A Tale Of Thousand stars

By AungMin201

9.2K 244 43

ဤဇာတ်လမ်းသည် မကြာသေးမီက LINE TV တွင် ပြသထားသော G-MM tv production မှ ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ ဖြစ်ပါသည်။ ဤ... More

A Tale Of Thousand stars Chapter - 1(A)
A Tale Of Thousand stars Chapter - 1(B)
A Tale Of Thousand stars Chapter - 1(C)
A Tale Of Thousand stars Chapter - 2(A)
A Tale Of Thousand stars Chapter - 2(B)
A Tale Of Thousand stars Chapter - 2(C)
A Tale Of Thousand stars Chapter - 3(A)
A Tale Of Thousand stars Chapter - 3(B)
A Tale Of Thousand stars Chapter - 3(C)
A Tale Of Thousand stars Chapter - 4(A)
A Tale Of Thousand stars Chapter - 4(B)
A Tale Of Thousand stars Chapter - 4(C)
A Tale Of Thousand stars Chapter - 5(A)
A Tale Of Thousand stars Chapter - 5(B)
A Tale Of Thousand stars Chapter - 5(C)
A Tale Of Thousand stars Chapter - 6(A)
A Tale Of Thousand stars Chapter - 6(B)
A Tale Of Thousand stars Chapter - 6(C)
A Tale Of Thousand stars Chapter - 7(A)
A Tale Of Thousand stars Chapter - 7(B)
A Tale Of Thousand stars Chapter - 7(C)
A Tale Of Thousand stars Chapter - 8(A)
A Tale Of Thousand stars Chapter - 8(B)
A Tale Of Thousand stars Chapter - 8(C)
A Tale Of Thousand stars Chapter - 9(A)
A Tale Of Thousand stars Chapter - 9(B)
A Tale Of Thousand stars Chapter - 9(C)
A Tale Of Thousand stars Chapter - 10(A)
A Tale Of Thousand stars Chapter - 10(B)
A Tale Of Thousand stars Chapter - 11

A Tale Of Thousand stars Chapter - 10(C)

405 8 0
By AungMin201

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars

Chapter - 10(C)
အပိုင်း (၃၀) ဇာတ်သိမ်းပိုင်း

အပြည်ပြည်ဆိုင်ရာလေဆိပ်

ထီရန် ထီရန်၏အဖေနဲ့အမေက လေဆိပ်မှာ အတူတူရှိနေကြလေသည်။ ထိုအခါ သူ၏သူငယ်ချင်း တွန်က

" ဟေး ထီရန် ဖော မား မင်္ဂလာပါ ''

" ဟေး မင်း ဘယ်လိုလဲ ''

ထီရန်က တွန်ကို လှမ်းဖက်လိုက်လေတော့သည်။

" ငါ့ကို ဘာလို့ စိတ်ပျက်သလိုကြီး
ကြည့်နေတာလဲ ''

" မင်း ဒီမှာ လျှောက်ပြောမနေနဲ့ ငါ့ကို နောက်နေတာ တစ်ခါလောက် ရပ်ပါလား ငါက ခဏနေသွားတော့မှာကို ''

" လုပ်စမ်းပါကွာ အနည်းဆုံးတော့ မင်းသွားခါနီး ငါ မင်းကို လာတွေ့တယ်လေ ''

" ကျေးဇူးပဲနော် ''

" ဖက်ပါရစေဦး ကံကောင်းပါစေ မင်း ဟိုရောက်ရင် အများကြီး လျှောက်မတွေးနဲ့နော် ဟိုမှာ မင်းရွေးဖို့ ကောင်လေးချောချောလေးတွေ ရှိမယ်ဆိုတာ သေချာတယ် ''

တွန်က ဖက်ရင်းပြောနေသမို့ ထီရန်က ချက်ချက်းဖက်တာကို ခွာကာ

" ဟေ့ကောင် တွန် ''

ထီရန်က အဲသလိုပြောပြီး သူ၏အဖေနဲ့အမေကို ကြည့်ကာ သူ့အဖြစ်သူသိ၍ ပြုံးမိလိုက်လေသည်။

" ဘာဖြစ်နေတာလဲ မင်းပဲ သူ့ကို အဝေးပို့တာလေ ''

ထီရန်၏အဖေက သူ့မိန်းမ စိတ်မကောင်းဖြစ်နေတာကို ကြည့်၍ ပြောလေသည်။

" သိပါတယ် ထီရန် ''

သူ၏အမေက ပွေ့ဖက်ဖို့လက်ကမ်းသမို့ ထီရန်က သူ၏အမေကို ဖက်လိုက်လေသည်။

" ဘေးကင်းတဲ့ခရီးလေး ဖြစ်ပါစေနော် သား ကိုယ့်ကိုကိုယ် ဂရုစိုက်နော် ''

" မေမေလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါနော် ''

" အတူတူပဲ သားလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်နော် နေ့တိုင်း ဖုန်းဆက်နော် သား ''

" ဟုတ်ကဲ့ ထီရန်က မေမေ ပျင်းသွားတဲ့အထိကို နေ့တိုင်းဖုန်းခေါ်ပေးမယ် ''

" မပျင်းသွားပါဘူး ''

ပြီးနောက် ထီရန်က သူ၏အမေနဲ့ နောက်တစ်ခါဖက်လိုက်ပြန်လေသည်။

" ကဲ သွားရတော့မယ် သား ''

" ဟုတ် ''

ပြီးနောက် သူ၏အဖေနဲ့လည်း အားပါးတရဖက်လိုက်ပြန်လေသည်။

" ကိုယ့်ကိုကိုယ် ဂရုစိုက်နော် သား ပြီးတော့ ဘေးကင်းတဲ့ခရီးလေး ဖြစ်ပါစေ ''

" ကျေးဇူးတင်ပါတယ် အဖေ အဖေလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်နော် ''

ဒီလိုနဲ့ ထီရန်က တွန်ကို ကြည့်ကာ ပြုံးပြပြီး ခဏတာ စိတ်အားငယ် ဖြစ်သွားလေပြန်သည်။ ပြီးနောက် ထီရန်က တစ်ယောက်ယောက်ကို ရှာနေလေပြီး သူ၏အမေကလည်း နားမလည်သလိုဖြင့် သူမ၏သား ကြည့်သလိုကြည့်နေလေသည်။

" အော် အဖေနဲ့အမေ သား အထဲဝင်တော့မယ်နော် ပြန်တွေ့မယ်နော် ဟေ့ကောင် ပြန်တွေ့မယ် အဖေနဲ့အမေ သွားတော့မယ် ''

ဒီလိုနဲ့ ထီရန်က ခရီးဆောင်အိတ်ကို ဆွဲကာ ထွက်သွားလေတော့သည်။ သူ၏အဖေအမေနဲ့တွန်တို့နှင့် အနည်းငယ်ဝေးကွာသည်ကို ရောက်သော် ထီရန်ဆီ ဖုန်းဝင်လာလေသည်။

- တုန်တလုန် တုန် -

" ဟယ်လို ''

" ထီရန် ''

" ခေါင်းဆောင် ''

ခေါင်းဆောင်ဖူဖာ ဖုန်းဆက်ခြင်း ဖြစ်လေသည်။ ခေါင်းဆောင်ဖူဖာ ထံမှ ထီရန်ကြားလိုက်သည်က

" အဆင်ပြေပါစေနော် ''

ဒီလိုနဲ့ ထီရန်က ငိုချင်သလို ဖြစ်လာပြီး ပြန်ထိန်းချုပ်ကာ

" ခေါင်းဆောင် ခေါင်းဆောင် ကျွန်တော့်ကို ပြောချင်တာ ဒါအကုန်ပဲလား ''

" မင်းကို လွမ်းတယ် ''

ထီရန်၏နောက်ကျောဘက်မှ ခြေတစ်စုံက ထီရန်နှင့် နီးကပ်နေလေသည်။

ထီရန်အနောက်ဘက်ကို လှည့်ကြည့်လိုက်ရာ သူအရမ်းတွေ့ချင်နေသည့် ခေါင်းဆောင်ဖူဖာ ဖြစ်လေသည်။

ခေါင်းဆောင်ဖူဖာလည်း သူ့ကို ပြုံးပြလေသည်။ မတွေ့ရတာတောင် လွမ်းလွန်းလို့ ငိုချင်နေမိတာ ယခု မျက်စိရှေ့တွေ့ရတော့ ပိုငိုချင်လာမိလေသည်။

" ငါ မင်းကို လိုက်ပို့ချင်လို့ ''

" ခေါင်းဆောင်က ဘာလို့ ဒီလို ဝမ်းနည်းနေတာလဲ ဒီလိုလုပ်နေရင် ကျွန်တော်က ခေါင်းဆောင်ကို ဘယ်လို မေ့နိုင်မှာလဲ ''

" ငါ မေ့နိုင်မယ်လို့ ထင်လို့လား ငါ အရင်က မေ့လိုက်ဖို့ မင်းကို တောင်းဆိုခဲ့တာကို မင်း မေ့ပစ်လိုက်လို့ ရမလား ''

" ဖြစ်ချင်တာက ဘာလဲ ခေါင်းဆောင် ထပ်ပြီး စိတ်ပြောင်းဦးမှာလား ''

