A Tale Of Thousand stars

By AungMin201

9.2K 244 43

ဤဇာတ်လမ်းသည် မကြာသေးမီက LINE TV တွင် ပြသထားသော G-MM tv production မှ ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ ဖြစ်ပါသည်။ ဤ... More

A Tale Of Thousand stars Chapter - 1(A)
A Tale Of Thousand stars Chapter - 1(B)
A Tale Of Thousand stars Chapter - 1(C)
A Tale Of Thousand stars Chapter - 2(A)
A Tale Of Thousand stars Chapter - 2(B)
A Tale Of Thousand stars Chapter - 2(C)
A Tale Of Thousand stars Chapter - 3(A)
A Tale Of Thousand stars Chapter - 3(B)
A Tale Of Thousand stars Chapter - 3(C)
A Tale Of Thousand stars Chapter - 4(A)
A Tale Of Thousand stars Chapter - 4(B)
A Tale Of Thousand stars Chapter - 4(C)
A Tale Of Thousand stars Chapter - 5(A)
A Tale Of Thousand stars Chapter - 5(B)
A Tale Of Thousand stars Chapter - 5(C)
A Tale Of Thousand stars Chapter - 6(A)
A Tale Of Thousand stars Chapter - 6(B)
A Tale Of Thousand stars Chapter - 6(C)
A Tale Of Thousand stars Chapter - 7(A)
A Tale Of Thousand stars Chapter - 7(B)
A Tale Of Thousand stars Chapter - 7(C)
A Tale Of Thousand stars Chapter - 8(A)
A Tale Of Thousand stars Chapter - 8(B)
A Tale Of Thousand stars Chapter - 8(C)
A Tale Of Thousand stars Chapter - 9(A)
A Tale Of Thousand stars Chapter - 9(C)
A Tale Of Thousand stars Chapter - 10(A)
A Tale Of Thousand stars Chapter - 10(B)
A Tale Of Thousand stars Chapter - 10(C)
A Tale Of Thousand stars Chapter - 11

A Tale Of Thousand stars Chapter - 9(B)

146 3 0
By AungMin201

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
               1000 stars

Chapter - 9(B)
အပိုင်း (၂၆)

ဆရာလေးထီရန်က အဲသလို မေးပေမယ့် ဦးတီယာယွတ်က သူ့ကိုသာ ကြည့်၍ အသံတိတ်နေလေသည်။ ဦးတီယာယွတ်က ခွင့်ပြုသည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဆရာလေးထီရန်က အဖြစ်မှန်အကုန် သိသွားပြီဆိုတာ သူ သိသွားလေသည်။

ထို့ကြောင့် ဒီတစ်ကြိမ်တော့ ခွင့်ပြုလိုက်ဖို့ ဆုံးဖြတ်လိုက်သည်ထင်ပါသည်။ ဆရာလေးထီရန်က ဘယ်လက်ပတ်တီးစည်း လည်ပင်းကြိုးသိုင်းဖြင့် ခေါင်းဆောင်ဖူဖာ ရှိသည့်အခန်းကို ဝင်ခဲ့လေသည်။

သို့ပေမယ့် လူနာခေါင်းဆောင်ဖူဖာကို ကုတင်ပေါ်မှာ မတွေ့တော့ဘဲ ကုတင်ပေါ်မှ စောင်တွေ အိပ်ယာခင်းတွေကို သူနာပြုဆရာမလေးက ခေါက်သိမ်းနေသည်ကိုသာ တွေ့ရလေတော့သည်။

ထို့ကြောင့်

" ဒီအခန်းက လူနာကောဗျ ''

အဲသလို ဆရာလေးထီရန်က မေးလိုက်ပြီး ထိုဆေးခန်းကြီး၏ လျှောက်လမ်းမကြီးပေါ်တွင် ဆရာလေးထီရန် ရောက်နှင့်နေလေသည်။

ပြီးနောက် ခေါင်းဆောင်ဖူဖာက ဝီးချဲယ် ပေါ်မှာ ဘယ်လက်ကို ပတ်တီးစည်း လည်ပင်းကြိုးသိုင်းဖြင့် ထိုင်နေပြီး ဆရာမလေးက ထိုဝီးချဲယ်ကို တွန်းသွားသည်ကို ဆရာလေးထီရန် တွေ့လေသည်။

ခဏက ဆရာလေးထီရန်က အခန်းထဲမှ ဆရာမလေးကို မေးလိုက်ရာ ထိုဆရာမလေးက ပြောပြ၍ ထိုသို့ ခေါင်းဆောင်ဖူဖာကို သူတွေ့လိုက်ရခြင်း ဖြစ်လေသည်။

ဒီလိုနဲ့ ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာထိုင်နေသည့် ဝီးချဲယ်ကို တွန်းသွားသော ဆရာမလေးအနောက်ကို လိုက်သွားလေသည်။

ထိုဆရာမလေးက ခေါင်းဆောင်ဖူဖာ၏ဝီးချဲယ်ကို ထိုဆေးရုံကြီး၏ လေကောင်းလေသန့်ရှိသည့် စိမ်းစိုသော မြက်ခင်းပြင်ကြီးနှင့် ခုံတန်းလေးရှိရာကို တွန်းသွားလေသည်။

ထိုဆရာမလေးက ခေါင်းဆောင်ဖူဖာထိုင်သည့်ဝီးချဲယ်ကို ခုံတန်းလေး၏ဘေးမှာ ရပ်ထားလိုက်လေသည်။ ဆရာလေးထီရန်လည်း သူတို့နောက်ကို ရောက်လာရာ ဆရာမလေး၏ ပုခုံးကို လက်နဲ့အသိပေးပြီး သူ၏နှုတ်ခမ်းကို လက်ညိုးနှင့်ပိတ်၍

ခေါင်းဆောင်ဖူဖာ မသိအောင် တိတ်တိတ်နေခိုင်းကာ ထိုဆရာမလေးက ဆိုလိုရင်းကို သဘောပေါက်၍ ထိုနေရာမှ ထွက်သွားလေတော့သည်။

ထိုအချိန် ဆရာလေးထီရန် တိတ်တိတ်ကလေး ဝီးချဲယ်၏ ညာဘက်တွင်ရှိသော ခုံတန်းလေးဘက်သွားပြီး ခေါင်းဆောင်ဖူဖာက ဘယ်ဘက်ကို လှည့်၍ အနောက်ကို ကြည့်ရာ ဆရာမလေးကို မမြင်သမို့ အရှေ့ကို ပြန်လှည့်လာရာ သူ၏ ညာဘက်ရှိ ခုံတန်းလေးမှာ ဆရာလေးထီရန် ထိုင်နေသည်ကို တွေ့လိုက်ရလေတော့သည်။

ဒီလိုနဲ့ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို ကြည့်ပြီး ခေါင်းဆောင်ဖူဖာကလည်း ဆရာလေးထီရန်ကို ကြည့်ကာ စကားဆိုလေတော့သည်။

" မင်းသိလား အဲဒါက ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ ''

" ကျွန်တော် သိတယ် နောက်ဆုံးကျရင် ခေါင်းဆောင်က ကျွန်တော့်ကို လာကယ်မှာပဲလေ ''

" ထီရန် အဲဒီအချိန်မှာ ငါသာမရှိခဲ့ဘူးဆိုရင် မင်းဘာဖြစ်သွားမလဲ ''

" ကျွန်တော် တောင်းပန်ပါတယ် ခေါင်းဆောင် ကျွန်တော် တကယ် တောင်းပန်ပါတယ် ကျွန်တော်

ကတိပေးတယ် ကျွန်တော် နောက်ဆို ဒီလိုမျိုး ခေါင်းဆောင်ကို မဖြစ်စေရတော့ပါဘူး ''

" ငါ ပြောတာ သေချာနားထောင်နော် ထော့ဖန်အကြောင်း ငါ အမှန်အတိုင်း သိပြီးပြီ မင်းကိုယ်မင်း အပြစ်မတင်နဲ့တော့ ''

အဲသလို ခေါင်းဆောင်ဖူဖာ ပြောလိုက်လျှင် ဆရာလေးထီရန်က ဝမ်းနည်းသလို ဖြစ်လာပြီး

" ကျွန်တော် ဘာတွေပဲလုပ်လုပ် ကျွန်တော့်နှလုံးသားထဲမှာ အပြစ်ရှိသလို ခံစားနေရတာကနေ

မလွတ်မြောက်နိုင်ဘူး ထော့ဖန်က ကျွန်တော့်ကို ဘယ်တော့မှ ခွင့်လွတ်မှာ မဟုတ်ဘူး ''

" မင်းက ဘယ်လိုလုပ် သိလဲ ငါသေတော့မယ်လို့ တွေးမိခဲ့တဲ့ အချိန်တုန်းက ငါဘာတွေးနေလဲ မင်းသိလား

မင်းလုပ်ခဲ့တာတွေ အားလုံးအတွက် ငါမင်းကို စိတ်မဆိုးဘူး ငါသိတဲ့သူတွေကိုပဲ ငါတွေးနေခဲ့တာ ရွာသူ

ရွာသားတွေ ဒေါက်တာ ရော့ချန်း လန် ပြီးတော့ ငါဂရုစိုက်တဲ့တစ်ခြားသူတွေ ငါသိတဲ့ ထော့ဖန်ကလည်း

ငါ့လိုပဲ တွေးလိမ့်မယ်ဆိုတာ ငါသိတယ် ဒီတစ်ချိန်လုံး မင်းက အားလုံးကို သက်သေပြခဲ့ပြီးပြီပဲ မင်း

သူတို့နဲ့ ထော့ဖန်အတွက် ဘာတွေ လုပ်ပေးခဲ့လဲဆိုတာကိုပေါ့ ''

ခေါင်းဆောင်ဖူဖာက အဲသလို ပြောပြီး အားငယ်၍မျက်ရည်ဝဲနေတဲ့ ဆရာလေးထီရန်၏လက်ကိုကိုင်ကာ နက်သိမ့်ပေးရင်း

" ထော့ဖန်က ဒီနှလုံးကို မင်းကို ပေးခဲ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်မှာပါ အဲဒါကြောင့် သူက မင်းကို ဒီကို ခေါ်လာခဲ့တာပေါ့ ''

" ကျွန်တော် တောင်းပန်ပါတယ် ခေါင်းဆောင် ကျွန်တော် တောင်းပန်ပါတယ် ''

" ရပါတယ် ''

အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ ပါးနှင့်ခေါင်းလေးကို ဖွဖွလေးဖိကိုင်ရင်း

" ငါ မင်းကို ခွင့်လွတ်သလို ထော့ဖန်ကလည်း မင်းကို ခွင့်လွတ်မယ်လို့ ငါယုံကြည်တယ် ''

အဲသလို ခေါင်းဆောင်ဖူဖာက ပြောပြီး ဆရာလေးထီရန်က မျက်ရည်ဝဲ၍ မျက်ရည်မိုးပျိုတော့မည့်အလား ဝမ်းနည်းနေလေသည်။

ထို့ကြောင့် ခေါင်းဆောင်ဖူဖာက ခေါင်းကလေးကို ဖွဖွလေးကိုင်းရင်း

" ငါက နက်သိမ့်တဲ့နေရာမှာ မတော်ဘူး မင်း အခုပြုံးလို့ရပြီ ပြုံးပါ ''

အဲသလိုလေး ပြုံးရည်ကာ ပြောလျှင် ဆရာလေးထီရန်လည်း ပြုံးလိုက်ပြီး တစ်ဦးကိုယ်တစ်ဦး စိုးရိမ်မှုတွေ အကဲပိုပါတော့သည်။

" နာလား ကြောက်စရာပဲ ''

" မနာပါဘူး ခေါင်းဆောင်ကော နာလား ''

" ငါက လွယ်လွယ်နဲ့ မသေပါဘူး ဘာလို့လဲ ငါ့ကို စိုးရိမ်လို့လား ''

" ဒါပေါ့ ''

အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာက သူ့ကိုစိုးရိမ်ပေးတဲ့ ဆရာလေးထီရန်၏ ခေါင်းကို ခပ်ဖွဖွလေးနဲ့ အပျော်သဘောဖြင့် စနောက်နေလေသည်။

တစ်ဦးပေါ်တစ်ဦး သဘောကျနှစ်သက်နေကြသည်ဆိုတာ သူတို့နှစ်ယောက်လုံး ဖွင့်မပြောကြပေမယ့် စိတ်ချင်းဖြင့် နားလည်လက်ခံသွားလေသည်။

အရင်ချိန်ကတည်းက နားလည်ပြီးသား ဖြစ်ခဲ့လေသည်။ သို့ပေမယ့် ယခုအပြုအမူတွေက တစ်ဦးပေါ်တစ်ဦး ခံစားချက်ရှိနေပြီး အဲဒီခံစားချက်တွေကို လက်ခံလိုက်သည်မှာ ပို၍ သိသာနေလေသည်။

ခေါင်းဆောင်ဖူဖာက သူ၏လက်ကလေးကို ဆရာလေးထီရန်၏ ပါးလေးကို ထိကိုင်နေပြီး ထိုလက်ကလေးကို ဆရာလေးထီရန်၏လက်က ပြန်ကိုင်ပြီး သူတို့ချင်း လက်ချင်းကိုင်ကာ ဆရာလေးထီရန်က သူ၏ခံစားချက်ကို ပြောလေတော့သည်။

" တကယ်လို့ အစ်ကို တကယ်ပဲ တစ်ခုခုဖြစ်သွားရင် ကျွန်တော် ဘယ်လို အသက်ရှင်ရမလဲ ''

" ငါ့ကို စိုးရိမ်ပေးမယ့်သူရှိတယ်ဆိုတာ သိရတာနဲ့တင် ငါ သက်သာပါပြီ ''

ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးရည်လိုက်ကြပြီး ဆရာလေးထီရန်က

" အထဲဝင်ကြရအောင် ခေါင်းဆောင် ''

အဲသလိုပြောပြီး ဆရာလေးထီရန်က ခုံတွင်ထိုင်နေရာမှ ထ၍ ဝီးချဲယ်အနောက်ကို သွားကာ

" ထီရန် ''

