အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...

By HoarFROST_

5.4M 576K 116K

ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More

Prologue
{၁}U&Z
{၂}U/Z
{၃}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၂}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၆}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၀}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၃}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၈}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၂}U/Z
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၂}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Mg's Footprint
Book Preorder Details
Q/A

{၁၅}U/Z

91.6K 9.7K 1.3K
By HoarFROST_

Unicode

စက်ဘီးက အပြာရောင်ဆိုပေမဲ့ ဆေးရောင်ကျွတ်လို့ သံချေးပင်ကိုက်နေပြီ။ သို့ပေမဲ့ စက်ဘီးပေါ်ကကောင်လေးနှစ်ယောက်ကတော့ သစ်လွင်အေး​ြမနေသည်။
ပန်းချီခန်းမ ရောက်တော့ ကောင်လေးတစ်ယောက်မှလွဲ၍ဘယ်သူမှမတွေ့။

နွေဦးမောင်သည် စက်ဘီးကိုဒေါက်ထောက်လိုက်ပြီး အထဲကကောင်လေးကို လှမ်းမေးတော့သည်။
"ကောင်လေး ဇေရဲတို့မလာဘူးလား"

"Rc ခန်းကိုသွားကြပြီလေ ကိုနွေဦး!"

ကြိုမှာထားရက်နှင့်ဇေရဲဟူသည်...
နရီ့အတွက်ပန်းချီကားက RC ကိုပါသွားပြီထင်ရဲ့။

"ကိုစောနရီမလား.."

(*မှတ်ချက်- တိုင်းရင်းသားနာမည်တွေရှေ့မှာ မ/ကို အဲ့လိုတွေသိပ်မထည့်ကြဘူးလို့ပြောကြပါတယ်။ဒါပေမဲ့ ဒီနေရာမှာ အဲ့တာတွေကိုနားမလည်တဲ့ကောင်လေးက *ကို* လို့ တပ်ခေါ်တာပါ)

"ဟုတ်ပါတယ်ဗျ"

"ကျွန်တော်အခုလေးတင်ပဲ ကျောင်းစာတိုက်ကပြန်လာတာ။ အစ်ကို့နာမည်နဲ့စာရောက်နေတယ်"

အရင်ကဆို စာရောက်လျှင် စာတိုက်ကို ကိုယ်တိုင်သွားကြည့်မှသာသိတာ။ ဘယ်သူမှလာမပြောဖူးချေ။ မောင်နှင့်ခင်လာမှ သူ့ကိုရှိမှန်းသတိထားမိလာကြပုံတူသည်။

"ဪ ဟုတ်ကဲ့ ကျေးဇူးပါဗျ! ကျွန်တော်သွားထုတ်လိုက်မယ်"

"ရတယ်ရတယ် လမ်းကြုံလို့"

နွေဦးမောင်က သူတို့စကားပြောနေတာကို ဘေးကနေ တိတ်တဆိတ်နားထောင်ပြီးမှ မှတ်ချက်ချလိုက်သည်။

"ဒါဆို စာတိုက်ကိုအရင်သွားမလား။"

"မောင် RC ခန်းကိုအရင်သွားနှင့်ပါလား။ ပြီးမှကျွန်တော်လိုက်လာခဲ့မယ်။"

"ဘာလို့လဲ၊ မောင့်ကိုမလိုက်စေချင်တာလား"

ပန်းချီခန်းထဲကကောင်လေးသည်ပင် ခေါင်းထောင်ကြည့်လာသည်အထိ နွေဦးမောင်၏ပုံစံက အံ့အားသင့်စရာကောင်းသည်။

"မဟုတ်ဘူးမဟုတ်ဘူး။ စာယူပြီး ဖုန်းဆက်ချင်သေးလို့။ RC ခန်းမှာ ပွဲကစနေပြီထင်တယ်။အဲ့တာ မောင်လည်းကူစရာရှိတာကူဖို့...မနှင်ရပါဘူး"

နွေဦးမောင်သည် စောနရီ ပါးမို့အားလက်ညိုးနှင့်လက်ခလယ် ကတ်ကြေးညှပ်သလို ဖျစ်ညှစ်ကာ
"အင်းပါ မောင်သိပါပြီ! စက်ဘီးယူသွား နင်းတတ်တယ်ဟုတ်"

"ရတယ်.."

"မရဘူး"
စောနရီစကားမဆုံးခင်ဘဲ နွေဦးမောင်က ဖြတ်လုကာ
"RC က ဒီဘက်ကွေ့ရင် ရောက်ပြီ။စက်ဘီးမလိုဘူး။ဖုန်းသွားဆက်ဦးမှာမလား။မောင့်စကားနားထောင်"

"ဟုတ်ပြီ ဒါဆို ယူသွားလိုက်မယ်။Rc ခန်းမှာပဲပြန်ဆုံမယ်နော်"

"ဂရုစိုက်နော် မလောတာမို့ ဖြည်းဖြည်းပဲသွား"

"ဟုတ်ကဲ့"

နရီထွက်သွားပြီးမှ သူ ကိုယ်ပြန်လှည့်တော့ ပန်းချီခန်းထဲက ကောင်လေးက သူ့အားပြူးကြောင်ကြောင်ကြည့်ဆဲ။
နွေဦးမောင်မထူးဆန်းသလို ပြုံးပြလိုက်ရင်း
RC ဘက်ကို လှည့်ထွက်လာသည်။
လူနှစ်ယောက်ကြားကမေတ္တာဓာတ်က မထူးဆန်းပေမဲ့ ယောက်ျားနှစ်ယောက်ကြားမို့ထူးဆန်းနေသည်ထင်ပါ့။
ထိုအကျင့်ကို ဖျောက်ဖို့ ဘယ်တရားနဲ့ဟောရပါအံ့နည်း။

°°°°°°

RC ထဲသို့ လိပ်ခုံးထဲကနေဝင်တော့ ကျောင်းသူ ၊ကျောင်းသားတချို့ကိုတွေ့ရသည်။ ဆရာတချို့လည်းရှိနေပြီ။

ပန်းချီကားတွေ ပြထားသည့်နေရာတွင် မတူညီတဲ့ရှုထောင့်၊ မတူညီတဲ့ဖန်တီးမှုတွေနဲ့ ပန်းချီကားများက မျက်စိပဒသ ဖြစ်စေသည်။
ဆရာဦးခင်မောင်ထွေးနှင့်စကားပြောနေသည့် ဇေရဲက ဝင်လာသည့် နွေဦးမောင်ကိုမြင်သည်နှင့်စကားလက်စသတ်ကာ သူ့ဘက်ကို ခြေလှမ်းကျဲကြီးများနှင့်လာသည်။
"နွေဦးမောင် ငါ့ကို တစ်ခွန်းအရင်ဆဲလိုက်စမ်းပါ"

နွေဦးမောင်သည် ဆွံ့အသွားကာ နားမလည်ဟန်ဖြင့်
"ဘာလဲကွ။"

"ဆဲစမ်းပါ"

"ခွေးသား!"

