Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...

By Neko_san_ZP

1.2M 118K 4.5K

Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ More

intro
ဇာတ်ကောင်မိတ်ဆက်(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန်စုမင်)
Chapter - 5(ဒယ်ဒီဆီက နေ့လည်စာ)
Chapter -6 (ထန်းဟော်ရှ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ်ဒီက ငါ့မက်မွန်လေးကို ရိုက်ရဲတယ်!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ်ဒီရန်မကြောက် ရေခဲမုန့်ထပ်စားရန်ကြံနေသည့်ရှန်လေး-1)
Chapter -16 (မင်းက ကိုယ့်အပိုင်ပဲ)
Chapter -17(လီရှန်းဟွာ???)
Chapter-18(hot dogလား ကိုယ်လား)
Chapter -19(ဒယ်ဒီ သိသွားပြီ ဟော်ရှ!)
Chapter-21(ဒယ်ဒီက ထူးဆန်းတယ်)
Chapter -22(ဒယ်ဒီ ဒါဘာအခန်းကြီးလဲ)
Chapter-23(ဦး)
Chapter-24 (ကျန်းလင်းရှ)
Chapter -25(ငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်ခဲ့ရဲ့လား)
chapter-26(ရှအန်းထျန်း & ထန်းဟော်ရှ)
Chapter-27(ပင်လယ်ထဲကလက ပုံရိပ်ယောင်သက်သက်ပဲ)
Chapter - 28
Chapter -29(ဒယ်ဒီက နံပါတ်တစ်)
Chapter-30
Chapter-31(ကော့တင်းပါတီနောက်ကလှည့်ကွက်များ-1)
Chapter-32 (ကော့တေးပါတီနောက်ကလှည့်ကွက်များ-၂)
Chapter-33(ကော့တေးပါတီနောက်ကွယ်ကလှည့်ကွက်များ-3)
Chapter -34(ကလေးငယ်ကြောင့် ရူးတော့မယ်)
Chapter-35(ဖက် ဖက် ဖက် ဖက်)
Chapter -36(ဒယ်ဒီက ရှန်လေးကို ပိုချစ်တာပေါ့နော်)
Chapter-37(နောက်ကွယ်ကဖြစ်ရပ်များ-1)
Chapter -38(နောက်ကွယ်ကဖြစ်ရပ်များ-2)
Chapter -39(နောက်ကွယ်က လှည့်ကွက်များ-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင်းက ကိုယ့်အပိုင် ဟော်ရှ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)
Chapter -44
Chapter -45
Chapter -46
Chapter -47
Chapter -48
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90
Chapter-91
Chapter-92
Chapter-93
Chapter-94
Chapter-95

Chapter -20 (ကျန်းယုဝေဆိုသည့် အန်တီကြီးရေ ဒယ်ဒီဘေးနားကနေ out!)

21.3K 2.2K 138
By Neko_san_ZP

Zawgyi







"ဒယ်ဒီ..."

"ပြော"







( ⓛ ω ⓛ ))









"နင်! နင်!" ထိုအမျိုးသမီးငယ်မှာ ဘလိုင်းကြီးအန်တီလို့ အတပ်ခံလိုက်ရတာကြောင့် ဒေါသထွက်စွာ လော့ရှန်ဟွာကို လက်ညှိုးတထိုးထိုးဖြင့် ပြန်ပြောရန်ရှိတုန်း
















"အထိန်းတော်ကြီး ရှန်လေးအတွက် ရေခဲမုန့်ယူလာပေးလိုက် အရမ်းမများစေနဲ့ သူမနေ့ကလည်း စားထားသေးတယ်" လို့ ပြောသံဟာ အရမ်းပူပြင်းသည့်နွေရာသီမှာ ရေခဲရေသောက်လိုက်ရသလိုပင်၊လော့ကျန်းပေ့ရဲ့အသံဟာ ပုံမှန်လို အေးစက်ကာ သြရှနေပေမယ့် အခုသူတို့နားထောင်သည့်အသံဟာ ပုံမှန်အတိုင်းပေမယ့် ပိုမိုဆွဲဆောင်မှုအား ပြင်းလွန်းနေပြီး လူငယ်လေးပေါ် အရမ်းဂရုစိုက်ပြကြောင်း သိသာလွန်းလှသည်၊





'ငါမဟုတ်ဘူး'








-*-*-*-*-*-*-*-*-*-*-

စာရေးဆရာ...





