အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...

By HoarFROST_

5.4M 576K 116K

ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More

Prologue
{၁}U&Z
{၂}U/Z
{၃}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၅}U/Z
{၁၆}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၀}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၃}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၈}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၂}U/Z
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၂}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Mg's Footprint
Book Preorder Details
Q/A

{၁၂}U/Z

99.1K 10.7K 1.3K
By HoarFROST_

Unicode

"တက္ကသိုလ် ကို ဓားသွေးကျောက်လို့မြင်ပါတယ်။ ကျောင်းသားတွေကတော့ဓားပေါ့...သွေးရင်ထက်မယ်။မသွေးပဲထားရင်တုံးသွားမယ်။သံဂျေးကိုက်သွားမယ်"

"တက္ကသိုလ်ဆိုတာ တချို့လူတွေ မရောက်နိုင်တဲ့နေရာပေါ့...ကံ၊ဉာဏ်၊ဝီရိယ၊ငွေ။ အဲ့တာတွေရှိဖို့လိုတယ်"

"အသဲကွဲနယ်မြေ..ဟဲဟဲ"

"ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နှက်နေတဲ့နေရာလို့ထင်ပါတယ်"

"ဒုတိယမိသားစုနဲ့ဆုံဖို့အခွင့်အရေးပေးတဲ့နေရာလို့ ကျွန်မမြင်ပါတယ်။"

"ကျွန်တော်သိပ်တော့မပြောတတ်ဘူး။ ဒါမဲ့ တက္ကသိုလ်ကိုရောက်တဲ့လူတွေက ကံကောင်းတဲ့လူတွေပါ…ဒါပေမဲ့ တက္ကသိုလ်မတက်ရတိုင်း မကောင်းတာမျိုးလည်းမဟုတ်ဘူးလို့ထင်တယ်။လူတိုင်းက သူ့ဘဝနဲ့သူဇာတ်မို့လေ.."

"သမီးစာထဲမှာဖတ်ဖူးတာက တက္ကသိုလ်ဆိုတာ ဥယျာဉ်တစ်ခုနဲ့တူတယ်တဲ့။အရောင်အသွေးစုံတဲ့ပန်းတွေပွင့်နေတာမျိုးပေါ့။"

ဆရာကျော်နှင့်တက္ကသိုလ်အကြောင်းကိုဆွေးနွေးကြရာ တစ်ယောက်တစ်ပေါက်ဖြေသံတွေက အတွေးအခေါ်မတူညီကြပုံကိုထင်ရှားစေသည်။
ဆရာကျော်က တစ်ချက်ပြုံးရင်း
"အိုခေ.. ဆရာလည်းဆရာဖတ်ဖူးတဲ့အတွေးတစ်ခုကိုမျှဝေမယ်"

"တက္ကသိုလ်ဆိုတာ ဗျူရိုကရေစီ်ယန္တရားအတွက် လူတွေကိုမွေးထုတ်ပေးရမဲ့နေရာမဟုတ်ဘူးတဲ့"

"တက္ကသိုလ်မှာ စာအုပ်ထဲကအကြောင်းအရာတွေချည်းမဟုတ်ဘဲနဲ့ လွတ်လပ်မှုဆိုတာဘာလဲဆိုတာသင်ယူရမယ်။ တာဝန်ယူမှုတာဝန်ခံမှုကိုသင်ယူရမယ်။မကြောက်တရားကိုသင်ယူရမယ်။တော်လှန်တဲ့စိတ်ကိုသင်ယူရမယ်။
လူလူချင်းဆက်ဆံရေးကိုသင်ယူရမယ်။အမှားအမှန်ခွဲခြားနိုင်မှုကိုသင်ယူရမယ် တဲ့"

"အဲ့တော့ မင်းတို့တွေ ဘယ်အချက်တွေသင်ယူပြီးဘယ်အချက်တွေကိုလက်တွေ့ကျင့်သုံးနေကြလဲ။"

"သင်ယူရုံနဲ့မပြီးဘူး။ လက်တွေ့မှာ ကောင်းကောင်းမွန်မွန် အသုံးချနိုင်ဖို့လည်းလိုတယ်"

တက္ကသိုလ်ဆိုတာ ဗဟုသုတတွေကိုမျှဝေဖလှယ်တဲ့နေရာလည်းဟုတ်ပေသည်။တက္ကသိုလ်မှာ အသည်းတွေကွဲကြတယ်။ ချစ်ရသူတွေနဲ့ဆုံကြတယ်။ ခွဲခွာရတယ်။ ပေါင်းဆုံသည်ဖြစ်စေ။ ဝေးကွာခဲ့ရသည်ဖြစ်စေ တက္ကသိုလ်လို့ပြန်တွေးလိုက်တာနဲ့ အနိမ့်အမြင့်ခံစားချက်ကလေးတွေက ဘဝတလျှောက်လုံးအောက်မေ့နေမည်ဖြစ်သည်။ကျောင်းသားဘဝသည်ကား ပျော်ရွှင်မှု၊လွတ်လပ်မှု၊ ဝမ်းနည်းမှုတွေကို အပြည့်အဝပေးနိုင်သည့်နေရာတစ်ခုပင်။
စာသင်ချိန်ပြီးသွားသည်နှင့် ဆရာကျော်က နောက်တစ်ပတ်တွင် Tutorial ရှိတာမို့မပျက်မကွက်လာရောက်ဖို့ဆိုသည်။

ပြီးနောက် စောနရီအား လှမ်းခေါ်ကာ
"စောနရီ ...မောင်နွေဦးတို့ဆီသွားမယ်မလား"

ယခုဆိုလျှင် နွေဦးမောင်တို့အုပ်စုတွင် စောနရီကိုအမြဲမြင်တွေ့လာရတာကြောင့် ဆရာတွေကော ကျောင်းသားအချို့ကပါ တွဲမြင်သိနေကြပြီဖြစ်သည်။
အတန်းထဲတွင်ကျန်နေသည့်လူတချို့က စောနရီကို ကွက်ကြည့်ကွက်ကြည့်။
"ဟုတ်ကဲ့ဆရာ။ ကဗျာကိုလက်ရေးလှနဲ့ပြန်ရေးပေးဖို့သွားကူရမှာပါ..."

သည်တစ်ခေါက်ပန်းချီပြပွဲတွင် ကဗျာနှင့်ပန်းချီပါတွဲလျက်ပြထားမည်ဖြစ်သည်။
ကဗျာကို ပုံနှိပ်တာမျိုးထက် စာရွက်ပေါ်အကွက်ချရေးခြင်းက အတော်ကြည့်လှသည့်အပြင် အသက်ဝင်သည်။ ထိုသို့ရေးဖို့ရန် လက်ရေးလှဖို့လည်းလိုသည်။ညီဖို့လည်းလိုသည်။အရင်ရက်တွေက စောနရီ၏ မြန်မာမှတ်စုစာအုပ်ကိုယူကြည့်သည့် နွေဦးမောင်က လက်ရေးနှင့်ပက်သတ်ပြီး ချီးမွမ်းခဲ့သည့်အပြင် လာမည့်ပန်းချီပြပွဲအတွက်ပါ အကူညီတောင်းခဲ့လေသည်။
စောနရီက နွေဦးမောင်နားကြာကြာမကပ်။
ကြာကြာကပ်ဖို့ရန် နွေဦးမောင်အဖို့ ချိန်းဆိုချက်ပေါင်းများစွာကို ညကတည်းကကြိုစဉ်းစားလာရသလို ကြုံလျှင်ကြုံသလို အကူညီတောင်းရသည်။

"အိုခေ ဒါဆို အပေါ်ထပ်ကနားနေခန်းကို စာရွက်တွေလာယူလှည့်ဦး။ မှင်ဘူးကော။ မနိုင်ရင် Ec ကိုခေါ်လာခဲ့နော်"

"ဟုတ်ကဲ့ဆရာ"

ဆရာထွက်သွားတော့ မြင့်စိုးက စောနရီအား အပူကပ်သည်။
"စောနရီ! ငါလေ သူသူထက်နဲ့ချိန်းထားတာကွ။"

သူသူထက်ဆိုသည်က မြန်မာစာဖရက်ရှာထဲက ကောင်မလေးပင်။ ပြောရလျှင် မြင့်စိုးနှင့် အတော်လေး အဆင်ပြေနေသည့်ကောင်မလေး။
မြင့်စိုးကအခုမှ တကောက်ကောက်လိုက်နေသည်မို့ ချိန်းထားသည့်နေရာမသွားလျှင် မျက်နှာမရ ဖြစ်လိမ့်မည်။

"အင်းသွားလေ။"

"ရလား စာရွက်တွေကော မှင်ဘူးကော"

"မများပါဘူး။ငါသယ်နိုင်ပါတယ်"

မြင့်စိုးသည် သွားဖြဲလျက် ကျေနပ်ဟန်ဖြင့်
"ကျေးဇူးကွာ။နောက်ရက်မှ လက်ဖက်ရည်လိုက်တိုက်မယ်! သူသူထက်နဲ့အဆင်ပြေရင် တစ်ဝိုင်းလုပ်ပေးမယ်ကွာ!"