"အေးရပြီ။ ဥဿဦးရောက်နေပြန်ပြီ"

နွေဦးမောင် မျက်မှောင်ကြုတ်ရင်း
"ကျစ်! အဲ့တာနဲ့မင်းကိုဘာလို့ဆဲရတာလဲ"

"အမှန်တော့ မင်းပန်းချီကားကို ငါထုတ်မခင်းပေမဲ့ တခြားတစ်ယောက်ကထုတ်ခင်းတယ်ထင်တယ်။ဥဿဦးကမြင်ပြီးဝယ်ချင်လို့တဲ့။စျေးကလည်း ၁၅၀၀၀ တောင်ပေးမယ်ဆိုတော့ ..."

"ငါးသောင်းပေးတောင်မရောင်းဘူး! မင်း ခွေးကောင်! ဒီလောက်အတန်တန်မှာထားရက်နဲ့...သူ ဘယ်မှာလဲ..."

ဇေရဲက ကျောပေးရပ်နေသည့် လူကို မေ့ငေါ့ပြသည်။ဥဿဦးက ဝတ်နေကျ အမည်းရောင် ရှပ်ကို အမည်းရောင် ဘောင်းဘီ တည့်ပွဖြင့်တွဲဝတ်ထားသည်။၆ပေနီးပါးအရပ်က အနောက်ကနေကြည့်လျှင်တောင် တော်တော်ကြည့်ကောင်းသည်။
"အဲ့မှာ။ မင်းကားကို တစိမ့်စိမ့်ကြည့်နေတယ်"

နွေဦးမောင် ဇေရဲကိုဘာစကားမှမပြောတော့ဘဲ ဥဿဦးဆီထွက်လာသည်။ ပြီးနောက် စာရွက်တစ်ရွက်ကိုတောင်းလိုက်ကာ ပန်းချီကားနားတွင်ထားလိုက်သည်။ရေးထားသည့်စာလုံးက သုံးလုံးသာ။
NFS...(not for sale)

ဥဿဦးသည် နွေဦးမောင်၏အပြုအမူများကိုကြည့်ရင်း ခပ်ဟဟရယ်ကာ
"ဘာလဲ ငါဝယ်မယ်ဆိုတာနဲ့ .."

"လိုရာဆွဲတွေးမနေပါနဲ့။အစတည်းက ဒီကားက ထုတ်ခင်းဖို့တောင်မလုပ်ထားဘူး။"

"မင်းဘယ်တုန်းက ပန်းချီဆွဲတတ်သွားတာလဲ။ငါတို့လည်းမသိလိုက်ရပါလား။"

နွေဦးမောင်ကခပ်ပြုံးပြုံးဖြင့်
"ဘယ်တုန်းကများ မင်းကငါ့အကြောင်းကိုသိလို့လဲ။မင်းလိုချင်တာကလွဲရင် ဘာများသိလို့လဲဥဿ!"

"တစ်သိန်းပေးမယ်။ ဒီကား ငါ့ကိုရောင်း။ မင်းအိမ်မပြန်ဘူးမလား။အသုံးစရိတ်ရတာပေါ့။"

"ကြိုက်သလောက်စျေးပြော။ ရောင်းမယ်လို့ငါ့ပါးစပ်ကထွက်ခဲ့ရင် ငါ တစ်သက်လုံး ပန်းချီမဆွဲတော့ဘူး။"

"စောက်တလွဲမာနတွေနဲ့။ မင်းကလေ အမြဲ အဲ့စောက်ချိုးပဲ။အမြဲ မင်းကအမှန်။မင်းကအကောင်း။ မင်းကိုယ်မင်းသိပ်ဟုတ်လှပြီထင်နေတာ။ အေးလေ။အနူတောထဲလူချောဖြစ်နေတာပေါ့။"

"မင်းငါ့ကိုကြိုက်သလိုပြောလို့ရတယ်။ ဒီကကျောင်းသားတွေကိုစော်ကားပိုင်ခွင့်မရှိဘူး။"

ဥဿဦးက မဲ့ပြကာ ပန်းချီကားတစ်နေရာကို
ညွှန်ပြကာ
"အစောမလား... မင်းသူ့ကိုဘယ်တုန်းကတည်းကကြိုက်တာလဲ။"

"ဒုတိယနှစ်"

ဥဿဦးမျက်လုံးတွင် မာန်ရိပ်များထင်လာကာ နွေဦးမောင်အားခပ်စိမ်းစိမ်းကြည့်၏။
"လိမ်နေတာ။ အဲ့တုန်းက မင်းနဲ့ခင်လွှမ်းကတူတူကြည်နူးနေကြတုန်းလေ။ဪ..ဪ သိပြီ။
နှစ်ဖက်ခွတာပေါ့"

နွေဦးမောင်အတော်စိတ်ပျက်လှပြီ။ဒီ ဓာတ်ပြားဟောင်းကြီးက အမြဲ ပြန်ပြန်ရစ်နေ၏။

"တော်ပါတော့ကွာ။ ခင်လွှမ်းကို မင်းသိပ်စော်ကားတာပဲ။ ပြောလိုက်။ မင်ဘာလိုချင်တာလဲငါ့ဆီက။ငါ့ဆီကနေ ဘယ်လိုစကားကိုကြားချင်နေတာလဲ"

"အပြန်အလှန်ပေါ့။ အစောကို ငါ့ကိုပေးလိုက်လေ။"

ဇေရဲနှင့်ဆရာကျော်က သူတို့နားတွင် ရစ်သီရစ်သီလုပ်ကာ အကဲခတ်နေသည်။
နွေဦးမောင်က အသံထွက်ပြီးရယ်သည်။
"သိပ်ရယ်ရတာပဲ ။ ပေးလိုက်ယူလိုက်လုပ်ရအောင် နရီကိုဘာထင်နေလဲ။ပြီးတော့ မင်းက ဘာကောင်မို့လဲ။ မင်းရဲ့ဒီလိုစောက်ကျင့်တွေကြောင့် ခင်လွှမ်းကမင်းဆီကနေထွက်သွားတာ!"

"ပါးစပ်ပိတ်ထားစမ်း!"

လက်မြန်သည့် ဥဿဦးက နွေဦးမောင်၏ ကော်လံကို ဆွဲစုတ်လာသည်။
"ရန်မဖြစ်ရဘူး။ ခွာနေနှစ်ယောက်သား။ "

ဆရာကျော်က အခြေနေမဟန်တော့တာကြောင့်ဝင်ထိန်းသည်။ဇေရဲကလည်းရှိနေသလို တချို့တွေက ကွက်ကြည့်ကွက်ကြည့်။ ဥဿဦးက မကျေမနပ်ဖြင့်ပြန်လွှတ်ပေးလိုက်ကာ လှည့်ထွက်တော့
"ဥဿဦး"

သူနွေဦးမောင်ကိုပြန်လှည့်ကြည့်လိုက်သည်။
သူ့အနီးသို့လျှောက်လာဟန်ကယုံကြည်မှုအပြည့်။

ပြီးနောက် ခပ်ပြုံးပြုံးဆိုသည်က
"ရုပ်နဲ့နာမ် ယှဉ်တွဲနေတဲ့လောကကြီးမှာဘယ်အ
ရာကတည်မြဲတယ်ထင်လဲ။
မင်းကရုပ်ကိုပိုင်ချင်တာ။ငါကနာမ်ကိုပဲချည်ချင်တာ။လောကကြီးမှာ မမြင်ရတဲ့ကြိုးတွေကအခိုင်မြဲဆုံးပဲ။ ငါက န..ရီ့..ကို နာမ်နဲ့ချည်ထားတာ။"