" လုံးဝမပြောင်းတော့ဘူး ''

အဲ့နောက် ထီရန်က ပျော်လည်းပျော်ဝမ်းလည်းနည်း ခံစားမှုတွေ မျိုးစုံဖြစ်နေလေသည်။

" ထီရန် မင်း လေယာဥ် နောက်ကျတော့မယ် ''

" အင်း ''

တွန်က လှမ်းပြောသမို့ ထီရန်နှင့်ခေါင်းဆောင်ဖူဖာ လှည့်ကြည့်လိုက်လေသည်။

ပြီးနောက်

" ခေါင်းဆောင် ''

" ဟင် ''

" ခေါင်းဆောင် ကျွန်တော့်ကို
စောင့်နေပေးနိုင်လား ''

" ကိုယ့်အထက်လူကြီးရဲ့သားက တောင်းဆိုတာပဲ ငါက ဘယ်လို ငြင်းရမှာလဲ ''

ထီရန်က အဲ့စကားကို ကြားပြီး ခေါင်းငြိတ်နေလေသည်။

" ထီရန် ကိုယ်စောင့်နေမယ် ဘယ်လောက်ပဲ ကြာပါစေ ကိုယ်စောင့်နေမယ် ကိုယ်ကတိပေးတယ် ''

အဲ့နောက် ထီရန်လည်း အားငယ်သလို ခံစားမိနေ၍ ခေါင်းဆောင်ဖူဖာကို အားပါးတရဖက်ထားလိုက်လေတော့သည်။ ခေါင်းဆောင်ဖူဖာလည်း ထီရန်ကို ဖက်ကာ နက်သိမ့်ပေးနေလေသည်။

ထီရန်လည်း မျက်လုံးစုံမိတ်ကာ အားပါးတရဖက်ထားလိုက်လေသည်။ ခေါင်းဆောင်ဖူဖာလည်း ထီရန်၏ခေါင်းကလေးကို ပွတ်ပေးလိုက်လေသည်။

ပြီးနောက် ဖက်ထားတာကိုခွာပြီး ထီရန်က ခေါင်းဆောင်ဖူဖာ၏ပုခုံးကို လက်နှစ်ဖက်တစ်ဖက်တစ်ချောင်းတင်ကာ ခေါင်းဆောင်ဖူဖာက ထီရန်၏ခါးလေးကို ကိုင်ထားလေသည်။

ပြီးနောက် တစ်ယောက်ကို တစ်ယောက်ကြည့်၍ ထီရန်က ခေါင်းဆောင်ဖူဖာကို ထပ်ပြီး နောက်တစ်ခါ ဖက်လိုက်ပြန်လေသည်။

အဲ့သလို ထပ်ကြိမ်တစ်လဲလဲဖက်နေတဲ့ ထီရန်နဲ့ခေါင်းဆောင်ဖူဖာကို ကြည့်ကာ ထီရန်၏အမေက သူမ၏ယောက်ျားကို မေးပါတော့သည်။

" အစ်ကို အဲ့ကောင်လေးက ဘယ်သူလဲ ''

" ဖာပန်းဒေါင်းရွာမှာတုန်းက ကိုယ်တို့သားကို စောင့်ရှောက်ပေးတဲ့သူလေ ''

ထီရန်နှင့် ခေါင်းဆောင်ဖူဖာလည်း အားပါးတရဖက်နေလေသည်။

" ကိုယ့်ကိုကိုယ် ဂရုစိုက်နော် ''

" ခေါင်းဆောင်ရော အတူတူပဲနော် ''

ပြီးနောက် ဖက်ထားတာကိုခွာပြီး ထီရန်က

" ကျွန်တော် သွားတော့မယ်နော် ခေါင်းဆောင် ''

ခေါင်းဆောင်ဖူဖာလည်း ဝမ်းနည်းသလိုလို ဖြစ်ပြီး ခေါင်းငြိမ့်ကာ ထီရန်က သူ၏အိတ်ထဲမှ ဓာတ်ပုံလေးကို ခေါင်းဆောင်ဖူဖာကို ပေးလိုက်လေသည်။

" ဒါလေးကို သိမ်းထားပေးနော် ''

" အင်း ''

အဲ့နောက် ထီရန် ထွက်သွားမည် အလိုမှာ ခေါင်းဆောင်ဖူဖာက ထီရန်၏ပုခုံးကို လှမ်းဆွဲကာ လည်ပင်းလေးကို ဖွဖွလေးကိုင်ပြီး နှဖူးလေးကို အနမ်းဖွဖွလေး ပေးလိုက်လေတော့သည်။

" ဘယ်နှစ်ကြိမ်ပဲပြန်ပြောနေပါစေ မပြောင်းလဲတဲ့ ဒဏ္ဍာရီလေးတစ်ပုဒ်ရယ် မင်းအတွက် ကိုယ့်အချစ်ကလည်း ဘယ်တော့မှ မပြောင်းလဲသလိုမျိုး ___ ''

ထိုအခါ ထီရန်၏အမေက အံ့သြတသဖြစ်နေပြီး ထီရန်၏အဖေက သူ၏သား ကိစ္စကို ကြိုသိနေ၍ သူ့မိန်းမကို ဖက်ထားပြီး နက်သိမ့်ပေးရလေသည်။

ထိုအခါ တွန်က

" ကျွန်တော်လည်း မသိဘူး မား သူတို့ကို အခုလို တွေ့တာ မထမဆုံး အကြိမ်ပဲ သူကချောတယ်လို့ မထင်ဘူးလားဗျ ''

အဲ့သလို ထီရန်၏အမေကို ရှင်းပြပြီး ယခုတော့ သူတို့၏သားက ခေါင်းဆောင်ဖူဖာနှင့် ချစ်သူဖြစ်နေပြီး ဂေးဆိုတာ သိသွားလေတော့သည်။

အဲ့နောက် ထီရန်လည်း ပြုံးရည်ပြီး ခေါင်းဆောင်ဖူဖာကို ကျောပေးကာ အိတ်ဆွဲ၍ ထွက်လာလေသည်။

ပြီးနောက် သူ၏လက်ညိုးမှ လက်စွပ်ကလေးကို ကြည့်၍ ခံစားချက်တွေ ဖြစ်ပေါ်လာလေသည်။ ခေါင်းဆောင်ဖူဖာလည်း ထီရန်ပေးသည့် သူနဲ့အတူတူ ရိုက်ထားသည့် ပုံလေးကိုကြည့်ကာ ခံစားချက်တွေ ဖြစ်လာရလေသည်။

" ဘယ်နှစ်ကြိမ်ပဲပြန်ပြောနေပါစေ မပြောင်းလဲတဲ့ ဒဏ္ဍာရီလေးတစ်ပုဒ်ရယ် မင်းအပေါ်ထားတဲ့ ကိုယ့်

အချစ်ကလည်း ဘယ်တော့မှ မပြောင်းလဲသလိုမျိုး ကြယ်လေးတစ်လုံးသာ ကိုယ့်ရဲ့ဆုတောင်းစကား

တွေကို ကြားနိုင်မယ်ဆိုရင် အကြိမ်ပေါင်းထောင်ချီနေပါစေ ကိုယ်ဆက်ပြီး ဆုတောင်းနေမယ် ''

အဲသလို ခံစားချက်နဲ့အတူ ထီရန်ကို ဖာပန်းဒေါင်းက ကြိုဆိုတဲ့ပွဲမှာ သီချင်းအတူတူဆိုခဲ့တာတွေ ထီရန်မူးလှဲမည့်အလိုမှာ ခေါင်းဆောင်ဖူဖာပွေ့ဖက်ထားတာတွေ

အတူတူအိပ်ပြီး ပြုံးရည်ခဲ့တာတွေ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးတာတွေ ဆိုင်ကယ်အတူတူစီးတာတွေ

တစ်ယောက်ကိုတစ်ယောက် ဂရုစိုက် မျက်နှာသစ်ဆပ်ပြာနှင့် သစ်ပေးတာတွေ ဝီစကီမူး၍ နမ်းမည့်အလိုမှာ အိပ်ပျော်ခဲ့တာတွေ

ကြယ်တစ်ထောင်ရေတဲ့ညက ရင်ခွင်ထဲ ပွေ့ဖက်ခိုလှုံခဲ့တာတွေ စသည်တို့ကို တွေးကာ ပြုံးမိကြလေသည်။ ဒီလိုနဲ့ ထီရန်လည်း အမေရိကန်ကို ထွက်သွားလေပြီ။

၂ နှစ်ကြာပြီးနောက်
After Two Years later

အစိမ်းရောင်ဗီတာမင်ဥယာဥ် စိုက်ခင်းကြီးမှာ အာရီ ခေါင်နွန်း ကာလယ် အင်တာ မိကျူးတို့ အပင်တွေစိုက် ရေလောင်း ပေါင်းသင်နေကြလေသည်။

ဖာပန်းဒေါင်းကျောင်းကြီးတွင်လည်းခေါင်ဆောင်ဖူဖာ လန် ရော့ချန်းတို့ ကလေးတွေကို ပုံပြင်ပြောပြကာ သရုပ်ပြနေလေသည်။

