THE IMMORTAL; BLUE BlOOD【Comp...

By Epiphany_Jinah

38.1K 5.6K 728

【 COMPLETED 】 THE IMMORTAL ; BLUE BLOOD ༆ My Very First Historical Book ༆ This is not Translation ༆ Just my i... More

𝐸𝑝𝑖𝑝𝒉𝑎𝑛𝑦 𝐽𝑖𝑛𝑎𝒉
အပိုင်း - ၀၁ / အပိုင္း - ၀၁
အပိုင်း - ၀၂ / အပိုင္း - ၀၂
အပိုင်း - ၀၃ / အပိုင္း - ၀၃
အပိုင်း - ၀၄ / အပိုင္း - ၀၄
အပိုင်း - ၀၅ / အပိုင္း - ၀၅
အပိုင်း - ၀၆ / အပိုင္း - ၀၆
အပိုင်း - ၀၇ / အပိုင္း - ၀၇
အပိုင်း - ၀၈ / အပိုင္း - ၀၈
အပိုင်း - ၀၉ / အပိုင္း - ၀၉
အပိုင်း - ၁၀ / အပိုင္း - ၁၀
အပိုင်း - ၁၁ / အပိုင္း - ၁၁
အပိုင်း - ၁၂ / အပိုင္း - ၁၂
အပိုင်း - ၁၄ / အပိုင္း - ၁၄
အပိုင်း - ၁၅ / အပိုင္း - ၁၅
အပိုင်း - ၁၆ / အပိုင္း - ၁၆
အပိုင်း - ၁၇ / အပိုင္း - ၁၇
အပိုင်း - ၁၈ / အပိုင္း - ၁၈
အပိုင်း - ၁၉/ အပိုင္း - ၁၉
အပိုင်း - ၂၀/ အပိုင္း - ၂၀
အပိုင်း - ၂၁ (ယူနီကုဒ်)
အပိုင္း - ၂၁ (ေဇာ္ဂ်ီ)
အပိုင်း - ၂၂ / အပိုင္း - ၂၂ 【EPILOG】
Following Episode
BTS of Blue Blood
THE IMMORTAL SOUL (Edit)

အပိုင်း - ၁၃ / အပိုင္း - ၁၃

1K 205 20
By Epiphany_Jinah

𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၁၃
***********

" ကြင်ယာတော် ယူဂွမ် ကောင်းမွန်စွာ အနားယူပါအရှင် "

ညဘက် ကိုယ်လက်သန့်စင်ပြီးတာနဲ့ အထိန်းတော်ကြီးပြောတဲ့စကားကို သူ ခေါင်းညိတ်လိုက်သည်။ အစေခံလေးတွေ အ‌ပျိုတော်လေးတွေနဲ့ တခြားသူတွေ ထွက်သွားကြတော့ အခန်းထဲမှာ သူတစ်ယောက်တည်းကျန်ရစ်ခဲ့သည်။ ဂျောင်ကုကလည်း ပေးထားတဲ့အဆောင်ဆီပြန်သွားပုံပေါ်သည်။ သူ မအိပ်စက်နိုင်သေးဘဲ ဂီ့အကြောင်းကိုသာ စဉ်းစားမိသည်။

ဂီက ဘာအကြောင်းကြောင့်များ သူ့ကို လိမ်ခဲ့တာလဲ .. နန်းတော်ထဲကို အတင်းလာစေချင်နေခဲ့တဲ့ဂီဟာ သူထွက်ပြေးမယ်ပြော‌တုန်းကလဲ လုံးဝခွင့်မပြုခဲ့တာ ဂီက ဘုရင်ဖြစ်နေလို့များလား ...။ ဒါဆိုရင် မသိချင်ယောင်ဆောင်တာကရော ဘာကြောင့်များလဲ ...။ မိဘုရားမယ်မယ်ကြောင့်များလား ...။ ဒါမှမဟုတ် သူ့ကို အလိမ်အညာတွေသုံးပြီး ချစ်ဟန်ဆောင်ခဲ့တာလား။ သူ့ကိုပဲ နမ်းဖူးတယ်လို့ထင်တဲ့ ဂီ့နှုတ်ခမ်းတွေဟာ တခြားသူအပိုင်ဖြစ်နေခဲ့ပြီးသားပဲလေ။

ထယ်ယောင်းတွေးရင်း ရှေ့မှာ ထွန်းထားတဲ့မီးအိမ်လေးကို ကြည့်ကာ ဝမ်းနည်းလာတော့သည်။ ဖွင့်ထားတဲ့ ခေါင်းရင်းဘက်ကပြတင်းပေါက် လေအဝှေ့မှာ မျက်ဝန်းထဲက မျက်ရည်ကြည်‌တွေ လိမ့်ဆင်းလာတော့ ထယ်ယောင်းမတ်တပ်ရပ်လိုက်မိသည်။ ထို့နောက်ပြတင်းပေါက်တံခါးနားကပ်ကာ ပြတင်းပေါက်ကို ပိတ်ပြီး စားပွဲဆီအလာ ... ရုတ်တရက် ပြန်ပွင့်သွားတဲ့ပြတင်းပေါက်ကြောင့် ထယ်ယောင်း လန့်ပြီး အနောက်လှည့်ကြည့်ဖို့ကြိုးစားလိုက်မိသည်။

"..."

သို့ပေမယ့် ပြတင်းပေါက်ထဲကနေ ကျော်ဝင်လာတဲ့ လူတစ်ယောက်ကြောင့် သူ မတတ်နိုင်။ ချက်ချင်းဆိုသလို သူ့အနောက်ကနေ ထိန်းချုပ်ခြင်းခံလိုက်ရသည်။

" ခင်ဗျား ... ဘာလိုချင်တာလဲ "

စိတ်ထိခိုက်နေတဲ့အချိန်မို့ သူ တုံ့ပြန်ဖို့မလျင်မြန်နိုင်ဘဲ မေးခွန်းထုတ်လိုက်တော့ ထိုသူက သူ့နားရွက်ဖျားလေးကို ကိုက်ဆွဲကာ ပြန်ဖြေလာသည်။

" မင်းကို ~~ "

စိတ်တွေက ရောထွေးနေသည်မို့ ထိုအပြုအမူကို စိတ်တိုစွာ အတင်းရုန်းကန်ရင်း အော်ဟစ်ဖို့ကြိုးစားလိုက်မိသည်။

" ခင်ဗျား လွှတ်စမ်း!! ဂျောင်~~ အု ..."

ဂျောင်ကုကို ခေါ်ဖို့ကြိုးစားလိုက်မိပေမယ့် သူ့ထက်ပိုလျင်မြန်တဲ့ထိုလူက သူ့ကိုယ်ကို ဆွဲလှည့်ကာ သူ့နှုတ်ခမ်းဖျားတွေကို ဆွဲငုံလိုက်သည်။ ပထမတော့ အလိုမတူစွာ ရုန်းကန်ဖို့ကြိုးစားမိပေမယ့် သူ့ကို နမ်းနေတဲ့ထိုအနမ်းပိုင်ရှင်ဟာ သူ အလွတ်ရနေတဲ့ဂီဆိုတာ သိလိုက်တဲ့အခါမှာတော့ ထယ်ယောင်း မျက်လွှာချပြီး ပြန်ပွေ့ဖက်လိုက်မိသည်။

ဂီ့ကိုမြင်ရင် သူ တွန်းထုတ်ပြီး စိတ်ဆိုးမယ်လို့ ရည်ရွယ်ထားခဲ့တာ ... ပြသနာရှာမယ်လို့ ရည်ရွယ်ထားခဲ့တာ ... တကယ်တမ်းကျတော့ ဂီ့အနမ်းတစ်ပွင့်မှာတင် ပြောစရာတွေ ဆွံ့အကုန်သည်မို့ ထယ်ယောင်းမျက်ရည်တွေ လိမ့်ကျမိသည်။ ဖခမည်းတော်မှာထားတဲ့ မချစ်မိစေနဲ့ စည်းကို ကျော်ဖြတ်မိလို့ အခုလို သူခံစားနေရတာလား သူမတွေးတတ်။ သေချာတာက ဂီဟာ သူ့အနားမှာရှိနေရင် ဘာမဆို သူရင်ဆိုင်ရဲတယ်ဆိုတာ ..။

နူးညံ့တဲ့အနမ်းတစ်ပွင့်ကနေ ဂီက ပိုတိုးလို့ နမ်းရှိုက်ရင်း သူ့ကိုယ်ကို ပွေ့ချီကာ ညောင်စောင်းထက် လှဲချလိုက်သည်။ အသက်ရှူရကျပ်လာသည်မို့ အခွင့်ရေးပေးတဲ့အနေနဲ့ ဂီက သူ့နှုတ်ခမ်းတွေကို လွှတ်ကာ အဖြူရောင်အတွင်းဝတ်လေးကို ကြိုးဖြည်ရင်း ပခုံးတွေပေါ်တဲ့အထိ ဆွဲချလိုက်သည်။ ထိုအပြုအမူကြောင့် ဝတ်ရုံဖုံးထားတဲ့သူ့လက်သွယ်သွယ်က ဂီ့ပခုံးပေါ်ရောက်လာသည်။ မောဟိုက်ရင်ဖိုနေသည်မို့ ဂီ့မျက်နှာကို မကြည့်ရဲဘဲ မျက်လွှာချကာ လည်တိုင်ကို စောင်းငဲ့ပေးမိတော့ ပိုထင်းလာတဲ့လည်တိုင်လှလှထက်မှာ ဂီ့နှုတ်ခမ်းဆီက စိုစွတ်နွေးထွေးမှုတွေ ကျရောက်လာသည်။ ခံစားလွယ်တဲ့သူ့အဖို့ ဂီ့နှုတ်ခမ်းတွေရဲ့ကျွမ်းကျင်မှုကြောင့် အသံထွက်ချင်ပေမယ့် ကြိတ်မှိတ်ပြီး သည်းခံမိသည်။ ဒါကို သတိထားမိပုံပေါ်တဲ့ဂီက လက်တစ်ဖက်ကို သူ့ဗိုက်သားရှပ်ရှပ်လေးပေါ် လက်တွေက ပြေးကစားကာ သူ့ကျောပြင်ကို ဖက်တွယ်လေတော့ သူလည်း မနေတတ်စွာနဲ့ ကျောကော့လိုက်မိသည်။ ဂီ့ဝမ်းဗိုက်နဲ့သူ့ခါးထပ်တူကျသွားသည်ဆိုရင်ဖြင့် ဂီက လည်တိုင်တွေကို နမ်းရှိုက်နေရာကနေ ရပ်တန့်ကာ သူ့နှုတ်ခမ်းကို ခပ်ဖွဖွလေးဖိကပ်သည်။

" ငိုနေတာလား ယောင်း ~~ "

ပါးပြင်ပေါ်က မျက်ရည်တွေကို လက်မလေးနဲ့ဖိသုတ်ကာ မေးတော့ ထယ်ယောင်း ခေါင်းခါမိသည်။

" ကိုယ်မှားတာ ကိုယ်သိပါတယ် .. ဒါပေမဲ့ မပြောပြခဲ့ဘူးဆိုတာက မင်းအနေမကျပ်အောင်လို့လေ ... ပြီးတော့ မင်းအန္တရာယ်မဖြစ်ရအောင်ပါ "

စကားအဆုံးသတ်မှာ သူ့ပါးပြင်ပေါ်ကျလာတဲ့ဂီ့အနမ်းတွေ။ ထယ်ယောင်းငိုမဲ့မဲ့လေးဖြစ်ရင်း ဂီ့ကိုတုံ့ပြန်မိသည်။

" ဒါဆို မသိချင်ယောင်ဆောင်တာ‌ကရော ... ဘယ်လောက်ထိ နာကျင်ရလဲ သိလား အရှင်မင်းကြီး! "

" တောင်းပန်ပါတယ် .. နန်းတွင်းက မင်းထင်သလို မရိုးရှင်းဘူး ယောင်း မင်းကကိုယ့်ရဲ့အချစ်တော်လေးဖြစ်လာရင် အားလုံးက မင်းဆီ အာရုံစိုက်လာကြလိမ့်မယ် ... နဂိုကတည်းက ဟိုရင်းကျောက်နဲ့ နတ်ပုလဲကြောင့် မင်းမှာအန္တရာယ်များနေပြီးသားလေ ... အဲ့ဒါကြောင့် ကိုယ်တို့ကြားမှာ ဘာမှမရှိသလိုမျိုး လုပ်လိုက်မိတာ ... ဒါပေမဲ့ ကိုယ်အခု မင်းကိုရှင်းပြနေပြီပဲလေ ... ကိုယ့်ကို နားလည်မယ်မဟုတ်လား "

" နားလည်ပေမယ့် တစ်သက်လုံး အဲ့လို မသိချင်ယောင်ဆောင်သွားဖို့လား အရှင်မင်းကြီး ... ပြီးတော့ .. "

" တစ်သက်လုံးတော့ မဟုတ်ပါဘူး မနက်ဖြန်အခမ်းအနားပြီးရင် ကိုယ်မင်းနဲ့ ညတိုင်းရှိနေတော့မှာ ပြီးတော့ ဘာဖြစ်လဲ ပြော ... "

ထယ်ယောင်း ပြောသင့်မပြောသင့် စဉ်းစားလိုက်မိသည်။ ကြင်ယာတော်တစ်ယောက်အနေနဲ့ မိဘုရားမယ်မယ်ကို သဝန်တိုတယ်လို့ပြောရင် ခေါင်းဖြတ်ခံထိနိုင်တယ်မဟုတ်လား။

" ပြီးတော့ ဘာဖြစ်လဲ ကိုယ့်ကို ပြော ဒီအချိန်မှာ ကိုယ်က နိုင်ငံရဲ့မင်းကြီးမဟုတ်ဘူး ... ကင်ထယ်ယောင်းရဲ့ တစ်ဦးတည်းသော မင်ယွန်ဂီ!! "

သူ့ပါးနှစ်ဖက်ကို ကိုင်ဆွဲရင်း နှုတ်ခမ်းတွေပေါ်နမ်းလာပြန်တော့ ထယ်ယောင်း မျက်မှောင်ကြုတ်လိုက်မိသည်။

" မင်ယွန်ဂီ~~ "

" အင်း ကိုယ့်နာမည်အရင်းက မင်ယွန်ဂီ ... နှစ်‌ယောက်တည်းရှိနေတဲ့အချိန်ဆို အရှင်မင်းကြီးလို့မခေါ်ပါနဲ့ ကိုယ်သဘောမတွေ့ဘူး ကိုယ့်နာမည်ကိုပဲ တိုက်ရိုက်ခေါ်ပါ ယောင်း မင်းနဲ့ကိုယ်က ကြင်ယာတော်နဲ့အရှင်မင်းကြီးမဟုတ်ဘူးလေ ... ဒီတိုင်း ဘာဂုဏ်တွေမှ မရှိဘဲ ချစ်ခဲ့ကြတဲ့ ယောင်းနဲ့ဂီလေ "

ဂီ့စကားကြောင့် ထယ်ယောင်း နှာခေါင်းရှုံ့လိုက်မိသည်။

" ဒါဆို မယ်မယ်ကရော ... မယ်မယ်နဲ့အရှင်မင်းကြီးက ငယ်ချစ်ဦးတွေမဟုတ်လား .. အရှင်မင်းကြီးရဲ့မိဘုရားအပေါ်ဒီလိုစိတ်မျိုးမထားသင့်တာသိပေမယ့် ကျွန်တော် .. ကျွန်တော် "

' သဝန်တိုမိပါတယ်' ဆိုတဲ့စကားကို ထပ်မထွက်လာတော့ ဂီ့မျက်နှာက ပြုံးစိစိနဲ့ သူ့ကို ပိုငုံ့မိုးလာသည်။

" အင်း ~~ ဘာဖြစ်လဲ .. ဆက်ပြောလေ ယောင်း "

" ကျွန်တော် သဝန်တိုမိပါတယ် ... ပွင့်ပွင့်လင်းလင်းပြောရရင် ဂီက နိုင်ငံရဲ့ဘုရင်ဖြစ်နေတာကို ကျွန်တော်မကြိုက်ဘူး ... မိန်းမတွေအများကြီးထားပြီး ကျွန်တော်ကလည်း သူတို့တွေနဲ့ တန်းတူဖြစ်နေရမှာမျိုးသဘောမကျဘူး ဂီ ... ကျွန်တော်ကလေ ကိုယ်ချစ်တဲ့သူရဲ့အချစ်ကို တစ်ယောက်တည်းပဲလိုချင်တာ "

စည်းမျဉ်းစည်းကမ်းတွေကို ခေါင်းထဲက ထုတ်ကာ ဖွင့်ချမိတော့ ဂီက သူ့ကို အားနာစွာ စိုက်ကြည့်သည်။ အတန်ကြာပြီးတဲ့နောက်မှာတော့ သူ့နဖူးပေါ် အနမ်းတစ်ပွင့်ကြွေဆင်းလာသည်။

" ယောင်း~~ ကိုယ်လိမ်နေတာလို့ မင်းထင်ကောင်းထင်လိမ့်မယ် ဒါပေမဲ့ အဲ့ဒါက အမှန်ပဲ ... ကိုယ့်ဘဝမှာ မင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ ... "

" ဒါဆို မိဘုရားမယ်မယ်ကရော ငယ်ငယ်လေးကတည်းကချစ်ခဲ့ပြီး အားလုံးဆန့်ကျင်နေတာတောင် အနားမှာ ထားခဲ့တာမဟုတ်လား ... "

သူ့စကားကြောင့် ဂီက သက်ပြင်းချကာပြုံးသည်။

" မိဘုရားမယ်မယ်က ကိုယ့်အပေါ် မယ်တော်လို အစ်မတော်လို ကောင်းပေးတဲ့သူပါ ... ဒါပေမဲ့ ကိုယ်ပြောချင်တာကလေ ယောင်း နန်းတွင်းထဲမှာ မင်း မျက်စိနဲ့မြင်သမျှအကုန် အမှန်တွေမဟုတ်ဘူး ... ဒါကြောင့် ဘာကိုမြင်မြင်အမှန်လို့မယူလိုက်ပါနဲ့ ... "