" ဟင် ''

" ငါပြောခဲ့တဲ့ ငါသေတော့မယ့်အချိန်တုန်းက တွေးမိခဲ့တဲ့ဟာကလေ ငါနောက်ထပ် ဘာတွေးမိသေးလဲ သိလား ''

" ဘာတွေးခဲ့တာလဲ ''

" ငါမင်းကိုလည်း တွေးခဲ့တယ် ''

အဲသလို ခေါင်းဆောင်ဖူဖာက စကားလုံးချိုချိုတွေ ပြောပြီး သူ၏ပုခုံးပေါ်ကျရောက်နေသည့် ဆရာလေးထီရန်၏လက်ကို ကိုင်ကာ သူ၏ခေါင်းကလေးဖြင့် ထိုလက်ကလေးကို ပွတ်သပ်၍ အချစ်သန်းနေလေသည်။

ဆရာလေးထီရန်ကလည်း ခေါင်းဆောင်ဖူဖာက အဲသလောက်ထိ သူ့ကို ချစ်တယ်ဆိုတာ ပိုသိသာ၍ ပြုံးရည်လိုက်လေတော့သည်။

ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာလည်း သူ၏အခန်းထဲကို ဆေးရုံယူနီဖောင်း ဘယ်လက်ပတ်တီးစည်း လည်ပင်းကြိုးသိုင်းဖြင့် ဝင်လာရာ ခုံပေါ်တင်ထားသည့် လက်ဆောင်ပန်းစည်းခြင်းကို မြင်၍ အံ့သြတသ ကြည့်နေလေသည်။

ထို့နောက် လူတစ်ယောက်က အခန်းထဲမှ ဆိုဖာခုံတွင် ထိုင်နေရာမှထကာ ခေါင်းဆောင်ဖူဖာကို ပြောလိုက်သည်မှာက

" ငါ ယူလာတာပါ ''

" ဦးတီယာယွတ် ''

မှန်၏။ ပန်းစည်းခြင်းယူလာသည့်သူက ဦးတီယာယွတ် ဆရာလေးထီရန်၏ အဖေ ဖြစ်လေသည်။
ဦးတီယာယွတ်နှင့် ခေါင်းဆောင်ဖူဖာ အဘယ်ကြောင့် သိနေကြသည်ဆိုတာ စိတ်ဝင်စားရာ ကောင်းလှပေသည်။

ဦးတီယာယွတ်နှင့် ခေါင်းဆောင်ဖူဖာ အဘယ်ကြောင့် သိနေကြသည်ဆိုတာထက် ချင်းမိုင်မြို့ ဆေးရုံကနေ သက်သာ၍ ဖာပန်းဒေါင်းကို ခေါင်းဆောင်ဖူဖာက ဂျစ်ကားလေးကို ကိုယ်တိုင်မောင်း၍ ပြန်လာရာ ဆရာလေးထီရန် စိတ်မသာမယာ ဖြစ်နေသည်က ပို၍ အရေးကြီးပေသည်။

ဆရာလေးထီရန်က ကားစီးလာရင်း မျက်နှာက မသာမယာဖြစ်၍ စိတ်ဆိုးနေလေသည်။ ထို့ကြောင့် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန် မသာမယာဖြစ်နေသည်ကို သိ၍ ချော့ဖို့ တွေးလေသည်။

" ညာဘက်မှာ နာဂါအငူကို သွားတဲ့လမ်းပဲ နောက်ထပ်လှတဲ့ နေရာတစ်ခုပေါ့ မင်းသွားကြည့်ချင်လား ''

ခေါင်းဆောင်ဖူဖာက သူ၏ဘက်လက်ကို ပတ်တီးစည်း လည်ပင်ကြိုးသိုင်းထားသမို့ ကားစီယာတိုင်လှည့်ကွင်းကို ညာဘက်လက်ဖြင့် ကိုင်မောင်းရင်း စိတ်ဆိုးပြေအောင် ချော့ပေမယ့် ထပ်ပြီး စိတ်ဆိုး၍ ကားအပြင်ကိုသာ ကြည့်ဖြေလေသည်။

" မသွားကြည့်ချင်ဘူး ''

" ငါအခု စျေးမှာ ရပ်မလို့ မင်း တစ်ခုခု ဝယ်ချင်တာများ ရှိသေးလား ''

" မရှိပါဘူး ကျေးဇူးတင်ပါတယ် ''

" ဘာဖြစ်နေတာလဲ ငါ့ကို ပြောပြလို့ရတယ်နော် ''

" ကျွန်တော့်မှာ ခေါင်းဆောင်ကို ပြောစရာ ဘာမှမရှိဘူး ခေါင်းဆောင်ရော ကျွန်တော့်ကို ပြောစရာ
တစ်ခုခု ရှိလား ''

အဲသလို ဆရာလေးထီရန်က မေးလိုက်လျှင် ခေါင်းဆောင်ဖူဖာက ဆေးရုံတွင် ဦးတီယာယွတ် နှင့် အခန်းအပေါက်ဝ၌ စကားပြောနေသည်ကို သတိရသွားလေသည်။

" ဦးသားကို သေချာဂရုစိုက်လို့ မင်းကို ကျေးဇူးအများကြီးတင်ပါတယ် အခုချိန်ကစပြီး မင်းဘာလိုအပ်လိုအပ် ဦးကိုအားမနာဘဲ ပြောပါ ကူညီပေးပါရစေ ''

" ကျေးဇူးတင်ပါတယ် ဆရာ ''

အဲသလို ဦးတီယာယွတ်နဲ့ ခေါင်းဆောင်ဖူဖာ ရင်းနှီးနေသည်ကို ဆရာလေးထီရန်က ထိုဆေးရုံ၏ ထောင့်တစ်နေရာမှ မထင်မှတ်ဘဲ တွေ့လိုက်လေသည်။

ပြီးနောက် ဆရာလေးထီရန်၏မျက်နှာက စိတ်ဆိုးမှုတွေ ဖြစ်ပေါ်လာလေတော့သည်။ အဲသလို သိမြင်ခဲ့တာကို ဆရာလေးထီရန်ကလည်း ကားစီးရင်း သတိရနေလေသည်။

ဆရာလေးထီရန် စိတ်ဆိုးနေတာက ဦးတီယာယွတ် နှင့် ခေါင်းဆောင်ဖူဖာ သိနေသည့်အတွက်ဖြစ်ပြီး အဘယ်ကြောင့် စိတ်ဆိုးနေသည်ဆိုတာ ခန့်မှန်းရခက်ပေသည်။

ခေါင်းဆောင်ဖူဖာကလည်း ဆရာလေးထီရန်ကို နားမလည်သလိုဖြင့် ကြည့်နေလေသည်။ ဆရာလေးထီရန်က စိတ်ကောက်မြဲ စိတ်ဆိုးနေလေသည်။

ဒီလိုနဲ့ ဂျစ်ကားလေးက ကျောင်းနေအိမ်ကို ရောက်ရှိ၍ လာလေသည်။ ထိုအချိန် ကျောင်းနေအိမ်ပေါ်မှ ကလေးတွေနဲ့အတူ ဒေါက်တာနမ် ဆင်းလာလေသည်။

" ဆရာထီရန် ဆရာထီရန် ''

ကလေးတွေက ထိုသို့အော်ကာ ပြေးဆင်းလာသမို့ ဒေါက်တာနမ်က

" ဂရုစိုက်ကြ ကလေးတို့ ''

ဟူ၍ ပြောပြီး ကားပေါ်မှ စိတ်ဆိုး၍ ဆင်းလာသည့် ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာက

" ထီရန် ''

ဟု ခေါ်ကာ အရှေ့မှ ကာဆီး၍ စိတ်မချ ပေမယ့် ဆရာလေးထီရန်က ဂရုမစိုက်ဘဲ ကလေးတွေနဲ့သာ

" အားလုံးကို ဖက်ပေးမယ် ''

" နာနေသေးလား ''

" နာတယ် သက်သာနေပါပြီ စိတ်ပူစရာ
မလိုတော့ပါဘူး ''

" အဲဒါက ဘာလဲ ''

အာရီက လက်ပတ်တီးကိုမြင်၍ အဲသလို မေးလိုက်ရာ ဆရာလေးထီရန်က ထိုသို့ပြောပြီး စက်ရုပ်လိုလုပ်ပြလေသည်။

" ဒါလား ဒါက စက်ရုပ် ထရန်စဖော်မာလို့ပေါ့
ဒီမှာကြည့် ''

" ဆရာထီရန် သားအဖေက ပြောတယ် အဲဒီညက သေနတ်အစစ်နဲ့ ပစ်တာတဲ့ ဒါပေမယ့် ဆရာထီရန်ကို မထိလိုက်ဘူးတဲ့ ''

" အဲဒါက ဘီလူးကြီးလို ခေါင်းဆောင်က ဆရာထီရန်ကို ကာကွယ်ပေးလို့ မဟုတ်လား ''

" ဒါပေါ့ကွ ''

ကလေးတွေက အဲသလို ပြောသမို့ ခေါင်းဆောင်ဖူဖာက ခဏတာပြုံးလိုက်ကာ ဒေါက်တာနမ်လည်း ကလေးတွေ ပြောတတ်တာကို ကြည့်၍ ပြုံးမိလေသည်။

သို့ပေမယ့် ဆရာလေးထီရန်က စိတ်တင်းနေတဲ့ မျက်နှာဖြင့် ခေါင်းဆောင်ဖူဖာကို ကြည့်လိုက်သည်။ ပြီးနောက် ကလေးတွေကို ပြန်ပြုံးပြ၍

" အင်း ''

ဟူ၍ ပြန်ဖြေလိုက်လေသည်။ အဲသလို ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို စိတ်ဆိုးနေသည်ကို ဒေါက်တာနမ်က သတိထားမိလေတော့သည်။

" အဖွားကပြောတယ် ခေါင်းဆောင်က သမီးတို့ရွာကို ကာကွယ်ဖို့ မကောင်းတဲ့သူတွေကို ကူပြီး တိုက်ပေးတာတဲ့ ''

အင်တာက အဲသလို ပြောလျှင် ဆရာလေးထီရန်ကလည်း စိတ်ဆိုး၍ မကြည်သလိုဖြင့်

" ဟုတ်တယ် အားလုံးပဲ ခေါင်းဆောင်ကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါ ''

" ကျေးဇူးတင်ပါတယ် ''

" ဘာလို့လဲဆိုတော့ ခေါင်းဆောင်က သူ့တာဝန်သူ ကျေအောင် အားလုံးကို စောင့်ရှောက်ပေးတာလေ ကြိုးစားပန်းစားပေါ့ ''

ဆရာလေးထီရန်က စိတ်ဆိုး၍ အဲသလို ခနဲ့သလို ရွဲ့သလို ပြော၍ အိမ်နောက်ဘေးကို ခပ်မြန်မြန်ထွက်လာလေသည်။ ဒေါက်တာနမ်လည်း သူတို့ကိုကြည့်ကာ မျက်နှာမကောင်း ဖြစ်နေလေသည်။

ခေါင်းဆောင်ဖူဖာလည်း စိုးရိမ်စိတ်မအီမသာ ဖြစ်ပြီး သူ့ကို စိတ်ဆိုးနေ၍ ဖြေရှင်းဖို့ ဆရာလေးထီရန်အနောက်ကို လိုက်သွားလေသည်။

" ထီရန် ထီရန် မင်း ဘာလို့ ငါ့ကို ရှောင်နေတာလဲ ''

" ကျွန်တော် အခု အိမ်ပြန်ရောက်ပြီလေ ဒီမှာက လုံခြုံတယ် ''

" ငါသိတယ်လေ ''

" ခေါင်းဆောင်က တာဝန်ယူပေးစရာ မလိုတော့ဘူးလေ ပြန်လို့ရပြီ ''

" ဘာဖြစ်နေတာလဲ ငါတို့ စကားပြောဖို့ လိုတယ် ''

" ခေါင်းဆောင် ကျွန်တော့်အဖေကို
ဘယ်လိုလုပ်သိတာလဲ ''

" ငါတို့ဌာနက လူကြီးဟောင်းလေ ''

" အဲဒါဆို သိနေတာ ကြာပြီပေါ့ ကျွန်တော် ဘယ်သူလည်းဆိုတာကိုရော သိနေခဲ့တာပေါ့ အဲဒါကြောင့်ကိုး ''

" မင်းက ဘယ်သူပဲဖြစ်ဖြစ် မင်းကို စောင့်ရှောက်ပေးရမှာက ငါ့တာဝန်ပဲလေ ''

" တာဝန် ဟုတ်လား ခေါင်းဆောင်လုပ်ပေးခဲ့တာတွေ အကုန်လုံးက တာဝန်အရပေါ့ ဟုတ်လား ''

" ငါ့လိုလူက မင်းကို ရေနွေးအိုးတည်တာ အဝတ်လျှော်တာတွေ လိုက်သင်ပေးဖို့အထိ အချိန်ပိုတွေ အများကြီး ရှိမနေဘူး ''

" ကျေးဇူးအများကြီးတင်ပါတယ်နော် ခေါင်းဆောင်ဖူဖာ ခေါင်းဆောင်ရဲ့တာဝန်တွေ အများကြီးကို ကျေပွန်ခဲ့ပါပြီ ကျွန်တော့်အဖေလည်း သေချာ သိနေလောက်မှာပါ ''

မှန်၏။ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန် ဖာပန်းဒေါင်းကို စရောက်ကတည်းက ဦးတီယာယွတ်၏သားဆိုတာ သိပြီး ဖြစ်လေသည်။ ဦးတီယာယွတ်ကလည်း ဆရာလေးထီရန် ဖာပန်းဒေါင်းမှာ ရှိနေသည်ကို သိပြီး ဂရုစိုက်ပေးဖို့ ခေါင်းဆောင်ဖူဖာကို အမိန့် ပေးထားလေသည်။

