(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Chapter - 10(B)
အပိုင်း (၂၉)
" တစ်ခုခု လုပ်ပေးနိုင်မယ်လို့ ထင်ထားတာ နောက်ဆုံးတော့ ကျွန်တော်ကပဲ သူတို့ဆီကနေ ယူခဲ့ရတယ် ''
" မင်းကို အဲဒီလို ရစေချင်တာ ထော့ဖန်
ဖြစ်မယ် ထင်တယ် ''
ထိုအခါ ထီရန်က ခဏတာတွေးမိကာ
" အရင်တုန်းက ကျွန်တော်က ထော့ဖန်အတွက် ဘာပြန်ပေးသင့်လဲပဲ တွေးခဲ့တာ အခုတော့
ကျွန်တော်ပဲ အားလုံးကို ရလိုက်တာပါ ကျွန်တော် ဘာဆက်လုပ်သင့်လဲဆိုတာ ကျွန်တော် မသိဘူး ''
" ဘာဆက်လုပ်မှာလဲ အဲဒီမေးခွန်းက ဒီနေ့ ခေတ်လူငယ်တွေ အမေးများတဲ့ မေးခွန်းပဲ များသောအားဖြင့် သူတို့ပြောတာက သူတို့ ဆန္ဒ နောက်ကို လိုက်ချင်တယ် ''
" အဲ့ဒီလို လုပ်ရမှာပဲ မဟုတ်ဘူးလားဗျ ''
" တကယ်လို့ ငါတို့ စိတ် ဆန္ဒ နောက်ကိုပဲ လိုက်ပြီး ငါတို့ မြတ်နိုးတာပဲ လုပ်မယ်ဆိုရင် ငါဆို အိမ်မှာပဲ
နေသင့်တယ်လေ သစ်ပင်စိုက်တာကို ကျောခိုင်းထားမှာ မဟုတ်ဘူး ''
ထီရန်လည်း ဒါရိုက်တာပြောတာကို ခေါင်းငြိမ့်ပြီး ပြုံးလိုက်ကာ
" အဲ့တာလည်း ဟုတ်ပါတယ်လေ ''
" ကြည့်လိုက် အဲဒီအပင်ကို မြင်လား ''
" အဲဒီနေ့က ကျွန်တော် ကူညီပေးခဲ့တဲ့ အပင်လေး မဟုတ်လား ''
မှန်၏။ ထီရန် ဆထွန်ဖောင်ဒေးရှင်းတွင် လုပ်အားပေးဆရာ လာလျှောက်တုန်းက ကူသယ်ပေးခဲ့သည့် ပန်းအိုး ဖြစ်လေသည်။
ယခု အပင်က ကြီးထွားလာပြီး အပွင့်တွေတောင် ပွင့်နေလေပြီ။
" ဟုတ်တယ် အစက နေအရမ်းပူနေမှာ စိုးရိမ်ခဲ့တာ ဒါကြောင့် ငါအရိပ်ထဲကို ရွှေ့လိုက်တယ် ဒါပေမယ့်
သေသွားတယ် အဲဒီတော့ ငါနေရောင်နဲ့မိုးရေရတဲ့ နေရာကို ပြန်ရွှေ့ခဲ့တယ် နောက်ကျတော့ လှလှပပ
ပွင့်လာပါလေရော တစ်ခါတစ်လေ မင်းနဲ့သင့်တော်တဲ့နေရာကို ရှာဖို့လိုအပ်တယ် ''
" ကျွန်တော်နဲ့ သင့်တော်တဲ့ နေရာက ဘယ်နေရာလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ ''
" ဟိုကို ကြည့်လိုက် ''
ဒါရိုက်တာက အပင်လေးကို မှေးငေါ့ထိုးပြကာ အပင်လေး၏ နေရာဒေသကိုလိုက်ပြီး ကြီးပြင်းပုံကို ဥပမာပေး၍ ရှင်းပြတော့သည်။
" မင်းနဲ့ သင့်တော်တဲ့နေရာက မင်းကို ကြီးထွားရှင်သန်အောင် လုပ်ပေးလိမ့်မယ် ''
မှန်၏။ အပင်လေးကို နေပူမှာစိုး၍ အရိပ်ထဲရွေ့ထားလျှင် လင်းရိပ်မိ၍ မကြီးထွားနိုင်ပေ။ နေရောင်နဲ့မိုးရေရတဲ့ နေရာကို ရွေ့ထားပါက နေရောင်ခြည်မှ အစာချက်လုပ်၍ ရှင်သန်ကြီးထွားလာပေမည်။
လူတွေလည်း ဒီလိုပါပဲ။ ကိုယ်ဝါသနာမပါသည့် အရိပ်ထဲဝင်၍ မအောင်မြင်တာထက် ကိုယ်ဝါသနာပါသည့်နေရာကိုသာ ရွေ့၍ အောင်အောင်မြင်မြင် ဖြစ်အောင် ကြိုးစားရပေမည်။
ဒီလိုနဲ့ အခန်းကိုယ်စီမှ မီးတွေ လင်းလက်နေသည့် ထီရန်၏ အိမ်။ ထီရန်တစ်ယောက် ဒါရိုက်တာ၏ ပြောစကားကြောင့် မည်သို့ ဆုံးဖြတ်တော့မည် စိတ်ဝင်စားစရာပင်။
ရေကူးကန်ကြီး၏ အပန်းဖြေအဆောင်သေးလေးအောက်တွင် မီးရောင်လေးအောက်၌ ထီရန်နှင့် သူ၏အမေ အတူတူထိုင်ကာ ရှိနေလေသည်။
" အမေ သား စဥ်းစားပြီးပြီ သား ကျောင်းပြန်တက်တော့မယ် ''
ထိုအခါမှ ထီရန်၏အမေက အပျော်ကြီး ပျော်လာကာ အားသာဝမ်းရဖြစ်လျက်
" တကယ်လား မနက်ဖြန်ကျရင် သားအတွက် ကားအသစ်တစ်စီးလောက် သွားဝယ်ရအောင် ကျောင်းကို သွားဖို့ ကားလိုတယ်လေ ''
" အခု ထီရန် အင်ဂျင်နီယာ မတက်ချင်တော့ဘူး ''
" ဘာလို့လဲ သား ''
" ထီရန်က လူတွေကို ကူညီနိုင်မယ့်ဟာ တစ်ခုခု သင်ချင်တယ် ''
" ဒါဆို ဆေးကျောင်းဆိုရင်ရော ''
" ထီရန် အဲဒီလောက်မှ မတော်တာကို မေမေ ထီရန် ဆရာတစ်ယောက် ဖြစ်ချင်တယ် ''
သူဌေးသားတစ်ယောက် အဲ့လို ပညာရေးမေဂျာကို လိုလားလျှင် သူ၏အမေ စိတ်မရှည်စွာဖြင့်
" ထီရန် သား အဲဒီအကြောင်းကို တွေးနေတုန်းပဲလား ''
" မတွေးဘဲ ဘာလို့ ရပ်ထားရမှာလဲ အမေ ကလေးတွေကို စာသင်ရတာကို ထီရန် ပျော်မှန်း နားလည်သွားရုံပါ ''
ထိုအခါမှ ထီရန်၏အမေ သက်ပြင်းချကာ
" ထီရန် ပညာရေးမေဂျာ တက်တာက သားဟိုမှာ ကြုံခဲ့သလိုမျိုး ပျော်စရာ မကောင်းဘူးနော် ''
" သား အဲဒီမှာ ဖြတ်သန်းခဲ့ရတာတွေလည်း အပျော်သက်သက် မဟုတ်ဘူး အမေ ဘာလို့ လူတိုင်းက
အဲဒါကို အပျော်လို့ ထင်နေရတာလဲ အဲဒါကခက်ခဲမယ်ဆိုတာ ထီရန် သိပါတယ် ''
" ခက်မှန်းသိရင် ထီရန်က ဘာလို့လေ့လာချင်ရတာလဲ ဘာလို့ တစ်ခြားဟာကို မရွေးရတာလဲ ''
" မေမေ သူများတွေကို ကြွားလို့ ရမယ့်ဟာကို ရွေးစေချင်တာ မဟုတ်လား ''
" ထီရန် ''
" အဲဒီလို မဟုတ်လား မေမေ ဆိုဖာ့ဒစ်စကွန်း မိသားစုရဲ့ သား ဖြစ်ရတာ ဘာပဲ လုပ်လုပ် မိသားစုရဲ့
မျိုးရိုးနာမည်အတွက်ပဲ လုပ်နေရတယ် ဒီတစ်ချိန်လုံး ထီရန် မေမေဖြစ်စေချင်တာတွေကို လုပ်ခဲ့ပြီးပြီ
ဒါပေမယ့် ဒီတစ်ခါတော့ မေမေ ထီရန်လုပ်ချင်တာကို ခွင့်ပြုပေးပါလား ''
အဲ့နောက် ထီရန်၏အမေလည်း အတွေးတွေ နယ်ချဲ့ရင်း ထီရန်ကိုသာ ကြည့်၍ ထီရန်လည်း သူ၏အမေကိုသာ ကြည့်နေလေတော့သည်။
နောက်တစ်နေ့မနက်
ဆိုဖာ့ဒစ်စကွန်း၏ အိမ်ကြီးတွင် မနက်စားထမင်းဝိုင်း၌ ထီရန်၏အဖေအမေတို့က နေရာအသင့်ယူပြီး ဖြစ်လေသည်။
ဘေးနားမှ အိမ်အကူကလည်း ထမင်းတွေ ခူးခပ်ပေးနေလေသည်။ ထိုအခါ ထီရန်က ထမင်းစားခန်းကြီးထဲ ဝင်လာလေသည်။
အိမ်အကူက ထီရန်အား
" မောင်လေးထီရန် ထမင်းစားမလား ဆန်ပြုတ်သောက်မလား ''
" မစားတော့ပါဘူးဗျ အပြင်ကျမှပဲ စားတော့မယ် ''
အဲသလို ထမင်းစားခုံမှာတောင်မထိုင်ဘဲ မတ်တပ်ရပ်ပြောနေတဲ့ ထီရန်ကို သူ၏အဖေက
" မနက်စာတော့ စားသွားဦးလေ အဖေနဲ့အမေ သားကို ပြောစရာရှိတယ် ''
" အဲဒါဆို ထီရန် ထမင်းပဲ စားပါမယ် ''
" ဟုတ် ''
ထီရန်က အဲသလို အိမ်အကူကို ပြောပြီး ခုံတွင်ဝင်ထိုင်လိုက်လေသည်။ အိမ်အကူလည်း ထီရန်အတွက် ထမင်းခူးခပ်ပေးလေသည်။
" အဖေနဲ့အမေ စကားပြောကြည့်ပြီးပြီ အမေက သား ပညာရေးမေဂျာ တက်ဖို့ သဘောတူတယ်တဲ့ ''
ထိုစကားကို အကြားချင်ဆုံး ဖြစ်တဲ့ ထီရန်က ပျော်သွားကာ
" တကယ်လား ကျေးဇူးတင်ပါတယ် အမေ ''
" အမေက ထီရန်ကို ဒီကျောင်းမှာ
တက်စေချင်တယ် သား ''
