ဆရာကိုသွားကြိုပေးဖို့ရာ သူငယ်ချင်းဖြစ်တဲ့ကျော်ဇောကိုပဲ နောင်အကူအညီတောင်းရသည်။ မိနစ်ပိုင်းလောက်အကြာမှာ ကျော်ဇောနဲ့အတူ ဆရာပါလာသည်။ နောင်လည်း ခြံတံခါးအမြန်သွားဖွင့်ပေးလိုက်သည်။
"ဆရာ အထဲကိုကြွပါ.."
ကျော်ဇောကပဲဆေးအိတ်ကိုကိုင် အိမ်ထဲကိုအရင်ဝင်သွားသည်။
"ဟင် ရှင်းသန့့််.."
အိမ်ထဲဝင်ဝင်ချင်း လှဲနေတဲ့ရှင်းသန့်ကိုတွေ့လိုက်ရတော့ နန္ဒအံ့သြသွားသည်။ နန္ဒနဲ့ရှင်းသန့်ဆိုတာ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သည်။ နန္ဒ ဒီမှာ တာဝန်ကျပြီးကတည်းက ရှင်းသန့်တစ်လတစ်ကြိမ်တောင်ပုံမှန်မတွေ့ဖြစ်။ နန္ဒ အိမ်ကိုပြန်တော့ ရှင်းသန့်ရဲ့အကြောင်းတွေကိုကြားမိပါသည်။ ရှင်းသန့်မိဘတွေရဲ့ပြောပြချက်အရ ရှင်းသန့်ကိုမတွေ့သေးဘူးဆိုတာကြောင့် နန္ဒလည်း စိတ်ပူနေခဲ့တာ။ ပြန်တွေ့တော့လည်း သူနဲ့အနီးဆုံးမှာပင်။
သူခေါ်တာသိသည့်အလား ရှင်းသန့်က မျက်လုံးဖွင့်လာသည်။ သူ့ကိုမြင်တော့ အံ့သြသွားကာ ခေါင်းခါပြလာသည်။ သူနဲ့သိတယ်ဆိုတဲ့အကြောင်းကို ရှင်းသန့်က ဖုံးကွယ်ထားချင်နေတာလား...
"ဆရာ မထိုင်ဘူးလား....
ဒီတိုင်းရပ်ကြည့်နေမှာလား.."
အနောက်ကနေပြောလာတဲ့ ခပ်မာမာလေသံကြောင့် နန္ဒ ရှင်သန့်ဘေးမှာထိုင်လိုက်သည်။
"သူပြန်ကောင်းဖို့အတွက် ဆေးများများထိုးပေးသွားပါ နောက်ဆရာမခေါ်ရအောင် သောက်ဆေးလည်းများများပေးသွား...
ကျသလောက်ရှင်းမှာပါ..."
"နောင်နောင် ဆရာ့ကိုအဲ့လိုမပြောရဘူးလေ.."
သူ့စကားဟာ တဖက်သားနားထဲမှာ ကောင်းသလား ဆိုးသလားလည်း နားမလည်တဲ့နောင်နောင့်ကို ကျော်ဇော ဆက်မပြောရန် ပိတ်လိုက်သည်။
"အဲ့လိုမပြောလို့ ငါကဘယ်လိုပြောရမှာလဲ?.."
"ဘာမှမပြောဘဲ တိတ်တိတ်လေးနေတာအကောင်းဆုံးပဲ.."
ကျော်ဇောပြောလိုက်မှပဲ နောင်လည်း ဆက်မပြောတော့ဘဲ ရှင်းသန့်ဘေးမှာထိုင်နေတဲ့နန္ဒကိုကြည့်နေသည်။
"နောင်နောင် ဟေ့ကောင် မင်းပြောတော့၂အိမ်ကျော်ဆို ခြံတံခါးပိတ်ထားတဲ့အိမ်ကြီးဖြစ်နေတယ်...
ငါ့ကိုသေချာလာပြောပြစမ်းပါကွာ မင်းကျေးဇူးကိုမမေ့ပါဘူး.."
