သောကမီးလျှံ

由 Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း 更多

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၁၇-၂)

1.3K 328 15
由 Ling____

သူတို့တင်လိုက်သောပို့စ်အောက်တွင် တစ်စုံတစ်ယောက်က မေးခွန်းတစ်ခုပေးပို့လာသည်။

“အဲဒီရောဂါလက္ခဏာတွေက လွန်ခဲ့တဲ့လ ဆယ်ရက်နေ့နောက်ပိုင်းမှာ ပေါ်လာတာလား?”

“ဒါက အကောင့်အသစ်ပဲ” ဖျင်ချန့်ရူက ပြောသည်။

“လွန်ခဲ့တဲ့လ ၁၀ ရက်နေ့…..အဲဒီရက်က ကျွန်မတို့ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရဆိုရင် ဟိုကောင်လေးကူးစက်ခံရတဲ့ရက်မဟုတ်လား?”

ရွှမ်းကျီးနှင့်မိစ္ဆာသခင်ကြီးတို့ကြားက ကာလတိုသဘောတူညီချက်ကပြီးဆုံးသွားပြီဖြစ်သည်။ သူ၏စိတ်အာရုံက ယာယီလွတ်မြောက်သွားပြီး သူ့ဦးနှောက်တစ်ခုလုံးမှာလည်း နောက်ဆုံးမှာတော့ ပုံမှန်အရှိန်နှုန်းဖြင့်ပြန်လည်လည်ပတ်လို့လာကာ သူ့အတွေးများကိုပြန်ရုပ်သိမ်းလိုက်သည်။

“သူဘယ်လိုသိတာလဲဆိုတာကို မေးကြည့်လိုက်”

ဖျင်ချန့်ရူက သူပြောသည့်အတိုင်း ချက်ချင်းပြန်ဖြေလိုက်သည်။ တစ်ဖက်လူက တခဏမျှစောင့်ဆိုင်းနေပြီးကာမှ သီးသန့်စာတိုတစ်စောင်ပြန်ပို့လာသည်။ ထိုသူက ပြန်မဖြေဘဲ နောက်ထပ်မေးခွန်းတစ်ခုကိုသာထပ်မေးလိုက်သည်။

“မင်းရဲ့ အဲဒီဆွေမျိုးက ဘယ်နေရာမှာနေတာလဲ?”

ရွှမ်းကျီးက သုံးချွမ်း၏မြေပုံကိုဆွဲထုတ်လိုက်ပြီး နေရာတစ်နေရာကိုထောက်ပြလိုက်သည်။ ဖျင်ချန့်ရူက ပြန်ဖြေလိုက်သည်။

“ရှောင်ပါ့မြောက်ပိုင်း”

ရွှမ်းကျီးတို့ပြောသော ‘ ဆွေမျိုး’ ဆိုသည့်လူမှာ သူတို့အကြံအဖန်လုပ်ထားသောလူတော့မဟုတ်ပေ__အမှန်တကယ်ရှိနေသည့်လူတစ်ယောက်၏ကိုယ်ပိုင်အချက်အလက်များကိုအသုံးပြုထားခြင်းဖြစ်သည်။ အနှီလူမှာ အိမ်ခြေရာမဲ့ကလေကချေသမားတစ်ယောက်ဖြစ်ပြီး လိပ်ပြာကူးစက်ခံရသောကောင်လေး၏အိမ်နားတွင်နေထိုင်သူဖြစ်သည်။ အဆိုပါ ဆန်ကုန်မြေလေးသမားမှာ တစ်ချိန်လုံးလတ်လျားလတ်လျားလျှောက်သွားနေပြီး ကလေးများကိုအနိုင်ကျင့်ကာ သူတို့၏မုန့်ဖိုးများကိုလုယက်တတ်သည်။ ထိုသူမှာ လိပ်ပြာကူးစက်ခံထားရသောကောင်လေးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ဖူး၏။ ဖြစ်နိုင်တာက ပိုက်ဆံများကိုလုယက်သည့်ပုံစံက ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့်ပုံစံပေါက်နေသောကြောင့်ပေလား၊ သို့မဟုတ် သူ့ခန္ဓာကိုယ်က ပြည့်ပြည့်ဖြိုးဖြိုးနှင့်ကျန်းမာသန်စွမ်းသည့်ပုံပေါက်နေသောကြောင့်လားမသိ၊ ၎င်းမှာ တံလျှပ်လိပ်ပြာများ၏လက်ခံကောင်အဖြစ်ရွေးချယ်ခြင်းခံလိုက်ရရှာပြီး ယခုအခါမှာတော့ DCO တွင် တိတ်တဆိတ် သီးသန့်ထိန်းသိမ်းထားခြင်းခံလိုက်ရရှာသည်။

တစ်ဖက်လူက သည်တစ်ကြိမ်မှာတော့ ခပ်သွက်သွက်စာပြန်လာသည်။

“သူက ရှောင်ပါ့မြောက်ပိုင်းသားတစ်ယောက်ပဲ။ ဒါဆိုရင် သူ ဒီကောင်လေးကိုသိလား?”

စာအောက်တွင်တွဲလျက်ပို့လိုက်သော ဓာတ်ပုံတစ်ပုံ။ သေချာပေါက်ကို လိပ်ပြာကူးစက်ခံရသည့်ကောင်လေးပုံဖြစ်သည်။

ဤသို့ဖြင့် နှစ်ဖက်စလုံးသည်ကား သတင်းအချက်အလက်များကို တစ်ဖက်နှင့်တစ်ဖက် အကြိမ်ပေါင်းများစွာအပြန်အလှန်ပေးပို့ခဲ့ကြလေသည်။ သူတို့ဘက်က အတုအယောင်လုပ်ထားသောလူ၏အချက်အလက်များအားလုံးကို တစ်ဖက်လူအား ‘ ရယူစုဆောင်း’ ခွင့်ပြုလိုက်ပြီးသည့်နောက်တွင်တော့ ရွှမ်းကျီးတို့ဘက်က အခြေခံအားဖြင့်ကောက်ချက်ချလို့ရသွားသည့်အချက်မှာ ထိုသူသည်ကား ကိစ္စတော်တော်များများကိုသိနေသော အတွင်းလူတစ်ယောက်ဖြစ်နေသည်ဆိုသည့်အချက်ပင်တည်း။ ဖြစ်နိုင်ချေများတာကတော့ တစ်ကြိမ်တစ်ခါမှ မျက်နှာထုတ်မပြခဲ့ဖူးသော ကျိချင်းချန်ဘက်မှ ဒလန်သမားတစ်ယောက်ဖြစ်နိုင်ပေသည်။

နောက်ဆုံးမှာတော့ တစ်ဖက်လူက ပြောလာသည်။

“ကျွန်တော် ဆရာကျိနဲ့လူချင်းသိတယ်။ သူက ဟိုတလောကပဲ ခရီးထွက်သွားတာမကြာသေးဘူးဆိုတော့ အခု ဒီမှာမရှိဘူး။ သူမသွားခင် ကျွန်တော့်ကို ပစ္စည်းတစ်ခုပေးသွားတယ်။ ကြည့်ရတာ သူနဲ့အထုံပါတဲ့လူတစ်ယောက်ယောက်က သူ့ကိုလာရှာပြီးအကူအညီတောင်းတော့မယ်ဆိုတာကိုကြိုသိနေတဲ့ပုံပဲ။ ကျွန်တော် သူ့ကိုယ်စား စမ်းလုပ်ကြည့်ပေးလို့တော့ရပါတယ်။ ဒါပေမယ့် အလုပ်ဖြစ်မယ်မဖြစ်ဘူးဆိုတာတော့အာမ,မခံနိုင်ဘူး၊ ခင်ဗျားတို့ဘက်က စိတ်ကိုတော့ ကြိုတင်ပြင်ဆင်ထားကြပါ”

ဖျင်ချန့်ရူက ချက်ချင်းဆိုသလို စာပြန်ရိုက်လိုက်သည်။

“ကျွန်တော်တို့ဘက်က ခင်ဗျားတောင်းသလောက်ပေးနိုင်ပါတယ်၊ လူကိုကယ်ဖို့နည်းလမ်းရရင်ပဲတော်ပါပြီ”

တစ်ဖက်က တခဏမျှတွေဝေတုံ့ဆိုင်းလို့သွားသည်။ ရွှမ်းကျီး၏ညွှန်ကြားချက်ကြောင့် ဖျင်ချန့်ရူက ထပ်ဖြည့်ပြောလိုက်သည်။

“ကျွန်တော်တို့ ခင်ဗျားကိုစရန်တစ်ဝက်ကြိုလွှဲပေးထားပါ့မယ်၊ အချိန်တန်ရင် အလုပ်ဖြစ်ဖြစ် မဖြစ်မဖြစ် ခင်ဗျားတစ်ပြားမှပြန်ပေးစရာမလိုပါဘူး။ ကျွန်တော်တို့ကို ဆရာကျိနဲ့သာ ဆက်သွယ်ပေးပါဗျာ”

ပိုက်ဆံနှင့်မျှားလိုက်သောအခါမှာတော့ တစ်ဖက်လူက မြန်မြန်ဆန်ဆန်ပင် စာပြန်လာသည်။ ဖျင်ချန့်ရူက အခကြေးငွေကိုသတ်မှတ်ပြီးသောအခါမှာတော့ တစ်ဖက်လူက သူတို့ပြောနေကြ ဆရာကြီးတစ်ယောက်၏လေသံဟန်ပန်မျိုးဖြင့်  တွေ့ဆုံရမည့်နေရာနှင့်အချိန်ကို ပြောလာသည်။

ရွှမ်းကျီး : “သွားကြစို့ !”