ဦးတီယာယွတ်က သဘာဝထိန်းသိမ်းရေးနှင့်သစ်တောဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဖြစ်သမို့ ယခုလို ဆရာလေးထီရန်က ဖာပန်းဒေါင်းမှာ ရှိတယ်ဆိုတာ လွယ်လွယ်နဲ့ သိလေသည်။

ထို့ကြောင့် ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ သူ့ကို စောင့်ရှောက်ပေးတာ တကယ်ချစ်တဲ့စိတ်ကြောင့် မဟုတ်ဘဲ တာဝန်အရစောင့်ရှောက်ပေးတာ ဟူ၍ထင်ပြီး ပြောလိုက်ရာ ခေါင်းဆောင်ဖူဖာလည်း တာဝန်ဆိုပေမယ့် တကယ်ရင်ထဲက ခံစားချက်ရှိ၍ စောင့်ရှောက်​ပေးသမို့ ခံပြင်းလာလေသည်။

" အဲဒါဆိုလည်း အိမ်ပြန်ဖို့ ပြင်တော့လေ မင်းရဲ့ ပျော်စရာအချိန်တွေ ပြီးပြီမို့လား ''

" ပျော်စရာ ဘာလို့ အားလုံးက ကျွန်တော့်ကို ဒီကို စာလာသင်ပေးတာကို အပျော်အတွက်ပဲလို့ ထင်နေရတာလဲ ''

" ဒါဆို မင်းလို သူဌေးသားလေးက ဒီကိုလာတာ တကယ် လုပ်ပေးချင်တဲ့စိတ်နဲ့ လာတာလား ''

" ဒါဆို ကျွန်တော် လုပ်ခဲ့တာတွေကို
လုံးဝမမြင်ခဲ့တာလား ''

နှစ်ဦးသား လေသံခပ်မာမာဖြင့် နားလည်မှုလွဲ၍ စကားများနေကြလေသည်။

" ဒီကိုလာတာကို အားလုံးက အပျော်အတွက်ပဲလို့ ထင်နေရင် ကျွန်တော် လုံးဝ အိမ်မပြန်တော့ဘူး ''

" ထီရန် ''

ဆရာလေးထီရန်က အံကြိတ်၍ အဲသလို အိမ်မပြန်တော့ဘူးဟူ၍ ပြောလာကာ ခေါင်းဆောင်ဖူဖာက တစ်ခုခုကို စိုးရိမ်၍ ထီရန်ဟု ခေါ်လိုက်လေသည်။

" ခေါင်းဆောင်လည်း တာဝန်အတိုင်း ကျွန်တော့်ကို ဆက်စောင့်ရှောက်ပေး ကျွန်တော် ပျော်နေသေးလို့ပဲ ''

ထို့သို့ ဆရာလေးထီရန်က ပြောပြီး စိတ်မကျေမချမ်း ဖြစ်ကာ အိမ်နောက်ဘေးကနေ ထွက်လာခဲ့လေတော့သည်။ ခေါင်းဆောင်ဖူဖာလည်း နားလည်မှုလွဲနေတဲ့ ဆရာလေးထီရန်ကို ကြည့်၍ သက်ပြင်းချမိလေတော့သည်။

သူတို့၏ ပြဿနာ ဘယ်လိုများ ဖြေရှင်းကြတော့မည်လဲဆိုတာ စိတ်ဝင်စားစရာပင် ဖြစ်လေတော့သည်။ ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန် စိတ်ဆိုးနေတာကို ဖြေရှင်းပေမယ့် ဆရာလေးထီရန်က ထင်တာတွေကို လျှောက်ပြောသွားလေသည်။

ဒီလိုနဲ့ ညအချိန်လေးကို တဖြည်းဖြည်းရောက်သွားလေတော့သည်။ ခမာ၏အိမ်တွင် ကွက်ပျက်၌ မီးအိမ်လေးထွန်းထားကာ ခမာ ဆရာလေးထီရန်နှင့် လောင်ထယ်တို့ ရှိနေလေသည်။

ဆရာလေးထီရန်က ခမာ၏အိမ်တွင် ညစာသွားစားခြင်း ဖြစ်လေသည်။

" စားပါ ဆရာလေး ဆေးရုံက အစားအသောက်တွေက ကျွန်တော့်အိမ်ကချက်တာလောက် မကောင်းဘူး မဟုတ်လား ''

" သူကြီး ကျွန်တော် ထပ်ပြီး တောင်းပန်ပါတယ် လောင်ထယ်ကို ဒီလို စွန့်စားခိုင်းလိုက်လို့ ''

" ရပါတယ် ဆရာထီရန်ရယ် အားလုံး အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာတာပဲ

အဆင်ပြေနေပါပြီ လောင်ထယ်ကလည်း အကြမ်းခံပါတယ်ကွယ် သူ ကျော်လွှားနိုင်မယ်ဆိုတာ ဦး သိပါ

တယ် ဒါပေမယ့် ဆရာ့ကို ကြည့်ဦး ဆရာ့လို လူကောင်းသေးသေးလေးက သတ္တိကောင်းလိုက်တာနော် ''

" အမှန်အတိုင်း ပြောနော် အစ်ကို အစ်ကို မကြောက်ဘူးလား ''

" သေနတ်နဲ့ ခေါင်းကို ချိန်ထားတာလေ သေအောက် ကြောက်တာပေါ့ ''

" အင်း မင်းမမေးသင့်ဘူး စားပါ ဆရာထီရန် ဒါနဲ့ ဆရာလေး အခုမှ နားလည်သွားတယ် ဆရာလေးက

ဖာပန်းဒေါင်းချောက်ကမ်းပါးအကြောင်း မေးတုန်းကလေ အဲဒီကို ရောက်ဖူးတဲ့သူတွေကပဲ အဲဒီနေရာ

အကြောင်းကို သိတာလေ ရွာသားတွေကိုတော့ စိတ်မပူပါနဲ့ ကျွန်တော် သူတို့ကို ရှင်းပြလိုက်ပါမယ် ''

" ကျေးဇူးအများကြီး တင်ပါတယ် သူကြီး ''

မှန်၏။ ခမာက ဆရာလေးထီရန်ဟာ ထော့ဖန်၏နှလုံးကို ယူထားပြီး ထော့ဖန်ကို တိုက်သည့်ကားက ဆရာလေးထီရန်၏ကားဖြစ်ပေမယ့် ဆရာလေးထီရန်မဟုတ်ဘဲ ဆရာလေးထီရန်၏သူငယ်ချင်း ဖြစ်နေသည်ဆိုတာကို ပေါက်ဖတ်ဥပမာပေး၍ ရွာသားတွေကို ရှင်းပြပေးမည် ဖြစ်လေသည်။

ရွာသားတွေလည်း ယခုလိုပြောပြလျှင် ဆရာလေးထီရန်ကို နားလည်သဘောပေါက် ခွင့်လွတ်ကြမည် ထင်ပါသည်။ ထို့ကြောင့် ဆရာလေးထီရန်က ခမာကို ကျေးဇူးတင်လိုက်ခြင်း ဖြစ်လေသည်။

" ကျွန်တော်လည်း ကူပေးမယ် ''

" အော် ငါ့သား လောင်ထယ်ကောတဲ့လား မွေး အို နာ သေ ဒါတွေက တကယ်တားဆီးလို့ မရပါဘူး

နေ့တိုင်းမြင်နေရတဲ့ သူတွေတောင်မှပဲ ရုတ်တရက်သေချင် သေသွားကြတာ ဒါတွေက ကံကြမ္မာပဲ ထင်
တယ် နော် ''

" ဘာကို ပြောတာလဲ အဖေ ''

" ဆရာမလေး ထော့ဖန်တောင် ဆုံးသွားရှာပြီလေ ဒါပေမယ့် သူ့နှလုံးသားကတော့ ဒီကို ပြန်လာပြီး ငါတို့အနားမှာ ရှိနေသေးတယ် ဟုတ်တယ်မဟုတ်လား ''

အဲ့နောက် ဆရာလေးထီရန်လည်း စိတ်မကောင်းပြန်ဖြစ်မိကာ လောင်ထယ်က

" အစ်ကိုလည်း အကောင်းဆုံး လုပ်ပေးခဲ့ပြီပဲ ''

ဟူ၍ ပြောလိုက်လေသည်။ ထို့နောက် ဆရာလေးထီရန်က

" ဒါပေမယ့် ကျွန်တော်တို့ လုပ်ခဲ့တဲ့ မကောင်းမှုတွေကို ကောင်းတာတွေ ပြန်လုပ်ပေးပြီး အစားထိုးလို့မရဘူးလေ သူကြီး ''

" နားထောင်နော် ဆရာလေး ''

" ဟုတ် ''

" ဆရာလေး ကျွန်တော့်ကို ပြောဖူးတယ်မဟုတ်လား ဒီကိုလာတာ ကိုယ့်ကိုကိုယ် ပြန်ပေးဆပ်ဖို့ဆို ပြီးတော့ ဆရာ့ကို အားလုံးက ခွင့်

လွတ်ပေးတာကို  လိုချင်ခဲ့တယ်မလား တောင်းပန်ပါတယ်ဆိုတာထက် အများကြီးခက်ခဲတာ ဘာလဲဆို

တာ ဆရာလေး သိလား အဲဒါက ကိုယ့်ကိုကိုယ် ခွင့်လွတ်ခြင်းပဲ အထူးသဖြင့် ကိုယ့်ကိုကိုယ် ခွင့်လွတ်

နိုင်ဖို့ အရင် သင်ယူရမယ် ဘာလို့လဲဆိုတော့ ဘာလုပ်ရမယ်ဆိုတာ ဘယ်သူကမှ ပြောမပြနိုင်ဘူးလေ

ကိုယ်ကိုယ်တိုင်က လွှဲလို့ပေါ့ ''

မှန်၏။ ပြဿနာတစ်ခုဖြစ်ခဲ့လျှင် ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်မှသာလျှင် ထိုပြဿနာမှ ရုန်းထွက်နိုင်မည်။ ထိုသို့မှ မဟုတ်ရင် ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း ပြဿနာထဲ နစ်မြုပ်ရင်း နစ်မြုပ်နေပေလိမ့်မည်။

ထို့ကြောင့် ဆရာလေးထီရန်နှင့်ခေါင်းဆောင်ဖူဖာ နားလည်မှုလွှဲနေသည့် ပြဿနာကိုလည်း ကိုယ့်ရဲ့မာနကို အရင်ခွင့်လွတ်၍ နားလည်နိုင်မှသာ ပြေလည်မည် ဖြစ်ပေသည်။

ထိုကိစ္စကို ပြောနေသည့် ခေါင်းဆောင်ဖူဖာနှင့်ဒေါက်တာနမ်ရှိသည့် ဝီစကီဆိုင်လေးကို သွားရောက်ရပေမည်။

ချင်းမိုင်မြို့မှ ဝီစကီဆိုင်လေသည် မီးပုံးလေးတွေ မှိတ်ချည်လင်းချည်ဖြစ်နေသည့် ရောင်စုံမီးလုံးလေးတွေဖြင့် သာယာဖွယ် ကောင်းပေသည်။

ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာနှင့် ဝီစကီသောက်ရင်း ဝီစကီလေသံလေးဖြင့်

" မင်းသူ့ကို ဘာလို့ အဲလောက်ဂရုစိုက်နေလဲဆိုတာ အခု ငါသိသွားပြီ သူ့အဖေကြောင့်ပေါ့ ငါ့ကိုတော့ ပြောထားသင့်တာပေါ့ကွာ ''

" ငါ့ကို ပေးထားတဲ့ အမိန့်လေကွာ ''

" မင်းပြောတာက မင်းထီရန်ကို ဂရုစိုက်ပေးနေတာက အထက်အမိန့်ကြောင့်ပဲပေါ့ ''

ဒေါက်တာနမ်က အဲသလို ပြော၍ ခေါင်းဆောင်ဖူဖာ ဆရာလေးထီရန်ကို ဂရုစိုက်ပေးတာ တကယ့်ရင်ထဲကခံစားချက်မပါဘဲ အမိန့်ကြောင့်ဆိုတာကို မယုံ၍ ခေါင်းဆောင်ဖူဖာ၏ပြောစကားကို ရွံသသဖြစ်မှုဖြင့်

" ထွီ ငါမယုံပါဘူး မင်း သူ့ကို ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့တာ သူ့အဖေကို သွားပြောတော့မှာပဲ မင်းသူ့
ကို ကောင်းကောင်း ရှင်းပြသင့်တာ ''

ခေါင်းဆောင်ဖူဖာလည်း သူ၏ဘယ်လက်က မသက်သာသေး၍ လည်ပင်ကြိုးသိုင်းဖြစ်နေကာ ညာလက်ကို စားပွဲပေါ်တင်းပြီး

" ငါ သူ့ကို ကောင်းကောင်းပြောရင် ထီရန်လိုလူက လွယ်လွယ်နဲ့ ပြန်မှာ မဟုတ်ဘူး ''

" အဲဒီတော့က မင်းက နာကျင်စေမယ့် စကားလုံးတွေကို ရွေးသုံးခဲ့တာပေါ့ ပြီးတော့ မင်းကိုမင်း ပြန်နာကျင်စေပြီ မဟုတ်လား ''

" နာကျင်ပေမယ့် မကြာခင် ပြီးသွားမှာပါ ''

" ဖူ မင်းသူနဲ့ ဒီလောက်အကြာကြီး နေလာခဲ့ပြီးပြီ မင်း ဘယ်သူနဲ့မှ ဒီလို မဖြစ်ဖူးဘူးလေ ညီလေးထီ

ရန်လည်း မင်းကို ဂရုစိုက်တယ်ဆိုတာ ငါ သေချာသိပါတယ် မင်းလုပ်ချင်တာ ဘာမဆို လုပ်သာလုပ်ကွာ

အဲဒါမှ နောက်ကျရင် မင်းနောင်တ မရမှာ နားလည်လား ''

ခေါင်းဆောင်ဖူဖာလည်း သက်ပြင်းတစ်ချက်ချပြီး ဒေါက်တာနမ်စကားကို ဆန့်ကျင်လေတော့သည်။

" ဘယ်တော့မှ မဖြစ်နိုင်တဲ့အရာအတွက်တော့ အဆုံးသတ်လိုက်တာ ကောင်းပါတယ် ''

