လင်းသန့်ကြည်
ကားပေါ်ကဆင်းတာနဲ့ မှတ်တိုင်အမိုးအောက်ကနေ လှစ်ကနဲပြေးလာကာ...ပခုံးကိုတဖြတ်ဖြတ်ရိုက်တော့သည်။
"နာတယ်ဟဲ့.... ဝတ်ရည်မရဲ့...သေမလို့ ရိုက်နေတာလား...ပင်ပန်းလာတဲ့သူကို"
"နင်ကများ....ပြောရတယ်ရှိသေး...အိမ်ကလူတွေစိတ်ပူနေပြီ....ဖုန်းမဆက်ဘူး နောက်ကျမယ်ဆိုလဲ"
ပြောရင်းရိုက်ပြန်သည်။
"ဖုန်းက အားကုန်တာဟဲ့...နင့်ဆေးခန်းရပ်ကွက်က မိုးရွာတာနဲ့ မီးကအရင်ပြတ်တာ...မီးပြန်လာလို့အားသွင်းမလို့ရှိသေး....လူနာလာလို့ နောက်ကျသွားတာ"
ဖြေရှင်းချက်လဲပေးရင်း လွတ်အောင်လဲ ရှောင်ရသည်။
"လင်းသန့်...သား....နောက်ကျနေပြီကွာ....စိတ်ပူနေရတာ....ဒီကောင်ပါမသွားတော့ပိုပြီးစိတ်ပူရတာပေါ့"
"ဟယ်...ပါပါး... "
မှတ်တိုင်အမိုးအောက်မှာ ထီးတစ်လက်ကိုင်ကာစောင့်နေသော...ဝတ်ရည်ရဲ့အဖေ....ဆရာဝန်ကြီးဦးတိုးဝင့်ရှိန်...လင်းသန့်ကြည်အားနာသွားတော့သည်။
အလုပ်ရှုပ်သူ အလွန်အလုပ်များသူက ရှားရှားပါးပါးအားလပ်ချိန်လေးကို မိမိကိုလာကြိုရသည်လေ။
"ပါပါးရယ် အိမ်ကစောင့်လဲရတဲ့ဟာကို...."
"ပါပါးက လမ်းလျှောက်ချင်လို့ လိုက်လာတာပါ...ဒီကောင်တစ်ယောက်ထဲဖြစ်နေလို့လေ...တူတူလာစောင့်ပေးတာ"
ဝတ်ရည်ပုခုံးပေါ်လက်တင်ကာဖက်ရင်း ပြောသည်။
ဝတ်ရည်မကတော့ မျက်စောင်းတခဲခဲ... အိမ်ရောက်လဲ ဒင်းကို ရှောင်ရမည်။ လက်မြန်ခြေမြန် သိပ်ရိုက်တာ။ နာတယ်။
အိမ်ရောက်တော့လဲ ဝတ်ရည်အမေ အန်တီသက်ထားနဲ့ အဒေါ်ဖြစ်သူ ဒေါ်ပိုးဝင့်ရှိန်က စိတ်ပူပန်ကြီးစွာစောင့်နေသည်။ အကျိုးအကြောင်းတော့ ပြောပြလိုက်ရတာပေါ့။ လူကြီးတွေကလဲလေ...တကယ်ပါပဲ...ဝတ်ရည်ကိုဆိုဒီလောက်မပူပန်။ ယောကျားလေးဖြစ်တဲ့ လင်းသန့်ကြည်ကိုပူသည်။ ဝတ်ရည်မကိုယ်တိုင် ကိုယ့်ကိုစိတ်ပူလို့ မျက်နှာပျက်နေတာကိုကြည့်ပြီး ဒီမိသားစုနဲ့ တွေ့ရတာ ဘုရားပေးတဲ့ဆုတစ်ခုလို့ပဲ လင်းသန့်ကြည် ခံယူမိသည်။
အမေနဲ့အဖွားဆိုလဲ လင်းသန့်ကြည်ကို ပိုးမွေးသလို မွေးခဲ့တာပါ။ ဒီမိသားစုလဲ ထို့အတူပင်။
အန်တီရှိန်က သိပ်တော့မဆူပါဘူး။ အန်တီထားကတော့ နဂိုကတည်းက စိတ်ပူတတ်သူဆိုတော့...
"လင်းသန့်ရယ်....ဖုန်းတော့ဆက်ပါ...နောက်ဆိုရင်...နော်"
"ဟုတ်...အန်တီထား....သား.. ဖုန်းကအားကုန်သွားတာ..ပြန်ကာနီးမှ...လူနာရောက်လာလို့လေ...
ဘောလုံးကန်ရင်း ချော်လဲတာတဲ့လေ..ဆေးထည့်ပေးနေတာကြာသွားတာပါ...သားလဲ ပါပါးကိုယ်တိုင်လာကြိုနေတော့အားနာလိုက်တာ"
လင်းသန့်ကြည် တကယ်ကိုအားနာရသည်။
Power Bank တော့ဆောင်ထားအုံးမှ...