" ဒါဆို ဒီနေ့နမ်းနေတာလည်း အမှန်မဟုတ်ဘူးပေါ့ "

သူ့မေးခွန်းရဲ့အဆုံးမှာ ဂီက ရယ်သည်။

" ကိုယ့်ရဲ့ကြင်ယာတော်လေး သဝန်တိုနေတာပဲ ... ယောင်း ~~ ကိုယ် မင်းကိုချစ်တယ် ... မင်း ကိုယ့်ဆီရောက်လာဖို့အတွက် ကိုယ်အချိန်အကြာကြီး စောင့်ခဲ့ရတာ ~~ အဲ့ဒါကြောင့် ကိုယ်ပြောချင်တာက ကိုယ့်ကို ယုံကြည်ပေးပါ "

ထိုစကားရဲ့အဆုံးမှာတော့ ထယ်ယောင်း ထပ်မမေးမိတော့ဘဲ ဂီ့စကားအတိုင်း သူ ယုံကြည်ပေးဖို့ ဆုံးဖြတ်လိုက်မိသည်။

" ဒါနဲ့ တစ်ခုထပ်မေးလို့ရမလား ဂီ !! "

" အင်း ကိုယ်ဖြေပေးမယ်ယောင်း "

" ဂီ့မျက်ဝန်းကအမာရွတ်! နေ့လည်တုန်းက ဘာလို့မ‌တွေ့မိတာလဲ ... တစ်မျိုးတော့မထင်စေချင်ပေမယ့် ဒီနေ့နန်းတွင်းစည်းကမ်းတွေကို လေ့လာရင်းနဲ့ဖတ်မိထားတာရှိတယ် ... မျက်နှာမှာအမာရွတ်နဲ့မွေးဖွားလာတဲ့မင်းသားက အိမ်ရှေ့စံမဖြစ်နိုင်တဲ့အပြင် နိုင်ငံကို မအုပ်စိုးသင့်ဘူးဆို ... "

သူ့အမေးကြောင့် ဂီကပြုံးကာ သူ့နှာတံကို ဆွဲညှစ်သည်။

" ဒါပေါ့ .. ဒါပေမဲ့ ကိုယ်က နန်းပြင်ထွက်ပြီး မသင့်တော်တဲ့အပြုအမူတွေလုပ်မိလို့ မျိုးရိုးမြင့်တွေက မှတ်မိသွားရင် ဘယ်လိုနေလိမ့်မလဲ ... ကိုယ့်ကို သံသယဝင်ကြမှာပေါ့ "

" အာ ~~ အဲ့ဒါကြောင့် ရုပ်ဖျက်ထားတာလား... "

ဂီ့စကားကို ဖြတ်ပြောမိတော့ ဂီက ပြုံးသည်။

" မဟုတ်ဘူး ‌‌မွေးရာပါ အမှတ်အသား ... ယောင်း ~~ တစ်ချိန်ကျရင် မင်းအားလုံးသိလာလိမ့်မယ် ... "

ထူးဆန်းစွာ လေးနက်သွားတဲ့စကားကြောင့် ထယ်ယောင်းရင်ထဲတစ်မျိုးလေးခံစားလိုက်ရပေမယ့် ဂီကတော့ သူ့ဘေးနားလှဲချကာ ပေါ့ပေါ့ပါးပါးလေးရယ်သည်။

" တစ်ချိန်ကျရင် ဆိုတာ ဘယ်အချိန်လဲ ဂီ ... ကျွန်တော့်ကို မပြောပြနိုင်ဘူးလား "

ဂီ့ရင်ဘတ်ပေါ် သူ့လက်တင်ကာ မေးမိတော့ ဂီက သူ့ကို ပိုထွေးပွေ့လာသည်။

" ဘယ်အချိန်လဲဆိုတော့ ကိုယ်တို့ သွေးတွေပေါင်းစည်းသွားတဲ့အချိန် ~~ မနက်ဖြန်ညလား .. ဒါမှမဟုတ် ... အခုညလား .. ဆိုတာက .. "

အသံရှည်ကြီးဆွဲကာ ပြုံးစိစိနဲ့ သူ့မျက်နှာကို စိုက်ကြည့်လာတော့ ထယ်ယောင်း ရုန်းထွက်မိသည်။

" မကျီစယ်သင့်ပါဘူးအရှင်မင်းကြီး ... အခမ်းအနားတင်‌မြောက်ပွဲမပြီးသေးတာမို့ ကျွန်တော်မျိုးတို့ တွေ့တောင် မတွေ့သင့်ပါဘူး အရှင်မင်းကြီး ~~~ အဲ့ဒီလိုမျိုးအကြည့်နဲ့ ကျွန်တော်မျိုးကို မကြည့်ပါနဲ့ "

ဂီ့ရင်ခွင်ထဲကနေ ထယ်ယောင်းရုန်းထွက်တော့ ဂီက ပြန်လည်ဆွဲသွင်းကာ ပွေ့ဖက်လိုက်သည်။

" ကြင်ယာတော်လေး ညဘက်တွေဆို အိပ်မရဘူးလို့ကြားတယ် အဲ့ဒီ့တော့ ဒီည ကိုယ်ရှိပေးမယ် ... ကိုယ်တော့်ရင်ခွင်ထဲမှာ ကောင်းကောင်းအိပ်စက်ပါ ကြင်ယာတော်လေး အမိန့်မနာခံရင် အခမ်းအနားတင်မြှောက်ပွဲမကျင်းပရလည်း ကိုယ်တော် အပိုင်သိမ်းပါတော့မယ် "

" စိုးရွံ့မိပါတယ်အရှင် အရှင်မင်းကြီးရဲ့အမိန့်ကို နာခံပြီး ကျွန်တော်မျိုး အိပ်စက်ပါတော့မယ် ... "

အဲ့ဒီ့ညမှာတော့ ဂီက အိပ်မပျော်တဲ့သူ့ကို ပွေ့ဖက်ကာ ရင်ခွင်ထဲမှာ အိပ်စက်စေခဲ့သည်။ မနက်မိုးလင်း ဘယ်အချိန်လောက်မှ အခန်းထဲက ထွက်သွားခဲ့လဲ မသိပေမယ့် သူ ကြည်နူးရင်း ကျန်ခဲ့ရပါသည်။

💠💠💠

ဓားကိုပိုက်ကာ လက်ထဲက ကျောက်စိမ်းပြားလေးကိုကြည့်ရင်း ဂျောင်ကုသက်ပြင်းချလိုက်မိသည်။ သူ့ခန္ဓာကိုယ်က နန်းတော်ထဲမှာရှိနေပေမယ့် သူ့စိတ်တွေက နန်းတော်အပြင်ဘက်က လူတစ်ယောက်ဆီ ပျံ့လွင့်နေပြီဖြစ်သည်။

အခုချိန်ဆို ဘာများလုပ်နေလိမ့်မလဲ ကုကုလေးပျောက်သွားလို့ လိုက်ရှာနေမှာလား ဒါမှမဟုတ် ပစ်ပယ်သွားခဲ့မိတဲ့အတွက် ဒေါသတကြီး စိတ်ဆိုးနေမှာလား ... ။ ဘာပဲပြောပြော သူက ကင်ဆော့ဂျင်ဆိုတဲ့ အဲ့လူကြီးအပေါ် အခွင့်ရေးယူခဲ့မိတာပဲလေ။

ဂျောင်ကုတွေးရင်း လက်ထဲက ကျောက်စိမ်းပြားလေးကို ခါးထက်ချိတ်ဆွဲလိုက်မိသည်။အဲ့ဒီ့နောက်မှာတော့ ကင်ဆော့ဂျင်အကြောင်း ထပ်မတွေးတော့ဘဲ အစ်ကိုတော်ရဲ့နန်းဆောင်ထဲ ဝင်လာခဲ့မိတော့သည်။ အခုချိန်မှာ ကိုကို့ဘေးနား သူရှိနေသင့်သည်။ နိုင်ငံရဲ့အရှင်သခင်ဟာ ဂီဆိုတာကို သိသိချင်း သူလည်း နှလုံးရပ်မတတ်အံ့ဩခဲ့ရတာမို့လို့ ကိုကိုလည်း ဝမ်းနည်းနေမယ်ဆိုတာ သူနားလည်သည်။ ကိုကိုဟာ ကိုကိုချစ်တဲ့သူကို တခြားတစ်ယောက်နဲ့ခွဲဝေချစ်ပေးရတာမျိုး မကြိုက်မှန်း သူသိသည်။ ပြီးတော့ ဒီနေ့ကလည်း ကြင်ယာတော် တင်မြှောက်ခြင်းအခမ်းအနားလေ။ သာမန်ကြင်ယာတော်တစ်ယောက်ကို အခမ်းအနားမကျင်းပပေးပေမယ့် မဟာကင်မ်မျိုးနွယ်ကကြင်ယာတော်ဆိုရင်တော့ အရေးတယူကျင်းပပေးရတာ ထုံးစံတစ်ခုလိုဖြစ်နေပေပြီ။

" ကိုကို ~~ အာ ~~ ကြင်ယာတော် ပြီးပါပြီလား အခမ်းနားစဖို့ အချိန်ရောက်ပါပြီ "

ဝတ်စုံပြည့်အပြင် သရဖူလေးနဲ့ ‌ယောင်္ကျားလေးတစ်ယောက်နဲ့မတူစွာ လှပနေသည့် ကိုကို။ သူအပါအဝင် မဟာကင်မ်မျိုးနွယ်က ယောင်္ကျားလေးတိုင်း ချောလှပေမယ့် ကိုကိုကတော့ အဲ့ဒါထက် ပိုပါသည်။ မျိုးနွယ်ရဲ့အထွဋ်အမြတ်ထားရာ ပန်းချီကားထဲက နတ်ဘုရားမတွေလို ကိုကိုက လှရက်နိုင်လွန်းသည်။ သို့ပေမဲ့ ကိုကို့အလှက မိန်းမဆန်နေတာမဟုတ်။

" ဂျောင်ကု သွားရအောင် "

ဝတ်ဆင်ထားရတဲ့ ခြေခုံက သာမန်ထက် ထူးကဲနေတာမို့ ကိုကိုက သူ့ကိုလက်လှမ်းပေးတော့ သူ အသာလေးထိန်းကိုင်ပေးလိုက်မိသည်။ ထို့နောက် ပဝါစအုပ်ထားတဲ့ကိုကို့မျက်နှာထက်မှာ အထိန်းတော်တွေက ရတနာကြိုးအသေးလေးအလှဆင်ပေးသည်။ အီဒယ်ပြည်ထောင်စုရဲ့ရိုးရာအတိုင်း ဝတ်စုံကို ဝတ်ဆင်ရပေမယ့် မျက်နှာပေါ်က ပဝါကတော့ သက်ဆိုင်သူဖြစ်တဲ့ မင်းကြီးသာ ဖယ်ခွာရမှာမို့ အခုထိ ပဝါဖုံးထားရတာဖြစ်သည်။

သူ့ရှေ့က အပျိုတော်လေး‌တွေ ကြာပန်းအိမ်လေးတွေ ကိုင်ကာ ဦးဆောင်သွားတော့ သူလည်း ကိုကို့လက်ဖျားကို ထိန်းကိုင်ပေးရင်း အခမ်းအနားကျင်းပရာ နန်းစင်မြင့်ကို ရောက်လာရသည်။ အထပ်ထပ်အမြင့်မြင့်ရှိတဲ့ နန်းစင်မြင့်ရဲ့ဒုတိယအထပ်ကိုရောက်လာတော့မှ ကိုကို့လက်ကို လွှတ်ကာ ခင်းထားပေးတဲ့ပိုးပဝါစပေါ်မှာ ကိုကို့ကို ဦးညွတ်စေရင်း သူနောက်ဆုတ်လိုက်မိသည်။ အဲ့ဒီ့တော့မှ ဒယ်ဂီခေါ် မင်ယွန်ဂီဆိုတဲ့အရှင်မင်းကြီးဟာ နန်းစင်မြင့်ထက်ကနေ ကိုကို့ရှေ့ဆင်းလာကာ အမိန့်စာတစ်ခုကို ဖတ်ကြားပြီး ကြင်ယာတော်ယူဂွမ်ဘွဲ့နဲ့ အဆောင်အယောင်တွေ ချီးမြှင့်သည်။ ကိုကိုက အမိန့်စာကို လက်ခံယူပြီးနောက်မှာတော့ အရှင်မင်းကြီးက လက်ဆောင်အနေနဲ့ ပေးအပ်တဲ့ပစ္စည်းကြောင့် သူအပါအဝင် နန်းရင်ပြင်တစ်ခုလုံးက ထိတ်လန့်သွားရသည်။

" ဟေ ဘယ်လိုဖြစ်တာလဲ ... အန္တရာယ်မရှိပေဘူးလား "

" အရှင်မင်းကြီး ဘယ်အချိန်က မွေးထားခဲ့တာလဲ "

" ဒီသတ္တဝါကြီး ဘယ်အချိန်ကတည်းက နန်းတွင်းမှာရှိနေတာလဲ "

နန်းရင်ပြင်ကနေ တိုးတိုး တိုးတိုးတွေ ထွက်လာပေမယ့် ပဝါစအောက်က ကိုကို့နှုတ်ခမ်း တွန့်ကွေးသွားတာကိုတော့ သူမြင်လိုက်မိသည်။ ကြည့်ရတာ ကိုကိုက ကြိုသိထားတဲ့ပုံပင်။

" ကြင်ယာတော်ယူဂွမ်ရဲ့ ထူးမြတ်လှတဲ့ဂုဏ်ကျက်သရေကြောင့် ငါကိုယ်တော် မွေးမြူထားခဲ့တဲ့ တော်ဝင်ကျားကို လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ပါတယ် ... လက်ခံဖို့ပြင်ဆင်ပါ ကြင်ယာတော် "

" ကျွန်တော်မျိုး ဝမ်းမြောက်မိပါတယ် အရှင်မင်းကြီး "

အဲ့ဒီ့နောက်မှာတော့ နန်းရင်ပြင်ရဲ့အောက်ဆုံးလှေကားကနေ အမြင့်ဆီတက်လာခဲ့တဲ့ ကျားတစ်ကောင်။ ကိုကို့အနားဆီ လျှောက်လာပုံက ဝင့်ကြွားဟန်ရှိနေသည်မို့ ဂျောင်ကု နားလည်လိုက်မိသည်။ ဒီကျားဟာ ကိုကိုနဲ့လည်း ရင်းနှီးနေတယ်ဆိုတာကို ...။

သူ ကိုကို့ကိုတစ်လှည့် ကျားကိုတစ်လှည့်ကြည့်ရင်း နံရံဆေးရေးပန်းချီတစ်ခုကို အမှတ်မဲ့သတိရလိုက်မိသည်။ သူ အသက် ၁၃နှစ်အရွယ် ဂူတစ်ခုမှာ ပိတ်မိနေတုန်းက မြင်ခဲ့ရတဲ့ ပန်းချီ...။ အဝါရောင်ကျားပေါ်မှာ ထိုင်နေခဲ့တဲ့ အမည်းရောင်ချိုနဲ့ ယောင်္ကျားပျိုတစ်ယောက်။ အနောက်လှည့်ထိုင်နေပုံကို ရေးဆွဲထားသည်မို့ မျက်နှာကို သေချာမမြင်ရပေမယ့် ခန္ဓာကိုယ်ပေါ်မှာ ကြေးခွံတစ်ချို့ရှိသည်။ အဲ့ဒီလိုပဲ ကျားရဲ့ညာဘက်လက်ကောက်ဝတ်မှာ အနီရောင်ကြိုးပုံစံ အရောင်အသွေးတစ်ခုရှိသည်။ သူပိတ်မိခဲ့တဲ့ဂူရဲ့နယ်မြေဟာ ဟန်ဂူလျောအပိုင်မဟုတ်။ ဟန်ဂူလျောနဲ့ထိစပ်နေတဲ့ ဝမ်ပြည်ထောင်စုကြီးရဲ့ ရှေးဟောင်းနယ်မြေမို့ သူ ထိုအနီရောင်ကြိုးပုံစံအရောင်အသွေးအကြောင်းရှာဖွေခဲ့မိသည်။ အဲ့ဒီ့တော့သူသိခဲ့ရတာက ထိုအနီရောင်ကြိုးဟာ ဝိညာဉ်တွေကြားက သခင်နဲ့ကျွန် စာချုပ်သဘောမျိုးဖြစ်သည်။

ဂျောင်ကုရင်ထဲ ရုတ်တရက်တင်းကျပ်လာသည်မို့ ကိုကို့ဘေးနားမှာ ထိုင်နေတဲ့ကျားရဲ့ညာဘက်လက်ကောက်ဝတ်ကို ကြည့်မိသည်။ သူမြင်ခဲ့ဖူးတဲ့ပန်းချီထဲကနဲ့ ထပ်တူကျစွာ အနီရောင်အသွေးကို မြင်လေတော့ လန့်သွားမိသည်။ အဲ့ဒီ့အချိန်မှာပဲ ကိုကို့ဘေးနားမှာ ထိုင်နေခဲ့တဲ့ကျားဟာ ကိုကို့အရှေ့က သခင်ဖြစ်သူ အရှင်မင်းကြီးကို ကြည့်နေရာက သူ့ဘက်ကိုလှည့်ကာ မျက်လုံးနီကြီးနဲ့ စိုက်ကြည့်သည်။ ရုတ်တရက် ဘာရယ်မဟုတ် ကြောက်စိတ်တိုးဝင်လာလေတော့ သူ ချက်ချင်းပင် အကြည့်လွှဲလိုက်မိသည်။

၁၃နှစ်အရွယ်မှာ ‌ကျားတစ်ကောင်ကို သတ်ခဲ့တဲ့သူဟာ အခု ၁၈နှစ်အရွယ်မှာ ကျားကိုကြောက်နေတာလား ! ဘာတွေဖြစ်သွားလဲ သူမသိလိုက်။ အဲ့ဒီ့ကျားနဲ့ ဝေးဝေးနေချင်စိတ်တွေသာ စိုးမိုးလာရတော့သည်။

