သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၁၆)

1.3K 346 42
By Ling____

ဓားအတွင်းဘက်နှင့်ဓားအပြင်ဘက်တွင်ရှိသော လူနှစ်ယောက်စလုံးမှာ ကြောင်အမ်းအမ်းဖြစ်သွားကြသည်။ သဘောတရားကျကျပြောရမည်ဆိုပါက သက်စောင့်ဓားများသည်ကား မိမိတို့၏အရှင်သခင်ကိုပြန်လည်ထိခိုက်အောင်လုပ်နိုင်စွမ်းမရှိကြပါချေ__သို့မဟုတ်ပါက နေ့စဉ်နှင့်အမျှ ဓားကို ကျောရိုးထဲတွင်ထည့်သွင်းထားသော ရွှမ်းကျီးမှာ အစောကြီးကတည်းကပင် လည်ပင်းနေရာမှစ၍ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အကြောသေသွားပေလိမ့်မည်။

ရှန့်လင်ယွမ်းမှာလည်း အနှီ သံမဏိ ‘ကြက်ပေါက်’ ကလေးမှာ ခြေနှစ်လှမ်းခန့်နောက်ဆုတ်ထွက်ပြေးသွားပြီး လေထဲသို့မြောက်တက်သွားလိမ့်မည်ဖြစ်ကြောင်းကို လုံးဝမျှော်လင့်မထားခဲ့ပါချေ။ ၎င်းမှာ တခဏမျှကြောင်အမ်းအမ်းဖြစ်သွားရှာသည်။ ဓားသွားနှင့် လူ့အသွေးအသားတို့ထိတွေ့မိသွားချိန်မှာတော့ သွေးဆာနေသောခံစားချက်များက သူ၏အသိဉာဏ်ကို လွှမ်းမိုးအနိုင်ယူသွားလေတော့သည်။ သူ အသိစိတ်ဝင်လာသောအချိန်၌ နောက်ကျသွားပြီဖြစ်သည်။

လူသားများ၏လက်အရေပြားက ပါးလျလှပြီး ဆံခြည်မျှင်သွေးကြောများမြောက်မြားစွာရှိနေကြသည်။ လေးလံသောဓားက ရွှမ်းကျီး၏လက်ဖဝါးကို အလွယ်တကူပင် ထိုးဖောက်နိုင်စွမ်းရှိလေသည်။ မျက်စိတမှိတ်အတွင်းမှာပင် သွေးများက အပြင်သို့ ဒရဟောပန်းထွက်လို့လာ၏။ ဘေးနားတွင်ရှိနေသော လော်ချွေ့ချွေ့မှာ ရုတ်ရုတ်သဲသဲအသံများကြားသဖြင့် ခေါင်းပြူကြည့်လာပြီးနောက် ‘အမလေး’ ဟု အသံကျယ်ကြီးတစ်ချက်အော်ဟစ်လိုက်ပြီးသကာလထိတ်လန့်တုန်လှုပ်မှုကြောင့် သူ့ခန္ဓာကိုယ်မှ အစို့အညှောက်သစ်များထွက်လာလေတော့သည်။  အထိတ်တလန့်ထွက်ပေါ်လာသော အစိမ်းရောင်နွယ်ပင်များက သူ့လည်ပင်းတဝိုက်ရစ်ပတ်လာနေရင်း သူက စိမ်းစိမ်းဝါးဝါးအော်ဟစ်လိုက်၏။

“ သွေးတွေ! အမလေး….သွေးတွေအများကြီးပဲ! မြန်မြန်….ကားကိုရပ်လိုက်….မဟုတ်ဘူး…ကယ်ကြပါဦးဗျ!”

လောင်လော်၏အာခေါင်ခြစ်အော်ဟစ်သံက လေယာဉ်တစ်ခုလုံးကို တသိမ့်သိမ့်တုန်ခါလှုပ်ယမ်းသွားစေတော့သည်။ ၎င်းမှာ ပါးစပ်က သွေးရူးသွေးတန်းလျှောက်အော်နေရင်း အနောက်သို့သုတ်သီးသုတ်ပြာဖြင့်ဆုတ်သွားလေ၏။ မသိလျှင်ဖြင့် ထိုသွေးများမှာအတုအယောင်ပြုလုပ်ထားသည့်သွေးများဖြစ်နေမှာကိုကြောက်ရွံ့နေသည့်အလား။

ဘေးနားတွင်ရှိသော ဖျင်ချန့်ရူမှာလည်း အထိတ်တလန့်ဖြင့် ထိုင်ခုံမှ ဆတ်ခနဲထလာသော်ငြား ထိုင်ခုံခါးပတ်ကိုဖြုတ်ရန်မေ့လျော့သွားသဖြင့် အောက်သို့ပြန်ပစ်လဲကျသွားရှာသည်။ သူမအိတ်ထဲရှိ ချောကလက်များနှင့် မြေပဲတောင့်များမှာ နေရာအနှံ့ပြန့်ကျဲသွားလေသည်။ ယန်ချောင် တစ်ယောက်တည်းသည်သာလျှင် တည်တည်ငြိမ်ငြိမ်ဖြင့် စာအုပ်ကိုချကာ ကူညီရန်အပြေးအလွှားရောက်ရှိလာသည်။ သို့သော် အနှီနှာချေတတ်သောသတ္တဝါလေးသည်ကား ခြေနှစ်လှမ်းမျှသာလျှောက်လာရရုံရှိသေး၊ ပေါက်ကွဲပွင့်ထွက်တော့မည့်အလား သူ့နှာခေါင်းကိုရှုံ့လိုက်ရင်း အသင့်အနေအထားဖြင့် အပေါ်သို့မော့ကြည့်လိုက်လေ၏။ ရွှမ်းကျီးခမျာ သူ့ဒဏ်ရာကို နှပ်ချေးများပေကျံသွားမည်စိုးသဖြင့် ကမန်းကတန်းပင် သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကိုခြားလိုက်ပြီး သူ့စေတနာကို ယဉ်ယဉ်ကျေးကျေးငြင်းပယ်လိုက်ရရှာသည်။

လေးလံသောဓားကြီး၏ဓားသွားက သူ့လက်ဖဝါးပေါ်တွင်တွယ်ကပ်နေကာ သူ၏သွေးဓာတ်စွမ်းအင်များကို အငမ်းမရစုပ်ယူနေပုံရ၏။

ရှန့်လင်ယွမ်းသည်ကား ‘ဖြစ်သမျှအကြောင်း အကောင်းဟုသာ’ မှတ်ယူတတ်သော ပင်ကိုယ်စိတ်သဘောထားမျိုးရှိသူဖြစ်သည်။ ဒဏ်ရာကပွင့်ထွက်သွားပြီဆိုမှတော့ သူ၏သွေးဆာနေသောအာသီသကိုဖြည့်ဆည်းလိုက်ရုံသာရှိသည်လေ။ သူ့အဖြစ်မှာ ချမ်းအေးနေပြီး အစာရေစာငတ်ပြတ်နေသူတစ်ဦးအား အငွေ့တထောင်းထောင်းထနေသော အသားစွပ်ပြုတ်တစ်ပွဲ ရုတ်တရက်အပေးခံလိုက်ရသလိုပင်။ အနှီစွပ်ပြုတ်က ပါးစပ်ပေါ်မှအရေပြားတစ်လွှာကိုတောင် အပူလောင်သွားနိုင်စေသည်အထိ ပူပြင်းနေစေကာမူ ၎င်းမှာ ထိုအရာကိုမည်သို့မှလက်မလွှတ်နိုင်သေးဘဲရှိနေတော့သည်။ ဓားသွားထက်သို့ သွေးများဒရဟောကျဆင်းသွားပြီးနောက်တွင်တော့ သူ့အသိဉာဏ်က ရုတ်ချည်းပင် စတင်၍ရှင်းလင်းပြတ်သားလို့လာသည်။ သူ့မြင်ကွင်းအစုံကလည်းကျယ်ပြန့်သွားရကာ ထိုအချိန်တခဏအတွင်း၌ လေယာဉ်တစ်ခုလုံးအတွင်း၌ရှိနေသော လူများနှင့်အရာဝတ္ထုများအားလုံးကို ဓားထဲမှတဆင့်ဖောက်ထွင်းမြင်လိုက်ရလေသည်။

တဝီဝီဖြင့်ဆူညံနေသောလေယာဉ်စက်သံများအကြားတွင်  ထင်ယောင်ထင်မှားသက်ပြင်းချသံတစ်သံက ရွှမ်းကျီး၏နားတဝိုက်ပျံလွင့်ထွက်ပေါ်လာ၏။

“အရသာရှိလိုက်တာ….”

ရွှမ်းကျီး၏လက်မောင်းရှိသွေးကြောများက အကြောအပြိုင်းပြိုင်းထောင်ထလို့လာသည်။ သူက လေယာဉ်ပေါ်တွင် မီးမမွှေးရန်တားမြစ်ချက်ကို ဂရုစိုက်မနေတော့ဘဲ သူ၏ကျန်လက်တစ်ဖက်ကိုသွေးများထဲသို့နှစ်လိုက်ကာ ဓားသွားပေါ်တွင် ရှုပ်ထွေးပွေလီသောသင်္ကေတအမှတ်အသားတစ်ခုကို အလျင်အမြန်ရေးဆွဲလိုက်သည်။ လေးလံသောဓားကြီးမှာ သူ့အလိုဆန္ဒအတိုင်း စတင်၍ပူလောင်လို့လာကာ ချွမ်ခနဲမြည်သံနှင့်အတူ သူ့လက်ထဲမှအောက်သို့ပြုတ်ကျသွားရှာ၏၊ သူ့နားတဝိုက်တွင် တိုးဖျော့ညင်သာသောညည်းညူသံတစ်ချက်ကိုကြားလိုက်ရ၏။ သို့သော် ထို့နောက်တွင်တော့ ဤမဖြစ်စလောက်တိုက်ခိုက်မှုလေးကို အလေးမထားသည့်နှယ် ခပ်တိုးတိုးရယ်သံတစ်သံထွက်ပေါ်လာပြန်သည်။

မီးအချက်ပေးခေါင်းလောင်းသံထွက်ပေါ်မလာခင်အချိန်မှာပင် ရွှမ်းကျီးက လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ဓားသွားပေါ်တွင်ရှိနေသည့် မီးတောက်ကလေးကို သူ့လက်ဖဝါးအတွင်းသို့ပြန်လည်သိမ်းဆည်းလိုက်သည်။ မီးအလင်းရောင်က ဓားပေါ်သို့လှစ်ခနဲဖြတ်သန်းသွားချိန်၌ ဓားသွားရောင်ပြန်အတွင်း၌ နူးညံ့နွေးထွေးပြီးကြင်နာမှုများပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံကို သူတွေ့မြင်လိုက်ရသည်။ အဆိုပါမျက်လုံးများက မီးရောင်ကြောင့် ရဲရဲနီစွေးနေလျက်ရှိပြီး ကြက်သီးထစရာကောင်းလောက်အောင် နူးညံ့ကြင်နာမှုများဖြင့် ခပ်ရေးရေးပြုံးယောင်သန်းနေဆဲရှိသည်။

ဖျင်ချန့်ရူမှာ နောက်ဆုံးတွင်တော့ ထိုင်ခုံခါးပတ်ကိုဖြုတ်နိုင်သွားပြီး လေပွေတစ်ခုကဲ့သို့ တဟုန်ထိုးပြေးလာ၏။ ရွှမ်းကျီးမှာ ထိုအန္တရာယ်များလှသောဓားကို သူမ ထိမိသွားမှာကိုစိုးရိမ်သောကြောင့် အောက်တွင်ပြုတ်ကျနေသော အဆိုပါဓားကို သူ့ခြေထောက်တစ်ဖက်ဖြင့်ဆောင့်နင်းလိုက်ပြီး ထိုင်ခုံအောက်သို့ကန်ထုတ်လိုက်လေ၏။ ရှန့်လင်ယွမ်းသည်ကား ခုနလေးတင်ကမှ အကျိုးအမြတ်မျိုးမျိုးမြတ်မြတ်ရရှိထားသူဖြစ်သည့်အတွက် သူ့အား ဂုဏ်သိက္ခာကျဆင်းအောင်လုပ်နေတာကိုလည်း အမှုမထားတော့ဘဲ ရွှမ်းကျီးအား သူ့စိတ်ကြိုက်တက်နင်းချင်သလောက်နင်းခွင့်ပြုထားလိုက်လေသည်။

“ဒါရိုက်တာ…အဆင်ပြေရဲ့လား ဒါရိုက်တာ? ဘယ်နားထိသွားသေးလဲ?”

ဖျင်ချန့်ရူက ကြမ်းပြင်ပေါ်တွင်အိုင်ထွန်းနေသော ဧရာမသွေးကွက်ကြီးကိုတွေ့သောအခါ အလန့်တကြားထခုန်လိုက်ပြီး ငိုမဲ့မဲ့ဖြင့်မေးလာသည်။

“အဲဒါက ပင်မသွေးလွှတ်ကြောကြီးလား?”

ရွှမ်းကျီးက အားမပါစွာပြန်ပြောလိုက်သည်။

“ကောင်မလေးရယ်….ကျေးဇူးပြုပြီး ငါ့ကို နည်းနည်းလောက် သက်သက်ညှာညှာဆုတောင်းပေးလို့မရဘူးလား?”

“ခဏလောက်တောင့်ထားဦးနော်…ကျွန်မတို့ဆီမှာ အရေးပေါ်ဆေးသေတ္တာပါလာတယ်…ကျွန်မ အခုချက်ချင်းသွားရှာလိုက်မယ်….ရှင် ရှင် ရှင် ခဏလောက်စောင့်ဦးနော်”

ဖျင်ချန့်ရူက အထိတ်ထိတ်အလန့်လန့်ဖြင့် ခြေလှမ်းနှစ်လှမ်းလောက်ပြေးသွားပြီးနောက် နောက်ပြန်လှည့်ကာ အော်လိုက်ပြန်သည်။

“ခဏလောက်တောင့်ခံထားဦးနော်!”

“အေး” ရွှမ်းကျီးက လက်လျှော့အရှုံးပေးလိုက်ဟန်ဖြင့် သူမကိုတရကြမ်းခေါင်းညိတ်ပြလိုက်သည်။

“ဖြည်းဖြည်းသွား…ချော်မလဲစေနဲ့ဦး”

သက်စောင့်ဓားဟူသည်ကား တကယ့်ကို သက်စောင့်ဓားဆိုသည့်အတိုင်းပင်။ ဓားသွားက သူ့လက်ဖဝါးပေါ်မှကွာကျသွားသည်နှင့်တပြိုင်နက် ဓားဒဏ်ရာက သူ့အလိုလိုစတင်၍အနာကျက်လာ၏။ စကားအနည်းငယ်သာပြောလိုက်သည့်အချိန်လေးအတွင်းမှာပင် ပြတ်သွားသောအရွတ်အကြောများက သူတို့ဘာသာသူတို့ အလိုအလျောက်ပြန်ဆက်သွားကြပြီဖြစ်သည်။ ရွှမ်းကျီးက ဒဏ်ရာရထားသောသူ့လက်ကိုထိန်းကိုင်ထားရင်း သူ့အကြည့်များက ထိုင်ခုံအောက်မှတစွန်းတစထွက်ပြူနေသော ဓားနှောင့်ပေါ်သို့ကျရောက်သွားသည်။ သူ့မျက်နှာအမူအရာကတော့ ခန့်မှန်း၍မရအောင်ဖြစ်နေလျက်။

အချိန်တခဏမျှနှုတ်ဆိတ်နေပြီးနောက်မှာတော့ ဆူညံနေသောလေယာဉ်စက်သံများကိုအကာအကွယ်ပြုကာ သူ အသံကိုနှိမ့်၍ပြောလိုက်သည်။

“ဒါက နည်းနည်းတော့ ကျေးဇူးမသိတတ်ရာရောက်မနေဘူးလား… ‘ပိရှ’?”

ရွှမ်းကျီးတစ်ယောက် သူ၏သက်စောင့်ဓားအပေါ် စတင်သံသယဝင်လာသည့်အချိန်မှာကား ဓား (၁)က သူ့ကိုပေးခဲ့သော ရှေးဟောင်းမှတ်တမ်းစာအုပ်ပုံများကြားမှ စုတ်တီးစုတ်ပဲ့ဖြစ်နေရှာသော { သုံးချွမ်းနတ်ဆရာစာအုပ်} ထဲတွင် ‘လူသားမိစ္ဆာ’ နှင့်ပတ်သက်သောမှတ်တမ်းမှတ်ရာများကိုရှာတွေ့ပြီးနောက် နေ့လယ်ခင်းတရေးတမောအိပ်ပျော်မသွားခင်အချိန်တွင်ဖြစ်သည်။ ထိုမှတ်တမ်းများ၌ ရေးသားထားသည်မှာ “လူသားမိစ္ဆာများသည်ကား ပျက်စီးယိုယွင်းသွားသော ဧရာမစွမ်းအင်များက စကြဝဠာအတွင်းရှိ မိစ္ဆာစွမ်းအင်များကို ရုပ်ခန္ဓာတစ်ခုအတွင်းသို့ဆွဲငင်လိုက်ခြင်းမှ အစပြု၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရုပ်ခန္ဓာပျက်စီးသွားလျှင်တောင်မှ ၎င်း၏စိတ်အစွဲအလမ်းများကိုပြန်လည်စုစည်းလိုက်သည်နှင့် သူ၏မိစ္ဆာစွမ်းအင်များကို အရင်အတိုင်းပြန်လည်ပေါင်းစုကာ လူ့လောကကြီးအတွင်းသို့ နောက်တစ်ကြိမ်သက်ဆင်းခြေချလာနိုင်သည်။ လူသားမိစ္ဆာ၏အမည်နာမကို ထုတ်ဖော်ပြောကြားခြင်းမပြုရ၊ စိတ်ထဲတွင်လည်းရေရွတ်ခြင်းမပြုရ၊ အနှောင့်အယှက်ပေးခြင်းမပြုရ။” ဟူ၍ဖြစ်၏။

အလွယ်ပြောရလျှင် ၎င်းသည်ကား ယခင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ‘လူ’ အဖြစ်ကနေ ‘လူသား-မိစ္ဆာ’ ဘဝသို့ပြောင်းလဲသွားသည်နှင့်တပြိုင်နက် လုံးဝဥဿုံကွဲပြားခြားနားသည့် အခြားသောဖြစ်တည်မှုတစ်ခုဖြစ်သွားခဲ့ပြီဖြစ်သည်။ သူ၏မူလအစကရှိနေခဲ့သော အပေါ်ယံအခွံသည်ကား ရေထည့်ထားသောပုလင်းတစ်လုံးပင်။ အကယ်၍ ပုလင်းကွဲအက်ပျက်စီးသွားမည်ဆိုပါက ရေများမှာလည်း အပြင်သို့ဖိတ်စင်သွားမည်ဖြစ်သည်။ သို့သော် စကြဝဠာအတွင်းရှိ အရာဝတ္ထုတိုင်းသည်ကား သင့်တော်ကိုက်ညီသောအချိန်အခါ၊ ပထဝီမြေအနေအထားနှင့် လူမှုအသိုင်းအဝိုင်းအခြေအနေတစ်ခုသို့ရောက်ရှိလာချိန်မှာတော့ ဖိတ်လျှံသွားသောအရည်များသည်ကား အရင်အတိုင်းတစ်စုတစ်စည်းတည်းပြန်လည်ပေါင်းစုသွားနိုင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သဘောတရားကျကျပြောရပါလျှင် လူသား-မိစ္ဆာသည်ကား ဝိညာဉ်ဓာတ်ရှိသောအရာများပေါ်တွင်တွယ်ကပ်နေနိုင်စွမ်းရှိလေသည်။

