Empress Xiao

By Amarayoyo94

87.6K 6.9K 308

Start date...7.6.2021 More

Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Request
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao

Empress Xiao

4.4K 409 31
By Amarayoyo94

"အို့ ကြင်ယာတော်ရှောင်းပါလား ဒီဥယျာဥ်ကို ဘာကိစ္စနဲ့များလာရပါလိမ့်"

"ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေကို အရိုသေပေးရမယ်ဆိုတာ နားမလည်ဘူးလား"

သူမရဲ့ခနဲ့တဲ့တဲ့ စကားကိုရှောင်းကျန့်ကလေသံမာမာနဲ့ တုံ့ပြန်လိုက်တော့ လန့်သွားပုံပင်။
အခြားမိဖုရားတွေဆို သူမကိုမြင်တာနဲ့ ဒေါသတွေထွက်လာပြီး စကားအချေတင်ဖြစ်ကြကာ နောက်ဆုံးတော့ သူမကကိုယ်ဝန်ကိုအကြောင်းပြပြီး အနိုင်ပိုင်းလေ့ရှိသည်။ အခုသူမရှေ့ကသူကိုတော့ အဲ့လိုလုပ်လို့ရမည့်ပုံမပေါ်ချေ။
အင်တင်တင်နဲ့ပဲ သူမကအရိုအသေပြုလာလေသည်။

"ဒါနဲ့ ကြင်ယာတော်ရှန်းကရော ဒီကိုဘာကိစ္စနဲ့လာတာလဲ ဒီဥယျာဥ်ကအရှင်နဲ့ မိဖုရားတွေကလွဲလို့ ဝင်ခွင့်မရှိဘူးလေ"

သူမက နှုတ်ခမ်းကို ခပ်တွန့်တွန့်ပြုံးကာ

"ကျွန်မက အရှင့်ရဲ့ရင်သွေးကိုလွယ်ထားတဲ့သူလေ"

"အရှင်ရဲ့ရင်သွေး? ဟက် ဟုတ်ပါပြီ အရှင်ကသူ့ရင်သွေးရဲ့မယ်တော်ကိုကြင်ယာတော်အဆင့်မှာ ဘယ်လောက်ထိနေခိုင်းမယ်လို့စဥ်းစားနေပါလိမ့် ကိုယ်တော့်တုန်းကတော့ နေ့တွင်းချင်းကိုပဲ ရာထူးတိုးခဲ့တာနော် မဟုတ်မှ အရှင်က ဒီကလေးကို သူ့ကလေးလို့ မမြင်တာတော့မဟုတ်ပါဘူးနော်"

"ကြင်ယာတော်ရှောင်း!!!"

"အော်ဟော် မင်းကဘာအခွင့်ရှိလို့ ကြင်ယာတော်ရှောင်းကိုအော်ရတာလဲ"

"အ အ အရှင် "

သူမကဒေါသကိုဖွင့်ထုတ်မိလိုက်တဲ့အချိန်မှာ အချိန်မှာ အရှင်ကရောက်လာလိမ့်မယ်လို့ ဘယ်သူထင်မလဲ။

"ကိုယ်တော်က ကိုယ်ဝန်ကြောင့် အရာရာကိုလျစ်လျူရှုပေးထားတယ်ဆိုတိုင်း မင်းကရောင့်တက်လာပါလား ဒီရက်ပိုင်းထဲ မင်းနဲ့ပတ်သက်တဲ့ တိုင်စာတွေဘယ်လောက်များလာလဲ သိရဲ့လား တဖြည်းဖြည်းနဲ့ရဲတင်းလာလိုက်တာများ ကိုယ်ဝန်လွယ်ထားရတဲ့ ကြင်ယာတော်အထိ မာန်တက်ပြရဲတယ်ပေါ့"

"တောင်း တောင်းပန်ပါတယ် အရှင် ကြင်ယာတော်​ရှောင်းရဲ့စကားကြောင့် စိတ်လွတ်သွားလို့ပါ"

သူမကသူမဘက်ကမြှားဦးကို ရှောင်းကျန့်ဘက်ပြန်လှည့်ချင်နေသေးသည်။
အရှင်ကမျက်မှောင်ကျုံ့လိုက်ပြီး

"အခုထိ အမှားကိုမမြင်နိုင်သေးဘူးပေါ့ မင်းဘက်ကအရင်ရိုင်းပြလို့ ကြင်ယာတော်ရှောင်းကိုစိတ်ဆိုးစေပြီး အခုထပ်ပြီးကြင်ယာတော်ရှောင်းကို အပြစ်ပုံချချင်သေးတယ်ပေါ့လေ"

"မဟုတ်ပါဘူး အရှင် တကယ်ကိုပဲ ကြင်ယာတော်ရှောင်းက"

"လာကြစမ်း ကြင်ယာတော်ရှန်းကိုအဆောင်ဆီပြန်ခေါ်သွားလိုက် အစေခံတွေကိုရုတ်သိမ်းလိုက်ပြီး တစ်ကိုယ်တော်နန်းဆောင်မှာ တစ်လတိတိအပြစ်ဒဏ်ခံစေ ဘယ်သူမှကူညီခွင့်မရှိဘူး"

