အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လ...

By ZuriLeora

824K 134K 14.1K

I don't own this novel. I just translate. Fully credit to original author and eng translator(s). More

DESCRIPTION
CHAPTER 1 - Go to the wrong room, wrong bed
CHAPTER 2 - Meet the rival
CHAPTER 3 - Extraordinarily Jealous
CHAPTER 5 - C fan anchor
CHAPTER 6 - I'll cover you
CHAPTER 7 - One more
CHAPTER 8 - Two more
CHAPTER 9 - Three Shifts
CHAPTER 10 - The Adulterer Sees Adultery
CHAPTER 11 - We can be friends
CHAPTER 12 - A dying appointment
CHAPTER 13 - Ambiguous
CHAPTER 14- It is okay to scold me, but not to scold my fans
CHAPTER 15 - Let's Play
CHAPTER 16 - Come up with ideas
CHAPTER 17 - Me and Inhibitor, You choose one kind
CHAPTER 18 - You are such a little liar
CHAPTER 19 - Don't tempt me
CHAPTER 20 - Temporary
CHAPTER 21 - Is it okay to watch cartoons?
CHAPTER 22 - Xia Feng (Summer wind)
CHAPTER 23 - Bai Yueguang is back.
CHAPTER 24 - Dinner for three people
CHAPTER 25 - Shen Li kisses your face, I'll kiss your mouth
CHAPTER 26 - Velvet cake
CHAPTER 27 - It's my pleasure
CHAPTER 28 - The feeling of home
CHAPTER 29 - You Are Not Worthy
CHAPTER 30 - Don't be impulsive!
CHAPTER 31 - Like it?
CHAPTER 32 - He knows it all!
CHAPTER 33 - Animal world
CHAPTER 34 - Don't follow me
CHAPTER 35 - Don't you like me?
CHAPTER 36 - Who the hell is stupid?
CHAPTER 37 - You are pregnant!
CHAPTER 38 - You look a lot like when I was young
CHAPTER 39 - Baby, I'm a rascal
CHAPTER 40 - Because of you
CHAPTER 41 - Love Hotel
CHAPTER 42 - He is behaved
CHAPTER 43 - Improper Male-Male relationship
CHAPTER 44 - Torn Up
CHAPTER 45 - Not allow to refuse
CHAPTER 46 - Become a boyfriend
CHAPTER 47 - I like you so much
CHAPTER 48 - This is too fast
CHAPTER 49 - Do it well
CHAPTER 50 - You will regret this!
CHAPTER 51 - That's stupid
CHAPTER 52 - Your Eyes
CHAPTER 53 - He, my wife
CHAPTER 54 - Public execution
CHAPTER 55 - The dove occupies the magpie nest
CHAPTER 56 - Run thousands of miles at night
CHAPTER 57 - This is the cub of our Shen Family
CHAPTER 58 - He will be the target of every love song of mine
CHAPTER 59 - Rational and Irrational
CHAPTER 60 - Introduce me, my man
CHAPTER 61 - Life is too short
CHAPTER 62 - I am going to be a father
CHAPTER 63 - Meet in-laws
CHAPTER 64 - Face to face
CHAPTER 65 - I like you too
CHAPTER 66 - Owe to clean up
CHAPTER 67 - Annual Drama
CHAPTER 68 - Take care
CHAPTER 69 - Shura Field
CHAPTER 70 - I want you to see me.
CHAPTER 71 - Don't Cry
CHAPTER 72 - See my parents
CHAPTER 73 - Marry me
CHAPTER 74 - The ugly wife also sees her in-laws

CHAPTER 4 - Cheng Feng/ Ride The Wind

11.5K 2K 87
By ZuriLeora

Unicode

ကုရှင်ချွမ်းရဲ့မေးရိုးကတင်းခနဲဖြစ်သွားပီး ခါးကိုအန္တရာယ်ရှိစွာဖြောင့်လိုက်ရင်း လှောင်လိုက်တယ် "မင်းထက်တော့ပိုကြီးတယ်မလား?"

စုန့်ရီကမျက်လုံးကိုစောင်းပီး ပြုံးရင်းအေးစက်စက်စက်ပြောလာတယ် "ဒီလိုအရာမျိုးမှာယုံကြည်မှုရှိနေတာက ယောက်ျားလေးတစ်ယောက်အတွက်အသုံးမဝင်ဘူး"

"ဒါကယောက်ျားလေးတစ်ယောက်ရဲ့ဂုဏ်လေ" ကုရှင်ချွမ်းကခနရပ်လိုက်ပီး စုန့်ရီရဲ့ခွကြားကိုလှမ်းကြည့်ရင်း ဖြည်းဖြည်းလေးပြောလာတယ် "ဒီနေရာမှာမင်းရဲ့​ဂုဏ်ကရောဘယ်လောက်လဲ?"

စုန့်ရီအထက်တန်းတုန်းက သူ့ရဲ့အတန်းဖော် alpha တွေကဒီလိုကစားနည်းမျိုးကစားပီး မကြာခဏခွဲခြားကြတယ်။ ​လူပျိုပေါက်လေးတွေဆိုတော့လဲအကြောက်အလန့်မရှိကြဘူး။ယောက်ျားလေးတွေကအဖွဲ့လိုက်ကြီး ပီအော်အန်ကားတွေအတူတူကြည့်ကြတယ်။ ပီးရင်တစ်ယောက်နဲ့တစ်ယောက်အရှည်တိုင်းပီးပြိုင်ကြတယ်။ စုန့်ရီကတော့ဒီလိုကလေးကလားကစားနည်းတွေမှာဘယ်တော့မှမပါဝင်ဘူး။ ဘာလို့အခုမှစပီးလုပ်ရမှာလဲ။

စုန့်ရီကလက်တစ်ဖက်နဲ့ bathtub ကိုရေဖြည့်လိုက်ပီး မေးလိုက်တယ် "မင်းရေချိုးမှာလားမချိုးဘူးလား?"

ကုရှင်ချွမ်းကသူ့ဘောင်းဘီကို​ဂရုတစိုက်​ကန်ထုတ်လိုက်ပီး underware ကိုလဲဘေးကိုပစ်လိုက်တယ်။ သူ့ရဲ့ဆွယ်တာအင်္ကျီကိုတော့လက်နှစ်ဖက်​နဲ့သေချာကိုင်ပီး ဖြည်းဖြည်းလေးချွတ်လိုက်တယ်။ သူရဲ့တောင့်တင်းသန်မာတဲ့ရင်ဘတ်​ကျယ်ကြီးကအပြည့်အဝပေါ်လာတယ်။ အဲ့ဒီနောက်မှာတော့ သူက​စုန့်ရီအရှေ့မှာဝတ်လစ်စလစ်နဲ့မတ်တပ်ရပ်နေလိုက်တယ်။

သူက idol တစ်ယောက်ဖြစ်တဲ့အတွက် ကုရှင်ချွမ်းကသူ့ခန္တာကိုယ်ကိုကောင်းမွန်စွာထိန်းသိမ်းထားတယ်။ သူ့တစ်ကိုယ်လုံးမှာအဆီပိုအသားပိုဆိုတာမရှိဘဲ တောင့်တင်းပီး သန်စွမ်းမှုအပြည့်နဲ့။ ဒါပေမဲ့လှပစွာ ကွေးနိုင်ညွှတ်နိုင်တဲ့ပုံလဲရှိတယ်။ အလှနတ်ဘုရားရဲ့ဂရုတစိုက်ပုံဖော်ထုဆစ်ခြင်းခံရတဲ့ရုပ်ထုတစ်ခုလို သူ့ခန္တာကိုယ်ရဲ့အနားသတ်ကောက်ကြောင်းတွေကလဲ မျှော်လင့်မထားရလောက်တဲ့အထိလှပတယ်။

ကြည့်ချင်စရာမကောင်းတဲ့တစ်ခုတည်းသောအရာကတော့ ပခုံးပေါ်မှာရှိနေတဲ့သွားရာ​သေးသေးလေးပဲဖြစ်တယ်။ အဲ့တာကတိမ်တိမ်လေးပဲရှိနေတော့တာဆိုပေမဲ့ ဒီဟာလေးနေရာယူထားတာအချိန်တစ်ခုတော့ရှိနေပီဆို​တာကြည့်ရုံနဲ့တင်ပြောနိုင်တယ်။

ကုရှင်ချွမ်းကမကောင်းဆိုးဝါးလိုပြုံးပီး သူ့​ပခုံးပေါ်ကသွားရာကိုပြပီး ကြွားလုံးထုတ်နေတယ် "ဒါကရှန်းလီကိုက်​တာလေ သူကတကယ်အဆိုးလေး"

စုန့်ရီကတည်တည်ငြိမ်ငြိမ်နဲ့ သူသိပီဆိုတာကိုဖော်ပြဖို့အတွက် 'umm' ဆိုပီးပဲဖွဖွလေးအသံထွက်လာတယ်။