" ဘယ်လိုတောင် ရှေးဆန်တဲ့ ပြဿနာလဲ ဘဝအဆင့်အတန်းချင်း မတူတာတဲ့ အေးအေးအေး အိုကေ မင်းသဘောပဲ လာ ''

ဒီလိုနဲ့ ခွက်ကလေးကိုင်မြောက်ကာ ဝီစကီတွေ မော့သောက်လိုက်လေတော့သည်။ ခေါင်းဆောင်ဖူဖာလည်း အဆုံးမသတ်ချင်ပေမယ့် အကြောင်းအရာတစ်ခုခုကြောင့် အဆုံးသတ်မှ ရပေတော့မည် ဖြစ်လေသည်။

သူလည်း ဆရာလေးထီရန်ကို ကြမ်းတမ်းတဲ့ စကားလုံးတွေ ပြောလိုက်ရပေမယ့် ရင်ထဲတွင် နာကျင်ရပေသည်။ သို့ပေမယ့်လည်း ထိုသို့ပြောမှ ဆရာလေးထီရန်က အိမ်ပြန်မည်ဟူ၍ ခေါင်းဆောင်ဖူဖာ တွေးထားခြင်း ဖြစ်လေသည်။

ထို့ကြောင့် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို အိမ်ပြန်ဖို့ ဘယ်လို ပြောမည်ဆိုတာ နောက်တစ်နေ့၏ မနက်ခင်း စာသင်ခန်းလေးကို ဖတ်ရှုရပေမည်။

ရွာသားတွေလည်း ယခုဆို ခမာ၏ပေါက်ဖတ်ဥပမာ ကြောင့် ဆရာလေးထီရန်ကို နားလည်ပေးပြီး ကလေးတွေကို စာသင်ခွင့်ရခဲ့လေပြန်သည်။

ဆရာလေးထီရန်၏ ဘယ်လက်ကလည်း မသက်သာသေး၍ လည်ပင်ကြိုးသိုင်းဖြစ်နေပေမယ့် နှစ်ကုန်တော့မည်မို့ စာတွေကို အပြတ်ဖြတ်နေလေသည်။

" ကလေးတို့ မနက်ဖြန်ကျရင် ငှက်ပျောအူနဲ့ ငှက်ပျောရွက်တွေ ယူခဲ့ဖို့ မမေ့ကြနဲ့နော် မနက်ဖြန် တံဆိပ်တုံးပုံစံလုပ်တာ လေ့လာကြမယ် ''

အဲသလို ကလေးတွေကို မှာကြားပြီး နာရီကို တစ်ချက်လှည့်ကြည်ကာ

" အချိန်ပြည့်ပြီ အိမ်ပြန်လို့ရပြီနော် ''

" မပြန်သေးဘူး ဆရာထီရန် သမီး ပုံပြင် နားထောင်ချင်သေးတယ် ''

" ဘီလူစိမ်းကြီးပုံပြင် နားထောင်ချင်တယ် ''

ကလေးတွေက အဲသလို ပုံပြင်ပြောပြဖို့ ပူဆာနေလေသည်။ ထိုအချိန် ခေါင်းဆောင်ဖူဖာက ဘယ်လက်ကို လည်ပင်းကြိုးသိုင်းဖြင့် မဟုတ်ဘဲ သက်သာ၍ ဖြုတ်ထားခဲ့ပြီးပြီ ဖြစ်သမို့ လက်ကလေးပိုက်ကာ စာသင်ခန်းသို့ ဝင်လာလေသည်။

" နောက်ဆုံးတစ်ခေါက်က ဘီလူစိမ်းကြီးက ရွာကို မီးမှုတ်လိုက်တဲ့နေရာမှာ ပြီးသွားတာ ''

ဒီလိုနဲ့ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို မကြည်သည့်အကြည့်ဖြင့် ကြည့်၍ ခေါင်းဆောင်ဖူဖာကို အရင်ကလိုပဲ ဘီလူစိမ်းကြီးနေရာမှ ထားကာ ရွဲ့ပြောလေတော့သည်။

" ရတယ် ဒီနေ့ကျတော့ ဘီလူစိမ်းကြီးက ရွာကို စောင့်ရှောက်ပေးပြီး ရွာသားတွေရဲ့ အချစ်ခံရပြီးတော့ ရက်စက်တဲ့ ဘီလူကြီး ဖြစ်လာတဲ့အကြောင်းပေါ့ ''

အဲသလို ခေါင်းဆောင်ဖူဖာကို ကြည့်ပြန် ကလေးတွေကို ကြည့်ပြန်ဖြင့် ရွဲ့ပြီး မကျေနပ်စိတ်ဆိုး၍ ပြောနေလေသည်။

" အော် ဘယ်လို ဖြစ်လာတာလဲ ''

" တကယ်တော့ အစတုန်းက ဘီလူးစိမ်းကြီးက ရွာမှာရှိတဲ့သူတိုင်းကို ချစ်ခင်ရိုးသားစွာနဲ့ စောင့်ရှောက်

ပေးခဲ့တယ် ဒီလိုနဲ့ တစ်နေ့မှာတော့ သိမ်းငှက်တစ်ကောင်က သူ့ဆီကို ရောက်လာခဲ့တယ် သူက ဘီလူး

စိမ်းကြီးကို သိမ်းငှက်တောင်ပံနဲ့ ဘီလူးစိမ်းကြီးရဲ့ နှလုံးသားကို လဲဖို့ တောင်းဆိုခဲ့တယ် ''

" ပြီးတော့ ဘီလူးစိမ်းကြီးက သူ့နှလုံးသားကို ပေးလိုက်တာလား ''

ခေါင်နွန်းက အဲလိုမေးလိုက်လျှင် ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို မကြည်သလိုဖြင့် ကြည့်၍

" ဟုတ်တယ် ဘီလူးစိမ်းကြီးက သိမ်းငှက်ရဲ့အတောင်ပံတွေနဲ့ လဲဖို့အတွက် သူ့နှလုံးသားကို

ပေးဖို့ ဝန်မလေးခဲ့ဘူး အဲဒါမှ သူက ပျံသန်းနိုင်မှာလေ ''

" သူက ဘာလို့ ပျံချင်တာလဲ ''

မိကျူးကအဲသလို မေးပြီး ခေါင်းဆောင်ဖူဖာကလည်း ဆရာလေးထီရန်က သူ့ကို ဘီလူစိမ်းကြီးနေရာမှ ထား၍ စောင်းပြောနေသည်ဆိုတာ သိပြီး ဖြစ်လေသည်။

" ဘာလို့လဲဆိုတော့ တကယ်တော့ သူက ရွာသားတွေကို တကယ်မချစ်ဘူးလေ သူက လှပတဲ့

နန်းတော်ကြီးထဲမှာပဲ နေဖို့ ဆန္ဒ ရှိခဲ့တာ အဲဒါကြောင့် သိမ်းငှက်ကို သူ့ရဲ့နှလုံးသားပေးရမယ်ဆိုရင်

တောင် ပေးနိုင်တာပေါ့ သူက သိမ်းငှက်ရဲ့ အတောင်ပံတွေကိုပဲ လိုချင်ခဲ့တာ ရွာသားတွေကို

သိမ်းငှက်ရန်ကနေ မကာကွယ်ပေးတော့ဘဲ ရွာကနေ အဝေးကို ပျံသန်းပြီး သူ့ဘဝကို ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ပေါ့ ''

ဆိုလိုရင်းက ခေါင်းဆောင်ဖူဖာဟာ ဆရာလေးထီရန်ကို စောင့်ရှောက်တာ တကယ်ချစ်လို့ မဟုတ်ဘဲ ဦးတီယာယွတ်ဆိုသည့် ဆရာလေးထီရန်၏အဖေ ခေါင်းဆောင်ဖူဖာ၏ ဆရာ၏ အမိန့်ကြောင့် စောင့်ရှောက်ပေးတာဟူ၍ ထင်ပြီး စိတ်ဆိုး၍ ယခုလို ဇာတ်လမ်းဆင်၍ ဆရာလေးထီရန်က စောင်းပြောလေခြင်း ဖြစ်လေသည်။

" ဘီလူးစိမ်းကြီးက မကောင်းတဲ့သူပဲ သူ့ကို မကြိုက်တော့ဘူး ''

" ဟုတ်တယ် သားလည်း မကြိုက်တော့ဘူး ''

ထိုအခါ ခေါင်းဆောင်ဖူဖာက သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ သူ၏စေတနာတွေကို ဖျက်ဆီးခံရသလို ထင်ပြီး စိတ်တို၍

" ကလေးတို့ အိမ်ပြန်ဖို့ အချိန်ကျပြီ နှစ်သစ်ပွဲမှာ လက်ဆောင်လဲဖို့အတွက် ယူခဲ့ဖို့ မမေ့နဲ့နော် ဖာဖီရွ

န်မှာ နှစ်သစ်အကြိုပွဲတစ်ခု လုပ်မှာ ဆရာထီရန်ရဲ့ နှုတ်ဆက်ပွဲကောပေါ့ နှစ်သစ်မှာ ဆရာထီရန်က ဒီကနေ ပြန်သွားမှာ ''

အဲသလို ခပ်တင်းတင်း ပြော၍ စာသင်ခန်းမှ ထွက်သွားလေတော့သည်။

" ဆရာထီရန် တကယ် ပြန်သွားမှာလား ''

" တကယ် ပြန်မှာလား ''

" အမှန်ပဲလား ဒီမှာ နေလို့မရဘူးလား ''

" ကလေးတွေ ဒီမှာ စောင့်နေနော် အစ်ကို
ပြန်လာခဲ့မယ် ''

ဆရာလေးထီရန်လည်း ကလေးတွေ မေးတာ မဖြေအားသေးဘဲ ထိုသို့သာလျှင် ပြော၍ ခေါင်းဆောင်ဖူဖာ အနောက်ကို ခပ်မြန်မြန်လိုက်လာခဲ့လေသည်။

" ခေါင်းဆောင် နှစ်သစ်ကိစ္စက ဘာကို
ဆိုလိုတာလဲ ''

" နားလည်ဖို့ ခက်နေလို့လား ''

ဒီလိုနဲ့ နှစ်ဦးသား စကားကို ခပ်တင်းတင်းဖြင့် နားလည်မှုလွှဲကာ မာနတရားတွေဖြင့်

" မင်းနေရာမှာ အစားထိုးဖို့ တစ်ခြားဆရာတစ်ယောက် ရှိလာမှာ ''

" အဲဒီလောက်ထိ လုပ်မှ ဖြစ်မှာလား ''

" ငါ ဘာလုပ်ခဲ့လို့လဲ ''

" ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ အဖေက ငွေဘယ်လောက် ပေးခဲ့လဲ ဒါမှမဟုတ် ရာထူးတိုး

အတွက် ကမ်းလှမ်းခဲ့တာလား အဲဒါကြောင့် ဒီလိုလုပ်ခဲ့တာ မဟုတ်လား ''

" ထီရန် မင်းအဖေကို လျော့မတွက်ခဲ့သင့်ဘူး ''

" ခင်ဗျားက ဘာသိလို့လဲ ကျွန်တော့်မိသားစုက ဒါမျိုးတွေ လုပ်နေကျ ဘာမဆိုရဖို့ ငွေကို သုံးကြတယ်

ကျွန်တော့်ဘဝအသစ်အတွက်တောင်မှ အလှည့်ကျဖို့ စောင့်မနေဘဲ ငွေတွေ သုံးခဲ့ကြတာ ''

" ထီရန် မင်း စိတ်ထိန်းဦး ''

ခေါင်းဆောင်ဖူဖာကလည်း ထိုသို့ပြော၍ သက်ပြင်းချကာ ဆရာလေးထီရန်ကလည်း ငိုနေလေတော့သည်။ ဆရာလေးထီရန်က ငိုမဲ့မဲ့လေသံလေး ပြန်ဖြစ်ကာ

" အမှန်အတိုင်း ပြောလိုက်နော် အစ်ကို ကျွန်တော့်ကို ဂရုစိုက်တာက ခေါင်းဆောင်ရဲ့ တာဝန်အရပဲ
မဟုတ်လား ''

(ဆက်လက်ဖော်ပြပေးပါမည်)

နွေဦးကိုကိုမောင်

(Zawgyi Version)

ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
               1000 stars

Chapter - 9(B)
အပိုင္း (၂၆)

ဆရာေလးထီရန္က အဲသလို ေမးေပမယ့္ ဦးတီယာယြတ္က သူ႕ကိုသာ ၾကည့္၍ အသံတိတ္ေနေလသည္။ ဦးတီယာယြတ္က ခြင့္ျပဳသည္ျဖစ္ေစ မျဖစ္သည္ျဖစ္ေစ ဆရာေလးထီရန္က အျဖစ္မွန္အကုန္ သိသြားၿပီဆိုတာ သူ သိသြားေလသည္။

ထို႔ေၾကာင့္ ဒီတစ္ႀကိမ္ေတာ့ ခြင့္ျပဳလိုက္ဖို႔ ဆုံးျဖတ္လိုက္သည္ထင္ပါသည္။ ဆရာေလးထီရန္က ဘယ္လက္ပတ္တီးစည္း လည္ပင္းႀကိဳးသိုင္းျဖင့္ ေခါင္းေဆာင္ဖူဖာ ရွိသည့္အခန္းကို ဝင္ခဲ့ေလသည္။

သို႔ေပမယ့္ လူနာေခါင္းေဆာင္ဖူဖာကို ကုတင္ေပၚမွာ မေတြ႕ေတာ့ဘဲ ကုတင္ေပၚမွ ေစာင္ေတြ အိပ္ယာခင္းေတြကို သူနာျပဳဆရာမေလးက ေခါက္သိမ္းေနသည္ကိုသာ ေတြ႕ရေလေတာ့သည္။

ထို႔ေၾကာင့္

" ဒီအခန္းက လူနာေကာဗ် ''