"မ မ မလုပ်ပါနဲ့အရှင် ကျွန်မမှာအရှင့်ရဲ့ရင်သွေးလေးရှိသေးတယ်လေ "

"မင်းမှာကလေးရှိနေလို့ ဒီလောက်ထိလျှော့ပေးလိုက်တာ မဟုတ်ရင် ရေခဲနန်းဆောင်ရောက်သွားရပြီ"

အရှင်က ကြင်ယာတော်ရှန်းကိုအပြစ်ပေးပြီးတာနဲ့ ရှောင်းကျန့်ဘက်ကိုလှည့်လို့ပြုံးပြသည်။

"သားတော်လေးက နှုတ်သွက်လိုက်တာ ကြင်ယာတော်ရှန်းကို ပြန်မချေပနိုင်အောင်ပြောတတ်တယ်"

အရှင်ကရှောင်းကျန့်ရဲ့မေးစေ့လေးကိုတို့လို့စသည်။

"အရှင်နော် မစနဲ့"

ဒီလိုနဲ့ကိစ္စတစ်ခုကတော့ ခဏတာအေးဆေးသွားလေပြီ။ ရှောင်းကျန့်လည်းမွေးဖွားခါနီး စိတ်အေးရလို့တော်သေးသည်။ ရှောင်းကျန့်ရဲ့မွေးရက်ကနီးလာသလို ရှေ့ဖြစ်ဟောအကြီးအကဲက နဂါးခုနှစ်ကောင်ကွန့်မြူးမယ့်နေ့ကိုတွက်ချက်ပြီး ထိုနေ့မှာမင်းသားလေးကိုဖွားမြင်မယ်လို့ ဟောကိန်းထုတ်ထားတယ်။ ထိုနေ့ကနောက်သုံးရက်နေရင်ပဲဖြစ်သည်။
ဒါကြောင့် ရှောင်းကျန့်ရဲ့အဆောင်တော်မှာလူတွေစည်ကားနေသည်။ ထူထပ်လွန်းတဲ့အစောင့်အကြပ်တွေနဲ့ပေါများလွန်းတဲ့အခြွေရံတွေက ခြေချင်းလိမ်နေသည်။

အရှင်ကလည်း ညီလာခံတက်ချိန်မှလွဲ၍ကျန်တဲ့အချိန်များမှာ သူ့ဘေးတွင်သာရှိနေတတ်သည်။ ညီလာခံတက်ချိန်ကလည်း အရင်ကထက်လေးငါးဆလောက်နည်းနေသည်။
ရှောင်းကျန့်ဒီရက်ပိုင်းမှာ ဝဖောင်းဖောင်းလေးဖြစ်လာသည်။ မွေးဖွားခါနီးလို့လားမသိဘူး ခြေချောင်းလက်ချောင်းလေးတွေ ကစ်ကစ်လေးတွေဖြစ်လာသည်။ အရှင်ကတော့ ချစ်မဝစွာဘဲ ညတိုင်းတရှုံ့ရှုံ့နဲ့နမ်းတတ်သည်။

ဒီနေ့ညမှာ လအတော်သာသည်။ ကောင်းကင်မှာ ကြယ်တွေများစွာထွက်ပေါ်နေပြီး အလွန်သာယာတဲ့ ညတစ်ညဖြစ်သည်။

ရှောင်းကျန့် ဒီညညစာမစားနိုင်အီလည်လည်ဖြစ်နေသည်။
သူမနက်ကလည်းအစားများကြီးမစားပေ။ အရှင်ကနေလို့မကောင်းတဲ့သူ့ကိုရင်ခွင်ထဲထည့်ထားကာ ပုံပြင်ပြောပြနေသည်။
သူအရှင့်ကိုမှီထားရင်း ပုံပြင်တွေကသူ့နားထဲမရောက် ဗိုက်ကတစ်စတစ်စသာနာကျင်လာသည်။

"အ အ အရှင် ဗိုက်နာတယ်"

"ဟမ် ဗိုက်နာတာလား လာကြစမ်း ကြင်ယာတော် မီးဖွားချင်နေပြီ သမားတော်ခေါ်လာခဲ့"