" တစ်ခါတုန်းက နတ်သမီးတစ်ပါးရဲ့ မှော်စွမ်းအင်နဲ့ အသက်ရှင်လာခဲ့တဲ့ အရုပ်ကလေးတစ်ရုပ် ရှိသတဲ့ ''

လန်က ခေါင်းဆောင်ဖူဖာနဲ့ လက်အိပ်အရုပ်ကလေးတွေ ဝတ်ကာ သရုပ်ပြနေသမို့ ကလေးတွေ ဝိုင်းရည်ကြလေသည်။

" ဟား.. ''

" နတ်သမီးက လူစိမ်းကြီးကို ကြင်နာတဲ့ သူတစ်ယောက် အဖြစ်ပြောင်းလဲလာဖို့အတွက် အရုပ်လေးကို တာဝန်ပေးခဲ့တယ် ''

ထိုအခါ ရော့ချန်းက လူစိမ်းကြီး ကြမ်းကြမ်းတမ်းတမ်းကို လက်အိပ်အရုပ်ကလေးနဲ့ သရုပ်ပြ၍ ကလေးတွေ ဝိုင်းရည်ကြလေသည်။

" ဟား... ''

နတ်ဆရာကလည်း နေမကောင်းသူတွေကို ဖာပန်းဒေါင်းရှေးရိုးစွဲ ယုံကြည်မှုအတိုင်း ရေစင်တော် ပက်ဖြန်းပေးပြီး ဒေါက်တာနမ်က နောက်မှ ဆေးကုပေးရလေသည်။ ဒေါက်တာနမ်က သဘောမကျပေမယ့် လက်ခံရလေသည်။

" တကယ်လို့ ကလေးတို့သာ အရုပ်ကလေးဆိုရင် လူးစိမ်းကြီး ဆိုတဲ့ ဘီလူးစိမ်းကြီး ကို ဘယ်လိုပြောင်းလဲမှာလဲ ''

" ဘီလူးစိမ်းကြီးကို မုန့်ဝယ်ကျွေးမယ် ''

" ပြီးတော့ရော ''

" အတူတူ ကစားဖို့ ခေါ်မယ် ''

" အွန်း အာရီ ''

" ဟာသတွေ ပြောပြီး ပျော်အောင် လုပ်မယ် ''

" အရုပ်ကလေးက အဲဒီနည်းအားလုံးကို သုံးခဲ့တယ် နောက်ဆုံးတော့ ဘီလူးစိမ်းကြီးက ကြင်နာတတ်သူ ဖြစ်လာတာပေါ့ ''

အဲသလို ပြောပြီး ရော့ချန်းက ဘီလူးစိမ်းလက်အိတ်အရုပ်ကလေးကို ကြင်နာသလိုပုံလုပ်ပြလေသည်။

" သဘာဝအတိုင်းစိုက်ခြင်းက ဓာတုဗေဒပစ္စည်းတွေ မပါတဲ့ စိုက်ပျိုးနည်းပဲ အဲဒါက ကျွန်တော်တို့ရဲ့

ခန္ဓာကိုယ်အတွက် အန္တရာယ်ကင်းတယ် အများကြီး စားရင်တောင်မှ ခန္ဓာကိုယ်ထဲမှာ ဘာအဆိပ်အ

တောက်မှ ကျန်မနေခဲ့ဘူး ဒါကြောင့် ကျွန်တော်တို့ ပိုကျန်းမာလာကြတယ် ''

အဲသလို လောင်ထယ်ကလည်း စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရွသာရွာသားတွေကို ရှင်းပြဟောပြောကာ ခမာက သူ၏သားအတွက် လက်မထောင်ပြနေလေသည်။

" နတ်သမီးလေးက အရုပ်ကလေး လုပ်ခဲ့တာကိုလည်း တွေ့ရော သူ့ကို လူသားအဖြစ်ကို ပြောင်းပေးလိုက်ပါတော့တယ် ''

အဲ့နောက် အရုပ်ကလေးနဲ့ နတ်သမီးလေး ကြည်နူးနေတာကို ခေါင်းဆောင်ဖူဖာနဲ့ လန် သရုပ်ပြလေသည်။

" အဲ့နောက်မှာတော့ အရုပ်ကလေးက ကမ္ဘာကြီးကို လှည့်ပတ်သွားလာခဲ့တယ် ရက်စက်တတ်တဲ့ လူတွေကို ကြင်နာတတ်အောင် ပြောင်းလဲပေးဖို့ အတွက်ပေါ့ ''

" ခေါင်းဆောင် ဒါဆို အရုပ်ကလေးက အခု
ဘယ်မှာလဲဟင် ''

" အစ်ကိုတော့မသိဘူး ''

" အရုပ်ကလေးက အမေရိကန်မှာများ
ရောက်နေတာလား ''

" ဟုတ်လောက်တယ် ဟုတ်လောက်တယ် ''

ကလေးတွေက ၂ နှစ်ကြာပြီ ဖြစ်သောကြောင့် အတွေး ရင့်လာကာ ပို၍ စကာပြောတတ် ဆိုတတ်လာလေသည်။ မိကျူးက အဲသလိုပြောပြီး အင်တာက ထောက်ခံလိုက်လေသည်။

" အရုပ်လေးက ဆရာလေးထီရန်ပဲ ပြီးတော့ ဘီလူးစိမ်းကြီးက ခေါင်းဆောင်ပဲ ''

ခေါင်နွန်းက အဲသလိုပြောပြီး ခေါင်းဆောင်ဖူဖာက ပြုံးချင်သလိုလိုနဲ့ ကြည့်ကာ အာရီက

" ဒါက တင်စားထားတဲ့ ပုံပြင်လေ ''

အဲသလိုပြောပြီး နောက်ထပ်စကားကို ခပ်တိုးတိုးအနေအထားဖြင့် သူငယ်ချင်းတွေခေါင်းဆုံကာ

" ခေါင်းဆောင်က တည့်မပြောဘဲ သွယ်ဝိုက်ပြောနေတာ ဟား ဟား ''

" ဟား..ဟား..ဟား.. ''

အားလုံးက ခေါင်းဆောင်ဖူဖာကို ဝိုင်းရည်ကြသမို့ ခေါင်းဆောင်ဖူဖာ အနေရခက်သွားလေတော့သည်။

" ဟေး အာရီ အဲဒါ ဘယ်သူ ပြောတာလဲ ''

" ရော့ချန်း ''

" ရော့ချန်း ''

" ဆရာအသစ်က ဘယ်တော့လာမှာလဲ ''

" ကျွန်တော်လည်း မသိသေးဘူး လန်ကို
မေးကြည့်ပါလား ''

" ဘယ်လိုလဲ လန် ဘယ်လိုလဲ ''

" ဖောင်ဒေးရှင်းကဒါရိုက်တာကို သွားမေးလိုက်ဦးမယ် ပြန်တွေ့မယ် ''

လန်က အဲသလို ပြောပြီး လက်မှာစွပ်ထားသည့် အရုပ်ကို ကလိကလိလုပ်ကာ အပေါက်မရှိသည့်ဘက်ကို ထွက်သွားသမို့ ခေါင်းဆောင်ဖူဖာ ကပြောကာ အားလုံးက လန်ကို ရည်လိုက်ကြလေသည်။

" ဒီဘက်လေ ''

" အော် ဟုတ် ''

" ဟား...ဟား.. ''

" ငါထင်တာတော့ အခု ဘီလူးစိမ်းကြီးက စိတ်ဆိုးနေပြီ ဒီကနေ ထွက်သွားတာ ကောင်းမယ် ''

အဲသလို ရော့ချန်းက လက်ကအရုပ်ကို သရုပ်ပြပြီး

" ပစ္စည်းတွေသိမ်း ပြန်မယ် မြန်မြန်ပြေး မြန်မြန် ''

ဒီလိုနဲ့ ကလေးတွေရယ် ရော့ချန်း လန်တို့ ထွက်သွား၍ မကြာမီ ခေါင်းဆောင်ဖူဖာက လက်အိတ်အရုပ်ကို ချွတ်ကာ နံရံမှာချိတ်ထားသည့် ပန်းချီကားကို ကြည့်၍ ပြုံးမိလိုက်လေသည်။

အဲ့နောက် ဖုန်းထဲက ထီရန်၏ပုံလေးကို ကြည့်ကာ ပြုံးမိပြန်လေသည်။ ထိုအချိန် သူ၏အလုပ်ဖုန်းကို

" လင်းယုန် ကြယ် ၃ ပါ ဖာပန်းဒေါင်းချောက်ကမ်းပါး နားမှာ အနီရောင် လုံခြုံရေးခြိမ်းခြောက်မှု တစ်ခု ရှိနေတယ် ဒါပဲ ''

" လင်းယုန် ကြယ် ၁ ပါ ဘာဖြစ်လို့လဲ အတည်ပြုပြီးပါပြီ ဒါပဲ ''

အဲ့နောက် ခေါင်းဆောင်ဖူဖာလည်း ဖာပန်းဒေါင်းချောက်ကမ်းပါးကို သေနတ်ချိန်၍ ကိုင်ကာ ရောက်လာလေသည်။

" ရပ်စမ်း လက်မြှောက်ထား ''

