Empress Xiao

By Amarayoyo94

85.1K 6.9K 308

Start date...7.6.2021 More

Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Request
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao

Empress Xiao

4.1K 379 6
By Amarayoyo94

ကြင်ယာတော်ရှန်းအကြောင်းပြောရရင် သူမက ရှန်ပြည်မှာ အလှဆုံးမိန်းမပျိုအဖြစ်ကျော်ကြားတဲ့ ရှင်းအယ်မြို့စားရဲ့သမီးဖြစ်သည်။

သူမကအရမ်းလှတာကြောင့် သူမအဖေဟာဘယ်မြို့စားသား သူရဲကောင်းတွေနဲ့မှ သဘောမတူဘဲ အရှင့်ကိုသာဆက်သခဲ့သည်။

လက်ထပ်ပြီးတစ်နှစ်ကျော်ကြာတဲ့အထိ ကြင်ယာတော်ရာထူးက တက်မလာခဲ့ပေမယ့် လွန်ခဲ့တဲ့လအနည်းငယ်က အရှင်က ကြင်ယာတော်ဆောင်ဆီ တစ်ပါတ်ကျော်ကြာ နေထိုင်ခဲ့သည့်အပေါ် ကောလဟာလများထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုမူ အရှင်ရဲ့အချစ်ကိုသိမ်းပိုက်နိုင်သည့်နောက်ထပ်ကြင်ယာတော်ပေါ်လာခြင်းဟာ သူမရဲ့နေရာကိုထိခိုက်စေသည်။
နဂိုတည်းကမှ မိဖုရားသုံးပါးက ကြုံရင်ကြုံသလို အနိုင်ကျင့်တတ်ကြသည်။
ယခုမူ နောက်ထပ်အရှင့်အချစ်တော်သာထပ်ရောက်လာရင် သူမက ချောင်ထိုးခံထားရတဲ့ ကိုယ်လုပ်တော်တွေနဲ့ခြားတော့မှာမဟုတ်ပေ။
မဖြစ်တော့ဘူး ဒီတစ်ခါ အရှင်သူမဆီလာရင် ကိုယ်ဝန်ရအောင် ကြိုးစားမှဖြစ်တော့မည်။

တစ်ဖက်အဆောင်တော်မှာတော့ မိဖုရားယွင်ချီက သူမကိုယ်တိုင်ဖော်စပ်ထားတဲ့ သန္ဓေတည်ခြင်းဆေးလုံးကိုဆုပ်ကိုင်ထားလျှက် ကြုံးဝါးနေသည်။

"နောက်ဆုံးတော့ သန္ဓေတည်ခြင်းဆေးလုံးကအောင်မြင်ခဲ့ပြီ အခုလိုတာက အရှင်ငါ့အဆောင်ကိုလာဖို့ပဲ"

"ကျွန်တော်မျိုးမမှာ အကြံရှိပါတယ် မိဖုရား"

"ကောင်းပြီ အန်းကုန်းကုန်းရဲ့အကြံကိုတင်ပြနိုင်တယ်"

သူမနားဆီတိုးတိုးတိတ်တိတ်လာပြောတဲ့စကားသံအဆုံး သူမမျက်နှာမှာ စဥ်းလဲတဲ့အပြုံးတစ်ခုတည်လာခဲ့သည်။

"ဒါဆိုရင် အဖေ့ဆီပဲ အပူကပ်ရတော့မှာပေါ့"

"အမတ်ချုပ်ကြီးက သဘောတူမှာပါ  မိဖုရား"

'နင်စောင့်ကြည့်နေ ရှောင်းကျန့် ငါကိုယ်ဝန်ရခဲ့ရင် နင်ဒီနန်းတော်မှာ နေစရာနေရာမရှိစေရဘူး'

သူမဒီအကြံစည်ကိုအကောင်ထည်ဖော်ဖို့ မစောင့်နိုင်တော့ဘူး။

                           """"""""""""""""""""""""""""

ရှောင်းကျန့်အရှင့်ကို နဂါးဝတ်ရုံဝတ်ပေးနေရင်း အလုပ်ရှုပ်နေရသည်။

"ငြိမ်ငြိမ်နေလေ အရှင်ရယ်"