Chapter -21 TBC~

Chickpeas



-*-*-*-*-*-

Unicode

Chapter -20(ကျန်းယုဝေတဲ့ အန်တီးကြီးရေ ဒယ်ဒီဘေးနားကနေ out!)

လော့ရှန်ဟွာတစ်ယောက် သူရဲ့လက်တွေကိုသာ တင်းကြပ်စွာဆုပ်ထားနေမိသည်၊ဘာလို့လဲဆိုတော့ သူ့ဒယ်ဒီဟာ အခုထိ တလမ်းလုံးစကားတခွန်းမှ မပြောဘဲ ဖိုင်အချို့ကိုသာ မျက်မှောင်ကြီးကြုတ်ကာ စူးစိုက်ကြည့်နေသောကြောင့် ဖြစ်သည်၊ဖိုင်သာ အသက်ရှိနေပါက ကြောက်ဒူးတုန်ကာ ငိုယိုနေမှာ သေချာသည်။

အခုတော့ အသက်ရှိနေသည့် လော့ရှန်ဟွာကတော့ တင်းမာနေသည့်လေထုကြားထဲမှာ ဘယ်လိုအသက်ရှင်ရမည်လည်းဆိုတာ စဉ်းစားနေရတော့သည်၊သူ့ဒယ်ဒီက သူ့ကို အပြစ်ပေးမယ်ဆိုတော့... မနေ့ကလိုမျိုး ၊ လော့ရှန်ဟွာ သူ့စိတ်ထဲမှာ ဒယ်ဒီရဲ့ခန္ဓာကိုယ်ကို စဉ်းစားမိပြီးနောက်မှာ မျက်နှာပြင်တစ်ခုလုံးသာမက နားတွေနဲ့လည်ပင်းတွေပါ ရဲတက်သွားတော့သည်၊

'ဘာတွေ တွေးမိနေတာလဲ!' ဒါပေမယ့် ဒယ်ဒီရဲ့အပေါ်ပိုင်းနဲ့အဲ့နေရာကို မြင်ချင်လိုက်တာ...အဲတာက အရမ်းကြီးလွန်းမှာ သေချာသည်၊ပြီးတော့ ဒယ်ဒီရဲ့ခန္ဓာကိုယ် အဲ့...ဝမ်းဗိုက်ကြွက်သားတွေကလည်း အရမ်းကိုကြည့်ကောင်းနေမှာပဲ! ချောကလပ်ပြားခြောက်ခုလောက်တော့ ရှိမယ်ထင်တယ်

လော့ရှန်ဟွာ သူ့ဘာသာအတွေးနွံထဲကနေ မရုန်းထွက်နိုင်ဖြစ်နေပြီး သူရဲ့ဒယ်ဒီကိုယ်ကို တွေးနေရင်း တံထွေးများခနခနမြိုချနေမိသည်၊ဒါ​ပေမယ့် ကြီးမားသည့်လက်တစ်ဖက်ဟာ သူရဲ့လက်​ကောက်ဝတ်ကို ဆွဲကာ သူ့ကိုပါ ဆွဲလိုက်တာကြောင့် လော့ကျန်းပေ့ ရင်ခွင်ထဲကိုရောက်သွားတော့သည်၊လော့ရှန်ဟွာလည်း အတွေးနွံထဲကနေ ထွက်လာပြီး ရင်ခွင်ပိုင်ရှင်ဖြစ်သည့် သူ့ဒယ်ဒီကို ကြည့်ကာ ရင်ထဲ ဝုန်းဒိုင်းကြဲနေတော့သည်၊ သူ့ဒယ်ဒီဆီကရသည့် ကိုယ်သင်းနံ့ဟာ အရမ်းကို သင်းပြီး ပြင်သစ်ကော်ဖီအနံနဲ့ဆင်တူသည်၊

"ဘယ်သူအကြောင်း တွေးနေတာလဲ" သူသဘောကျဆုံးက ဒယ်ဒီအသံပင်၊ရစ်မူးလွယ်သည့် ပြင်းရှရှဝိုင်တစ်ခွက်ကို သောက်လိုက်ရသလိုပဲ သူရဲ့ဒယ်ဒီရဲ့အသံဟာ အရမ်းကို ပြုစားနိုင်လွန်းသည်၊​လော့ရှန်ဟွာ သူ့ဒယ်ဒီကို မော့ကြည့်နေရင်း အောက်နူတ်ခမ်းလေးကို ဖိကိုက်ကာ

