Empress Xiao

By Amarayoyo94

85.1K 6.9K 308

Start date...7.6.2021 More

Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Request
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao

Empress Xiao

3.9K 352 13
By Amarayoyo94

ရှောင်းကျန့်ကိုယ်ဝန်ရှိနေတဲ့သတင်းက သာမညောင်ညထုံပြည်ကိုရောက်ရှိလာခဲ့တယ်။ တစ်ဖက်မှာ ရှောင်းကျန့်ရဲ့မယ်တော်နဲ့ခမည်းတော်က ထိုကိစ္စအတွက်ရှက်ရွံ့နေပေမယ့် ရှန်ဘုရင်ရဲ့ရင်သွေးကိုလွယ်ထားရတာ သူတို့အတွက်တော့ သတင်းကောင်းပင်။ သမီးတော်မဟုတ်ဘဲ သားတော်တစ်ပါးဆီက သတင်းဖြစ်ပေမယ့်လို့ပေါ့။

ထုံဘုရင်က ညီလာခံမှာ ထိုသတင်းကိုကြားပြီးနောက်ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်။ ထုံပြည်ကသေးလွန်းပင် စည်ပင်ဝပြောတဲ့နိုင်ငံမျိုးမဟုတ်ချေ။ သူတို့တိုင်းပြည်မှာ တစ်နှစ်ပတ်လုံး ပြသနာတစ်ခုမဟုတ်တစ်ခုရှိနေတတ်ပြီး ရှောင်းကျန့်ရှိတုန်းကတော့ သူဟာဒီကိစ္စတွေတာဝန်ယူဖြေရှင်းနိုင်တဲ့ အရည်ချင်းရှိတဲ့မင်းသားတစ်ယောက်ပေ။
ရှောင်းကျန့် မရှိတော့ ထုံပြည်မှာထိုကိစ္စတွေကိုတာဝန်ယူဖြေရှင်းနိုင်လောက်တဲ့ အရည်ချင်းရှိသူတွေ သိပ်မပေါပေ။

ထုံဘုရင်ကအခုကိစ္စကိုအခွင့်ကောင်းယူပြီး ရှန်ပြည်ကိုသွားကာ ပြသနာတွေအတွက်အကူညီတောင်းချင်တယ်။ ဒါကြောင့် ထုံဘုရင်က ရှန်ပြည်ကိုသွားဖို့ သူ့ရဲ့အစ်မတော်နဲ့ခင်ပွန်းကိုစေလွှတ်လိုက်တယ်။

နွေဦးဟေမန်ဆောင်တွင်

ရှောင်းကျန့် ထုံပြည်ကပေးပို့လိုက်တဲ့ သဝဏ်လွှာကို ဖတ်ရင်းဒေါသတွေကို မျိုချနေရတယ်။ သူကကိုယ်ဝန်ဆောင်တစ်ယောက် ဒေါသထွက်လို့မဖြစ်ဘူး။ ကိုယ်မွေးထားတဲ့သားရဲ့ဖြစ်တည်မှုကိုရွံရှာနေကြလို့ သူတစ်ပါးဆီထိုးပေးလိုက်ပြီး အခုမှသူ့အပေါ်အမြတ်ထုတ်ချင်နေကြသည်။ အစ်မ သူ့အစ်မတော်ကသူ့အတွက်တော့ ဂြိုဟ်ဆိုးပင်။
ဒါတောင်သူက မိဖုရားအဆင့်ရာထူးတိုးလာတာတို့ အရှင်ရဲ့ဂရုစိုက်ခံဖြစ်နေတာတို့ကိုများ သိခဲ့ရင်ထိုထက်ဆိုးမည်ပင်။

ရှောင်းကျန့်ရဲ့ဒေါသကိုသတိထားမိတဲ့ ရိပေါ်က ကျောပြင်ကိုအသာပွတ်သပ်ရင်း ရင်ခွင်ထဲဆွဲသွင်းသည်။

"နာကြည်းနေတယ်မလား"

ရှောင်းကျန့် ခေါင်းညိမ့်ပြလိုက်မိသည်။

"အခုမင်းအလှည့်ရောက်ပြီလေ သူတို့ကိစ္စအားလုံးကိုမင်းစိတ်ကြိုက်စီစဥ်နိုင်တယ် ကိုယ်တော်မင်းကို အာဏာအပြည့်ပေးထားမယ်"