"ကိုယ်ဘာလုပ်လို့လဲ"

"ခေါင်းနည်းနည်းငုံ့ပေး"

"အနမ်းမခံနိုင်ဘူးနော်"

"ဘယ်သူကနမ်းမယ်လို့ပြောလို့လဲ ဆံထိုးတပ်ပေးမလို့ပါဆို အရှင်ကလည်း"

"မသိပါဘူး ညကလို အတင်းနမ်းမယ်ထင်လို့"

"အရှင်နော်"

"ဟားးးးး"

"ပြီးပါပြီ ညကျစောစောလာခဲ့နော်"

"ကိုယ် သိပြီ ပြွတ်စ်"

အရှင်ထွက်သွားပြီးနောက် ရှောင်းကျန့်ပြုံးနေမိသည်။

"ပျော်နေတဲ့ပုံပါပဲ ကြင်ယာတော်ရှောင်း"

ယွီအာ လာစမှ ရှောင်းကျန့် သူဘယ်လောက်ပြုံးနေမိမှန်း သဘောပေါက်တို့သည်။

"အဲ့လောက်တောင်သိသာလား"

"အရှင်က ကြင်ယာတော့်ကိုအရမ်းချစ်တာပဲ ဒီလောက်တော့ ပျော်နေသင့်ပါတယ်"
.
.
.
.
.
.
.
.
.

ညီလာခံဆောင်တော်တွင်...

တိုင်းပြည်ရေးရာအဖြာဖြာကိုဆွေးနွေးတိုင်ပင်နေကြသည်။

"ဒီနှစ်မှာ ကျင်းပရမယ့် မှော်ဆရာပြိုင်ပွဲကို ကြီးကြပ်ဖို့ မိဖုရားတစ်ပါးကို အရှင်ရွေးချယ်ပေးပါ အရှင်"

"ဒီနှစ်အတွက်တော့ မိဖုရားယွင်ချီကိုပဲ စေလွှတ်လိုက်တော့"

"ကျွန်တော်မျိုးအထင်တော့ ဒီနှစ်အတွက် အတွေ့ကြုံရအောင် ကြင်ယာတော်ရှောင်းကို စေလွှတ်သင့်တယ်လို့ထင်ပါတယ်"

"ဒီနှစ်က မြို့တော်အတွက်သာမကဘဲ ပြည်လုံးကျွတ်ကျင်းပတဲ့ မှော်ပြိုင်ပွဲကို မိဖုရားတစ်ပါးမဟုတ်ဘဲ ကြင်ယာတော်တစ်ပါးကို စေလွှတ်ရမယ့် အကြောင်းပြချက် ကိုယ်တော့်ကိုပြောပြစမ်း"

အရှင့်ရဲ့လေသံမာလာတာနဲ့ အမတ်ချုပ်ကြီးချွေးပျံလာသည်။

"အတွေ့ကြုံရစေချင်တာကလွဲလို့ ဘာအကြောင်းပြချက်မှမရှိပါဘူး အရှင်"

"ဒါဆို ကိုယ်တော့်ဆုံးဖြတ်ချက်ကို မပြင်တော့ဘူး
နောက်ကိစ္စကို တင်ပြတော့"

"အရှေ့တောင် ကျိုးယွင်စီရင်စုမှာ သွေးမိစ္ဆာအချို့ သောင်းကျန်းနေတာကြောင့် လူအသေအပျောက်ရှိနေပါတယ် အရှင်"

"အသေအပျောက် ဘယ်လောက်ရှိလဲ"

"အနည်းဆုံး အယောက်နှစ်ဆယ်ကျော်ပါပြီအရှင်"

"အယောက်နှစ်ဆယ်​ကျော်?  ကျိုးယွင်စီရင်စုက ဦးစီးမှူးတွေ ဘာလုပ်နေကြတာလဲ!! "

"စီရင်စုဦးစီးမှူးက ရှေ့လကတည်းက မှော်သားရဲတရားမဝင်ဖမ်းဆီးမှုကြောင့် အချုပ်ချခံထားရတာပါ"

"အဲ့တာကို နောက်ထပ်ဦးစီးမှူးမတင်ရသေးဘူးပေါ့"