ထီရန်၏အမေက စာရွက်ဖောင်လေး ပေးလိုက်လေသည်။ ထီရန်လည်း စာရွက်ဖောင်လေးကို ကြည့်ရင်း သူ၏စိတ်ကူးအိမ်မက်ဖြစ်သည့် နေရာ ဖြစ်သမို့ အပျော်ကြီး ပျော်၍
" အမေရိကန်မှာလား ''
" အင်း တကယ်တော့ အမေ သားနဲ့မခွဲချင်ပေမယ့် ဒီကျောင်းက ပညာရေးမေဂျာပိုင်းမှာ နာမည်ကြီး
တယ် မေမေ့သူငယ်ချင်းရဲ့ ကလေးတော်တော်များများတောင် အဲဒီမှာ မတက်နိုင်ကြဘူးတဲ့ ''
" ဒါပေမယ့် မေမေ တကယ်တော့ ထိုင်းမှာလည်း ကောင်းတဲ့ကျောင်းတွေ အများကြီး ရှိတာပဲ ထီရန့်အထင်... ''
" ထီရန် ''
ထီရန်စကားမဆုံးခင် ထီရန်၏အဖေက ဝင်ပြောလေသည်။
" သားမေမေက သင်ကြားရေးပိုင်းကို တက်ဖို့ သဘောတူပြီးပြီလေ အဲဒါကြောင့် မေမေ့ရဲ့ ဆန္ဒကို မဆန့်ကျင်စေချင်ဘူး ''
ထီရန်လည်း သူ့အဖေ၏ ပြောစကားကြောင့် ပြုံးပြနေတဲ့သူ၏အမေကို ကြည့်ကာ ဘာမှမပြောဘဲ ငြိမ်နေလေသည်။ သူ၏အဖေက
" စားကြရအောင် ''
ဒီလိုနဲ့ မနက်စာကို ထီရန်တစ်ယောက် စိတ်မပါဘဲ စားလိုက်ရသည်။ မှန်၏။ သူချစ်သည့် သူ့ဘဲကြီး ခေါင်းဆောင်ဖူဖာနဲ့ ထိုင်းနိုင်ငံမှာ နေတာတောင် အဆက်အသွယ် မရတာ အမေရိကန်ကို ကျောင်းသွားတက်တော့ ပိုဝေးပြီပေါ့။ ဒါကြောင့် ခဏက ပူဆာခြင်း ဖြစ်လေသည်။
ဒီလိုနဲ့ ထီရန်လည်း စိတ်ပြေလက်ပျောက် သူ့အိမ်၏ ရေကန်ကြီးဘေးမှ အပန်းဖြေအဆောင်တွင် ခုံတစ်ခု၌ ထိုင်နေလေသည်။
ပြီးနောက် အမေရိကန်က ပညာရေးမေဂျာကျောင်းစာရွက်ဖောင်ကို စိတ်ပျက်မိ၍ ခုံပေါ် ပစ်တင်လိုက်သည်။ ထိုအချိန် အိမ်အကူက
" မောင်လေးထီရန် ထီရန်အတွက် စာတစ်စောင် ရောက်နေတယ် ''
" ဟုတ်ကဲ့ ''
ထီရန်က အပျော်ကြီး ပျော်သွားပြီး အိမ်အကူပေးတဲ့ စာစောင်လေးကို ယူလိုက်လေသည်။
" ကျေးဇူးတင်ပါတယ် အစ်မ ''
" ဟုတ်ကဲ့ပါ ''
အိမ်အကူထွက်သွား၍ မကြာမီ ထီရန်က စာအိတ်အပြင်မှ ရေးထားသည့် ဖာပန်းဒေါင်းရွာ ချင်းမိုင်မှ ဘန်ကောက်သို့ ထီရန်အတွက် အိမ်အမှတ် စသဖြင့် ရေးထားတာကို ဖတ်ပြီး စာအိတ်ကို အရေးတကြီး ဖွင့်ဖောက်လိုက်လေသည်။
ထိုအခါ ဖိတ်စာလေးတစ်စောင်ကို တွေ့ရပြီး ထိုဖိတ်စာလေးက မင်္ဂဆောင်ဖိတ်စာလေးမို့ ထီရန်တစ်ယောက် စိတ်ခုသွားလေတော့သည်။
သို့ပေမယ့် မင်္ဂလာဆောင်ဖိတ်စာကို ကြည့်ပြီး ပြုံးလိုက်လေပြန်သည်။
" ငါ့မင်္ဂလာဆောင်ကို လာခဲ့နော် မင်းကို တွေ့ချင်နေတဲ့သူ ရှိတယ် ''
အဲသလို ဖိတ်စာပေါ်က စာလေးကြောင့် ပြုံးမိလေသည်။ အနည်းဆုံးတော့ ခေါင်းဆောင်ဖူဖာဆီမှ စာမရပေမယ့် သူနှင့်တွေ့ရမည်မို့ ပြုံးမိခြင်းပင်..။
သာယာလှပသည့် ဘန်ကောက်မြို့ကြီး ကားလမ်းပေါ်မှ ကားတွေ တိုက်တာအဆောက်အဦးတွေက များပြားလှပေသည်။
ဘန်ကောက်မြို့မှ ခန်းနားထည်ဝါလှသည့် ခန်းမကြီးတစ်ခုတွင် ဒေါက်တာနမ်က ဖုန်းကို နားမှာ ကပ်လျက်
" ဟယ်လို သူငယ်ချင်း မင်း ငါ့မင်္ဂလာဆောင်ကို လာမှာလား ''
" ဒေါက်တာ ငါ မသေချာသေးဘူး ''
ခေါင်းဆောင်ဖူဖာက ဖာဖီရွန်တပ်စုကနေ ဒေါက်တာနမ်နှင့် ဖုန်းပြောနေခြင်း ဖြစ်လေသည်။
" မင်းလည်းသိပါတယ် ငါဒီမှာ တောမီး ကိစ္စ လေ့ကျင့်ရေးတွေနဲ့ အလုပ်များနေတာ ''
" ဟေး မင်းသူငယ်ချင်း ငါက တစ်ခါပဲ မင်္ဂလာဆောင်မှာနော် မသိဘူးကွာ မင်းအတွက် ထိုင်ခုံနှစ်လုံး ပြင်ထားပေတယ် ''
" မင်းက ဘာလို့ ငါ့အတွက်ကို ထိုင်ခုံနှစ်လုံး
ပြင်ပေးရတာလဲ ''
" မင်းနဲ့ မင်းရဲ့ လုပ်အားပေးဆရာလေး အတွက်လေ သူ့ဆီလည်း ဖိတ်စာပို့ပြီးပြီ သေချာဝတ်စားပြီး ငါ့ မင်္ဂလာဆောင်ကို လာခဲ့နော် ''
" ဒေါက်တာ ချလိုက်တော့မယ် အလုပ်လုပ်စရာရှိလို့ ''
ထိုအခါမှ ဒေါက်တာနမ်က ဖုန်းကို နားထောင်ပြန် ကြည့်ပြန် ပြောပြန် ဖြစ်နေလေသည်။
" ဟယ်လို ဝေး ဖူ ဟယ်လို ''
ခေါင်းဆောင်ဖူဖာလည်း သက်ပြင်းတစ်ချက် ချမိလေတော့သည်။
တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးရင်း
လှပကျော့ရှင်းပြီး အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြင့် ထီရန်တစ်ယောက် သူ၏အိပ်ခန်းထဲတွင် မှန်ကြည့်၍ ဝတ်ဆင်နေလေသည်။
ထိုအခါ ထီရန်၏အမေက ဝင်လာကာ
" သေချာပြင်ဆင်ထားတာပဲ ဘယ်သွားမလို့လဲ
သား ''
" ခဏလေးပါ အမေ ရွာက သားအသိတစ်ယောက်ရဲ့ မင်္ဂဆောင်သွားမလို့ ''
အဲ့နောက် ကုတင်ပေါ်တင်ထားသည့် ခေါင်းဆောင်ဖူဖာနှင့် ဆင်တူသည့် အင်္ကျီအစိမ်းလေးကို ကြည့်ကာ ထို အင်္ကျီဘေးမှ ကုတ်အင်္ကျီကို ယူလိုက်လေတော့သည်။
ထိုအင်္ကျီအစိမ်းလေးသည် ထီရန်က ခေါင်းဆောင်ဖူဖာတို့ ဖာဖီရွန်တပ်စုမှာ သွားအိပ်ပြီး ပလွေမှုတ်ပြတုန်းက ခေါင်းဆောင်ဖူဖာ ခြုံပေးသည့် အင်္ကျီ ဖြစ်လေသည်။
ထို့ကြောင့် သူ အထူးတလည် ကြည့်နေခြင်း ဖြစ်လေသည်။ ထီရန်လည်း အဲသလို တွေးပြီး သူ၏အမေဆီ သွားလေတော့သည်။
" လာ မေမေ ကူပေးမယ် အို ဘာလို့ ဒီဝတ်စုံကိုမှ ဝတ်ထားတာလဲ တစ်ယောက်ယောက်နဲ့ ဒိတ်နေတာများလား ''
ထီရန်၏အမေက ကုတ်အင်္ကျီကို ဝတ်ပေးရင်း ပြောနေလေသည်။ ထိုအခါ ထီရန်က ပြုံးရည်ပြီး
" မဟုတ်ပါဘူး ကြည့်လို့ကောင်းလား အမေ ''
" ကောင်းတယ် သား မေမေ ကြယ်သီးတပ်ပေးမယ် သား ပြန်ရောက်ကတည်းက အပြင်ထွက်တာ သိပ်မ
တွေ့ရဘူး ဒီနေ့ပွဲက တကယ်အရေးကြီးတဲ့ပွဲပဲ ဖြစ်ရမယ် ဟုတ်တယ်မလား ''
" ဟုတ်ကဲ့ ''
အရေးကြီးတဲ့ပွဲ ဖြစ်မှာပေါ့။ သူ့ဘဲနဲ့တွေ့ရမှာကိုး။ ထိုအခါ ထီရန်၏အမေက မှန်ထဲကို ကြည့်ခိုင်းလေတော့သည်။
" ဟော ကြည့်ကောင်းလိုက်တာ ကြည့်ပါဦး ကြည့်ကောင်းတယ် ''
ပြီးနောက် ထီရန်က မှန်တင်ခုံမှာ တင်ထားသည့် ဖူဖာ့အသည်းနှလုံးပါသည့် လက်စွပ်ကလေးကို ယူကာ ဘယ်ဘက်လက်ညိုးတွင် ဝတ်ဆင်လိုက်လေသည်။
ပြီးနောက် မှန်ထဲကို ကြည့်ကာ ပြုံးနေလေသည်။ ထို့ကြောင့် သူ၏အမေက
" ကဲ သွားလို့ရပြီ ''
ဒီလိုနဲ့ ခန်းမအကျယ်ကြီးထဲတွင် လှပသောပန်းတွေဖြင့် ခန်းနားထည်ဝါအောင် ပြင်ဆင်ထားသည့် မင်္ဂလာပွဲတစ်ခုက မီးရောင်စုံဖြင့် စည်ကားနေလေသည်။
သတို့သားဒေါက်တာနမ်နှင့် သူ၏သတို့သမီးတို့က အနောက်တိုင်းဝတ်စုံဖြင့် လှပသောပိတ်ကားကြီးအရှေ့တွင် ရပ်နေလေသည်။
ပွဲသို့တက်ရောက်လာသည့် သူ၏အသိမိတ်ဆွေများနှင့်လည်း ဓာတ်ပုံအတူတူ ရိုက်ကူးနေလေသည်။
