အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...
By HoarFROST_
5.4M 575K 116K
ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More
Prologue
{၁}U&Z
{၂}U/Z
{၃}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၂}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၅}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၀}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၃}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၈}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၂}U/Z
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၂}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Mg's Footprint
Book Preorder Details
Q/A
{၁၆}U/Z
87.7K 10K 1.4K
By HoarFROST_
Unicode
မစည်ကားအပ်သည့်နေရာဟူသည်မှာ ဆေးရုံ၊ဆေးခန်း၊သို့မဟုတ် သုသာန်...
ဘယ်လိုပဲ မစည်ကားအပ်ဘူးလို့ပြောပါစေ။ လူဝင်ထွက်မပြတ်သည့်နေရာကိုပြပါဆိုလျှင်လည်းထိုနေရာတွေကလွဲလျှင်မရှိပါချေ။
ဆေးရုံသည် မစည်ကားအပ်သည့်နေရာဟုဆိုသော်လည်း အသစ်မွေးဖွားလာသည့် ကလေးများကိုကြိုဆိုသည့်နေရာဟုဆိုလျှင်လည်းမမှားချေ။ ထို့ကြောင့်မည်သည့်အရာကိုမှ တသတ်မှတ်ထဲရွေးချယ်လို့မရပေ။
ယခု တက္ကသိုလ်ဆေးရုံတွင်လည်း လူအဝင်အထွက်မပြတ်။field ဆင်းနေသော ကျောင်းသားများလည်းရှိသလို လူနာများလည်းရှိသည်။
အသစ်လဲထားတာမကြာသေးသည့်မဂ္ဂ၏ကားနက်ကလေးသည် ဆေးရုံဝင်းအတွင်းသို့ အရှိန်ဖြင့်ထိုးစိုက်သည်။
နွေဦးမောင်၏လှုပ်ရှားမှုအစုစုသည် လျင်မြန်နေသည်။ခြေတံရှည်များက ဆေးရုံအတွင်းသို့ စက္ကန့်ပိုင်းအတွင်းရောက်၏။
ဇေရဲပင် မှီအောင်မနည်း လိုက်ရသည်။
"ကား မတော်တဆဖြစ်ပြီး ရောက်လာတဲ့ကျောင်းသားရှိလားခင်ဗျ၊"
"ခုနကတော့ တစ်ယောက်ရောက်လာတယ်။ အရပ်ရှည်ရှည်နဲ့ တစ်ယောက်ပွေ့လာတဲ့ တစ်ယောက်။ ဟုတ်တယ်မလား နွယ်"
သူ့ဘေးက နွယ်ဟုဆိုသည့် နာစ့်ကိုပြန်မေးကာ အတည်ပြုနေပြန်သည်။
"ဟုတ်တယ်။ဟုတ်တယ် ခုနကပဲအခန်းထဲဝင်သွားတယ်၊ ဟိုမှာ။"
"ကျေးဇူးခင်ဗျ"
သူနာပြုညွှန်ပြသည့်နေရာကို ခြေလှမ်းကျဲများဖြင့်ပြေးမတတ် နွေဦးမောင်သွားလိုက်သည်။
ပွေ့ချီ၍ပင် ခေါ်လာရသည်ဆိုတော့ နွေဦးမောင် ရင်ထဲ တစ်ဒိန်းဒိန်းဖြစ်နေသည်။
အခန်းရှေ့ရောက်သည်နှင့်တံခါးကိုဆွဲဖွင့်မိသည်က ရိုင်းပြချင်၍တော့မဟုတ်။ စိတ်ပူလွန်းအားကြီးနေ၍ပင်။
ဆေးရုံခန်းရှိ တစ်ယောက်ခုတင်တွင် ခြေဆင်းထားသူက သူအမြဲအရိပ်တကြည့်ကြည့် ကြည့်နေရသည့်လူ။ဝုန်းဒိုင်းကြဲဝင်လာသည်မို့ သူ့ကို အလန့်တကြားမော့ကြည့်ပုံက ညိုးငယ်နေသည့်ဟန်ပါပေမဲ့ သူမှန်းသိသည်နှင့် မျက်နှာလေး ဝင်းပသွားပုံကလည်း သိသိသာသာ။
"မောင်..!"