" .... ကြင်ယာတော်ရဲ့ဖခင် အရှင်ကင်ရှီးဆန်းရဲ့တောင်းဆိုချက်အရ ကြင်ယာတော်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ထဲက လက်ရွေးစင်ရဲမက်တွေကို ထပ်ချီးမြှင့်ပါ့မယ် ... အမိန့်နာခံဖို့ပြင်ဆင်ပါ လက်ရွေးစင်ရဲမက်တို့ ~~~ "

မပြီးစီးနိုင်တဲ့ ချီးမြှောက်မှု အမိန့်တော်က သူ့နားထဲဝင်လာလေလျှင် ကျားဆီကနေ အာရုံပြောင်းသွားရတော့သည်။ ကိုကို့ဆီကို ချီးမြှင့်မယ့် လက်ရွေးစင်ရဲမက်တွေနဲ့ သူတစ်ပွဲတစ်လမ်းလောက် နွှဲချင်ပါသည်။ ဒါမှ ကိုကို့ကိုစိတ်ချပြီး လုပ်ဆောင်ရမယ့်တာဝန်တွေကို လုပ်ဆောင်နိုင်မှာမဟုတ်လား။

ဂျောင်ကု မင်းကြီးရဲ့လက်ထောက်ပြန်စာတမ်းဖတ်သူရဲ့အသံကို နားစွင့်ကာ ထွက်လာမယ့်လက်ရွေးစင်ရဲမက်တွေကို သေချာစိုက်ကြည့်ဖို့ပြင်ဆင်သည်။

" လက်ရွေးစင်ရဲမက် ဟွမ်ဂင်ဂွမ် "

အမိန့်စာတစ်ခုအပြီး ကိုကို့အနောက်ရောက်လာတဲ့ရဲမက် ... ခန္ဓာကိုယ်က တောင့်တင်းကျစ်လစ်ကာ မျက်နှာက ယောင်္ကျားပီသလွန်းသည်။ အကြောစိမ်းထင်းနေတဲ့လက်တွေက အသားမာတွေတောင် တက်နေသည်‌ဆို‌တော့ စိတ်ချရမှာပါ ။ ဂျောင်ကုတွေးနေရင်း နောက်ထပ် ထပ်ခေါ်မယ့် နာမည်ကို အာရုံစွင့်လိုက်မိသည်။

" လက်ရွေးစင်ရဲမက် ကင်ဆော့ဂျင် "

နာမည်ကိုကြားအပြီးမှာ သူ့မျက်ဝန်းတွေ ပြူးကျယ်ပြီး ကိုကို့အနောက်မှာ ရပ်လာတဲ့လူသားကို ဖြတ်ကနဲ့ကြည့်လိုက်မိသည်။ တကယ်ကို အစစ်အမှန်ကင်ဆော့ဂျင်။ နှုတ်ခမ်းဖူးဖူး၊ မျက်ဝန်းစိုစို၊ နဖူးပြေပြေနဲ့ စွဲမက်စရာကောင်းတဲ့လူသား။ မျက်နှာပေါ်မှာ လုံးဝမရှိတော့တာဆိုလို့ နှုတ်ခမ်းမွှေးရေးရေးတွေသာဖြစ်သည်။ နေရောင်အောက်မှာ အမိန့်စာခံယူ‌နေတဲ့ထိုလူသားကိုကြည့်ပြီး သူ့ရင်ခုန်သံတွေ ကမောက်ကမဖြစ်လာရသည်။ ထပ်ပြီး ဥပေက္ခာပြုဖို့ကြိုးစားနေပေမယ့် အခမ်းအနားတစ်လျှောက်လုံး ကင်ဆော့ဂျင်ကိုပဲ ခိုးခိုးကြည့်မိသည်။ နောက်ဆုံးမှာတော့ မရည်ရွယ်ဘဲ အကြည့်ချင်းဆုံသွားခဲ့သည်။ သူ့မျက်ဝန်းတွေကိုမြင်တာနဲ့ အနည်းငယ်ဖျော့တော့သွားပြန်တဲ့ ကင်ဆော့ဂျင်ကြောင့် သူ မျက်မှောင်ကြုတ်မိတော့ ကင်ဆော့ဂျင်က အကြည့်လွှဲသွားခဲ့သည်။

ကင်ဆော့ဂျင်ရဲ့အကြည့်လွှဲတာကို ခံလိုက်ရတာမို့ သူ ဒေါသထွက်လာသလိုပင်။ ဘာလဲ မှတ်မိတာလား မမှတ်မိတာလား မသိချင်ယောင်ဆောင်နေတာလား ...။

ချက်ချင်းကို ကောက်မေးချင်ပေမယ့် နန်းရင်ပြင်ထက်မှာမို့ သူမြိုသိပ်လိုက်ရသည်။ စိတ်ငြိမ်အောင်ထိန်းရင်း သူလည်း မသိချင်ယောင်ဆောင်ဖို့သာ ဆုံးဖြတ်လိုက်မိသည်။

မပတ်သတ်တာပဲ ကောင်းမယ် ကင်ဆော့ဂျင် !!

ဂျောင်ကုသည်းခံရင်း အခမ်းအနားပြီးဆုံးသည်အထိ ဆော့ဂျင်ကို လုံးဝမကြည့်ဘဲ သူနေလိုက်မိသည်။ ကင်ဆော့ဂျင်က သူ့ဆီ တစ်ချက် တစ်ချက်အကြည့်ရောက်တာသိနေပေမယ့် သူကတော့ လုံးဝဂရုမစိုက်ဘဲ နေမိတော့သည်။ အခမ်းအနပြီးတာနဲ့ ကိုကို့အဆောင်တော်ဆီ သူလိုက်ဝင်တော့ လက်ရွေးစင်ရဲမက်နှစ်ယောက်ဖြစ်တဲ့ဟွမ်ဂင်ဂွမ်နဲ့ကင်ဆော့ဂျင်ပါ အဆောင်ထဲ ရောက်လာသည်။ သူ့မျက်နှာပဝါအမဲလေးဖုံးထားသည်မို့ ဆော့ဂျင်က သူ့ကို အရမ်းမှတ်မိနေဟန်မတူ။

" ကြင်ယာတော်ယူဂွမ်ကို ကျွန်တော်မျိုးအရိုအသေပေးပါတယ် ကျွန်တော်က ဟွမ်ဂင်ဂွမ်လို့ခေါ်ပါတယ် အမတ်ကြီးလီရဲ့တူတော်ပါ .. "

ကြင်ယာတော်ကို အရိုအသေပြုကာ မိတ်ဆက်တော့ ကိုကိုက ခေါင်းညိတ်အသိအမှတ်ပြုသည်။ ထို့နောက် ကိုကို့အကြည့်က ကင်ဆော့ဂျင်ဆီရောက်သွားတော့

"ကျွန်တော်မျိုးက ကင်ဆော့ဂျင်လို့ခေါ်ပါတယ် အင်ဂွန်းမင်းသားကြီးရဲ့ ~~~ "

ဆက်ပြောဖို့စကားတွန့်ဆုတ်နေတော့ ဂင်ဂွမ်ရဲ့အကြည့်က ဆော့ဂျင်ဆီရောက်သွားတာ သူသတိထားမိလိုက်သည်။

" အာ~~ ငါ မင်းကို သိတယ် ဆော့ဂျင် !! ငါတို့တွေ တစ်ရက်တည်းမွေးကြတာလေ ... "

ဆက်ပြောမယ့်စကားကို ကိုကိုက ဖာထေးတော့ ကင်ဆော့ဂျင်က ချက်ချင်းခေါင်းမော့ကာ ကိုကို့ကိုကြည့်သည်။

" ကင်ဆော့ဂျင်!! ကြင်ယာတော်ကို ဘယ်လိုများမော်ကြည့်ရဲတာလဲ "

ဘာရယ်မဟုတ် ... သူအသံမာမာနဲ့ပြောမိတော့ ကင်ဆော့ဂျင်က သူ့ဆီအကြည့်ရောက်လာသည်။ အဲ့ဒီလိုပဲ ကိုကိုကလည်း သူ့ကိုထူးဆန်းစွာကြည့်သည်။ ထို့နောက် ...

" သူ့နာမည်က ဂျွန်ဂျောင်ကု ! ငါ့ရဲ့ဝမ်းကွဲညီတော်ပါ ... စိတ်ကတော့ နည်းနည်းဆတ်ပေမယ့် ကလေးပဲရှိပါသေးတယ် ဆော့ဂျင် "

ဆော့ဂျင်ကိုပြုံးပြကာ သူ့အကြောင်းအထူးတလည်ပြောနေတဲ့ကိုကို့ကြောင့် ဂျောင်ကု မျက်မှောင်ကြုတ်လိုက်သည်။

နာမည်ပါပြောလိုက်တာ တကယ်ပဲ ကိုကိုက ဘာဖြစ်ချင်နေတာလဲ ...

" အာ~~ တောင်းပန်ပါတယ် ကြင်ယာတော်ယူဂွမ် ... နန်းတွင်းစည်းကမ်းတစ်ချို့နဲ့အသားမကျသေးတဲ့ကျွန်တော့်ကို ခွင့်လွှတ်တော်မူပါ "

" ရပါတယ် အပြစ်မယူပါဘူး "

" ကျေးဇူးကြီးမားလှပါတယ်အရှင် "

" ကဲ ငါအနားယူချင်ပြီ မင်းတို့အားလုံးလည်း သက်တောင့်သက်သာအနားယူပြီးနေကြပါ ... "

" ကောင်းပါပြီအရှင် "

ကိုကို့စကားကြောင့် ဆော့ဂျင်နဲ့ဂင်ဂွမ်က ထွက်သွားတော့ ကိုကိုက သူ့ကိုမော့ကြည့်သည်။

" မင်းရော~~ "

" ဘာကိုဆိုလိုတာလဲ ကိုကို "

" မင်းရော ထွက်သွားလို့ .. "

" ကိုကို!!! "

" အင်း ~~ တစ်ယောက်တည်းနေချင်တယ်... ထွက်သွားပေး ... ပြီးတော့ မင်းလုပ်စရာရှိတာလုပ်ပြီးရင် ဟိုလီကို အထဲလွှတ်ခဲ့ "

ကိုကိုက သူ့ကိုပါ မောင်းထုတ်လေတော့ သူ မကျေမနပ်နဲ့ အပြင်ထွက်ခဲ့မိတော့သည်။ အပြင်ရောက်တော့ ကင်ဆော့ဂျင်နဲ့ဟွမ်ဂင်ဂွမ်က သူ့ကိုဦးညွှတ်သည်။ သူ ဆော့ဂျင်ကိုတစ်လှည့် ဂင်ဂွမ်ကိုတစ်လှည့်ကြည့်လိုက်မိသည်။

" ရဲမက်ဟွမ် ...ကြင်ယာတော်ရဲ့ကျားလေးကို သွားယူဆောင်ပြီး ကြင်ယာတော်ရဲ့အခန်းထဲကိုပို့ပေးပါ ... "

" ဟုတ်ကဲ့ပါသခင်လေး "

" ရဲမက်ကင်ကတော့ ကျွန်တော့်နဲ့တစ်ပွဲလောက်နွှဲရအောင် "

" ခင်ဗျာ! "

အံ့ဩနေတဲ့ဆော့ဂျင်ကို သူဂရုမစိုက်တော့ဘဲ ထွက်လာခဲ့တော့ ဆော့ဂျင်လည်း အနောက်ကနေကပ်ပါလာသည်။ အတိတ်မှာ ဘယ်လိုပဲပတ်သတ်ကြပါစေ လက်ရှိမှာတော့ ကင်ဆော့ဂျင်ရဲ့အရည်အချင်းကိုစမ်းသပ်ဖို့လိုသည်။ ဒါမှကိုကိုအန္တရာယ်ကင်းကင်းနဲ့ နေနိုင်မှာဖြစ်သည်လေ။

ကြင်ယာတော်ရဲ့နန်းဆောင်အနောက်ဘက်ကိုရောက်တာနဲ့ ဂျောင်ကု ဓားထုတ်လိုက်သည်။

" ခင်ဗျား ဓားကို ထုတ်လိုက် ကင်ဆော့ဂျင် "

အူလည်လည်လေးဖြစ်နေတဲ့ ဆော့ဂျင်က ထူးဆန်းတယ်ဆိုတဲ့ပုံမျိုးနဲ့ သူ့အမိန့်ကိုနာခံစွာ ဓားကိုထုတ်သည်။

" အဆင်သင့်ဖြစ်ပြီဆိုရင် စကြတာပေါ့ "

သူ့စကားဆုံးတာနဲ့ သူ့ခြေလက်တွေကိုလှုပ်ရှားက ဆော့ဂျင်ရဲ့အားနည်းချက်ကိုရှာမိသည်။ ဆော့ဂျင်ကလည်း လှုပ်ရှားလာတဲ့သူ့ခြေထောက်တွေကို ပြန်ခုခံကာ တိုက်စစ်ဆင်လာသည်။ ပထမတော့ သူအသာရနေပေမယ့် တဖြည်းဖြည်းနဲ့ ဆော့ဂျင်ရဲ့လက်ရည်ကသာလာသည်။ သာမန်တံငါသည်တစ်ယောက်က ဒီလိုလက်ရည်မျိုးရှိနေလိမ့်မယ်လို့ သူတစ်ခါမှ မတွေးထင်ထားခဲ့သလို ဆော့ဂျင်ရဲ့အားနည်းချက်ကို သူမရှာနိုင်ပါ။ ထို့ကြောင့် တိုက်စစ်ကနေ ခံစစ်အသွင်ပြောင်းကာ အရှုံးပေးတော့မယ့်ပုံစံနဲ့ ဓားရှည်ကို ဝေ့ယမ်းမိသည်။

တိုက်ခိုက်နေတဲ့တစ်လျှောက်လုံး သူကသာ ဆော့ဂျင်မျက်နှာကို အာရုံထားပေမယ့် ဆော့ဂျင်ကတော့ အတိုက်အခိုက်ထဲ အာရုံရောက်နေသည်ထင်ပါ့။

အန္တရာယ်များမှာစိုးတာမို့ ဒီတိုင်းလေး ထွက်ပြေးလာခဲ့တာကို အန္တရာယ်တောထဲအထိ တိုးဝင်လာခဲ့တဲ့ကင်ဆော့ဂျင်!!
စိတ်ရှိလက်ရှိသာဆိုရင် ခင်ဗျားရူးနေလား!! ဘာလို့နန်းတွင်းထဲဝင်ပြီး ကိုကို့ရဲ့ရဲမက်အဖြစ်တာဝန်ထမ်းဆောင်ရတာလဲ လို့ ပခုံးကနေ ကိုင်ပေါက်ပြီးမေးပစ်လိုက်ချင်ပေမယ့် မဖြစ်နိုင်ပါ။
သူချစ်ရတဲ့သူတွေဟာ ဘာကြောင့် အန္တရယ်တွင်းရဲ့နှုတ်ခမ်းဝမှာရှိနေရလဲ သူမတွေးတတ်တော့။

ဂျောင်ကု တွေးနေမိရင်း ရုတ်တရက် သတိမမူမိတော့ မျက်နှာအုပ်ထားတဲ့ ပဝါစက ဆော့ဂျင်ရဲ့ဓားဖျားကြောင့် မျက်နှာပေါ်ကနေ ကြွေလွင့်သွားသည်။

"..."

ရုတ်တရက်မို့ လန့်သွားရပေမယ့် မသိသလိုဟန်ဆောင်ရင်းဆော့ဂျင်မျက်နှာကို အကဲခတ်ကြည့်လိုက်သည်။ ပြူးကျယ်နေတဲ့မျက်ဝန်းအစုံနဲ့အတူ ရုတ်တရက် ရပ်တန့်သွားသည်။

" ကု~~ "

ခပ်ဖွဖွလေးခေါ်လိုက်ပေမယ့် သူ သေချာကြားပါသည်။ မှတ်မိသွားမှာ စိုးရိမ်နေခဲ့မိပေမယ့် သူ မသိကျေးကျွန်ပြုပြီး ဆော့ဂျင်ရဲ့လည်တိုင်ကို သူ့ဓားဦးချွန်နဲ့ ထောက်လိုက်မိသည်။

" ခင်ဗျား!! ရှုံးပြီ !! "

ထပ်ပြီးမသိချင်ယောင်ဆောင်ရင်းပြောမိတော့ ဆော့ဂျင်က သူ့မျက်ဝန်းတွေကို စိုက်ကြည့်ကာ မျက်ဝန်းတွေနီရဲလာသည်။ ဘာရယ်မဟုတ် ထိုမျက်ဝန်းကို ရင်နာရတာမို့ အကြည့်လွှဲကာ ဓားကို ဓားအိမ်ထဲထည့်လိုက်သည်။ အဲ့ဒီ့အချိန်ထိ ဆော့ဂျင်က သူ့ကို ငေးနေဆဲဖြစ်သည်။

" ခင်ဗျား!! ဘာဖြစ်~~ "

သူ့အမေးမဆုံးခင်မှာပဲ ကိုင်ထားတဲ့ဓားကိုပစ်ချကာ ကလေးတစ်ယောက်လိုမျိုး သူ့ရင်ခွင်ထဲပစ်ဝင်လာပါတဲ့ကင်ဆော့ဂျင်။

ရထားတဲ့ရာထူးနဲ့ မလိုက်ဖက်တာပဲ ကင်ဆော့ဂျင်ရာ !!!