ခေါင်းဆောင်ဖူဖာချိန်၍ ထိုသို့ပြောလိုက်ရာ ထိုလူက ခေါင်းဆောင်ဖူဖာဖက် လှည့်လာတော့ ထီရန် ဖြစ်နေသည်ကို သိရလေသည်။

" ကျွန်တော့်ကို ရေနဲ့ တစ်ခါပက်တယ် အခု ကျွန်တော့်ကို သေနတ်နဲ့ ချိန်နေပြန်ပြီလား ''

" နိုင်ငံပိုင် သစ်တောထဲကို ကျူးကျော်တဲ့အတွက် ပြစ်ဒါဏ်တွေ အများကြီး ခံရမယ်ဆိုတာ သိရဲ့လား ''

ခေါင်းဆောင်ဖူဖာက အဲသလို ပြောပြီးထီရန်၏အနားကို လာခဲ့လေသည်။

ထီရန်က ​မြေပြင်ပေါ် ငုတ်တုတ်ထိုင်ကာ မြေကျင်းထဲတွင် ထော့ဖန်၏ဒိုင်ယာရီ စာအုပ်ကို မြှုပ်နှံလိုက်လေသည်။

" ဒါလေးကို ပြန်ပေးရတဲ့အတွက် တောင်းပန်ပါတယ် ကျွန်တော့်ကို ဘဝအသစ်တစ်ခုပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ကောင်းကောင်း အနားယူပါ ထော့ဖန် ''

ထီရန်လည်း မြှုပ်နှံပြီး၍ ပြန်ထလာကာ နောက်ထပ်စာအုပ်တစ်ခုကို ယူသမို့ ခေါင်း​ဆောင်ဖူဖာ နားမလည်သလိုဖြင့်

" အဲဒါက ဘာလဲ ''

" ဒါလား ဒါက ကျွန်တော့်ကိုယ်ပိုင် ကြယ်တစ်ထောင်ပုံပြင် စာအုပ်လေ ဒီနေရာလေးက အမှတ်တရတွေကို သိမ်းထားဖို့အတွက် အခုချိန်ကစပြီးတော့ပေါ့ ''

" မင်းပြောချင်တာက ''

" မင်္ဂလာပါ ခေါင်းဆောင်ဖူဖာ ကျွန်တော်က အသစ်ရောက်လာတဲ့ လုပ်အားပေး ကျောင်းဆရာပါ ကူညီပေးပါဦးနော် ''

" ထီရန် ''

" ကျွန်တော့်ကို စောင့်နေမယ်လို့ ပြောခဲ့တာမလား ''

" ဟုတ်တယ်လေ ဒါပေမယ့် မင်း ဒီမှာ ထပ်ပြီး ဆရာလာလုပ်ဖို့ ဆိုလိုခဲ့တာ မဟုတ်ဘူး ''

" ကျွန်တော့်ကို ခေါင်းဆောင်ပဲ ပြောခဲ့တာလေ ကျွန်တော့် နှလုံးသားအတိုင်း လုပ်သင့်တယ်ဆို ဒီမှာလေ

ကျွန်တော့်နှလုံးသားရဲ့ ဆန္ဒ အတိုင်း လုပ်နေတာပဲ ကျွန်တော် ဒီနေရာမှာ နေချင်တယ် ဒါမှမဟုတ်

ခေါင်းဆောင်က ကျွန်တော့်ကို ဒီမှာ မနေစေချင်လို့လား ''

" ဒါပေမယ့် မင်းရဲ့ အနာဂါတ်ကို ဒီမှာ လွှင့်ပစ်လို့ မရဘူးနော် ''

" ကျွန်တော် မလွှင့်ပစ်ပါဘူး ကျွန်တော့်အနာဂါတ်ကို ဒီမှာ တည်ဆောက်မလို့ ကျွန်တော်အခု နှလုံးသားရဲ့

ဆန္ဒ အတိုင်းပဲ လုပ်ပြီး ကျွန်တော့်ဘဝကို ရှင်သန်မှာ ခေါင်းဆောင်ရော နှလုံးသားရဲ့ ဆန္ဒ အတိုင်း

လုပ်ထားပြီးပြီလား ''

" ကိုယ်.. ''

" အမှန်အတိုင်းပြောပါ ခေါင်းဆောင်က ကျွန်တော့်ကို ဒီမှာ နေစေချင်လား ''

" ကိုယ်နဲ့အတူနေပေးနော် ထီရန် ''

" ဟင် မကြားလိုက်ဘူး ကျယ်ကျယ်လေး
ပြန်ပြောပေးပါ ''

" ကိုယ်နဲ့အတူနေပေးနော် ထီရန် ''

" အင်း ဘဝမှာ သူတစ်ပါးကို ကူညီဖို့ ရည်ရွယ်ချက်ရှိရင် ကံကောင်းခြင်းတွေ ​ပြန်ရတတ်တယ်မဟုတ်လား ''

အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်အနားကပ်လာပြီး ခါးလေးကို ပွေ့ဖက်လိုက်လေသည်။ ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာ၏ ပုခုံးနှစ်ဖက်ပေါ် လက်ကလေးတင်ထားလေသည်။
နှစ်ယောက်လုံးလည်း ပျော်ရွှင်နေကြလေသည်။

" မင်းပြောချင်တာက ကိုယ့်ကိုလား ''

" အင်း ''

" ထီရန် မင်းမှတ်မိလား အဲဒီညက မင်းကြယ်တွေ ရေတုန်းက ကြယ်တစ်လုံး ကြွေသွားတယ် ''

" ..... ''

" ကိုယ်တွေ့ခဲ့တယ် နောက်ဆုံး ကြယ်လေးကို ''

ဆရာလေးထီရန်က တစ်ခြားဘက်ကောင်းကင်ကို လှည့်ကြည့်ပြီးနောက်ခေါင်းဆောင်ဖူဖာကို ကြည့်ကာ ခေါင်းဆောင်ဖူဖာက

" အဲဒါ မင်းပဲ ကိုယ့်ဆီကို ကြွေလာတဲ့ ကြယ်လေး ''

" ဘယ်လို ဖြစ်တာလဲ စကားလုံးချိုချိုတွေ ပြောတတ်နေပြီပေါ့ ''

" အခု မင်းမှာ ကြယ်တစ်ထောင် ရှိပြီ မင်း ထပ်ပြီး ဆုတောင်းတော့ ''

" ကျွန်တော်တို့ ထပ်ပြီး မခွဲရဖို့ ဆုတောင်းတယ် ''

" ကိုယ်တို့ ထပ်မခွဲရတော့ပါဘူး တသက်လုံးပဲ ''

အဲ့နောက် တစ်ယောက်ကို တစ်ယောက် ကြင်ကြင်နာနာ ပွေ့ဖက်ထားလိုက်ကြလေတော့သည်။ ပြီးနောက် ဖက်ထားတာကို ခွာကာ တစ်ယောက်ကိုတစ်ယောက် အကြင်နာအကြည့်တွေနဲ့ ကြည့်နေကြလေသည်။

အဲ့နောက် တစ်ယောက်၏မျက်နှာ တစ်ယောက်နီးကပ်လာပြီး တစ်ယောက်၏နှုတ်ခမ်းနဲ့တစ်ယောက်လည်း ဖွဖွလေးထိမိကာ တစ်ယောက်၏အပေါ်နှုတ်ခမ်းကို ဖိသလိုဖိ အောက်နှုတ်ခမ်းကို ဖိသလိုဖိနဲ့ နှုတ်ခမ်းချင်း အနမ်း ဖလှယ်လိုက်ကြလေတော့သည်။

အပင်လေးတစ်ပင်ကို
နေပူမှာစိုး၍ အရိပ်ထဲ ရွှေ့ထားလျှင်
ထိုအပင် ကြီးမထွားနိုင်ပေ။

နေရောင်ခြည်နဲ့မိုးရေရသည့်
နေရာကို ပြန်ရွှေ့ထားမှသာ အစာချက်လုပ်၍
ကြီးထွားနိုင်ပေမည်။

" ကျွန်တော်တို့ ဇာတ်လမ်းလေးလိုပဲ
ဖာပန်းဒေါင်းဒဏ္ဍာရီလေးက
ဆက်ရှိနေဦးမှာပါ "

ပြီးပါပြီ

(Zawgyi Version)

ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars

Chapter - 10(C)
အပိုင္း (၃၀) ဇာတ္သိမ္းပိုင္း

အျပည္ျပည္ဆိုင္ရာေလဆိပ္

ထီရန္ ထီရန္၏အေဖနဲ႕အေမက ေလဆိပ္မွာ အတူတူရွိေနၾကေလသည္။ ထိုအခါ သူ၏သူငယ္ခ်င္း တြန္က

" ေဟး ထီရန္ ေဖာ မား မဂၤလာပါ ''

" ေဟး မင္း ဘယ္လိုလဲ ''

ထီရန္က တြန္ကို လွမ္းဖက္လိုက္ေလေတာ့သည္။

" ငါ့ကို ဘာလို႔ စိတ္ပ်က္သလိုႀကီး
ၾကည့္ေနတာလဲ ''

" မင္း ဒီမွာ ေလွ်ာက္ေျပာမေနနဲ႕ ငါ့ကို ေနာက္ေနတာ တစ္ခါေလာက္ ရပ္ပါလား ငါက ခဏေနသြားေတာ့မွာကို ''

