မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

784K 71.8K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(1)
part(2)
part(3)
part(4)
part(5)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

part(6)

10.4K 1.1K 7
By SpringGenAerri


ဘဂျမ်း

"ဘဂျမ်း....ဘဂျမ်းရေ..."

ဆေးရှိန်နဲ့အိပ်ပျော်နေရာမှ ဘဂျမ်းနိုးလာသည်။
အပြင်ကတစ်ယောက်ယောက်ခေါ်နေတယ်။
အားယူကာထရင်း...တံခါးဆီသွားရသည်။
ဖွင့်လိုက်တော့...အဆောင်ပိုင်ရှင်....
အော်....အဆောင်လခပေးရမည့်ရက်ပဲ။

"ဟာ...ဘဂျမ်း...မင်း နေမကောင်းဘူးလား"

"အင်း...ဟုတ်တယ်.....ဒီနေ့ ကယ်ရီမထွက်ဘူးလေ...အဆောင်လခလား... နေအုံး...ကျွန်တော်ယူပေးမယ်"

ပြောရင်း ဘဂျမ်း အခန်းငယ်လေးထဲ ဝင်လာလိုက်သည်။
ပိုက်ဆံ တစ်သောင်းခွဲယူပေးလိုက်သည်။ဘဂျမ်းက တစ်ယောက်ခန်းယူလို့တစ်သောင်းခွဲပေးရတာ။ ပေါင်းနေကြသူတွေက အဲ့လောက်မပေးကြရ။

"မင်း....ဆေးခန်းသွားပါလားကွ...ရာသီအကူးအပြောင်း အဖျားတွေကပြင်းတယ်...မင်း ရက်ကြာသွားမယ်....ဆေးထိုးလိုက်...ရော့... ရော့...နှစ်ထောင်ပြန်ယူ....ဆေးခန်းသွားလိုက်အုံး"

အဆောင်ပိုင်ရှင်က...ဘဂျမ်းကို ပိုက်ဆံနှစ်ထောင်ပြန်ပေးပြီး ဆေးခန်းသွားဖို့တိုက်တွန်းကာ ပြန်သွားတော့သည်။
ဒီလိုဆိုတော့လဲ မဆိုးပါလား လို့တွေးနေရသည်။
အဆောင်ပိုင်ရှင်က ဘယ်တော့မှ ရက်ကျော်ပြီးလခတောင်းတာမရှိ။ သတ်မှတ်ရက်ကွက်တိတောင်းသည်။ မပေးရင် အဆောင်ပေါ်က ဆင်းတော့။ ဘာဘာညာညာ အရှုပ်အထွေးလက်မခံ။ သူ့အဆောင်စည်းကမ်းကို အရမ်းတင်းကျပ်သည်ဟုပြောလို့တော့မရပေမဲ့...သူသတ်မှတ်ထားသည့်စည်းကမ်းဖောက်ဖျက်ရင် လက်မခံ။

ဘဂျမ်းကိုတော့ ဆေးခန်းသွားဖို့ နှစ်ထောင်ပြန်ပေးခဲ့သည်ဆိုတော့.....ဘဂျမ်း တွေးရင်းပြုံးမိရသည်။
မိမိကသာ လူတွေကို ရှောင်ဖယ်ဖယ်နေတာ။ ဒီရပ်ကွက်မှာ ရန်ဖြစ်သံလဲနေ့တိုင်းကြားရသလို ဖေးမကြ ကူညီကြတာလဲ အမြဲရှိကြသည်။
လက်လုပ်လက်စားများ အားလုံးဘဝတူတွေသာ။
ဘဂျမ်းက ထောင်ထွက်တစ်ယောက်ဖြစ်တာကြောင့် မိမိဘက်ကစပြီး လူတွေနဲ့ စည်းသားပြီးနေလိုက်တာ။ ရောရောနှောနှောနေမိပြီးမှ....အပြောအဆိုခံရရင် ထောင်ထွက်က ပိုအပြောခံရမည်လေ။

ဆေးသောက်လိုက်တာကြောင့်ရော....အစာ ဝင်သွားတာကြောင့်ရော အဖျားတော့သက်သာသွားသည်။ ခေါင်းထဲကတစ်ဆစ်ဆစ်နဲ့ဖြစ်နေပြီး....လူကချွေးတွေကြောင့် နွမ်းနေသည်။
ပုဆိုးတစ်ထည်ကို ယူကာ အဆောင်ရဲ့နောက်ဘက်က ရေချိုးရာနေရာသို့ လာခဲ့သည်။ နေ့လည်ဘက်ဆိုတော့ အဆောင်မှာ လူသိပ်မရှိ။
ရေချိုးလိုက်ချင်ပေမဲ့ အဖျားကရှင်းရှင်းမပျောက်တော့ မချိုးရဲ။ ပုဆိုးကို ရေစိုစိုဖြစ်အောင်လုပ်ပြီး တစ်ကိုယ်လုံးတိုက်ရသည်။
အသားတွေက အထိမခံနိုင်လောက်အောင် နာကျင်နေသည်။ အဲ့လောက်တောင် အဖျားကပြင်းတာပဲ။

ရေပတ်ဝတ်တိုက်ပြီး အိင်္ကျီထူထူထပ်ဝတ်လိုက်တော့လူက ပေါ့သွားသည်။ အမေ့ဆီဖုန်းဆက်အုံးမှပဲ။
ပိုက်ဆံက....နောက်ထပ်သုံး လေး ရက်နေမှ ပို့ရတော့မည်လေ။ ဘဂျမ်းမှာ ငွေလက်ကျန်သိပ်မရှိတော့။

"အမေ...."