ရွှမ်းကျီးမှာ သူ့ဓားကြီးက ‘ဝိညာဉ်ဓာတ်’ ရှိ မရှိဆိုတာကိုသေချာမသိပါချေ။ ၎င်းမှာ အမြဲတစေတိတ်ဆိတ်ငြိမ်သက်နေလေ့ရှိပြီး ဘယ်သောအခါကမှ အသိဉာဏ်ရှိသောသက်ရှိတစ်ယောက်၏စွမ်းရည်မျိုးကို ထုတ်ဖော်ပြသခဲ့ဖူးခြင်းမရှိပါချေ။ သို့သော် ရွှမ်းကျီးကတော့ ထိုအရာသည်ကား သက်မဲ့အရာဝတ္ထုတစ်ခုထက်ပိုသည်ဟု အချိန်တိုင်းလိုလိုခံစားမိသည်။ အဆိုပါဓားသည်ကား သူမှတ်မိသည့်အချိန်ကတည်းကစ၍ သူ့အနားတွင်အဖော်ပြုပေးနေခဲ့တာဖြစ်သည်။ အနှီဓားသည်ကား သူ၏အသေးငယ်ဆုံးသောအတွေးစလေးများကို သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာပင် ပို၍မြန်ဆန်စွာဖမ်းယူနိုင်စွမ်းရှိလေသည်။

သို့သော်လည်း ဓားသွားပေါ်တွင် မိစ္ဆာသွေးများပေကျံသွားသည့်အချိန်မှစ၍ ဓားနှင့်လူကြားရှိ လျှို့ဝှက်ဆန်းကြယ်ပြီးရင်းနှီးသော ထိုဆက်သွယ်မှုတို့က ရုတ်တရက်‌ ပျောက်ချင်းမလှပျောက်ဆုံးသွားလေတော့သည်။

ဓားသွားမှာ အေးသထက်အေးစက်လို့လာနေသည်။ ထိုနေ့လယ်ခင်းက ရှောင်းကျန်း၏ဖုန်းသံကြောင့် ရွှမ်းကျီးလန့်နိုးလာချိန်၌ ပြင်းပြအားကောင်းသောခံစားချက်တစ်မျိုးကို သူခံစားလိုက်ရသည်__သူ့ဓားထဲတွင် အခြားသောလူတစ်ယောက်၏အသက်ရှူသံကို သူကြားလိုက်ရသည်။

ဓားတွင်ပြဿနာတစ်ခုခုရှိနေကြောင်းကို သူ့အား အမှန်တကယ်သေချာသွားစေသောအချက်မှာ တံလျှပ်လိပ်ပြာကြောင့်ပင်ဖြစ်သည်။ သူ ထိုတံလျှပ်လိပ်ပြာအနားသို့ကပ်သွားချိန်၌ လိပ်ပြာ၏တောင်ပုံတစ်စုံပေါ်ရှိ အပြုံးမျက်နှာများသည်ကား တစ်ဖက်တွင်ထိတ်လန့်ကြောက်ရွံ့နေသောမျက်နှာသွင်ပြင်နှင့် ကျန်တစ်ဖက်တွင်မူ အငိုမျက်နှာတစ်ခုအဖြစ်အသွင်ပြောင်းလဲသွားကြသည်။ ထိတ်လန့်ကြောက်ရွံ့သွားသည့်မျက်နှာအမူအရာကိုတော့ သူနားလည်လို့ရသည်။

မိမိသည်ကား မီးအမျိုးအစားဖြစ်သည်ဟူ၍ သူတို့အားလုံးကပြောကြသည်။ မီးအမျိုးအစားသည်ကား မကောင်းဆိုးဝါးမိစ္ဆာများကိုနှင်လွှတ်နိုင်စွမ်းရှိလေရာ ထိုအရာများအတွက် သဘာဝရန်သူတော်ကြီးတစ်ဦးဖြစ်သည်လေ။ လိပ်ပြာများအဖို့ သူ့ကိုတွေ့လိုက်ရချိန်၌ ဧရာမမီးသင်္ဂြိုဟ်စက်ကြီးတစ်လုံးကိုတွေ့လိုက်ရသကဲ့သို့ဖြစ်နေပေလိမ့်မည်။

ဒါပေမယ့် ပူဆွေးဝမ်းနည်းနေတဲ့ အငိုမျက်နှာမျိုး ဘာကြောင့်ဖြစ်သွားရတာလဲ?

အကယ်၍ အဆိုပါလိပ်ပြာသည်ကား ထူးထူးခြားခြားဘိုးသက်ရှည်လိပ်ပြာတစ်ကောင်ဖြစ်နေသည့်အချက်မှလွဲ၍ ‘စိတ်နှစ်ခွဖြစ်နေသည့်ပင်ကိုယ်စရိုက်လက္ခဏာ’ မျိုးရှိမနေခဲ့ဘူးဆိုပါက ထိုသို့ဖြစ်ရခြင်းမှာ ၎င်းသည်ကား အခြားသောလူတစ်ယောက်….သို့တည်းမဟုတ် အခြားသောအရာတစ်ခုခုတည်ရှိနေတာကို အာရုံခံစားမိသွားသောကြောင့်သာဖြစ်နိုင်သည်။

ရွှမ်းကျီးသည်ကား မီးတောက်မီးလျှံများအတွင်းမှမွေးဖွားလာခဲ့သူတစ်ဦးဖြစ်သည့်အလျောက် သူ၏သက်စောင့်ဓားမှာလည်း မကောင်းသောအရာများအားလုံးအတွက် အဟန့်အတားတစ်ခုသဖွယ်ဖြစ်နေနိုင်တာပဲဖြစ်သည်။ ထိုဓားပေါ်တွင် အန္တရာယ်ရှိသောအရာများတွယ်ကပ်မနေသင့်ပါလေ။ သို့သော် ထိုအရာက မိစ္ဆာအရှင်သခင်ကြီးသာဖြစ်နေပါမူ…… ဤကဲ့သို့ထူးခြားဆန်းပြားသောဖြစ်ရပ်မျိုးက မဖြစ်နိုင်တာတော့လည်းမဟုတ်။ ဘာပဲဖြစ်ဖြစ် လက်စွပ်လေးတောင်မှ သူ့ကိုတစ်ချိန်လုံးကာကွယ်စောင့်ရှောက်ပေးနေခဲ့တာပဲဖြစ်သည်။

အနှီမိစ္ဆာသခင်ကြီးသည်ကား ပူဆွေးယဇ်ပူဇော်ပွဲ၏တန်ပြန်ပြစ်ဒဏ်ခတ်မှုကိုတောင် ဂရုမထားတော့ဘဲ ပိချွင်းရှန်းကိုသတ်ပစ်ခဲ့စဉ်အချိန်က သူ့အနားတွင် အနီးဆုံးရှိနေသည့် ရွှမ်းကျီးတစ်ယောက်တည်းသာလျှင် သူ့ထံမှ စကားများကိုကြားလိုက်ရသူဖြစ်သည်။ သူ့စကားထဲတွင်ပါဝင်သောစကားလုံးအသုံးအနှုန်းနှစ်မျိုးကို သူကောင်းကောင်းသတိထားမိခဲ့သည်__တစ်ခွန်းက ‘ငါကိုယ်တော်’ ဟူသည့်စကားလုံးဖြစ်ပြီး နောက်တစ်ခွန်းကတော့ ‘မင်းတို့လိုလူမျိုးတွေ’ ဟူသည့်စကားဖြစ်သည်။

‘မင်းတို့လိုလူမျိုးတွေ’ ဟုသုံးနှုန်းပြောဆိုလိုက်ပုံကိုကြည့်ခြင်းအားဖြင့် ပိချွင်းရှန်း၏နောက်ကွယ်တွင် အခြားလူများရှိနေသေးသည့် အရိပ်အမြွက်မျိုးကိုပြသလို့နေသည်။ ‘ငါကိုယ်တော်(ကျန့်)’ ဟူသည့်စကားလုံးကတော့ မိမိကိုယ်ကိုရည်ညွှန်းသောအသုံးအနှုန်းမျိုးဖြစ်ပြီး ပို၍များပြားသောကိစ္စရပ်များကိုလှစ်ဟပြသနေ၏။

ပဋိပက္ခစစ်ပွဲကြီးမဖြစ်ပွားသေးခင်အခါက__ပို၍တိတိကျကျပြောရလျှင် ‘ချိယွမ်းကိုငြိမ်ဝပ်ပိပြားစေမည့် ပထမဆုံးစစ်ပွဲကြီး(ဖျင်ယွမ်း)’ မဖြစ်ပွားသေးခင်အချိန်က ‘ကျန့်’ ဟူသည့်စကားလုံးမှာ ‘ငါ’ ဟုအဓိပ္ပာယ်ရသောစကားလုံးဖြစ်ပြီး မည်သူမဆိုခေါ်ဝေါ်သုံးစွဲနိုင်သောစကားလုံးဖြစ်သည်။ နောက်ပိုင်း ဧကရာဇ်ဖျင်၏ရည်မှန်းချက်များက ပေါက်ကွဲပွင့်ထွက်လာပြီး ချိယွမ်းကိုအနိုင်သိမ်းပိုက်မည့်တိုက်ပွဲကိုစတင်ဆင်နွှဲလာချိန်မှာတော့ ၎င်းက ထိုအသုံးအနှုန်းကို တော်ဝင်မိသားစုမျိုးနွယ်များသာ သီးသန့်အသုံးပြုခွင့်ရှိသောအသုံးအနှုန်းတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ သို့ဖြစ်ရာ အဆိုပါစကားလုံးကို ပါးစပ်မှလွှတ်ခနဲသုံးနှုန်းလိုက်သူသည်ကား ဧကရာဇ်ဖျင်၏ခေတ်ကာလမတိုင်ခင်မွေးဖွားလာခဲ့သူတစ်ဦး သို့တည်းမဟုတ် ထိုနောက်ပိုင်းရှိ အခြားသောခေတ်ကာလအတွင်းမှ မင်းဧကရာဇ်တစ်ပါးဖြစ်နိုင်ပေသည်။ သို့မဟုတ် အလယ်ပိုင်းမြေပြန့်လွင်ပြင်ဒေသ၏ဓလေ့ထုံးတမ်းများကို လိုက်လံတုပထားသော လူနည်းစုမျိုးနွယ်တစ်ခုခုမှ ခေါင်းဆောင်တစ်ဦးလည်းဖြစ်နိုင်သည်။ [note]

ထို့အပြင် ချိယွမ်းဆေးရုံ၌ရှိနေစဉ်အခါက မိစ္ဆာသခင်ကြီးသည်ကား ‘ချင်းဖျင်ပြည်နယ်’ အကြောင်းကိုပြောဆိုခဲ့သည်။ သို့သော် ချင်းဖျင်ပြည်နယ်မှာ မဟာချီတိုင်းပြည်၏ ဧကရာဇ်ဖျင်လက်ထက်မတိုင်မီက တည်ရှိမနေခဲ့သောပြည်နယ်တစ်ခုဖြစ်၏။ ၎င်းသည်ကား ဧကရာဇ်ဖျင်၏သားတော်ဖြစ်သော ချီတိုင်းပြည်၏ဧကရာဇ်ဝူ၊ ရှန့်ရှောင်း အစပြုဖွဲ့စည်းတည်ထောင်ခဲ့သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုအချက်များအားလုံးကိုထောက်ဆလိုက်မည်ဆိုပါက မိစ္ဆာသခင်ကြီးသည်ကား ဒုတိယမြောက်ဖြစ်နိုင်ချေတစ်ခု ပိုဖြစ်နိုင်သည်။

ရွှမ်းကျီးက စကားကိုမရေမရာပြောလိုက်ပြီး သူ့ကိုလိမ်လည်လှည့်ဖြားကာ တစ်မျိုးတစ်ဖုံစမ်းသပ်ကြည့်ရန်ဆုံးဖြတ်ချက်ချလိုက်တာဖြစ်သည်။

အံ့ဩစရာကောင်းသည်ကား သူ့စကားများထွက်ကျလာလျှင်လာချင်းမှာပင် အက်ရှရှအသံတစ်သံက သူ့နားတဝိုက်တွင် ခပ်တိုးတိုးရယ်မောလိုက်တာကိုကြားလိုက်ရလေသည်။

“ဒါဖြင့် မင်းက ငါ့ကို ဘယ်လိုဘယ်ပုံကျေးဇူးပြန်ဆပ်ခိုင်းစေချင်တာလဲ?”

ထိုစကားက ဘာမှမဟုတ်သေး။ သူ့နောက်ကလိုက်လာသောစကားကမှ ပို၍ကြောက်စရာကောင်းလှ၏__ဓားထဲရှိမိစ္ဆာထံမှ နောက်ဆက်တွဲစကားတစ်ခွန်းကို ရွှမ်းကျီးကြားလိုက်ရသည်။

“ငါ့ကို တစ်ပတ်ရိုက်ချင်တယ်ပေါ့လေ…ဒီကောင်စုတ်လေးက တော်တော့်ကိုသတ္တိကောင်းလှချည်လား?”

ရွှမ်းကျီး၏ဦးနှောက်တစ်ခုလုံးမှာ တခဏမျှဟာလာဟင်းလင်းဖြစ်သွား၏။ ထို့နောက်တွင်တော့ သူ့တစ်ကိုယ်လုံးတွင်ရှိသမျှအမွေးပေါင်းစုံတို့က ထောင်ထလာတော့သည်။

“ငါလခွမ်းပဲဟေ့…သူက ငါ့အတွေးတွေကိုကြားနေတာလားဟ!”

တစ်ချိန်တည်းမှာပင် ရှန့်လင်ယွမ်းသည်ကား အနှီအဆဲစကားတစ်ခွန်းကို ရှင်းလင်းပီသစွာ ‘ကြား’ လိုက်ရပြီး တစ်မျိုးတစ်ဖုံနားလည်သဘောပေါက်သွားလေတော့သည်။

အဆိုပါလူနှစ်ယောက်စလုံးသည်ကား မရေမတွက်နိုင်သောမျက်နှာဖုံးပေါင်းများစွာကိုတပ်ဆင်ထားကြပြီး သူတို့၏နှလုံးအိမ်အတွင်း၌ လိမ္မာပါးနပ်သော ထောင်ပေါင်းများစွာသောအလွှာတို့ဖြင့် ဖွဲ့စည်းထားကြသောလူအမျိုးအစားထဲတွင်ပါဝင်ကြသူများဖြစ်သည်။ တစ်နေ့နေ့တွင် မည်သူမည်ဝါမှန်းမသိသော သူစိမ်းတရံတစ်ဦးနှင့် မထင်မှတ်ဘဲ အတင်းအဓမ္မ ‘စိတ်ချင်း နှလုံးသားချင်းဆက်သွယ်’ သွားရလိမ့်မည်ဟု မျှော်လင့်ထားခဲ့မိမည်မဟုတ်ပါချေ။

ပြီးတော့ ဒါက ဘယ်လိုဆက်သွယ်မှုကြီးလဲ!

နှစ်ယောက်စလုံး၏တုံ့ပြန်မှုက တကယ့်ကိုပင် တစ်ထပ်တည်းတူညီသွားကြသည်။ သူတို့နှစ်ယောက်လုံးမှာ တစ်ချိန်တည်းလိုလိုပင် ခေါင်းတစ်ခုလုံးဗလာကျင်းသွားရှာပြီး မိမိကိုယ်ကိုအတင်းအကြပ်ဖိအားပေးကာ အကြောင်းအရာတစ်ခုတည်းအပေါ်တွင်သာ အာရုံစူးစိုက်ထားလိုက်ကြပြီးသကာလ အခြားသောအတွေးစိတ်ကူးအစအနများကိုဖြတ်တောက်ပစ်လိုက်ကြလေသည်__ ရွှမ်းကျီးမှာ လော်ချွေ့ချွေ့၏ခေါင်းပေါ်တွင်ပေါက်နေသောဆံပင်များကို အားသွန်ခွန်စိုက်ကြိုးစားပမ်းစားရေတွက်နေလိုက်ကာ ဓားထဲရှိ ရှန့်လင်ယွမ်းကတော့ နားမလည်နိုင်သောရှေးဟောင်းသမ္မာကျမ်းစာများကို နှုတ်မှတတွတ်တွတ်ဖြင့် စတင်၍အသံတိတ်ရွတ်ဖတ်နေတော့သည်။

လျှို့ဝှက်နက်နဲသောအကြံအစည်ရှိသူများသည်ကား သူတို့၏အသေးငယ်ဆုံးသောမျက်နှာအမူအရာများကအစ ထိန်းချုပ်နိုင်စွမ်းရှိကြပြီး ဆရာ့ဆရာကြီးများကတော့ သူတို့၏ခန္ဓာဗေဒဘာသာစကားကိုပင် တိကျစွာစီမံထိန်းချုပ်နိုင်စွမ်းရှိကြလေသည်။ သို့ပေသိ မည်သူကများ မိမိ၏ဦးနှောက်ကိုထိန်းချုပ်နိုင်ပါအံ့နည်း?

ရဲဘော်လော်ချွေ့ချွေ့၏ဦးခေါင်းထက်ရှိဆံပင်များမှာ အရေမခံကြပါချေ။ တခဏအတွင်းမှာပင် ရွှမ်းကျီးတစ်ယောက်ရေတွက်လို့ကုန်သွားရှာသည်။ ထိုအခိုက် ၎င်းမှာ မနေနိုင်မထိုင်ဖြစ်စွာဖြင့် အတွေးတစ်ခုပျံ့လွင့်ထွက်ပေါ်သွားတော့သည်။

“ချီးပဲ…ဒါက ဘယ်လိုစိတ်ပျက်စရာကောင်းတဲ့ကိစ္စကြီးလဲကွ?”

ရှေးဟောင်းသမ္မာကျမ်းစာများကိုရွတ်ဖတ်နေသည့် ရှန့်လင်ယွမ်းခမျာလည်း ပို၍ပို၍အံတကြိတ်ကြိတ်ဖြစ်လာလို့နေ၏။

ရွှမ်းကျီး၏အတွေးများက တစ်ကြိမ်လွတ်ထွက်သွားပြီးသည်နှင့် ပြန်လည်၍လိုက်လံသိမ်းဆည်းဖို့ရာမဖြစ်နိုင်တော့ပါချေ။

“DCO က ငါ့ကိုတော်တော်ဒုက္ခပေးတဲ့နေရာပဲ၊ နှစ်ကုန်လို့ ငါ့ကို လစာ ၁၄ လစာ မပေးရင်တော့လား၊ ငါနဲ့တစ်ပွဲတစ်လမ်းတွေ့ကြသေးတာပေါ့ကွာ”

ရှန့်လင်ယွမ်းရွတ်ဖတ်နေသောရှေးဟောင်းသမ္မာကျမ်းစာများမှာ အခြားသူများနားလည်ရန်မလွယ်သော်ငြား ရွှမ်းကျီးကတော့ သူ့အသံထွက်များကိုကြားလိုက်ရချိန်၌ ၎င်းသည်ကား စာသားတစ်ကြောင်းကို မတော်တဆ တစ်ကြော့ပြန်ရွတ်ဆိုမိသွားသည့်အပြင် ထိုစာသားကို နောက်ထပ်သုံးလေးကြိမ်ခန့် ထပ်ခါတလဲလဲရွတ်ဆိုနေမိကြောင်းကို သူသတိပြုမိသွား
၏။ နောက်ဆုံး၌ ၎င်းသည်လည်း မနေနိုင်မထိုင်ဖြစ်စွာပင် နှုတ်မှစကားတစ်ခွန်းလွှတ်ခနဲထွက်လာတော့သည်။

“ပူဆွေးယဇ်ပူဇော်ပွဲကိုလုပ်ဖို့ နောက်ကွယ်က သွေးထိုးလှုံ့ဆော်တဲ့ကောင်ကို ငါ တစစီဖြစ်သွားအောင်လုပ်ပစ်မယ်”

ရွှမ်းကျီး၏ရင်ထဲ၌ ထိတ်ခနဲဖြစ်သွားလေ၏။

“ဒါဆို ပူဆွေးယဇ်ပူဇော်ပွဲကိုလုပ်ခိုင်းတဲ့ နောက်ကွယ်က သွေးထိုးပေးတဲ့သူရှိနေတာလား? တကယ်ဆို ပိချွင်းရှန်းက စင်မြင့်ပေါ်က ရုပ်သေးရုပ်သက်သက်ပဲပေါ့?”

သူက အနှီမေးခွန်းကို လွှတ်ခနဲထုတ်မေးမိလိုက်သောအခါမှာတော့ ရှန့်လင်ယွမ်းရှိနေသောနေရာဘက်မှ စကားသံနှစ်သံက တပြိုင်နက်တည်းထွက်ပေါ်လို့လာသည်။ ပထမတစ်သံက သူပြောနေကျ တည်ငြိမ်အေးဆေးသောလေသံမျိုးဖြစ်ပြီး ခပ်တိုးတိုးရယ်သံစွက်လျက်…။

“ မင်း မှန်းကြည့်လိုက်လေ”

ဒုတိယစကားသံကတော့ အေးစက်စက်နိုင်သောလေသံမျိုးဖြစ်သည်။

“ပေါက်ကရစကားတွေ”

ရွှမ်းကျီး : “…..”