နရီ့ကို ဆိုသည့်စကားတွင် နှစ်ဦးသားကြားရုံလောက်လေသံလျော့လိုက်ပုံက ဥဿဦး၏ဒေါသမီးရည်ကို ဆူလာစေသည်။

"မင်းရဲ့ကြိုးတွေကိုလုံအောင်ဖွက်ထားစမ်းပါ။
ငါက မင်းလို ဘယ်တော့မှ ခိုးကြောက်ခိုးဝှက်မလုပ်ဘူး။ ကြိုပြီးကြေညာထားတာ။ "

ဥဿဦးထွက်သွားတော့ ဇေရဲနှင့်ဆရာကျော်က သူ့နားကပ်လာသည်။ဆရာကျော်က
"သူကဘယ်သူတဲ့လဲ။ဝတ်ပုံစားပုံက ကျောင်းကဟုတ်ဟန်မတူဘူး။"

"စတိတ်ကျောင်းကသူငယ်ချင်းပါဆရာ။ ခုနကအပြုအမူအတွက် ကန်တော့ဆရာ"

"ကျောင်းသားသဘာဝဖြစ်တတ်ကြတာပါပဲ။ ငါတို့တုန်းကဆိုလည်းဖြစ်တာပဲ။ သွေးတွေရဲခဲ့ကြတာ။ အရေးခင်းဆိုလည်းထိပ်ဆုံးကပဲ။ ဘာပဲဖြစ်ဖြစ် လက်မလွန်ကြနဲ့ပေါ့။"

ဇေရဲက ဆရာကျော်စကားပြီးသည်နှင့် စပ်ဖြဲဖြဲလုပ်ကာ
"မင်းကြောင့်ငါအခုလေးတင်ကဗျာတိုတစ်ပုဒ်ရလိုက်တယ်ကွ"

"ဆိုစမ်းပါဦး" ဆရာကျော်က သူ့အပိုင်းမို့ မေးတော့ ဇေရဲကပြုံးပြုံး ပြုံးပြုံးဖြင့်

"စိတ်နှင့် ချည်နှောင်
ထုံးဖွဲ့ မေတ္တာ
ဘယ်မှော်ကတ်ကြေး
ထက်အံ့နည်း။.."

"ဘယ်ဆိုးလို့လဲကွ"

နွေဦးမောင်ကားချီးမွမ်းခြင်းမပြုပေမဲ့ စိတ်ထဲတွင်အင်မတိအင်မတန်နွေးထွေးသွားရသည်။
ဘယ်လိုမှော်ကတ်ကြေးဖြစ်ပါစေ။နရီနဲ့သူ့ကြားက နှောင်ကြိုးအား ဖြတ်ဖို့တတ်နိုင်မည်မဟုတ်။

°°°°°

ပန်းချီပြပွဲစတာ နေ့လယ်တစ်ပိုင်းကျိုးပြီ။တချို့ ပန်းချီကားတွေကရောင်းထွက်ကြပြီ။ သည်ညတော့ အဆောင်တွင် ပွဲတော်တည်ကြလိမ့်ဦးမည်။
ငွေရွှင်လျှင် လက်ဖွာကြသည့် ကျောင်းသားတွေမို့ သူငယ်ချင်းပိုက်ဆံမရှိလည်းစိုက်ကျွေးလိုက်သည်။ ရှိလည်းအတူတူ၊ဖြုန်းလည်းအတူတူ၊ငတ်လည်းအတူတူ စရိုက်တွေက သူစိမ်းအခြေအနေ၌ သည်ကျောင်းသားဘဝတွင်သာ အများကြီးဆုံးတွေ့ရသည်။

မဂ္ဂဒီပါနှင့်လွန်းနောင်ကိုလည်းတွေ့ရသည်။
မဂ္ဂသည် လူကြီးပိုင်းတွေနှင့်သိသည်။ ယခုမူ လာသည့်လူများ၌ ရုပ်ရှင်အဖွဲ့အစည်းထဲက လူကြီးပိုင်းတွေလည်းလာကြသည်။ ဇာတ်ကားထဲထည့်သုံးဖို့ပန်းချီလာရှာသည်ဟုဆိုသည်။
မဂ္ဂနှင့်လွန်းနောင်က အကြွေစေ့လိုပင်။အမြဲမတည့်။ မျက်နှာချင်း မဆိုင်လျှင်တောင် ပူးကပ်နေကြသည်။မဂ္ဂအတွက် လွန်းနောင်ကမရှိမဖြစ်လိုသည်။ လွန်းနောင်ကအပေါက်ဆိုးပြီး တည့်(ဒဲ့) ပြောတတ်ပေမဲ့ မဂ္ဂ၏အသေးအမွှားကအစသူလုပ်ပေးနိုင်သည်။
ထို့ကြောင့်မဂ္ဂကလည်း လွန်းနောင်မှလွန်းနောင်။

ကိန္နရီရုပ်ရှင်ထုတ်လုပ်ရေးနှင့်ကား ၂၀စာ စာချုပ်ချုပ်ထားတာမို့ မန်နေဂျာကို ထုတ်လုပ်ရေးပိုင်ရှင်ဖြစ်သူ ဦးရန်နိုင်ဦးက ထပ်ရှာပေးမည်ဟုဆိုသည်။သို့သော် လွန်းနောင်နှင့်သာအဆင်ပြေသည်ဟုပြောပြီးငြင်းသည်။ကျောင်းဆောင်နေလျှင် အဝင်အထွက်ခက်၍တိုက်ခန်းပေးမည်ဟုဆိုပေမဲ့ ကျောင်းဆောင်မှာပဲနေမှာဟုကြွေးကြော်ထားသော လွန်းနောင်ကြောင့်မဂ္ဂခင်ဗျာ အိမ်ရှိလည်းမပြောင်းနိုင်၊ တိုက်ခန်းပေးလည်းမရွေ့နိုင်။

ယခုလည်း ဦးရန်နိုင်ဦးက ပန်းချီကားတွေကိုလာရွေးသည်။မဂ္ဂ ပထမဆုံးရိုက်မည့်ကားတွင် ပန်းချီဆရာအဖြစ်သရုပ်ဆောင်ရမည်။
မဂ္ဂကိုဆိုလျှင် အသေးစိတ်ကအစဂရုစိုက်သည်က ဘယ်သူ့အရှိန်ကြောင့်ဖြစ်မည်နည်း။
ပြေးကြည့်စရာမလိုတွေးကြည့်ရုံရသည်။

အပေးအယူ ကြီးမားပြီး မဆပ်မနေရအကြွေးပုံစံလို ပြုမူနေကြသည်​​့ အသိုင်းအဝိုင်းကိုလွန်းနောင် ရွံသည်။ ထို့ကြောင့် သည်လူအုပ်စုနှင့်ရှိနေလည်း သူ့မှာ မပြုံးနိုင်။ နဂိုတည်သည့်မျက်နှာက ပိုပြီးတောင်မာသွားသေးသည်။
ထိုပုံစံကြောင့်ပဲ ဦးရန်နိုင်ဦးက သူ့ကိုဆို အမြဲသတိထားကြည့်တတ်သည်။