"အေး...သား....ဘဂျမ်း...အသံကြီးက ဘယ်လိုလဲ နေမကောင်းဘူးလား"

ဘဂျမ်းအသံကြားတာနဲ့ အမေသိပြီလေ။ အမေကတော့ ဘဂျမ်းဘယ်သောအခါမှ ညာမရသူ။
ဘဂျမ်း စိတ်ညစ်နေလား ပျော်နေလားဆိုတာကိုလဲ ဖုန်းထဲက ဘဂျမ်းအသံကြားရုံနဲ့ တန်းသိသည်။

"ဟုတ်တယ်....အမေရေ....သား...မနေ့ညက ဖျားတာ....ခုတော့ သက်သာပါပြီ"

"ဆေးခန်းသွားပြပါလား သားရယ်....ငါ့သားလေး တစ်ယောက်ထဲရယ်...အမေလာခဲ့ရမလား...."

"ရပါတယ် အမေရယ်....သက်သာနေပြီ....ဆေးလဲသောက်တယ်....အမေ့ကိုပြောမလို့.....ပိုက်ဆံကို သား နောက်ရက်မှပို့မယ်လို့"

"ရတယ် ရတယ်...မပို့နဲ့....အမေ့မှာရှိသေးတယ် သားရဲ့...နင့်တူလေးနဲ့တူမလေး ကျောင်းပိတ်ရက် သူများအခင်းလိုက်ကူတာ ပိုက်ဆံလေးတွေ စုထားတယ်...အမေတို့ကိုစိတ်မပူနဲ့"

"ကလေးတွေ အလုပ်လုပ်ခိုင်းပါနဲ့ အမေရယ်...သား ပို့ပေးပါ့မယ်"

"ဟဲ့...သူတို့ ဦးလေးကိုတူတာဟဲ့...အားတာနဲ့ မောင်နှစ်မနှစ်ယောက်လုံး အလုပ်ကိုချောင်းနေတာ"

အစ်မက ဘဂျမ်းနဲ့အမေ့အပေါ် တာဝန်မကျေပေမဲ့ ကလေးတွေက လိမ္မာသည်။ အဖွားအေရဲ့ သွန်သင်ဆုံးမမှုကြောင့်လဲ ပါသည်။ စာကိုလဲ ကြိုးစားသည်။ အားပြီလားဆိုရင် အလုပ်တွေကို ဘောက်လိုက်လုပ်ကြသည်။ ဘဂျမ်းအတွက်ကတော့ ဒီတူလေးနဲ့ တူမလေး ပညာတတ်ဖို့ပဲ အရေးကြီးသည်။ ပိုက်ဆံက ဘဂျမ်းရှာပေးမည်လေ။

အမေနဲ့ ဖုန်း ခဏပြောပြီး နားနေတုန်း....ကိုဝင်းအောင် ရောက်လာပြန်သည်။

"ဟေ့ရောင်.....ဘဂျမ်း...သက်သာလားကွ....ရော့ ဒီမှာ...မင်းအတွက်ဆန်ပြုတ်...."

"အားနာလိုက်တာဗျာ....ကျွန်တော်သက်သာနေပါပြီ....ခုပဲ အပြင်ထွက်ဝယ်တော့မလို့...အမေနဲ့ဖုန်းပြောနေလို့ ကြာနေတာ"

"ရပါတယ်ကွာ အပန်းမကြီးပါဘူး....မင်း ကောင်းကောင်းနားလိုက်....မဟုတ်ရင် ပြန်ဖြစ်နေမယ်....အရှင်းပျောက်အောင် ကုလိုက်ကွ"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ကိုဝင်းအောင် ပြန်သွားတော့ ဘဂျမ်းဆန်ပြုတ်သောက်ရသည်။ ဆေးတစ်လုံးထပ်သောက်လိုက်သည်။
သက်တော့သက်သာပေမဲ့ လူက နုံးခွေခွေနဲ့။ အိပ်ယာထဲလဲ လှဲမနေချင်။ အလုပ်လုပ်နေကြလူက အလုပ်မလုပ်ရတော့ ကြောင်စီစီနဲ့ရယ်။

အခန်းထဲမှာ ထိုင်နေရင်း ဘဂျမ်း တောင်တွေး မြောက်တွေးနဲ့ပေါ့။ အမေက ဘဂျမ်း ထောင်ကလွတ်တာနဲ့ ရွာပြန်ပြီး နေစေချင်သည်။ ရွာမှာရှိတဲ့အလုပ် လုပ်ကြမယ်ပေါ့။ အမေ့မျက်စိအောက်မှာပဲ ထားချင်ရှာသည်။
ဘဂျမ်းက ရှာကထွက်လာတာကြာပြီလေ။ ရွာမှာလုပ်ရမဲ့အလုပ်တွေ သိပ်တော့မလုပ်တတ်။ ဒါကြောင့် ရန်ကုန်မှာပဲ ဘဂျမိးအလုပ်လုပ်ရင်း ပိုက်ဆံစုမည်။ အလွနိဆုံးသုံးနှစ် လေးနှစ်ခန့်ပေါ့။ ကလေးတွေလဲ အတန်းကြီးလာရင် ဘဂျမ်းရွာပြန်ပြီး အလုပ်လုပ်မည်ဟု တွးထားသည်။