အားကိုးတကြီးခေါ်သံ။
"အင်း မောင်လာပြီ!"
ဒေါသစိတ်နှင့်ရောယှက်နေသည့် အပူတွေရှိနေ​ပေမဲ့ နရီ့မျက်နှာမြင်တော့ မြူမှုန်လိုလွင့်ရသည်။နွေဦးမောင် အတွက် နရီကအဲ့သည်လို အကြည်ဓာတ်မျိုးပါ။
ဘေးနားတွင် နရီ့လက်ကိုထိန်းကိုင်ထားသည့်လူကို မြင်တော့ အထူးတလည် ဒေါသထွက်ပြမနေတော့ပါ။ဥဿဦး၏လက်ကိုဖယ်ပြီး နရီ့လက်မောင်းကိုထိန်းကိုင်လိုက်သည်။
"ဘယ်နားထိသွားသေးလဲ!"
"ခြေထောက်ပါပဲ။ အဆစ်လွဲသွားလို့ ပြန်တည့်ပေးထားပါတယ်။"
နရီ့ဘေးတွင် ရှိနေသည့်ဆရာဝန်ကဝင်ပြောသည်။
"ကျေးဇူးပါဆရာ။ဓာတ်မှန်တွေဘာတွေရိုက်ဖို့လိုလားခင်ဗျ။ ဆေးရုံတက်ဖို့ရော.."
"မလိုပါဘူး မလိုပါဘူး။ ခြေထောက်လွဲသွားတာရယ် ။လက်က ထောက်မိလို့ပွန်းပဲ့တာပဲရှိတာပါ။ ကျန်တာမထိပါဘူး။"
"ဘာတွေရှောင်စရာလိုသေးလဲ။"
ဥဿဦးက ကြားဖြတ်ဝင်မေးသည်။
"ရှောင်စရာကမရှိပါဘူး။ အသွားအလာဂရုစိုက်ရုံပါပဲ။ အရမ်းကြီးဖိပြီးမလျှောက်သေးနဲ့။ တစ်ပတ်လောက်ဆို ပုံမှန်ပြန်ဖြစ်သွားမှာပါ။နည်းနည်းတော့ ယောင်ပြီးနာမှာပေါ့။ မနက်တစ်ခါ၊ညတစ်ခါ ပုံမှန်ဆေးလိမ်းပြေးရင်အဆင်ပြေပါတယ်။ညဘက်ကိုက်ခဲတာမဖြစ်အောင် သောက်ဆေးနည်းနည်းနဲ့ လိုတဲ့ဆေးတွေကို ကောင်တာမှာထုတ်လိုက်"
"ဟုတ်ကဲ့ပါ။ကျွန်တော်လိုက်ခဲ့ပါ့မယ်"
ဥဿဦးက စောနရီအား တစ်ချက်ငုံ့ကြည့်ကာ ဆရာဝန်နောက်လိုက်သွားသည်။ အပေါက်ဝတွင်ရပ်နေသောဇေရဲကလည်းအလိုက်တသိလမ်းဖယ်ပေးလိုက်၏။
"တောင်းပန်ပါတယ်။စက်ဘီးကလေ.."
"အင်း ပြန်ပြင်လိုက်မှာပေါ့ နရီရဲ့။အပြစ်မတင်နဲ့နော်"
စောနရီကမျက်နှာမကောင်း။သူများစက်ဘီးကိုမှ ပျက်စီးအောင် သူလုပ်မိသည်။
"ကျွန်တော့်အမှားပါ။ အကွေ့ကို ဘဲလ်မတီးပဲ အရှိန်နဲ့ကွေ့လိုက်တာ။"
"ကိစ္စမရှိဘူးလို့။နောက်ဆို ကိုယ့်ကိုယ်မထိခိုက်ဖို့ကို ဦးစားပေးရမယ် ဟုတ်ပြီလား။"
နွေဦးမောင်က လေပြည်အေးလေးဖြင့်ဆိုရင်း ကားသော့ကို ဇေရဲဘက်သို့လှမ်းပစ်လိုက်သည်။
"ရော့ အပြန် မင်းမောင်း"
"အေးပါ။ မောင့်နရီရဲ့ ဘာမှစိတ်မပူနဲ့ ဘေးမှာမင်းရဲ့ .."
