ကျွန်တော် ခင်ဗျားကို မချစ်ဘူး...

By Myuekhoe

1.9M 125K 4.3K

ကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️ More

Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Part-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Part-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40 (Final)
Part-40(Uni)(Final)
New fic (ဈေးဗန်း)
New fic(ဈေးဗန်း)

Part-6

14.2K 728 18
By Myuekhoe


နောက်နေ့မနက်ရောက်တော့ ရှင်းသန့်တစ်ယောက်အရှင်းမပျောက်သေးသော်ငြား သက်သာနေပြီမို့ ထမင်းထချက်ဖြစ်သည်။ ထမင်းချက်ပြီးမှသာ သူ့အတွက်ဆန်ပြုတ်ပြုတ်လိုက်သည်။

"ခင်ဗျားနိုးနေတာလား...
ခင်ဗျားကိုဘယ်သူကထမင်းထချက်ခိုင်းလို့ထချက်ထားတာလဲ?...
အရှင်းမပျောက်သေးတာကိုပေါ့ဆနေတယ် ထပ်ဖြစ်ရင် ကျုပ်ပဲပိုက်ဆံကုန်မှာ..."

"ကိုယ်သက်သာနေပါပြီ ထမင်းအိုးတစ်လုံးထချက်ရုံနဲ့တော့ ကိုယ်ဘာမှမဖြစ်ပါဘူး..."

"ပြောတာပဲ ခင်ဗျားကြည့်တော့ဖြူဖတ်ဖြူရော်နဲ့ တကယ်ပါပဲ အားကိုမရဘူး.."

နောင်ကသူ့ကိုပြောပြီး မျက်နှာသွားသစ်နေသဟ်။ သူကတော့ နောင့်အတွက်ထမင်းပန်းကန်ပြင်ပေးကာ သူ့အတွက် ဆန်ပြုတ်တစ်ပန်းကန်ထည့်လိုက်သည်။ ဆန်ပြုတ်ပန်းကန်မြင်တော့ နေမကောင်းရင်မေမေလုပ်ပေးနေကျ ကြက်သားစွပ်ပြုတ်ကိုတောင်သတိရမိသည်။ သူနေမကောင်းတာနဲ့ မေမေ့မှာ ဆန်ပြုတ်မကြိုက်တဲ့သူ့အတွက် စွပ်ပြုတ်လုပ်ပေးတတ်ပြီး သူအစားဝင်အောင်အမျိုးမျိုးချော့ကျွေးတတ်သည်။

တခါတလေ အိမ်ကိုအရမ်းလွမ်းတာပဲ...
သူနေချင်တဲ့ဘဝမှာ နေနေရပေမယ့် တခါတလေမှာ ဖေဖေရယ်မေမေရယ်ညီမလေးရှိတဲ့အိမ်ကိုလွမ်းသည်။ သူ့ကြောင့် အခုဆို ညီမလေးမှာ သူငယ်ချင်းတွေကြားမှာမျက်နှာငယ်နေရမလား သူငယ်ချင်းတွေဝိုင်းစတာရောခံနေရမလား...

တွေ့ရင်းနဲ့သူဆန်ပြုတ်ပန်းကန်ကိုမွှေနေသည်။

"ဒီမှာ ခင်ဗျားဆန်ပြုတ်သောက်မှာလား မွှေနေမှာလား.."

"ဟင် အင်း.."

သူဘယ်လောက်တောင်အတွေးထဲရောက်သွားလဲမသိ နောင့်အသံကြားမှပဲ ဆန်ပြုတ်သောက်ဖြစ်သည်။

"ကြောင်အိမ်ထဲမှာ ငါးခြောက်ပန်းကန်လေးတွေ့တာနဲ့ ဒီမနက်တော့ ဒါနဲ့ပဲစားလိုက်တော့နော်...
ကိုယ်ညနေကျ ဟင်းချက်ကျွေးပါ့မယ်..."

"မလိုဘူး ခင်ဗျားဒီနေ့ဟင်းမချက်နဲ့...
နီလာဟင်းလာပို့လိမ့်မယ် သူ့အိမ်မှာကြက်သားချက်လို့..."

"သြော် အင်းအင်း.."

"ဟင်းလာပို့ရင်လည်း စားပဲမစားနဲ့ သူဘယ်လိုချက်ထားလဲဆိုတာလည်းလေ့လာပြီးပြန်ချက်...
ခင်ဗျားချက်လိုက်ရင် ပေါ့ရွှတ်နေတာပဲ..."