မိစ္ဆာအရှင်သခင် လူကြီးမင်းရယ် ခင်ဗျားမှာ စိတ်ကစဉ့်ကလျားရောဂါများရှိနေတာလားဟင်

ရှန့်လင်ယွမ်း၏ အခုတစ်မျိုး တော်ကြာတစ်မျိုးပြောလိုက်သောလေသံသည်ကား အလိုအလျောက်တုံ့ပြန်မှုတစ်ခုဖြစ်သည်။ စကားဆုံးသော် သူပြောလိုက်မိသောစကားများကို သူကိုယ်တိုင်လည်း သဘောပေါက်သွားရှာ၏။

“စိတ်ကစဥ့်ကလျားရောဂါဆိုတာ ဘာကိုပြောတာလဲ?”

“စိတ်ကစဉ့်ကလျားရောဂါဆိုတာ…..”

ရွှမ်းကျီးခမျာ အကျိုးသင့်အကြောင်းသင့်ရှင်းပြရန် ခက်ခက်ခဲခဲကြိုးစားအားထုတ်လိုက်ရပြီးသကာလ စိတ်ထဲတွင်ရှုပ်ထွေးနောက်ကျိသွားရှာ၏။ သူ့ခေါင်းထဲတွင် ဆူညံပွက်လောရိုက်နေသောအသံများက လုံးထွေးရောယှက်လို့သွားကာ နောက်ဆုံးအချိန်မှသာလျှင် စကားတစ်ခွန်းကို တစုတစည်းတည်းပြောထွက်လာနိုင်တော့သည်။

“ငါတော့ ရူးတော့မှာပဲ။ ဒါက ဘာသောက်ကျိုးနည်းကိစ္စတွေလာဖြစ်နေတာလဲ?”

တည်ငြိမ်အေးချမ်းနေခဲ့သော အခြေအနေအတွင်းတွင် အူတီးအူကြောင်ဖြစ်နေရှာသော ဒါရိုက်တာရွှမ်းနှင့် သူ၏ဓားတစ်လက်တို့အကြား၌ မျက်စိတမှိတ်အတွင်းမှာပင်ဖြစ်ပွားသွားသော အဖြစ်အပျက်တို့ကြောင့် သူ့ခေါင်းထဲတွင် ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာသည့် ပဋိပက္ခအရှုပ်အထွေးများကို လေယာဉ်ပေါ်၌ရှိနေသော မည်သူတစ်ဦးတစ်ယောက်ကမှ သတိထားမိခြင်းမရှိခဲ့ပါချေ။ ဖျင်ချန့်ရူမှာ အရေးပေါ်ဆေးသေတ္တာကိုယူပြီး အပြေးကလေးရောက်ချလို့လာသည်။

“ဘယ်လိုနေသေးလဲဟင် ဒါရိုက်တာ? ကျွန်မ အရေးပေါ်ဆေးသေတ္တာကို တစ်ခါမှမသုံးဖူးဘူး။ ဒါနဲ့ ‘အရေးပေါ်’ ဆိုတဲ့စကားလုံးက ဘာကိုဆိုလိုတာလဲဟင် ဆရာသိလား?”

“ငါ့ကို အရင်ဆုံး အဝတ်စိုတစ်ထည်ယူလာပေး”

ရွှမ်းကျီးက ဒဏ်ရာရနေသောသူ့လက်ကို သူမဆီသို့မြှောက်ပြလိုက်သည်။ ဒဏ်ရာမှာ အစောတုန်းက သွေးများ ဒရဟောစီးထွက်နေခဲ့သော်လည်း အခုချိန်မှာတော့ အဖြူရောင်အမှတ်ရာလေးတစ်ခုသာ ခပ်ရေးရေးထင်ကျန်ခဲ့လေသည်။

“နောက်ပြီး ငါ့ကိုပြောဦး၊ ဒီကော်ဇောသန့်ရှင်းရေးဖိုးပိုက်ဆံကို ရုံးခန်းက ရှင်းပေးမှာမလား?”

ဖျင်ချန့်ရူမှာ အကောင်းပကတိအတိုင်း ပြန်ကောင်းသွားသော သူ့လက်ကိုကြည့်ကာ ကြောင်တက်တက်ဖြစ်နေရှာ၏။

ရွှမ်းကျီး : “စိတ်မကောင်းလိုက်တာ၊ မင်း လာတာနောက်ကျသွားတယ်၊ သူ့ရဲ့နောက်ဆုံးပုံစံကိုမတွေ့လိုက်ရဘူး”

ထူးခြားစွမ်းရည်လောကတွင် ကောင်းသောအချက်တစ်ချက်ရှိလေသည်။ လူတိုင်း၏ထူးခြားစွမ်းရည်များမှာ တစ်ယောက်နှင့်တစ်ယောက်သိပ်မတူညီကြပါချေ။ ထို့ကြောင့်ပင်မိမိ၏လုပ်ဖော်ကိုင်ဖက်များထံ၌ မယုံနိုင်စရာကောင်းလောက်သော အံ့မခန်းထူးခြားစွမ်းရည်မျိုးကိုတွေ့ရလျှင်တောင်မှ အများစုမှာ တအံ့တဩဖြစ်မနေတော့ပါချေ။သူမ၏အသစ်စက်စက်သူဌေးဖြစ်သူနှင့်အတူတကွသွားခဲ့ရသော ယခင်အခေါက်က အလုပ်ခရီးအကြောင်းကို ဖျင်ချန့်ရူတစ်ယောက် အရိုးထဲစွဲနေအောင်မှတ်မိနေပြီဖြစ်သည်__မိုးကြိုးလျှပ်စီးများ၊ မီးနှင့်ရေခဲ။ ထို့အပြင် ပေါက်ကွဲပျက်စီးသွားရှာသောအဆောက်အအုံနှစ်လုံး။ ထိုအရာများနှင့်ယှဉ်လိုက်ပါက ခဏလေးနှင့်အနာကျက်သွားသော ဒဏ်ရာကိစ္စသည်ကား အရမ်းကြီးထိတ်လန့်စရာမကောင်းတော့ပါချေ။ သို့ဖြစ်ရာ သူမမှာ အချိန်ခဏလောက်သာ အူကြောင်ကြောင်ဖြစ်သွားရှာပြီး နောက်ပိုင်းမှာတော့ အဆိုပါအခြေအနေကို မြန်မြန်ဆန်ဆန်ပင်လက်ခံလိုက်ကာ သူ့ကိုကူညီပြီး သွေးကွက်များကို စတင်၍သန့်ရှင်းရေးလုပ်ပေးလိုက်လေတော့သည်။

ရွှမ်းကျီးမှာ အာရုံပြောင်းသည့်အနေဖြင့် သန့်ရှင်းရေးအလုပ်ကို စက်တပ်ထားသလို တရစပ်လုပ်နေရင်း ဦးနှောက်ဆေးရန်ကြိုးစားနေသလို ရှန့်လင်ယွမ်းမှာလည်း သမ္မာကျမ်းစာများ၊ ဂန္ထဝင်စာပေများနှင့် ရှေးဟောင်းကဗျာစာစုပေါင်းစုံကို အကြိမ်ပေါင်းများစွာ တတွတ်တွတ်ရွတ်ဖတ်နေရှာသည်။ နောက်ဆုံးတွင် ကြမ်းပြင်ပေါ်ရှိသွေးကွက်များကို သန့်ရှင်းရေးလုပ်ပြီးသွားသောအချိန်မှာတော့ သူတို့နှစ်ယောက်စလုံးသည်ကား ရှုပ်ယှက်ခတ်နေသောအခြေအနေများအတွင်း၌ အနည်းငယ် စိတ်နှလုံးတည်ငြိမ်အေးချမ်းလို့သွားပြီဖြစ်သည်။

ထို့နောက်တွင်မူ ရွှမ်းကျီး၏ ‘ဓားကိုငတ်မွတ်တောင့်တသည့်အာသီသ’ က နောက်တစ်ကြိမ်ထကြွလို့လာသည်။ ပူလောင်ပြင်းထန်သောဝေဒနာတို့က ယခင်အခေါက်ကထက်ပင် ပို၍ဆိုးဝါးအားကောင်းလာသည်။ ၎င်းမှာ အစာငတ်ပြီးသေသွားသော သရဲတစ်ကောင်က ပေါက်စီတစ်လုံးကိုတွေ့လိုက်ရသလို၊ ဆေးသမားတစ်ယောက်က ယင်းထနေသလို၊ ထိုင်ရမလို ထရမလိုဖြစ်နေလျက် သူ၏သက်စောင့်ဓားကို တောင့်တနေသောအာသီသတို့မှာ သူ၏ကျိုးကြောင်းဆင်ခြင်နိုင်သောအသိဉာဏ်ကို လွှမ်းမိုးချုပ်ကိုင်သွားလေတော့သည်။ ရွှမ်းကျီးခမျာ လူသားမဆန်သောစိတ်စွမ်းအင်များကိုအသုံးပြုပြီး ငါးမိနစ်ခန့်တောင့်ခံထားပြီးနောက်မှာတော့ သူ၏အသိဉာဏ်တံတိုင်းမှာ ဖုန်မှုန့်များအဖြစ်သို့ ပျက်စီးပြိုကျသွားရှာပြီး ထိုင်ခုံအောက်၌ရှိနေသည့် လေးလံသောဓားကို ‘ ဆင့်ခေါ်’ လိုက်ကာ ကတုန်ကယင်ဖြင့် ဓားကိုတယုတယပွတ်သပ်ရှူရှိုက်လိုက်လေ၏။

ရှန့်လင်ယွမ်း : “ ရိုင်းပျလိုက်တာ”

ရွှမ်းကျီးက ချွန်ထက်သောဓားသွားအစွန်းဘက်ကို ရှောင်ရှားလိုက်ပြီး အေးစက်စက်ဓားသွားပေါ်သို့ အငမ်းမရပွတ်သပ်လိုက်ရင်းက ပြောလာသည်။

“ကျွန်တော်ပြောမယ်… လူကြီးမင်း၊ ကျွန်တော်တို့နှစ်ယောက် အခုလိုမျိုးဖြစ်နေတာကို ခင်ဗျားလည်း မကြိုက်ဘူးမလား? ခင်ဗျားမှာ ဘာအကြံကောင်းများရှိလဲ?”

ရှန့်လင်ယွမ်းက လိုရင်းတိုရှင်းသာပြောလိုက်သည်။

“ငါ့ကို ဓားထဲကထုတ်ပေးလိုက်”

ရွှမ်းကျီး : “ကျွန်တော်ကရော မထုတ်ပေးချင်ဘူးလို့များ ထင်နေလား? ပြဿနာက ခင်ဗျား ဒီထဲ ဘယ်လိုဝင်လာသလဲဆိုတာကိုတောင် ကျွန်တော်မသိဘူးလေ!”

ရှန့်လင်ယွမ်းမှာ ပါးစပ်က စကားတစ်ခွန်းမှမပြောတော့ဘဲ စိတ်ထဲ၌သာ ကြိတ်တွေးလိုက်သည်။

“တကယ်လို့ ဓားပိုင်ရှင်သာ သေသွားရင် သက်စောင့်ဓားကလည်း သူ့အလိုလို ပျက်စီးသွားလိမ့်မယ်”

ရွှမ်းကျီးမှာ သူ့ပါးပြင်ကို ဓားသွားထက်သို့အပ်ထားလိုသည့် အလိုဆန္ဒကို အတင်းအဓမ္မတောင့်ခံထိန်းချုပ်ထားနေရင်းက ပြီးစလွယ်ပြန်ပြောလိုက်လေ၏။

“ကောင်းပြီလေ…ဆရာသခင်ကြီးရဲ့… ကျွန်တော့်ကို လာသတ်ဖို့ကြိုဆိုပါတယ်”

ရှန့်လင်ယွမ်းသည်ကား ဓားထဲမှတဆင့် ရွှမ်းကျီး၏လည်ပင်းရှိသွေးလွှတ်ကြောကို စူးစိုက်ကြည့်ရှုလို့နေသည်။ သူ့လေသံက အန္တရာယ်အငွေ့အသက်များပြည့်လျှံလို့နေ၏။

“မိစ္ဆာလေး…ငါ အခု ဒီဓားထဲမှာ နေနေရတယ်ဆိုပေမယ့် တစ်နေ့ကျရင် ဒီဓားကို သေချာပေါက်ထိန်းချုပ်လို့ရသွားမှာပဲ။ တကယ်လို့ မင်း တစ်နေ့ အိပ်နေရင်းနဲ့ ခေါင်းပြတ်မသွားချင်ဘူးဆိုရင် မင်းအကောင်းဆုံးလုပ်နိုင်တာက ဓားကိုဖျက်ဆီးပစ်လိုက်တာပဲ”

ရွှမ်းကျီးက သက်ပြင်းချလိုက်သည်။

“ဒါပေမယ့် ကျွန်တော့်မှာ အဲ့လို အစွမ်းအစမျိုးမှမရှိတာ”  

သူနှင့် သူ့ဓားအကြားရှိ ‘ ခွဲခွာခြင်းသောကဝေဒနာ’ တို့က ဓားကို တစ်ကြိမ်လောက် ပြင်းပြင်းပြပြရှူရှိုက်လိုက်ရုံမျှဖြင့် ပြေပျောက်မသွားသေးပါချေ။ သို့ဖြစ်ရာ ဓားကိုဖျက်ဆီးပစ်မည့်ပုံရိပ်မျိုးကို စိတ်ကူးဖြင့်တောင်မတွေးရဲပေ။ ထိုအတွေးမျိုးကိုတွေးလိုက်မိသည်နှင့် မိမိ၏အသွေးအသားမှာ တစ်စစီခုတ်ပိုင်းခံလိုက်ရသည့်နှယ် သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်လို့လာရသည်။ အဆိုပါ ဓားသည်ကား မီးဒဏ်၊ ရေဒဏ်ကိုခံနိုင်ရည်ရှိသည့်အပြင် ရွှေကိုအရည်ပျော်စေကာ ကျောက်စိမ်းကိုခုတ်ပိုင်းနိုင်သောဂုဏ်သတ္တိရှိ၏။ သို့ဖြစ်ရာ သူ တကယ်ဖျက်ဆီးပစ်ချင်လျှင်တောင်မှ မည်ကဲ့သို့ဖျက်ဆီးရမည်ကိုမသိပါချေ။

သည်လိုဖြစ်လာမှတော့ လျှို့ဝှက်ချက်များကို အတင်းအကြပ်ဖုံးကွယ်သိုဝှက်ထားနေခြင်းက ဘာအဓိပ္ပာယ်မှမရှိတော့မှန်း နှစ်ယောက်စလုံးသဘောပေါက်သွားကြပြီဖြစ်သည်။ တစ်ဖက်လူမှာ မည်မျှအထိအင်အားကြီးမားကြောင်းကိုလည်း တစ်ယောက်နှင့်တစ်ယောက်သိထားကြပြီးဖြစ်သည်။ အနှီမိစ္ဆာလေးသည်ကား ရှန့်လင်ယွမ်း ထင်ထားသည့်အတိုင်းပင်၊ အခြေခံဗဟုသုတမရှိ၊ ဘာဆိုဘာမှလည်း နားမလည်။ ရွှမ်းကျီးကတော့ မိစ္ဆာအရှင်သခင်ကြီးမှာ သူ့ကိုယ်သူ ‘မှတ်ဉာဏ်ပျောက်ဆုံးနေသည်’ ဟူသော ပြောစကားများမှာ အပိုပြောနေတာမဟုတ်ကြောင်း သဘောပေါက်သွား၏။ သူ၏မှတ်ဉာဏ်များက ထူထဲသိပ်သည်းသောမြူခိုးငွေ့များသဖွယ်၊ အတိတ်လည်းမသိ၊ အနာဂတ်လည်းမရှိ။

၎င်းတို့နှစ်ဦးမှာ တစ်ဖက်လူ၏အပေါ်ယံဟန်ဆောင်မှုများနောက်ကွယ်က အတွင်းစိတ်သဘောထားများကို အတိုင်းအတာတစ်ခုထိ စုံစမ်းထောက်လှမ်းနိုင်ခဲ့ပြီးဖြစ်လေရာ ဘာဆက်လုပ်ရမည်မှန်း ကြံရာမရသည့်အဆုံး၌ တဝီဝီမြည်နေသည့် လေယာဉ်အင်ဂျင်စက်သံများကြားတွင် ဘေးချင်းကပ်၍ထိုင်နေရုံသာတတ်နိုင်တော့သည်။ ဤသို့ဤနှယ် ငုတ်တုတ်ထိုင်နေရင်းက တစ်ဖက်လူကို မည်သို့မည်ပုံလက်စတုံးပစ်ရမလဲဆိုတာကို စဉ်းစားနေသလို တစ်ဖက်၌လည်း ထူးဆန်းစွာပင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်နေသည့် ရဲဘော်ရဲဘက်ခံစားချက်များပေါက်ဖွားလို့လာသည်။ 

တခဏမျှစိတ်သောကရောက်နေပြီးနောက်မှာတော့ ရွှမ်းကျီးက အပြုသဘောဆောင်လိုက်ရင်း ပြဿနာကိုဖြေရှင်းရန်ကြိုးစားလိုက်သည်။ သူတို့နှစ်ယောက်ကြားက မကျေနပ်ချက်များကို ဖြေဖျောက်လိုက်ပြီးသကာလ သူနှင့်စိတ်ချင်းဆက်နေသော မိစ္ဆာအရှင်သခင်ကြီးနှင့် ဆွေးနွေးညှိနှိုင်းရန်ကြိုးစားလိုက်၏။

“လူကြီးမင်းခင်ဗျ….ကျွန်တော်တို့ သတင်းအချက်အလက်တွေကို တစ်ယောက်နဲ့တစ်ယောက်မျှဝေကြရင်မကောင်းဘူးလား? ဟိုလေ….တစ်ယောက်ကိုတစ်ယောက် အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်းပြောကြတယ်လို့ပဲဆိုမလား? ကျွန်တော်သိသလောက်တော့ ဒီကမ္ဘာပေါ်မှာ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပြောလို့မရတဲ့စကားဆိုတာမရှိဘူးတဲ့…ဟုတ်တယ်မလား?”

သူ့စကားမဆုံးသေးခင်မှာပင် စိတ်ထဲ၌ရှိနေသော ထိန်းချုပ်လို့မရသည့်အတွေးများကို ရှန့်လင်ယွမ်း ကြားလိုက်ရ၏။

“မတော်လို့များ…”

ထို့ကြောင့် မိစ္ဆာအရှင်သခင်ကြီးကလည်း ခပ်ရေးရေးပြုံးလိုက်ပြီး နှုတ်မှအသံထွက်ကာ တုံ့ပြန်ပြောဆိုလိုက်သည်။

“ကောင်းသားပဲ….မင်းပြောတာ အဓိပ္ပာယ်ရှိတယ်”

ထို့နောက်မှာတော့ စိတ်ထဲမှနေ၍ ‘သောက်ပိုတွေ’ ဟူသောအတွေးကို လက်ဆောင်အဖြစ်ထုပ်ပိုးကာ တစ်ဖက်လူထံသို့ ပြန်ပို့ပေးလိုက်လေတော့သည်။

ထို့နောက်တွင်တော့ နှစ်ယောက်စလုံးမှာ ပျားရည်ဆမ်းထားသောစကားလုံးများနောက်ကွယ်၌ ဓားများကိုသိုဝှက်ထားရင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထဲမှနေ၍ အပြန်အလှန်ကြိတ်ကာကျိန်ဆဲနေကြတော့သည်။ ရွှမ်းကျီးမှာ ဤနည်းလမ်းက မည်သို့မှအလုပ်မဖြစ်ကြောင်း သဘောပေါက်သွားပြီးနောက် ယနေ့ခေတ်လူ့အသိုင်းအဝိုင်းအတွင်း၌ အခြေအနေနှင့်အချိန်အခါလိုက်၍ လိုက်လျောညီထွေပေါင်းသင်းဆက်ဆံတတ်သော သူ၏အကျင့်ကောင်းကို အပြည့်အဝထုတ်ဖော်လိုက်ပြီး သူ့စိတ်ကိုသူပြန်လည်ထိန်းညှိလိုက်လေ၏။

“လူကြီးမင်း….ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်သေတာကို တစ်ယောက်ကြည့်ချင်ကြတယ်ဆိုပေမယ့် အခုချိန်မှာတော့ ဘယ်သူ့ဘယ်သူကိုမှ အသေမသတ်နိုင်သေးဘူးမဟုတ်လား? ခင်ဗျားလည်း ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်တွေကို လူသိခံချင်မှာမဟုတ်ဘူးမလား?”