ရှောင်းကျန့် မီးဖွားနေစဥ်အချိန်မှာပဲ သာယာနေတဲ့ညအခါကပြောင်းလဲသွားသည်။ ကြီးမားတဲ့အနက်ရောင်နဂါးကြီးတစ်ကောင်ရောက်ရှိလာပြီး သူ့ရဲ့စွမ်းအားပြင်းတဲ့မီးတောက်တစ်ခုကိုမှုတ်ထုတ်လိုက်သည်။
ထိုမီးတောက်ထဲမှာ မွေးပြီးခါစ နဂါးပေါက်လေးတစ်ကောင်ပါလေသည်။ နဂါးကြီးက သူ့လက်ဆောင်ကိုဆက်သပြီးတာနဲ့ ကြင်ယာတော် မီးဖွားရာအဆောင်ဘက်သို့ကြည့်ကာ အရိုအသေပြုဟန်ပြပြီး ထွက်သွားလေတော့သည်။
ရိပေါ် သူ့လက်ထဲကနဂါးပေါက်စလေးကိုသေချာကြည့်လိုက်သည်။ ဒါကသားတော်လေးရဲ့ပထမဆုံးအစောင့်အရှောက်ပင်။ ခုဏကလာတဲ့နဂါးကြီးကသူရဲ့အစောင့်ရှောက်နဂါးမဟုတ်ပေ။ နဂါးပြည်ကိုကြီးစိုးတဲ့ နဂါးဘုရင်သာဖြစ်သည်။ လူမင်း ဘုန်းကြီးတော့ နတ်မင်းမနေနိုင်ဆိုသလို သားတော်ကိုစောင့်ရှောက်ဖို့မွေးဖွားလာတဲ့ နဂါးပေါက်လေးကိုလာရောက်ဆက်သခြင်းဖြစ်သည်။

နောက်တော့ ချီလင်မျိုးနွယ် ၊ ဇာမဏီမျိုးနွယ် ၊ ဝိဥာဏ်စုန်းမျိုးနွယ် ၊ နတ်သူငယ်မျိုးနွယ် ၊ နတ်ဆိုးမြွေမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တို့က အစောင့်ရှောက်တွေကိုလာရောက်သကြတယ်။

ညဆယ့်နှစ်နာရီအတိအချိန်မှာ သားတော်လေးကိုမွေးဖွားခဲ့သည်။
ထိုအချိန်မှာ ကောင်းကင်ကပြန်ကြည်လင်လာတော့တယ်။
ရှင်ဘုရင်တစ်ပါးဖြစ်မယ့်သူမှာ အစောင့်အရှောက်ခုနှစ်ပါးရှိပြီး ကြင်ယာတော်ဖြစ်မယ့်သူတွေဟာ အစောင့်အရှောက်ငါးပါးရှိကြတယ်။

ရိပေါ်မွေးဖွားခဲ့တုန်းကလည်း ထိုကဲ့သို့အစောင့်ရှောက်တွေရှိခဲ့တယ်။ ဒါပေမယ့် လျှို့ဝှက်တတ်တဲ့အရှင့်ရဲ့ အစောင့်ရှောက်တွေကဘယ်မှာမှန်းဘယ်သူမှမသိကြပေ။ ယခုအဖြစ်အပျက်တွေကိုလည်း ဒီနန်းဆောင်ထဲကလူတွေအပြင် အကြီးအကဲတွေမှအပ ဘယ်သူမှသိလိုက်မည်မဟုတ်ပေ။

ရိပေါ်တစ်ယောက် ကလေးငိုသံကြားတာနဲ့အဆောင်ထဲပြေးဝင်သွားလိုက်သည်။
တစ်လုံးတစ်ခဲ နီတာရဲသားတော်လေးကို ယွီအာကပွေ့ချီထားပြီး ရှောင်းကျန့်ကအနားယူနေသည်။

"မင်းသားလေးက ကျန်းကျန်းမာမာနဲ့မွေးဖွားလာပါတယ်အရှင်"

ယွီအာက ကလေးကိုအရှင့်ဆီကမ်းပေးရင်းဆိုလေသည်။
ရိပေါ် သူ့လက်မောင်းကြားပွေ့ပိုက်ထားတဲ့သားတော်ကိုကြည့်ရင်း ကြည်နူးမှုတွေကရင်ကိုဆန်တက်လာသည်။
မွေးပြီးခါစနီတာရဲလေးကိုပင် သားတော်ရဲ့အသားလေးတွေက ဝင်းမွတ်ကြည်စင်နေသည်။ သူပွေ့ပိုက်ထားမိတဲ့အသားလေးက နူးညံ့အိစက်နေတာပဲ။ မျက်လုံးလေးတွေမှိတ်ထားတာတောင် မျက်တောင်ရှည်တွေကကော့ညွှတ်နေမှန်းသိသာသည် သူ့ပါးပါးလိုပင် နှာတံလုံးလုံးလေးကတော့သူနဲ့တူသည် နီရဲရဲနှုတ်ခမ်းပါးလေးနှင့် ပါးဖောင်းလေးတွေကိုမြင်တဲ့သူတိုင်း ချစ်မဝကြမှာအမှန်ပင်။

ရိပေါ်သူ့ရဲ့လက်ညှိုးလေးကိုသုံးပြီး သားတော်ရဲ့ပါးလေးကိုထိမိလိုက်တော့ အဲ့ ကနဲအသံပြုလာသည်။
နောက်သူ့လက်သေးသေးလေးနဲ့ ရိပေါ်ရဲ့လက်ညှိုးကိုဖမ်းလိုက်ပြီး ပါးစပ်နားတေ့ကာ လျှာရဲရဲလေးနှင့်တို့လေသည်။
ရိပေါ်ရင်ထဲ ဓာတ်လိုက်သလိုဖြစ်သွားကာ အသည်းယားလွန်းလို့ မျိုချမိမတတ်ပင်။