"လွန်းနောင်မျက်နှာကိုလည်းကြည့်ပါဦး။ ကျောက်ခဲတောင်သူ့လောက်မမာဘူး။
ခရိုနီပြဲ တွေကြားထဲနေရင်းဘယ်လောက်တောင်သည်းခံနေရပြီလဲမသိဘူး"

ဇေရဲက အဝေးကနေလှမ်းကြည့်ပြီးသူ့ဘေးရှိနွေဦးမောင်အားလှမ်းပြောသည်။
နွေဦးမောင်က လွန်းနောင်ကိုတစ်ချက်လှမ်းကြည့်သည်။အကြောင်းသိပြီးသားမို့ ဘာမှမပြော။ ဝင်ပေါက်ကိုသာ လှမ်းလှမ်းကြည့်နေလေသည်။
ဇေရဲကသတိထားမိကာ
"နရီကကြာသားပဲ။ဖုန်းစောင့်နေလို့လားမသိ"

"နေ့လယ်ထမင်းစားချိန်တောင်ရောက်နေပြီလာသင့်ပြီမလား။ငါသွားရှာရမလား"

"YU ကအကျယ်ကြီးဟ! ကောက်ရိုးပုံကြားထဲ ဘရိတ်ဓားရှာသလိုပဲ"

"မင်းဥပမာကြီးကလည်း"

"ခဏစောင့်ကြည့်ပေါ့ လာမှာပါ။"

အတန်ကြာငြိမ်သက်သွားပြီးနောက် သူတို့အနီးသို့ ကိုအောင်ကျော်ဦးရောက်လာသည်။

"ဟေး ဒီနေ့ ကျုပ်နှစ်ကားထွက်သွားတယ်။ လာဝယ်တဲ့လူတွေကိုလည်းသဘောကျတယ်။တကယ်ကြိုက်လို့ဝယ်ကြတာ။ မောင်မြင့်တို့လည်းထွက်တယ်တဲ့ ဒီညတော့ အဆောင်မှူးနဲ့ညှိပြီး ဝိုင်းထောင်မယ်ကွာ။ လာခဲ့ကြ။နွေဦးမောင် မင်းလည်း ကား(ပန်းချီကား) ထွက်တယ်မလား။ "

ကိုအောင်ကျော်ဦးက နွေဦးမောင်တို့ထက် နှစ်နှစ်နီးပါးကြီးသည်။စိတ်ပညာကပင်။ နှစ်ကျကတစ်နှစ်။ရိုးရိုးကြားထဲတွင် နားသည်ကတစ်နှစ်ကြောင့်ပင်။

"ကျွန်တော်ရောင်းတဲ့ထဲမထည့်ထားဘူး ကိုအောင်!"

"အေးကွာ။ငါလည်း မရောင်းရက်တာလေးတွေသိမ်းထားတယ်။"

"ဟိုစျေးထဲ အထည်ဆိုင်ကမလှနုပုံတွေမလား"

ဇေရဲက ကိုအောင်ကျော်ဦး တစ်ဖက်သတ်ချစ်နေသည့် အစ်မကြီးကိုရည်ညွှန်း၍ဆိုလိုက်သည်။

"အေးကွာ။ ဟဲဟဲ မရောင်းရက်ဘူးပေါ့။ချစ်တာကိုကွ"

သူတို့တွေရယ်နေကြပေမဲ့နွေဦးမောင်မရယ်နိုင်။
သူ့စိတ်ထဲမတင်မကျဖြစ်နေသည်။

ထိုစဉ်မှာပဲ Rc ထဲသို့အသစ်ဝင်လာသည့် ကျောင်းသားနှစ်ယောက်က ချွေးတလုံးလုံးနှင့်။
ကိုအောင်ကျော်ဦးကိုမြင်သည်နှင့်အပြေးလာကာ

"ကိုအောင် ကိုအောင့်စက်ဘီးသူများကိုပေးငှားလိုက်တာလား။"

"အေး ဘာလို့တုန်း"

"ဘာရမှာတုန်း ဒဂုံလမ်းအကွေ့နားမှာလေ ကားနဲ့စက်ဘီးနဲ့ တိုက်တာ။ကျွန်တော်က စက်ဘီးမြင်ပြီး ကိုအောင်လို့ထင်သွားတာတော်သေးတာပေါ့။စက်ဘီးကတော့ ရှေ့က ဂွေပြုတ်ပြီး လက်ကိုင်စောင်းသွားတယ်..အဲ့တာကျွန်တော်"

"အဲ့စက်ဘီးနဲ့လူကော ဘာဖြစ်သွားလဲ? ဘယ်မှာလဲ"

ကြားဖြတ်အလောတကြီး ဝင်မေးသည့် နွေဦးမောင်ကြောင်​့ ကျောင်းသားနှစ်ယောက် ခပ်အမ်းအမ်းဖြစ်သွားသည်။နွေဦးမောင်ကိုသိပေမဲ့ မခင်တာကြောင့်ပင်။

"ဟို ဆေးရုံမှာ"

"ငါ-ီးထဲမှ!ဘယ်ကောင်က!တောက်!"

"ဘယ်ဆေးရုံလဲ ??"

နွေဦးမောင်ကဆဲရေးလိုက်တာကြောင့် အသစ်နှစ်ယောက် ပုခုံးကျုံ့သွားသည်။
သူတို့ဘာမှလည်းမလုပ်မိပါဘူး။
"ဒီနားက တက္ကသိုလ်ဆေးရုံပဲ"

နွေဦးမောင်ကမပြေးရုံတမယ် ထွက်သွားပြီး မဂ္ဂဆီကကားသော့ကို အမြန်တောင်းလိုက်သည်။
ဇေရဲလည်းစိတ်မချတာကြောင့်အနောက်ကလိုက်သွားလေသည်။နွေဦးမောင်ငှားလာသည့်စက်ဘီးက ကိုအောင်ကျော်ဦး၏စက်ဘီးပင်။

"ကိုအောင် သူကျွန်တော်တို့ကိုဆဲသွားတာလား"

"ဟေ မဟုတ်လောက်ပါဘူးကွာ.."

°°°°°°

{Zawgyi}

စက္ဘီးက အျပာေရာင္ဆိုေပမဲ့ ေဆးေရာင္ကၽြတ္လို႔ သံေခ်းပင္ကိုက္ေနၿပီ။ သို႔ေပမဲ့ စက္ဘီးေပၚကေကာင္ေလးႏွစ္ေယာက္ကေတာ့ သစ္လြင္ေအး​ျမေနသည္။
ပန္းခ်ီခန္းမ ေရာက္ေတာ့ ေကာင္ေလးတစ္ေယာက္မွလဲြ၍ဘယ္သူမွမေတြ့။

ေနြဦးေမာင္သည္ စက္ဘီးကိုေဒါက္ေထာက္လိုက္ၿပီး အထဲကေကာင္ေလးကို လွမ္းေမးေတာ့သည္။
"ေကာင္ေလး ေဇရဲတို႔မလာဘူးလား"

"Rc ခန္းကိုသြားၾကၿပီေလ ကိုေနြဦး!"

ႀကိဳမွာထားရက္ႏွင့္ေဇရဲဟူသည္...
နရီ့အတြက္ပန္းခ်ီကားက RC ကိုပါသြားၿပီထင္ရဲ့။

"ကိုေစာနရီမလား.."