ကုရှင်ချွမ်းကစုန့်ရီကိုစိုက်ကြည့်လိုက်တယ်။ ဒါပေမဲ့သူ့မျက်နှာပေါ်မှာ ဘာခံစားချက်မှာမတွေ့ရဘူး။

စုန့်ရီကစိတ်ပိုင်းဆိုင်ရာအရသန်မာတယ်ဆိုပေမဲ့လဲ အဝတ်ဗလာဖြစ်နေတဲ့ ကုရှင်ချွမ်းနဲ့အတူတူအချိန်တစ်ခုထိရှိနေရတာ အနည်းနဲ့အများတော့ရှက်စရာကောင်းတယ်။ အဲ့ဒါအပြင်... အဲ့ဒီညကကုရှင်ချွမ်းရဲ့အရမ်းအံ့အားသင့်စရာခွန်အားကိုလဲ သူ့မှာစွဲစွဲမြဲမြဲကြီးကြောက်နေရသေးတယ်။

"မင်းရေချိုးနှင့်တော့ ငါအပြင်ကိုထွက်တော့မယ်"

"ခနနေအုံး" ကုရှင်ချွမ်းကသူ့ကိုတားလိုက်တယ်။

စုန့်ရီကတည်တည်ငြိမ်ငြိမ်ပဲမေးလိုက်တယ် "မင်းတစ်ခုခုလိုသေးလို့လား?"

ကုရှင်ချွမ်း​ကbathtub ထဲကိုခြေထောက်တစ်ဖက်အရင်ထည့်လိုက်ပီး ဖြည်းဖြည်းလေးထိုင်လိုက်တယ်။ ဒဏ်ရာရနေတဲ့ခြေထောက်ကိုတော့ bathtub အစွန်းပေါ်မှာလေးလေးပင်ပင်တင်ထားတယ်။ သူကအဲ့လိုပွင့်ပွင့်လင်းလင်းကြီးထိုင်ချလိုက်ပီး မာနကြီးတဲ့သခင်လေးတစ်ယောက်လိုပုံနဲ့အမိန့်ပေးလာတယ် "ငါ့ကို shower gel ပေး ဗီရိုထဲကတတိယထပ်ဘယ်ဘက်မှာရှိတယ်"

သူကငါ့ကိုပိုက်ဆံမပေးရတဲ့ ကလေးထိန်းတစ်ယောက်လို့ယူဆနေတယ်လို့ စုန့်ရီစိတ်ထဲမှာတွေးလိုက်ပီး စကားတစ်ခွန်းမှမပြောဘဲ ဗီရိုကိုဖွင့်လိုက်တယ်။ အထဲမှာရှိတဲ့ဟာတွေကတော့ အမျိုးသားသုံး skin care product တွေဖြစ်ပီးအားလုံးကဖွင့်တောင်မဖွင့်ရသေးဘူး။ သူပြောတဲ့နေရာမှာ showe gel ဗူးတွေအတန်းလိုက်ရှိနေတယ်။

စုန့်ရီကသာမန်ကာလျှံကာပဲတစ်ဗူးယူလိုက်ပီး ကုရှင်ချွမ်းကိုပေးလိုက်တယ်။ ဒါပေမဲ့ကုရှင်ချွမ်းကမယူဘဲ ဖြောင့်မတ်တည်ကြည်တဲ့ပုံနဲ့ယုံကြည်ချက်ရှိရှိပြောလာတယ် "မင်းငါ့ကိုအဲ့တာနဲ့တိုက်ပေး ငါမလှုပ်နိုင်ဘူး"

"မင်းကခြေထောက်မှာဒဏ်ရာရတာလေ လက်မှာမဟုတ်ဘူး" စုန့်ရီရဲ့စိတ်ရှည်မှုကအဆုံးမှာရောက်နေပီ။

ကုရှင်ချွမ်းက​သူ့ခေါင်းနောက်ကခေါင်းစည်းကြိုးကို ပေါ့ပေါ့ပါးပါးပဲ​ဖြည်လိုက်တော့ သူ့ရဲ့ဂုတ်ထောက်ဆံပင်တွေကပြေကျလာပီး သူ့ရဲ့မျက်နှာချောချောကိုပိုပီးတောင် ခန့်ငြားသွားစေတယ်။ နှာတံစင်းစင်းနှုတ်ခမ်းချွန်ချွန်နဲ့ သူကလေ ချို့ယွင်းချက်မရှိတကယ်ကိုကြည့်လို့ကောင်းတယ်။

"ငါအခုအရမ်းနာနေတာ မလှုပ်ချင်ဘူး"

သူကတကယ့်အလှလေးဆိုပေမဲ့လဲ စုန့်ရီကတော့ အဲ့တာကိုခံနိုင်ရည်ရှိတယ်။ သူတို့တွေအထက်တန်းတုန်းက သူတို့အတန်းကတစ်ကျောင်းလုံးမှာ ရေပန်းအစားဆုံးအတန်းဖြစ်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ်မိန်းမငယ်လေးတွေအုပ်စုက ကုရှင်ချွမ်းကိုတစ်ချက်လေးခိုးကြည့်ရဖို့အတွက်နဲ့ သူတို့အတန်းတံခါးဝနားမှာဟိုလျှောက်ဒီလျှောက်လုပ်ကြတာ မိုင်ပေါင်းရှစ်ရာခရီးလောက်ရှိတယ်။

ကုရှင်ချွမ်းကမေးကိုမော့လိုက်တယ် "မင်းပြောတော့ငါ့ကိုဂရုစိုက်ပေးမယ်ဆို ခုမှကတိဖျက်ချင်နေတာလား?"

စုန့်ရီကမျက်မှောင်ကြုံ့ပီးပြန်ဖြေလိုက်တယ် "မင်းကိုဂရုစိုက်ပေးမယ်ဆိုတာက မင်းကိုအိမ်ပြန်ပို့ပေးမယ်လို့ပြောချင်တာလေကွာ မင်းကိုရေကူချိုးပေးဖို့တော့မပါဘူး"

ကုရှင်ချွမ်းကသူ့ကိုတစ်ချက်လှည့်ကြည့်လာတယ်။ စုန့်ရီမေးကိုသူကတင်းတင်းဖျစ်လိုက်ပီး သူနဲ့အတင်းမျက်နှာချင်းဆိုင်စေလိုက်တယ်။ ရေချိုးခန်းထဲကရေငွေ့တွေက စုန့်ရီရဲ့မျက်မှန်ပေါ်မှာအငွေ့ရိုက်နေပီး သူ့ရဲ့နဂိုအေးစက်စက်မျက်လုံးတွေက ရီဝေနေပီး ဆွဲဆောင်မှုကပြင်းထန်လှတယ်။

ဖော်ပြလို့မရနိုင်လောက်အောင်လှုပ်လှုပ်ရှားရှားဖြစ်စေတယ်။

ကုရှင်ချွမ်းကသူ့ရဲ့မျက်လုံးတွေကိုစက္ကန့်နည်းနည်းလောက်ထပ်ကြည့်လိုက်ပီး လှောင်လိုက်တယ် "မင်းဒေါသထွက်ရင် မိန်းကလေးနဲ့တူတယ်"

ဒီစကားကစုန့်ရီရဲ့နှလုံးသားကိုဓားနဲ့ထိုးတာထက်နည်းနည်းလေးမှမလျော့ဘူး။ စုန့်ရီဒီတစ်ကြိမ်မှာတော့ ထပ်ပီးသည်းမခံနိုင်တော့ဘူး။ သူကကုရှင်ချွမ်း​လက်တွေကိုဘေးကိုခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်ပီး မတ်တပ်ရပ်လိုက်တယ် "ကုရှင်ချွမ်း မင်းငါ့ကိုတွန်းအားမပေးနဲ့ သည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်ကွ"

အဲ့ဒါပြောပီးသွားတဲ့အခါမှာ စုန့်ရီကတံခါးကိုဖွင့်ပီး နောက်ကိုတစ်ချက်လေးမှလှည့်ကြည့်ခြင်းမရှိဘဲထွက်သွားခဲ့တယ်။

ကုရှင်ချွမ်းရဲ့နှုတ်ခမ်းတွေကအပြုံးတစ်ခုဖြစ်တည်လာတယ်။ စုန့်ရီ​ဒေါသထွက်တာကိုမြင်ရခဲတယ်။ သူ့ကိုနှစ်ပေါင်းများစွာသိပီးတာတောင် စုန့်ရီဒေါသထွက်တာကိုအကြိမ်အနည်းငယ်ပဲမြင်ဖူးတယ်။ စုန့်ရီဒီလိုဖြစ်နေတဲ့ပုံကိုသူသဘောကျတယ်။ ဒီလိုအချိန်တွေမှာ စုန့်ရီကပုံမှန်ထက်အများကြီးပိုအသက်ဝင်နေပီးတောက်ပနေတာကို သူမြင်တွေ့ရတယ်။ အဲ့ဒီအချိန်တိုင်းကိုသူဘယ်တော့မှမမေ့ခဲ့ဘူး။