" လုပ္စမ္းပါကြာ အနည္းဆုံးေတာ့ မင္းသြားခါနီး ငါ မင္းကို လာေတြ႕တယ္ေလ ''

" ေက်းဇူးပဲေနာ္ ''

" ဖက္ပါရေစဦး ကံေကာင္းပါေစ မင္း ဟိုေရာက္ရင္ အမ်ားႀကီး ေလွ်ာက္မေတြးနဲ႕ေနာ္ ဟိုမွာ မင္းေ႐ြးဖို႔ ေကာင္ေလးေခ်ာေခ်ာေလးေတြ ရွိမယ္ဆိုတာ ေသခ်ာတယ္ ''

တြန္က ဖက္ရင္းေျပာေနသမို႔ ထီရန္က ခ်က္ခ်က္းဖက္တာကို ခြာကာ

" ေဟ့ေကာင္ တြန္ ''

ထီရန္က အဲသလိုေျပာၿပီး သူ၏အေဖနဲ႕အေမကို ၾကည့္ကာ သူ႕အျဖစ္သူသိ၍ ၿပဳံးမိလိုက္ေလသည္။

" ဘာျဖစ္ေနတာလဲ မင္းပဲ သူ႕ကို အေဝးပို႔တာေလ ''

ထီရန္၏အေဖက သူ႕မိန္းမ စိတ္မေကာင္းျဖစ္ေနတာကို ၾကည့္၍ ေျပာေလသည္။

" သိပါတယ္ ထီရန္ ''

သူ၏အေမက ေပြ႕ဖက္ဖို႔လက္ကမ္းသမို႔ ထီရန္က သူ၏အေမကို ဖက္လိုက္ေလသည္။

" ေဘးကင္းတဲ့ခရီးေလး ျဖစ္ပါေစေနာ္ သား ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္ ''

" ေမေမလည္း ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ပါေနာ္ ''

" အတူတူပဲ သားလည္း ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္ ေန႕တိုင္း ဖုန္းဆက္ေနာ္ သား ''

" ဟုတ္ကဲ့ ထီရန္က ေမေမ ပ်င္းသြားတဲ့အထိကို ေန႕တိုင္းဖုန္းေခၚေပးမယ္ ''

" မပ်င္းသြားပါဘူး ''

ၿပီးေနာက္ ထီရန္က သူ၏အေမနဲ႕ ေနာက္တစ္ခါဖက္လိုက္ျပန္ေလသည္။

" ကဲ သြားရေတာ့မယ္ သား ''

" ဟုတ္ ''

ၿပီးေနာက္ သူ၏အေဖနဲ႕လည္း အားပါးတရဖက္လိုက္ျပန္ေလသည္။

" ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္ သား ၿပီးေတာ့ ေဘးကင္းတဲ့ခရီးေလး ျဖစ္ပါေစ ''

" ေက်းဇူးတင္ပါတယ္ အေဖ အေဖလည္း ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္ ''

ဒီလိုနဲ႕ ထီရန္က တြန္ကို ၾကည့္ကာ ၿပဳံးျပၿပီး ခဏတာ စိတ္အားငယ္ ျဖစ္သြားေလျပန္သည္။ ၿပီးေနာက္ ထီရန္က တစ္ေယာက္ေယာက္ကို ရွာေနေလၿပီး သူ၏အေမကလည္း နားမလည္သလိုျဖင့္ သူမ၏သား ၾကည့္သလိုၾကည့္ေနေလသည္။

" ေအာ္ အေဖနဲ႕အေမ သား အထဲဝင္ေတာ့မယ္ေနာ္ ျပန္ေတြ႕မယ္ေနာ္ ေဟ့ေကာင္ ျပန္ေတြ႕မယ္ အေဖနဲ႕အေမ သြားေတာ့မယ္ ''

ဒီလိုနဲ႕ ထီရန္က ခရီးေဆာင္အိတ္ကို ဆြဲကာ ထြက္သြားေလေတာ့သည္။ သူ၏အေဖအေမနဲ႕တြန္တို႔ႏွင့္ အနည္းငယ္ေဝးကြာသည္ကို ေရာက္ေသာ္ ထီရန္ဆီ ဖုန္းဝင္လာေလသည္။

- တုန္တလုန္ တုန္ -

" ဟယ္လို ''

" ထီရန္ ''

" ေခါင္းေဆာင္ ''

ေခါင္းေဆာင္ဖူဖာ ဖုန္းဆက္ျခင္း ျဖစ္ေလသည္။ ေခါင္းေဆာင္ဖူဖာ ထံမွ ထီရန္ၾကားလိုက္သည္က

" အဆင္ေျပပါေစေနာ္ ''

ဒီလိုနဲ႕ ထီရန္က ငိုခ်င္သလို ျဖစ္လာၿပီး ျပန္ထိန္းခ်ဳပ္ကာ

" ေခါင္းေဆာင္ ေခါင္းေဆာင္ ကြၽန္ေတာ့္ကို ေျပာခ်င္တာ ဒါအကုန္ပဲလား ''

" မင္းကို လြမ္းတယ္ ''

ထီရန္၏ေနာက္ေက်ာဘက္မွ ေျခတစ္စုံက ထီရန္ႏွင့္ နီးကပ္ေနေလသည္။

ထီရန္အေနာက္ဘက္ကို လွည့္ၾကည့္လိုက္ရာ သူအရမ္းေတြ႕ခ်င္ေနသည့္ ေခါင္းေဆာင္ဖူဖာ ျဖစ္ေလသည္။

ေခါင္းေဆာင္ဖူဖာလည္း သူ႕ကို ၿပဳံးျပေလသည္။ မေတြ႕ရတာေတာင္ လြမ္းလြန္းလို႔ ငိုခ်င္ေနမိတာ ယခု မ်က္စိေရွ႕ေတြ႕ရေတာ့ ပိုငိုခ်င္လာမိေလသည္။

" ငါ မင္းကို လိုက္ပို႔ခ်င္လို႔ ''

" ေခါင္းေဆာင္က ဘာလို႔ ဒီလို ဝမ္းနည္းေနတာလဲ ဒီလိုလုပ္ေနရင္ ကြၽန္ေတာ္က ေခါင္းေဆာင္ကို ဘယ္လို ေမ့နိုင္မွာလဲ ''

" ငါ ေမ့နိုင္မယ္လို႔ ထင္လို႔လား ငါ အရင္က ေမ့လိုက္ဖို႔ မင္းကို ေတာင္းဆိုခဲ့တာကို မင္း ေမ့ပစ္လိုက္လို႔ ရမလား ''

" ျဖစ္ခ်င္တာက ဘာလဲ ေခါင္းေဆာင္ ထပ္ၿပီး စိတ္ေျပာင္းဦးမွာလား ''

" လုံးဝမေျပာင္းေတာ့ဘူး ''

အဲ့ေနာက္ ထီရန္က ေပ်ာ္လည္းေပ်ာ္ဝမ္းလည္းနည္း ခံစားမႈေတြ မ်ိဳးစုံျဖစ္ေနေလသည္။

" ထီရန္ မင္း ေလယာဥ္ ေနာက္က်ေတာ့မယ္ ''

" အင္း ''

တြန္က လွမ္းေျပာသမို႔ ထီရန္ႏွင့္ေခါင္းေဆာင္ဖူဖာ လွည့္ၾကည့္လိုက္ေလသည္။

ၿပီးေနာက္

" ေခါင္းေဆာင္ ''

" ဟင္ ''

" ေခါင္းေဆာင္ ကြၽန္ေတာ့္ကို
ေစာင့္ေနေပးနိုင္လား ''

" ကိုယ့္အထက္လူႀကီးရဲ႕သားက ေတာင္းဆိုတာပဲ ငါက ဘယ္လို ျငင္းရမွာလဲ ''

ထီရန္က အဲ့စကားကို ၾကားၿပီး ေခါင္းၿငိတ္ေနေလသည္။

" ထီရန္ ကိုယ္ေစာင့္ေနမယ္ ဘယ္ေလာက္ပဲ ၾကာပါေစ ကိုယ္ေစာင့္ေနမယ္ ကိုယ္ကတိေပးတယ္ ''

အဲ့ေနာက္ ထီရန္လည္း အားငယ္သလို ခံစားမိေန၍ ေခါင္းေဆာင္ဖူဖာကို အားပါးတရဖက္ထားလိုက္ေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာလည္း ထီရန္ကို ဖက္ကာ နက္သိမ့္ေပးေနေလသည္။

ထီရန္လည္း မ်က္လုံးစုံမိတ္ကာ အားပါးတရဖက္ထားလိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာလည္း ထီရန္၏ေခါင္းကေလးကို ပြတ္ေပးလိုက္ေလသည္။

ၿပီးေနာက္ ဖက္ထားတာကိုခြာၿပီး ထီရန္က ေခါင္းေဆာင္ဖူဖာ၏ပုခုံးကို လက္ႏွစ္ဖက္တစ္ဖက္တစ္ေခ်ာင္းတင္ကာ ေခါင္းေဆာင္ဖူဖာက ထီရန္၏ခါးေလးကို ကိုင္ထားေလသည္။

