ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန...

נכתב על ידי hannawizard

58.1K 3.8K 45

Chongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြ... עוד

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_1
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_2
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_3
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_4
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_5
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_6
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_7
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်-9
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_10
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_11
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_12
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_13
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_14
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_15
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_16
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် _17
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_18
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_19
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_20
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_21
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_22
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် _Final Part
❣️ ကျေးဇူးတင်လွှာ ❣️

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_8

1.7K 147 0
נכתב על ידי hannawizard

Part-8

မနေ့က ယွီရှင်းဆီက Msgရောက်တယ် သူဒီနေ့ပြန်လာမယ်တဲ့ ‌ငါသွားကြိုရမယ် ဒါပေမဲ့ရိပေါ်မသိအောင်သွားမှဖြစ်မယ်။
ရှောင်ကျန့်ကနိုးနေပေမယ့် Alarmကိုထမပိတ်ဘဲ ကုတင်ပေါ်မှာဘဲဆက်အိပ်နေလိုက်သည် ရိပေါ်ကထပိတ်ရင်း ရှောင်ကျန့်ကိုလှုပ်နိူးသည်။
"အကို အကို ထတော့ 6နာရီထိုးပြီ"
"အင်"
ရှောင်ကျန့် ၀မ်ရိပေါ်ဘက်သို့လှည့်လိုက်ရင် မျက်လုံးလေးကိုဇွတ်မှိတ်ကာ နားထင်ကြောလေးကို လက်ဖြင့်နှိပ်နေလိုက်သည်။
"အကို ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
"အင်း ခေါင်းတွေကိုက်နေတယ်"
ရိပေါ် ရှောင်ကျန့်နဖူးလေးကိုချက်ချင်းစမ်းသည်။
"အာ ကိုယ်တော့မပူပါဘူး တော်တော်ခေါင်းကိုက်နေလား"
"အင်း"
"ဒါဆို ဒီနေ့ကျောင်းမတက်ပါနဲ့လား"
"အင်း ဖြစ်ပါ့မလား"
"ဘာလို့မဖြစ်ရမှာလဲ ကျနော်ခွင့်တိုင်ပေးမယ်"
"မင်းတိုင်လို့ဘယ်ဖြစ်မလဲ ရတယ် အကိုဘဲဖုန်းလှမ်းဆက်လိုက်မယ်"
"အင်းပါ အဲ့တာဆိုလဲပြီးရော မထသေးနဲ့လေ ဘာလုပ်ဖို့လဲ"
"ငါမင်းအတွက် မနက်စာလုပ်ပေးဖို့လေ"
"မလုပ်နဲ့‌တော့ ကျောင်းရောက်မှ အဆင်ပြေသလိုစားလိုက်မယ်"
"ရလို့လား"
"ရတယ်"
‌ရိပေါ်က ရှောင်ကျန့်ကိုစောင်ပြန်ချုံပေးပြီး ထသွားသည်။

ရိပေါ်က ကျောင်းသွားဖို့ကိုအမြန်ပြင်ဆင်ပြီး မီးဖိုချောင်ထဲ၀င်သည် အရာရာကိုရှောင်ကျန့်ဘဲလုပ်ပေးနေကျမို့ ဘယ်ကစလုပ်ရမလဲမသိပေ။
ဆန်ပြုတ်ကတော့ မဖြစ်နိုင် ခေါက်ဆွဲလောက်သာသူပြုတ်တတ်သည် အတတ်နိုင်ဆုံးခေါက်ဆွဲကိုကောင်းအောင်‌ပြုတ်လိုက်သည် ထို့နောက်ခေါက်ဆွဲပန်းကန်ကိုပြင်ဆင်ကာ ကုတင်ဘေးနားကစားပွဲပေါ်တွင် တင်ပေးသည်။
နောက်တခေါက်ပြန်ထွက်လာပြီး ရှောင်ကျန့်ဆေးသေတ္တာထဲမှ ‌အဆင်ပြေမယ့်ဆေးနဲ့ရေကိုယူကာ စားပွဲပေါ်တွင်ထပ်တင်သည် ထို့နောက်‌အိပ်ပျော်နေသောရှောင်ကျန့်ကိုအသာအယာလှုပ်နှိုးလိုက်ရင်း
"အကို"
"ဟင်"
"ကျနော်ကျောင်းသွားတော့မယ် ခေါက်ဆွဲနဲ့ဆေးသောက်ထားလိုက် ကျနော်စောစောပြန်ခဲ့မယ်‌နော်"
"ရိပေါ် မင်းကျောင်းချိန်ပြည့်တက်ခဲ့နော် စိတ်ပူလို့ဆိုပြီးအစောကြီးပြန်မလာခဲ့နဲ့ ခေါင်းကိုက်တာကအိပ်ရေး၀၀အိပ်လိုက်ရင်းသက်သာသွားမှာ"
"အင်းပါ သေချာအိပ်နော် ညနေကျနော်ပြန်လာတဲ့ထိ မသက်သာရင်တော့ဆေးခန်းသွားရအောင် နော်"
"အင်းပါ သေချာသွားဦး"
"အင်း"
တံခါးပိတ်သံကြားတာနဲ့ ရှောင်ကျန့်က အိပ်ရာ‌ပေါ်ကဝုန်းခနဲထသည်။

နာရီကြည့်တော့ 7နာရီ လေယာဉ်စိုက်ချိန်ကတော့10နာရီလို့ပြောသည်။
ရှောင်ကျန့်က အမြန်ရေချိုးပြီးပြင်ဆင်ကာ လေဆိပ်သွားရန်အလျင်အမြန်ပြေးထွက်သွားလေသည် ခေါက်ဆွဲပန်းကန်လေးကတော့စားပွဲပေါ်တွင် အေးစက်လျက်ကျန်ခဲ့လေပြီ။
လေဆိပ်ရောက်တော့ပင် 10နာရီထိုးခါနီးပြီမို့ ရှောင်ကျန့်က ဂဏှာမငြိမ်ဖြစ်‌နေမိသည်။
လေဆိပ်မှ ထွက်လာကြသော လူအုပ်‌တွေထဲလိုက်ရှာရင်းမှ တွေ့ပါပြီ ယွီရှင်းရဲ့မြင့်မားလှသောအရပ်နှင့်ကွဲပြားသောဟန်ကြောင့် ရှောင်ကျန့်သိပ်ပင်မရှာလိုက်ရ သူ့လိုဘဲ သူကိုလိုက်ရှာနေသူ ယွီရှင်းကို ရှောင်ကျန့်ကအစွမ်းကုန်‌ပြုံးပြရင်း လက်ဝှေ့ယမ်းပြလိုက်သည်။

ယွီရှင်းကလဲ ရှောင်ကျန့်ကိုမြင်တော့ ကမန်းကတမ်းပြေးလာကာ ရှောင်ကျန့်ကိုလှမ်းဖက်တာမို့ ရှောင်ကျန့်ကလဲပြန်ဖက်ထားမိသည်။
ထို့နောက်ကိုယ်ချင်းခွာ၍ တစ်ယောက်နဲ့တစ်ယောက်ကြည့်မိကာ
"ငါ့ကောင်က မိုက်လာလိုက်တာကွာ"
"မင်းကတော့ အရင်လိုချစ်ဖို့ကောင်းတုန်းဘဲ"
"ဟား မင်းကငါ့ကိုဆိုအမြဲချစ်ဖို့ကောင်းတယ်ဘဲ"
"အေးလေ မင်းကိုမင်း မှန်ထဲပြန်ကြည့်ဦး ချစ်ဖို့မကောင်းဘူးလားလို့"
"ဟား အေးပါကွာ လာ လာ တခုခုစားကြရအောင် မင်းဗိုက်ဆာနေပြီမလား"
"အင်း"
ရှောင်ကျန့်က ယွီရှင်းအိတ်ကိုလှမ်းဆွဲဖို့ပြင်ပေမယ့် ယွီရှင်းကထုံးစံအတိုင်း လေးမှာစိုး၍အကိုင်မခံပေ။