မိုးသံကြားရင် မီးပြတ်တတ်တဲ့နေရာမှာ အလုပ်လုပ်ရသူဆိုတော့လဲ...ကြိုစီစဥ်မှဖြစ်တော့မည်။
ဖုန်းက အရေးကြီးသည်။
ညစာထမင်းစားပြီး....လင်းသန့်ကြည်..လူကြီးတွေကို နှုတ်ဆက်ကာ အခန်းထဲဝင်သည်။စကားထိုင်မပြောနိုင်တော့ပါ။
မိုးမိရင်အဲ့အတိုင်းပဲ...မအီမသာခံစားရသည်။
အရင်နေ့တွေဆို ဝတ်ရည်ရော လင်းသန့်ကြည်ပါ အတူထိုင်ပေးဖြစ်ကြသည်။ ဒီနေ့တော့ စောစောနားချင်သည်။ ဧည့်ခန်းထဲမှာ လူကြီးတွေ စကားပြောပြီးကျန်ခဲ့ကြသည်။
ဒီမိသားစုရဲ့ ချစ်စရာအမူအကျင့်တွေထဲက တစ်ခုက...ညဘက်လူစုံသည့်အချိန်တွေမှာ စကားစုပြီးပြောကြသည်။ တစ်နေ့တာ ကြုံခဲ့ကြ ဖြစ်ခဲ့ကြတာတွေကို တစ်ယောက်နဲ့တစ်ယောက်ဖောက်သည်ချကြသည်။ များသောအားဖြင့်တော့ ဒီစကားဝိုင်းမှာ ပါပါးကမပါတတ်။ အလုပ်များသူမို့ အိမ်မှာနေရခဲသည်။
အန်တီထားစီစဥ်ပေးသော စားဖွယ်ရာများ အချိုတည်းရင်း စကားစမြည်ပြောကြတာ... မိသားစုကြားမှာကွယ်ဝှက်တာမရှိ။ ပွင့်လင်းရိုးသားစွာဆက်ဆံကြသည်။ လင်းသန့်ကြည်ပင် ခုဆို ဒီမိသားစုရဲ့ အမူအကျင့်တွေနဲ့အသားကျနေပြီ။
ပါပါး ရှိတဲ့ရက်တွေဆိုရင် ပိုပြီးပျော်ဖို့ကောင်းသည်။ အလုပ်အတွေ့အကြုံတွေ....လူနာတွေရဲ့ အကြောင်းတွေအပြင် ဟာသလဲ သိပ်ပြောတတ်တာကြောင့် ပါးစပ်မစိရအောင် ရယ်နေရသည်။ ဝတ်ရည်နဲ့လင်းသန့်ကြည်အတွက်လဲ ဗဟုသုတရသည်။
တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစုစကားဝိုင်းလေးပါ။ကိုယ်စီ အလုပ်ရှုပ်ကြသော်လည်း မိသားစုအတွက်အချိန်ပေးတတ်ကြသည့်အကျင့်လေး။
လင်းသန့်ကြည်က အဖေဆုံးသွားတာကြာပြီဆိုတော့....ဖခင်တစ်ယောက်ရဲ့ နွေးထွေးလုံခြုံစေသော ဆက်ဆံမှုကိုမသိခဲ့ရ။
ယခုတော့ ပါပါးက ဖခင်တစ်ယောက်လို ဆက်ဆံပေးသည်။
လုံခြုံနွေးထွေးသော မိသားစုထဲကို ကံကောင်းထောက်မလို့ရောက်လာခဲ့ရတာလို့ အမြဲတွေးမိရသည်။
.
.
.
ဒေါက်... ဒေါက်...ဒေါက်....
"လင်းသန့် တံခါးဖွင့်အုံး"
တံခါးခေါက်ကာ ခေါ်နေတဲ့ ဝတ်ရည်မ...
"ဘာလဲ"
"ဘာလဲမလုပ်နဲ့ တံခါးလာဖွင့်"
"နင် မရိုက်ဘူးဆိုရင် ဖွင့်ပေးမယ်"
"အေး...ဟယ်...မရိုက်ဘူး"
လင်းသန့်ကြည့် တံခါးဆီသို့ထကာသွားရင်း ဖွင့်ပေးဖို့လုပ်သည်။ သို့သော် ဝတ်ရည်ကိုစိတ်မချတာကြောင့် တံခါးလေး ဟ စိ စိ လုပ်ရင်း ချောင်းရသေးသည်။ ပုံမှန်အနေအထားနဲ့ ရုပ်ကိုမြင်မှ....ဖွင့်ပေးလိုက်သည်။
ပန်းသီးတွေစိတ်ထည့်ထားသော ပန်းကန်ကိုင်ကာဝင်လာသည်။
"ဟဲ့ ဝတ်ရည်မ....ပါပါးက တစ်ခါတစ်လေမှအိမ်မှာရှိတာ...နင် စကားသွားပြောလေဟာ"
"လျှာမရှည်နဲ့...ရော့ ပန်းသီး...ပြောရမှာက နင်....ငါမဟုတ်ဘူး...တစ်ညနေလုံးငါနဲ့ ပြောနေတာ "
"နင်...ဘယ်ချိန်ပြန်ရောက်လဲ....အာကာ လိုက်ပို့တာလား"
"အမ်မလေး....ဆေးရုံကလှမ်းခေါ်လို့ ပြန်ပြေးရတယ်လေ....သူ့ဆေးရုံငါကလိုက်ပို့ခဲ့ရသေးတာ... နှစ်နာရီခွဲလောက်က ပြန်ရောက်တယ်"
"ငါ့ဆီတော့ လိုက်မလာဘူး"
"ဘာလို့လိုက်ရမှာလဲ...တစ်ခါတစ်လေ နားရတာ"
"အပုတ်အစပ်မ"
သူ့ကို ဆဲသောအခါ...ဝတ်ရည်က...
ပန်းသီးစိတ်ကို ခရင်းနှင့်ထိုးကာ လင်းသန့်ကြည် ပါးစပ်ထဲထိုးထည့်ပစ်လိုက်သည်။
လင်းသန့်ကြည်ပန်းသီးစိတ်ကို အရသာခံကာ ဖြေးဖြေးဝါးနေမိသည်။ ဝတ်ရည်က... လင်းသန့်ကြည်စားပွဲပေါ်မှ ဆေးပညာဆိုင်ရာ စာအုပ်တစ်ခယအုပ်ကိုဆွဲကာယူရင်းဖတ်နေသည်။
"စားပြီးရင် ဆေးသောက်.... နော် လင်းသန့်"
"သွား ယူလာခဲ့"
လင်းသန့်ကြည်ကို မျက်စောင်းထိုးကာကြည့်ရင်း စာအုပ်ကိုချကာ ထွက်သွားတော့သည်။
မကြာဘူး...ဝတ်ရည် အခန်းဝမှာခေါင်းလေးပြူကာထွက်လာရင်း.....