"ကျိုးယွင်စီရင်စု အ​ခြေအနေက ထင်ထားတာထက်ပိုရှုပ်ထွေးပါတယ်အရှင်"

"ဒီီစီရင်စုလေးတွေက ကိစ္စတွေအထိ ငါသိနေမှဖြစ်မှာလား ဒါလေးကိုတောင် ဖြေရှင်းနိုင်စွမ်းမရှိကြဘူးလား နောက်တစ်ပါတ်နေလို့မှ ဒီအခြေနေကို မထိန်းနိုင်ခဲ့ရင် စီရင်စုတရားသူကြီးတွေ အပြစ်ပေးခံရမယ်"

"ကျွန်တော်မျိုးတို့ ပြေလည်အောင် ဖြေရှင်းပေးပါ့မယ် အရှင်"

"နောက်တစ်ခုပြော"

"နောက်ထပ်ကိစ္စကတော့ အနောက်ဘက်တောင်တန်းတွေဆီကနေ ဝိဥာဥ်တွေထွက်ပေါ်လာတဲ့ကိစ္စပါ အရှင်"

"ဝိဥာဥ်တွေ"

"ဟုတ်ပါတယ် အမုန်းတရားဝိဥာဥ်တွေပါ အနောက်တောက်တန်းတစ်ဝိုက်က မြို့တွေကို ဝင်စီးထားကြပါပြီ ကလေးသူငယ်တွေနာမကျန်းဖြစ်နေကြတယ်လို့လည်းကြားပါတယ်"

"အဲ့မြို့က ကျင့်ကြံသူတွေကရော"

"သူတို့လည်း တတ်နိုင်သလောက်တိုက်ထုတ်ပေမယ့် အနောက်တောက်တန်းလိုဒေသမှာ အဆင့်မြင့်ကျင့်ကြံသူတွေအများကြီး မရှိတာရော ဝိဥာဥ်အင်အားတွေက ထက်တာထက်များနေတာရောကြောင့် မလွယ်ကူပါဘူးအရှင် ဒါကြောင့် မြို့တော်ဝန်က မြို့တော်ကိုအကူညီလှမ်းတောင်းထားတာပါအရှင်"

"စစ်သည်တော် အဖွဲ့ခွဲ သုံးနဲ့လေးကို စေလွှတ်လိုက်ပါ ရိက္ခာတွေအတွက်လည်း တစ်လစာထုတ်သွားပါစေ "

"မှန်လှပါအရှင်"

"နောက်ထပ်ရှိသေးလား တင်ပြစရာ"

အမတ်မင်းတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြပြီး အသံထွက်မလာကြပေ။

"ပြောစရာရှိတာ မြန်မြန်ပြောစမ်း"

"ကျွန်တော်မျိုးရဲ့ တပည့်တွေဆီကနေ သတင်းကြားခဲ့ရပါတယ် ကျွန်တော်မျိုးရဲ့သမီးကြီး မိဖုရားယွင်ချီက အရှင့်ရဲ့ရင်သွေးကိုရယူပေးဖို့ ဆေးဝါးတွေသောက်သုံးနေပြီး နတ်ဆေးသမားတော်တွေက ဒီအချိန်ကာလက ကလေးယူဖို့ အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီအရှင် မိဖုရားကအရှင်အဆောင်တော်မကြွတဲ့အတွက် ဝမ်းနည်းနေရပါတယ်တဲ့ အရှင်"

"ဒီအချိန်ကာလမှာလား ကိုယ်တော်က ကြင်ယာတော်အသစ်ကိုအရေးပေးနေလို့ သမီးတော်ကအမတ်ချုပ်ကိုတိုင်လာတာလား"

"မဟုတ်ရပါဘူး အရှင်မင်းကြီး အထင်မလွဲပါနဲ့ တကယ်ပဲ မိဖုရားက ကလေးယူဖို့စိတ်အားထက်သန်နေတာပါ အရှင်သာအဆောင်တော်ဆီ တစ်ခါလောက်ကြွပေးရင် သူမစိတ်ကိုဖြေဆည်နိုင်လောက်ပါရဲ့"

"ကောင်းပြီလေ တစ်ရက်လောက်ဆို အဆင်ပြေပြီမလား ကိုယ်တော့်အနေနဲ့လည်း ဂရုစိုက်ပေးရမယ့်သူများသကိုး"