"အဲ့တော့ မင်းဘွဲ့ရခဲ့ပြီပေါ့ ဘာဆက်လုပ်မယ်စိတ်ကူးလဲ"
"ငါ့ဘွဲ့နဲ့ကိုက်ညီတာဘဲလုပ်မှာ‌ပေါ့ ပြီးတော့ဒီမလာခင်ကတည်းက အလုပ်တချို့က ငါ့ကိုကမ်းလှမ်းထားတာတွေရှိသေးတယ်"
"Wow Man မိုက်လှချည်လား"
"အေးကွာ အဲ့လိုဘဲဖြစ်သွားတယ်"
"အင်း"
"နေပါဦး ငါ့အကြောင်းချည်းဘဲမေးနေတာ မင်းကရော"
"ငါကလား ဒီတိုင်းဘဲလေ ကျောင်းဆရာပေါ့"
"မင်းဒီလိုဘဲ နေတော့မှာလား"
"အေးပေါ့ ဒီလိုမနေလို့ ငါကဘယ်လိုနေရမှာလဲ"
"မင်းဘဲ ပန်းချီပညာကိုအတွင်းကျကျလေ့လာချင်တယ် ပြပွဲလုပ်ချင်တယ်ဆို"
"ဟား ဝေးပါတယ်ကွာ ပြီးတော့ ဒါတွေက ငါကလေးဘ၀တုန်းက စိတ်ကူးယဉ်မိတာတွေပါ မင်းကဘာလို့လျှောက်မှတ်ထားတာတုန်း"
ယွီရှင်းမှတ်ထားတာမဟုတ်ခဲ့ပါဘူး ရှောင်ကျန့်နဲ့ပက်သတ်လာရင်း ဘယ်အရာကိုမှ လိုက်မှတ်နေစရာမလိုလောက်အောင် အလိုအလျောက် မှတ်မိနေခဲ့ခြင်းသာဖြစ်သည်။

"မင်း အဲ့လိုအလွယ်မပြောစမ်းပါနဲ့ကွာ ဒါကမင်းအိမ်မက်ဆိုတာ ငါသိတာဘဲ ပြီးတော့ငါဟိုမှာနေခဲ့တဲ့တခေါက်မှာ ငါစိတ်မ၀င်စားပေမယ့် မင်းအ
တွက်ပန်းချီလောကကိုတီးခေါက်ခဲ့မိတယ် မင်းစိတ်၀င်စားတယ်ဆို ငါသိခဲ့တဲ့ပန်းချီဆရာကြီးဆီမှာ သွားတက်ကြည့်ပါလား သူကလဲတော်တော်အောင်မြင်နေတာကွ"
"မတက်တော့ပါဘူးကွာ"
"တက်ပါ မင်းကဟိုမှာသွားတက်ရုံဘဲ ကျန်တာငါအကုန်တာ၀န်ယူတယ်"
ရှောင်ကျန့်က ယွီရှင်းမျက်နှာကိုလှမ်းကြည့်မိသည် နောက်တာမဟုတ်မှန်းတည်ကြည်သောမျက်နှာက သက်သေခံလျက်ရှိသည်။
"မလိုပါဘူးကွာ"
"ဘာကိုမလိုရမှာလဲ ငါငယ်ငယ်လေးကတည်းက မင်းကိုကတိပေးဖူးတယ်လေ မင်းအိမ်မက်တွေကိုငါဖြည့်ဆည်းပေးမယ်လို့ အဲ့တုန်းက မင်းဘဲ အင်းဆို"
"လာပြန်ပြီ မင်း ကလေးတုန်းကကိစ္စတွေကိုအတည်မယူစမ်းပါနဲ့"
အတည်မယူဖို့ကတော့ ယွီရှင်းအတွက်မဖြစ်နိုင်ပါ ကလေးတုန်းကကိစ္စတွေအကုန်လုံးကို ယွီရှင်းအတည်ယူချင်သည် ၄တန်းနှစ်လောက်က တစ်ညနေကျောင်းဆင်းချိန်တုန်းက ရှောင်ကျန့်အရုပ်လေးကို ယွီရှင်းကပြန်ယူပေးတော့ ရှောင်ကျန့်ကကျေးဇူးတင်စကားပြောသည်။
ယွီရှင်းက ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်သက်လုံးမင်းငါနဲ့တူတူနေရမယ်လို့ပြောမိတော့ ရှောင်ကျန့်ကအင်း လို့ပြောကာ ခေါင်းလေးညိတ်ပြသည်။
အထူးသဖြင့် သူဒီကိစ္စကို ခုချိန်ထိခေါင်းထဲမှာစွဲစွဲမြဲမြဲနဲ့အတည်ယူမိခဲ့လေပြီ။

"ယွီရှင်း ငါပြောတာကြာလား"
"ဟမ်"
"မင်းမိဘ‌တွေကို သွားမတွေ့ဘူးလားလို့ ပြီးတော့ မင်းဘယ်မှာနေမှာလဲ"
"အော် ဒီကအပြန်သွားတွေ့မှာလေ ပြီးတော့ ငါမင်းနဲ့အတူနေဖို့စဉ်းစားထားတယ်"
"ဟမ် မင်းအတည်ပြောနေတာလား"
ရှောင်ကျန့် ခေါင်းကြီးသွားမိသည် လာကြိုတာတောင် ခိုးလာကြိုမိလို့ ခုထိစိတ်မငြိမ်ရတဲ့ကြားထဲ တူတူသာနေမိရင်တော့ ရှောင်ကျန့်ဆက်မတွေးရဲတော့။
"အေးလေ အရင်ကလဲတူတူနေနေကျကို"
"အာ မရလောက်ဘူးကွ ငါ့အိမ်မှာက နောက်တစ်ယောက်ရှ်ိသေးတယ်"
"ဘယ်သူလဲ မင်းနဲ့အခန်းစပ်နေတာလား သူ့ကိုပြောကြည့်ပေါ့ သုံးယောက်နေလို့ရတာဘဲ"
"ဟိုဟာ သူကလူများရင်မကြိုက်ဘူး"
"ဒါဆိုလဲ သူ့ကိုအခန်းထပ်ရှာခိုင်းလိုက်ပေါ့ ဒါမှမဟုတ်လဲ ငါအခန်းရှာလိုက်မယ် မင်းပြောင်းလာခဲ့"
ရှောင်ကျန့် မတတ်နိုင်တော့ပေ သေချာပြောပြမှရတော့မည်။

"မဟုတ်ဘူးကွ သူ့အကြောင်းကပြောပြရရင်အရှည်ကြီးကွာ ဒါပေမယ့်သူကငယ်သေးတော့ငါနဲ့နေမှဖြစ်မှာကွာ ပြီးတော့ငါကသူ့ကိုအနီးကပ်စာသင်ပေးရ‌တယ်ကွာ သိလား ပြီးတော့သူကလူစိမ်းတွေနဲ့နေရတာမကြိုက်ဘူး ငါတစ်ယောက်လောက်ဘဲရတာ"
ယွီရှင်း နားလည်လား မလည်လားရှောင်ကျန့်လဲမသိ ဒါပေမယ့်ရိပေါ်အဖေကိစ္စကိုတော့မပြောပြချင်သေးပေ သူ့ကိုအထင်သေးတာမျိုးဖြစ်သွားနိုင်သည်။
"အော်"
"အင်း သူကငါနဲ့နေတာကြာပြီလေ သိလား ပြီးတော့မင်းအလုပ်ကရော ဒီမှာဟုတ်လို့လား"
"အင်း"
"ဟမ်"
"ဟုတ်တယ် ဒီမှာလေ မင်းကဒီမှာနေတော့ ငါလဲအလုပ်ကို ဒီမှာဘဲလုပ်မလို့"
"မင်း မိဘတွေကရော"
"မလိုပါဘူး လွမ်းရင်သွားတွေ့လို့ရတာဘဲ"
"အော်"
"ထားပါတော့ ဒီလိုဆိုလဲငါ့ဘာသာအခန်းခွဲနေလိုက်ပါ့မယ် ဒါပေမယ့်တခါတလေတော့လာတွေ့လို့ရတယ်မလား"
"ဟင့်အင်း မရဘူး"
ယွီရှင်းက ချက်ချင်းမျက်မှောင်ကြုတ်သွားသည် ရှောင်ကျန့်ကလဲအားနာသွားမိသည် ဒါပေမဲ့မတတ်နိုင် ဒီအခြေအနေကရိပေါ်စိတ်ဆိုးမှာထက်တော့တော်သေးသည်။