လေယာဉ်က တိမ်စိုင်တိမ်လွှာများအကြားထိုးခွင်းပျံသန်းသွားနေသည်။ လေယာဉ်၏အမြီးပိုင်းရှိ DCO အမှတ်တံဆိပ်ပေါ်သို့ လင်းလက်ဖြာကျလျက်ရှိသော နေရောင်ခြည်ကြောင့် အမှတ်တံဆိပ်မှာ ရွှေရောင်အနားသတ်များဖြင့်လင်းလက်လို့နေသည်__ဓားတစ်လက်ကို နွယ်ပင်နှစ်ပင်က တင်းကြပ်စွာရစ်ပတ်ချည်နှောင်ထားသောဒီဇိုင်းပုံစံဖြစ်သည်__တဝူးဝူးဆူညံနေသောအင်ဂျင်စက်သံများနှင့်အတူ လေယာဉ်က သုံးချွမ်းလေဆိပ်သို့ဆိုက်ရောက်လာသည်။

ဒေသခံကွင်းဆင်းဝန်ထမ်းများမှာ တံလျှပ်လိပ်ပြာကူးစက်ခံထားရဖွယ်ရှိသောကြောင့် သီးသန့်ခွဲခြားစောင့်ကြည့်ခြင်းခံနေရချိန်ဖြစ်သည်။ ကံကောင်းထောက်မစွာပင် သူတို့ဘက်က ကားတစ်စီးနှင့်ယာဉ်မောင်းတစ်ဦးကိုတော့လွှတ်ပေးလိုက်နိုင်သေးသည်။ သုံးချွမ်းသားများက ချမ်းသာကြွယ်ဝကြသူများဖြစ်သည်။ သူတို့ဆီမှ အများသုံးဘတ်စ်ကားများမှာ ချိယွမ်းတောင်ကြားထက် အဆင့်နှစ်ဆင့်လောက်ပိုမြင့်သည်။ ချိယွမ်းတောင်ကြားကတော့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနောက်ကျနေသေးသောဒေသတစ်ခုဖြစ်နေဆဲပင်။

ကားက လမ်းမပေါ်တွင်တရိပ်ရိပ်ပြေးနေသည်။ ဓားထဲ၌ရှိနေသော မိစ္ဆာအရှင်မင်းကြီးက လေကောင်းလေသန့်ရှူရှိုက်ရန်အပြင်ထွက်လာချင်ပုံရ၏။ ရွှမ်းကျီး၏အသိဉာဏ်ပင်လယ်ထဲတွင် ‘ဒင်’ ဟု မြည်သံတစ်ချက်ကြားလိုက်ရသည်။ သူက ချက်ချင်းပင် သူ့အတွေးများကိုစုစည်းလိုက်ပြီး အဆင်သင့်ပြင်ထားလိုက်သည်။

ရှန့်လင်ယွမ်းသည်ကား အသိစိတ်ရှိမနေသည့်တိုင် အတော်လေးကိုယဉ်ကျေးပျူငှာလှသူတစ်ဦးဖြစ်သည်။ သတ်သည့်ဖြတ်သည့်အခြေအနေမျိုးမရောက်သေးသရွေ့ကတော့ အဆိုပါမိစ္ဆာသခင်ကြီးသည်ကား သူတစ်ပါးအပေါ်ထားရှိသော သူ၏စာနာထောက်ထားမှုတို့ကို ဘယ်သောအခါမှ နှမြောတွန့်တိုခြင်းအလျဉ်းမရှိပါချေ။ ‘ တံခါးခေါက်’ ပြီးသည့်နောက်တွင်တော့ သူက ယဉ်ကျေးစွာပင် တခဏမျှစောင့်ဆိုင်းပေးနေသေးသည်။ ရွှမ်းကျီးကို ပြင်ဆင်ရန်အချိန်ပေးထားသည့်နှယ်။ များမကြာမီအချိန်အတွင်း၌ ရွှမ်းကျီး၏အသိဉာဏ်ပင်လယ်ထဲတွင် ခပ်သဲ့သဲ့ဆူညံများစတင်၍ပလုံစီထွက်ပေါ်လာသည်__အခြားသောအသိစိတ်အာရုံတစ်ခုက တရားရှုမှတ်နေသောအခြေအနေအတွင်းမှ ‘လန့်နိုး’ လာသည်။

ရှန့်လင်ယွမ်းသည်ကား ‘လေကောင်းလေသန့်ရှူ’ရန် ထွက်လာခြင်းမဟုတ်ပါချေ။ သူက ခဏတဖြုတ်လောက်ပဲဖြစ်ဖြစ် ငြိမ်ငြိမ်ထိုင်မနေနိုင်တာမျိူးမဟုတ်ပေ။ ကျွမ်းကျင်သူဆရာကြီးများအနေဖြင့် ဆယ်ရက်၊ ဆယ့်လေးရက်လောက် မစားမသောက်ဘဲ တံခါးပိတ်ကာ တရားကျင့်ကြံဖို့က အလွယ်လေးပင်ဖြစ်သည်။ သို့သော် သူတို့ တုံးချွမ်းကိုရောက်လာလျှင်ရောက်လာချင်းမှာပင် သူ၏အတွေးများက ဘာရယ်ကြောင့်မှန်းမသိ ယောက်ယက်ခတ်လို့လာတော့သည်။ သူ မည်မျှပင်ကြိုးစားပါစေ၊ သူ့စိတ်ကိုတည်ငြိမ်အောင်မထိန်းချုပ်နိုင်ပါချေ။

ဒီနေရာကို….အရင်တုန်းက ရောက်ခဲ့ဖူးတာများလား?

စဉ်းစားလို့မရဘူး…

သုံးချွမ်းသည်ကား မြို့ကြီးတစ်မြို့ဖြစ်သည်။ လမ်းများ၊ တံတားများဖြင့် ရှုပ်ထွေးပြည့်နှက်လို့နေကာ အထပ်မြင့်အဆောက်အအုံများမှာ သစ်တောအုပ်များထဲမှ သစ်ပင်ကြီးများသဖွယ် မြင့်မြင့်မားမားတည်ရှိလို့နေသည်။ ဆောင်းဦးရာသီ၏ဒုတိယမြောက်လသည်ကား ဒေသတွင်းခရီးသွားလာမှုအမြင့်ဆုံးအချိန်ဖြစ်သည်။ သို့ဖြစ်ရာ ယခုအချိန်တွင် ကားများက ရေစီးကြောင်းများသဖွယ် စီးဆင်းရွေ့လျားနေကြပြီး ခရီးသွားများက ဒီရေလှိုင်းလုံးများသဖွယ် တလိပ်လိပ်လူးလွန့်လှုပ်ရှားလို့နေသည်။ လမ်းတိုင်းလိုလိုက လူများ၊ ကားများဖြင့်ပြည့်သိပ်ကြပ်ညပ်လို့နေသည်။

သူတို့ကားသည်လည်း ယာဉ်ကြောအတိုင်း သွားလိုက်ရပ်လိုက်ဖြင့် တရွေ့ရွေ့ ရွေ့လျားလို့နေသည်။ မြို့တွင်းသို့ဝင်လာသောအချိန်၌ နေဝင်ရီတရောအချိန်ပင်ရောက်နေပြီဖြစ်သည်။ *ဆည်းဆာနီ ဟူသည့် ခရီးသွားဧည့်သည်အုပ်စုတစ်စုကိုတင်ဆောင်လာသော အလယ်အလတ်အရွယ်အစားရှိသည့် ဘတ်စ်ကားတစ်စီးက သူတို့၏ကားနှင့် ဘေးချင်းယှဉ်လျက်မောင်းနှင်လာသည့်အခိုက် ရှန့်လင်ယွမ်းက ကားပြတင်းပေါက်နားတွင်ထောင်ထားသော ဓားထဲမှတဆင့် ကားအပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။ လိမ္မော်ရောင်ဦးထုပ်ကလေးများကိုဆောင်းထားသော သက်လတ်ပိုင်းနှင့်သက်ကြီးပိုင်းအရွယ်ရှိလူကြီးများက တေးသီချင်းများကို ကျယ်လောင်စွာသံပြိုင်သီဆိုနေကြလေသည်။

“**ဘယ်သောအခါမှမကြောက်….ဘယ်သောအခါမှအရှုံးမပေး…ရဲရင့်စွာတိုက်ပွဲဝင်ကြမည်….ဖောက်ပြန်သောပါတီအဖွဲ့အစည်း ပျက်သုဉ်းသွားသည့်အချိန်ထိ !”

*ဆည်းဆာနီ ဆိုသည်မှာ လူကြီးများအတွက် စီစဉ်ဖွဲ့စည်းထားသော မည်သည့်လှုပ်ရှားမှုကိုမဆို ရည်ညွှန်းသောအသုံးအနှုန်းတစ်ခုဖြစ်သည်။

**ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ချီတေးမှ သီချင်းစာသားများဖြစ်သည်။

ရှန့်လင်ယွမ်း : “….”

ဒါက ဘယ်လိုသောက်ကျိုးနည်းနေရာကြီးလဲ? ဘာဖြစ်လို့ ဒီလောက်တောင် ဆူညံပွက်လောရိုက်နေရတာလဲ?

ဤသို့ဖြင့် နာရီဝက်ခန့်သွားပြီးသည့်နောက်မှာတော့ နောက်ဆုံး၌ လမ်းဆုံလမ်းခွတစ်ခုသို့ရောက်လာသည်။ ခရီးသွားဧည့်သည်များကိုတင်ဆောင်လာသောဘတ်စ်ကားက တစ်ဖက်သို့ကွေ့သွားသောအခါမှာတော့ ရှန့်လင်ယွမ်း၏မြင်ကွင်းက ရုတ်တရက် ကျယ်ပြန့်လို့သွားသည်။ သူ သုံးချွမ်း၏ဆင်ခြေဖုံးဒေသကိုမြင်လိုက်ရသည်။ အဝေးရှိတောင်စဉ်တောင်တန်အသွယ်သွယ်တို့မှာ နက်ပြာရောင်ခြယ်သထားသည့်နှယ်၊ တိမ်မျှင်များမှာလည်း လွင့်မျောရွေ့လျားနေခြင်းမရှိဘဲ အစိုင်အခဲကြီးတစ်ခုသဖွယ်ကျစ်လျစ်သိပ်သည်းစွာတည်ရှိနေသယောင်။ တောင်ခြေရှိ အိမ်ကလေးများဆီမှ မှိတ်တုတ်မှိတ်တုတ်မီးအလင်းရောင်များက တဖြည်းဖြည်းထွန်းလင်းတောက်ပလာသည်။ အဆိုပါအလင်းရောင်များမှာ တောင်၏တစ်ဝက်ခန့်အထိ တရှိန်ထိုး ထိုးတက်သွားပြီးနောက် မြူနှင်းမှုန်များအကြားပျော်ဝင်ပျောက်ကွယ်သွားရှာသည်။ 

ရွှမ်းကျီး၏နားထင်ကြောများက ရုတ်တရက် ထိုးကိုက်လာကာ ဓားထဲတွင်ရှိနေသော လူသားမိစ္ဆာ၏စိတ်အာရုံအတွင်း၌ မြင်ကွင်းတစ်ခုက ဖျတ်ခနဲပေါ်ပေါက်လာသည်__ဧရာမပန်းသစ်တော်ပင်ကြီးတစ်ပင်အောက်တွင်ဖြစ်သည်။ နှင်းပွင့်များသဖွယ် မြေပြင်ထက်သို့ တသောသောကြွေကျသက်ဆင်းလျက်ရှိနေသော ပွင့်ဖတ်ပွင့်ချပ်များအကြား ဝိုးတိုးဝါးတားမျက်နှာနှင့်ကလေးငယ်များက သစ်ပင်ပေါ်မှခုန်ဆင်းလို့လာကြသည်။ အဝေးတစ်နေရာမှ ဘာမှန်းနားမလည်သော တေးသီချင်းစာသားတချို့ ပျံ့လွင့်လာနေလျက်….