စုန့်ရီဖုန်းထဲကနာရီကိုကြည့်တော့ ညကိုးနာရီတောင်ရှိနေပီ။ သူကအိမ်ပြန်ဖို့အဆင့်သင့်ဖြစ်နေပီ "နောက်ကျနေပီ မင်းကောင်းကောင်းအနာယူလိုက်ပီး ငါအချိန်ရရင်မင်းကိုနောက်တစ်ခါလာတွေ့မယ်"

'အချိန်ရရင်'ဆိုတဲ့စကားကယေဘုယျအားဖြင့် 'အတိအကျမရှိတဲ့အချိန်'ကိုပြောတာနဲ့ထပ်တူ​ကျတယ်။

ကုရှင်ချွမ်းကသူ့ဆံပင်ကိုပျင်းပျင်းရိရိသုတ်ရင်းပြောလာတယ် "ငါအခုထိဘာမှမစားရသေးဘူးလေ မင်းကအိမ်ပြန်ဖို့အလောတကြီးဖြစ်နေပီ"

စုန့်ရီသူ့ရဲ့ဒေါသတွေကိုဖိနှိပ်ပီးထေ့ငေါ့ပြောလိုက်တယ် "ငါ့ခွေးလေးဗိုက်ဆါနေလောက်နေပီ ဒီအချိန်ဆိုသူ့ကိုအစာကျွေးရတာ ငါအိမ်မပြန်လာရင်သူကဘေးနားကလူတွေကိုလျှောက်ကိုက်လိမ့်မယ်"

ဘယ်လိုလုပ် ကုရှင်ချွမ်းကဒီစကားတွေကိုနားမလည်ပဲနေမလဲ။ သူကသူ့ကိုညစ်ပတ်ပတ်အကြည့်နဲ့ဘေးတိုက်ကြည့်လာတယ် "မင်းခွေးရူးပြန်ကာကွယ်ဆေးထိုးထားသင့်တယ်နော မဟုတ်ရင်ဘယ်လိုသေသွားလဲဆိုတာတောင်မသိဖြစ်သွားလိမ့်မယ်"

စုန့်ရီမျက်လုံးတွေကကျဥ်းမြောင်းသွားပေမဲ့ သိမ်မွေ့တဲ့အမူအရာကိုဆက်ထိန်းထားတုန်းပဲ "ငါ့ကိုသတိပေးလို့ကျေးဇူးပါ အိမ်ပြန်ရောက်ရောက်ချင်းဆေးထိုးလိုက်မယ် အကောင်းဆုံးဆေးကုသမှုက နှစ်ဆယ့်လေးနာရီအတွင်းဆိုတော့ သိပ်တော့မနောက်ကျဘူးထင်ရတာပဲ"

ကုရှင်ချွမ်းသူ့နှာခေါင်းကိုသူထိလိုက်တယ်။ ပြန်ပီးပြောဖို့ကကျ စုန့်ရီရဲ့ပါးစပ်အကြောင်းအထက်တန်းကတည်းကသိလာတော့လဲ ပြိုင်မပြောနိုင်မှန်းသိတယ်။ စုန့်ရီကနှုတ်ခမ်းလေးကသာပြုံးနေတာ သူ့စကားတွေကဘယ်​တော့မှာအညှာ​မပေးဘူး။

"ထွက်သွားရင် အဝင်ပေါက်ကပန်းပင်တွေရေလောင်းခဲ့အုံး" ကုရှင်ချွမ်း​ကအေးစက်စက်ပြောပီး လှည့်ထွက်သွားတယ်။

မင်းကိုပါရေလောင်းပေးမယ် ကျွက်ကျွက်ဆူနေတဲ့ရေပူနဲ့ကိုလောင်းပစ်မယ်ဆိုပီး စုန့်ရီစိတ်ထဲမှာအော်ဟစ်နေတယ်။

စုန့်ရီအိမ်ပြန်ရောက်တော့ ကိုးနာရီတောင်ထိုးပီးသွားပီ။ စုန့်ရီရဲ့အိမ်က Fifth Ring Road ရဲ့အပြင်မှာရှိပီး အခုလောက်ထိဈေးတွေမမြင့်ခင်နှစ်အနည်းငယ်တုန်းကစုန့်ရီဝယ်ထားတာ။

Imperial Capital ကမြို့ခံလူတွေနဲ့မတူဘဲ စုန့်ရီရဲ့မိသားစုကတခြားမြို့ကဖြစ်ပီး သူ့မိဘတွေကလဲသာမန်လူတွေဖြစ်တယ်။ စုန့်ရီကနမြို့ရဲ့ ဒီလိုနေရာတစ်ခုမှာကိုယ်ပိုင်အိမ်ဝယ်နိုင်ခြင်းက သူ့ရဲ့ဆွေမျိုးတွေမိတ်ဆွေတွေအမြင်မှာ​တော့ 'အောင်မြင်တဲ့လူတစ်ယောက်' လို့သတ်မှတ်လို့ရတယ်။

စုန့်ရီကရေချိုး inhibitor လေးထိုးပီး သူ့ laptop လေးယူပီး ဆိုဖာပေါ်မှာပျင်းပျင်းရိရိထိုင်လိုက်တယ်။ သူက L Station ရဲ့ website ကိုဖွင့်လိုက်တော့ သူ follow ထားတဲ့ list ထဲမှာ [ခြေတံရှည်ရှည်နဲ့ကောကော](*ခြေတံရှည်ကြီးနဲ့ကော်ရီး*) ဆိုတဲ့ ID က live stream လုပ်နေတာကိုသူသတိပြုမိသွားတယ်။

စုန့်ရီစိတ်လှုပ်တရှားနဲ့အဲ့တာကိုနှိပ်လိုက်တယ်။

[ခြေတံရှည်ရှည်နဲ့ကောကော] ဆိုတာ စုန့်ရီ follow လုပ်တဲ့ ပထမဆုံး UP master ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်း​က သူဇာတ်လမ်းတွဲတွေရိုက်တာကနေရုပ်ရှင်ဇာတ်ကားတွေရိုက်တဲ့ဘက်ကိုပြောင်းတော့ စိတ်မသက်သာစရာဖြစ်စေတဲ့ကိစ္စတွေရှိလာတယ်။ အဲ့ဒီအချိန်တွေတုန်းအားတအားစိတ်ညစ်ရပီးဖိအားတွေလဲအရမ်းများတယ်။စုန့်ရီကဖိအားတွေလျော့နည်းသွားဖို့အတွက် ရေပန်းစားနေတဲ့ဂိမ်းတစ်ခုကို ​download ဆွဲခဲ့တယ်။

ခြေတံရှည်ကောကောကလဲ ဒီဂိမ်းကိုကစားနေတာ။ သူကL Station ရဲ့​ရှားရှားပါးပါးတော်လွန်းတဲ့ anchor ဖြစ်တယ်။ သူ့ရဲ့အသံကနူးညံ့နွေးထွေးပီး သူ့ရဲ့fan ညီအစ်ကိုအပေါင်းကို ပါးစပ်ကြီးဟပီးသွားရည်တတောက်တောက်ကျအောင်ထိကိုစွမ်းဆောင်နိုင်လွန်းတယ်။

နောက်ပိုင်းကျ ဂိမ်းရဲ့ရေပန်းစားမှုကကျဆင်းသွားတဲ့အခါမှာ​တော့ ခြေတံရှည်ကောကောကလဲ တေးဂီတဘက်ကိုပြောင်းသွားတယ်။ သူကသီချင်းလဲဆိုနိုင်သလိုသံစဥ်တွေလဲတီးခတ်တတ်တယ်။ guitar, bass, accordion အားလုံးသူတီးတတ်တယ်။ အင်္ဂလိပ်သီချင်း ပြင်သစ်သီချင်း ဂျပန်သီချင်း အဲ့တာတွေလဲသူဆိုတတ်တာပဲ။ သူ့ရဲ့ talent ကပစိဖိတ်သမုဒ္ဒရာကြီးမှာစီးဆင်းနေတဲ့ရေတွေလောက်ပေါများတယ်ဆိုပီးတောင်မင်းပြောလို့ရတယ်။

​စုန့်ရီဒီခြေတံရှည်ကောကောကိုအကြိုက်ဆုံးအချက်ကတော့ သူကအတော်လေးဖြောင့်မတ်လို့ဖြစ်တယ်။ သူ့ရဲ့ဖြောင့်မတ်မှုက ဘယ်မှာအရိပ်ထင်နေလဲဆိုတော့ သူကကုရှင်ချွမ်းရဲ့သီချင်းတွေကိုဘယ်တော့မှမဆိုဘူး။ တကယ်ကိုတစ်ပုဒ်မှမဆိုတာ။ တစ်ခါတုန်းက fan တစ်ယောက်က 10000 ကိုဆုအနေနဲ့ပေးမယ် ကုရှင်ချွမ်းရဲ့သီချင်းလေးတစ်ပုဒ်ဆိုပေးဖို့တောင်းဆိုတာ ခြေတံရှည်ရှည်ကောကောကစောက်ဂရုကိုမစိုက်ဘူး။

ဘယ်လောက်တောင်မြင့်မြတ်ပီး ဂုဏ်ပြုထိုက်သောအမျိုးသားလဲ။ သူကငွေအတွက်နဲ့ဘယ်တော့မှာဦးမကျို့ဘူး!