" ခေါ့ဖန်း ဓာတ်ပုံရိုက်ရအောင် လာ ''
" လှလိုက်တာ လှနေရောပဲ ''
ထို့နောက် ထိုခန်းမထဲကို ဝင်လာသည့် ခြေတစ်စုံမှအပေါ်သို့ တဖြည်းဖြည်း ကြည့်လိုက်သော် အနောက်တိုင်း ဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ထားသည့် ခေါင်းဆောင်ဖူဖာ ဖြစ်လေသည်။
သူ၏အနောက်မှလည်း လန်နှင့်ရော့ချန်းက အလားတူ အနောက်တိုင်းဝတ်စုံဖြင့် ကြည့်ကောင်းနေလေသည်။
ရော့ချန်းက လမ်းလျှောက်လာရင်းဖြင့်
" မင်္ဂလာဆောင်ကြီးက လှလိုက်တာ ''
အဲသလို ပြောပြီး သတို့သားဒေါက်တာနမ်နှင့်သူ၏ သတို့သမီးတို့အနားကို သူတို့ ရောက်သွားကာ ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာအား
" မင်းပြောတော့ မလာဘူးဆို ''
" မင်္ဂလာပါ မင်္ဂလာပါ ''
သတို့သမီးလေးက အဲသလို နှုတ်ဆက်ပြီး ဒေါက်တာနမ်က လန်နှင့်ရော့ချန်းကို ကြည့်ကာ
" ဟေး မင်းတို့ ငါ့ရဲ့ ရင်အုပ်ကြီးကြီးနဲ့ သူငယ်ချင်းကို တွေ့မိသေးလား ''
အဲသလို စနောက်သမို့ ခေါင်းဆောင်ဖူဖာ မျက်နာရှက်ဖြန်းဖြန်းဖြစ်ကာ
" ဒေါက်တာ တော်တော့ ဓာတ်ပုံရိုက်မှာလား
မရိုက်ဘူးလား ''
" ရိုက်မှာပေါ့ကွ မင်းက ဒီလို သေချာဝတ်စားထားတာပဲ မင်းက ငါနဲ့ ရိုက်ချင်တာလား ဒါမှမဟုတ် တစ်ခြားတစ်ယောက်နဲ့လား ''
" မင်း မရိုက်ဘူးဆိုရင်လည်း ငါသွားတော့မယ် ''
ဒေါက်တာနမ်က ထပ်စမြဲစနေသမို့ ခေါင်းဆောင်ဖူဖာက အဲသလို ခပ်စွာစွာပြောသမို့ ဝင်တားရလေတော့သည်။
" ဟေး နေပါဦး ခေါင်းဆောင်ရဲ့ ဒီအဝတ်အစားတွေကို အလကား မလုပ်နဲ့ ဒါတွေကို စျေးထဲက
ငှားလာရတာလေ ''
" အေးလေ အေးလေ ''
ရော့ချန်းနှင့်လန်က အဲသလို ပြောကြပါတော့သည်။
" ဒါငှားဖို့ လစာအကုန်နီးပါး သုံးထားရတာ ''
" ကျွန်တော့်ရဲ့ အရည်အချင်းတွေ ဒီမှာ အကုန်ထုတ်သုံးရမယ် ''
အမလေး..။ ရော့ချန်းက အနောက်တိုင်းအဝတ်စား ငှားဖို့ လစာတောင် ကုန်သတဲ့။ လန်ကလည်း သူ့ကိုယ်သူ အထင်ကြီး ချောကြောင်းကြွားနေတာ မရပ်တော့ဘူး။ တတ်လည်း တတ်နိုင်ကြပေသည်။
" မင်း ဘာတွေလောနေတာလဲ သူမရောက်သေးပါဘူး မင်း မတွေ့ချင်ဘူးလား ''
မလှုံမလှဲ ဖြစ်နေတဲ့ ခေါင်းဆောင်ဖူဖာက
" ငါလာတာ မင်းရဲ့မင်္ဂလာဆောင်ကိုနော်
ဒေါက်တာ ''
" လာ အဲ့ဒါဆိုလည်း ဓာတ်ပုံရိုက်ရအောင်
လာပါ ရိုက်ကြမယ် ''
ခေါင်းဆောင်ဖူဖာ ဓာတ်ပုံရိုက်လိုက်ပေမယ့် တစ်ယောက်ယောက်ကို မျှော်နေဆဲ။
" ၁ ၂ ၃ ဟုတ်ပြီ ''
ထို့နောက် ခန်းမအပေါက်ဝကို တရွေ့ရွေ့လာနေသည့် ထီရန် တစ်ယောက်ယောက်ကို တွေ့ရတော့မည့် ယုံကြည်မှု အပြည့်ဖြင့်။
အဲ့နောက် ဓာတ်ပုံရိုက်သည့် ပိတ်ကားတွင် လူတွေ မရှိတော့ဘဲ ခန်းမကြီးထဲကို ရောက်နေသည်ကို ထီရန် သတိထားမိတော့သည်။
ပြီးနောက် သူ၏ဘယ်လက်ညိုးမှ လက်စွပ်ကလေးကို ကြည့်ကာ တစ်ချက် ပြုံးလိုက်လေသည်။ ပြီးနောက် လူတွေစည်ကားနေသည့် ခန်းမထဲတွင် ထီရန်က ဝိုင်ခွက်ကလေးကိုင်ကာ
တစ်ယောက်ယောက်ကို ရှာနေလေသည်။ ပြီးနောက် ခေါင်းဆောင်ဖူဖာဟူ၍ ထင်ရသည့် နောက်ကျောကို ကြည့်ကာ ပြုံးမိပေမယ့် ထိုသူ၏မျက်နှာကို မြင်ရသော် ခေါင်းဆောင်ဖူဖာ မဟုတ်၍ ပြန်ပြီး မျက်နှာမကောင်း ဖြစ်ပြန်ရသည်။
ထိုအခါမှ သတို့သားဒေါက်တာနမ်ကသတို့သမီးလေးနှင့်အတူ တွဲ၍ ထီရန်ကို မြင်လေတော့သည်။
" ညီလေးထီရန် ''
" မင်္ဂလာပါ ''
" မင်္ဂလာပါ ''
" ကြည့်ပါဦး မင်းကို ရွာက ကျောင်းဆရာလေးလို့တောင် မမှတ်မိတော့ဘူး လာ ဓာတ်ပုံရိုက်ရအောင် ''
" ဟုတ်ကဲ့ အစ်ကို ''
" ဓာတ်ပုံလေး ရိုက်ပေးပါဦး ''
" ၁ ၂ ၃ ''
" ကျေးဇူးတင်ပါတယ် ''
" ဒီနေ့ အရမ်းကြည့်ကောင်းနေတာပဲ အစ်ကို ''
ထိုအခါ သတို့သမီးလေးက တစ်ယောက်ယောက်ကို မြင်ပြီး
" အစ်ကိုအော့ဖ် ''
ဟူ၍ လှမ်းခေါ်ကာ သူမခင်ပွန်း ဒေါက်တာနမ်ကို ရှင်းပြလေသည်။
" အစ်ကိုအော့ဖ်က ကျောင်းက စီနီယာလေ အစ်ကိုအော့ဖ်ကို သွားနှုတ်ဆက်လိုက်ဦးမယ်နော် ပြန်လာမယ်နော် သွားလိုက်ဦးမယ်နော် ''
" ဟုတ်ကဲ့ပါ ''
ဒေါက်တာနမ်၏ချစ်ဇနီးချောလည်း အော့ဖ်ဆီ သွားလိုက်လေသည်။
ထီရန်က တစ်ယောက်ယောက်ကို ရှာနေတာ သိသာသမို့
" မင်း အစ်ကို့သူငယ်ချင်းကို ရှာနေတာမလား ''
" ဟုတ်ကဲ့ ''
" သူလာတယ် ဒါပေမယ့် အရေးကြီးကိစ္စရှိလို့တဲ့ ပြန်သွားရတယ် ခုနလေးတင် ပြန်သွားတာ ''
" ဘာတွေကများ အဲလောက်အရေးကြီးနေတာတဲ့လဲ အစ်ကို ''
" အဲ့တာတော့ အစ်ကိုလည်း မသိဘူးလေ သူ ပြောမသွားဘူး ''
" ခေါင်းဆောင်က ကျွန်တော့်ကို မတွေ့ချင်လို့နေမှာ အစ်ကို ''
" ဟေး ထီရန် ''
" အစ်ကို သိလား ခေါင်းဆောင်က ကျွန်တော် သူ့ကို မေ့လိုက်ပါတဲ့ ဒါပေမယ့် အခု သူလည်း ကျွန်တော့်ကို မေ့ဖို့ ကြိုးစားနေပုံပဲ ''
ထိုအခါ ဒေါက်တာနမ်က ဆရာလေးထီရန်ကို နက်သိမ့်ပြီး သတို့သမီးလေးက
" အစ်ကိုနမ် ''
ဟူ၍ တစ်ခြားဝိုင်းမှ လှမ်းခေါ်သမို့
" အေး အစ်ကို့ကို ခွင့်ပြုဦးနော် ဒါနဲ့ အစ်ကို့ကို မင်းရဲ့ ဖုန်းနံပါတ်ပေးလို့ရမလား ညီလေးထီရန်ရဲ့ ဖေ့
ဘုတ်အကောင့်ကို ပိတ်ထားတာမလား အရေးကြီးရင် ဆက်လို့ရအောင်လို့ ပေးထားလေ ''
" ရပါတယ် အစ်ကို ''
ထီရန်လည်း ဒေါက်တာနမ်၏ဖုန်းကို ယူကာ နံပါတ်ရိုက်နိပ်ပေးလိုက်ပြီး
" အိုကေ လာပေးလို့ ကျေးဇူးနော် ''
" မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပါတယ်နော်
အစ်ကို ''
ပြီးနောက် ဒေါက်တာနမ်လည်း ထွက်သွားပြီး ထီရန်လည်း မျက်နှာညိုးငယ်ကာ ကျန်ရစ်ခဲ့လေတော့သည်။
ထိုအခါ ရော့ချန်းနှင့်လန်က ထီရန်ကို မြင်ပြီး ပြောရင်းဖြင့် အနားသို့လာခဲ့လေသည်။
" ဝေး ညီလေးထီရန် မင်းကို ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး ''
" မင်္ဂလာပါ ကြည့်ကောင်းနေလိုက်တာ ''
" ထပ်ပြောပါဦး ''
ရော့ချန်းက အဲသလို စနောက်ပြီးလန်က
" ဘယ်လိုလဲ အဆင်ပြေနေရဲ့လား ''
" ပြေပါတယ် ချန်းကော လန်ရော အဆင်ပြေလား ''
" အဆင်ပြေလားဆိုတော့ အဆင်ပြေတာပေါ့ ကလေးတွေလည်း အကုန်အရွယ်ရောက်ပြီ ''
" ဟုတ်တယ် ဟုတ်တယ် ကလေးတွေအကြောင်း ပြောရရင် ကာလယ် ကာလယ်က ပိုဝလာတယ်လေ ''