"ခိခိ မင်းသားလေးက ဗိုက်ဆာနေပုံပဲအရှင်"

ယွီအာက အသံပြုမှသူသတိရသည်။ သားတော်လေးနို့သောက်ဖို့ကလည်း ​သူ့ပါးပါးရှောင်းကျန့်ကအနားယူနေတုန်းပင်။
ယွီအာ့စကားကို ကြားသွားတဲ့ ရှောင်းကျန့်က မှေးနေရာကနေ မျက်လုံးပွင့်လာပြီး

"အရှင် ကလေးကို ဒီကိုပေးပါအုံး"

"အင်း သားတော်လေး နို့သောက်ဖို့အချိန်ရောက်ပြီနော် ခမည်းတော်လက်ကိုလျှက်မနေနဲ့ ဗိုက်ဗိုက်ကလေးအောင့်လိမ့်မယ်"

"အဲ့ အဲ့"

သားတော်လေးက နားလည်တဲ့အလား အသံပြုလေသည်။

"ဟက် ပြောသားပဲ အရှင့်သားက လူလည်လေးပါဆို"

ရှောင်းကျန့်ကသူ့သားတော်ကို အသည်းယားစွာဆိုသည်။
ရိပေါ်က ကလေးကို ရှောင်းကျန့်ရင်ဘက်ပေါ်တင်ပေးလိုက်တော့ ခေါင်းလေးလည်ကာ မျက်လုံးဖွင့်ကြည့်သည်။

"အိုက်ယိုး အလည်လေးကွာ အခုမှမွေးတာရော ဟုတ်ရဲ့လား"

ရှောင်းကျန့် ဗိုက်ဆာနေတဲ့သားတော်လေးကို နို့တိုက်နေတုန်း အရှင်ကသူ့ဘေးမှာလာဝင်ထိုင်ရင်း ဆံပင်လေးတွေကိုသပ်ပေးသည်။
ရိပေါ်က ရှောင်းကျန့် နဖူးလေးကိုအသာနမ်းပြီး

"ပင်ပန်းသွားရပြီ ကိုယ့်ရဲ့ကြင်ယာတော်လေး"

"အရှင်နဲ့သားလေးရှိနေတာမို့ ပင်ပန်းတာတွေ အကုန်ပျောက်သွားပါပြီ"

"ချစ်တယ် ရှောင်းကျန့်"

"ကျွန်တော်ရောပဲ ချစ်တယ် အရှင်"

သားတော်လေးကတော့ နို့ဝသွားလို့ ရှောင်းကျန့်ရင်ဘက်ပေါ်မှာ ပါးစပ်လေးဟလို့ အိပ်ပျော်သွားလေပြီ။

*********************************************

Hey!! Yoyoက အခါးကျွေးမယ့်ပုံပေါက်နေသလားရှင့် yoyoက အခါးလေးမဟုတ်ဘူးနော် yoyoကအချိုလေးပါ အချိုလေးမှ Marshmallowလိုမျိုး ချိုချိုစိမ့်စိမ့်လေးပါနော်

အပြင်ဘဝမှာ ကိုယ့်ကောင်လေးတွေကခက်ခဲတဲ့လမ်းကိုလျှောက်နေရပါတယ်ဆို Ficတွေထဲထိ ငိုရအောင်မလုပ်ပါဘူး
Yoyoက မှောင်မယ် ခွီမယ် ရယ်မယ် ဒါပဲ

ငပျင်းမလေး YoYo##









"အို႔ ၾကင္ယာေတာ္ေရွာင္းပါလား ဒီဥယ်ာဥ္ကို ဘာကိစၥနဲ႕မ်ားလာရပါလိမ့္"

"ကိုယ့္ထက္ရာထူးႀကီးတဲ့သူေတြကို အရိုေသေပးရမယ္ဆိုတာ နားမလည္ဘူးလား"

သူမရဲ႕ခနဲ႕တဲ့တဲ့ စကားကိုေရွာင္းက်န့္ကေလသံမာမာနဲ႕ တုံ႕ျပန္လိုက္ေတာ့ လန့္သြားပုံပင္။
အျခားမိဖုရားေတြဆို သူမကိုျမင္တာနဲ႕ ေဒါသေတြထြက္လာၿပီး စကားအေခ်တင္ျဖစ္ၾကကာ ေနာက္ဆုံးေတာ့ သူမကကိုယ္ဝန္ကိုအေၾကာင္းျပၿပီး အနိုင္ပိုင္းေလ့ရွိသည္။ အခုသူမေရွ႕ကသူကိုေတာ့ အဲ့လိုလုပ္လို႔ရမည့္ပုံမေပၚေခ်။
အင္တင္တင္နဲ႕ပဲ သူမကအရိုအေသျပဳလာေလသည္။