စုန့်ရီသူ့ကိုတကယ်သဘောကျတယ်။ သူကတေးဂီတပိုင်းမှာရှိတဲ့ တခြားတော်တဲ့ UP master တွေနဲ့မတူဘူး။ ထိုသူတွေကတော့ ကုရှင်ချွမ်းရဲ့သီချင်းလေးတစ်ပုဒ်အသစ်ထွက်တာနဲ့တီးတာကတာအစုံနဲ့ ပြန်ဆိုကြတာ စုန့်ရီခေါင်းတွေတောင်ကိုက်တယ်။

ဒါ့ကြောင့်မို့စုန့်ရီဟာ ခြေတံရှည်ရှည်နဲ့ကောကောကို လက်ဆောင်တွေအများကြီးပေးပီး သူ့ရဲ့ fan အဖွဲ့အစည်းထဲကအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါကတော့ သူဘယ်လိုလုပ် ခြေတံရှည်ကောကောနဲ့ရင်းနှီးသွားလဲဆိုတော့အကြောင်းပေါ့။

ဒီ​နေ့မှာခြေတံရှည်ကောကောက စိတ်ချမ်းမြေ့စရာကောင်းတဲ့သီချင်းတစ်ပုဒ်ကိုဆိုနေတယ်။ သူ့အသံကိုတမင်သက်သက်နှိမ့်ပီဆိုးထားတာဖြစ်ပေမဲ့လဲ နားထောင်လို့ကောင်းနေတုန်းပဲ။ အဲ့ဒါကနွေရာသီမှာတိုက်ခတ်တဲ့ညနေခင်းလေပြေလေးက သူ့ရဲ့ဆံပင်တွေကိုတိုးဝှေ့သွားသလိုမျိုးနဲ့ဆင်ဆင်တူတယ်။ သူ့ရဲ့သီချင်းသံက အရာအားလုံးပျောက်ကွယ်သွားတဲ့အတိုင်း စုန့်ရီကိုတိတ်ဆိတ်တည်ငြိမ်မှုတွေပေးစွမ်းတယ်။

သီချင်းနားထောင်ပီးသွားတဲ့အခါမှာ စုန့်ရီကမျက်လုံးမှိတ်ပီး အံ့ဩစရာသံစဥ်ရဲ့လှပတဲ့အရသာထဲမှာ မူးယစ်နေခဲ့တယ်။

အခုရက်ပိုင်းတွေအတွင်းမှာ စုန့်ရီရဲ့ဘဝမှာအပြောင်းအလဲတွေဖြစ်ခဲ့တယ်။ သူက alpha တစ်ယောက်ကနေ omega တစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ရသလို သူ့ရဲ့ပြိုင်ဘက်ကြီး ကုရှင်ချွမ်းနဲ့လဲပြန်ပတ်သက်နေရပြန်တယ်။

သူ့အသက်နှစ်ဆယ့်ခြောက်နှစ်တာကာလပတ်လုံးမှာ တစ်ခါမှဒီလိုရှုပ်ထွေးမှုမျိုးတွေမဖြစ်ခဲ့ဖူးဘူး။

ဒါပေမဲ့ စုန့်ရီရဲ့စရိုက်ကပွင့်ပွင့်လင်းလင်းရှိပီး မကောင်းတဲ့ခံစားချက်တွေထဲမှာနှစ်မြှုပ်မနေဘူး။ သူ omega တစ်ယောက်ဖြစ်လာတယ်။ အဲ့ဒီအချက်ကို ဒေါသ​၊မကျေနပ်မှု၊ကိုယ့်ကိုယ့်ကိုငြင်းဆန်မှု စတာတွေကိုပြောင်းလဲမပေးနိုင်ဘူး။ ဒါတွေကပိုပီးပဲဆိုးရွား​သွားစေနိုင်တယ်။

သူလုပ်နိုင်တဲ့အရာကတော့ လက်ခံလိုက်ဖို့ပဲ။သူဒီဟာကို တည်တည်ငြိမ့်ငြိမ်နဲ့ရင်ဆိုင်ပီး သူ့ရဲ့ဂုဏ်ပုဒ်အသစ်ကိုကျင့်သားရဖို့ကြိုးစားရမယ်။ ဒါပေမဲ့လဲသူ့စိတ်ရဲ့ဟိုးအောက်ဆုံးအပိုင်းမှာ​တော့ စိတ်ဓာတ်ကျမှုတချို့ရှိနေတယ်။

စုန့်ရီက ကီးဘုတ်ပေါ်မှာသူ့ရဲ့လက်ချောင်းတွေကလျင်မြန်စွားပြေးလွှားနေပီး screen ပေါ်မှာတော့ မြောက်များစွာသောစာတွေကတစ်ခုပီးတစ်ခုပေါ် ပေါ်လာတယ်။

[Macbeth]: ကျွန်တော်အခုတလောစိတ်အခြေအနေမကောင်းလို့ အစ်ကို 'Cheng Feng' ဆိုတာကိုနားထောင်လို့ရမလား?!

"Cheng Feng" ကခြေတံရှည်ကောကောရဲ့တစ်ခုတည်းသော original song ဖြစ်တယ်။ အဲ့ဒီသီချင်းကိုလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတစ်ခါပဲဆိုခဲ့တယ်။ စုန့်ရီကအဲ့ဒီအေးမြပီးတက်ကြွတဲ့သံစဥ်ကိုကြိုက်နှစ်သက်တယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ အဲ့ဒီသီချင်းကို screen record လုပ်ထားတာတို့ဘာတို့ကိုအင်တာနက်မှာရှာလို့မတွေ့ခဲ့ဘူး။ ​ခြေတံရှည်ရှည်ကောကောရဲ့နှစ်ချို့ fan တွေကလဲ သူ 'Cheng Feng' ​ကိုနောက်တစ်ကြိမ်ပြန်ဆိုမှာကိုမျှော်လင့်နေကြတယ်။

'Cheng Feng' သီချင်းထွက်လာဖို့တောင်းဆိုမှုတွေက မီးရှုးမီးပန်းတွေဖောက်သလိုလှပစွာတောက်ပနေပီး ပေးပို့တဲ့ လက်ဆောင်တွေကလဲ တစီတတန်းကြီးဖြစ်တယ်။

"မင်းတို့က 'Cheng Feng' ကိုနားထောင်ချင်ကြတာလား?" အစ်ကိုကသူ့ရဲ့​ဩဇာရှိတဲ့ပြိုင်ဘက်ကင်းအသံနဲ့ ဖွဖွလေးရယ်လာတယ်။ အဲ့ဒီအသံက microphone ကနေတဆင့်ဖြတ်ပီး တုန်ခါနေသလိုပဲ။

"ကျွန်တော်က 'Cheng Feng' ကိုမဆိုပေးနိုင်ဘူး" အစ်ကိုကခနလောက်ရပ်ပီးဖွဖွလေးပြောလာတယ် " 'Cheng Feng' ကိုကျွန်တော်ရဲ့သူငယ်ချင်းတစ်ယောက်အတွက်ရေးပေးခဲ့တာ သူ့မှာခက်ခဲတဲ့အချိန်တွေရှိခဲ့တယ် တစ်နေ့မှာတော့သူကလေဟုန်ကိုစီးပီး ဆူးငြှောင့်ခလုတ်တွေဖြတ်ကျော်လို့ သူ့ရဲ့စစ်မှန်တဲ့ကိုယ်ပိုင်ဘဝရရှိဖို့ကျွန်တော်မျှော်လင့်မိတယ်"

"သူလုပ်နိုင်တဲ့အဲ့ဒီတစ်နေ့မှာ ကျွန်တော်ကဒီသီချင်းကိုအားလုံးကိုဆိုပြပေးပါ့မယ်"