ထိုမြင်ကွင်းက တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားရှာသည်။ ရှန့်လင်ယွမ်းသည်ကား သူ့အတွေးများ အပြင်သို့ပေါက်ကြားသွားသည်ကိုသတိပြုမိသွားသောအခါမှာတော့ ချက်ချင်းဆိုသလိုပင် အာရုံပျံ့လွင့်မှုကိုပိတ်ဆို့တားဆီးရန် သူ့စိတ်ကိုပြန်လည်စုစည်းလိုက်သည်။ 

ဘာရယ်ကြောင့်မှန်းမသိ၊ ခုနတုန်းက တေးသီချင်း၏အဆက်ဖြစ်သော သံစဉ်တေးသွားတစ်ခုက ရွှမ်းကျီး၏စိတ်ထဲတွင်ပေါ်ထွက်လို့လာသည်။

ဓားထဲရှိ ရှန့်လင်ယွမ်းမှာ အံ့အားသင့်သွား၏။

“ဒီသီချင်းကို မင်း ဘယ်လိုလုပ်သိနေတာလဲ?”

“နားထဲမှာကြားဖူးနေလို့ပါ”

ရွှမ်းကျီးက သူ့မျက်နှာကို ကုတ်ခြစ်လိုက်၏။

“တစ်နေရာရာကနေ ကြားဖူးနေတာလားမသိဘူး….တချို့ကုန်စုံဆိုင်တွေက မျိုးနွယ်စုရိုးရာတေးသီချင်းတွေဖွင့်ရတာကြိုက်တယ်လေ….ဒါက ဘာပါလိမ့်?”

တစ်ဖက်တွင်မူ ရှန့်လင်ယွမ်းထံမှ အသံထွက်မလာတော့ပေ။ ၎င်းမှာ မမှတ်မိတော့ခြင်းလား၊ သို့မဟုတ် ပြန်မဖြေလိုသောကြောင့်လားမသိ။ ပြတင်းပေါက်အပြင်ဘက်ရှိမြင်ကွင်းများကိုသာ အာရုံစိုက်ကြည့်ရှုနေပုံရသောကြောင့် ရွှမ်းကျီးကလည်း သူ့အတွေးများကိုလွှတ်ပေးထားလိုက်လေတော့သည်။ ရွှမ်းကျီးကတော့ လူမှုရေးနားမလည်သူတစ်ယောက်လို အဆိုပါတေးသီချင်းကို သူ့ခေါင်းထဲတွင် ထပ်ခါတလဲလဲ လိုက်ဆိုနေတော့သည်။

သံသယတရားခံနှင့်ချိန်းဆိုထားသောနေရာသို့ရောက်သွားချိန်မှာတော့ ရွှမ်းကျီးမှာ ဦးနှောက်ဆေးခံလိုက်ရသည့်နှယ် သူ့ခေါင်းတစ်ခုလုံးတွင် အနှီနိုင်ငံခြားဘာသာစကားသီချင်းတစ်ပုဒ်သာကျန်ရစ်ခဲ့လေတော့သည်။

သူတို့ သံသယတရားခံနှင့်တွေ့ဆုံရန်အချိန်းအချက်လုပ်ထားသောနေရာသည်ကား လူပြတ်သော ပန်းခြံလေးတစ်ခုတွင်ဖြစ်သည်။ လောင်လော်က ဗန်ကားလေးတစ်စီးကိုမောင်းလာကာ မူလပို့စ်တင်သူအဖြစ်ဟန်ဆောင်ထား၏။ သူက ယန်ချောင်ကိုပါ ဆွဲခေါ်လာသည်။ ယန်ချောင်ခမျာ ငြင်းမရသည့်အဆုံးမှာတော့ ကံမကောင်းရှာသော ‘ သရဲအပူး’ခံရသည့် ကလေးတစ်ယောက်အဖြစ် ယာယီသရုပ်ဆောင်ရန်တာဝန်ပေးအပ်ခြင်းခံလိုက်ရရှာသည်။ ၎င်းမှာ အတွင်းသုံးလွှာ အပြင်သုံးလွှာထုပ်ပိုးထားသော ကောက်ညင်းထုပ်တစ်ထုပ်အလား၊ ကားနောက်ခန်းအတွင်းသို့ပစ်ထည့်ခံလိုက်ရှာ၏။ သရဲအပူးခံထားရသည့် သနားစရာကောင်းသော ကလေးတစ်ယောက်ပုံစံမျိုးပေါက်နေစေရန်အလို့ငှာ သူ့မျက်နှာပေါ်တွင်လည်း သွေးခြေဥနေသောဒဏ်ရာဒဏ်ချက်အတုများကို ဖန်တီးပုံဖော်ထားလိုက်ပြန်သည်။

ရွှမ်းကျီးက ဖျင်ချန့်ရူနှင့်အတူ အခြားကားတစ်စီးထဲတွင်ထိုင်စောင့်နေ၏။

ဖျင်ချန့်ရူမှာ စကားပြောရနိုးနိုး၊ မပြောရနိုးနိုးဖြင့် ရွှမ်းကျီးကို မသိမသာခိုးကြည့်လိုက်သည်။ သူမမှာ သူ့အကြောင်းကိုသေချာမသိသေးသလို မေးလည်းမမေးရဲရှာပေ__သူတို့ဌာနသို့ရောက်လာသော အနှီထူးဆန်းသည့်ဒါရိုက်တာသစ်သည်ကား ‘*ရှင်းဝမ်လျန်ပေါ’ ဟုအမည်ရသော ထိုနေ့ကရုပ်သံအစီအစဉ်တစ်ခုကို သူ့လပ်တော့ပ်ထဲ၌ ပြန်ဖွင့်ကြည့်နေ၏။ သူ့ပုံစံကိုကြည့်ရသည်မှာ တစ်ကြိမ်သာနားထောင်ခွင့်ရှိသော နားထောင်မှုစွမ်းရည်ကိုစစ်ဆေးသည့်စာမေးပွဲတစ်ခုကိုဖြေဆိုနေသည့်နှယ်၊ အလေးအနက်အာရုံစူးစိုက်ကာနားထောင်လို့နေသည်။ ရံဖန်ရံခါ စကားလုံးနှစ်လုံးသုံးလုံးကို ခပ်တိုးတိုးလိုက်ရွတ်နေကာ နိုင်ငံခြားသားတစ်ယောက်နေရာ၌ သရုပ်ဆောင်ရန်ပြင်ဆင်နေသလို။ 

*ရှင်းဝမ်လျန်ပေါ ဆိုသည်မှာ တရုတ်ပြည်၏ တရားဝင်အများသုံးဘာသာစကား (Mandarin)ကို ရှင်းလင်းပြတ်သားသော စံအသံထွက်ဖြင့်ထုတ်လွှင့်ပေးသော ရုပ်သံအစီအစဉ်တစ်ခုဖြစ်သည်။

ဖျင်ချန့်ရူ၏ဘဝတစ်လျှောက်လုံးတွင်အကြောက်ဆုံးအရာမှာ အခြားသူများက သူ့ကိုကြည့်လာသောအကြည့်များပင်ဖြစ်သည်။ မူလတန်းတတိယနှစ်နောက်ပိုင်းမှစ၍ သူမသည်ကား အတန်းထဲတွင်စာဖြေချိန်၌ လက်ထောင်ရန်ကိုပင် သတ္တိမရှိတော့ပေ။ သို့ဖြစ်ရာ ဤကဲ့သို့ ‘ငါးစာချသည့်စစ်ဆင်ရေး’ များအတွင်း၌ သူမဘက်က နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့တို့ကိုသာပေးနိုင်ရှာသည်။ သူမ ကြောက်နေသည့်အရာမှာ ဒါရိုက်တာရွှမ်းက သူ့အလိုအလျောက် နောက်ထပ်ဇာတ်ဝင်ခန်းအနည်းငယ်ထပ်ထည့်လိုက်ကာ ဤစစ်ဆင်ရေး၌ သူမကို ဧည့်သည်သရုပ်ဆောင်နေရာက ဝင်ပါခိုင်းမည်ကိုပင်။

စကားပြောစက်ထဲမှ ရုတ်တရက် တရှဲရှဲအသံများထွက်ပေါ်လာသည်။ လော်ချွေ့ချွေ့က အစီရင်ခံလာ၏။

“ဒါရိုက်တာ…လူတစ်ယောက်လာနေပြီ”

ရွှမ်းကျီးက သူ့လပ်တော့ပ်ကို ‘ဘတ်’ ခနဲပိတ်လိုက်သည်။ သူ၏ညဘက်အမြင်အာရုံက အတော့်ကိုအားကောင်းလှပြီး သက်လတ်ပိုင်းအရွယ် မုတ်ဆိတ်နှင့်လူတစ်ယောက်ကို အဝေးကြီးကတည်းကလှမ်းမြင်နေရပြီဖြစ်သည်။ ထိုသူမှာ ခါးကိုကိုင်းထားရင်းပင် ခြေလှမ်းများက အားနည်းချိနဲ့နေကာ မျက်နှာပေါ်တွင်ချူချာသောအငွေ့အသက်များက နင့်နဲသိပ်သည်းစွာဖုံးလွှမ်းထားလျက်ရှိသည်။ ၎င်းမှာ တစ်ဖက်တွင် သတိကြီးစွာထားရင်း တစ်ဖက်တွင်လည်း ကြောက်ရွံ့ထိတ်လန့်နေဟန်အမူအရာမျိုးဖြင့် ချိန်းဆိုထားသည့်နေရာသို့ ကုပ်ချောင်းကုပ်ချောင်းလျှောက်လာနေ၏။ 

ရေဒီယိုမှတဆင့် အများသုံးဘာသာစကားကိုသင်ယူနေသော ရှန့်လင်ယွမ်းခမျာ စာသင်နေတုန်းကြားဖြတ်ခံလိုက်ရရှာပြီးနောက် ‘ဟင်’ ဟု အသံတစ်ချက်ပြုလိုက်၏။

“တော်တော်ပြင်းတဲ့ သွေးနံ့ပါလား”

“ဘာအဓိပ္ပာယ်လဲ?” ရွှမ်းကျီးက မေးသည်။ 

“ဒီကောင်က အရင်တုန်းက လူသတ်ခဲ့ဖူးတာလား?”