ၿပီးေနာက္ တစ္ေယာက္ကို တစ္ေယာက္ၾကည့္၍ ထီရန္က ေခါင္းေဆာင္ဖူဖာကို ထပ္ၿပီး ေနာက္တစ္ခါ ဖက္လိုက္ျပန္ေလသည္။

အဲ့သလို ထပ္ႀကိမ္တစ္လဲလဲဖက္ေနတဲ့ ထီရန္နဲ႕ေခါင္းေဆာင္ဖူဖာကို ၾကည့္ကာ ထီရန္၏အေမက သူမ၏ေယာက္်ားကို ေမးပါေတာ့သည္။

" အစ္ကို အဲ့ေကာင္ေလးက ဘယ္သူလဲ ''

" ဖာပန္းေဒါင္း႐ြာမွာတုန္းက ကိုယ္တို႔သားကို ေစာင့္ေရွာက္ေပးတဲ့သူေလ ''

ထီရန္ႏွင့္ ေခါင္းေဆာင္ဖူဖာလည္း အားပါးတရဖက္ေနေလသည္။

" ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္ ''

" ေခါင္းေဆာင္ေရာ အတူတူပဲေနာ္ ''

ၿပီးေနာက္ ဖက္ထားတာကိုခြာၿပီး ထီရန္က

" ကြၽန္ေတာ္ သြားေတာ့မယ္ေနာ္ ေခါင္းေဆာင္ ''

ေခါင္းေဆာင္ဖူဖာလည္း ဝမ္းနည္းသလိုလို ျဖစ္ၿပီး ေခါင္းၿငိမ့္ကာ ထီရန္က သူ၏အိတ္ထဲမွ ဓာတ္ပုံေလးကို ေခါင္းေဆာင္ဖူဖာကို ေပးလိုက္ေလသည္။

" ဒါေလးကို သိမ္းထားေပးေနာ္ ''

" အင္း ''

အဲ့ေနာက္ ထီရန္ ထြက္သြားမည္ အလိုမွာ ေခါင္းေဆာင္ဖူဖာက ထီရန္၏ပုခုံးကို လွမ္းဆြဲကာ လည္ပင္းေလးကို ဖြဖြေလးကိုင္ၿပီး ႏွဖူးေလးကို အနမ္းဖြဖြေလး ေပးလိုက္ေလေတာ့သည္။

" ဘယ္ႏွစ္ႀကိမ္ပဲျပန္ေျပာေနပါေစ မေျပာင္းလဲတဲ့ ဒ႑ာရီေလးတစ္ပုဒ္ရယ္ မင္းအတြက္ ကိုယ့္အခ်စ္ကလည္း ဘယ္ေတာ့မွ မေျပာင္းလဲသလိုမ်ိဳး ___ ''

ထိုအခါ ထီရန္၏အေမက အံ့ၾသတသျဖစ္ေနၿပီး ထီရန္၏အေဖက သူ၏သား ကိစၥကို ႀကိဳသိေန၍ သူ႕မိန္းမကို ဖက္ထားၿပီး နက္သိမ့္ေပးရေလသည္။

ထိုအခါ တြန္က

" ကြၽန္ေတာ္လည္း မသိဘူး မား သူတို႔ကို အခုလို ေတြ႕တာ မထမဆုံး အႀကိမ္ပဲ သူကေခ်ာတယ္လို႔ မထင္ဘူးလားဗ် ''

အဲ့သလို ထီရန္၏အေမကို ရွင္းျပၿပီး ယခုေတာ့ သူတို႔၏သားက ေခါင္းေဆာင္ဖူဖာႏွင့္ ခ်စ္သူျဖစ္ေနၿပီး ေဂးဆိုတာ သိသြားေလေတာ့သည္။

အဲ့ေနာက္ ထီရန္လည္း ၿပဳံးရည္ၿပီး ေခါင္းေဆာင္ဖူဖာကို ေက်ာေပးကာ အိတ္ဆြဲ၍ ထြက္လာေလသည္။

ၿပီးေနာက္ သူ၏လက္ညိုးမွ လက္စြပ္ကေလးကို ၾကည့္၍ ခံစားခ်က္ေတြ ျဖစ္ေပၚလာေလသည္။ ေခါင္းေဆာင္ဖူဖာလည္း ထီရန္ေပးသည့္ သူနဲ႕အတူတူ ရိုက္ထားသည့္ ပုံေလးကိုၾကည့္ကာ ခံစားခ်က္ေတြ ျဖစ္လာရေလသည္။

" ဘယ္ႏွစ္ႀကိမ္ပဲျပန္ေျပာေနပါေစ မေျပာင္းလဲတဲ့ ဒ႑ာရီေလးတစ္ပုဒ္ရယ္ မင္းအေပၚထားတဲ့ ကိုယ့္

အခ်စ္ကလည္း ဘယ္ေတာ့မွ မေျပာင္းလဲသလိုမ်ိဳး ၾကယ္ေလးတစ္လုံးသာ ကိုယ့္ရဲ႕ဆုေတာင္းစကား

ေတြကို ၾကားနိုင္မယ္ဆိုရင္ အႀကိမ္ေပါင္းေထာင္ခ်ီေနပါေစ ကိုယ္ဆက္ၿပီး ဆုေတာင္းေနမယ္ ''

အဲသလို ခံစားခ်က္နဲ႕အတူ ထီရန္ကို ဖာပန္းေဒါင္းက ႀကိဳဆိုတဲ့ပြဲမွာ သီခ်င္းအတူတူဆိုခဲ့တာေတြ ထီရန္မူးလွဲမည့္အလိုမွာ ေခါင္းေဆာင္ဖူဖာေပြ႕ဖက္ထားတာေတြ

အတူတူအိပ္ၿပီး ၿပဳံးရည္ခဲ့တာေတြ တစ္ေယာက္ကိုတစ္ေယာက္ လက္ေဆာင္ေပးတာေတြ ဆိုင္ကယ္အတူတူစီးတာေတြ

တစ္ေယာက္ကိုတစ္ေယာက္ ဂ႐ုစိုက္ မ်က္ႏွာသစ္ဆပ္ျပာႏွင့္ သစ္ေပးတာေတြ ဝီစကီမူး၍ နမ္းမည့္အလိုမွာ အိပ္ေပ်ာ္ခဲ့တာေတြ

ၾကယ္တစ္ေထာင္ေရတဲ့ညက ရင္ခြင္ထဲ ေပြ႕ဖက္ခိုလႈံခဲ့တာေတြ စသည္တို႔ကို ေတြးကာ ၿပဳံးမိၾကေလသည္။ ဒီလိုနဲ႕ ထီရန္လည္း အေမရိကန္ကို ထြက္သြားေလၿပီ။

၂ ႏွစ္ၾကာၿပီးေနာက္
After Two Years later

အစိမ္းေရာင္ဗီတာမင္ဥယာဥ္ စိုက္ခင္းႀကီးမွာ အာရီ ေခါင္ႏြန္း ကာလယ္ အင္တာ မိက်ဴးတို႔ အပင္ေတြစိုက္ ေရေလာင္း ေပါင္းသင္ေနၾကေလသည္။

ဖာပန္းေဒါင္းေက်ာင္းႀကီးတြင္လည္းေခါင္ေဆာင္ဖူဖာ လန္ ေရာ့ခ်န္းတို႔ ကေလးေတြကို ပုံျပင္ေျပာျပကာ သ႐ုပ္ျပေနေလသည္။

" တစ္ခါတုန္းက နတ္သမီးတစ္ပါးရဲ႕ ေမွာ္စြမ္းအင္နဲ႕ အသက္ရွင္လာခဲ့တဲ့ အ႐ုပ္ကေလးတစ္႐ုပ္ ရွိသတဲ့ ''

လန္က ေခါင္းေဆာင္ဖူဖာနဲ႕ လက္အိပ္အ႐ုပ္ကေလးေတြ ဝတ္ကာ သ႐ုပ္ျပေနသမို႔ ကေလးေတြ ဝိုင္းရည္ၾကေလသည္။

" ဟား.. ''

" နတ္သမီးက လူစိမ္းႀကီးကို ၾကင္နာတဲ့ သူတစ္ေယာက္ အျဖစ္ေျပာင္းလဲလာဖို႔အတြက္ အ႐ုပ္ေလးကို တာဝန္ေပးခဲ့တယ္ ''

ထိုအခါ ေရာ့ခ်န္းက လူစိမ္းႀကီး ၾကမ္းၾကမ္းတမ္းတမ္းကို လက္အိပ္အ႐ုပ္ကေလးနဲ႕ သ႐ုပ္ျပ၍ ကေလးေတြ ဝိုင္းရည္ၾကေလသည္။

" ဟား... ''

နတ္ဆရာကလည္း ေနမေကာင္းသူေတြကို ဖာပန္းေဒါင္းေရွးရိုးစြဲ ယုံၾကည္မႈအတိုင္း ေရစင္ေတာ္ ပက္ျဖန္းေပးၿပီး ေဒါက္တာနမ္က ေနာက္မွ ေဆးကုေပးရေလသည္။ ေဒါက္တာနမ္က သေဘာမက်ေပမယ့္ လက္ခံရေလသည္။