"လင်းသန့် လာအုံး.....ပါပါးခေါ်နေတယ်"
ဘာပြောမလို့ပါလိမ့်။
လင်းသန့်ကြည် ထကာဧည့်ခန်းဆီလျှောက်လာခဲ့သည်။
"လင်းသန့်.... လာ...ထိုင်"
" ဟုတ်....ပါပါး"
"ဝတ်ရည်နဲ့လင်းသန့်ကို ပါပါးပြောစရာရှိတယ်....နှစ်ယောက်လုံး တာဝန်ကျတဲ့ဆေးရုံကိုလိုင်းကားစီးနေရတယ်မှလား....အဲ့ဒါ အန်တီထားနဲ့ပါပါးက ခု တိုင်ပင်နေတာ....ကားတစ်စီးလောက်ဝယ်လိုက်မလား"
"ဝိုး.....မိုက်တယ်.....မိုက်တယ်..."
ဝတ်ရည်အသံက ထိန်းမရ အပျော်လွန်သံကြီးနဲ့...
"ဟို.....ပါပါး......သား..ကားမမောင်းရဲသေးဘူး"
လင်းသန့်ကြည် တုန် ရီ ရီနဲ့ပြောသည်။
"ဟာ...ငါမောင်းမယ်ဟာ....ပါပါး...ဝယ်ပေး....ကိုယ်မောင်းမယ်"
ဝတ်ရည်မကိုမျက်စောင်းထိုးကြည့်မိသည်။
ဒင်းကို ကြောက်လို့ မဝယ်ချင်တာ။ ကား ဆိုတဲ့အသံကြားရုံနဲ့ဖြစ်နေတာကြည့်လေ။
"မင်း မောင်းလို့တော့မဖြစ်ဘူး....ပါပါးရော မေမေပါစိတ်မချဘူး"
ပါပါးကဝတ်ရည်ကို လှည့်ကြည့်ရင်း ပြောသည်။
ဝတ်ရည် နှုတ်ခမ်းဆူကာ မကျေနပ်....
"အဲ့ဒါ...ပါပါးက ခဏစိုက်ဝယ်ပေးမယ်...တဖြည်းဖြည်းပြန်ဆပ်ကြပေါ့....နှစ်ယောက်က အတူသွား အတူပြန်ပဲ မဟုတ်လား....ဂျူတီတွေရော တူကြလား...
ခု ဆေးခန်းဖွင့်တာရောအခြေအနေဘယ်လိုလဲ"
လင်းသန့်ကြည်ကို ကြည့်ကာမေးသည်။
"ဟုတ်..ပါပါး...ဆေးခန်းလေးက မဆိုးပါဘူး....ဖွင့်ကာစဆိုတော့...လူတော့သိပ်မဝင်သေးဘူး...ဒါပေမဲ့ ရပ်ကွက်ထဲဆိုတော့ လူနာလဲ နေ့တိုင်းရှိနေတာပါပဲ...ဝတ်ရည်နဲ့က ဂျူတီတူတဲ့ရက်လဲရှိပါတယ်....မတူတဲ့ရက်လဲရှိတယ် ပါပါး"
"အေးလေ....မင်းတို့နှစ်ယောက်ကို ပါပါးတို့က ကားဝယ်ပေးဖို့ပြောနေတာကြာပြီ....ဒီကောင့်ကို သူ့အမေကစိတ်မချတာရယ်....လင်းသန့်က ကားမမောင်းရဲတာရယ်နဲ့ ဝယ်ပေးဖို့ကြာနေတာ...ဒီနေ့လို မိုးကရွာ...အိမ်ပြန်နောက်ကျနဲ့ဆိုရင် လူကြီးတွေ အိမ်မှာစိတ်ပူတယ်လေ"
"Sorry ပါ...သား....ပေါ့သွားတာ....နောက်ဆို ဖုန်းဆက်ပါ့မယ်...ဒီနေ့ကလဲ ဖုန်းအားမသွင်းရတာရယ်....လူနာက ပြန်ကာနီးမှရောက်လာတာရယ်ကြောင့်ပါ"
"ဝယ်လိုက်ပါ...သားရယ်.....သားလဲ မောင်းတတ်နေတာပဲ....ဝတ်ရည် တစ်ယောက်ထဲတော့ အဆင်မပြေဘူး...စိတ်မချဘူး...သူ့လက်ထဲကားထည့်ပေးရင် ကျား အတောင်ပံတပ်ပေးသလိုဖြစ်နေမှာ"
အန်တီထားက ဝတ်ရည်ကိုကြည့်ရင်းပြောပြန်သည်။
"ငါ့ကောင်ကို ဝိုင်းမပြောကြပါနဲ့.....ငိုချင်နေပြီ...ကားမမောင်းရလို့တဲ့"
သူ့ပေါင်ပေါ်တက်ထိုင်နေတဲ့ တူမကို ဖက်ရင်း အန်တီရှိန်က ပြောသည်။
ဝတ်ရည်က လင်းသန့်ကြည်ကို ကြည့်ကာ မျက်နှာရိပ် မျက်နှာကဲနှင့် စကားပြောနေသည်။
ဝယ်လိုက် ဝယ်ခိုင်းလိုက် ခေါင်းညိမ့်လိုက်စမ်းပေါ့လေ။
တကယ်က... ဝတ်ရည်ရော...လင်းသန့်ကြည်ပါ...ကားမောင်းသင်ပေးထားပြီးသား။
ပါပါးကားနဲ့ပဲ ပါးပါးကိုယ်တိုင်တလှည့် ပါပါးဆေးရုံမှ ဝန်ထမ်းအကိုတလှည့် သင်ပေးခဲ့ကြတာ။
ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်သည်အထိ သင်ပေးထားပြီးသား။
ဝတ်ရည်ရဲ့ အားနည်းချက်က ကားမောင်းကျွမ်းသည်ဟု သူ့ကိုယ်သူထင်ကာ အမောင်းရမ်းချင်သည်။ ဒါကို လူကြီးတွေက စိတ်မချ။
လင်းသန့်ကြည်ရဲ့အားနည်းချက်က လမ်းမပေါ်ရောက်ရင် မောင်းရတာ မရဲတော့။ ကိုယ့်တစ်ယောက်ထဲ လမ်းမပေါ်မှာရှိနေရင် ဘာမှမဖြစ်။ ကားများလာရင်တော့.....ဝေဝါးလာတော့သည်။
လမ်းမပေါ်ရောက်မှတော့...ကားတွေချည်းပဲပေါ့။
ဒါကို ကားမောင်းရင်း ကားကြောက်သည်ဆိုတော့...တွေးသာကြည့်တော့။ ဒီတစ်သက်ကားမောင်းလို့ရပါတော့မလား။
လင်းသန့်ကြည် မျက်နှာလေးငယ်ကာ...ဝတ်ရည်ကိုတလှည့် လူကြီးတွေကိုတလှည့် ကြည့်ရင်း စိတ်တွေမသက်သာ။
"လင်းသန့်က...မမောင်းရဲသေးဘူးလား"
အန်တီရှိန်ကမေးသည်။
"ဟုတ်....တယ်....တီရှိန်"
လင်းသန့်ကြည် မျက်နှာငယ်လေးနဲ့ဖြေသည်။
"ငါတို့ကောင်ကရော.....မောင်းလို့ဖြစ်ပါ့မလား"
ဝတ်ရည်ကိုလဲ မေးသည်။
"ဘယ်ဖြစ်မလဲ.....စိတ်မှမချကြတဲ့ဟာကို....ဒီအရွယ်ရောက်နေပြီ....ကလေးလိုပဲဆက်ဆံတယ်...ဆရာဝန်ကားမောင်းတာများ ထူးဆန်းလို့...ဟွန့်...ပါးက ကိုယ့်ကို ဒီတစ်ခု လွှတ်မပေးဘူး....စိတ်ဆိုးတယ်"
သူ့အဖေကိုလဲ ရန်ထောင်သည်။
ပါပါးက သူ့သမီးကိုကြည့်ကာ...ရယ်ရင်း....
"မင်းကလဲ..... ဒီတစ်ခုပဲ စိတ်မချရတာပါကွာ"
သူ့အဖေနဲ့အမေကို ရူတည်တည်ကြည့်ကာ ဘာမှပြန်မပြော။
"Driver ငှားရင်ရော...."
အန်တီထားက အကြံပြုသည်။
"လစာက ဘယ်သူပေးမှာလဲ....ကားဖိုးလဲဆပ်ရအုံးမယ်ဆို"
ဝတ်ရည်ရဲ့ စောဒက တက်သံ....
လင်းသန့်ကြည် မူးနောက်ကာ လာတော့သည်။
ဝတ်ရည်ကလဲ ကားလိုချင်နေတာကြာခဲ့ပြီ။
မိမိကလဲ ကားကိုမမောင်းရဲ။ လူကြီးတွေကလဲ စိတ်ပူသည့်အတွင် ဝယ်စေချင်သည်။ ကိုယ်တွေတာဝန်ကျရာ နေရာက ဆင်ခြေဖုံး.....ထို့ပြင် ဆေးခန်းထိုင်ရသေးသည်။
ကြာလေ အိမ်ပြန်နောက်ကျလေ ဖြစ်ရမှာပဲ။ ခုချိန်က ဆေးခန်းအသစ်...လူနာကများများစားစားမကြည့်ရလို့...ဒီချိန်အိမ်ပြန်ရောက်ရတာ။ ဆေးရုံမှာကလဲ တစ်ခါတစ်ရံ ဂျူတီပြီးလို့အိမ်ပြန်မယ်ဆိုမှ...နောက်ကြောင်းပြန်ခေါက်ပြီး အလုပ်လုပ်ရသည်ကရှိတတ်သေးတာ။
"ပါးပါးရယ်....သားတို့ စဥ်းစားပြီး ပြန်ပြောပေးမယ်လေ"
အားနာစွာနဲ့ ဒီလိုပဲ လင်းသန့်ကြည် ပြောတတ်တော့သည်။လူကြီးတွေက ချင့်ချိန်တတ်သူ လင်းသန့်ကြည် ခေါင်းမညိမ့်လျှင်ဝယ်ပေးမည့်ပုံမပေါ်။
ဇွတ် ခေါင်းခါပြန်ရင်လဲ ဝတ်ရည်မက မိမိကိုဒီတိုင်းထားမည်မဟုတ်။ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲသည်ကို ပုတ်ထုတ်ရပါ့မလားဟုဆိုကာ...မပြီးနိုင် မဆုံးနိုင် ရစ်တော့မည်။
မိမိကားမောင်းဖို့ကလဲ ဘယ်လိုမှ မဖြစ်နိုင်သေး။
စဥွ်းစားပြီးမှ....လုပ်တာကောင်းမည်။
.
.
.
.
ဆက်ရန်.....