"ဒါပေမယ့် မင်းတွေ့ချင်ရင်ဖုန်းဆက်ပါ ငါလာတွေ့ပါ့မယ်ကွာ နော်"
ရှောင်ကျန့်က သွားလေးတွေဖြီးရင်းရီကာပြောလေသည် ယွီရှင်းကမျက်နှာတည်လျက်ပင် နောက်ကိုပါမှီလိုက်မိသည်။
"နော် ယွီရှင်း သူက လူစိမ်းတွေကိုမကြိုက်လို့ပါ"
"ရှောင်ကျန့်ဘယ်လိုဘဲ ကလေးလို့ပြောပါစေ ဒါကတော့လွန်တယ်လို့မထင်ဘူးလား ဒါဆို မင်းတခြားလုပ်ဖော်ကိုင်ဖက်တွေကျတော့ရော"
"သူတို့တွေကိုက ငါကအလုပ်မှာလောက်ဘဲစကားပြောတာ ပြီးတော့မဖြစ်မနေဆိုလဲအပြင်မှာဘဲတွေ့တာ"
ယွီရှင်း ဘာမှဆက်မပြောချင်တော့ ဒါပေမဲ့စိတ်ထဲမှာမျက်သွားမိသည် ဒီကလေးဆိုသူကအဲ့လောက်‌အရေးပါရသလား ဒါပေမဲ့တွေ့‌တွေ့ချင်းနေ့စကားမများချင်တာမို့ အလျော့ပေးဖို့စဉ်းစားလိုက်ရသည်။

"ထားလိုက်တော့ ဒါဆိုလဲ မင်းပြောတဲ့အတိုင်းပေါ့ ဘယ်တတ်နိုင်မလဲ ငါတွေ့ချင်မင်းကိုဖုန်းဆက်ပါ့မယ်"
"အင်း ကျေးဇူးပါယွီရှင်း"
"ရပါတယ် ထားလိုက်တော့"
"မင်းအခု Chongqingကိုပြန်မှာမလား လာ ငါကားဂိတ်လိုက်ပို့ပေးမယ်"
"မသွားသေးပါဘူး ငါမင်းနဲ့နည်းနည်းလောက်လျှောက်သွားချင်သေးတယ် ညနေကားနဲ့မှပြန်တာပေါ့"
"အာ"
ရှောင်ကျန့်ခေါင်းရှုပ်သွားရသည် နာရီကြည့်မိတော့ 1နာရီပင်ထိုးနေလေပြီ နဂိုကားဂိတ်လိုက်ပို့ဖို့တောင် အချိန်လုပြီးလိုက်ပို့ရမယ့်အထဲ သွားလည်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင် ရိပေါ်က3နာရီကျ ပြန်ရောက်မှာမလား။
"ဘာဖြစ်ပြန်ပြီလဲ"
"မရလောက်ဘူး သူက3နာရီပြန်ရောက်မှာ ငါသူ့ကိုစာသင်ပးရဦးမှာ"
"ရှောင်ကျန့် မင်း"
"ငါတောင်းပန်ပါတယ်ကွာ နော် နောက်နေ့မင်းဒီကိုပြန်လာမှ အကြိုက်လည်‌ကွာ ငါလိုက်ပို့ပေးမယ်"
ယွီရှင်းကဒေါသစိတ်နဲ့အတူ မာနစိတ်ကပါခေါင်းထောင်လာရသည်။

"ထားလိုက်တော့ ရှောင်ကျန့် ထားလိုက်တော့ မင်းငါ့ကိုလိုက်ပို့ဖို့ရော အချိန်ရရဲ့လား"
"အာ အင်း"
ရှောင်ကျန့်က နာရီပြန်ကြည့်ရင် အချိန်တွက်နေမိသည်။
"မမှီမှာစိုးနေတာမလား"
"မှီတော့ မှီပါတယ်"
"မှီလဲ မင်းခုလိုလောနေမှာဘဲလေ"
"ငါ"
"ထားလိုက်တော့ ‌မင်းပြောသလို နောက်တခေါက်ငါပြန်လာမှ အေးဆေးတွေ့ရအောင် မင်းအခုပြန်ချင်ပြန်တော့"
"မင်း ငါ့ကိုစိတ်မဆိုးဖူးမလား"
ယွီရှင်းက သူ့ကိုမရဲတရဲကြည့်နေရှာသောရှောင်ကျန့်ကိုလှမ်းကြည့်ရင်း အတတ်နိုင်ဆုံးပြုံးပြလိုက်မိသည် ဘာဘဲဖြစ်ဖြစ်တွေ့တွေ့ချင်းနေ့ရှောင်ကျန့်ကိုစိတ်မရှုပ်စေချင်ပါ။

"အေး အေး ငါစိတ်မဆိုးပါဘူး သွား သွား နောက်တစ်ခေါက်‌တွေ့ရင်သာ မင်းအချိန်ရအောင်လုပ်ခဲ့"
"အင်း ကျေးဇူးဘဲနော် ယွီရှင်း ငါသွားပြီ"
စိတ်သက်သာရာရသွားသလို ပြုံးရီလျက် လက်ပြရင်း လှေကားထစ်တွေအတိုင်း ပြေးဆင်းသွားသော ရှောင်ကျန့်ကို မျက်စိတဆုံးလိုက်ကြည့်နေလိုက်မိသည်။
ဒီကောင်လေးက ဘယ်သူလဲ ဘာကြောင့်ရှောင်ကျန့်အတွက်ဒီလောက်အရေးပါနေရတာလဲ ပြီးတော့ရောသူသွားတဲ့နှစ်အနည်းငယ်လေးအတွင်းမှာ ရှောင်ကျန့်က သူ့အပေါ်ကိုဘာလို့စိမ်းသွားရတာလဲ သူ့ကိုသူရှောင်ကျန့်နဲ့ပက်သက်၍အပြင်လူတစ်ယောက်ဖြစ်သွားသလို ပထမဆုံးအကြိမ်ခံစားလိုက်ရသည်။

ရှောင်ကျန့်ကတိုက်ခန်းပေါ်တက်ရင်းလန့်နေမိသည် အကယ်၍ရိပေါ်သာအရင်ရောက်နေရင်း သူဘယ်လိုပြောရမလဲဆေးခန်းကပြန်လာသည်လို့ပြောရမလား ဒါပေမယ့်လက်ထဲမှာဆေးထုပ်တစ်ထုပ်တောင်ပါမလာပေ။
တစ်လျှောက်လုံး ရန်တုန်လာခဲ့ရာ အခန်းရှေ့ရောက်မှသာ သေ့ခတ်ထားတာကိုတွေ့ရ၍ သက်ပြင်းချမိသည် ဖိနပ်အမြန်ချွတ်ပြီး အခန်းထဲပြေး၀င်ကာအင်္ကျီအမြန်လဲ၍ ကုတင်ပေါ်တက်လှဲလိုက်သည်။ နာရီကြည့်မိတော့ 3နာရီထိုးခါနီးပြီ။
ရိပေါ်တစ်နေ့လုံးကျောင်းမှာသာ စာသင်နေရပေမယ့် စိတ်မပါပေ တချိန်လုံးစိတ်ကရှောင်ကျန့်ဆီသာရောက်နေမိလေသည် ကျောင်းဆင်းတော့လဲ ကားအမြန်ငှားပြီး တိုက်ပေါ်သို့ဒုန်း‌ဆိုင်းပြေးတက်လာမိသည်။