(*မွတ္ခ်က္- တိုင္းရင္းသားနာမည္ေတြေရ႔ွမွာ မ/ကို အဲ့လိုေတြသိပ္မထၫ့္ၾကဘူးလို႔ေျပာၾကပါတယ္။ဒါေပမဲ့ ဒီေနရာမွာ အဲ့တာေတြကိုနားမလည္တဲ့ေကာင္ေလးက *ကို* လို႔ တပ္ေခၚတာပါ)

"ဟုတ္ပါတယ္ဗ်"

"ကၽြန္ေတာ္အခုေလးတင္ပဲ ေက်ာင္းစာတိုက္ကျပန္လာတာ။ အစ္ကို႔နာမည္နဲ႔စာေရာက္ေနတယ္"

အရင္ကဆို စာေရာက္လ်ွင္ စာတိုက္ကို ကိုယ္တိုင္သြားၾကၫ့္မွသာသိတာ။ ဘယ္သူမွလာမေျပာဖူးေခ်။ ေမာင္ႏွင့္ခင္လာမွ သူ႔ကိုရိွမွန္းသတိထားမိလာၾကပံုတူသည္။

"ဪ ဟုတ္ကဲ့ ေက်းဇူးပါဗ်! ကၽြန္ေတာ္သြားထုတ္လိုက္မယ္"

"ရတယ္ရတယ္ လမ္းႄကံုလို႔"

ေနြဦးေမာင္က သူတို႔စကားေျပာေနတာကို ေဘးကေန တိတ္တဆိတ္နားေထာင္ၿပီးမွ မွတ္ခ်က္ခ်လိုက္သည္။

"ဒါဆို စာတိုက္ကိုအရင္သြားမလား။"

"ေမာင္ RC ခန္းကိုအရင္သြားႏွင့္ပါလား။ ၿပီးမွကၽြန္ေတာ္လိုက္လာခဲ့မယ္။"

"ဘာလို႔လဲ၊ ေမာင့္ကိုမလိုက္ေစခ်င္တာလား"

ပန္းခ်ီခန္းထဲကေကာင္ေလးသည္ပင္ ေခါင္းေထာင္ၾကၫ့္လာသည္အထိ ေနြဦးေမာင္၏ပံုစံက အံ့အားသင့္စရာေကာင္းသည္။

"မဟုတ္ဘူးမဟုတ္ဘူး။ စာယူၿပီး ဖုန္းဆက္ခ်င္ေသးလို႔။ RC ခန္းမွာ ပဲြကစေနၿပီထင္တယ္။အဲ့တာ ေမာင္လည္းကူစရာရိွတာကူဖို႔...မႏွင္ရပါဘူး"

ေနြဦးေမာင္သည္ ေစာနရီ ပါးမို႔အားလက္ညိုးႏွင့္လက္ခလယ္ ကတ္ေၾကးၫွပ္သလို ဖ်စ္ၫွစ္ကာ
"အင္းပါ ေမာင္သိပါၿပီ! စက္ဘီးယူသြား နင္းတတ္တယ္ဟုတ္"

"ရတယ္.."

"မရဘူး"
ေစာနရီစကားမဆံုးခင္ဘဲ ေနြဦးေမာင္က ျဖတ္လုကာ
"RC က ဒီဘက္ေကြ့ရင္ ေရာက္ၿပီ။စက္ဘီးမလိုဘူး။ဖုန္းသြားဆက္ဦးမွာမလား။ေမာင့္စကားနားေထာင္"

"ဟုတ္ၿပီ ဒါဆို ယူသြားလိုက္မယ္။Rc ခန္းမွာပဲျပန္ဆံုမယ္ေနာ္"

"ဂရုစိုက္ေနာ္ မေလာတာမို႔ ျဖည္းျဖည္းပဲသြား"

"ဟုတ္ကဲ့"

နရီထြက္သြားၿပီးမွ သူ ကိုယ္ျပန္လွၫ့္ေတာ့ ပန္းခ်ီခန္းထဲက ေကာင္ေလးက သူ႔အားျပဴးေၾကာင္ေၾကာင္ၾကၫ့္ဆဲ။
ေနြဦးေမာင္မထူးဆန္းသလို ႃပံုးျပလိုက္ရင္း
RC ဘက္ကို လွၫ့္ထြက္လာသည္။
လူႏွစ္ေယာက္ၾကားကေမတၲာဓာတ္က မထူးဆန္းေပမဲ့ ေယာက္်ားႏွစ္ေယာက္ၾကားမို႔ထူးဆန္းေနသည္ထင္ပါ့။
ထိုအက်င့္ကို ေဖ်ာက္ဖို႔ ဘယ္တရားနဲ႔ေဟာရပါအံ့နည္း။

°°°°°°

RC ထဲသို႔ လိပ္ခံုးထဲကေနဝင္ေတာ့ ေက်ာင္းသူ ၊ေက်ာင္းသားတခ်ိဳ႕ကိုေတြ့ရသည္။ ဆရာတခ်ိဳ႕လည္းရိွေနၿပီ။

ပန္းခ်ီကားေတြ ျပထားသၫ့္ေနရာတြင္ မတူညီတဲ့ရႈေထာင့္၊ မတူညီတဲ့ဖန္တီးမႈေတြနဲ႔ ပန္းခ်ီကားမ်ားက မ်က္စိပဒသ ျဖစ္ေစသည္။
ဆရာဦးခင္ေမာင္ေထြးႏွင့္စကားေျပာေနသၫ့္ ေဇရဲက ဝင္လာသၫ့္ ေနြဦးေမာင္ကိုျမင္သည္ႏွင့္စကားလက္စသတ္ကာ သူ႔ဘက္ကို ေျခလွမ္းက်ဲႀကီးမ်ားႏွင့္လာသည္။
"ေနြဦးေမာင္ ငါ့ကို တစ္ခြန္းအရင္ဆဲလိုက္စမ္းပါ"

ေနြဦးေမာင္သည္ ဆြံ႔အသြားကာ နားမလည္ဟန္ျဖင့္
"ဘာလဲကြ။"

"ဆဲစမ္းပါ"

"ေခြးသား!"

"ေအးရၿပီ။ ဥႆဦးေရာက္ေနျပန္ၿပီ"

ေနြဦးေမာင္ မ်က္ေမွာင္ၾကဳတ္ရင္း
"က်စ္! အဲ့တာနဲ႔မင္းကိုဘာလို႔ဆဲရတာလဲ"

"အမွန္ေတာ့ မင္းပန္းခ်ီကားကို ငါထုတ္မခင္းေပမဲ့ တျခားတစ္ေယာက္ကထုတ္ခင္းတယ္ထင္တယ္။ဥႆဦးကျမင္ၿပီးဝယ္ခ်င္လို႔တဲ့။ေစ်းကလည္း ၁၅၀၀၀ ေတာင္ေပးမယ္ဆိုေတာ့ ..."

"ငါးေသာင္းေပးေတာင္မေရာင္းဘူး! မင္း ေခြးေကာင္! ဒီေလာက္အတန္တန္မွာထားရက္နဲ႔...သူ ဘယ္မွာလဲ..."

