Empress Xiao
By Amarayoyo94
85.1K 6.9K 308
Start date...7.6.2021 More
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Request
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
12.1K 496 10
By Amarayoyo94
လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ၌ ကမ္ဘာမြေပေါ်တွင် နတ်နဂါးကိုးကွယ်မှုများကြီးစိုးခဲ့ဖူးသည်။
မည်သူမည်ဝါက အစပြုကိုးကွယ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းတွေမရှိသော်ငြား တရုတ်လူမျိုးအချို့ကတော့ ရှန်မင်းဆက်ရဲ့ပထမဆုံးသောဘုရင် လန်ဝမ့်ကျီးရဲ့ကြီးမြတ်မှုတွေကြောင့်ဟုဆိုကြလေသည်။
အရှင်လန်ဝမ့်ကျီး
နန်းတက်နှစ်ကို ခုနှစ်သက္ကရာဇ်တိတိကျကျမဖော်ပြနိုင်တဲ့ အရှင်ဟာ ဒဏ္ဍာရီလာဖြစ်တည်မှုမျိုးပင်။
အထူးဆန်းဆုံးဖြစ်တည်မှုတစ်မျိုးကတော့ ယနေ့ခေတ်တွင်တောင် လက်ခံမှုနည်းနေသေးသည့် အမျိုးသားကြင်ယာတော်ရှိခဲ့ခြင်းပင်။
တော်ဝင်နန်းသွေး မင်းသားခုနှစ်ပါးလည်းထွန်းကားခဲ့ပြီး အာဏာလွှမ်းမှုအရှိဆုံးမင်းတစ်ပါးဖြစ်ခဲ့သည်။
ဒဏ္ဍာရီလာ နတ်တောင်
ဒဏ္ဍာရီလာနတ်တောင်သည် ရှန်တိုင်းပြည်ရဲ့တော်ဝင်နန်းတော်တည်ရှိရာ တောင်တော်ဖြစ်သည်။
မြင့်မားတဲ့ကျင့်ကြံမှုအရှိန်အဟုန်ရှိသောသူများနှင့် မှော်အတတ်ပညာကျွမ်းကျင်သူများသာ နန်းတော်ကြီးထဲသို့ ဝင်ရောက်ခွင့်ရှိကြတယ်။
အရှင်လန်ဝမ့်ကျီးဟာ အမြင့်မားဆုံးကျင့်ကြံဆင့် နတ်ဘုရားကဲ့သို့သော အထွဋ်မြတ်ဆုံးသူဖြစ်သည်။
ကြင်ယာတော် မိဖုရားအများစုကတော့ မှော်အတတ်ပညာရှင်များဖြစ်လေ့ရှိသည်။
ဒဏ္ဍာရီလာနတ်တောင်မှာ တောင်ထွတ်သုံးခုရှိတယ်...
ကျင်းဖုန်းတောင်တော်ဟာ ဘုရင်မိဖုရားတွေနဲ့ အမှုထမ်းများနေထိုင်ရာတောင်တော်ဖြစ်သည်။ဤတောင်တော်တွင်အလွှာသုံးခုရှိပြီး ဧက္ကရာဇ်နေထိုင်ရာအလွှာ မောင်းမတော်များနေထိုင်ရာအလွှာနဲ့ အမှုထမ်းများနေထိုင်ရာအလွှာတို့ဖြစ်သည်။...
ကျန်တောင်တော်နှစ်ခုမှာတော့ ကျင့်ကြံသူဌာနချုပ်နဲ့ မှော်ဆရာဌာနချုပ်တို့ဖြစ်ကြတယ်။
........................++++++++++++.......................
အရောင်အသွေးစုံလင်လှတဲ့ ငှက်အမျိုးပေါင်းများစွာကို မွေးမြူထားတဲ့ ဥယျာဥ်ကျယ်ကြီးတွင်။
အနီရဲရဲ အမောက်နဲ့အမြီးကိုပိုင်ဆိုင်ထားပြီးကိုယ်ထည်မည်းနက်နေတဲ့ မီးငှက်တစ်ကောင်ကို ချော့မြူနေတဲ့အရှင်ရဲ့ ဘေးမှာ ရပ်လျက်ရှိသောကိုယ်ရံတော်တစ်ယောက်...