" တကယ္လို႔ ကေလးတို႔သာ အ႐ုပ္ကေလးဆိုရင္ လူးစိမ္းႀကီး ဆိုတဲ့ ဘီလူးစိမ္းႀကီး ကို ဘယ္လိုေျပာင္းလဲမွာလဲ ''

" ဘီလူးစိမ္းႀကီးကို မုန့္ဝယ္ေကြၽးမယ္ ''

" ၿပီးေတာ့ေရာ ''

" အတူတူ ကစားဖို႔ ေခၚမယ္ ''

" အြန္း အာရီ ''

" ဟာသေတြ ေျပာၿပီး ေပ်ာ္ေအာင္ လုပ္မယ္ ''

" အ႐ုပ္ကေလးက အဲဒီနည္းအားလုံးကို သုံးခဲ့တယ္ ေနာက္ဆုံးေတာ့ ဘီလူးစိမ္းႀကီးက ၾကင္နာတတ္သူ ျဖစ္လာတာေပါ့ ''

အဲသလို ေျပာၿပီး ေရာ့ခ်န္းက ဘီလူးစိမ္းလက္အိတ္အ႐ုပ္ကေလးကို ၾကင္နာသလိုပုံလုပ္ျပေလသည္။

" သဘာဝအတိုင္းစိုက္ျခင္းက ဓာတုေဗဒပစၥည္းေတြ မပါတဲ့ စိုက္ပ်ိဳးနည္းပဲ အဲဒါက ကြၽန္ေတာ္တို႔ရဲ႕

ခႏၶာကိုယ္အတြက္ အႏၱရာယ္ကင္းတယ္ အမ်ားႀကီး စားရင္ေတာင္မွ ခႏၶာကိုယ္ထဲမွာ ဘာအဆိပ္အ

ေတာက္မွ က်န္မေနခဲ့ဘူး ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ပိုက်န္းမာလာၾကတယ္ ''

အဲသလို ေလာင္ထယ္ကလည္း စိုက္ပ်ိဳးေရးနဲ႕ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ႐ြသာ႐ြာသားေတြကို ရွင္းျပေဟာေျပာကာ ခမာက သူ၏သားအတြက္ လက္မေထာင္ျပေနေလသည္။

" နတ္သမီးေလးက အ႐ုပ္ကေလး လုပ္ခဲ့တာကိုလည္း ေတြ႕ေရာ သူ႕ကို လူသားအျဖစ္ကို ေျပာင္းေပးလိုက္ပါေတာ့တယ္ ''

အဲ့ေနာက္ အ႐ုပ္ကေလးနဲ႕ နတ္သမီးေလး ၾကည္ႏူးေနတာကို ေခါင္းေဆာင္ဖူဖာနဲ႕ လန္ သ႐ုပ္ျပေလသည္။

" အဲ့ေနာက္မွာေတာ့ အ႐ုပ္ကေလးက ကမၻာႀကီးကို လွည့္ပတ္သြားလာခဲ့တယ္ ရက္စက္တတ္တဲ့ လူေတြကို ၾကင္နာတတ္ေအာင္ ေျပာင္းလဲေပးဖို႔ အတြက္ေပါ့ ''

" ေခါင္းေဆာင္ ဒါဆို အ႐ုပ္ကေလးက အခု
ဘယ္မွာလဲဟင္ ''

" အစ္ကိုေတာ့မသိဘူး ''

" အ႐ုပ္ကေလးက အေမရိကန္မွာမ်ား
ေရာက္ေနတာလား ''

" ဟုတ္ေလာက္တယ္ ဟုတ္ေလာက္တယ္ ''

ကေလးေတြက ၂ ႏွစ္ၾကာၿပီ ျဖစ္ေသာေၾကာင့္ အေတြး ရင့္လာကာ ပို၍ စကာေျပာတတ္ ဆိုတတ္လာေလသည္။ မိက်ဴးက အဲသလိုေျပာၿပီး အင္တာက ေထာက္ခံလိုက္ေလသည္။

" အ႐ုပ္ေလးက ဆရာေလးထီရန္ပဲ ၿပီးေတာ့ ဘီလူးစိမ္းႀကီးက ေခါင္းေဆာင္ပဲ ''

ေခါင္ႏြန္းက အဲသလိုေျပာၿပီး ေခါင္းေဆာင္ဖူဖာက ၿပဳံးခ်င္သလိုလိုနဲ႕ ၾကည့္ကာ အာရီက

" ဒါက တင္စားထားတဲ့ ပုံျပင္ေလ ''

အဲသလိုေျပာၿပီး ေနာက္ထပ္စကားကို ခပ္တိုးတိုးအေနအထားျဖင့္ သူငယ္ခ်င္းေတြေခါင္းဆုံကာ

" ေခါင္းေဆာင္က တည့္မေျပာဘဲ သြယ္ဝိုက္ေျပာေနတာ ဟား ဟား ''

" ဟား..ဟား..ဟား.. ''

အားလုံးက ေခါင္းေဆာင္ဖူဖာကို ဝိုင္းရည္ၾကသမို႔ ေခါင္းေဆာင္ဖူဖာ အေနရခက္သြားေလေတာ့သည္။

" ေဟး အာရီ အဲဒါ ဘယ္သူ ေျပာတာလဲ ''

" ေရာ့ခ်န္း ''

" ေရာ့ခ်န္း ''

" ဆရာအသစ္က ဘယ္ေတာ့လာမွာလဲ ''

" ကြၽန္ေတာ္လည္း မသိေသးဘူး လန္ကို
ေမးၾကည့္ပါလား ''

" ဘယ္လိုလဲ လန္ ဘယ္လိုလဲ ''

" ေဖာင္ေဒးရွင္းကဒါရိုက္တာကို သြားေမးလိုက္ဦးမယ္ ျပန္ေတြ႕မယ္ ''

လန္က အဲသလို ေျပာၿပီး လက္မွာစြပ္ထားသည့္ အ႐ုပ္ကို ကလိကလိလုပ္ကာ အေပါက္မရွိသည့္ဘက္ကို ထြက္သြားသမို႔ ေခါင္းေဆာင္ဖူဖာ ကေျပာကာ အားလုံးက လန္ကို ရည္လိုက္ၾကေလသည္။

" ဒီဘက္ေလ ''

" ေအာ္ ဟုတ္ ''

" ဟား...ဟား.. ''

" ငါထင္တာေတာ့ အခု ဘီလူးစိမ္းႀကီးက စိတ္ဆိုးေနၿပီ ဒီကေန ထြက္သြားတာ ေကာင္းမယ္ ''

အဲသလို ေရာ့ခ်န္းက လက္ကအ႐ုပ္ကို သ႐ုပ္ျပၿပီး

" ပစၥည္းေတြသိမ္း ျပန္မယ္ ျမန္ျမန္ေျပး ျမန္ျမန္ ''

ဒီလိုနဲ႕ ကေလးေတြရယ္ ေရာ့ခ်န္း လန္တို႔ ထြက္သြား၍ မၾကာမီ ေခါင္းေဆာင္ဖူဖာက လက္အိတ္အ႐ုပ္ကို ခြၽတ္ကာ နံရံမွာခ်ိတ္ထားသည့္ ပန္းခ်ီကားကို ၾကည့္၍ ၿပဳံးမိလိုက္ေလသည္။

အဲ့ေနာက္ ဖုန္းထဲက ထီရန္၏ပုံေလးကို ၾကည့္ကာ ၿပဳံးမိျပန္ေလသည္။ ထိုအခ်ိန္ သူ၏အလုပ္ဖုန္းကို

" လင္းယုန္ ၾကယ္ ၃ ပါ ဖာပန္းေဒါင္းေခ်ာက္ကမ္းပါး နားမွာ အနီေရာင္ လုံၿခဳံေရးၿခိမ္းေျခာက္မႈ တစ္ခု ရွိေနတယ္ ဒါပဲ ''

" လင္းယုန္ ၾကယ္ ၁ ပါ ဘာျဖစ္လို႔လဲ အတည္ျပဳၿပီးပါၿပီ ဒါပဲ ''

အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာလည္း ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးကို ေသနတ္ခ်ိန္၍ ကိုင္ကာ ေရာက္လာေလသည္။

" ရပ္စမ္း လက္ျမႇောက္ထား ''

ေခါင္းေဆာင္ဖူဖာခ်ိန္၍ ထိုသို႔ေျပာလိုက္ရာ ထိုလူက ေခါင္းေဆာင္ဖူဖာဖက္ လွည့္လာေတာ့ ထီရန္ ျဖစ္ေနသည္ကို သိရေလသည္။

" ကြၽန္ေတာ့္ကို ေရနဲ႕ တစ္ခါပက္တယ္ အခု ကြၽန္ေတာ့္ကို ေသနတ္နဲ႕ ခ်ိန္ေနျပန္ၿပီလား ''

" နိုင္ငံပိုင္ သစ္ေတာထဲကို က်ဴးေက်ာ္တဲ့အတြက္ ျပစ္ဒါဏ္ေတြ အမ်ားႀကီး ခံရမယ္ဆိုတာ သိရဲ႕လား ''