"ဒါနဲ႕ ၾကင္ယာေတာ္ရွန္းကေရာ ဒီကိုဘာကိစၥနဲ႕လာတာလဲ ဒီဥယ်ာဥ္ကအရွင္နဲ႕ မိဖုရားေတြကလြဲလို႔ ဝင္ခြင့္မရွိဘူးေလ"

သူမက ႏႈတ္ခမ္းကို ခပ္တြန့္တြန့္ၿပဳံးကာ

"ကြၽန္မက အရွင့္ရဲ႕ရင္ေသြးကိုလြယ္ထားတဲ့သူေလ"

"အရွင္ရဲ႕ရင္ေသြး? ဟက္ ဟုတ္ပါၿပီ အရွင္ကသူ႕ရင္ေသြးရဲ႕မယ္ေတာ္ကိုၾကင္ယာေတာ္အဆင့္မွာ ဘယ္ေလာက္ထိေနခိုင္းမယ္လို႔စဥ္းစားေနပါလိမ့္ ကိုယ္ေတာ့္တုန္းကေတာ့ ေန႕တြင္းခ်င္းကိုပဲ ရာထူးတိုးခဲ့တာေနာ္ မဟုတ္မွ အရွင္က ဒီကေလးကို သူ႕ကေလးလို႔ မျမင္တာေတာ့မဟုတ္ပါဘူးေနာ္"

"ၾကင္ယာေတာ္ေရွာင္း!!!"

"ေအာ္ေဟာ္ မင္းကဘာအခြင့္ရွိလို႔ ၾကင္ယာေတာ္ေရွာင္းကိုေအာ္ရတာလဲ"

"အ အ အရွင္ "

သူမကေဒါသကိုဖြင့္ထုတ္မိလိုက္တဲ့အခ်ိန္မွာ အခ်ိန္မွာ အရွင္ကေရာက္လာလိမ့္မယ္လို႔ ဘယ္သူထင္မလဲ။

"ကိုယ္ေတာ္က ကိုယ္ဝန္ေၾကာင့္ အရာရာကိုလ်စ္လ်ဴရႈေပးထားတယ္ဆိုတိုင္း မင္းကေရာင့္တက္လာပါလား ဒီရက္ပိုင္းထဲ မင္းနဲ႕ပတ္သက္တဲ့ တိုင္စာေတြဘယ္ေလာက္မ်ားလာလဲ သိရဲ႕လား တျဖည္းျဖည္းနဲ႕ရဲတင္းလာလိုက္တာမ်ား ကိုယ္ဝန္လြယ္ထားရတဲ့ ၾကင္ယာေတာ္အထိ မာန္တက္ျပရဲတယ္ေပါ့"

"ေတာင္း ေတာင္းပန္ပါတယ္ အရွင္ ၾကင္ယာေတာ္​ေရွာင္းရဲ႕စကားေၾကာင့္ စိတ္လြတ္သြားလို႔ပါ"

သူမကသူမဘက္ကျမႇားဦးကို ေရွာင္းက်န့္ဘက္ျပန္လွည့္ခ်င္ေနေသးသည္။
အရွင္ကမ်က္ေမွာင္က်ဳံ႕လိုက္ၿပီး

"အခုထိ အမွားကိုမျမင္နိုင္ေသးဘူးေပါ့ မင္းဘက္ကအရင္ရိုင္းျပလို႔ ၾကင္ယာေတာ္ေရွာင္းကိုစိတ္ဆိုးေစၿပီး အခုထပ္ၿပီးၾကင္ယာေတာ္ေရွာင္းကို အျပစ္ပုံခ်ခ်င္ေသးတယ္ေပါ့ေလ"

"မဟုတ္ပါဘူး အရွင္ တကယ္ကိုပဲ ၾကင္ယာေတာ္ေရွာင္းက"

"လာၾကစမ္း ၾကင္ယာေတာ္ရွန္းကိုအေဆာင္ဆီျပန္ေခၚသြားလိုက္ အေစခံေတြကို႐ုတ္သိမ္းလိုက္ၿပီး တစ္ကိုယ္ေတာ္နန္းေဆာင္မွာ တစ္လတိတိအျပစ္ဒဏ္ခံေစ ဘယ္သူမွကူညီခြင့္မရွိဘူး"

"မ မ မလုပ္ပါနဲ႕အရွင္ ကြၽန္မမွာအရွင့္ရဲ႕ရင္ေသြးေလးရွိေသးတယ္ေလ "

"မင္းမွာကေလးရွိေနလို႔ ဒီေလာက္ထိေလွ်ာ့ေပးလိုက္တာ မဟုတ္ရင္ ေရခဲနန္းေဆာင္ေရာက္သြားရၿပီ"

အရွင္က ၾကင္ယာေတာ္ရွန္းကိုအျပစ္ေပးၿပီးတာနဲ႕ ေရွာင္းက်န့္ဘက္ကိုလွည့္လို႔ၿပဳံးျပသည္။

