Empress Xiao

By Amarayoyo94

85.1K 6.9K 308

Start date...7.6.2021 More

Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Request
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao

Empress Xiao

4.5K 431 6
By Amarayoyo94

မနက်စောစော အဆောင်တော်တွင်းက ကျေးငှက်သံတွေကျီကျီကျာကျာ ကြားနေရသည်။

ရှောင်းကျန့်နိုးနိုးလာခြင်း ယွီအာ့ရဲ့အသံကိုကြားလိုက်ရသည်။..

"နိုးပါပြီလား ​ကိုယ်လုပ်တော်ရှောင်း"

"အင်းးး"

"မျက်နှာသစ်ဖို့ပြင်ဆင်ပြီးပါပြီ"

ရှောင်းကျန့်တစ်ခါတည်းဆေးကြောသန့်စင်လိုက်ပြီးတော့ အရှင့်ဆီသွားရန်ပြင်ဆင်လိုက်သည်။
ဆံနွယ်ပျော့ပျော့တွေကို သေသပ်စွာချည်နှောင်ထားပြီးတော့ ကျောက်စိမ်းဆံထိုးကိုပန်ဆင်လိုက်သည်။ ပြာလဲ့လဲ့ဝတ်စုံက မျက်စိအေး​စေပြီး ကိုယ်လုပ်တော်ရှောင်းရဲ့မျက်နှာကြည်ကြည်လေးနဲ့ လိုက်ဖက်နေသည်။

"အဆင်သင့်ဖြစ်ရင် သွားကြတော့မလား ကိုယ်လုပ်တော်ရှောင်း"

"ကောင်းပြီ"

ရှောင်းကျန့်  ကျယ်ပြောလှတဲ့ နန်းတော်ကြီးကိုကြည့်ပြီး အံ့သြမင်သက်နေသည်။
အရှင့်ရဲ့ ဥယျာဥ်တော်ဆီသွားဖို့ရာ နွယ်ပန်းတွေကို အသုံးပြုရသည်။ အလွှာတစ်လွှာဆီကိုပို့ဆောင်ပေးနေတဲ့ နွယ်ပန်းတွေက တိမ်ယံတွေကြားပြေးလွှားနေကြသည်။

အရှင်နေထိုင်တဲ့ အလွှာကိုရောက်တော့ ကြိုစောင့်နေတဲ့ အရှင့်ရဲ့သက်တော်စောင့် ပိုင်ယွီကိုတွေ့လိုက်ရသည်။

"ဒီဘက်လမ်းပါ"

သူရဲ့လမ်းပြမှုနောက်ကိုလိုက်ရင်း အလွန်တရာလှပလွန်းတဲ့ ဥယျာဥ်တော်ကြီးကိုတွေ့လိုက်ရသည်။အရောင်သွေးစုံလင်လွန်းလှတဲ့ အဖိုးတန်ဝိဥာဥ်ပန်းတွေကို ဥယျာဥ်ပြည့်စိုက်ပျိုးထားသည်။

ဥယျာဥ်ရဲ့အလယ်မှာရှေးဟောင်းဝိဥာဥ်ပန်းပင်လေးပင်ရှိနေပြီး ပန်းပင်တွေရဲ့ထိပ်ဖျားမှာ လှပတဲ့အဆောင်တော်တစ်ခုတည်ရှိနေသည်။
အဝေးကနေလှမ်းကြည့်ရင်တောင် ခန့်ညားထည်ဝါတဲ့အရှိန်ဝါကိုမြင်တွေ့နေရပြီး ဒါကသေချာပေါက်အရှင်ပဲဖြစ်သည်။

အနားနီးလေ မြင်တွေ့ရတဲ့ အသွင်ပြင်ကထင်ရှားလာလေပင်။ ဆံနွယ်တွေကို ကျောပြင်ပေါ်ဖြန့်ချထားပြီး အနီရောင်တော်ဝင်နဂါးဆံထိုးဖြင့် အပေါ်တစ်ဝက်ကိုသိမ်းချည်ထားသည်။
အနီရောင်နဂါးဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး အနောက်ကကြည့်လျှင်တောင် အရှင်ကပြည့်စုံလွန်းလှသည်။

အဆောင်တော်ရဲ့အောက်ကိုရောက်တော့ ရှောင်းကျန့်အရှင့်ကိုအရိုသေပြုလိုက်သည်။

"အပေါ်ကိုခေါ်လာလိုက်"
ကြည်လင်တဲ့အသံသြသြက ထွက်ပေါ်လာသည်။

ပန်းရောင်ဖျော့ဖျော့ရှိတဲ့ လှေကားတစ်ဆင်းက ရုတ်ချည်းဆိုသလိုပေါ်ထွက်လာသည်။
ထိုလှေကားပေါ်လာတာနဲ့ အဆောင်တော်ပေါ်မှာရှိနေတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ မျက်နှာဟာ ပျက်ယွင်းသွားသည်။ထိုအရာကို အရှင်ကလွဲရင်ဘယ်သူမှသိမယ့်ပုံမပေါ်ပေ။

ရှောင်းကျန့်အဆောင်ပေါ်ရောက်မှ အရှင့်အပြင်မိန်းမပျိုတစ်ဦးလည်းရှိနေသေးမှန်းသတိထားမိတော့သည်။

အရှင့်ကိုအရိုသေပေးပြီးနောက် တစ်ဖက်မိန်းကလေးကိုပါ ဦးညွှတ်လိုက်သည်။ဒီနေရာမှာရှိနေပုံထောက်ရင် ကြင်ယာတော်တစ်ဦး ဒါမှမဟုတ် မိဖုရားတစ်ပါးဖြစ်မယ့်ပုံပင်။
သူမကတော့ရှောင်းကျန့်ကိုအလေးမထား ယောကျာ်းလေးကိုယ်လုပ်တော် အပေါ် သဘောမကျဖြစ်နေပုံပင်။

တစ်ဖက်ကို အရှင်လှည့်လာတာကြောင့် ရုတ်တရက် အရှင်နဲ့အကြည့်ချင်းဆုံမိသွားသည်။
နို့နှစ်ရောင်အသားရည်နှင့် ကျောက်စိမ်းလိုကြည်လင်တဲ့ မျက်နှာလေးကြောင့် ရှောင်းကျန့်ပင့်သက်ရှိုက်လိုက်သည်။
အရှင်က ကလေးမျက်နှာလေးနှင့်ပင်။

"ထိုင်ပါ မင်းသားရှောင်း"

တော်ပါသေးရဲ့ အရှင်ကသူ့ကို ကြင်ယာတော်တစ်ယောက်ရှေ့မှာ ကိုယ်လုပ်တော်ရှောင်းလို့မခေါ်တာကို ကျေးဇူးတင်ရပေမည်။