"အရှင်"

ရှောင်းကျန့် ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့မော့ကြည့်လိုက်သည်။

"ကိုယ်ရဲ့ကလေးလေးက ဒီလိုဖြစ်စေချင်မှတော့ ကိုယ်ကဘာလို့ ဖြည့်စည်းပေးနိုင်ရမှာလဲ"

ရိပေါ်ကရှောင်းကျန့်ရဲ့ ဗိုက်ကလေးကို အသာပွတ်သပ်ရင်းချော့ပြောသည်။

"ချစ်တယ် အရှင်"

"အင်း ကိုယ်တော်ရော"

ရှောင်းကျန့် မျက်ဝန်းအပြူးသားနဲ့မော့ကြည့်တော့ အရှင်ကမျက်ခွံလေးတွေကိုဖိကပ်နမ်းတယ်။
ရှောင်းကျန့် သိပါတယ် အရှင်ကသူ့ကိုထုတ်မပြောပေမယ့် အရှင်သူ့ကိုချစ်တာသူသိပါသည်။
သားတော်လေးက လာဘ်ကောင်လေပင်။
ရှောင်းကျန့် သူ့ဗိုက်လေးကိုပွတ်သပ်ရင်း စိတ်ထဲကနေပြောလိုက်သည်။

*ကျန်းကျန်းမာမာနဲ့မွေးဖွားလာရမယ်နော် ခမည်းတော်နဲ့ပါးပါးက အပြည့်ဝဆုံးချစ်ပေးမှာမို့*

နောက်ထပ်တစ်ပါတ်ကြာတဲ့အခါမှ ထုံပြည်သူ့အစ်မတော်နဲ့ခင်ပွန်း ရောက်ရှိလာကြသည်။

ရှောင်းရီက ခရီးတစ်လျောက်လုံးရှန်နန်းတော်က ဘယ်လိုဘယ်ပုံရှိမည်ဖြစ်ကြောင်း သူတို့ရှောင်းကျန့်ရဲ့အာဏာအချို့ကိုသုံး၍ဘယ်လိုမင်းမူမည်ဖြစ်ကြောင်း အရှက်ရစေတဲ့သူမရဲ့မောင်ကိုလည်းဘယ်လိုအသုံးချရမည်ဖြစ်ကြောင်း
တွေကိုစိတ်ကူးယဥ်ခဲ့ရသည်။

တကယ်တမ်းသူမရောက်လာတော့ အစေခံသုံးလေးယောက်သာလာရောက်ကြိုဆိုကြသည်။

"မင်းသမီးရောက်လာရင် အဆောင်တော်ဆီပို့ပေးဖို့ မှာကြားထားပါတယ်"

ရှောင်းရီကမျက်နှာကိုရှုံမဲ့လိုက်ပြီး

"ရှောင်း အဲ ကိုယ်လုပ်တော်ရှောင်းရော"

"အရှင့်ဆီမှာ ကိုယ်လုပ်တော်ရှောင်းဆိုတဲ့သူမရှိပါဘူး မိဖုရားရှောင်းပဲရှိပါတယ်"

"ဘာ မိ မိဖုရား"

"ဟုတ်ပါတယ်"

ရှောင်းရီ အံ့သြတကြီးဖြစ်သွားပြီး

"သူဘယ်မှာလဲ"

"မိဖုရားက စက်တော်ခေါ်နေပါတယ်"

"ဘာ သူကသူ့အစ်မတော်လာတာကိုတောင် လာမကြိုဘဲ အိပ်နေတယ်ပေါ့"

ရှောင်းရီရဲ့အသံကမာထန်လာတော့ အစေခံကမျက်မှောင်ကျုံ့ကာ

"အရှင်က မိဖုရားကိုအိပ်ရေးပျက်စေတဲ့သူတွေအပေါ် ပြင်းပြင်းထန်ထန်အပြစ်ပေးလေ့ရှိပါတယ် အကယ်လို့မင်းသမီးက လာစေချင်တယ်ဆိုလည်း "

"တော်တော့ မလိုတော့ဘူး အဆောင်ဆီပဲလိုက်ပို့တော့"

သူတို့ထွက်သွားတော့ အကွယ်ကနေ အရှင်နဲ့ကိုယ်ရံတော်တို့ထွက်လာကြသည်။

"သူတို့ကို ဘယ်လိုလုပ်စေချင်လဲ အရှင်"