"ဒယ်ဒီအကြောင်း" လို့ ပြောလိုက်တော့ ကားထဲရှိ တင်းမာနေသည့်လေထုဟာ အနည်းငယ်ပျော့ပြောင်းသွားသလိုပင်၊ဒါပေမယ့် သူ့ဒယ်ဒီရဲ့မျက်မှောင်ကြုတ်ကာ တင်းမာနေသည့်ရုပ်ကတော့ မပြောင်းသွားသေးပေ၊ဒါကို သတိထားမိတဲ့လော့ရှန်ဟွာ သူဒယ်ဒီရဲ့လည်ပင်းကို သိုင်းဖက်ရင်း နူတ်ခမ်းဆူကာ

"ဒယ်ဒီ..."

"ပြော"

"ရှန်လေး သူငယ်ချင်းက ပြောတယ်... ရှန်လေး မကြာခင် အမေတစ်ယောက်ရတော့မယ်တဲ့ အဲတာ ဟုတ်လား? သူပြောတာ ဒယ်ဒီက ကျန်းအိမ်တော်က သမီးနဲ့တွဲနေတာတဲ့" လို့ လော့ရှန်ဟွာဟာ မျက်နှာကို ဆူပုပ်ထားသည့်အမူအရာ ပြုလုပ်ကာ ပြောနေတော့သည်၊

"ကလေးက မလိုချင်ဘူးလား" သူ့ဒယ်ဒီဟာ ပြုံးရင်း သူရဲ့နားလေးကို ပွတ်သပ်လာတာကြောင့် လော့ရှန်ဟွာ ခေါင်းလေးစောင်းကာ လော့ကျန်းပေ့လက်ကို ကိုင်လိုက်ပြီး

"ဒယ်ဒီသာ သဘောကျတယ်ဆိုရင် ရှန်လေးလည်း သဘောကျဖို့ကြိုးစားပေးပါမယ်" လို့ပြောလိုက်တော့သည်၊ဘာပဲဖြစ်ဖြစ် သူအနေနဲ့ သဝန်တိုပြသည့် သရုပ်ဆောင်မှုဟာ အနည်းငယ် အိုဗာဖြစ်လွန်းမည်ဟု ထင်လွန်းပြီး လော့ရှန်ဟွာဟာ အားနည်းပြီး ကြောက်တတ်သည့်ကောင်လေးဖြစ်သည်၊ဒါကြောင့် သူအနေနဲ့ သူ့ဒယ်ဒီရှေ့တွင် ထိုသို့သာ ပြုမူနေရန်သာ တတ်နိုင်တော့သည်၊သူ ဖြူစင်ပြီး အားနွဲ့သည့်ကလေးတစ်ယောက်လို သရုပ်ဆောင်ရမယ်!!!

လော့ရှန်ဟွာတစ်ယောက် သူ့ဒယ်ဒီဟာ အမျိုးသမီးတွေပေါ် စိတ်မဝင်စားပဲ လိင်တူကိုသာစိတ်ဝင်စားသူဖြစ်တာကြောင့် ထိုသို့ပြောလိုက်ပေမယ့် တကယ်ပင် စိတ်ထဲမှာ မကျေနပ်ပေ! ကလေးက မလိုချင်ဘူးလားတဲ့ ငါသာ လိုချင်ရင် ဒီလူကြီးက ယူမှာပေါ့??? ဒါကြီးက လုံးဝမတရားဘူးပဲ!သူဟာ အပေါ်ကသရုပ်ဆောင်မည့်အကြောင်းအရာကို ချက်ချင်းမေ့သွားကာ သူပြောခဲ့သည့် ဒယ်ဒီသဘောအတိုင်းဆိုတာလည်း လေထဲမှာပျောက်ကွယ်သွားပုံရသည်၊ ဘာလို့လဲဆိုတော့...