"ဒီဘက်က မိဖုရားယွင် ငါ့ရဲ့ဒုတိယမိဖုရားပဲ"

သူမရဲ့မျက်နှာမှာဂုဏ်ယူဝင့်ကြွားခြင်းတွေ မာနထောင်လွှားမှုတွေထင်ဟပ်နေသည်။ရှောင်းကျန့်သေချာအရိုသေပြန်ပေးလိုက်သည်။ နောင်တစ်ချိန်သူ့ကို ပြန်အရိုသေပေးရမယ့် သူပေမယ့်လို့ပေါ့။

"ဒီဥယျာဥ်ထဲမှာ အကာကွယ် ငါးပါးအတွက် မှော်သားရဲ ပေါင်းစုံရှိတယ် မင်းသားရဲ့ ဝိဥာဥ်စွမ်းအားနဲ့ သူတို့ကိုဆက်နွှယ်ဖို့ကြိုးစားပါ ဆက်နွှယ်ပြီးသမျှအကောင်တိုင်းဟာ မင်းသားရဲ့အပိုင်ပဲ"

"ကောင်းပါပြီ အရှင်"

ရှောင်းကျန့် ဥယျာဥ်တော်အတွင်းကိုသေချာကြည့်လိုက်ပြီး သူ့ရဲ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။
မနီးမဝေးမှာ အဆင့်မြင့်မှော်သားရဲတွေ သွားလာနေတာကို တွေ့လိုက်ရသည်။
ရှောင်းကျန့်သေချာလေ့လာနေတုန်း သစ်ငုတ်တစ်ခုပေါ်မှာ ​ငြိမ်သက်စွာထိုင်နေတဲ့ တစ်ကိုယ်လုံးရွှေရောင်ခြုံထားတဲ့ ဧက္ကရာဇ်ရွှေခြင်္သေ့တစ်ကောင်ကိုတွေ့လိုက်ရပြီး သူကပတ္တမြားအဆင့်ကိုရောက်နေလေပြီ။
ရှောင်းကျန့်သူ့ရဲ့စိတ်အာရုံကိုစုစည်းပြီး ဧက္ကရာဇ်ရွှေခြင်္သေ့ကိုဆွဲဆောင်ဖို့ သူ့ရဲ့အနံ့ကိုထုတ်လွှတ်ခဲ့သည်။

မှော်ဆရာတွေကသူတို့ရဲ့အဆင့်အလိုက် အနံ့တွေကိုထုတ်လွှတ်နိုင်ပြီး ရှောင်းကျန့်ရနံ့က ကြာပန်းနံ့ပင်။
ဧက္ကရာဇ်ရွှေခြင်္သေ့က ရှောင်းကျန့်အနံ့ရရခြင်းပင် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ရှောင်းကျန့်ရဲ့ဆက်နွှယ်မှုအမိန့်ကို နာခံလိုက်သည်။

ရှောင်းကျန့် ပျော်ရွှင်သွားပြီး ဧက္ကရာဇ်ရွှေခြင်္သေ့ကို သူ့ဆီလာရန်အမိန့်ပေးလိူက်သည်။
မကြာခင်မှာပဲ ဧက္ကရာဇ်ရွှေခြင်္သေ့ရောက်ရှိလာမှုက ဥယျာဥ်ထဲကလူတွေကို အထိတိတလန့်ဖြစ်သွားစေသည်။

"မလန့်ကြနဲ့ ဒါကမင်းသားရှောင်းရဲ့ ပထမဆုံးအကာကွယ်ပဲ"

အရှင့်အသံကိုကြားတော့အားလုံးကအံသြတုန်လှုပ်စွာ ရှောင်းကျန့်ကိုကြည့်လာကြသည်။ အဆောင်ပေါ်မှာရှိတဲ့ မိဖုရားကတော့ စိတ်အလိုမကျစွာ မျက်မှောင်ကျုတ်ထားသည်။သူမရဲ့ပထမဆုံးအကာကွယ်က အလယ်အလတ်မှော်သားရဲဖြစ်ပြီး သူရဲ့အဆင့်က ယခုချိန်ထိပယင်းသာဖြစ်သေးသည်။
မနာလိုမှုကို မထိန်းနိုင်တဲ့အခါ မျက်နှာမှာထင်ဟပ်လာသည်။

"မင်းသားရှောင်းကအထင်ကြီးစရာပဲ"

"မခံယူဝံ့ပါဘူး အရှင်"

"နောက်တစ်ခုကို ဆက်ရွေးပါအုံး"

"ဟုတ်ကဲ့ပါ အရှင်"

ရှောင်းကျန့်နောက်တစ်ခုအနေနဲ့တော့ အမွှေးတဖွားဖွားနဲ့မျက်ဆံနက်နက်တွေရှိပြီး တစ်ကိုယ်လုံးမဲနက်နေတဲ့ အဆိပ်ကိုးပါးဝံပုလွေကိုရွေးချယ်လိုက်သည်။သူရဲ့အဆင့်က ကျောက်စိမ်းပင်ရောက်နေလေပြီ။အရှင်ရဲ့မျက်နှာမှာကျေနပ်မှုအရိပ်ယောင်တွေ ထင်နေသလို မိဖုရားရဲ့မျက်နှာကတဖြည်းဖြည်းပိုလို့ပျက်ယွင်းလာလေသည်။

တတိယတစ်ခုအနေနဲ့ကတော့ ရှောင်းကျန့်ရေနေသတ္တဝါ တစ်ကောင်ကိုရွေးချယ်ချင်သည်။ဒါကြောင့်သူရေကန်တစ်ဝိုက်ကိုလေ့လာကြည့်မိသည်။ ရေသတ္တဝါတွေအနေနဲ့ သူ့အကြိုက်မရှိတာကြောင့်ကြုံရာကျပန်းတစ်ခုကို ရွေးချယ်ရန်စဥ်းစားနေတုန်း ရုတ်တရက် ကြာရွက်အောက်ကနေခရမ်းရောင် နဂါးပေါက်စလေးကိုတွေ့လိုက်ရသည်။

ရေမီးစကြာနဂါးက ရှားပါးတဲ့အမျိုးစားဖြစ်ပြီး ယခုနဂါးလေးကပင်ပေါက်ကာစဖြစ်ပုံရသည်။
ဒါပေမယ့် သူ့အဆင့်ကတော့ မငယ်ပေ။
ယခုအရွယ်ထဲက ပတ္တမြားအဆင့်ပင်ရောက်နေလေပြီ။
ယိုင်တိုင်တိုင်နဲ့လမ်းလျှောက်နေတဲ့ နဂါးပေါက်စလေးကိုဆက်နွှယ်ရန်ကြိုးစားလိုက်သည်။
အလွယ်တကူပင်လက်ခံခဲ့တာကြောင့် သူပျော်ရွှင်သွားရသည်။