တိုက်ထဲ၀င်တော့ ဖိနပ်ချွတ်ရင်း ရှောင်ကျန့်ရဲ့ချွတ်လက်စဖိနပ်ကိုတွေ့တော့ မျက်မှောင်ကျုံ့လိုက်မိသည် မနေ့ကသူကိုယ်တိုင်စင်ပေါ်တင်ပေးခဲ့တာမလား ဒါပေမဲ့ရှောင်ကျန့်ကိုစိတ်ပူတဲ့စိတ်ကပိုများနေတာမို့လို့ဆက်မစဉ်းစားဘဲ အခန်းထဲပြေး၀င်လာခဲ့သည်။
"အကို"
"ရိပေါ် မင်းပြန်လာပြီလား"
"ဘာမှမစားဘူးလား အကိုရယ် ဆေးလဲမသောက်ထားဘူး"
"မစားချင်လို့လေ အိပ်ဘဲအိပ်ချင်နေတာ"
ရိပေါ်က ကိုယ်ပူလှမ်းစမ်းလိုက်ရင်း
"ခုရော သက်သာပြီလား"
"အင်း"
"ဆေးခန်းသွားဖို့ လိုသေးလား"
"မလိုတော့ပါဘူး"
"အင်း ဒီညနေကျတော်တို့မှာစားရအောင်"
"အင်း"
"ခဏလေး ကျနော် အ၀တ်အစားလဲလိုက်ဦးမယ်"
‌ရိပေါ်ထွက်သွားသော ရှောင်ကျန့်ကလဲလိုက်ထသွားလေသည်။

ထို့နောက် သူတို့မုန့်မှာစားကြသည် ပုံမှန်ဆိုစာသင်ပေးရမှာပေမဲ့ ဒီနေ့တော့နားရအောင်လို့ရိပေါ်ကဆိုတာမို့ စာမသင်ဖြစ်ကြချေ။
နှစ်ယောက်သားTVကြည့်ကြတော့ ထုံးစံအတိုင်း ရိပေါ်က ရှောင်ကျန့်ပေါင်ပေါ်ကခေါင်းအုံးပေါ်တွင်အိပ်ရင်း ရှောင်ကျန့်ကိုစလိုက် TVကြည့်လိုက် လုပ်နေလေသည်။
"That We've got One Life One World"
ဖုန်း Screenကြည့်‌လိုက်တော့ယွီရှင်းပင် ရှောင်ကျန့်ဘာလုပ်ရမှန်းမသိ ရိပေါ်ကိုကြည့်တော့TVကိုစိတ်၀င်စားစွာကြည့်နေတုန်းပင်။
ဖုန်းအသံကို အတတ်နိုင်ဆုံးတိုးလိုက်ကာ
"Hello"
ရိပေါ်က ချက်ချင်းမော့ကြည့်ကာမျက်ခုံးပင့်ပြတော့ ရှောင်ကျန့်ကဘာဖြေရမှန်းစဉ်းစားလို့မရသဖြင့် ခေါင်းသာခါပြလိုက်သည်။ ရိပေါ်ကတော့မော့ကြည့်နေတုန်းပင်။
"Hello ရှောင်ကျန့်"
"အေး"
"ငါ Chongqingရောက်ပြီ"
"အော်"
"မင်းမိဘ‌တွေဆီ ငါရောက်သေးတယ်"
ရှောင်ကျန့်က အကြံရကာ
"အင်း ငါ့ပါးနဲ့မားနေကောင်းတယ်မလား"
"အေး ကောင်းတယ်"
"မင်းလဲ နေကောင်းအောင်နေပေါ့ကွာ"
"ဟမ်"
"အေး အေး နောက်မှဖုန်းဆက်လိုက်မယ်"
‌"ရှောင်ကျန့် မင်း"
ရှောင်ကျန့်က ကမန်းကတမ်းဖုန်းချလိုက်ကာ Airplane Mode လုပ်လိုက်သည်။

"ဘယ်သူလဲ"
"Chongqingကသူငယ်ချင်း"
"အော်"
"အင်း ဇာတ်လမ်းကဘာဖြစ်သွားတာလဲ"
"ကျနော်လဲ ဘယ်သိမလဲ အကို့မျက်နှာကိုကြည့်နေတာလေ"
"၀မ်ရိပေါ် မင်း ငါဖုန်းပြောနေရင်း မင်းကတော့ဇာတ်ကားကြည့်လေကွာ အခုကျဘာဖြစ်သွားမှန်းနှစ်ယောက်လုံးမသိကြတော့ဘူးမလား"
"ဖြည့်ကြည့်လိုက်လေ အကိုကလဲ"
"မကြည့်ဘူးသွား အိပ်တော့မယ် မင်းထတော့"
"မထဘူး"
"မထလဲ ‌နေပေါ့"
"အား အကို"
ရှောင်ကျန့်ကရိပေါ်ခေါင်းကိုတွန်းလိုက်၍ ရိ‌ပေါ်ကဆိုဖာအောက်သို့ပြုတ်ကျသွားလေသည် ထိုအခိုက်ရှောင်ကျန့်ကအိပ်ခန်းထဲသို့ပြေး၀င်သွားသည်မို့ ရိပေါ်‌ကနောက်ကရီရင်းပြေးလိုက်လေသည်။

ယွီရှင်းကသူ့စကားတောင်ဆုံးအောင်နားမထောင်ဘဲ ချသွားသောရှောင်ကျန့်ကြောင့်စိတ်တိုနေမိလေသည်။ ကြည့်ရတာဘေးနားမှာဟိုကောင်လေးရှိ၍ဖြစ်မည် အိမ်မှာနေလို့မရတာ ထား လာလည်လို့လဲမရ ယုတ်စွအဆုံးဖုန်းတောင်ခိုးပြောရသည့်ဖြစ်ရပ်ကတော့ တော်တော်လွန်လှသည်။
ယွီရှင်းက တွေးရင်းမွန်းကြပ်လာသည်မို့လည်ပင်းမှာဆွဲထားသောနက်ကတိုင်စကို ဆောင့်၍ကြိုးလျော့လိုက်ကာ ဖုန်းကိုကုတင်ပေါ်သို့ပစ်တင်ရင်း လူကပါကုတင်ပေါ်သို့လှဲချလိုက်မိသည်။

သာမန်ယောင်္ကျားလေးနှစ်ယောက်ရဲ့ဆက်ဆံရေးနှင့်ပင်မတူတော့ သာမာန်ဆက်ဆံရေးရောဟုတ်ရဲ့လား ဒီထက်ရောမပိုနိုင်ဘူးလား။
ယောင်္ကျားလေးနှစ်ယောက်ရဲ့ဆက်ဆံရေးတွင်သာမာန်ထက်ပိုသည့်ဖြစ်ရပ်မျိုး ရှောင်ကျန့်တွင်အဖြစ်စေချင်ဆုံးလူကိုပြပါဆို သူပင်ဖြစ်လိမ့်မည်။
ဒါပေမယ့် တခြားလူနှင့်တော့မဖြစ်စေရ သူနှင့်ပင်ဖြစ်ရမည် သူကသာရှောင်ကျန့်ကိုပိုင်ဆိုင်ရသူဖြစ်ရမည်။

#Unicode

Part-8

မေန႔က ယြီ႐ွင္းဆီက Msgေရာက္တယ္ သူဒီေန႔ျပန္လာမယ္တဲ့ ‌ငါသြားႀကိဳရမယ္ ဒါေပမဲ့ရိေပၚမသိေအာင္သြားမွျဖစ္မယ္။
ေ႐ွာင္က်န္႔ကႏိုးေနေပမယ့္ Alarmကိုထမပိတ္ဘဲ ကုတင္ေပၚမွာဘဲဆက္အိပ္ေနလိုက္သည္ ရိေပၚကထပိတ္ရင္း ေ႐ွာင္က်န္႔ကိုလႈပ္ႏိူးသည္။
"အကို အကို ထေတာ့ 6နာရီထိုးၿပီ"
"အင္"
ေ႐ွာင္က်န္႔ ၀မ္ရိေပၚဘက္သို႔လွည့္လိုက္ရင္ မ်က္လုံးေလးကိုဇြတ္မွိတ္ကာ နားထင္ေၾကာေလးကို လက္ျဖင့္ႏွိပ္ေနလိုက္သည္။
"အကို ဘာျဖစ္လို႔လဲ ေနမေကာင္းဘူးလား"
"အင္း ေခါင္းေတြကိုက္ေနတယ္"
ရိေပၚ ေ႐ွာင္က်န္႔နဖူးေလးကိုခ်က္ခ်င္းစမ္းသည္။
"အာ ကိုယ္ေတာ့မပူပါဘူး ေတာ္ေတာ္ေခါင္းကိုက္ေနလား"
"အင္း"
"ဒါဆို ဒီေန႔ေက်ာင္းမတက္ပါနဲ႔လား"
"အင္း ျဖစ္ပါ့မလား"
"ဘာလို႔မျဖစ္ရမွာလဲ က်ေနာ္ခြင့္တိုင္ေပးမယ္"
"မင္းတိုင္လို႔ဘယ္ျဖစ္မလဲ ရတယ္ အကိုဘဲဖုန္းလွမ္းဆက္လိုက္မယ္"
"အင္းပါ အဲ့တာဆိုလဲၿပီးေရာ မထေသးနဲ႔ေလ ဘာလုပ္ဖို႔လဲ"
"ငါမင္းအတြက္ မနက္စာလုပ္ေပးဖို႔ေလ"
"မလုပ္နဲ႔‌ေတာ့ ေက်ာင္းေရာက္မွ အဆင္ေျပသလိုစားလိုက္မယ္"
"ရလို႔လား"
"ရတယ္"
‌ရိေပၚက ေ႐ွာင္က်န္႔ကိုေစာင္ျပန္ခ်ံဳေပးၿပီး ထသြားသည္။

