Unicode
အခန်း(၁၅) - နှလုံးရောဂါ
ရှန်ကျစ်ရှန်းသည်မည်းမှောင်နေတဲ့ပင်လယ်ပြင်ထဲမှာမျောလွင့်နေသလိုမျိုးခံစားနေရသည်။
ရေကသူ့အပေါ်ကိုဖိချနေပြီးသူ့ကိုအသက်ရှုရခက်ခဲနေစေ၏။သူ့ရင်ဘက်မှာလည်းအပေါက်တစ်ခုဖြစ်ပေါ်နေသလိုမျိုးခံစားနေရပြီးအသက်ရှုဖို့အတွက်ရုန်းကန်လိုက်တိုင်းပြင်းထန်သောဝေဒနာအဖြစ်ပြောင်းလဲသွားလေသည်။
နောက်တစ်ကြိမ်ပဲထပ်သည်းခံလိုက်မယ်
ရှစ်ကျစ်ရှန်းကတော့သိပ်မကြာခင်ပဲသူရေထဲကိုနစ်မြှုပ်ပြီးသေရတော့မယ်ဟုတွေးမိသည်။
ပရမ်းပတာများဖြစ်နေဆဲအချိန်မှာသူ့အင်္ကျီလက်စကိုတစ်စုံတစ်ခုကလာထိသည်ကိုခံစားလိုက်ရသည်။မသိလိုက်စွာနဲ့ပဲသူ့လက်ခုံနဲ့ထိကြည့်လိုက်မိ၏။သူ့အင်္ကျီလက်ကိုတင်းကြပ်စွာဆွဲထားသည့်လက်သေးသေးလေးကထိရတာအေးစက်နေသည်။
ဘယ်သူလဲ....?
နာကျင်မှုကအနည်းငယ်လျော့ပါးသွားပြီးထိုလက်သေးသေးလေးအားအာရုံစိုက်နိုင်သည်အထိလုံလောက်သွားသည်။အဲ့ဒါကခုနှစ်နှစ်သို့မဟုတ်ရှစ်နှစ်လောက်သာရှိမည့်ကလေးတစ်ယောက်ရဲ့ပိန်ပါးသောခန္တာကိုယ်ဖြစ်ပုံပင်။
ထိုကလေးရဲ့လက်ကောက်ဝတ်ကသစ်ကိုင်းတစ်ချောင်းလိုပိန်ပါးသည်။ရှန်ကျစ်ရှန်းညင်သာစွာကိုင်လိုက်တော့သတိပြုလိုက်မိသည်မှာသွေးခုန်နှုန်းကဘယ်လောက်တောင်အားနည်းနေလဲဆိုတော့ဘယ်အချိန်မဆိုရပ်တန့်သွားနိုင်သကဲ့သို့ပင်ဖြစ်နေ၏။
သူ့ခန္တာကိုယ်ကနစ်မြှုပ်နေဆဲဖြစ်ပြီးအေးစက်တဲ့ပင်လယ်ရေများကသူ့ပတ်လည်မှာဝန်းရံပြီးဖိထားပုံရသည်။ရှန်ကျစ်ရှန်းကနာကျင်မှုများကိုသည်းခံနေရင်းဖြင့်ကောင်လေးအားဖက်ဖို့ကြိုးစားကာသူ့ကိုပါရေမျက်နှာပြင်ခေါ်သွားနိုင်ဖို့မျှော်လင့်နေမိသည်။ထိုအချိန်မှာပဲမှောင်မိုက်သောပင်လယ်ရေပြင်ထဲမှာအလင်းရောင်တစ်ခုတောက်ပလာပြီးကလေးရဲ့မျက်နှာပေါ်ကျရောက်သွားသည်။
ရှန်ကျစ်ရှန်းသည်သူဆုပ်ကိုင်ထားတဲ့လူကိုငုံ့ကြည့်လိုက်မိ၏။
ရန်ကျင်း?!!
ထိုမျက်နှာကရှင်းရှင်းလင်းလင်းကိုရန်ကျင်းပင်ဖြစ်သည်။မဟုတ်သေးဘူးဒါကရန်ကျင်းကလေးဘဝတုန်းကဖြစ်လိမ့်မလား?
သူကအလွန်အံံအားသင့်သွားတာကြောင့်လှုပ်ရှားဖို့ပင်မေ့သွားသည်။ရုတ်တရက်,ကလေးရဲ့မျက်လုံးများကပွင့်လာပြီးအနီရောင်မျက်စံတစ်စုံကသူ့ကိုအေးစက်စက်စိုက်ကြည့်နေသည်။မူလကသူ့အင်္ကျီလက်စကိုကိုင်ထားတဲ့လက်များသည်လည်းအခုတော့သူ့လည်မျိုရှိရာသို့တိတ်တဆိတ်တက်လာ၏။
"ဆရာ...." အေးစက်တဲ့အသံကသူ့နားထဲသို့တိုးဝင်လာသည်မှာကလေးရဲ့အသွင်အပြင်ကဲ့သို့ပင်ဂရုမစိုက်မှုများပြည့်နှက်နေသည်။
"ဒါကခင်ဗျားကျွန်တော့ကိုပေးခဲ့တဲ့ဝိဉာဏ်မြစ်အတွက်ပဲ"
ရှန်ကျစ်ရှန်းကအံ့အားသင့်သွားမိသည်။သူ့နှုတ်ခမ်းများကတုန်ယင်နေပြီးစကားပြောချင်ပါသော်လည်းသူ့လည်မျိုပေါ်မှလက်များကတင်းကြပ်လာကာသူ့စကားလုံးများကိုဖြတ်ချပစ်လိုက်သည်။
သူမေ့လုနီးပါးဖြစ်နေတဲ့ညအိမ်မက်ဆိုးမြင်ကွင်းများကသူ့အသိစိတ်ထဲတကြော့ပြန်ဝင်လာပုံပင်။ရှန်ကျစ်ရှန်းရဲ့လည်ပင်းကတင်းတင်းကြပ်ကြပ်ညှစ်ခံထားရပြီးသူ့ရင်ဘက်ကနာကျင်မှုကအသက်ရှုကျပ်မှုနဲ့အတူပိုမိုပြင်းထန်လာတာကြောင့်သူ့မြင်ကွင်းတစ်ခုလုံးမှောင်မိုက်လာသည်။
"ဟင့်အင်း....ဟင့်အင်း..." သူကပြတ်တောင်းပြတ်တောင်းဖြစ်နေတဲ့စကားလုံးများကိုအတင်းဖြစ်ညှစ်ထုတ်နေမိသည်။
"ဟင့်အင်း.....ငါ...အာ့!"
'ဗွမ်း'ဆိုတဲ့အသံတစ်ခုနဲ့အတူရှန်ကျစ်ရှန်းသည်နွေးထွေးတဲ့ရင်ခွင်တစ်ခုနဲ့အတူရေထဲမှတိုးထွက်နိုင်သွားသည်။သူ့ပတ်ဝန်းကျင်ကဖိအားများသည်လည်းချက်ချင်းလျော့ကျသွားပြီးသူ့လည်ချောင်းသည်လည်းတင်းကြပ်နေသလိုမခံစားရတော့ပေ။လက်တစ်ဖက်ကသူ့ကိုကိုင်ပေးထားတဲ့လူအားဆုပ်ကိုင်ထားပြီးတစ်ချိန်တည်းမှာပင်သူ့ခေါင်းကိုဘေးတစ်ဘက်သို့စောင်းလိုက်ကာသွေးစများပါဝင်နေသည့်ရေများကိုထွေးထုတ်၏။
သူ့ရှေ့မှာမြူဆိုင်းသလိုအလွှာပါးပါးတစ်ခုရှိနေသည်။သူကအသက်ကိုအလုအယက်ရှုနေရင်းဖြင့်သူ့မျက်လုံးများထဲကအကြည့်ကကြောက်ရွံ့တုန်လှုပ်နေကာသူ့ခန္တာကိုယ်ကပင်ထိန်းချုပ်မရလောက်အောင်တုန်ယင်နေသည်။သူကထပ်ခါတလဲလဲစကားတစ်ခွန်းကိုသာပြောနေသည်။
"အဲ့ဒါငါမဟုတ်ဘူး.....ငါမလုပ်ဘူး......"
