အပြာရောင်ဆွယ်တာလေး သူဆင်တော့
ချစ်ခြင်းမေတ္တာဟာ favourite colour ထဲမှာလို့
ငါရေရွတ်ဖြစ်ခဲ့သေးတယ်။
ကိုယ့်ရာသီမှာ မိုးတွေခြိမ်းတော့
အဲ့ဒီကောင်လေးကို အိမ်ထဲမှာပဲရှိနေစေချင်ပြန်ရော။
ကံတရားရေ ...
ပြန်ချစ်ပါ လို့မတောင်းဆိုပါဘူး
ငါကမချစ်တတ်ဘူး လို့ပြောခဲ့တဲ့အဲ့ဒီကောင်လေးကသာ
ဘယ်သူ့ကိုမှ မချစ်သွားပါစေနဲ့ပေါ့။
- Meldian -
* * * * *
ကံတရားရေ ...
- Meldian -