လော့ရှန်ဟွာဟာ လော့ကျန်းပေ့ရင်ခွင်ထဲကနေ ရုန်းထွက်လာရင်း ထောင့်စွန်းထိ ကပ်သွားကာ သဝန်တိုပြီး မကျေမနပ်ကြောင်း အမူအရာပြသနေတော့သည်၊​လော့ကျန်း​ပေ့ဟာ သူ့ကလေးငယ်ရဲ့လုပ်ရပ်ကြောင့် အနည်းငယ်အံ့သြမှင်သက်သွားရာကနေ ကြည်နူးပျော်ရွှင်သွားတော့သည်၊သူ့ကလေးငယ်ရဲ့သူငယ်ချင်းဟာ ဘာတွေပြောလိုက်လဲမသိပေမယ့် သူသည်လည်း အမျိုးသမီးတွေကို စိတ်မဝင်စားတာကြောင့် ကလေးငယ် အမေလိုချင်ရင်တောင် သူက ယူမှာမဟုတ်ပေ၊ အေး... ကလေးငယ်သာ မိခင်ကို တမ်းတနေရင်...၊သူ့မျက်ဝန်းများဟာ အတွေးများနဲ့ရောယှက်သွားပြီး မကျေမနပ်ဖြစ်နေသည့် ကလေးငယ်ကို ကြည့်ရင်း သူ့အနားကို ပြန်ဆွဲခေါ်လိုက်ရင်း...ပန်းရောင်သန်းနေသည့်နားလေးကို ဖွဖွလေးကို လက်နဲ့ပွတ်သပ်ရင်း

"ကလေးငယ်သာ အမေလိုချင်ရင် ဒယ်ဒီက အမေတစ်ယောက်အနေနဲ့သရုပ်ဖော်ပေးမယ်လေ...ကလေးငယ်သာ... " လို့ နောက်ထပ်ကပ်ပြောကာ နှစ်ကိုယ်ကြား ကြားရသည့်စကားသံအဆုံးမှာ လော့ရှန်ဟွာမျက်နှာတစ်ခုလုံး ရဲဘလောင်းခတ်သွားကာ...

"ဒယ်...ဒယ်ဒီ လူဆိုးကြီး!!!!" လို့ အော်ဟစ်ကာ ပိုမိုထောင့်နားကပ်သွားတော့သည်၊ပြီးတော့ အနားကပ်လာလို့ကတော့ ဒယ်ဒီကို မသနားဘူးနော်ဆိုသည့်အကြည့်များကြောင့် သူဟာလက်မြှောက်အဆုံးပေးကြောင်း လက်အမူအရာနဲ့ဖော်ပြကာ သူ့ကလေးငယ်ကို မစတော့ပေ၊
(စာရေးဆရာ: နှစ်ကိုယ်ကြား စကားဆိုတော့ ကိုယ်လည်းမသိဘူး
( ⓛ ω ⓛ ))

သူတို့ လော့အိမ်တော်ကို ပြန်ရောက်လာသည့်ချိန်မှာ ထူးထူးဆန်းဆန်း အခြားကားတွေပါရှိနေသည်ကို လော့ရှန်ဟွာမြင်လိုက်တော့ သူ့ဒယ်ဒီဘက်လှည့်ကာ

"ဒယ်ဒီ ဧည့်သည်တွေဖိတ်ထားတာလား"လို့ မေးလိုက်တော့ လော့ကျန်းပေ့ကလည်း ရပ်ထားသည့်ကားတွေကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားပေမယ့် ဘာမှတော့ပြန်မဖြေလိုက်ပေ၊ထိုနောက် ကားရပ်သွားသည့်နှင့် အခြားသက်တော်စောင့်တစ်ဦးဟာ ရောက်လာပြီးတံခါးဖွင့်ပေးလာပြီးနောက်မှ လော့ကျန်းပေ့ဟာ သူ့ကလေးငယ်ဘက်လှည့်ကာ

"အဆင်ပြေသွားမှာပါ လာ" လို့ပြောလာတော့ လော့ရှန်ဟွာလည်း ခေါင်းလေးညိတ်လာပြီး သူ့ဒယ်ဒီနောက်ကနေ လိုက်သွားတော့သည်၊ဘယ်သူတွေရောက်နေတာလဲ? ဒယ်ဒီကြည့်ရတာကလည်း သူ့ကိုကာကွယ်ပေးနေသလိုပဲ