ရန်ကျင်းရဲ့လက်မောင်းထဲကထိုအမျိုးသားဟာသနားစရာကောင်းသလိုအလွန်လည်းကျိုးပဲ့လွယ်နေသည်။
ရှန်ကျစ်ရှန်းရဲ့ခန္တာကိုယ်တည်ဆောက်ပုံကနဂိုကတည်းကသွယ်လျပြီးဘယ်လောက်စားစားအဆီမတတ်တဲ့သူမျိုးဖြစ်သည်။ထိုအချိန်မှာအတိတ်တုန်းကပိန်ပါးလှတဲ့ဝါးချောင်းလေးကတော့သန်မာပြီးတောင့်တင်းလှတဲ့လူငယ်တစ်ဦးအဖြစ်ကြီးပြင်းလာခဲ့သည်။
ရန်ကျင်းသည်ရှန်ကျစ်ရှန်းသူ့ကိုမှီထားတဲ့အချိန်မှာနားလည်လိုက်သည်ကသူ့ခါးသည်အလွန်သွယ်လျလွန်းနေပြီးလက်တစ်ဖက်တည်းနဲ့တင်ဖက်ထားလို့ရနေသည်ကိုပင်။
ရှန်ကျစ်ရှန်းကသိသိသာသာကိုအပြည့်အဝမနိုးသေးပေ။သူ့ခေါင်းကရန်ကျင်းရဲ့ပုခုံးပေါ်မှာအားနည်းဖျော့တော့စွာမှီနေပြီးသူ့မျက်နှာကဖြူဖျော့လွန်းတာကြောင့်သူ့ရဲ့ကောင်းမွန်ပြီးပါးလွှာတဲ့အသားအရေအောက်ကအပြာရောင်သွေးပြန်ကြောလေးများကိုပင်ရန်ကျင်းမြင်နေရသည်။မရေမရာသည့်စကားလုံးများကိုရေရွတ်နေရင်းဖြင့်ရှန်ကျစ်ရှန်းကရန်ကျင်းရဲ့ကော်လံအားလက်တစ်ဖက်နဲ့ဆွဲထားသည်။
သူ့ရဲ့အတွင်းဝတ်ကရေနဲ့စိုရွှဲနေတာကြောင့်စိုနေတဲ့အဝတ်သားကသူ့အသားမှာကပ်နေသည်။လှုပ်ရွနေတဲ့ရလဒ်ကြောင့်သူ့အဝတ်အားလုံးကရှုပ်ပွနေပြီးကော်လာကအထဲမှနူးညံ့သိမ်မွေ့သောကျောက်စိမ်းကဲ့သို့ညှပ်ရိုးလေးကိုမြင်ရနိုင်သည်အထိပွင့်ဟနေ၏။
ရန်ကျင်းကသူ့မျက်လုံးများကိုအောက်နှိမ့်လိုက်ပြီးသူ့လက်မောင်းကြားထဲကလူကိုကြည့်နေကာသူ့အကြည့်ကဘာမှန်းနားမလည်နိုင်ပေ။
ရှောင်းချောင်ယကဘေးတစ်ဖက်မှာရပ်နေပြီးရန်ကျင်းကသူ့လက်မောင်းကြားထဲကလူကိုတစ်ချက်ကြည့်ပြီးတာနဲ့ခေါင်းလှည့်လာပြီးထိုမြက်ညွှန်ပေါက်လေးကိုဂရုမထားသည့်အကြည့်ဖြင့်ထပ်ကြည့်လာအားကြည့်နေမိသည်။ထိုအကြည့်တစ်ချက်ကရေခဲလိုအေးစက်နေပြီးသူ့မျက်စံရဲ့အနက်ရှိုင်းဆုံးနေရာမှာတော့အနီရောင်တစ်စရှိနေသည်။
ထိုအကြည့်ကြောင့်ရှောင်းချောင်ယကအံ့အားသင့်သွားပြီးချက်ချင်းလှဲချလိုက်ကာသေချင်ယောင်ဆောင်နေလိုက်တော့၏
ရန်ကျင်းကတော့ဂရုမစိုက်ဟန်နဲ့သူ့လက်မောင်းကြားထဲလူကိုသယ်လိုက်ပြီးမြက်ညွှန်ပေါက်စလေးကိုလစ်လှုရှုကာထွက်ခွာသွားသည်။
သူတို့အိမ်ကိုပြန်ရောက်သည့်တိုင်အောင်ရှန်ကျစ်ရှန်းကသတိလစ်နေဆဲပင်။သူ့နှလုံးရောဂါကအရင်ကထက်ဆိုးဝါးသွားပြီပြန်နေတဲ့လမ်းတစ်ဝက်မှာနောက်ဆုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။
အေးစက်တဲ့လေများရဲ့အအေးဓာတ်ကြောင့်ရန်ကျင်းရဲ့မျက်စံများကသာမာန်ပုံစံသို့ပြန်ပြောင်းလဲနေပြီဖြစ်ပြီးသူ့ခန္တာကိုယ်ပေါ်မှအေးခဲရက်စက်သည့်အရှိန်အဝါများလည်းပျက်ပျယ်နေပြီဖြစ်သည်။
သူကရှန်ကျစ်ရှန်းရဲ့ကိုယ်ပေါ်သို့သန့်ရှင်းသည့်နည်းစနစ်အနည်းငယ်ကိုတိတ်တဆိတ်အသုံးပြုလိုက်ပြီးသူ့အဝတ်များအားခြောက်သွေ့၍သန့်ရှင်းသွားစေကာထူထဲသည့်စောင်နဲ့ဖုံးအုပ်ပေးလိုက်ပြီးခဏလောက်စိုက်ကြည့်နေပြီးမှတိတ်တဆိတ်ထွက်ခွာသွားသည်။
သူထွက်သွားသည်နှင့်တစ်ပြိုင်နက်ရှန်ကျစ်ရှန်းရဲ့မျက်လုံးများပွင့်လာသည်။သူ့မျက်နှာပေါ်မှာသူ့ရဲ့ပင်ပန်းနွမ်းနယ်မှုများကိုပြသနေသေးသော်လည်းသူ့မျက်လုံးများကတော့ကြည်လင်ပြီးကြောက်ရွံမှုများပြည့်နှက်နေသည်။
သိပ်မကြာခင်တုန်းကရေပူစမ်းမှာ...ရန်ကျင်းကသူ့ကိုသတ်ချင်နေခဲ့တယ်
အသက်ရှုကျပ်သွားတဲ့ခံစားချက်ကနှလုံးရောဂါကြောင့်မဟုတ်ပဲရန်ကျင်းကသူ့လည်မျိုကိုညှစ်ထားလို့ပဲ..
အဲ့ဒီ'ရန်ကျင်းအသေးလေးက'သူ့လည်မျိုကိုညှစ်နေတဲ့အချိန်မှာပေါ်လာတဲ့စိတ်အာရုံခြောက်ခြားမှုပဲဖြစ်လိမ့်မယ်
ရှန်ကျစ်ရှန်းသည်ခဏလောက်ထိအေးခဲနေမိပြီးသူ့နှလုံးသားထဲမှာတော့အေးစက်မှုကိုသာခံစားနေရသည်။
သုံးနှစ်တောင်ကျော်လွန်သွားခဲ့ပြီ...ဒါပေမဲ့ရန်ကျင်းကဒါကိုလက်မလွှတ်နိုင်သေးဘူးပဲ
အကယ်၍တကယ်ပဲဒီလိုဆိုရင်ရှန်ကျစ်ရှန်းအနေနဲ့ဒီလူအပေါ်မှာသူ့လက်ကိုဖယ်ရှားပစ်ချင်ပြီ..ရန်ကျင်းကကိစ္စကိုလက်မလွှတ်နိုင်ဘူးဆိုမှတော့သူဒီလူရဲ့အဝေးမှာပုန်းကွယ်နေသင့်တာများလား?
ထိုအတွေးကိုတွေးနေရင်းဖြင့်ချက်ချင်းပင်တစ်စုံတစ်ခုအားစဉ်းစားမိသွားသည်။ဒီတစ်ခေါက်နှလုံးသားနာကျင်မှုကြောင့်သူ့ခေါင်းကအတော်လေးတုန်လှုပ်သွားပြီးနောက်ဆုံးမှာသူစာအုပ်ကိုဖတ်တုန်းကတွေ့ခဲ့တဲ့အလွန်သေးငယ်တဲ့အသေးအဖွဲလေးတစ်ခုကိုအမှတ်ရသွားသည်။
ရှင်းနေတာကအချိန်ကြာလာသည်နှင့်အမျှနှလုံးဖောက်တာကမကြာခဏဖြစ်လာတာပဲ.....ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင်ဒီခန္တာကိုယ်ကလုံးဝပျက်စီးပြိုလဲသွားပြီးသေဆုံးရလိမ့်မယ်
မူလရှန်ကျစ်ရှန်းကအမျိုးမျိုးသောရှေးခေတ်စာပေများကိုစစ်ဆေးလေ့လာခဲ့ပြီးမရေမတွက်နိုင်တဲ့နေရာမျိုးစုံကိုလူတွေပို့ခဲ့ကာနောက်ဆုံးသူမျှော်လင့်ချက်ရောင်ခြည်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်လေ။
ငါးအကြေးခွံ
ရှေးဟောင်းငါးနတ်ဆိုးရဲ့ပြောင်းပြန်အကြေးခွံကလူသားတွေရဲ့အရိုးနဲ့အသားတွေကိုပြန်လည်ပြုပြင်နိုင်စွမ်းရှိပြီးသူ့နှလုံးဒဏ်ရာကိုလည်းကုသနိုင်တယ်..
ဒါပေမဲ့အဲ့ဒီရှေးဟောင်းငါးနတ်ဆိုးကရှာတွေ့ဖို့မလွယ်ကူလှဘူး...တကယ်တော့သူ့တည်ရှိမှုကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီလောက်ကတည်းကမကြားခဲ့ရတော့တာပင်
မူလကိုယ်ပိုင်ရှင်အနေနဲ့ကူကယ်ရာမဲ့မှုပဲကျန်ရစ်ခဲ့ရတယ်..ဒါပေမဲ့လက်ရှိရှန်ကျစ်ရှန်းကတော့အဲ့ဒီအကြေးခွံကိုဘယ်မှာရှာရမလဲသိလေတယ်
စာအုပ်ထဲကအတိုချုပ်ဖော်ပြချက်အရရန်ကျင်းကရှေးဟောင်းလျို့ဝှက်နယ်မြေထဲကိုမဝင်ခင်အထိနတ်ဆိုးမဖြစ်ခဲ့ဘူး..အဲ့ဒီမှာသူကရှေးဟောင်းငါးနတ်ဆိုးရေသူတစ်ကောင်နဲ့တွေ့ဆုံခဲ့ပြီးပြောင်းပြန်အကြေးခွံကိုရယူနိုင်ခဲ့တယ်...