"အင်း ကိုယ်နားလည်ပါပြီ.."

အင်းပေါ့...သူချက်တာက နီလာချက်သလောက်တော့ ဘယ်ကောင်းပါ့မလဲ?...

ထမင်းစားပြီးတာနဲ့ နောင်ကအပြင်ကိုထွက်သွားသည်။ ဘယ်ကိုသွားမယ်ဆိုတာကိုတော့မပြော။

ရှင်းသန့်လည်း ပူအိုက်လွန်းတာကြောင့် မနေနိုင်တော့ညဲ ရေချိုးလိုက်သည်။ အေးသွားအောင် သနပ်ခါးရည်ကျဲလိမ်းထားလိုက်ပြီး TVကြည့်နေလိုက်သည်။ ပန်ကာမရှိတာကြောင့် အတော်လေးကိုပူအိုက်ကာ TVလည်းကြည့်ချင်စိတ်မရှိတော့။ ရေခဲသေတ္တာကျရှိပြီး ပန်ကာကျဘာလို့မရှိတာလဲ။ ချောင်းကမ်းနားမှာ အေးအေးဆေးဆေးသွားထိုင်မယ်ဟုတွေးက အပြင်ကိုထွက်လာလိုက်သည်။

"ဟားဟား ဒီနေ့တော့အလှလေးနဲ့ဆုံပြီကွ...."

ကြားလိုက်ရတဲ့အသံကြောင့် ရှင်းသန့်မှာရှေ့ဆက်မသွားတော့ဘဲ ရပ်တန့်လိုက်သည်။

"ဟီးဟီး အလှလေး ကျွန်တော့်ကိုမှတ်မိတယ်မလား.."

"ဘယ်သူလဲမသိဘူး.."

"ဟာ ဟိုနေ့ကတောင်တွေ့သေးတယ်လေ...
ဥက္ကသား နေထူးလေ.."

"သြော်.."

ထိုလူကသာနှုတ်ဆက်နေပေမယ့် ရှင်းသန့်ကတော့သူ့ကိုမသိ။

"ခွေးကောင်နောင်နောင် အလှလေးကသူ့အိမ်မှာရောက်နေတာကို အခြားနေရာတွေကိုညွှန်းပြသေးတယ် မကောင်းတဲ့ကောင်.."

"ဒီက ကိုနေထူးပြောစရာမရှိရင် သွား သွားပါတော့.."

"အလှလေးက နှင်တာလား....
ကျွန်တော်ကအလှလေးကိုတွေ့ချင်လို့လာတာကို.."

"ဒါပေမယ့် ကိုယ်ကမှမတွေ့ချင်တဲ့ဟာကို...

အသံတိုးတိုးလေးပြောလိုက်တာမို့ နေထူးမကြားလိုက်။ ရှင်းသန့်ဆိုတာ နောင်ကလွဲပြီး ဘယ်သူနဲ့မှရောရောနှောနှောနေချင်တဲ့သူမဟုတ်။ နန္ဒတောင် ငယ်ငယ်လေးကတည်းကအတူတူကျောင်းတက်ခဲ့သူမို့ ခင်မင်ခြင်းဖြစ်သည်။ သူ့အသားထိတာလည်းမကြိုက်သလို သူလည်းသူများအသားမထိ။ နန္ဒကလွဲပြီး အခြားလူတွေနဲ့လည်းအသားချင်းထိဖို့မပြောနဲ့ စကားတောင်မပြော။ ဒါဟာသူချေခြင်းမဟုတ် သူကိုယ်တိုင်ကိုကတစ်ယောက်တည်းနေရတာကိုသဘောကျခြင်းဖြစ်သည်။

အခုလည်း နေထူးနဲ့ရှည်ရှည်ဝေးဝေးမပြောချင်တာကြောင့် စကားဖြတ်နေခြင်းဖြစ်သည်။

"ဟုတ်ပါပြီ ကျွန်တော်သွားတော့မှာ...
မေမေက ဒီဘက်မှာအကြွေးလာတောင်းခိုင်းတာ လမ်းကြုံတာနဲ့အလှလေးရှိမလားဆိုပြီးလာချောင်းတာ.."

"အင်း.."

"ဒါနဲ့ အလှလေးမျက်နှာကဝက်ခြံတွေလား.."

"ဟုတ်တယ်.."