ေဇရဲက ေက်ာေပးရပ္ေနသၫ့္ လူကို ေမ့ေငါ့ျပသည္။ဥႆဦးက ဝတ္ေနက် အမည္းေရာင္ ရွပ္ကို အမည္းေရာင္ ေဘာင္းဘီ တၫ့္ပျြဖင့္တဲြဝတ္ထားသည္။၆ေပနီးပါးအရပ္က အေနာက္ကေနၾကၫ့္လ်ွင္ေတာင္ ေတာ္ေတာ္ၾကၫ့္ေကာင္းသည္။
"အဲ့မွာ။ မင္းကားကို တစိမ့္စိမ့္ၾကၫ့္ေနတယ္"

ေနြဦးေမာင္ ေဇရဲကိုဘာစကားမွမေျပာေတာ့ဘဲ ဥႆဦးဆီထြက္လာသည္။ ၿပီးေနာက္ စာရြက္တစ္ရြက္ကိုေတာင္းလိုက္ကာ ပန္းခ်ီကားနားတြင္ထားလိုက္သည္။ေရးထားသၫ့္စာလံုးက သံုးလံုးသာ။
NFS...(not for sale)

ဥႆဦးသည္ ေနြဦးေမာင္၏အျပဳအမူမ်ားကိုၾကၫ့္ရင္း ခပ္ဟဟရယ္ကာ
"ဘာလဲ ငါဝယ္မယ္ဆိုတာနဲ႔ .."

"လိုရာဆဲြေတြးမေနပါနဲ႔။အစတည္းက ဒီကားက ထုတ္ခင္းဖို႔ေတာင္မလုပ္ထားဘူး။"

"မင္းဘယ္တုန္းက ပန္းခ်ီဆဲြတတ္သြားတာလဲ။ငါတို႔လည္းမသိလိုက္ရပါလား။"

ေနြဦးေမာင္ကခပ္ႃပံုးႃပံုးျဖင့္
"ဘယ္တုန္းကမ်ား မင္းကငါ့အေၾကာင္းကိုသိလို႔လဲ။မင္းလိုခ်င္တာကလဲြရင္ ဘာမ်ားသိလို႔လဲဥႆ!"

"တစ္သိန္းေပးမယ္။ ဒီကား ငါ့ကိုေရာင္း။ မင္းအိမ္မျပန္ဘူးမလား။အသံုးစရိတ္ရတာေပါ့။"

"ႀကိဳက္သေလာက္ေစ်းေျပာ။ ေရာင္းမယ္လို႔ငါ့ပါးစပ္ကထြက္ခဲ့ရင္ ငါ တစ္သက္လံုး ပန္းခ်ီမဆဲြေတာ့ဘူး။"

"ေစာက္တလဲြမာနေတြနဲ႔။ မင္းကေလ အၿမဲ အဲ့ေစာက္ခ်ိဳးပဲ။အၿမဲ မင္းကအမွန္။မင္းကအေကာင္း။ မင္းကိုယ္မင္းသိပ္ဟုတ္လွၿပီထင္ေနတာ။ ေအးေလ။အႏူေတာထဲလူေခ်ာျဖစ္ေနတာေပါ့။"

"မင္းငါ့ကိုႀကိဳက္သလိုေျပာလို႔ရတယ္။ ဒီကေက်ာင္းသားေတြကိုေစာ္ကားပိုင္ခြင့္မရိွဘူး။"

ဥႆဦးက မဲ့ျပကာ ပန္းခ်ီကားတစ္ေနရာကို
ၫႊန္ျပကာ
"အေစာမလား... မင္းသူ႔ကိုဘယ္တုန္းကတည္းကႀကိဳက္တာလဲ။"

"ဒုတိယႏွစ္"

ဥႆဦးမ်က္လံုးတြင္ မာန္ရိပ္မ်ားထင္လာကာ ေနြဦးေမာင္အားခပ္စိမ္းစိမ္းၾကၫ့္၏။
"လိမ္ေနတာ။ အဲ့တုန္းက မင္းနဲ႔ခင္လႊမ္းကတူတူၾကည္ႏူးေနၾကတုန္းေလ။ဪ..ဪ သိၿပီ။
ႏွစ္ဖက္ခြတာေပါ့"

ေနြဦးေမာင္အေတာ္စိတ္ပ်က္လွၿပီ။ဒီ ဓာတ္ျပားေဟာင္းႀကီးက အၿမဲ ျပန္ျပန္ရစ္ေန၏။

"ေတာ္ပါေတာ့ကြာ။ ခင္လႊမ္းကို မင္းသိပ္ေစာ္ကားတာပဲ။ ေျပာလိုက္။ မင္ဘာလိုခ်င္တာလဲငါ့ဆီက။ငါ့ဆီကေန ဘယ္လိုစကားကိုၾကားခ်င္ေနတာလဲ"

"အျပန္အလွန္ေပါ့။ အေစာကို ငါ့ကိုေပးလိုက္ေလ။"

ေဇရဲႏွင့္ဆရာေက်ာ္က သူတို႔နားတြင္ ရစ္သီရစ္သီလုပ္ကာ အကဲခတ္ေနသည္။
ေနြဦးေမာင္က အသံထြက္ၿပီးရယ္သည္။
"သိပ္ရယ္ရတာပဲ ။ ေပးလိုက္ယူလိုက္လုပ္ရေအာင္ နရီကိုဘာထင္ေနလဲ။ၿပီးေတာ့ မင္းက ဘာေကာင္မို႔လဲ။ မင္းရဲ့ဒီလိုေစာက္က်င့္ေတြေၾကာင့္ ခင္လႊမ္းကမင္းဆီကေနထြက္သြားတာ!"

"ပါးစပ္ပိတ္ထားစမ္း!"

လက္ျမန္သၫ့္ ဥႆဦးက ေနြဦးေမာင္၏ ေကာ္လံကို ဆဲြစုတ္လာသည္။
"ရန္မျဖစ္ရဘူး။ ခြာေနႏွစ္ေယာက္သား။ "

ဆရာေက်ာ္က အေျခေနမဟန္ေတာ့တာေၾကာင့္ဝင္ထိန္းသည္။ေဇရဲကလည္းရိွေနသလို တခ်ိဳ႕ေတြက ကြက္ၾကၫ့္ကြက္ၾကၫ့္။ ဥႆဦးက မေက်မနပ္ျဖင့္ျပန္လႊတ္ေပးလိုက္ကာ လွၫ့္ထြက္ေတာ့
"ဥႆဦး"

သူေနြဦးေမာင္ကိုျပန္လွၫ့္ၾကၫ့္လိုက္သည္။
သူ႔အနီးသို႔ေလ်ွာက္လာဟန္ကယံုၾကည္မႈအျပၫ့္။

ၿပီးေနာက္ ခပ္ႃပံုးႃပံုးဆိုသည္က
"ရုပ္နဲ႔နာမ္ ယွဉ္တဲြေနတဲ့ေလာကႀကီးမွာဘယ္အ
ရာကတည္ၿမဲတယ္ထင္လဲ။
မင္းကရုပ္ကိုပိုင္ခ်င္တာ။ငါကနာမ္ကိုပဲခ်ည္ခ်င္တာ။ေလာကႀကီးမွာ မျမင္ရတဲ့ႀကိဳးေတြကအခိုင္ၿမဲဆံုးပဲ။ ငါက န..ရီ့..ကို နာမ္နဲ႔ခ်ည္ထားတာ။"

နရီ့ကို ဆိုသၫ့္စကားတြင္ ႏွစ္ဦးသားၾကားရံုေလာက္ေလသံေလ်ာ့လိုက္ပံုက ဥႆဦး၏ေဒါသမီးရည္ကို ဆူလာေစသည္။