"အဟင်း ဒီကောင်လေးက မင်းသားရှောင်းကိုသဘောကျပုံပဲ သူအကောင်ပေါက်တာ မကြာသေးဘူးလေ"

"ဟုတ်ပါရဲ့ သူကသိပ်ချစ်ဖို့ကောင်းတာပဲ"

ရှောင်းကျန့် သူ့လက်မောင်းကြားထဲကနဂါးပေါက်လေးကို ပွတ်သပ်လိုက်သည်။
ဘေးမှာရှိတဲ့မိဖုရားကသေချာမမြင်ရတာကြောင့် အရှင့်ကိုမေးမြန်းလိုက်သည်။

"တတိယအကာကွယ်က ဘာများလဲအရှင်"

"အင်း ရေမီးစကြာနဂါးပေါက်လေးလေ"

'ရေမီးစကြာနဂါး'
သူတိတ်တဆိတ်ရေရွတ်လိုက်သည်။ ဒါသူမအရမ်းလိုချင်နေသည့်အရာပင်။ သူမအလှည့်တုန်းက ထိုနဂါးမရှိသေးပေ။ အရှင်နဂါးဥကိုယူလာတုန်းက သူမတောင်းချင်ပေမယ့် မတောင်းရဲပေ။ သူမကဒုတိယမိဖုရားဖြစ်ပေမယ့် သူမရဲ့အဖေက အမတ်ချုပ်ဖြစ်ပေမယ့် သူမကအရှင့်ဆီက အနည်းငယ်သော မျက်နာသာပေးမှုကိုသာရခဲ့သည်။

ရှောင်းကျန့်သူ့ရင်ခွင်ထဲကနဂါးပေါက်လေးကို အရှင့်ဆီခဏအပ်ထားပြီး စတုတ္ထအကာကွယ်ကိုရွေးချယ်နေသည်။
ဒီတစ်ခါမှာတော့ မိုးကြိုးလျှပ်စီးငှက်တစ်ကောင်ကိုရွေးချယ်ခဲ့ပြီး ၎င်းကစိန်အဆင့်ဖြစ်ပြီး မိိမိရွေးခဲ့သမျှတွင်အမြင့်ဆုံးဖြစ်သည်။

နောက်ဆုံးအကာကွယ်ကတော့ လှည့်ဖျားငြို့ငင်မြွေဟောက်တို့ဖြစ်သည်။
အနက်ရောင်အနီကြားခန္တာကိုယ်နဲ့ အစိမ်းရောင်လျှာဖျားနဲ့ မျက်လုံးစိမ်းရှိတဲ့ အန္တရာယ်များတဲ့မြွေဟောက်တစ်ကောင်ပင်။သူသည်လည်း ကျောက်စိမ်းအဆင့်ဖြစ်သည်။
ရှောင်းကျန့်ရဲ့အကာကွယ်ငါးပါးလုံးဟာ အနိမ့်ဆုံးပင် ပတ္တမြားအဆင့်ရှိနေပေပြီ။
သူ့ကဲ့သို့ ကံကောင်းတဲ့အခြားမောင်းမတစ်ယောက်မှ မရှိပေ။

မိဖုရားဟာတစ်စတစ်စရုပ်ပျက်လာပြီး ဒေါသကိုပင်မထိန်းနိုင်တော့ပါ။

"အရှင် ဒီယောကျာ်းလေးကိုယ်လုပ်တော်ကို တကယ်ပဲ ဒီလိုအဖိုးတန်မှော်သားရဲတွေကို ပေးပစ်တော့မှာလား"

အရှင်က မျက်နှာတင်းသွားသည်။

"မိဖုရားက ဘာပြောချင်တာလဲ အရင်မောင်းမအဆက်ဆက်ကဒီလိုပဲလေ ဘာလို့မင်းသားရှောင်းကြမှ ချွင်းချက်လဲ"

"သူကယောကျာ်းလေးလေ အရှင်"

"ဒါဆို ကိုယ်တော့်ဆုံးဖြတ်ချက်က မှားတယ်လို့ပြောတာလား"

"မဟုတ် မဟုတ်ပါဘူး အရှင်"

"မိဖုရားက နန်းတော်ရဲ့စည်းမျဥ်းစည်းကမ်းတွေအသုံးမချရတာကြာလို့ မေ့နေပြီထင်တယ် ဆောင်းဦးရေခဲဆောင်က ကိုယ်လုပ်တော်တွေကို သွားပြီးကြီးကြပ်ချင်လား သူတို့ကအထိန်းအကွပ်မဲ့နေတယ်ဆိုတော့"

"တောင်း တောင်းပန်ပါတယ် အရှင် မလုပ်ပါနဲ့ စကားပြောမှားသွားလို့ တောင်းပန်ပါတယ် အရှင်"

"ကိုယ့်စကားကို သေချာထိန်းပါ မိဖုရား ကိုယ်တော်အပြစ်မပေးချင်ဘူး"

မိဖုရားဆီကအသံတိတ်သွားတယ်။ ရှောင်းကျန့်လည်းသက်ပြင်းကြိတ်ချလိုက်တယ်။ အရှင်ရဲ့ဒေါသကို မျက်မြင်တွေ့လိုက်ရလေပြီ။

"အကာကွယ်ငါးပါးကိုတော့ ရွေးချယ်ပြီးပြီ ဝိဥာဥ်ငါးပါးကို ရွေးဖို့ ကိုယ်တော်နဲ့လိုက်ခဲ့"

"ဟုတ်ကဲ့ပါ အရှင်"

အရှင်နဲ့သူနှစ်ယောက် ထွက်သွားဖို့ကြံနေတုန်း မိဖုရားကနောက်ကပါလာသည်။

"ဘယ်ထိလိုက်လာမလို့လဲ မိဖုရား"

"အရှင့်နောက်ကိုပေါ့"

အရှင်က ရှောင်းကျန့်လက်ကိုဆွဲပြီး သူနှင့်ကပ်လိုက်သည်။

"အို့....."