"သားေတာ္ေလးက ႏႈတ္သြက္လိုက္တာ ၾကင္ယာေတာ္ရွန္းကို ျပန္မေခ်ပနိုင္ေအာင္ေျပာတတ္တယ္"

အရွင္ကေရွာင္းက်န့္ရဲ႕ေမးေစ့ေလးကိုတို႔လို႔စသည္။

"အရွင္ေနာ္ မစနဲ႕"

ဒီလိုနဲ႕ကိစၥတစ္ခုကေတာ့ ခဏတာေအးေဆးသြားေလၿပီ။ ေရွာင္းက်န့္လည္းေမြးဖြားခါနီး စိတ္ေအးရလို႔ေတာ္ေသးသည္။ ေရွာင္းက်န့္ရဲ႕ေမြးရက္ကနီးလာသလို ေရွ႕ျဖစ္ေဟာအႀကီးအကဲက နဂါးခုႏွစ္ေကာင္ကြန့္ျမဴးမယ့္ေန႕ကိုတြက္ခ်က္ၿပီး ထိုေန႕မွာမင္းသားေလးကိုဖြားျမင္မယ္လို႔ ေဟာကိန္းထုတ္ထားတယ္။ ထိုေန႕ကေနာက္သုံးရက္ေနရင္ပဲျဖစ္သည္။
ဒါေၾကာင့္ ေရွာင္းက်န့္ရဲ႕အေဆာင္ေတာ္မွာလူေတြစည္ကားေနသည္။ ထူထပ္လြန္းတဲ့အေစာင့္အၾကပ္ေတြနဲ႕ေပါမ်ားလြန္းတဲ့အေႁခြရံေတြက ေျခခ်င္းလိမ္ေနသည္။

အရွင္ကလည္း ညီလာခံတက္ခ်ိန္မွလြဲ၍က်န္တဲ့အခ်ိန္မ်ားမွာ သူ႕ေဘးတြင္သာရွိေနတတ္သည္။ ညီလာခံတက္ခ်ိန္ကလည္း အရင္ကထက္ေလးငါးဆေလာက္နည္းေနသည္။
ေရွာင္းက်န့္ဒီရက္ပိုင္းမွာ ဝေဖာင္းေဖာင္းေလးျဖစ္လာသည္။ ေမြးဖြားခါနီးလို႔လားမသိဘူး ေျခေခ်ာင္းလက္ေခ်ာင္းေလးေတြ ကစ္ကစ္ေလးေတြျဖစ္လာသည္။ အရွင္ကေတာ့ ခ်စ္မဝစြာဘဲ ညတိုင္းတရႈံ႕ရႈံ႕နဲ႕နမ္းတတ္သည္။

ဒီေန႕ညမွာ လအေတာ္သာသည္။ ေကာင္းကင္မွာ ၾကယ္ေတြမ်ားစြာထြက္ေပၚေနၿပီး အလြန္သာယာတဲ့ ညတစ္ညျဖစ္သည္။

ေရွာင္းက်န့္ ဒီညညစာမစားနိုင္အီလည္လည္ျဖစ္ေနသည္။
သူမနက္ကလည္းအစားမ်ားႀကီးမစားေပ။ အရွင္ကေနလို႔မေကာင္းတဲ့သူ႕ကိုရင္ခြင္ထဲထည့္ထားကာ ပုံျပင္ေျပာျပေနသည္။
သူအရွင့္ကိုမွီထားရင္း ပုံျပင္ေတြကသူ႕နားထဲမေရာက္ ဗိုက္ကတစ္စတစ္စသာနာက်င္လာသည္။

"အ အ အရွင္ ဗိုက္နာတယ္"

"ဟမ္ ဗိုက္နာတာလား လာၾကစမ္း ၾကင္ယာေတာ္ မီးဖြားခ်င္ေနၿပီ သမားေတာ္ေခၚလာခဲ့"

ေရွာင္းက်န့္ မီးဖြားေနစဥ္အခ်ိန္မွာပဲ သာယာေနတဲ့ညအခါကေျပာင္းလဲသြားသည္။ ႀကီးမားတဲ့အနက္ေရာင္နဂါးႀကီးတစ္ေကာင္ေရာက္ရွိလာၿပီး သူ႕ရဲ႕စြမ္းအားျပင္းတဲ့မီးေတာက္တစ္ခုကိုမႈတ္ထုတ္လိုက္သည္။
ထိုမီးေတာက္ထဲမွာ ေမြးၿပီးခါစ နဂါးေပါက္ေလးတစ္ေကာင္ပါေလသည္။ နဂါးႀကီးက သူ႕လက္ေဆာင္ကိုဆက္သၿပီးတာနဲ႕ ၾကင္ယာေတာ္ မီးဖြားရာအေဆာင္ဘက္သို႔ၾကည့္ကာ အရိုအေသျပဳဟန္ျပၿပီး ထြက္သြားေလေတာ့သည္။
ရိေပၚ သူ႕လက္ထဲကနဂါးေပါက္စေလးကိုေသခ်ာၾကည့္လိုက္သည္။ ဒါကသားေတာ္ေလးရဲ႕ပထမဆုံးအေစာင့္အေရွာက္ပင္။ ခုဏကလာတဲ့နဂါးႀကီးကသူရဲ႕အေစာင့္ေရွာက္နဂါးမဟုတ္ေပ။ နဂါးျပည္ကိုႀကီးစိုးတဲ့ နဂါးဘုရင္သာျဖစ္သည္။ လူမင္း ဘုန္းႀကီးေတာ့ နတ္မင္းမေနနိုင္ဆိုသလို သားေတာ္ကိုေစာင့္ေရွာက္ဖို႔ေမြးဖြားလာတဲ့ နဂါးေပါက္ေလးကိုလာေရာက္ဆက္သျခင္းျဖစ္သည္။