ရိေပၚက ေက်ာင္းသြားဖို႔ကိုအျမန္ျပင္ဆင္ၿပီး မီးဖိုေခ်ာင္ထဲ၀င္သည္ အရာရာကိုေ႐ွာင္က်န္႔ဘဲလုပ္ေပးေနက်မို႔ ဘယ္ကစလုပ္ရမလဲမသိေပ။
ဆန္ျပဳတ္ကေတာ့ မျဖစ္ႏိုင္ ေခါက္ဆြဲေလာက္သာသူျပဳတ္တတ္သည္ အတတ္ႏိုင္ဆုံးေခါက္ဆြဲကိုေကာင္းေအာင္‌ျပဳတ္လိုက္သည္ ထို႔ေနာက္ေခါက္ဆြဲပန္းကန္ကိုျပင္ဆင္ကာ ကုတင္ေဘးနားကစားပြဲေပၚတြင္ တင္ေပးသည္။
ေနာက္တေခါက္ျပန္ထြက္လာၿပီး ေ႐ွာင္က်န္႔ေဆးေသတၱာထဲမွ ‌အဆင္ေျပမယ့္ေဆးနဲ႔ေရကိုယူကာ စားပြဲေပၚတြင္ထပ္တင္သည္ ထို႔ေနာက္‌အိပ္ေပ်ာ္ေနေသာေ႐ွာင္က်န္႔ကိုအသာအယာလႈပ္ႏိႈးလိုက္ရင္း
"အကို"
"ဟင္"
"က်ေနာ္ေက်ာင္းသြားေတာ့မယ္ ေခါက္ဆြဲနဲ႔ေဆးေသာက္ထားလိုက္ က်ေနာ္ေစာေစာျပန္ခဲ့မယ္‌ေနာ္"
"ရိေပၚ မင္းေက်ာင္းခ်ိန္ျပည့္တက္ခဲ့ေနာ္ စိတ္ပူလို႔ဆိုၿပီးအေစာႀကီးျပန္မလာခဲ့နဲ႔ ေခါင္းကိုက္တာကအိပ္ေရး၀၀အိပ္လိုက္ရင္းသက္သာသြားမွာ"
"အင္းပါ ေသခ်ာအိပ္ေနာ္ ညေနက်ေနာ္ျပန္လာတဲ့ထိ မသက္သာရင္ေတာ့ေဆးခန္းသြားရေအာင္ ေနာ္"
"အင္းပါ ေသခ်ာသြားဦး"
"အင္း"
တံခါးပိတ္သံၾကားတာနဲ႔ ေ႐ွာင္က်န္႔က အိပ္ရာ‌ေပၚကဝုန္းခနဲထသည္။

နာရီၾကည့္ေတာ့ 7နာရီ ေလယာဥ္စိုက္ခ်ိန္ကေတာ့10နာရီလို႔ေျပာသည္။
ေ႐ွာင္က်န္႔က အျမန္ေရခ်ိဳးၿပီးျပင္ဆင္ကာ ေလဆိပ္သြားရန္အလ်င္အျမန္ေျပးထြက္သြားေလသည္ ေခါက္ဆြဲပန္းကန္ေလးကေတာ့စားပြဲေပၚတြင္ ေအးစက္လ်က္က်န္ခဲ့ေလၿပီ။
ေလဆိပ္ေရာက္ေတာ့ပင္ 10နာရီထိုးခါနီးၿပီမို႔ ေ႐ွာင္က်န္႔က ဂဏွာမၿငိမ္ျဖစ္‌ေနမိသည္။
ေလဆိပ္မွ ထြက္လာၾကေသာ လူအုပ္‌ေတြထဲလိုက္႐ွာရင္းမွ ေတြ႕ပါၿပီ ယြီ႐ွင္းရဲ႕ျမင့္မားလွေသာအရပ္ႏွင့္ကြဲျပားေသာဟန္ေၾကာင့္ ေ႐ွာင္က်န္႔သိပ္ပင္မ႐ွာလိုက္ရ သူ႕လိုဘဲ သူကိုလိုက္႐ွာေနသူ ယြီ႐ွင္းကို ေ႐ွာင္က်န္႔ကအစြမ္းကုန္‌ျပဳံးျပရင္း လက္ေဝွ႔ယမ္းျပလိုက္သည္။

ယြီ႐ွင္းကလဲ ေ႐ွာင္က်န္႔ကိုျမင္ေတာ့ ကမန္းကတမ္းေျပးလာကာ ေ႐ွာင္က်န္႔ကိုလွမ္းဖက္တာမို႔ ေ႐ွာင္က်န္႔ကလဲျပန္ဖက္ထားမိသည္။
ထို႔ေနာက္ကိုယ္ခ်င္းခြာ၍ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္မိကာ
"ငါ့ေကာင္က မိုက္လာလိုက္တာကြာ"
"မင္းကေတာ့ အရင္လိုခ်စ္ဖို႔ေကာင္းတုန္းဘဲ"
"ဟား မင္းကငါ့ကိုဆိုအၿမဲခ်စ္ဖို႔ေကာင္းတယ္ဘဲ"
"ေအးေလ မင္းကိုမင္း မွန္ထဲျပန္ၾကည့္ဦး ခ်စ္ဖို႔မေကာင္းဘူးလားလို႔"
"ဟား ေအးပါကြာ လာ လာ တခုခုစားၾကရေအာင္ မင္းဗိုက္ဆာေနၿပီမလား"
"အင္း"
ေ႐ွာင္က်န္႔က ယြီ႐ွင္းအိတ္ကိုလွမ္းဆြဲဖို႔ျပင္ေပမယ့္ ယြီ႐ွင္းကထုံးစံအတိုင္း ေလးမွာစိုး၍အကိုင္မခံေပ။

"အဲ့ေတာ့ မင္းဘြဲ႕ရခဲ့ၿပီေပါ့ ဘာဆက္လုပ္မယ္စိတ္ကူးလဲ"
"ငါ့ဘြဲ႕နဲ႔ကိုက္ညီတာဘဲလုပ္မွာ‌ေပါ့ ၿပီးေတာ့ဒီမလာခင္ကတည္းက အလုပ္တခ်ိဳ႕က ငါ့ကိုကမ္းလွမ္းထားတာေတြ႐ွိေသးတယ္"
"Wow Man မိုက္လွခ်ည္လား"
"ေအးကြာ အဲ့လိုဘဲျဖစ္သြားတယ္"
"အင္း"
"ေနပါဦး ငါ့အေၾကာင္းခ်ည္းဘဲေမးေနတာ မင္းကေရာ"
"ငါကလား ဒီတိုင္းဘဲေလ ေက်ာင္းဆရာေပါ့"
"မင္းဒီလိုဘဲ ေနေတာ့မွာလား"
"ေအးေပါ့ ဒီလိုမေနလို႔ ငါကဘယ္လိုေနရမွာလဲ"
"မင္းဘဲ ပန္းခ်ီပညာကိုအတြင္းက်က်ေလ့လာခ်င္တယ္ ျပပြဲလုပ္ခ်င္တယ္ဆို"
"ဟား ေဝးပါတယ္ကြာ ၿပီးေတာ့ ဒါေတြက ငါကေလးဘ၀တုန္းက စိတ္ကူးယဥ္မိတာေတြပါ မင္းကဘာလို႔ေလွ်ာက္မွတ္ထားတာတုန္း"
ယြီ႐ွင္းမွတ္ထားတာမဟုတ္ခဲ့ပါဘူး ေ႐ွာင္က်န္႔နဲ႔ပက္သတ္လာရင္း ဘယ္အရာကိုမွ လိုက္မွတ္ေနစရာမလိုေလာက္ေအာင္ အလိုအေလ်ာက္ မွတ္မိေနခဲ့ျခင္းသာျဖစ္သည္။