လင္းသန့္ၾကည္
ကားေပၚကဆင္းတာနဲ႕ မွတ္တိုင္အမိုးေအာက္ကေန လွစ္ကနဲေျပးလာကာ...ပခုံးကိုတျဖတ္ျဖတ္ရိုက္ေတာ့သည္။
"နာတယ္ဟဲ့.... ဝတ္ရည္မရဲ႕...ေသမလို႔ ရိုက္ေနတာလား...ပင္ပန္းလာတဲ့သူကို"
"နင္ကမ်ား....ေျပာရတယ္ရွိေသး...အိမ္ကလူေတြစိတ္ပူေနၿပီ....ဖုန္းမဆက္ဘူး ေနာက္က်မယ္ဆိုလဲ"
ေျပာရင္းရိုက္ျပန္သည္။
"ဖုန္းက အားကုန္တာဟဲ့...နင့္ေဆးခန္းရပ္ကြက္က မိုး႐ြာတာနဲ႕ မီးကအရင္ျပတ္တာ...မီးျပန္လာလို႔အားသြင္းမလို႔ရွိေသး....လူနာလာလို႔ ေနာက္က်သြားတာ"
ေျဖရွင္းခ်က္လဲေပးရင္း လြတ္ေအာင္လဲ ေရွာင္ရသည္။
"လင္းသန့္...သား....ေနာက္က်ေနၿပီကြာ....စိတ္ပူေနရတာ....ဒီေကာင္ပါမသြားေတာ့ပိုၿပီးစိတ္ပူရတာေပါ့"
"ဟယ္...ပါပါး... "
မွတ္တိုင္အမိုးေအာက္မွာ ထီးတစ္လက္ကိုင္ကာေစာင့္ေနေသာ...ဝတ္ရည္ရဲ႕အေဖ....ဆရာဝန္ႀကီးဦးတိုးဝင့္ရွိန္...လင္းသန့္ၾကည္အားနာသြားေတာ့သည္။
အလုပ္ရႈပ္သူ အလြန္အလုပ္မ်ားသူက ရွားရွားပါးပါးအားလပ္ခ်ိန္ေလးကို မိမိကိုလာႀကိဳရသည္ေလ။
"ပါပါးရယ္ အိမ္ကေစာင့္လဲရတဲ့ဟာကို...."
"ပါပါးက လမ္းေလွ်ာက္ခ်င္လို႔ လိုက္လာတာပါ...ဒီေကာင္တစ္ေယာက္ထဲျဖစ္ေနလို႔ေလ...တူတူလာေစာင့္ေပးတာ"
ဝတ္ရည္ပုခုံးေပၚလက္တင္ကာဖက္ရင္း ေျပာသည္။
ဝတ္ရည္မကေတာ့ မ်က္ေစာင္းတခဲခဲ... အိမ္ေရာက္လဲ ဒင္းကို ေရွာင္ရမည္။ လက္ျမန္ေျချမန္ သိပ္ရိုက္တာ။ နာတယ္။
အိမ္ေရာက္ေတာ့လဲ ဝတ္ရည္အေမ အန္တီသက္ထားနဲ႕ အေဒၚျဖစ္သူ ေဒၚပိုးဝင့္ရွိန္က စိတ္ပူပန္ႀကီးစြာေစာင့္ေနသည္။ အက်ိဳးအေၾကာင္းေတာ့ ေျပာျပလိုက္ရတာေပါ့။ လူႀကီးေတြကလဲေလ...တကယ္ပါပဲ...ဝတ္ရည္ကိုဆိုဒီေလာက္မပူပန္။ ေယာက်ားေလးျဖစ္တဲ့ လင္းသန့္ၾကည္ကိုပူသည္။ ဝတ္ရည္မကိုယ္တိုင္ ကိုယ့္ကိုစိတ္ပူလို႔ မ်က္ႏွာပ်က္ေနတာကိုၾကည့္ၿပီး ဒီမိသားစုနဲ႕ ေတြ႕ရတာ ဘုရားေပးတဲ့ဆုတစ္ခုလို႔ပဲ လင္းသန့္ၾကည္ ခံယူမိသည္။
အေမနဲ႕အဖြားဆိုလဲ လင္းသန့္ၾကည္ကို ပိုးေမြးသလို ေမြးခဲ့တာပါ။ ဒီမိသားစုလဲ ထို႔အတူပင္။
အန္တီရွိန္က သိပ္ေတာ့မဆူပါဘူး။ အန္တီထားကေတာ့ နဂိုကတည္းက စိတ္ပူတတ္သူဆိုေတာ့...
"လင္းသန့္ရယ္....ဖုန္းေတာ့ဆက္ပါ...ေနာက္ဆိုရင္...ေနာ္"
"ဟုတ္...အန္တီထား....သား.. ဖုန္းကအားကုန္သြားတာ..ျပန္ကာနီးမွ...လူနာေရာက္လာလို႔ေလ...
ေဘာလုံးကန္ရင္း ေခ်ာ္လဲတာတဲ့ေလ..ေဆးထည့္ေပးေနတာၾကာသြားတာပါ...သားလဲ ပါပါးကိုယ္တိုင္လာႀကိဳေနေတာ့အားနာလိုက္တာ"
လင္းသန့္ၾကည္ တကယ္ကိုအားနာရသည္။
Power Bank ေတာ့ေဆာင္ထားအုံးမွ...