"ဒီကနေ့ဟာ ထုံပြည်ကနေဆက်သလိုက်တဲ့ ထုံဘုရင်ရဲ့သားတော် ရောက်ရှိမည့်နေ့ပါ အရှင်"
အရှင်က အနည်းငယ်တွေးတောလိုက်ပြီး
"သူ့ကို နန်းတွင်းမှော်ဆေးအဖွဲ့ထဲထည့်လိုက်"
"မသင့်တော်ကြောင်းပါ အရှင်
ဘယ်လိုပဲ နန်းကျမင်းသားဖြစ်ပါစေ ဒီလိုရာထူးမျိုးက မသင့်လျော်ပါဘူး ပြန်စဥ်းစားပါအုံးအရှင်"
"အင်းးးးးးး အဲ့ဒီ့မင်းသားကဘာလို့ရာထူးကျပြီးဒီလိုဆက်သခံရတာလဲ"
"လူတစ်ထောင်မှာတစ်ယောက်သာရှိတဲ့ 'ကော' ဆိုတဲ့ဖြစ်တည်မှုကြောင့်ပါ အရှင်"
"သြော် 'ကော' ဖြစ်နေတာကိုး"
"မှန်လှပါအရှင်"
"ကောင်းပြီလေ ဒါဆို သင့်တော်တဲ့ရာထူးပေးရမှာပေါ့.......
ထုံတိုင်းပြည်က မင်းသားကို ငါကိုယ်တော်ရဲ့အမျိုးသား ကိုယ်လုပ်တော်အဖြစ် တင်မြှောက်မယ် အမိန့်ကို လွန်ဆန်ခွင့်မရှိဘူး"
မိန့်ပြီးတာနဲ့ ငှက်ကိုပိုက်လျက်ထွက်သွားတဲ့ အရှင်ကိုကြည့်ပြီ ပိုင်ယွဲ့ စိတ်ညစ်သွားရသည်။
ထိုအမိန့်ကိုလွန်ဆန်ခွင့်မရှိသူသည် သူလော ထုံမင်းသားလော မသဲကွဲပေ။
===================================
နန်းကျမင်းသား ရှောင်းကျန့်ကို တင်ဆောင်လာတဲ့ နတ်မြင်းလှည်းပျံဟာ ညနေခင်းအချိန်တွင် ရောက်ရှိလာသည်။
အစေခံတစ်ယောက်က လိုက်ကာဆွဲဖွင့်ပြီးချိန်တွင် ပန်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသော ခြေတံသွယ်သွယ်တို့ကို အရင်ဆုံးမြင်လိုက်ရသည်..အဲ့နောက်မှာ သေသပ်စွာစည်းနှောင်ထားတဲ့ ဆံနွယ်တို့ကို ကျောက်စိမ်းဆံထိုးဖြင့်တန်ဆာဆင်ထားခဲ့သည်။ မျက်လွှာချထားတဲ့ မျက်တောင်ရှည်ရှည်လေးတွေ ဖြောင့်ဆင်းနေတဲ့နှာတံလေးရယ် ဖူးငုံနီရဲနေတဲ့နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်လေးဝန်းရံထားမှုဟာ ထိုအမျိုးသားကို အလှကြီးလှစေသည်။
"ထုံပြည်မှ မင်းသားရောက်ရှိပါပြီ"
သွားရောက်ခေါ်ဆောင်လာတဲ့ တပ်မှူးဟာ အကြောင်းပြန်ပြီးနောက် လာရောက်ကြိုဆိုတဲ့ အကြီးကဲဟာ အမိန့်စာပြန်လိုက်တယ်။
"အရှင် လန်ဝမ့်ကျီးမှ အမိန့်တော်ချမှတ်လိုက်တယ် ထုံပြည်အိမ်ရှေ့မင်းသားရှောင်းကျန့်ကို အရှင်မင်းကြီးမှ အမျိုးသားကိုယ်လုပ်တော်အဖြစ်တင်မြှောက်လိုက်ပါတယ် အမိန့်ကိုငြင်းဆန်ခွင့်မရှိပါဘူး"
အကြီးအကဲရဲ့စကားအဆုံး အကုန်လုံးအံံသြဘနန်းဖြစ်သွားကြပေမယ့်...