"မင္းရဲ့ႀကိဳးေတြကိုလံုေအာင္ဖြက္ထားစမ္းပါ။
ငါက မင္းလို ဘယ္ေတာ့မွ ခိုးေၾကာက္ခိုးဝွက္မလုပ္ဘူး။ ႀကိဳၿပီးေၾကညာထားတာ။ "

ဥႆဦးထြက္သြားေတာ့ ေဇရဲႏွင့္ဆရာေက်ာ္က သူ႔နားကပ္လာသည္။ဆရာေက်ာ္က
"သူကဘယ္သူတဲ့လဲ။ဝတ္ပံုစားပံုက ေက်ာင္းကဟုတ္ဟန္မတူဘူး။"

"စတိတ္ေက်ာင္းကသူငယ္ခ်င္းပါဆရာ။ ခုနကအျပဳအမူအတြက္ ကန္ေတာ့ဆရာ"

"ေက်ာင္းသားသဘာဝျဖစ္တတ္ၾကတာပါပဲ။ ငါတို႔တုန္းကဆိုလည္းျဖစ္တာပဲ။ ေသြးေတြရဲခဲ့ၾကတာ။ အေရးခင္းဆိုလည္းထိပ္ဆံုးကပဲ။ ဘာပဲျဖစ္ျဖစ္ လက္မလြန္ၾကနဲ႔ေပါ့။"

ေဇရဲက ဆရာေက်ာ္စကားၿပီးသည္ႏွင့္ စပ္ၿဖဲျဖဲလုပ္ကာ
"မင္းေၾကာင့္ငါအခုေလးတင္ကဗ်ာတိုတစ္ပုဒ္ရလိုက္တယ္ကြ"

"ဆိုစမ္းပါဦး" ဆရာေက်ာ္က သူ႔အပိုင္းမို႔ ေမးေတာ့ ေဇရဲကႃပံုးႃပံုး ႃပံုးႃပံုးျဖင့္

"စိတ္ႏွင့္ ခ်ည္ေနွာင္
ထံုးဖဲြ႔ ေမတၲာ
ဘယ္ေမွာ္ကတ္ေၾကး
ထက္အံ့နည္း။.."

"ဘယ္ဆိုးလို႔လဲကြ"

ေနြဦးေမာင္ကားခ်ီးမြမ္းျခင္းမျပဳေပမဲ့ စိတ္ထဲတြင္အင္မတိအင္မတန္ေနြးေထြးသြားရသည္။
ဘယ္လိုေမွာ္ကတ္ေၾကးျဖစ္ပါေစ။နရီနဲ႔သူ႔ၾကားက ေနွာင္ႀကိဳးအား ျဖတ္ဖို႔တတ္ႏိုင္မည္မဟုတ္။

°°°°°

ပန္းခ်ီျပပဲြစတာ ေန့လယ္တစ္ပိုင္းက်ိဳးၿပီ။တခ်ိဳ႕ ပန္းခ်ီကားေတြကေရာင္းထြက္ၾကၿပီ။ သည္ညေတာ့ အေဆာင္တြင္ ပဲြေတာ္တည္ၾကလိမ့္ဦးမည္။
ေငြရႊင္လ်ွင္ လက္ဖြာၾကသၫ့္ ေက်ာင္းသားေတြမို႔ သူငယ္ခ်င္းပိုက္ဆံမရိွလည္းစိုက္ကၽြေးလိုက္သည္။ ရိွလည္းအတူတူ၊ျဖဳန္းလည္းအတူတူ၊ငတ္လည္းအတူတူ စရိုက္ေတြက သူစိမ္းအေျခအေန၌ သည္ေက်ာင္းသားဘဝတြင္သာ အမ်ားႀကီးဆံုးေတြ့ရသည္။

မဂၢဒီပါႏွင့္လြန္းေနာင္ကိုလည္းေတြ့ရသည္။
မဂၢသည္ လူႀကီးပိုင္းေတြႏွင့္သိသည္။ ယခုမူ လာသၫ့္လူမ်ား၌ ရုပ္ရွင္အဖဲြ႔အစည္းထဲက လူႀကီးပိုင္းေတြလည္းလာၾကသည္။ ဇာတ္ကားထဲထၫ့္သံုးဖို႔ပန္းခ်ီလာရွာသည္ဟုဆိုသည္။
မဂၢႏွင့္လြန္းေနာင္က အႂကြေစ့လိုပင္။အၿမဲမတၫ့္။ မ်က္ႏွာခ်င္း မဆိုင္လ်ွင္ေတာင္ ပူးကပ္ေနၾကသည္။မဂၢအတြက္ လြန္းေနာင္ကမရိွမျဖစ္လိုသည္။ လြန္းေနာင္ကအေပါက္ဆိုးၿပီး တၫ့္(ဒဲ့) ေျပာတတ္ေပမဲ့ မဂၢ၏အေသးအမႊားကအစသူလုပ္ေပးႏိုင္သည္။
ထို႔ေၾကာင့္မဂၢကလည္း လြန္းေနာင္မွလြန္းေနာင္။

ကိႏၷရီရုပ္ရွင္ထုတ္လုပ္ေရးႏွင့္ကား ၂၀စာ စာခ်ဳပ္ခ်ဳပ္ထားတာမို႔ မန္ေနဂ်ာကို ထုတ္လုပ္ေရးပိုင္ရွင္ျဖစ္သူ ဦးရန်နိုင်ဦးက ထပ္ရွာေပးမည္ဟုဆိုသည္။သို႔ေသာ္ လြန္းေနာင္ႏွင့္သာအဆင္ေျပသည္ဟုေျပာၿပီးျငင္းသည္။ေက်ာင္းေဆာင္ေနလ်ွင္ အဝင္အထြက္ခက္၍တိုက္ခန္းေပးမည္ဟုဆိုေပမဲ့ ေက်ာင္းေဆာင္မွာပဲေနမွာဟုႂကြေးေၾကာ္ထားေသာ လြန္းေနာင္ေၾကာင့္မဂၢခင္ဗ်ာ အိမ္ရိွလည္းမေျပာင္းႏိုင္၊ တိုက္ခန္းေပးလည္းမေရြ့ႏိုင္။

ယခုလည္း ဦးရန္နိုင်ဦးက ပန္းခ်ီကားေတြကိုလာေရြးသည္။မဂၢ ပထမဆံုးရိုက္မၫ့္ကားတြင္ ပန္းခ်ီဆရာအျဖစ္သရုပ္ေဆာင္ရမည္။
မဂၢကိုဆိုလ်ွင္ အေသးစိတ္ကအစဂရုစိုက္သည္က ဘယ္သူ႔အရိွန္ေၾကာင့္ျဖစ္မည္နည္း။
ေျပးၾကၫ့္စရာမလိုေတြးၾကၫ့္ရံုရသည္။

အေပးအယူ ႀကီးမားၿပီး မဆပ္မေနရအႂကြေးပံုစံလို ျပဳမူေနၾကသည္​​့ အသိုင္းအဝိုင္းကိုလြန္းေနာင္ ရြံသည္။ ထို႔ေၾကာင့္ သည္လူအုပ္စုႏွင့္ရိွေနလည္း သူ႔မွာ မႃပံုးႏိုင္။ နဂိုတည္သၫ့္မ်က္ႏွာက ပိုၿပီးေတာင္မာသြားေသးသည္။
ထိုပံုစံေၾကာင့္ပဲ ဦးရန္နိုင္ဦးက သူ႔ကိုဆို အၿမဲသတိထားၾကၫ့္တတ္သည္။