"ဇေရဲ!"
နွေဦးမောင်က ဝင်ဟန့်တော့ ဇေရဲက မျက်နှာပိုးသတ်ကာ
" မင်းရဲ့အကိုကြီးရှိတယ်လို့"
"နရီခဏနေဦးနော်။ မောင် အပြင်ခဏသွားဦးမယ်။ ဇေရဲ စောင့်ပေးလိမ့်မယ်။"
"အော.. ရတယ်။"
နွေဦးမောင် အခန်းထဲကနေ ထွက်တော့ ကော်ရစ်ဒါမှာပဲ ဥဿဦးဖြင့်ဆုံသည်။
ဥဿဦးမျက်နှာက ပုံမှန်လိုပဲ ခပ်တင်းတင်း။
"နရီကမင်းကိုတောင်းပန်လား။"
နွေဦးမောင်သည် စောနရီ၏စိတ်အား သိသည်။ဘယ်သူ့ဘက်ကမှားသည်ဖြစ်ပါစေ သူ့အမှားဟုသတ်မှတ်ပြီး တောင်းပန်စကားဦးဆုံးဆိုမည့်လူ။
"အင်း.."
"မင်းလည်းပြန်တောင်းပန်ပါ။ အကွေ့မှာ မင်းသာ ဟွန်းတီးရင် သူလည်းအရှိန်လျော့မှာပဲ။"
"အဲ့တာက ငါ့ကိစ္စပါ! ဆေးရုံစရိတ်လည်းငါရှင်းတယ်။ စက်ဘီးလည်းငါအသစ်ဝယ်ပေးမယ်။"
ဥဿဦးက နွေဦးမောင်ကို ကျော်သွားတော့ နွေဦးမောင်သည် အနောက်မှနေ၍ ဥဿဦး၏ ဒူးခေါက်ကွေးကို ဖြတ်ကန်လိုက်သည်။
ရုတ်တရက်မို့ ဥဿဦးလည်း ဟန်ချက်မထိန်းနိုင်ပဲ ခြေထောက်ခွေသွားကာ ဒေါသတကြီးပြန်လှည့်ကြည့်လာ၏။
"ဆေးဖိုးလည်းပေးမယ်။ ပေသွားတဲ့ဘောင်းဘီကိုလည်း အသစ်ဝယ်ပေးမယ်။ဒီမှာဥဿ။ ဒါကမတော်တဆလို့ နရီကပြောလို့ ငါငြိမ်ပေးလိုက်တာ။"
"တမင်ဆိုရင်ကော?"
ဥဿက စိတ်ချဉ်ပေါက်ကာ ပြန်ပြီးခနဲ့သည်။
နွေဦးမောင်၏မျက်လုံးသည် ချက်ချင်းကိုနီဆွေးသွားသည်...
"ဒါလူနာတွေရှိတဲ့ဆေးရုံနော်!"