“မဟုတ်ဘူး”

ရှန့်လင်ယွမ်းက ကားပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ခဏလောက်လှမ်းကြည့်လိုက်သည်။ 

“သူက အဲဒါကို တစ်နေရာရာကနေ ရလာတာ”

လော်ချွေ့ချွေ့က ကားပေါ်မှဆင်းသွားသည်။ သူက မုတ်ဆိတ်နှင့်လူကိုနှုတ်ဆက်လိုက်ပြီး တစ်ခုခုပြောနေသည်။

လောင်လော်၏မျက်နှာသည်ကား အမြဲတစေ စူပုတ်ပုတ်အောက်သိုးသိုးဖြစ်နေသောမျက်နှာပုံစံမျိုးဖြစ်နေလေရာ သားကောင်၏မိသားစုဝင်တစ်ဦးအဖြစ်သရုပ်ဆောင်ရန် လုံးဝကိုအံဝင်ခွင်ကျဖြစ်လို့နေတော့သည်။ မုတ်ဆိတ်နှင့်လူက သူ့ကို တခဏမျှ အကဲခတ်ကြည့်ရှုလိုက်ပြီးသော် ချိတုံချတုံဖြစ်စွာ ခေါင်းညိတ်ပြလာသည်။ ထိုသူက သူတို့ဘေးနားရှိ ဗန်ကားလေးကိုလက်ညှိုးထိုးပြလိုက်သည်။ ကားထဲ၌ရှိနေသည့် သရဲအပူးခံထားရသည်ဆိုသောလူကို ကြည့်ချင်သည်ဆိုသည့်အဓိပ္ပာယ်ပင်။

လောင်လော်က ကားနောက်ခန်းတံခါးကို ခပ်သွက်သွက်ဆွဲဖွင့်ကာ ယန်ချောင်ကိုထုတ်ပြလိုက်သည်။

ဗန်ကားထဲတွင် အလင်းရောင်မှိန်ဖျော့ဖျော့သာရှိသည်။ ယန်ချောင်၏ဟန်ပန်အမူအရာမှာ အတော်လေးကိုအံဝင်ခွင်ကျရှိလှသည်။ သူ့ဦးခေါင်းထိပ်တွင် မကျေမနပ်ဖြစ်နေသောအရိပ်အသက်များက ခပ်ရေးရေးထွက်ပေါ်နေသယောင်။ သူ့ပုံစံက အမှန်တကယ်ကိုပင် ‘သရဲဝင်ပူးခံ’ထားရသူတစ်ယောက်လို။ သို့သော် ကားတံခါးဖွင့်လိုက်သောအခါတွင်မူ မုတ်ဆိတ်နှင့်လူမှာ ကားထဲသို့တစ်ချက်လေးတောင်မကြည့်ဘဲ နောက်သို့ခြေတစ်လှမ်းဆုတ်သွားသည်ကို ရွှမ်းကျီးသတိထားမိသွားသည်။

ခဏလေး….

ဘာများမူမမှန်တာရှိလို့လဲ။ သူ သတိထားမိသွားပြီ!

ရွှမ်းကျီးက ဆုံးဖြတ်ချက်မြန်မြန်ချလိုက်သည်။

“သူ့ကိုဖမ်း!”

လောင်လော်က ရွှမ်းကျီးကိုတုံ့ပြန်လိုက်ပြီး မုတ်ဆိတ်နှင့်လူ၏လက်မောင်းကို လှမ်းဆွဲထားလိုက်သည်။

“ဆရာကြီး….ဘယ်သွားမလို့လဲ? မသွားပါနဲ့ဦး!”

မုတ်ဆိတ်နှင့်လူက သူ့ကို အားပြင်းပြင်းဖြင့်တွန်းထုတ်လိုက်ပြီး နောက်လှည့်ပြေးရန်ပြင်လိုက်စဉ်မှာပင် ခပ်မြန်မြန်ကြီးထွားလာသောနွယ်ပင်များက သူ့ခြေကျင်းဝတ်ကိုရစ်ပတ်လိုက်သောကြောင့် ခလုတ်တိုက်လဲကျသွားရှာ၏။ သူက ဒယီးဒယိုင်ဖြင့်ပြန်ကုန်းထမလာနိုင်သေးခင်မှာပင် ရွှမ်းကျီးက သူ့ပြေးလမ်းကိုရှေ့ကပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။ ထိုအခိုက် မုတ်ဆိတ်နှင့်လူ၏နောက်ကျောဘက်၌ ဧရာမတွင်းနက်ကြီးတစ်ခု ရုတ်တရက်ပေါ်ထွက်လာကာ ထိုအထဲမှနေ၍ အရိုးလက်သည်းစွယ်ပေါင်းများစွာ ဆန့်ထွက်လို့လာသည်။ တစ်ခုက မုတ်ဆိတ်နှင့်လူ၏လည်ပင်းကို ဖျစ်ညှစ်လိုက်ကာ ကျန်အရိုးများက ရွှမ်းကျီးထံသို့ဦးတည်လို့လာနေသည်။ ရွှမ်းကျီးက လက်ကိုမြှောက်လိုက်ကာ မီးတောက်များဖြင့်လင်းလက်တောက်ပနေသော သူ၏လေးလံသောဓားကိုပင့်မြှောက်ကိုင်လိုက်၏။ ဓားသွားက အရိုးချောင်းများနှင့် ထိရိုက်မိသွားသောအခါမှာတော့ သွားကျိန်းစရာကောင်းလှသော ခပ်ဖျော့ဖျော့အသံတစ်သံထွက်ပေါ်လို့လာသည်။ 

အဆိုပါအရိုးလက်သည်းစွယ်များသည်ကား မည်သို့သောမိစ္ဆာပစ္စည်းများဖြစ်ကြသည်မသိ။ ဓားသွားနှင့်ထိမိလျှင်ထိမိချင်းမှာပင် အသက်ရှူကြပ်လောက်ဖွယ်သွေးနံ့များက စူးခနဲပျံ့လွင့်လို့လာပြီး လေးလံသောဓားပေါ်ရှိ မီးတောက်များက အမည်းရောင်သို့ပြောင်းလဲသွားလေတော့သည်။

အန္တရာယ်နှင့်ကြုံတွေ့လာသောအခါတွင် စိတ်ထားအစစ်အမှန်များပေါ်ထွက်လာစမြဲပင်တည်း။ ထိုမျက်စိတမှိတ်စာအချိန်လေးအတွင်းမှာပင် နူးညံ့သိမ်မွေ့ကာ သူတစ်ပါးအပေါ်ထောက်ထားညှာတာတတ်သော ရွှမ်းကျီးနှင့် ကြင်နာသနားတတ်သောနှလုံးသားပိုင်ရှင် ရှန့်လင်ယွမ်းတို့နှစ်ဦးသည်ကား သူတို့နှစ်ယောက်ကြားက ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်ကို စိတ်တူကိုယ်တူပင် တစ်ပြိုင်နက်တည်း ဆုတ်ဖြဲလိုက်ကြလေတော့သည်။

ရွှမ်းကျီးက တွေးလိုက်သည်။

“ဒီအခွင့်အရေးကို အသုံးချပြီး ဓားထဲက မိစ္ဆာကောင်ကိုသတ်ပစ်လို့ရတာပဲ”

ရှန့်လင်ယွမ်းက တွေးလိုက်သည်။

“ဒီကောင်စုတ်လေး ဒီလိုနဲ့သေသွားရင်လည်း အေးတာပဲ”

ရွှမ်းကျီးက ဘာကိုမှဂရုစိုက်မနေတော့ဘဲ လေးလံသောဓားကို အရိုးလက်သည်းစွယ်များကြားထဲသို့ ထိုးသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဓား၏ကျန်အစွန်းတစ်ဖက်က သူ့လက်ထဲတွင်ကပ်နေသလိုခံစားလိုက်ရပြီး သွေးညှီနံ့များက သူ့ထံသို့ တမဟုတ်ချင်းစီးကူးလို့လာနေသည်။ အမည်းရောင်မီးတောက်များက လမ်းကြောင်းပြောင်းသွားကာ သူ့ထံသို့ တဟုန်ထိုးတန်ပြန်တိုက်ခိုက်လာတော့သည်….

ဤလူနှစ်ဦး၏မဟာမိတ်ဖွဲ့မှုသည်ကား တကယ့်ကိုအပေါစားဆန်လှပြီး ပလတ်စတစ်ကဲ့သို့ ကျိုးဆတ်ပျက်စီးလွယ်လွန်းလှသည်။

9.6.21

🔥🔥🔥🔥🔥🔥

Zawgyi

သူတို႔တင္လိုက္ေသာပို႔စ္ေအာက္တြင္ တစ္စုံတစ္ေယာက္က ေမးခြန္းတစ္ခုေပးပို႔လာသည္။

“အဲဒီေရာဂါလကၡဏာေတြက လြန္ခဲ့တဲ့လ ဆယ္ရက္ေန႕ေနာက္ပိုင္းမွာ ေပၚလာတာလား?”

“ဒါက အေကာင့္အသစ္ပဲ” ဖ်င္ခ်န႔္႐ူက ေျပာသည္။

“လြန္ခဲ့တဲ့လ ၁၀ ရက္ေန႕…..အဲဒီရက္က ကြၽန္မတို႔ရဲ႕ ခန႔္မွန္းတြက္ခ်က္မႈေတြအရဆိုရင္ ဟိုေကာင္ေလးကူးစက္ခံရတဲ့ရက္မဟုတ္လား?”

႐ႊမ္းက်ီးႏွင့္မိစာၦသခင္ႀကီးတို႔ၾကားက ကာလတိုသေဘာတူညီခ်က္ကၿပီးဆုံးသြားၿပီျဖစ္သည္။ သူ၏စိတ္အာ႐ုံက ယာယီလြတ္ေျမာက္သြားၿပီး သူ႕ဦးေႏွာက္တစ္ခုလုံးမွာလည္း ေနာက္ဆုံးမွာေတာ့ ပုံမွန္အရွိန္ႏႈန္းျဖင့္ျပန္လည္လည္ပတ္လို႔လာကာ သူ႕အေတြးမ်ားကိုျပန္႐ုပ္သိမ္းလိုက္သည္။

“သူဘယ္လိုသိတာလဲဆိုတာကို ေမးၾကည့္လိုက္”

ဖ်င္ခ်န႔္႐ူက သူေျပာသည့္အတိုင္း ခ်က္ခ်င္းျပန္ေျဖလိုက္သည္။ တစ္ဖက္လူက တခဏမွ်ေစာင့္ဆိုင္းေနၿပီးကာမွ သီးသန႔္စာတိုတစ္ေစာင္ျပန္ပို႔လာသည္။ ထိုသူက ျပန္မေျဖဘဲ ေနာက္ထပ္ေမးခြန္းတစ္ခုကိုသာထပ္ေမးလိုက္သည္။

“မင္းရဲ႕ အဲဒီေဆြမ်ိဳးက ဘယ္ေနရာမွာေနတာလဲ?”