စောနရီသည် အလိုက်သင့်ရယ်ရင်း
"အေးပါ မင်းစကားမင်းမှတ်!"

"အေး။သွားပြီ ကိုနွေဦးကိုလည်း ငါမေးနေတယ်လို့ပြောပေးဦး"

ဘာမေးခိုင်းတာလဲဟုပင် ပြန်မမေးလိုက်ရ။မြင့်စိုးက သုတ်တီးသုတ်ပြာထွက်သွားလေပြီ။
မြင့်စိုးမရှိတော့သည်နှင့် စောနရီဆီသို့ ကောင်မလေးနှစ်ယောက်က ကပ်လာလေသည်။

"စောနရီ!"

"ဗျာ..ဟုတ်ကဲ့"

"ဟို နွေဦးမောင်ကို ဒီစာအုပ်လေး လက်ဆောင်ပေး ပေးပါလား။ နင်တို့ကတော်တော်ခင်တယ်မလား"

ခပ်ထူထူစာအုပ်လေးကို တဆင့်ပေးခိုင်းနေသည်မို့ စောနရီလက်ခံယူလိုက်သည်။
ယခင်နေ့က ဝယ်သည့်စာအုပ်အရမ်းမထူတာတောင် ၇၀၀ ပေးရတာ ဒီစာအုပ်မျိုးဆိုလျှင်တော့ တစ်ထောင်ကျော်လောက်ပေးရလိမ့်မည်။

"ပေး ပေးပါ့မယ် နင်ပေးတယ်ဆိုတာကောပြောပေးရမလား"

သိမ့်သိမ့်သူ ကရှက်ပြုံးဖြင့်
"အရိပ်မြွက်လေးတော့ စကားလမ်းကြောင်းလိုက်ပေါ့။ ဟဲ့ မိန်းမ နင်ကောပေးမှာဆို။"

သူ့ဘေးကမိန်းကလေးကိုပါအဖော်ထပ်ညှိသည်။
ဘေးရှိ ကြည်ဖြူသွင် ကပါ ပစ္စည်းကိုထုတ်ပေးလာပြီး
"ဒါက ငါကိုယ်တိုင်ချည်ထိုးထားတာ မဂ္ဂကိုပေးပေး။ငါမှန်းတော့မသိစေနဲ့နော်။နင် မဂ္ဂတို့နဲ့လည်းခင်တယ်မလား။"

"အင်း ခင်သလိုပါပဲ"

"ဟဲ့ သူတို့မှာရည်းစားတော့မရှိဘူးမလား။မဂ္ဂကတော့ထားပါ။သူက မော်ဒယ်ဆိုတော့။ ခွန်စဝ်လွန်းနောင်လိုရေခဲတိုက်ကိုတော့ ဘယ်သူမှ ကြိုက်ရဲမှာမဟုတ်ဘူး။ ကိုဇေရဲကတော့ ပေါတောတောနဲ့၊ ကိုနွေဦးမောင်ကတော့ မိန်းကလေးတွေနဲ့သိပ်ရောတာမတွေ့ဖူးပေမဲ့။ Phys ကကွင်းလား။ အဲ့တစ်ယောက်နဲ့ကကော"

သိမ့်သိမ့်သူက ဆက်တိုက်မေးလာတော့ စောနရီဘာပြန်ဖြေရမှန်းမသိအောင်ဖြစ်သွားသည်။
Phys Queen ဆိုသည်မှာ ခင်ဆိုသည့်တစ်ယောက်။မောင်နှင့်သူကတော့ ခင်ရုံလောက်ပဲဟု
စောနရီထင်မိသည်။

"ငါအဲ့တာတော့မပြောတတ်ဘူးဘဲ။ ရှိလားမရှိလား မမေးဖူးဘူး။"

"ဒါဆို တီးခေါက်ကြည့်ကြည့်လေ။ ခေါက်ဆွဲသုပ်ဝယ်ကျွေးမယ်။"

"အအေးပါ အစစ် တိုက်မယ်လေ"

"ရပါတယ် ရပါတယ်။ငါမေးလာပေးပါ့မယ်"

"ကျေးဇူး စောနရီ..."

"ကျေးဇူး ကျေးဇူး.."

ကျောင်းတက်လာသည့်နှစ်တွေမှာ Ecတွေနှင့် ကျောင်းသားအနည်းငယ်လောက်သာ သူ့ကိုစကားလာပြောဖူးသည်။ ဒါတောင်စာအုပ်ငှားဖို့အတွက်ပင်ဖြစ်သည်။သူက အတန်းမှန်လို့လေ။
မုန့်ဝယ်ကျွေးဖို့ဘာညာ ပြောလာသည်ကတော့ ပထမဆုံးအကြိမ်ဖြစ်သည်။

မောင်ရဲ့စန်းက မခေ လိုက်တာ။
သူကတော့ မောင် စန်းပွင့်လို့ မောင့်ကိုသဘောကျတာမဟုတ်...
မောင် စန်းမပွင့်လည်း သူသဘောကျနေဦးမှာပင်။
စောနက ကောင်မလေးတွေလို လက်ဆောင်မပေးနိုင်သေးပေမဲ့ပေါ့။

အတိတ်တွေကိုပြန်တွေးကြည့်ရင်ပြုံးရတာအခါခါ...
မောင်နဲ့သူနဲ့ ဆုံခဲ့ပုံက နွေဦးရာသီလို အမြဲလွမ်းချင်စရာ...မြတ်နိုးချင်စရာ...

ဆရာများနေသည့်အပေါ်ဆုံးအထပ်ကို ပစ္စည်းသွားယူပြီးပြန်ဆင်းလာတော့ နေ့လယ်စာ စားချိန်ကကျော်နေလေပြီ။ ကိစ္စမရှိပါ။ဒီညနေသူအတန်းတက်မည်မဟုတ်။မောင်တို့နှင့်အတူတူအချိန်ကိုကုန်ဆုံးဖြစ်လိမ့်မည်။
ထူးဆန်းလှသည်။ မောင်ကသူ့အတွက်အမြဲ ပထမဆုံးသောအရာတွေကိုဆောင်ကျဉ်းပေးနိုင်သည်။ ပထမဆုံး သူစိမ်းနှင့်ဘုရားအတူသွားခြင်း။ပထမဆုံးအတန်းလစ်ခြင်း။ကျောင်းရောက်သည့် ပထမဆုံးရက်တွင် ပထမဆုံးအကူအညီပေးခဲ့သည့်လူ။ ပထမဆုံး ရင်ခုန်တတ်စေသည့်လူဟာ မောင်ပါပဲ။

ပန်းချီခန်းမသည် ဝိဇ္ဇာဆောင်၏အနောက်ဘက်တွင်ရှိသည်။ပန်းချီခန်းမဟူ၍ကြီးကြီးကျယ်ကျယ် ပြတိုက်ပုံစံမျိုးတော့မဟုတ်။ အေအီးအခန်းတွေကြားတွင် ရှိသော ပေသုံးဆယ် ပတ်လည် အခန်းလေးဖြစ်သည်။ သို့သော်ထိုအခန်းသေးလေးက ပန်းချီဝါသနာပါသည့် သူတွေအတွက်တော့ နိဗ္ဗာန်ဘုံ။

အစက ဂျက်ဆင်ဘုရားကျောင်းဘက်လမ်းကနေသွားဖို့စိတ်ကူးသော်လည်း ကွေ့ပတ်သွားရမည်က ပိုအလုပ်ရှုပ်လှတာကြောင့် အဓိပတိလမ်းတန်းတန်းသာသွားဖို့စိတ်ကူးလိုက်သည်။
လာကြိုမယ်ဆိုသည့် မောင့်ကိုတော့အတင်းတားရသည်။ အသွားအပြန် ဝေးလွန်းလှသည်။

°°°°

"ဟိတ်..ဟိတ်!"