ဘယ်ချိန်ကရောက်နေမှန်းမသိသည့် ပန်းဦးမေက အခန်းတံခါးကို မှီရင်း သူတို့နှစ်ယောက်အား ပွဲကြည့်နေဟန်ရှိသည်။
"ပန်းဦး။"
"အင်း။ ဒီမှာ ခိုင်းထားတာ တစ်ခုရှိလို့ရောက်နေတာ။ နင်တို့နှစ်ယောက် ဘယ်တော့မှပြီးမှာလဲ။ ရုတ်ရုတ်သဲသဲ မလုပ်နဲ့။ ဒါဆေးရုံ။လူနာတွေအထိတ်တလန့်ဖြစ်မဲ့ကိစ္စတွေကိုရှောင်ရတယ်။ကိုဥဿကလည်း တမင်မလုပ်တာကို ဘာလို့ရန်စနေတာလဲ။ နင်တို့နှစ်ယောက်ကိုကြည့်ရတာ သိပ်စိတ်ကုန်ဖို့ကောင်းတယ်။ လာခဲ့တော့.. နရီ့ရှေ့မှာ အဲ့လိုလုပ်ရဲလုပ်ကြည့်။"
ပန်းဦးမေက နှစ်ယောက်လုံးကို မျက်စောင်းချိတ်ပြီး ဆေးရုံခန်းအတွင်းသို့ဝင်သွားသည်။
အက်စီ့ဒန့်ဖြစ်ဖြစ်ချင်း…ဥဿဦး ချီပြီးဝင်လာသည့် နရီ့ကိုမြင်ပြီး အခြေအနေအရပ်ရပ်ကိုသဘောပေါက်ပြီးသားပင်။ အစောနက ဘေးမှာ ဆရာရှိနေ၍သာ နရီ့ဆီ ချက်ချင်းမသွားဖြစ်ခြင်းပင်။
ပန်းဦးမေက စောနရီကိုဝင်နှုတ်ဆက်ကာ ထွေရာလေးပါး စကားပြောရင်းအာရုံပြောင်းပေးတာကြောင့် သုန်မှုန်နေသော နရီ့မျက်နှာကလည်းပြန်ပြီးကြည်လင် လာကာ စကားတပြောပြောဖြင့် ပြန်ဖြစ်လာသည်။
ပန်းဦးမေကသာ ပေါက်ပေါက်ဖောက်နေတာကြောင့် ကျန်သည့်ယောက်ျားလေးသုံးယောက်မှာ ဘာမှဝင်မပြောနိုင်ဘဲ ငုတ်တုတ်ထိုင်ကာကြည့်နေရသည်။
"အခုနရီက အဆောင်ပြန်မှာလား။"
ပန်းဦးကမေးတော့ နရီကခေါင်းညိတ်၏။
"ဟုတ် အဆောင်ပဲပြန်မှာ။"
"အဆောင်မှာလှေကားအဆင်းအတက်အဆင်မပြေရင် ကိုယ့်အိမ်လိုက်နေလည်းရပါတယ်။ အိမ်အောက်ထပ်မှာအခန်းအလွတ်တွေရှိတယ်။"
နွေဦးမောင်သည် နရီ့မျက်နှာကို ဖြတ်ခနဲလှမ်းကြည့်လိုက်သည်။ သူ့မှာ နရီ့ကိုအများကြီးစွက်ဖက်ပိုင်ခွင့်မရှိ။ နရီ့ဆုံးဖြတ်ချက်ကိုအရင်နားထောင်မည်။ သို့သော် လိုက်သွားမည်ဟူသောအဖြေကိုကြားလျှင်တော့ အိမ်ပြန်ခေါ်ဖို့ မဲဆွယ်ပစ်မည်။ အိမ်မှာလည်း အောက်ထပ်အခန်းတွေပေါလွန်းလို့။
"မဟုတ်တာ။ မလိုက်တော့ဘူးဗျ။ အဆောင်ကသွားနေကြမို့အဆင်ပြေပါတယ်။"
"လှေကားတက်ရဆင်းရခက်မှာစိုးလို့ အစောရဲ့!"
နွေဦးမောင်သည် ငြင်းသံကိုကြားသည်နှင့် ကြိတ်ပြုံးလိုက်ကာ
"ငါချီနိုင်တယ်"
ဇေရဲက နှုတ်ခမ်းကို အတင်းစေ့ကာ ခိုးရယ်သည်။ ပန်းဦးမေကလည်း ထိုနည်းတူပင်။
နရီ့မျက်နှာကတော့ အားနာဟန်ဖြစ်သွားကာ အင်တင်တင်ပြုံးသည်။
"အိုခေ။ ဒါဆိုလည်းကိုယ်အတင်းမခေါ်တော့ပါဘူး။ အခုတော့အဆောင်လိုက်ပို့ပါရစေ။"
"တကူးတကမလုပ်ပါနဲ့။ မောင်တို့နဲ့ပဲတူတူပြန်လိုက်ပါ့မယ်။"
"အိုခေ ဒါဆို တွဲတော့ကူပါရစေ"
ဥဿဦးက စောနရီရဲ့ဘေးတွင် နေရာယူပြီး နရီ့လက်တစ်ဖက်ကို သူ့ပုခုံးပေါ်တင်လိုက်သည်။
နွေဦးမောင်ကလည်း မကျေမလည်ဖြစ်ပေမဲ့ တိတ်ဆိတ်စွာပင် နရီ့ဘေးတွင်နေရာယူလိုက်သည်။
"ဒါဆို ကျွန်မ မလိုက်တော့ဘူးနော်။ နရီ..လိုတာရှိရင် ကျွန်မကိုမမေ့နဲ့ ဟုတ်ပြီလား။ခြေထောက်ကိုဂရုစိုက်။ဘေးကနှစ်ယောက်ကိုလည်းဂရုစိုက်..ဟဟ"
"ဗျာ.."