"ကျေးဇူးကြီးမြတ်လှကြောင်းပါအရှင်"

အရှင်ကြွသွားတော့ အမတ်တွေအားလုံးစုရုံးလာကြသည်။

"မှော်ဆရာပြိုင်ပွဲအတွက် ကြင်ယာတော်ရှောင်းသာမသွားရရင် စီစဥ်ထားတာတွေပျက်ကုန်လိမ့်မယ် အမတ်မင်း"

"သိပ်မပူပါနဲ့ ပြိုင်ပွဲက လနည်းနည်းကြာအုံးမယ်လေ ဒီကြားထဲ မိဖုရားသာကိုယ်ဝန်ရခဲ့ရင် အဆင်ပြေသွားလိမ့်မယ်"

"အဲ့လိုဖြစ်ဖို့ ဆုတောင်းကြတာပေါ့"

                              ////////////////

ညီလာခံပြီးတာကြာပေမယ့် အရှင်ကသူ့အဆောင်ဆီမလာသေးတာကြောင့် ရှောင်းကျန့်လည်ပင်းရှည်နေရသည်။

"ကြင်ယာတော် ကြင်ယာတော် "

"ဘာဖြစ်လာတာလဲ ယွီအာ"

"အရှင်က ဒီနေ့အဆောင်တော်ကို ပြန်လာမှာမဟုတ်တော့ဘူး"

"ဟမ် ဘာလို့လဲ"

ယွီအာလည်း ဒီနေ့ညီလာခံမှာဖြစ်ပျက်သမျှကိုပြောပြလိုက်တော့ ရှောင်းကျန့်စိတ်ထိခိုက်သွားရသည်။

အရှင်ရဲ့စိတ်ကို ရပြီထင်နေခဲ့တာ တကယ်တော့သူက ဒီအတိုင်းသာမန်ကြင်ယာတော်တစ်ယောက်ပါပဲ။
မိဖုရားသာ တကယ်ပဲကိုယ်ဝန်ရသွားခဲ့ရင် သူကရော သူကဘာမှဘောင်ဝင်တဲ့သူဟုတ်တော့မှာမဟုတ်ပေ။
သားဦးလေးသာရသွားပါက ရှောင်းကျန့်ရဲ့ရည်မှန်းချက်တွေအကုန် ရေစုန်မျောတော့မည်ဖြစ်သည်။

ထိုနေ့ကတော့ ရှောင်းကျန့်တစ်ညလုံးအိပ်မပျော်ပေ။
ရင်ထဲက စို့နစ်နစ်ခံစားချက်က ရည်မှန်းချက်မပြည့်လို့လား အခြားကိစ္စကြောင့်လားဆိုတာ သူကိုယ်တိုင်တောင် သေချာမသိပေ။
ဧကန္တ သူအရှင့်ကို ချစ်နေမိတာများလား...

++++++++++++++++++++++++++++++++

ငပျင်းမလေး YoYo##








ၾကင္ယာေတာ္ရွန္းအေၾကာင္းေျပာရရင္ သူမက ရွန္ျပည္မွာ အလွဆုံးမိန္းမပ်ိဳအျဖစ္ေက်ာ္ၾကားတဲ့ ရွင္းအယ္ၿမိဳ႕စားရဲ႕သမီးျဖစ္သည္။

သူမကအရမ္းလွတာေၾကာင့္ သူမအေဖဟာဘယ္ၿမိဳ႕စားသား သူရဲေကာင္းေတြနဲ႕မွ သေဘာမတူဘဲ အရွင့္ကိုသာဆက္သခဲ့သည္။

လက္ထပ္ၿပီးတစ္ႏွစ္ေက်ာ္ၾကာတဲ့အထိ ၾကင္ယာေတာ္ရာထူးက တက္မလာခဲ့ေပမယ့္ လြန္ခဲ့တဲ့လအနည္းငယ္က အရွင္က ၾကင္ယာေတာ္ေဆာင္ဆီ တစ္ပါတ္ေက်ာ္ၾကာ ေနထိုင္ခဲ့သည့္အေပၚ ေကာလဟာလမ်ားထြက္ေပၚလာျခင္းျဖစ္သည္။