ခြေတံရှည်ကောကောကတကယ်သိမ်မွေ့ပီး သူ့သူငယ်ချင်းတွေအပေါ်မှာတကယ်ကောင်းတဲ့သူလို့စုန့်ရီတွေးလိုက်မိတယ်။

~~~~~~
Cheng Feng သီချင်းလေးကတကယ်ကို.....

မပြောပြဘူး spoiler ကြီးမို့ 😂

Zawgyi

ကုရွင္ခၽြမ္းရဲ့ေမးရိုးကတင္းခနဲျဖစ္သြားပီး ခါးကိုအႏၲရာယ္ရွိစြာေျဖာင့္လိုက္ရင္း ေလွာင္လိုက္တယ္ "မင္းထက္ေတာ့ပိုႀကီးတယ္မလား?"

စုန္႔ရီကမ်က္လုံးကိုေစာင္းပီး ျပဳံးရင္းေအးစက္စက္စက္ေျပာလာတယ္ "ဒီလိုအရာမ်ိဳးမွာယုံၾကည္မွုရွိေနတာက ေယာက္်ားေလးတစ္ေယာက္အတြက္အသုံးမဝင္ဘူး"

"ဒါကေယာက္်ားေလးတစ္ေယာက္ရဲ့ဂုဏ္ေလ" ကုရွင္ခၽြမ္းကခနရပ္လိုက္ပီး စုန္႔ရီရဲ့ခြၾကားကိုလွမ္းၾကည့္ရင္း ျဖည္းျဖည္းေလးေျပာလာတယ္ "ဒီေနရာမွာမင္းရဲ့​ဂုဏ္ကေရာဘယ္ေလာက္လဲ?"

စုန္႔ရီအထက္တန္းတုန္းက သူ႔ရဲ့အတန္းေဖာ္ alpha ေတြကဒီလိုကစားနည္းမ်ိဳးကစားပီး မၾကာခဏခြဲျခားၾကတယ္။ ​လူပ်ိဳေပါက္ေလးေတြဆိုေတာ့လဲအေၾကာက္အလန္႔မရွိၾကဘူး။ေယာက္်ားေလးေတြကအဖြဲ႕လိုက္ႀကီး ပီေအာ္အန္ကားေတြအတူတူၾကည့္ၾကတယ္။ ပီးရင္တစ္ေယာက္နဲ႔တစ္ေယာက္အရွည္တိုင္းပီးၿပိဳင္ၾကတယ္။ စုန္႔ရီကေတာ့ဒီလိုကေလးကလားကစားနည္းေတြမွာဘယ္ေတာ့မွမပါဝင္ဘူး။ ဘာလို႔အခုမွစပီးလုပ္ရမွာလဲ။

စုန္႔ရီကလက္တစ္ဖက္နဲ႔ bathtub ကိုေရျဖည့္လိုက္ပီး ေမးလိုက္တယ္ "မင္းေရခ်ိဳးမွာလားမခ်ိဳးဘူးလား?"

ကုရွင္ခၽြမ္းကသူ႔ေဘာင္းဘီကို​ဂ႐ုတစိုက္​ကန္ထုတ္လိုက္ပီး underware ကိုလဲေဘးကိုပစ္လိုက္တယ္။ သူ႔ရဲ့ဆြယ္တာအကၤ်ီကိုေတာ့လက္ႏွစ္ဖက္​နဲ႔ေသခ်ာကိုင္ပီး ျဖည္းျဖည္းေလးခၽြတ္လိုက္တယ္။ သူရဲ့ေတာင့္တင္းသန္မာတဲ့ရင္ဘတ္​က်ယ္ႀကီးကအျပည့္အဝေပၚလာတယ္။ အဲ့ဒီေနာက္မွာေတာ့ သူက​စုန္႔ရီအေရွ႕မွာဝတ္လစ္စလစ္နဲ႔မတ္တပ္ရပ္ေနလိုက္တယ္။

သူက idol တစ္ေယာက္ျဖစ္တဲ့အတြက္ ကုရွင္ခၽြမ္းကသူ႔ခႏၲာကိုယ္ကိုေကာင္းမြန္စြာထိန္းသိမ္းထားတယ္။ သူ႔တစ္ကိုယ္လုံးမွာအဆီပိုအသားပိုဆိုတာမရွိဘဲ ေတာင့္တင္းပီး သန္စြမ္းမွုအျပည့္နဲ႔။ ဒါေပမဲ့လွပစြာ ေကြးနိုင္ညႊတ္နိုင္တဲ့ပုံလဲရွိတယ္။ အလွနတ္ဘုရားရဲ့ဂ႐ုတစိုက္ပုံေဖာ္ထုဆစ္ျခင္းခံရတဲ့႐ုပ္ထုတစ္ခုလို သူ႔ခႏၲာကိုယ္ရဲ့အနားသတ္ေကာက္ေၾကာင္းေတြကလဲ ေမၽွာ္လင့္မထားရေလာက္တဲ့အထိလွပတယ္။

ၾကည့္ခ်င္စရာမေကာင္းတဲ့တစ္ခုတည္းေသာအရာကေတာ့ ပခုံးေပၚမွာရွိေနတဲ့သြားရာ​ေသးေသးေလးပဲျဖစ္တယ္။ အဲ့တာကတိမ္တိမ္ေလးပဲရွိေနေတာ့တာဆိုေပမဲ့ ဒီဟာေလးေနရာယူထားတာအခ်ိန္တစ္ခုေတာ့ရွိေနပီဆို​တာၾကည့္႐ုံနဲ႔တင္ေျပာနိုင္တယ္။

ကုရွင္ခၽြမ္းကမေကာင္းဆိုးဝါးလိုျပဳံးပီး သူ႔​ပခုံးေပၚကသြားရာကိုျပပီး ႂကြားလုံးထုတ္ေနတယ္ "ဒါကရွန္းလီကိုက္​တာေလ သူကတကယ္အဆိုးေလး"

စုန္႔ရီကတည္တည္ၿငိမ္ၿငိမ္နဲ႔ သူသိပီဆိုတာကိုေဖာ္ျပဖို႔အတြက္ 'umm' ဆိုပီးပဲဖြဖြေလးအသံထြက္လာတယ္။

ကုရွင္ခၽြမ္းကစုန္႔ရီကိုစိုက္ၾကည့္လိုက္တယ္။ ဒါေပမဲ့သူ႔မ်က္ႏွာေပၚမွာ ဘာခံစားခ်က္မွာမေတြ႕ရဘူး။

စုန္႔ရီကစိတ္ပိုင္းဆိုင္ရာအရသန္မာတယ္ဆိုေပမဲ့လဲ အဝတ္ဗလာျဖစ္ေနတဲ့ ကုရွင္ခၽြမ္းနဲ႔အတူတူအခ်ိန္တစ္ခုထိရွိေနရတာ အနည္းနဲ႔အမ်ားေတာ့ရွက္စရာေကာင္းတယ္။ အဲ့ဒါအျပင္... အဲ့ဒီညကကုရွင္ခၽြမ္းရဲ့အရမ္းအံ့အားသင့္စရာခြန္အားကိုလဲ သူ႔မွာစြဲစြဲျမဲျမဲႀကီးေၾကာက္ေနရေသးတယ္။

"မင္းေရခ်ိဳးႏွင့္ေတာ့ ငါအျပင္ကိုထြက္ေတာ့မယ္"

"ခနေနအုံး" ကုရွင္ခၽြမ္းကသူ႔ကိုတားလိုက္တယ္။

စုန္႔ရီကတည္တည္ၿငိမ္ၿငိမ္ပဲေမးလိုက္တယ္ "မင္းတစ္ခုခုလိုေသးလို႔လား?"

ကုရွင္ခၽြမ္း​ကbathtub ထဲကိုေျခေထာက္တစ္ဖက္အရင္ထည့္လိုက္ပီး ျဖည္းျဖည္းေလးထိုင္လိုက္တယ္။ ဒဏ္ရာရေနတဲ့ေျခေထာက္ကိုေတာ့ bathtub အစြန္းေပၚမွာေလးေလးပင္ပင္တင္ထားတယ္။ သူကအဲ့လိုပြင့္ပြင့္လင္းလင္းႀကီးထိုင္ခ်လိုက္ပီး မာနႀကီးတဲ့သခင္ေလးတစ္ေယာက္လိုပုံနဲ႔အမိန္႔ေပးလာတယ္ "ငါ့ကို shower gel ေပး ဗီရိုထဲကတတိယထပ္ဘယ္ဘက္မွာရွိတယ္"

သူကငါ့ကိုပိုက္ဆံမေပးရတဲ့ ကေလးထိန္းတစ္ေယာက္လို႔ယူဆေနတယ္လို႔ စုန္႔ရီစိတ္ထဲမွာေတြးလိုက္ပီး စကားတစ္ခြန္းမွမေျပာဘဲ ဗီရိုကိုဖြင့္လိုက္တယ္။ အထဲမွာရွိတဲ့ဟာေတြကေတာ့ အမ်ိဳးသားသုံး skin care product ေတြျဖစ္ပီးအားလုံးကဖြင့္ေတာင္မဖြင့္ရေသးဘူး။ သူေျပာတဲ့ေနရာမွာ showe gel ဗူးေတြအတန္းလိုက္ရွိေနတယ္။