႐ႊမ္းက်ီးက တုံးခြၽမ္း၏ေျမပုံကိုဆြဲထုတ္လိုက္ၿပီး ေနရာတစ္ေနရာကိုေထာက္ျပလိုက္သည္။ ဖ်င္ခ်န႔္႐ူက ျပန္ေျဖလိုက္သည္။

“ေရွာင္ပါ့ေျမာက္ပိုင္း”

႐ႊမ္းက်ီးတို႔ေျပာေသာ ‘ ေဆြမ်ိဳး’ ဆိုသည့္လူမွာ သူတို႔အႀကံအဖန္လုပ္ထားေသာလူေတာ့မဟုတ္ေပ__အမွန္တကယ္ရွိေနသည့္လူတစ္ေယာက္၏ကိုယ္ပိုင္အခ်က္အလက္မ်ားကိုအသုံးျပဳထားျခင္းျဖစ္သည္။ အႏွီလူမွာ အိမ္ေျခရာမဲ့ကေလကေခ်သမားတစ္ေယာက္ျဖစ္ၿပီး လိပ္ျပာကူးစက္ခံရေသာေကာင္ေလး၏အိမ္နားတြင္ေနထိုင္သူျဖစ္သည္။ အဆိုပါ ဆန္ကုန္ေျမေလးသမားမွာ တစ္ခ်ိန္လုံးလတ္လ်ားလတ္လ်ားေလွ်ာက္သြားေနၿပီး ကေလးမ်ားကိုအနိုင္က်င့္ကာ သူတို႔၏မုန႔္ဖိုးမ်ားကိုလုယက္တတ္သည္။ ထိုသူမွာ လိပ္ျပာကူးစက္ခံထားရေသာေကာင္ေလးႏွင့္ ခိုက္ရန္ျဖစ္ပြားခဲ့ဖူး၏။ ျဖစ္နိုင္တာက ပိုက္ဆံမ်ားကိုလုယက္သည့္ပုံစံက ရဲစြမ္းသတၱိႏွင့္ျပည့္စုံသည့္ပုံစံေပါက္ေနေသာေၾကာင့္ေပလား၊ သို႔မဟုတ္ သူ႕ခႏၶာကိုယ္က ျပည့္ျပည့္ၿဖိဳးၿဖိဳးႏွင့္က်န္းမာသန္စြမ္းသည့္ပုံေပါက္ေနေသာေၾကာင့္လားမသိ၊ ၎မွာ တံလွ်ပ္လိပ္ျပာမ်ား၏လက္ခံေကာင္အျဖစ္ေ႐ြးခ်ယ္ျခင္းခံလိုက္ရရွာၿပီး ယခုအခါမွာေတာ့ DCO တြင္ တိတ္တဆိတ္ သီးသန႔္ထိန္းသိမ္းထားျခင္းခံလိုက္ရရွာသည္။

တစ္ဖက္လူက သည္တစ္ႀကိမ္မွာေတာ့ ခပ္သြက္သြက္စာျပန္လာသည္။

“သူက ေရွာင္ပါ့ေျမာက္ပိုင္းသားတစ္ေယာက္ပဲ။ ဒါဆိုရင္ သူ ဒီေကာင္ေလးကိုသိလား?”

စာေအာက္တြင္တြဲလ်က္ပို႔လိုက္ေသာ ဓာတ္ပုံတစ္ပုံ။ ေသခ်ာေပါက္ကို လိပ္ျပာကူးစက္ခံရသည့္ေကာင္ေလးပုံျဖစ္သည္။

ဤသို႔ျဖင့္ ႏွစ္ဖက္စလုံးသည္ကား သတင္းအခ်က္အလက္မ်ားကို တစ္ဖက္ႏွင့္တစ္ဖက္ အႀကိမ္ေပါင္းမ်ားစြာအျပန္အလွန္ေပးပို႔ခဲ့ၾကေလသည္။ သူတို႔ဘက္က အတုအေယာင္လုပ္ထားေသာလူ၏အခ်က္အလက္မ်ားအားလုံးကို တစ္ဖက္လူအား ‘ ရယူစုေဆာင္း’ ခြင့္ျပဳလိုက္ၿပီးသည့္ေနာက္တြင္ေတာ့ ႐ႊမ္းက်ီးတို႔ဘက္က အေျခခံအားျဖင့္ေကာက္ခ်က္ခ်လိဳ႕ရသြားသည့္အခ်က္မွာ ထိုသူသည္ကား ကိစၥေတာ္ေတာ္မ်ားမ်ားကိုသိေနေသာ အတြင္းလူတစ္ေယာက္ျဖစ္ေနသည္ဆိုသည့္အခ်က္ပင္တည္း။ ျဖစ္နိုင္ေခ်မ်ားတာကေတာ့ တစ္ႀကိမ္တစ္ခါမွ မ်က္ႏွာထုတ္မျပခဲ့ဖူးေသာ က်ိခ်င္းခ်န္ဘက္မွ ဒလန္သမားတစ္ေယာက္ျဖစ္နိုင္ေပသည္။

ေနာက္ဆုံးမွာေတာ့ တစ္ဖက္လူက ေျပာလာသည္။

“ကြၽန္ေတာ္ ဆရာက်ိနဲ႕လူခ်င္းသိတယ္။ သူက ဟိုတေလာကပဲ ခရီးထြက္သြားတာမၾကာေသးဘူးဆိုေတာ့ အခု ဒီမွာမရွိဘူး။ သူမသြားခင္ ကြၽန္ေတာ့္ကို ပစၥည္းတစ္ခုေပးသြားတယ္။ ၾကည့္ရတာ သူနဲ႕အထုံပါတဲ့လူတစ္ေယာက္ေယာက္က သူ႕ကိုလာရွာၿပီးအကူအညီေတာင္းေတာ့မယ္ဆိုတာကိုႀကိဳသိေနတဲ့ပုံပဲ။ ကြၽန္ေတာ္ သူ႕ကိုယ္စား စမ္းလုပ္ၾကည့္ေပးလို႔ေတာ့ရပါတယ္။ ဒါေပမယ့္ အလုပ္ျဖစ္မယ္မျဖစ္ဘူးဆိုတာေတာ့အာမ,မခံနိုင္ဘူး၊ ခင္ဗ်ားတို႔ဘက္က စိတ္ကိုေတာ့ ႀကိဳတင္ျပင္ဆင္ထားၾကပါ”

ဖ်င္ခ်န႔္႐ူက ခ်က္ခ်င္းဆိုသလို စာျပန္ရိုက္လိုက္သည္။

“ကြၽန္ေတာ္တို႔ဘက္က ခင္ဗ်ားေတာင္းသေလာက္ေပးနိုင္ပါတယ္၊ လူကိုကယ္ဖို႔နည္းလမ္းရရင္ပဲေတာ္ပါၿပီ”

တစ္ဖက္က တခဏမွ်ေတြေဝတုံ႕ဆိုင္းလို႔သြားသည္။ ႐ႊမ္းက်ီး၏ၫႊန္ၾကားခ်က္ေၾကာင့္ ဖ်င္ခ်န႔္႐ူက ထပ္ျဖည့္ေျပာလိုက္သည္။

“ကြၽန္ေတာ္တို႔ ခင္ဗ်ားကိုစရန္တစ္ဝက္ႀကိဳလႊဲေပးထားပါ့မယ္၊ အခ်ိန္တန္ရင္ အလုပ္ျဖစ္ျဖစ္ မျဖစ္မျဖစ္ ခင္ဗ်ားတစ္ျပားမွျပန္ေပးစရာမလိုပါဘူး။ ကြၽန္ေတာ္တို႔ကို ဆရာက်ိနဲ႕သာ ဆက္သြယ္ေပးပါဗ်ာ”

ပိုက္ဆံႏွင့္မွ်ားလိုက္ေသာအခါမွာေတာ့ တစ္ဖက္လူက ျမန္ျမန္ဆန္ဆန္ပင္ စာျပန္လာသည္။ ဖ်င္ခ်န႔္႐ူက အခေၾကးေငြကိုသတ္မွတ္ၿပီးေသာအခါမွာေတာ့ တစ္ဖက္လူက သူတို႔ေျပာေနၾက ဆရာႀကီးတစ္ေယာက္၏ေလသံဟန္ပန္မ်ိဳးျဖင့္  ေတြ႕ဆုံရမည့္ေနရာႏွင့္အခ်ိန္ကို ေျပာလာသည္။

႐ႊမ္းက်ီး : “သြားၾကစို႔ !”

ေလယာဥ္က တိမ္စိုင္တိမ္လႊာမ်ားအၾကားထိုးခြင္းပ်ံသန္းသြားေနသည္။ ေလယာဥ္၏အၿမီးပိုင္းရွိ DCO အမွတ္တံဆိပ္ေပၚသို႔ လင္းလက္ျဖာက်လ်က္ရွိေသာ ေနေရာင္ျခည္ေၾကာင့္ အမွတ္တံဆိပ္မွာ ေ႐ႊေရာင္အနားသတ္မ်ားျဖင့္လင္းလက္လို႔ေနသည္__ဓားတစ္လက္ကို ႏြယ္ပင္ႏွစ္ပင္က တင္းၾကပ္စြာရစ္ပတ္ခ်ည္ေႏွာင္ထားေသာဒီဇိုင္းပုံစံျဖစ္သည္__တဝူးဝူးဆူညံေနေသာအင္ဂ်င္စက္သံမ်ားႏွင့္အတူ ေလယာဥ္က တုံးခြၽမ္းေလဆိပ္သို႔ဆိုက္ေရာက္လာသည္။

ေဒသခံကြင္းဆင္းဝန္ထမ္းမ်ားမွာ တံလွ်ပ္လိပ္ျပာကူးစက္ခံထားရဖြယ္ရွိေသာေၾကာင့္ သီးသန႔္ခြဲျခားေစာင့္ၾကည့္ျခင္းခံေနရခ်ိန္ျဖစ္သည္။ ကံေကာင္းေထာက္မစြာပင္ သူတို႔ဘက္က ကားတစ္စီးႏွင့္ယာဥ္ေမာင္းတစ္ဦးကိုေတာ့လႊတ္ေပးလိုက္နိုင္ေသးသည္။ တုံးခြၽမ္းသားမ်ားက ခ်မ္းသာႂကြယ္ဝၾကသူမ်ားျဖစ္သည္။ သူတို႔ဆီမွ အမ်ားသုံးဘတ္စ္ကားမ်ားမွာ ခ်ိယြမ္းေတာင္ၾကားထက္ အဆင့္ႏွစ္ဆင့္ေလာက္ပိုျမင့္သည္။ ခ်ိယြမ္းေတာင္ၾကားကေတာ့ စီးပြားေရးတိုးတက္ဖြံ႕ၿဖိဳးမႈေနာက္က်ေနေသးေသာေဒသတစ္ခုျဖစ္ေနဆဲပင္။