အဲသလို ရော့ချန်းနှင့်လန်က ပြောနေကြပြီး ထီရန်က ခေါင်းဆောင်ဖူဖာကို မတွေ့ရသမို့ မျက်နှာမကောင်းဖြစ်နေလေသည်။
ခေါင်းဆောင်ဖူဖာက အလုပ်ပေါ်လာလို့ ပြန်သွားသည်မဟုတ်ဘဲ တမင်တကာမတွေ့ချင်၍ ရှောင်းတိမ်းနေသမို့ ထီရန်၏ခပ်လှမ်းလှမ်းနေရာတစ်ခုမှ ခေါင်းဆောင်ဖူဖာ ထွက်လာလေသည်။
ထီရန် ကျောပေးထား၍ ခေါင်းဆောင်ဖူဖာကို မမြင်ချေ။ ခေါင်းဆောင်ဖူဖာလည်း တွေ့ချင်ပေမယ့် ရှောင်နေတာမှ ပိုကောင်းမည်ဟု တွေးလေသည်။
ထိုအခါ နှစ်ယောက်လုံး၏ ခံစားချက်တွေက
" တိုက်ခတ်လာတဲ့လေလေး မင်းကို ကိုယ့်ဆီ ခေါ်လာပေးတဲ့ လေလေး အဲဒီလေလေးကပဲ ကိုယ့်ဆီ
ကနေ မင်းကို ပြန်ခေါ်သွားခဲ့တယ် တို့တွေနီးစပ်ခဲ့ပေမယ့် မင်းက ဒီမှာ မရှိတော့ဘူး လေလေးက မင်း
ကို ဘယ်ဆီ ခေါ်ဆောင်သွားတာလဲ တိုက်ခတ်လာတဲ့ လေလေး လူထောင်ပေါင်းများစွာကို တိုက်ခတ်
လာတယ် လေလေးက မင်းကို ကိုယ့်ဆီ ပြန်ခေါ်ဆောင်လာပေးမှာလား အခု ဘယ်လောက်တောင်
ကြာသွားပြီလဲ မင်းရဲ့ကတိတွေကို မှတ်မိဆဲပဲ လေလေးက မင်းကို
ကိုယ့်ဆီ ထပ်ပြီး သယ်ဆောင်လာပေးဖို့ စောင့်နေတုန်းပဲ လေးလေက မင်းကို ဒီကို ဘာလို့ ခေါ်မလာ
တော့တာလဲ လေးလေက မင်းကို ငါ့ဆီ ပြန်ရောက်လာအောင် တိုက်ခတ်ပေးမှာလား ''
အဲသလို ခံစားချက်တွေနဲ့ ထီရန်က သူ၏နောက်ကျောကို လှည့်ကြည့်မလိုဖြင့် မလှည့်ကြည့် ခေါင်းဆောင်ဖူဖာကလည်း သွားချင်ပေမယ့် လှည့်ပြန်ခဲ့လေသည်။
ထီရန်လည်း သူ၏အိမ်ကလေးကို ရောက်သော် ရေကူးကန်၏ အပန်းဖြေအဆောင်မှ ပါပေါက်စွန်လေးက လေထဲမှာ လွှင့်ဝဲနေလေသည်။ သူ၏ခံစားချက်ကလေးကလည်း တိုက်ခတ်နေတဲ့ လေကလေး စွန်ကလေးနဲ့အတူ
" တိုက်ခတ်နေတဲ့ လေလေး ငါ့ရဲ့ ပြင်းပြတဲ့ ဆန္ဒကို တိုက်ခတ်ပေးနိုင်မလား ငါရဲ့ ဒီဆန္ဒလေးကို သူ့ဆီ
တိုက်ခတ်ပေးသွားပါ ဒီကလူက မင်းကိုသာ မျှော်လင့်နေတုန်းပဲ တစ်နေ့ကျရင် မင်းနဲ့ ထပ်ပြီး တွေ့ရဖို့
မျှော်လင့်နေတုန်းပဲ ''
အဲသလို ခံစားရပြီး ပါပေါက်စွန်လေးကို ကြည့်နေလေသည်။ ပြီးနောက် သူ၏အခန်းလေးထဲကို ဝင်လာကာ ကုတင်ပေါ်မှ ခေါင်းဆောင်ဖူဖာ ခြုံပေး
သည့် အင်္ကျီလေးကို ကြည့်ပြီး သူ၏လက်ထဲမှ ကုတ်အင်္ကျီလေးကို ကုတင်ပေါ်တင်ထားလိုက်လေသည်။
ပြီးနောက် ကုတင်ပေါ်ထိုင်ကာ သူ၏လက်ညိုးမှ လက်စွပ်ကလေးကိုကြည့်၍ လွမ်းမိလေပြန်သည်။ ပြီးနောက် ကုတင်ဘေးက ခုံအပုလေးမှ အမေရိကန်ကပညာရေးမေဂျာကျောင်းစာရွက်ဖောင်ကို ယူကြည့်ပြီး ခေါင်းဆောင်ဖူဖာနှင့် ဝေးရမည်ကို တွေးကာ ခံစားရနေလေသည်။
" တိုက်ခတ်နေတဲ့ လေလေး ______ မင်းကို ဒီမှာ နေ့ရောညပါ စောင့်နေတုန်းပဲ လေလေးက မင်းကို ငါ့ဆီ ထပ်ပြီး ပြန်ခေါ်လာမယ့် အချိန်ထိ ''
နောက်တစ်နေ့မနက်
နေအလင်းရောင်ကျရောက်နေသည့် ဘန်ကောက်မြို့...။
ထီရန်တစ်ယောက် သူ၏ ရေကူးကန်ဘေးမှ အပန်းဖြေအဆောင်တွင် ထိုင်နေကာ စားပွဲပေါ်တွင် ရေခွက်တစ်ခု စားစရာတစ်ခုရှိကာ စာရွက်တွေနဲ့ ဘောပင် ရှိနေလေသည်။
ပြီးနောက် ခေါင်းဆောင်ဖူဖာထံ စာရေးလိုက်လေတော့သည်။
" ခေါင်းဆောင် ဒါ ကျွန်တော့်ရဲ့ နောက်ဆုံးစာ ဖြစ်မလားပဲ ကျွန်တော် အမေရိကန်မှာ ကျောင်းသွားတက်တော့မယ် ''
အဲသလို စာလေးရေးရင် စားထဲကအကြောင်းအရာတွေအတိုင်း ထီရန် ကျောင်းတက်ဖို့ ပြင်တော့သည်။
ညအချိန် ထီရန်၏ အခန်းထဲတွင် ထီရန်၏အမေက ကုတင်ပေါ်ထိုင်ကာ အဝတ်တွေ စီပြီးထည့်ပေးနေသည်။
ထီရန်က ကြမ်းပြင်မှာ ထိုင်ကာ အဝတ်တွေ အိတ်ထဲထည့်နေလေသည်။
" ကဲရော့ ဒီမှာ ''
" ဟုတ် မေမေ ''
သူ၏အမေက လောင်ထယ်ပေးသည့် ဖာပန်းဒေါင်းရိုးရာအဝတ်အစားကို ကိုင်ပြီး
" ဒါ ယူသွားမှာလား ''
" ဟုတ်တယ် အဲဒီအင်္ကျီက ဆွယ်တာတွေလောက်တော့ မနွေးဘူး ဒါပေမယ့် ထီရန်ရဲ့ နှလုံးသားကိုတော့ နွေးစေတယ် မေမေ ''
" အေးပါ ဒါလေးလည်း ထည့်လိုက်မယ် ''
ဒီလိုနဲ့ သူ၏အမေက ထိုအင်္ကျီကို ခေါက်ထည့်ပေးလိုက်လေတော့သည်။
" အစတုန်းကတော့ ကျွန်တော်က အကွာအဝေးဆိုတာ ကျွန်တော့်ကို အဲဒီကအရာတွေကို မေ့စေနိုင်
လိမ့်မယ်လို့ ထင်ခဲ့တယ် ဒါပေမယ့် ကျွန်တော် သိသွားပြီ အကွာအဝေးဆိုတာက အစ်ကို့ကို မေ့သွား
စေဖို့ ကျွန်တော့်အတွက် မလုံလောက်ခဲ့ပါဘူး ကျွန်တော့်ရဲ့ ဒီနောက်ခြေတစ်လှမ်းက ကျွန်တော်တို့ကို ပို
ဝေးကွာသွားဖို့ ဖြစ်ခဲ့တဲ့ အရာအားလုံးကို မေ့သွားအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်
ကျွန်တော့်ကို ကောင်းကောင်း အိပ်ပျော်စေမယ့် တကယ်မရှိခဲ့တဲ့ အိပ်ယာဝင်ပုံပြင်လေးအဖြစ် တွေး
လိုက်တော့မယ် ''
ထီရန်က သူ၏ညအချိန်အခန်းလေးထဲမှာ အမေရိကန်ကို ကျောင်းသွားတက်ဖို့ အဝတ်တွေထည့်ပြီးနောက် ထော့ဖန်၏ ဒိုင်ယာရီစာအုပ်လေးထဲမှ ဖာပန်းဒေါင်းက ပြန်ခဲ့စဥ်က ရိုက်ခဲ့သည့်ပုံ ခေါင်းဆောင်ဖူဖာနှင့် အတူတူရိုက်ခဲ့သည့်ပုံကို ကြည့်ကာ လွမ်း၍ ငိုမိလေတော့သည်။
ပြီးနောက် ဂျပ်ဖာကို ယူကာ သူ၏အပန်းဖြေအဆောင်မှ ပါပေါက်စွန်လေးကို ယူပြီး အလွမ်းကြီးလွမ်းမိပြန်လေတော့သည်။
နောက်တစ်နေ့..။
ထီရန်က ထမင်းချက်သည့်အခန်းထဲတွင် စူပါကော်ဖီထုပ်နှစ်ခုကို ယူကာ ခွက်နှစ်ခုထဲဖောက်ထည့်၍ ဖျော်လိုက်လေသည်။
ပြီးနောက် ထမင်းစားစားပွဲကို ယူကာ တစ်ခွက်ကို သူ၏မျက်နှာချင်းဆိုင်မှာထားပြီး တစ်ခွက်ကို သူယူကာ သောက်နေလေသည်။
ထိုအချိန်သူ၏အတွေးက အတိတ်က ခေါင်းဆောင်ဖူဖာနှင့် ကော်ဖီအတူ သောက်ခဲ့သည်ကို သတိရမိတော့သည်။
" အရမ်းပြင်းတယ် ကြိုက်လား ''
" အင်း ကျွန်တော်က ပြင်းတာကို ကြိုက်တယ် ''
" ငါကလည်း ပြင်းတယ်နော် ''
" ကျွန်တော်က ကော်ဖီကို ပြောနေတာ ''
" ငါလည်း ကော်ဖီကို ပြောနေတာလေ မင်းက ဘာတွေ တွေးနေတာလဲ ''
အဲသလိုတွေးပြီး ထီရန်တစ်ယောက် ခွက်တစ်ခုကို ကြည့်၍ ကော်ဖီအတူတူသောက်နေသလို ခံစားနေလေသည်။
သူဝတ်ထားသည့် အင်္ကျီကလည်း အထဲမှအမည်းရောင်အင်္ကျီ ဖြစ်ပြီး အပေါ်က ခေါင်းဆောင်ဖူဖာခြုံပေးသည့် ကုတ်အင်္ကျီ ဖြစ်လေသည်။