ပလက်ဖောင်းပေါ်ကလျှောက်နေရင်း ဘေးတွင်လာရပ်သည့်ကားထဲကလူ၏လှမ်းခေါ်သံကို သူကြားလိုက်ရသည်။ ကားထဲကလူကို စောနရီမြင်ဖူးသလိုရှိပေမဲ့ဘယ်နေရာမှာဆုံဖူးမှန်းမသိ။

"ကိုယ့်ကိုယ် မမှတ်မိဘူးလား။ အရင်တစ်ခေါက် စာအုပ်ဆိုင်မှာ စံပယ်နဲ့တူတူတေွ့ဖူးတယ်လေ။"

ပါးသိုင်းမွှေးစိမ်းဖန့်ဖန့်နှင့်လူ။ သူမှတ်မိပြီ။

"သိပြီဗျ။ ဘာလိုလဲမသိဘူး။"

"ကိုယ့်ကိုယ် ပန်းချီခန်းကို လမ်းတစ်ချက်ညွှန်ပေးပါလား။"

"ဪ ဟုတ်ကဲ့...ဒီအဓိပတိလမ်းတန်းတန်းကနေသွား။ ဘွဲ့နှင်းသဘင်ရောက်ရင် ဘယ်ဘက်ကိုချိုး။ဝိဇ္ဇာဆောင်ရဲ့ အနောက်မှာ ရှိတယ်ဗျ"

"ဝိဇ္ဇာဆောင်ရဲ့အနောက်... ကိုယ်ကလေ ဒီကျောင်းကို သိပ်မရောက်ဖူးတော့ လိုက်ပြပေးပါလား။ မင်းက ဘယ်သွားမှာလဲ။ကိုယ်ပြန်လိုက်ပို့မယ်လေ။"

"ကျွန်တော်လည်း ပန်းချီခန်းကိုသွားမှာပါ။"

"ဪ ဒါနဲ့များ။ ကားပေါ်တက်။"

"ဗျာ..အားနာစရာ"

ကားပေါ်ကလူက စောနရီကို ကြည့်ရင်းသဘောတကျရယ်သည်။သူ့မျက်လုံးတွေက ပထမဆုံးတွေ့တုန်းကလို ရင့်သီးမနေဘဲ ပြုံးနေဟန်ပေါက်သည်။
"ဘယ်သူကအားနာနေတာလဲ။ကိုယ်က လမ်းပြခိုင်းနေတာကို။ အိုးကမပူ စလောင်ကပူနေပါပြီ၊တက်ပါ"

စောနရီလည်းမတတ်သာတော့ပဲ ကားထဲနောက်ခန်းတွင်ဝင်ထိုင်လိုက်သည်။ကားထဲကိုဝင်လိုက်သည်နှင့် ရေမွှေးနံ့က စူးခနဲပင်။ ယောက်ျားသုံးရေမွှေးနံ့မှန်းသိသာသည်။
ကားအပြင်အဆင်အရ သည်လူက သူဌေး၊ဒါမှမဟုတ် သူဌေးသားလို့ပင်ပြော၍ရသည်။

သူဆက်ညွှန်းစရာမလိုပဲ ထိုလူက ကျောင်းလမ်းတွေကို ကျွမ်းကျင်စွာချိုးကွေ့သည်။
လမ်းမသိတာကော ဟုတ်ရဲ့လားဟု အထင်လွဲချင်စရာ။သို့သော် စောနရီကတော့များများစားစားမတွေးပေ။

"နာမည်က?"

ကားမှန်ကနေ အပြင်ကိုကြည့်နေတုန်း အမေးခံရသည်မို့ ကားနောက်ကြည့်မှန်ကနေ တဆင့်ပြန်ကြည့်ရင်း သူပြန်ဖြေလိုက်သည်။
"စောနရီပါ..."

"ဪ! ဘာတက်နေတာလဲ။"

"မြန်မာစာပါ။ "

"ဘယ် Year ?"

"ရိုးရိုးတန်းနောက်ဆုံးနှစ်"

မေးလို့သာဖြေရသည့်ပုံစံကြောင့်ထိုလူကလည်းဆက်မမေး။စောနရီကလည်းဆက်မပြော။
တိတ်ဆိတ်ခြင်းက ကြီးစိုးသွားပြန်သည်။
ဝိဇ္ဇာဆောင်ရှေ့တွင်ကားထိုးရပ်ကာ သူတို့နှစ်ယောက်ပန်းချီခန်းကိုသွားကြသည်။

ပန်းချီခန်းမကိုရောက်တော့ အခန်းရှေ့တွင်မတ်တပ်ရပ်ကာစကားပြောနေသော ကိုအောင်ကျော်ဦးနှင့်အရင်တွေ့သည်။
ကိုအောင်ကျော်ဦးကစောနရီကိုမြင်သည်နှင့်

"အဲ လာပြီလား။ မင်းရဲ့မောင်ကတော့ ကိုအောင်ရင်ဆိုင်ရောက်သွားပြီ။ ဇေရဲကဗိုက်ဆာလို့ဆိုပြီးအတင်းခေါ်သွားလို့။ မင်းလာရင် ဆက်ဆက်မှာပေးပါဆိုလို့။သွားလိုက်ဦး။ သူ့မှာလည်း မင်းမှမတွေ့ရရင် မျောက်မီးခဲထိုင်ထားသလိုပဲ။"

မမေးပါဘဲ တရစပ်ဖြေရှင်းပေးနေသော ကိုအောင်ကျော်ဦးကြောင့် အနောက်ကပါလာသည့်ဧည့်သည်ကိုပင်စောနရီအားနာသွားရသည်။
"ဟုတ်ကဲ့ ကျွန်တော် သွားလိုက်မယ် ကိုအောင်!"

"အေး လက်ထဲကပစ္စည်းတွေထားခဲ့လေ။စားသောက်ပြီးမှအေးဆေးလုပ်ကြတာပေါ့"

"အစ်ကို ပြောတဲ့ ပန်းချီခန်းပဲ၊"
ပါလာသည့်လူကို သူလှမ်းပြောလိုက်၏။

"ဟုတ်လား။ ကိုယ်ကနွေဦးမောင်ကိုလာတွေ့တာ၊ သူရှိတဲ့နေရာပဲလိုက်ခဲ့မယ်လေ"

"ဟင်...မောင့် အဲ.. ကိုနွေဦးမောင်အသိလား။"

"ဒါပေါ့၊ သူငယ်ချင်းလေ။"

ထိုအခါမှစောနရီဆက်စပ်တွေးမိသည်။
ခင်ဆိုသည့်အမျိုးသမီးနှင့်မောင်ကရင်းနှီးသည်။
သည်လူနှင့်ခင် က သိသည်။
ဒါဆို သည်လူနဲ့မောင်နဲ့သိတာက ဖြစ်သင့်သည်။

"ဟုတ်ဟုတ်။ဒါဆို ကျွန်တော်နဲ့ ကိုအောင်ရင်ဆိုင်လိုက်ခဲ့လေ။"

"ကျေးဇူးအထူးပေါ့ဗျာ။ အစော.."