ထိုစကားနှင့်ပတ်သက်ပြီး ရှန့်လင်ယွမ်းကိုရှင်းပြရန်မလိုအပ်ပါချေ။ သူက အကြောင်းအရာများကိုဆက်စပ်စဉ်းစားလိုက်ပြီး ‘ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်’ ဟူသည့်စကားမှာ ဘာကိုဆိုလိုသလဲဆိုတာကို နားလည်သဘောပေါက်သွား၏။ သူက တခဏလောက်ငြိမ်သက်သွားသည်။ သူ့ခေါင်းထဲ၌ ချားရဟတ်တစ်ခုအလား ဖြတ်သန်းနေသော စိတ်စွမ်းအင်အစီအရင်များကို ရွှမ်းကျီးတစ်ယောက် ကြားနေရသည်။ သူကြားနေသည့်အရာများကို ကောင်းကောင်း ‘နားမထောင်’ လိုက်ရသေးခင်မှာပင် ရှန့်လင်ယွမ်း၏စကားသံကို သူကြားလိုက်ရသည်။

“မင်းရဲ့ စိတ်အာရုံနဲ့ နှလုံးသားကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပြီး တရားထိုင်လိုက်။ အဲဒါက စိတ်အာရုံပျံ့လွင်မှုကို တားဆီးပေးနိုင်လိမ့်မယ်”

ရွှမ်းကျီး : “….”

ရှန့်လင်ယွမ်း : “ တရားထိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ မင်းမသိဘူးမလား?”

ထိုကဲ့သို့သောအခြေခံဗဟုသုတများက စိတ်ကူးယဉ်ဝတ္ထုများကိုရေးသားသောစာရေးဆရာများတောင် သိသောအကြောင်းအရာများဖြစ်သည်လေ။ ရွှမ်းကျီးလည်း မသိဘဲမနေ။ သူ၏မျိုးနွယ်စုအတွင်းရှိ ရှေးဟောင်းစာပေများတွင် တရားထိုင်ပုံထိုင်နည်းများအကြောင်းကို အသေးစိတ်လမ်းညွှန်ရေးသားထားချက်များတောင်ရှိသေးသည်။ လူတစ်ယောက်သည်ကား တရားထိုင်နေသောအချိန်၌ မစားမသောက်ဘဲ၊ မအိပ်စက်ဘဲနေနိုင်သည့်အပြင် ပြင်ပမှအနှောင့်အယှက်များကိုလည်း သည်းခံနိုင်စွမ်းရှိသည်__သူက အဆိုပါသဘောတရားကို ကောင်းစွာနားလည်သော်လည်း အခုချိန်က အလုပ်ချိန်ဖြစ်နေသလို မိမိမှာ အလုပ်ကိစ္စဖြင့်ခရီးသွားနေချိန်ဖြစ်လို့နေသည်။ သူ၏လုပ်ဖော်ကိုင်ဖက်များက လက်ရှိဖြစ်ရပ်နှင့်ပတ်သက်ပြီး အချင်းချင်းတိုင်ပင်ဆွေးနွေးနေကြသလို သူ့ထံမှညွှန်ကြားချက်များကိုလည်း စောင့်ဆိုင်းနေကြသည်။ သို့ဖြစ်ရာ သူ့အနေဖြင့် အခုအချိန်မှာ မျက်လုံးနှစ်လုံးကိုပိတ်ကာ တရားထိုင်နေလို့အဆင်ပြေပါ့မလား?

ထို့အပြင် သူ တရားထိုင်နည်းကိုလည်းမသိပေ။

ရှန့်လင်ယွမ်းမှာ သူနားကြားများမှားသွားလေသလား ဟူ၍ တခဏမျှစဉ်းစားကြည့်လိုက်သေး၏။

“ဘာကိုမလုပ်တတ်တာလဲ?”

တရားမထိုင်တတ်ဘူးလို့ ပြောချင်တာလား?

ဒါလေးတောင်မလုပ်တတ်ဘဲ ဘယ်လိုဖြစ်ပြီး ဒီအသက်အရွယ်ထိရောက်လာတာလဲ?

ရွှမ်းကျီး၏ခန္ဓာကိုယ်က တစ်ခုခုမှားယွင်းနေတာဖြစ်နိုင်သည်။ တရားထိုင်ပုံထိုင်နည်းကို သူ ဘယ်လိုသင်သင် တတ်ကိုမတတ်ပေ။ ယခင်က အဖွဲ့အစည်းတစ်ခုတွင်အလုပ်လုပ်ခဲ့စဉ်အခါက ကုမ္ပဏီကပြုလုပ်ပေးသည့် ‘ဝန်ထမ်းများကိုထောက်ပံ့ကူညီရေးအစီအစဉ်’အရ ကုထုံးဆရာတစ်ယောက်ကိုခေါ်ကာ ဝန်ထမ်းများကို တရားထိုင်ခြင်းနှင့်အလွန်တူသော ‘အပြုသဘောဆောင်သည့်စိတ်နေစိတ်ထား’ လေ့ကျင့်ရေးသင်ခန်းစာများကိုသင်ကြားပေးစေခဲ့သည်။ ရွှမ်းကျီးသည်ကား ထိုလမ်းညွှန်ချက်များကိုအများကြီးမလိုအပ်ဘဲ ‘ စိတ်နှင့်ခန္ဓာ တသားတည်းဖြစ်ကာ မှန်ကဲ့သို့ကြည်လင်သောစိတ်အခြေအနေ’ သို့ အလွယ်တကူပင်ရောက်ရှိသွားနိုင်ခဲ့သည်။ သို့သော် ထိုအချိန်က အလွန်ဆုံးမှ တစ်မိနစ် နှစ်မိနစ်လောက်သာခံတတ်သည်။ မိနစ်အနည်းငယ်ကြာသွားသည်နှင့် ၎င်းမှာ ကတုန်ကယင်ဖြစ်ကာ အထိတ်တလန့် နိုးထလာရလေတော့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ယန္တရားတစ်မျိုးမျိုးက သူ့ကိုပိတ်ပင်တားဆီးနေသကဲ့သို့။ နှစ်ကြိမ်သုံးကြိမ်လောက် ကြိုးစားပြီးသည့််နောက်တွင်တော့ အဆိုပါအလုပ်ကို သူအလိုအလျောက်ပင်ငြင်းဆန်တတ်လာပြီး နောက်နောင် ဘယ်သောအခါမှ ထိုသင်တန်းကိုဝင်မတက်တော့ပါချေ။

“အတော်လေးကို စိတ်ဝင်စားစရာကောင်းတာပဲ။ တရားမထိုင်တတ်တဲ့လူမျိုးကို ငါ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေ့ဖူးသေးဘူး။ တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ရာတွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာလောကကြီးပါပဲလား”

ရှန့်လင်ယွမ်းက သူ၏မှတ်ဉာဏ်များကို ကြည့်ရှုလိုက်ပြီးနောက် အေးအေးလူလူပင်ပြောလာသည်။

“ပြဿနာတော့မရှိပါဘူး၊ ငါ ထိုင်တတ်ရင်ရပြီပဲ”

“ခဏလေး”

ရွှမ်းကျီးက သူ့ကိုဟန့်တားလိုက်၏။

“လူကြီးမင်း….လူကြီးမင်းရဲ့ ကျယ်ပြန့်နက်ရှိုင်းတဲ့ဗဟုသုတနဲ့ဆိုရင် ဒီထက်ကောင်းတဲ့နည်းလမ်းတွေမရှိတော့ဘူးလား? ဒီတရားထိုင်တဲ့နည်းလမ်းကြီးကတော့ တကယ့်ကို အဆင်မပြေလို့ပါဗျ”

အကယ်၍သာ ရှန့်လင်ယွမ်းက သူတစ်ယောက်တည်း တစ်ဖက်သတ်တရားထိုင်လိုက်မည်ဆိုပါက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထောက်လှမ်းအကဲခတ်နေမှုများကို သေချာပေါက်ပိတ်ပင်တားဆီးနိုင်မည်ဖြစ်သည်။ သို့သော် တဆက်တည်းမှာပင် မတော်တဆချိတ်ဆက်မိသွားသော သူတို့နှစ်ယောက်၏အသိဉာဏ်ပင်လယ်အကြား၌ တံခါးတစ်ချပ်ခံထားလိုက်သလိုမျိုးဖြစ်သွားပေလိမ့်မည်။ ဤတွင် တစ်ခုတည်းသောပြဿနာမှာ တံခါးကို တစ်ဖက်တည်းမှ ‘သော့ခတ်’ ထားခြင်းပင်ဖြစ်သည်__အနှီမိစ္ဆာသည်ကား သူကြိုက်သည့်အချိန်တွင် တွန်းဖွင့်ကာဝင်ရောက်လာနိုင်ပေသည်။

ရှန့်လင်ယွမ်း၏စကားသံ၌ ခပ်ဖျော့ဖျော့ရယ်သံများစွက်လို့နေသည်။

“အခုနည်းလမ်းလောက် အဆင်ပြေတာမရှိတော့ဘူး။ ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ”

ရွှမ်းကျီး : “မရဘူး! ကျွန်တော် သဘောမတူဘူး ! ဒါ လုံးဝမတရားဘူး!”

မိစ္ဆာက အသံထွက်ကာရယ်မောလိုက်သည်။ တစ်စက္ကန့်မှ တွေဝေတုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ မျက်စိတမှိတ်အတွင်းမှာပင် သူ့ဘက်ခြမ်းမှ မည်သည့်အသံမှထွက်မလာတော့ပေ။ ရွှမ်းကျီးမှာ သူ၏သက်စောင့်ဓားထဲမှ ထွက်ပေါ်လာနေသော ရှည်လျားပြီးအေးဆေးတည်ငြိမ်သည့် အသက်ရှူသံသဲ့သဲ့ကိုသာကြားလိုက်ရရှာသည်။

သေချင်းဆိုးကြီး!

ဤသို့ဤနှယ် သူတို့နှစ်ယောက်၏ကျိုးပဲ့ပျက်စီးသွားသည့် သဘောတူညီချက်တို့က မီးခိုးတန်းများနှင့်အတူ လေယာဉ်နောက်တွင်ကျန်ရစ်ခဲ့ရှာပြီး လေယာဉ်က သုံးချွမ်းမြို့ဆီသို့ ဦးတည်ပျံသန်းသွားနေတော့သည်။  

4.6.21

🔥🔥🔥🔥🔥

Original Author’s Note

စာရေးသူမှာ ပြောစရာရှိပါတယ်

မှတ်ချက်။ ဤစာအုပ်ထဲတွင် ရေးသားထားသော သမိုင်းနှင့်ဆက်စပ်သည့်အကြောင်းအရာများအားလုံးမှာ ကျွန်မ လုပ်ကြံဖန်တီးရေးသားထားသော ကိုယ်ပိုင်ဇာတ်လမ်းများသာဖြစ်ပါသည်။

ဒီနေရာမှာ နားလည်မှုလွဲသွားမှာစိုးတဲ့အတွက် ကျွန်မရှင်းပြပါ့မယ်။ “ငါကိုယ်တော်” (ကျန့် / 朕 ) ဆိုတဲ့ အသုံးအနှုန်းက ရှေးခေတ်တရုတ်ပြည်မှာ သုံးတဲ့စကားလုံးပါ။ အလွန့်အလွန်ကိုရှေးကျတဲ့ ခေတ်ကာလတုန်းကပေါ့။ မိမိကိုယ်ကိုရည်ညွှန်းတဲ့စကားလုံးဖြစ်ပြီး တော်ဝင်မျိုးနွယ်တွေမှာပဲ သုံးလို့ရတဲ့စကားလုံးတော့မဟုတ်ပါဘူး။ ကျွန်မတို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ (ကျွန်ုပ်၏တော်ဝင်ဘိုးဘေး၏အမည်မှာ ‘ပေါ်ယုန်း’ ဟုခေါ်သည် / 朕皇考日伯庸) ဆိုတဲ့ စာသားမှာ အဲဒီစကားလုံးကိုသုံးနှုန်းထားပါတယ်။

【ဆိုလိုတာက ဘိုးဘေးဖြစ်သူက တော်ဝင်မျိုးနွယ်ဖြစ်နိုင်ပေမယ့် အခုဒီစာကြောင်းကိုပြောနေတဲ့သူကတော့ ဧကရာဇ်တစ်ပါးမဟုတ်ပါဘူး】

‘ချင်’ မင်းဆက်နှောင်းပိုင်းရောက်တော့မှသာလျှင် အဲဒီစကားလုံးကို မင်းဧကရာဇ်တွေက ခေါ်ဝေါ်သုံးနှုန်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးအသုံးမတွင်ကျယ်ခဲ့ပါဘူး။ အရေးကြီးတဲ့ပွဲလမ်းသဘင်အခမ်းအနားတွေနဲ့ သမားရိုးကျဆန်တဲ့အရေးအသားတွေမှာသာ သုံးစွဲလေ့ရှိပါတယ်။ သမိုင်းမှတ်တမ်းတွေထဲမှာတော့ ‘ချင်’ မင်းဆက်နဲ့ ‘ဟန်’ မင်းဆက်တွေမှာ မင်းဧကရာဇ်တွေက သူတို့ကိုယ်သူတို့ (ဝူး- 吾) လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။

Eng T/N

ဖျင်(平) ဆိုတဲ့စကားလုံးက ‘ငြိမ်ဝပ်ပိပြားစေသည်၊ အေးချမ်းတည်ငြိမ်စေသည်’ လို့အဓိပ္ပာယ်ရပါတယ်။ ဧကရာဇ်ဖျင်ဟာ ချိယွမ်းတိုက်ပွဲ(ချိယွမ်းကိုငြိမ်ဝပ်ပိပြားစေမည့် စစ်ပွဲ---ဖျင်ယွမ်း)ကိုစတင်ခဲ့သူဖြစ်တာမို့ သူ့ကို ဒီဘွဲ့တော်ပေးအပ်ထားတာဖြစ်ပါတယ်

‘ရှန့်ရှောင်း’ ရဲ့တရားဝင်ဧကရာဇ်ဘွဲ့တော်က ဝူ(武) ဖြစ်ပါတယ်။ ‘စစ်မက်ရေးရာ’ လို့အမည်ရပါတယ်။ သူထီးနန်းစိုးစံစဉ်အခါက ပဋိပက္ခစစ်ပွဲတွေဖြစ်ပွားခဲ့တာကို သွယ်ဝိုက်ရည်ညွှန်းပြသတဲ့အနေနဲ့ အဲဒီဘွဲ့နာမည်တော်ကိုပေးထားတာဖြစ်ပေမယ့် သံမဏိလက်သီးလိုမျိုး  ခိုင်မာတည်ကြည်စွာအုပ်ချုပ်တတ်တဲ့ သူ့ရဲ့စရိုက်လက္ခဏာနဲ့လည်းကိုက်ညီမှုရှိနေပါတယ်။

***************

Zawgyi

ဓားအတြင္းဘက္ႏွင့္ဓားအျပင္ဘက္တြင္ရွိေသာ လူႏွစ္ေယာက္စလုံးမွာ ေၾကာင္အမ္းအမ္းျဖစ္သြားၾကသည္။ သေဘာတရားက်က်ေျပာရမည္ဆိုပါက သက္ေစာင့္ဓားမ်ားသည္ကား မိမိတို႔၏အရွင္သခင္ကိုျပန္လည္ထိခိုက္ေအာင္လုပ္နိုင္စြမ္းမရွိၾကပါေခ်__သို႔မဟုတ္ပါက ေန႕စဥ္ႏွင့္အမွ် ဓားကို ေက်ာရိုးထဲတြင္ထည့္သြင္းထားေသာ ႐ႊမ္းက်ီးမွာ အေစာႀကီးကတည္းကပင္ လည္ပင္းေနရာမွစ၍ ခႏၶာကိုယ္ေအာက္ပိုင္းတစ္ခုလုံး အေၾကာေသသြားေပလိမ့္မည္။

ရွန႔္လင္ယြမ္းမွာလည္း အႏွီ သံမဏိ ‘ၾကက္ေပါက္’ ကေလးမွာ ေျခႏွစ္လွမ္းခန႔္ေနာက္ဆုတ္ထြက္ေျပးသြားၿပီး ေလထဲသို႔ေျမာက္တက္သြားလိမ့္မည္ျဖစ္ေၾကာင္းကို လုံးဝေမွ်ာ္လင့္မထားခဲ့ပါေခ်။ ၎မွာ တခဏမွ်ေၾကာင္အမ္းအမ္းျဖစ္သြားရွာသည္။ ဓားသြားႏွင့္ လူ႕အေသြးအသားတို႔ထိေတြ႕မိသြားခ်ိန္မွာေတာ့ ေသြးဆာေနေသာခံစားခ်က္မ်ားက သူ၏အသိဉာဏ္ကို လႊမ္းမိုးအနိုင္ယူသြားေလေတာ့သည္။ သူ အသိစိတ္ဝင္လာေသာအခ်ိန္၌ ေနာက္က်သြားၿပီျဖစ္သည္။

လူသားမ်ား၏လက္အေရျပားက ပါးလ်လွၿပီး ဆံျခည္မွ်င္ေသြးေၾကာမ်ားေျမာက္ျမားစြာရွိေနၾကသည္။ ေလးလံေသာဓားက ႐ႊမ္းက်ီး၏လက္ဖဝါးကို အလြယ္တကူပင္ ထိုးေဖာက္နိုင္စြမ္းရွိေလသည္။ မ်က္စိတမွိတ္အတြင္းမွာပင္ ေသြးမ်ားက အျပင္သို႔ ဒရေဟာပန္းထြက္လို႔လာ၏။ ေဘးနားတြင္ရွိေနေသာ ေလာ္ေခြၽ႕ေခြၽ႕မွာ ႐ုတ္႐ုတ္သဲသဲအသံမ်ားၾကားသျဖင့္ ေခါင္းျပဴၾကည့္လာၿပီးေနာက္ ‘အမေလး’ ဟု အသံက်ယ္ႀကီးတစ္ခ်က္ေအာ္ဟစ္လိုက္ၿပီးသကာလထိတ္လန႔္တုန္လႈပ္မႈေၾကာင့္ သူ႕ခႏၶာကိုယ္မွ အစို႔အေညွာက္သစ္မ်ားထြက္လာေလေတာ့သည္။  အထိတ္တလန႔္ထြက္ေပၚလာေသာ အစိမ္းေရာင္ႏြယ္ပင္မ်ားက သူ႕လည္ပင္းတဝိုက္ရစ္ပတ္လာေနရင္း သူက စိမ္းစိမ္းဝါးဝါးေအာ္ဟစ္လိုက္၏။

“ ေသြးေတြ! အမေလး….ေသြးေတြအမ်ားႀကီးပဲ! ျမန္ျမန္….ကားကိုရပ္လိုက္….မဟုတ္ဘူး…ကယ္ၾကပါဦးဗ်!”