နောက်ပိုင်းမှာရန်ကျင်းကအဲ့ဒီပြောင်းပြန်အကြေးခွံကိုဒဏ်ရာရထားတဲ့အမျိုးသမီးအသံကျင့်ကြံသူအားလှုဒါန်းခဲ့သည်လေ။ရန်ကျင်းကသူ့ရဲ့နတ်ဆိုးချီကိုလုံးဝအပြည့်အစုံပေါင်းစည်းနိုငတဲ့အချိန်မှာသူမကသူမရဲ့ဆရာကိုပြင်းပြင်းထန်ထန်ပုန်ကန်ခဲ့ပြီးရန်ကျင်းနဲ့ပူးပေါင်းကာသူ့ရဲ့အကောင်းဆုံးထောက်ပံ့ပေးသူဖြစ်လာခဲ့သည်။
....သူမကအမျိုးသမီးဇာတ်လိုက်အဖြစ်တောင်သံသယဝင်ခံခဲ့ရတာ
ဒါကသီအိုရီတစ်ခုပဲဖြစ်ခဲ့ရခြင်းကတော့စာအုပ်ရဲ့အဆုံးပိုင်းရန်ကျင်းမသေခင်အထိသူဟာယောကျာ်းလေးဒါမှမဟုတ်မိန်းကလေးတစ်ယောက်နဲ့အတူတူရှိချင်တဲ့ဖော်ပြချက်တစ်စုံတစ်ရာမရှိခဲ့လို့ပင်။
ရှန်ကျစ်ရှန်းကသက်ပြင်းချသည်။အကယ်၍သူသာရန်ကျင်းနဲ့ကောင်းတဲ့ဆက်ဆံရေးလေးရှိမယ်ဆိုရင်ဖြစ်နိုင်တာ...ဒါဆိုသူလည်းရန်ကျင်းဆီကအဲ့ဒီငါးအကြေးခွံနည်းနည်းလောက်လေးပဲဖြစ်ဖြစ်တောင်းလို့ရမှာ..ဒါပေမဲ့ကံမကောင်းတာက.....
သူကထိုအမျိုးသမီးအသံကျင့်ကြံသူကဘယ်သူလဲဆိုတာကိုကြိုးကြိုးစားစားနဲ့သတိရအောင်လုပ်နေမိသည်။လက်ရှိလူသိများတဲ့အသံကျင့်ကြံဂိုဏ်းကချန်ယင်စံအိမ်ပဲ...
ရှန်ကျစ်ရှန်းကသူ့ဘာသာသူစဉ်းစားမိသည်မှာအကယ်၍သူရန်ကျင်းကိုသူ့ရဲ့အနာဂတ်ဇနိးလောင်းလေးကိုလိုက်ဖို့ကူညီပေးလိုက်လို့ရှိရင်ရန်ကျင်းများသူ့ကိုခွင့်လွှတ်လာနိုင်မလားဟု...
ရှန်ကျစ်ရှန်းသည်ထိုအတွေးအားထည့်သွင်းစဉ်းစားရင်းဖြင့်ရန်ကျင်းနဲ့ထိုအမျိုးသမီးအသံကျင့်ကြံသူတို့အကြောင်းအားအချိန်အကြာကြီးအလေးအနက်တွေးတောနေမိသည်။နောက်ဆုံးတော့ဘာဆက်လုပ်ရမှန်းမသိတော့ပဲသက်ပြင်းသာချမိတော့သည်။
မောပန်းနွမ်းနယ်သည့်ခံစားချက်ကတက်လိုက်ကျလိုက်ဖြစ်နေတာကြောင့်ထပြီးအဝတ်လဲဖို့စဉ်းစားမနေတော့ပဲအိပ်ယာပေါ်မှာလူးလှိမ့်နေရင်းဖြင့်ပင်မကြာခင်အိပ်ပျော်သွားတော့လေသည်။
......
ရှန်ကျစ်ရှန်းရဲ့ခန္တာကိုယ်ကရေပူစမ်းမတော်တဆဖြစ်ပြီးကတည်းကပိုလို့သာဆိုးရွားလာသည်။
လအနည်းငယ်အတွင်းနှလုံးထဖောက်မှုကအကြိမ်များစွာထပ်တလဲလဲဖြစ်နေပြီးတစ်ခုကနောက်တစ်ခုထက်ပိုလို့သာပြင်းထန်လာတာကြောင့်တစ်ကိုယ်လုံးကပိန်သထက်ပိန်ပါးလာသည်။
သို့သော်လည်းအကြီးအကဲနှစ်ယောက်ကသူ့ကိုကူညီပြီးဖုန်းကွယ်ပေးထားတာကြောင့်ရှန်ကျစ်ရှန်းကထိုကိစ္စအားလူသိများမကျယ်ပြန့်သွားအောင်ဖုန်းထားနိုင်သည်။စုန့်မင်းကိုယ်တိုင်တောင်သူကဆောင်းရာသီမှာဒီအတိုင်းပျင်းရိနေပြီးအဲ့ဒီအကြောင်းအရင်းကြောင့်လည်းအချိန်အတော်ကြာသည်အထိအပြင်မထွက်လာဘူးဟုသာတွေးသည်။
စတုတ္ထအကြီးအကဲကရှန်ကျစ်ရှန်းအားသူ့ဝိဉာဏ်စွမ်းအင်အသုံးပြုမှုကိုတားမြစ်ထားတာကြောင့်သူကတစ်နေကုန်အိမ်ထဲမှာပဲနေပြီးနွေးထွေးတဲ့အခင်းအကျင်းကြောင့်အိပ်ပဲအိပ်ငိုက်နေသည်။နေ့တိုင်းမှာသူတော့မကြာခင်ပျက်စီးနေတဲ့မှိုဖြစ်တော့မယ်လို့ရေရွတ်နေသည်။
"အိုး,ဒီကလေးအတွက်ဘာပြောစရာရှိမှာလဲ" စတုတ္တအကြီးအကဲကရှန်ကျစ်ရှန်းရဲ့ပါးစပ်ထဲဆေးလုံးထည့်ပေးလိုက်ရင်းဆက်ပြောသည်။
"အကယ်၍မင်းမှိုဖြစ်သွားရင်တောင်မင်းကကြည့်လို့အကောင်းဆုံးမှိုဖြစ်မှာပဲဟာ"
ရှန်ကျစ်ရှန်းကမကြိုက်တဲ့ဆေးကိုဝါးနေရင်းသူ့မျက်နှာတစ်ခုလုံးကသူ့ပါးစပ်ထဲဝင်လာတဲ့ခါးသက်သောအရသာကြောင့်ရှုံ့တွနေသည်။ခဏတာလောက်အချိန်ကုန်ဆုံးပြီးနောက်မှာသူကပြောလာသည်။
"စတုတ္ထဆရာဦးလေး,နောက်တစ်ခေါက်ဆိုဆေးထဲမှာသကြားလေးနည်းနည်းလောက်ထည့်ပေးလို့ရမလား?"
စတုတ္တအကြီးအကဲကသူ့ကိုစိုက်ကြည့်သည်
"ဆေးကောင်းတွေပဲအရသာခါးတာနားလည်လား!မင်းလည်းအကြီးအကဲတစ်ယောက်ပဲလေ,ကလေးသေးသေးလေးမှမဟုတ်တာ..ဘာလို့ကလေးတစ်ယောက်လိုမျိုးခံစားရမှာကိုအရမ်းကြောက်နေရတာလဲ....မင်းတပည့်တောင်မှအဲ့ဒီဆေးတွေအများကြီးကိုမကျေမနပ်သံတစ်ခုလေးတောင်မထွက်ပဲဝါးစားနေတာကိုမင်းကတော့အရမ်းတိုင်ကြားမှုတွေများတာပဲ"
စတုတ္တအကြီးအကဲကဆေးလုံးသန့်စင်တဲ့နေရာမှာအလွန်ကျွမ်းကျင်ပြီးထိရောက်မှုရှိသည့်ဆေးများသန့်စင်ရာမှာအတော်လေးတော်လှသည်။သူ့ရဲ့တစ်ခုတည်းသောဆိုးဝါးတဲ့အချက်ဟာအညစ်အကြေးများကဆေးရဲ့အကျိုးသက်ရောက်မှုကိုထိခိုက်စေနိုင်တာကြောင့်မူလဆေးအရသာအားဘယ်လိုနည်းလမ်းနဲ့မဆိုထိန်းသိမ်းထားသင့်တယ်လို့ယုံကြည်နေခြင်းပင်။ရလဒ်ကတော့ရှန်ကျစ်ရှန်းမှာထိုခါးသက်လှတဲ့ဆေးများကိုလအနည်းငယ်လောက်စားခဲ့ရတာကြောင့်သူ့ခန္တာကိုယ်ကပုန်ကန်ဖို့တောင်အဆင်သင့်ဖြစ်နေပြီ။
စတုတ္တအကြီးအကဲကထူးဆန်းတဲ့ပုံစံနဲ့ထူးဆန်းတဲ့အနံ့ရှိတဲ့ဆေးတစ်လုံးကိုထုတ်လာသည်။ရှန်ကျစ်ရှန်းကစိတ်ပျက်အားငယ်စွာနဲ့မျက်လုံးကိုမှိတ်ထားလိုက်ပြီးတကယ်ပဲသေတော့မယ့်အတိုင်းပါးစပ်ထဲပစ်ထည့်လိုက်ကာမျက်ရည်တွေနဲ့ဝါးနေသည်။
"စတုတ္ထဆရာဦးလေး,ဦးလေးဆီမှာဆဌမအဆင့်ကိုတက်တဲ့အချိန်ဝိဉာဏ်မြစ်ကိုကူညီပြီးစောင့်ရှောက်ပေးနိုင်မယ့်ထူးဆန်းအံ့သြဖွယ်ဆေးများရှိသေးလား?"
