးလဲ?"

စုန္႔ရီကစိတ္အေျခအေနေကာင္းေနတာမို႔ ေပါ့ေပါ့ပါးပါးပဲေျဖလိုက္တယ္ "အလက္စကာပါ ကစားရတာေပ်ာ္စရာေကာင္းတယ္"

"တကယ္လား?" ခ်န္းစုန္႔ကစိတ္ဝင္စားလာပီး တရင္တႏွီးပဲအႀကံျပဳတယ္ "သူဆိုးေနတာကမ်ိဳးပြားခ်ိန္ေရာက္လို႔ျဖစ္နိုင္တယ္ ေစာေစာ​ြေးသြင္းထားတာက လူေရာေခြးေရာအတြက္ေကာင္းတယ္"

စုန္႔ရီေလွာင္ရယ္ရယ္လိုက္တယ္။ ကုရွင္ခၽြမ္းမ်က္ႏွာႀကီးကလူေတြကိုကိုက္စားေတာ့မဲ့အတိုင္း မည္းေမွာင္႐ုပ္စိုးေနပီ။ စုန္႔ရီအရမ္းေပ်ာ္ရႊင္ေနတယ္ "မင္းေျပာတာမွန္တယ္ ကၽြန္ေတာ္ဒီလိုလုပ္ဖို႔ဘာလို႔ေမ့ေနရတာလဲ"

ခ်န္းစုန္႔ကလဲလိုက္ရယ္ပီး အသံတိုးတိုးေလးနဲ႔ေျပာတယ္ "မင္းရယ္တာကိုမၾကားရတာေတာင္အေတာ္ၾကာပီ ငါတစ္ခါၾကားတိုင္း ငါ့စိတ္ကအရမ္းအ​ေျခအေနေကာင္းသြားတယ္"

"အာ့ဆိုခင္ဗ်ားကၽြန္ေတာ့္ကို မ်ားမ်ားဆက္သြယ္သင့္တယ္ အဲ့တာမွ ႐ုပ္ပိုင္းဆိုင္ရာေရာစိတ္ပိုင္းဆိုင္ရာပါက်န္းမာမွာ" စုန္႔ရီကစေနာက္ပီးေျပာလိုက္တယ္။

"မင္း Imperial Capital ကိုျပန္လာ​ရင္ ငါတို႔ညစာအတူတူသြားစားရေအာင္ ငါတို႔မၾကာမၾကာသြားတတ္တဲ့စားေသာက္ဆိုင္မွာ ဟင္းပြဲအသစ္ေတြထပ္တိုးလာတယ္ အဲ့ဒီအရာသာကို​မင္းႀကိဳက္မွာေသခ်ာတယ္"

ကုရွင္ခၽြမ္းမ်က္ေမွာင္ၾကဳတ္ေနတယ္။ ေသာက္ရမ္းစိတ္ပ်က္လြန္းလို႔ သူတို႔ေျပာတာေတြကိုေနာက္ထပ္ထပ္နားမေထာင္နိူင္ေတာ့ဘူး။ သူစုန္႔ရီဖုန္းကိုေဒါသတႀကီးဆြဲယူလိုက္ပီး ျမန္ျမန္ဖုန္းခ်ပစ္လိုက္တယ္။

စုန္႔ရီကစိုက္ၾကည့္လာတယ္ "မင္းဘာလုပ္တာလဲ?"

"ငါစိတ္​​ေပ်ာ္ေနတဲ့အခ်ိန္မွာ သူနဲ႔ဖုန္း​ေျပာဖို႔ငါခြင့္မျပဳဘူး" ကုရွင္ခၽြမ္းကဖုန္းကိုလက္ထဲမွာဖ်စ္ညစ္ထားတယ္။

စုန္႔ရီကနားမလည္နိုင္စြာအံႀကိတ္လိုက္တယ္ "မင္း႐ူးေနလား ငါဘာသာဘယ္သူနဲ႔ေျပာေျပာမင္းနဲ႔ဆိုင္လို႔လား?"

ကုရွင္ခၽြမ္းကသူ႔ကိုတစ္ခ်က္ၾကည့္လာတယ္ "ငါခြင့္မျပဘူး မင္းခႏၲာကိုယ္ကအခုေလးတက္သက္သာလာတာ ေကာင္းေကာင္းအနားယူရမယ္"

"ဒီကိစၥေတြေျပာရေအာင္မင္းကဆရာဝန္လား?" စုန္႔ရီကကုရွင္ခၽြမ္းရဲ့စိတ္ကိုအေႏွာင့္အယွက္ေပးလိုက္မိတာကိုမသိဘဲ ေဒါသတႀကီးေျပာလိုက္တယ္။

ကုရွင္ခၽြမ္းကေအးစက္စက္ပဲျပန္ေျပာလာတယ္ "ေသခ်ာေပါက္မင္းကိုဂ႐ုစိုက္ေပးရမွာေပါ့ ေနာက္တစ္ခါထပ္အေအးမိပီး ငါ့ကိုအဖ်ားကူးသြားရင္ဘယ္လိုလုပ္မလဲ?"