ေလာင္ေလာ္၏အာေခါင္ျခစ္ေအာ္ဟစ္သံက ေလယာဥ္တစ္ခုလုံးကို တသိမ့္သိမ့္တုန္ခါလႈပ္ယမ္းသြားေစေတာ့သည္။ ၎မွာ ပါးစပ္က ေသြး႐ူးေသြးတန္းေလွ်ာက္ေအာ္ေနရင္း အေနာက္သို႔သုတ္သီးသုတ္ျပာျဖင့္ဆုတ္သြားေလ၏။ မသိလွ်င္ျဖင့္ ထိုေသြးမ်ားမွာအတုအေယာင္ျပဳလုပ္ထားသည့္ေသြးမ်ားျဖစ္ေနမွာကိုေၾကာက္႐ြံ႕ေနသည့္အလား။

ေဘးနားတြင္ရွိေသာ ဖ်င္ခ်န႔္႐ူမွာလည္း အထိတ္တလန႔္ျဖင့္ ထိုင္ခုံမွ ဆတ္ခနဲထလာေသာ္ျငား ထိုင္ခုံခါးပတ္ကိုျဖဳတ္ရန္ေမ့ေလ်ာ့သြားသျဖင့္ ေအာက္သို႔ျပန္ပစ္လဲက်သြားရွာသည္။ သူမအိတ္ထဲရွိ ေခ်ာကလက္မ်ားႏွင့္ ေျမပဲေတာင့္မ်ားမွာ ေနရာအႏွံ႕ျပန႔္က်ဲသြားေလသည္။ ယန္ေခ်ာင္ တစ္ေယာက္တည္းသည္သာလွ်င္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ စာအုပ္ကိုခ်ကာ ကူညီရန္အေျပးအလႊားေရာက္ရွိလာသည္။ သို႔ေသာ္ အႏွီႏွာေခ်တတ္ေသာသတၱဝါေလးသည္ကား ေျခႏွစ္လွမ္းမွ်သာေလွ်ာက္လာရ႐ုံရွိေသး၊ ေပါက္ကြဲပြင့္ထြက္ေတာ့မည့္အလား သူ႕ႏွာေခါင္းကိုရႈံ႕လိုက္ရင္း အသင့္အေနအထားျဖင့္ အေပၚသို႔ေမာ့ၾကည့္လိုက္ေလ၏။ ႐ႊမ္းက်ီးခမ်ာ သူ႕ဒဏ္ရာကို ႏွပ္ေခ်းမ်ားေပက်ံသြားမည္စိုးသျဖင့္ ကမန္းကတန္းပင္ သူတို႔ႏွစ္ေယာက္ၾကားရွိ အကြာအေဝးကိုျခားလိုက္ၿပီး သူ႕ေစတနာကို ယဥ္ယဥ္ေက်းေက်းျငင္းပယ္လိုက္ရရွာသည္။

ေလးလံေသာဓားႀကီး၏ဓားသြားက သူ႕လက္ဖဝါးေပၚတြင္တြယ္ကပ္ေနကာ သူ၏ေသြးဓာတ္စြမ္းအင္မ်ားကို အငမ္းမရစုပ္ယူေနပုံရ၏။

ရွန႔္လင္ယြမ္းသည္ကား ‘ျဖစ္သမွ်အေၾကာင္း အေကာင္းဟုသာ’ မွတ္ယူတတ္ေသာ ပင္ကိုယ္စိတ္သေဘာထားမ်ိဳးရွိသူျဖစ္သည္။ ဒဏ္ရာကပြင့္ထြက္သြားၿပီဆိုမွေတာ့ သူ၏ေသြးဆာေနေသာအာသီသကိုျဖည့္ဆည္းလိုက္႐ုံသာရွိသည္ေလ။ သူ႕အျဖစ္မွာ ခ်မ္းေအးေနၿပီး အစာေရစာငတ္ျပတ္ေနသူတစ္ဦးအား အေငြ႕တေထာင္းေထာင္းထေနေသာ အသားစြပ္ျပဳတ္တစ္ပြဲ ႐ုတ္တရက္အေပးခံလိုက္ရသလိုပင္။ အႏွီစြပ္ျပဳတ္က ပါးစပ္ေပၚမွအေရျပားတစ္လႊာကိုေတာင္ အပူေလာင္သြားနိုင္ေစသည္အထိ ပူျပင္းေနေစကာမူ ၎မွာ ထိုအရာကိုမည္သို႔မွလက္မလႊတ္နိုင္ေသးဘဲရွိေနေတာ့သည္။ ဓားသြားထက္သို႔ ေသြးမ်ားဒရေဟာက်ဆင္းသြားၿပီးေနာက္တြင္ေတာ့ သူ႕အသိဉာဏ္က ႐ုတ္ခ်ည္းပင္ စတင္၍ရွင္းလင္းျပတ္သားလို႔လာသည္။ သူ႕ျမင္ကြင္းအစုံကလည္းက်ယ္ျပန႔္သြားရကာ ထိုအခ်ိန္တခဏအတြင္း၌ ေလယာဥ္တစ္ခုလုံးအတြင္း၌ရွိေနေသာ လူမ်ားႏွင့္အရာဝတၳဳမ်ားအားလုံးကို ဓားထဲမွတဆင့္ေဖာက္ထြင္းျမင္လိုက္ရေလသည္။

တဝီဝီျဖင့္ဆူညံေနေသာေလယာဥ္စက္သံမ်ားအၾကားတြင္  ထင္ေယာင္ထင္မွားသက္ျပင္းခ်သံတစ္သံက ႐ႊမ္းက်ီး၏နားတဝိုက္ပ်ံလြင့္ထြက္ေပၚလာ၏။

“အရသာရွိလိုက္တာ….”

႐ႊမ္းက်ီး၏လက္ေမာင္းရွိေသြးေၾကာမ်ားက အေၾကာအၿပိဳင္းၿပိဳင္းေထာင္ထလို႔လာသည္။ သူက ေလယာဥ္ေပၚတြင္ မီးမေမႊးရန္တားျမစ္ခ်က္ကို ဂ႐ုစိုက္မေနေတာ့ဘဲ သူ၏က်န္လက္တစ္ဖက္ကိုေသြးမ်ားထဲသို႔ႏွစ္လိုက္ကာ ဓားသြားေပၚတြင္ ရႈပ္ေထြးေပြလီေသာသေကၤတအမွတ္အသားတစ္ခုကို အလ်င္အျမန္ေရးဆြဲလိုက္သည္။ ေလးလံေသာဓားႀကီးမွာ သူ႕အလိုဆႏၵအတိုင္း စတင္၍ပူေလာင္လို႔လာကာ ခြၽမ္ခနဲျမည္သံႏွင့္အတူ သူ႕လက္ထဲမွေအာက္သို႔ျပဳတ္က်သြားရွာ၏၊ သူ႕နားတဝိုက္တြင္ တိုးေဖ်ာ့ညင္သာေသာညည္းၫူသံတစ္ခ်က္ကိုၾကားလိုက္ရ၏။ သို႔ေသာ္ ထို႔ေနာက္တြင္ေတာ့ ဤမျဖစ္စေလာက္တိုက္ခိုက္မႈေလးကို အေလးမထားသည့္ႏွယ္ ခပ္တိုးတိုးရယ္သံတစ္သံထြက္ေပၚလာျပန္သည္။

မီးအခ်က္ေပးေခါင္းေလာင္းသံထြက္ေပၚမလာခင္အခ်ိန္မွာပင္ ႐ႊမ္းက်ီးက လက္တစ္ဖက္ကိုဆန႔္ထုတ္ကာ ဓားသြားေပၚတြင္ရွိေနသည့္ မီးေတာက္ကေလးကို သူ႕လက္ဖဝါးအတြင္းသို႔ျပန္လည္သိမ္းဆည္းလိုက္သည္။ မီးအလင္းေရာင္က ဓားေပၚသို႔လွစ္ခနဲျဖတ္သန္းသြားခ်ိန္၌ ဓားသြားေရာင္ျပန္အတြင္း၌ ႏူးညံ့ေႏြးေထြးၿပီးၾကင္နာမႈမ်ားျပည့္ႏွက္ေနသည့္ မ်က္ဝန္းတစ္စုံကို သူေတြ႕ျမင္လိုက္ရသည္။ အဆိုပါမ်က္လုံးမ်ားက မီးေရာင္ေၾကာင့္ ရဲရဲနီေစြးေနလ်က္ရွိၿပီး ၾကက္သီးထစရာေကာင္းေလာက္ေအာင္ ႏူးညံ့ၾကင္နာမႈမ်ားျဖင့္ ခပ္ေရးေရးၿပဳံးေယာင္သန္းေနဆဲရွိသည္။

ဖ်င္ခ်န႔္႐ူမွာ ေနာက္ဆုံးတြင္ေတာ့ ထိုင္ခုံခါးပတ္ကိုျဖဳတ္နိုင္သြားၿပီး ေလေပြတစ္ခုကဲ့သို႔ တဟုန္ထိုးေျပးလာ၏။ ႐ႊမ္းက်ီးမွာ ထိုအႏၲရာယ္မ်ားလွေသာဓားကို သူမ ထိမိသြားမွာကိုစိုးရိမ္ေသာေၾကာင့္ ေအာက္တြင္ျပဳတ္က်ေနေသာ အဆိုပါဓားကို သူ႕ေျခေထာက္တစ္ဖက္ျဖင့္ေဆာင့္နင္းလိုက္ၿပီး ထိုင္ခုံေအာက္သို႔ကန္ထုတ္လိုက္ေလ၏။ ရွန႔္လင္ယြမ္းသည္ကား ခုနေလးတင္ကမွ အက်ိဳးအျမတ္မ်ိဳးမ်ိဳးျမတ္ျမတ္ရရွိထားသူျဖစ္သည့္အတြက္ သူ႕အား ဂုဏ္သိကၡာက်ဆင္းေအာင္လုပ္ေနတာကိုလည္း အမႈမထားေတာ့ဘဲ ႐ႊမ္းက်ီးအား သူ႕စိတ္ႀကိဳက္တက္နင္းခ်င္သေလာက္နင္းခြင့္ျပဳထားလိုက္ေလသည္။

“ဒါရိုက္တာ…အဆင္ေျပရဲ႕လား ဒါရိုက္တာ? ဘယ္နားထိသြားေသးလဲ?”

ဖ်င္ခ်န႔္႐ူက ၾကမ္းျပင္ေပၚတြင္အိုင္ထြန္းေနေသာ ဧရာမေသြးကြက္ႀကီးကိုေတြ႕ေသာအခါ အလန႔္တၾကားထခုန္လိုက္ၿပီး ငိုမဲ့မဲ့ျဖင့္ေမးလာသည္။

“အဲဒါက ပင္မေသြးလႊတ္ေၾကာႀကီးလား?”

႐ႊမ္းက်ီးက အားမပါစြာျပန္ေျပာလိုက္သည္။

“ေကာင္မေလးရယ္….ေက်းဇူးျပဳၿပီး ငါ့ကို နည္းနည္းေလာက္ သက္သက္ညွာညွာဆုေတာင္းေပးလို႔မရဘူးလား?”

“ခဏေလာက္ေတာင့္ထားဦးေနာ္…ကြၽန္မတို႔ဆီမွာ အေရးေပၚေဆးေသတၱာပါလာတယ္…ကြၽန္မ အခုခ်က္ခ်င္းသြားရွာလိုက္မယ္….ရွင္ ရွင္ ရွင္ ခဏေလာက္ေစာင့္ဦးေနာ္”

ဖ်င္ခ်န႔္႐ူက အထိတ္ထိတ္အလန႔္လန႔္ျဖင့္ ေျခလွမ္းႏွစ္လွမ္းေလာက္ေျပးသြားၿပီးေနာက္ ေနာက္ျပန္လွည့္ကာ ေအာ္လိုက္ျပန္သည္။

“ခဏေလာက္ေတာင့္ခံထားဦးေနာ္!”

“ေအး” ႐ႊမ္းက်ီးက လက္ေလွ်ာ့အရႈံးေပးလိုက္ဟန္ျဖင့္ သူမကိုတရၾကမ္းေခါင္းညိတ္ျပလိုက္သည္။

“ျဖည္းျဖည္းသြား…ေခ်ာ္မလဲေစနဲ႕ဦး”

သက္ေစာင့္ဓားဟူသည္ကား တကယ့္ကို သက္ေစာင့္ဓားဆိုသည့္အတိုင္းပင္။ ဓားသြားက သူ႕လက္ဖဝါးေပၚမွကြာက်သြားသည္ႏွင့္တၿပိဳင္နက္ ဓားဒဏ္ရာက သူ႕အလိုလိုစတင္၍အနာက်က္လာ၏။ စကားအနည္းငယ္သာေျပာလိုက္သည့္အခ်ိန္ေလးအတြင္းမွာပင္ ျပတ္သြားေသာအ႐ြတ္အေၾကာမ်ားက သူတို႔ဘာသာသူတို႔ အလိုအေလ်ာက္ျပန္ဆက္သြားၾကၿပီျဖစ္သည္။ ႐ႊမ္းက်ီးက ဒဏ္ရာရထားေသာသူ႕လက္ကိုထိန္းကိုင္ထားရင္း သူ႕အၾကည့္မ်ားက ထိုင္ခုံေအာက္မွတစြန္းတစထြက္ျပဴေနေသာ ဓားေႏွာင့္ေပၚသို႔က်ေရာက္သြားသည္။ သူ႕မ်က္ႏွာအမူအရာကေတာ့ ခန႔္မွန္း၍မရေအာင္ျဖစ္ေနလ်က္။

အခ်ိန္တခဏမွ်ႏႈတ္ဆိတ္ေနၿပီးေနာက္မွာေတာ့ ဆူညံေနေသာေလယာဥ္စက္သံမ်ားကိုအကာအကြယ္ျပဳကာ သူ အသံကိုႏွိမ့္၍ေျပာလိုက္သည္။

“ဒါက နည္းနည္းေတာ့ ေက်းဇူးမသိတတ္ရာေရာက္မေနဘူးလား… ‘ပိရွ’?”

႐ႊမ္းက်ီးတစ္ေယာက္ သူ၏သက္ေစာင့္ဓားအေပၚ စတင္သံသယဝင္လာသည့္အခ်ိန္မွာကား ဓား (၁)က သူ႕ကိုေပးခဲ့ေသာ ေရွးေဟာင္းမွတ္တမ္းစာအုပ္ပုံမ်ားၾကားမွ စုတ္တီးစုတ္ပဲ့ျဖစ္ေနရွာေသာ {တုံးခြၽမ္းနတ္ဆရာစာအုပ္} ထဲတြင္ ‘လူသားမိစာၦ’ ႏွင့္ပတ္သက္ေသာမွတ္တမ္းမွတ္ရာမ်ားကိုရွာေတြ႕ၿပီးေနာက္ ေန႕လယ္ခင္းတေရးတေမာအိပ္ေပ်ာ္မသြားခင္အခ်ိန္တြင္ျဖစ္သည္။ ထိုမွတ္တမ္းမ်ား၌ ေရးသားထားသည္မွာ “လူသားမိစာၦမ်ားသည္ကား ပ်က္စီးယိုယြင္းသြားေသာ ဧရာမစြမ္းအင္မ်ားက စၾကဝဠာအတြင္းရွိ မိစာၦစြမ္းအင္မ်ားကို ႐ုပ္ခႏၶာတစ္ခုအတြင္းသို႔ဆြဲငင္လိုက္ျခင္းမွ အစျပဳ၍ျဖစ္ေပၚလာျခင္းျဖစ္သည္။ ႐ုပ္ခႏၶာပ်က္စီးသြားလွ်င္ေတာင္မွ ၎၏စိတ္အစြဲအလမ္းမ်ားကိုျပန္လည္စုစည္းလိုက္သည္ႏွင့္ သူ၏မိစာၦစြမ္းအင္မ်ားကို အရင္အတိုင္းျပန္လည္ေပါင္းစုကာ လူ႕ေလာကႀကီးအတြင္းသို႔ ေနာက္တစ္ႀကိမ္သက္ဆင္းေျခခ်လာနိုင္သည္။ လူသားမိစာၦ၏အမည္နာမကို ထုတ္ေဖာ္ေျပာၾကားျခင္းမျပဳရ၊ စိတ္ထဲတြင္လည္းေရ႐ြတ္ျခင္းမျပဳရ၊ အေႏွာင့္အယွက္ေပးျခင္းမျပဳရ။” ဟူ၍ျဖစ္၏။

အလြယ္ေျပာရလွ်င္ ၎သည္ကား ယခင္က ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ ‘လူ’ အျဖစ္ကေန ‘လူသား-မိစာၦ’ ဘဝသို႔ေျပာင္းလဲသြားသည္ႏွင့္တၿပိဳင္နက္ လုံးဝဥႆုံကြဲျပားျခားနားသည့္ အျခားေသာျဖစ္တည္မႈတစ္ခုျဖစ္သြားခဲ့ၿပီျဖစ္သည္။ သူ၏မူလအစကရွိေနခဲ့ေသာ အေပၚယံအခြံသည္ကား ေရထည့္ထားေသာပုလင္းတစ္လုံးပင္။ အကယ္၍ ပုလင္းကြဲအက္ပ်က္စီးသြားမည္ဆိုပါက ေရမ်ားမွာလည္း အျပင္သို႔ဖိတ္စင္သြားမည္ျဖစ္သည္။ သို႔ေသာ္ စၾကဝဠာအတြင္းရွိ အရာဝတၳဳတိုင္းသည္ကား သင့္ေတာ္ကိုက္ညီေသာအခ်ိန္အခါ၊ ပထဝီေျမအေနအထားႏွင့္ လူမႈအသိုင္းအဝိုင္းအေျခအေနတစ္ခုသို႔ေရာက္ရွိလာခ်ိန္မွာေတာ့ ဖိတ္လွ်ံသြားေသာအရည္မ်ားသည္ကား အရင္အတိုင္းတစ္စုတစ္စည္းတည္းျပန္လည္ေပါင္းစုသြားနိုင္တာမ်ိဳးျဖစ္ေကာင္းျဖစ္နိုင္ေပသည္။

သေဘာတရားက်က်ေျပာရပါလွ်င္ လူသား-မိစာၦသည္ကား ဝိညာဥ္ဓာတ္ရွိေသာအရာမ်ားေပၚတြင္တြယ္ကပ္ေနနိုင္စြမ္းရွိေလသည္။

႐ႊမ္းက်ီးမွာ သူ႕ဓားႀကီးက ‘ဝိညာဥ္ဓာတ္’ ရွိ မရွိဆိုတာကိုေသခ်ာမသိပါေခ်။ ၎မွာ အၿမဲတေစတိတ္ဆိတ္ၿငိမ္သက္ေနေလ့ရွိၿပီး ဘယ္ေသာအခါကမွ အသိဉာဏ္ရွိေသာသက္ရွိတစ္ေယာက္၏စြမ္းရည္မ်ိဳးကို ထုတ္ေဖာ္ျပသခဲ့ဖူးျခင္းမရွိပါေခ်။ သို႔ေသာ္ ႐ႊမ္းက်ီးကေတာ့ ထိုအရာသည္ကား သက္မဲ့အရာဝတၳဳတစ္ခုထက္ပိုသည္ဟု အခ်ိန္တိုင္းလိုလိုခံစားမိသည္။ အဆိုပါဓားသည္ကား သူမွတ္မိသည့္အခ်ိန္ကတည္းကစ၍ သူ႕အနားတြင္အေဖာ္ျပဳေပးေနခဲ့တာျဖစ္သည္။ အႏွီဓားသည္ကား သူ၏အေသးငယ္ဆုံးေသာအေတြးစေလးမ်ားကို သူကိုယ္တိုင္ေတာင္မသိလိုက္ခင္မွာပင္ ပို၍ျမန္ဆန္စြာဖမ္းယူနိုင္စြမ္းရွိေလသည္။

သို႔ေသာ္လည္း ဓားသြားေပၚတြင္ မိစာၦေသြးမ်ားေပက်ံသြားသည့္အခ်ိန္မွစ၍ ဓားႏွင့္လူၾကားရွိ လွ်ို႔ဝွက္ဆန္းၾကယ္ၿပီးရင္းႏွီးေသာ ထိုဆက္သြယ္မႈတို႔က ႐ုတ္တရက္‌ ေပ်ာက္ခ်င္းမလွေပ်ာက္ဆုံးသြားေလေတာ့သည္။

ဓားသြားမွာ ေအးသထက္ေအးစက္လို႔လာေနသည္။ ထိုေန႕လယ္ခင္းက ေရွာင္းက်န္း၏ဖုန္းသံေၾကာင့္ ႐ႊမ္းက်ီးလန႔္နိုးလာခ်ိန္၌ ျပင္းျပအားေကာင္းေသာခံစားခ်က္တစ္မ်ိဳးကို သူခံစားလိုက္ရသည္__သူ႕ဓားထဲတြင္ အျခားေသာလူတစ္ေယာက္၏အသက္ရႉသံကို သူၾကားလိုက္ရသည္။

ဓားတြင္ျပႆနာတစ္ခုခုရွိေနေၾကာင္းကို သူ႕အား အမွန္တကယ္ေသခ်ာသြားေစေသာအခ်က္မွာ တံလွ်ပ္လိပ္ျပာေၾကာင့္ပင္ျဖစ္သည္။ သူ ထိုတံလွ်ပ္လိပ္ျပာအနားသို႔ကပ္သြားခ်ိန္၌ လိပ္ျပာ၏ေတာင္ပုံတစ္စုံေပၚရွိ အၿပဳံးမ်က္ႏွာမ်ားသည္ကား တစ္ဖက္တြင္ထိတ္လန႔္ေၾကာက္႐ြံ႕ေနေသာမ်က္ႏွာသြင္ျပင္ႏွင့္ က်န္တစ္ဖက္တြင္မူ အငိုမ်က္ႏွာတစ္ခုအျဖစ္အသြင္ေျပာင္းလဲသြားၾကသည္။ ထိတ္လန႔္ေၾကာက္႐ြံ႕သြားသည့္မ်က္ႏွာအမူအရာကိုေတာ့ သူနားလည္လို႔ရသည္။

မိမိသည္ကား မီးအမ်ိဳးအစားျဖစ္သည္ဟူ၍ သူတို႔အားလုံးကေျပာၾကသည္။ မီးအမ်ိဳးအစားသည္ကား မေကာင္းဆိုးဝါးမိစာၦမ်ားကိုႏွင္လႊတ္နိုင္စြမ္းရွိေလရာ ထိုအရာမ်ားအတြက္ သဘာဝရန္သူေတာ္ႀကီးတစ္ဦးျဖစ္သည္ေလ။ လိပ္ျပာမ်ားအဖို႔ သူ႕ကိုေတြ႕လိုက္ရခ်ိန္၌ ဧရာမမီးသျဂၤိုဟ္စက္ႀကီးတစ္လုံးကိုေတြ႕လိုက္ရသကဲ့သို႔ျဖစ္ေနေပလိမ့္မည္။

ဒါေပမယ့္ ပူေဆြးဝမ္းနည္းေနတဲ့ အငိုမ်က္ႏွာမ်ိဳး ဘာေၾကာင့္ျဖစ္သြားရတာလဲ?