ရှောင်းကျန့်ရဲ့ပါးက အရှင်ရဲ့ရင်ဘက်နဲ့ကပ်နေပြီး
အရှင်ရဲ့နှလုံးခုန်သံကိုခပ်သဲ့သဲ့ကြားနေရသည်။
အရှင်ကရှောင်းကျန့်ရဲ့ ခါးကိုဖက်တွယ်ထားပြီး မိဖုရားဘက်ကိုလှည့်ကာ

"ကိုယ်တော်နဲ့ ကြင်ယာတော်တစ်ယောက်သွားမယ့်နေရာတိုင်းကို မိဖုရားက ဘာလိုက်လုပ်မှာလဲ"

"ဟို အရှင် အဲ့ဒါက"

"မိဖုရားကို အဆောင်တော်ပြန်ပို့လိုက်ကြ"

အရှင်ကမိန့်ပြီးတာနဲ့ ရှောင်းကျန့်ကိုဆွဲလို့ ရတနာလှိုဏ်ဂူဆီခေါ်လာခဲ့သည်။လမ်းတလျှောက်လုံး လက်ကိုလုံးဝမလွှတ်ခဲ့ပေ။အရှင့်ရဲ့လက်ဖဝါးအကြီးကြီးတွေကြား သူ့ရဲ့လက်ဖဝါးလေးက အံဝင်ခွင်ကျပင်။

အစောင့်ကြပ်ထူထူထဲထဲချထားတဲ့ ဂူဝင်ပေါက်ကိုရောက်တော့ အကုန်လုံးက အရှင့်ကိုနှုတ်ဆက်ကြတယ်။

ကျောက်သားနန်းတော်ဝင်ပေါက်ကိုဖြတ်ကျော်ပြီးသွားတဲ့အခါ အထဲမှာ ​တလတ်လတ်ထနေတဲ့ ရတနာတွေရဲ့အရောင်ကိုမြင်လိုက်ရသည်။

"ဒီထဲကနေ မင်းသားရှောင်းနဲ့သက်ဆိုင်တဲ့ ဝိဥာဥ်တော်တွေကို ရှာဖွေပါ တစ်နာရီနေရင် ကိုယ်တော်လာပြန်ခေါ်မယ်"

ရှောင်းကျန့်အရှင့်ကိုနှုတ်ဆက်ပြီးတော့ အရှင်ကသူ့လက်ကိုလွှတ်ပေးတယ်။နွေးထွေးမှုကင်းသွားပေမယ့် ရှောင်းကျန့်အားတင်းလိုက်တယ် နောက်ဆို အရှင်ကသူ့အပိုင်ပဲဖြစ်နေတော့မှာ။

ရှောင်းကျန့်ဂူထဲကိုလှည့်ပတ်ကြည့်ရင်း သူ့ရဲ့ပထမဆုံးဝိဥာဥ်တော်ကိုရှာတွေ့ခဲ့တယ်။ အဲ့တာက ပတ္တမြားတွေစီခြယ်ထားတဲ့ မှန်တစ်ချက်ပင်။
ဘာအစွမ်းတွေရှိလဲတော့ သူမသိပေ။ အပြင်ထွက်မှအရှင့်ကိုမေးရတော့မည်။
ဒုတိယတစ်ခုက ကျောက်စိမ်းဆံထိုးတစ်ခုဖြစ်ပြီး တတိယတစ်ခုကတော့ ကြွေဖန်လုံးတစ်ခုဖြစ်သည်။
စတုတ္ထတစ်ခုအနေနဲ့ ရွှေရောင်ပဝါတစ်ခုကိုယူထားလိုက်ပြီး နောက်ဆုံးကတော့စိန်သရဖူတစ်ခုပင်။
ရှောင်းကျန့်ကျန်တာမသိပေမယ့် နောက်ဆုံးတစ်ခုကတော့ကောင်းတဲ့အရာမှန်းသိလိုက်တယ်။

ခဏကြာတော့အချိန်ပြည့်သွားပြီး အရှင်ကသူ့ကိုလာခေါ်တော့တယ်။
ရှောင်းကျန့်သူရခဲ့တာတွေအရှင့်ကိုပြတော့ အရှင့်မျက်နှာက ပြုံးရိပ်စွန်းတယ်။
နောက်ဆုံးပစ္စည်းကိုသေချာကြည့်ပြီး တစ်ခုခုကိုသဘောပေါက်သွားသလို ပြုံးလိုက်သည်။

ရှောင်းကျန့်ရဲ့လက်ကိုညင်ညင်သာသာဆုပ်ကိုင်ပြီး နောက်လိုက်အပေါင်းဘက်ကိုလှည့်လိုက်ကာ

"အကာကွယ်ငါးပါးနဲ့ဝိဥာဥ်ငါးပါးကို ရွေးချယ်ပြီးပြီဆိုတော့ နောက်နှစ်ရက်နေရင် မင်းသားရှောင်းနဲ့ငါကိုယ်တော်ရဲ့လက်ထပ်ပွဲကို ကျင်းပမယ်"

"ကြီးမြတ်လှကြောင်းပါအရှင်"

နောက်တော့ အရှင်နဲ့နှစ်ဦးသား အဆောင်တောိဆီကြွမြန်းသွားကြတော့သည်။

*********************************************

ငပျင်းမလေး YoYo##




မနက္ေစာေစာ အေဆာင္ေတာ္တြင္းက ေက်းငွက္သံေတြက်ီက်ီက်ာက်ာ ၾကားေနရသည္။

ေရွာင္းက်န့္နိုးနိုးလာျခင္း ယြီအာ့ရဲ႕အသံကိုၾကားလိုက္ရသည္။..

"နိုးပါၿပီလား ​ကိုယ္လုပ္ေတာ္ေရွာင္း"

"အင္းးး"

"မ်က္ႏွာသစ္ဖို႔ျပင္ဆင္ၿပီးပါၿပီ"

ေရွာင္းက်န့္တစ္ခါတည္းေဆးေၾကာသန့္စင္လိုက္ၿပီးေတာ့ အရွင့္ဆီသြားရန္ျပင္ဆင္လိုက္သည္။
ဆံႏြယ္ေပ်ာ့ေပ်ာ့ေတြကို ေသသပ္စြာခ်ည္ႏွောင္ထားၿပီးေတာ့ ေက်ာက္စိမ္းဆံထိုးကိုပန္ဆင္လိုက္သည္။ ျပာလဲ့လဲ့ဝတ္စုံက မ်က္စိေအး​ေစၿပီး ကိုယ္လုပ္ေတာ္ေရွာင္းရဲ႕မ်က္ႏွာၾကည္ၾကည္ေလးနဲ႕ လိုက္ဖက္ေနသည္။

"အဆင္သင့္ျဖစ္ရင္ သြားၾကေတာ့မလား ကိုယ္လုပ္ေတာ္ေရွာင္း"

"ေကာင္းၿပီ"