မိုးသံၾကားရင္ မီးျပတ္တတ္တဲ့ေနရာမွာ အလုပ္လုပ္ရသူဆိုေတာ့လဲ...ႀကိဳစီစဥ္မွျဖစ္ေတာ့မည္။
ဖုန္းက အေရးႀကီးသည္။
ညစာထမင္းစားၿပီး....လင္းသန့္ၾကည္..လူႀကီးေတြကို ႏႈတ္ဆက္ကာ အခန္းထဲဝင္သည္။စကားထိုင္မေျပာနိုင္ေတာ့ပါ။
မိုးမိရင္အဲ့အတိုင္းပဲ...မအီမသာခံစားရသည္။
အရင္ေန႕ေတြဆို ဝတ္ရည္ေရာ လင္းသန့္ၾကည္ပါ အတူထိုင္ေပးျဖစ္ၾကသည္။ ဒီေန႕ေတာ့ ေစာေစာနားခ်င္သည္။ ဧည့္ခန္းထဲမွာ လူႀကီးေတြ စကားေျပာၿပီးက်န္ခဲ့ၾကသည္။
ဒီမိသားစုရဲ႕ ခ်စ္စရာအမူအက်င့္ေတြထဲက တစ္ခုက...ညဘက္လူစုံသည့္အခ်ိန္ေတြမွာ စကားစုၿပီးေျပာၾကသည္။ တစ္ေန႕တာ ႀကဳံခဲ့ၾက ျဖစ္ခဲ့ၾကတာေတြကို တစ္ေယာက္နဲ႕တစ္ေယာက္ေဖာက္သည္ခ်ၾကသည္။ မ်ားေသာအားျဖင့္ေတာ့ ဒီစကားဝိုင္းမွာ ပါပါးကမပါတတ္။ အလုပ္မ်ားသူမို႔ အိမ္မွာေနရခဲသည္။
အန္တီထားစီစဥ္ေပးေသာ စားဖြယ္ရာမ်ား အခ်ိဳတည္းရင္း စကားစျမည္ေျပာၾကတာ... မိသားစုၾကားမွာကြယ္ဝွက္တာမရွိ။ ပြင့္လင္းရိုးသားစြာဆက္ဆံၾကသည္။ လင္းသန့္ၾကည္ပင္ ခုဆို ဒီမိသားစုရဲ႕ အမူအက်င့္ေတြနဲ႕အသားက်ေနၿပီ။
ပါပါး ရွိတဲ့ရက္ေတြဆိုရင္ ပိုၿပီးေပ်ာ္ဖို႔ေကာင္းသည္။ အလုပ္အေတြ႕အႀကဳံေတြ....လူနာေတြရဲ႕ အေၾကာင္းေတြအျပင္ ဟာသလဲ သိပ္ေျပာတတ္တာေၾကာင့္ ပါးစပ္မစိရေအာင္ ရယ္ေနရသည္။ ဝတ္ရည္နဲ႕လင္းသန့္ၾကည္အတြက္လဲ ဗဟုသုတရသည္။
တန္ဖိုးမျဖတ္နိုင္တဲ့ မိသားစုစကားဝိုင္းေလးပါ။ကိုယ္စီ အလုပ္ရႈပ္ၾကေသာ္လည္း မိသားစုအတြက္အခ်ိန္ေပးတတ္ၾကသည့္အက်င့္ေလး။
လင္းသန့္ၾကည္က အေဖဆုံးသြားတာၾကာၿပီဆိုေတာ့....ဖခင္တစ္ေယာက္ရဲ႕ ႏြေးေထြးလုံၿခဳံေစေသာ ဆက္ဆံမႈကိုမသိခဲ့ရ။
ယခုေတာ့ ပါပါးက ဖခင္တစ္ေယာက္လို ဆက္ဆံေပးသည္။
လုံၿခဳံႏြေးေထြးေသာ မိသားစုထဲကို ကံေကာင္းေထာက္မလို႔ေရာက္လာခဲ့ရတာလို႔ အၿမဲေတြးမိရသည္။
.
.
.
ေဒါက္... ေဒါက္...ေဒါက္....
"လင္းသန့္ တံခါးဖြင့္အုံး"
တံခါးေခါက္ကာ ေခၚေနတဲ့ ဝတ္ရည္မ...
"ဘာလဲ"
"ဘာလဲမလုပ္နဲ႕ တံခါးလာဖြင့္"
"နင္ မရိုက္ဘူးဆိုရင္ ဖြင့္ေပးမယ္"
"ေအး...ဟယ္...မရိုက္ဘူး"
လင္းသန့္ၾကည့္ တံခါးဆီသို႔ထကာသြားရင္း ဖြင့္ေပးဖို႔လုပ္သည္။ သို႔ေသာ္ ဝတ္ရည္ကိုစိတ္မခ်တာေၾကာင့္ တံခါးေလး ဟ စိ စိ လုပ္ရင္း ေခ်ာင္းရေသးသည္။ ပုံမွန္အေနအထားနဲ႕ ႐ုပ္ကိုျမင္မွ....ဖြင့္ေပးလိုက္သည္။
ပန္းသီးေတြစိတ္ထည့္ထားေသာ ပန္းကန္ကိုင္ကာဝင္လာသည္။
"ဟဲ့ ဝတ္ရည္မ....ပါပါးက တစ္ခါတစ္ေလမွအိမ္မွာရွိတာ...နင္ စကားသြားေျပာေလဟာ"
"လွ်ာမရွည္နဲ႕...ေရာ့ ပန္းသီး...ေျပာရမွာက နင္....ငါမဟုတ္ဘူး...တစ္ညေနလုံးငါနဲ႕ ေျပာေနတာ "
"နင္...ဘယ္ခ်ိန္ျပန္ေရာက္လဲ....အာကာ လိုက္ပို႔တာလား"
"အမ္မေလး....ေဆး႐ုံကလွမ္းေခၚလို႔ ျပန္ေျပးရတယ္ေလ....သူ႕ေဆး႐ုံငါကလိုက္ပို႔ခဲ့ရေသးတာ... ႏွစ္နာရီခြဲေလာက္က ျပန္ေရာက္တယ္"
"ငါ့ဆီေတာ့ လိုက္မလာဘူး"
"ဘာလို႔လိုက္ရမွာလဲ...တစ္ခါတစ္ေလ နားရတာ"
"အပုတ္အစပ္မ"
သူ႕ကို ဆဲေသာအခါ...ဝတ္ရည္က...
ပန္းသီးစိတ္ကို ခရင္းႏွင့္ထိုးကာ လင္းသန့္ၾကည္ ပါးစပ္ထဲထိုးထည့္ပစ္လိုက္သည္။
လင္းသန့္ၾကည္ပန္းသီးစိတ္ကို အရသာခံကာ ေျဖးေျဖးဝါးေနမိသည္။ ဝတ္ရည္က... လင္းသန့္ၾကည္စားပြဲေပၚမွ ေဆးပညာဆိုင္ရာ စာအုပ္တစ္ခယအုပ္ကိုဆြဲကာယူရင္းဖတ္ေနသည္။
"စားၿပီးရင္ ေဆးေသာက္.... ေနာ္ လင္းသန့္"
"သြား ယူလာခဲ့"
လင္းသန့္ၾကည္ကို မ်က္ေစာင္းထိုးကာၾကည့္ရင္း စာအုပ္ကိုခ်ကာ ထြက္သြားေတာ့သည္။
မၾကာဘူး...ဝတ္ရည္ အခန္းဝမွာေခါင္းေလးျပဴကာထြက္လာရင္း.....