အဲသလို ဆရာေလးထီရန္က ေမးလိုက္ၿပီး ထိုေဆးခန္းႀကီး၏ ေလွ်ာက္လမ္းမႀကီးေပၚတြင္ ဆရာေလးထီရန္ ေရာက္ႏွင့္ေနေလသည္။

ၿပီးေနာက္ ေခါင္းေဆာင္ဖူဖာက ဝီးခ်ဲယ္ ေပၚမွာ ဘယ္လက္ကို ပတ္တီးစည္း လည္ပင္းႀကိဳးသိုင္းျဖင့္ ထိုင္ေနၿပီး ဆရာမေလးက ထိုဝီးခ်ဲယ္ကို တြန္းသြားသည္ကို ဆရာေလးထီရန္ ေတြ႕ေလသည္။

ခဏက ဆရာေလးထီရန္က အခန္းထဲမွ ဆရာမေလးကို ေမးလိုက္ရာ ထိုဆရာမေလးက ေျပာျပ၍ ထိုသို႔ ေခါင္းေဆာင္ဖူဖာကို သူေတြ႕လိုက္ရျခင္း ျဖစ္ေလသည္။

ဒီလိုနဲ႕ ဆရာေလးထီရန္လည္း ေခါင္းေဆာင္ဖူဖာထိုင္ေနသည့္ ဝီးခ်ဲယ္ကို တြန္းသြားေသာ ဆရာမေလးအေနာက္ကို လိုက္သြားေလသည္။

ထိုဆရာမေလးက ေခါင္းေဆာင္ဖူဖာ၏ဝီးခ်ဲယ္ကို ထိုေဆး႐ုံႀကီး၏ ေလေကာင္းေလသန့္ရွိသည့္ စိမ္းစိုေသာ ျမက္ခင္းျပင္ႀကီးႏွင့္ ခုံတန္းေလးရွိရာကို တြန္းသြားေလသည္။

ထိုဆရာမေလးက ေခါင္းေဆာင္ဖူဖာထိုင္သည့္ဝီးခ်ဲယ္ကို ခုံတန္းေလး၏ေဘးမွာ ရပ္ထားလိုက္ေလသည္။ ဆရာေလးထီရန္လည္း သူတို႔ေနာက္ကို ေရာက္လာရာ ဆရာမေလး၏ ပုခုံးကို လက္နဲ႕အသိေပးၿပီး သူ၏ႏႈတ္ခမ္းကို လက္ညိုးႏွင့္ပိတ္၍

ေခါင္းေဆာင္ဖူဖာ မသိေအာင္ တိတ္တိတ္ေနခိုင္းကာ ထိုဆရာမေလးက ဆိုလိုရင္းကို သေဘာေပါက္၍ ထိုေနရာမွ ထြက္သြားေလေတာ့သည္။

ထိုအခ်ိန္ ဆရာေလးထီရန္ တိတ္တိတ္ကေလး ဝီးခ်ဲယ္၏ ညာဘက္တြင္ရွိေသာ ခုံတန္းေလးဘက္သြားၿပီး ေခါင္းေဆာင္ဖူဖာက ဘယ္ဘက္ကို လွည့္၍ အေနာက္ကို ၾကည့္ရာ ဆရာမေလးကို မျမင္သမို႔ အေရွ႕ကို ျပန္လွည့္လာရာ သူ၏ ညာဘက္ရွိ ခုံတန္းေလးမွာ ဆရာေလးထီရန္ ထိုင္ေနသည္ကို ေတြ႕လိုက္ရေလေတာ့သည္။

ဒီလိုနဲ႕ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို ၾကည့္ၿပီး ေခါင္းေဆာင္ဖူဖာကလည္း ဆရာေလးထီရန္ကို ၾကည့္ကာ စကားဆိုေလေတာ့သည္။

" မင္းသိလား အဲဒါက ဘယ္ေလာက္ေတာင္ အႏၱရာယ္မ်ားလိုက္လဲ ''

" ကြၽန္ေတာ္ သိတယ္ ေနာက္ဆုံးက်ရင္ ေခါင္းေဆာင္က ကြၽန္ေတာ့္ကို လာကယ္မွာပဲေလ ''

" ထီရန္ အဲဒီအခ်ိန္မွာ ငါသာမရွိခဲ့ဘူးဆိုရင္ မင္းဘာျဖစ္သြားမလဲ ''

" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ေခါင္းေဆာင္ ကြၽန္ေတာ္ တကယ္ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္

ကတိေပးတယ္ ကြၽန္ေတာ္ ေနာက္ဆို ဒီလိုမ်ိဳး ေခါင္းေဆာင္ကို မျဖစ္ေစရေတာ့ပါဘူး ''

" ငါ ေျပာတာ ေသခ်ာနားေထာင္ေနာ္ ေထာ့ဖန္အေၾကာင္း ငါ အမွန္အတိုင္း သိၿပီးၿပီ မင္းကိုယ္မင္း အျပစ္မတင္နဲ႕ေတာ့ ''

အဲသလို ေခါင္းေဆာင္ဖူဖာ ေျပာလိုက္လွ်င္ ဆရာေလးထီရန္က ဝမ္းနည္းသလို ျဖစ္လာၿပီး

" ကြၽန္ေတာ္ ဘာေတြပဲလုပ္လုပ္ ကြၽန္ေတာ့္ႏွလုံးသားထဲမွာ အျပစ္ရွိသလို ခံစားေနရတာကေန

မလြတ္ေျမာက္နိုင္ဘူး ေထာ့ဖန္က ကြၽန္ေတာ့္ကို ဘယ္ေတာ့မွ ခြင့္လြတ္မွာ မဟုတ္ဘူး ''

" မင္းက ဘယ္လိုလုပ္ သိလဲ ငါေသေတာ့မယ္လို႔ ေတြးမိခဲ့တဲ့ အခ်ိန္တုန္းက ငါဘာေတြးေနလဲ မင္းသိလား

မင္းလုပ္ခဲ့တာေတြ အားလုံးအတြက္ ငါမင္းကို စိတ္မဆိုးဘူး ငါသိတဲ့သူေတြကိုပဲ ငါေတြးေနခဲ့တာ ႐ြာသူ

႐ြာသားေတြ ေဒါက္တာ ေရာ့ခ်န္း လန္ ၿပီးေတာ့ ငါဂ႐ုစိုက္တဲ့တစ္ျခားသူေတြ ငါသိတဲ့ ေထာ့ဖန္ကလည္း

ငါ့လိုပဲ ေတြးလိမ့္မယ္ဆိုတာ ငါသိတယ္ ဒီတစ္ခ်ိန္လုံး မင္းက အားလုံးကို သက္ေသျပခဲ့ၿပီးၿပီပဲ မင္း

သူတို႔နဲ႕ ေထာ့ဖန္အတြက္ ဘာေတြ လုပ္ေပးခဲ့လဲဆိုတာကိုေပါ့ ''

ေခါင္းေဆာင္ဖူဖာက အဲသလို ေျပာၿပီး အားငယ္၍မ်က္ရည္ဝဲေနတဲ့ ဆရာေလးထီရန္၏လက္ကိုကိုင္ကာ နက္သိမ့္ေပးရင္း

" ေထာ့ဖန္က ဒီႏွလုံးကို မင္းကို ေပးခဲ့ဖို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္မွာပါ အဲဒါေၾကာင့္ သူက မင္းကို ဒီကို ေခၚလာခဲ့တာေပါ့ ''

" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ေခါင္းေဆာင္ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ''

" ရပါတယ္ ''

အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ ပါးႏွင့္ေခါင္းေလးကို ဖြဖြေလးဖိကိုင္ရင္း

" ငါ မင္းကို ခြင့္လြတ္သလို ေထာ့ဖန္ကလည္း မင္းကို ခြင့္လြတ္မယ္လို႔ ငါယုံၾကည္တယ္ ''

အဲသလို ေခါင္းေဆာင္ဖူဖာက ေျပာၿပီး ဆရာေလးထီရန္က မ်က္ရည္ဝဲ၍ မ်က္ရည္မိုးပ်ိဳေတာ့မည့္အလား ဝမ္းနည္းေနေလသည္။

ထို႔ေၾကာင့္ ေခါင္းေဆာင္ဖူဖာက ေခါင္းကေလးကို ဖြဖြေလးကိုင္းရင္း

" ငါက နက္သိမ့္တဲ့ေနရာမွာ မေတာ္ဘူး မင္း အခုၿပဳံးလို႔ရၿပီ ၿပဳံးပါ ''

အဲသလိုေလး ၿပဳံးရည္ကာ ေျပာလွ်င္ ဆရာေလးထီရန္လည္း ၿပဳံးလိုက္ၿပီး တစ္ဦးကိုယ္တစ္ဦး စိုးရိမ္မႈေတြ အကဲပိုပါေတာ့သည္။

" နာလား ေၾကာက္စရာပဲ ''

" မနာပါဘူး ေခါင္းေဆာင္ေကာ နာလား ''

" ငါက လြယ္လြယ္နဲ႕ မေသပါဘူး ဘာလို႔လဲ ငါ့ကို စိုးရိမ္လို႔လား ''

" ဒါေပါ့ ''

အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာက သူ႕ကိုစိုးရိမ္ေပးတဲ့ ဆရာေလးထီရန္၏ ေခါင္းကို ခပ္ဖြဖြေလးနဲ႕ အေပ်ာ္သေဘာျဖင့္ စေနာက္ေနေလသည္။

တစ္ဦးေပၚတစ္ဦး သေဘာက်ႏွစ္သက္ေနၾကသည္ဆိုတာ သူတို႔ႏွစ္ေယာက္လုံး ဖြင့္မေျပာၾကေပမယ့္ စိတ္ခ်င္းျဖင့္ နားလည္လက္ခံသြားေလသည္။

အရင္ခ်ိန္ကတည္းက နားလည္ၿပီးသား ျဖစ္ခဲ့ေလသည္။ သို႔ေပမယ့္ ယခုအျပဳအမူေတြက တစ္ဦးေပၚတစ္ဦး ခံစားခ်က္ရွိေနၿပီး အဲဒီခံစားခ်က္ေတြကို လက္ခံလိုက္သည္မွာ ပို၍ သိသာေနေလသည္။

ေခါင္းေဆာင္ဖူဖာက သူ၏လက္ကေလးကို ဆရာေလးထီရန္၏ ပါးေလးကို ထိကိုင္ေနၿပီး ထိုလက္ကေလးကို ဆရာေလးထီရန္၏လက္က ျပန္ကိုင္ၿပီး သူတို႔ခ်င္း လက္ခ်င္းကိုင္ကာ ဆရာေလးထီရန္က သူ၏ခံစားခ်က္ကို ေျပာေလေတာ့သည္။

" တကယ္လို႔ အစ္ကို တကယ္ပဲ တစ္ခုခုျဖစ္သြားရင္ ကြၽန္ေတာ္ ဘယ္လို အသက္ရွင္ရမလဲ ''

" ငါ့ကို စိုးရိမ္ေပးမယ့္သူရွိတယ္ဆိုတာ သိရတာနဲ႕တင္ ငါ သက္သာပါၿပီ ''

ဒီလိုနဲ႕ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္၍ ၿပဳံးရည္လိုက္ၾကၿပီး ဆရာေလးထီရန္က

" အထဲဝင္ၾကရေအာင္ ေခါင္းေဆာင္ ''

အဲသလိုေျပာၿပီး ဆရာေလးထီရန္က ခုံတြင္ထိုင္ေနရာမွ ထ၍ ဝီးခ်ဲယ္အေနာက္ကို သြားကာ

" ထီရန္ ''

" ဟင္ ''

" ငါေျပာခဲ့တဲ့ ငါေသေတာ့မယ့္အခ်ိန္တုန္းက ေတြးမိခဲ့တဲ့ဟာကေလ ငါေနာက္ထပ္ ဘာေတြးမိေသးလဲ သိလား ''

" ဘာေတြးခဲ့တာလဲ ''

" ငါမင္းကိုလည္း ေတြးခဲ့တယ္ ''

အဲသလို ေခါင္းေဆာင္ဖူဖာက စကားလုံးခ်ိဳခ်ိဳေတြ ေျပာၿပီး သူ၏ပုခုံးေပၚက်ေရာက္ေနသည့္ ဆရာေလးထီရန္၏လက္ကို ကိုင္ကာ သူ၏ေခါင္းကေလးျဖင့္ ထိုလက္ကေလးကို ပြတ္သပ္၍ အခ်စ္သန္းေနေလသည္။

ဆရာေလးထီရန္ကလည္း ေခါင္းေဆာင္ဖူဖာက အဲသေလာက္ထိ သူ႕ကို ခ်စ္တယ္ဆိုတာ ပိုသိသာ၍ ၿပဳံးရည္လိုက္ေလေတာ့သည္။

ဒီလိုနဲ႕ ေခါင္းေဆာင္ဖူဖာလည္း သူ၏အခန္းထဲကို ေဆး႐ုံယူနီေဖာင္း ဘယ္လက္ပတ္တီးစည္း လည္ပင္းႀကိဳးသိုင္းျဖင့္ ဝင္လာရာ ခုံေပၚတင္ထားသည့္ လက္ေဆာင္ပန္းစည္းျခင္းကို ျမင္၍ အံ့ၾသတသ ၾကည့္ေနေလသည္။

ထို႔ေနာက္ လူတစ္ေယာက္က အခန္းထဲမွ ဆိုဖာခုံတြင္ ထိုင္ေနရာမွထကာ ေခါင္းေဆာင္ဖူဖာကို ေျပာလိုက္သည္မွာက

" ငါ ယူလာတာပါ ''

" ဦးတီယာယြတ္ ''

မွန္၏။ ပန္းစည္းျခင္းယူလာသည့္သူက ဦးတီယာယြတ္ ဆရာေလးထီရန္၏ အေဖ ျဖစ္ေလသည္။
ဦးတီယာယြတ္ႏွင့္ ေခါင္းေဆာင္ဖူဖာ အဘယ္ေၾကာင့္ သိေနၾကသည္ဆိုတာ စိတ္ဝင္စားရာ ေကာင္းလွေပသည္။