" ကုကု~~ ... ကုကု ဟုတ်တယ်မလား !!! မလိမ်ပါနဲ့ ကုကုဟုတ်တယ်မလား ... ကိုကို့ကိုမှတ်မိတယ်မဟုတ်လား မလိမ်ပါနဲ့ "

သူ့ကိုဖက်ကာ တုန်ယင်စွာမေးနေတဲ့ ဆော့ဂျင်ကို ငုံ့ကြည့်လိုက်မိသည်။ ကြည်တောက်နေတဲ့မျက်ဝန်းတွေက ဘယ်လောက်ထိလွမ်းနေလဲ ဘယ်လောက်ထိရှာဖွေနေခဲ့ရလဲ ပြောပြနေပေမယ့် အေးစက်စွာနဲ့ ဂျောင်ကု အကြည့်လွှဲလိုက်မိသည်။

" ခင်ဗျားနဲ့ ကျွန်တော် တစ်နေရာရာမှာ တွေ့ခဲ့ဖူးတာလား "

ထိုစကားကြောင့် တုန်လှုပ်နေခဲ့တဲ့ဆော့ဂျင်မျက်ဝန်းလေးတွေ ပြန်တည်ငြိမ်လာသလို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရာကနေ လက်တွေ တဖြည်းဖြည်းလျော့ရဲသွားသည်။ ထို့နောက် နောက်ကို တဖြည်းဖြည်းဆုတ်ကာ အသိဝင်လာသလို ခပ်ခွာခွာနေလိုက်ရင်း မျက်လွှာချလိုက်သည်။

" တောင်း~~ တောင်းပန်ပါတယ် သခင်လေး... လူမှားသွားတာပါ ... "

မျက်လွှာချကာ နှာထိပ်လေးတွေနီရဲနေတဲ့သူ့ရှေ့ကအစ်ကိုကြီးကိုပြေးဖက်ထားခဲ့ချင်ပေမယ့် လက်တွေ့မှာတော့ ကျောခိုင်းထွက်ခွာခဲ့မိသည်။
အနောက်ဆောင်ရဲ့မြေကွက်လပ်မှာ ကျန်နေခဲ့တဲ့ဆော့ဂျင်ကတော့ ထွက်ခွာသွားသူရဲ့ခါးထက်က ကျောက်စိမ်းပြားလေးကို ငေးကြည့်ရင်း စိတ်ဖြေအပြုံးလေး ပြုံးလိုက်မိသည်။

အနည်းဆုံး မမှတ်မိတာတောင် ငါပေးခဲ့တဲ့လက်ဆောင်ကို မပစ်လွှင့်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ် ကု ~~

မြင်ကွင်းထဲက ဂျောင်ကုပျောက်တာနဲ့ မျက်ရည်တွေလိမ့်ဆင်းလာတော့ ဆော့ဂျင်လက်ခုံနဲ့ပွတ်ဆွဲလိုက်သည်။ တကယ်ပြောရရင် အခမ်းအနားမှာကတည်းက အလွတ်ရနေတဲ့မျက်ဝန်းတွေကြောင့် သတိထားမိခဲ့သည်။ သို့ပေမယ့် မဖြစ်နိုင်ပါဘူးဆိုပြီး အကြိမ်ကြိမ် ကိုယ့်ကိုယ်ကိုယ်သတိပေးရင်း အကြည့်လွှဲခဲ့သည်။အခန်းထဲမှာ ကြင်ယာတော်မိတ်ဆက်ပေးတုန်းကလည်း ဂျွန်ဂျောင်ကု ဆိုတဲ့နာမည်ကြောင့် သူ့နှလုံးသားက တုန်လှုပ်နေခဲ့ပြီးသားဖြစ်သည်။ အဲ့ဒါအပြင် အသံ။ အေးစက်နေပေမယ့် သူ မေ့လို့မရတဲ့ကလေးဆန်ဆန်အသံက ထိုအေးစက်မှုထဲနစ်မြုပ်နေသည်။ မျက်နှာကို ပိုပြီး သိချင်ခဲ့သည်မို့ တိုက်ရင်းနဲ့ အလစ်မှာ မျက်နှာပေါ်က ပဝါကိုဆွဲချွတ်မိခဲ့သည်။ ပေါ်လာတဲ့မျက်နှာနုနုကြောင့် သူမနေနိုင်ဘဲ ပြေးဖက်မိပေမယ့် ထင်ခဲ့တဲ့အတိုင်း သူ့ကို မမှတ်မိတဲ့သူ့ရဲ့ကုကုလေး။

တစ်ချိန်ကျရင်ဒီလိုအမှန်တရားမျိုးကိုရင်ဆိုင်ရမှာ သိပေမယ့် တကယ့်လက်တွေ့မှာတော့ ရင်တွေနာရသည်။ သို့ပေမယ့် ဒီအတိုင်းလေးလည်းအဆင်ပြေပါတယ်လေ ကုကုက သတိရခဲ့ရင်တောင် အဲ့ဒီ့ညမှာ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကြောင့် သူ့ကို ပိုပြီးမုန်းနေမှာလေ ... ဘယ်လိုဖြစ်ဖြစ် မဟာကင်မ်မျိုးနွယ်ရဲ့ဒုတိယသခင်လေးဖြစ်တဲ့ ကုကုလိုလူဟာ သူ့အတွက်တော့ မထိ‌တွေ့နိုင်တဲ့ရတနာတစ်ပါးပင်။

ဆော့ဂျင်တွေးရင်း ဝမ်းနည်းတဲ့စိတ်ကိုမြိုသိပ်ကာ တောက်ပနေတဲ့ နေရောင်ခြည်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။

မင်း ငါ့ကိုချစ်လာအောင် ငါပြန်လုပ်မယ် ကု ~~

💠💠💠

" ခင်ဗျားအတွက် မမလေးကလာပို့ခိုင်းတာမို့ ကျုပ်လာပို့တာ ကင်နမ်ဂျွန် "

ပိုးထည်စတစ်ခုနဲ့ထုပ်ပိုးထားတဲ့ ဘူးလေးကို ထိုးပေးရင်း သူ့ကိုမကြည့်ဘဲပြောလာတဲ့ ဟွာဂျင်း။
သူ ဟွာဂျင်းကို ကြည့်ရင်း နေရခက်စွာ ပြုံးလိုက်မိသည်။

" ကျေးဇူး ... ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ ... "

" အင်း !! ဒါနဲ့ ခင်ဗျားနေရတာ အဆင်ပြေရဲ့လား နန်းတွင်းစည်းကမ်းတွေထဲမှာ မွန်းကျပ်နေတာမျိုးရော ဖြစ်သေးလား "

ဟွာဂျင်းအမေးကြောင့် သူခေါင်းခါလိုက်မိသည်။ တကယ်တော့ပြောရရင် အစ်ကိုကြီးနဲ့ဟွာဂျင်းဟာ အမြွှာတွေဖြစ်မှန်းသိပြီးကတည်းက သူဟာ နန်းတော်ရဲ့သမားတော်အဖြစ် အင်ဂွန်းမင်းသားကြီးက ထောက်ခံပေးခဲ့သည်။ အစ်ကိုကြီးကင်ဆော့ဂျင်ကိုလည်း ကြင်ယာတော်နား နေရာချကာ နိုင်ငံ့တာဝန်တွေကို ထမ်းရွက်စေသည်။ အစ်ကိုကြီးဆော့ဂျင်ရဲ့ညီမ ဆိုဂျင်းကတော့ သူ့ကို ဟွာဂျင်းကနေတစ်ဆင့် ဆက်သွယ်တတ်ပေမယ့် ဆိုဂျင်းကိုမတွေ့ရ။

" ငါအကုန်အဆင်ပြေတယ် ဟွာဂျင်း ~~ မင်းရော အဆင်ပြေရဲ့လား ... "

" အင်း! ပြေပါတယ် ... ဒါဆိုရင် သွားခွင့်ပြုပါဦး "

ပြောပြီးတာနဲ့ လှည့်ထွက်သွားခဲ့တဲ့ဟွာဂျင်း။ရောက်လာတိုင်း စကားနည်းနည်းနဲ့ကျောခိုင်းထွက်ခွာတတ်တဲ့ဟွာဂျင်းရဲ့ကျောပြင်ကို နမ်ဂျွန်ငေးရင်း လွမ်းလွမ်းဆွေးဆွေးကြည့်လိုက်မိသည်။

ငါ မင်းကို အခုထိ လိုအပ်နေတုန်းပဲ ဟွာဂျင်း ~~

ထွက်ခွာသွားပြီဖြစ်တဲ့ဟွာဂျင်းကတော့ စိတ်တိုစွာ နှုတ်ခမ်းတွေကို ကိုက်လိုက်မိသည်။

" အရူးမ ကင်ဆိုဂျင်း!! ငြင်းပြီးသားလူကို ဘယ်လိုလုပ်အဖြေပေးလို့ရမှာလဲ ... ခက်ခဲလိုက်တာ ... "

ကြိတ်မရခဲမရနဲ့ သူမကိုယ်သူမ မကျေနပ်ဖြစ်ရင်း ဘိုရာတပ်ဖွဲ့ဦးဆောင်သူဖြစ်တဲ့အရှင်မင်းကြီးဆီ ဦးတည်လိုက်မိတော့သည်။

" ဟွာဂျင်း အရှင်မင်းကြီးကိုဦးညွတ်ပါတယ် "

" ထပါ ဟွာဂျင်း ~~~ လာရင်းအကြောင်းကိစ္စက ဘာဖြစ်နိုင်မလဲ မဟုတ်မှ ... "

" ဟုတ်ပါတယ် ... ဘာကြောင့် ကျွန်တော်မျိုးမကို ဘိုရာတပ်ဖွဲ့ကနေ ထုတ်ပယ်ခဲ့တာလဲ ... ကြင်ယာတော်ကို ထိခိုက်စေမိလို့လား ဒါမှမဟုတ် ... အမှား တစ်ခုခုလုပ်မိလို့လား ... ကျွန်တော် အရှင်မင်းကြီးအပေါ် သစ္စာရှိရှိ စိတ်ရင်းအမှန်နဲ့ ထမ်းရွက်ခဲ့တာပါ "

သူမ စကားကြောင့် အရှင်မင်းကြီးကစာလိပ်ဖတ်နေရင်း စာလိပ်ကိုချကာ ဘေးနားကအထိန်းတော်ကို ထွက်သွားဖို့အချက်ပြသည်။အထိန်းတော်ထွက်သွားသည်ဆိုရင်ပဲ အရှင်မင်းကြီးက ပုလ္လင်ထက်ကနေဆင်းလာသည်။

" မင်း သစ္စာရှိတာ အစ်ကိုတော်သိပါတယ်... ဒါပေမဲ့ ဦးရီး‌တော်ရဲ့တောင်းဆိုချက်ကို ဘယ်လို ပစ်ပယ်ရဲမှာလဲ ဆိုဂျင်း "

စိတ်မကောင်းဟန်နဲ့ပြောလာတဲ့ အစ်ကိုတော်တစ်ဖြစ်လဲ နိုင်ငံရဲ့အရှင်မင်းကြီးတစ်ဖြစ်လဲ မင်ယွန်ဂီကို သူမ ကြည့်လိုက်မိသည်။ စိတ်တိုနေသည်မို့ အစ်ကိုတော်လို့ မခေါ်ချင်ပါ။ အများရှေ့မှာ အရှင်မင်းကြီးလို့သုံးနှုန်းတတ်ပေမယ့် ဘိုရာတပ်ဖွဲ့ဝင်အနေနဲ့တော့ အစ်ကိုတော်လို့သာ သူမခေါ်တတ်ပါသည်။

" အရှင်မင်းကြီးဒယ်ဂီခင်ဗျား ... နိုင်ငံရဲ့ပြည့်ရှင်က ဦးရီးတော်ရဲ့တောင်းဆိုချက်ကို ပယ်ဖျက်နိုင်စွမ်းရှိပါတယ် "

သူမ အဖေတောင်းဆိုခဲ့သည့်အတိုင်း သူမကို ဘိုရာတပ်ဖွဲ့ကနေ ထုတ်ပယ်လေတော့ သူမ စိတ်ဆိုးစွာ ပြောလိုက်မိသည်။

" ကိုယ်တော်သာ မင်းကို မထုတ်ပယ်ရင် ကင်အိမ်တော်ရဲ့မမလေးက တစ်သက်လုံး လက်ဆက်ခွင့်မရှိဘဲ နေပါဦးမယ် ... ပြီးတော့ မင်းက အမျိုးသမီးတစ်ယောက်လေ ... တိုက်ခိုက်တာတွေက မင်းနဲ့ မသင့်တော်ပေဘူး ... ဒီလိုဆက်လုပ်နေရင် မင်းကိုသဘောကျမယ့်သူရှိလာမှာမဟုတ်ဘူး ... လို့ ဦးရီးတော်က ပြောသွားခဲ့တဲ့အတွက် ကိုယ်တော်က သဘောတူပေးလိုက်တာပါ "

ထိုစကားကြောင့် ဟွာဂျင်းအသိဝင်သွားမိသည်။ ကင်နမ်ဂျွန်းဟာ ယောင်္ကျားလေးပုံစံဟွာဂျင်းကို သဘောကျတာဖြစ်ပြီး မိန်းကလေးပုံစံဆိုဂျင်းကိုသဘောကျသူမဟုတ်။ သူမသာ ဟွာဂျင်းမဟုတ်ဘဲ ဆိုဂျင်းဆိုတဲ့မိန်းကလေးမှန်းသိသွားရင် သူမကိုချစ်နိုင်ဦးပါ့မလား။ ဒါပေမဲ့ နမ်ဂျွန်ကို တခြားမိန်းကလေးဖြစ်ဖြစ်၊ ယောင်္ကျားလေးဖြစ်ဖြစ် တွဲမမြင်ချင်ပါ။ ထို့ကြောင့် ရုတ်တရက် အသိဝင်လာတာက အရှင်မင်းကြီးဖြစ်တဲ့ အစ်ကိုတော့်ဆီမှာ အလဲအလှယ်လုပ်ပြီးတောင်းဆိုရန်ဖြစ်သည်။

" ဒါဖြင့်ရင် ဘိုရာတပ်ဖွဲ့ကနေ ပြသနာမရှာဘဲ ထွက်ပေးပါ့မယ် အဲ့ဒီ့အတွက် အရှင်မင်းကြီး တစ်ခုခုပြန်ပေးဖို့လိုမယ် "

သူမ စကားကြောင့် အရှင်မင်းကြီးက သူမကို စိုက်ကြည့်လာသည်။

" ငါ့ညီမတော်က ဘာများလိုအပ်ပါသလဲ ... ဖြည့်ဆည်းပေးဖို့အဆင်သင့်ပါပဲ "

အဲ့ဒီ့နောက်မှာတော့ သူမ တောင်းဆိုချက်ကြောင့် အစ်ကိုတော်မျက်ဝန်းပြူးသွားပေမယ့် သဘောကျစွာ ပြုံးရယ်ရင်း ခေါင်းညိတ်သဘောတူလိုက်သည်။

💠💠💠

May 31,2021
#5958

Jinkookလေးရိုပေးဖို့‌ ပြောထားတာတွေ့ပါတယ် ... Blue Bloodမှာ အာမ မခံနိုင်တာမို့လို့ Oh! My Master လေးဆီ ကြွကြပါ ... Oh! My Master‌လေးက အသစ်ထပ်အပ်ထားတဲ့ Jinkookလေးပါ ... Blue Bloodလိုမျိုး စွမ်းအားတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ Fantasyလေးပါပဲ ။ Slow Updateလို့ရေးထားပေမယ့် မယုံကြပါနဲ့ ဂျင်းထည့်နေတာပါ (✿ꈍᴗꈍ)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင္း ၁၃
***********

" ၾကင္ယာေတာ္ ယူဂြမ္ ေကာင္းမြန္စြာ အနားယူပါအရွင္ "

ညဘက္ ကိုယ္လက္သန႔္စင္ၿပီးတာနဲ႔ အထိန္းေတာ္ႀကီးေျပာတဲ့စကားကို သူ ေခါင္းညိတ္လိုက္သည္။ အေစခံေလးေတြ အ‌ပ်ိဳေတာ္ေလးေတြနဲ႔ တျခားသူေတြ ထြက္သြားၾကေတာ့ အခန္းထဲမွာ သူတစ္ေယာက္တည္းက်န္ရစ္ခဲ့သည္။ ေဂ်ာင္ကုကလည္း ေပးထားတဲ့အေဆာင္ဆီျပန္သြားပုံေပၚသည္။ သူ မအိပ္စက္ႏိုင္ေသးဘဲ ဂီ့အေၾကာင္းကိုသာ စဥ္းစားမိသည္။

ဂီက ဘာအေၾကာင္းေၾကာင့္မ်ား သူ႔ကို လိမ္ခဲ့တာလဲ .. နန္းေတာ္ထဲကို အတင္းလာေစခ်င္ေနခဲ့တဲ့ဂီဟာ သူထြက္ေျပးမယ္ေျပာ‌တုန္းကလဲ လုံးဝခြင့္မျပဳခဲ့တာ ဂီက ဘုရင္ျဖစ္ေနလို႔မ်ားလား ...။ ဒါဆိုရင္ မသိခ်င္ေယာင္ေဆာင္တာကေရာ ဘာေၾကာင့္မ်ားလဲ ...။ မိဘုရားမယ္မယ္ေၾကာင့္မ်ားလား ...။ ဒါမွမဟုတ္ သူ႔ကို အလိမ္အညာေတြသုံးၿပီး ခ်စ္ဟန္ေဆာင္ခဲ့တာလား။ သူ႔ကိုပဲ နမ္းဖူးတယ္လို႔ထင္တဲ့ ဂီ့ႏႈတ္ခမ္းေတြဟာ တျခားသူအပိုင္ျဖစ္ေနခဲ့ၿပီးသားပဲေလ။

ထယ္ေယာင္းေတြးရင္း ေရွ႕မွာ ထြန္းထားတဲ့မီးအိမ္ေလးကို ၾကည့္ကာ ဝမ္းနည္းလာေတာ့သည္။ ဖြင့္ထားတဲ့ ေခါင္းရင္းဘက္ကျပတင္းေပါက္ ေလအေဝွ႔မွာ မ်က္ဝန္းထဲက မ်က္ရည္ၾကည္‌ေတြ လိမ့္ဆင္းလာေတာ့ ထယ္ေယာင္းမတ္တပ္ရပ္လိုက္မိသည္။ ထို႔ေနာက္ျပတင္းေပါက္တံခါးနားကပ္ကာ ျပတင္းေပါက္ကို ပိတ္ၿပီး စားပြဲဆီအလာ ... ႐ုတ္တရက္ ျပန္ပြင့္သြားတဲ့ျပတင္းေပါက္ေၾကာင့္ ထယ္ေယာင္း လန႔္ၿပီး အေနာက္လွည့္ၾကည့္ဖို႔ႀကိဳးစားလိုက္မိသည္။

"..."