"လင္းသန့္ လာအုံး.....ပါပါးေခၚေနတယ္"
ဘာေျပာမလို႔ပါလိမ့္။
လင္းသန့္ၾကည္ ထကာဧည့္ခန္းဆီေလွ်ာက္လာခဲ့သည္။
"လင္းသန့္.... လာ...ထိုင္"
" ဟုတ္....ပါပါး"
"ဝတ္ရည္နဲ႕လင္းသန့္ကို ပါပါးေျပာစရာရွိတယ္....ႏွစ္ေယာက္လုံး တာဝန္က်တဲ့ေဆး႐ုံကိုလိုင္းကားစီးေနရတယ္မွလား....အဲ့ဒါ အန္တီထားနဲ႕ပါပါးက ခု တိုင္ပင္ေနတာ....ကားတစ္စီးေလာက္ဝယ္လိုက္မလား"
"ဝိုး.....မိုက္တယ္.....မိုက္တယ္..."
ဝတ္ရည္အသံက ထိန္းမရ အေပ်ာ္လြန္သံႀကီးနဲ႕...
"ဟို.....ပါပါး......သား..ကားမေမာင္းရဲေသးဘူး"
လင္းသန့္ၾကည္ တုန္ ရီ ရီနဲ႕ေျပာသည္။
"ဟာ...ငါေမာင္းမယ္ဟာ....ပါပါး...ဝယ္ေပး....ကိုယ္ေမာင္းမယ္"
ဝတ္ရည္မကိုမ်က္ေစာင္းထိုးၾကည့္မိသည္။
ဒင္းကို ေၾကာက္လို႔ မဝယ္ခ်င္တာ။ ကား ဆိုတဲ့အသံၾကား႐ုံနဲ႕ျဖစ္ေနတာၾကည့္ေလ။
"မင္း ေမာင္းလို႔ေတာ့မျဖစ္ဘူး....ပါပါးေရာ ေမေမပါစိတ္မခ်ဘဴး"
ပါပါးကဝတ္ရည္ကို လွည့္ၾကည့္ရင္း ေျပာသည္။
ဝတ္ရည္ ႏႈတ္ခမ္းဆူကာ မေက်နပ္....
"အဲ့ဒါ...ပါပါးက ခဏစိုက္ဝယ္ေပးမယ္...တျဖည္းျဖည္းျပန္ဆပ္ၾကေပါ့....ႏွစ္ေယာက္က အတူသြား အတူျပန္ပဲ မဟုတ္လား....ဂ်ဴတီေတြေရာ တူၾကလား...
ခု ေဆးခန္းဖြင့္တာေရာအေျခအေနဘယ္လိုလဲ"
လင္းသန့္ၾကည္ကို ၾကည့္ကာေမးသည္။
"ဟုတ္..ပါပါး...ေဆးခန္းေလးက မဆိုးပါဘူး....ဖြင့္ကာစဆိုေတာ့...လူေတာ့သိပ္မဝင္ေသးဘူး...ဒါေပမဲ့ ရပ္ကြက္ထဲဆိုေတာ့ လူနာလဲ ေန႕တိုင္းရွိေနတာပါပဲ...ဝတ္ရည္နဲ႕က ဂ်ဴတီတူတဲ့ရက္လဲရွိပါတယ္....မတူတဲ့ရက္လဲရွိတယ္ ပါပါး"
"ေအးေလ....မင္းတို႔ႏွစ္ေယာက္ကို ပါပါးတို႔က ကားဝယ္ေပးဖို႔ေျပာေနတာၾကာၿပီ....ဒီေကာင့္ကို သူ႕အေမကစိတ္မခ်တာရယ္....လင္းသန့္က ကားမေမာင္းရဲတာရယ္နဲ႕ ဝယ္ေပးဖို႔ၾကာေနတာ...ဒီေန႕လို မိုးက႐ြာ...အိမ္ျပန္ေနာက္က်နဲ႕ဆိုရင္ လူႀကီးေတြ အိမ္မွာစိတ္ပူတယ္ေလ"
"Sorry ပါ...သား....ေပါ့သြားတာ....ေနာက္ဆို ဖုန္းဆက္ပါ့မယ္...ဒီေန႕ကလဲ ဖုန္းအားမသြင္းရတာရယ္....လူနာက ျပန္ကာနီးမွေရာက္လာတာရယ္ေၾကာင့္ပါ"
"ဝယ္လိုက္ပါ...သားရယ္.....သားလဲ ေမာင္းတတ္ေနတာပဲ....ဝတ္ရည္ တစ္ေယာက္ထဲေတာ့ အဆင္မေျပဘူး...စိတ္မခ်ဘဴး...သူ႕လက္ထဲကားထည့္ေပးရင္ က်ား အေတာင္ပံတပ္ေပးသလိုျဖစ္ေနမွာ"
အန္တီထားက ဝတ္ရည္ကိုၾကည့္ရင္းေျပာျပန္သည္။
"ငါ့ေကာင္ကို ဝိုင္းမေျပာၾကပါနဲ႕.....ငိုခ်င္ေနၿပီ...ကားမေမာင္းရလို႔တဲ့"
သူ႕ေပါင္ေပၚတက္ထိုင္ေနတဲ့ တူမကို ဖက္ရင္း အန္တီရွိန္က ေျပာသည္။
ဝတ္ရည္က လင္းသန့္ၾကည္ကို ၾကည့္ကာ မ်က္ႏွာရိပ္ မ်က္ႏွာကဲႏွင့္ စကားေျပာေနသည္။
ဝယ္လိုက္ ဝယ္ခိုင္းလိုက္ ေခါင္းညိမ့္လိုက္စမ္းေပါ့ေလ။
တကယ္က... ဝတ္ရည္ေရာ...လင္းသန့္ၾကည္ပါ...ကားေမာင္းသင္ေပးထားၿပီးသား။