ဦးတီယာယြတ္ႏွင့္ ေခါင္းေဆာင္ဖူဖာ အဘယ္ေၾကာင့္ သိေနၾကသည္ဆိုတာထက္ ခ်င္းမိုင္ၿမိဳ႕ ေဆး႐ုံကေန သက္သာ၍ ဖာပန္းေဒါင္းကို ေခါင္းေဆာင္ဖူဖာက ဂ်စ္ကားေလးကို ကိုယ္တိုင္ေမာင္း၍ ျပန္လာရာ ဆရာေလးထီရန္ စိတ္မသာမယာ ျဖစ္ေနသည္က ပို၍ အေရးႀကီးေပသည္။

ဆရာေလးထီရန္က ကားစီးလာရင္း မ်က္ႏွာက မသာမယာျဖစ္၍ စိတ္ဆိုးေနေလသည္။ ထို႔ေၾကာင့္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ မသာမယာျဖစ္ေနသည္ကို သိ၍ ေခ်ာ့ဖို႔ ေတြးေလသည္။

" ညာဘက္မွာ နာဂါအငူကို သြားတဲ့လမ္းပဲ ေနာက္ထပ္လွတဲ့ ေနရာတစ္ခုေပါ့ မင္းသြားၾကည့္ခ်င္လား ''

ေခါင္းေဆာင္ဖူဖာက သူ၏ဘက္လက္ကို ပတ္တီးစည္း လည္ပင္ႀကိဳးသိုင္းထားသမို႔ ကားစီယာတိုင္လွည့္ကြင္းကို ညာဘက္လက္ျဖင့္ ကိုင္ေမာင္းရင္း စိတ္ဆိုးေျပေအာင္ ေခ်ာ့ေပမယ့္ ထပ္ၿပီး စိတ္ဆိုး၍ ကားအျပင္ကိုသာ ၾကည့္ေျဖေလသည္။

" မသြားၾကည့္ခ်င္ဘူး ''

" ငါအခု ေစ်းမွာ ရပ္မလို႔ မင္း တစ္ခုခု ဝယ္ခ်င္တာမ်ား ရွိေသးလား ''

" မရွိပါဘူး ေက်းဇူးတင္ပါတယ္ ''

" ဘာျဖစ္ေနတာလဲ ငါ့ကို ေျပာျပလို႔ရတယ္ေနာ္ ''

" ကြၽန္ေတာ့္မွာ ေခါင္းေဆာင္ကို ေျပာစရာ ဘာမွမရွိဘူး ေခါင္းေဆာင္ေရာ ကြၽန္ေတာ့္ကို ေျပာစရာ
တစ္ခုခု ရွိလား ''

အဲသလို ဆရာေလးထီရန္က ေမးလိုက္လွ်င္ ေခါင္းေဆာင္ဖူဖာက ေဆး႐ုံတြင္ ဦးတီယာယြတ္ ႏွင့္ အခန္းအေပါက္ဝ၌ စကားေျပာေနသည္ကို သတိရသြားေလသည္။

" ဦးသားကို ေသခ်ာဂ႐ုစိုက္လို႔ မင္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ အခုခ်ိန္ကစၿပီး မင္းဘာလိုအပ္လိုအပ္ ဦးကိုအားမနာဘဲ ေျပာပါ ကူညီေပးပါရေစ ''

" ေက်းဇူးတင္ပါတယ္ ဆရာ ''

အဲသလို ဦးတီယာယြတ္နဲ႕ ေခါင္းေဆာင္ဖူဖာ ရင္းႏွီးေနသည္ကို ဆရာေလးထီရန္က ထိုေဆး႐ုံ၏ ေထာင့္တစ္ေနရာမွ မထင္မွတ္ဘဲ ေတြ႕လိုက္ေလသည္။

ၿပီးေနာက္ ဆရာေလးထီရန္၏မ်က္ႏွာက စိတ္ဆိုးမႈေတြ ျဖစ္ေပၚလာေလေတာ့သည္။ အဲသလို သိျမင္ခဲ့တာကို ဆရာေလးထီရန္ကလည္း ကားစီးရင္း သတိရေနေလသည္။

ဆရာေလးထီရန္ စိတ္ဆိုးေနတာက ဦးတီယာယြတ္ ႏွင့္ ေခါင္းေဆာင္ဖူဖာ သိေနသည့္အတြက္ျဖစ္ၿပီး အဘယ္ေၾကာင့္ စိတ္ဆိုးေနသည္ဆိုတာ ခန့္မွန္းရခက္ေပသည္။

ေခါင္းေဆာင္ဖူဖာကလည္း ဆရာေလးထီရန္ကို နားမလည္သလိုျဖင့္ ၾကည့္ေနေလသည္။ ဆရာေလးထီရန္က စိတ္ေကာက္ၿမဲ စိတ္ဆိုးေနေလသည္။

ဒီလိုနဲ႕ ဂ်စ္ကားေလးက ေက်ာင္းေနအိမ္ကို ေရာက္ရွိ၍ လာေလသည္။ ထိုအခ်ိန္ ေက်ာင္းေနအိမ္ေပၚမွ ကေလးေတြနဲ႕အတူ ေဒါက္တာနမ္ ဆင္းလာေလသည္။

" ဆရာထီရန္ ဆရာထီရန္ ''

ကေလးေတြက ထိုသို႔ေအာ္ကာ ေျပးဆင္းလာသမို႔ ေဒါက္တာနမ္က

" ဂ႐ုစိုက္ၾက ကေလးတို႔ ''

ဟူ၍ ေျပာၿပီး ကားေပၚမွ စိတ္ဆိုး၍ ဆင္းလာသည့္ ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာက

" ထီရန္ ''

ဟု ေခၚကာ အေရွ႕မွ ကာဆီး၍ စိတ္မခ် ေပမယ့္ ဆရာေလးထီရန္က ဂ႐ုမစိုက္ဘဲ ကေလးေတြနဲ႕သာ

" အားလုံးကို ဖက္ေပးမယ္ ''

" နာေနေသးလား ''

" နာတယ္ သက္သာေနပါၿပီ စိတ္ပူစရာ
မလိုေတာ့ပါဘူး ''

" အဲဒါက ဘာလဲ ''

အာရီက လက္ပတ္တီးကိုျမင္၍ အဲသလို ေမးလိုက္ရာ ဆရာေလးထီရန္က ထိုသို႔ေျပာၿပီး စက္႐ုပ္လိုလုပ္ျပေလသည္။

" ဒါလား ဒါက စက္႐ုပ္ ထရန္စေဖာ္မာလို႔ေပါ့
ဒီမွာၾကည့္ ''

" ဆရာထီရန္ သားအေဖက ေျပာတယ္ အဲဒီညက ေသနတ္အစစ္နဲ႕ ပစ္တာတဲ့ ဒါေပမယ့္ ဆရာထီရန္ကို မထိလိုက္ဘူးတဲ့ ''

" အဲဒါက ဘီလူးႀကီးလို ေခါင္းေဆာင္က ဆရာထီရန္ကို ကာကြယ္ေပးလို႔ မဟုတ္လား ''

" ဒါေပါ့ကြ ''

ကေလးေတြက အဲသလို ေျပာသမို႔ ေခါင္းေဆာင္ဖူဖာက ခဏတာၿပဳံးလိုက္ကာ ေဒါက္တာနမ္လည္း ကေလးေတြ ေျပာတတ္တာကို ၾကည့္၍ ၿပဳံးမိေလသည္။

သို႔ေပမယ့္ ဆရာေလးထီရန္က စိတ္တင္းေနတဲ့ မ်က္ႏွာျဖင့္ ေခါင္းေဆာင္ဖူဖာကို ၾကည့္လိုက္သည္။ ၿပီးေနာက္ ကေလးေတြကို ျပန္ၿပဳံးျပ၍

" အင္း ''

ဟူ၍ ျပန္ေျဖလိုက္ေလသည္။ အဲသလို ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို စိတ္ဆိုးေနသည္ကို ေဒါက္တာနမ္က သတိထားမိေလေတာ့သည္။

" အဖြားကေျပာတယ္ ေခါင္းေဆာင္က သမီးတို႔႐ြာကို ကာကြယ္ဖို႔ မေကာင္းတဲ့သူေတြကို ကူၿပီး တိုက္ေပးတာတဲ့ ''

အင္တာက အဲသလို ေျပာလွ်င္ ဆရာေလးထီရန္ကလည္း စိတ္ဆိုး၍ မၾကည္သလိုျဖင့္

" ဟုတ္တယ္ အားလုံးပဲ ေခါင္းေဆာင္ကို ေက်းဇူးတင္တယ္လို႔ ေျပာလိုက္ပါ ''

" ေက်းဇူးတင္ပါတယ္ ''

" ဘာလို႔လဲဆိုေတာ့ ေခါင္းေဆာင္က သူ႕တာဝန္သူ ေက်ေအာင္ အားလုံးကို ေစာင့္ေရွာက္ေပးတာေလ ႀကိဳးစားပန္းစားေပါ့ ''

ဆရာေလးထီရန္က စိတ္ဆိုး၍ အဲသလို ခနဲ႕သလို ႐ြဲ႕သလို ေျပာ၍ အိမ္ေနာက္ေဘးကို ခပ္ျမန္ျမန္ထြက္လာေလသည္။ ေဒါက္တာနမ္လည္း သူတို႔ကိုၾကည့္ကာ မ်က္ႏွာမေကာင္း ျဖစ္ေနေလသည္။

ေခါင္းေဆာင္ဖူဖာလည္း စိုးရိမ္စိတ္မအီမသာ ျဖစ္ၿပီး သူ႕ကို စိတ္ဆိုးေန၍ ေျဖရွင္းဖို႔ ဆရာေလးထီရန္အေနာက္ကို လိုက္သြားေလသည္။

" ထီရန္ ထီရန္ မင္း ဘာလို႔ ငါ့ကို ေရွာင္ေနတာလဲ ''

" ကြၽန္ေတာ္ အခု အိမ္ျပန္ေရာက္ၿပီေလ ဒီမွာက လုံၿခဳံတယ္ ''

" ငါသိတယ္ေလ ''

" ေခါင္းေဆာင္က တာဝန္ယူေပးစရာ မလိုေတာ့ဘူးေလ ျပန္လို႔ရၿပီ ''

" ဘာျဖစ္ေနတာလဲ ငါတို႔ စကားေျပာဖို႔ လိုတယ္ ''

" ေခါင္းေဆာင္ ကြၽန္ေတာ့္အေဖကို
ဘယ္လိုလုပ္သိတာလဲ ''

" ငါတို႔ဌာနက လူႀကီးေဟာင္းေလ ''

" အဲဒါဆို သိေနတာ ၾကာၿပီေပါ့ ကြၽန္ေတာ္ ဘယ္သူလည္းဆိုတာကိုေရာ သိေနခဲ့တာေပါ့ အဲဒါေၾကာင့္ကိုး ''

" မင္းက ဘယ္သူပဲျဖစ္ျဖစ္ မင္းကို ေစာင့္ေရွာက္ေပးရမွာက ငါ့တာဝန္ပဲေလ ''

" တာဝန္ ဟုတ္လား ေခါင္းေဆာင္လုပ္ေပးခဲ့တာေတြ အကုန္လုံးက တာဝန္အရေပါ့ ဟုတ္လား ''

" ငါ့လိုလူက မင္းကို ေရႏြေးအိုးတည္တာ အဝတ္ေလွ်ာ္တာေတြ လိုက္သင္ေပးဖို႔အထိ အခ်ိန္ပိုေတြ အမ်ားႀကီး ရွိမေနဘူး ''

" ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္ ေခါင္းေဆာင္ဖူဖာ ေခါင္းေဆာင္ရဲ႕တာဝန္ေတြ အမ်ားႀကီးကို ေက်ပြန္ခဲ့ပါၿပီ ကြၽန္ေတာ့္အေဖလည္း ေသခ်ာ သိေနေလာက္မွာပါ ''

မွန္၏။ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ ဖာပန္းေဒါင္းကို စေရာက္ကတည္းက ဦးတီယာယြတ္၏သားဆိုတာ သိၿပီး ျဖစ္ေလသည္။ ဦးတီယာယြတ္ကလည္း ဆရာေလးထီရန္ ဖာပန္းေဒါင္းမွာ ရွိေနသည္ကို သိၿပီး ဂ႐ုစိုက္ေပးဖို႔ ေခါင္းေဆာင္ဖူဖာကို အမိန့္ ေပးထားေလသည္။

ဦးတီယာယြတ္က သဘာဝထိန္းသိမ္းေရးႏွင့္သစ္ေတာဝန္ႀကီးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ ျဖစ္သမို႔ ယခုလို ဆရာေလးထီရန္က ဖာပန္းေဒါင္းမွာ ရွိတယ္ဆိုတာ လြယ္လြယ္နဲ႕ သိေလသည္။

ထို႔ေၾကာင့္ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာ သူ႕ကို ေစာင့္ေရွာက္ေပးတာ တကယ္ခ်စ္တဲ့စိတ္ေၾကာင့္ မဟုတ္ဘဲ တာဝန္အရေစာင့္ေရွာက္ေပးတာ ဟူ၍ထင္ၿပီး ေျပာလိုက္ရာ ေခါင္းေဆာင္ဖူဖာလည္း တာဝန္ဆိုေပမယ့္ တကယ္ရင္ထဲက ခံစားခ်က္ရွိ၍ ေစာင့္ေရွာက္​ေပးသမို႔ ခံျပင္းလာေလသည္။

" အဲဒါဆိုလည္း အိမ္ျပန္ဖို႔ ျပင္ေတာ့ေလ မင္းရဲ႕ ေပ်ာ္စရာအခ်ိန္ေတြ ၿပီးၿပီမို႔လား ''

" ေပ်ာ္စရာ ဘာလို႔ အားလုံးက ကြၽန္ေတာ့္ကို ဒီကို စာလာသင္ေပးတာကို အေပ်ာ္အတြက္ပဲလို႔ ထင္ေနရတာလဲ ''

" ဒါဆို မင္းလို သူေဌးသားေလးက ဒီကိုလာတာ တကယ္ လုပ္ေပးခ်င္တဲ့စိတ္နဲ႕ လာတာလား ''