သို႔ေပမယ့္ ျပတင္းေပါက္ထဲကေန ေက်ာ္ဝင္လာတဲ့ လူတစ္ေယာက္ေၾကာင့္ သူ မတတ္ႏိုင္။ ခ်က္ခ်င္းဆိုသလို သူ႔အေနာက္ကေန ထိန္းခ်ဳပ္ျခင္းခံလိုက္ရသည္။

" ခင္ဗ်ား ... ဘာလိုခ်င္တာလဲ "

စိတ္ထိခိုက္ေနတဲ့အခ်ိန္မို႔ သူ တုံ႔ျပန္ဖို႔မလ်င္ျမန္ႏိုင္ဘဲ ေမးခြန္းထုတ္လိုက္ေတာ့ ထိုသူက သူ႔နား႐ြက္ဖ်ားေလးကို ကိုက္ဆြဲကာ ျပန္ေျဖလာသည္။

" မင္းကို ~~ "

စိတ္ေတြက ေရာေထြးေနသည္မို႔ ထိုအျပဳအမူကို စိတ္တိုစြာ အတင္း႐ုန္းကန္ရင္း ေအာ္ဟစ္ဖို႔ႀကိဳးစားလိုက္မိသည္။

" ခင္ဗ်ား လႊတ္စမ္း!! ေဂ်ာင္~~ အု ..."

ေဂ်ာင္ကုကို ေခၚဖို႔ႀကိဳးစားလိုက္မိေပမယ့္ သူ႔ထက္ပိုလ်င္ျမန္တဲ့ထိုလူက သူ႔ကိုယ္ကို ဆြဲလွည့္ကာ သူ႔ႏႈတ္ခမ္းဖ်ားေတြကို ဆြဲငုံလိုက္သည္။ ပထမေတာ့ အလိုမတူစြာ ႐ုန္းကန္ဖို႔ႀကိဳးစားမိေပမယ့္ သူ႔ကို နမ္းေနတဲ့ထိုအနမ္းပိုင္ရွင္ဟာ သူ အလြတ္ရေနတဲ့ဂီဆိုတာ သိလိုက္တဲ့အခါမွာေတာ့ ထယ္ေယာင္း မ်က္လႊာခ်ၿပီး ျပန္ေပြ႕ဖက္လိုက္မိသည္။

ဂီ့ကိုျမင္ရင္ သူ တြန္းထုတ္ၿပီး စိတ္ဆိုးမယ္လို႔ ရည္႐ြယ္ထားခဲ့တာ ... ျပသနာရွာမယ္လို႔ ရည္႐ြယ္ထားခဲ့တာ ... တကယ္တမ္းက်ေတာ့ ဂီ့အနမ္းတစ္ပြင့္မွာတင္ ေျပာစရာေတြ ဆြံ႕အကုန္သည္မို႔ ထယ္ေယာင္းမ်က္ရည္ေတြ လိမ့္က်မိသည္။ ဖခမည္းေတာ္မွာထားတဲ့ မခ်စ္မိေစနဲ႔ စည္းကို ေက်ာ္ျဖတ္မိလို႔ အခုလို သူခံစားေနရတာလား သူမေတြးတတ္။ ေသခ်ာတာက ဂီဟာ သူ႔အနားမွာရွိေနရင္ ဘာမဆို သူရင္ဆိုင္ရဲတယ္ဆိုတာ ..။

ႏူးညံ့တဲ့အနမ္းတစ္ပြင့္ကေန ဂီက ပိုတိုးလို႔ နမ္းရႈိက္ရင္း သူ႔ကိုယ္ကို ေပြ႕ခ်ီကာ ေညာင္ေစာင္းထက္ လွဲခ်လိုက္သည္။ အသက္ရႉရက်ပ္လာသည္မို႔ အခြင့္ေရးေပးတဲ့အေနနဲ႔ ဂီက သူ႔ႏႈတ္ခမ္းေတြကို လႊတ္ကာ အျဖဴေရာင္အတြင္းဝတ္ေလးကို ႀကိဳးျဖည္ရင္း ပခုံးေတြေပၚတဲ့အထိ ဆြဲခ်လိုက္သည္။ ထိုအျပဳအမူေၾကာင့္ ဝတ္႐ုံဖုံးထားတဲ့သူ႔လက္သြယ္သြယ္က ဂီ့ပခုံးေပၚေရာက္လာသည္။ ေမာဟိုက္ရင္ဖိုေနသည္မို႔ ဂီ့မ်က္ႏွာကို မၾကည့္ရဲဘဲ မ်က္လႊာခ်ကာ လည္တိုင္ကို ေစာင္းငဲ့ေပးမိေတာ့ ပိုထင္းလာတဲ့လည္တိုင္လွလွထက္မွာ ဂီ့ႏႈတ္ခမ္းဆီက စိုစြတ္ေႏြးေထြးမႈေတြ က်ေရာက္လာသည္။ ခံစားလြယ္တဲ့သူ႔အဖို႔ ဂီ့ႏႈတ္ခမ္းေတြရဲ႕ကြၽမ္းက်င္မႈေၾကာင့္ အသံထြက္ခ်င္ေပမယ့္ ႀကိတ္မွိတ္ၿပီး သည္းခံမိသည္။ ဒါကို သတိထားမိပုံေပၚတဲ့ဂီက လက္တစ္ဖက္ကို သူ႔ဗိုက္သားရွပ္ရွပ္ေလးေပၚ လက္ေတြက ေျပးကစားကာ သူ႔ေက်ာျပင္ကို ဖက္တြယ္ေလေတာ့ သူလည္း မေနတတ္စြာနဲ႔ ေက်ာေကာ့လိုက္မိသည္။ ဂီ့ဝမ္းဗိုက္နဲ႔သူ႔ခါးထပ္တူက်သြားသည္ဆိုရင္ျဖင့္ ဂီက လည္တိုင္ေတြကို နမ္းရႈိက္ေနရာကေန ရပ္တန႔္ကာ သူ႔ႏႈတ္ခမ္းကို ခပ္ဖြဖြေလးဖိကပ္သည္။

" ငိုေနတာလား ေယာင္း ~~ "

ပါးျပင္ေပၚက မ်က္ရည္ေတြကို လက္မေလးနဲ႔ဖိသုတ္ကာ ေမးေတာ့ ထယ္ေယာင္း ေခါင္းခါမိသည္။

" ကိုယ္မွားတာ ကိုယ္သိပါတယ္ .. ဒါေပမဲ့ မေျပာျပခဲ့ဘူးဆိုတာက မင္းအေနမက်ပ္ေအာင္လို႔ေလ ... ၿပီးေတာ့ မင္းအႏၲရာယ္မျဖစ္ရေအာင္ပါ "

စကားအဆုံးသတ္မွာ သူ႔ပါးျပင္ေပၚက်လာတဲ့ဂီ့အနမ္းေတြ။ ထယ္ေယာင္းငိုမဲ့မဲ့ေလးျဖစ္ရင္း ဂီ့ကိုတုံ႔ျပန္မိသည္။

" ဒါဆို မသိခ်င္ေယာင္ေဆာင္တာ‌ကေရာ ... ဘယ္ေလာက္ထိ နာက်င္ရလဲ သိလား အရွင္မင္းႀကီး! "

" ေတာင္းပန္ပါတယ္ .. နန္းတြင္းက မင္းထင္သလို မ႐ိုးရွင္းဘူး ေယာင္း မင္းကကိုယ့္ရဲ႕အခ်စ္ေတာ္ေလးျဖစ္လာရင္ အားလုံးက မင္းဆီ အာ႐ုံစိုက္လာၾကလိမ့္မယ္ ... နဂိုကတည္းက ဟိုရင္းေက်ာက္နဲ႔ နတ္ပုလဲေၾကာင့္ မင္းမွာအႏၲရာယ္မ်ားေနၿပီးသားေလ ... အဲ့ဒါေၾကာင့္ ကိုယ္တို႔ၾကားမွာ ဘာမွမရွိသလိုမ်ိဳး လုပ္လိုက္မိတာ ... ဒါေပမဲ့ ကိုယ္အခု မင္းကိုရွင္းျပေနၿပီပဲေလ ... ကိုယ့္ကို နားလည္မယ္မဟုတ္လား "

" နားလည္ေပမယ့္ တစ္သက္လုံး အဲ့လို မသိခ်င္ေယာင္ေဆာင္သြားဖို႔လား အရွင္မင္းႀကီး ... ၿပီးေတာ့ .. "

" တစ္သက္လုံးေတာ့ မဟုတ္ပါဘူး မနက္ျဖန္အခမ္းအနားၿပီးရင္ ကိုယ္မင္းနဲ႔ ညတိုင္းရွိေနေတာ့မွာ ၿပီးေတာ့ ဘာျဖစ္လဲ ေျပာ ... "

ထယ္ေယာင္း ေျပာသင့္မေျပာသင့္ စဥ္းစားလိုက္မိသည္။ ၾကင္ယာေတာ္တစ္ေယာက္အေနနဲ႔ မိဘုရားမယ္မယ္ကို သဝန္တိုတယ္လို႔ေျပာရင္ ေခါင္းျဖတ္ခံထိႏိုင္တယ္မဟုတ္လား။

" ၿပီးေတာ့ ဘာျဖစ္လဲ ကိုယ့္ကို ေျပာ ဒီအခ်ိန္မွာ ကိုယ္က ႏိုင္ငံရဲ႕မင္းႀကီးမဟုတ္ဘူး ... ကင္ထယ္ေယာင္းရဲ႕ တစ္ဦးတည္းေသာ မင္ယြန္ဂီ!! "

သူ႔ပါးႏွစ္ဖက္ကို ကိုင္ဆြဲရင္း ႏႈတ္ခမ္းေတြေပၚနမ္းလာျပန္ေတာ့ ထယ္ေယာင္း မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

" မင္ယြန္ဂီ~~ "

" အင္း ကိုယ့္နာမည္အရင္းက မင္ယြန္ဂီ ... ႏွစ္‌ေယာက္တည္းရွိေနတဲ့အခ်ိန္ဆို အရွင္မင္းႀကီးလို႔မေခၚပါနဲ႔ ကိုယ္သေဘာမေတြ႕ဘူး ကိုယ့္နာမည္ကိုပဲ တိုက္႐ိုက္ေခၚပါ ေယာင္း မင္းနဲ႔ကိုယ္က ၾကင္ယာေတာ္နဲ႔အရွင္မင္းႀကီးမဟုတ္ဘူးေလ ... ဒီတိုင္း ဘာဂုဏ္ေတြမွ မရွိဘဲ ခ်စ္ခဲ့ၾကတဲ့ ေယာင္းနဲ႔ဂီေလ "

ဂီ့စကားေၾကာင့္ ထယ္ေယာင္း ႏွာေခါင္းရႈံ႕လိုက္မိသည္။

" ဒါဆို မယ္မယ္ကေရာ ... မယ္မယ္နဲ႔အရွင္မင္းႀကီးက ငယ္ခ်စ္ဦးေတြမဟုတ္လား .. အရွင္မင္းႀကီးရဲ႕မိဘုရားအေပၚဒီလိုစိတ္မ်ိဳးမထားသင့္တာသိေပမယ့္ ကြၽန္ေတာ္ .. ကြၽန္ေတာ္ "

' သဝန္တိုမိပါတယ္' ဆိုတဲ့စကားကို ထပ္မထြက္လာေတာ့ ဂီ့မ်က္ႏွာက ၿပဳံးစိစိနဲ႔ သူ႔ကို ပိုငုံ႔မိုးလာသည္။

" အင္း ~~ ဘာျဖစ္လဲ .. ဆက္ေျပာေလ ေယာင္း "

" ကြၽန္ေတာ္ သဝန္တိုမိပါတယ္ ... ပြင့္ပြင့္လင္းလင္းေျပာရရင္ ဂီက ႏိုင္ငံရဲ႕ဘုရင္ျဖစ္ေနတာကို ကြၽန္ေတာ္မႀကိဳက္ဘူး ... မိန္းမေတြအမ်ားႀကီးထားၿပီး ကြၽန္ေတာ္ကလည္း သူတို႔ေတြနဲ႔ တန္းတူျဖစ္ေနရမွာမ်ိဳးသေဘာမက်ဘူး ဂီ ... ကြၽန္ေတာ္ကေလ ကိုယ္ခ်စ္တဲ့သူရဲ႕အခ်စ္ကို တစ္ေယာက္တည္းပဲလိုခ်င္တာ "

စည္းမ်ဥ္းစည္းကမ္းေတြကို ေခါင္းထဲက ထုတ္ကာ ဖြင့္ခ်မိေတာ့ ဂီက သူ႔ကို အားနာစြာ စိုက္ၾကည့္သည္။ အတန္ၾကာၿပီးတဲ့ေနာက္မွာေတာ့ သူ႔နဖူးေပၚ အနမ္းတစ္ပြင့္ေႂကြဆင္းလာသည္။

" ေယာင္း~~ ကိုယ္လိမ္ေနတာလို႔ မင္းထင္ေကာင္းထင္လိမ့္မယ္ ဒါေပမဲ့ အဲ့ဒါက အမွန္ပဲ ... ကိုယ့္ဘဝမွာ မင္းတစ္ေယာက္တည္းကိုပဲ ခ်စ္ခဲ့တာ ... "

" ဒါဆို မိဘုရားမယ္မယ္ကေရာ ငယ္ငယ္ေလးကတည္းကခ်စ္ခဲ့ၿပီး အားလုံးဆန႔္က်င္ေနတာေတာင္ အနားမွာ ထားခဲ့တာမဟုတ္လား ... "

သူ႔စကားေၾကာင့္ ဂီက သက္ျပင္းခ်ကာၿပဳံးသည္။

" မိဘုရားမယ္မယ္က ကိုယ့္အေပၚ မယ္ေတာ္လို အစ္မေတာ္လို ေကာင္းေပးတဲ့သူပါ ... ဒါေပမဲ့ ကိုယ္ေျပာခ်င္တာကေလ ေယာင္း နန္းတြင္းထဲမွာ မင္း မ်က္စိနဲ႔ျမင္သမွ်အကုန္ အမွန္ေတြမဟုတ္ဘူး ... ဒါေၾကာင့္ ဘာကိုျမင္ျမင္အမွန္လို႔မယူလိုက္ပါနဲ႔ ... "

" ဒါဆို ဒီေန႔နမ္းေနတာလည္း အမွန္မဟုတ္ဘူးေပါ့ "

သူ႔ေမးခြန္းရဲ႕အဆုံးမွာ ဂီက ရယ္သည္။

" ကိုယ့္ရဲ႕ၾကင္ယာေတာ္ေလး သဝန္တိုေနတာပဲ ... ေယာင္း ~~ ကိုယ္ မင္းကိုခ်စ္တယ္ ... မင္း ကိုယ့္ဆီေရာက္လာဖို႔အတြက္ ကိုယ္အခ်ိန္အၾကာႀကီး ေစာင့္ခဲ့ရတာ ~~ အဲ့ဒါေၾကာင့္ ကိုယ္ေျပာခ်င္တာက ကိုယ့္ကို ယုံၾကည္ေပးပါ "

ထိုစကားရဲ႕အဆုံးမွာေတာ့ ထယ္ေယာင္း ထပ္မေမးမိေတာ့ဘဲ ဂီ့စကားအတိုင္း သူ ယုံၾကည္ေပးဖို႔ ဆုံးျဖတ္လိုက္မိသည္။

" ဒါနဲ႔ တစ္ခုထပ္ေမးလို႔ရမလား ဂီ !! "

" အင္း ကိုယ္ေျဖေပးမယ္ေယာင္း "

" ဂီ့မ်က္ဝန္းကအမာ႐ြတ္! ေန႔လည္တုန္းက ဘာလို႔မ‌ေတြ႕မိတာလဲ ... တစ္မ်ိဳးေတာ့မထင္ေစခ်င္ေပမယ့္ ဒီေန႔နန္းတြင္းစည္းကမ္းေတြကို ေလ့လာရင္းနဲ႔ဖတ္မိထားတာရွိတယ္ ... မ်က္ႏွာမွာအမာ႐ြတ္နဲ႔ေမြးဖြားလာတဲ့မင္းသားက အိမ္ေရွ႕စံမျဖစ္ႏိုင္တဲ့အျပင္ ႏိုင္ငံကို မအုပ္စိုးသင့္ဘူးဆို ... "

သူ႔အေမးေၾကာင့္ ဂီကၿပဳံးကာ သူ႔ႏွာတံကို ဆြဲညႇစ္သည္။

" ဒါေပါ့ .. ဒါေပမဲ့ ကိုယ္က နန္းျပင္ထြက္ၿပီး မသင့္ေတာ္တဲ့အျပဳအမူေတြလုပ္မိလို႔ မ်ိဳး႐ိုးျမင့္ေတြက မွတ္မိသြားရင္ ဘယ္လိုေနလိမ့္မလဲ ... ကိုယ့္ကို သံသယဝင္ၾကမွာေပါ့ "

" အာ ~~ အဲ့ဒါေၾကာင့္ ႐ုပ္ဖ်က္ထားတာလား... "

ဂီ့စကားကို ျဖတ္ေျပာမိေတာ့ ဂီက ၿပဳံးသည္။

" မဟုတ္ဘူး ‌‌ေမြးရာပါ အမွတ္အသား ... ေယာင္း ~~ တစ္ခ်ိန္က်ရင္ မင္းအားလုံးသိလာလိမ့္မယ္ ... "

ထူးဆန္းစြာ ေလးနက္သြားတဲ့စကားေၾကာင့္ ထယ္ေယာင္းရင္ထဲတစ္မ်ိဳးေလးခံစားလိုက္ရေပမယ့္ ဂီကေတာ့ သူ႔ေဘးနားလွဲခ်ကာ ေပါ့ေပါ့ပါးပါးေလးရယ္သည္။