အကယ္၍ အဆိုပါလိပ္ျပာသည္ကား ထူးထူးျခားျခားဘိုးသက္ရွည္လိပ္ျပာတစ္ေကာင္ျဖစ္ေနသည့္အခ်က္မွလြဲ၍ ‘စိတ္ႏွစ္ခြျဖစ္ေနသည့္ပင္ကိုယ္စရိုက္လကၡဏာ’ မ်ိဳးရွိမေနခဲ့ဘူးဆိုပါက ထိုသို႔ျဖစ္ရျခင္းမွာ ၎သည္ကား အျခားေသာလူတစ္ေယာက္….သို႔တည္းမဟုတ္ အျခားေသာအရာတစ္ခုခုတည္ရွိေနတာကို အာ႐ုံခံစားမိသြားေသာေၾကာင့္သာျဖစ္နိုင္သည္။

႐ႊမ္းက်ီးသည္ကား မီးေတာက္မီးလွ်ံမ်ားအတြင္းမွေမြးဖြားလာခဲ့သူတစ္ဦးျဖစ္သည့္အေလ်ာက္ သူ၏သက္ေစာင့္ဓားမွာလည္း မေကာင္းေသာအရာမ်ားအားလုံးအတြက္ အဟန႔္အတားတစ္ခုသဖြယ္ျဖစ္ေနနိုင္တာပဲျဖစ္သည္။ ထိုဓားေပၚတြင္ အႏၲရာယ္ရွိေသာအရာမ်ားတြယ္ကပ္မေနသင့္ပါေလ။ သို႔ေသာ္ ထိုအရာက မိစာၦအရွင္သခင္ႀကီးသာျဖစ္ေနပါမူ…… ဤကဲ့သို႔ထူးျခားဆန္းျပားေသာျဖစ္ရပ္မ်ိဳးက မျဖစ္နိုင္တာေတာ့လည္းမဟုတ္။ ဘာပဲျဖစ္ျဖစ္ လက္စြပ္ေလးေတာင္မွ သူ႕ကိုတစ္ခ်ိန္လုံးကာကြယ္ေစာင့္ေရွာက္ေပးေနခဲ့တာပဲျဖစ္သည္။

အႏွီမိစာၦသခင္ႀကီးသည္ကား ပူေဆြးယဇ္ပူေဇာ္ပြဲ၏တန္ျပန္ျပစ္ဒဏ္ခတ္မႈကိုေတာင္ ဂ႐ုမထားေတာ့ဘဲ ပိခြၽင္းရွန္းကိုသတ္ပစ္ခဲ့စဥ္အခ်ိန္က သူ႕အနားတြင္ အနီးဆုံးရွိေနသည့္ ႐ႊမ္းက်ီးတစ္ေယာက္တည္းသာလွ်င္ သူ႕ထံမွ စကားမ်ားကိုၾကားလိုက္ရသူျဖစ္သည္။ သူ႕စကားထဲတြင္ပါဝင္ေသာစကားလုံးအသုံးအႏႈန္းႏွစ္မ်ိဳးကို သူေကာင္းေကာင္းသတိထားမိခဲ့သည္__တစ္ခြန္းက ‘ငါကိုယ္ေတာ္’ ဟူသည့္စကားလုံးျဖစ္ၿပီး ေနာက္တစ္ခြန္းကေတာ့ ‘မင္းတို႔လိုလူမ်ိဳးေတြ’ ဟူသည့္စကားျဖစ္သည္။

‘မင္းတို႔လိုလူမ်ိဳးေတြ’ ဟုသုံးႏႈန္းေျပာဆိုလိုက္ပုံကိုၾကည့္ျခင္းအားျဖင့္ ပိခြၽင္းရွန္း၏ေနာက္ကြယ္တြင္ အျခားလူမ်ားရွိေနေသးသည့္ အရိပ္အႁမြက္မ်ိဳးကိုျပသလို႔ေနသည္။ ‘ငါကိုယ္ေတာ္(က်န႔္)’ ဟူသည့္စကားလုံးကေတာ့ မိမိကိုယ္ကိုရည္ၫႊန္းေသာအသုံးအႏႈန္းမ်ိဳးျဖစ္ၿပီး ပို၍မ်ားျပားေသာကိစၥရပ္မ်ားကိုလွစ္ဟျပသေန၏။

ပဋိပကၡစစ္ပြဲႀကီးမျဖစ္ပြားေသးခင္အခါက__ပို၍တိတိက်က်ေျပာရလွ်င္ ‘ခ်ိယြမ္းကိုၿငိမ္ဝပ္ပိျပားေစမည့္ ပထမဆုံးစစ္ပြဲႀကီး(ဖ်င္ယြမ္း)’ မျဖစ္ပြားေသးခင္အခ်ိန္က ‘က်န႔္’ ဟူသည့္စကားလုံးမွာ ‘ငါ’ ဟုအဓိပၸာယ္ရေသာစကားလုံးျဖစ္ၿပီး မည္သူမဆိုေခၚေဝၚသုံးစြဲနိုင္ေသာစကားလုံးျဖစ္သည္။ ေနာက္ပိုင္း ဧကရာဇ္ဖ်င္၏ရည္မွန္းခ်က္မ်ားက ေပါက္ကြဲပြင့္ထြက္လာၿပီး ခ်ိယြမ္းကိုအနိုင္သိမ္းပိုက္မည့္တိုက္ပြဲကိုစတင္ဆင္ႏႊဲလာခ်ိန္မွာေတာ့ ၎က ထိုအသုံးအႏႈန္းကို ေတာ္ဝင္မိသားစုမ်ိဳးႏြယ္မ်ားသာ သီးသန႔္အသုံးျပဳခြင့္ရွိေသာအသုံးအႏႈန္းတစ္ခုအျဖစ္သတ္မွတ္ခဲ့သည္။ သို႔ျဖစ္ရာ အဆိုပါစကားလုံးကို ပါးစပ္မွလႊတ္ခနဲသုံးႏႈန္းလိုက္သူသည္ကား ဧကရာဇ္ဖ်င္၏ေခတ္ကာလမတိုင္ခင္ေမြးဖြားလာခဲ့သူတစ္ဦး သို႔တည္းမဟုတ္ ထိုေနာက္ပိုင္းရွိ အျခားေသာေခတ္ကာလအတြင္းမွ မင္းဧကရာဇ္တစ္ပါးျဖစ္နိုင္ေပသည္။ သို႔မဟုတ္ အလယ္ပိုင္းေျမျပန႔္လြင္ျပင္ေဒသ၏ဓေလ့ထုံးတမ္းမ်ားကို လိုက္လံတုပထားေသာ လူနည္းစုမ်ိဳးႏြယ္တစ္ခုခုမွ ေခါင္းေဆာင္တစ္ဦးလည္းျဖစ္နိုင္သည္။ [note]

ထို႔အျပင္ ခ်ိယြမ္းေဆး႐ုံ၌ရွိေနစဥ္အခါက မိစာၦသခင္ႀကီးသည္ကား ‘ခ်င္းဖ်င္ျပည္နယ္’ အေၾကာင္းကိုေျပာဆိုခဲ့သည္။ သို႔ေသာ္ ခ်င္းဖ်င္ျပည္နယ္မွာ မဟာခ်ီတိုင္းျပည္၏ ဧကရာဇ္ဖ်င္လက္ထက္မတိုင္မီက တည္ရွိမေနခဲ့ေသာျပည္နယ္တစ္ခုျဖစ္၏။ ၎သည္ကား ဧကရာဇ္ဖ်င္၏သားေတာ္ျဖစ္ေသာ ခ်ီတိုင္းျပည္၏ဧကရာဇ္ဝူ၊ ရွန႔္ေရွာင္း အစျပဳဖြဲ႕စည္းတည္ေထာင္ခဲ့ေသာအဖြဲ႕အစည္းတစ္ခုျဖစ္သည္။ ထိုအခ်က္မ်ားအားလုံးကိုေထာက္ဆလိုက္မည္ဆိုပါက မိစာၦသခင္ႀကီးသည္ကား ဒုတိယေျမာက္ျဖစ္နိုင္ေခ်တစ္ခု ပိုျဖစ္နိုင္သည္။

႐ႊမ္းက်ီးက စကားကိုမေရမရာေျပာလိုက္ၿပီး သူ႕ကိုလိမ္လည္လွည့္ျဖားကာ တစ္မ်ိဳးတစ္ဖုံစမ္းသပ္ၾကည့္ရန္ဆုံးျဖတ္ခ်က္ခ်လိဳက္တာျဖစ္သည္။

အံ့ဩစရာေကာင္းသည္ကား သူ႕စကားမ်ားထြက္က်လာလွ်င္လာခ်င္းမွာပင္ အက္ရွရွအသံတစ္သံက သူ႕နားတဝိုက္တြင္ ခပ္တိုးတိုးရယ္ေမာလိုက္တာကိုၾကားလိုက္ရေလသည္။

“ဒါျဖင့္ မင္းက ငါ့ကို ဘယ္လိုဘယ္ပုံေက်းဇူးျပန္ဆပ္ခိုင္းေစခ်င္တာလဲ?”

ထိုစကားက ဘာမွမဟုတ္ေသး။ သူ႕ေနာက္ကလိုက္လာေသာစကားကမွ ပို၍ေၾကာက္စရာေကာင္းလွ၏__ဓားထဲရွိမိစာၦထံမွ ေနာက္ဆက္တြဲစကားတစ္ခြန္းကို ႐ႊမ္းက်ီးၾကားလိုက္ရသည္။

“ငါ့ကို တစ္ပတ္ရိုက္ခ်င္တယ္ေပါ့ေလ…ဒီေကာင္စုတ္ေလးက ေတာ္ေတာ့္ကိုသတၱိေကာင္းလွခ်ည္လား?”

႐ႊမ္းက်ီး၏ဦးေႏွာက္တစ္ခုလုံးမွာ တခဏမွ်ဟာလာဟင္းလင္းျဖစ္သြား၏။ ထို႔ေနာက္တြင္ေတာ့ သူ႕တစ္ကိုယ္လုံးတြင္ရွိသမွ်အေမြးေပါင္းစုံတို႔က ေထာင္ထလာေတာ့သည္။

“ငါလခြမ္းပဲေဟ့…သူက ငါ့အေတြးေတြကိုၾကားေနတာလားဟ!”

တစ္ခ်ိန္တည္းမွာပင္ ရွန႔္လင္ယြမ္းသည္ကား အႏွီအဆဲစကားတစ္ခြန္းကို ရွင္းလင္းပီသစြာ ‘ၾကား’ လိုက္ရၿပီး တစ္မ်ိဳးတစ္ဖုံနားလည္သေဘာေပါက္သြားေလေတာ့သည္။

အဆိုပါလူႏွစ္ေယာက္စလုံးသည္ကား မေရမတြက္နိုင္ေသာမ်က္ႏွာဖုံးေပါင္းမ်ားစြာကိုတပ္ဆင္ထားၾကၿပီး သူတို႔၏ႏွလုံးအိမ္အတြင္း၌ လိမၼာပါးနပ္ေသာ ေထာင္ေပါင္းမ်ားစြာေသာအလႊာတို႔ျဖင့္ ဖြဲ႕စည္းထားၾကေသာလူအမ်ိဳးအစားထဲတြင္ပါဝင္ၾကသူမ်ားျဖစ္သည္။ တစ္ေန႕ေန႕တြင္ မည္သူမည္ဝါမွန္းမသိေသာ သူစိမ္းတရံတစ္ဦးႏွင့္ မထင္မွတ္ဘဲ အတင္းအဓမၼ ‘စိတ္ခ်င္း ႏွလုံးသားခ်င္းဆက္သြယ္’ သြားရလိမ့္မည္ဟု ေမွ်ာ္လင့္ထားခဲ့မိမည္မဟုတ္ပါေခ်။

ၿပီးေတာ့ ဒါက ဘယ္လိုဆက္သြယ္မႈႀကီးလဲ!

ႏွစ္ေယာက္စလုံး၏တုံ႕ျပန္မႈက တကယ့္ကိုပင္ တစ္ထပ္တည္းတူညီသြားၾကသည္။ သူတို႔ႏွစ္ေယာက္လုံးမွာ တစ္ခ်ိန္တည္းလိုလိုပင္ ေခါင္းတစ္ခုလုံးဗလာက်င္းသြားရွာၿပီး မိမိကိုယ္ကိုအတင္းအၾကပ္ဖိအားေပးကာ အေၾကာင္းအရာတစ္ခုတည္းအေပၚတြင္သာ အာ႐ုံစူးစိုက္ထားလိုက္ၾကၿပီးသကာလ အျခားေသာအေတြးစိတ္ကူးအစအနမ်ားကိုျဖတ္ေတာက္ပစ္လိုက္ၾကေလသည္__ ႐ႊမ္းက်ီးမွာ ေလာ္ေခြၽ႕ေခြၽ႕၏ေခါင္းေပၚတြင္ေပါက္ေနေသာဆံပင္မ်ားကို အားသြန္ခြန္စိုက္ႀကိဳးစားပမ္းစားေရတြက္ေနလိုက္ကာ ဓားထဲရွိ ရွန႔္လင္ယြမ္းကေတာ့ နားမလည္နိုင္ေသာေရွးေဟာင္းသမၼာက်မ္းစာမ်ားကို ႏႈတ္မွတတြတ္တြတ္ျဖင့္ စတင္၍အသံတိတ္႐ြတ္ဖတ္ေနေတာ့သည္။

လွ်ို႔ဝွက္နက္နဲေသာအႀကံအစည္ရွိသူမ်ားသည္ကား သူတို႔၏အေသးငယ္ဆုံးေသာမ်က္ႏွာအမူအရာမ်ားကအစ ထိန္းခ်ဳပ္နိုင္စြမ္းရွိၾကၿပီး ဆရာ့ဆရာႀကီးမ်ားကေတာ့ သူတို႔၏ခႏၶာေဗဒဘာသာစကားကိုပင္ တိက်စြာစီမံထိန္းခ်ဳပ္နိုင္စြမ္းရွိၾကေလသည္။ သို႔ေပသိ မည္သူကမ်ား မိမိ၏ဦးေႏွာက္ကိုထိန္းခ်ဳပ္နိုင္ပါအံ့နည္း?

ရဲေဘာ္ေလာ္ေခြၽ႕ေခြၽ႕၏ဦးေခါင္းထက္ရွိဆံပင္မ်ားမွာ အေရမခံၾကပါေခ်။ တခဏအတြင္းမွာပင္ ႐ႊမ္းက်ီးတစ္ေယာက္ေရတြက္လို႔ကုန္သြားရွာသည္။ ထိုအခိုက္ ၎မွာ မေနနိုင္မထိုင္ျဖစ္စြာျဖင့္ အေတြးတစ္ခုပ်ံ့လြင့္ထြက္ေပၚသြားေတာ့သည္။

“ခ်ီးပဲ…ဒါက ဘယ္လိုစိတ္ပ်က္စရာေကာင္းတဲ့ကိစၥႀကီးလဲကြ?”

ေရွးေဟာင္းသမၼာက်မ္းစာမ်ားကို႐ြတ္ဖတ္ေနသည့္ ရွန႔္လင္ယြမ္းခမ်ာလည္း ပို၍ပို၍အံတႀကိတ္ႀကိတ္ျဖစ္လာလို႔ေန၏။

႐ႊမ္းက်ီး၏အေတြးမ်ားက တစ္ႀကိမ္လြတ္ထြက္သြားၿပီးသည္ႏွင့္ ျပန္လည္၍လိုက္လံသိမ္းဆည္းဖို႔ရာမျဖစ္နိုင္ေတာ့ပါေခ်။

“DCO က ငါ့ကိုေတာ္ေတာ္ဒုကၡေပးတဲ့ေနရာပဲ၊ ႏွစ္ကုန္လို႔ ငါ့ကို လစာ ၁၄ လစာ မေပးရင္ေတာ့လား၊ ငါနဲ႕တစ္ပြဲတစ္လမ္းေတြ႕ၾကေသးတာေပါ့ကြာ”

ရွန႔္လင္ယြမ္း႐ြတ္ဖတ္ေနေသာေရွးေဟာင္းသမၼာက်မ္းစာမ်ားမွာ အျခားသူမ်ားနားလည္ရန္မလြယ္ေသာ္ျငား ႐ႊမ္းက်ီးကေတာ့ သူ႕အသံထြက္မ်ားကိုၾကားလိုက္ရခ်ိန္၌ ၎သည္ကား စာသားတစ္ေၾကာင္းကို မေတာ္တဆ တစ္ေၾကာ့ျပန္႐ြတ္ဆိုမိသြားသည့္အျပင္ ထိုစာသားကို ေနာက္ထပ္သုံးေလးႀကိမ္ခန႔္ ထပ္ခါတလဲလဲ႐ြတ္ဆိုေနမိေၾကာင္းကို သူသတိျပဳမိသြား၏။ ေနာက္ဆုံး၌ ၎သည္လည္း မေနနိုင္မထိုင္ျဖစ္စြာပင္ ႏႈတ္မွစကားတစ္ခြန္းလႊတ္ခနဲထြက္လာေတာ့သည္။

“ပူေဆြးယဇ္ပူေဇာ္ပြဲကိုလုပ္ဖို႔ ေနာက္ကြယ္က ေသြးထိုးလႈံ႕ေဆာ္တဲ့ေကာင္ကို ငါ တစစီျဖစ္သြားေအာင္လုပ္ပစ္မယ္”

႐ႊမ္းက်ီး၏ရင္ထဲ၌ ထိတ္ခနဲျဖစ္သြားေလ၏။

“ဒါဆို ပူေဆြးယဇ္ပူေဇာ္ပြဲကိုလုပ္ခိုင္းတဲ့ ေနာက္ကြယ္က ေသြးထိုးေပးတဲ့သူရွိေနတာလား? တကယ္ဆို ပိခြၽင္းရွန္းက စင္ျမင့္ေပၚက ႐ုပ္ေသး႐ုပ္သက္သက္ပဲေပါ့?”

သူက အႏွီေမးခြန္းကို လႊတ္ခနဲထုတ္ေမးမိလိုက္ေသာအခါမွာေတာ့ ရွန႔္လင္ယြမ္းရွိေနေသာေနရာဘက္မွ စကားသံႏွစ္သံက တၿပိဳင္နက္တည္းထြက္ေပၚလို႔လာသည္။ ပထမတစ္သံက သူေျပာေနက် တည္ၿငိမ္ေအးေဆးေသာေလသံမ်ိဳးျဖစ္ၿပီး ခပ္တိုးတိုးရယ္သံစြက္လ်က္…။

“ မင္း မွန္းၾကည့္လိုက္ေလ”

ဒုတိယစကားသံကေတာ့ ေအးစက္စက္နိုင္ေသာေလသံမ်ိဳးျဖစ္သည္။

“ေပါက္ကရစကားေတြ”

႐ႊမ္းက်ီး : “…..”