[Moon: ဇာတ်လိုက်ရဲ့အဒေါ်တွေ၊ဦးလေးတွေရောက်နေတာ... သူတို့က မင်းကို မနှစ်မြို့ကျဘူးလေ]လို့ Systemစကားအဆုံးမှာ သူ့ဒယ်ဒီရဲ့အဆင်ပြေသွားမှာပါဆိုတဲ့ ဆိုလိုရင်းကို နားလည်သွားတော့သည်၊ သူတို့ ကားပေါ်ဆင်းလာသည့်နှင့် မိတ်ကပ်တစ်သောင်းလောက်ဖို့ထားကာ ဟိုပေါ်ဒီပေါ်ပေါ်နေသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့်အမျိုးသမီးဟာ သူ့ဒယ်ဒီရဲ့လက်မောင်းကို ဖက်တွယ်မလို့ ကြိုးစားချိန်မှာ... ခန္ဓာကိုယ်သေးသေးလေးဟာ ထိုနှစ်ယောက်ကြားဝင်ရောက်လာပြီး လော့ကျန်းပေ့ရဲ့လက်မောင်းကို ဖက်တွယ်လာပြီး

"ဒယ်ဒီ...ဒီအန်တီကြီးက ဘယ်သူလဲဟင်"လို့ ချစ်စရာကောင်းကာ ချွဲနွဲပြောဆိုလာတော့သည်၊ဟုတ်ပါတယ် အမောင်လော့ရှန်ဟွာပါ၊သူ့ဒယ်ဒီကို ရုပ်ဆိုးတဲ့အန်တီတွေဆီက ကာကွယ်မယ်ဆိုပြီး အတင်းဝင်လုံးလာတဲ့ အမောင်လော့ရှန်ဟွာဖြစ်ပါသည်၊

"ဘာ...ဘာ ငါ့ကို အန်တီ! ငါအခုမှ နှစ်ဆယ့်သုံးပဲ ရှိသေးတာ!" လို့ စူးရှရှအော်သံနဲ့အတူ ပြောလာတာကြောင့် လော့ရှန်ဟွာ စိတ်ထဲကနေ

'ရုပ်ကလည်းဆိုးသေးတယ်... အသံလည်း ခွေးအကြီးလည်နင်းခံရသလို အသံနဲ့' လို့ စိတ်ထဲပြောနေပေမယ့် အပြင်ဘက်မှာတော့ ထိုအမျိုးသမီးရဲ့အသံကြောင့် ကြောက်လန့်သွားဟန်ဖြင့် သူ့ဒယ်ဒီလက်မောင်းကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ရင်း...

"တောင်းပန်ပါတယ်... အန်တီမမ"

"နင်! နင်!" ထိုအမျိုးသမီးငယ်မှာ ဘလိုင်းကြီးအန်တီလို့ အတပ်ခံလိုက်ရတာကြောင့် ဒေါသထွက်စွာ လော့ရှန်ဟွာကို လက်ညိုှးတထိုးထိုးဖြင့် ပြန်ပြောရန်ရှိတုန်း

"တော်လောက်ပြီ ကျန်းယု​ဝေ"လို့ ဒယ်ဒီရဲ့အေးစက်စက်စကားအသံအဆုံးမှာ ကျန်းယုဝေဟာ လော့ရှန်ဟွာကို မျက်စောင်းတချက်သာထိုးလိုက်ပြီး တိတ်သွားတော့သည်၊

အိုး...ဒီအန်တီကြီးက သူ့ဒယ်ဒီနဲ့သတင်းထွက်မည့်ကျန်းယုဝေပဲ! ဒီရုပ်ဆိုးတဲ့ဘွားတော်ကြီးက ငါ့ဒယ်ဒီကို မျှော်ကိုးချင်နေတယ်! ဟဟပဲ ရမယ်

အမှန်တရားဟာ ကျန်းယုဝေဟာ ရုပ်မဆိုးပေ၊သူမရဲ့မျက်နှာဟာ မိတ်ကပ်အနည်းငယ်သာ ခြယ်လှယ်ထားပြီး ဘယ်သူမဆိုမြင်လာသည်နှင့် ယဉ်ကျေးပြီး လှပသည့်မိန်းမငယ်လေးတစ်ယောက်လိုပင်၊အဟမ်း လော့ရှန်ဟွာတော့ မပါဘူးပေါ့၊ ကျန်းယုဝေဟာ သူမရဲ့နယ်ပယ်မှာလည်း အလှဘုရင်မအဖြစ်ကျော်ကြားသူဖြစ်ပြီး မြင်သည့်လူတိုင်းဟာ သူမရဲ့အလှကို သမင်လည်ပြန်ငေးမောရသလို သူမရဲ့အလှကိုပင် ကဗျာဖွဲ့နွဲ့ကြသေးသည်၊ဒါပေမယ့် လော့ရှန်ဟွာမျက်ဝန်းထဲမှာတော့.....