အမိုးသာခေါ်ဖူးသည့်နာမည်အဖျားကို သူစိမ်းတစ်ရံဆီကကြားရသည်မို့ ထူးဆန်းလှပေမဲ့ စကားအပိုမပြောတော့ပဲ ကိုအောင်ရင်ဆိုင်ကိုထွက်လာရပြန်သည်။

°°°°

"ထိုင်စမ်းပါ နွေဦးမောင်ရာ။အရပ်ကကလန်ကလားနဲ့ကွာ မင်းရဲ့နရီကလာမှာပါ။ ကိစ္စရှိလို့နေမှာပေါ့။ တကယ်ကြည့်မရတော့ဘူး။စောနရီက ကလေးလည်းမဟုတ်ဘဲနဲ့"

သွားကြိုမယ်တကဲကဲလုပ်နေသော နွေဦးမောင်ကို ဇေရဲက မြည်တွန်တောက်တီးတော့သည်။
ဇေရဲမပြောနှင့် တော်ရုံစကားမစသည့် လွန်းနောင်ပင် ဘုကြည့်ကြည့်နေပြီ။

"မသိရင်သမီးရည်းစားကျနေတာပဲ၊ စောက်ကဲကိုပိုတယ်။ နော့်အချစ်"

မဂ္ဂ၏အသံမှန်းပြောစရာမလို။

နွေဦးမောင်ကတော့ မကြည်မသာရုပ်ဖြင့်
"အဲ့ဘက်ကနေ ဒီဘက်ကိုလာရတာ အဝေးကြီးကွ...ငါတို့က ကားနဲ့လာတာမို့ မသိသာတာ၊ လမ်းလျှောက်ရတဲ့သူဆို ပစ္စည်းတွေနဲ့ပိုမောမှာပေါ့။ကားသော့ပေးကွာ။"

ပြောမနာဆိုမနာသူငယ်ချင်းမို့ မဂ္ဂ၏ကားကိုလည်း အချင်းချင်း ပတ်လည်ရိုက်သုံးသည်။ အရင်ကတော့သိပ်မသုံးပေမဲ့ နွေဦးမောင်က အခုမှ အသုံး ကဲလာသည်။

ဇေရဲသည် ထပ်ဆဲမည်ပြုရင်း မြင်ကွင်းရှိလမ်းထဲသို့ ဝင်လာသောလူနှစ်ယောက်ကို တည့်တည့်မတ်မတ်တွေ့လိုက်လေသည်။
"လာပြီ...မောင့်နရီနဲ့..."

နွေဦးမောင်ဆတ်ခနဲကြည့်မိချိန်တွင် စောနရီကိုသတိပြုမိပြီးနောက် အနောက်ကပါလာသောသူ၏မျက်နှာကိုပါရှင်းလင်းစွာမြင်လိုက်ရသည်။
ဒေါသဟုခေါင်းစဉ်တပ်မရသည့်တိုင် ပေါက်ကွဲမှုတစ်ခုကြောင့် နရီ ဆိုင်ထဲမရောက်ခင်မှာဘဲ သူ့ခြေလှမ်းကျဲကြီးတွေက အပြင်ဘက်ကိုဦးတည်နေလေပြီ။ ဝိုင်းတွင်ကျန်ခဲ့သည့် သုံးယောက်ပင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြသည်။

"နရီ!"

နွေဦးမောင်သည် စောနရီလက်ကို ဆတ်ခနဲဆွဲပြီး အနောက်သို့ပို့လိုက်ကာ နရီနှင့်အတူပါလာသည့်လူအား မျက်နှာချင်းဆိုင်လိုက်သည်။
စောနရီပင် ကြောင်တောင်တောင်ဖြစ်သွားကာ နွေဦးမောင်အကွယ်ကနေ ခေါင်းပြူကြည့်လေသည်။

"ကြားထားတဲ့သတင်းအတိုင်းပါပဲလား။နွေဦးမောင်ရဲ့။"

နွေဦးမောင်သည် စောနရီဘက်သို့ပြန်လှည့်လိုက်သည်နှင့် မျက်နှာက အတန်ငယ်ပျော့ပြောင်းသွားကာ
"နရီ...နေ့လယ်စာသွားစားတော့လေ။ မောင်လာခဲ့မယ်နော်"

"အဆင်ပြေလို့လား"

"ဒါပေါ့။ အဆင်မပြေစရာဘာအကြောင်းရှိလဲ?သွား.."

စောနရီထွက်သွားမှ နွေဦးမောင်က တစ်ဖက်ကို စိမ်းကားစွာ ပြန်ကြည့်သည်။

"ဘာကိစ္စလဲ ဥဿဦး!"

"အမယ် ဘယ်ဆိုးလို့လဲ။ငါ့နာမည်တော့မှတ်မိသားပဲ။"

"လိုရင်းပြော။ ငါ့မှာမင်းလောက်အချိန်မပေါဘူး။ဘာကိစ္စဒီကိုလာတာလဲ"

နွေဦးမောင်၏လေသံက ရှားရှားပါးပါး ခက်ထန်လှသည်။
ဥဿဦးသည် ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်ကိုဟန်ပါပါထည့်ရင်း ဝမ်းနည်ဟန်ဖြင့်
"စိတ်မကောင်းစရာပဲ။မတွေ့တာကြာပေမဲ့ သူငယ်ချင်းက လာမတွေ့။ ကိုယ်တိုင်လာတွေ့တော့လည်း သူငယ်ချင်းက စိမ်းကားရက်လေခြင်း"

မျက်နှာချင်းဆိုင်ရပ်နေကြသည့် သူတို့နှစ်ယောက်၏အရပ်တွေကတပြေးညီ။

နွေဦးမောင်သည် ဥဿဦးကို စိတ်ပျက်ဟန်ကြည့်သည်။ထိုအကြည့်ကြောင့် ဥဿဦး၏ပုံစံကပိုပြီးအရွဲ့တိုက်ဖို့ တာဆူလာသည်။
"မင်းအကြိုက်တွေကနှစ်ကြာလည်းမပြောင်းလဲဘူးနော်။ အရင်ကတော့ ပိုင်ရှင်ရှိပြီးသား မိန်းကလေးနဲ့ပလူးတယ်။ အခုကျတော့ ခပ်နုံနုံယောက်ျားတစ်ယောက်တဲ့လား။"

"ဥဿဦး!! မင်းစောက်ပါးစပ်ကို စည်းကမ်းရှိဖို့ ငါအမြဲမျှော်လင့်ခဲ့တာ။ဘာလဲ။ဒီကျောင်းမှာ မင်းကိုယ်မင်း ဘောင်ဝင်မယ်ထင်နေလား။"

ဥဿဦးက ခပ်ဟဟရယ်ရင်း
"အေးပေါ့။ ဒီကျောင်းမှာဘောင်မဝင်ရင်တောင်...အစော ဆီမှာတော့ ဘောင်ဝင်ချင်ဝင်မှာပေါ့။"

နွေဦးမောင်၏မျက်နှာက တမဟုတ်ချင်းမှောင်မဲသွားသည်။ အံကြိတ်ထားရ၍မေးရိုးရှိအကြောများပင်ထောင်းထောင်းထလာသည်။
ဥဿဦးရဲ့ကော်လံကို သူဘယ်အချိန်ကတည်းက ဆွဲစုတ်ထားမိမှန်းမသိလိုက်ပါ။
"ဘာ! အစော ဟုတ်လား?။ မင်းသူ့ကိုထိရဲရင်တောင် ငါကထိဖို့ခွင့်ပြုမယ်ထင်နေလား။
ငါတို့ကြားကပြဿနာမှာ မြေစာပင်လိုက်မရှာနဲ့"

နွေဦးမောင်၏မျက်နှာမှာ ဒေါသအငွေ့တလူလူထွက်နေသလို ဥဿဦး၏မျက်နှာကလည်း နာကျည်းချက်တွေအပြည့်။လှောင်ချင်ဟန်က အစွန်းထွက်။
"ဒီနေရာမှာ ငါအော်ရယ်ပစ်ချင်လိုက်တာ နွေဦးမောင်ရာ..."