ပြီးနောက် သူ၏ခရီးဆောင်အိတ်ကိုကြည့်ကာ လူမရှိတဲ့ ကော်ဖီခွက်လေးကို သူကိုင်ထားသည့်ကော်ဖီခွက်ကလေးနဲ့ ခွက်ချင်းတိုက်ကာ ကော်ဖီကို မော့သောက်လိုက်လေတော့သည်။
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Chapter - 10(B)
အပိုင္း (၂၉)
" တစ္ခုခု လုပ္ေပးနိုင္မယ္လို႔ ထင္ထားတာ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္ကပဲ သူတို႔ဆီကေန ယူခဲ့ရတယ္ ''
" မင္းကို အဲဒီလို ရေစခ်င္တာ ေထာ့ဖန္
ျဖစ္မယ္ ထင္တယ္ ''
ထိုအခါ ထီရန္က ခဏတာေတြးမိကာ
" အရင္တုန္းက ကြၽန္ေတာ္က ေထာ့ဖန္အတြက္ ဘာျပန္ေပးသင့္လဲပဲ ေတြးခဲ့တာ အခုေတာ့
ကြၽန္ေတာ္ပဲ အားလုံးကို ရလိုက္တာပါ ကြၽန္ေတာ္ ဘာဆက္လုပ္သင့္လဲဆိုတာ ကြၽန္ေတာ္ မသိဘူး ''
" ဘာဆက္လုပ္မွာလဲ အဲဒီေမးခြန္းက ဒီေန႕ ေခတ္လူငယ္ေတြ အေမးမ်ားတဲ့ ေမးခြန္းပဲ မ်ားေသာအားျဖင့္ သူတို႔ေျပာတာက သူတို႔ ဆႏၵ ေနာက္ကို လိုက္ခ်င္တယ္ ''
" အဲ့ဒီလို လုပ္ရမွာပဲ မဟုတ္ဘူးလားဗ် ''
" တကယ္လို႔ ငါတို႔ စိတ္ ဆႏၵ ေနာက္ကိုပဲ လိုက္ၿပီး ငါတို႔ ျမတ္နိုးတာပဲ လုပ္မယ္ဆိုရင္ ငါဆို အိမ္မွာပဲ
ေနသင့္တယ္ေလ သစ္ပင္စိုက္တာကို ေက်ာခိုင္းထားမွာ မဟုတ္ဘူး ''
ထီရန္လည္း ဒါရိုက္တာေျပာတာကို ေခါင္းၿငိမ့္ၿပီး ၿပဳံးလိုက္ကာ
" အဲ့တာလည္း ဟုတ္ပါတယ္ေလ ''
" ၾကည့္လိုက္ အဲဒီအပင္ကို ျမင္လား ''
" အဲဒီေန႕က ကြၽန္ေတာ္ ကူညီေပးခဲ့တဲ့ အပင္ေလး မဟုတ္လား ''
မွန္၏။ ထီရန္ ဆထြန္ေဖာင္ေဒးရွင္းတြင္ လုပ္အားေပးဆရာ လာေလွ်ာက္တုန္းက ကူသယ္ေပးခဲ့သည့္ ပန္းအိုး ျဖစ္ေလသည္။
ယခု အပင္က ႀကီးထြားလာၿပီး အပြင့္ေတြေတာင္ ပြင့္ေနေလၿပီ။
" ဟုတ္တယ္ အစက ေနအရမ္းပူေနမွာ စိုးရိမ္ခဲ့တာ ဒါေၾကာင့္ ငါအရိပ္ထဲကို ေ႐ႊ႕လိုက္တယ္ ဒါေပမယ့္
ေသသြားတယ္ အဲဒီေတာ့ ငါေနေရာင္နဲ႕မိုးေရရတဲ့ ေနရာကို ျပန္ေ႐ႊ႕ခဲ့တယ္ ေနာက္က်ေတာ့ လွလွပပ
ပြင့္လာပါေလေရာ တစ္ခါတစ္ေလ မင္းနဲ႕သင့္ေတာ္တဲ့ေနရာကို ရွာဖို႔လိုအပ္တယ္ ''
" ကြၽန္ေတာ္နဲ႕ သင့္ေတာ္တဲ့ ေနရာက ဘယ္ေနရာလဲဆိုတာ ဘယ္လိုသိနိုင္မွာလဲ ''
" ဟိုကို ၾကည့္လိုက္ ''
ဒါရိုက္တာက အပင္ေလးကို ေမွးေငါ့ထိုးျပကာ အပင္ေလး၏ ေနရာေဒသကိုလိုက္ၿပီး ႀကီးျပင္းပုံကို ဥပမာေပး၍ ရွင္းျပေတာ့သည္။
" မင္းနဲ႕ သင့္ေတာ္တဲ့ေနရာက မင္းကို ႀကီးထြားရွင္သန္ေအာင္ လုပ္ေပးလိမ့္မယ္ ''
မွန္၏။ အပင္ေလးကို ေနပူမွာစိုး၍ အရိပ္ထဲေ႐ြ႕ထားလွ်င္ လင္းရိပ္မိ၍ မႀကီးထြားနိုင္ေပ။ ေနေရာင္နဲ႕မိုးေရရတဲ့ ေနရာကို ေ႐ြ႕ထားပါက ေနေရာင္ျခည္မွ အစာခ်က္လုပ္၍ ရွင္သန္ႀကီးထြားလာေပမည္။
လူေတြလည္း ဒီလိုပါပဲ။ ကိုယ္ဝါသနာမပါသည့္ အရိပ္ထဲဝင္၍ မေအာင္ျမင္တာထက္ ကိုယ္ဝါသနာပါသည့္ေနရာကိုသာ ေ႐ြ႕၍ ေအာင္ေအာင္ျမင္ျမင္ ျဖစ္ေအာင္ ႀကိဳးစားရေပမည္။
ဒီလိုနဲ႕ အခန္းကိုယ္စီမွ မီးေတြ လင္းလက္ေနသည့္ ထီရန္၏ အိမ္။ ထီရန္တစ္ေယာက္ ဒါရိုက္တာ၏ ေျပာစကားေၾကာင့္ မည္သို႔ ဆုံးျဖတ္ေတာ့မည္ စိတ္ဝင္စားစရာပင္။
ေရကူးကန္ႀကီး၏ အပန္းေျဖအေဆာင္ေသးေလးေအာက္တြင္ မီးေရာင္ေလးေအာက္၌ ထီရန္ႏွင့္ သူ၏အေမ အတူတူထိုင္ကာ ရွိေနေလသည္။
" အေမ သား စဥ္းစားၿပီးၿပီ သား ေက်ာင္းျပန္တက္ေတာ့မယ္ ''
ထိုအခါမွ ထီရန္၏အေမက အေပ်ာ္ႀကီး ေပ်ာ္လာကာ အားသာဝမ္းရျဖစ္လ်က္
" တကယ္လား မနက္ျဖန္က်ရင္ သားအတြက္ ကားအသစ္တစ္စီးေလာက္ သြားဝယ္ရေအာင္ ေက်ာင္းကို သြားဖို႔ ကားလိုတယ္ေလ ''
" အခု ထီရန္ အင္ဂ်င္နီယာ မတက္ခ်င္ေတာ့ဘူး ''
" ဘာလို႔လဲ သား ''
" ထီရန္က လူေတြကို ကူညီနိုင္မယ့္ဟာ တစ္ခုခု သင္ခ်င္တယ္ ''
" ဒါဆို ေဆးေက်ာင္းဆိုရင္ေရာ ''
" ထီရန္ အဲဒီေလာက္မွ မေတာ္တာကို ေမေမ ထီရန္ ဆရာတစ္ေယာက္ ျဖစ္ခ်င္တယ္ ''
သူေဌးသားတစ္ေယာက္ အဲ့လို ပညာေရးေမဂ်ာကို လိုလားလွ်င္ သူ၏အေမ စိတ္မရွည္စြာျဖင့္
" ထီရန္ သား အဲဒီအေၾကာင္းကို ေတြးေနတုန္းပဲလား ''
" မေတြးဘဲ ဘာလို႔ ရပ္ထားရမွာလဲ အေမ ကေလးေတြကို စာသင္ရတာကို ထီရန္ ေပ်ာ္မွန္း နားလည္သြား႐ုံပါ ''
ထိုအခါမွ ထီရန္၏အေမ သက္ျပင္းခ်ကာ
" ထီရန္ ပညာေရးေမဂ်ာ တက္တာက သားဟိုမွာ ႀကဳံခဲ့သလိုမ်ိဳး ေပ်ာ္စရာ မေကာင္းဘူးေနာ္ ''
" သား အဲဒီမွာ ျဖတ္သန္းခဲ့ရတာေတြလည္း အေပ်ာ္သက္သက္ မဟုတ္ဘူး အေမ ဘာလို႔ လူတိုင္းက
အဲဒါကို အေပ်ာ္လို႔ ထင္ေနရတာလဲ အဲဒါကခက္ခဲမယ္ဆိုတာ ထီရန္ သိပါတယ္ ''
" ခက္မွန္းသိရင္ ထီရန္က ဘာလို႔ေလ့လာခ်င္ရတာလဲ ဘာလို႔ တစ္ျခားဟာကို မေ႐ြးရတာလဲ ''
" ေမေမ သူမ်ားေတြကို ႂကြားလို႔ ရမယ့္ဟာကို ေ႐ြးေစခ်င္တာ မဟုတ္လား ''
" ထီရန္ ''
" အဲဒီလို မဟုတ္လား ေမေမ ဆိုဖာ့ဒစ္စကြန္း မိသားစုရဲ႕ သား ျဖစ္ရတာ ဘာပဲ လုပ္လုပ္ မိသားစုရဲ႕
မ်ိဳးရိုးနာမည္အတြက္ပဲ လုပ္ေနရတယ္ ဒီတစ္ခ်ိန္လုံး ထီရန္ ေမေမျဖစ္ေစခ်င္တာေတြကို လုပ္ခဲ့ၿပီးၿပီ
ဒါေပမယ့္ ဒီတစ္ခါေတာ့ ေမေမ ထီရန္လုပ္ခ်င္တာကို ခြင့္ျပဳေပးပါလား ''
အဲ့ေနာက္ ထီရန္၏အေမလည္း အေတြးေတြ နယ္ခ်ဲ့ရင္း ထီရန္ကိုသာ ၾကည့္၍ ထီရန္လည္း သူ၏အေမကိုသာ ၾကည့္ေနေလေတာ့သည္။
ေနာက္တစ္ေန႕မနက္
ဆိုဖာ့ဒစ္စကြန္း၏ အိမ္ႀကီးတြင္ မနက္စားထမင္းဝိုင္း၌ ထီရန္၏အေဖအေမတို႔က ေနရာအသင့္ယူၿပီး ျဖစ္ေလသည္။
ေဘးနားမွ အိမ္အကူကလည္း ထမင္းေတြ ခူးခပ္ေပးေနေလသည္။ ထိုအခါ ထီရန္က ထမင္းစားခန္းႀကီးထဲ ဝင္လာေလသည္။
အိမ္အကူက ထီရန္အား
" ေမာင္ေလးထီရန္ ထမင္းစားမလား ဆန္ျပဳတ္ေသာက္မလား ''
" မစားေတာ့ပါဘူးဗ် အျပင္က်မွပဲ စားေတာ့မယ္ ''
အဲသလို ထမင္းစားခုံမွာေတာင္မထိုင္ဘဲ မတ္တပ္ရပ္ေျပာေနတဲ့ ထီရန္ကို သူ၏အေဖက
" မနက္စာေတာ့ စားသြားဦးေလ အေဖနဲ႕အေမ သားကို ေျပာစရာရွိတယ္ ''
" အဲဒါဆို ထီရန္ ထမင္းပဲ စားပါမယ္ ''
" ဟုတ္ ''
ထီရန္က အဲသလို အိမ္အကူကို ေျပာၿပီး ခုံတြင္ဝင္ထိုင္လိုက္ေလသည္။ အိမ္အကူလည္း ထီရန္အတြက္ ထမင္းခူးခပ္ေပးေလသည္။
" အေဖနဲ႕အေမ စကားေျပာၾကည့္ၿပီးၿပီ အေမက သား ပညာေရးေမဂ်ာ တက္ဖို႔ သေဘာတူတယ္တဲ့ ''
ထိုစကားကို အၾကားခ်င္ဆုံး ျဖစ္တဲ့ ထီရန္က ေပ်ာ္သြားကာ
" တကယ္လား ေက်းဇူးတင္ပါတယ္ အေမ ''