နရီကကြောင်စီစီပြန်မေးတော့ ပန်းဦးမေက ခေါင်းခါကာ
"ဘာမှမဟုတ်ဘူး သွားသွား။ နောက်မှ လာတွေ့ပြီး မုန့်ဝယ်ကျွေးဦးမယ်နော်!"
ဥဿက ကားနားထိလိုက်ပို့ပြီးနောက် ဆေးဘူးကို ဇေရဲလက်ထဲ ထည့်ပေးလိုက်သည်။
ကားထဲရောက်နှင့်နေပြီဖြစ်သော စောနရီအား ခါးကိုင်း၍
"ဆေးလိမ်းဖို့မမေ့နဲ့နော်"
"ငါမမေ့ဘူး။ငါလိမ်းပေးမှာ"
နွေဦးမောင်က ကြားဖြတ်ကာဖြေပေမဲ့
ဥဿကတော့ စောနရီကိုသာကြည့်ကာ
"ကိုယ်တောင်းပန်ပါတယ်။ စက်ဘီးကို အသစ် လာပြန်ပို့ပေးမယ်နော်။နောက်တစ်ခေါက် ထပ်တွေ့ကြရအောင်။နွေဦးမောင်! မင်းကိုကောပဲ။"
"မောင်းတော့ ဇေရဲ.."
°°°°°
" ဟိုခွေးသလိတ်ဆန်က ငါ့ကားယူသွားတာပြန်လာမပေးတော့ဘူးလားမသိဘူး။"
မဂ္ဂက Rc အပြင်ဘက်ကို ထွက်စောင့်နေရင်းစိတ်မရှည်တော့ချေ။
"မလာလောက်တော့ဘူး။"
လွန်းနောင်ကအေးအေးလူလူပြန်ပြော၏။
ရာသီဥတုက အုံ့ဆိုင်းနေသည်။ညနေစောင်းပြီမို့  နေရောင်မရှိတော့သည့် ကျောင်းဝန်းက သစ်ရိပ်ဝါးရိပ်ကြားတွင် နေလို့ထိုင်လို့ကောင်းနေသည်။
Rc ဝင်ပေါက်ထဲကနေ ထွက်လာသည့် ဦးရန်နိုင်ဦးက အပေါက်ဝရှိ သူတို့နှစ်ယောက်ကိုမြင်သည်နှင့်
"မဂ္ဂ..မသွားသေးဘူးလား။ ဦးကမင်းတို့ကို သွားပြီထင်နေတာ။"
လွန်းနောင်သည် နားမလည်ဟန်ဖြင့် မဂ္ဂဘက်လှည့်ကာ
"ဘယ်သွားမှာလဲ"
"အခုရိုက်မဲ့ဇာတ်ကားအတွက် ပွဲမကန်တော့ခင် ပါတီလေးလုပ်မို့တဲ့။"
"ဘာလို့ငါ့ကိုကြိုမပြောတာလဲ?"