ထော်လာဂျီလေးတစ်စီးလောက်ကို အရစ်ကျနဲ့ဝယ်ကာ ရွာနဲ့ ဘဂျမ်းတို့နားက မြို့ပေါ်ကို ကုန်သယ်​ပေးတာ ကုန်ဝယ်​ပေးတာ လုပ်မည်ဟု စိတ်ကူးသည်။
ရွာလမ်းက သိပ်မကောင်းတော့ ရွာမှာ ကားရယ်လို့မရှိကြ။ ပစ္စည်းအသယ်အပို့ကို ထော်လာဂျီသုံးကြသည်။
အလုပ် လုပ်လို့ရတဲ့ပိုက်ဆံကို လစဥ် ဘဂျမ်းစုနိုင်အောင်ကြိုးစားသည်။

ရသမျှကို လေးပုံ ပုံသည်။
တစ်ပုံကို ဘဂျမ်းသုံးသည်။ နှစ်ပုံကို အမေ့ဆီပို့သည်။ တစ်ပုံကို ဘဂျမ်း ရအောင်စုသည်။
တစ်ခါတစ်ရံ အလုပ်နားရသည်ဆိုပေမဲ့...တစ်နေ့လုပ်ရင် ဘဂျမ်း တစ်သောင်းထက်မလျော့တဲ့ ဝင်ငွေရှိသည်။နေမကောင်းလို့သာ နားနေရတာ။ ဘဂျမ်း စိတ်က အလုပ် လုပ်ချင်နေသေးသည်။
အမေကလဲ ဘဂျမ်းပို့သည့်ပိုက်ဆံကို အကုန်ဘယ်တော့မှ မသုံး။ ရသလောက်စုသည်။
သူ့သားကို ရွာမှာ ပြန်နေစေချင်တာကြောင့် ပိုက်ဆံများများစုနိုင်လေ သူ့သား သူ့ဆီ ပြန်လာဖို့နီးလေ ဟုတွေးကာ...စုသည်။

ကလေးတွေကြီးလာရင်တော့ ဘဂျမ်းရွာကို ပြန်နေမှရမည်။ အမေတစ်ယောက်ထဲ မထိန်းနိုင်သည့်အရွယ်မှာ ဘဂျမ်းရှိတော့ အမေသက်သာမည်။ ကလေးတွေ လိမ္မာသည်ဆိုပေမဲ့....ကြီးကောင်ဝင်ရင် လူကြီးနဲ့သူတို့ကြားမှာ နားလည်မှုလွဲတတ်သည်။ ဒါကြောင့် သူတို့ကိုနားလည်ပေးရမည်။ လျှော့တန်တာလျှော့ တင်းတန်တာ တင်းရမည်။

သူတို့အမေကတော့...ကလေးတွေကို နောက်ကြောင်းပြန်မကြည့်တာကြာပြီ။ အမေနဲ့ဘဂျမ်းကလဲ ကလေးတွေနဲ့သူ ဝေးဝေးနေလေ ကောင်းလေပဲ မှတ်သည်။
တစ်မိထဲ မွေးပေမဲ့ ဘဂျမ်းနဲ့အစ်မသည် စရိုက်မတူကြ။
ဘဂျမ်းက ငယ်ငယ်လေးကတည်းက အနေအထိုင် ကျစ်လစ်သလို စကားတည်သည်။ ရိုးသားမှုဂုဏ် စားမကုန်ဟူသော မိဘများသွန်သင်ခဲ့သည့်စကားအတိုင်း နေထိုင်သူ။ အနေလဲ အေးသည်။ အလုပ်ကိုတော့ ကျွန်ကြီးငနွားလို ကုန်းရုန်းလုပ်သည်။ ဒါပေမဲ့ အနေအထိုင် အပြောအဆို မလော်လီ။

အစ်မကတော့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို မိဘမျက်နှာ အကြိမ်ကြိမ်ဖျက်သူ။ အဖေရှိစဥ်ကဆို အစ်မနေ့တိုင်းရိုက်မခံရသည့်နေ့ရယ်လို့မရှိ။
ကျောင်းထားပေမဲ့ စာမကြိုးစား။ ရည်းစားထားသည်။
အလုပ်ကို လက်ကျောမတင်း။ သူယူသည့် ယောကျားကရော ဘာထူးလဲ။ ဒီကလေးနှစ်ယောက်ရဲ့အဖေဆို သောက်သောက်စားစား လူ့မင်းသား။အမြဲမူးနေသူ။
ကလေးနှစ်ယောက်ရမှ တဂျိမ်းဂျိမ်းရန်သတ်ကြပြီး...လင်မယား ကွဲသွားတော့သည်။

အစ်မက ချက်ချင်းနောက်အိမ်ထောင်ပြုသည်။
ခုတော့ အမေရော ဘဂျမ်းပါ အစ်မကို မဆက်သွယ်။
ယုတ်စွအဆုံး....ကလေးတွေကိုယ်တိုင်ပင် သူတို့အမေကို မမေးကြ။