"နေပါစေ မိဖုရားကကြည့်လုပ်လိမ့်မယ်"

"ဟုတ်ကဲ့"

မိဖုရားဆောင်တွင်တော့

ရှောင်းကျန့် အိပ်ယာကနေနိုးလာတော့ ယွီအာဆီကနေ ရှောင်းရီတို့အကြောင်းကိုကြားရလေသည်။

"အရှင်ရော"

"သိပ်မကြာခင်က ရောက်လာသေးတယ် မိဖုရားအိပ်နေလို့ ပြန်သွားပါတယ်"

"အင်းးးးးး"

ရှောင်းကျန့်က အပျင်းကြောဆွဲလိုက်ပြီး

"ဧည့်သည်တော်တွေဆီသွားကြတာပေါ့"

"ဟုတ်ကဲ့ အပြင်မှာအေးနေတာကြောင့် အပေါ်ဝတ်ရုံဝတ်သွားပါအုံး မိဖုရား"

"အင်း"

ရှောင်းကျန့်ကအခြွေရံတစ်သိုက်နဲ့ ရှောင်းရီတို့ရှိတဲ့အဆောင်တော်ဆီ ရောက်လာသည်။

"မိဖုရား ရောက်လာကြောင်းပါ မင်းသမီးရှောင်း"

ရှောင်းရီကပြေးထွက်လာပြီး ရှောင်းကျန့်ကိုတွေ့တော့ ဒေါသတကြီးအော်ပြောလိုက်သည်။

"ရှောင်းကျန့် နင် ငါတို့ကိုဘယ်လိုအဆောင်မှာထားတာလဲ ဟမ် နန်းတော်မှာ ဒီထက်ဆိုးတဲ့အဆောင်ရောရှိသေးရဲ့လား နင်က မိဖုရားဖြစ်နေပြီပဲ ငါ့ကိုပိုကောင်းတဲ့အဆောင်ဆီပြောင်းပေး"

ရှောင်းကျန့်က မျက်နှာတည်ထားပြီး

"နောက်သုံးရက်နေရင် နန်းတော်မှာ ပွဲတော်ရှိတယ် ဆယ်ပြည်ထောင်ကအထူးဧည့်သည်တွေလာမှာမို့ အဆောင်တွေမအားဘူး "

"ဘာ ဆယ်ပြည်ထောင်ကအထူးဧည့်သည်တွေ? ငါကလည်း ထုံပြည်ကမင်းသမီးလေ"

"အဟွန်း ထုံပြည်ကဘယ်လောက်တောင်ကြီးကျယ်မြင့်မြတ်နေလို့လဲ"

"ရှောင်းကျန့် နင်"

"မရိုင်းစိုင်းပါနဲ့ မင်းသမီး ဘယ်လိုပဲ မောင်နှမဖြစ်ပါစေ မိဖုရားက ရှန်ပြည်ရဲ့မိဖုရားဖြစ်နေပြီး အရှင့်ရဲ့ရင်သွေးကို လွယ်ထားရတဲ့သူပါ မရိုသေချင်နေပါ မရိုင်းပြပါနဲ့"

ယွီအာက မနေနိုင်စွာ ဝင်ပြောသည်။

"နင်က ဘာမို့လို့ အစေခံမများ"

"တော်တော့ ယွီအာက အစေခံမဟုတ်ဘူး အခြွေရံပါ ပြီးတော့ ဒီနေရာက ရှန်ပြည် ထုံပြည်မဟုတ်ဘူး ဒီကဘယ်သူ့ကိုမှအမိန့်ပေးလို့ရမယ်မထင်နဲ့ တစ်စုံတစ်ရာပြသနာဖြစ်လာရင် မကူပေးနိုင်ဘူး"

ရှောင်းရီရဲ့မျက်နှာကတဖြေးဖြေးမဲလာပြီး ဒေါသကိုမထိန်းနိုင်ဖြစ်လာရသည်။ သူ့ဘေးက သူ့ယော်ကျာ်းက ဝင်ထိန်းပြီး

"မင်းအစ်မက စိတ်ကြီးတာ သိတယ်မလား သူ့ကိုအရေးလုပ်မနေပါနဲ့ ကိုယ်ဝန်ရောအဆင်ပြေရဲ့လား"