'ငါ့ဒယ်ဒီကို စနှိုက်ချင်သူအားလုံး 凸('Д'*) ပဲယူ '

"ကျန်းကော... " ချက်ချင်းမျက်နှာအမူအရာပြောင်းသွားသည့် ကျန်းယုဝေကို လော့ရှန်ဟွာတစ်ယောက် နှာရှုံ့ကာ 'အမူအယာများတဲ့မိန်းမကြီးပဲ ရုပ်လည်းဆိုးသေး၊အသံကလည်း ခွေးအကြီးလိုပဲ' လို့ တွေးတောနေတော့သည်၊ system moon မှာတော့...

<hostလည်း ဇာတ်လိုက်ရှေ့ဆို ကလေးလေးလို ပြုမူဟန်ဆောင်နေတာပဲ မဟုတ်ဘူးလား>လို့ မေးလိုက်ချင်ပေမယ့် သူဘယ်တော့မှ ထိုမေးခွန်းကို မေးမည်မဟုတ်ပေ၊တကယ်လည်း သူ့hostတွေးတာ မှန်တာပဲလေ၊သူ့hostက ရိုးသားဖြူစင်တဲ့မာယာလေ ဟိုဘက်ကအဒေါ်ကြီးက မဲညစ်နေတဲ့မာယာ...

[Moon: ဟုတ်တယ် မင်းပြောတာ မှန်တယ် တော်တော် မာယာများတဲ့အဒေါ်ကြီးပဲ]လို့သာ ဝင်ရောက်ထောက်ပံ့လိုက်သေးသည်၊ကျန်းယုဝေသာ သူတို့အတွေးကို ကြားသိရင်... သွေးအန်သေသွားမှာ သေချာသည်၊

ကျန်းယုဝေ: ငါက ငါ့နယ်ပယ်မှာ အလှဘုရင်မကွ!!ငါ့အသံကိုလည်း ဆည်းလည်းသံလေးလို သာယာတယ်လို တင်စားကြတာ!!!

ထိုချိန်မှာ နောက်ထပ် ကျီးအာမကြီးလိုအသံဖြင့်... အာ အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်အသံကို လော့ရှန်ဟွာကြားလိုက်တာကြောင့် ကြည့်လိုက်တော့ လော့ကျန်းပေ့ရဲ့အဒေါ်ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်၊

"တူတော်ကျန်းပေ့ ပြန်လာပြီပေါ့... လာ လာ အလုပ်က ပြန်လာရတာဆိုတော့ ပင်ပန်းနေမှာပဲ"လို့ ပျားရည်တောင် အဲ့အမျိုးသမီးအသံလောက် ချိုအီနေမှာမဟုတ်ပေ၊လော့ကျန်းပေ့တော့မသိဘူး လော့ရှန်ဟွာကတော့ ထိုအသံကြောင့် အီလည်လည်ဖြစ်မိသွားတာ အမှန်ပေ၊

သူ့ဒယ်ဒီကတော့ ဂရုမစိုက်သည့်အသွင်ဖြင့် အေးစက်စက်မျက်နှာထားဟာလည်း မပြုံးလဲသွားဘဲ "အင်း" လို့သာ ပြန်ပြောလိုက်ပြီး အိမ်ထဲဝင်လာတော့သည်၊ထိုနောက် အခြားသူတွေကို လစ်လျူရှုပြီး ဆိုဖာပေါ်မှာ သက်သောင့်သက်သာနဲ့ဝင်ထိုင်ရင်း

"ဘာအကြောင်းကြောင့် ရောက်လာတာလဲ" လို့ တိုက်ခိုက်မေးလိုက်တော့ လော့ကျန်းပေ့ရဲ့ဦးလေးဖြစ်သူ လော့ဝေကုဟာ ကျန်းယုဝေဘက်ကို ကြည့်ရင်း...