" တစ္ခ်ိန္က်ရင္ ဆိုတာ ဘယ္အခ်ိန္လဲ ဂီ ... ကြၽန္ေတာ့္ကို မေျပာျပႏိုင္ဘူးလား "

ဂီ့ရင္ဘတ္ေပၚ သူ႔လက္တင္ကာ ေမးမိေတာ့ ဂီက သူ႔ကို ပိုေထြးေပြ႕လာသည္။

" ဘယ္အခ်ိန္လဲဆိုေတာ့ ကိုယ္တို႔ ေသြးေတြေပါင္းစည္းသြားတဲ့အခ်ိန္ ~~ မနက္ျဖန္ညလား .. ဒါမွမဟုတ္ ... အခုညလား .. ဆိုတာက .. "

အသံရွည္ႀကီးဆြဲကာ ၿပဳံးစိစိနဲ႔ သူ႔မ်က္ႏွာကို စိုက္ၾကည့္လာေတာ့ ထယ္ေယာင္း ႐ုန္းထြက္မိသည္။

" မက်ီစယ္သင့္ပါဘူးအရွင္မင္းႀကီး ... အခမ္းအနားတင္‌ေျမာက္ပြဲမၿပီးေသးတာမို႔ ကြၽန္ေတာ္မ်ိဳးတို႔ ေတြ႕ေတာင္ မေတြ႕သင့္ပါဘူး အရွင္မင္းႀကီး ~~~ အဲ့ဒီလိုမ်ိဳးအၾကည့္နဲ႔ ကြၽန္ေတာ္မ်ိဳးကို မၾကည့္ပါနဲ႔ "

ဂီ့ရင္ခြင္ထဲကေန ထယ္ေယာင္း႐ုန္းထြက္ေတာ့ ဂီက ျပန္လည္ဆြဲသြင္းကာ ေပြ႕ဖက္လိုက္သည္။

" ၾကင္ယာေတာ္ေလး ညဘက္ေတြဆို အိပ္မရဘူးလို႔ၾကားတယ္ အဲ့ဒီ့ေတာ့ ဒီည ကိုယ္ရွိေပးမယ္ ... ကိုယ္ေတာ့္ရင္ခြင္ထဲမွာ ေကာင္းေကာင္းအိပ္စက္ပါ ၾကင္ယာေတာ္ေလး အမိန႔္မနာခံရင္ အခမ္းအနားတင္ေျမႇာက္ပြဲမက်င္းပရလည္း ကိုယ္ေတာ္ အပိုင္သိမ္းပါေတာ့မယ္ "

" စိုး႐ြံ႕မိပါတယ္အရွင္ အရွင္မင္းႀကီးရဲ႕အမိန႔္ကို နာခံၿပီး ကြၽန္ေတာ္မ်ိဳး အိပ္စက္ပါေတာ့မယ္ ... "

အဲ့ဒီ့ညမွာေတာ့ ဂီက အိပ္မေပ်ာ္တဲ့သူ႔ကို ေပြ႕ဖက္ကာ ရင္ခြင္ထဲမွာ အိပ္စက္ေစခဲ့သည္။ မနက္မိုးလင္း ဘယ္အခ်ိန္ေလာက္မွ အခန္းထဲက ထြက္သြားခဲ့လဲ မသိေပမယ့္ သူ ၾကည္ႏူးရင္း က်န္ခဲ့ရပါသည္။

💠💠💠

ဓားကိုပိုက္ကာ လက္ထဲက ေက်ာက္စိမ္းျပားေလးကိုၾကည့္ရင္း ေဂ်ာင္ကုသက္ျပင္းခ်လိုက္မိသည္။ သူ႔ခႏၶာကိုယ္က နန္းေတာ္ထဲမွာရွိေနေပမယ့္ သူ႔စိတ္ေတြက နန္းေတာ္အျပင္ဘက္က လူတစ္ေယာက္ဆီ ပ်ံ႕လြင့္ေနၿပီျဖစ္သည္။

အခုခ်ိန္ဆို ဘာမ်ားလုပ္ေနလိမ့္မလဲ ကုကုေလးေပ်ာက္သြားလို႔ လိုက္ရွာေနမွာလား ဒါမွမဟုတ္ ပစ္ပယ္သြားခဲ့မိတဲ့အတြက္ ေဒါသတႀကီး စိတ္ဆိုးေနမွာလား ... ။ ဘာပဲေျပာေျပာ သူက ကင္ေဆာ့ဂ်င္ဆိုတဲ့ အဲ့လူႀကီးအေပၚ အခြင့္ေရးယူခဲ့မိတာပဲေလ။

ေဂ်ာင္ကုေတြးရင္း လက္ထဲက ေက်ာက္စိမ္းျပားေလးကို ခါးထက္ခ်ိတ္ဆြဲလိုက္မိသည္။အဲ့ဒီ့ေနာက္မွာေတာ့ ကင္ေဆာ့ဂ်င္အေၾကာင္း ထပ္မေတြးေတာ့ဘဲ အစ္ကိုေတာ္ရဲ႕နန္းေဆာင္ထဲ ဝင္လာခဲ့မိေတာ့သည္။ အခုခ်ိန္မွာ ကိုကို႔ေဘးနား သူရွိေနသင့္သည္။ ႏိုင္ငံရဲ႕အရွင္သခင္ဟာ ဂီဆိုတာကို သိသိခ်င္း သူလည္း ႏွလုံးရပ္မတတ္အံ့ဩခဲ့ရတာမို႔လို႔ ကိုကိုလည္း ဝမ္းနည္းေနမယ္ဆိုတာ သူနားလည္သည္။ ကိုကိုဟာ ကိုကိုခ်စ္တဲ့သူကို တျခားတစ္ေယာက္နဲ႔ခြဲေဝခ်စ္ေပးရတာမ်ိဳး မႀကိဳက္မွန္း သူသိသည္။ ၿပီးေတာ့ ဒီေန႔ကလည္း ၾကင္ယာေတာ္ တင္ေျမႇာက္ျခင္းအခမ္းအနားေလ။ သာမန္ၾကင္ယာေတာ္တစ္ေယာက္ကို အခမ္းအနားမက်င္းပေပးေပမယ့္ မဟာကင္မ္မ်ိဳးႏြယ္ကၾကင္ယာေတာ္ဆိုရင္ေတာ့ အေရးတယူက်င္းပေပးရတာ ထုံးစံတစ္ခုလိုျဖစ္ေနေပၿပီ။

" ကိုကို ~~ အာ ~~ ၾကင္ယာေတာ္ ၿပီးပါၿပီလား အခမ္းနားစဖို႔ အခ်ိန္ေရာက္ပါၿပီ "

ဝတ္စုံျပည့္အျပင္ သရဖူေလးနဲ႔ ‌ေယာက်ၤားေလးတစ္ေယာက္နဲ႔မတူစြာ လွပေနသည့္ ကိုကို။ သူအပါအဝင္ မဟာကင္မ္မ်ိဳးႏြယ္က ေယာက်ၤားေလးတိုင္း ေခ်ာလွေပမယ့္ ကိုကိုကေတာ့ အဲ့ဒါထက္ ပိုပါသည္။ မ်ိဳးႏြယ္ရဲ႕အထြဋ္အျမတ္ထားရာ ပန္းခ်ီကားထဲက နတ္ဘုရားမေတြလို ကိုကိုက လွရက္ႏိုင္လြန္းသည္။ သို႔ေပမဲ့ ကိုကို႔အလွက မိန္းမဆန္ေနတာမဟုတ္။

" ေဂ်ာင္ကု သြားရေအာင္ "

ဝတ္ဆင္ထားရတဲ့ ေျခခုံက သာမန္ထက္ ထူးကဲေနတာမို႔ ကိုကိုက သူ႔ကိုလက္လွမ္းေပးေတာ့ သူ အသာေလးထိန္းကိုင္ေပးလိုက္မိသည္။ ထို႔ေနာက္ ပဝါစအုပ္ထားတဲ့ကိုကို႔မ်က္ႏွာထက္မွာ အထိန္းေတာ္ေတြက ရတနာႀကိဳးအေသးေလးအလွဆင္ေပးသည္။ အီဒယ္ျပည္ေထာင္စုရဲ႕႐ိုးရာအတိုင္း ဝတ္စုံကို ဝတ္ဆင္ရေပမယ့္ မ်က္ႏွာေပၚက ပဝါကေတာ့ သက္ဆိုင္သူျဖစ္တဲ့ မင္းႀကီးသာ ဖယ္ခြာရမွာမို႔ အခုထိ ပဝါဖုံးထားရတာျဖစ္သည္။

သူ႔ေရွ႕က အပ်ိဳေတာ္ေလး‌ေတြ ၾကာပန္းအိမ္ေလးေတြ ကိုင္ကာ ဦးေဆာင္သြားေတာ့ သူလည္း ကိုကို႔လက္ဖ်ားကို ထိန္းကိုင္ေပးရင္း အခမ္းအနားက်င္းပရာ နန္းစင္ျမင့္ကို ေရာက္လာရသည္။ အထပ္ထပ္အျမင့္ျမင့္ရွိတဲ့ နန္းစင္ျမင့္ရဲ႕ဒုတိယအထပ္ကိုေရာက္လာေတာ့မွ ကိုကို႔လက္ကို လႊတ္ကာ ခင္းထားေပးတဲ့ပိုးပဝါစေပၚမွာ ကိုကို႔ကို ဦးၫြတ္ေစရင္း သူေနာက္ဆုတ္လိုက္မိသည္။ အဲ့ဒီ့ေတာ့မွ ဒယ္ဂီေခၚ မင္ယြန္ဂီဆိုတဲ့အရွင္မင္းႀကီးဟာ နန္းစင္ျမင့္ထက္ကေန ကိုကို႔ေရွ႕ဆင္းလာကာ အမိန႔္စာတစ္ခုကို ဖတ္ၾကားၿပီး ၾကင္ယာေတာ္ယူဂြမ္ဘြဲ႕နဲ႔ အေဆာင္အေယာင္ေတြ ခ်ီးျမႇင့္သည္။ ကိုကိုက အမိန႔္စာကို လက္ခံယူၿပီးေနာက္မွာေတာ့ အရွင္မင္းႀကီးက လက္ေဆာင္အေနနဲ႔ ေပးအပ္တဲ့ပစၥည္းေၾကာင့္ သူအပါအဝင္ နန္းရင္ျပင္တစ္ခုလုံးက ထိတ္လန႔္သြားရသည္။

" ေဟ ဘယ္လိုျဖစ္တာလဲ ... အႏၲရာယ္မရွိေပဘူးလား "

" အရွင္မင္းႀကီး ဘယ္အခ်ိန္က ေမြးထားခဲ့တာလဲ "

" ဒီသတၱဝါႀကီး ဘယ္အခ်ိန္ကတည္းက နန္းတြင္းမွာရွိေနတာလဲ "

နန္းရင္ျပင္ကေန တိုးတိုး တိုးတိုးေတြ ထြက္လာေပမယ့္ ပဝါစေအာက္က ကိုကို႔ႏႈတ္ခမ္း တြန႔္ေကြးသြားတာကိုေတာ့ သူျမင္လိုက္မိသည္။ ၾကည့္ရတာ ကိုကိုက ႀကိဳသိထားတဲ့ပုံပင္။

" ၾကင္ယာေတာ္ယူဂြမ္ရဲ႕ ထူးျမတ္လွတဲ့ဂုဏ္က်က္သေရေၾကာင့္ ငါကိုယ္ေတာ္ ေမြးျမဴထားခဲ့တဲ့ ေတာ္ဝင္က်ားကို လက္ေဆာင္အျဖစ္ ေပးအပ္ခ်ီးျမႇင့္ပါတယ္ ... လက္ခံဖို႔ျပင္ဆင္ပါ ၾကင္ယာေတာ္ "

" ကြၽန္ေတာ္မ်ိဳး ဝမ္းေျမာက္မိပါတယ္ အရွင္မင္းႀကီး "

အဲ့ဒီ့ေနာက္မွာေတာ့ နန္းရင္ျပင္ရဲ႕ေအာက္ဆုံးေလွကားကေန အျမင့္ဆီတက္လာခဲ့တဲ့ က်ားတစ္ေကာင္။ ကိုကို႔အနားဆီ ေလွ်ာက္လာပုံက ဝင့္ႂကြားဟန္ရွိေနသည္မို႔ ေဂ်ာင္ကု နားလည္လိုက္မိသည္။ ဒီက်ားဟာ ကိုကိုနဲ႔လည္း ရင္းႏွီးေနတယ္ဆိုတာကို ...။

သူ ကိုကို႔ကိုတစ္လွည့္ က်ားကိုတစ္လွည့္ၾကည့္ရင္း နံရံေဆးေရးပန္းခ်ီတစ္ခုကို အမွတ္မဲ့သတိရလိုက္မိသည္။ သူ အသက္ ၁၃ႏွစ္အ႐ြယ္ ဂူတစ္ခုမွာ ပိတ္မိေနတုန္းက ျမင္ခဲ့ရတဲ့ ပန္းခ်ီ...။ အဝါေရာင္က်ားေပၚမွာ ထိုင္ေနခဲ့တဲ့ အမည္းေရာင္ခ်ိဳနဲ႔ ေယာက်ၤားပ်ိဳတစ္ေယာက္။ အေနာက္လွည့္ထိုင္ေနပုံကို ေရးဆြဲထားသည္မို႔ မ်က္ႏွာကို ေသခ်ာမျမင္ရေပမယ့္ ခႏၶာကိုယ္ေပၚမွာ ေၾကးခြံတစ္ခ်ိဳ႕ရွိသည္။ အဲ့ဒီလိုပဲ က်ားရဲ႕ညာဘက္လက္ေကာက္ဝတ္မွာ အနီေရာင္ႀကိဳးပုံစံ အေရာင္အေသြးတစ္ခုရွိသည္။ သူပိတ္မိခဲ့တဲ့ဂူရဲ႕နယ္ေျမဟာ ဟန္ဂူေလ်ာအပိုင္မဟုတ္။ ဟန္ဂူေလ်ာနဲ႔ထိစပ္ေနတဲ့ ဝမ္ျပည္ေထာင္စုႀကီးရဲ႕ ေရွးေဟာင္းနယ္ေျမမို႔ သူ ထိုအနီေရာင္ႀကိဳးပုံစံအေရာင္အေသြးအေၾကာင္းရွာေဖြခဲ့မိသည္။ အဲ့ဒီ့ေတာ့သူသိခဲ့ရတာက ထိုအနီေရာင္ႀကိဳးဟာ ဝိညာဥ္ေတြၾကားက သခင္နဲ႔ကြၽန္ စာခ်ဳပ္သေဘာမ်ိဳးျဖစ္သည္။

ေဂ်ာင္ကုရင္ထဲ ႐ုတ္တရက္တင္းက်ပ္လာသည္မို႔ ကိုကို႔ေဘးနားမွာ ထိုင္ေနတဲ့က်ားရဲ႕ညာဘက္လက္ေကာက္ဝတ္ကို ၾကည့္မိသည္။ သူျမင္ခဲ့ဖူးတဲ့ပန္းခ်ီထဲကနဲ႔ ထပ္တူက်စြာ အနီေရာင္အေသြးကို ျမင္ေလေတာ့ လန႔္သြားမိသည္။ အဲ့ဒီ့အခ်ိန္မွာပဲ ကိုကို႔ေဘးနားမွာ ထိုင္ေနခဲ့တဲ့က်ားဟာ ကိုကို႔အေရွ႕က သခင္ျဖစ္သူ အရွင္မင္းႀကီးကို ၾကည့္ေနရာက သူ႔ဘက္ကိုလွည့္ကာ မ်က္လုံးနီႀကီးနဲ႔ စိုက္ၾကည့္သည္။ ႐ုတ္တရက္ ဘာရယ္မဟုတ္ ေၾကာက္စိတ္တိုးဝင္လာေလေတာ့ သူ ခ်က္ခ်င္းပင္ အၾကည့္လႊဲလိုက္မိသည္။

၁၃ႏွစ္အ႐ြယ္မွာ ‌က်ားတစ္ေကာင္ကို သတ္ခဲ့တဲ့သူဟာ အခု ၁၈ႏွစ္အ႐ြယ္မွာ က်ားကိုေၾကာက္ေနတာလား ! ဘာေတြျဖစ္သြားလဲ သူမသိလိုက္။ အဲ့ဒီ့က်ားနဲ႔ ေဝးေဝးေနခ်င္စိတ္ေတြသာ စိုးမိုးလာရေတာ့သည္။

" .... ၾကင္ယာေတာ္ရဲ႕ဖခင္ အရွင္ကင္ရွီးဆန္းရဲ႕ေတာင္းဆိုခ်က္အရ ၾကင္ယာေတာ္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔အတြက္ နန္းတြင္းကိုယ္ရံေတာ္တပ္ဖြဲ႕ထဲက လက္ေ႐ြးစင္ရဲမက္ေတြကို ထပ္ခ်ီးျမႇင့္ပါ့မယ္ ... အမိန႔္နာခံဖို႔ျပင္ဆင္ပါ လက္ေ႐ြးစင္ရဲမက္တို႔ ~~~ "

မၿပီးစီးႏိုင္တဲ့ ခ်ီးေျမႇာက္မႈ အမိန႔္ေတာ္က သူ႔နားထဲဝင္လာေလလွ်င္ က်ားဆီကေန အာ႐ုံေျပာင္းသြားရေတာ့သည္။ ကိုကို႔ဆီကို ခ်ီးျမႇင့္မယ့္ လက္ေ႐ြးစင္ရဲမက္ေတြနဲ႔ သူတစ္ပြဲတစ္လမ္းေလာက္ ႏႊဲခ်င္ပါသည္။ ဒါမွ ကိုကို႔ကိုစိတ္ခ်ၿပီး လုပ္ေဆာင္ရမယ့္တာဝန္ေတြကို လုပ္ေဆာင္ႏိုင္မွာမဟုတ္လား။