ေရွာင္းက်န့္  က်ယ္ေျပာလွတဲ့ နန္းေတာ္ႀကီးကိုၾကည့္ၿပီး အံ့ၾသမင္သက္ေနသည္။
အရွင့္ရဲ႕ ဥယ်ာဥ္ေတာ္ဆီသြားဖို႔ရာ ႏြယ္ပန္းေတြကို အသုံးျပဳရသည္။ အလႊာတစ္လႊာဆီကိုပို႔ေဆာင္ေပးေနတဲ့ ႏြယ္ပန္းေတြက တိမ္ယံေတြၾကားေျပးလႊားေနၾကသည္။

အရွင္ေနထိုင္တဲ့ အလႊာကိုေရာက္ေတာ့ ႀကိဳေစာင့္ေနတဲ့ အရွင့္ရဲ႕သက္ေတာ္ေစာင့္ ပိုင္ယြီကိုေတြ႕လိုက္ရသည္။

"ဒီဘက္လမ္းပါ"

သူရဲ႕လမ္းျပမႈေနာက္ကိုလိုက္ရင္း အလြန္တရာလွပလြန္းတဲ့ ဥယ်ာဥ္ေတာ္ႀကီးကိုေတြ႕လိုက္ရသည္။အေရာင္ေသြးစုံလင္လြန္းလွတဲ့ အဖိုးတန္ဝိဥာဥ္ပန္းေတြကို ဥယ်ာဥ္ျပည့္စိုက္ပ်ိဳးထားသည္။

ဥယ်ာဥ္ရဲ႕အလယ္မွာေရွးေဟာင္းဝိဥာဥ္ပန္းပင္ေလးပင္ရွိေနၿပီး ပန္းပင္ေတြရဲ႕ထိပ္ဖ်ားမွာ လွပတဲ့အေဆာင္ေတာ္တစ္ခုတည္ရွိေနသည္။
အေဝးကေနလွမ္းၾကည့္ရင္ေတာင္ ခန့္ညားထည္ဝါတဲ့အရွိန္ဝါကိုျမင္ေတြ႕ေနရၿပီး ဒါကေသခ်ာေပါက္အရွင္ပဲျဖစ္သည္။

အနားနီးေလ ျမင္ေတြ႕ရတဲ့ အသြင္ျပင္ကထင္ရွားလာေလပင္။ ဆံႏြယ္ေတြကို ေက်ာျပင္ေပၚျဖန့္ခ်ထားၿပီး အနီေရာင္ေတာ္ဝင္နဂါးဆံထိုးျဖင့္ အေပၚတစ္ဝက္ကိုသိမ္းခ်ည္ထားသည္။
အနီေရာင္နဂါးဝတ္႐ုံရွည္ကိုဝတ္ဆင္ထားၿပီး အေနာက္ကၾကည့္လွ်င္ေတာင္ အရွင္ကျပည့္စုံလြန္းလွသည္။

အေဆာင္ေတာ္ရဲ႕ေအာက္ကိုေရာက္ေတာ့ ေရွာင္းက်န့္အရွင့္ကိုအရိုေသျပဳလိုက္သည္။

"အေပၚကိုေခၚလာလိုက္"
ၾကည္လင္တဲ့အသံၾသၾသက ထြက္ေပၚလာသည္။

ပန္းေရာင္ေဖ်ာ့ေဖ်ာ့ရွိတဲ့ ေလွကားတစ္ဆင္းက ႐ုတ္ခ်ည္းဆိုသလိုေပၚထြက္လာသည္။
ထိုေလွကားေပၚလာတာနဲ႕ အေဆာင္ေတာ္ေပၚမွာရွိေနတဲ့ မိန္းမပ်ိဳတစ္ေယာက္ရဲ႕ မ်က္ႏွာဟာ ပ်က္ယြင္းသြားသည္။ထိုအရာကို အရွင္ကလြဲရင္ဘယ္သူမွသိမယ့္ပုံမေပၚေပ။

ေရွာင္းက်န့္အေဆာင္ေပၚေရာက္မွ အရွင့္အျပင္မိန္းမပ်ိဳတစ္ဦးလည္းရွိေနေသးမွန္းသတိထားမိေတာ့သည္။

အရွင့္ကိုအရိုေသေပးၿပီးေနာက္ တစ္ဖက္မိန္းကေလးကိုပါ ဦးၫႊတ္လိုက္သည္။ဒီေနရာမွာရွိေနပုံေထာက္ရင္ ၾကင္ယာေတာ္တစ္ဦး ဒါမွမဟုတ္ မိဖုရားတစ္ပါးျဖစ္မယ့္ပုံပင္။
သူမကေတာ့ေရွာင္းက်န့္ကိုအေလးမထား ေယာက်ာ္းေလးကိုယ္လုပ္ေတာ္ အေပၚ သေဘာမက်ျဖစ္ေနပုံပင္။

တစ္ဖက္ကို အရွင္လွည့္လာတာေၾကာင့္ ႐ုတ္တရက္ အရွင္နဲ႕အၾကည့္ခ်င္းဆုံမိသြားသည္။
နို႔ႏွစ္ေရာင္အသားရည္ႏွင့္ ေက်ာက္စိမ္းလိုၾကည္လင္တဲ့ မ်က္ႏွာေလးေၾကာင့္ ေရွာင္းက်န့္ပင့္သက္ရွိုက္လိုက္သည္။
အရွင္က ကေလးမ်က္ႏွာေလးႏွင့္ပင္။

"ထိုင္ပါ မင္းသားေရွာင္း"

ေတာ္ပါေသးရဲ႕ အရွင္ကသူ႕ကို ၾကင္ယာေတာ္တစ္ေယာက္ေရွ႕မွာ ကိုယ္လုပ္ေတာ္ေရွာင္းလို႔မေခၚတာကို ေက်းဇူးတင္ရေပမည္။

"ဒီဘက္က မိဖုရားယြင္ ငါ့ရဲ႕ဒုတိယမိဖုရားပဲ"

သူမရဲ႕မ်က္ႏွာမွာဂုဏ္ယူဝင့္ႂကြားျခင္းေတြ မာနေထာင္လႊားမႈေတြထင္ဟပ္ေနသည္။ေရွာင္းက်န့္ေသခ်ာအရိုေသျပန္ေပးလိုက္သည္။ ေနာင္တစ္ခ်ိန္သူ႕ကို ျပန္အရိုေသေပးရမယ့္ သူေပမယ့္လို႔ေပါ့။

"ဒီဥယ်ာဥ္ထဲမွာ အကာကြယ္ ငါးပါးအတြက္ ေမွာ္သားရဲ ေပါင္းစုံရွိတယ္ မင္းသားရဲ႕ ဝိဥာဥ္စြမ္းအားနဲ႕ သူတို႔ကိုဆက္ႏႊယ္ဖို႔ႀကိဳးစားပါ ဆက္ႏႊယ္ၿပီးသမွ်အေကာင္တိုင္းဟာ မင္းသားရဲ႕အပိုင္ပဲ"