"လျော်ကန်သင့်မြတ်လှကြောင်းပါ အရှင်မင်းကြီး"
"ကိုယ်လုပ်တော်ရှောင်းကို အဆောင်တော်ခေါ်သွားလိုက်ကြ အ​ခြွေရံတွေလည်း တစ်ပါတည်းလိုက်သွားကြ"
အကြီးအကဲရဲ့စကားနောက်မှာ အခြွေရံအချို့က အဆောင်တော်တစ်ခုဆီသို့ဦးစွာခေါ်ဆောင်သွားတော့သည်။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
မျက်စိရှေ့က အဆောင်ကိုတစ်ချက်ကြည့်ပြီး ရှောင်းကျန့် သက်ပြင်းခိုးချလိုက်သည်။
ရှန်ပြည်ကအမှန်တကယ်ပင် ကြွယ်ဝပါပေတယ်။
ကိုယ်လုပ်တော်တစ်ယောက်ရဲ့အဆောင်ပင်လျှင် ထုံပြည်ရဲ့ အိမ်ရှေ့မင်းသားစံအိမ်ထက် ခမ်းနားနေသေးသည်။
ကိုယ်လုပ်တော်ဖြစ်လာရခြင်းအပေါ် သူသိပ်တော့ မအံ့သြမိတော့ပေ။ သူထုံပြည်မှာရှိနေကတည်းက မင်းသားအချို့က သူဟာကိုယ်လုပ်တော်ဖြစ်မယ့်သူပဲဟု အမြဲလှောင်ပြောင်နေကြဖြစ်သည်။ အစပိုင်းမှာတော့ ဒီစကားလုံးပေါ် ဝမ်းနည်းဒေါသထွက်ခဲ့ပေမယ့် သူကမိုက်ရူးရဲသူမဟုတ်ပေ။
အကယ်၍များ ဤအဖြစ်ကိုမကျော်လွှားနိုင်ပါက သေချာပေါက်သူက အမျိုးသားကြင်ယာတော်တစ်ယောက်ဖြစ်လာစေရမည်။ ဘုရင့်အချစ်ကိုသိမ်းပိုက်မယ့် ဘုရင့်အချစ်တော်တစ်ဦးဖြစ်လာပြီး သူ့ကို လှောင်ပြောင်ကဲ့ရဲ့ခဲ့တဲ့ ဆွေမျိုးတော်တွေကို လက်တုံ့ပြန်ရမည်။
"ဒီအဆောင်ကို နွေဦးဟေမာန်ဆောင်လို့ခေါ်ပါတယ် ကိုယ်လုပ်တော်ရှောင်း"
နံဘေးမှ အပျိုတော်ရဲ့စကားကြောင့် ရှောင်းကျန့်သတိပြန်ဝင်လာသည်။
အဆောင်တော်ကိုအေးမြတဲ့ စကျင်ကျောက်သားတွေနဲ့ပြုလုပ်ထားတာကြောင့် စိမ်းလဲ့လဲ့လေးဖြစ်နေသည်။အဆောင်တော်ရှေ့၌ ကြည်လဲ့နေတဲ့ ရေတိမ်ကြာကန်အသေးလေးရှိနေပြီး မက်မွန်ပင် နှင်းပန်းပင် ဆယ့်နှစ်ရာသီပန်းပင်နဲ့ သက်တံ့ဝိဥာဥ်ပန်းပင်တို့က ဝေဆာပွင့်လန်းနေကြ၍ အလွန်လှပသော အဆောင်တော်လေးဖြစ်သည်။
အဆောင်ထဲသို့ဝင်တဲ့အခါ အဆောင်ကိုစောင့်တဲ့ ဝိဥာဥ်နတ်သမီးအချို့နဲ့ မှော်သားကောင် အနည်းငယ်ကိုတွေ့လိုက်ရတာ​ကြောင့် ရှောင်းကျန့်အံ့သြသွားရသည်။
ထုံပြည်ရဲ့အဖိုးတန်တွေက ရှန်ပြည်မှာတော့ ပေါပေါပဲပဲပင်။
"ခုနှစ်ဖော် နတ်သမီးတို့က ကိုယ်လုပ်တော်ရှောင်းကို ဂါဝရပြုပါတယ်"
အရောင်ခုနှစ်ရောင်ရှိသော လက်ဖဝါးအရွယ် မိန်းမပျိုခုနှစ်ယောက်က လာရောက်နှုတ်ဆက်လေသည်။ကျောပြင်၌လည်း တောင်ပံတ်ဖျတ်ဖျတ်ခတ်နေသေးသည်။
"တွေ့ရတာဝမ်းသာပါတယ်"
ရှောင်းကျန့်ကအပြုံးလေးနဲ့ တုံ့ပြန်ခဲ့သည်။
"အနားယူတော့မလား ကိုယ်လုပ်တော်ရှောင်း"
"ဟုတ်ကဲ့"
"ဒါဆို ပြင်ဆင်ပေးပါ့မယ်"
ရှောင်းကျန့်အခန်းထဲကိုရောက်သွားတော့ ကျောက်စိမ်းကုတင်အကျယ်ကြီးအပေါ် အဖိုးတန်ပိုးဖဲသားမွေ့ယာကိုခင်းကျင်းထားပြီး အခန်းတွင်းမှာ အဖိုးတန်အသုံးဆောင်တွေနဲ့ တန်ဆာဆင်ထားလေသည်။