စုန္႔ရီကသာမန္ကာလၽွံကာပဲတစ္ဗူးယူလိုက္ပီး ကုရွင္ခၽြမ္းကိုေပးလိုက္တယ္။ ဒါေပမဲ့ကုရွင္ခၽြမ္းကမယူဘဲ ေျဖာင့္မတ္တည္ၾကည္တဲ့ပုံနဲ႔ယုံၾကည္ခ်က္ရွိရွိေျပာလာတယ္ "မင္းငါ့ကိုအဲ့တာနဲ႔တိုက္ေပး ငါမလွုပ္နိုင္ဘူး"

"မင္းကေျခေထာက္မွာဒဏ္ရာရတာေလ လက္မွာမဟုတ္ဘူး" စုန္႔ရီရဲ့စိတ္ရွည္မွုကအဆုံးမွာေရာက္ေနပီ။

ကုရွင္ခၽြမ္းက​သူ႔ေခါင္းေနာက္ကေခါင္းစည္းႀကိဳးကို ေပါ့ေပါ့ပါးပါးပဲ​ျဖည္လိုက္ေတာ့ သူ႔ရဲ့ဂုတ္ေထာက္ဆံပင္ေတြကေျပက်လာပီး သူ႔ရဲ့မ်က္ႏွာေခ်ာေခ်ာကိုပိုပီးေတာင္ ခန္႔ျငားသြားေစတယ္။ ႏွာတံစင္းစင္းႏွုတ္ခမ္းခၽြန္ခၽြန္နဲ႔ သူကေလ ခ်ိဳ႕ယြင္းခ်က္မရွိတကယ္ကိုၾကည့္လို႔ေကာင္းတယ္။

"ငါအခုအရမ္းနာေနတာ မလွုပ္ခ်င္ဘူး"

သူကတကယ့္အလွေလးဆိုေပမဲ့လဲ စုန္႔ရီကေတာ့ အဲ့တာကိုခံနိုင္ရည္ရွိတယ္။ သူတို႔ေတြအထက္တန္းတုန္းက သူတို႔အတန္းကတစ္ေက်ာင္းလုံးမွာ ေရပန္းအစားဆုံးအတန္းျဖစ္ခဲ့တယ္။ ဆယ္ေက်ာ္သက္အရြယ္မိန္းမငယ္ေလးေတြအုပ္စုက ကုရွင္ခၽြမ္းကိုတစ္ခ်က္ေလးခိုးၾကည့္ရဖို႔အတြက္နဲ႔ သူတို႔အတန္းတံခါးဝနားမွာဟိုေလၽွာက္ဒီေလၽွာက္လုပ္ၾကတာ မိုင္ေပါင္းရွစ္ရာခရီးေလာက္ရွိတယ္။

ကုရွင္ခၽြမ္းကေမးကိုေမာ့လိုက္တယ္ "မင္းေျပာေတာ့ငါ့ကိုဂ႐ုစိုက္ေပးမယ္ဆို ခုမွကတိဖ်က္ခ်င္ေနတာလား?"

စုန္႔ရီကမ်က္ေမွာင္ၾကဳံ႕ပီးျပန္ေျဖလိုက္တယ္ "မင္းကိုဂ႐ုစိုက္ေပးမယ္ဆိုတာက မင္းကိုအိမ္ျပန္ပို႔ေပးမယ္လို႔ေျပာခ်င္တာေလကြာ မင္းကိုေရကူခ်ိဳးေပးဖို႔ေတာ့မပါဘူး"

ကုရွင္ခၽြမ္းကသူ႔ကိုတစ္ခ်က္လွည့္ၾကည့္လာတယ္။ စုန္႔ရီေမးကိုသူကတင္းတင္းဖ်စ္လိုက္ပီး သူနဲ႔အတင္းမ်က္ႏွာခ်င္းဆိုင္ေစလိုက္တယ္။ ေရခ်ိဳးခန္းထဲကေရေငြ႕ေတြက စုန္႔ရီရဲ့မ်က္မွန္ေပၚမွာအေငြ႕ရိုက္ေနပီး သူ႔ရဲ့နဂိုေအးစက္စက္မ်က္လုံးေတြက ရီေဝေနပီး ဆြဲေဆာင္မွုကျပင္းထန္လွတယ္။

ေဖာ္ျပလို႔မရနိုင္ေလာက္ေအာင္လွုပ္လွုပ္ရွားရွားျဖစ္ေစတယ္။

ကုရွင္ခၽြမ္းကသူ႔ရဲ့မ်က္လုံးေတြကိုစကၠန္႔နည္းနည္းေလာက္ထပ္ၾကည့္လိုက္ပီး ေလွာင္လိုက္တယ္ "မင္းေဒါသထြက္ရင္ မိန္းကေလးနဲ႔တူတယ္"

ဒီစကားကစုန္႔ရီရဲ့ႏွလုံးသားကိုဓားနဲ႔ထိုးတာထက္နည္းနည္းေလးမွမေလ်ာ့ဘူး။ စုန္႔ရီဒီတစ္ႀကိမ္မွာေတာ့ ထပ္ပီးသည္းမခံနိုင္ေတာ့ဘူး။ သူကကုရွင္ခၽြမ္း​လက္ေတြကိုေဘးကိုခပ္ၾကမ္းၾကမ္းတြန္းထုတ္လိုက္ပီး မတ္တပ္ရပ္လိုက္တယ္ "ကုရွင္ခၽြမ္း မင္းငါ့ကိုတြန္းအားမေပးနဲ႔ သည္းခံတယ္ဆိုတာအတိုင္းအတာရွိတယ္ကြ"

အဲ့ဒါေျပာပီးသြားတဲ့အခါမွာ စုန္႔ရီကတံခါးကိုဖြင့္ပီး ေနာက္ကိုတစ္ခ်က္ေလးမွလွည့္ၾကည့္ျခင္းမရွိဘဲထြက္သြားခဲ့တယ္။

ကုရွင္ခၽြမ္းရဲ့ႏွုတ္ခမ္းေတြကအျပဳံးတစ္ခုျဖစ္တည္လာတယ္။ စုန္႔ရီ​ေဒါသထြက္တာကိုျမင္ရခဲတယ္။ သူ႔ကိုႏွစ္ေပါင္းမ်ားစြာသိပီးတာေတာင္ စုန္႔ရီေဒါသထြက္တာကိုအႀကိမ္အနည္းငယ္ပဲျမင္ဖူးတယ္။ စုန္႔ရီဒီလိုျဖစ္ေနတဲ့ပုံကိုသူသေဘာက်တယ္။ ဒီလိုအခ်ိန္ေတြမွာ စုန္႔ရီကပုံမွန္ထက္အမ်ားႀကီးပိုအသက္ဝင္ေနပီးေတာက္ပေနတာကို သူျမင္ေတြ႕ရတယ္။ အဲ့ဒီအခ်ိန္တိုင္းကိုသူဘယ္ေတာ့မွမေမ့ခဲ့ဘူး။

စုန္႔ရီဖုန္းထဲကနာရီကိုၾကည့္ေတာ့ ညကိုးနာရီေတာင္ရွိေနပီ။ သူကအိမ္ျပန္ဖို႔အဆင့္သင့္ျဖစ္ေနပီ "ေနာက္က်ေနပီ မင္းေကာင္းေကာင္းအနာယူလိုက္ပီး ငါအခ်ိန္ရရင္မင္းကိုေနာက္တစ္ခါလာေတြ႕မယ္"

'အခ်ိန္ရရင္'ဆိုတဲ့စကားကေယဘုယ်အားျဖင့္ 'အတိအက်မရွိတဲ့အခ်ိန္'ကိုေျပာတာနဲ႔ထပ္တူ​က်တယ္။

ကုရွင္ခၽြမ္းကသူ႔ဆံပင္ကိုပ်င္းပ်င္းရိရိသုတ္ရင္းေျပာလာတယ္ "ငါအခုထိဘာမွမစားရေသးဘူးေလ မင္းကအိမ္ျပန္ဖို႔အေလာတႀကီးျဖစ္ေနပီ"

စုန္႔ရီသူ႔ရဲ့ေဒါသေတြကိုဖိႏွိပ္ပီးေထ့ေငါ့ေျပာလိုက္တယ္ "ငါ့ေခြးေလးဗိုက္ဆါေနေလာက္ေနပီ ဒီအခ်ိန္ဆိုသူ႔ကိုအစာေကၽြးရတာ ငါအိမ္မျပန္လာရင္သူကေဘးနားကလူေတြကိုေလၽွာက္ကိုက္လိမ့္မယ္"

ဘယ္လိုလုပ္ ကုရွင္ခၽြမ္းကဒီစကားေတြကိုနားမလည္ပဲေနမလဲ။ သူကသူ႔ကိုညစ္ပတ္ပတ္အၾကည့္နဲ႔ေဘးတိုက္ၾကည့္လာတယ္ "မင္းေခြး႐ူးျပန္ကာကြယ္ေဆးထိုးထားသင့္တယ္ေနာ မဟုတ္ရင္ဘယ္လိုေသသြားလဲဆိုတာေတာင္မသိျဖစ္သြားလိမ့္မယ္"