"မင္း အဲ့လိုအလြယ္မေျပာစမ္းပါနဲ႔ကြာ ဒါကမင္းအိမ္မက္ဆိုတာ ငါသိတာဘဲ ၿပီးေတာ့ငါဟိုမွာေနခဲ့တဲ့တေခါက္မွာ ငါစိတ္မ၀င္စားေပမယ့္ မင္းအ
တြက္ပန္းခ်ီေလာကကိုတီးေခါက္ခဲ့မိတယ္ မင္းစိတ္၀င္စားတယ္ဆို ငါသိခဲ့တဲ့ပန္းခ်ီဆရာႀကီးဆီမွာ သြားတက္ၾကည့္ပါလား သူကလဲေတာ္ေတာ္ေအာင္ျမင္ေနတာကြ"
"မတက္ေတာ့ပါဘူးကြာ"
"တက္ပါ မင္းကဟိုမွာသြားတက္႐ုံဘဲ က်န္တာငါအကုန္တာ၀န္ယူတယ္"
ေ႐ွာင္က်န္႔က ယြီ႐ွင္းမ်က္ႏွာကိုလွမ္းၾကည့္မိသည္ ေနာက္တာမဟုတ္မွန္းတည္ၾကည္ေသာမ်က္ႏွာက သက္ေသခံလ်က္႐ွိသည္။
"မလိုပါဘူးကြာ"
"ဘာကိုမလိုရမွာလဲ ငါငယ္ငယ္ေလးကတည္းက မင္းကိုကတိေပးဖူးတယ္ေလ မင္းအိမ္မက္ေတြကိုငါျဖည့္ဆည္းေပးမယ္လို႔ အဲ့တုန္းက မင္းဘဲ အင္းဆို"
"လာျပန္ၿပီ မင္း ကေလးတုန္းကကိစၥေတြကိုအတည္မယူစမ္းပါနဲ႔"
အတည္မယူဖို႔ကေတာ့ ယြီ႐ွင္းအတြက္မျဖစ္ႏိုင္ပါ ကေလးတုန္းကကိစၥေတြအကုန္လုံးကို ယြီ႐ွင္းအတည္ယူခ်င္သည္ ၄တန္းႏွစ္ေလာက္က တစ္ညေနေက်ာင္းဆင္းခ်ိန္တုန္းက ေ႐ွာင္က်န္႔အ႐ုပ္ေလးကို ယြီ႐ွင္းကျပန္ယူေပးေတာ့ ေ႐ွာင္က်န္႔ကေက်းဇူးတင္စကားေျပာသည္။
ယြီ႐ွင္းက ေက်းဇူးဆပ္တဲ့အေနနဲ႔ တစ္သက္လုံးမင္းငါနဲ႔တူတူေနရမယ္လို႔ေျပာမိေတာ့ ေ႐ွာင္က်န္႔ကအင္း လို႔ေျပာကာ ေခါင္းေလးညိတ္ျပသည္။
အထူးသျဖင့္ သူဒီကိစၥကို ခုခ်ိန္ထိေခါင္းထဲမွာစြဲစြဲၿမဲၿမဲနဲ႔အတည္ယူမိခဲ့ေလၿပီ။

"ယြီ႐ွင္း ငါေျပာတာၾကာလား"
"ဟမ္"
"မင္းမိဘ‌ေတြကို သြားမေတြ႕ဘူးလားလို႔ ၿပီးေတာ့ မင္းဘယ္မွာေနမွာလဲ"
"ေအာ္ ဒီကအျပန္သြားေတြ႕မွာေလ ၿပီးေတာ့ ငါမင္းနဲ႔အတူေနဖို႔စဥ္းစားထားတယ္"
"ဟမ္ မင္းအတည္ေျပာေနတာလား"
ေ႐ွာင္က်န္႔ ေခါင္းႀကီးသြားမိသည္ လာႀကိဳတာေတာင္ ခိုးလာႀကိဳမိလို႔ ခုထိစိတ္မၿငိမ္ရတဲ့ၾကားထဲ တူတူသာေနမိရင္ေတာ့ ေ႐ွာင္က်န္႔ဆက္မေတြးရဲေတာ့။
"ေအးေလ အရင္ကလဲတူတူေနေနက်ကို"
"အာ မရေလာက္ဘူးကြ ငါ့အိမ္မွာက ေနာက္တစ္ေယာက္႐ွ္ိေသးတယ္"
"ဘယ္သူလဲ မင္းနဲ႔အခန္းစပ္ေနတာလား သူ႕ကိုေျပာၾကည့္ေပါ့ သုံးေယာက္ေနလို႔ရတာဘဲ"
"ဟိုဟာ သူကလူမ်ားရင္မႀကိဳက္ဘူး"
"ဒါဆိုလဲ သူ႕ကိုအခန္းထပ္႐ွာခိုင္းလိုက္ေပါ့ ဒါမွမဟုတ္လဲ ငါအခန္း႐ွာလိုက္မယ္ မင္းေျပာင္းလာခဲ့"
ေ႐ွာင္က်န္႔ မတတ္ႏိုင္ေတာ့ေပ ေသခ်ာေျပာျပမွရေတာ့မည္။

"မဟုတ္ဘူးကြ သူ႕အေၾကာင္းကေျပာျပရရင္အ႐ွည္ႀကီးကြာ ဒါေပမယ့္သူကငယ္ေသးေတာ့ငါနဲ႔ေနမွျဖစ္မွာကြာ ၿပီးေတာ့ငါကသူ႕ကိုအနီးကပ္စာသင္ေပးရ‌တယ္ကြာ သိလား ၿပီးေတာ့သူကလူစိမ္းေတြနဲ႔ေနရတာမႀကိဳက္ဘူး ငါတစ္ေယာက္ေလာက္ဘဲရတာ"
ယြီ႐ွင္း နားလည္လား မလည္လားေ႐ွာင္က်န္႔လဲမသိ ဒါေပမယ့္ရိေပၚအေဖကိစၥကိုေတာ့မေျပာျပခ်င္ေသးေပ သူ႕ကိုအထင္ေသးတာမ်ိဳးျဖစ္သြားႏိုင္သည္။
"ေအာ္"
"အင္း သူကငါနဲ႔ေနတာၾကာၿပီေလ သိလား ၿပီးေတာ့မင္းအလုပ္ကေရာ ဒီမွာဟုတ္လို႔လား"
"အင္း"
"ဟမ္"
"ဟုတ္တယ္ ဒီမွာေလ မင္းကဒီမွာေနေတာ့ ငါလဲအလုပ္ကို ဒီမွာဘဲလုပ္မလို႔"
"မင္း မိဘေတြကေရာ"
"မလိုပါဘူး လြမ္းရင္သြားေတြ႕လို႔ရတာဘဲ"
"ေအာ္"
"ထားပါေတာ့ ဒီလိုဆိုလဲငါ့ဘာသာအခန္းခြဲေနလိုက္ပါ့မယ္ ဒါေပမယ့္တခါတေလေတာ့လာေတြ႕လို႔ရတယ္မလား"
"ဟင့္အင္း မရဘူး"
ယြီ႐ွင္းက ခ်က္ခ်င္းမ်က္ေမွာင္ၾကဳတ္သြားသည္ ေ႐ွာင္က်န္႔ကလဲအားနာသြားမိသည္ ဒါေပမဲ့မတတ္ႏိုင္ ဒီအေျခအေနကရိေပၚစိတ္ဆိုးမွာထက္ေတာ့ေတာ္ေသးသည္။