ဘဂျမ်းမှာတော့...အဖေကဆုံး....အစ်မက လင်နောက်လိုက်....အဖေဆေးကုလို့ကုန်သွားသည့် ငွေတွေက ဘဂျမ်းတို့သားအမိရဲ့ ကြွေးအဖြစ်ကျန်ခဲ့ရလေတော့....ကျောင်းထွက်ကာ အလုပ် လုပ်ရသည်။
ယနေ့ထိဆိုပါတော့။

ဒါကြောင့် ဘဂျမ်း တူလေး တူမလေးတွေကို ပညာတတ်စေချင်သည်။
ပညာတတ်မှ သက်သာမည်။ မိမိတို့က ဆင်းရဲသည်ကြောင့် ဒီကလေးတွေကို ပညာအမွေအပြင် တခြားဘာမှ ပေးစရာမရှိ။

အမေလဲ ဒီနှစ်ပိုင်းတွေမှာ ကျန်းမာရေး ချူချာချင်သည်။ အမေ့ကိုလဲ နားနားနေနေ နေစေချင်သည်။ ဘဂျမ်း ပိုက်ဆံကို မနားမနေ သည်းကြီးမည်းကြီး ရှာတာ ဒါကြောင့်ပါ။ အမေ့ကို ပြုစုရင်း အမေ့နားမှာ နေလိုပါသည်။ သို့သော် ဘဝပေးအခြေအနေအရ မဖြစ်နိုင်သေး။နှစ်ဆပို ကြိုးစားရမည်ဟု ဘဂျမ်း တွေးကာနေမိသည်။
.
.
.
.
.
တကယ်တော့...ဘဂျမ်းတစ်သက်လုံး ရိုးရှင်းစွာ တွေးခဲ့သူဖြစ်တာကြောင့် ယခုလဲ ရိုးရှင်းစွာပင်တွေးမိသည်။ အလုပ်ကြိုးစားလုပ်ပြီး ပိုက်ဆံစုကာ တစ်နေ့နေ့ အမေရှိရာနေရာမှာ အမေ့ကို ပြုစုရင်း ကလေးတွေကိုစောင့်ရှောက်ရင်း မိမိရည်ရွယ်ထားသည့်အလုပ်ကို အေးချမ်းစွာလုပ်ရင်း နေထိုင်မည်ဟူသော ရိုးရှင်းလှသည့်အတွေး.....

သို့သော်.....လူတွေရဲ့ ကံကြမ္မာဟူသည် မြင်နိုင်စွမ်းခြင်းကားမရှိ။
ကြိုတင်စီစဥ်သလို ဖြစ်မလာသည်လဲ ရှိတတ်သည်။ ဖြစ်လာသည်လဲ ရှိတတ်သည်။
ဘဂျမ်း ရဲ့ဘဝဟာ.....တစ်ချက် တစ်ချက် ကွေ့ကောက်တတ်သည်။ ဘဝရဲ့တစ်ဆစ်ချိုးအချိန်တွေရှိတတ်သည်။
အဖေဆုံးတဲ့အချိန် ဘဂျမ်း ဘဝ တစ်မျိုးပြောင်းသွားသည်။
ထောင်ကျသည့်အချိန်မှာလဲ တစ်မျိုးထပ်ကာ ပြောင်းရပြန်သည်။

ယခု......
ဘဂျမ်း ဘဝ တစ်ဆစ်ချိုး ပြောင်းတော့မည်။.ကောင်းသောပြောင်းခြင်းလား....ဆိုးသောပြောင်းခြင်းလား.....ဘဂျမ်း မသိသေး။
ထို့အတူ.....ဘဂျမ်းရဲ့ ဘဝထဲကို တစ်လှမ်းချင်း ခြေသံတိတ်တိတ်နဲ့လှမ်းဝင်လာမည့် ....ပြောင်းလဲခြင်းများရဲ့အရှင်သခင်ကိုယ်တိုင် ကြိုတင်သိမြင်နိုင်ခြင်းမရှိသလို ​ကြိုတင်စီစဥ်ထားကြမိတာလဲ မဟုတ်ခဲ့ပါ။

ထို....ပြောင်းလဲခြင်းက ဘဂျမ်းဆီသို့ နီးကပ်လို့လာပါပြီ။
.
.
.
.
.
.
.
ဆက်ရန်........


ဘဂ်မ္း

"ဘဂ်မ္း....ဘဂ်မ္းေရ..."

ေဆးရွိန္နဲ႕အိပ္ေပ်ာ္ေနရာမွ ဘဂ်မ္းနိုးလာသည္။
အျပင္ကတစ္ေယာက္ေယာက္ေခၚေနတယ္။
အားယူကာထရင္း...တံခါးဆီသြားရသည္။
ဖြင့္လိုက္ေတာ့...အေဆာင္ပိုင္ရွင္....
ေအာ္....အေဆာင္လခေပးရမည့္ရက္ပဲ။

"ဟာ...ဘဂ်မ္း...မင္း ေနမေကာင္းဘူးလား"

"အင္း...ဟုတ္တယ္.....ဒီေန႕ ကယ္ရီမထြက္ဘူးေလ...အေဆာင္လခလား... ေနအုံး...ကြၽန္ေတာ္ယူေပးမယ္"