"ပြေပါတယ် အကိုတော်"

တကယ်တော့ သူကလည်းယုံရတဲ့လူစားမျိုးမဟုတ်ပေ။ ရှောင်းရီကပေါ်တင်ယုတ်မာတတ်တဲ့သူမျိုးဆို သူကနောက်ကွယ်ကနေလုပ်ကြံတတ်တဲ့သူမျိုးပင်။

"အခြားမိဖုရားတွေနဲ့ရော အဆင်ပြေရဲ့လား"

ဒီစကားကအခြားသူတွေအဖို့ သာမန်ကာလျှံကာပေမယ့် သူတို့အကြောင်းကို နောကျေနေတဲ့သူ့အတွက်တော့ ဟိုးအဆုံးထိမြင်နေရပြီးဖြစ်သည်။

"နန်းတွင်းမှာ အရှင်နဲ့အဆင်ပြေဖို့ကလွဲလို့ တခြားဘာကိုမှဂရုမစိုက်နိုင်သေးဘူးလေ ကလေးကလည်းရှိသေးတော့"

"အင်းပေါ့"

ဒါကရှောင်းကျန့်ရဲ့ပထမဆုံး စိန်ခေါ်မှုပင်။ သူအရှင့်ကို ယုံကြည်ပြီး သူအကုန်လုံးကိုစိန်ခေါ်မယ်။ သူကအကြောက်တရားနဲ့မရှင်သန်တော့ဘူး။ ဒီနေ့ကစပြီး ရှောင်းကျန့်ကသန်မာအောင်နေတော့မှာ။ ကလေးအတွက်ပဲဖြစ်ဖြစ် သူဒီနန်းတော်ထဲမှာ ကြံ့ကြံ့ခိုင်နေနိုင်မှဖြစ်မှာပင်။

===================================
နောက်ပိုင်းတွေမှာ ကျန့်ကျန့်ကို မိဖုရားဆိုတာထက်ကြင်ယာတော်လို့ပြောင်းသုံးလို့အဆင်ပြေမလား
yoyoက ရာထူးကို ကိုယ်လုပ်တော် ကြင်ယာတော် မိဖုရားဆိုပြီး သုံးဆင့်ခွဲလိုက်တော့ ကြင်ယာတော်ဆိုရင် ရာထူးနိမ့်တယ်လို့ထင်နေကြမှာစိုးလို့ပါ။
မိဖုရားဆိုတာက မိန်းမဆန်ပြီး ကြင်ယာတော်ကကျ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်သုံးလို့အဆင်ပြေမယ်ထင်လို့ပါ။

ငပျင်းမလေး YoYo##











နွဦေးဟေမန်ဆောင်တွင်



"နာကြည်းနေတယ်မလား"



"အရှင်"




"ချစ်တယ် အရှင်"

"အင်း ကိုယ်တော်ရော"










"ဘာ မိ မိဖုရား"

"ဟုတ်ပါတယ်"


"သူဘယ်မှာလဲ"









"ဟုတ်ကဲ့"



"အရှင်ရော"


"အင်းးးးးး"




"အင်း"









"ရှောင်းကျန့် နင်"







"ပြေပါတယ် အကိုတော်"





"အင်းပေါ့"


===================================

ငပျင်းမလေး YoYo##

Continue Reading

You'll Also Like

127K 10.5K 165
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
135K 11.4K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
41.2K 3K 25
ʙᴏᴏɴ ᴛʜᴀᴛ ᴄʜᴀɴɢᴇꜱ ᴇᴠᴇʀʏᴛʜɪɴɢ ᴏʀ ᴡɪʟʟ ɪᴛ? ɪꜱ ɪᴛ ᴀ ʙᴏᴏɴ ᴏʀ ᴡɪʟʟ ɪᴛ ʙᴇᴄᴏᴍᴇ ᴀ ᴄᴜʀꜱᴇ? ᴡᴏᴜʟᴅ ᴛʜᴇ ᴄʜᴀɴɢᴇ ʙᴇ ɢᴏᴏᴅ ᴏʀ ɴᴏᴛ? ᴡɪʟʟ ᴛʜᴇ ᴛʜɪʀꜱᴛ ᴏꜰ ᴛʜᴇ ᴀɢᴏɴʏ ᴏꜰ ᴀ ᴍ...
85.8K 8.3K 106
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...