"ဒါေပမယ့္ မင္းေတြ႕ခ်င္ရင္ဖုန္းဆက္ပါ ငါလာေတြ႕ပါ့မယ္ကြာ ေနာ္"
ေ႐ွာင္က်န္႔က သြားေလးေတြၿဖီးရင္းရီကာေျပာေလသည္ ယြီ႐ွင္းကမ်က္ႏွာတည္လ်က္ပင္ ေနာက္ကိုပါမွီလိုက္မိသည္။
"ေနာ္ ယြီ႐ွင္း သူက လူစိမ္းေတြကိုမႀကိဳက္လို႔ပါ"
"ေ႐ွာင္က်န္႔ဘယ္လိုဘဲ ကေလးလို႔ေျပာပါေစ ဒါကေတာ့လြန္တယ္လို႔မထင္ဘူးလား ဒါဆို မင္းတျခားလုပ္ေဖာ္ကိုင္ဖက္ေတြက်ေတာ့ေရာ"
"သူတို႔ေတြကိုက ငါကအလုပ္မွာေလာက္ဘဲစကားေျပာတာ ၿပီးေတာ့မျဖစ္မေနဆိုလဲအျပင္မွာဘဲေတြ႕တာ"
ယြီ႐ွင္း ဘာမွဆက္မေျပာခ်င္ေတာ့ ဒါေပမဲ့စိတ္ထဲမွာမ်က္သြားမိသည္ ဒီကေလးဆိုသူကအဲ့ေလာက္‌အေရးပါရသလား ဒါေပမဲ့ေတြ႕‌ေတြ႕ခ်င္းေန႔စကားမမ်ားခ်င္တာမို႔ အေလ်ာ့ေပးဖို႔စဥ္းစားလိုက္ရသည္။

"ထားလိုက္ေတာ့ ဒါဆိုလဲ မင္းေျပာတဲ့အတိုင္းေပါ့ ဘယ္တတ္ႏိုင္မလဲ ငါေတြ႕ခ်င္မင္းကိုဖုန္းဆက္ပါ့မယ္"
"အင္း ေက်းဇူးပါယြီ႐ွင္း"
"ရပါတယ္ ထားလိုက္ေတာ့"
"မင္းအခု Chongqingကိုျပန္မွာမလား လာ ငါကားဂိတ္လိုက္ပို႔ေပးမယ္"
"မသြားေသးပါဘူး ငါမင္းနဲ႔နည္းနည္းေလာက္ေလွ်ာက္သြားခ်င္ေသးတယ္ ညေနကားနဲ႔မွျပန္တာေပါ့"
"အာ"
ေ႐ွာင္က်န္႔ေခါင္း႐ႈပ္သြားရသည္ နာရီၾကည့္မိေတာ့ 1နာရီပင္ထိုးေနေလၿပီ နဂိုကားဂိတ္လိုက္ပို႔ဖို႔ေတာင္ အခ်ိန္လုၿပီးလိုက္ပို႔ရမယ့္အထဲ သြားလည္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ ရိေပၚက3နာရီက် ျပန္ေရာက္မွာမလား။
"ဘာျဖစ္ျပန္ၿပီလဲ"
"မရေလာက္ဘူး သူက3နာရီျပန္ေရာက္မွာ ငါသူ႕ကိုစာသင္ပးရဦးမွာ"
"ေ႐ွာင္က်န္႔ မင္း"
"ငါေတာင္းပန္ပါတယ္ကြာ ေနာ္ ေနာက္ေန႔မင္းဒီကိုျပန္လာမွ အႀကိဳက္လည္‌ကြာ ငါလိုက္ပို႔ေပးမယ္"
ယြီ႐ွင္းကေဒါသစိတ္နဲ႔အတူ မာနစိတ္ကပါေခါင္းေထာင္လာရသည္။

"ထားလိုက္ေတာ့ ေ႐ွာင္က်န္႔ ထားလိုက္ေတာ့ မင္းငါ့ကိုလိုက္ပို႔ဖို႔ေရာ အခ်ိန္ရရဲ႕လား"
"အာ အင္း"
ေ႐ွာင္က်န္႔က နာရီျပန္ၾကည့္ရင္ အခ်ိန္တြက္ေနမိသည္။
"မမွီမွာစိုးေနတာမလား"
"မွီေတာ့ မွီပါတယ္"
"မွီလဲ မင္းခုလိုေလာေနမွာဘဲေလ"
"ငါ"
"ထားလိုက္ေတာ့ ‌မင္းေျပာသလို ေနာက္တေခါက္ငါျပန္လာမွ ေအးေဆးေတြ႕ရေအာင္ မင္းအခုျပန္ခ်င္ျပန္ေတာ့"
"မင္း ငါ့ကိုစိတ္မဆိုးဖူးမလား"
ယြီ႐ွင္းက သူ႕ကိုမရဲတရဲၾကည့္ေန႐ွာေသာေ႐ွာင္က်န္႔ကိုလွမ္းၾကည့္ရင္း အတတ္ႏိုင္ဆုံးျပဳံးျပလိုက္မိသည္ ဘာဘဲျဖစ္ျဖစ္ေတြ႕ေတြ႕ခ်င္းေန႔ေ႐ွာင္က်န္႔ကိုစိတ္မ႐ႈပ္ေစခ်င္ပါ။

"ေအး ေအး ငါစိတ္မဆိုးပါဘူး သြား သြား ေနာက္တစ္ေခါက္‌ေတြ႕ရင္သာ မင္းအခ်ိန္ရေအာင္လုပ္ခဲ့"
"အင္း ေက်းဇူးဘဲေနာ္ ယြီ႐ွင္း ငါသြားၿပီ"
စိတ္သက္သာရာရသြားသလို ျပဳံးရီလ်က္ လက္ျပရင္း ေလွကားထစ္ေတြအတိုင္း ေျပးဆင္းသြားေသာ ေ႐ွာင္က်န္႔ကို မ်က္စိတဆုံးလိုက္ၾကည့္ေနလိုက္မိသည္။
ဒီေကာင္ေလးက ဘယ္သူလဲ ဘာေၾကာင့္ေ႐ွာင္က်န္႔အတြက္ဒီေလာက္အေရးပါေနရတာလဲ ၿပီးေတာ့ေရာသူသြားတဲ့ႏွစ္အနည္းငယ္ေလးအတြင္းမွာ ေ႐ွာင္က်န္႔က သူ႕အေပၚကိုဘာလို႔စိမ္းသြားရတာလဲ သူ႕ကိုသူေ႐ွာင္က်န္႔နဲ႔ပက္သက္၍အျပင္လူတစ္ေယာက္ျဖစ္သြားသလို ပထမဆုံးအႀကိမ္ခံစားလိုက္ရသည္။

ေ႐ွာင္က်န္႔ကတိုက္ခန္းေပၚတက္ရင္းလန္႔ေနမိသည္ အကယ္၍ရိေပၚသာအရင္ေရာက္ေနရင္း သူဘယ္လိုေျပာရမလဲေဆးခန္းကျပန္လာသည္လို႔ေျပာရမလား ဒါေပမယ့္လက္ထဲမွာေဆးထုပ္တစ္ထုပ္ေတာင္ပါမလာေပ။
တစ္ေလွ်ာက္လုံး ရန္တုန္လာခဲ့ရာ အခန္းေ႐ွ႕ေရာက္မွသာ ေသ့ခတ္ထားတာကိုေတြ႕ရ၍ သက္ျပင္းခ်မိသည္ ဖိနပ္အျမန္ခြၽတ္ၿပီး အခန္းထဲေျပး၀င္ကာအက်ႌအျမန္လဲ၍ ကုတင္ေပၚတက္လွဲလိုက္သည္။ နာရီၾကည့္မိေတာ့ 3နာရီထိုးခါနီးၿပီ။
ရိေပၚတစ္ေန႔လုံးေက်ာင္းမွာသာ စာသင္ေနရေပမယ့္ စိတ္မပါေပ တခ်ိန္လုံးစိတ္ကေ႐ွာင္က်န္႔ဆီသာေရာက္ေနမိေလသည္ ေက်ာင္းဆင္းေတာ့လဲ ကားအျမန္ငွားၿပီး တိုက္ေပၚသို႔ဒုန္း‌ဆိုင္းေျပးတက္လာမိသည္။