"ေကာင္းပါၿပီ အရွင္"

ေရွာင္းက်န့္ ဥယ်ာဥ္ေတာ္အတြင္းကိုေသခ်ာၾကည့္လိုက္ၿပီး သူ႕ရဲ႕စိတ္စြမ္းအားကို ျဖန့္က်က္လိုက္သည္။
မနီးမေဝးမွာ အဆင့္ျမင့္ေမွာ္သားရဲေတြ သြားလာေနတာကို ေတြ႕လိုက္ရသည္။
ေရွာင္းက်န့္ေသခ်ာေလ့လာေနတုန္း သစ္ငုတ္တစ္ခုေပၚမွာ ​ၿငိမ္သက္စြာထိုင္ေနတဲ့ တစ္ကိုယ္လုံးေ႐ႊေရာင္ၿခဳံထားတဲ့ ဧကၠရာဇ္ေ႐ႊျခေသၤ့တစ္ေကာင္ကိုေတြ႕လိုက္ရၿပီး သူကပတၱျမားအဆင့္ကိုေရာက္ေနေလၿပီ။
ေရွာင္းက်န့္သူ႕ရဲ႕စိတ္အာ႐ုံကိုစုစည္းၿပီး ဧကၠရာဇ္ေ႐ႊျခေသၤ့ကိုဆြဲေဆာင္ဖို႔ သူ႕ရဲ႕အနံ႕ကိုထုတ္လႊတ္ခဲ့သည္။

ေမွာ္ဆရာေတြကသူတို႔ရဲ႕အဆင့္အလိုက္ အနံ႕ေတြကိုထုတ္လႊတ္နိုင္ၿပီး ေရွာင္းက်န့္ရနံ႕က ၾကာပန္းနံ႕ပင္။
ဧကၠရာဇ္ေ႐ႊျခေသၤ့က ေရွာင္းက်န့္အနံ႕ရရျခင္းပင္ လႈပ္လႈပ္ရွားရွားျဖစ္လာၿပီး ေရွာင္းက်န့္ရဲ႕ဆက္ႏႊယ္မႈအမိန့္ကို နာခံလိုက္သည္။

ေရွာင္းက်န့္ ေပ်ာ္႐ႊင္သြားၿပီး ဧကၠရာဇ္ေ႐ႊျခေသၤ့ကို သူ႕ဆီလာရန္အမိန့္ေပးလိူက္သည္။
မၾကာခင္မွာပဲ ဧကၠရာဇ္ေ႐ႊျခေသၤ့ေရာက္ရွိလာမႈက ဥယ်ာဥ္ထဲကလူေတြကို အထိတိတလန့္ျဖစ္သြားေစသည္။

"မလန့္ၾကနဲ႕ ဒါကမင္းသားေရွာင္းရဲ႕ ပထမဆုံးအကာကြယ္ပဲ"

အရွင့္အသံကိုၾကားေတာ့အားလုံးကအံၾသတုန္လႈပ္စြာ ေရွာင္းက်န့္ကိုၾကည့္လာၾကသည္။ အေဆာင္ေပၚမွာရွိတဲ့ မိဖုရားကေတာ့ စိတ္အလိုမက်စြာ မ်က္ေမွာင္က်ဳတ္ထားသည္။သူမရဲ႕ပထမဆုံးအကာကြယ္က အလယ္အလတ္ေမွာ္သားရဲျဖစ္ၿပီး သူရဲ႕အဆင့္က ယခုခ်ိန္ထိပယင္းသာျဖစ္ေသးသည္။
မနာလိုမႈကို မထိန္းနိုင္တဲ့အခါ မ်က္ႏွာမွာထင္ဟပ္လာသည္။

"မင္းသားေရွာင္းကအထင္ႀကီးစရာပဲ"

"မခံယူဝံ့ပါဘူး အရွင္"

"ေနာက္တစ္ခုကို ဆက္ေ႐ြးပါအုံး"

"ဟုတ္ကဲ့ပါ အရွင္"

ေရွာင္းက်န့္ေနာက္တစ္ခုအေနနဲ႕ေတာ့ အေမႊးတဖြားဖြားနဲ႕မ်က္ဆံနက္နက္ေတြရွိၿပီး တစ္ကိုယ္လုံးမဲနက္ေနတဲ့ အဆိပ္ကိုးပါးဝံပုေလြကိုေ႐ြးခ်ယ္လိုက္သည္။သူရဲ႕အဆင့္က ေက်ာက္စိမ္းပင္ေရာက္ေနေလၿပီ။အရွင္ရဲ႕မ်က္ႏွာမွာေက်နပ္မႈအရိပ္ေယာင္ေတြ ထင္ေနသလို မိဖုရားရဲ႕မ်က္ႏွာကတျဖည္းျဖည္းပိုလို႔ပ်က္ယြင္းလာေလသည္။

တတိယတစ္ခုအေနနဲ႕ကေတာ့ ေရွာင္းက်န့္ေရေနသတၱဝါ တစ္ေကာင္ကိုေ႐ြးခ်ယ္ခ်င္သည္။ဒါေၾကာင့္သူေရကန္တစ္ဝိုက္ကိုေလ့လာၾကည့္မိသည္။ ေရသတၱဝါေတြအေနနဲ႕ သူ႕အႀကိဳက္မရွိတာေၾကာင့္ႀကဳံရာက်ပန္းတစ္ခုကို ေ႐ြးခ်ယ္ရန္စဥ္းစားေနတုန္း ႐ုတ္တရက္ ၾကာ႐ြက္ေအာက္ကေနခရမ္းေရာင္ နဂါးေပါက္စေလးကိုေတြ႕လိုက္ရသည္။

ေရမီးစၾကာနဂါးက ရွားပါးတဲ့အမ်ိဳးစားျဖစ္ၿပီး ယခုနဂါးေလးကပင္ေပါက္ကာစျဖစ္ပုံရသည္။
ဒါေပမယ့္ သူ႕အဆင့္ကေတာ့ မငယ္ေပ။
ယခုအ႐ြယ္ထဲက ပတၱျမားအဆင့္ပင္ေရာက္ေနေလၿပီ။
ယိုင္တိုင္တိုင္နဲ႕လမ္းေလွ်ာက္ေနတဲ့ နဂါးေပါက္စေလးကိုဆက္ႏႊယ္ရန္ႀကိဳးစားလိုက္သည္။
အလြယ္တကူပင္လက္ခံခဲ့တာေၾကာင့္ သူေပ်ာ္႐ႊင္သြားရသည္။