ကားက လမ္းမေပၚတြင္တရိပ္ရိပ္ေျပးေနသည္။ ဓားထဲ၌ရွိေနေသာ မိစာၦအရွင္မင္းႀကီးက ေလေကာင္းေလသန႔္ရႉရွိုက္ရန္အျပင္ထြက္လာခ်င္ပုံရ၏။ ႐ႊမ္းက်ီး၏အသိဉာဏ္ပင္လယ္ထဲတြင္ ‘ဒင္’ ဟု ျမည္သံတစ္ခ်က္ၾကားလိုက္ရသည္။ သူက ခ်က္ခ်င္းပင္ သူ႕အေတြးမ်ားကိုစုစည္းလိုက္ၿပီး အဆင္သင့္ျပင္ထားလိုက္သည္။

ရွန႔္လင္ယြမ္းသည္ကား အသိစိတ္ရွိမေနသည့္တိုင္ အေတာ္ေလးကိုယဥ္ေက်းပ်ဴငွာလွသူတစ္ဦးျဖစ္သည္။ သတ္သည့္ျဖတ္သည့္အေျခအေနမ်ိဳးမေရာက္ေသးသေ႐ြ႕ကေတာ့ အဆိုပါမိစာၦသခင္ႀကီးသည္ကား သူတစ္ပါးအေပၚထားရွိေသာ သူ၏စာနာေထာက္ထားမႈတို႔ကို ဘယ္ေသာအခါမွ ႏွေျမာတြန႔္တိုျခင္းအလ်ဥ္းမရွိပါေခ်။ ‘ တံခါးေခါက္’ ၿပီးသည့္ေနာက္တြင္ေတာ့ သူက ယဥ္ေက်းစြာပင္ တခဏမွ်ေစာင့္ဆိုင္းေပးေနေသးသည္။ ႐ႊမ္းက်ီးကို ျပင္ဆင္ရန္အခ်ိန္ေပးထားသည့္ႏွယ္။ မ်ားမၾကာမီအခ်ိန္အတြင္း၌ ႐ႊမ္းက်ီး၏အသိဉာဏ္ပင္လယ္ထဲတြင္ ခပ္သဲ့သဲ့ဆူညံမ်ားစတင္၍ပလုံစီထြက္ေပၚလာသည္__အျခားေသာအသိစိတ္အာ႐ုံတစ္ခုက တရားရႈမွတ္ေနေသာအေျခအေနအတြင္းမွ ‘လန႔္နိုး’ လာသည္။

ရွန႔္လင္ယြမ္းသည္ကား ‘ေလေကာင္းေလသန႔္ရႉ’ရန္ ထြက္လာျခင္းမဟုတ္ပါေခ်။ သူက ခဏတျဖဳတ္ေလာက္ပဲျဖစ္ျဖစ္ ၿငိမ္ၿငိမ္ထိုင္မေနနိုင္တာမ်ိဴးမဟုတ္ေပ။ ကြၽမ္းက်င္သူဆရာႀကီးမ်ားအေနျဖင့္ ဆယ္ရက္၊ ဆယ့္ေလးရက္ေလာက္ မစားမေသာက္ဘဲ တံခါးပိတ္ကာ တရားက်င့္ႀကံဖို႔က အလြယ္ေလးပင္ျဖစ္သည္။ သို႔ေသာ္ သူတို႔ တုံးခြၽမ္းကိုေရာက္လာလွ်င္ေရာက္လာခ်င္းမွာပင္ သူ၏အေတြးမ်ားက ဘာရယ္ေၾကာင့္မွန္းမသိ ေယာက္ယက္ခတ္လို႔လာေတာ့သည္။ သူ မည္မွ်ပင္ႀကိဳးစားပါေစ၊ သူ႕စိတ္ကိုတည္ၿငိမ္ေအာင္မထိန္းခ်ဳပ္နိုင္ပါေခ်။

ဒီေနရာကို….အရင္တုန္းက ေရာက္ခဲ့ဖူးတာမ်ားလား?

စဥ္းစားလို႔မရဘူး…

တုံးခြၽမ္းသည္ကား ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္သည္။ လမ္းမ်ား၊ တံတားမ်ားျဖင့္ ရႈပ္ေထြးျပည့္ႏွက္လို႔ေနကာ အထပ္ျမင့္အေဆာက္အအုံမ်ားမွာ သစ္ေတာအုပ္မ်ားထဲမွ သစ္ပင္ႀကီးမ်ားသဖြယ္ ျမင့္ျမင့္မားမားတည္ရွိလို႔ေနသည္။ ေဆာင္းဦးရာသီ၏ဒုတိယေျမာက္လသည္ကား ေဒသတြင္းခရီးသြားလာမႈအျမင့္ဆုံးအခ်ိန္ျဖစ္သည္။ သို႔ျဖစ္ရာ ယခုအခ်ိန္တြင္ ကားမ်ားက ေရစီးေၾကာင္းမ်ားသဖြယ္ စီးဆင္းေ႐ြ႕လ်ားေနၾကၿပီး ခရီးသြားမ်ားက ဒီေရလွိုင္းလုံးမ်ားသဖြယ္ တလိပ္လိပ္လူးလြန႔္လႈပ္ရွားလို႔ေနသည္။ လမ္းတိုင္းလိုလိုက လူမ်ား၊ ကားမ်ားျဖင့္ျပည့္သိပ္ၾကပ္ညပ္လို႔ေနသည္။

သူတို႔ကားသည္လည္း ယာဥ္ေၾကာအတိုင္း သြားလိုက္ရပ္လိုက္ျဖင့္ တေ႐ြ႕ေ႐ြ႕ ေ႐ြ႕လ်ားလို႔ေနသည္။ ၿမိဳ႕တြင္းသို႔ဝင္လာေသာအခ်ိန္၌ ေနဝင္ရီတေရာအခ်ိန္ပင္ေရာက္ေနၿပီျဖစ္သည္။ *ဆည္းဆာနီ ဟူသည့္ ခရီးသြားဧည့္သည္အုပ္စုတစ္စုကိုတင္ေဆာင္လာေသာ အလယ္အလတ္အ႐ြယ္အစားရွိသည့္ ဘတ္စ္ကားတစ္စီးက သူတို႔၏ကားႏွင့္ ေဘးခ်င္းယွဥ္လ်က္ေမာင္းႏွင္လာသည့္အခိုက္ ရွန႔္လင္ယြမ္းက ကားျပတင္းေပါက္နားတြင္ေထာင္ထားေသာ ဓားထဲမွတဆင့္ ကားအျပင္ဘက္သို႔လွမ္းၾကည့္လိုက္သည္။ လိေမၼာ္ေရာင္ဦးထုပ္ကေလးမ်ားကိုေဆာင္းထားေသာ သက္လတ္ပိုင္းႏွင့္သက္ႀကီးပိုင္းအ႐ြယ္ရွိလူႀကီးမ်ားက ေတးသီခ်င္းမ်ားကို က်ယ္ေလာင္စြာသံၿပိဳင္သီဆိုေနၾကေလသည္။

“**ဘယ္ေသာအခါမွမေၾကာက္….ဘယ္ေသာအခါမွအရႈံးမေပး…ရဲရင့္စြာတိုက္ပြဲဝင္ၾကမည္….ေဖာက္ျပန္ေသာပါတီအဖြဲ႕အစည္း ပ်က္သုဥ္းသြားသည့္အခ်ိန္ထိ !”

*ဆည္းဆာနီ ဆိုသည္မွာ လူႀကီးမ်ားအတြက္ စီစဥ္ဖြဲ႕စည္းထားေသာ မည္သည့္လႈပ္ရွားမႈကိုမဆို ရည္ၫႊန္းေသာအသုံးအႏႈန္းတစ္ခုျဖစ္သည္။

**ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္၏ စစ္ခ်ီေတးမွ သီခ်င္းစာသားမ်ားျဖစ္သည္။

ရွန႔္လင္ယြမ္း : “….”

ဒါက ဘယ္လိုေသာက္က်ိဳးနည္းေနရာႀကီးလဲ? ဘာျဖစ္လို႔ ဒီေလာက္ေတာင္ ဆူညံပြက္ေလာရိုက္ေနရတာလဲ?

ဤသို႔ျဖင့္ နာရီဝက္ခန႔္သြားၿပီးသည့္ေနာက္မွာေတာ့ ေနာက္ဆုံး၌ လမ္းဆုံလမ္းခြတစ္ခုသို႔ေရာက္လာသည္။ ခရီးသြားဧည့္သည္မ်ားကိုတင္ေဆာင္လာေသာဘတ္စ္ကားက တစ္ဖက္သို႔ေကြ႕သြားေသာအခါမွာေတာ့ ရွန႔္လင္ယြမ္း၏ျမင္ကြင္းက ႐ုတ္တရက္ က်ယ္ျပန႔္လို႔သြားသည္။ သူ တုံးခြၽမ္း၏ဆင္ေျခဖုံးေဒသကိုျမင္လိုက္ရသည္။ အေဝးရွိေတာင္စဥ္ေတာင္တန္အသြယ္သြယ္တို႔မွာ နက္ျပာေရာင္ျခယ္သထားသည့္ႏွယ္၊ တိမ္မွ်င္မ်ားမွာလည္း လြင့္ေမ်ာေ႐ြ႕လ်ားေနျခင္းမရွိဘဲ အစိုင္အခဲႀကီးတစ္ခုသဖြယ္က်စ္လ်စ္သိပ္သည္းစြာတည္ရွိေနသေယာင္။ ေတာင္ေျခရွိ အိမ္ကေလးမ်ားဆီမွ မွိတ္တုတ္မွိတ္တုတ္မီးအလင္းေရာင္မ်ားက တျဖည္းျဖည္းထြန္းလင္းေတာက္ပလာသည္။ အဆိုပါအလင္းေရာင္မ်ားမွာ ေတာင္၏တစ္ဝက္ခန႔္အထိ တရွိန္ထိုး ထိုးတက္သြားၿပီးေနာက္ ျမဴႏွင္းမႈန္မ်ားအၾကားေပ်ာ္ဝင္ေပ်ာက္ကြယ္သြားရွာသည္။ 

႐ႊမ္းက်ီး၏နားထင္ေၾကာမ်ားက ႐ုတ္တရက္ ထိုးကိုက္လာကာ ဓားထဲတြင္ရွိေနေသာ လူသားမိစာၦ၏စိတ္အာ႐ုံအတြင္း၌ ျမင္ကြင္းတစ္ခုက ဖ်တ္ခနဲေပၚေပါက္လာသည္__ဧရာမပန္းသစ္ေတာ္ပင္ႀကီးတစ္ပင္ေအာက္တြင္ျဖစ္သည္။ ႏွင္းပြင့္မ်ားသဖြယ္ ေျမျပင္ထက္သို႔ တေသာေသာေႂကြက်သက္ဆင္းလ်က္ရွိေနေသာ ပြင့္ဖတ္ပြင့္ခ်ပ္မ်ားအၾကား ဝိုးတိုးဝါးတားမ်က္ႏွာႏွင့္ကေလးငယ္မ်ားက သစ္ပင္ေပၚမွခုန္ဆင္းလို႔လာၾကသည္။ အေဝးတစ္ေနရာမွ ဘာမွန္းနားမလည္ေသာ ေတးသီခ်င္းစာသားတခ်ိဳ႕ ပ်ံ့လြင့္လာေနလ်က္….