ပါပါးကားနဲ႕ပဲ ပါးပါးကိုယ္တိုင္တလွည့္ ပါပါးေဆး႐ုံမွ ဝန္ထမ္းအကိုတလွည့္ သင္ေပးခဲ့ၾကတာ။
ကြၽမ္းကြၽမ္းက်င္က်င္ ေမာင္းတတ္သည္အထိ သင္ေပးထားၿပီးသား။
ဝတ္ရည္ရဲ႕ အားနည္းခ်က္က ကားေမာင္းကြၽမ္းသည္ဟု သူ႕ကိုယ္သူထင္ကာ အေမာင္းရမ္းခ်င္သည္။ ဒါကို လူႀကီးေတြက စိတ္မခ်။
လင္းသန့္ၾကည္ရဲ႕အားနည္းခ်က္က လမ္းမေပၚေရာက္ရင္ ေမာင္းရတာ မရဲေတာ့။ ကိုယ့္တစ္ေယာက္ထဲ လမ္းမေပၚမွာရွိေနရင္ ဘာမွမျဖစ္။ ကားမ်ားလာရင္ေတာ့.....ေဝဝါးလာေတာ့သည္။
လမ္းမေပၚေရာက္မွေတာ့...ကားေတြခ်ည္းပဲေပါ့။
ဒါကို ကားေမာင္းရင္း ကားေၾကာက္သည္ဆိုေတာ့...ေတြးသာၾကည့္ေတာ့။ ဒီတစ္သက္ကားေမာင္းလို႔ရပါေတာ့မလား။
လင္းသန့္ၾကည္ မ်က္ႏွာေလးငယ္ကာ...ဝတ္ရည္ကိုတလွည့္ လူႀကီးေတြကိုတလွည့္ ၾကည့္ရင္း စိတ္ေတြမသက္သာ။
"လင္းသန့္က...မေမာင္းရဲေသးဘူးလား"
အန္တီရွိန္ကေမးသည္။
"ဟုတ္....တယ္....တီရွိန္"
လင္းသန့္ၾကည္ မ်က္ႏွာငယ္ေလးနဲ႕ေျဖသည္။
"ငါတို႔ေကာင္ကေရာ.....ေမာင္းလို႔ျဖစ္ပါ့မလား"
ဝတ္ရည္ကိုလဲ ေမးသည္။
"ဘယ္ျဖစ္မလဲ.....စိတ္မွမခ်ၾကတဲ့ဟာကို....ဒီအ႐ြယ္ေရာက္ေနၿပီ....ကေလးလိုပဲဆက္ဆံတယ္...ဆရာဝန္ကားေမာင္းတာမ်ား ထူးဆန္းလို႔...ဟြန့္...ပါးက ကိုယ့္ကို ဒီတစ္ခု လႊတ္မေပးဘူး....စိတ္ဆိုးတယ္"
သူ႕အေဖကိုလဲ ရန္ေထာင္သည္။
ပါပါးက သူ႕သမီးကိုၾကည့္ကာ...ရယ္ရင္း....
"မင္းကလဲ..... ဒီတစ္ခုပဲ စိတ္မခ်ရတာပါကြာ"
သူ႕အေဖနဲ႕အေမကို ႐ူတည္တည္ၾကည့္ကာ ဘာမွျပန္မေျပာ။
"Driver ငွားရင္ေရာ...."
အန္တီထားက အႀကံျပဳသည္။
"လစာက ဘယ္သူေပးမွာလဲ....ကားဖိုးလဲဆပ္ရအုံးမယ္ဆို"
ဝတ္ရည္ရဲ႕ ေစာဒက တက္သံ....
လင္းသန့္ၾကည္ မူးေနာက္ကာ လာေတာ့သည္။
ဝတ္ရည္ကလဲ ကားလိုခ်င္ေနတာၾကာခဲ့ၿပီ။
မိမိကလဲ ကားကိုမေမာင္းရဲ။ လူႀကီးေတြကလဲ စိတ္ပူသည့္အတြင္ ဝယ္ေစခ်င္သည္။ ကိုယ္ေတြတာဝန္က်ရာ ေနရာက ဆင္ေျခဖုံး.....ထို႔ျပင္ ေဆးခန္းထိုင္ရေသးသည္။
ၾကာေလ အိမ္ျပန္ေနာက္က်ေလ ျဖစ္ရမွာပဲ။ ခုခ်ိန္က ေဆးခန္းအသစ္...လူနာကမ်ားမ်ားစားစားမၾကည့္ရလို႔...ဒီခ်ိန္အိမ္ျပန္ေရာက္ရတာ။ ေဆး႐ုံမွာကလဲ တစ္ခါတစ္ရံ ဂ်ဴတီၿပီးလို႔အိမ္ျပန္မယ္ဆိုမွ...ေနာက္ေၾကာင္းျပန္ေခါက္ၿပီး အလုပ္လုပ္ရသည္ကရွိတတ္ေသးတာ။
"ပါးပါးရယ္....သားတို႔ စဥ္းစားၿပီး ျပန္ေျပာေပးမယ္ေလ"
အားနာစြာနဲ႕ ဒီလိုပဲ လင္းသန့္ၾကည္ ေျပာတတ္ေတာ့သည္။လူႀကီးေတြက ခ်င့္ခ်ိန္တတ္သူ လင္းသန့္ၾကည္ ေခါင္းမညိမ့္လွ်င္ဝယ္ေပးမည့္ပုံမေပၚ။
ဇြတ္ ေခါင္းခါျပန္ရင္လဲ ဝတ္ရည္မက မိမိကိုဒီတိုင္းထားမည္မဟုတ္။ စားရကံႀကဳံလို႔ မုတ္ဆိတ္ပ်ားစြဲသည္ကို ပုတ္ထုတ္ရပါ့မလားဟုဆိုကာ...မၿပီးနိုင္ မဆုံးနိုင္ ရစ္ေတာ့မည္။
မိမိကားေမာင္းဖို႔ကလဲ ဘယ္လိုမွ မျဖစ္နိုင္ေသး။
စဥြ္းစားၿပီးမွ....လုပ္တာေကာင္းမည္။
.
.
.
.
ဆက္ရန္.....