အိမ်ရှေ့ကနေအော်နေတဲ့နေထူးရဲ့အသံကြောင့် နောင်အပါအဝင်အားလုံး အပြင်ကိုလှည့်ုကြည့်ကြသည်။
"ဘာမှမဖြစ်ဘူး ဒီကောင်အော်နေရုံရမှာ အိမ်ထဲဝင်လာလို့မရဘူး တံခါးပိတ်ထားခဲ့တယ်...
ဒေါက်တာ ဆေးထိုးမို့မလားဆက်ထိုး ဆက်ထိုး..."
နောင်ကသာ ဒေါက်တာကိုဆေးထိုးပြောနေပေမယ့် ရှင်းသန့်ကတော့ ဆေးထိုးအပ်ကိုမကြည့်ဘဲ တစ်ဖက်လှည့်နေသည်။
"နောင်နောင် ဟေ့ကောင် ထွက်လာပါဦးဟ...
မင်းမလာရင် ငါတံခါးဖျက်ပြီးဝင်လာမှာနော်..."
"ဒီကောင်ကတော့..."
အရှေ့ကအော်ပြီးနှောင့်ယှက်နေတဲ့နေထူးကြေုင့် နောင်လည်းအိမ်အပြင်ကိုထွက်လိုက်သည်။ အကျယ်ကျယ်ဖြစ်မှာစိုးတာကြောင့် ကျော်ဇောလည်းအနောက်ကလိုက်သွားသည်။
"ရှင်းသန့့်် မင်းအဆင်ပြေရဲ့လား...
အန်ကယ်နဲ့အန်တီတို့မင်းကိုစိတ်ပူနေတယ်.."
"ငါသိပါတယ်..."
"နောင်နောင်ဆိုတာလား မင်းရဲ့......."
"အင်း ဟုတ်တယ်.."
ရှင်းသန့်ကိုကြည့်ပြီး အားမလိုအားမရဖြစ်နေသည်က နန္ဒပင်။
"အခုရော ဘယ်လိုဖြစ်တာလဲ?...
ကိုယ်နေမကောင်းဖြစ်တတ်မှန်းသိရင် ဂရုစိုက်ရမှာမဟုတ်ဘူးလား..
မင်းနဲ့တော့..."
"အ!.."
စကားပြောရင်တင်ပါးကိုဆေးထိုးလိုက်သည်မို့ ရှင်းသန့်လည်း နာသွားကာလန့်သွားသည်။
"ဆေးထိုးတာကျ နာတတ်တယ်ပေါ့...
ကိုယ့်ကိုယ်ကျဂရုမစိုက်ဘဲနဲ့..."
တင်ပါးကိုဆေးချေပေးရင်း နန္ဒလည်းစကားဆက်ပြောလိုက်သည်။
"မင်းကတော့လေ တွေ့လိုက်တိုင်းပွစိပွစိနဲ့ မိန်းမကြီးကျနေတာပဲ..."
"အဲ့တာ မင်းကိုစိတ်ပူလို့လေ..
မသိဘူးလား..."
ပြောလည်းပြော ရှင်းသန့်ရဲ့နှာခေါင်းလေးကိုလိမ်ဆွဲလိုက်သည်။
"အ! နာတယ်ကွ ဟွန်း....
တွေ့တိုင်း ပြောပေါင်းမနည်းတော့ဘူး နှာခေါင်းမလိမ်ဆွဲပါနဲ့ဆိုတာကို.."
"ရန်တောင်တွေ့နိုင်တယ်ဆိုတော့ ငါ့ဆေးကအစွမ်းထက်သားပဲ..."
"မင်းတော့.....
ငါနေကောင်းမှ တွေ့မယ်.."
"ဟက်!..."
ရယ်နေတဲ့နန္ဒကိုကြည့်ပြီး ရှင်းသန့်ခေါင်းခါလိုက်သည်။ တွေ့လိုက်တိုင်း သူ့ကိုအနိုင်ကျင့်မယ်ဆိုတာကြီးပဲ...
"နန္ဒ ငါတစ်ခုတောင်းဆိုတာပါ...