ယခုမူ အရွင္ရဲ႕အခ်စ္ကိုသိမ္းပိုက္နိုင္သည့္ေနာက္ထပ္ၾကင္ယာေတာ္ေပၚလာျခင္းဟာ သူမရဲ႕ေနရာကိုထိခိုက္ေစသည္။
နဂိုတည္းကမွ မိဖုရားသုံးပါးက ႀကဳံရင္ႀကဳံသလို အနိုင္က်င့္တတ္ၾကသည္။
ယခုမူ ေနာက္ထပ္အရွင့္အခ်စ္ေတာ္သာထပ္ေရာက္လာရင္ သူမက ေခ်ာင္ထိုးခံထားရတဲ့ ကိုယ္လုပ္ေတာ္ေတြနဲ႕ျခားေတာ့မွာမဟုတ္ေပ။
မျဖစ္ေတာ့ဘူး ဒီတစ္ခါ အရွင္သူမဆီလာရင္ ကိုယ္ဝန္ရေအာင္ ႀကိဳးစားမွျဖစ္ေတာ့မည္။

တစ္ဖက္အေဆာင္ေတာ္မွာေတာ့ မိဖုရားယြင္ခ်ီက သူမကိုယ္တိုင္ေဖာ္စပ္ထားတဲ့ သႏၶေတည္ျခင္းေဆးလုံးကိုဆုပ္ကိုင္ထားလွ်က္ ႀကဳံးဝါးေနသည္။

"ေနာက္ဆုံးေတာ့ သႏၶေတည္ျခင္းေဆးလုံးကေအာင္ျမင္ခဲ့ၿပီ အခုလိုတာက အရွင္ငါ့အေဆာင္ကိုလာဖို႔ပဲ"

"ကြၽန္ေတာ္မ်ိဳးမမွာ အႀကံရွိပါတယ္ မိဖုရား"

"ေကာင္းၿပီ အန္းကုန္းကုန္းရဲ႕အႀကံကိုတင္ျပနိုင္တယ္"

သူမနားဆီတိုးတိုးတိတ္တိတ္လာေျပာတဲ့စကားသံအဆုံး သူမမ်က္ႏွာမွာ စဥ္းလဲတဲ့အၿပဳံးတစ္ခုတည္လာခဲ့သည္။

"ဒါဆိုရင္ အေဖ့ဆီပဲ အပူကပ္ရေတာ့မွာေပါ့"

"အမတ္ခ်ဳပ္ႀကီးက သေဘာတူမွာပါ  မိဖုရား"

'နင္ေစာင့္ၾကည့္ေန ေရွာင္းက်န့္ ငါကိုယ္ဝန္ရခဲ့ရင္ နင္ဒီနန္းေတာ္မွာ ေနစရာေနရာမရွိေစရဘူး'

သူမဒီအႀကံစည္ကိုအေကာင္ထည္ေဖာ္ဖို႔ မေစာင့္နိုင္ေတာ့ဘူး။

                           """"""""""""""""""""""""""""

ေရွာင္းက်န့္အရွင့္ကို နဂါးဝတ္႐ုံဝတ္ေပးေနရင္း အလုပ္ရႈပ္ေနရသည္။

"ၿငိမ္ၿငိမ္ေနေလ အရွင္ရယ္"

"ကိုယ္ဘာလုပ္လို႔လဲ"

"ေခါင္းနည္းနည္းငုံ႕ေပး"

"အနမ္းမခံနိုင္ဘူးေနာ္"

"ဘယ္သူကနမ္းမယ္လို႔ေျပာလို႔လဲ ဆံထိုးတပ္ေပးမလို႔ပါဆို အရွင္ကလည္း"

"မသိပါဘူး ညကလို အတင္းနမ္းမယ္ထင္လို႔"

"အရွင္ေနာ္"

"ဟားးးးး"

"ၿပီးပါၿပီ ညက်ေစာေစာလာခဲ့ေနာ္"

"ကိုယ္ သိၿပီ ႁပြတ္စ္"

အရွင္ထြက္သြားၿပီးေနာက္ ေရွာင္းက်န့္ၿပဳံးေနမိသည္။

"ေပ်ာ္ေနတဲ့ပုံပါပဲ ၾကင္ယာေတာ္ေရွာင္း"

ယြီအာ လာစမွ ေရွာင္းက်န့္ သူဘယ္ေလာက္ၿပဳံးေနမိမွန္း သေဘာေပါက္တို႔သည္။

"အဲ့ေလာက္ေတာင္သိသာလား"

"အရွင္က ၾကင္ယာေတာ့္ကိုအရမ္းခ်စ္တာပဲ ဒီေလာက္ေတာ့ ေပ်ာ္ေနသင့္ပါတယ္"
.
.
.
.
.
.
.
.
.