" အေမက ထီရန္ကို ဒီေက်ာင္းမွာ
တက္ေစခ်င္တယ္ သား ''
ထီရန္၏အေမက စာ႐ြက္ေဖာင္ေလး ေပးလိုက္ေလသည္။ ထီရန္လည္း စာ႐ြက္ေဖာင္ေလးကို ၾကည့္ရင္း သူ၏စိတ္ကူးအိမ္မက္ျဖစ္သည့္ ေနရာ ျဖစ္သမို႔ အေပ်ာ္ႀကီး ေပ်ာ္၍
" အေမရိကန္မွာလား ''
" အင္း တကယ္ေတာ့ အေမ သားနဲ႕မခြဲခ်င္ေပမယ့္ ဒီေက်ာင္းက ပညာေရးေမဂ်ာပိုင္းမွာ နာမည္ႀကီး
တယ္ ေမေမ့သူငယ္ခ်င္းရဲ႕ ကေလးေတာ္ေတာ္မ်ားမ်ားေတာင္ အဲဒီမွာ မတက္နိုင္ၾကဘူးတဲ့ ''
" ဒါေပမယ့္ ေမေမ တကယ္ေတာ့ ထိုင္းမွာလည္း ေကာင္းတဲ့ေက်ာင္းေတြ အမ်ားႀကီး ရွိတာပဲ ထီရန့္အထင္... ''
" ထီရန္ ''
ထီရန္စကားမဆုံးခင္ ထီရန္၏အေဖက ဝင္ေျပာေလသည္။
" သားေမေမက သင္ၾကားေရးပိုင္းကို တက္ဖို႔ သေဘာတူၿပီးၿပီေလ အဲဒါေၾကာင့္ ေမေမ့ရဲ႕ ဆႏၵကို မဆန့္က်င္ေစခ်င္ဘူး ''
ထီရန္လည္း သူ႕အေဖ၏ ေျပာစကားေၾကာင့္ ၿပဳံးျပေနတဲ့သူ၏အေမကို ၾကည့္ကာ ဘာမွမေျပာဘဲ ၿငိမ္ေနေလသည္။ သူ၏အေဖက
" စားၾကရေအာင္ ''
ဒီလိုနဲ႕ မနက္စာကို ထီရန္တစ္ေယာက္ စိတ္မပါဘဲ စားလိုက္ရသည္။ မွန္၏။ သူခ်စ္သည့္ သူ႕ဘဲႀကီး ေခါင္းေဆာင္ဖူဖာနဲ႕ ထိုင္းနိုင္ငံမွာ ေနတာေတာင္ အဆက္အသြယ္ မရတာ အေမရိကန္ကို ေက်ာင္းသြားတက္ေတာ့ ပိုေဝးၿပီေပါ့။ ဒါေၾကာင့္ ခဏက ပူဆာျခင္း ျဖစ္ေလသည္။
ဒီလိုနဲ႕ ထီရန္လည္း စိတ္ေျပလက္ေပ်ာက္ သူ႕အိမ္၏ ေရကန္ႀကီးေဘးမွ အပန္းေျဖအေဆာင္တြင္ ခုံတစ္ခု၌ ထိုင္ေနေလသည္။
ၿပီးေနာက္ အေမရိကန္က ပညာေရးေမဂ်ာေက်ာင္းစာ႐ြက္ေဖာင္ကို စိတ္ပ်က္မိ၍ ခုံေပၚ ပစ္တင္လိုက္သည္။ ထိုအခ်ိန္ အိမ္အကူက
" ေမာင္ေလးထီရန္ ထီရန္အတြက္ စာတစ္ေစာင္ ေရာက္ေနတယ္ ''
" ဟုတ္ကဲ့ ''
ထီရန္က အေပ်ာ္ႀကီး ေပ်ာ္သြားၿပီး အိမ္အကူေပးတဲ့ စာေစာင္ေလးကို ယူလိုက္ေလသည္။
" ေက်းဇူးတင္ပါတယ္ အစ္မ ''
" ဟုတ္ကဲ့ပါ ''
အိမ္အကူထြက္သြား၍ မၾကာမီ ထီရန္က စာအိတ္အျပင္မွ ေရးထားသည့္ ဖာပန္းေဒါင္း႐ြာ ခ်င္းမိုင္မွ ဘန္ေကာက္သို႔ ထီရန္အတြက္ အိမ္အမွတ္ စသျဖင့္ ေရးထားတာကို ဖတ္ၿပီး စာအိတ္ကို အေရးတႀကီး ဖြင့္ေဖာက္လိုက္ေလသည္။
ထိုအခါ ဖိတ္စာေလးတစ္ေစာင္ကို ေတြ႕ရၿပီး ထိုဖိတ္စာေလးက မဂၤေဆာင္ဖိတ္စာေလးမို႔ ထီရန္တစ္ေယာက္ စိတ္ခုသြားေလေတာ့သည္။
သို႔ေပမယ့္ မဂၤလာေဆာင္ဖိတ္စာကို ၾကည့္ၿပီး ၿပဳံးလိုက္ေလျပန္သည္။
" ငါ့မဂၤလာေဆာင္ကို လာခဲ့ေနာ္ မင္းကို ေတြ႕ခ်င္ေနတဲ့သူ ရွိတယ္ ''
အဲသလို ဖိတ္စာေပၚက စာေလးေၾကာင့္ ၿပဳံးမိေလသည္။ အနည္းဆုံးေတာ့ ေခါင္းေဆာင္ဖူဖာဆီမွ စာမရေပမယ့္ သူႏွင့္ေတြ႕ရမည္မို႔ ၿပဳံးမိျခင္းပင္..။
သာယာလွပသည့္ ဘန္ေကာက္ၿမိဳ႕ႀကီး ကားလမ္းေပၚမွ ကားေတြ တိုက္တာအေဆာက္အဦးေတြက မ်ားျပားလွေပသည္။
ဘန္ေကာက္ၿမိဳ႕မွ ခန္းနားထည္ဝါလွသည့္ ခန္းမႀကီးတစ္ခုတြင္ ေဒါက္တာနမ္က ဖုန္းကို နားမွာ ကပ္လ်က္
" ဟယ္လို သူငယ္ခ်င္း မင္း ငါ့မဂၤလာေဆာင္ကို လာမွာလား ''
" ေဒါက္တာ ငါ မေသခ်ာေသးဘူး ''
ေခါင္းေဆာင္ဖူဖာက ဖာဖီ႐ြန္တပ္စုကေန ေဒါက္တာနမ္ႏွင့္ ဖုန္းေျပာေနျခင္း ျဖစ္ေလသည္။
" မင္းလည္းသိပါတယ္ ငါဒီမွာ ေတာမီး ကိစၥ ေလ့က်င့္ေရးေတြနဲ႕ အလုပ္မ်ားေနတာ ''
" ေဟး မင္းသူငယ္ခ်င္း ငါက တစ္ခါပဲ မဂၤလာေဆာင္မွာေနာ္ မသိဘူးကြာ မင္းအတြက္ ထိုင္ခုံႏွစ္လုံး ျပင္ထားေပတယ္ ''
" မင္းက ဘာလို႔ ငါ့အတြက္ကို ထိုင္ခုံႏွစ္လုံး
ျပင္ေပးရတာလဲ ''
" မင္းနဲ႕ မင္းရဲ႕ လုပ္အားေပးဆရာေလး အတြက္ေလ သူ႕ဆီလည္း ဖိတ္စာပို႔ၿပီးၿပီ ေသခ်ာဝတ္စားၿပီး ငါ့ မဂၤလာေဆာင္ကို လာခဲ့ေနာ္ ''
" ေဒါက္တာ ခ်လိဳက္ေတာ့မယ္ အလုပ္လုပ္စရာရွိလို႔ ''
ထိုအခါမွ ေဒါက္တာနမ္က ဖုန္းကို နားေထာင္ျပန္ ၾကည့္ျပန္ ေျပာျပန္ ျဖစ္ေနေလသည္။
" ဟယ္လို ေဝး ဖူ ဟယ္လို ''
ေခါင္းေဆာင္ဖူဖာလည္း သက္ျပင္းတစ္ခ်က္ ခ်မိေလေတာ့သည္။
တစ္ေန႕ၿပီးတစ္ေန႕ကုန္ဆုံးရင္း
လွပေက်ာ့ရွင္းၿပီး အေနာက္တိုင္းဝတ္စုံကို သပ္သပ္ရပ္ရပ္ျဖင့္ ထီရန္တစ္ေယာက္ သူ၏အိပ္ခန္းထဲတြင္ မွန္ၾကည့္၍ ဝတ္ဆင္ေနေလသည္။
ထိုအခါ ထီရန္၏အေမက ဝင္လာကာ
" ေသခ်ာျပင္ဆင္ထားတာပဲ ဘယ္သြားမလို႔လဲ
သား ''
" ခဏေလးပါ အေမ ႐ြာက သားအသိတစ္ေယာက္ရဲ႕ မဂၤေဆာင္သြားမလို႔ ''
အဲ့ေနာက္ ကုတင္ေပၚတင္ထားသည့္ ေခါင္းေဆာင္ဖူဖာႏွင့္ ဆင္တူသည့္ အကၤ်ီအစိမ္းေလးကို ၾကည့္ကာ ထို အကၤ်ီေဘးမွ ကုတ္အကၤ်ီကို ယူလိုက္ေလေတာ့သည္။
ထိုအကၤ်ီအစိမ္းေလးသည္ ထီရန္က ေခါင္းေဆာင္ဖူဖာတို႔ ဖာဖီ႐ြန္တပ္စုမွာ သြားအိပ္ၿပီး ပေလြမႈတ္ျပတုန္းက ေခါင္းေဆာင္ဖူဖာ ၿခဳံေပးသည့္ အကၤ်ီ ျဖစ္ေလသည္။
ထို႔ေၾကာင့္ သူ အထူးတလည္ ၾကည့္ေနျခင္း ျဖစ္ေလသည္။ ထီရန္လည္း အဲသလို ေတြးၿပီး သူ၏အေမဆီ သြားေလေတာ့သည္။
" လာ ေမေမ ကူေပးမယ္ အို ဘာလို႔ ဒီဝတ္စုံကိုမွ ဝတ္ထားတာလဲ တစ္ေယာက္ေယာက္နဲ႕ ဒိတ္ေနတာမ်ားလား ''
ထီရန္၏အေမက ကုတ္အကၤ်ီကို ဝတ္ေပးရင္း ေျပာေနေလသည္။ ထိုအခါ ထီရန္က ၿပဳံးရည္ၿပီး
" မဟုတ္ပါဘူး ၾကည့္လို႔ေကာင္းလား အေမ ''
" ေကာင္းတယ္ သား ေမေမ ၾကယ္သီးတပ္ေပးမယ္ သား ျပန္ေရာက္ကတည္းက အျပင္ထြက္တာ သိပ္မ
ေတြ႕ရဘူး ဒီေန႕ပြဲက တကယ္အေရးႀကီးတဲ့ပြဲပဲ ျဖစ္ရမယ္ ဟုတ္တယ္မလား ''
" ဟုတ္ကဲ့ ''
အေရးႀကီးတဲ့ပြဲ ျဖစ္မွာေပါ့။ သူ႕ဘဲနဲ႕ေတြ႕ရမွာကိုး။ ထိုအခါ ထီရန္၏အေမက မွန္ထဲကို ၾကည့္ခိုင္းေလေတာ့သည္။
" ေဟာ ၾကည့္ေကာင္းလိုက္တာ ၾကည့္ပါဦး ၾကည့္ေကာင္းတယ္ ''
ၿပီးေနာက္ ထီရန္က မွန္တင္ခုံမွာ တင္ထားသည့္ ဖူဖာ့အသည္းႏွလုံးပါသည့္ လက္စြပ္ကေလးကို ယူကာ ဘယ္ဘက္လက္ညိုးတြင္ ဝတ္ဆင္လိုက္ေလသည္။
ၿပီးေနာက္ မွန္ထဲကို ၾကည့္ကာ ၿပဳံးေနေလသည္။ ထို႔ေၾကာင့္ သူ၏အေမက
" ကဲ သြားလို႔ရၿပီ ''
ဒီလိုနဲ႕ ခန္းမအက်ယ္ႀကီးထဲတြင္ လွပေသာပန္းေတြျဖင့္ ခန္းနားထည္ဝါေအာင္ ျပင္ဆင္ထားသည့္ မဂၤလာပြဲတစ္ခုက မီးေရာင္စုံျဖင့္ စည္ကားေနေလသည္။
သတို႔သားေဒါက္တာနမ္ႏွင့္ သူ၏သတို႔သမီးတို႔က အေနာက္တိုင္းဝတ္စုံျဖင့္ လွပေသာပိတ္ကားႀကီးအေရွ႕တြင္ ရပ္ေနေလသည္။
ပြဲသို႔တက္ေရာက္လာသည့္ သူ၏အသိမိတ္ေဆြမ်ားႏွင့္လည္း ဓာတ္ပုံအတူတူ ရိုက္ကူးေနေလသည္။