ဖေဖေတို့ကို ငါဒီမှာရှိတဲ့အကြောင်းမပြောပါနဲ့ကွာနော်...
ငါ့ကြောင့် ဖေဖေတို့တခါအရှက်ရရုံနဲ့ပြီးပါစေတော့.."
"မဟုတ်တာကွာ အန်တီဆိုမင်းကိုစိတ်ပူတဲ့စိတ်နဲ့ထမင်းတောင်ကောင်းကောင်းမစားနိုင်ဘူးတဲ့..."
"ငါအဆင်ပြေတယ်လို့သာပြောပေးပါ ငါရှိတဲ့နေရာကိုတော့မပြောပါနဲ့ကွာနော်...
ငါတောင်းဆိုတာပါ သူငယ်ချင်းရာ နော်...."
နန္ဒလည်း ရှင်းသန့်ရဲ့စိတ်တိုင်းကျ ခေါင်းညိတ်ပြလိုက်သည်။
"အေးပါ ငါမပြောပါဘူး...
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဖြစ်သမျှအကြောင်းအရာအားလုံးကိုငါ့ကိုပြန်ပြောရမယ်နော်...
မင်းအကောင်ပုံကြည့်ရတာ အပြောဆိုးဆိုးနဲ့ သူနဲ့အဆင်မပြေရင် ငါ့ဆီကိုသာလာခဲ့ကြားလား.."
"အေးပါ..."
"အင်းအင်း ငါလည်းမင်းဆီမကြာမကြာလာမှာပါ.."
"အင်း..."
ရှင်းသန့်တို့စက့်တို့စကားပြောပြီးတာနဲ့ နောင်နဲ့ကျော်ဇောတို့အိမ်ထဲပြန်ဝင်လာသည်။
"အိမ်ထဲမှာနေခဲ့ပါဆိုတာလိုက်လာသေးတယ်.."
"ပြသနာဖြစ်မှာစိုးလို့ပါကွာ.."
အနောက်ကလိုက်လာတဲ့ကျော်ဇောကိုလှည့်ပြောရင်း ပုဆိုးကိုမကာအိမ်ထဲဝင်လာတဲ့နောင်ကိုကြည့်ပြီး နန္ဒခေါင်းခါလိုက်သည်။ ရှင်းသန့်လို့အေးအေးနေတတ်တဲ့လူက နောင့်လိုလူနဲ့ဘယ်လိုများတွေ့ခဲ့တာပါလိမ့်။ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ရှင်းသန့်ဘေးမှာဝိုင်းဝိုင်းလည်တဲ့ကြားထဲမှာ နောင့်ကိုဘာလို့ပြန်ချစ်သွားတာလဲဆိုတာ နန္ဒမစဉ်းစားတတ်တော့။
"ရှင်းသန့့်် မင်းသူနဲ့နေရတာအဆင်ရောပြေရဲ့လား..."
နန္ဒ ရှင်းသန့်နားကပ်ကာတိုးတိုးလေးမေးလိုက်သည်။ အဲ့တာကို နောင်ကသိသည်ထင် သူတို့၂ယောက်ကိုသေချာစိုက်ကြည့်နေသည်။
"ပြေပါတယ်....
ငါကသူ့ကိုချစ်တာကို...."
နောက်ဆုံးစကားကိုတိုးတိုးလေးပြောလိုက်တဲ့ရှင်းသန့်ရဲ့စကားကို နန္ဒသေချာကြားဖြစ်အောင်ကြားလိုက်သည်။
"ဒေါက်တာ ဆေးဖိုးဘယ်လောက်ကျလဲမသိဘူး..."
နောင့်စကားကိုကြားတာနဲ့နန္ဒလည်း ဆေးအိတ်ကိုသေချာပြင်လိုက်သည်။ ဒီလိုပြောလာပြီဆိုကတည်းက သူ့ကိုပြန်ပါတော့ဆိုပြီ မနှင်ရုံတမယ်ပင်။
"ရပါတယ် မပေးပါနဲ့တော့..."
"မဟုတ်တာ ပြောပါဒေါက်တာ ကျွန်တော်ပေးနိုင်ပါတယ်..."