"တူမလေးကျန်းယုဝေက ငါ့တူရဲ့အိမ်ကို လာလည်ချင်လို့တဲ့ ပြီးတော့ မင်းရဲ့ဦးလေးရဲ့သား မင်းရဲ့ညီငယ်ဝမ်းကွဲ လော့ဝေယောင်ကို သိတယ်မလား သူက နောက်နေ့ဆို ဘွဲ့ရတော့မှာလေ ဘွဲ့မရခင် ငါ့တူတော်ရဲ့ကုမ္ပဏီမှာ သင်ယူခိုင်းချင်လို့ပဲ" လို့ ပြောလိုက်တော့ ဘေးနားရှိ အနည်းငယ်ကြည့်ကောင်းသည့်လူငယ်လေးဟာ ခေါင်းလေးတညိတ်ညိတ်ဖြင့်

"အစ်ကိုကျန်းပေ့ ကျွန်တော်ကြိုးစားပါမယ်"လို့ အားတက်သရော ပြောလာပေမယ့် လော့ကျန်းပေ့ကတော့ စိတ်မဝင်စားသည့် ပုံစံဖြင့် အခုထိ ဧည့်ခန်းအဝမှာ ရပ်နေသည့် သူရဲ့ကလေးငယ်ကို ကြည့်ကာ

"ဘယ်ချိန်ထိ အဲ့မှာ ရပ်နေမှာလဲ... ဒီလာ" လို့ ပြောလာတော့ လော့ရှန်ဟွာလည်း ခေါင်းလေးတညိတ်ညိတ်ဖြင့် သူ့ကို စူးစိုက်ကြည့်နေသည့်အကြည့်တွေကို လစ်လျူရှုကာ သူဒယ်ဒီရဲ့ဘေးက ဆိုဖာပေါ်ထိုင်လိုက်တော့သည်၊

"အထိန်းတော်ကြီး ရှန်လေးအတွက် ရေခဲမုန့်ယူလာပေးလိုက် အရမ်းမများစေနဲ့ သူမနေ့ကလည်း စားထားသေးတယ်" လို့ ပြောသံဟာ အရမ်းပူပြင်းသည့်နွေရာသီမှာ ရေခဲရေသောက်လိုက်ရသလိုပင်၊လော့ကျန်းပေ့ရဲ့အသံဟာ ပုံမှန်လို အေးစက်ကာ သြရှှနေပေမယ့် အခုသူတို့နားထောင်သည့်အသံဟာ ပုံမှန်အတိုင်းပေမယ့် ပိုမိုဆွဲဆောင်မှုအား ပြင်းလွန်းနေပြီး လူငယ်လေးပေါ် အရမ်းဂရုစိုက်ပြကြောင်း သိသာလွန်းလှသည်၊

ကျန်းယုဝေဟာ မျက်မှောင်ကြုတ်သွားပေမယ့် ချက်ချင်းအမူအရာပြောင်းလဲသွားကာ

"ကျန်းကော ဒီနေ့ အိမ်ကနေ ညီမကိုယ်တိုင်လုပ်လာတဲ့ lemony orzo chickpea စွပ်ပြုတ်လုပ်လာတယ်.." လို့ပြောလာချိန်မှာ လော့ရှန်ဟွာကတော့...

'ဟွန့်... ငါ့မျက်နှာကိုတောင် တံထွေးလာစင်သွားသလိုပဲ ဆင်ခေါင်ပဲစွပ်ပြုတ်ဆိုပြီးနေပြီကို... အရစ်ကလည်း'

[Moon: တစုံတစ်ယောက်​တော့ အူတိုနေပါလား...]

'ငါမဟုတ်ဘူး'

"ဒယ်ဒီက ပဲနဲ့ဓာတ်မတည့်ဘူး"လို့ လော့ရှန်ဟွာ ဝင်ပြောလိုက်တော့ ကျန်းယုဝေဟာ လော့ရှန်ဟွာကို စိုက်ကြည့်လာပြီး

"မဖြစ်နိုင်တာ ကျန်းကောက ဆင်ခေါင်ပဲကို ကြိုက်တယ်လို့ ..." သူမစကားပင် မဆုံးသေးဘူး ၊လော့ကျန်းပေ့ဟာ

"ဟုတ်တယ် ရှန်လေးပြောတာ မှန်တယ် "

"ဘာ...?" ကျန်းယုဝေဟာ သူမများနားကြားမှားသလားဆိုပြီး ဘာ တလုံး​တောင် ထွက်သွားသေးသည် ၊သူမသေချာစုံစမ်းပြီးမှ ချက်ပြုတ်လာခြင်းဖြစ်ပေမယ့် အခုလိုအငြင်းခံလိုက်ရတော့ အနည်းငယ် မကျေမနပ်ဖြစ်သွားတာတော့ အမှန်ပေ၊