ေနာက္ေတာ့ ခ်ီလင္မ်ိဳးႏြယ္ ၊ ဇာမဏီမ်ိဳးႏြယ္ ၊ ဝိဥာဏ္စုန္းမ်ိဳးႏြယ္ ၊ နတ္သူငယ္မ်ိဳးႏြယ္ ၊ နတ္ဆိုးေႁမြမ်ိဳးႏြယ္နဲ႕ မိစ္ဆာမ်ိဳးႏြယ္တို႔က အေစာင့္ေရွာက္ေတြကိုလာေရာက္သၾကတယ္။

ညဆယ့္ႏွစ္နာရီအတိအခ်ိန္မွာ သားေတာ္ေလးကိုေမြးဖြားခဲ့သည္။
ထိုအခ်ိန္မွာ ေကာင္းကင္ကျပန္ၾကည္လင္လာေတာ့တယ္။
ရွင္ဘုရင္တစ္ပါးျဖစ္မယ့္သူမွာ အေစာင့္အေရွာက္ခုႏွစ္ပါးရွိၿပီး ၾကင္ယာေတာ္ျဖစ္မယ့္သူေတြဟာ အေစာင့္အေရွာက္ငါးပါးရွိၾကတယ္။

ရိေပၚေမြးဖြားခဲ့တုန္းကလည္း ထိုကဲ့သို႔အေစာင့္ေရွာက္ေတြရွိခဲ့တယ္။ ဒါေပမယ့္ လွ်ို႔ဝွက္တတ္တဲ့အရွင့္ရဲ႕ အေစာင့္ေရွာက္ေတြကဘယ္မွာမွန္းဘယ္သူမွမသိၾကေပ။ ယခုအျဖစ္အပ်က္ေတြကိုလည္း ဒီနန္းေဆာင္ထဲကလူေတြအျပင္ အႀကီးအကဲေတြမွအပ ဘယ္သူမွသိလိုက္မည္မဟုတ္ေပ။

ရိေပၚတစ္ေယာက္ ကေလးငိုသံၾကားတာနဲ႕အေဆာင္ထဲေျပးဝင္သြားလိုက္သည္။
တစ္လုံးတစ္ခဲ နီတာရဲသားေတာ္ေလးကို ယြီအာကေပြ႕ခ်ီထားၿပီး ေရွာင္းက်န့္ကအနားယူေနသည္။

"မင္းသားေလးက က်န္းက်န္းမာမာနဲ႕ေမြးဖြားလာပါတယ္အရွင္"

ယြီအာက ကေလးကိုအရွင့္ဆီကမ္းေပးရင္းဆိုေလသည္။
ရိေပၚ သူ႕လက္ေမာင္းၾကားေပြ႕ပိုက္ထားတဲ့သားေတာ္ကိုၾကည့္ရင္း ၾကည္ႏူးမႈေတြကရင္ကိုဆန္တက္လာသည္။
ေမြးၿပီးခါစနီတာရဲေလးကိုပင္ သားေတာ္ရဲ႕အသားေလးေတြက ဝင္းမြတ္ၾကည္စင္ေနသည္။ သူေပြ႕ပိုက္ထားမိတဲ့အသားေလးက ႏူးညံ့အိစက္ေနတာပဲ။ မ်က္လုံးေလးေတြမွိတ္ထားတာေတာင္ မ်က္ေတာင္ရွည္ေတြကေကာ့ၫႊတ္ေနမွန္းသိသာသည္ သူ႕ပါးပါးလိုပင္ ႏွာတံလုံးလုံးေလးကေတာ့သူနဲ႕တူသည္ နီရဲရဲႏႈတ္ခမ္းပါးေလးႏွင့္ ပါးေဖာင္းေလးေတြကိုျမင္တဲ့သူတိုင္း ခ်စ္မဝၾကမွာအမွန္ပင္။