စုန္႔ရီကေဒါသအရမ္းထြက္ေနတယ္။.မင္းအဖ်ားကူးမွားေၾကာက္ေနသလို ငါကလဲမင္းဆီကဦးေႏွာက္​မသန္စြမ္းတဲ့ေရာဂါကူးမွာေၾကာက္ေနတာ။ "ငါ့ကိုဖုန္းျပန္ေပး"

ကုရွင္ခၽြမ္းကဘာမွလွုပ္ရွားမွုမရွိဘဲ စုန္႔ရီကိုစစ္ေဆးေမးျမန္းလိုက္တယ္ "ခ်န္းစုန္႔နဲ႔မင္းရဲ့ဆက္ဆံေရးကဘာလဲ မင္းတို႔မၾကာခဏခနအတူတူစားေသာက္ေပ်ာ္ပါးၾကတာလား?"

စုန္႔ရီကမ်က္ေမွာင္ၾကဳတ္လိုက္တယ္ "မင္းဘာလို႔ေမးေနတာလဲ?"

"Star Entertainment ကမၾကာခင္ငါ့ရဒ့ကုမၸဏီျဖစ္လာမွာ ပီး​ေတာ့မင္းတို႔အားလုံးကငါ့ရဲ့အလုပ္သမားပဲ ငါကမင္းတို႔ဆက္ဆံေရးကိုစစ္ေဆးရလိမ့္မယ္" ကုရွင္ခၽြမ္းကနည္းလမ္းတက်ေျပာတယ္။

စုန္႔ရီကအသက္ျပင္းျပင္းတစ္ခ်က္ရွူလိုက္ပီး အရွုံးေပးလိုက္ရ​ေတာ့တယ္ "ငါဖုန္းမလိုေတာ့ပါဘူး မင္းနဲ႔ငါနဲ႔ကအတန္းေဖာ္ေတြျဖစ္ခဲ့တာဆို​ေတာ့ မင္းကိုဖုန္းတစ္လုံးလက္ေဆာင္ေပးတယ္ပဲ​ထားလိုက္ေပါ့"

ဒီေသာက္ဖုန္းကိုငရဲကိုယူသြားပီးေဆာ့ေနလိုက္လူဆိုးေကာင္ရဲ့။

ကုရွင္ခၽြမ္းကပိုပီး​ေတာင္စိတ္ပ်က္သြားေသးတယ္။ သူကခ်န္းစုန္႔နဲ႔စုန္႔ရီအရမ္းရင္းႏွီးေနတာကိုၾကားလိုက္ရေတာ့ မေပ်ာ္ေတာ့ဘူး ဒါေပမဲ့ စုန္႔ရီကဒီတစ္ႀကိမ္မွာေဒါသထြက္သြား​ေတာ့ သူေနာက္ထပ္ထပ္ပီးမသက္မသာခံစားရတယ္။

သူမေန႔တုန္းကစုန္႔ရီကိုဟိုလိုလုပ္ခဲ့ပီး ဒီေန႔က်​စုန္႔ရီကိုေနာက္ထပ္ေဒါသထြက္ေအာင္လုပ္ခဲ့ျပန္ပီ။

သူအရမ္းႀကီးယုတ္မာေနတာလား?

စုန္႔ရီအိပ္ယာထဲဝင္ကာေစာင္ျခဳံပီးအိပ္လိုက္တယ္။ သူနိုးလာတဲ့အခါမွာ ႐ုပ္ရွင္အဖြဲ႕သားေတြလဲေရာက္ေနၾကပီ။ စုန္႔ရီက ကမ္းေျခၿမိဳ႕ကိုေရာက္​ေတာ့ ဒါရိုက္တာရန္ဆီကေန ေနမေကာင္းဘူးဆိုပီးလဝက္ေလာက္ခြင့္ယူကာ Imperial Capital ကိုတိတ္တိတ္ေလးျပန္လာလိုက္တယ္။

သူအိမ္ျပန္ေရာက္တဲ့အခါမွာ ရင္းႏွီးေနတဲ့အခန္းလထဲမွာမတ္တပ္ရပ္ပီး ေခါင္းအုံးေလးပိုက္လိုက္ခါမွ လုံျခဳံတယ္လို႔ခံစားရေတာ့တယ္။

ကုရွင္ခၽြမ္းရဲ့ေရွ႕မွာ သူမ်က္ႏွာကတည္ၿငိမ္ေနတယ္ဆိုေပမဲ့ တကယ္​ေတာ့ ႏွလုံးသားမွာ ေသြးစိမ္းရွင္ရွင္ထြက္ေနတာျဖစ္တယ္။

စုန္႔ရီသူ႔ရဲ့ virginity အတြက္ပူေဆြးဖို႔​ေတာင္အခ်ိန္မရဘူး သူ႔​အေမကေန႔လည္ခင္းက်အိမ္တံခါးမွာဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီးေရာက္ခ်လာတယ္။ သူ႔ရဲ့အ​ေရွ႕အေနာက္မွာ ႀကီးေကာင္ႀကီးမား bodyguard သုံးေယာက္ကရပ္ေနတယ္။

စုန္႔ရီဟိုတစ္ခါတုန္းကသူ႔သူငယ္ခ်င္းကိုရွာေပးထားခိုင္းတဲ့သူေတြျဖစ္မယ္။

စုန္႔ရီ bodyguard တစ္ေယာက္ကိုအထက္ေအာက္အစုံအဆန္ၾကည့္လိုက္ပီး ရင္းႏွီးေနသလိုခံစားရတယ္ "မင္းနာမည္ဘယ္သူလဲ?"