ညီလာခံေဆာင္ေတာ္တြင္...

တိုင္းျပည္ေရးရာအျဖာျဖာကိုေဆြးႏြေးတိုင္ပင္ေနၾကသည္။

"ဒီႏွစ္မွာ က်င္းပရမယ့္ ေမွာ္ဆရာၿပိဳင္ပြဲကို ႀကီးၾကပ္ဖို႔ မိဖုရားတစ္ပါးကို အရွင္ေ႐ြးခ်ယ္ေပးပါ အရွင္"

"ဒီႏွစ္အတြက္ေတာ့ မိဖုရားယြင္ခ်ီကိုပဲ ေစလႊတ္လိုက္ေတာ့"

"ကြၽန္ေတာ္မ်ိဳးအထင္ေတာ့ ဒီႏွစ္အတြက္ အေတြ႕ႀကဳံရေအာင္ ၾကင္ယာေတာ္ေရွာင္းကို ေစလႊတ္သင့္တယ္လို႔ထင္ပါတယ္"

"ဒီႏွစ္က ၿမိဳ႕ေတာ္အတြက္သာမကဘဲ ျပည္လုံးကြၽတ္က်င္းပတဲ့ ေမွာ္ၿပိဳင္ပြဲကို မိဖုရားတစ္ပါးမဟုတ္ဘဲ ၾကင္ယာေတာ္တစ္ပါးကို ေစလႊတ္ရမယ့္ အေၾကာင္းျပခ်က္ ကိုယ္ေတာ့္ကိုေျပာျပစမ္း"

အရွင့္ရဲ႕ေလသံမာလာတာနဲ႕ အမတ္ခ်ဳပ္ႀကီးေခြၽးပ်ံလာသည္။

"အေတြ႕ႀကဳံရေစခ်င္တာကလြဲလို႔ ဘာအေၾကာင္းျပခ်က္မွမရွိပါဘူး အရွင္"

"ဒါဆို ကိုယ္ေတာ့္ဆုံးျဖတ္ခ်က္ကို မျပင္ေတာ့ဘူး
ေနာက္ကိစၥကို တင္ျပေတာ့"

"အေရွ႕ေတာင္ က်ိဳးယြင္စီရင္စုမွာ ေသြးမိစ္ဆာအခ်ိဳ႕ ေသာင္းက်န္းေနတာေၾကာင့္ လူအေသအေပ်ာက္ရွိေနပါတယ္ အရွင္"

"အေသအေပ်ာက္ ဘယ္ေလာက္ရွိလဲ"

"အနည္းဆုံး အေယာက္ႏွစ္ဆယ္ေက်ာ္ပါၿပီအရွင္"

"အေယာက္ႏွစ္ဆယ္​ေက်ာ္?  က်ိဳးယြင္စီရင္စုက ဦးစီးမႉးေတြ ဘာလုပ္ေနၾကတာလဲ!! "

"စီရင္စုဦးစီးမႉးက ေရွ႕လကတည္းက ေမွာ္သားရဲတရားမဝင္ဖမ္းဆီးမႈေၾကာင့္ အခ်ဳပ္ခ်ခံထားရတာပါ"

"အဲ့တာကို ေနာက္ထပ္ဦးစီးမႉးမတင္ရေသးဘူးေပါ့"

"က်ိဳးယြင္စီရင္စု အ​ေျခအေနက ထင္ထားတာထက္ပိုရႈပ္ေထြးပါတယ္အရွင္"

"ဒီီစီရင္စုေလးေတြက ကိစၥေတြအထိ ငါသိေနမွျဖစ္မွာလား ဒါေလးကိုေတာင္ ေျဖရွင္းနိုင္စြမ္းမရွိၾကဘူးလား ေနာက္တစ္ပါတ္ေနလို႔မွ ဒီအေျခေနကို မထိန္းနိုင္ခဲ့ရင္ စီရင္စုတရားသူႀကီးေတြ အျပစ္ေပးခံရမယ္"