တိုက္ထဲ၀င္ေတာ့ ဖိနပ္ခြၽတ္ရင္း ေ႐ွာင္က်န္႔ရဲ႕ခြၽတ္လက္စဖိနပ္ကိုေတြ႕ေတာ့ မ်က္ေမွာင္က်ံဳ႕လိုက္မိသည္ မေန႔ကသူကိုယ္တိုင္စင္ေပၚတင္ေပးခဲ့တာမလား ဒါေပမဲ့ေ႐ွာင္က်န္႔ကိုစိတ္ပူတဲ့စိတ္ကပိုမ်ားေနတာမို႔လို႔ဆက္မစဥ္းစားဘဲ အခန္းထဲေျပး၀င္လာခဲ့သည္။
"အကို"
"ရိေပၚ မင္းျပန္လာၿပီလား"
"ဘာမွမစားဘူးလား အကိုရယ္ ေဆးလဲမေသာက္ထားဘူး"
"မစားခ်င္လို႔ေလ အိပ္ဘဲအိပ္ခ်င္ေနတာ"
ရိေပၚက ကိုယ္ပူလွမ္းစမ္းလိုက္ရင္း
"ခုေရာ သက္သာၿပီလား"
"အင္း"
"ေဆးခန္းသြားဖို႔ လိုေသးလား"
"မလိုေတာ့ပါဘူး"
"အင္း ဒီညေနက်ေတာ္တို႔မွာစားရေအာင္"
"အင္း"
"ခဏေလး က်ေနာ္ အ၀တ္အစားလဲလိုက္ဦးမယ္"
‌ရိေပၚထြက္သြားေသာ ေ႐ွာင္က်န္႔ကလဲလိုက္ထသြားေလသည္။

ထို႔ေနာက္ သူတို႔မုန္႔မွာစားၾကသည္ ပုံမွန္ဆိုစာသင္ေပးရမွာေပမဲ့ ဒီေန႔ေတာ့နားရေအာင္လို႔ရိေပၚကဆိုတာမို႔ စာမသင္ျဖစ္ၾကေခ်။
ႏွစ္ေယာက္သားTVၾကည့္ၾကေတာ့ ထုံးစံအတိုင္း ရိေပၚက ေ႐ွာင္က်န္႔ေပါင္ေပၚကေခါင္းအုံးေပၚတြင္အိပ္ရင္း ေ႐ွာင္က်န္႔ကိုစလိုက္ TVၾကည့္လိုက္ လုပ္ေနေလသည္။
"That We've got One Life One World"
ဖုန္း Screenၾကည့္‌လိုက္ေတာ့ယြီ႐ွင္းပင္ ေ႐ွာင္က်န္႔ဘာလုပ္ရမွန္းမသိ ရိေပၚကိုၾကည့္ေတာ့TVကိုစိတ္၀င္စားစြာၾကည့္ေနတုန္းပင္။
ဖုန္းအသံကို အတတ္ႏိုင္ဆုံးတိုးလိုက္ကာ
"Hello"
ရိေပၚက ခ်က္ခ်င္းေမာ့ၾကည့္ကာမ်က္ခုံးပင့္ျပေတာ့ ေ႐ွာင္က်န္႔ကဘာေျဖရမွန္းစဥ္းစားလို႔မရသျဖင့္ ေခါင္းသာခါျပလိုက္သည္။ ရိေပၚကေတာ့ေမာ့ၾကည့္ေနတုန္းပင္။
"Hello ေ႐ွာင္က်န္႔"
"ေအး"
"ငါ Chongqingေရာက္ၿပီ"
"ေအာ္"
"မင္းမိဘ‌ေတြဆီ ငါေရာက္ေသးတယ္"
ေ႐ွာင္က်န္႔က အၾကံရကာ
"အင္း ငါ့ပါးနဲ႔မားေနေကာင္းတယ္မလား"
"ေအး ေကာင္းတယ္"
"မင္းလဲ ေနေကာင္းေအာင္ေနေပါ့ကြာ"
"ဟမ္"
"ေအး ေအး ေနာက္မွဖုန္းဆက္လိုက္မယ္"
‌"ေ႐ွာင္က်န္႔ မင္း"
ေ႐ွာင္က်န္႔က ကမန္းကတမ္းဖုန္းခ်လိုက္ကာ Airplane Mode လုပ္လိုက္သည္။

"ဘယ္သူလဲ"
"Chongqingကသူငယ္ခ်င္း"
"ေအာ္"
"အင္း ဇာတ္လမ္းကဘာျဖစ္သြားတာလဲ"
"က်ေနာ္လဲ ဘယ္သိမလဲ အကို႔မ်က္ႏွာကိုၾကည့္ေနတာေလ"
"၀မ္ရိေပၚ မင္း ငါဖုန္းေျပာေနရင္း မင္းကေတာ့ဇာတ္ကားၾကည့္ေလကြာ အခုက်ဘာျဖစ္သြားမွန္းႏွစ္ေယာက္လုံးမသိၾကေတာ့ဘူးမလား"
"ျဖည့္ၾကည့္လိုက္ေလ အကိုကလဲ"
"မၾကည့္ဘူးသြား အိပ္ေတာ့မယ္ မင္းထေတာ့"
"မထဘူး"
"မထလဲ ‌ေနေပါ့"
"အား အကို"
ေ႐ွာင္က်န္႔ကရိေပၚေခါင္းကိုတြန္းလိုက္၍ ရိ‌ေပၚကဆိုဖာေအာက္သို႔ျပဳတ္က်သြားေလသည္ ထိုအခိုက္ေ႐ွာင္က်န္႔ကအိပ္ခန္းထဲသို႔ေျပး၀င္သြားသည္မို႔ ရိေပၚ‌ကေနာက္ကရီရင္းေျပးလိုက္ေလသည္။

ယြီ႐ွင္းကသူ႕စကားေတာင္ဆုံးေအာင္နားမေထာင္ဘဲ ခ်သြားေသာေ႐ွာင္က်န္႔ေၾကာင့္စိတ္တိုေနမိေလသည္။ ၾကည့္ရတာေဘးနားမွာဟိုေကာင္ေလး႐ွိ၍ျဖစ္မည္ အိမ္မွာေနလို႔မရတာ ထား လာလည္လို႔လဲမရ ယုတ္စြအဆုံးဖုန္းေတာင္ခိုးေျပာရသည့္ျဖစ္ရပ္ကေတာ့ ေတာ္ေတာ္လြန္လွသည္။
ယြီ႐ွင္းက ေတြးရင္းမြန္းၾကပ္လာသည္မို႔လည္ပင္းမွာဆြဲထားေသာနက္ကတိုင္စကို ေဆာင့္၍ႀကိဳးေလ်ာ့လိုက္ကာ ဖုန္းကိုကုတင္ေပၚသို႔ပစ္တင္ရင္း လူကပါကုတင္ေပၚသို႔လွဲခ်လိုက္မိသည္။

သာမန္ေယာက်ၤားေလးႏွစ္ေယာက္ရဲ႕ဆက္ဆံေရးႏွင့္ပင္မတူေတာ့ သာမာန္ဆက္ဆံေရးေရာဟုတ္ရဲ႕လား ဒီထက္ေရာမပိုႏိုင္ဘူးလား။
ေယာက်ၤားေလးႏွစ္ေယာက္ရဲ႕ဆက္ဆံေရးတြင္သာမာန္ထက္ပိုသည့္ျဖစ္ရပ္မ်ိဳး ေ႐ွာင္က်န္႔တြင္အျဖစ္ေစခ်င္ဆုံးလူကိုျပပါဆို သူပင္ျဖစ္လိမ့္မည္။
ဒါေပမယ့္ တျခားလူႏွင့္ေတာ့မျဖစ္ေစရ သူႏွင့္ပင္ျဖစ္ရမည္ သူကသာေ႐ွာင္က်န္႔ကိုပိုင္ဆိုင္ရသူျဖစ္ရမည္။

#Zawgyi

#Yizhanfic
-Hanna
2021 Jun 9 Wed
12:50PM

המשך קריאה

You'll Also Like

174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
72.9K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
25.6K 1.7K 39
ဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။
83.5K 11.1K 41
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]