ေျပာရင္း ဘဂ်မ္း အခန္းငယ္ေလးထဲ ဝင္လာလိုက္သည္။
ပိုက္ဆံ တစ္ေသာင္းခြဲယူေပးလိုက္သည္။ဘဂ်မ္းက တစ္ေယာက္ခန္းယူလို႔တစ္ေသာင္းခြဲေပးရတာ။ ေပါင္းေနၾကသူေတြက အဲ့ေလာက္မေပးၾကရ။

"မင္း....ေဆးခန္းသြားပါလားကြ...ရာသီအကူးအေျပာင္း အဖ်ားေတြကျပင္းတယ္...မင္း ရက္ၾကာသြားမယ္....ေဆးထိုးလိုက္...ေရာ့... ေရာ့...ႏွစ္ေထာင္ျပန္ယူ....ေဆးခန္းသြားလိုက္အုံး"

အေဆာင္ပိုင္ရွင္က...ဘဂ်မ္းကို ပိုက္ဆံႏွစ္ေထာင္ျပန္ေပးၿပီး ေဆးခန္းသြားဖို႔တိုက္တြန္းကာ ျပန္သြားေတာ့သည္။
ဒီလိုဆိုေတာ့လဲ မဆိုးပါလား လို႔ေတြးေနရသည္။
အေဆာင္ပိုင္ရွင္က ဘယ္ေတာ့မွ ရက္ေက်ာ္ၿပီးလခေတာင္းတာမရွိ။ သတ္မွတ္ရက္ကြက္တိေတာင္းသည္။ မေပးရင္ အေဆာင္ေပၚက ဆင္းေတာ့။ ဘာဘာညာညာ အရႈပ္အေထြးလက္မခံ။ သူ႕အေဆာင္စည္းကမ္းကို အရမ္းတင္းက်ပ္သည္ဟုေျပာလို႔ေတာ့မရေပမဲ့...သူသတ္မွတ္ထားသည့္စည္းကမ္းေဖာက္ဖ်က္ရင္ လက္မခံ။

ဘဂ်မ္းကိုေတာ့ ေဆးခန္းသြားဖို႔ ႏွစ္ေထာင္ျပန္ေပးခဲ့သည္ဆိုေတာ့.....ဘဂ်မ္း ေတြးရင္းၿပဳံးမိရသည္။
မိမိကသာ လူေတြကို ေရွာင္ဖယ္ဖယ္ေနတာ။ ဒီရပ္ကြက္မွာ ရန္ျဖစ္သံလဲေန႕တိုင္းၾကားရသလို ေဖးမၾက ကူညီၾကတာလဲ အၿမဲရွိၾကသည္။
လက္လုပ္လက္စားမ်ား အားလုံးဘဝတူေတြသာ။
ဘဂ်မ္းက ေထာင္ထြက္တစ္ေယာက္ျဖစ္တာေၾကာင့္ မိမိဘက္ကစၿပီး လူေတြနဲ႕ စည္းသားၿပီးေနလိုက္တာ။ ေရာေရာႏွောႏွောေနမိၿပီးမွ....အေျပာအဆိုခံရရင္ ေထာင္ထြက္က ပိုအေျပာခံရမည္ေလ။

ေဆးေသာက္လိုက္တာေၾကာင့္ေရာ....အစာ ဝင္သြားတာေၾကာင့္ေရာ အဖ်ားေတာ့သက္သာသြားသည္။ ေခါင္းထဲကတစ္ဆစ္ဆစ္နဲ႕ျဖစ္ေနၿပီး....လူကေခြၽးေတြေၾကာင့္ ႏြမ္းေနသည္။
ပုဆိုးတစ္ထည္ကို ယူကာ အေဆာင္ရဲ႕ေနာက္ဘက္က ေရခ်ိဳးရာေနရာသို႔ လာခဲ့သည္။ ေန႕လည္ဘက္ဆိုေတာ့ အေဆာင္မွာ လူသိပ္မရွိ။
ေရခ်ိဳးလိုက္ခ်င္ေပမဲ့ အဖ်ားကရွင္းရွင္းမေပ်ာက္ေတာ့ မခ်ိဳးရဲ။ ပုဆိုးကို ေရစိုစိုျဖစ္ေအာင္လုပ္ၿပီး တစ္ကိုယ္လုံးတိုက္ရသည္။
အသားေတြက အထိမခံနိုင္ေလာက္ေအာင္ နာက်င္ေနသည္။ အဲ့ေလာက္ေတာင္ အဖ်ားကျပင္းတာပဲ။

ေရပတ္ဝတ္တိုက္ၿပီး အိကၤ်ီထူထူထပ္ဝတ္လိုက္ေတာ့လူက ေပါ့သြားသည္။ အေမ့ဆီဖုန္းဆက္အုံးမွပဲ။
ပိုက္ဆံက....ေနာက္ထပ္သုံး ေလး ရက္ေနမွ ပို႔ရေတာ့မည္ေလ။ ဘဂ်မ္းမွာ ေငြလက္က်န္သိပ္မရွိေတာ့။

"အေမ...."