"ကြၽန္ေတာ္မ်ိဳးတို႔ ေျပလည္ေအာင္ ေျဖရွင္းေပးပါ့မယ္ အရွင္"

"ေနာက္တစ္ခုေျပာ"

"ေနာက္ထပ္ကိစၥကေတာ့ အေနာက္ဘက္ေတာင္တန္းေတြဆီကေန ဝိဥာဥ္ေတြထြက္ေပၚလာတဲ့ကိစၥပါ အရွင္"

"ဝိဥာဥ္ေတြ"

"ဟုတ္ပါတယ္ အမုန္းတရားဝိဥာဥ္ေတြပါ အေနာက္ေတာက္တန္းတစ္ဝိုက္က ၿမိဳ႕ေတြကို ဝင္စီးထားၾကပါၿပီ ကေလးသူငယ္ေတြနာမက်န္းျဖစ္ေနၾကတယ္လို႔လည္းၾကားပါတယ္"

"အဲ့ၿမိဳ႕က က်င့္ႀကံသူေတြကေရာ"

"သူတို႔လည္း တတ္နိုင္သေလာက္တိုက္ထုတ္ေပမယ့္ အေနာက္ေတာက္တန္းလိုေဒသမွာ အဆင့္ျမင့္က်င့္ႀကံသူေတြအမ်ားႀကီး မရွိတာေရာ ဝိဥာဥ္အင္အားေတြက ထက္တာထက္မ်ားေနတာေရာေၾကာင့္ မလြယ္ကူပါဘူးအရွင္ ဒါေၾကာင့္ ၿမိဳ႕ေတာ္ဝန္က ၿမိဳ႕ေတာ္ကိုအကူညီလွမ္းေတာင္းထားတာပါအရွင္"

"စစ္သည္ေတာ္ အဖြဲ႕ခြဲ သုံးနဲ႕ေလးကို ေစလႊတ္လိုက္ပါ ရိကၡာေတြအတြက္လည္း တစ္လစာထုတ္သြားပါေစ "

"မွန္လွပါအရွင္"

"ေနာက္ထပ္ရွိေသးလား တင္ျပစရာ"

အမတ္မင္းေတြက တစ္ေယာက္နဲ႕တစ္ေယာက္ ၾကည့္ေနၾကၿပီး အသံထြက္မလာၾကေပ။

"ေျပာစရာရွိတာ ျမန္ျမန္ေျပာစမ္း"

"ကြၽန္ေတာ္မ်ိဳးရဲ႕ တပည့္ေတြဆီကေန သတင္းၾကားခဲ့ရပါတယ္ ကြၽန္ေတာ္မ်ိဳးရဲ႕သမီးႀကီး မိဖုရားယြင္ခ်ီက အရွင့္ရဲ႕ရင္ေသြးကိုရယူေပးဖို႔ ေဆးဝါးေတြေသာက္သုံးေနၿပီး နတ္ေဆးသမားေတာ္ေတြက ဒီအခ်ိန္ကာလက ကေလးယူဖို႔ အသင့္ေတာ္ဆုံးအခ်ိန္ျဖစ္ေနပါၿပီအရွင္ မိဖုရားကအရွင္အေဆာင္ေတာ္မႂကြတဲ့အတြက္ ဝမ္းနည္းေနရပါတယ္တဲ့ အရွင္"

"ဒီအခ်ိန္ကာလမွာလား ကိုယ္ေတာ္က ၾကင္ယာေတာ္အသစ္ကိုအေရးေပးေနလို႔ သမီးေတာ္ကအမတ္ခ်ဳပ္ကိုတိုင္လာတာလား"

"မဟုတ္ရပါဘူး အရွင္မင္းႀကီး အထင္မလြဲပါနဲ႕ တကယ္ပဲ မိဖုရားက ကေလးယူဖို႔စိတ္အားထက္သန္ေနတာပါ အရွင္သာအေဆာင္ေတာ္ဆီ တစ္ခါေလာက္ႂကြေပးရင္ သူမစိတ္ကိုေျဖဆည္နိုင္ေလာက္ပါရဲ႕"