ေက်ာက္ဟုန္းရန္ကစုန္႔ရီရဲ့အကၤ်ီလက္ကိုဆြဲလိုက္ပီး မ်က္လုံးတစ္ခ်က္မွိတ္ပီးေျပာတယ္ "ေရွာင္ေက်ာက္ကမင္းတို႔အထက္တန္းေက်ာင္းကေက်ာင္းသားေဟာင္းေလ ေက်ာက္က်န္းေဝတဲ့"

အဲ့လိုေျပာမွစုန္႔ရီသတိ​ရ​ေတာ့တယ္။ အထက္တန္းတုန္းကေက်ာင္းလူဆိုးႀကီး ေက်ာင္းအျပင္ဘက္မွာလူမိုက္အဖြဲ႕လုပ္ပီး တစ္ေန႔လုံးကာကြယ္ေစာင့္ေရွာက္ေပးရရင္ဘယ္ေလာက္ဆိုပီးပိုက္ဆံေတာင္းတဲ့သူႀကီးေပါ့။ အခုက် သူ bodyguard ျဖစ္လာမယ္လို႔ စုန္႔ရီထင္မထားခဲ့ဘူး။

စုန္႔ရီကလက္ဆန္႔ထုတ္လိုက္ပီး ႏူးႏူးညံ့ညံ့ျပဳံးျပတယ္ "ငါမင္းကိုဒီရက္ပိုင္းေတြမွာဒုကၡေပးမိသလိုျဖစ္သြားတယ္"

ေက်ာက္က်န္းေဝရဲ့မ်က္ႏွာကထူးဆန္းေနပီး သူ႔လက္ကိုဆြဲပီးလွုပ္တယ္။ စုန္႔ရီကသူ႔ရဲ့တုန္ေနတဲ့လက္ကိုၾကည့္လိုက္ပီး စိတ္သက္သာရာရေအာင္​ေျပာလိုက္တယ္ "ထိုင္ပါအုံး အရမ္းႀကီးစိတ္လွုပ္ရွားေနစရာမလိုပါဘူး"

​ေက်ာက္က်န္းေဝကဆိုဖာေပၚမွာငူငူငိုင္ငိုင္ႀကီထိုင္​ေနတယ္။ စုန္႔ရီသူ႔ရဲ့လည္ပင္း​ေနာက္မွာေခၽြးေအးေတြထြက္ေနတာကိုျမင္လိုက္ရတယ္။ တစ္ခ်က္ၾကည့္႐ုံနဲ႔တင္သူေၾကာကက္ေနမွန္းသိသာလွတယ္။ ေက်ာက္က်န္းေဝနဲ႔သူနဲ႔တစ္ေက်ာင္းတည္းဆိုေပမဲ့ ႏွစ္ေယာက္သားၾကားမွာဘာျပႆနာမွမရွိခဲ့ပါဘူး။ ဘာလို႔​ေက်ာက္က်န္းေဝကသူ႔ကိုျမင္႐ုံနဲ႔အရမ္းေၾကာက္ေနရတာလဲ?

"ငါတို႔တစ္ေယာက္နဲ႔တစ္ေယာက္သိလို႔လား?" စုန္႔ရီသိခ်င္စိတ္ျပင္းစြာနဲ႔ေမးလိုက္တယ္။

ေက်ာက္က်န္းေဝႏွုတ္ခမ္းေတြကတုန္သြားပီး မ်က္ႏွာကျဖဴေဖ်ာ့သြားတယ္။ သူစုန္႔ရီကိုျမန္ျမန္တစ္ခ်က္ၾကည့္ပီး အထစ္ထစအေငါ့အေငါ့ေျပာလာတယ္ "မသိပါဘူး ငါတို႔မေတြ႕ဖူးဘူး"

~~~~~~~
Spoiler: ​ေက်ာက္က်န္းေဝရယ္ ခါးေပၚကတက္တူးရယ္ စုန္႔က်ဲေျပာတဲ့ ကုရွင္ခၽြမ္းကသူတို႔အိမ္နား​ကလမ္းမွာေစာင့္ေနတယ္ဆိုတာရယ္ကဆက္စပ္ေနတယ္ chapter 81 က်မွအဲ့ဒီအေၾကာင္းကပါလာမွာ ကုရွင္ခၽြမ္းက protective love rival ႀကီး 😥


Continue Reading

You'll Also Like

716K 31.6K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
661K 29.6K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
199K 4.8K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