အသက်နှင့်လဲ၍ (Completed)
By EmmaXing95
177K 10.8K 83
1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final
6.4K 212 3
By EmmaXing95
Unicode
မင်္ဂလာပွဲနေ့တွင်.....
"ကျန့်ကျန့်! ကျန့်ကျန့်! ထတော့ နောက်ကျနေပြီလေ"
"အင်.. အင်းး မား..သားဒီနေ့ကျောင်းမတက်တော့ဘူး"
"အော် ဒီကလေး အိပ်ချင်မူးတူးနဲ့ ဘာတွေပြောနေတာလဲ မင်္ဂလာပွဲနောက်ကျနေပြီ မင်းပါးပါးအောက်မှာစောင့်နေတယ် မြန်မြန်ပြင်ဆင်တော့"
"မင်္ဂလာပွဲ... ဘယ်သူ့မင်္ဂလာ....ဟာ!! ဘယ်နှစ်နာရီ...!!! ဘယ်နှစ်နာရီထိုးပြီလဲ!!"
"၆ နာရီ၊ ပြင်ရဆင်ရမှာနဲ့ ၊ကျင်းပမဲ့နေရာကလည်း ဒီနဲ့ဝေးတယ် အခုမသွားရင် မမှီတော့ဘူး မြန်မြန်လုပ်တော့"
ရေချိုးခန်းထဲပြေးဝင်သွားတဲ့ သားတော်မောင်ကို ကြည့်ရင်းခေါင်းခါမိသည်။ ခါတိုင်းစောစောထတတ်တဲ့ ကလေးက အခုတော့ အကျင့်တွေကိုပျက်လို့ ရိပေါ်လေးက အရမ်းအလိုလိုက်တယ်နဲ့တူပါတယ်။
မင်္ဂလာပွဲကျင်းပမယ့်ရက်မတိုင်မီ တစ်ညမှာ ရှောင်းကျန့်က မားတို့အိမ်မှာသွားနေကာ ရိပေါ်ကတော့ သူ့အစ်ကိုအိမ်ဆီပြန်သွားသည်။ ပွဲကြမှတွေ့ချင်တယ်ဆိုတဲ့ ကောအလိုကျ ရိပေါ်ကလိုက်လျောပေးသည်။
ရေမြန်မြန်ချိုးပြီး အောက်ဆင်းလာတော့ ဘုကြည့်ကြည့်နေတဲ့ပါးကို ရယ်သာပြလိုက်ပြီး အမြန်သွားရတော့သည်။ သူတို့ပွဲလုပ်မယ့်နေရာက ကမ်း‌ေြခနားက ဟိုတယ်လေးမှာ ဘာလို့အဲ့မှာလုပ်လဲဆိုတာ ရိပေါ်ကမပြောပေ။ ဟိုရောက်တော့ ဝမ်ချင်ပါရောက်နေကာ သူ့ကိုကူညီပေးသည်။
"အဟင့် အဟင့် ငါတို့တွေအိမ်ထောင်ကျတဲ့အထိ မခွဲကြဘူးလို့ ပြောခဲ့ကြတာတောင် မနေ့တစ်နေ့ကလိုပဲ အဟင့် နောက်တစ်ပတ်ကြငါလည်း မင်္ဂလာဆောင်ရတော့မှာ အဟင့် ဘာလို့မှန်းမသိ ဝမ်းနည်းလိုက်တာ"
ဝမ်ချင်ပြောတဲ့အတိုင်းပေ။ သူတို့တွေ ကျောင်းတုန်းက စာကြိုးစားသလောက် မွှေခဲ့ကြတာတွေ။ ကြီးလာရင် ငါလက်မထပ်ဘူး ဘာညာနဲ့ အမြဲတမ်းမခွဲဘူးလို့ ကတိပေးခဲ့ကြတာတွေ။ အကုန်မနေ့ကလိုပဲ ခံစားရသည်။ ပျော်ရမှာမှန်ပေမဲ့လည်း ဘာလို့မှန်းမသိ ဝမ်းနည်းတဲ့ခံစားချက်ကြီးက..