"ကိုယ်နဲ့ရှင်းသန့်နဲ့က့်နဲ့ကလည်း ရင်းနှီးတဲ့သူတွေဖြစ်သွားပြီမို့ မပေးပါနဲ့တော့.."
ရင်းနှီးတဲ့သူတွေတဲ့လား...
နောင် ဆက်မပြောတော့ဘဲ လမ်းဖယ်ပေးလိုက်ပြီး ကျော်ဇောကိုလိုက်ပို့ပေးဖို့မျက်နှာရိပ်ပြလိုက်သည်။
"သြော် ကိုယ်ခုနကဆေးချေပေးခဲ့ပေမယ့်မရသေးဘူး ဒီကကိုနောင်နောင်ကပဲရှင်းသန့်တ့်တင်ပါးကိုဆေးချေပေးလိုက်ပါနော်.."
ဒီဆရာဝန်တော်တော်လက်ရဲဇက်ရဲနိုင်တာပဲ...
နှုတ်ခမ်းတစ်ဖက်တွန့်ကွေးကာ ပြန်ပြောလိုက်သည်က...
"အင်း...
ကျော်ဇော နီလာ့ကိုငါ့အိမ်လာဖို့ပြောလိုက်တယ်မဟုတ်လား.."
"အေး လာလိမ့်မယ်.."
"ပြီးရော..."
ကျော်ဇောတို့ထွက်သွားတာနဲ့ နောင်လည်းပုဆိုးကိုတိုတိုတုတ်တုတ်ဝတ်လိုက်ပြီး ရှင်းသန့်အ့်အနားမှာသွားထိုင်လိုက်သည်။
"ဟိုဘက်လှည့် ကျုပ်မျက်နှာကိုကြည့်မနေနဲ့.."
"အင်း..."
ရှင်းသန့်လ့်လည်းတစ်ဖက်လှည့်ပေးလိုက်တော့ နောင်က ဆေးထိုးထားတဲ့နေရာကိုမှန်းကာဆေးချေပေးလေသည်။ ဆေးအရှိန်ကြောင့်ပဲလားမသိ ရှင်းသန့်မှေးခနဲအိပ်ပျော်သွားသည်။
ရှင်းသန့်အိပ်ပျော်သွားမှသာ နောင်လည်းခြင်ထောင်သေချာချပေးလိုက်ပြီး ရေချိုးလိုက်သည်။ ခဏကြာတော့ နီလာရောက်လာသည်။
"ရော့ ကိုနောင်နောင်မှာထားတဲ့ကြက်သားစွပ်ပြုတ်ရပါပြီ..."
"တခါတည်းပန်းကန်ထဲထည့်သွားပေး...
ငါ ရာရှင်းသန့်ကိုသွားနှိုးလိုက်ဦးမယ်..."
"ပြီးရော ပြီးရော.."
နောင်လည်း ရှင်းသန့်ရဲ့ခြင်ထောင်ကိုအပေါ်သို့တင်လိုက်ပြီး ရှင်းသန့်ကိုလှုပ်နှိုးလိုက်သည်။
"ရာရှင်းသန့့်် ရာရှင်းသန့့်် ခဏထဦး ဆေးသောက်ရဦးမယ်.."
နောင်လှုပ်နှိုးလိုက်တော့ ရှင်းသန့်ဖြေးဖြေးချင်းထလာသည်။ စောင်ခြုံထားတော့ချွေးတွေကလည်းစိုရွှဲနေသည်။
"နီလာမပြီးသေးဘူးလား.."
"ပြီးပါပြီဟ လာနေပါပြီ..."
ဆန်ပြုတ်ပန်းကန်လေးကိုင်ကာနီလာက တောင့်ဘေးမှာဝင်ထိုင်သည်။ ရှင်းသန့်လ့်လည်း နီလာ့ကိုတစ်ခါမှမမြင်ဖူးတာကြောင့် ကြည့်နေမိသည်။
"ကျွန်မက နီလာပါ...
နောင်နောင့်သူငယ်ချင်း..."
"သြော် အင်းအင်း.."