ဥဿဦးက နွေဦးမောင်ရဲ့လက်ကို ဆွဲဖြုတ်လိုက်ရင်း ရင့်ရင့်သီးသီး ထပ်ဆိုသည်။
"ငါတို့နှစ်​ေယာက်ကြားက ပြဿနာက ကြားလူကြောင့်ပဲမဟုတ်လား။ ဘာအခုမှမြေစာပင်လဲ။
ဟက်... အမှန်တော့ ငါက မင်းကိုလွမ်းနေတာလေ။ အခုတွေ့ရပြီဆိုတော့ အလွမ်းပြေသွားပြီ။
နောက်လည်းလာခဲ့မယ်နော်။မင်းပြောသလိုပဲ အချိန်တွေသိပ်ပေါနေလို့၊"

"အာ မေ့လို့။ မင်းဆီလာမှာတော့မဟုတ်ဘူး။ အစော ဆီကို။ bye bye "

ဥဿဦး၏မျက်နှာပေးသည် သူ့ဒေါသနဲ့မျိုသိပ်ထားရသည့်ခံစားချက်ပေါင်းစုံကို တွန်းအားပေးနေသည်။
ကိုအောင်ရင် လက်ဖက်ရည်ဆိုင်ထဲကို နွေဦးမောင် ပြန်လှမ်းကြည့်လိုက်ချိန်တွင် သူ့ကို ပူပန်စွာ လှမ်းကြည့်​ေနသည့် နရီနှင့် အကြည့်ချင်းဆုံသည်။
သူ နောင်တ သိပ်ရသည်။ ဘာလို့ နရီ့ကို အစကနဦးကတည်းက နီးစပ်ဖို့မကြိုးစားခဲ့တာလဲ။
အချိန်ကြာကြီးမတွဲထားရသေးသည့် ကြိုးမို့ ပြတ်ဖို့အကြောင်းဖန်လာမှာကိုသူကြောက်သည်။

°°°°°
စာရေးသူမှတ်စု

အချိန်ကြာသွားရတာက စာရေးဖို့စိတ်ကို ခွေးစားသွားလို့ပါ။😞 စားသွားတဲ့ခွေးကိုသာပြောပါ။အိုင့်ကြောင့်မဟုတ်ပါ😁

ဆရာကျော်ပြောတဲ့အကြောင်းက
ဆရာကြီးနေဘုန်းလတ်ပြောတဲ့တက္ကသိုလ်ပါ❣️❣️

°°°°°°
Zawgyi

"တကၠသိုလ္ ကို ဓားေသြးေက်ာက္လို႔ျမင္ပါတယ္။ ေက်ာင္းသားေတြကေတာ့ဓားေပါ့...ေသြးရင္ထက္မယ္။မေသြးပဲထားရင္တံုးသြားမယ္။သံေဂ်းကိုက္သြားမယ္"

"တကၠသိုလ္ဆိုတာ တခ်ိဳ႕လူေတြ မေရာက္ႏိုင္တဲ့ေနရာေပါ့...ကံ၊ဉာဏ္၊ဝီရိယ၊ေငြ။ အဲ့တာေတြရိွဖို႔လိုတယ္"

"အသဲကဲြနယ္ေျမ..ဟဲဟဲ"

"ခ်စ္ျခင္းေမတၲာေတြနဲ႔ျပၫ့္ႏွက္ေနတဲ့ေနရာလို႔ထင္ပါတယ္"

"ဒုတိယမိသားစုနဲ႔ဆံုဖို႔အခြင့္အေရးေပးတဲ့ေနရာလို႔ ကၽြန္မျမင္ပါတယ္။"

"ကၽြန္ေတာ္သိပ္ေတာ့မေျပာတတ္ဘူး။ ဒါမဲ့ တကၠသိုလ္ကိုေရာက္တဲ့လူေတြက ကံေကာင္းတဲ့လူေတြပါ…ဒါေပမဲ့ တကၠသိုလ္မတက္ရတိုင္း မေကာင္းတာမ်ိဳးလည္းမဟုတ္ဘူးလို႔ထင္တယ္။လူတိုင္းက သူ႔ဘဝနဲ႔သူဇာတ္မို႔ေလ.."

"သမီးစာထဲမွာဖတ္ဖူးတာက တကၠသိုလ္ဆိုတာ ဥယ်ာဉ္တစ္ခုနဲ႔တူတယ္တဲ့။အေရာင္အေသြးစံုတဲ့ပန္းေတြပြင့္ေနတာမ်ိဳးေပါ့။"

ဆရာေက်ာ္ႏွင့္တကၠသိုလ္အေၾကာင္းကိုေဆြးေနြးၾကရာ တစ္ေယာက္တစ္ေပါက္ေျဖသံေတြက အေတြးအေခၚမတူညီၾကပံုကိုထင္ရွားေစသည္။
ဆရာေက်ာ္က တစ္ခ်က္ႃပံုးရင္း
"အိုေခ.. ဆရာလည္းဆရာဖတ္ဖူးတဲ့အေတြးတစ္ခုကိုမ်ွေဝမယ္"

"တကၠသိုလ္ဆိုတာ ဗ်ူရိုကေရစီ္ယႏၲရားအတြက္ လူေတြကိုေမြးထုတ္ေပးရမဲ့ေနရာမဟုတ္ဘူးတဲ့"

"တကၠသိုလ္မွာ စာအုပ္ထဲကအေၾကာင္းအရာေတြခ်ည္းမဟုတ္ဘဲနဲ႔ လြတ္လပ္မႈဆိုတာဘာလဲဆိုတာသင္ယူရမယ္။ တာဝန္ယူမႈတာဝန္ခံမႈကိုသင္ယူရမယ္။မေၾကာက္တရားကိုသင္ယူရမယ္။ေတာ္လွန္တဲ့စိတ္ကိုသင္ယူရမယ္။
လူလူခ်င္းဆက္ဆံေရးကိုသင္ယူရမယ္။အမွားအမွန္ခဲြျခားႏိုင္မႈကိုသင္ယူရမယ္ တဲ့"

"အဲ့ေတာ့ မင္းတို႔ေတြ ဘယ္အခ်က္ေတြသင္ယူၿပီးဘယ္အခ်က္ေတြကိုလက္ေတြ့က်င့္သံုးေနၾကလဲ။"

"သင္ယူရံုနဲ႔မၿပီးဘူး။ လက္ေတြ့မွာ ေကာင္းေကာင္းမြန္မြန္ အသံုးခ်ႏိုင္ဖို႔လည္းလိုတယ္"

တကၠသိုလ္ဆိုတာ ဗဟုသုတေတြကိုမ်ွေဝဖလွယ္တဲ့ေနရာလည္းဟုတ္ေပသည္။တကၠသိုလ္မွာ အသည္းေတြကဲြၾကတယ္။ ခ်စ္ရသူေတြနဲ႔ဆံုၾကတယ္။ ခဲြခြာရတယ္။ ေပါင္းဆံုသည္ျဖစ္ေစ။ ေဝးကြာခဲ့ရသည္ျဖစ္ေစ တကၠသိုလ္လို႔ျပန္ေတြးလိုက္တာနဲ႔ အနိမ့္အျမင့္ခံစားခ်က္ကေလးေတြက ဘဝတေလ်ွာက္လံုးေအာက္ေမ့ေနမည္ျဖစ္သည္။ေက်ာင္းသားဘဝသည္ကား ေပ်ာ္ရႊင္မႈ၊လြတ္လပ္မႈ၊ ဝမ္းနည္းမႈေတြကို အျပၫ့္အဝေပးႏိုင္သၫ့္ေနရာတစ္ခုပင္။
စာသင္ခ်ိန္ၿပီးသြားသည္ႏွင့္ ဆရာေက်ာ္က ေနာက္တစ္ပတ္တြင္ Tutorial ရိွတာမို႔မပ်က္မကြက္လာေရာက္ဖို႔ဆိုသည္။

ၿပီးေနာက္ ေစာနရီအား လွမ္းေခၚကာ
"ေစာနရီ ...ေမာင္ေနြဦးတို႔ဆီသြားမယ္မလား"

ယခုဆိုလ်ွင္ ေနြဦးေမာင္တို႔အုပ္စုတြင္ ေစာနရီကိုအၿမဲျမင္ေတြ့လာရတာေၾကာင့္ ဆရာေတြေကာ ေက်ာင္းသားအခ်ိဳ႕ကပါ တဲြျမင္သိေနၾကၿပီျဖစ္သည္။
အတန္းထဲတြင္က်န္ေနသၫ့္လူတခ်ိဳ႕က ေစာနရီကို ကြက္ၾကၫ့္ကြက္ၾကၫ့္။
"ဟုတ္ကဲ့ဆရာ။ ကဗ်ာကိုလက္ေရးလွနဲ႔ျပန္ေရးေပးဖို႔သြားကူရမွာပါ..."