"ေကာင္းၿပီေလ တစ္ရက္ေလာက္ဆို အဆင္ေျပၿပီမလား ကိုယ္ေတာ့္အေနနဲ႕လည္း ဂ႐ုစိုက္ေပးရမယ့္သူမ်ားသကိုး"

"ေက်းဇူးႀကီးျမတ္လွေၾကာင္းပါအရွင္"

အရွင္ႂကြသြားေတာ့ အမတ္ေတြအားလုံးစု႐ုံးလာၾကသည္။

"ေမွာ္ဆရာၿပိဳင္ပြဲအတြက္ ၾကင္ယာေတာ္ေရွာင္းသာမသြားရရင္ စီစဥ္ထားတာေတြပ်က္ကုန္လိမ့္မယ္ အမတ္မင္း"

"သိပ္မပူပါနဲ႕ ၿပိဳင္ပြဲက လနည္းနည္းၾကာအုံးမယ္ေလ ဒီၾကားထဲ မိဖုရားသာကိုယ္ဝန္ရခဲ့ရင္ အဆင္ေျပသြားလိမ့္မယ္"

"အဲ့လိုျဖစ္ဖို႔ ဆုေတာင္းၾကတာေပါ့"

                              ////////////////

ညီလာခံၿပီးတာၾကာေပမယ့္ အရွင္ကသူ႕အေဆာင္ဆီမလာေသးတာေၾကာင့္ ေရွာင္းက်န့္လည္ပင္းရွည္ေနရသည္။

"ၾကင္ယာေတာ္ ၾကင္ယာေတာ္ "

"ဘာျဖစ္လာတာလဲ ယြီအာ"

"အရွင္က ဒီေန႕အေဆာင္ေတာ္ကို ျပန္လာမွာမဟုတ္ေတာ့ဘူး"

"ဟမ္ ဘာလို႔လဲ"

ယြီအာလည္း ဒီေန႕ညီလာခံမွာျဖစ္ပ်က္သမွ်ကိုေျပာျပလိုက္ေတာ့ ေရွာင္းက်န့္စိတ္ထိခိုက္သြားရသည္။

အရွင္ရဲ႕စိတ္ကို ရၿပီထင္ေနခဲ့တာ တကယ္ေတာ့သူက ဒီအတိုင္းသာမန္ၾကင္ယာေတာ္တစ္ေယာက္ပါပဲ။
မိဖုရားသာ တကယ္ပဲကိုယ္ဝန္ရသြားခဲ့ရင္ သူကေရာ သူကဘာမွေဘာင္ဝင္တဲ့သူဟုတ္ေတာ့မွာမဟုတ္ေပ။
သားဦးေလးသာရသြားပါက ေရွာင္းက်န့္ရဲ႕ရည္မွန္းခ်က္ေတြအကုန္ ေရစုန္ေမ်ာေတာ့မည္ျဖစ္သည္။

ထိုေန႕ကေတာ့ ေရွာင္းက်န့္တစ္ညလုံးအိပ္မေပ်ာ္ေပ။
ရင္ထဲက စို႔နစ္နစ္ခံစားခ်က္က ရည္မွန္းခ်က္မျပည့္လို႔လား အျခားကိစၥေၾကာင့္လားဆိုတာ သူကိုယ္တိုင္ေတာင္ ေသခ်ာမသိေပ။
ဧကႏၱ သူအရွင့္ကို ခ်စ္ေနမိတာမ်ားလား...

++++++++++++++++++++++++++++++++

ငပ်င္းမေလး YoYo##

Continue Reading

You'll Also Like

451K 48.1K 147
Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September...
419K 51.1K 38
Jeon JungKook Kim Taehyung KookV
753K 82.9K 158
system ficလေးပါ အနေအေးတဲ့ မိဘမဲ့ဂေဟာမှူးလေး ဝတ္ထုကမ္ဘာထဲ ရောက်သွားသောအခါ (own creation) system ficေလးပါ အေနေအးတဲ့ မိဘမဲ့ေဂဟာမႉးေလး ဝတၳဳကမၻာထဲ ေရာက္သ...
85.5K 8.3K 106
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...