ေဂ်ာင္ကု မင္းႀကီးရဲ႕လက္ေထာက္ျပန္စာတမ္းဖတ္သူရဲ႕အသံကို နားစြင့္ကာ ထြက္လာမယ့္လက္ေ႐ြးစင္ရဲမက္ေတြကို ေသခ်ာစိုက္ၾကည့္ဖို႔ျပင္ဆင္သည္။

" လက္ေ႐ြးစင္ရဲမက္ ဟြမ္ဂင္ဂြမ္ "

အမိန႔္စာတစ္ခုအၿပီး ကိုကို႔အေနာက္ေရာက္လာတဲ့ရဲမက္ ... ခႏၶာကိုယ္က ေတာင့္တင္းက်စ္လစ္ကာ မ်က္ႏွာက ေယာက်ၤားပီသလြန္းသည္။ အေၾကာစိမ္းထင္းေနတဲ့လက္ေတြက အသားမာေတြေတာင္ တက္ေနသည္‌ဆို‌ေတာ့ စိတ္ခ်ရမွာပါ ။ ေဂ်ာင္ကုေတြးေနရင္း ေနာက္ထပ္ ထပ္ေခၚမယ့္ နာမည္ကို အာ႐ုံစြင့္လိုက္မိသည္။

" လက္ေ႐ြးစင္ရဲမက္ ကင္ေဆာ့ဂ်င္ "

နာမည္ကိုၾကားအၿပီးမွာ သူ႔မ်က္ဝန္းေတြ ျပဴးက်ယ္ၿပီး ကိုကို႔အေနာက္မွာ ရပ္လာတဲ့လူသားကို ျဖတ္ကနဲ႔ၾကည့္လိုက္မိသည္။ တကယ္ကို အစစ္အမွန္ကင္ေဆာ့ဂ်င္။ ႏႈတ္ခမ္းဖူးဖူး၊ မ်က္ဝန္းစိုစို၊ နဖူးေျပေျပနဲ႔ စြဲမက္စရာေကာင္းတဲ့လူသား။ မ်က္ႏွာေပၚမွာ လုံးဝမရွိေတာ့တာဆိုလို႔ ႏႈတ္ခမ္းေမႊးေရးေရးေတြသာျဖစ္သည္။ ေနေရာင္ေအာက္မွာ အမိန္႔စာခံယူ‌ေနတဲ့ထိုလူသားကိုၾကည့္ၿပီး သူ႔ရင္ခုန္သံေတြ ကေမာက္ကမျဖစ္လာရသည္။ ထပ္ၿပီး ဥေပကၡာျပဳဖို႔ႀကိဳးစားေနေပမယ့္ အခမ္းအနားတစ္ေလွ်ာက္လုံး ကင္ေဆာ့ဂ်င္ကိုပဲ ခိုးခိုးၾကည့္မိသည္။ ေနာက္ဆုံးမွာေတာ့ မရည္႐ြယ္ဘဲ အၾကည့္ခ်င္းဆုံသြားခဲ့သည္။ သူ႔မ်က္ဝန္းေတြကိုျမင္တာနဲ႔ အနည္းငယ္ေဖ်ာ့ေတာ့သြားျပန္တဲ့ ကင္ေဆာ့ဂ်င္ေၾကာင့္ သူ မ်က္ေမွာင္ၾကဳတ္မိေတာ့ ကင္ေဆာ့ဂ်င္က အၾကည့္လႊဲသြားခဲ့သည္။

ကင္ေဆာ့ဂ်င္ရဲ႕အၾကည့္လႊဲတာကို ခံလိုက္ရတာမို႔ သူ ေဒါသထြက္လာသလိုပင္။ ဘာလဲ မွတ္မိတာလား မမွတ္မိတာလား မသိခ်င္ေယာင္ေဆာင္ေနတာလား ...။

ခ်က္ခ်င္းကို ေကာက္ေမးခ်င္ေပမယ့္ နန္းရင္ျပင္ထက္မွာမို႔ သူၿမိဳသိပ္လိုက္ရသည္။ စိတ္ၿငိမ္ေအာင္ထိန္းရင္း သူလည္း မသိခ်င္ေယာင္ေဆာင္ဖို႔သာ ဆုံးျဖတ္လိုက္မိသည္။

မပတ္သတ္တာပဲ ေကာင္းမယ္ ကင္ေဆာ့ဂ်င္ !!

ေဂ်ာင္ကုသည္းခံရင္း အခမ္းအနားၿပီးဆုံးသည္အထိ ေဆာ့ဂ်င္ကို လုံးဝမၾကည့္ဘဲ သူေနလိုက္မိသည္။ ကင္ေဆာ့ဂ်င္က သူ႔ဆီ တစ္ခ်က္ တစ္ခ်က္အၾကည့္ေရာက္တာသိေနေပမယ့္ သူကေတာ့ လုံးဝဂ႐ုမစိုက္ဘဲ ေနမိေတာ့သည္။ အခမ္းအနၿပီးတာနဲ႔ ကိုကို႔အေဆာင္ေတာ္ဆီ သူလိုက္ဝင္ေတာ့ လက္ေ႐ြးစင္ရဲမက္ႏွစ္ေယာက္ျဖစ္တဲ့ဟြမ္ဂင္ဂြမ္င္နဲ႔ကင္ေဆာ့ဂ်င္ပါ အေဆာင္ထဲ ေရာက္လာသည္။ သူ႔မ်က္ႏွာပဝါအမဲေလးဖုံးထားသည္မို႔ ေဆာ့ဂ်င္က သူ႔ကို အရမ္းမွတ္မိေနဟန္မတူ။

" ၾကင္ယာေတာ္ယူဂြမ္ကို ကြၽန္ေတာ္မ်ိဳးအ႐ိုအေသေပးပါတယ္ ကြၽန္ေတာ္က ဟြမ္ဂင္ဂြမ္လို႔ေခၚပါတယ္ အမတ္ႀကီးလီရဲ႕တူေတာ္ပါ .. "

ၾကင္ယာေတာ္ကို အ႐ိုအေသျပဳကာ မိတ္ဆက္ေတာ့ ကိုကိုက ေခါင္းညိတ္အသိအမွတ္ျပဳသည္။ ထို႔ေနာက္ ကိုကို႔အၾကည့္က ကင္ေဆာ့ဂ်င္ဆီေရာက္သြားေတာ့

"ကြၽန္ေတာ္မ်ိဳးက ကင္ေဆာ့ဂ်င္လို႔ေခၚပါတယ္ အင္ဂြန္းမင္းသားႀကီးရဲ႕ ~~~ "

ဆက္ေျပာဖို႔စကားတြန႔္ဆုတ္ေနေတာ့ ဂင္ဂြမ္ရဲ႕အၾကည့္က ေဆာ့ဂ်င္ဆီေရာက္သြားတာ သူသတိထားမိလိုက္သည္။

" အာ~~ ငါ မင္းကို သိတယ္ ေဆာ့ဂ်င္ !! ငါတို႔ေတြ တစ္ရက္တည္းေမြးၾကတာေလ ... "

ဆက္ေျပာမယ့္စကားကို ကိုကိုက ဖာေထးေတာ့ ကင္ေဆာ့ဂ်င္က ခ်က္ခ်င္းေခါင္းေမာ့ကာ ကိုကို႔ကိုၾကည့္သည္။

" ကင္ေဆာ့ဂ်င္!! ၾကင္ယာေတာ္ကို ဘယ္လိုမ်ားေမာ္ၾကည့္ရဲတာလဲ "

ဘာရယ္မဟုတ္ ... သူအသံမာမာနဲ႔ေျပာမိေတာ့ ကင္ေဆာ့ဂ်င္က သူ႔ဆီအၾကည့္ေရာက္လာသည္။ အဲ့ဒီလိုပဲ ကိုကိုကလည္း သူ႔ကိုထူးဆန္းစြာၾကည့္သည္။ ထို႔ေနာက္ ...

" သူ႔နာမည္က ဂြၽန္ေဂ်ာင္ကု ! ငါ့ရဲ႕ဝမ္းကြဲညီေတာ္ပါ ... စိတ္ကေတာ့ နည္းနည္းဆတ္ေပမယ့္ ကေလးပဲရွိပါေသးတယ္ ေဆာ့ဂ်င္ "

ေဆာ့ဂ်င္ကိုၿပဳံးျပကာ သူ႔အေၾကာင္းအထူးတလည္ေျပာေနတဲ့ကိုကို႔ေၾကာင့္ ေဂ်ာင္ကု မ်က္ေမွာင္ၾကဳတ္လိုက္သည္။

နာမည္ပါေျပာလိုက္တာ တကယ္ပဲ ကိုကိုက ဘာျဖစ္ခ်င္ေနတာလဲ ...

" အာ~~ ေတာင္းပန္ပါတယ္ ၾကင္ယာေတာ္ယူဂြမ္ ... နန္းတြင္းစည္းကမ္းတစ္ခ်ိဳ႕နဲ႔အသားမက်ေသးတဲ့ကြၽန္ေတာ့္ကို ခြင့္လႊတ္ေတာ္မူပါ "

" ရပါတယ္ အျပစ္မယူပါဘူး "

" ေက်းဇူးႀကီးမားလွပါတယ္အရွင္ "

" ကဲ ငါအနားယူခ်င္ၿပီ မင္းတို႔အားလုံးလည္း သက္ေတာင့္သက္သာအနားယူၿပီးေနၾကပါ ... "

" ေကာင္းပါၿပီအရွင္ "

ကိုကို႔စကားေၾကာင့္ ေဆာ့ဂ်င္နဲ႔ဂင္ဂြမ္က ထြက္သြားေတာ့ ကိုကိုက သူ႔ကိုေမာ့ၾကည့္သည္။

" မင္းေရာ~~ "

" ဘာကိုဆိုလိုတာလဲ ကိုကို "

" မင္းေရာ ထြက္သြားလို႔ .. "

" ကိုကို!!! "

" အင္း ~~ တစ္ေယာက္တည္းေနခ်င္တယ္... ထြက္သြားေပး ... ၿပီးေတာ့ မင္းလုပ္စရာရွိတာလုပ္ၿပီးရင္ ဟိုလီကို အထဲလႊတ္ခဲ့ "

ကိုကိုက သူ႔ကိုပါ ေမာင္းထုတ္ေလေတာ့ သူ မေက်မနပ္နဲ႔ အျပင္ထြက္ခဲ့မိေတာ့သည္။ အျပင္ေရာက္ေတာ့ ကင္ေဆာ့ဂ်င္နဲ႔ဟြမ္ဂင္ဂြမ္က သူ႔ကိုဦးၫႊတ္သည္။ သူ ေဆာ့ဂ်င္ကိုတစ္လွည့္ ဂင္ဂြမ္ကိုတစ္လွည့္ၾကည့္လိုက္မိသည္။

" ရဲမက္ဟြမ္ ...ၾကင္ယာေတာ္ရဲ႕က်ားေလးကို သြားယူေဆာင္ၿပီး ၾကင္ယာေတာ္ရဲ႕အခန္းထဲကိုပို႔ေပးပါ ... "

" ဟုတ္ကဲ့ပါသခင္ေလး "

" ရဲမက္ကင္ကေတာ့ ကြၽန္ေတာ့္နဲ႔တစ္ပြဲေလာက္ႏႊဲရေအာင္ "

" ခင္ဗ်ာ! "

အံ့ဩေနတဲ့ေဆာ့ဂ်င္ကို သူဂ႐ုမစိုက္ေတာ့ဘဲ ထြက္လာခဲ့ေတာ့ ေဆာ့ဂ်င္လည္း အေနာက္ကေနကပ္ပါလာသည္။ အတိတ္မွာ ဘယ္လိုပဲပတ္သတ္ၾကပါေစ လက္ရွိမွာေတာ့ ကင္ေဆာ့ဂ်င္ရဲ႕အရည္အခ်င္းကိုစမ္းသပ္ဖို႔လိုသည္။ ဒါမွကိုကိုအႏၲရာယ္ကင္းကင္းနဲ႔ ေနႏိုင္မွာျဖစ္သည္ေလ။

ၾကင္ယာေတာ္ရဲ႕နန္းေဆာင္အေနာက္ဘက္ကိုေရာက္တာနဲ႔ ေဂ်ာင္ကု ဓားထုတ္လိုက္သည္။

" ခင္ဗ်ား ဓားကို ထုတ္လိုက္ ကင္ေဆာ့ဂ်င္ "

အူလည္လည္ေလးျဖစ္ေနတဲ့ ေဆာ့ဂ်င္က ထူးဆန္းတယ္ဆိုတဲ့ပုံမ်ိဳးနဲ႔ သူ႔အမိန႔္ကိုနာခံစြာ ဓားကိုထုတ္သည္။

" အဆင္သင့္ျဖစ္ၿပီဆိုရင္ စၾကတာေပါ့ "

သူ႔စကားဆုံးတာနဲ႔ သူ႔ေျခလက္ေတြကိုလႈပ္ရွားက ေဆာ့ဂ်င္ရဲ႕အားနည္းခ်က္ကိုရွာမိသည္။ ေဆာ့ဂ်င္ကလည္း လႈပ္ရွားလာတဲ့သူ႔ေျခေထာက္ေတြကို ျပန္ခုခံကာ တိုက္စစ္ဆင္လာသည္။ ပထမေတာ့ သူအသာရေနေပမယ့္ တျဖည္းျဖည္းနဲ႔ ေဆာ့ဂ်င္ရဲ႕လက္ရည္ကသာလာသည္။ သာမန္တံငါသည္တစ္ေယာက္က ဒီလိုလက္ရည္မ်ိဳးရွိေနလိမ့္မယ္လို႔ သူတစ္ခါမွ မေတြးထင္ထားခဲ့သလို ေဆာ့ဂ်င္ရဲ႕အားနည္းခ်က္ကို သူမရွာႏိုင္ပါ။ ထို႔ေၾကာင့္ တိုက္စစ္ကေန ခံစစ္အသြင္ေျပာင္းကာ အရႈံးေပးေတာ့မယ့္ပုံစံနဲ႔ ဓားရွည္ကို ေဝ့ယမ္းမိသည္။

တိုက္ခိုက္ေနတဲ့တစ္ေလွ်ာက္လုံး သူကသာ ေဆာ့ဂ်င္မ်က္ႏွာကို အာ႐ုံထားေပမယ့္ ေဆာ့ဂ်င္ကေတာ့ အတိုက္အခိုက္ထဲ အာ႐ုံေရာက္ေနသည္ထင္ပါ့။

အႏၲရာယ္မ်ားမွာစိုးတာမို႔ ဒီတိုင္းေလး ထြက္ေျပးလာခဲ့တာကို အႏၲရာယ္ေတာထဲအထိ တိုးဝင္လာခဲ့တဲ့ကင္ေဆာ့ဂ်င္!!
စိတ္ရွိလက္ရွိသာဆိုရင္ ခင္ဗ်ား႐ူးေနလား!! ဘာလို႔နန္းတြင္းထဲဝင္ၿပီး ကိုကို႔ရဲ႕ရဲမက္အျဖစ္တာဝန္ထမ္းေဆာင္ရတာလဲ လို႔ ပခုံးကေန ကိုင္ေပါက္ၿပီးေမးပစ္လိုက္ခ်င္ေပမယ့္ မျဖစ္ႏိုင္ပါ။
သူခ်စ္ရတဲ့သူေတြဟာ ဘာေၾကာင့္ အႏၲရယ္တြင္းရဲ႕ႏႈတ္ခမ္းဝမွာရွိေနရလဲ သူမေတြးတတ္ေတာ့။

ေဂ်ာင္ကု ေတြးေနမိရင္း ႐ုတ္တရက္ သတိမမူမိေတာ့ မ်က္ႏွာအုပ္ထားတဲ့ ပဝါစက ေဆာ့ဂ်င္ရဲ႕ဓားဖ်ားေၾကာင့္ မ်က္ႏွာေပၚကေန ေႂကြလြင့္သြားသည္။

"..."

႐ုတ္တရက္မို႔ လန႔္သြားရေပမယ့္ မသိသလိုဟန္ေဆာင္ရင္းေဆာ့ဂ်င္မ်က္ႏွာကို အကဲခတ္ၾကည့္လိုက္သည္။ ျပဴးက်ယ္ေနတဲ့မ်က္ဝန္းအစုံနဲ႔အတူ ႐ုတ္တရက္ ရပ္တန႔္သြားသည္။

" ကု~~ "

ခပ္ဖြဖြေလးေခၚလိုက္ေပမယ့္ သူ ေသခ်ာၾကားပါသည္။ မွတ္မိသြားမွာ စိုးရိမ္ေနခဲ့မိေပမယ့္ သူ မသိေက်းကြၽန္ျပဳၿပီး ေဆာ့ဂ်င္ရဲ႕လည္တိုင္ကို သူ႔ဓားဦးခြၽန္နဲ႔ ေထာက္လိုက္မိသည္။

" ခင္ဗ်ား!! ရႈံးၿပီ !! "

ထပ္ၿပီးမသိခ်င္ေယာင္ေဆာင္ရင္းေျပာမိေတာ့ ေဆာ့ဂ်င္က သူ႔မ်က္ဝန္းေတြကို စိုက္ၾကည့္ကာ မ်က္ဝန္းေတြနီရဲလာသည္။ ဘာရယ္မဟုတ္ ထိုမ်က္ဝန္းကို ရင္နာရတာမို႔ အၾကည့္လႊဲကာ ဓားကို ဓားအိမ္ထဲထည့္လိုက္သည္။ အဲ့ဒီ့အခ်ိန္ထိ ေဆာ့ဂ်င္က သူ႔ကို ေငးေနဆဲျဖစ္သည္။

" ခင္ဗ်ား!! ဘာျဖစ္~~ "

သူ႔အေမးမဆုံးခင္မွာပဲ ကိုင္ထားတဲ့ဓားကိုပစ္ခ်ကာ ကေလးတစ္ေယာက္လိုမ်ိဳး သူ႔ရင္ခြင္ထဲပစ္ဝင္လာပါတဲ့ကင္ေဆာ့ဂ်င္။

ရထားတဲ့ရာထူးနဲ႔ မလိုက္ဖက္တာပဲ ကင္ေဆာ့ဂ်င္ရာ !!!