သည္တစ္ေခါက္ပန္းခ်ီျပပဲြတြင္ ကဗ်ာႏွင့္ပန္းခ်ီပါတဲြလ်က္ျပထားမည္ျဖစ္သည္။
ကဗ်ာကို ပံုႏိွပ္တာမ်ိဳးထက္ စာရြက္ေပၚအကြက္ခ်ေရးျခင္းက အေတာ္ၾကၫ့္လွသၫ့္အျပင္ အသက္ဝင္သည္။ ထိုသို႔ေရးဖို႔ရန္ လက္ေရးလွဖို႔လည္းလိုသည္။ညီဖို႔လည္းလိုသည္။အရင္ရက္ေတြက ေစာနရီ၏ ျမန္မာမှတ်စုစာအုပ် ကိုယူၾကၫ့္သၫ့္ေနြဦးေမာင္က လက္ေရးႏွင့္ပက္သတ္ၿပီး ခ်ီးမြမ္းခဲ့သၫ့္အျပင္ လာမၫ့္ပန္းခ်ီျပပဲြအတြက္ပါ အကူညီေတာင္းခဲ့ေလသည္။
ေစာနရီက ေနြဦးေမာင္နားၾကာၾကာမကပ္။
ၾကာၾကာကပ္ဖို႔ရန္ ေနြဦးေမာင္အဖို႔ ခ်ိန္းဆိုခ်က္ေပါင္းမ်ားစြာကို ညကတည္းကႀကိဳစဉ္းစားလာရသလို ႄကံုလ်ွင္ႄကံုသလို အကူညီေတာင္းရသည္။

"အိုေခ ဒါဆို အေပၚထပ္ကနားေနခန္းကို စာရြက္ေတြလာယူလွၫ့္ဦး။ မွင္ဘူးေကာ။ မႏိုင္ရင္ Ec ကိုေခၚလာခဲ့ေနာ္"

"ဟုတ္ကဲ့ဆရာ"

ဆရာထြက္သြားေတာ့ ျမင့္စိုးက ေစာနရီအား အပူကပ္သည္။
"ေစာနရီ! ငါေလ သူသူထက္နဲ႔ခ်ိန္းထားတာကြ။"

သူသူထက္ဆိုသည္က ျမန္မာစာဖရက္ရွာထဲက ေကာင္မေလးပင္။ ေျပာရလ်ွင္ ျမင့္စိုးႏွင့္ အေတာ္ေလး အဆင္ေျပေနသၫ့္ေကာင္မေလး။
ျမင့္စိုးကအခုမွ တေကာက္ေကာက္လိုက္ေနသည္မို႔ ခ်ိန္းထားသၫ့္ေနရာမသြားလ်ွင္ မ်က္ႏွာမရ ျဖစ္လိမ့္မည္။

"အင္းသြားေလ။"

"ရလား စာရြက္ေတြေကာ မွင္ဘူးေကာ"

"မမ်ားပါဘူး။ငါသယ္ႏိုင္ပါတယ္"

ျမင့္စိုးသည္ သြားၿဖဲလ်က္ ေက်နပ္ဟန္ျဖင့္
"ေက်းဇူးကြာ။ေနာက္ရက္မွ လက္ဖက္ရည္လိုက္တိုက္မယ္! သူသူထက္နဲ႔အဆင္ေျပရင္ တစ္ဝိုင္းလုပ္ေပးမယ္ကြာ!"

ေစာနရီသည္ အလိုက္သင့္ရယ္ရင္း
"ေအးပါ မင္းစကားမင္းမွတ္!"

"ေအး။သြားၿပီ ကိုေနြဦးကိုလည္း ငါေမးေနတယ္လို႔ေျပာေပးဦး"

ဘာေမးခိုင္းတာလဲဟုပင္ ျပန္မေမးလိုက္ရ။ျမင့္စိုးက သုတ္တီးသုတ္ျပာထြက္သြားေလၿပီ။
ျမင့္စိုးမရိွေတာ့သည္ႏွင့္ ေစာနရီဆီသို႔ ေကာင္မေလးႏွစ္ေယာက္က ကပ္လာေလသည္။

"ေစာနရီ!"

"ဗ်ာ..ဟုတ္ကဲ့"

"ဟို ေနြဦးေမာင္ကို ဒီစာအုပ္ေလး လက္ေဆာင္ေပး ေပးပါလား။ နင္တို႔ကေတာ္ေတာ္ခင္တယ္မလား"

ခပ္ထူထူစာအုပ္ေလးကို တဆင့္ေပးခိုင္းေနသည္မို႔ ေစာနရီလက္ခံယူလိုက္သည္။
ယခင္ေန့က ဝယ္သၫ့္စာအုပ္အရမ္းမထူတာေတာင္ ၇၀၀ ေပးရတာ ဒီစာအုပ္မ်ိဳးဆိုလ်ွင္ေတာ့ တစ္ေထာင္ေက်ာ္ေလာက္ေပးရလိမ့္မည္။

"ေပး ေပးပါ့မယ္ နင္ေပးတယ္ဆိုတာေကာေျပာေပးရမလား"

သိမ့္သိမ့္သူ ကရွက္ႃပံုးျဖင့္
"အရိပ္ႁမြက္ေလးေတာ့ စကားလမ္းေၾကာင္းလိုက္ေပါ့။ ဟဲ့ မိန္းမ နင္ေကာေပးမွာဆို။"

သူ႔ေဘးကမိန္းကေလးကိုပါအေဖာ္ထပ္ၫွိသည္။
ေဘးရိွ ၾကည္ျဖဴသြင္ ကပါ ပစၥည္းကိုထုတ္ေပးလာၿပီး
"ဒါက ငါကိုယ္တိုင္ခ်ည္ထိုးထားတာ မဂၢကိုေပးေပး။ငါမွန္းေတာ့မသိေစနဲ႔ေနာ္။နင္ မဂၢတို႔နဲ႔လည္းခင္တယ္မလား။"

"အင္း ခင္သလိုပါပဲ"

"ဟဲ့ သူတို႔မွာရည္းစားေတာ့မရိွဘူးမလား။မဂၢကေတာ့ထားပါ။သူက ေမာ္ဒယ္ဆိုေတာ့။ ခြန္စဝ္လြန္းေနာင္လိုေရခဲတိုက္ကိုေတာ့ ဘယ္သူမွ ႀကိဳက္ရဲမွာမဟုတ္ဘူး။ ကိုေဇရဲကေတာ့ ေပါေတာေတာနဲ႔၊ ကိုေနြဦးေမာင္ကေတာ့ မိန္းကေလးေတြနဲ႔သိပ္ေရာတာမေတြ့ဖူးေပမဲ့။ Phys ကကြင္းလား။ အဲ့တစ္ေယာက္နဲ႔ကေကာ"

သိမ့္သိမ့္သူက ဆက္တိုက္ေမးလာေတာ့ ေစာနရီဘာျပန္ေျဖရမွန္းမသိေအာင္ျဖစ္သြားသည္။
Physics Queen ဆိုသည္မွာ ခင္ဆိုသၫ့္တစ္ေယာက္။ေမာင္ႏွင့္သူကေတာ့ ခင္ရံုေလာက္ပဲဟု
ေစာနရီထင္မိသည္။

"ငါအဲ့တာေတာ့မေျပာတတ္ဘူးဘဲ။ ရိွလားမရိွလား မေမးဖူးဘူး။"

"ဒါဆို တီးေခါက္ၾကၫ့္ၾကၫ့္ေလ။ ေခါက္ဆဲြသုပ္ဝယ္ကၽြေးမယ္။"

"အေအးပါ အစစ္ တိုက္မယ္ေလ"

"ရပါတယ္ ရပါတယ္။ငါေမးလာေပးပါ့မယ္"

"ေက်းဇူး ေစာနရီ..."

"ေက်းဇူး ေက်းဇူး.."

ေက်ာင္းတက္လာသၫ့္ႏွစ္ေတြမွာ Ecေတြႏွင့္ ေက်ာင္းသားအနည္းငယ္ေလာက္သာ သူ႔ကိုစကားလာေျပာဖူးသည္။ ဒါေတာင္စာအုပ္ငွားဖို႔အတြက္ပင္ျဖစ္သည္။သူက အတန္းမွန္လို႔ေလ။
မုန႔္ဝယ္ကၽြေးဖို႔ဘာညာ ေျပာလာသည္ကေတာ့ ပထမဆံုးအႀကိမ္ျဖစ္သည္။

ေမာင္ရဲ့စန္းက မေခ လိုက္တာ။
သူကေတာ့ ေမာင္ စန္းပြင့္လို႔ ေမာင့္ကိုသေဘာက်တာမဟုတ္...
ေမာင္ စန္းမပြင့္လည္း သူသေဘာက်ေနဦးမွာပင္။
ေစာနက ေကာင္မေလးေတြလို လက္ေဆာင္မေပးႏိုင္ေသးေပမဲ့ေပါ့။

အတိတ္ေတြကိုျပန္ေတြးၾကၫ့္ရင္ႃပံုးရတာအခါခါ...
ေမာင္နဲ႔သူနဲ႔ ဆံုခဲ့ပံုက ေနြဦးရာသီလို အၿမဲလြမ္းခ်င္စရာ...ျမတ္ႏိုးခ်င္စရာ...