"မျက်နှာလှလှလေးကိုမှလာထွက်ရတယ်လို့...
ကျွန်တော်လိုရုပ်ကြမ်းကြီးကိုမှ လာထွက်ပါလာလို့...
ကျွန်တော်မမြင်ရက်ဘူး အလှလေးရာ..
မနက်ဖြန် ကျွန်တော်လိမ်းနေကျဆေးဘူးလာပို့ပေးမယ်နော် တကယ်ပျောက်တယ်.."

"အင်းအင်း ကျေးဇူးပါ.."

"အင်းပါ အင်းပါ အဲ့တာဆိုကျွန်တော်သွားပြီနော် ဘိုင်!.."

လက်ပြပြီးထွက်သွားတဲ့နေထူးကို ရှင်းသန့်လည်း လက်ပြန်ပြလိုက်သည်။ စိတ်ထဲမှာတော့ ကျပ်ရောပြည့်ရဲ့လားလို့တောင်ထင်မိသည်။

ထွက်သွားတဲ့နေထူးကိုကြည့်နေရင်း ခြေထောက်တစ်ဖက်ကိုဖက်ထားသလိုခံစားရတာကြောင့် ငုံ့ကြည့်လိုက်တော့...

"တိုတို တိုတို ချီ..."

၂နှစ်ကျော်အရွယ် ကလေးသေးသေးလေးတစ်ယောက် ပါးစပ်လေးကလှုပ်စိလှုပ်စိလေးနဲ့ သူ့ကိုချီခိုင်းနေသည်။ သူခြေထောက်လှုပ်လိုက်တိုင်း ဖိနပ်လေးက ကျွိ ကျွိ မြည်နေသေးသည်။ ရှင်းသန့်လည်း ကလေးကိုကောက်ချီလိုက်သည်။

"တိုတို ရှော ရှော.."

"ဟင် သားသားဘာပြောတာလဲ?.."

"ရာရှင်းသန့် ရာရှင်းသန့် ဘယ်ရောက်နေတာလဲ?.."

"ကိုယ်ဒီမှာ..."

ကလေးကိုချီလျက်နဲ့ နောင့်ဆီကိုသွားလိုက်သည်။

"နောင်ပြန်ရောက်ပြီလား.."

"အဲ့တာဘယ်ကိုသွားနေတာလဲ?.."

"အပြင်ကိုခဏထွက်တာ..
ဒီမှာလေ ကလေးလေးတစ်ယောက်...
ကိုယ်အိမ်ရှေ့မှာတွေ့တာ ကိုယ့်ကိုချီခိုင်းနေတာနဲ့ချီလိုက်တာ.."

"ကျစ် အလုပ်မဟုတ်တာတွေလျှောက်လုပ်နေတယ်...
ဟေ့ ကလေး မင်းအဖေကဘယ်သူလဲ?.."

"သိဘူး........
ကိုကို တွား တွား.."

"နောင် သူဘာတွေပြောနေတာလဲ?..."

"ကျုပ်လည်းဘယ်သိမှာလဲ?..
ဘယ်ကကလေးမှန်းမသိဘူး သွား သွား အပြင်မှာသွားပြန်ထားလိုက်.."

"ဟာ အဲ့လိုလုပ်လို့ရမလား ကလေးကငယ်ငယ်လေးကို.."

သူပြောလိုက်တော့ နောင်က ကလေးကိုတလှည့် ရှင်းသန့်ကိုတစ်လှည့်ကြည့်နေသည်။

"သားခန့်ရေ သားခန့်.."

ကလေးအမေဟုထင်သည် အိမ်ရှေ့ကနေခေါ်သံကြားရတာကြောင့် နောင်ရောရှင်းသန့်ပါအပြင်ကိုကြည့်မိကြသည်။

"သြော် သားခန့်ကဒီရောက်နေတာကို.."

"ဒါ မဖြူသားလား.."

နောင်က သူသိသည့်အလား ဝင်လာတဲ့အမကိုမေးလေသည်။

"ဟုတ်တယ် ငါလစ်တုန်းလှစ်ခနဲထွက်သွားတာ ဒီရောက်နေတာကို.."

"ဘယ်တုန်းကပြန်ရောက်တာလဲ?.."

"မနေ့ကပဲ ယောက်ျားဘက်လိုက်နေရတာလည်းမလွယ်ပါဘူးဟယ် အဲ့တာနဲ့ဒီကိုပဲပြန်လာလိုက်တာ.."