" ကုကု~~ ... ကုကု ဟုတ္တယ္မလား !!! မလိမ္ပါနဲ႔ ကုကုဟုတ္တယ္မလား ... ကိုကို႔ကိုမွတ္မိတယ္မဟုတ္လား မလိမ္ပါနဲ႔ "

သူ႔ကိုဖက္ကာ တုန္ယင္စြာေမးေနတဲ့ ေဆာ့ဂ်င္ကို ငုံ႔ၾကည့္လိုက္မိသည္။ ၾကည္ေတာက္ေနတဲ့မ်က္ဝန္းေတြက ဘယ္ေလာက္ထိလြမ္းေနလဲ ဘယ္ေလာက္ထိရွာေဖြေနခဲ့ရလဲ ေျပာျပေနေပမယ့္ ေအးစက္စြာနဲ႔ ေဂ်ာင္ကု အၾကည့္လႊဲလိုက္မိသည္။

" ခင္ဗ်ားနဲ႔ ကြၽန္ေတာ္ တစ္ေနရာရာမွာ ေတြ႕ခဲ့ဖူးတာလား "

ထိုစကားေၾကာင့္ တုန္လႈပ္ေနခဲ့တဲ့ေဆာ့ဂ်င္မ်က္ဝန္းေလးေတြ ျပန္တည္ၿငိမ္လာသလို တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ထားရာကေန လက္ေတြ တျဖည္းျဖည္းေလ်ာ့ရဲသြားသည္။ ထို႔ေနာက္ ေနာက္ကို တျဖည္းျဖည္းဆုတ္ကာ အသိဝင္လာသလို ခပ္ခြာခြာေနလိုက္ရင္း မ်က္လႊာခ်လိုက္သည္။

" ေတာင္း~~ ေတာင္းပန္ပါတယ္ သခင္ေလး... လူမွားသြားတာပါ ... "

မ်က္လႊာခ်ကာ ႏွာထိပ္ေလးေတြနီရဲေနတဲ့သူ႔ေရွ႕ကအစ္ကိုႀကီးကိုေျပးဖက္ထားခဲ့ခ်င္ေပမယ့္ လက္ေတြ႕မွာေတာ့ ေက်ာခိုင္းထြက္ခြာခဲ့မိသည္။
အေနာက္ေဆာင္ရဲ႕ေျမကြက္လပ္မွာ က်န္ေနခဲ့တဲ့ေဆာ့ဂ်င္ကေတာ့ ထြက္ခြာသြားသူရဲ႕ခါးထက္က ေက်ာက္စိမ္းျပားေလးကို ေငးၾကည့္ရင္း စိတ္ေျဖအၿပဳံးေလး ၿပဳံးလိုက္မိသည္။

အနည္းဆုံး မမွတ္မိတာေတာင္ ငါေပးခဲ့တဲ့လက္ေဆာင္ကို မပစ္လႊင့္ခဲ့တဲ့အတြက္ ေက်းဇူးတင္တယ္ ကု ~~

ျမင္ကြင္းထဲက ေဂ်ာင္ကုေပ်ာက္တာနဲ႔ မ်က္ရည္ေတြလိမ့္ဆင္းလာေတာ့ ေဆာ့ဂ်င္လက္ခုံနဲ႔ပြတ္ဆြဲလိုက္သည္။ တကယ္ေျပာရရင္ အခမ္းအနားမွာကတည္းက အလြတ္ရေနတဲ့မ်က္ဝန္းေတြေၾကာင့္ သတိထားမိခဲ့သည္။ သို႔ေပမယ့္ မျဖစ္ႏိုင္ပါဘူးဆိုၿပီး အႀကိမ္ႀကိမ္ ကိုယ့္ကိုယ္ကိုယ္သတိေပးရင္း အၾကည့္လႊဲခဲ့သည္။အခန္းထဲမွာ ၾကင္ယာေတာ္မိတ္ဆက္ေပးတုန္းကလည္း ဂြၽန္ေဂ်ာင္ကု ဆိုတဲ့နာမည္ေၾကာင့္ သူ႔ႏွလုံးသားက တုန္လႈပ္ေနခဲ့ၿပီးသားျဖစ္သည္။ အဲ့ဒါအျပင္ အသံ။ ေအးစက္ေနေပမယ့္ သူ ေမ့လို႔မရတဲ့ကေလးဆန္ဆန္အသံက ထိုေအးစက္မႈထဲနစ္ျမဳပ္ေနသည္။ မ်က္ႏွာကို ပိုၿပီး သိခ်င္ခဲ့သည္မို႔ တိုက္ရင္းနဲ႔ အလစ္မွာ မ်က္ႏွာေပၚက ပဝါကိုဆြဲခြၽတ္မိခဲ့သည္။ ေပၚလာတဲ့မ်က္ႏွာႏုႏုေၾကာင့္ သူမေနႏိုင္ဘဲ ေျပးဖက္မိေပမယ့္ ထင္ခဲ့တဲ့အတိုင္း သူ႔ကို မမွတ္မိတဲ့သူ႔ရဲ႕ကုကုေလး။

တစ္ခ်ိန္က်ရင္ဒီလိုအမွန္တရားမ်ိဳးကိုရင္ဆိုင္ရမွာ သိေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ ရင္ေတြနာရသည္။ သို႔ေပမယ့္ ဒီအတိုင္းေလးလည္းအဆင္ေျပပါတယ္ေလ ကုကုက သတိရခဲ့ရင္ေတာင္ အဲ့ဒီ့ညမွာ ျဖစ္ပ်က္သြားတဲ့အျဖစ္အပ်က္ေၾကာင့္ သူ႔ကို ပိုၿပီးမုန္းေနမွာေလ ... ဘယ္လိုျဖစ္ျဖစ္ မဟာကင္မ္မ်ိဳးႏြယ္ရဲ႕ဒုတိယသခင္ေလးျဖစ္တဲ့ ကုကုလိုလူဟာ သူ႔အတြက္ေတာ့ မထိ‌ေတြ႕ႏိုင္တဲ့ရတနာတစ္ပါးပင္။

ေဆာ့ဂ်င္ေတြးရင္း ဝမ္းနည္းတဲ့စိတ္ကိုၿမိဳသိပ္ကာ ေတာက္ပေနတဲ့ ေနေရာင္ျခည္ကိုၾကည့္ၿပီး ၿပဳံးလိုက္မိသည္။

မင္း ငါ့ကိုခ်စ္လာေအာင္ ငါျပန္လုပ္မယ္ ကု ~~

💠💠💠

" ခင္ဗ်ားအတြက္ မမေလးကလာပို႔ခိုင္းတာမို႔ က်ဳပ္လာပို႔တာ ကင္နမ္ဂြၽန္ "

ပိုးထည္စတစ္ခုနဲ႔ထုပ္ပိုးထားတဲ့ ဘူးေလးကို ထိုးေပးရင္း သူ႔ကိုမၾကည့္ဘဲေျပာလာတဲ့ ဟြာဂ်င္း။
သူ ဟြာဂ်င္းကို ၾကည့္ရင္း ေနရခက္စြာ ၿပဳံးလိုက္မိသည္။

" ေက်းဇူး ... ေက်းဇူးတင္ပါတယ္လို႔ေျပာေပးပါ ... "

" အင္း !! ဒါနဲ႔ ခင္ဗ်ားေနရတာ အဆင္ေျပရဲ႕လား နန္းတြင္းစည္းကမ္းေတြထဲမွာ မြန္းက်ပ္ေနတာမ်ိဳးေရာ ျဖစ္ေသးလား "

ဟြာဂ်င္းအေမးေၾကာင့္ သူေခါင္းခါလိုက္မိသည္။ တကယ္ေတာ့ေျပာရရင္ အစ္ကိုႀကီးနဲ႔ဟြာဂ်င္းဟာ အႁမႊာေတြျဖစ္မွန္းသိၿပီးကတည္းက သူဟာ နန္းေတာ္ရဲ႕သမားေတာ္အျဖစ္ အင္ဂြန္းမင္းသားႀကီးက ေထာက္ခံေပးခဲ့သည္။ အစ္ကိုႀကီးကင္ေဆာ့ဂ်င္ကိုလည္း ၾကင္ယာေတာ္နား ေနရာခ်ကာ ႏိုင္ငံ့တာဝန္ေတြကို ထမ္း႐ြက္ေစသည္။ အစ္ကိုႀကီးေဆာ့ဂ်င္ရဲ႕ညီမ ဆိုဂ်င္းကေတာ့ သူ႔ကို ဟြာဂ်င္းကေနတစ္ဆင့္ ဆက္သြယ္တတ္ေပမယ့္ ဆိုဂ်င္းကိုမေတြ႕ရ။

" ငါအကုန္အဆင္ေျပတယ္ ဟြာဂ်င္း ~~ မင္းေရာ အဆင္ေျပရဲ႕လား ... "

" အင္း! ေျပပါတယ္ ... ဒါဆိုရင္ သြားခြင့္ျပဳပါဦး "

ေျပာၿပီးတာနဲ႔ လွည့္ထြက္သြားခဲ့တဲ့ဟြာဂ်င္း။ေရာက္လာတိုင္း စကားနည္းနည္းနဲ႔ေက်ာခိုင္းထြက္ခြာတတ္တဲ့ဟြာဂ်င္းရဲ႕ေက်ာျပင္ကို နမ္ဂြၽန္ေငးရင္း လြမ္းလြမ္းေဆြးေဆြးၾကည့္လိုက္မိသည္။

ငါ မင္းကို အခုထိ လိုအပ္ေနတုန္းပဲ ဟြာဂ်င္း ~~

ထြက္ခြာသြားၿပီျဖစ္တဲ့ဟြာဂ်င္းကေတာ့ စိတ္တိုစြာ ႏႈတ္ခမ္းေတြကို ကိုက္လိုက္မိသည္။

" အ႐ူးမ ကင္ဆိုဂ်င္း!! ျငင္းၿပီးသားလူကို ဘယ္လိုလုပ္အေျဖေပးလို႔ရမွာလဲ ... ခက္ခဲလိုက္တာ ... "

ႀကိတ္မရခဲမရနဲ႔ သူမကိုယ္သူမ မေက်နပ္ျဖစ္ရင္း ဘိုရာတပ္ဖြဲ႕ဦးေဆာင္သူျဖစ္တဲ့အရွင္မင္းႀကီးဆီ ဦးတည္လိုက္မိေတာ့သည္။

" ဟြာဂ်င္း အရွင္မင္းႀကီးကိုဦးၫြတ္ပါတယ္ "

" ထပါ ဟြာဂ်င္း ~~~ လာရင္းအေၾကာင္းကိစၥက ဘာျဖစ္ႏိုင္မလဲ မဟုတ္မွ ... "

" ဟုတ္ပါတယ္ ... ဘာေၾကာင့္ ကြၽန္ေတာ္မ်ိဳးမကို ဘိုရာတပ္ဖြဲ႕ကေန ထုတ္ပယ္ခဲ့တာလဲ ... ၾကင္ယာေတာ္ကို ထိခိုက္ေစမိလို႔လား ဒါမွမဟုတ္ ... အမွား တစ္ခုခုလုပ္မိလို႔လား ... ကြၽန္ေတာ္ အရွင္မင္းႀကီးအေပၚ သစၥာရွိရွိ စိတ္ရင္းအမွန္နဲ႔ ထမ္း႐ြက္ခဲ့တာပါ "

သူမ စကားေၾကာင့္ အရွင္မင္းႀကီးကစာလိပ္ဖတ္ေနရင္း စာလိပ္ကိုခ်ကာ ေဘးနားကအထိန္းေတာ္ကို ထြက္သြားဖို႔အခ်က္ျပသည္။အထိန္းေတာ္ထြက္သြားသည္ဆိုရင္ပဲ အရွင္မင္းႀကီးက ပုလႅင္ထက္ကေနဆင္းလာသည္။

" မင္း သစၥာရွိတာ အစ္ကိုေတာ္သိပါတယ္... ဒါေပမဲ့ ဦးရီး‌ေတာ္ရဲ႕ေတာင္းဆိုခ်က္ကို ဘယ္လို ပစ္ပယ္ရဲမွာလဲ ဆိုဂ်င္း "

စိတ္မေကာင္းဟန္နဲ႔ေျပာလာတဲ့ အစ္ကိုေတာ္တစ္ျဖစ္လဲ ႏိုင္ငံရဲ႕အရွင္မင္းႀကီးတစ္ျဖစ္လဲ မင္ယြန္ဂီကို သူမ ၾကည့္လိုက္မိသည္။ စိတ္တိုေနသည္မို႔ အစ္ကိုေတာ္လို႔ မေခၚခ်င္ပါ။ အမ်ားေရွ႕မွာ အရွင္မင္းႀကီးလို႔သုံးႏႈန္းတတ္ေပမယ့္ ဘိုရာတပ္ဖြဲ႕ဝင္အေနနဲ႔ေတာ့ အစ္ကိုေတာ္လို႔သာ သူမေခၚတတ္ပါသည္။

" အရွင္မင္းႀကီးဒယ္ဂီခင္ဗ်ား ... ႏိုင္ငံရဲ႕ျပည့္ရွင္က ဦးရီးေတာ္ရဲ႕ေတာင္းဆိုခ်က္ကို ပယ္ဖ်က္ႏိုင္စြမ္းရွိပါတယ္ "

သူမ အေဖေတာင္းဆိုခဲ့သည့္အတိုင္း သူမကို ဘိုရာတပ္ဖြဲ႕ကေန ထုတ္ပယ္ေလေတာ့ သူမ စိတ္ဆိုးစြာ ေျပာလိုက္မိသည္။

" ကိုယ္ေတာ္သာ မင္းကို မထုတ္ပယ္ရင္ ကင္အိမ္ေတာ္ရဲ႕မမေလးက တစ္သက္လုံး လက္ဆက္ခြင့္မရွိဘဲ ေနပါဦးမယ္ ... ၿပီးေတာ့ မင္းက အမ်ိဳးသမီးတစ္ေယာက္ေလ ... တိုက္ခိုက္တာေတြက မင္းနဲ႔ မသင့္ေတာ္ေပဘူး ... ဒီလိုဆက္လုပ္ေနရင္ မင္းကိုသေဘာက်မယ့္သူရွိလာမွာမဟုတ္ဘူး ... လို႔ ဦးရီးေတာ္က ေျပာသြားခဲ့တဲ့အတြက္ ကိုယ္ေတာ္က သေဘာတူေပးလိုက္တာပါ "

ထိုစကားေၾကာင့္ ဟြာဂ်င္းအသိဝင္သြားမိသည္။ ကင္နမ္ဂြၽန္းဟာ ေယာက်ၤားေလးပုံစံဟြာဂ်င္းကို သေဘာက်တာျဖစ္ၿပီး မိန္းကေလးပုံစံဆိုဂ်င္းကိုသေဘာက်သူမဟုတ္။ သူမသာ ဟြာဂ်င္းမဟုတ္ဘဲ ဆိုဂ်င္းဆိုတဲ့မိန္းကေလးမွန္းသိသြားရင္ သူမကိုခ်စ္ႏိုင္ဦးပါ့မလား။ ဒါေပမဲ့ နမ္ဂြၽန္ကို တျခားမိန္းကေလးျဖစ္ျဖစ္၊ ေယာက်ၤားေလးျဖစ္ျဖစ္ တြဲမျမင္ခ်င္ပါ။ ထို႔ေၾကာင့္ ႐ုတ္တရက္ အသိဝင္လာတာက အရွင္မင္းႀကီးျဖစ္တဲ့ အစ္ကိုေတာ့္ဆီမွာ အလဲအလွယ္လုပ္ၿပီးေတာင္းဆိုရန္ျဖစ္သည္။

" ဒါျဖင့္ရင္ ဘိုရာတပ္ဖြဲ႕ကေန ျပသနာမရွာဘဲ ထြက္ေပးပါ့မယ္ အဲ့ဒီ့အတြက္ အရွင္မင္းႀကီး တစ္ခုခုျပန္ေပးဖို႔လိုမယ္ "

သူမ စကားေၾကာင့္ အရွင္မင္းႀကီးက သူမကို စိုက္ၾကည့္လာသည္။

" ငါ့ညီမေတာ္က ဘာမ်ားလိုအပ္ပါသလဲ ... ျဖည့္ဆည္းေပးဖို႔အဆင္သင့္ပါပဲ "

အဲ့ဒီ့ေနာက္မွာေတာ့ သူမ ေတာင္းဆိုခ်က္ေၾကာင့္ အစ္ကိုေတာ္မ်က္ဝန္းျပဴးသြားေပမယ့္ သေဘာက်စြာ ၿပဳံးရယ္ရင္း ေခါင္းညိတ္သေဘာတူလိုက္သည္။

💠💠💠

May 31,2021

Jinkookေလး႐ိုေပးဖို႔‌ ေျပာထားတာေတြ႕ပါတယ္ ... Blue Bloodမွာ အာမ မခံႏိုင္တာမို႔လို႔ Oh! My Master ေလးဆီ ႂကြၾကပါ ... Oh! My Master‌ေလးက အသစ္ထပ္အပ္ထားတဲ့ Jinkookေလးပါ ... Blue Bloodလိုမ်ိဳး စြမ္းအားေတြနဲ႔ဖြဲ႕စည္းတည္ေဆာက္ထားတဲ့ Fantasyေလးပါပဲ ။ Slow Updateလို႔ေရးထားေပမယ့္ မယုံၾကပါနဲ႔ ဂ်င္းထည့္ေနတာပါ (✿ꈍᴗꈍ)

Continue Reading

You'll Also Like

8.1K 808 17
ငါက ဖောက်ပြန်တဲ့သူဆို သိပ်မုန်းတာ Yoongi မင်းလေးအတွက်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရ ပျော်ပျော်ကြီး လုပ်ပေးမယ့်သူတွေပါ...
6.6K 84 10
开局一个食堂窗口[美食] 作者:苏香兰色 Not my Story
280K 8.3K 23
After a drunk night of youth, Natasha found out she was pregnant with Clint's kid. Choosing to leave it to Fury, she never expected her to become New...
309K 41.1K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း