ရှောင်းကျန့်လှည့်ပတ်ကြည့်ရှုနေရင်း အခြွေရံတွေက ပြင်ဆင်ပေးပြီးသွားလေပြီ။
"အနားယူလို့ရပါပြီ ကိုယ်လုပ်တော်ရှောင်း လက်ဖက်ရည်နွေးလေးလာပို့ပေးပါ့မယ်"
"ကျေးဇူးပါ"
အခြွေရံတွေထွက်သွားပြီးတော့ ရှောင်းကျန့်အနားယူလိုက်တယ်။သူအခုချိန်ထိ အရှင်နဲ့မတွေ့ရသေးပေ။ နဂါးခုနှစ်ကောင်ကိုပိုင်စိုးတဲ့ ကြီးမြတ်တဲ့အရှင်ရဲ့ အချစ်ကိုရဖို့က တကယ်ကိုလွယ်ကူပါ့မလား။ ရှောင်းကျန့်သက်ပြင်းဖွဖွချမိသည်။ သူရှင်သန်ဖို့ အတွက် ဒီနန်းတော်မှာ အားကိုးစရာဆိုလို့ အရှင်ကလွဲပြီးအခြားသူမရှိပေ။
ခဏကြာတော့ ရေနွေးကြမ်းလာချပေးတဲ့ ကောင်မလေးတစ်ယောက် ဝင်လာပြီး အရှင့်ဆီက အမိန့်အချို့လည်းပါလာလေတယ်။
"အရှင်က မနက်ဖြန်မှာ ကိုယ်လုပ်တော်ရှောင်း အတွက် အကာကွယ်ငါးပါးနဲ့ ဝိဥာဥ်ငါးပါးကို ရွေးချယ်ဖို့ ဥယျာဥ်တော်ဆီကို လာရမယ်လို့ သတင်းပါးလိုက်ပါတယ် "
"ကျွန်တော် နားလည်ပါပြီ
ဒါနဲ့မင်းရဲ့နာမည်ဘယ်လိုခေါ်လဲ"
"ယွီအာ လို့ခေါ်ပါတယ် ကိုယ်လုပ်တော်ရှောင်း"
"ကောင်းပါပြီ နောက်အလိုရှိရင်ခေါ်လိုက်ပါ့မယ်"
သူမထွက်ခွာသွားပြီးတဲ့နောက်မှာ ​ရှောင်းကျန့်အိပ်ယာဝင်ဖို့ပြင်ဆင်လိုက်တယ်။ မနက်ဖြန်အရှင်နဲ့တွေ့ရတော့မှာမို့ အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။
================================
ဒါလေးက ပထမဆုံး historical လေးပါ
LMWဖတ်ရင်း အရမ်းကြိုက်လို့
ကျင့်ကြံရေးလောကအကြောင်းလေးတွေကို မှီငြမ်းပြီးရေးထားတာပါ။
အဲ့လိုပြန်ရေးတာကိုမကြိုက်ရင်ပြောပါနော် ပြန်ဖျက်ပေးပါ့မယ်။
ငပျင်းမလေး YoYo##
အရှင်လန်ဝမ့်ကျီး
တော်ဝင်နန်းသွေး မင်းသားပါးလည်းထွန်းကားခဲ့ပြီး၇ အာဏာလွှမ်းမှုအရှိဆုံးမင်းတစ်ပါးဖြစ်ခဲ့သည်။
ဒဏ္ဍာရီလာ နတ်တောင်
........................++++++++++++.......................
"မှန်လှပါအရှင်"
===================================
အကြီးအကဲရဲ့စကားအဆုံး အကုန်လုံးအံသြဘနန်းဖြစ်သွားကြပေမယ့်...
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
"ဒီအဆောင်ကို နွဦေးဟေမာန်ဆောင်လို့ခေါ်ပါတယ် ကိုယ်လုပ်တော်ရှောင်း"
"တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့"
"ကျေးဇူးပါ"
================================
ငပျင်းမလေး YoYo##
Continue Reading
You'll Also Like
134K 11.3K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
2M 338K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
419K 51K 38
Jeon JungKook Kim Taehyung KookV
157K 18K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...