"ေအး...သား....ဘဂ်မ္း...အသံႀကီးက ဘယ္လိုလဲ ေနမေကာင္းဘူးလား"

ဘဂ်မ္းအသံၾကားတာနဲ႕ အေမသိၿပီေလ။ အေမကေတာ့ ဘဂ်မ္းဘယ္ေသာအခါမွ ညာမရသူ။
ဘဂ်မ္း စိတ္ညစ္ေနလား ေပ်ာ္ေနလားဆိုတာကိုလဲ ဖုန္းထဲက ဘဂ်မ္းအသံၾကား႐ုံနဲ႕ တန္းသိသည္။

"ဟုတ္တယ္....အေမေရ....သား...မေန႕ညက ဖ်ားတာ....ခုေတာ့ သက္သာပါၿပီ"

"ေဆးခန္းသြားျပပါလား သားရယ္....ငါ့သားေလး တစ္ေယာက္ထဲရယ္...အေမလာခဲ့ရမလား...."

"ရပါတယ္ အေမရယ္....သက္သာေနၿပီ....ေဆးလဲေသာက္တယ္....အေမ့ကိုေျပာမလို႔.....ပိုက္ဆံကို သား ေနာက္ရက္မွပို႔မယ္လို႔"

"ရတယ္ ရတယ္...မပို႔နဲ႕....အေမ့မွာရွိေသးတယ္ သားရဲ႕...နင့္တူေလးနဲ႕တူမေလး ေက်ာင္းပိတ္ရက္ သူမ်ားအခင္းလိုက္ကူတာ ပိုက္ဆံေလးေတြ စုထားတယ္...အေမတို႔ကိုစိတ္မပူနဲ႕"

"ကေလးေတြ အလုပ္လုပ္ခိုင္းပါနဲ႕ အေမရယ္...သား ပို႔ေပးပါ့မယ္"

"ဟဲ့...သူတို႔ ဦးေလးကိုတူတာဟဲ့...အားတာနဲ႕ ေမာင္ႏွစ္မႏွစ္ေယာက္လုံး အလုပ္ကိုေခ်ာင္းေနတာ"

အစ္မက ဘဂ်မ္းနဲ႕အေမ့အေပၚ တာဝန္မေက်ေပမဲ့ ကေလးေတြက လိမၼာသည္။ အဖြားေအရဲ႕ သြန္သင္ဆုံးမမႈေၾကာင့္လဲ ပါသည္။ စာကိုလဲ ႀကိဳးစားသည္။ အားၿပီလားဆိုရင္ အလုပ္ေတြကို ေဘာက္လိုက္လုပ္ၾကသည္။ ဘဂ်မ္းအတြက္ကေတာ့ ဒီတူေလးနဲ႕ တူမေလး ပညာတတ္ဖို႔ပဲ အေရးႀကီးသည္။ ပိုက္ဆံက ဘဂ်မ္းရွာေပးမည္ေလ။

အေမနဲ႕ ဖုန္း ခဏေျပာၿပီး နားေနတုန္း....ကိုဝင္းေအာင္ ေရာက္လာျပန္သည္။

"ေဟ့ေရာင္.....ဘဂ်မ္း...သက္သာလားကြ....ေရာ့ ဒီမွာ...မင္းအတြက္ဆန္ျပဳတ္...."

"အားနာလိုက္တာဗ်ာ....ကြၽန္ေတာ္သက္သာေနပါၿပီ....ခုပဲ အျပင္ထြက္ဝယ္ေတာ့မလို႔...အေမနဲ႕ဖုန္းေျပာေနလို႔ ၾကာေနတာ"

"ရပါတယ္ကြာ အပန္းမႀကီးပါဘူး....မင္း ေကာင္းေကာင္းနားလိုက္....မဟုတ္ရင္ ျပန္ျဖစ္ေနမယ္....အရွင္းေပ်ာက္ေအာင္ ကုလိုက္ကြ"

"ဟုတ္ကဲ့ ဟုတ္ကဲ့"

ကိုဝင္းေအာင္ ျပန္သြားေတာ့ ဘဂ်မ္းဆန္ျပဳတ္ေသာက္ရသည္။ ေဆးတစ္လုံးထပ္ေသာက္လိုက္သည္။
သက္ေတာ့သက္သာေပမဲ့ လူက ႏုံးေခြေခြနဲ႕။ အိပ္ယာထဲလဲ လွဲမေနခ်င္။ အလုပ္လုပ္ေနၾကလူက အလုပ္မလုပ္ရေတာ့ ေၾကာင္စီစီနဲ႕ရယ္။

အခန္းထဲမွာ ထိုင္ေနရင္း ဘဂ်မ္း ေတာင္ေတြး ေျမာက္ေတြးနဲ႕ေပါ့။ အေမက ဘဂ်မ္း ေထာင္ကလြတ္တာနဲ႕ ႐ြာျပန္ၿပီး ေနေစခ်င္သည္။ ႐ြာမွာရွိတဲ့အလုပ္ လုပ္ၾကမယ္ေပါ့။ အေမ့မ်က္စိေအာက္မွာပဲ ထားခ်င္ရွာသည္။
ဘဂ်မ္းက ရွာကထြက္လာတာၾကာၿပီေလ။ ႐ြာမွာလုပ္ရမဲ့အလုပ္ေတြ သိပ္ေတာ့မလုပ္တတ္။ ဒါေၾကာင့္ ရန္ကုန္မွာပဲ ဘဂ်မိးအလုပ္လုပ္ရင္း ပိုက္ဆံစုမည္။ အလြနိဆုံးသုံးႏွစ္ ေလးႏွစ္ခန့္ေပါ့။ ကေလးေတြလဲ အတန္းႀကီးလာရင္ ဘဂ်မ္း႐ြာျပန္ၿပီး အလုပ္လုပ္မည္ဟု တြးထားသည္။