ေခါင္းေဆာင္ဖူဖာက အဲသလို ေျပာၿပီးထီရန္၏အနားကို လာခဲ့ေလသည္။

ထီရန္က ​ေျမျပင္ေပၚ ငုတ္တုတ္ထိုင္ကာ ေျမက်င္းထဲတြင္ ေထာ့ဖန္၏ဒိုင္ယာရီ စာအုပ္ကို ျမႇုပ္ႏွံလိုက္ေလသည္။

" ဒါေလးကို ျပန္ေပးရတဲ့အတြက္ ေတာင္းပန္ပါတယ္ ကြၽန္ေတာ့္ကို ဘဝအသစ္တစ္ခုေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္ ေကာင္းေကာင္း အနားယူပါ ေထာ့ဖန္ ''

ထီရန္လည္း ျမႇုပ္ႏွံၿပီး၍ ျပန္ထလာကာ ေနာက္ထပ္စာအုပ္တစ္ခုကို ယူသမို႔ ေခါင္း​ေဆာင္ဖူဖာ နားမလည္သလိုျဖင့္

" အဲဒါက ဘာလဲ ''

" ဒါလား ဒါက ကြၽန္ေတာ့္ကိုယ္ပိုင္ ၾကယ္တစ္ေထာင္ပုံျပင္ စာအုပ္ေလ ဒီေနရာေလးက အမွတ္တရေတြကို သိမ္းထားဖို႔အတြက္ အခုခ်ိန္ကစၿပီးေတာ့ေပါ့ ''

" မင္းေျပာခ်င္တာက ''

" မဂၤလာပါ ေခါင္းေဆာင္ဖူဖာ ကြၽန္ေတာ္က အသစ္ေရာက္လာတဲ့ လုပ္အားေပး ေက်ာင္းဆရာပါ ကူညီေပးပါဦးေနာ္ ''

" ထီရန္ ''

" ကြၽန္ေတာ့္ကို ေစာင့္ေနမယ္လို႔ ေျပာခဲ့တာမလား ''

" ဟုတ္တယ္ေလ ဒါေပမယ့္ မင္း ဒီမွာ ထပ္ၿပီး ဆရာလာလုပ္ဖို႔ ဆိုလိုခဲ့တာ မဟုတ္ဘူး ''

" ကြၽန္ေတာ့္ကို ေခါင္းေဆာင္ပဲ ေျပာခဲ့တာေလ ကြၽန္ေတာ့္ ႏွလုံးသားအတိုင္း လုပ္သင့္တယ္ဆို ဒီမွာေလ

ကြၽန္ေတာ့္ႏွလုံးသားရဲ႕ ဆႏၵ အတိုင္း လုပ္ေနတာပဲ ကြၽန္ေတာ္ ဒီေနရာမွာ ေနခ်င္တယ္ ဒါမွမဟုတ္

ေခါင္းေဆာင္က ကြၽန္ေတာ့္ကို ဒီမွာ မေနေစခ်င္လို႔လား ''

" ဒါေပမယ့္ မင္းရဲ႕ အနာဂါတ္ကို ဒီမွာ လႊင့္ပစ္လို႔ မရဘူးေနာ္ ''

" ကြၽန္ေတာ္ မလႊင့္ပစ္ပါဘူး ကြၽန္ေတာ့္အနာဂါတ္ကို ဒီမွာ တည္ေဆာက္မလို႔ ကြၽန္ေတာ္အခု ႏွလုံးသားရဲ႕

ဆႏၵ အတိုင္းပဲ လုပ္ၿပီး ကြၽန္ေတာ့္ဘဝကို ရွင္သန္မွာ ေခါင္းေဆာင္ေရာ ႏွလုံးသားရဲ႕ ဆႏၵ အတိုင္း

လုပ္ထားၿပီးၿပီလား ''

" ကိုယ္.. ''

" အမွန္အတိုင္းေျပာပါ ေခါင္းေဆာင္က ကြၽန္ေတာ့္ကို ဒီမွာ ေနေစခ်င္လား ''

" ကိုယ္နဲ႕အတူေနေပးေနာ္ ထီရန္ ''

" ဟင္ မၾကားလိုက္ဘူး က်ယ္က်ယ္ေလး
ျပန္ေျပာေပးပါ ''

" ကိုယ္နဲ႕အတူေနေပးေနာ္ ထီရန္ ''

" အင္း ဘဝမွာ သူတစ္ပါးကို ကူညီဖို႔ ရည္႐ြယ္ခ်က္ရွိရင္ ကံေကာင္းျခင္းေတြ ​ျပန္ရတတ္တယ္မဟုတ္လား ''

အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္အနားကပ္လာၿပီး ခါးေလးကို ေပြ႕ဖက္လိုက္ေလသည္။ ဆရာေလးထီရန္လည္း ေခါင္းေဆာင္ဖူဖာ၏ ပုခုံးႏွစ္ဖက္ေပၚ လက္ကေလးတင္ထားေလသည္။
ႏွစ္ေယာက္လုံးလည္း ေပ်ာ္႐ႊင္ေနၾကေလသည္။

" မင္းေျပာခ်င္တာက ကိုယ့္ကိုလား ''

" အင္း ''

" ထီရန္ မင္းမွတ္မိလား အဲဒီညက မင္းၾကယ္ေတြ ေရတုန္းက ၾကယ္တစ္လုံး ေႂကြသြားတယ္ ''

" ..... ''

" ကိုယ္ေတြ႕ခဲ့တယ္ ေနာက္ဆုံး ၾကယ္ေလးကို ''

ဆရာေလးထီရန္က တစ္ျခားဘက္ေကာင္းကင္ကို လွည့္ၾကည့္ၿပီးေနာက္ေခါင္းေဆာင္ဖူဖာကို ၾကည့္ကာ ေခါင္းေဆာင္ဖူဖာက

" အဲဒါ မင္းပဲ ကိုယ့္ဆီကို ေႂကြလာတဲ့ ၾကယ္ေလး ''

" ဘယ္လို ျဖစ္တာလဲ စကားလုံးခ်ိဳခ်ိဳေတြ ေျပာတတ္ေနၿပီေပါ့ ''

" အခု မင္းမွာ ၾကယ္တစ္ေထာင္ ရွိၿပီ မင္း ထပ္ၿပီး ဆုေတာင္းေတာ့ ''

" ကြၽန္ေတာ္တို႔ ထပ္ၿပီး မခြဲရဖို႔ ဆုေတာင္းတယ္ ''

" ကိုယ္တို႔ ထပ္မခြဲရေတာ့ပါဘူး တသက္လုံးပဲ ''

အဲ့ေနာက္ တစ္ေယာက္ကို တစ္ေယာက္ ၾကင္ၾကင္နာနာ ေပြ႕ဖက္ထားလိုက္ၾကေလေတာ့သည္။ ၿပီးေနာက္ ဖက္ထားတာကို ခြာကာ တစ္ေယာက္ကိုတစ္ေယာက္ အၾကင္နာအၾကည့္ေတြနဲ႕ ၾကည့္ေနၾကေလသည္။

အဲ့ေနာက္ တစ္ေယာက္၏မ်က္ႏွာ တစ္ေယာက္နီးကပ္လာၿပီး တစ္ေယာက္၏ႏႈတ္ခမ္းနဲ႕တစ္ေယာက္လည္း ဖြဖြေလးထိမိကာ တစ္ေယာက္၏အေပၚႏႈတ္ခမ္းကို ဖိသလိုဖိ ေအာက္ႏႈတ္ခမ္းကို ဖိသလိုဖိနဲ႕ ႏႈတ္ခမ္းခ်င္း အနမ္း ဖလွယ္လိုက္ၾကေလေတာ့သည္။

အပင္ေလးတစ္ပင္ကို
ေနပူမွာစိုး၍ အရိပ္ထဲ ေ႐ႊ႕ထားလွ်င္
ထိုအပင္ ႀကီးမထြားနိုင္ေပ။

ေနေရာင္ျခည္နဲ႕မိုးေရရသည့္
ေနရာကို ျပန္ေ႐ႊ႕ထားမွသာ အစာခ်က္လုပ္၍
ႀကီးထြားနိုင္ေပမည္။

" ကြၽန္ေတာ္တို႔ ဇာတ္လမ္းေလးလိုပဲ
ဖာပန္းေဒါင္းဒ႑ာရီေလးက
ဆက္ရွိေနဦးမွာပါ "

ၿပီးပါၿပီ

Continue Reading

You'll Also Like

67.8K 6.3K 61
အတိတ္က အျဖစ္ပ်က္ေတြေၾကာင့္ အခ်စ္ေပၚ ေၾကာက္ရြံေနၿပီး အခ်စ္စစ္အေပၚ အယံုၾကည္ ကင္းမဲ့ေနတဲ့ Mean နဲ႔ အခ်စ္စစ္ကို ရွာေဖြေနတဲ့ Plan တို႔ ႏွစ္ေယာက္ရဲ႕ အခ်စ္...
49.4K 2.7K 8
ChanBaek Yaoi Fic ( completed ) ( Park Chan Yeol and Byun Baek Hyun )
53.7K 2.8K 16
Manik the undercover Mafia,who is ruthless,heartless,cold but he loves his wife more than his life but one day everything changed.He kicked her out w...
1.4M 35.5K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...