" ေခါ့ဖန္း ဓာတ္ပုံရိုက္ရေအာင္ လာ ''
" လွလိုက္တာ လွေနေရာပဲ ''
ထို႔ေနာက္ ထိုခန္းမထဲကို ဝင္လာသည့္ ေျခတစ္စုံမွအေပၚသို႔ တျဖည္းျဖည္း ၾကည့္လိုက္ေသာ္ အေနာက္တိုင္း ဝတ္စုံကို ေသေသသပ္သပ္ဝတ္ဆင္ထားသည့္ ေခါင္းေဆာင္ဖူဖာ ျဖစ္ေလသည္။
သူ၏အေနာက္မွလည္း လန္ႏွင့္ေရာ့ခ်န္းက အလားတူ အေနာက္တိုင္းဝတ္စုံျဖင့္ ၾကည့္ေကာင္းေနေလသည္။
ေရာ့ခ်န္းက လမ္းေလွ်ာက္လာရင္းျဖင့္
" မဂၤလာေဆာင္ႀကီးက လွလိုက္တာ ''
အဲသလို ေျပာၿပီး သတို႔သားေဒါက္တာနမ္ႏွင့္သူ၏ သတို႔သမီးတို႔အနားကို သူတို႔ ေရာက္သြားကာ ေဒါက္တာနမ္က ေခါင္းေဆာင္ဖူဖာအား
" မင္းေျပာေတာ့ မလာဘူးဆို ''
" မဂၤလာပါ မဂၤလာပါ ''
သတို႔သမီးေလးက အဲသလို ႏႈတ္ဆက္ၿပီး ေဒါက္တာနမ္က လန္ႏွင့္ေရာ့ခ်န္းကို ၾကည့္ကာ
" ေဟး မင္းတို႔ ငါ့ရဲ႕ ရင္အုပ္ႀကီးႀကီးနဲ႕ သူငယ္ခ်င္းကို ေတြ႕မိေသးလား ''
အဲသလို စေနာက္သမို႔ ေခါင္းေဆာင္ဖူဖာ မ်က္နာရွက္ျဖန္းျဖန္းျဖစ္ကာ
" ေဒါက္တာ ေတာ္ေတာ့ ဓာတ္ပုံရိုက္မွာလား
မရိုက္ဘူးလား ''
" ရိုက္မွာေပါ့ကြ မင္းက ဒီလို ေသခ်ာဝတ္စားထားတာပဲ မင္းက ငါနဲ႕ ရိုက္ခ်င္တာလား ဒါမွမဟုတ္ တစ္ျခားတစ္ေယာက္နဲ႕လား ''
" မင္း မရိုက္ဘူးဆိုရင္လည္း ငါသြားေတာ့မယ္ ''
ေဒါက္တာနမ္က ထပ္စၿမဲစေနသမို႔ ေခါင္းေဆာင္ဖူဖာက အဲသလို ခပ္စြာစြာေျပာသမို႔ ဝင္တားရေလေတာ့သည္။
" ေဟး ေနပါဦး ေခါင္းေဆာင္ရဲ႕ ဒီအဝတ္အစားေတြကို အလကား မလုပ္နဲ႕ ဒါေတြကို ေစ်းထဲက
ငွားလာရတာေလ ''
" ေအးေလ ေအးေလ ''
ေရာ့ခ်န္းႏွင့္လန္က အဲသလို ေျပာၾကပါေတာ့သည္။
" ဒါငွားဖို႔ လစာအကုန္နီးပါး သုံးထားရတာ ''
" ကြၽန္ေတာ့္ရဲ႕ အရည္အခ်င္းေတြ ဒီမွာ အကုန္ထုတ္သုံးရမယ္ ''
အမေလး..။ ေရာ့ခ်န္းက အေနာက္တိုင္းအဝတ္စား ငွားဖို႔ လစာေတာင္ ကုန္သတဲ့။ လန္ကလည္း သူ႕ကိုယ္သူ အထင္ႀကီး ေခ်ာေၾကာင္းႂကြားေနတာ မရပ္ေတာ့ဘူး။ တတ္လည္း တတ္နိုင္ၾကေပသည္။
" မင္း ဘာေတြေလာေနတာလဲ သူမေရာက္ေသးပါဘူး မင္း မေတြ႕ခ်င္ဘူးလား ''
မလႈံမလွဲ ျဖစ္ေနတဲ့ ေခါင္းေဆာင္ဖူဖာက
" ငါလာတာ မင္းရဲ႕မဂၤလာေဆာင္ကိုေနာ္
ေဒါက္တာ ''
" လာ အဲ့ဒါဆိုလည္း ဓာတ္ပုံရိုက္ရေအာင္
လာပါ ရိုက္ၾကမယ္ ''
ေခါင္းေဆာင္ဖူဖာ ဓာတ္ပုံရိုက္လိုက္ေပမယ့္ တစ္ေယာက္ေယာက္ကို ေမွ်ာ္ေနဆဲ။
" ၁ ၂ ၃ ဟုတ္ၿပီ ''
ထို႔ေနာက္ ခန္းမအေပါက္ဝကို တေ႐ြ႕ေ႐ြ႕လာေနသည့္ ထီရန္ တစ္ေယာက္ေယာက္ကို ေတြ႕ရေတာ့မည့္ ယုံၾကည္မႈ အျပည့္ျဖင့္။
အဲ့ေနာက္ ဓာတ္ပုံရိုက္သည့္ ပိတ္ကားတြင္ လူေတြ မရွိေတာ့ဘဲ ခန္းမႀကီးထဲကို ေရာက္ေနသည္ကို ထီရန္ သတိထားမိေတာ့သည္။
ၿပီးေနာက္ သူ၏ဘယ္လက္ညိုးမွ လက္စြပ္ကေလးကို ၾကည့္ကာ တစ္ခ်က္ ၿပဳံးလိုက္ေလသည္။ ၿပီးေနာက္ လူေတြစည္ကားေနသည့္ ခန္းမထဲတြင္ ထီရန္က ဝိုင္ခြက္ကေလးကိုင္ကာ
တစ္ေယာက္ေယာက္ကို ရွာေနေလသည္။ ၿပီးေနာက္ ေခါင္းေဆာင္ဖူဖာဟူ၍ ထင္ရသည့္ ေနာက္ေက်ာကို ၾကည့္ကာ ၿပဳံးမိေပမယ့္ ထိုသူ၏မ်က္ႏွာကို ျမင္ရေသာ္ ေခါင္းေဆာင္ဖူဖာ မဟုတ္၍ ျပန္ၿပီး မ်က္ႏွာမေကာင္း ျဖစ္ျပန္ရသည္။
ထိုအခါမွ သတို႔သားေဒါက္တာနမ္ကသတို႔သမီးေလးႏွင့္အတူ တြဲ၍ ထီရန္ကို ျမင္ေလေတာ့သည္။
" ညီေလးထီရန္ ''
" မဂၤလာပါ ''
" မဂၤလာပါ ''
" ၾကည့္ပါဦး မင္းကို ႐ြာက ေက်ာင္းဆရာေလးလို႔ေတာင္ မမွတ္မိေတာ့ဘူး လာ ဓာတ္ပုံရိုက္ရေအာင္ ''
" ဟုတ္ကဲ့ အစ္ကို ''
" ဓာတ္ပုံေလး ရိုက္ေပးပါဦး ''
" ၁ ၂ ၃ ''
" ေက်းဇူးတင္ပါတယ္ ''
" ဒီေန႕ အရမ္းၾကည့္ေကာင္းေနတာပဲ အစ္ကို ''
ထိုအခါ သတို႔သမီးေလးက တစ္ေယာက္ေယာက္ကို ျမင္ၿပီး
" အစ္ကိုေအာ့ဖ္ ''
ဟူ၍ လွမ္းေခၚကာ သူမခင္ပြန္း ေဒါက္တာနမ္ကို ရွင္းျပေလသည္။
" အစ္ကိုေအာ့ဖ္က ေက်ာင္းက စီနီယာေလ အစ္ကိုေအာ့ဖ္ကို သြားႏႈတ္ဆက္လိုက္ဦးမယ္ေနာ္ ျပန္လာမယ္ေနာ္ သြားလိုက္ဦးမယ္ေနာ္ ''
" ဟုတ္ကဲ့ပါ ''
ေဒါက္တာနမ္၏ခ်စ္ဇနီးေခ်ာလည္း ေအာ့ဖ္ဆီ သြားလိုက္ေလသည္။
ထီရန္က တစ္ေယာက္ေယာက္ကို ရွာေနတာ သိသာသမို႔
" မင္း အစ္ကို႔သူငယ္ခ်င္းကို ရွာေနတာမလား ''
" ဟုတ္ကဲ့ ''
" သူလာတယ္ ဒါေပမယ့္ အေရးႀကီးကိစၥရွိလို႔တဲ့ ျပန္သြားရတယ္ ခုနေလးတင္ ျပန္သြားတာ ''
" ဘာေတြကမ်ား အဲေလာက္အေရးႀကီးေနတာတဲ့လဲ အစ္ကို ''
" အဲ့တာေတာ့ အစ္ကိုလည္း မသိဘူးေလ သူ ေျပာမသြားဘူး ''
" ေခါင္းေဆာင္က ကြၽန္ေတာ့္ကို မေတြ႕ခ်င္လို႔ေနမွာ အစ္ကို ''
" ေဟး ထီရန္ ''
" အစ္ကို သိလား ေခါင္းေဆာင္က ကြၽန္ေတာ္ သူ႕ကို ေမ့လိုက္ပါတဲ့ ဒါေပမယ့္ အခု သူလည္း ကြၽန္ေတာ့္ကို ေမ့ဖို႔ ႀကိဳးစားေနပုံပဲ ''
ထိုအခါ ေဒါက္တာနမ္က ဆရာေလးထီရန္ကို နက္သိမ့္ၿပီး သတို႔သမီးေလးက
" အစ္ကိုနမ္ ''
ဟူ၍ တစ္ျခားဝိုင္းမွ လွမ္းေခၚသမို႔
" ေအး အစ္ကို႔ကို ခြင့္ျပဳဦးေနာ္ ဒါနဲ႕ အစ္ကို႔ကို မင္းရဲ႕ ဖုန္းနံပါတ္ေပးလို႔ရမလား ညီေလးထီရန္ရဲ႕ ေဖ့
ဘုတ္အေကာင့္ကို ပိတ္ထားတာမလား အေရးႀကီးရင္ ဆက္လို႔ရေအာင္လို႔ ေပးထားေလ ''
" ရပါတယ္ အစ္ကို ''
ထီရန္လည္း ေဒါက္တာနမ္၏ဖုန္းကို ယူကာ နံပါတ္ရိုက္နိပ္ေပးလိုက္ၿပီး
" အိုေက လာေပးလို႔ ေက်းဇူးေနာ္ ''
" မဂၤလာေဆာင္အတြက္ ဂုဏ္ျပဳပါတယ္ေနာ္
အစ္ကို ''
ၿပီးေနာက္ ေဒါက္တာနမ္လည္း ထြက္သြားၿပီး ထီရန္လည္း မ်က္ႏွာညိုးငယ္ကာ က်န္ရစ္ခဲ့ေလေတာ့သည္။
ထိုအခါ ေရာ့ခ်န္းႏွင့္လန္က ထီရန္ကို ျမင္ၿပီး ေျပာရင္းျဖင့္ အနားသို႔လာခဲ့ေလသည္။
" ေဝး ညီေလးထီရန္ မင္းကို ဒီမွာ ေတြ႕ရမယ္လို႔ မထင္ထားဘူး ''
" မဂၤလာပါ ၾကည့္ေကာင္းေနလိုက္တာ ''
" ထပ္ေျပာပါဦး ''
ေရာ့ခ်န္းက အဲသလို စေနာက္ၿပီးလန္က
" ဘယ္လိုလဲ အဆင္ေျပေနရဲ႕လား ''
" ေျပပါတယ္ ခ်န္းေကာ လန္ေရာ အဆင္ေျပလား ''
" အဆင္ေျပလားဆိုေတာ့ အဆင္ေျပတာေပါ့ ကေလးေတြလည္း အကုန္အ႐ြယ္ေရာက္ၿပီ ''
" ဟုတ္တယ္ ဟုတ္တယ္ ကေလးေတြအေၾကာင္း ေျပာရရင္ ကာလယ္ ကာလယ္က ပိုဝလာတယ္ေလ ''
အဲသလို ေရာ့ခ်န္းႏွင့္လန္က ေျပာေနၾကၿပီး ထီရန္က ေခါင္းေဆာင္ဖူဖာကို မေတြ႕ရသမို႔ မ်က္ႏွာမေကာင္းျဖစ္ေနေလသည္။