"ကဲ မငိုနဲ့တော့ ကျိုးချန်ရော"
"သူ့မိဘတွေ စင်ကာပူကနေ ဒီကိုလာမှာမို့လို့
‌ေလဆိပ်မှာ သွားကြိုတယ်"
"ဟုတ်သား အန်ကယ်တို့လည်း လာမှာပဲ မတွေ့ရတာတောင် ကြာပြီ"
"ရှောင်းကျန့် သူတို့ ငါနဲ့ကျိုးချန်ကို သဘောမတူမှာတော့ မဟုတ်ပါဘူးနော် ငါ့ကိုသဘောမကျရင် ဘယ်လိုလုပ်မလဲ ငါကရိုးရိုးနာ့စ်မလေးတစ်ယောက်လေ"
"စိတ်ပူမနေပါနဲ့ ကျိုးချန်ရှိတာပဲ ငါလည်းရှိတယ် အခုသဘောမကျရင်တောင် တစ်ချိန်ချိန်သဘောကျလာမှာပေါ့ ရိပေါ်နဲ့ ငါ့ပါးကိုပဲကြည့်လေ"
"နင်လည်း ကူပြောပေးဦးနော် တော်ကြာ ငါတို့လက်ထပ်မှာကို ကန့်ကွက်နေမှာစိုးလို့"
"အင်းပါ စိတ်ချ အန်ကယ်တို့က အဲ့လောက်ကြီးမဆိုးပါဘူး"
သူများကိုသာနှစ်သိမ့်နေတာ ကိုယ်ဘယ်လောက်စိတ်လှုပ်ရှားနေလဲ ကိုယ်ပဲသိတယ်။ ရိပေါ်ကလည်း ဖုန်းလေးတောင်မဆက်ပါလား မနေ့ကတည်းက ဘာသံမှမကြားဘူး ငါကမတွေ့ဘူးလို့ပဲပြောတာလေ ဘာလို့ဖုန်းမဆက်တာလဲ။ တွေးရင်းတွေးရင်း နှုတ်ခမ်းလေးက တဖြည်းဖြည်းဆူလာမိတော့သည်။
တစ်ဖက်တွင်...
"အစ်ကို! တခြားသူတွေရော"
စခန်းကလူတွေပါမလာလို့မေးတော့ စောစောစီးစီး အမှုတစ်ခုထဖြစ်လို့ နည်းနည်းနောက်ကျမယ်တဲ့လေ။ သူကတော့ အစ်ကိုဖြစ်သူမို့လို့ အဖွဲ့မှူးက သွားခိုင်းလို့ရောက်လာခြင်း။
ရှောင်းကျန့်တို့ဆေးရုံက မျန်မျန်ရယ် မုန့်ယောင်ရယ် တချို့အရမ်းရင်းနှီးတဲ့လူအချို့ရယ်ကိုပဲ ဖိတ်ထားသည်။ နာ့စ်တွေလည်းပါသည်။ ဆေးရုံအုပ်ကိုတောင် မဖိတ်ပဲနေမလို့ ကောက ဖိတ်ချင်တယ်ဆိုလို့။ ဝမ်ရိပေါ်တို့က အဲ့လို သူ့ကိုကိုစကားတစ်ခွန်းထဲနဲ့ သူ့နဂိုဆုံးဖြတ်ချက်ကို ဖျက်ပစ်လိုက်တာ။ ဖိတ်တဲ့အထဲမှာ ရှောင်ရှင်းချန်တောင် ပါသေးသည်။ ရိပေါ် သူ့ကုမ္ပဏီကလူတွေတစ်ယောက်မှ မဖိတ်ခဲ့..ကျင်းရီကလွဲလို့ ဒါတောင် သူ့အတွင်းရေးမှူးမို့လို့။
ကျင်းရီကတော့ စီအီးအိုရဲ့ ချစ်သူက ယောကျာ်းလေးတစ်ယောက်မှန်း သိလိုက်ရတော့ မယုံနိုင်ခြင်းများစွာနဲ့...အခုတော့ ပွဲမှာကျွေးမယ့် စားစရာတွေ မှာထားတဲ့ပန်းစည်း ဆိုတာတွေနဲ့ အလုပ်ရှုပ်နေလေသည်။ သူ့အစ်ကိုနဲ့တော့ ဟိုနေ့ကစကားများပြီးကတည်းက မတွေ့ဖြစ်တော့ပေ။