"ဒီလိုပါ မောင်လွန်းနောင်ရဲ့။ ပါတီဆိုတာထက် ကြိုဆိုပွဲလေးပေါ့။ ဦးတို့ထုတ်လုပ်ရေးရဲ့ပထမဆုံးပွဲဦးထွက်ကားလည်းဖြစ်၊ မဂ္ဂအတွက်ပထမဆုံးရုပ်ရှင်လည်းဖြစ် ဆိုတော့ ပေါင်းလုပ်ပေးတဲ့သဘောပေါ့။"
လွန်းနောင်သည် စိတ်အချဉ်ပေါက်လှသည်။
မဂ္ဂအတွက်ပါ ပွဲလုပ်ပေးဖို့လိုသလား။ မဂ္ဂကိုသူဒါမျိုးမဖြစ်စေချင်။မဂ္ဂလိုအရည်အချင်းရုပ်ရည်က ဟိုအကပ်သည်အကပ်ဖြင့်မသွားလျှင်တောင် တလူလူတက်မည့်အညွှန့်ပါ။
ထိုအညွှန့်ကို ဘေးလူကြောင့်တော့ မကျိုးစေချင်။အထူးသဖြင့် ဒီလို ငွေများငွေနိုင်၊မျက်နှာကြီးရာဟင်းဖက် ပါတတ်သည့်လူတွေကြားထဲ။
"ဪ။ လာမှဖြစ်မှာလား။"
မဂ္ဂကသုန်မုှန်သွားသောလွန်းနောင်ကို ငဲ့ကြည့်ရင်း
"ဘာလို့လဲ လွန်း။နေလို့မကောင်းဘူးလား။"
လွန်းနောင်သည် အကြံရသွားဟန်ဖြင့် မဂ္ဂ၏လက်ကောက်ဝတ်ကို ဖွဖွလေးဆုပ်ကိုင်လိုက်သည်။
"အင်း နေလို့မကောင်းဘူး"
မဂ္ဂက လွန်းနောင်လက်အားပြန်ဆုပ်ကိုင်ကာ
"ဒါဆိုဆေးခန်းသွားမယ်လေ။ ဘာလို့အခုမှပြောတာလဲ၊"
"ဆေးခန်းသွားဖို့မလိုပါဘူး။ ပြန်နားလိုက်မယ်။မင်းလိုက်သွားချင်သွားလေ။ငါတစ်ယောက်ထဲလည်းရပါတယ်"
လွန်းနောင်က ဘယ်သောအခါမျှ ဤသို့သနားစဖွယ်မပြောတတ်။မဂ္ဂမှာ မသနားဘဲမနေနိုင်။
"ဦး ကျွန်တော်မလိုက်နိုင်တော့ဘူးထင်ရဲ့။ "
"မဖြစ်ဘူးလေ မဂ္ဂရဲ့ အဓိက ဇာတ်ဆောင်ကဒီပွဲမှာပျောက်လို့မှမဖြစ်ပါပဲ။သူလည်းရတယ်ပြောနေတာပဲ။ အဆောင်မှာ နားပါစေလေ။"
"ဒါမဲ့..."
"ဒါမဲ့တွေ ဒါပေမဲ့တွေလုပ်မနေနဲ့။ မင်းမိတ်ဆက်ရမဲ့လူတွေအများကြီးပဲ။ "
"တခြားလူတွေကိုကောဖိတ်ထားတဲ့သဘောလားဦးရန်နိုင်ဦး။"
လွန်းနောင်ကမျက်နှာတည်ဖြင့်ထပ်​ေမးလာသည်။
ဦးရန်နိုင်ဦးဘဝတွင် ဒီလောက်မျက်နှာကျောတင်းသည့်လူမျိုးမတွေ့ဖူးသေး။လူတိုင်းကသူ့ကိုဆို ဖားချင်လွန်းလို့ခက်သည်။
အထူးသဖြင့် သည်ကောင်လေးလို ငမွဲငနုံလူစားမျိုးတွေကပေါ့။ သည်ကောင်လေးကတော့ ထူးခြားစွာပဲ သူ့ကိုပင် ခပ်တန်းတန်းဆက်ဆံသည်။
"ဒါပေါ့။ တခြားလူတွေလည်းပါတယ်။အမျိုးသမီးဇာတ်ဆောင်လှလှလေးတွေကောပဲ။သဘောပေါက်တယ်မလား။"
လွန်းနောင်သည် စိတ်ပျက်လိုက်တာဟူသောစကားကိုထုတ်မပြောမိရန်အတော်မျိုသိပ်ထားရသည်။ဘီလူးခေါင်းနဲ့ယောက်ျားတွေ။အညွှန့်ချိုးတတ်တဲ့လက်တွေ။ပိုက်ဆံမျက်နှာဖုံးတွေက ဖြတ်ခနဲမြင်လျှင်တောင်သိပ်ရွံဖို့ကောင်းသည်။
"မဂ္ဂ ငါ ခင်ဗျားနဲ့လိုက်ခဲ့မယ်!"