ေခါင္းေဆာင္ဖူဖာက အလုပ္ေပၚလာလို႔ ျပန္သြားသည္မဟုတ္ဘဲ တမင္တကာမေတြ႕ခ်င္၍ ေရွာင္းတိမ္းေနသမို႔ ထီရန္၏ခပ္လွမ္းလွမ္းေနရာတစ္ခုမွ ေခါင္းေဆာင္ဖူဖာ ထြက္လာေလသည္။
ထီရန္ ေက်ာေပးထား၍ ေခါင္းေဆာင္ဖူဖာကို မျမင္ေခ်။ ေခါင္းေဆာင္ဖူဖာလည္း ေတြ႕ခ်င္ေပမယ့္ ေရွာင္ေနတာမွ ပိုေကာင္းမည္ဟု ေတြးေလသည္။
ထိုအခါ ႏွစ္ေယာက္လုံး၏ ခံစားခ်က္ေတြက
" တိုက္ခတ္လာတဲ့ေလေလး မင္းကို ကိုယ့္ဆီ ေခၚလာေပးတဲ့ ေလေလး အဲဒီေလေလးကပဲ ကိုယ့္ဆီ
ကေန မင္းကို ျပန္ေခၚသြားခဲ့တယ္ တို႔ေတြနီးစပ္ခဲ့ေပမယ့္ မင္းက ဒီမွာ မရွိေတာ့ဘူး ေလေလးက မင္း
ကို ဘယ္ဆီ ေခၚေဆာင္သြားတာလဲ တိုက္ခတ္လာတဲ့ ေလေလး လူေထာင္ေပါင္းမ်ားစြာကို တိုက္ခတ္
လာတယ္ ေလေလးက မင္းကို ကိုယ့္ဆီ ျပန္ေခၚေဆာင္လာေပးမွာလား အခု ဘယ္ေလာက္ေတာင္
ၾကာသြားၿပီလဲ မင္းရဲ႕ကတိေတြကို မွတ္မိဆဲပဲ ေလေလးက မင္းကို
ကိုယ့္ဆီ ထပ္ၿပီး သယ္ေဆာင္လာေပးဖို႔ ေစာင့္ေနတုန္းပဲ ေလးေလက မင္းကို ဒီကို ဘာလို႔ ေခၚမလာ
ေတာ့တာလဲ ေလးေလက မင္းကို ငါ့ဆီ ျပန္ေရာက္လာေအာင္ တိုက္ခတ္ေပးမွာလား ''
အဲသလို ခံစားခ်က္ေတြနဲ႕ ထီရန္က သူ၏ေနာက္ေက်ာကို လွည့္ၾကည့္မလိုျဖင့္ မလွည့္ၾကည့္ ေခါင္းေဆာင္ဖူဖာကလည္း သြားခ်င္ေပမယ့္ လွည့္ျပန္ခဲ့ေလသည္။
ထီရန္လည္း သူ၏အိမ္ကေလးကို ေရာက္ေသာ္ ေရကူးကန္၏ အပန္းေျဖအေဆာင္မွ ပါေပါက္စြန္ေလးက ေလထဲမွာ လႊင့္ဝဲေနေလသည္။ သူ၏ခံစားခ်က္ကေလးကလည္း တိုက္ခတ္ေနတဲ့ ေလကေလး စြန္ကေလးနဲ႕အတူ
" တိုက္ခတ္ေနတဲ့ ေလေလး ငါ့ရဲ႕ ျပင္းျပတဲ့ ဆႏၵကို တိုက္ခတ္ေပးနိုင္မလား ငါရဲ႕ ဒီဆႏၵေလးကို သူ႕ဆီ
တိုက္ခတ္ေပးသြားပါ ဒီကလူက မင္းကိုသာ ေမွ်ာ္လင့္ေနတုန္းပဲ တစ္ေန႕က်ရင္ မင္းနဲ႕ ထပ္ၿပီး ေတြ႕ရဖို႔
ေမွ်ာ္လင့္ေနတုန္းပဲ ''
အဲသလို ခံစားရၿပီး ပါေပါက္စြန္ေလးကို ၾကည့္ေနေလသည္။ ၿပီးေနာက္ သူ၏အခန္းေလးထဲကို ဝင္လာကာ ကုတင္ေပၚမွ ေခါင္းေဆာင္ဖူဖာ ၿခဳံေပး
သည့္ အကၤ်ီေလးကို ၾကည့္ၿပီး သူ၏လက္ထဲမွ ကုတ္အကၤ်ီေလးကို ကုတင္ေပၚတင္ထားလိုက္ေလသည္။
ၿပီးေနာက္ ကုတင္ေပၚထိုင္ကာ သူ၏လက္ညိုးမွ လက္စြပ္ကေလးကိုၾကည့္၍ လြမ္းမိေလျပန္သည္။ ၿပီးေနာက္ ကုတင္ေဘးက ခုံအပုေလးမွ အေမရိကန္ကပညာေရးေမဂ်ာေက်ာင္းစာ႐ြက္ေဖာင္ကို ယူၾကည့္ၿပီး ေခါင္းေဆာင္ဖူဖာႏွင့္ ေဝးရမည္ကို ေတြးကာ ခံစားရေနေလသည္။
" တိုက္ခတ္ေနတဲ့ ေလေလး ______ မင္းကို ဒီမွာ ေန႕ေရာညပါ ေစာင့္ေနတုန္းပဲ ေလေလးက မင္းကို ငါ့ဆီ ထပ္ၿပီး ျပန္ေခၚလာမယ့္ အခ်ိန္ထိ ''
ေနာက္တစ္ေန႕မနက္
ေနအလင္းေရာင္က်ေရာက္ေနသည့္ ဘန္ေကာက္ၿမိဳ႕...။
ထီရန္တစ္ေယာက္ သူ၏ ေရကူးကန္ေဘးမွ အပန္းေျဖအေဆာင္တြင္ ထိုင္ေနကာ စားပြဲေပၚတြင္ ေရခြက္တစ္ခု စားစရာတစ္ခုရွိကာ စာ႐ြက္ေတြနဲ႕ ေဘာပင္ ရွိေနေလသည္။
ၿပီးေနာက္ ေခါင္းေဆာင္ဖူဖာထံ စာေရးလိုက္ေလေတာ့သည္။
" ေခါင္းေဆာင္ ဒါ ကြၽန္ေတာ့္ရဲ႕ ေနာက္ဆုံးစာ ျဖစ္မလားပဲ ကြၽန္ေတာ္ အေမရိကန္မွာ ေက်ာင္းသြားတက္ေတာ့မယ္ ''
အဲသလို စာေလးေရးရင္ စားထဲကအေၾကာင္းအရာေတြအတိုင္း ထီရန္ ေက်ာင္းတက္ဖို႔ ျပင္ေတာ့သည္။
ညအခ်ိန္ ထီရန္၏ အခန္းထဲတြင္ ထီရန္၏အေမက ကုတင္ေပၚထိုင္ကာ အဝတ္ေတြ စီၿပီးထည့္ေပးေနသည္။
ထီရန္က ၾကမ္းျပင္မွာ ထိုင္ကာ အဝတ္ေတြ အိတ္ထဲထည့္ေနေလသည္။
" ကဲေရာ့ ဒီမွာ ''
" ဟုတ္ ေမေမ ''
သူ၏အေမက ေလာင္ထယ္ေပးသည့္ ဖာပန္းေဒါင္းရိုးရာအဝတ္အစားကို ကိုင္ၿပီး
" ဒါ ယူသြားမွာလား ''
" ဟုတ္တယ္ အဲဒီအကၤ်ီက ဆြယ္တာေတြေလာက္ေတာ့ မႏြေးဘူး ဒါေပမယ့္ ထီရန္ရဲ႕ ႏွလုံးသားကိုေတာ့ ႏြေးေစတယ္ ေမေမ ''
" ေအးပါ ဒါေလးလည္း ထည့္လိုက္မယ္ ''
ဒီလိုနဲ႕ သူ၏အေမက ထိုအကၤ်ီကို ေခါက္ထည့္ေပးလိုက္ေလေတာ့သည္။
" အစတုန္းကေတာ့ ကြၽန္ေတာ္က အကြာအေဝးဆိုတာ ကြၽန္ေတာ့္ကို အဲဒီကအရာေတြကို ေမ့ေစနိုင္
လိမ့္မယ္လို႔ ထင္ခဲ့တယ္ ဒါေပမယ့္ ကြၽန္ေတာ္ သိသြားၿပီ အကြာအေဝးဆိုတာက အစ္ကို႔ကို ေမ့သြား
ေစဖို႔ ကြၽန္ေတာ့္အတြက္ မလုံေလာက္ခဲ့ပါဘူး ကြၽန္ေတာ့္ရဲ႕ ဒီေနာက္ေျခတစ္လွမ္းက ကြၽန္ေတာ္တို႔ကို ပို
ေဝးကြာသြားဖို႔ ျဖစ္ခဲ့တဲ့ အရာအားလုံးကို ေမ့သြားေအာင္ လုပ္ေပးနိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္
ကြၽန္ေတာ့္ကို ေကာင္းေကာင္း အိပ္ေပ်ာ္ေစမယ့္ တကယ္မရွိခဲ့တဲ့ အိပ္ယာဝင္ပုံျပင္ေလးအျဖစ္ ေတြး
လိုက္ေတာ့မယ္ ''
ထီရန္က သူ၏ညအခ်ိန္အခန္းေလးထဲမွာ အေမရိကန္ကို ေက်ာင္းသြားတက္ဖို႔ အဝတ္ေတြထည့္ၿပီးေနာက္ ေထာ့ဖန္၏ ဒိုင္ယာရီစာအုပ္ေလးထဲမွ ဖာပန္းေဒါင္းက ျပန္ခဲ့စဥ္က ရိုက္ခဲ့သည့္ပုံ ေခါင္းေဆာင္ဖူဖာႏွင့္ အတူတူရိုက္ခဲ့သည့္ပုံကို ၾကည့္ကာ လြမ္း၍ ငိုမိေလေတာ့သည္။
ၿပီးေနာက္ ဂ်ပ္ဖာကို ယူကာ သူ၏အပန္းေျဖအေဆာင္မွ ပါေပါက္စြန္ေလးကို ယူၿပီး အလြမ္းႀကီးလြမ္းမိျပန္ေလေတာ့သည္။
ေနာက္တစ္ေန႕..။
ထီရန္က ထမင္းခ်က္သည့္အခန္းထဲတြင္ စူပါေကာ္ဖီထုပ္ႏွစ္ခုကို ယူကာ ခြက္ႏွစ္ခုထဲေဖာက္ထည့္၍ ေဖ်ာ္လိုက္ေလသည္။
ၿပီးေနာက္ ထမင္းစားစားပြဲကို ယူကာ တစ္ခြက္ကို သူ၏မ်က္ႏွာခ်င္းဆိုင္မွာထားၿပီး တစ္ခြက္ကို သူယူကာ ေသာက္ေနေလသည္။
ထိုအခ်ိန္သူ၏အေတြးက အတိတ္က ေခါင္းေဆာင္ဖူဖာႏွင့္ ေကာ္ဖီအတူ ေသာက္ခဲ့သည္ကို သတိရမိေတာ့သည္။
" အရမ္းျပင္းတယ္ ႀကိဳက္လား ''
" အင္း ကြၽန္ေတာ္က ျပင္းတာကို ႀကိဳက္တယ္ ''
" ငါကလည္း ျပင္းတယ္ေနာ္ ''
" ကြၽန္ေတာ္က ေကာ္ဖီကို ေျပာေနတာ ''
" ငါလည္း ေကာ္ဖီကို ေျပာေနတာေလ မင္းက ဘာေတြ ေတြးေနတာလဲ ''
အဲသလိုေတြးၿပီး ထီရန္တစ္ေယာက္ ခြက္တစ္ခုကို ၾကည့္၍ ေကာ္ဖီအတူတူေသာက္ေနသလို ခံစားေနေလသည္။
သူဝတ္ထားသည့္ အကၤ်ီကလည္း အထဲမွအမည္းေရာင္အကၤ်ီ ျဖစ္ၿပီး အေပၚက ေခါင္းေဆာင္ဖူဖာၿခဳံေပးသည့္ ကုတ္အကၤ်ီ ျဖစ္ေလသည္။
ၿပီးေနာက္ သူ၏ခရီးေဆာင္အိတ္ကိုၾကည့္ကာ လူမရွိတဲ့ ေကာ္ဖီခြက္ေလးကို သူကိုင္ထားသည့္ေကာ္ဖီခြက္ကေလးနဲ႕ ခြက္ခ်င္းတိုက္ကာ ေကာ္ဖီကို ေမာ့ေသာက္လိုက္ေလေတာ့သည္။
(ဆက္လက္ေဖာ္ျပေပးပါမည္)
ႏြေဦးကိုကိုေမာင္