"ကိုရှင်းသန့်ကိုတော့ ကျွန်မတို့သိပါတယ်...
ကျွန်မတို့ကိုသာ ကိုရှင်းသန့်က့်ကမသိတာ.."
"နီလာ နင်စကားဆက်များနေဦးမှာလား...
ခင်ဗျားလည်း ကိုယ်စားစရာရှိတာကိုစား စားပြီးရင်ဆေးသောက် ပြီးရင်အိပ်လိုက်တော့.."
"အင်း..."
ရှင်းသန့်လ့်လည်း ဆန်ပြုတ်ပန်းကန်ကိုကိုင်ကာ ၂ဇွန်း၃ဇွန်းသာ ယူစားလိုက်ပြီး ပြန်ပေးလိုက်သည်။ နောင်ပေးလာတဲ့ဆေးကိုသောက်လိုက်ပြီး ခဏပြန်မှေးနေလိုက်သည်။
"စားတာနည်းလိုက်တာ..."
"နေမကောင်းဖြစ်နေတာလေဟယ် ဒီလောက်ပဲစားမှာပေါ့ စိတ်ပူနေတာလား.."
"စိတ်ပူတာမဟုတ်ဘူး နေမကောင်းပြန်ဖြစ်ရင်ငါပဲကုပေးရမှာလေ...
အဲ့တာကြောင့်မို့ပြောတာ..."
ရှင်းသန့်မျက်ရည်တွေခေါင်းအုံးပေါ်သို့စီးကျသွားလေသည်။ နောင့်စကားတွေက ဘာလို့သူ့ရင်ဘက်ကိုနာစေတာလဲ?...
နောင်ကမင်းကိုချစ်မှမချစ်ဘဲ ဘာလို့နောင့်ရဲ့ဂရုစိုက်မှုကိုလိုချင်နေရတာလဲ?..
နောင်နောင်နဲ့နီလာ ရှင်းသန့်နားကထသွားကာ ထမင်းစားခန်းထဲသို့ဝင်သွားသည်။
"နောင်နောင် နင်ဟာလေ အပြောအဆိုးကိုမတတ်ဘူး.."
"အဲ့တော့ ဘာဖြစ်လဲ?.."
"ဘာမှမဖြစ်ပါဘူးအေ ဘာမှမဖြစ်ပါဘူး...
ခုနက ကိုရှင်းသန့်ကိုကြည့်ရတာချွေးတွေစိုနေသလိုပဲ အင်္ကျီလဲပေးလိုက်ပါလား.."
"ဟာ မလုပ်ချင်ပါဘူး...
နင်သွားလဲပေးလိုက်.."
"ဟဲ့ ဖြစ်မလား နင်တို့ကလင်......အင်း....
ငါကအပျိုလေးဟဲ့...
သွားသွား သွားလဲပေးလိုက်..."
"မလုပ်ချင်ပါဘူးဆိုဟာ.."
"သွားပါဟာ ချွေးတွေနဲ့ဆိုတော့ကိုရှင်းသန့်နုံးနေမှာပေါ့ သွားလဲပေးလိုက်ပါ..."
နီလာရဲ့တိုက်တွန်းမှုကြောင့် နောင် ရှင်းသန့်နားတဖန်ရောက်သွားပြန်သည်။ သူအဝတ်အစားတွေထဲကပဲကောင်းတာတစ်ထည်ယူလိုက်ပြီး..
"ရာရှင်းသန့် ခဏထဦး...
အဝတ်အစားထလဲ.."
"ရတယ် ကိုယ်မလဲချင်တော့ဘူး..."
"မလဲလို့မရဘူး အခုထ....
မလုပ်ပေးပြန်ရင် လူတွေကကျုပ်ကိုပဲမကောင်းမြင်မှာ..."
"ငါ့ကိုရွဲ့ပြောနေတာမလား ငါကြားတယ်နော်..."
နောင်ပြောလိုက်တဲ့စကားကို ထမင်းစားခန်းထဲကနီလာကလည်း ပြန်လည်အော်ပြောလာသည်။ ဒီနေရာမှာ သူဟာ လူပိုကြီးတစ်ယောက်လိုဖြစ်လို့...