ရိေပၚသူ႕ရဲ႕လက္ညွိုးေလးကိုသုံးၿပီး သားေတာ္ရဲ႕ပါးေလးကိုထိမိလိုက္ေတာ့ အဲ့ ကနဲအသံျပဳလာသည္။
ေနာက္သူ႕လက္ေသးေသးေလးနဲ႕ ရိေပၚရဲ႕လက္ညွိုးကိုဖမ္းလိုက္ၿပီး ပါးစပ္နားေတ့ကာ လွ်ာရဲရဲေလးႏွင့္တို႔ေလသည္။
ရိေပၚရင္ထဲ ဓာတ္လိုက္သလိုျဖစ္သြားကာ အသည္းယားလြန္းလို႔ မ်ိဳခ်မိမတတ္ပင္။

"ခိခိ မင္းသားေလးက ဗိုက္ဆာေနပုံပဲအရွင္"

ယြီအာက အသံျပဳမွသူသတိရသည္။ သားေတာ္ေလးနို႔ေသာက္ဖို႔ကလည္း ​သူ႕ပါးပါးေရွာင္းက်န့္ကအနားယူေနတုန္းပင္။
ယြီအာ့စကားကို ၾကားသြားတဲ့ ေရွာင္းက်န့္က ေမွးေနရာကေန မ်က္လုံးပြင့္လာၿပီး

"အရွင္ ကေလးကို ဒီကိုေပးပါအုံး"

"အင္း သားေတာ္ေလး နို႔ေသာက္ဖို႔အခ်ိန္ေရာက္ၿပီေနာ္ ခမည္းေတာ္လက္ကိုလွ်က္မေနနဲ႕ ဗိုက္ဗိုက္ကေလးေအာင့္လိမ့္မယ္"

"အဲ့ အဲ့"

သားေတာ္ေလးက နားလည္တဲ့အလား အသံျပဳေလသည္။

"ဟက္ ေျပာသားပဲ အရွင့္သားက လူလည္ေလးပါဆို"

ေရွာင္းက်န့္ကသူ႕သားေတာ္ကို အသည္းယားစြာဆိုသည္။
ရိေပၚက ကေလးကို ေရွာင္းက်န့္ရင္ဘက္ေပၚတင္ေပးလိုက္ေတာ့ ေခါင္းေလးလည္ကာ မ်က္လုံးဖြင့္ၾကည့္သည္။

"အိုက္ယိုး အလည္ေလးကြာ အခုမွေမြးတာေရာ ဟုတ္ရဲ႕လား"

ေရွာင္းက်န့္ ဗိုက္ဆာေနတဲ့သားေတာ္ေလးကို နို႔တိုက္ေနတုန္း အရွင္ကသူ႕ေဘးမွာလာဝင္ထိုင္ရင္း ဆံပင္ေလးေတြကိုသပ္ေပးသည္။
ရိေပၚက ေရွာင္းက်န့္ နဖူးေလးကိုအသာနမ္းၿပီး

"ပင္ပန္းသြားရၿပီ ကိုယ့္ရဲ႕ၾကင္ယာေတာ္ေလး"

"အရွင္နဲ႕သားေလးရွိေနတာမို႔ ပင္ပန္းတာေတြ အကုန္ေပ်ာက္သြားပါၿပီ"

"ခ်စ္တယ္ ေရွာင္းက်န့္"

"ကြၽန္ေတာ္ေရာပဲ ခ်စ္တယ္ အရွင္"

သားေတာ္ေလးကေတာ့ နို႔ဝသြားလို႔ ေရွာင္းက်န့္ရင္ဘက္ေပၚမွာ ပါးစပ္ေလးဟလို႔ အိပ္ေပ်ာ္သြားေလၿပီ။

*********************************************

Hey!! Yoyoက အခါးေကြၽးမယ့္ပုံေပါက္ေနသလားရွင့္ yoyoက အခါးေလးမဟုတ္ဘူးေနာ္ yoyoကအခ်ိဳေလးပါ အခ်ိဳေလးမွ Marshmallowလိုမ်ိဳး ခ်ိဳခ်ိဳစိမ့္စိမ့္ေလးပါေနာ္

အျပင္ဘဝမွာ ကိုယ့္ေကာင္ေလးေတြကခက္ခဲတဲ့လမ္းကိုေလွ်ာက္ေနရပါတယ္ဆို Ficေတြထဲထိ ငိုရေအာင္မလုပ္ပါဘူး
Yoyoက ေမွာင္မယ္ ခြီမယ္ ရယ္မယ္ ဒါပဲ

ငပ်င္းမေလး YoYo##

Continue Reading

You'll Also Like

1.2M 163K 154
စစ္သူႀကီးမ်ိဳးရိုး၏ ပဏာမသမီးေတာ္၊ ျဖဴစင္၊ ရိုးသား၍ အလိမ္အညာခံရလြယ္ေသာ၊ မင္းသားသင္းအား ရူးရူးမိုက္မိုက္ခ်စ္ႀကိဳက္မိသူ သူမ သူ႔ဇနီးမယားအရာရေအာင္ ႀကိဳးပမ...
1.7M 199K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
201K 16.5K 96
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
323K 32.9K 131
ဘာသာပြန်သူ - စွဲညို့အသင်း