ဆရာမ်ားေနသၫ့္အေပၚဆံုးအထပ္ကို ပစၥည္းသြားယူၿပီးျပန္ဆင္းလာေတာ့ ေန့လယ္စာ စားခ်ိန္ကေက်ာ္ေနေလၿပီ။ ကိစၥမရိွပါ။ဒီညေနသူအတန္းတက္မည္မဟုတ္။ေမာင္တို႔ႏွင့္အတူတူအခ်ိန္ကိုကုန္ဆံုးျဖစ္လိမ့္မည္။
ထူးဆန္းလွသည္။ ေမာင္ကသူ႔အတြက္အၿမဲ ပထမဆံုးေသာအရာေတြကိုေဆာင္က်ဉ္းေပးႏိုင္သည္။ ပထမဆံုး သူစိမ္းႏွင့္ဘုရားအတူသြားျခင္း။ပထမဆံုးအတန္းလစ္ျခင္း။ေက်ာင္းေရာက္သၫ့္ ပထမဆံုးရက္တြင္ ပထမဆံုးအကူအညီေပးခဲ့သၫ့္လူ။ ပထမဆံုး ရင္ခုန္တတ္ေစသၫ့္လူဟာ ေမာင္ပါပဲ။

ပန္းခ်ီခန္းမသည္ ဝိဇၨာေဆာင္၏အေနာက္ဘက္တြင္ရိွသည္။ပန္းခ်ီခန္းမဟူ၍ႀကီးႀကီးက်ယ္က်ယ္ ျပတိုက္ပံုစံမ်ိဳးေတာ့မဟုတ္။ ေအအီးအခန္းေတြၾကားတြင္ ရိွေသာ ေပသံုးဆယ္ ပတ္လည္ အခန္းေလးျဖစ္သည္။ သို႔ေသာ္ထိုအခန္းေသးေလးက ပန္းခ်ီဝါသနာပါသၫ့္ သူေတြအတြက္ေတာ့ နိဗၺာန္ဘံု။

အစက ဂ်က္ဆင္ဘုရားေက်ာင္းဘက္လမ္းကေနသြားဖို႔စိတ္ကူးေသာ္လည္း ေကြ့ပတ္သြားရမည္က ပိုအလုပ္ရႈပ္လွတာေၾကာင့္ အဓိပတိလမ္းတန္းတန္းသာသြားဖို႔စိတ္ကူးလိုက္သည္။
လာႀကိဳမယ္ဆိုသၫ့္ ေမာင့္ကိုေတာ့အတင္းတားရသည္။ အသြားအျပန္ ေဝးလြန္းလွသည္။

°°°°

"ဟိတ္..ဟိတ္!"

ပလက္ေဖာင္းေပၚကေလ်ွာက္ေနရင္း ေဘးတြင္လာရပ္သၫ့္ကားထဲကလူ၏လွမ္းေခၚသံကို သူၾကားလိုက္ရသည္။ ကားထဲကလူကို ေစာနရီျမင္ဖူးသလိုရိွေပမဲ့ဘယ္ေနရာမွာဆံုဖူးမွန္းမသိ။

"ကိုယ့္ကိုယ္ မမွတ္မိဘူးလား။ အရင္တစ္ေခါက္ စာအုပ္ဆိုင္မွာ စံပယ္နဲ႔တူတူေတြ႕ဖူးတယ္ေလ။"

ပါးသိုင္းေမႊးစိမ္းဖန႔္ဖန႔္ႏွင့္လူ။ သူမွတ္မိၿပီ။

"သိၿပီဗ်။ ဘာလိုလဲမသိဘူး။"

"ကိုယ့္ကိုယ္ ပန္းခ်ီခန္းကို လမ္းတစ္ခ်က္ၫႊန္ေပးပါလား။"

"ဪ ဟုတ္ကဲ့...ဒီအဓိပတိလမ္းတန္းတန္းကေနသြား။ ဘဲြ႔ႏွင္းသဘင္ေရာက္ရင္ ဘယ္ဘက္ကိုခ်ိဳး။ဝိဇၨာေဆာင္ရဲ့ အေနာက္မွာ ရိွတယ္ဗ်"

"ဝိဇၨာေဆာင္ရဲ့အေနာက္... ကိုယ္ကေလ ဒီေက်ာင္းကို သိပ္မေရာက္ဖူးေတာ့ လိုက္ျပေပးပါလား။ မင္းက ဘယ္သြားမွာလဲ။ကိုယ္ျပန္လိုက္ပို႔မယ္ေလ။"

"ကၽြန္ေတာ္လည္း ပန္းခ်ီခန္းကိုသြားမွာပါ။"

"ဪ ဒါနဲ႔မ်ား။ ကားေပၚတက္။"

"ဗ်ာ..အားနာစရာ"

ကားေပၚကလူက ေစာနရီကို ၾကၫ့္ရင္းသေဘာတက်ရယ္သည္။သူ႔မ်က္လံုးေတြက ပထမဆံုးေတြ့တုန္းကလို ရင့္သီးမေနဘဲ ႃပံုးေနဟန္ေပါက္သည္။
"ဘယ္သူကအားနာေနတာလဲ။ကိုယ္က လမ္းျပခိုင္းေနတာကို။ အိုးကမပူ စေလာင္ကပူေနပါၿပီ၊တက္ပါ"

ေစာနရီလည္းမတတ္သာေတာ့ပဲ ကားထဲေနာက္ခန္းတြင္ဝင္ထိုင္လိုက္သည္။ကားထဲကိုဝင္လိုက္သည္ႏွင့္ ေရေမႊးနံ႔က စူးခနဲပင္။ ေယာက္်ားသံုးေရေမႊးနံ႔မွန္းသိသာသည္။
ကားအျပင္အဆင္အရ သည္လူက သူေဌး၊ဒါမွမဟုတ္ သူေဌးသားလို႔ပင္ေျပာ၍ရသည္။

သူဆက္ၫႊန္းစရာမလိုပဲ ထိုလူက ေက်ာင္းလမ္းေတြကို ကၽြမ္းက်င္စြာခ်ိဳးေကြ့သည္။
လမ္းမသိတာေကာ ဟုတ္ရဲ့လားဟု အထင္လဲြခ်င္စရာ။သို႔ေသာ္ ေစာနရီကေတာ့မ်ားမ်ားစားစားမေတြးေပ။

"နာမည္က?"

ကားမွန္ကေန အျပင္ကိုၾကၫ့္ေနတုန္း အေမးခံရသည္မို႔ ကားေနာက္ၾကၫ့္မွန္ကေန တဆင့္ျပန္ၾကၫ့္ရင္း သူျပန္ေျဖလိုက္သည္။
"ေစာနရီပါ..."

"ဪ! ဘာတက္ေနတာလဲ။"

"ျမန္မာစာပါ။ "

"ဘယ္ Year ?"

"ရိုးရိုးတန္းေနာက္ဆံုးႏွစ္"

ေမးလို႔သာေျဖရသၫ့္ပံုစံေၾကာင့္ထိုလူကလည္းဆက္မေမး။ေစာနရီကလည္းဆက္မေျပာ။
တိတ္ဆိတ္ျခင္းက ႀကီးစိုးသြားျပန္သည္။
ဝိဇၨာေဆာင္ေရ႔ွတြင္ကားထိုးရပ္ကာ သူတို႔ႏွစ္ေယာက္ပန္းခ်ီခန္းကိုသြားၾကသည္။

ပန္းခ်ီခန္းမကိုေရာက္ေတာ့ အခန္းေရ႔ွတြင္မတ္တပ္ရပ္ကာစကားေျပာေနေသာ ကိုေအာင္ေက်ာ္ဦးႏွင့္အရင္ေတြ့သည္။
ကိုေအာင္ေက်ာ္ဦးကေစာနရီကိုျမင္သည္ႏွင့္

"အဲ လာၿပီလား။ မင္းရဲ့ေမာင္ကေတာ့ ကိုေအာင္ရင္ဆိုင္ေရာက္သြားၿပီ။ ေဇရဲကဗိုက္ဆာလို႔ဆိုၿပီးအတင္းေခၚသြားလို႔။ မင္းလာရင္ ဆက္ဆက္မွာေပးပါဆိုလို႔။သြားလိုက္ဦး။ သူ႔မွာလည္း မင္းမွမေတြ့ရရင္ ေမ်ာက္မီးခဲထိုင္ထားသလိုပဲ။"

မေမးပါဘဲ တရစပ္ေျဖရွင္းေပးေနေသာ ကိုေအာင္ေက်ာ္ဦးေၾကာင့္ အေနာက္ကပါလာသၫ့္ဧၫ့္သည္ကိုပင္ေစာနရီအားနာသြားရသည္။
"ဟုတ္ကဲ့ ကၽြန္ေတာ္ သြားလိုက္မယ္ ကိုေအာင္!"