မိစာၦအရွင္သခင္ လူႀကီးမင္းရယ္ ခင္ဗ်ားမွာ စိတ္ကစဉ့္ကလ်ားေရာဂါမ်ားရွိေနတာလားဟင္

ရွန႔္လင္ယြမ္း၏ အခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးေျပာလိုက္ေသာေလသံသည္ကား အလိုအေလ်ာက္တုံ႕ျပန္မႈတစ္ခုျဖစ္သည္။ စကားဆုံးေသာ္ သူေျပာလိုက္မိေသာစကားမ်ားကို သူကိုယ္တိုင္လည္း သေဘာေပါက္သြားရွာ၏။

စိတ္ကစဥ့္ကလ်ားေရာဂါဆိုတာ ဘာကိုေျပာတာလဲ?”

“စိတ္ကစဉ့္ကလ်ားေရာဂါဆိုတာ…..”

႐ႊမ္းက်ီးခမ်ာ အက်ိဳးသင့္အေၾကာင္းသင့္ရွင္းျပရန္ ခက္ခက္ခဲခဲႀကိဳးစားအားထုတ္လိုက္ရၿပီးသကာလ စိတ္ထဲတြင္ရႈပ္ေထြးေနာက္က်ိသြားရွာ၏။ သူ႕ေခါင္းထဲတြင္ ဆူညံပြက္ေလာရိုက္ေနေသာအသံမ်ားက လုံးေထြးေရာယွက္လို႔သြားကာ ေနာက္ဆုံးအခ်ိန္မွသာလွ်င္ စကားတစ္ခြန္းကို တစုတစည္းတည္းေျပာထြက္လာနိုင္ေတာ့သည္။

“ငါေတာ့ ႐ူးေတာ့မွာပဲ။ ဒါက ဘာေသာက္က်ိဳးနည္းကိစၥေတြလာျဖစ္ေနတာလဲ?”

တည္ၿငိမ္ေအးခ်မ္းေနခဲ့ေသာ အေျခအေနအတြင္းတြင္ အူတီးအူေၾကာင္ျဖစ္ေနရွာေသာ ဒါရိုက္တာ႐ႊမ္းႏွင့္ သူ၏ဓားတစ္လက္တို႔အၾကား၌ မ်က္စိတမွိတ္အတြင္းမွာပင္ျဖစ္ပြားသြားေသာ အျဖစ္အပ်က္တို႔ေၾကာင့္ သူ႕ေခါင္းထဲတြင္ ဆက္တိုက္ဆိုသလိုျဖစ္ေပၚလာသည့္ ပဋိပကၡအရႈပ္အေထြးမ်ားကို ေလယာဥ္ေပၚ၌ရွိေနေသာ မည္သူတစ္ဦးတစ္ေယာက္ကမွ သတိထားမိျခင္းမရွိခဲ့ပါေခ်။ ဖ်င္ခ်န႔္႐ူမွာ အေရးေပၚေဆးေသတၱာကိုယူၿပီး အေျပးကေလးေရာက္ခ်လိဳ႕လာသည္။

“ဘယ္လိုေနေသးလဲဟင္ ဒါရိုက္တာ? ကြၽန္မ အေရးေပၚေဆးေသတၱာကို တစ္ခါမွမသုံးဖူးဘူး။ ဒါနဲ႕ ‘အေရးေပၚ’ ဆိုတဲ့စကားလုံးက ဘာကိုဆိုလိုတာလဲဟင္ ဆရာသိလား?”

“ငါ့ကို အရင္ဆုံး အဝတ္စိုတစ္ထည္ယူလာေပး”

႐ႊမ္းက်ီးက ဒဏ္ရာရေနေသာသူ႕လက္ကို သူမဆီသို႔ျမႇောက္ျပလိုက္သည္။ ဒဏ္ရာမွာ အေစာတုန္းက ေသြးမ်ား ဒရေဟာစီးထြက္ေနခဲ့ေသာ္လည္း အခုခ်ိန္မွာေတာ့ အျဖဴေရာင္အမွတ္ရာေလးတစ္ခုသာ ခပ္ေရးေရးထင္က်န္ခဲ့ေလသည္။

“ေနာက္ၿပီး ငါ့ကိုေျပာဦး၊ ဒီေကာ္ေဇာသန႔္ရွင္းေရးဖိုးပိုက္ဆံကို ႐ုံးခန္းက ရွင္းေပးမွာမလား?”

ဖ်င္ခ်န႔္႐ူမွာ အေကာင္းပကတိအတိုင္း ျပန္ေကာင္းသြားေသာ သူ႕လက္ကိုၾကည့္ကာ ေၾကာင္တက္တက္ျဖစ္ေနရွာ၏။

႐ႊမ္းက်ီး : “စိတ္မေကာင္းလိုက္တာ၊ မင္း လာတာေနာက္က်သြားတယ္၊ သူ႕ရဲ႕ေနာက္ဆုံးပုံစံကိုမေတြ႕လိုက္ရဘူး”

ထူးျခားစြမ္းရည္ေလာကတြင္ ေကာင္းေသာအခ်က္တစ္ခ်က္ရွိေလသည္။ လူတိုင္း၏ထူးျခားစြမ္းရည္မ်ားမွာ တစ္ေယာက္ႏွင့္တစ္ေယာက္သိပ္မတူညီၾကပါေခ်။ ထို႔ေၾကာင့္ပင္မိမိ၏လုပ္ေဖာ္ကိုင္ဖက္မ်ားထံ၌ မယုံနိုင္စရာေကာင္းေလာက္ေသာ အံ့မခန္းထူးျခားစြမ္းရည္မ်ိဳးကိုေတြ႕ရလွ်င္ေတာင္မွ အမ်ားစုမွာ တအံ့တဩျဖစ္မေနေတာ့ပါေခ်။သူမ၏အသစ္စက္စက္သူေဌးျဖစ္သူႏွင့္အတူတကြသြားခဲ့ရေသာ ယခင္အေခါက္က အလုပ္ခရီးအေၾကာင္းကို ဖ်င္ခ်န႔္႐ူတစ္ေယာက္ အရိုးထဲစြဲေနေအာင္မွတ္မိေနၿပီျဖစ္သည္__မိုးႀကိဳးလွ်ပ္စီးမ်ား၊ မီးႏွင့္ေရခဲ။ ထို႔အျပင္ ေပါက္ကြဲပ်က္စီးသြားရွာေသာအေဆာက္အအုံႏွစ္လုံး။ ထိုအရာမ်ားႏွင့္ယွဥ္လိုက္ပါက ခဏေလးႏွင့္အနာက်က္သြားေသာ ဒဏ္ရာကိစၥသည္ကား အရမ္းႀကီးထိတ္လန႔္စရာမေကာင္းေတာ့ပါေခ်။ သို႔ျဖစ္ရာ သူမမွာ အခ်ိန္ခဏေလာက္သာ အူေၾကာင္ေၾကာင္ျဖစ္သြားရွာၿပီး ေနာက္ပိုင္းမွာေတာ့ အဆိုပါအေျခအေနကို ျမန္ျမန္ဆန္ဆန္ပင္လက္ခံလိုက္ကာ သူ႕ကိုကူညီၿပီး ေသြးကြက္မ်ားကို စတင္၍သန႔္ရွင္းေရးလုပ္ေပးလိုက္ေလေတာ့သည္။

႐ႊမ္းက်ီးမွာ အာ႐ုံေျပာင္းသည့္အေနျဖင့္ သန႔္ရွင္းေရးအလုပ္ကို စက္တပ္ထားသလို တရစပ္လုပ္ေနရင္း ဦးေႏွာက္ေဆးရန္ႀကိဳးစားေနသလို ရွန႔္လင္ယြမ္းမွာလည္း သမၼာက်မ္းစာမ်ား၊ ဂႏၳဝင္စာေပမ်ားႏွင့္ ေရွးေဟာင္းကဗ်ာစာစုေပါင္းစုံကို အႀကိမ္ေပါင္းမ်ားစြာ တတြတ္တြတ္႐ြတ္ဖတ္ေနရွာသည္။ ေနာက္ဆုံးတြင္ ၾကမ္းျပင္ေပၚရွိေသြးကြက္မ်ားကို သန႔္ရွင္းေရးလုပ္ၿပီးသြားေသာအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္စလုံးသည္ကား ရႈပ္ယွက္ခတ္ေနေသာအေျခအေနမ်ားအတြင္း၌ အနည္းငယ္ စိတ္ႏွလုံးတည္ၿငိမ္ေအးခ်မ္းလို႔သြားၿပီျဖစ္သည္။

ထို႔ေနာက္တြင္မူ ႐ႊမ္းက်ီး၏ ‘ဓားကိုငတ္မြတ္ေတာင့္တသည့္အာသီသ’ က ေနာက္တစ္ႀကိမ္ထႂကြလို႔လာသည္။ ပူေလာင္ျပင္းထန္ေသာေဝဒနာတို႔က ယခင္အေခါက္ကထက္ပင္ ပို၍ဆိုးဝါးအားေကာင္းလာသည္။ ၎မွာ အစာငတ္ၿပီးေသသြားေသာ သရဲတစ္ေကာင္က ေပါက္စီတစ္လုံးကိုေတြ႕လိုက္ရသလို၊ ေဆးသမားတစ္ေယာက္က ယင္းထေနသလို၊ ထိုင္ရမလို ထရမလိုျဖစ္ေနလ်က္ သူ၏သက္ေစာင့္ဓားကို ေတာင့္တေနေသာအာသီသတို႔မွာ သူ၏က်ိဳးေၾကာင္းဆင္ျခင္နိုင္ေသာအသိဉာဏ္ကို လႊမ္းမိုးခ်ဳပ္ကိုင္သြားေလေတာ့သည္။ ႐ႊမ္းက်ီးခမ်ာ လူသားမဆန္ေသာစိတ္စြမ္းအင္မ်ားကိုအသုံးျပဳၿပီး ငါးမိနစ္ခန႔္ေတာင့္ခံထားၿပီးေနာက္မွာေတာ့ သူ၏အသိဉာဏ္တံတိုင္းမွာ ဖုန္မႈန႔္မ်ားအျဖစ္သို႔ ပ်က္စီးၿပိဳက်သြားရွာၿပီး ထိုင္ခုံေအာက္၌ရွိေနသည့္ ေလးလံေသာဓားကို ‘ ဆင့္ေခၚ’ လိုက္ကာ ကတုန္ကယင္ျဖင့္ ဓားကိုတယုတယပြတ္သပ္ရႉရွိုက္လိုက္ေလ၏။

ရွန႔္လင္ယြမ္း : “ ရိုင္းပ်လိဳက္တာ”

႐ႊမ္းက်ီးက ခြၽန္ထက္ေသာဓားသြားအစြန္းဘက္ကို ေရွာင္ရွားလိုက္ၿပီး ေအးစက္စက္ဓားသြားေပၚသို႔ အငမ္းမရပြတ္သပ္လိုက္ရင္းက ေျပာလာသည္။

“ကြၽန္ေတာ္ေျပာမယ္… လူႀကီးမင္း၊ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အခုလိုမ်ိဳးျဖစ္ေနတာကို ခင္ဗ်ားလည္း မႀကိဳက္ဘူးမလား? ခင္ဗ်ားမွာ ဘာအႀကံေကာင္းမ်ားရွိလဲ?”

ရွန႔္လင္ယြမ္းက လိုရင္းတိုရွင္းသာေျပာလိုက္သည္။

“ငါ့ကို ဓားထဲကထုတ္ေပးလိုက္”

႐ႊမ္းက်ီး : “ကြၽန္ေတာ္ကေရာ မထုတ္ေပးခ်င္ဘူးလို႔မ်ား ထင္ေနလား? ျပႆနာက ခင္ဗ်ား ဒီထဲ ဘယ္လိုဝင္လာသလဲဆိုတာကိုေတာင္ ကြၽန္ေတာ္မသိဘူးေလ!”

ရွန႔္လင္ယြမ္းမွာ ပါးစပ္က စကားတစ္ခြန္းမွမေျပာေတာ့ဘဲ စိတ္ထဲ၌သာ ႀကိတ္ေတြးလိုက္သည္။

“တကယ္လို႔ ဓားပိုင္ရွင္သာ ေသသြားရင္ သက္ေစာင့္ဓားကလည္း သူ႕အလိုလို ပ်က္စီးသြားလိမ့္မယ္”

႐ႊမ္းက်ီးမွာ သူ႕ပါးျပင္ကို ဓားသြားထက္သို႔အပ္ထားလိုသည့္ အလိုဆႏၵကို အတင္းအဓမၼေတာင့္ခံထိန္းခ်ဳပ္ထားေနရင္းက ၿပီးစလြယ္ျပန္ေျပာလိုက္ေလ၏။

“ေကာင္းၿပီေလ…ဆရာသခင္ႀကီးရဲ႕… ကြၽန္ေတာ့္ကို လာသတ္ဖို႔ႀကိဳဆိုပါတယ္”

ရွန႔္လင္ယြမ္းသည္ကား ဓားထဲမွတဆင့္ ႐ႊမ္းက်ီး၏လည္ပင္းရွိေသြးလႊတ္ေၾကာကို စူးစိုက္ၾကည့္ရႈလို႔ေနသည္။ သူ႕ေလသံက အႏၲရာယ္အေငြ႕အသက္မ်ားျပည့္လွ်ံလို႔ေန၏။

“မိစာၦေလး…ငါ အခု ဒီဓားထဲမွာ ေနေနရတယ္ဆိုေပမယ့္ တစ္ေန႕က်ရင္ ဒီဓားကို ေသခ်ာေပါက္ထိန္းခ်ဳပ္လို႔ရသြားမွာပဲ။ တကယ္လို႔ မင္း တစ္ေန႕ အိပ္ေနရင္းနဲ႕ ေခါင္းျပတ္မသြားခ်င္ဘူးဆိုရင္ မင္းအေကာင္းဆုံးလုပ္နိုင္တာက ဓားကိုဖ်က္ဆီးပစ္လိုက္တာပဲ”

႐ႊမ္းက်ီးက သက္ျပင္းခ်လိဳက္သည္။

“ဒါေပမယ့္ ကြၽန္ေတာ့္မွာ အဲ့လို အစြမ္းအစမ်ိဳးမွမရွိတာ”  

သူႏွင့္ သူ႕ဓားအၾကားရွိ ‘ ခြဲခြာျခင္းေသာကေဝဒနာ’ တို႔က ဓားကို တစ္ႀကိမ္ေလာက္ ျပင္းျပင္းျပျပရႉရွိုက္လိုက္႐ုံမွ်ျဖင့္ ေျပေပ်ာက္မသြားေသးပါေခ်။ သို႔ျဖစ္ရာ ဓားကိုဖ်က္ဆီးပစ္မည့္ပုံရိပ္မ်ိဳးကို စိတ္ကူးျဖင့္ေတာင္မေတြးရဲေပ။ ထိုအေတြးမ်ိဳးကိုေတြးလိုက္မိသည္ႏွင့္ မိမိ၏အေသြးအသားမွာ တစ္စစီခုတ္ပိုင္းခံလိုက္ရသည့္ႏွယ္ သူ႕ခႏၶာကိုယ္တစ္ခုလုံး နာက်င္လို႔လာရသည္။ အဆိုပါ ဓားသည္ကား မီးဒဏ္၊ ေရဒဏ္ကိုခံနိုင္ရည္ရွိသည့္အျပင္ ေ႐ႊကိုအရည္ေပ်ာ္ေစကာ ေက်ာက္စိမ္းကိုခုတ္ပိုင္းနိုင္ေသာဂုဏ္သတၱိရွိ၏။ သို႔ျဖစ္ရာ သူ တကယ္ဖ်က္ဆီးပစ္ခ်င္လွ်င္ေတာင္မွ မည္ကဲ့သို႔ဖ်က္ဆီးရမည္ကိုမသိပါေခ်။

သည္လိုျဖစ္လာမွေတာ့ လွ်ို႔ဝွက္ခ်က္မ်ားကို အတင္းအၾကပ္ဖုံးကြယ္သိုဝွက္ထားေနျခင္းက ဘာအဓိပၸာယ္မွမရွိေတာ့မွန္း ႏွစ္ေယာက္စလုံးသေဘာေပါက္သြားၾကၿပီျဖစ္သည္။ တစ္ဖက္လူမွာ မည္မွ်အထိအင္အားႀကီးမားေၾကာင္းကိုလည္း တစ္ေယာက္ႏွင့္တစ္ေယာက္သိထားၾကၿပီးျဖစ္သည္။ အႏွီမိစာၦေလးသည္ကား ရွန႔္လင္ယြမ္း ထင္ထားသည့္အတိုင္းပင္၊ အေျခခံဗဟုသုတမရွိ၊ ဘာဆိုဘာမွလည္း နားမလည္။ ႐ႊမ္းက်ီးကေတာ့ မိစာၦအရွင္သခင္ႀကီးမွာ သူ႕ကိုယ္သူ ‘မွတ္ဉာဏ္ေပ်ာက္ဆုံးေနသည္’ ဟူေသာ ေျပာစကားမ်ားမွာ အပိုေျပာေနတာမဟုတ္ေၾကာင္း သေဘာေပါက္သြား၏။ သူ၏မွတ္ဉာဏ္မ်ားက ထူထဲသိပ္သည္းေသာျမဴခိုးေငြ႕မ်ားသဖြယ္၊ အတိတ္လည္းမသိ၊ အနာဂတ္လည္းမရွိ။

၎တို႔ႏွစ္ဦးမွာ တစ္ဖက္လူ၏အေပၚယံဟန္ေဆာင္မႈမ်ားေနာက္ကြယ္က အတြင္းစိတ္သေဘာထားမ်ားကို အတိုင္းအတာတစ္ခုထိ စုံစမ္းေထာက္လွမ္းနိုင္ခဲ့ၿပီးျဖစ္ေလရာ ဘာဆက္လုပ္ရမည္မွန္း ႀကံရာမရသည့္အဆုံး၌ တဝီဝီျမည္ေနသည့္ ေလယာဥ္အင္ဂ်င္စက္သံမ်ားၾကားတြင္ ေဘးခ်င္းကပ္၍ထိုင္ေန႐ုံသာတတ္နိုင္ေတာ့သည္။ ဤသို႔ဤႏွယ္ ငုတ္တုတ္ထိုင္ေနရင္းက တစ္ဖက္လူကို မည္သို႔မည္ပုံလက္စတုံးပစ္ရမလဲဆိုတာကို စဥ္းစားေနသလို တစ္ဖက္၌လည္း ထူးဆန္းစြာပင္ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္နားလည္ေနသည့္ ရဲေဘာ္ရဲဘက္ခံစားခ်က္မ်ားေပါက္ဖြားလို႔လာသည္။ 

တခဏမွ်စိတ္ေသာကေရာက္ေနၿပီးေနာက္မွာေတာ့ ႐ႊမ္းက်ီးက အျပဳသေဘာေဆာင္လိုက္ရင္း ျပႆနာကိုေျဖရွင္းရန္ႀကိဳးစားလိုက္သည္။ သူတို႔ႏွစ္ေယာက္ၾကားက မေက်နပ္ခ်က္မ်ားကို ေျဖေဖ်ာက္လိုက္ၿပီးသကာလ သူႏွင့္စိတ္ခ်င္းဆက္ေနေသာ မိစာၦအရွင္သခင္ႀကီးႏွင့္ ေဆြးေႏြးညွိႏွိုင္းရန္ႀကိဳးစားလိုက္၏။

“လူႀကီးမင္းခင္ဗ်….ကြၽန္ေတာ္တို႔ သတင္းအခ်က္အလက္ေတြကို တစ္ေယာက္နဲ႕တစ္ေယာက္မွ်ေဝၾကရင္မေကာင္းဘူးလား? ဟိုေလ….တစ္ေယာက္ကိုတစ္ေယာက္ အရွိကိုအရွိအတိုင္း ပြင့္ပြင့္လင္းလင္းေျပာၾကတယ္လို႔ပဲဆိုမလား? ကြၽန္ေတာ္သိသေလာက္ေတာ့ ဒီကမာၻေပၚမွာ လူတစ္ေယာက္နဲ႕တစ္ေယာက္ၾကားမွာ ေျပာလို႔မရတဲ့စကားဆိုတာမရွိဘူးတဲ့…ဟုတ္တယ္မလား?”