"အဟင္း ဒီေကာင္ေလးက မင္းသားေရွာင္းကိုသေဘာက်ပဳံပဲ သူအေကာင္ေပါက္တာ မၾကာေသးဘူးေလ"

"ဟုတ္ပါရဲ႕ သူကသိပ္ခ်စ္ဖို႔ေကာင္းတာပဲ"

ေရွာင္းက်န့္ သူ႕လက္ေမာင္းၾကားထဲကနဂါးေပါက္ေလးကို ပြတ္သပ္လိုက္သည္။
ေဘးမွာရွိတဲ့မိဖုရားကေသခ်ာမျမင္ရတာေၾကာင့္ အရွင့္ကိုေမးျမန္းလိုက္သည္။

"တတိယအကာကြယ္က ဘာမ်ားလဲအရွင္"

"အင္း ေရမီးစၾကာနဂါးေပါက္ေလးေလ"

'ေရမီးစၾကာနဂါး'
သူတိတ္တဆိတ္ေရ႐ြတ္လိုက္သည္။ ဒါသူမအရမ္းလိုခ်င္ေနသည့္အရာပင္။ သူမအလွည့္တုန္းက ထိုနဂါးမရွိေသးေပ။ အရွင္နဂါးဥကိုယူလာတုန္းက သူမေတာင္းခ်င္ေပမယ့္ မေတာင္းရဲေပ။ သူမကဒုတိယမိဖုရားျဖစ္ေပမယ့္ သူမရဲ႕အေဖက အမတ္ခ်ဳပ္ျဖစ္ေပမယ့္ သူမကအရွင့္ဆီက အနည္းငယ္ေသာ မ်က္နာသာေပးမႈကိုသာရခဲ့သည္။

ေရွာင္းက်န့္သူ႕ရင္ခြင္ထဲကနဂါးေပါက္ေလးကို အရွင့္ဆီခဏအပ္ထားၿပီး စတုတၳအကာကြယ္ကိုေ႐ြးခ်ယ္ေနသည္။
ဒီတစ္ခါမွာေတာ့ မိုးႀကိဳးလွ်ပ္စီးငွက္တစ္ေကာင္ကိုေ႐ြးခ်ယ္ခဲ့ၿပီး ၎ကစိန္အဆင့္ျဖစ္ၿပီး မိိမေ႐ြးခဲ့သမွ်တြင္အျမင့္ဆုံးျဖစ္သည္။

ေနာက္ဆုံးအကာကြယ္ကေတာ့ လွည့္ဖ်ားၿငိဳ႕ငင္ေႁမြေဟာက္တို႔ျဖစ္သည္။
အနက္ေရာင္အနီၾကားခႏၱာကိုယ္နဲ႕ အစိမ္းေရာင္လွ်ာဖ်ားနဲ႕ မ်က္လုံးစိမ္းရွိတဲ့ အႏၱရာယ္မ်ားတဲ့ေႁမြေဟာက္တစ္ေကာင္ပင္။သူသည္လည္း ေက်ာက္စိမ္းအဆင့္ျဖစ္သည္။
ေရွာင္းက်န့္ရဲ႕အကာကြယ္ငါးပါးလုံးဟာ အနိမ့္ဆုံးပင္ ပတၱျမားအဆင့္ရွိေနေပၿပီ။
သူ႕ကဲ့သို႔ ကံေကာင္းတဲ့အျခားေမာင္းမတစ္ေယာက္မွ မရွိေပ။

မိဖုရားဟာတစ္စတစ္စ႐ုပ္ပ်က္လာၿပီး ေဒါသကိုပင္မထိန္းနိုင္ေတာ့ပါ။

"အရွင္ ဒီေယာက်ာ္းေလးကိုယ္လုပ္ေတာ္ကို တကယ္ပဲ ဒီလိုအဖိုးတန္ေမွာ္သားရဲေတြကို ေပးပစ္ေတာ့မွာလား"

အရွင္က မ်က္ႏွာတင္းသြားသည္။

"မိဖုရားက ဘာေျပာခ်င္တာလဲ အရင္ေမာင္းမအဆက္ဆက္ကဒီလိုပဲေလ ဘာလို႔မင္းသားေရွာင္းၾကမွ ခြၽင္းခ်က္လဲ"

"သူကေယာက်ာ္းေလးေလ အရွင္"

"ဒါဆို ကိုယ္ေတာ့္ဆုံးျဖတ္ခ်က္က မွားတယ္လို႔ေျပာတာလား"

"မဟုတ္ မဟုတ္ပါဘူး အရွင္"

"မိဖုရားက နန္းေတာ္ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြအသုံးမခ်ရတာၾကာလို႔ ေမ့ေနၿပီထင္တယ္ ေဆာင္းဦးေရခဲေဆာင္က ကိုယ္လုပ္ေတာ္ေတြကို သြားၿပီးႀကီးၾကပ္ခ်င္လား သူတို႔ကအထိန္းအကြပ္မဲ့ေနတယ္ဆိုေတာ့"

"ေတာင္း ေတာင္းပန္ပါတယ္ အရွင္ မလုပ္ပါနဲ႕ စကားေျပာမွားသြားလို႔ ေတာင္းပန္ပါတယ္ အရွင္"

"ကိုယ့္စကားကို ေသခ်ာထိန္းပါ မိဖုရား ကိုယ္ေတာ္အျပစ္မေပးခ်င္ဘူး"

မိဖုရားဆီကအသံတိတ္သြားတယ္။ ေရွာင္းက်န့္လည္းသက္ျပင္းႀကိတ္ခ်လိဳက္တယ္။ အရွင္ရဲ႕ေဒါသကို မ်က္ျမင္ေတြ႕လိုက္ရေလၿပီ။

"အကာကြယ္ငါးပါးကိုေတာ့ ေ႐ြးခ်ယ္ၿပီးၿပီ ဝိဥာဥ္ငါးပါးကို ေ႐ြးဖို႔ ကိုယ္ေတာ္နဲ႕လိုက္ခဲ့"

"ဟုတ္ကဲ့ပါ အရွင္"

အရွင္နဲ႕သူႏွစ္ေယာက္ ထြက္သြားဖို႔ႀကံေနတုန္း မိဖုရားကေနာက္ကပါလာသည္။

"ဘယ္ထိလိုက္လာမလို႔လဲ မိဖုရား"

"အရွင့္ေနာက္ကိုေပါ့"

အရွင္က ေရွာင္းက်န့္လက္ကိုဆြဲၿပီး သူႏွင့္ကပ္လိုက္သည္။

"အို႔....."