"တောင်းပန်ပါတယ်ရှင်... ကျန်းကော ဘာကြိုက်လဲဟင်? နောက်ခါ ယုဝေ သေချာချက်ပြုတ်လာပေးပါမယ်" လို့ ပြောတော့ လော့ရှန်ဟွာရဲ့မျက်နှာဟာ မကျေမနပ်ဖြစ်သွားတော့သည်၊ဒါကို လော့ကျန်းပေ့မြင်တော့ စိတ်ထဲ ကြည်နူးသွားပေမယ့် ကျန်းယုဝေကိုတော့ အေးစက်စွာစိုက်ကြည့်ရင်း

"မင်းချက်တာမှန်သမျှ ငါနဲ့ဓာတ်မတည့်ဘူး" လို့ ပြောချလိုက်တော့သည်၊ဘေးနားရှိ လော့ကျန်းပေ့ဦးလေးနဲ့အဒေါ်ဟာလည်း သူ့တူဟာ ဒီမိန်းကလေးပေါ်စိတ်မဝင်စားသည်ကို မြင်တော့ မကျေမနပ်ဖြစ်သွားတော့သည်၊ ကျန်းဝေယုဆိုတာ သူတို့ကိုင်တွယ်ရလွယ်သည့်သူမျိုးဖြစ်သည် ၊လော့ကျန်းပေ့သာ ထိုအမျိုးသမီးနဲ့ယူရင် သူတို့ ခြယ်လှယ်ချင်သလို ခြယ်လှယ်လို့ရပြီး လော့ပင်မအိမ်တော်ရဲ့မျိုးဆက်တွေကိုလည်း သူတို့အေးဆေးကိုင်တွယ်နိုင်ပြီမလား၊ဒါပေမယ့် လော့ကျန်းပေ့ဟာ နည်းနည်းလေးတောင် စိတ်မဝင်စားလာသည်မြင်တော့ သူတို့ရဲ့မကျေနပ်ချက်တွေဟာ လော့ရှန်းဟွာဆီကို ရောက်သွားတော့သည်၊

'လော့ကျန်းပေ့သာ ဒီကလေးကို သေချာသင်ပေးရင် သူတို့သရဖူဆောင်းရမဲ့ချိန်က ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး'

-*-*-*-*-*-*-*-*-*-*-

စာရေးဆရာ...

လော့ရှန်ဟွာ: Lemony orzo chickpea စွပ်ပြုတ်က သောက်လို့ကောင်းမဲ့ပုံပဲ

လော့ကျန်းပေ့: သောက်ချင်ရင် စာဖိုမှူးကို လုပ်ခိုင်းလိုက်မယ်၊ အဲ့အမျိုးသမီးလုပ်ထားတဲ့စွပ်ပြုတ်ကို မသောက်နဲ့ သန့်လားမသိမသန့်လားမသိနဲ့

ကျန်းယုဝေ: ငါလေးရဲ့စွပ်ပြုတ်က အရမ်းကို သန့်ရှင်းလွန်းတယ်နော်!!!!

စာရေးဆရာ: စိတ်လျော့ စိတ်လျော့ထား... (ပြောမဲ့စကားတွေတောင် ဘယ်ကမ္ဘာကြွကုန်လဲ မသိတော့ဘူး)

Chapter-21 မျှော်

-*-*-*-*-*-
Chickpeas

Lemony Orzo chickpeas soup

Continue Reading

You'll Also Like

2.5K 260 10
Unicode ငါကသူ့ကိုကြိုက်တော့ သူကမကြိုက်ဘူး :(( ငါ့သူ့ကိုမကြိုက်တော့တာကိုကြပြန်တော့လည်းသူကမကြိုက်ဘူး:(( ဒီမကောင်းဆိုးဝါးကြီး ဘာဖြစ်ချင်နေတာလဲ ? တစ်ယောက...
1K 93 5
စကားပြောဂရုထဲမှာ ခင်မင်ကြတဲ့ ကျနော်ရဲ့ ဘော်ဒါ တစ်သိုက်ကို ဦးတည်၍ စေတနာ ဗလာပွဖြင့် လုပ်ကြံလိုက်သည်။
741K 8K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...