" ဒါဆို ကြၽန္ေတာ္ လုပ္ခဲ့တာေတြကို
လုံးဝမျမင္ခဲ့တာလား ''

ႏွစ္ဦးသား ေလသံခပ္မာမာျဖင့္ နားလည္မႈလြဲ၍ စကားမ်ားေနၾကေလသည္။

" ဒီကိုလာတာကို အားလုံးက အေပ်ာ္အတြက္ပဲလို႔ ထင္ေနရင္ ကြၽန္ေတာ္ လုံးဝ အိမ္မျပန္ေတာ့ဘူး ''

" ထီရန္ ''

ဆရာေလးထီရန္က အံႀကိတ္၍ အဲသလို အိမ္မျပန္ေတာ့ဘူးဟူ၍ ေျပာလာကာ ေခါင္းေဆာင္ဖူဖာက တစ္ခုခုကို စိုးရိမ္၍ ထီရန္ဟု ေခၚလိုက္ေလသည္။

" ေခါင္းေဆာင္လည္း တာဝန္အတိုင္း ကြၽန္ေတာ့္ကို ဆက္ေစာင့္ေရွာက္ေပး ကြၽန္ေတာ္ ေပ်ာ္ေနေသးလို႔ပဲ ''

ထို႔သို႔ ဆရာေလးထီရန္က ေျပာၿပီး စိတ္မေက်မခ်မ္း ျဖစ္ကာ အိမ္ေနာက္ေဘးကေန ထြက္လာခဲ့ေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာလည္း နားလည္မႈလြဲေနတဲ့ ဆရာေလးထီရန္ကို ၾကည့္၍ သက္ျပင္းခ်မိေလေတာ့သည္။

သူတို႔၏ ျပႆနာ ဘယ္လိုမ်ား ေျဖရွင္းၾကေတာ့မည္လဲဆိုတာ စိတ္ဝင္စားစရာပင္ ျဖစ္ေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္ စိတ္ဆိုးေနတာကို ေျဖရွင္းေပမယ့္ ဆရာေလးထီရန္က ထင္တာေတြကို ေလွ်ာက္ေျပာသြားေလသည္။

ဒီလိုနဲ႕ ညအခ်ိန္ေလးကို တျဖည္းျဖည္းေရာက္သြားေလေတာ့သည္။ ခမာ၏အိမ္တြင္ ကြက္ပ်က္၌ မီးအိမ္ေလးထြန္းထားကာ ခမာ ဆရာေလးထီရန္ႏွင့္ ေလာင္ထယ္တို႔ ရွိေနေလသည္။

ဆရာေလးထီရန္က ခမာ၏အိမ္တြင္ ညစာသြားစားျခင္း ျဖစ္ေလသည္။

" စားပါ ဆရာေလး ေဆး႐ုံက အစားအေသာက္ေတြက ကြၽန္ေတာ့္အိမ္ကခ်က္တာေလာက္ မေကာင္းဘူး မဟုတ္လား ''

" သူႀကီး ကြၽန္ေတာ္ ထပ္ၿပီး ေတာင္းပန္ပါတယ္ ေလာင္ထယ္ကို ဒီလို စြန့္စားခိုင္းလိုက္လို႔ ''

" ရပါတယ္ ဆရာထီရန္ရယ္ အားလုံး အႏၱရာယ္ကင္းကင္းနဲ႕ ျပန္ေရာက္လာတာပဲ

အဆင္ေျပေနပါၿပီ ေလာင္ထယ္ကလည္း အၾကမ္းခံပါတယ္ကြယ္ သူ ေက်ာ္လႊားနိုင္မယ္ဆိုတာ ဦး သိပါ

တယ္ ဒါေပမယ့္ ဆရာ့ကို ၾကည့္ဦး ဆရာ့လို လူေကာင္းေသးေသးေလးက သတၱိေကာင္းလိုက္တာေနာ္ ''

" အမွန္အတိုင္း ေျပာေနာ္ အစ္ကို အစ္ကို မေၾကာက္ဘူးလား ''

" ေသနတ္နဲ႕ ေခါင္းကို ခ်ိန္ထားတာေလ ေသေအာက္ ေၾကာက္တာေပါ့ ''

" အင္း မင္းမေမးသင့္ဘူး စားပါ ဆရာထီရန္ ဒါနဲ႕ ဆရာေလး အခုမွ နားလည္သြားတယ္ ဆရာေလးက

ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးအေၾကာင္း ေမးတုန္းကေလ အဲဒီကို ေရာက္ဖူးတဲ့သူေတြကပဲ အဲဒီေနရာ

အေၾကာင္းကို သိတာေလ ႐ြာသားေတြကိုေတာ့ စိတ္မပူပါနဲ႕ ကြၽန္ေတာ္ သူတို႔ကို ရွင္းျပလိုက္ပါမယ္ ''

" ေက်းဇူးအမ်ားႀကီး တင္ပါတယ္ သူႀကီး ''

မွန္၏။ ခမာက ဆရာေလးထီရန္ဟာ ေထာ့ဖန္၏ႏွလုံးကို ယူထားၿပီး ေထာ့ဖန္ကို တိုက္သည့္ကားက ဆရာေလးထီရန္၏ကားျဖစ္ေပမယ့္ ဆရာေလးထီရန္မဟုတ္ဘဲ ဆရာေလးထီရန္၏သူငယ္ခ်င္း ျဖစ္ေနသည္ဆိုတာကို ေပါက္ဖတ္ဥပမာေပး၍ ႐ြာသားေတြကို ရွင္းျပေပးမည္ ျဖစ္ေလသည္။

႐ြာသားေတြလည္း ယခုလိုေျပာျပလွ်င္ ဆရာေလးထီရန္ကို နားလည္သေဘာေပါက္ ခြင့္လြတ္ၾကမည္ ထင္ပါသည္။ ထို႔ေၾကာင့္ ဆရာေလးထီရန္က ခမာကို ေက်းဇူးတင္လိုက္ျခင္း ျဖစ္ေလသည္။

" ကြၽန္ေတာ္လည္း ကူေပးမယ္ ''

" ေအာ္ ငါ့သား ေလာင္ထယ္ေကာတဲ့လား ေမြး အို နာ ေသ ဒါေတြက တကယ္တားဆီးလို႔ မရပါဘူး

ေန႕တိုင္းျမင္ေနရတဲ့ သူေတြေတာင္မွပဲ ႐ုတ္တရက္ေသခ်င္ ေသသြားၾကတာ ဒါေတြက ကံၾကမၼာပဲ ထင္
တယ္ ေနာ္ ''

" ဘာကို ေျပာတာလဲ အေဖ ''

" ဆရာမေလး ေထာ့ဖန္ေတာင္ ဆုံးသြားရွာၿပီေလ ဒါေပမယ့္ သူ႕ႏွလုံးသားကေတာ့ ဒီကို ျပန္လာၿပီး ငါတို႔အနားမွာ ရွိေနေသးတယ္ ဟုတ္တယ္မဟုတ္လား ''

အဲ့ေနာက္ ဆရာေလးထီရန္လည္း စိတ္မေကာင္းျပန္ျဖစ္မိကာ ေလာင္ထယ္က

" အစ္ကိုလည္း အေကာင္းဆုံး လုပ္ေပးခဲ့ၿပီပဲ ''

ဟူ၍ ေျပာလိုက္ေလသည္။ ထို႔ေနာက္ ဆရာေလးထီရန္က

" ဒါေပမယ့္ ကြၽန္ေတာ္တို႔ လုပ္ခဲ့တဲ့ မေကာင္းမႈေတြကို ေကာင္းတာေတြ ျပန္လုပ္ေပးၿပီး အစားထိုးလို႔မရဘူးေလ သူႀကီး ''

" နားေထာင္ေနာ္ ဆရာေလး ''

" ဟုတ္ ''

" ဆရာေလး ကြၽန္ေတာ့္ကို ေျပာဖူးတယ္မဟုတ္လား ဒီကိုလာတာ ကိုယ့္ကိုကိုယ္ ျပန္ေပးဆပ္ဖို႔ဆို ၿပီးေတာ့ ဆရာ့ကို အားလုံးက ခြင့္

လြတ္ေပးတာကို  လိုခ်င္ခဲ့တယ္မလား ေတာင္းပန္ပါတယ္ဆိုတာထက္ အမ်ားႀကီးခက္ခဲတာ ဘာလဲဆို

တာ ဆရာေလး သိလား အဲဒါက ကိုယ့္ကိုကိုယ္ ခြင့္လြတ္ျခင္းပဲ အထူးသျဖင့္ ကိုယ့္ကိုကိုယ္ ခြင့္လြတ္

နိုင္ဖို႔ အရင္ သင္ယူရမယ္ ဘာလို႔လဲဆိုေတာ့ ဘာလုပ္ရမယ္ဆိုတာ ဘယ္သူကမွ ေျပာမျပနိုင္ဘူးေလ

ကိုယ္ကိုယ္တိုင္က လႊဲလို႔ေပါ့ ''

မွန္၏။ ျပႆနာတစ္ခုျဖစ္ခဲ့လွ်င္ ကိုယ့္ကိုကိုယ္ ခြင့္လြတ္နိုင္မွသာလွ်င္ ထိုျပႆနာမွ ႐ုန္းထြက္နိုင္မည္။ ထိုသို႔မွ မဟုတ္ရင္ ကိုယ့္ကိုကိုယ္ အျပစ္တင္ရင္း ျပႆနာထဲ နစ္ျမဳပ္ရင္း နစ္ျမဳပ္ေနေပလိမ့္မည္။

ထို႔ေၾကာင့္ ဆရာေလးထီရန္ႏွင့္ေခါင္းေဆာင္ဖူဖာ နားလည္မႈလႊဲေနသည့္ ျပႆနာကိုလည္း ကိုယ့္ရဲ႕မာနကို အရင္ခြင့္လြတ္၍ နားလည္နိုင္မွသာ ေျပလည္မည္ ျဖစ္ေပသည္။

ထိုကိစၥကို ေျပာေနသည့္ ေခါင္းေဆာင္ဖူဖာႏွင့္ေဒါက္တာနမ္ရွိသည့္ ဝီစကီဆိုင္ေလးကို သြားေရာက္ရေပမည္။

ခ်င္းမိုင္ၿမိဳ႕မွ ဝီစကီဆိုင္ေလသည္ မီးပုံးေလးေတြ မွိတ္ခ်ည္လင္းခ်ည္ျဖစ္ေနသည့္ ေရာင္စုံမီးလုံးေလးေတြျဖင့္ သာယာဖြယ္ ေကာင္းေပသည္။

ေဒါက္တာနမ္က ေခါင္းေဆာင္ဖူဖာႏွင့္ ဝီစကီေသာက္ရင္း ဝီစကီေလသံေလးျဖင့္

" မင္းသူ႕ကို ဘာလို႔ အဲေလာက္ဂ႐ုစိုက္ေနလဲဆိုတာ အခု ငါသိသြားၿပီ သူ႕အေဖေၾကာင့္ေပါ့ ငါ့ကိုေတာ့ ေျပာထားသင့္တာေပါ့ကြာ ''

" ငါ့ကို ေပးထားတဲ့ အမိန့္ေလကြာ ''

" မင္းေျပာတာက မင္းထီရန္ကို ဂ႐ုစိုက္ေပးေနတာက အထက္အမိန့္ေၾကာင့္ပဲေပါ့ ''

ေဒါက္တာနမ္က အဲသလို ေျပာ၍ ေခါင္းေဆာင္ဖူဖာ ဆရာေလးထီရန္ကို ဂ႐ုစိုက္ေပးတာ တကယ့္ရင္ထဲကခံစားခ်က္မပါဘဲ အမိန့္ေၾကာင့္ဆိုတာကို မယုံ၍ ေခါင္းေဆာင္ဖူဖာ၏ေျပာစကားကို ႐ြံသသျဖစ္မႈျဖင့္

" ထြီ ငါမယုံပါဘူး မင္း သူ႕ကို ၾကမ္းၾကမ္းတမ္းတမ္း ေျပာခဲ့တာ သူ႕အေဖကို သြားေျပာေတာ့မွာပဲ မင္းသူ႕
ကို ေကာင္းေကာင္း ရွင္းျပသင့္တာ ''

ေခါင္းေဆာင္ဖူဖာလည္း သူ၏ဘယ္လက္က မသက္သာေသး၍ လည္ပင္ႀကိဳးသိုင္းျဖစ္ေနကာ ညာလက္ကို စားပြဲေပၚတင္းၿပီး

" ငါ သူ႕ကို ေကာင္းေကာင္းေျပာရင္ ထီရန္လိုလူက လြယ္လြယ္နဲ႕ ျပန္မွာ မဟုတ္ဘူး ''

" အဲဒီေတာ့က မင္းက နာက်င္ေစမယ့္ စကားလုံးေတြကို ေ႐ြးသုံးခဲ့တာေပါ့ ၿပီးေတာ့ မင္းကိုမင္း ျပန္နာက်င္ေစၿပီ မဟုတ္လား ''

" နာက်င္ေပမယ့္ မၾကာခင္ ၿပီးသြားမွာပါ ''

" ဖူ မင္းသူနဲ႕ ဒီေလာက္အၾကာႀကီး ေနလာခဲ့ၿပီးၿပီ မင္း ဘယ္သူနဲ႕မွ ဒီလို မျဖစ္ဖူးဘူးေလ ညီေလးထီ

ရန္လည္း မင္းကို ဂ႐ုစိုက္တယ္ဆိုတာ ငါ ေသခ်ာသိပါတယ္ မင္းလုပ္ခ်င္တာ ဘာမဆို လုပ္သာလုပ္ကြာ

အဲဒါမွ ေနာက္က်ရင္ မင္းေနာင္တ မရမွာ နားလည္လား ''