ေရွာင္းက်န့္ရဲ႕ပါးက အရွင္ရဲ႕ရင္ဘက္နဲ႕ကပ္ေနၿပီး
အရွင္ရဲ႕ႏွလုံးခုန္သံကိုခပ္သဲ့သဲ့ၾကားေနရသည္။
အရွင္ကေရွာင္းက်န့္ရဲ႕ ခါးကိုဖက္တြယ္ထားၿပီး မိဖုရားဘက္ကိုလွည့္ကာ

"ကိုယ္ေတာ္နဲ႕ ၾကင္ယာေတာ္တစ္ေယာက္သြားမယ့္ေနရာတိုင္းကို မိဖုရားက ဘာလိုက္လုပ္မွာလဲ"

"ဟို အရွင္ အဲ့ဒါက"

"မိဖုရားကို အေဆာင္ေတာ္ျပန္ပို႔လိုက္ၾက"

အရွင္ကမိန့္ၿပီးတာနဲ႕ ေရွာင္းက်န့္ကိုဆြဲလို႔ ရတနာလွိုဏ္ဂူဆီေခၚလာခဲ့သည္။လမ္းတေလွ်ာက္လုံး လက္ကိုလုံးဝမလႊတ္ခဲ့ေပ။အရွင့္ရဲ႕လက္ဖဝါးအႀကီးႀကီးေတြၾကား သူ႕ရဲ႕လက္ဖဝါးေလးက အံဝင္ခြင္က်ပင္။

အေစာင့္ၾကပ္ထူထူထဲထဲခ်ထားတဲ့ ဂူဝင္ေပါက္ကိုေရာက္ေတာ့ အကုန္လုံးက အရွင့္ကိုႏႈတ္ဆက္ၾကတယ္။

ေက်ာက္သားနန္းေတာ္ဝင္ေပါက္ကိုျဖတ္ေက်ာ္ၿပီးသြားတဲ့အခါ အထဲမွာ ​တလတ္လတ္ထေနတဲ့ ရတနာေတြရဲ႕အေရာင္ကိုျမင္လိုက္ရသည္။

"ဒီထဲကေန မင္းသားေရွာင္းနဲ႕သက္ဆိုင္တဲ့ ဝိဥာဥ္ေတာ္ေတြကို ရွာေဖြပါ တစ္နာရီေနရင္ ကိုယ္ေတာ္လာျပန္ေခၚမယ္"

ေရွာင္းက်န့္အရွင့္ကိုႏႈတ္ဆက္ၿပီးေတာ့ အရွင္ကသူ႕လက္ကိုလႊတ္ေပးတယ္။ႏြေးေထြးမႈကင္းသြားေပမယ့္ ေရွာင္းက်န့္အားတင္းလိုက္တယ္ ေနာက္ဆို အရွင္ကသူ႕အပိုင္ပဲျဖစ္ေနေတာ့မွာ။

ေရွာင္းက်န့္ဂူထဲကိုလွည့္ပတ္ၾကည့္ရင္း သူ႕ရဲ႕ပထမဆုံးဝိဥာဥ္ေတာ္ကိုရွာေတြ႕ခဲ့တယ္။ အဲ့တာက ပတၱျမားေတြစီျခယ္ထားတဲ့ မွန္တစ္ခ်က္ပင္။
ဘာအစြမ္းေတြရွိလဲေတာ့ သူမသိေပ။ အျပင္ထြက္မွအရွင့္ကိုေမးရေတာ့မည္။
ဒုတိယတစ္ခုက ေက်ာက္စိမ္းဆံထိုးတစ္ခုျဖစ္ၿပီး တတိယတစ္ခုကေတာ့ ေႂကြဖန္လုံးတစ္ခုျဖစ္သည္။
စတုတၳတစ္ခုအေနနဲ႕ ေ႐ႊေရာင္ပဝါတစ္ခုကိုယူထားလိုက္ၿပီး ေနာက္ဆုံးကေတာ့စိန္သရဖူတစ္ခုပင္။
ေရွာင္းက်န့္က်န္တာမသိေပမယ့္ ေနာက္ဆုံးတစ္ခုကေတာ့ေကာင္းတဲ့အရာမွန္းသိလိုက္တယ္။

ခဏၾကာေတာ့အခ်ိန္ျပည့္သြားၿပီး အရွင္ကသူ႕ကိုလာေခၚေတာ့တယ္။
ေရွာင္းက်န့္သူရခဲ့တာေတြအရွင့္ကိုျပေတာ့ အရွင့္မ်က္ႏွာက ၿပဳံးရိပ္စြန္းတယ္။
ေနာက္ဆုံးပစၥည္းကိုေသခ်ာၾကည့္ၿပီး တစ္ခုခုကိုသေဘာေပါက္သြားသလို ၿပဳံးလိုက္သည္။

ေရွာင္းက်န့္ရဲ႕လက္ကိုညင္ညင္သာသာဆုပ္ကိုင္ၿပီး ေနာက္လိုက္အေပါင္းဘက္ကိုလွည့္လိုက္ကာ

"အကာကြယ္ငါးပါးနဲ႕ဝိဥာဥ္ငါးပါးကို ေ႐ြးခ်ယ္ၿပီးၿပီဆိုေတာ့ ေနာက္ႏွစ္ရက္ေနရင္ မင္းသားေရွာင္းနဲ႕ငါကိုယ္ေတာ္ရဲ႕လက္ထပ္ပြဲကို က်င္းပမယ္"

"ႀကီးျမတ္လွေၾကာင္းပါအရွင္"

ေနာက္ေတာ့ အရွင္နဲ႕ႏွစ္ဦးသား အေဆာင္ေတာိဆီႂကြျမန္းသြားၾကေတာ့သည္။

*********************************************

ငပ်င္းမေလး YoYo##

Continue Reading

You'll Also Like

2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
127K 10.5K 165
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
41.2K 3K 25
ʙᴏᴏɴ ᴛʜᴀᴛ ᴄʜᴀɴɢᴇꜱ ᴇᴠᴇʀʏᴛʜɪɴɢ ᴏʀ ᴡɪʟʟ ɪᴛ? ɪꜱ ɪᴛ ᴀ ʙᴏᴏɴ ᴏʀ ᴡɪʟʟ ɪᴛ ʙᴇᴄᴏᴍᴇ ᴀ ᴄᴜʀꜱᴇ? ᴡᴏᴜʟᴅ ᴛʜᴇ ᴄʜᴀɴɢᴇ ʙᴇ ɢᴏᴏᴅ ᴏʀ ɴᴏᴛ? ᴡɪʟʟ ᴛʜᴇ ᴛʜɪʀꜱᴛ ᴏꜰ ᴛʜᴇ ᴀɢᴏɴʏ ᴏꜰ ᴀ ᴍ...
136K 13K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...