"အင်း,မင်းရဲ့အဲ့ဒီတပည့်လေးကိုပေးချင်ပြန်ပြီလား?"
ရှန်ကျစ်ရှန်းကပါးစပ်အပြည့်ခါးသက်မှုများအားမျိုချလိုက်ပြီးရေနှစ်ခွက်လောက်တစ်ပြိုက်နက်တည်းသောက်လိုက်ပြီးမှပြန်ဖြေသည်။
"ဟုတ်တယ်,အဲ့ဒါရန်ကျင်းအတွက်..သူကအဆင့်တက်ခါနီးလေးဖြစ်နေတာကိုကျွန်တော်သတိထားမိလို့"
"——တက်ဦးမယ်?!" အကြီးအကဲကအသက်ကိုပြင်းပြင်းရှုလိုက်ပြီးမယုံမကြည်နိုင်ဖြစ်နေသည်။
"အခုမှနှစ်အနည်းငယ်ပဲရှိသေးတာကိုသူကဆဌမအဆင့်ဆီတက်ခါနီးဖြစ်နေပြီပေါ့လေ?မင်းရဲ့ပညာသင်လေးရဲ့အရည်အချင်းကမင်းထက်တော့မနိမ့်ဘူးပဲ!"
ပေါက်ကရေတွေ,ဒါကဇာတ်လိုက်လေ!
ရှန်ကျစ်ရှန်းကရယ်မောလိုက်ရင်းထိုကိစ္စအားမှတ်ချက်မပေးတော့ပေ။
သူကလက်ကိုဖြန့်လိုက်သည်။
"စတုတ္ထဆရာဦးလေး,ကျွန်တော့ကိုဆေးနှစ်လုံးလောက်ပေးရင်ရောဘယ်လိုလဲကျွန်တော်ပြန်ပေးပါ့မယ်"
စတုတ္ထအကြီးအကဲကရယ်မောရင်းဖြင့်သဘောကောင်းစွာပင်နောက်နေသည်။
"မင်းတပည့်ကိုပဲအာရုံစိုက်နေစမ်းပါကွာ"
ဝိဉာဏ်ဆေးလုံးများကိုပေးပြိးနောက်သူကရပ်တန့်သွားသည်။
"မင်းရဲ့နှလုံး....လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကဆေးစာတစ်ခုရှာတွေ့ထားတယ်"
ခဏလောက်တွန့်ဆုတ်နေပြီးမှသူကထပ်ပေါင်းပြောသည်။
"ကံမကောင်းစွာနဲ့,အဲ့ဒါကမင်းကိုနည်းနည်းလောက်ပဲသက်သာစေမှာမင်းကိုမကုပေးနိုင်ဘူး,မင်း..."
ရှန်ကျစ်ရှန်းကသူ့မျက်ခုံးကိုခပ်ဖွဖွလှုပ်လိုက်ရင်းသဘာဝကျကျအေးအေးဆေးဆေးပဲပြုံးလေသည်။
"ဒါကတင်အတော်လေးကောင်းနေပါပြီ..ကျေးဇူးတင်ပါတယ်စတုတ္ထဆရာဦးလေး,ကျွန်တော်ဦးလေးကိုအလုပ်များစေမိပြီ...ကျွန်တော်တွက်ချက်မှုတစ်ချို့လုပ်ပြီးပါပြီ,ပြီးရင်အချိန်တစ်ချို့လောက်တော့ထွက်သွားမယ်"
သူကတမင်တကာအသံကိုလျော့ချလိုက်ပြီးစတုတ္ထအကြီးအကဲကသူပြောလို့မပြိးသေးခင်မှာပင်သဘောမတူတဲ့ပုံစံဖြစ်နေသည်ကိုသတိပြုမိသည်။
"စတုတ္ထဆရာဦးလေး,ကျွန်တော့ရဲ့ကိုယ်ပိုင်အကန့်အသတ်ကိုသိပါတယ်" ထိုစကားကိုပြောပြီးနောက်ရှန်ကျစ်ရှန်းကနူးညံံစွာဖြင့်တီးတိုးပြောသည်။
"ပြီးတော့လည်းကျွန်တော့မှာအားကျင်းရှိတာပဲလေအဲ့ဒါကြောင့်ဘာမှဖြစ်မှာမဟုတ်ပါဘူး"
စတုတ္တအကြီးအကဲကခဏလောက်တွန့်ဆုတ်နေပြီးမှနောက်ဆုံးတော့ခေါင်းညိတ်လိုက်သည်။သက်ပြင်းတစ်ခုနဲ့အတူသူကပြော၏။
"မင်းရဲ့တပည့်...သူကသိပ်မဆိုးပါဘူး...သူကမင်းနဲ့အတူတူရှိနေမယ်ဆိုတော့ငါပိုပြီးစိတ်သက်သာရာရသွားပြီ...ထွက်သွားခြင်းကမင်းကိုမကျေနပ်မှုတစ်ချို့ပေးလိမ့်မယ်...ပြန်လာဖို့သာမမေ့နဲ့"
ရိုးသားဖြောင့်မတ်ပြီးကြင်နာတတ်တဲ့လူလတ်ပိုင်းကြီးရဲ့မျက်နှာမှာကြင်နာပြီးသည်းခံတတ်သည့်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
"ပြီးတော့လည်းစီနီယာအကို့ဆီမှာကျန်တာမင်းတစ်ယောက်ပဲရှိတော့တာ"
ရှန်ကျစ်ရှန်းကခံစားသွားရသည်။သူကဂရုတစိုက်နဲ့ကျေးဇူးတင်လေးမြတ်ကြောင်းကိုအသံတစ်ချက်သာပြုလိုက်သည်။
သိသာတာတော့အကယ်၍တစ်ခုခုဖြစ်သွားမယ်ဆိုရင်အဲ့ဒါကရန်ကျင်းလက်ထဲမှာပဲဖြစ်မှာ!
ဒါပေမဲ့သေချာပေါက်,အဲ့ဒီအကြောင်းအရင်းကပြောလို့မရဘူးလေ။
ရှန်ကျစ်ရှန်းရဲအတွင်းကျဆုံးနှလုံးသားနေရာလေးကစတင်ပြီးငိုကြွေးလာမိသည်။ထို့နောက်စတုတ္တအကြီးအကဲထွက်သွားပြီးနောက်မှာသူကဝမ်းနည်းကြေကွဲစွာဖြင့်အိပ်ယာပေါ်ပြန်တွယ်တက်သွားတော့၏။
======================
Zawgyi
အခန္း(၁၅) - ႏွလံုးေရာဂါ
ရွန္က်စ္ရွန္းသည္မည္းေမွာင္ေနတဲ့ပင္လယ္ျပင္ထဲမွာေမ်ာလြင့္ေနသလိုမ်ိဳးခံစားေနရသည္။
ေရကသူ႔အေပၚကိုဖိခ်ေနၿပီးသူ႔ကိုအသက္ရႈရခက္ခဲေနေစ၏။သူ႔ရင္ဘက္မွာလည္းအေပါက္တစ္ခုျဖစ္ေပၚေနသလိုမ်ိဳးခံစားေနရၿပီးအသက္ရွဳဖို႔အတြက္႐ုန္းကန္လိုက္တိုင္းျပင္းထန္ေသာေဝဒနာအျဖစ္ေျပာင္းလဲသြားေလသည္။
ေနာက္တစ္ႀကိမ္ပဲထပ္သည္းခံလိုက္မယ္
ရွစ္က်စ္ရွန္းကေတာ့သိပ္မၾကာခင္ပဲသူေရထဲကိုနစ္ႁမွဳပ္ၿပီးေသရေတာ့မယ္ဟုေတြးမိသည္။
ပရမ္းပတာမ်ားျဖစ္ေနဆဲအခ်ိန္မွာသူ႔အက်ႌလက္စကိုတစ္စံုတစ္ခုကလာထိသည္ကိုခံစားလိုက္ရသည္။မသိလိုက္စြာနဲ႔ပဲသူ႔လက္ခံုနဲ႔ထိၾကည့္လိုက္မိ၏။သူ႔အက်ႌလက္ကိုတင္းၾကပ္စြာဆြဲထားသည့္လက္ေသးေသးေလးကထိရတာေအးစက္ေနသည္။
ဘယ္သူလဲ....?