စုန္႔ရီမ်က္လုံးေတြကက်ဥ္းေျမာင္းသြားေပမဲ့ သိမ္ေမြ႕တဲ့အမူအရာကိုဆက္ထိန္းထားတုန္းပဲ "ငါ့ကိုသတိေပးလို႔ေက်းဇူးပါ အိမ္ျပန္ေရာက္ေရာက္ခ်င္းေဆးထိုးလိုက္မယ္ အေကာင္းဆုံးေဆးကုသမွုက ႏွစ္ဆယ့္ေလးနာရီအတြင္းဆိုေတာ့ သိပ္ေတာ့မေနာက္က်ဘူးထင္ရတာပဲ"

ကုရွင္ခၽြမ္းသူ႔ႏွာေခါင္းကိုသူထိလိုက္တယ္။ ျပန္ပီးေျပာဖို႔ကက် စုန္႔ရီရဲ့ပါးစပ္အေၾကာင္းအထက္တန္းကတည္းကသိလာေတာ့လဲ ၿပိဳင္မေျပာနိုင္မွန္းသိတယ္။ စုန္႔ရီကႏွုတ္ခမ္းေလးကသာျပဳံးေနတာ သူ႔စကားေတြကဘယ္​ေတာ့မွာအညႇာ​မေပးဘူး။

"ထြက္သြားရင္ အဝင္ေပါက္ကပန္းပင္ေတြေရေလာင္းခဲ့အုံး" ကုရွင္ခၽြမ္း​ကေအးစက္စက္ေျပာပီး လွည့္ထြက္သြားတယ္။

မင္းကိုပါေရေလာင္းေပးမယ္ ကၽြက္ကၽြက္ဆူေနတဲ့ေရပူနဲ႔ကိုေလာင္းပစ္မယ္ဆိုပီး စုန္႔ရီစိတ္ထဲမွာေအာ္ဟစ္ေနတယ္။

စုန္႔ရီအိမ္ျပန္ေရာက္ေတာ့ ကိုးနာရီေတာင္ထိုးပီးသြားပီ။ စုန္႔ရီရဲ့အိမ္က Fifth Ring Road ရဲ့အျပင္မွာရွိပီး အခုေလာက္ထိေဈးေတြမျမင့္ခင္ႏွစ္အနည္းငယ္တုန္းကစုန္႔ရီဝယ္ထားတာ။

Imperial Capital ကၿမိဳ႕ခံလူေတြနဲ႔မတူဘဲ စုန္႔ရီရဲ့မိသားစုကတျခားၿမိဳ႕ကျဖစ္ပီး သူ႔မိဘေတြကလဲသာမန္လူေတြျဖစ္တယ္။ စုန္႔ရီကနၿမိဳ႕ရဲ့ ဒီလိုေနရာတစ္ခုမွာကိုယ္ပိုင္အိမ္ဝယ္နိုင္ျခင္းက သူ႔ရဲ့ေဆြမ်ိဳးေတြမိတ္ေဆြေတြအျမင္မွာ​ေတာ့ 'ေအာင္ျမင္တဲ့လူတစ္ေယာက္' လို႔သတ္မွတ္လို႔ရတယ္။

စုန္႔ရီကေရခ်ိဳး inhibitor ေလးထိုးပီး သူ႔ laptop ေလးယူပီး ဆိုဖာေပၚမွာပ်င္းပ်င္းရိရိထိုင္လိုက္တယ္။ သူက L Station ရဲ့ website ကိုဖြင့္လိုက္ေတာ့ သူ follow ထားတဲ့ list ထဲမွာ [ေျခတံရွည္ရွည္နဲ႔ေကာေကာ](*ေျခတံရွည္ႀကီးနဲ႔ေကာ္ရီး*) ဆိုတဲ့ ID က live stream လုပ္ေနတာကိုသူသတိျပဳမိသြားတယ္။

စုန္႔ရီစိတ္လွုပ္တရွားနဲ႔အဲ့တာကိုႏွိပ္လိုက္တယ္။

[ေျခတံရွည္ရွည္နဲ႔ေကာေကာ] ဆိုတာ စုန္႔ရီ follow လုပ္တဲ့ ပထမဆုံး UP master ျဖစ္တယ္။ လြန္ခဲ့တဲ့ႏွစ္ေတြတုန္း​က သူဇာတ္လမ္းတြဲေတြရိုက္တာကေန႐ုပ္ရွင္ဇာတ္ကားေတြရိုက္တဲ့ဘက္ကိုေျပာင္းေတာ့ စိတ္မသက္သာစရာျဖစ္ေစတဲ့ကိစၥေတြရွိလာတယ္။ အဲ့ဒီအခ်ိန္ေတြတုန္းအားတအားစိတ္ညစ္ရပီးဖိအားေတြလဲအရမ္းမ်ားတယ္။စုန္႔ရီကဖိအားေတြေလ်ာ့နည္းသြားဖို႔အတြက္ ေရပန္းစားေနတဲ့ဂိမ္းတစ္ခုကို ​download ဆြဲခဲ့တယ္။

ေျခတံရွည္ေကာေကာကလဲ ဒီဂိမ္းကိုကစားေနတာ။ သူကL Station ရဲ့​ရွားရွားပါးပါးေတာ္လြန္းတဲ့ anchor ျဖစ္တယ္။ သူ႔ရဲ့အသံကႏူးညံ့ေႏြးေထြးပီး သူ႔ရဲ့fan ညီအစ္ကိုအေပါင္းကို ပါးစပ္ႀကီးဟပီးသြားရည္တေတာက္ေတာက္က်ေအာင္ထိကိုစြမ္းေဆာင္နိုင္လြန္းတယ္။

ေနာက္ပိုင္းက် ဂိမ္းရဲ့ေရပန္းစားမွုကက်ဆင္းသြားတဲ့အခါမွာ​ေတာ့ ေျခတံရွည္ေကာေကာကလဲ ေတးဂီတဘက္ကိုေျပာင္းသြားတယ္။ သူကသီခ်င္းလဲဆိုနိုင္သလိုသံစဥ္ေတြလဲတီးခတ္တတ္တယ္။ guitar, bass, accordion အားလုံးသူတီးတတ္တယ္။ အဂၤလိပ္သီခ်င္း ျပင္သစ္သီခ်င္း ဂ်ပန္သီခ်င္း အဲ့တာေတြလဲသူဆိုတတ္တာပဲ။ သူ႔ရဲ့ talent ကပစိဖိတ္သမုဒၵရာႀကီးမွာစီးဆင္းေနတဲ့ေရေတြေလာက္ေပါမ်ားတယ္ဆိုပီးေတာင္မင္းေျပာလို႔ရတယ္။

​စုန္႔ရီဒီေျခတံရွည္ေကာေကာကိုအႀကိဳက္ဆုံးအခ်က္ကေတာ့ သူကအေတာ္ေလးေျဖာင့္မတ္လို႔ျဖစ္တယ္။ သူ႔ရဲ့ေျဖာင့္မတ္မွုက ဘယ္မွာအရိပ္ထင္ေနလဲဆိုေတာ့ သူကကုရွင္ခၽြမ္းရဲ့သီခ်င္းေတြကိုဘယ္ေတာ့မွမဆိုဘူး။ တကယ္ကိုတစ္ပုဒ္မွမဆိုတာ။ တစ္ခါတုန္းက fan တစ္ေယာက္က 10000 ကိုဆုအေနနဲ႔ေပးမယ္ ကုရွင္ခၽြမ္းရဲ့သီခ်င္းေလးတစ္ပုဒ္ဆိုေပးဖို႔ေတာင္းဆိုတာ ေျခတံရွည္ရွည္ေကာေကာကေစာက္ဂ႐ုကိုမစိုက္ဘူး။

ဘယ္ေလာက္ေတာင္ျမင့္ျမတ္ပီး ဂုဏ္ျပဳထိုက္ေသာအမ်ိဳးသားလဲ။ သူကေငြအတြက္နဲ႔ဘယ္ေတာ့မွာဦးမက်ိဳ႕ဘူး!

စုန္႔ရီသူ႔ကိုတကယ္သေဘာက်တယ္။ သူကေတးဂီတပိုင္းမွာရွိတဲ့ တျခားေတာ္တဲ့ UP master ေတြနဲ႔မတူဘူး။ ထိုသူေတြကေတာ့ ကုရွင္ခၽြမ္းရဲ့သီခ်င္းေလးတစ္ပုဒ္အသစ္ထြက္တာနဲ႔တီးတာကတာအစုံနဲ႔ ျပန္ဆိုၾကတာ စုန္႔ရီေခါင္းေတြေတာင္ကိုက္တယ္။

ဒါ့ေၾကာင့္မို႔စုန္႔ရီဟာ ေျခတံရွည္ရွည္နဲ႔ေကာေကာကို လက္ေဆာင္ေတြအမ်ားႀကီးေပးပီး သူ႔ရဲ့ fan အဖြဲ႕အစည္းထဲကအဖြဲ႕ဝင္တစ္ေယာက္ျဖစ္လာခဲ့တယ္။ ဒါကေတာ့ သူဘယ္လိုလုပ္ ေျခတံရွည္ေကာေကာနဲ႔ရင္းႏွီးသြားလဲဆိုေတာ့အေၾကာင္းေပါ့။