စိတ်တိုင်းကျ အင်္ကျီချွတ်ကာ သူပေးတဲ့အင်္ကျီကိုလဲလိုက်သည်။
နောင်ကသူ့အင်္ကျီအပုံထဲကို ရှင်းသန့်အင်္ကျီကိုပါ ပစ်ထည့်လိုက်သည်။
"ကိုယ့်အင်္ကျီကိုယ်လျှော်ပါ့မယ်..."
"နေမကောင်းဖြစ်နေလို့လျှော်ပေးတာ အထွန့်မတက်နဲ့...
ကဲ နီလာ မုန်လာရွက်ခူးမလို့ဆို...
သွားခူးလေ မြက်တွေနဲ့သေချာရွေးနှုတ် မြက်ရှမယ်..."
ကိုယ့်လက်ဖဝါးကိုငုံ့ကြည့်ရင်း ရှင်းသန့် အောက်နှုတ်ခမ်းကိုနာနာကိုက်ထားလိုက်သည်။ နောင်ဟာ သူ့အပေါ်ကလွဲရင် လူတိုင်းအပေါ်ကို စိတ်ရင်းကောင်းတာလား..
ဒါမှမဟုတ် နီလာတစ်ယောက်တည်းကိုလား...
စောင်ကိုခေါင်းမြှီးခြုံကာ သူပြန်လှဲလိုက်သည်။ သူအိပ်ပြီဆိုတာနဲ့နောင်က သူ့အနားချက်ချင်းထကာ နီလာ့အနားကိုလျှောက်သွားမယ်ဆိုတာသူသိနေသည်။ စီးကျနေတဲ့မျက်ရည်တွေကိုလည်း သူမသုတ်မိ ရှိုက်သံမထွက်မိအောင်သာ ထိန်းနေရသည်။
"နောင်နောင် ကိုရှင်းသန့်ကချမ်းနေတာလားမသိဘူး..."
"ဘယ်သိမှာလဲ?.."
"တုန်နေတယ်ဟ ချမ်းနေတယ်ထင်တယ်...
ဇာတ်ကားတွေထဲမှာဆို မင်းသမီးဖျားရင်မင်းသားကဖက်ပေးထားတယ်...
နင်လည်းသွားဖက်ပေးထားလိုက်ပေါ့..."
"ငါကရူးနေလို့သွားဖက်ပေးရမှာလား...
နေဦး ငါအကြံတစ်ခုရပြီ.."
နောင်သူ့အခန်းထဲပြန်ဝင်သွားပြီး သူဖက်နေကျခွခေါင်းအုံးကိုယူလာသည်။ ရှင်းသန့်ခြင်ထောင်ထဲကိုထည့်ပေးလိုက်သည်။
"ရာရှင်းသန့် ခင်ဗျားချမ်းရင် ဒီခွခေါင်းအုံးကိုဖက်ထား..."
ပြောပြီး နောင်ကနီလာအနားကိုပြန်လျှောက်သွားသည်။
"ငါ့အကြံပိုင်တယ်မလား.."
"နောင်နောင် နင် နင်ဟာလေ နှလုံးသားမရှိတဲ့လူ လူယုတ်မာကြီး..."
"နင်အခုမှသိလား...
လာ ငါမုန်လာရွက်ဝိုင်းခူးပေးမယ် ချက်ပြီးရင်လည်းတစ်ခွက်လာပို့ဦး.."
"ဖြစ်ရတယ်..."
ရယ်ရယ်မောမောနဲ့အိမ်ထဲကထွက်သွားတဲ့နောင်တို့အသံတွေဝေးသွားပြီဆိုကာမှ အနောက်ကခွခေါင်းအုံးကိုယူလိုက်ကာ ရှင်းသန့်ဖက်ထားလိုက်သည်။ နောင့်ရဲ့အငွေ့အသက်တွေပါတဲ့ဒီခွခေါင်းအုံးလေးကိုဖက်ထားရတာနဲ့တင် သူကျေနပ်နေသင့်ပါပြီ....
___________________________________________________________
2.6.2021
💙Chel💙