နာက်င္မႈကအနည္းငယ္ေလ်ာ့ပါးသြားၿပီးထိုလက္ေသးေသးေလးအားအာရံုစိုက္ႏိုင္သည္အထိလံုေလာက္သြားသည္။အဲ့ဒါကခုႏွစ္ႏွစ္သို႔မဟုတ္ရွစ္ႏွစ္ေလာက္သာရွိမည့္ကေလးတစ္ေယာက္ရဲ႔ပိန္ပါးေသာခႏာၱကိုယ္ျဖစ္ပံုပင္။
ထိုကေလးရဲ႔လက္ေကာက္ဝတ္ကသစ္ကိုင္းတစ္ေခ်ာင္းလိုပိန္ပါးသည္။ရွန္က်စ္ရွန္းညင္သာစြာကိုင္လိုက္ေတာ့သတိျပဳလိုက္မိသည္မွာေသြးခုန္ႏႈန္းကဘယ္ေလာက္ေတာင္အားနည္းေနလဲဆိုေတာ့ဘယ္အခ်ိန္မဆိုရပ္တန္႔သြားႏိုင္သကဲ့သို႔ပင္ျဖစ္ေန၏။
သူ႔ခႏာၱကိုယ္ကနစ္ႁမွဳပ္ေနဆဲျဖစ္ၿပီးေအးစက္တဲ့ပင္လယ္ေရမ်ားကသူ႔ပတ္လည္မွာဝန္းရံၿပီးဖိထားပံုရသည္။ရွန္က်စ္ရွန္းကနာက်င္မႈမ်ားကိုသည္းခံေနရင္းျဖင့္ေကာင္ေလးအားဖက္ဖို႔ႀကိဳးစားကာသူ႔ကိုပါေရမ်က္ႏွာျပင္ေခၚသြားႏိုင္ဖို႔ေမွ်ာ္လင့္ေနမိသည္။ထိုအခ်ိန္မွာပဲေမွာင္မိုက္ေသာပင္လယ္ေရျပင္ထဲမွာအလင္းေရာင္တစ္ခုေတာက္ပလာၿပီးကေလးရဲ႔မ်က္ႏွာေပၚက်ေရာက္သြားသည္။
ရွန္က်စ္ရွန္းသည္သူဆုပ္ကိုင္ထားတဲ့လူကိုငံု႔ၾကည့္လိုက္မိ၏။
ရန္က်င္း?!!
ထိုမ်က္ႏွာကရွင္းရွင္းလင္းလင္းကိုရန္က်င္းပင္ျဖစ္သည္။မဟုတ္ေသးဘူးဒါကရန္က်င္းကေလးဘဝတုန္းကျဖစ္လိမ့္မလား?
သူကအလြန္အံံအားသင့္သြားတာေၾကာင့္လႈပ္ရွားဖို႔ပင္ေမ့သြားသည္။႐ုတ္တရက္,ကေလးရဲ႔႔မ်က္လံုးမ်ားကပြင့္လာၿပီးအနီေရာင္မ်က္စံတစ္စံုကသူ႔ကိုေအးစက္စက္စိုက္ၾကည့္ေနသည္။မူလကသူ႔အက်ႌလက္စကိုကိုင္ထားတဲ့လက္မ်ားသည္လည္းအခုေတာ့သူ႔လည္မ်ိဳရွိရာသို႔တိတ္တဆိတ္တက္လာ၏။
"ဆရာ...." ေအးစက္တဲ့အသံကသူ႔နားထဲသို႔တိုးဝင္လာသည္မွာကေလးရဲ႔အသြင္အျပင္ကဲ့သို႔ပင္ဂ႐ုမစိုက္မႈမ်ားျပည့္ႏွက္ေနသည္။
"ဒါကခင္ဗ်ားကၽြန္ေတာ့ကိုေပးခဲ့တဲ့ဝိဉာဏ္ျမစ္အတြက္ပဲ"
ရွန္က်စ္ရွန္းကအံ့အားသင့္သြားမိသည္။သူ႔ႏႈတ္ခမ္းမ်ားကတုန္ယင္ေနၿပီးစကားေျပာခ်င္ပါေသာ္လည္းသူ႔လည္မ်ိဳေပၚမွလက္မ်ားကတင္းၾကပ္လာကာသူ႔စကားလံုးမ်ားကိုျဖတ္ခ်ပစ္လိုက္သည္။
သူေမ့လုနီးပါးျဖစ္ေနတဲ့ညအိမ္မက္ဆိုးျမင္ကြင္းမ်ားကသူ႔အသိစိတ္ထဲတေၾကာ့ျပန္ဝင္လာပံုပင္။ရွန္က်စ္ရွန္းရဲ႔လည္ပင္းကတင္းတင္းၾကပ္ၾကပ္ၫွစ္ခံထားရၿပီးသူ႔ရင္ဘက္ကနာက်င္မႈကအသက္ရႈက်ပ္မႈနဲ႔အတူပိုမိုျပင္းထန္လာတာေၾကာင့္သူ႔ျမင္ကြင္းတစ္ခုလံုးေမွာင္မိုက္လာသည္။
"ဟင့္အင္း....ဟင့္အင္း..." သူကျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနတဲ့စကားလံုးမ်ားကိုအတင္းျဖစ္ၫွစ္ထုတ္ေနမိသည္။
"ဟင့္အင္း.....ငါ...အာ့!"
'ဗြမ္း'ဆိုတဲ့အသံတစ္ခုနဲ႔အတူရွန္က်စ္ရွန္းသည္ေႏြးေထြးတဲ့ရင္ခြင္တစ္ခုနဲ႔အတူေရထဲမွတိုးထြက္ႏိုင္သြားသည္။သူ႔ပတ္ဝန္းက်င္ကဖိအားမ်ားသည္လည္းခ်က္ခ်င္းေလ်ာ့က်သြားၿပီးသူ႔လည္ေခ်ာင္းသည္လည္းတင္းၾကပ္ေနသလိုမခံစားရေတာ့ေပ။လက္တစ္ဖက္ကသူ႔ကိုကိုင္ေပးထားတဲ့လူအားဆုပ္ကိုင္ထားၿပီးတစ္ခ်ိန္တည္းမွာပင္သူ႔ေခါင္းကိုေဘးတစ္ဘက္သို႔ေစာင္းလိုက္ကာေသြးစမ်ားပါဝင္ေနသည့္ေရမ်ားကိုေထြးထုတ္၏။
သူ႔ေရွ႕မွာျမဴဆိုင္းသလိုအလႊာပါးပါးတစ္ခုရွိေနသည္။သူကအသက္ကိုအလုအယက္ရွဳေနရင္းျဖင့္သူ႔မ်က္လံုးမ်ားထဲကအၾကည့္ကေၾကာက္ရြံ႔တုန္လွဳပ္ေနကာသူ႔ခႏာၱကိုယ္ကပင္ထိန္းခ်ဳပ္မရေလာက္ေအာင္တုန္ယင္ေနသည္။သူကထပ္ခါတလဲလဲစကားတစ္ခြန္းကိုသာေျပာေနသည္။
"အဲ့ဒါငါမဟုတ္ဘူး.....ငါမလုပ္ဘူး......"