ေခါင္းေဆာင္ဖူဖာလည္း သက္ျပင္းတစ္ခ်က္ခ်ၿပီး ေဒါက္တာနမ္စကားကို ဆန့္က်င္ေလေတာ့သည္။

" ဘယ္ေတာ့မွ မျဖစ္နိုင္တဲ့အရာအတြက္ေတာ့ အဆုံးသတ္လိုက္တာ ေကာင္းပါတယ္ ''

" ဘယ္လိုေတာင္ ေရွးဆန္တဲ့ ျပႆနာလဲ ဘဝအဆင့္အတန္းခ်င္း မတူတာတဲ့ ေအးေအးေအး အိုေက မင္းသေဘာပဲ လာ ''

ဒီလိုနဲ႕ ခြက္ကေလးကိုင္ေျမာက္ကာ ဝီစကီေတြ ေမာ့ေသာက္လိုက္ေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာလည္း အဆုံးမသတ္ခ်င္ေပမယ့္ အေၾကာင္းအရာတစ္ခုခုေၾကာင့္ အဆုံးသတ္မွ ရေပေတာ့မည္ ျဖစ္ေလသည္။

သူလည္း ဆရာေလးထီရန္ကို ၾကမ္းတမ္းတဲ့ စကားလုံးေတြ ေျပာလိုက္ရေပမယ့္ ရင္ထဲတြင္ နာက်င္ရေပသည္။ သို႔ေပမယ့္လည္း ထိုသို႔ေျပာမွ ဆရာေလးထီရန္က အိမ္ျပန္မည္ဟူ၍ ေခါင္းေဆာင္ဖူဖာ ေတြးထားျခင္း ျဖစ္ေလသည္။

ထို႔ေၾကာင့္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို အိမ္ျပန္ဖို႔ ဘယ္လို ေျပာမည္ဆိုတာ ေနာက္တစ္ေန႕၏ မနက္ခင္း စာသင္ခန္းေလးကို ဖတ္ရႈရေပမည္။

႐ြာသားေတြလည္း ယခုဆို ခမာ၏ေပါက္ဖတ္ဥပမာ ေၾကာင့္ ဆရာေလးထီရန္ကို နားလည္ေပးၿပီး ကေလးေတြကို စာသင္ခြင့္ရခဲ့ေလျပန္သည္။

ဆရာေလးထီရန္၏ ဘယ္လက္ကလည္း မသက္သာေသး၍ လည္ပင္ႀကိဳးသိုင္းျဖစ္ေနေပမယ့္ ႏွစ္ကုန္ေတာ့မည္မို႔ စာေတြကို အျပတ္ျဖတ္ေနေလသည္။

" ကေလးတို႔ မနက္ျဖန္က်ရင္ ငွက္ေပ်ာအူနဲ႕ ငွက္ေပ်ာ႐ြက္ေတြ ယူခဲ့ဖို႔ မေမ့ၾကနဲ႕ေနာ္ မနက္ျဖန္ တံဆိပ္တုံးပုံစံလုပ္တာ ေလ့လာၾကမယ္ ''

အဲသလို ကေလးေတြကို မွာၾကားၿပီး နာရီကို တစ္ခ်က္လွည့္ၾကည္ကာ

" အခ်ိန္ျပည့္ၿပီ အိမ္ျပန္လို႔ရၿပီေနာ္ ''

" မျပန္ေသးဘူး ဆရာထီရန္ သမီး ပုံျပင္ နားေထာင္ခ်င္ေသးတယ္ ''

" ဘီလူစိမ္းႀကီးပုံျပင္ နားေထာင္ခ်င္တယ္ ''

ကေလးေတြက အဲသလို ပုံျပင္ေျပာျပဖို႔ ပူဆာေနေလသည္။ ထိုအခ်ိန္ ေခါင္းေဆာင္ဖူဖာက ဘယ္လက္ကို လည္ပင္းႀကိဳးသိုင္းျဖင့္ မဟုတ္ဘဲ သက္သာ၍ ျဖဳတ္ထားခဲ့ၿပီးၿပီ ျဖစ္သမို႔ လက္ကေလးပိုက္ကာ စာသင္ခန္းသို႔ ဝင္လာေလသည္။

" ေနာက္ဆုံးတစ္ေခါက္က ဘီလူစိမ္းႀကီးက ႐ြာကို မီးမႈတ္လိုက္တဲ့ေနရာမွာ ၿပီးသြားတာ ''

ဒီလိုနဲ႕ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို မၾကည္သည့္အၾကည့္ျဖင့္ ၾကည့္၍ ေခါင္းေဆာင္ဖူဖာကို အရင္ကလိုပဲ ဘီလူစိမ္းႀကီးေနရာမွ ထားကာ ႐ြဲ႕ေျပာေလေတာ့သည္။

" ရတယ္ ဒီေန႕က်ေတာ့ ဘီလူစိမ္းႀကီးက ႐ြာကို ေစာင့္ေရွာက္ေပးၿပီး ႐ြာသားေတြရဲ႕ အခ်စ္ခံရၿပီးေတာ့ ရက္စက္တဲ့ ဘီလူႀကီး ျဖစ္လာတဲ့အေၾကာင္းေပါ့ ''

အဲသလို ေခါင္းေဆာင္ဖူဖာကို ၾကည့္ျပန္ ကေလးေတြကို ၾကည့္ျပန္ျဖင့္ ႐ြဲ႕ၿပီး မေက်နပ္စိတ္ဆိုး၍ ေျပာေနေလသည္။

" ေအာ္ ဘယ္လို ျဖစ္လာတာလဲ ''

" တကယ္ေတာ့ အစတုန္းက ဘီလူးစိမ္းႀကီးက ႐ြာမွာရွိတဲ့သူတိုင္းကို ခ်စ္ခင္ရိုးသားစြာနဲ႕ ေစာင့္ေရွာက္

ေပးခဲ့တယ္ ဒီလိုနဲ႕ တစ္ေန႕မွာေတာ့ သိမ္းငွက္တစ္ေကာင္က သူ႕ဆီကို ေရာက္လာခဲ့တယ္ သူက ဘီလူး

စိမ္းႀကီးကို သိမ္းငွက္ေတာင္ပံနဲ႕ ဘီလူးစိမ္းႀကီးရဲ႕ ႏွလုံးသားကို လဲဖို႔ ေတာင္းဆိုခဲ့တယ္ ''

" ၿပီးေတာ့ ဘီလူးစိမ္းႀကီးက သူ႕ႏွလုံးသားကို ေပးလိုက္တာလား ''

ေခါင္ႏြန္းက အဲလိုေမးလိုက္လွ်င္ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို မၾကည္သလိုျဖင့္ ၾကည့္၍

" ဟုတ္တယ္ ဘီလူးစိမ္းႀကီးက သိမ္းငွက္ရဲ႕အေတာင္ပံေတြနဲ႕ လဲဖို႔အတြက္ သူ႕ႏွလုံးသားကို

ေပးဖို႔ ဝန္မေလးခဲ့ဘူး အဲဒါမွ သူက ပ်ံသန္းနိုင္မွာေလ ''

" သူက ဘာလို႔ ပ်ံခ်င္တာလဲ ''

မိက်ဴးကအဲသလို ေမးၿပီး ေခါင္းေဆာင္ဖူဖာကလည္း ဆရာေလးထီရန္က သူ႕ကို ဘီလူစိမ္းႀကီးေနရာမွ ထား၍ ေစာင္းေျပာေနသည္ဆိုတာ သိၿပီး ျဖစ္ေလသည္။

" ဘာလို႔လဲဆိုေတာ့ တကယ္ေတာ့ သူက ႐ြာသားေတြကို တကယ္မခ်စ္ဘူးေလ သူက လွပတဲ့

နန္းေတာ္ႀကီးထဲမွာပဲ ေနဖို႔ ဆႏၵ ရွိခဲ့တာ အဲဒါေၾကာင့္ သိမ္းငွက္ကို သူ႕ရဲ႕ႏွလုံးသားေပးရမယ္ဆိုရင္

ေတာင္ ေပးနိုင္တာေပါ့ သူက သိမ္းငွက္ရဲ႕ အေတာင္ပံေတြကိုပဲ လိုခ်င္ခဲ့တာ ႐ြာသားေတြကို

သိမ္းငွက္ရန္ကေန မကာကြယ္ေပးေတာ့ဘဲ ႐ြာကေန အေဝးကို ပ်ံသန္းၿပီး သူ႕ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနနိုင္ဖို႔ေပါ့ ''

ဆိုလိုရင္းက ေခါင္းေဆာင္ဖူဖာဟာ ဆရာေလးထီရန္ကို ေစာင့္ေရွာက္တာ တကယ္ခ်စ္လို႔ မဟုတ္ဘဲ ဦးတီယာယြတ္ဆိုသည့္ ဆရာေလးထီရန္၏အေဖ ေခါင္းေဆာင္ဖူဖာ၏ ဆရာ၏ အမိန့္ေၾကာင့္ ေစာင့္ေရွာက္ေပးတာဟူ၍ ထင္ၿပီး စိတ္ဆိုး၍ ယခုလို ဇာတ္လမ္းဆင္၍ ဆရာေလးထီရန္က ေစာင္းေျပာေလျခင္း ျဖစ္ေလသည္။

" ဘီလူးစိမ္းႀကီးက မေကာင္းတဲ့သူပဲ သူ႕ကို မႀကိဳက္ေတာ့ဘူး ''

" ဟုတ္တယ္ သားလည္း မႀကိဳက္ေတာ့ဘူး ''

ထိုအခါ ေခါင္းေဆာင္ဖူဖာက သူ၏စိတ္ထဲတြင္ သူ႕ကိုယ္သူ သူ၏ေစတနာေတြကို ဖ်က္ဆီးခံရသလို ထင္ၿပီး စိတ္တို၍

" ကေလးတို႔ အိမ္ျပန္ဖို႔ အခ်ိန္က်ၿပီ ႏွစ္သစ္ပြဲမွာ လက္ေဆာင္လဲဖို႔အတြက္ ယူခဲ့ဖို႔ မေမ့နဲ႕ေနာ္ ဖာဖီ႐ြ

န္မွာ ႏွစ္သစ္အႀကိဳပြဲတစ္ခု လုပ္မွာ ဆရာထီရန္ရဲ႕ ႏႈတ္ဆက္ပြဲေကာေပါ့ ႏွစ္သစ္မွာ ဆရာထီရန္က ဒီကေန ျပန္သြားမွာ ''

အဲသလို ခပ္တင္းတင္း ေျပာ၍ စာသင္ခန္းမွ ထြက္သြားေလေတာ့သည္။

" ဆရာထီရန္ တကယ္ ျပန္သြားမွာလား ''

" တကယ္ ျပန္မွာလား ''

" အမွန္ပဲလား ဒီမွာ ေနလို႔မရဘူးလား ''

" ကေလးေတြ ဒီမွာ ေစာင့္ေနေနာ္ အစ္ကို
ျပန္လာခဲ့မယ္ ''

ဆရာေလးထီရန္လည္း ကေလးေတြ ေမးတာ မေျဖအားေသးဘဲ ထိုသို႔သာလွ်င္ ေျပာ၍ ေခါင္းေဆာင္ဖူဖာ အေနာက္ကို ခပ္ျမန္ျမန္လိုက္လာခဲ့ေလသည္။

" ေခါင္းေဆာင္ ႏွစ္သစ္ကိစၥက ဘာကို
ဆိုလိုတာလဲ ''

" နားလည္ဖို႔ ခက္ေနလို႔လား ''

ဒီလိုနဲ႕ ႏွစ္ဦးသား စကားကို ခပ္တင္းတင္းျဖင့္ နားလည္မႈလႊဲကာ မာနတရားေတြျဖင့္

" မင္းေနရာမွာ အစားထိုးဖို႔ တစ္ျခားဆရာတစ္ေယာက္ ရွိလာမွာ ''

" အဲဒီေလာက္ထိ လုပ္မွ ျဖစ္မွာလား ''

" ငါ ဘာလုပ္ခဲ့လို႔လဲ ''

" ကြၽန္ေတာ့္ကို ေစာင့္ေရွာက္ေပးဖို႔ အေဖက ေငြဘယ္ေလာက္ ေပးခဲ့လဲ ဒါမွမဟုတ္ ရာထူးတိုး

အတြက္ ကမ္းလွမ္းခဲ့တာလား အဲဒါေၾကာင့္ ဒီလိုလုပ္ခဲ့တာ မဟုတ္လား ''

" ထီရန္ မင္းအေဖကို ေလ်ာ့မတြက္ခဲ့သင့္ဘူး ''

" ခင္ဗ်ားက ဘာသိလို႔လဲ ကြၽန္ေတာ့္မိသားစုက ဒါမ်ိဳးေတြ လုပ္ေနက် ဘာမဆိုရဖို႔ ေငြကို သုံးၾကတယ္

ကြၽန္ေတာ့္ဘဝအသစ္အတြက္ေတာင္မွ အလွည့္က်ဖိဳ႕ ေစာင့္မေနဘဲ ေငြေတြ သုံးခဲ့ၾကတာ ''

" ထီရန္ မင္း စိတ္ထိန္းဦး ''

ေခါင္းေဆာင္ဖူဖာကလည္း ထိုသို႔ေျပာ၍ သက္ျပင္းခ်ကာ ဆရာေလးထီရန္ကလည္း ငိုေနေလေတာ့သည္။ ဆရာေလးထီရန္က ငိုမဲ့မဲ့ေလသံေလး ျပန္ျဖစ္ကာ

" အမွန္အတိုင္း ေျပာလိုက္ေနာ္ အစ္ကို ကြၽန္ေတာ့္ကို ဂ႐ုစိုက္တာက ေခါင္းေဆာင္ရဲ႕ တာဝန္အရပဲ
မဟုတ္လား ''

(ဆက္လက္ေဖာ္ျပေပးပါမည္)

ႏြေဦးကိုကိုေမာင္

Continue Reading

You'll Also Like

49.4K 2.7K 8
ChanBaek Yaoi Fic ( completed ) ( Park Chan Yeol and Byun Baek Hyun )
1.4M 35.4K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
81.1K 934 24
Y/N was at one point a huntsmen in the making but all this was wrongfully taken from him. To make matters worse no academy was willing to accept him...
2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...