ရိပေါ်တစ်ယောက် ပွဲစမယ့်အချိန်ကို မျှော်နေသည်။ နာရီကိုကြည့်လိုက် ရေသောက်လိုက်နဲ့ သူ့အစ်ကိုကိုကြည့်တော့လည်း မုန့်‌ေယာင်နဲ့ စကားတွေပြောနေသည်။ ဟုတ်သား ဝမ်နင်မလာသေးပါလား။ ကောင်းရော သူငယ်ချင်းကြီးကို အခုမှသတိရမိသည်။
"အစ်ကိုဝမ်နင် မလာသေးဘူးလား အစ်ကိုရိပေါ်"
စစ်ကျွေးက သူ့ကိုလာမေးတော့ ခေါင်းသာငြိမ့်ပြလိုက်သည်။ ဟိုတစ်နေ့က ဝမ်နင် သူတို့အိမ်ကိုညဘက်ကြီးရောက်ချလာပြီး ဘီယာဘူးတွေနဲ့ ရင်ဖွင့်သွားတာကြောင့် စစ်ကျွေးအပေါ် သူ့သဘောထားကိုသိခဲ့ရပေမဲ့ အခုထိဘာမှ ခရီးမရောက်သေးတာတော့ အံ့ြသမိသည်။ ဒီကောင်လေးကပဲ ရိုးလွန်းအလွန်းတာလား ဝမ်နင်ကပဲ အချိန်ဆွဲနေတာလား။
လူကဖြင့်စုံနေပြီ ဝမ်နင်တို့ရောက်မလာသေး။ ကျိုးချန်ရဲ့ မားကတော့ ဝမ်ချင်ကိုသဘောတွေကျကာ ချွေးမလေး ချွေးမလေးနဲ့ ခေါ်နေတော့သည်။ ကျိုးချန်ပါးကတော့ ရှောင်ပါးနဲ့စကားပြောနေသည်။ ပွဲကစတော့မည်။ ခန်းမကြီးတစ်ခုလုံး အဖြူရောင်တွေပဲဆင်ထားပြီး ပန်းက နှင်းဆီအဝါကို သုံးထားသည်။ အကုန်လုံး နေရာယူပြီးတဲ့နောက် ရိပေါ်က ထွက်လာတော့မယ့် သူ့ရဲ့သတို့သားလေးကို ရက်တထိတ်ထိတ်နဲ့ ရပ်စောင့်နေ‌ေလသည်။
Black Suit ဝတ်ထားတဲ့ ရိပေါ်ကို အကုန်လုံးကချောလိုက်တာဟု ပြောသံတွေက ဆူညံစွာထွက်ပေါ်နေသည်။ သတို့သားထွက်လာတော့မယ့် အချိန်ကြတော့ အကုန်လုံးတိတ်ကြသွားကာ တံခါးဝဆီသို့ အကြည့်များရောက်ကုန်ကြသည်။
တံခါးကိုဖွင့်လိုက်တဲ့ အချိန်ခဏ ရိပေါ်မှာ အသက်ပင်ရှူဖို့မေ့နေခဲ့၏။ သူ့ဘဝရဲ့ အပျော်ဆုံးအချိန်ဟာ ဒီအချိန်ပဲ။ ခန်းမထဲကိုဖြေးဖြေးချင်း ဝင်လာတဲ့ သူ့ရဲ့ကျန့်ကော..White Suit ကိုဝတ်ထားလေသည်။ သူဝတ်ထားတာနဲ့ လုံးဝဆန့်ကျင်ဘက်ဆိုပေမဲ့ ယှဥ်ရပ်လိုက်တဲ့အခါ လိုက်ဖက်လွန်းတာ‌ကြောင့် အကုန်လုံးက လက်ခုပ်တွေ ထတီးကြတော့သည်။ မျက်နှာချင်းဆိုင် ရပ်နေကြတဲ့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းဆုံကာ ကြည့်နေကြသည်မှာ လောကကြီးကိုမေ့လို့။ အတော်ကြာပြီးတဲ့နောက်မှာ မေ့နေတဲ့ ဖာသာကလည်း..