ထိုျမင္ကြင္းက တစ္ခဏအတြင္းမွာပင္ ေပ်ာက္ကြယ္သြားရွာသည္။ ရွန႔္လင္ယြမ္းသည္ကား သူ႕အေတြးမ်ား အျပင္သို႔ေပါက္ၾကားသြားသည္ကိုသတိျပဳမိသြားေသာအခါမွာေတာ့ ခ်က္ခ်င္းဆိုသလိုပင္ အာ႐ုံပ်ံ့လြင့္မႈကိုပိတ္ဆို႔တားဆီးရန္ သူ႕စိတ္ကိုျပန္လည္စုစည္းလိုက္သည္။ 

ဘာရယ္ေၾကာင့္မွန္းမသိ၊ ခုနတုန္းက ေတးသီခ်င္း၏အဆက္ျဖစ္ေသာ သံစဥ္ေတးသြားတစ္ခုက ႐ႊမ္းက်ီး၏စိတ္ထဲတြင္ေပၚထြက္လို႔လာသည္။

ဓားထဲရွိ ရွန႔္လင္ယြမ္းမွာ အံ့အားသင့္သြား၏။

“ဒီသီခ်င္းကို မင္း ဘယ္လိုလုပ္သိေနတာလဲ?”

“နားထဲမွာၾကားဖူးေနလို႔ပါ”

႐ႊမ္းက်ီးက သူ႕မ်က္ႏွာကို ကုတ္ျခစ္လိုက္၏။

“တစ္ေနရာရာကေန ၾကားဖူးေနတာလားမသိဘူး….တခ်ိဳ႕ကုန္စုံဆိုင္ေတြက မ်ိဳးႏြယ္စုရိုးရာေတးသီခ်င္းေတြဖြင့္ရတာႀကိဳက္တယ္ေလ….ဒါက ဘာပါလိမ့္?”

တစ္ဖက္တြင္မူ ရွန႔္လင္ယြမ္းထံမွ အသံထြက္မလာေတာ့ေပ။ ၎မွာ မမွတ္မိေတာ့ျခင္းလား၊ သို႔မဟုတ္ ျပန္မေျဖလိုေသာေၾကာင့္လားမသိ။ ျပတင္းေပါက္အျပင္ဘက္ရွိျမင္ကြင္းမ်ားကိုသာ အာ႐ုံစိုက္ၾကည့္ရႈေနပုံရေသာေၾကာင့္ ႐ႊမ္းက်ီးကလည္း သူ႕အေတြးမ်ားကိုလႊတ္ေပးထားလိုက္ေလေတာ့သည္။ ႐ႊမ္းက်ီးကေတာ့ လူမႈေရးနားမလည္သူတစ္ေယာက္လို အဆိုပါေတးသီခ်င္းကို သူ႕ေခါင္းထဲတြင္ ထပ္ခါတလဲလဲ လိုက္ဆိုေနေတာ့သည္။

သံသယတရားခံႏွင့္ခ်ိန္းဆိုထားေသာေနရာသို႔ေရာက္သြားခ်ိန္မွာေတာ့ ႐ႊမ္းက်ီးမွာ ဦးေႏွာက္ေဆးခံလိုက္ရသည့္ႏွယ္ သူ႕ေခါင္းတစ္ခုလုံးတြင္ အႏွီနိုင္ငံျခားဘာသာစကားသီခ်င္းတစ္ပုဒ္သာက်န္ရစ္ခဲ့ေလေတာ့သည္။

သူတို႔ သံသယတရားခံႏွင့္ေတြ႕ဆုံရန္အခ်ိန္းအခ်က္လုပ္ထားေသာေနရာသည္ကား လူျပတ္ေသာ ပန္းၿခံေလးတစ္ခုတြင္ျဖစ္သည္။ ေလာင္ေလာ္က ဗန္ကားေလးတစ္စီးကိုေမာင္းလာကာ မူလပို႔စ္တင္သူအျဖစ္ဟန္ေဆာင္ထား၏။ သူက ယန္ေခ်ာင္ကိုပါ ဆြဲေခၚလာသည္။ ယန္ေခ်ာင္ခမ်ာ ျငင္းမရသည့္အဆုံးမွာေတာ့ ကံမေကာင္းရွာေသာ ‘ သရဲအပူး’ခံရသည့္ ကေလးတစ္ေယာက္အျဖစ္ ယာယီသ႐ုပ္ေဆာင္ရန္တာဝန္ေပးအပ္ျခင္းခံလိုက္ရရွာသည္။ ၎မွာ အတြင္းသုံးလႊာ အျပင္သုံးလႊာထုပ္ပိုးထားေသာ ေကာက္ညင္းထုပ္တစ္ထုပ္အလား၊ ကားေနာက္ခန္းအတြင္းသို႔ပစ္ထည့္ခံလိုက္ရွာ၏။ သရဲအပူးခံထားရသည့္ သနားစရာေကာင္းေသာ ကေလးတစ္ေယာက္ပုံစံမ်ိဳးေပါက္ေနေစရန္အလို႔ငွာ သူ႕မ်က္ႏွာေပၚတြင္လည္း ေသြးေျခဥေနေသာဒဏ္ရာဒဏ္ခ်က္အတုမ်ားကို ဖန္တီးပုံေဖာ္ထားလိုက္ျပန္သည္။

႐ႊမ္းက်ီးက ဖ်င္ခ်န႔္႐ူႏွင့္အတူ အျခားကားတစ္စီးထဲတြင္ထိုင္ေစာင့္ေန၏။

ဖ်င္ခ်န႔္႐ူမွာ စကားေျပာရနိုးနိုး၊ မေျပာရနိုးနိုးျဖင့္ ႐ႊမ္းက်ီးကို မသိမသာခိုးၾကည့္လိုက္သည္။ သူမမွာ သူ႕အေၾကာင္းကိုေသခ်ာမသိေသးသလို ေမးလည္းမေမးရဲရွာေပ__သူတို႔ဌာနသို႔ေရာက္လာေသာ အႏွီထူးဆန္းသည့္ဒါရိုက္တာသစ္သည္ကား ‘*ရွင္းဝမ္လ်န္ေပါ’ ဟုအမည္ရေသာ ထိုေန႕က႐ုပ္သံအစီအစဥ္တစ္ခုကို သူ႕လပ္ေတာ့ပ္ထဲ၌ ျပန္ဖြင့္ၾကည့္ေန၏။ သူ႕ပုံစံကိုၾကည့္ရသည္မွာ တစ္ႀကိမ္သာနားေထာင္ခြင့္ရွိေသာ နားေထာင္မႈစြမ္းရည္ကိုစစ္ေဆးသည့္စာေမးပြဲတစ္ခုကိုေျဖဆိုေနသည့္ႏွယ္၊ အေလးအနက္အာ႐ုံစူးစိုက္ကာနားေထာင္လို႔ေနသည္။ ရံဖန္ရံခါ စကားလုံးႏွစ္လုံးသုံးလုံးကို ခပ္တိုးတိုးလိုက္႐ြတ္ေနကာ နိုင္ငံျခားသားတစ္ေယာက္ေနရာ၌ သ႐ုပ္ေဆာင္ရန္ျပင္ဆင္ေနသလို။ 

*ရွင္းဝမ္လ်န္ေပါ ဆိုသည္မွာ တ႐ုတ္ျပည္၏ တရားဝင္အမ်ားသုံးဘာသာစကား (Mandarin)ကို ရွင္းလင္းျပတ္သားေသာ စံအသံထြက္ျဖင့္ထုတ္လႊင့္ေပးေသာ ႐ုပ္သံအစီအစဥ္တစ္ခုျဖစ္သည္။

ဖ်င္ခ်န႔္႐ူ၏ဘဝတစ္ေလွ်ာက္လုံးတြင္အေၾကာက္ဆုံးအရာမွာ အျခားသူမ်ားက သူ႕ကိုၾကည့္လာေသာအၾကည့္မ်ားပင္ျဖစ္သည္။ မူလတန္းတတိယႏွစ္ေနာက္ပိုင္းမွစ၍ သူမသည္ကား အတန္းထဲတြင္စာေျဖခ်ိန္၌ လက္ေထာင္ရန္ကိုပင္ သတၱိမရွိေတာ့ေပ။ သို႔ျဖစ္ရာ ဤကဲ့သို႔ ‘ငါးစာခ်သည့္စစ္ဆင္ေရး’ မ်ားအတြင္း၌ သူမဘက္က နည္းပညာပိုင္းဆိုင္ရာအေထာက္အပံ့တို႔ကိုသာေပးနိုင္ရွာသည္။ သူမ ေၾကာက္ေနသည့္အရာမွာ ဒါရိုက္တာ႐ႊမ္းက သူ႕အလိုအေလ်ာက္ ေနာက္ထပ္ဇာတ္ဝင္ခန္းအနည္းငယ္ထပ္ထည့္လိုက္ကာ ဤစစ္ဆင္ေရး၌ သူမကို ဧည့္သည္သ႐ုပ္ေဆာင္ေနရာက ဝင္ပါခိုင္းမည္ကိုပင္။

စကားေျပာစက္ထဲမွ ႐ုတ္တရက္ တရွဲရွဲအသံမ်ားထြက္ေပၚလာသည္။ ေလာ္ေခြၽ႕ေခြၽ႕က အစီရင္ခံလာ၏။

“ဒါရိုက္တာ…လူတစ္ေယာက္လာေနၿပီ”

႐ႊမ္းက်ီးက သူ႕လပ္ေတာ့ပ္ကို ‘ဘတ္’ ခနဲပိတ္လိုက္သည္။ သူ၏ညဘက္အျမင္အာ႐ုံက အေတာ့္ကိုအားေကာင္းလွၿပီး သက္လတ္ပိုင္းအ႐ြယ္ မုတ္ဆိတ္ႏွင့္လူတစ္ေယာက္ကို အေဝးႀကီးကတည္းကလွမ္းျမင္ေနရၿပီျဖစ္သည္။ ထိုသူမွာ ခါးကိုကိုင္းထားရင္းပင္ ေျခလွမ္းမ်ားက အားနည္းခ်ိနဲ႕ေနကာ မ်က္ႏွာေပၚတြင္ခ်ဴခ်ာေသာအေငြ႕အသက္မ်ားက နင့္နဲသိပ္သည္းစြာဖုံးလႊမ္းထားလ်က္ရွိသည္။ ၎မွာ တစ္ဖက္တြင္ သတိႀကီးစြာထားရင္း တစ္ဖက္တြင္လည္း ေၾကာက္႐ြံ႕ထိတ္လန႔္ေနဟန္အမူအရာမ်ိဳးျဖင့္ ခ်ိန္းဆိုထားသည့္ေနရာသို႔ ကုပ္ေခ်ာင္းကုပ္ေခ်ာင္းေလွ်ာက္လာေန၏။ 

ေရဒီယိုမွတဆင့္ အမ်ားသုံးဘာသာစကားကိုသင္ယူေနေသာ ရွန႔္လင္ယြမ္းခမ်ာ စာသင္ေနတုန္းၾကားျဖတ္ခံလိုက္ရရွာၿပီးေနာက္ ‘ဟင္’ ဟု အသံတစ္ခ်က္ျပဳလိုက္၏။

“ေတာ္ေတာ္ျပင္းတဲ့ ေသြးနံ႕ပါလား”

“ဘာအဓိပၸာယ္လဲ?” ႐ႊမ္းက်ီးက ေမးသည္။ 

“ဒီေကာင္က အရင္တုန္းက လူသတ္ခဲ့ဖူးတာလား?”