သူ႕စကားမဆုံးေသးခင္မွာပင္ စိတ္ထဲ၌ရွိေနေသာ ထိန္းခ်ဳပ္လို႔မရသည့္အေတြးမ်ားကို ရွန႔္လင္ယြမ္း ၾကားလိုက္ရ၏။

“မေတာ္လို႔မ်ား…”

ထို႔ေၾကာင့္ မိစာၦအရွင္သခင္ႀကီးကလည္း ခပ္ေရးေရးၿပဳံးလိုက္ၿပီး ႏႈတ္မွအသံထြက္ကာ တုံ႕ျပန္ေျပာဆိုလိုက္သည္။

“ေကာင္းသားပဲ….မင္းေျပာတာ အဓိပၸာယ္ရွိတယ္”

ထို႔ေနာက္မွာေတာ့ စိတ္ထဲမွေန၍ ‘ေသာက္ပိုေတြ’ ဟူေသာအေတြးကို လက္ေဆာင္အျဖစ္ထုပ္ပိုးကာ တစ္ဖက္လူထံသို႔ ျပန္ပို႔ေပးလိုက္ေလေတာ့သည္။

ထို႔ေနာက္တြင္ေတာ့ ႏွစ္ေယာက္စလုံးမွာ ပ်ားရည္ဆမ္းထားေသာစကားလုံးမ်ားေနာက္ကြယ္၌ ဓားမ်ားကိုသိုဝွက္ထားရင္း တစ္ေယာက္ကိုတစ္ေယာက္ စိတ္ထဲမွေန၍ အျပန္အလွန္ႀကိတ္ကာက်ိန္ဆဲေနၾကေတာ့သည္။ ႐ႊမ္းက်ီးမွာ ဤနည္းလမ္းက မည္သို႔မွအလုပ္မျဖစ္ေၾကာင္း သေဘာေပါက္သြားၿပီးေနာက္ ယေန႕ေခတ္လူ႕အသိုင္းအဝိုင္းအတြင္း၌ အေျခအေနႏွင့္အခ်ိန္အခါလိုက္၍ လိုက္ေလ်ာညီေထြေပါင္းသင္းဆက္ဆံတတ္ေသာ သူ၏အက်င့္ေကာင္းကို အျပည့္အဝထုတ္ေဖာ္လိုက္ၿပီး သူ႕စိတ္ကိုသူျပန္လည္ထိန္းညွိလိုက္ေလ၏။

“လူႀကီးမင္း….ကြၽန္ေတာ္တို႔ႏွစ္ေယာက္က တစ္ေယာက္ေသတာကို တစ္ေယာက္ၾကည့္ခ်င္ၾကတယ္ဆိုေပမယ့္ အခုခ်ိန္မွာေတာ့ ဘယ္သူ႕ဘယ္သူကိုမွ အေသမသတ္နိုင္ေသးဘူးမဟုတ္လား? ခင္ဗ်ားလည္း ကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာလွ်ို႔ဝွက္ခ်က္ေတြကို လူသိခံခ်င္မွာမဟုတ္ဘူးမလား?”

ထိုစကားႏွင့္ပတ္သက္ၿပီး ရွန႔္လင္ယြမ္းကိုရွင္းျပရန္မလိုအပ္ပါေခ်။ သူက အေၾကာင္းအရာမ်ားကိုဆက္စပ္စဥ္းစားလိုက္ၿပီး ‘ကိုယ္ေရးကိုယ္တာလွ်ို႔ဝွက္ခ်က္’ ဟူသည့္စကားမွာ ဘာကိုဆိုလိုသလဲဆိုတာကို နားလည္သေဘာေပါက္သြား၏။ သူက တခဏေလာက္ၿငိမ္သက္သြားသည္။ သူ႕ေခါင္းထဲ၌ ခ်ားရဟတ္တစ္ခုအလား ျဖတ္သန္းေနေသာ စိတ္စြမ္းအင္အစီအရင္မ်ားကို ႐ႊမ္းက်ီးတစ္ေယာက္ ၾကားေနရသည္။ သူၾကားေနသည့္အရာမ်ားကို ေကာင္းေကာင္း ‘နားမေထာင္’ လိုက္ရေသးခင္မွာပင္ ရွန႔္လင္ယြမ္း၏စကားသံကို သူၾကားလိုက္ရသည္။

“မင္းရဲ႕ စိတ္အာ႐ုံနဲ႕ ႏွလုံးသားကို တစ္သားတည္းျဖစ္ေအာင္ ေပါင္းစပ္ၿပီး တရားထိုင္လိုက္။ အဲဒါက စိတ္အာ႐ုံပ်ံ့လြင္မႈကို တားဆီးေပးနိုင္လိမ့္မယ္”

႐ႊမ္းက်ီး : “….”

ရွန႔္လင္ယြမ္း : “ တရားထိုင္တယ္ဆိုတာ ဘာကိုေျပာတာလဲ မင္းမသိဘူးမလား?”

ထိုကဲ့သို႔ေသာအေျခခံဗဟုသုတမ်ားက စိတ္ကူးယဥ္ဝတၳဳမ်ားကိုေရးသားေသာစာေရးဆရာမ်ားေတာင္ သိေသာအေၾကာင္းအရာမ်ားျဖစ္သည္ေလ။ ႐ႊမ္းက်ီးလည္း မသိဘဲမေန။ သူ၏မ်ိဳးႏြယ္စုအတြင္းရွိ ေရွးေဟာင္းစာေပမ်ားတြင္ တရားထိုင္ပုံထိုင္နည္းမ်ားအေၾကာင္းကို အေသးစိတ္လမ္းၫႊန္ေရးသားထားခ်က္မ်ားေတာင္ရွိေသးသည္။ လူတစ္ေယာက္သည္ကား တရားထိုင္ေနေသာအခ်ိန္၌ မစားမေသာက္ဘဲ၊ မအိပ္စက္ဘဲေနနိုင္သည့္အျပင္ ျပင္ပမွအေႏွာင့္အယွက္မ်ားကိုလည္း သည္းခံနိုင္စြမ္းရွိသည္__သူက အဆိုပါသေဘာတရားကို ေကာင္းစြာနားလည္ေသာ္လည္း အခုခ်ိန္က အလုပ္ခ်ိန္ျဖစ္ေနသလို မိမိမွာ အလုပ္ကိစၥျဖင့္ခရီးသြားေနခ်ိန္ျဖစ္လို႔ေနသည္။ သူ၏လုပ္ေဖာ္ကိုင္ဖက္မ်ားက လက္ရွိျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး အခ်င္းခ်င္းတိုင္ပင္ေဆြးေႏြးေနၾကသလို သူ႕ထံမွၫႊန္ၾကားခ်က္မ်ားကိုလည္း ေစာင့္ဆိုင္းေနၾကသည္။ သို႔ျဖစ္ရာ သူ႕အေနျဖင့္ အခုအခ်ိန္မွာ မ်က္လုံးႏွစ္လုံးကိုပိတ္ကာ တရားထိုင္ေနလို႔အဆင္ေျပပါ့မလား?

ထို႔အျပင္ သူ တရားထိုင္နည္းကိုလည္းမသိေပ။

ရွန႔္လင္ယြမ္းမွာ သူနားၾကားမ်ားမွားသြားေလသလား ဟူ၍ တခဏမွ်စဥ္းစားၾကည့္လိုက္ေသး၏။

“ဘာကိုမလုပ္တတ္တာလဲ?”

တရားမထိုင္တတ္ဘူးလို႔ ေျပာခ်င္တာလား?

ဒါေလးေတာင္မလုပ္တတ္ဘဲ ဘယ္လိုျဖစ္ၿပီး ဒီအသက္အ႐ြယ္ထိေရာက္လာတာလဲ?

႐ႊမ္းက်ီး၏ခႏၶာကိုယ္က တစ္ခုခုမွားယြင္းေနတာျဖစ္နိုင္သည္။ တရားထိုင္ပုံထိုင္နည္းကို သူ ဘယ္လိုသင္သင္ တတ္ကိုမတတ္ေပ။ ယခင္က အဖြဲ႕အစည္းတစ္ခုတြင္အလုပ္လုပ္ခဲ့စဥ္အခါက ကုမၸဏီကျပဳလုပ္ေပးသည့္ ‘ဝန္ထမ္းမ်ားကိုေထာက္ပံ့ကူညီေရးအစီအစဥ္’အရ ကုထုံးဆရာတစ္ေယာက္ကိုေခၚကာ ဝန္ထမ္းမ်ားကို တရားထိုင္ျခင္းႏွင့္အလြန္တူေသာ ‘အျပဳသေဘာေဆာင္သည့္စိတ္ေနစိတ္ထား’ ေလ့က်င့္ေရးသင္ခန္းစာမ်ားကိုသင္ၾကားေပးေစခဲ့သည္။ ႐ႊမ္းက်ီးသည္ကား ထိုလမ္းၫႊန္ခ်က္မ်ားကိုအမ်ားႀကီးမလိုအပ္ဘဲ ‘ စိတ္ႏွင့္ခႏၶာ တသားတည္းျဖစ္ကာ မွန္ကဲ့သို႔ၾကည္လင္ေသာစိတ္အေျခအေန’ သို႔ အလြယ္တကူပင္ေရာက္ရွိသြားနိုင္ခဲ့သည္။ သို႔ေသာ္ ထိုအခ်ိန္က အလြန္ဆုံးမွ တစ္မိနစ္ ႏွစ္မိနစ္ေလာက္သာခံတတ္သည္။ မိနစ္အနည္းငယ္ၾကာသြားသည္ႏွင့္ ၎မွာ ကတုန္ကယင္ျဖစ္ကာ အထိတ္တလန႔္ နိုးထလာရေလေတာ့သည္။ သူ႕ခႏၶာကိုယ္ထဲရွိ ယႏၲရားတစ္မ်ိဳးမ်ိဳးက သူ႕ကိုပိတ္ပင္တားဆီးေနသကဲ့သို႔။ ႏွစ္ႀကိမ္သုံးႀကိမ္ေလာက္ ႀကိဳးစားၿပီးသည့္္ေနာက္တြင္ေတာ့ အဆိုပါအလုပ္ကို သူအလိုအေလ်ာက္ပင္ျငင္းဆန္တတ္လာၿပီး ေနာက္ေနာင္ ဘယ္ေသာအခါမွ ထိုသင္တန္းကိုဝင္မတက္ေတာ့ပါေခ်။

“အေတာ္ေလးကို စိတ္ဝင္စားစရာေကာင္းတာပဲ။ တရားမထိုင္တတ္တဲ့လူမ်ိဳးကို ငါ တစ္သက္နဲ႕တစ္ကိုယ္ တစ္ခါမွမေတြ႕ဖူးေသးဘူး။ တကယ့္ကို ထူးဆန္းအံ့ဩဖြယ္ရာေတြနဲ႕ျပည့္ႏွက္ေနတဲ့ ကမာၻေလာကႀကီးပါပဲလား”

ရွန႔္လင္ယြမ္းက သူ၏မွတ္ဉာဏ္မ်ားကို ၾကည့္ရႈလိုက္ၿပီးေနာက္ ေအးေအးလူလူပင္ေျပာလာသည္။

“ျပႆနာေတာ့မရွိပါဘူး၊ ငါ ထိုင္တတ္ရင္ရၿပီပဲ”

“ခဏေလး”

႐ႊမ္းက်ီးက သူ႕ကိုဟန႔္တားလိုက္၏။

“လူႀကီးမင္း….လူႀကီးမင္းရဲ႕ က်ယ္ျပန႔္နက္ရွိုင္းတဲ့ဗဟုသုတနဲ႕ဆိုရင္ ဒီထက္ေကာင္းတဲ့နည္းလမ္းေတြမရွိေတာ့ဘူးလား? ဒီတရားထိုင္တဲ့နည္းလမ္းႀကီးကေတာ့ တကယ့္ကို အဆင္မေျပလို႔ပါဗ်”

အကယ္၍သာ ရွန႔္လင္ယြမ္းက သူတစ္ေယာက္တည္း တစ္ဖက္သတ္တရားထိုင္လိုက္မည္ဆိုပါက သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ ေထာက္လွမ္းအကဲခတ္ေနမႈမ်ားကို ေသခ်ာေပါက္ပိတ္ပင္တားဆီးနိုင္မည္ျဖစ္သည္။ သို႔ေသာ္ တဆက္တည္းမွာပင္ မေတာ္တဆခ်ိတ္ဆက္မိသြားေသာ သူတို႔ႏွစ္ေယာက္၏အသိဉာဏ္ပင္လယ္အၾကား၌ တံခါးတစ္ခ်ပ္ခံထားလိုက္သလိုမ်ိဳးျဖစ္သြားေပလိမ့္မည္။ ဤတြင္ တစ္ခုတည္းေသာျပႆနာမွာ တံခါးကို တစ္ဖက္တည္းမွ ‘ေသာ့ခတ္’ ထားျခင္းပင္ျဖစ္သည္__အႏွီမိစာၦသည္ကား သူႀကိဳက္သည့္အခ်ိန္တြင္ တြန္းဖြင့္ကာဝင္ေရာက္လာနိုင္ေပသည္။

ရွန႔္လင္ယြမ္း၏စကားသံ၌ ခပ္ေဖ်ာ့ေဖ်ာ့ရယ္သံမ်ားစြက္လို႔ေနသည္။

“အခုနည္းလမ္းေလာက္ အဆင္ေျပတာမရွိေတာ့ဘူး။ ဒီလိုပဲ ဆုံးျဖတ္လိုက္ၿပီ”

႐ႊမ္းက်ီး : “မရဘူး! ကြၽန္ေတာ္ သေဘာမတူဘူး ! ဒါ လုံးဝမတရားဘူး!”

မိစာၦက အသံထြက္ကာရယ္ေမာလိုက္သည္။ တစ္စကၠန႔္မွ ေတြေဝတုံ႕ဆိုင္းျခင္းအလ်ဥ္းမရွိဘဲ မ်က္စိတမွိတ္အတြင္းမွာပင္ သူ႕ဘက္ျခမ္းမွ မည္သည့္အသံမွထြက္မလာေတာ့ေပ။ ႐ႊမ္းက်ီးမွာ သူ၏သက္ေစာင့္ဓားထဲမွ ထြက္ေပၚလာေနေသာ ရွည္လ်ားၿပီးေအးေဆးတည္ၿငိမ္သည့္ အသက္ရႉသံသဲ့သဲ့ကိုသာၾကားလိုက္ရရွာသည္။

ေသခ်င္းဆိုးႀကီး!

ဤသို႔ဤႏွယ္ သူတို႔ႏွစ္ေယာက္၏က်ိဳးပဲ့ပ်က္စီးသြားသည့္ သေဘာတူညီခ်က္တို႔က မီးခိုးတန္းမ်ားႏွင့္အတူ ေလယာဥ္ေနာက္တြင္က်န္ရစ္ခဲ့ရွာၿပီး ေလယာဥ္က တုံးခြၽမ္းၿမိဳ႕ဆီသို႔ ဦးတည္ပ်ံသန္းသြားေနေတာ့သည္။  

4.6.21

🔥🔥🔥🔥🔥

Original Author’s Note

စာေရးသူမွာ ေျပာစရာရွိပါတယ္

မွတ္ခ်က္။ ဤစာအုပ္ထဲတြင္ ေရးသားထားေသာ သမိုင္းႏွင့္ဆက္စပ္သည့္အေၾကာင္းအရာမ်ားအားလုံးမွာ ကြၽန္မ လုပ္ႀကံဖန္တီးေရးသားထားေသာ ကိုယ္ပိုင္ဇာတ္လမ္းမ်ားသာျဖစ္ပါသည္။

ဒီေနရာမွာ နားလည္မႈလြဲသြားမွာစိုးတဲ့အတြက္ ကြၽန္မရွင္းျပပါ့မယ္။ “ငါကိုယ္ေတာ္” (က်န႔္ / 朕 ) ဆိုတဲ့ အသုံးအႏႈန္းက ေရွးေခတ္တ႐ုတ္ျပည္မွာ သုံးတဲ့စကားလုံးပါ။ အလြန႔္အလြန္ကိုေရွးက်တဲ့ ေခတ္ကာလတုန္းကေပါ့။ မိမိကိုယ္ကိုရည္ၫႊန္းတဲ့စကားလုံးျဖစ္ၿပီး ေတာ္ဝင္မ်ိဳးႏြယ္ေတြမွာပဲ သုံးလို႔ရတဲ့စကားလုံးေတာ့မဟုတ္ပါဘူး။ ကြၽန္မတို႔ ငယ္ငယ္တုန္းက သင္ခဲ့ရတဲ့ (ကြၽန္ုပ္၏ေတာ္ဝင္ဘိုးေဘး၏အမည္မွာ ‘ေပၚယုန္း’ ဟုေခၚသည္ / 朕皇考日伯庸) ဆိုတဲ့ စာသားမွာ အဲဒီစကားလုံးကိုသုံးႏႈန္းထားပါတယ္။

【ဆိုလိုတာက ဘိုးေဘးျဖစ္သူက ေတာ္ဝင္မ်ိဳးႏြယ္ျဖစ္နိုင္ေပမယ့္ အခုဒီစာေၾကာင္းကိုေျပာေနတဲ့သူကေတာ့ ဧကရာဇ္တစ္ပါးမဟုတ္ပါဘူး】

‘ခ်င္’ မင္းဆက္ေႏွာင္းပိုင္းေရာက္ေတာ့မွသာလွ်င္ အဲဒီစကားလုံးကို မင္းဧကရာဇ္ေတြက ေခၚေဝၚသုံးႏႈန္းခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ အရမ္းႀကီးအသုံးမတြင္က်ယ္ခဲ့ပါဘူး။ အေရးႀကီးတဲ့ပြဲလမ္းသဘင္အခမ္းအနားေတြနဲ႕ သမားရိုးက်ဆန္တဲ့အေရးအသားေတြမွာသာ သုံးစြဲေလ့ရွိပါတယ္။ သမိုင္းမွတ္တမ္းေတြထဲမွာေတာ့ ‘ခ်င္’ မင္းဆက္နဲ႕ ‘ဟန္’ မင္းဆက္ေတြမွာ မင္းဧကရာဇ္ေတြက သူတို႔ကိုယ္သူတို႔ (ဝူး- 吾) လို႔ ေခၚေဝၚသုံးႏႈန္းခဲ့ၾကပါတယ္။

Eng T/N

ဖ်င္(平) ဆိုတဲ့စကားလုံးက ‘ၿငိမ္ဝပ္ပိျပားေစသည္၊ ေအးခ်မ္းတည္ၿငိမ္ေစသည္’ လို႔အဓိပၸာယ္ရပါတယ္။ ဧကရာဇ္ဖ်င္ဟာ ခ်ိယြမ္းတိုက္ပြဲ(ခ်ိယြမ္းကိုၿငိမ္ဝပ္ပိျပားေစမည့္ စစ္ပြဲ---ဖ်င္ယြမ္း)ကိုစတင္ခဲ့သူျဖစ္တာမို႔ သူ႕ကို ဒီဘြဲ႕ေတာ္ေပးအပ္ထားတာျဖစ္ပါတယ္

‘ရွန႔္ေရွာင္း’ ရဲ႕တရားဝင္ဧကရာဇ္ဘြဲ႕ေတာ္က ဝူ(武) ျဖစ္ပါတယ္။ ‘စစ္မက္ေရးရာ’ လို႔အမည္ရပါတယ္။ သူထီးနန္းစိုးစံစဥ္အခါက ပဋိပကၡစစ္ပြဲေတြျဖစ္ပြားခဲ့တာကို သြယ္ဝိုက္ရည္ၫႊန္းျပသတဲ့အေနနဲ႕ အဲဒီဘြဲ႕နာမည္ေတာ္ကိုေပးထားတာျဖစ္ေပမယ့္ သံမဏိလက္သီးလိုမ်ိဳး  ခိုင္မာတည္ၾကည္စြာအုပ္ခ်ဳပ္တတ္တဲ့ သူ႕ရဲ႕စရိုက္လကၡဏာနဲ႕လည္းကိုက္ညီမႈရွိေနပါတယ္။

Continue Reading

You'll Also Like

589K 67.8K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
1M 125K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.5M 188K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3.5M 532K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...