"သတို့သား ဝမ်ရိပေါ်သည် သတို့သား ရှောင်းကျန့်ကို လက်ထပ်ဖို့ဆန္ဒရှိပါသလား"
"ရှိပါတယ်"
"အိမ်ထောင်သက်တစ်လျှောက်လုံး ဖောက်ပြန်မှုမရှိ သစ္စာရှိပါမည်လား"
"ကျွန်တော် ဝမ်ရိပေါ် သည် ရှောင်းကျန့်ကို အသက်ထက်ဆုံး သစ္စာရှိရှိ ပေါင်းသင်းသွားပါမည်"
"သတို့သား ရှောင်းကျန့်ကရော သတို့သား ဝမ်ရိပေါ်ကို လက်ထပ်ဖို့ ဆန္ဒရှိပါသလား"
"ရှိပါတယ်"
"အိမ်ထောင်သက်တစ်လျှောက်လုံး ဖောက်ပြန်မှုမရှိ သစ္စာရှိပါမည်လား"
"ကျွန်တော် ရှောင်ရှောင်းကျန့်သည် ဝမ်ရိပေါ်ကို အသက်ထက်ဆုံး သစ္စာရှိရှိပေါင်းသင်းသွားပါမည် နောက်ဘဝလည်း ကျွန်တော့်အပိုင်ပါပဲ"
"ကန့်ကွက်မယ့်သူရှိပါသလား"
"မရှိပါဘူး!!!!"
အကုန်လုံးက ထအော်ကြလေသည်။
လက်စွပ်ကို အပြန်အလှန်ဝတ်ပေးပြီးနောက်..
"သတို့သား နှစ်ယောက် နမ်းနိုင်ပါပြီ"
ဖာသာပြောတာတောင် နောက်ကျနေတယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲရောက်နှင့်နေပြီ။ ရိပေါ် ပြောတာတောင်ပြီးအောင်မစောင့်နိုင်တော့ ကောကို ဆွဲဖက်ကာ နမ်းတော့သည်။ ထိုအချိန်ကြကာမှ တံခါးကို ဝုန်းခနဲဖွင့်ကာ ကွက်တိရောက်ချလာတဲ့ ဝမ်နင်, အဖွဲ့မှူးနဲ့ သူတို့ရဲဌာနကလူတွေ အကု
န်လုံး မောနေကြပုံ။ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လက်ခုပ်သာတီးမိတော့သည်။
ရှောင်မားက မျက်ရည်တွေနဲ့ငိုလို့ အကုန်လုံးကလည်း ပျော်နေကြကာ ဂုဏ်ပြုပေးနေကြသည်။ လူတိုင်းရဲ့ ကောင်းချီးပေးမှုတွေကြောင့် ဒီလူသားနှစ်ယောက်လုံး ကျန်းမာပျော်ရွှင်ကြရမှာ သေချာပါသည်။
မင်္ဂလာပွဲပြီးတဲ့နောက် ရိ‌ေပါ်နဲ့‌ေကာရဲ့မိသားစုက ဟိုတယ်မှာပဲတည်းကာ ကျန်တဲ့လူတွေကတော့ အလုပ်ရှိသေးတာမို့ ပြန်သွားကြသည်။ ညနေရောက်တော့ ရိပေါ်က ကောကိုတစ်နေရာခေါ်သွားလေသည်။ ကမ်း‌ေြခမှာ အတူယှဥ်တွဲ လမ်းလျှောက်နေရင်း ရိပေါ်က စကားစသည်။
"ကော သိလား ဒီနေရာက ကျွန်တော့်ပါးက မားကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကမ်းခြေ"
"ဟင်"
တစ်ယောက်လက် တစ်ယောက်မလွှတ်တမ်း ကိုင်ထားရင်း..