ရန္က်င္းရဲ႔လက္ေမာင္းထဲကထိုအမ်ိဳးသားဟာသနားစရာေကာင္းသလိုအလြန္လည္းက်ိဳးပဲ့လြယ္ေနသည္။
ရွန္က်စ္ရွန္းရဲ႔ခႏာၱကိုယ္တည္ေဆာက္ပံုကနဂိုကတည္းကသြယ္လ်ၿပီးဘယ္ေလာက္စားစားအဆီမတတ္တဲ့သူမ်ိဳးျဖစ္သည္။ထိုအခ်ိန္မွာအတိတ္တုန္းကပိန္ပါးလွတဲ့ဝါးေခ်ာင္းေလးကေတာ့သန္မာၿပီးေတာင့္တင္းလွတဲ့လူငယ္တစ္ဦးအျဖစ္ႀကီးျပင္းလာခဲ့သည္။
ရန္က်င္းသည္ရွန္က်စ္ရွန္းသူ႔ကိုမွီထားတဲ့အခ်ိန္မွာနားလည္လိုက္သည္ကသူ႔ခါးသည္အလြန္သြယ္လ်လြန္းေနၿပီးလက္တစ္ဖက္တည္းနဲ႔တင္ဖက္ထားလို႔ရေနသည္ကိုပင္။
ရွန္က်စ္ရွန္းကသိသိသာသာကိုအျပည့္အဝမႏိုးေသးေပ။သူ႔ေခါင္းကရန္က်င္းရဲ႔ပုခံုးေပၚမွာအားနည္းေဖ်ာ့ေတာ့စြာမွီေနၿပီးသူ႔မ်က္ႏွာကျဖဴေဖ်ာ့လြန္းတာေၾကာင့္သူ႔ရဲ႔ေကာင္းမြန္ၿပီးပါးလႊာတဲ့အသားအေရေအာက္ကအျပာေရာင္ေသြးျပန္ေၾကာေလးမ်ားကိုပင္ရန္က်င္းျမင္ေနရသည္။မေရမရာသည့္စကားလံုးမ်ားကိုေရရြတ္ေနရင္းျဖင့္ရွန္က်စ္ရွန္းကရန္က်င္းရဲ႔ေကာ္လံအားလက္တစ္ဖက္နဲ႔ဆြဲထားသည္။
သူ႔ရဲ႔အတြင္းဝတ္ကေရနဲ႔စိုရႊဲေနတာေၾကာင့္စိုေနတဲ့အဝတ္သားကသူ႔အသားမွာကပ္ေနသည္။လႈပ္ရြေနတဲ့ရလဒ္ေၾကာင့္သူ႔အဝတ္အားလံုးကရႈပ္ပြေနၿပီးေကာ္လာကအထဲမွႏူးညံ့သိမ္ေမြ႕ေသာေက်ာက္စိမ္းကဲ့သို႔ၫွပ္႐ိုးေလးကိုျမင္ရႏိုင္သည္အထိပြင့္ဟေန၏။
ရန္က်င္းကသူ႔မ်က္လံုးမ်ားကိုေအာက္ႏွိမ့္လိုက္ၿပီးသူ႔လက္ေမာင္းၾကားထဲကလူကိုၾကည့္ေနကာသူ႔အၾကည့္ကဘာမွန္းနားမလည္ႏိုင္ေပ။
ေရွာင္းေခ်ာင္ယကေဘးတစ္ဖက္မွာရပ္ေနၿပီးရန္က်င္းကသူ႔လက္ေမာင္းၾကားထဲကလူကိုတစ္ခ်က္ၾကည့္ၿပီးတာနဲ႔ေခါင္းလွည့္လာၿပီးထိုျမက္ၫႊန္ေပါက္ေလးကိုဂ႐ုမထားသည့္အၾကည့္ျဖင့္ထပ္ၾကည့္လာအားၾကည့္ေနမိသည္။ထိုအၾကည့္တစ္ခ်က္ကေရခဲလိုေအးစက္ေနၿပီးသူ႔မ်က္စံရဲ႔အနက္႐ွိဳင္းဆံုးေနရာမွာေတာ့အနီေရာင္တစ္စရွိေနသည္။
ထိုအၾကည့္ေၾကာင့္ေရွာင္းေခ်ာင္ယကအံ့အားသင့္သြားၿပီးခ်က္ခ်င္းလွဲခ်လိုက္ကာေသခ်င္ေယာင္ေဆာင္ေနလိုက္ေတာ့၏
ရန္က်င္းကေတာ့ဂ႐ုမစိုက္ဟန္နဲ႔သူ႔လက္ေမာင္းၾကားထဲလူကိုသယ္လိုက္ၿပီးျမက္ၫႊန္ေပါက္စေလးကိုလစ္လွဳရွဳကာထြက္ခြာသြားသည္။
သူတို႔အိမ္ကိုျပန္ေရာက္သည့္တိုင္ေအာင္ရွန္က်စ္ရွန္းကသတိလစ္ေနဆဲပင္။သူ႔ႏွလံုးေရာဂါကအရင္ကထက္ဆိုးဝါးသြားၿပီျပန္ေနတဲ့လမ္းတစ္ဝက္မွာေနာက္ဆံုးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားသည္။
ေအးစက္တဲ့ေလမ်ားရဲ႔အေအးဓာတ္ေၾကာင့္ရန္က်င္းရဲ႔မ်က္စံမ်ားကသာမာန္ပံုစံသို႔ျပန္ေျပာင္းလဲေနၿပီျဖစ္ၿပီးသူ႔ခႏာၱကိုယ္ေပၚမွေအးခဲရက္စက္သည့္အရွိန္အဝါမ်ားလည္းပ်က္ပ်ယ္ေနၿပီျဖစ္သည္။
သူကရွန္က်စ္ရွန္းရဲ႔ကိုယ္ေပၚသို႔သန္႔ရွင္းသည့္နည္းစနစ္အနည္းငယ္ကိုတိတ္တဆိတ္အသံုးျပဳလိုက္ၿပီးသူ႔အဝတ္မ်ားအားေျခာက္ေသြ႕၍သန္႔ရွင္းသြားေစကာထူထဲသည့္ေစာင္နဲ႔ဖံုးအုပ္ေပးလိုက္ၿပီးခဏေလာက္စိုက္ၾကည့္ေနၿပီးမွတိတ္တဆိတ္ထြက္ခြာသြားသည္။
သူထြက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ရွန္က်စ္ရွန္းရဲ႔မ်က္လံုးမ်ားပြင့္လာသည္။သူ႔မ်က္ႏွာေပၚမွာသူ႔ရဲ႔ပင္ပန္းႏြမ္းနယ္မႈမ်ားကိုျပသေနေသးေသာ္လည္းသူ႔မ်က္လံုးမ်ားကေတာ့ၾကည္လင္ၿပီးေၾကာက္ရြံမွဳမ်ားျပည့္ႏွက္ေနသည္။
သိပ္မၾကာခင္တုန္းကေရပူစမ္းမွာ...ရန္က်င္းကသူ႔ကိုသတ္ခ်င္ေနခဲ့တယ္
အသက္ရွဳက်ပ္သြားတဲ့ခံစားခ်က္ကႏွလံုးေရာဂါေၾကာင့္မဟုတ္ပဲရန္က်င္းကသူ႔လည္မ်ိဳကိုၫွစ္ထားလို႔ပဲ..
အဲ့ဒီ'ရန္က်င္းအေသးေလးက'သူ႔လည္မ်ိဳကိုၫွစ္ေနတဲ့အခ်ိန္မွာေပၚလာတဲ့စိတ္အာရံုေျခာက္ျခားမႈပဲျဖစ္လိမ့္မယ္
ရွန္က်စ္ရွန္းသည္ခဏေလာက္ထိေအးခဲေနမိၿပီးသူ႔ႏွလံုးသားထဲမွာေတာ့ေအးစက္မႈကိုသာခံစားေနရသည္။
သံုးႏွစ္ေတာင္ေက်ာ္လြန္သြားခဲ့ၿပီ...ဒါေပမဲ့ရန္က်င္းကဒါကိုလက္မလႊတ္ႏိုင္ေသးဘူးပဲ
အကယ္၍တကယ္ပဲဒီလိုဆိုရင္ရွန္က်စ္ရွန္းအေနနဲ႔ဒီလူအေပၚမွာသူ႔လက္ကိုဖယ္ရွားပစ္ခ်င္ၿပီ..ရန္က်င္းကကိစၥကိုလက္မလႊတ္ႏိုင္ဘူးဆိုမွေတာ့သူဒီလူရဲ႔အေဝးမွာပုန္းကြယ္ေနသင့္တာမ်ားလား?
ထိုအေတြးကိုေတြးေနရင္းျဖင့္ခ်က္ခ်င္းပင္တစ္စံုတစ္ခုအားစဥ္းစားမိသြားသည္။ဒီတစ္ေခါက္ႏွလံုးသားနာက်င္မႈေၾကာင့္သူ႔ေခါင္းကအေတာ္ေလးတုန္လွဳပ္သြားၿပီးေနာက္ဆံုးမွာသူစာအုပ္ကိုဖတ္တုန္းကေတြ႕ခဲ့တဲ့အလြန္ေသးငယ္တဲ့အေသးအဖြဲေလးတစ္ခုကိုအမွတ္ရသြားသည္။
ရွင္းေနတာကအခ်ိန္ၾကာလာသည္ႏွင့္အမွ်ႏွလံုးေဖာက္တာကမၾကာခဏျဖစ္လာတာပဲ.....ဒီအတိုင္းသာဆက္သြားေနမယ္ဆိုရင္ဒီခႏာၱကိုယ္ကလံုးဝပ်က္စီးၿပိဳလဲသြားၿပီးေသဆံုးရလိမ့္မယ္
မူလရွန္က်စ္ရွန္းကအမ်ိဳးမ်ိဳးေသာေရွးေခတ္စာေပမ်ားကိုစစ္ေဆးေလ့လာခဲ့ၿပီးမေရမတြက္ႏိုင္တဲ့ေနရာမ်ိဳးစံုကိုလူေတြပို႔ခဲ့ကာေနာက္ဆံုးသူေမွ်ာ္လင့္ခ်က္ေရာင္ျခည္တစ္ခုကိုရွာေဖြေတြ႕ရွိခဲ့သည္ေလ။
ငါးအေၾကးခြံ
ေရွးေဟာင္းငါးနတ္ဆိုးရဲ႔ေျပာင္းျပန္အေၾကးခြံကလူသားေတြရဲ႔အ႐ိုးနဲ႔အသားေတြကိုျပန္လည္ျပဳျပင္ႏိုင္စြမ္းရွိၿပီးသူ႔ႏွလံုးဒဏ္ရာကိုလည္းကုသႏိုင္တယ္..