"နေမကောင်းဘူးဆို။"
ဥိးရန်နိုင်ဦးက သဘောတကျရယ်ကာ
"နေမကောင်းပေမဲ့ ဘာသားနဲ့ထုထားတဲ့ယောက်ျားမို့လဲ... ကားမရှိဘူးမလား။ လာ ဦးနဲ့ပဲလိုက်ခဲ့တော့။"
ပြောရင်း ရပ်ထားသည့်ကားဆီ လျှောက်သွားသော ထုတ်လုပ်သူ...
အနှောင့်မလွတ်အသွားမလွတ်သည့်စကားကြောင့် မဂ္ဂက လွန်းနောင်အား မျက်မှောင်ကျုတ်ကာကြည့်သည်။
"ကောင်မလေးတွေလာမယ်ဆိုလို့လိုက်တာလား"
"ခင်ဗျားကိုစိတ်မချလို့လေ...စောက်ရူးလား?"
"အဲ.....တကယ်ကြီးပေါ့။အချစ်က ကိုကို့ကို စိတ်မချဘူးပေါ့.."
လွန်းနောင်က သူ့လက်ကိုမလွတ်တမ်း ကလေးလို တွယ်ကပ်ပြီး ရွံစရာစကားတွေပြောနေသည့် မဂ္ဂကို တွန်းဖယ်လိုက်သည်။
"-ီးကို ကိုကိုလား!"
လွန်းနောင်၏ ရှားမှရှား အဆဲကြောင့်မဂ္ဂသည် လွတ်လွတ်လပ်လပ်ကို အော်ရယ်မိပါတော့သည်။
°°°°°
ဒီအပိုင်းတင်ရင်မွေးနေ့လက်ဆောင်အဖြစ်သတ်မှတ်လို့ရလားလို့ပြောထားတဲ့ကလေးမလေးရေ Happy Birthdayပါ♥️
°°°°°°°
Zawgyi
မစည်ကားအပ်သည့်နေရာဟူသည်မှာ ဆေးရုံ၊ဆေးခန်း၊ဒါမှမဟုတ် သုသာန်...
"ကျေးဇူးခင်ဗျ"
"မောင်..!"
အားကိုးတကြီးခေါ်သံ။
"အင်း မောင်လာပြီ!"
"ဘယ်နားထိသွားသေးလဲ!"
"တောင်းပန်ပါတယ်။စက်ဘီးကလေ.."
"ရော့ အပြန် မင်းမောင်း"
"ဇေရဲ!"
"အော.. ရတယ်။"
"အင်း.."
"တမင်ဆိုရင်ကော?"
"ပန်းဦး။"
"ဟုတ် အဆောင်ပဲပြန်မှာ။"
"ငါချီနိုင်တယ်"
"ဗျာ.."
"ငါမမေ့ဘူး။ငါလိမ်းပေးမှာ"
"မောင်းတော့ ဇေရဲ.."
°°°°°
"မလာလောက်တော့ဘူး။"
Rc ဝင်ပေါက်ထဲကနေ ထွက်လာသည့် ရနနြိုငြဦးက အပေါက်ဝရှိ သူတို့နှစ်ယောက်ကိုမြင်သည်နှင့်
"ဘယ်သွားမှာလဲ"
"ဪ။ လာမြှဖစ်မှာလား။"
မဂ္ဂကသုန်မှုန်သွားသောလွန်းနောင်ကို ငဲ့ကြည့်ရင်း
"ဘာလို့လဲ လွန်း။နေလို့မကောင်းဘူးလား။"
"ဒါမဲ့..."
"နေမကောင်းဘူးဆို။"
ရနနြိုငြဦးက သဘောတကျရယ်ကာ
"အဲ.....တကယ်ကြီးပေါ့..အချစ်က ကိုကို့ကို စိတ်မချဘူးပေါ့.."
"-ီးကို ကိုကိုလား!"
°°°°°
Continue Reading
You'll Also Like
202K 4.9K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.1M 49.5K 61
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
201K 14.4K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
403K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...