"ကျွန်တော်တို့ ငယ်ငယ်တုန်းက အိမ်နဲ့ဝေးပေမဲ့ ဒီကိုခဏခဏ လာလည်တယ်။ မားတို့ဆုံးပြီးကတည်းက မရောက်ဖြစ်တော့တာ အခုရောက်လာတော့ ဘာမှမပြောင်းလဲသေးဘူးပဲ"
"အာ့ကြောင့် မင်းက ဒီလောက်ဝေးတဲ့ဟိုတယ်မှာ မင်္ဂလာပွဲကိုလုပ်တာပေါ့"
"အင်း ကော ကျွန်တော်တို့နောက်ကျရင်လည်း ဒီကိုခဏခဏလာကြမယ်နော် ကလေးတွေလည်းခေါ်လာကြမယ်"
သူ့စကားကို ကောကရယ်ကာ..
"လောင်ကုန်းက ကလေးလိုချင်လို့လား"
"ဟီး..ဟီး.."
ညနေဘက် နေဝင်ချိန်လေးမို့ ပင်လယ်ထဲဝင်ရောက်ပျောက်ကွယ်တော့မယ့် နေမင်းကြီးနဲ့အတူ ကမ်းခြေမှာ တစ်ယောက်ကိုတစ်ယောက် အကြင်နာမျက်ဝန်းတွေနဲ့ကြည့်နေကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ဘဝဟာလည်း ပေါင်းစည်းသွားခဲ့ပါပြီ။
########
🌺Mei Xing🌺
complete ဖြစ်သွားပါပြီ ဒီမှာတင်ရပ်လိုက်ပြီး နောက်တစ်ခုကိုသွားတော့မလို့ပါ။
Acc lock ကျသွားလို့ပျောက်သွားတာ မေ့ကုန်ကြပြီလား မသိ။
Zawgyi
မင်္ဂလာပွဲနေ့တွင်.....
‌လေဆိပ်မှာ သွားကြိုတယ်"
တစ်ဖက်တွင်...
"အစ်ကို! တခြားသူတွေရော"
"ရှိပါတယ်"
"ရှိပါတယ်"
"မရှိပါဘူး!!!!"
"ဟင်"
သူ့စကားကို ကောကရယ်ကာ..
"ဟီး..ဟီး.."
########
🌺Mei Xing🌺
complete ဖြစ်သွားပါပြီ ဒီမှာတင်ရပ်လိုက်ပြီး နောက်တစ်ခုကိုသွားတော့မလို့ပါ။
Acc lock ကျသွားလို့ပျောက်သွားတာ မေ့ကုန်ကြပြီလား မသိ။
Continue Reading
You'll Also Like
1.1M 38.2K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
1.6K 270 11
ချစ်ဖို့ကောင်းတယ့်ကောင်လေးတစ်ယောက်ဘဝထဲ ရုတ်တရတ် ဝင်လာမယ့် ဖူးစာရှင်ဖြစ်နိုင်မယ့် လူ ၂ယောက် ဝင်လာပါတော့သည် အဲ့နှစ်ယောက်မှာ တစ်ယောက်က ကံကောင်းခြင်း တစ်...
612K 9.5K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
4.8K 590 14
ဒီမြို့လေးရဲ့ လူသန်းပေါင်းများစွာထဲ မင်းကိုကိုယ်တွေ့ခဲ့တယ်