“မဟုတ္ဘူး”

ရွန႔္လင္ယြမ္းက ကားျပတင္းေပါက္မွတဆင့္ အျပင္ဘက္သို႔ ခဏေလာက္လွမ္းၾကည့္လိုက္သည္။ 

“သူက အဲဒါကို တစ္ေနရာရာကေန ရလာတာ”

ေလာ္ေခြၽ႕ေခြၽ႕က ကားေပၚမွဆင္းသြားသည္။ သူက မုတ္ဆိတ္ႏွင့္လူကိုႏႈတ္ဆက္လိုက္ၿပီး တစ္ခုခုေျပာေနသည္။

ေလာင္ေလာ္၏မ်က္ႏွာသည္ကား အၿမဲတေစ စူပုတ္ပုတ္ေအာက္သိုးသိုးျဖစ္ေနေသာမ်က္ႏွာပုံစံမ်ိဳးျဖစ္ေနေလရာ သားေကာင္၏မိသားစုဝင္တစ္ဦးအျဖစ္သ႐ုပ္ေဆာင္ရန္ လုံးဝကိုအံဝင္ခြင္က်ျဖစ္လို႔ေနေတာ့သည္။ မုတ္ဆိတ္ႏွင့္လူက သူ႕ကို တခဏမွ် အကဲခတ္ၾကည့္ရႈလိုက္ၿပီးေသာ္ ခ်ိတုံခ်တဳံျဖစ္စြာ ေခါင္းညိတ္ျပလာသည္။ ထိုသူက သူတို႔ေဘးနားရွိ ဗန္ကားေလးကိုလက္ညွိုးထိုးျပလိုက္သည္။ ကားထဲ၌ရွိေနသည့္ သရဲအပူးခံထားရသည္ဆိုေသာလူကို ၾကည့္ခ်င္သည္ဆိုသည့္အဓိပၸာယ္ပင္။

ေလာင္ေလာ္က ကားေနာက္ခန္းတံခါးကို ခပ္သြက္သြက္ဆြဲဖြင့္ကာ ယန္ေခ်ာင္ကိုထုတ္ျပလိုက္သည္။

ဗန္ကားထဲတြင္ အလင္းေရာင္မွိန္ေဖ်ာ့ေဖ်ာ့သာရွိသည္။ ယန္ေခ်ာင္၏ဟန္ပန္အမူအရာမွာ အေတာ္ေလးကိုအံဝင္ခြင္က်ရွိလွသည္။ သူ႕ဦးေခါင္းထိပ္တြင္ မေက်မနပ္ျဖစ္ေနေသာအရိပ္အသက္မ်ားက ခပ္ေရးေရးထြက္ေပၚေနသေယာင္။ သူ႕ပုံစံက အမွန္တကယ္ကိုပင္ ‘သရဲဝင္ပူးခံ’ထားရသူတစ္ေယာက္လို။ သို႔ေသာ္ ကားတံခါးဖြင့္လိုက္ေသာအခါတြင္မူ မုတ္ဆိတ္ႏွင့္လူမွာ ကားထဲသို႔တစ္ခ်က္ေလးေတာင္မၾကည့္ဘဲ ေနာက္သို႔ေျခတစ္လွမ္းဆုတ္သြားသည္ကို ႐ႊမ္းက်ီးသတိထားမိသြားသည္။

ခဏေလး….

ဘာမ်ားမူမမွန္တာရွိလို႔လဲ။ သူ သတိထားမိသြားၿပီ!

႐ႊမ္းက်ီးက ဆုံးျဖတ္ခ်က္ျမန္ျမန္ခ်လိဳက္သည္။

“သူ႕ကိုဖမ္း!”

ေလာင္ေလာ္က ႐ႊမ္းက်ီးကိုတုံ႕ျပန္လိုက္ၿပီး မုတ္ဆိတ္ႏွင့္လူ၏လက္ေမာင္းကို လွမ္းဆြဲထားလိုက္သည္။

“ဆရာႀကီး….ဘယ္သြားမလို႔လဲ? မသြားပါနဲ႕ဦး!”

မုတ္ဆိတ္ႏွင့္လူက သူ႕ကို အားျပင္းျပင္းျဖင့္တြန္းထုတ္လိုက္ၿပီး ေနာက္လွည့္ေျပးရန္ျပင္လိုက္စဥ္မွာပင္ ခပ္ျမန္ျမန္ႀကီးထြားလာေသာႏြယ္ပင္မ်ားက သူ႕ေျခက်င္းဝတ္ကိုရစ္ပတ္လိုက္ေသာေၾကာင့္ ခလုတ္တိုက္လဲက်သြားရွာ၏။ သူက ဒယီးဒယိုင္ျဖင့္ျပန္ကုန္းထမလာနိုင္ေသးခင္မွာပင္ ႐ႊမ္းက်ီးက သူ႕ေျပးလမ္းကိုေရွ႕ကပိတ္ဆို႔ထားလိုက္ၿပီျဖစ္သည္။ ထိုအခိုက္ မုတ္ဆိတ္ႏွင့္လူ၏ေနာက္ေက်ာဘက္၌ ဧရာမတြင္းနက္ႀကီးတစ္ခု ႐ုတ္တရက္ေပၚထြက္လာကာ ထိုအထဲမွေန၍ အရိုးလက္သည္းစြယ္ေပါင္းမ်ားစြာ ဆန႔္ထြက္လို႔လာသည္။ တစ္ခုက မုတ္ဆိတ္ႏွင့္လူ၏လည္ပင္းကို ဖ်စ္ညွစ္လိုက္ကာ က်န္အရိုးမ်ားက ႐ႊမ္းက်ီးထံသို႔ဦးတည္လို႔လာေနသည္။ ႐ႊမ္းက်ီးက လက္ကိုျမႇောက္လိုက္ကာ မီးေတာက္မ်ားျဖင့္လင္းလက္ေတာက္ပေနေသာ သူ၏ေလးလံေသာဓားကိုပင့္ျမႇောက္ကိုင္လိုက္၏။ ဓားသြားက အရိုးေခ်ာင္းမ်ားႏွင့္ ထိရိုက္မိသြားေသာအခါမွာေတာ့ သြားက်ိန္းစရာေကာင္းလွေသာ ခပ္ေဖ်ာ့ေဖ်ာ့အသံတစ္သံထြက္ေပၚလို႔လာသည္။ 

အဆိုပါအရိုးလက္သည္းစြယ္မ်ားသည္ကား မည္သို႔ေသာမိစာၦပစၥည္းမ်ားျဖစ္ၾကသည္မသိ။ ဓားသြားႏွင့္ထိမိလွ်င္ထိမိခ်င္းမွာပင္ အသက္ရႉၾကပ္ေလာက္ဖြယ္ေသြးနံ႕မ်ားက စူးခနဲပ်ံ့လြင့္လို႔လာၿပီး ေလးလံေသာဓားေပၚရွိ မီးေတာက္မ်ားက အမည္းေရာင္သို႔ေျပာင္းလဲသြားေလေတာ့သည္။

အႏၲရာယ္ႏွင့္ႀကဳံေတြ႕လာေသာအခါတြင္ စိတ္ထားအစစ္အမွန္မ်ားေပၚထြက္လာစၿမဲပင္တည္း။ ထိုမ်က္စိတမွိတ္စာအခ်ိန္ေလးအတြင္းမွာပင္ ႏူးညံ့သိမ္ေမြ႕ကာ သူတစ္ပါးအေပၚေထာက္ထားညွာတာတတ္ေသာ ႐ႊမ္းက်ီးႏွင့္ ၾကင္နာသနားတတ္ေသာႏွလုံးသားပိုင္ရွင္ ရွန႔္လင္ယြမ္းတို႔ႏွစ္ဦးသည္ကား သူတို႔ႏွစ္ေယာက္ၾကားက ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္စာခ်ဳပ္ကို စိတ္တူကိုယ္တူပင္ တစ္ၿပိဳင္နက္တည္း ဆုတ္ၿဖဲလိုက္ၾကေလေတာ့သည္။

႐ႊမ္းက်ီးက ေတြးလိုက္သည္။

“ဒီအခြင့္အေရးကို အသုံးခ်ၿပီး ဓားထဲက မိစာၦေကာင္ကိုသတ္ပစ္လို႔ရတာပဲ”

ရွန႔္လင္ယြမ္းက ေတြးလိုက္သည္။

“ဒီေကာင္စုတ္ေလး ဒီလိုနဲ႕ေသသြားရင္လည္း ေအးတာပဲ”

႐ႊမ္းက်ီးက ဘာကိုမွဂ႐ုစိုက္မေနေတာ့ဘဲ ေလးလံေသာဓားကို အရိုးလက္သည္းစြယ္မ်ားၾကားထဲသို႔ ထိုးသြင္းလိုက္သည္။ တစ္ခ်ိန္တည္းမွာပင္ ဓား၏က်န္အစြန္းတစ္ဖက္က သူ႕လက္ထဲတြင္ကပ္ေနသလိုခံစားလိုက္ရၿပီး ေသြးညွီနံ႕မ်ားက သူ႕ထံသို႔ တမဟုတ္ခ်င္းစီးကူးလို႔လာေနသည္။ အမည္းေရာင္မီးေတာက္မ်ားက လမ္းေၾကာင္းေျပာင္းသြားကာ သူ႕ထံသို႔ တဟုန္ထိုးတန္ျပန္တိုက္ခိုက္လာေတာ့သည္….

ဤလူႏွစ္ဦး၏မဟာမိတ္ဖြဲ႕မႈသည္ကား တကယ့္ကိုအေပါစားဆန္လွၿပီး ပလတ္စတစ္ကဲ့သို႔ က်ိဳးဆတ္ပ်က္စီးလြယ္လြန္းလွသည္။

9.6.21

🔥🔥🔥🔥🔥🔥



继续阅读

You'll Also Like

3M 234K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
2.8M 395K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
228K 25.1K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
218K 19.8K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...