ဒါေပမဲ့အဲ့ဒီေရွးေဟာင္းငါးနတ္ဆိုးကရွာေတြ႕ဖို႔မလြယ္ကူလွဘူး...တကယ္ေတာ့သူ႔တည္ရွိမႈကလြန္ခဲ့တဲ့ႏွစ္ေပါင္းေထာင္ခ်ီေလာက္ကတည္းကမၾကားခဲ့ရေတာ့တာပင္
မူလကိုယ္ပိုင္ရွင္အေနနဲ႔ကူကယ္ရာမဲ့မႈပဲက်န္ရစ္ခဲ့ရတယ္..ဒါေပမဲ့လက္ရွိရွန္က်စ္ရွန္းကေတာ့အဲ့ဒီအေၾကးခြံကိုဘယ္မွာရွာရမလဲသိေလတယ္
စာအုပ္ထဲကအတိုခ်ဳပ္ေဖာ္ျပခ်က္အရရန္က်င္းကေရွးေဟာင္းလ်ိဳ႔ဝွက္နယ္ေျမထဲကိုမဝင္ခင္အထိနတ္ဆိုးမျဖစ္ခ့ဲဘူး..အဲ့ဒီမွာသူကေရွးေဟာင္းငါးနတ္ဆိုးေရသူတစ္ေကာင္နဲ႔ေတြ႕ဆံုခဲ့ၿပီးေျပာင္းျပန္အေၾကးခြံကိုရယူႏိုင္ခဲ့တယ္...
ေနာက္ပိုင္းမွာရန္က်င္းကအဲ့ဒီေျပာင္းျပန္အေၾကးခြံကိုဒဏ္ရာရထားတဲ့အမ်ိဳးသမီးအသံက်င့္ၾကံသူအားလႈဒါန္းခဲ့သည္ေလ။ရန္က်င္းကသူ႔ရဲ႔နတ္ဆိုးခ်ီကိုလံုးဝအျပည့္အစံုေပါင္းစည္းႏိ္ုငတဲ့အခ်ိန္မွာသူမကသူမရဲ႔ဆရာကိုျပင္းျပင္းထန္ထန္ပုန္ကန္ခဲ့ၿပီးရန္က်င္းနဲ႔ပူးေပါင္းကာသူ႔ရဲ႔အေကာင္းဆံုးေထာက္ပံ့ေပးသူျဖစ္လာခဲ့သည္။
....သူမကအမ်ိဳးသမီးဇာတ္လိုက္အျဖစ္ေတာင္သံသယဝင္ခံခဲ့ရတာ
ဒါကသီအိုရီတစ္ခုပဲျဖစ္ခဲ့ရျခင္းကေတာ့စာအုပ္ရဲ႔အဆံုးပိုင္းရန္က်င္းမေသခင္အထိသူဟာေယာက်ာ္းေလးဒါမွမဟုတ္မိန္းကေလးတစ္ေယာက္နဲ႔အတူတူရွိခ်င္တဲ့ေဖာ္ျပခ်က္တစ္စံုတစ္ရာမရွိခဲ့လို႔ပင္။
ရွန္က်စ္ရွန္းကသက္ျပင္းခ်သည္။အကယ္၍သူသာရန္က်င္းနဲ႔ေကာင္းတဲ့ဆက္ဆံေရးေလးရွိမယ္ဆိုရင္ျဖစ္ႏိုင္တာ...ဒါဆိုသူလည္းရန္က်င္းဆီကအဲ့ဒီငါးအေၾကးခြံနည္းနည္းေလာက္ေလးပဲျဖစ္ျဖစ္ေတာင္းလို႔ရမွာ..ဒါေပမဲ့ကံမေကာင္းတာက.....
သူကထိုအမ်ိဳးသမီးအသံက်င့္ၾကံသူကဘယ္သူလဲဆိုတာကိုႀကိဳးႀကိဳးစားစားနဲ႔သတိရေအာင္လုပ္ေနမိသည္။လက္ရွိလူသိမ်ားတဲ့အသံက်င့္ၾကံဂိုဏ္းကခ်န္ယင္စံအိမ္ပဲ...
ရွန္က်စ္ရွန္းကသူ႔ဘာသာသူစဥ္းစားမိသည္မွာအကယ္၍သူရန္က်င္းကိုသူ႔ရဲ႔အနာဂတ္ဇနိးေလာင္းေလးကိုလိုက္ဖို႔ကူညီေပးလိုက္လို႔ရွိရင္ရန္က်င္းမ်ားသူ႔ကိုခြင့္လႊတ္လာႏိုင္မလားဟု...
ရွန္က်စ္ရွန္းသည္ထိုအေတြးအားထည့္သြင္းစဥ္းစားရင္းျဖင့္ရန္က်င္းနဲ႔ထိုအမ်ိဳးသမီးအသံက်င့္ၾကံသူတိုု႔အေၾကာင္းအားအခ်ိန္အၾကာႀကီးအေလးအနက္ေတြးေတာေနမိသည္။ေနာက္ဆံုးေတာ့ဘာဆက္လုပ္ရမွန္းမသိေတာ့ပဲသက္ျပင္းသာခ်မိေတာ့သည္။
ေမာပန္းႏြမ္းနယ္သည့္ခံစားခ်က္ကတက္လိုက္က်လိုက္ျဖစ္ေနတာေၾကာင့္ထၿပီးအဝတ္လဲဖို႔စဥ္းစားမေနေတာ့ပဲအိပ္ယာေပၚမွာလူးလွိမ့္ေနရင္းျဖင့္ပင္မၾကာခင္အိပ္ေပ်ာ္သြားေတာ့ေလသည္။
......
ရွန္က်စ္ရွန္းရဲ႔ခႏာၱကိုယ္ကေရပူစမ္းမေတာ္တဆျဖစ္ၿပီးကတည္းကပိုလို႔သာဆိုးရြားလာသည္။
လအနည္းငယ္အတြင္းႏွလံုးထေဖာက္မႈကအႀကိမ္မ်ားစြာထပ္တလဲလဲျဖစ္ေနၿပီးတစ္ခုကေနာက္တစ္ခုထက္ပိုလို႔သာျပင္းထန္လာတာေၾကာင့္တစ္ကိုယ္လံုးကပိန္သထက္ပိန္ပါးလာသည္။
သို႔ေသာ္လည္းအႀကီးအကဲႏွစ္ေယာက္ကသူ႔ကိုကူညီၿပီးဖုန္းကြယ္ေပးထားတာေၾကာင့္ရွန္က်စ္ရွန္းကထိုကိစၥအားလူသိမ်ားမက်ယ္ျပန္႔သြားေအာင္ဖုန္းထားႏိုင္သည္။စုန္႔မင္းကိုယ္တိုင္ေတာင္သူကေဆာင္းရာသီမွာဒီအတိုင္းပ်င္းရိေနၿပီးအဲ့ဒီအေၾကာင္းအရင္းေၾကာင့္လည္းအခ်ိန္အေတာ္ၾကာသည္အထိအျပင္မထြက္လာဘူးဟုသာေတြးသည္။
စတုတၳအႀကီးအကဲကရွန္က်စ္ရွန္းအားသူ႔ဝိဉာဏ္စြမ္းအင္အသံုးျပဳမႈကိုတားျမစ္ထားတာေၾကာင့္သူကတစ္ေနကုန္အိမ္ထဲမွာပဲေနၿပီးေႏြးေထြးတဲ့အခင္းအက်င္းေၾကာင့္အိပ္ပဲအိပ္ငိုက္ေနသည္။ေန႔တိုင္းမွာသူေတာ့မၾကာခင္ပ်က္စီးေနတဲ့မွိုျဖစ္ေတာ့မယ္လို႔ေရရြတ္ေနသည္။
"အိုး,ဒီကေလးအတြက္ဘာေျပာစရာရွိမွာလဲ" စတုတၱအႀကီးအကဲကရွန္က်စ္ရွန္းရဲ႔ပါးစပ္ထဲေဆးလံုးထည့္ေပးလိုက္ရင္းဆက္ေျပာသည္။
"အကယ္၍မင္းမွိုျဖစ္သြားရင္ေတာင္မင္းကၾကည့္လို႔အေကာင္းဆံုးမွိုျဖစ္မွာပဲဟာ"
ရွန္က်စ္ရွန္းကမႀကိဳက္တဲ့ေဆးကိုဝါးေနရင္းသူ႔မ်က္ႏွာတစ္ခုလံုးကသူ႔ပါးစပ္ထဲဝင္လာတဲ့ခါးသက္ေသာအရသာေၾကာင့္ရွံဳ႔တြေနသည္။ခဏတာေလာက္အခ်ိန္ကုန္ဆံုးၿပီးေနာက္မွာသူကေျပာလာသည္။
"စတုတၳဆရာဦးေလး,ေနာက္တစ္ေခါက္ဆိုေဆးထဲမွာသၾကားေလးနည္းနည္းေလာက္ထည့္ေပးလို႔ရမလား?"