ေထာ္လာဂ်ီေလးတစ္စီးေလာက္ကို အရစ္က်နဲ႕ဝယ္ကာ ႐ြာနဲ႕ ဘဂ်မ္းတို႔နားက ၿမိဳ႕ေပၚကို ကုန္သယ္​ေပးတာ ကုန္ဝယ္​ေပးတာ လုပ္မည္ဟု စိတ္ကူးသည္။
႐ြာလမ္းက သိပ္မေကာင္းေတာ့ ႐ြာမွာ ကားရယ္လို႔မရွိၾက။ ပစၥည္းအသယ္အပို႔ကို ေထာ္လာဂ်ီသုံးၾကသည္။
အလုပ္ လုပ္လို႔ရတဲ့ပိုက္ဆံကို လစဥ္ ဘဂ်မ္းစုနိုင္ေအာင္ႀကိဳးစားသည္။

ရသမွ်ကို ေလးပုံ ပုံသည္။
တစ္ပုံကို ဘဂ်မ္းသုံးသည္။ ႏွစ္ပုံကို အေမ့ဆီပို႔သည္။ တစ္ပုံကို ဘဂ်မ္း ရေအာင္စုသည္။
တစ္ခါတစ္ရံ အလုပ္နားရသည္ဆိုေပမဲ့...တစ္ေန႕လုပ္ရင္ ဘဂ်မ္း တစ္ေသာင္းထက္မေလ်ာ့တဲ့ ဝင္ေငြရွိသည္။ေနမေကာင္းလို႔သာ နားေနရတာ။ ဘဂ်မ္း စိတ္က အလုပ္ လုပ္ခ်င္ေနေသးသည္။
အေမကလဲ ဘဂ်မ္းပို႔သည့္ပိုက္ဆံကို အကုန္ဘယ္ေတာ့မွ မသုံး။ ရသေလာက္စုသည္။
သူ႕သားကို ႐ြာမွာ ျပန္ေနေစခ်င္တာေၾကာင့္ ပိုက္ဆံမ်ားမ်ားစုနိုင္ေလ သူ႕သား သူ႕ဆီ ျပန္လာဖို႔နီးေလ ဟုေတြးကာ...စုသည္။

ကေလးေတြႀကီးလာရင္ေတာ့ ဘဂ်မ္း႐ြာကို ျပန္ေနမွရမည္။ အေမတစ္ေယာက္ထဲ မထိန္းနိုင္သည့္အ႐ြယ္မွာ ဘဂ်မ္းရွိေတာ့ အေမသက္သာမည္။ ကေလးေတြ လိမၼာသည္ဆိုေပမဲ့....ႀကီးေကာင္ဝင္ရင္ လူႀကီးနဲ႕သူတို႔ၾကားမွာ နားလည္မႈလြဲတတ္သည္။ ဒါေၾကာင့္ သူတို႔ကိုနားလည္ေပးရမည္။ ေလွ်ာ့တန္တာေလွ်ာ့ တင္းတန္တာ တင္းရမည္။

သူတို႔အေမကေတာ့...ကေလးေတြကို ေနာက္ေၾကာင္းျပန္မၾကည့္တာၾကာၿပီ။ အေမနဲ႕ဘဂ်မ္းကလဲ ကေလးေတြနဲ႕သူ ေဝးေဝးေနေလ ေကာင္းေလပဲ မွတ္သည္။
တစ္မိထဲ ေမြးေပမဲ့ ဘဂ်မ္းနဲ႕အစ္မသည္ စရိုက္မတူၾက။
ဘဂ်မ္းက ငယ္ငယ္ေလးကတည္းက အေနအထိုင္ က်စ္လစ္သလို စကားတည္သည္။ ရိုးသားမႈဂုဏ္ စားမကုန္ဟူေသာ မိဘမ်ားသြန္သင္ခဲ့သည့္စကားအတိုင္း ေနထိုင္သူ။ အေနလဲ ေအးသည္။ အလုပ္ကိုေတာ့ ကြၽန္ႀကီးငႏြားလို ကုန္း႐ုန္းလုပ္သည္။ ဒါေပမဲ့ အေနအထိုင္ အေျပာအဆို မေလာ္လီ။

အစ္မကေတာ့ တစ္မိေပါက္ တစ္ေယာက္ထြန္းဆိုသလို မိဘမ်က္ႏွာ အႀကိမ္ႀကိမ္ဖ်က္သူ။ အေဖရွိစဥ္ကဆို အစ္မေန႕တိုင္းရိုက္မခံရသည့္ေန႕ရယ္လို႔မရွိ။
ေက်ာင္းထားေပမဲ့ စာမႀကိဳးစား။ ရည္းစားထားသည္။
အလုပ္ကို လက္ေက်ာမတင္း။ သူယူသည့္ ေယာက်ားကေရာ ဘာထူးလဲ။ ဒီကေလးႏွစ္ေယာက္ရဲ႕အေဖဆို ေသာက္ေသာက္စားစား လူ႕မင္းသား။အၿမဲမူးေနသူ။
ကေလးႏွစ္ေယာက္ရမွ တဂ်ိမ္းဂ်ိမ္းရန္သတ္ၾကၿပီး...လင္မယား ကြဲသြားေတာ့သည္။