"လြန္းေနာင္မ်က္ႏွာကိုလည္းၾကၫ့္ပါဦး။ ေက်ာက္ခဲေတာင္သူ႔ေလာက္မမာဘူး။
ခရိုနီၿပဲ ေတြၾကားထဲေနရင္းဘယ္ေလာက္ေတာင္သည္းခံေနရၿပီလဲမသိဘူး"

ေဇရဲက အေဝးကေနလွမ္းၾကၫ့္ၿပီးသူ႔ေဘးရိွေနြဦးေမာင္အားလွမ္းေျပာသည္။
ေနြဦးေမာင္က လြန္းေနာင္ကိုတစ္ခ်က္လွမ္းၾကၫ့္သည္။အေၾကာင္းသိၿပီးသားမို႔ ဘာမွမေျပာ။ ဝင္ေပါက္ကိုသာ လွမ္းလွမ္းၾကၫ့္ေနေလသည္။
ေဇရဲကသတိထားမိကာ
"နရီကၾကာသားပဲ။ဖုန္းေစာင့္ေနလို႔လားမသိ"

"ေန့လယ္ထမင္းစားခ်ိန္ေတာင္ေရာက္ေနၿပီလာသင့္ၿပီမလား။ငါသြားရွာရမလား"

"YU ကအက်ယ္ႀကီးဟ! ေကာက္ရိုးပံုၾကားထဲ ဘရိတ္ဓားရွာသလိုပဲ"

"မင္းဥပမာႀကီးကလည္း"

"ခဏေစာင့္ၾကၫ့္ေပါ့ လာမွာပါ။"

အတန္ၾကာၿငိမ္သက္သြားၿပီးေနာက္ သူတို႔အနီးသို႔ ကိုေအာင္ေက်ာ္ဦးေရာက္လာသည္။

"ေဟး ဒီေန့ က်ဳပ္ႏွစ္ကားထြက္သြားတယ္။ လာဝယ္တဲ့လူေတြကိုလည္းသေဘာက်တယ္။တကယ္ႀကိဳက္လို႔ဝယ္ၾကတာ။ ေမာင္ျမင့္တို႔လည္းထြက္တယ္တဲ့ ဒီညေတာ့ အေဆာင္မွဴးနဲ႔ၫွိၿပီး ဝိုင္းေထာင္မယ္ကြာ။ လာခဲ့ၾက။ေနြဦးေမာင္ မင္းလည္း ကား(ပန္းခ်ီကား) ထြက္တယ္မလား။ "

ကိုေအာင္ေက်ာ္ဦးက ေနြဦးေမာင္တို႔ထက္ ႏွစ္ႏွစ္နီးပါးႀကီးသည္။စိတ္ပညာကပင္။ ႏွစ္က်ကတစ္ႏွစ္။ရိုးရိုးၾကားထဲတြင္ နားသည္ကတစ္ႏွစ္ေၾကာင့္ပင္။

"ကၽြန္ေတာ္ေရာင္းတဲ့ထဲမထၫ့္ထားဘူး ကိုေအာင္!"

"ေအးကြာ။ငါလည္း မေရာင္းရက္တာေလးေတြသိမ္းထားတယ္။"

"ဟိုေစ်းထဲ အထည္ဆိုင္ကမလွႏုပံုေတြမလား"

ေဇရဲက ကိုေအာင္ေက်ာ္ဦး တစ္ဖက္သတ္ခ်စ္ေနသၫ့္ အစ္မႀကီးကိုရည္ၫႊန္း၍ဆိုလိုက္သည္။

"ေအးကြာ။ ဟဲဟဲ မေရာင္းရက္ဘူးေပါ့။ခ်စ္တာကိုကြ"

သူတို႔ေတြရယ္ေနၾကေပမဲ့ေနြဦးေမာင္မရယ္ႏိုင္။
သူ႔စိတ္ထဲမတင္မက်ျဖစ္ေနသည္။

ထိုစဉ္မွာပဲ Rc ထဲသို႔အသစ္ဝင္လာသၫ့္ ေက်ာင္းသားႏွစ္ေယာက္က ခၽြေးတလံုးလံုးႏွင့္။
ကိုေအာင္ေက်ာ္ဦးကိုျမင္သည္ႏွင့္အေျပးလာကာ

"ကိုေအာင္ ကိုေအာင့္စက္ဘီးသူမ်ားကိုေပးငွားလိုက္တာလား။"

"ေအး ဘာလို႔တုန္း"

"ဘာရမွာတုန္း ဒဂံုလမ္းအေကြ့နားမွာေလ ကားနဲ႔စက္ဘီးနဲ႔ တိုက္တာ။ကၽြန္ေတာ္က စက္ဘီးျမင္ၿပီး ကိုေအာင္လို႔ထင္သြားတာေတာ္ေသးတာေပါ့။စက္ဘီးကေတာ့ ေရ႔ွက ေဂျြပဳတ္ၿပီး လက္ကိုင္ေစာင္းသြားတယ္..အဲ့တာကၽြန္ေတာ္"

"အဲ့စက္ဘီးနဲ႔လူေကာ ဘာျဖစ္သြားလဲ? ဘယ္မွာလဲ"

ၾကားျဖတ္အေလာတႀကီး ဝင္ေမးသၫ့္ ေနြဦးေမာင္ေၾကာင္​့ ေက်ာင္းသားႏွစ္ေယာက္ ခပ္အမ္းအမ္းျဖစ္သြားသည္။ေနြဦးေမာင္ကိုသိေပမဲ့ မခင္တာေၾကာင့္ပင္။

"ဟို ေဆးရံုမွာ"

"ငါ-ီးထဲမွ!ဘယ္ေကာင္က!ေတာက္!"

"ဘယ္ေဆးရံုလဲ ??"

ေနြဦးေမာင္ကဆဲေရးလိုက္တာေၾကာင့္ အသစ္ႏွစ္ေယာက္ ပုခံုးက်ဳံ႔သြားသည္။
သူတို႔ဘာမွလည္းမလုပ္မိပါဘူး။
"ဒီနားက တကၠသိုလ္ေဆးရံုပဲ"

ေနြဦးေမာင္ကမေျပးရံုတမယ္ ထြက္သြားၿပီး မဂၢဆီကကားေသာ့ကို အျမန္ေတာင္းလိုက္သည္။
ေဇရဲလည္းစိတ္မခ်တာေၾကာင့္အေနာက္ကလိုက္သြားေလသည္။ေနြဦးေမာင္ငွားလာသၫ့္စက္ဘီးက ကိုေအာင္ေက်ာ္ဦး၏စက္ဘီးပင္။

"ကိုေအာင္ သူကၽြန္ေတာ္တို႔ကိုဆဲသြားတာလား"

"ေဟ မဟုတ္ေလာက္ပါဘူးကြာ.."

°°°°°°





























Continue Reading

You'll Also Like

4.5M 445K 42
Myanmar × BL || Complete ||
976K 51.2K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
209K 5.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်