မဖြူတို့က နောင်တို့ဘေးအိမ်ကဖြစ်သည်။ ခြံကကျယ်တာကြောင့် တစ်ခြံနဲ့တစ်ခြံကပ်မနေ။ ဒါကြောင့် ရှင်းသန့် မဖြူတို့ကိုမသိပေ။

"ဒါက မင်းရဲ့ကောင်လေးလား.."

"ဟုတ်တယ်.."

ပေါ်တင်ကြီးပြောနေတာကြောင့် ရှင်းသန့်မျက်နှာရဲနေသည်။

"အချောလေးပဲ အစ်မကမဖြူပါ...
ဟိုဘက်အိမ်မှာနေတယ် အကူအညီလိုရင်တောင်းနော်မောင်လေး.."

"ဟုတ်ကဲ့ မဖြူ...."

"မေမေ တိုတို ရှော ရှော..."

"သားသားရယ် ဦးကိုချီခိုင်းရတယ်လို့...
လာ မေမေ့ဆီကိုလာ..."

"လာဘူး တိုတို ထော် အိမ်ထော်.."

မဖြူကခေါ်နေပေမယ့် ကလေးကမဖြူဆီမလိုက်ဘဲ ရှင်းသန့်လည်ပင်းကိုဖက်ထားသည်။

"ဦးကိုအိမ်ခေါ်လို့မရဘူးလေကွယ်...
သားခန့်က လိမ္မာပါတယ် လာ မေမေ့ဆီကိုလာ..."

"လာဘူး တိုတို အိမ်ထော်...
တိုတို တွားတွား..."

ကလေးရဲ့စကားတွေကို နားမလည်တာကြောင့် ရှင်းသန့်မှာ ကလေးရဲ့မိခင်ဖြစ်သူကိုသာ ကြည့်နေရသည်။

"ကိုကိုလို့မခေါ်ရဘူးလေ ဦးဦးလို့ခေါ်..."

"ခေါ်ဘူး တိုတို တိုတို တွားတွား.."

ဘယ်လိုပင်မိခင်ဖြစ်သူက ဖြောင်းဖြသော်ငြား ကလေးကတော့ အောက်ဆင်းမယ့်ပုံမပေါ်။ ထိုအခြေအနေကိုကြည့်ပြီး နောင်ကတော့ဘာမှဝင်မပြေ။

"ဟုတ်ပြီ ဟုတ်ပြီ ကိုကို့ကိုအိမ်ခေါ်သွားမယ်...
သားက အောက်ကိုဆင်းနော်.."

မဖြူပြောလိုက်တော့ သားခန့်ကအောက်ကိုဆင်းလေသည်။အောက်ရောက်သည်နှင့် သူနဲ့မှီရာ ရှင်းသန့်လက်ညှိုးလေးကိုလှမ်းဆွဲထားသည်။

"တိုတို တွား တွား.."

"ကဲ နောင်နောင်ရေ မင်းကောင်လေးကိာအိမ်ခေါ်သွားမှဖြစ်မယ်...
သားခန့်က သူမပါဘဲပြန်မယ့်ပုံမပေါ်ဘူး...
ဒီကမောင်လေးခဏလောက်လိုက်ခဲ့ပေးပါနော် သားခန့်က ခဏနေရင်အိပ်တော့မှာပါ.."

"ဟုတ် ရပါတယ်.."

"တိုတို ရှော ဟီး.."

"မောင်လေးကိုချောတယ်ပြောနေတာလေ.."

"သြော်...ချစ်စရာလေး.."

ကလေးသေးသေးလေးရဲ့ဆွဲခေါ်မှုအောက်မှာ ရှင်းသန့်ပါသွားလေသည်။ တောက်တောက် တောက်တောက်နဲ့သူ့အိမ်ကိုခေါ်သွားတဲ့ကလေးလေးက တကယ့်ကိုချစ်စရာလေး။ နောင်လည်း သက်ပြင်းသာချလိုက်ပြီး အိမ်ထဲကိုဝင်လာလိုက်သည်။





___________________________________________________________

ပြောချင်တာက နောင်ထပ်ဆိုးနေမယ်ဆို သိမ်းမယ့်သူက ၃ယောက်ပါလို့🤭😆😅

4.6.2021

💙Chel💙

Continue Reading

You'll Also Like

90.5K 12.7K 102
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
1M 121K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
23.9K 3.9K 46
ဘာသာပြန်သူ - စွဲညို့အသင်း
679K 83.3K 200
ရှန်ယန်ရှောင်(Zawgyi+Unicode)