စတုတၱအႀကီးအကဲကသူ႔ကိုစိုက္ၾကည့္သည္
"ေဆးေကာင္းေတြပဲအရသာခါးတာနားလည္လား!မင္းလည္းအႀကီးအကဲတစ္ေယာက္ပဲေလ,ကေလးေသးေသးေလးမွမဟုတ္တာ..ဘာလို႔ကေလးတစ္ေယာက္လိုမ်ိဳးခံစားရမွာကိုအရမ္းေၾကာက္ေနရတာလဲ....မင္းတပည့္ေတာင္မွအဲ့ဒီေဆးေတြအမ်ားႀကီးကိုမေက်မနပ္သံတစ္ခုေလးေတာင္မထြက္ပဲဝါးစားေနတာကိုမင္းကေတာ့အရမ္းတိုင္ၾကားမႈေတြမ်ားတာပဲ"
စတုတၱအႀကီးအကဲကေဆးလံုးသန္႔စင္တဲ့ေနရာမွာအလြန္ကၽြမ္းက်င္ၿပီးထိေရာက္မႈရွိသည့္ေဆးမ်ားသန္႔စင္ရာမွာအေတာ္ေလးေတာ္လွသည္။သူ႔ရဲ႕တစ္ခုတည္းေသာဆိုးဝါးတဲ့အခ်က္ဟာအညစ္အေၾကးမ်ားကေဆးရဲ႔အက်ိဳးသက္ေရာက္မႈကိုထိခိုက္ေစႏိုင္တာေၾကာင့္မူလေဆးအရသာအားဘယ္လိုနည္းလမ္းနဲ႔မဆိုထိန္းသိမ္းထားသင့္တယ္လို႔ယံုၾကည္ေနျခင္းပင္။ရလဒ္ကေတာ့ရွန္က်စ္ရွန္းမွာထိုခါးသက္လွတဲ့ေဆးမ်ားကိုလအနည္းငယ္ေလာက္စားခဲ့ရတာေၾကာင့္သူ႔ခႏာၱကိုယ္ကပုန္ကန္ဖို႔ေတာင္အဆင္သင့္ျဖစ္ေနၿပီ။
စတုတၱအႀကီးအကဲကထူးဆန္းတဲ့ပံုစံနဲ႔ထူးဆန္းတဲ့အနံ့ရွိတဲ့ေဆးတစ္လံုးကိုထုတ္လာသည္။ရွန္က်စ္ရွန္းကစိတ္ပ်က္အားငယ္စြာနဲ႔မ်က္လံုးကိုမွိတ္ထားလိုက္ၿပီးတကယ္ပဲေသေတာ့မယ့္အတိုင္းပါးစပ္ထဲပစ္ထည့္လိုက္ကာမ်က္ရည္ေတြနဲ႔ဝါးေနသည္။
"စတုတၳဆရာဦးေလး,ဦးေလးဆီမွာဆဌမအဆင့္ကိုတက္တဲ့အခ်ိန္ဝိဉာဏ္ျမစ္ကိုကူညီၿပီးေစာင့္ေရွာက္ေပးႏိုင္မယ့္ထူးဆန္းအံ့ၾသဖြယ္ေဆးမ်ားရွိေသးလား?"
"အင္း,မင္းရဲ႔အဲ့ဒီတပည့္ေလးကိုေပးခ်င္ျပန္ၿပီလား?"
ရွန္က်စ္ရွန္းကပါးစပ္အျပည့္ခါးသက္မႈမ်ားအားမ်ိဳခ်လိုက္ၿပီးေရႏွစ္ခြက္ေလာက္တစ္ၿပိဳက္နက္တည္းေသာက္လိုက္ၿပီးမွျပန္ေျဖသည္။
"ဟုတ္တယ္,အဲ့ဒါရန္က်င္းအတြက္..သူကအဆင့္တက္ခါနီးေလးျဖစ္ေနတာကိုကၽြန္ေတာ္သတိထားမိလို႔"
"——တက္ဦးမယ္?!" အႀကီးအကဲကအသက္ကိုျပင္းျပင္းရႈလိုက္ၿပီးမယံုမၾကည္ႏိုင္ျဖစ္ေနသည္။
"အခုမွႏွစ္အနည္းငယ္ပဲရွိေသးတာကိုသူကဆဌမအဆင့္ဆီတက္ခါနီးျဖစ္ေနၿပီေပါ့ေလ?မင္းရဲ႔ပညာသင္ေလးရဲ႔အရည္အခ်င္းကမင္းထက္ေတာ့မနိမ့္ဘူးပဲ!"
ေပါက္ကေရေတြ,ဒါကဇာတ္လိုက္ေလ!
ရွန္က်စ္ရွန္းကရယ္ေမာလိုက္ရင္းထိုကိစၥအားမွတ္ခ်က္မေပးေတာ့ေပ။
သူကလက္ကိုျဖန္႔လိုက္သည္။
"စတုတၳဆရာဦးေလး,ကၽြန္ေတာ့ကိုေဆးႏွစ္လံုးေလာက္ေပးရင္ေရာဘယ္လိုလဲကၽြန္ေတာ္ျပန္ေပးပါ့မယ္"
စတုတၳအႀကီးအကဲကရယ္ေမာရင္းျဖင့္သေဘာေကာင္းစြာပင္ေနာက္ေနသည္။
"မင္းတပည့္ကိုပဲအာရံုစိုက္ေနစမ္းပါကြာ"
ဝိဉာဏ္ေဆးလံုးမ်ားကိုေပးၿပိးေနာက္သူကရပ္တန္႔သြားသည္။
"မင္းရဲ႔ႏွလံုး....လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းကေဆးစာတစ္ခုရွာေတြ႕ထားတယ္"
ခဏေလာက္တြန္႔ဆုတ္ေနၿပီးမွသူကထပ္ေပါင္းေျပာသည္။
"ကံမေကာင္းစြာနဲ႔,အဲ့ဒါကမင္းကိုနည္းနည္းေလာက္ပဲသက္သာေစမွာမင္းကိုမကုေပးႏိုင္ဘူး,မင္း..."
ရွန္က်စ္ရွန္းကသူ႔မ်က္ခံုးကိုခပ္ဖြဖြလႈပ္လိုက္ရင္းသဘာဝက်က်ေအးေအးေဆးေဆးပဲျပံဳးေလသည္။
"ဒါကတင္အေတာ္ေလးေကာင္းေနပါၿပီ..ေက်းဇူးတင္ပါတယ္စတုတၳဆရာဦးေလး,ကၽြန္ေတာ္ဦးေလးကိုအလုပ္မ်ားေစမိၿပီ...ကၽြန္ေတာ္တြက္ခ်က္မႈတစ္ခ်ိဳ႔လုပ္ၿပီးပါၿပီ,ၿပီးရင္အခ်ိန္တစ္ခ်ိဳ႔ေလာက္ေတာ့ထြက္သြားမယ္"
သူကတမင္တကာအသံကိုေလ်ာ့ခ်လိုက္ၿပီးစတုတၳအႀကီးအကဲကသူေျပာလို႔မၿပိးေသးခင္မွာပင္သေဘာမတူတဲ့ပံုစံျဖစ္ေနသည္ကိုသတိျပဳမိသည္။
"စတုတၳဆရာဦးေလး,ကၽြန္ေတာ့ရဲ႔ကိုယ္ပိုင္အကန္႔အသတ္ကိုသိပါတယ္" ထိုစကားကိုေျပာၿပီးေနာက္ရွန္က်စ္ရွန္းကႏူးညံံစြာျဖင့္တီးတိုးေျပာသည္။
"ၿပီးေတာ့လည္းကၽြန္ေတာ့မွာအားက်င္းရွိတာပဲေလအဲ့ဒါေၾကာင့္ဘာမွျဖစ္မွာမဟုတ္ပါဘူး"
စတုတၱအႀကီးအကဲကခဏေလာက္တြန္႔ဆုတ္ေနၿပီးမွေနာက္ဆံုးေတာ့ေခါင္းညိတ္လိုက္သည္။သက္ျပင္းတစ္ခုနဲ႔အတူသူကေျပာ၏။
"မင္းရဲ႔တပည့္...သူကသိပ္မဆိုးပါဘူး...သူကမင္းနဲ႔အတူတူရွိေနမယ္ဆိုေတာ့ငါပိုၿပီးစိတ္သက္သာရာရသြားၿပီ...ထြက္သြားျခင္းကမင္းကိုမေက်နပ္မႈတစ္ခ်ိဳ႔ေပးလိမ့္မယ္...ျပန္လာဖို႔သာမေမ့နဲ႔"
႐ိုးသားေျဖာင့္မတ္ၿပီးၾကင္နာတတ္တဲ့လူလတ္ပိုင္းႀကီးရဲ႔မ်က္ႏွာမွာၾကင္နာၿပီးသည္းခံတတ္သည့္အျပံဳးတစ္ခုျဖစ္ေပၚလာသည္။
"ၿပီးေတာ့လည္းစီနီယာအကို႔ဆီမွာက်န္တာမင္းတစ္ေယာက္ပဲရွိေတာ့တာ"
ရွန္က်စ္ရွန္းကခံစားသြားရသည္။သူကဂ႐ုတစိုက္နဲ႔ေက်းဇူးတင္ေလးျမတ္ေၾကာင္းကိုအသံတစ္ခ်က္သာျပဳလိုက္သည္။
သိသာတာေတာ့အကယ္၍တစ္ခုခုျဖစ္သြားမယ္ဆိုရင္အဲ့ဒါကရန္က်င္းလက္ထဲမွာပဲျဖစ္မွာ!
ဒါေပမဲ့ေသခ်ာေပါက္,အဲ့ဒီအေၾကာင္းအရင္းကေျပာလို႔မရဘူးေလ။
ရွန္က်စ္ရွန္းရဲအတြင္းက်ဆံုးႏွလံုးသားေနရာေလးကစတင္ၿပီးငိုေႂကြးလာမိသည္။ထို႔ေနာက္စတုတၱအႀကီးအကဲထြက္သြားၿပီးေနာက္မွာသူကဝမ္းနည္းေၾကကြဲစြာျဖင့္အိပ္ယာေပၚျပန္တြယ္တက္သြားေတာ့၏။
======================