အစ္မက ခ်က္ခ်င္းေနာက္အိမ္ေထာင္ျပဳသည္။
ခုေတာ့ အေမေရာ ဘဂ်မ္းပါ အစ္မကို မဆက္သြယ္။
ယုတ္စြအဆုံး....ကေလးေတြကိုယ္တိုင္ပင္ သူတို႔အေမကို မေမးၾက။

ဘဂ်မ္းမွာေတာ့...အေဖကဆုံး....အစ္မက လင္ေနာက္လိုက္....အေဖေဆးကုလို႔ကုန္သြားသည့္ ေငြေတြက ဘဂ်မ္းတို႔သားအမိရဲ႕ ေႂကြးအျဖစ္က်န္ခဲ့ရေလေတာ့....ေက်ာင္းထြက္ကာ အလုပ္ လုပ္ရသည္။
ယေန႕ထိဆိုပါေတာ့။

ဒါေၾကာင့္ ဘဂ်မ္း တူေလး တူမေလးေတြကို ပညာတတ္ေစခ်င္သည္။
ပညာတတ္မွ သက္သာမည္။ မိမိတို႔က ဆင္းရဲသည္ေၾကာင့္ ဒီကေလးေတြကို ပညာအေမြအျပင္ တျခားဘာမွ ေပးစရာမရွိ။

အေမလဲ ဒီႏွစ္ပိုင္းေတြမွာ က်န္းမာေရး ခ်ဴခ်ာခ်င္သည္။ အေမ့ကိုလဲ နားနားေနေန ေနေစခ်င္သည္။ ဘဂ်မ္း ပိုက္ဆံကို မနားမေန သည္းႀကီးမည္းႀကီး ရွာတာ ဒါေၾကာင့္ပါ။ အေမ့ကို ျပဳစုရင္း အေမ့နားမွာ ေနလိုပါသည္။ သို႔ေသာ္ ဘဝေပးအေျခအေနအရ မျဖစ္နိုင္ေသး။ႏွစ္ဆပို ႀကိဳးစားရမည္ဟု ဘဂ်မ္း ေတြးကာေနမိသည္။
.
.
.
.
.
တကယ္ေတာ့...ဘဂ်မ္းတစ္သက္လုံး ရိုးရွင္းစြာ ေတြးခဲ့သူျဖစ္တာေၾကာင့္ ယခုလဲ ရိုးရွင္းစြာပင္ေတြးမိသည္။ အလုပ္ႀကိဳးစားလုပ္ၿပီး ပိုက္ဆံစုကာ တစ္ေန႕ေန႕ အေမရွိရာေနရာမွာ အေမ့ကို ျပဳစုရင္း ကေလးေတြကိုေစာင့္ေရွာက္ရင္း မိမိရည္႐ြယ္ထားသည့္အလုပ္ကို ေအးခ်မ္းစြာလုပ္ရင္း ေနထိုင္မည္ဟူေသာ ရိုးရွင္းလွသည့္အေတြး.....

သို႔ေသာ္.....လူေတြရဲ႕ ကံၾကမၼာဟူသည္ ျမင္နိုင္စြမ္းျခင္းကားမရွိ။
ႀကိဳတင္စီစဥ္သလို ျဖစ္မလာသည္လဲ ရွိတတ္သည္။ ျဖစ္လာသည္လဲ ရွိတတ္သည္။
ဘဂ်မ္း ရဲ႕ဘဝဟာ.....တစ္ခ်က္ တစ္ခ်က္ ေကြ႕ေကာက္တတ္သည္။ ဘဝရဲ႕တစ္ဆစ္ခ်ိဳးအခ်ိန္ေတြရွိတတ္သည္။
အေဖဆုံးတဲ့အခ်ိန္ ဘဂ်မ္း ဘဝ တစ္မ်ိဳးေျပာင္းသြားသည္။
ေထာင္က်သည့္အခ်ိန္မွာလဲ တစ္မ်ိဳးထပ္ကာ ေျပာင္းရျပန္သည္။

ယခု......
ဘဂ်မ္း ဘဝ တစ္ဆစ္ခ်ိဳး ေျပာင္းေတာ့မည္။.ေကာင္းေသာေျပာင္းျခင္းလား....ဆိုးေသာေျပာင္းျခင္းလား.....ဘဂ်မ္း မသိေသး။
ထို႔အတူ.....ဘဂ်မ္းရဲ႕ ဘဝထဲကို တစ္လွမ္းခ်င္း ေျခသံတိတ္တိတ္နဲ႕လွမ္းဝင္လာမည့္ ....ေျပာင္းလဲျခင္းမ်ားရဲ႕အရွင္သခင္ကိုယ္တိုင္ ႀကိဳတင္သိျမင္နိုင္ျခင္းမရွိသလို ​ႀကိဳတင္စီစဥ္ထားၾကမိတာလဲ မဟုတ္ခဲ့ပါ။

ထို....ေျပာင္းလဲျခင္းက ဘဂ်မ္းဆီသို႔ နီးကပ္လို႔လာပါၿပီ။
.
.
.
.
.
.
.
ဆက္ရန္........



Continue Reading

You'll Also Like

7.1K 976 16
#For Unicode ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှ...
8.8K 723 28
လွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ...
47.6K 2.8K 52
ချစ်ခြင်းမေတ္တာဆိုတာဘာလဲ
232K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...