ဒီ​ေန႔မွာေျခတံရွည္ေကာေကာက စိတ္ခ်မ္းေျမ့စရာေကာင္းတဲ့သီခ်င္းတစ္ပုဒ္ကိုဆိုေနတယ္။ သူ႔အသံကိုတမင္သက္သက္ႏွိမ့္ပီဆိုးထားတာျဖစ္ေပမဲ့လဲ နားေထာင္လို႔ေကာင္းေနတုန္းပဲ။ အဲ့ဒါကေႏြရာသီမွာတိုက္ခတ္တဲ့ညေနခင္းေလေျပေလးက သူ႔ရဲ့ဆံပင္ေတြကိုတိုးေဝွ႕သြားသလိုမ်ိဳးနဲ႔ဆင္ဆင္တူတယ္။ သူ႔ရဲ့သီခ်င္းသံက အရာအားလုံးေပ်ာက္ကြယ္သြားတဲ့အတိုင္း စုန္႔ရီကိုတိတ္ဆိတ္တည္ၿငိမ္မွုေတြေပးစြမ္းတယ္။

သီခ်င္းနားေထာင္ပီးသြားတဲ့အခါမွာ စုန္႔ရီကမ်က္လုံးမွိတ္ပီး အံ့ဩစရာသံစဥ္ရဲ့လွပတဲ့အရသာထဲမွာ မူးယစ္ေနခဲ့တယ္။

အခုရက္ပိုင္းေတြအတြင္းမွာ စုန္႔ရီရဲ့ဘဝမွာအေျပာင္းအလဲေတြျဖစ္ခဲ့တယ္။ သူက alpha တစ္ေယာက္ကေန omega တစ္ေယာက္အျဖစ္ေျပာင္းလဲသြားခဲ့ရသလို သူ႔ရဲ့ၿပိဳင္ဘက္ႀကီး ကုရွင္ခၽြမ္းနဲ႔လဲျပန္ပတ္သက္ေနရျပန္တယ္။

သူ႔အသက္ႏွစ္ဆယ့္ေျခာက္ႏွစ္တာကာလပတ္လုံးမွာ တစ္ခါမွဒီလိုရွုပ္ေထြးမွုမ်ိဳးေတြမျဖစ္ခဲ့ဖူးဘူး။

ဒါေပမဲ့ စုန္႔ရီရဲ့စရိုက္ကပြင့္ပြင့္လင္းလင္းရွိပီး မေကာင္းတဲ့ခံစားခ်က္ေတြထဲမွာႏွစ္ျမႇုပ္မေနဘူး။ သူ omega တစ္ေယာက္ျဖစ္လာတယ္။ အဲ့ဒီအခ်က္ကို ေဒါသ​၊မေက်နပ္မွု၊ကိုယ့္ကိုယ့္ကိုျငင္းဆန္မွု စတာေတြကိုေျပာင္းလဲမေပးနိုင္ဘူး။ ဒါေတြကပိုပီးပဲဆိုးရြား​သြားေစနိုင္တယ္။

သူလုပ္နိုင္တဲ့အရာကေတာ့ လက္ခံလိုက္ဖို႔ပဲ။သူဒီဟာကို တည္တည္ၿငိမ့္ၿငိမ္နဲ႔ရင္ဆိုင္ပီး သူ႔ရဲ့ဂုဏ္ပုဒ္အသစ္ကိုက်င့္သားရဖို႔ႀကိဳးစားရမယ္။ ဒါေပမဲ့လဲသူ႔စိတ္ရဲ့ဟိုးေအာက္ဆုံးအပိုင္းမွာ​ေတာ့ စိတ္ဓာတ္က်မွုတခ်ိဳ႕ရွိေနတယ္။

စုန္႔ရီက ကီးဘုတ္ေပၚမွာသူ႔ရဲ့လက္ေခ်ာင္းေတြကလ်င္ျမန္စြားေျပးလႊားေနပီး screen ေပၚမွာေတာ့ ေျမာက္မ်ားစြာေသာစာေတြကတစ္ခုပီးတစ္ခုေပၚ ေပၚလာတယ္။

[Macbeth]: ကၽြန္ေတာ္အခုတေလာစိတ္အေျခအေနမေကာင္းလို႔ အစ္ကို 'Cheng Feng' ဆိုတာကိုနားေထာင္လို႔ရမလား?!

"Cheng Feng" ကေျခတံရွည္ေကာေကာရဲ့တစ္ခုတည္းေသာ original song ျဖစ္တယ္။ အဲ့ဒီသီခ်င္းကိုလြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းကတစ္ခါပဲဆိုခဲ့တယ္။ စုန္႔ရီကအဲ့ဒီေအးျမပီးတက္ႂကြတဲ့သံစဥ္ကိုႀကိဳက္ႏွစ္သက္တယ္။ဒါေပမဲ့ကံမေကာင္းစြာနဲ႔ပဲ အဲ့ဒီသီခ်င္းကို screen record လုပ္ထားတာတို႔ဘာတို႔ကိုအင္တာနက္မွာရွာလို႔မေတြ႕ခဲ့ဘူး။ ​ေျခတံရွည္ရွည္ေကာေကာရဲ့ႏွစ္ခ်ိဳ႕ fan ေတြကလဲ သူ 'Cheng Feng' ​ကိုေနာက္တစ္ႀကိမ္ျပန္ဆိုမွာကိုေမၽွာ္လင့္ေနၾကတယ္။

'Cheng Feng' သီခ်င္းထြက္လာဖို႔ေတာင္းဆိုမွုေတြက မီးရွုးမီးပန္းေတြေဖာက္သလိုလွပစြာေတာက္ပေနပီး ေပးပို႔တဲ့ လက္ေဆာင္ေတြကလဲ တစီတတန္းႀကီးျဖစ္တယ္။

"မင္းတို႔က 'Cheng Feng' ကိုနားေထာင္ခ်င္ၾကတာလား?" အစ္ကိုကသူ႔ရဲ့​ဩဇာရွိတဲ့ၿပိဳင္ဘက္ကင္းအသံနဲ႔ ဖြဖြေလးရယ္လာတယ္။ အဲ့ဒီအသံက microphone ကေနတဆင့္ျဖတ္ပီး တုန္ခါေနသလိုပဲ။

"ကၽြန္ေတာ္က 'Cheng Feng' ကိုမဆိုေပးနိုင္ဘူး" အစ္ကိုကခနေလာက္ရပ္ပီးဖြဖြေလးေျပာလာတယ္ " 'Cheng Feng' ကိုကၽြန္ေတာ္ရဲ့သူငယ္ခ်င္းတစ္ေယာက္အတြက္ေရးေပးခဲ့တာ သူ႔မွာခက္ခဲတဲ့အခ်ိန္ေတြရွိခဲ့တယ္ တစ္ေန႔မွာေတာ့သူကေလဟုန္ကိုစီးပီး ဆူးေျငႇာင့္ခလုတ္ေတြျဖတ္ေက်ာ္လို႔ သူ႔ရဲ့စစ္မွန္တဲ့ကိုယ္ပိုင္ဘဝရရွိဖို႔ကၽြန္ေတာ္ေမၽွာ္လင့္မိတယ္"

"သူလုပ္နိုင္တဲ့အဲ့ဒီတစ္ေန႔မွာ ကၽြန္ေတာ္ကဒီသီခ်င္းကိုအားလုံးကိုဆိုျပေပးပါ့မယ္"

ေျခတံရွည္ေကာေကာကတကယ္သိမ္ေမြ႕ပီး သူ႔သူငယ္ခ်င္းေတြအေပၚမွာတကယ္ေကာင္းတဲ့သူလို႔စုန္႔ရီေတြးလိုက္မိတယ္။

~~~~~~
Cheng Feng သီခ်င္းေလးကတကယ္ကို.....

မေျပာျပဘူး spoiler ႀကီးမို႔ 😂

Continue Reading

You'll Also Like

297K 45.5K 52
This is not my own story. It is fan translation. Credits to original author. Picture credits to original artist. Associated name- 穿成暴君的男妃 English n...
198K 18.6K 54
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
679K 83.3K 200
ရှန်ယန်ရှောင်(Zawgyi+Unicode)
3.5M 280K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...