"ေအး လက္ထဲကပစၥည္းေတြထားခဲ့ေလ။စားေသာက္ၿပီးမွေအးေဆးလုပ္ၾကတာေပါ့"

"အစ္ကို ေျပာတဲ့ ပန္းခ်ီခန္းပဲ၊"
ပါလာသၫ့္လူကို သူလွမ္းေျပာလိုက္၏။

"ဟုတ္လား။ ကိုယ္ကေနြဦးေမာင္ကိုလာေတြ့တာ၊ သူရိွတဲ့ေနရာပဲလိုက္ခဲ့မယ္ေလ"

"ဟင္...ေမာင့္ အဲ.. ကိုေနြဦးေမာင္အသိလား။"

"ဒါေပါ့၊ သူငယ္ခ်င္းေလ။"

ထိုအခါမွေစာနရီဆက္စပ္ေတြးမိသည္။
ခင္ဆိုသၫ့္အမ်ိဳးသမီးႏွင့္ေမာင္ကရင္းႏွီးသည္။
သည္လူႏွင့္ခင္ က သိသည္။
ဒါဆို သည္လူနဲ႔ေမာင္နဲ႔သိတာက ျဖစ္သင့္သည္။

"ဟုတ္ဟုတ္။ဒါဆို ကၽြန္ေတာ္နဲ႔ ကိုေအာင္ရင္ဆိုင္လိုက္ခဲ့ေလ။"

"ေက်းဇူးအထူးေပါ့ဗ်ာ။ အေစာ.."

အမိုးသာေခၚဖူးသၫ့္နာမည္အဖ်ားကို သူစိမ္းတစ္ရံဆီကၾကားရသည္မို႔ ထူးဆန္းလွေပမဲ့ စကားအပိုမေျပာေတာ့ပဲ ကိုေအာင္ရင္ဆိုင္ကိုထြက္လာရျပန္သည္။

°°°°
"ထိုင္စမ္းပါ ေနြဦးေမာင္ရာ။အရပ္ကကလန္ကလားနဲ႔ကြာ မင္းရဲ့နရီကလာမွာပါ။ ကိစၥရိွလို႔ေနမွာေပါ့။ တကယ္ၾကၫ့္မရေတာ့ဘူး။ေစာနရီက ကေလးလည္းမဟုတ္ဘဲနဲ႔"

သြားႀကိဳမယ္တကဲကဲလုပ္ေနေသာ ေနြဦးေမာင္ကို ေဇရဲက ျမည္တြန္ေတာက္တီးေတာ့သည္။
ေဇရဲမေျပာႏွင့္ ေတာ္ရံုစကားမစသၫ့္ လြန္းေနာင္ပင္ ဘုၾကၫ့္ၾကၫ့္ေနၿပီ။

"မသိရင္သမီးရည္းစားက်ေနတာပဲ၊ ေစာက္ကဲကိုပိုတယ္။ ေနာ့္အခ်စ္"

မဂၢ၏အသံမွန္းေျပာစရာမလို။

ေနြဦးေမာင္ကေတာ့ မၾကည္မသာရုပ္ျဖင့္
"အဲ့ဘက္ကေန ဒီဘက္ကိုလာရတာ အေဝးႀကီးကြ...ငါတို႔က ကားနဲ႔လာတာမို႔ မသိသာတာ၊ လမ္းေလ်ွာက္ရတဲ့သူဆို ပစၥည္းေတြနဲ႔ပိုေမာမွာေပါ့။ကားေသာ့ေပးကြာ။"

ေျပာမနာဆိုမနာသူငယ္ခ်င္းမို႔ မဂၢ၏ကားကိုလည္း အခ်င္းခ်င္း ပတ္လည္ရိုက္သံုးသည္။ အရင္ကေတာ့သိပ္မသံုးေပမဲ့ ေနြဦးေမာင္က အခုမွ အသံုး ကဲလာသည္။

ေဇရဲသည္ ထပ္ဆဲမည္ျပဳရင္း ျမင္ကြင္းရိွလမ္းထဲသို႔ ဝင္လာေသာလူႏွစ္ေယာက္ကို တၫ့္တၫ့္မတ္မတ္ေတြ့လိုက္ေလသည္။
"လာၿပီ...ေမာင့္နရီနဲ႔..."

ေနြဦးေမာင္ဆတ္ခနဲၾကၫ့္မိခ်ိန္တြင္ ေစာနရီကိုသတိျပဳမိၿပီးေနာက္ အေနာက္ကပါလာေသာသူ၏မ်က္ႏွာကိုပါရွင္းလင္းစြာျမင္လိုက္ရသည္။
ေဒါသဟုေခါင္းစဉ္တပ္မရသၫ့္တိုင္ ေပါက္ကဲြမႈတစ္ခုေၾကာင့္ နရီ ဆိုင္ထဲမေရာက္ခင္မွာဘဲ သူ႔ေျခလွမ္းက်ဲႀကီးေတြက အျပင္ဘက္ကိုဦးတည္ေနေလၿပီ။ ဝိုင္းတြင္က်န္ခဲ့သၫ့္ သံုးေယာက္ပင္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္မိလိုက္ၾကသည္။

"နရီ!"

ေနြဦးေမာင္သည္ ေစာနရီလက္ကို ဆတ္ခနဲဆဲြၿပီး အေနာက္သို႔ပို႔လိုက္ကာ နရီႏွင့္အတူပါလာသၫ့္လူအား မ်က္ႏွာခ်င္းဆိုင္လိုက္သည္။
ေစာနရီပင္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားကာ ေနြဦးေမာင္အကြယ္ကေန ေခါင္းျပဴၾကၫ့္ေလသည္။

"ၾကားထားတဲ့သတင္းအတိုင္းပါပဲလား။ေနြဦးေမာင္ရဲ့။"

ေနြဦးေမာင္သည္ ေစာနရီဘက္သို႔ျပန္လွၫ့္လိုက္သည္ႏွင့္ မ်က္ႏွာက အတန္ငယ္ေပ်ာ့ေျပာင္းသြားကာ
"နရီ...ေန့လယ္စာသြားစားေတာ့ေလ။ ေမာင္လာခဲ့မယ္ေနာ္"

"အဆင္ေျပလို႔လား"

"ဒါေပါ့။ အဆင္မေျပစရာဘာအေၾကာင္းရိွလဲ?သြား.."

ေစာနရီထြက္သြားမွ ေနြဦးေမာင္က တစ္ဖက္ကို စိမ္းကားစြာ ျပန္ၾကၫ့္သည္။

"ဘာကိစၥလဲ ဥႆဦး!"

"အမယ္ ဘယ္ဆိုးလို႔လဲ။ငါ့နာမည္ေတာ့မွတ္မိသားပဲ။"

"လိုရင္းေျပာ။ ငါ့မွာမင္းေလာက္အခ်ိန္မေပါဘူး။ဘာကိစၥဒီကိုလာတာလဲ"

ေနြဦးေမာင္၏ေလသံက ရွားရွားပါးပါး ခက္ထန္လွသည္။
ဥႆဦးသည္ ဂ်င္းေဘာင္းဘီအိတ္ကပ္ထဲ လက္ကိုဟန္ပါပါထၫ့္ရင္း ဝမ္းနည္ဟန္ျဖင့္
"စိတ္မေကာင္းစရာပဲ။မေတြ့တာၾကာေပမဲ့ သူငယ္ခ်င္းက လာမေတြ့။ ကိုယ္တိုင္လာေတြ့ေတာ့လည္း သူငယ္ခ်င္းက စိမ္းကားရက္ေလျခင္း"

မ်က္ႏွာခ်င္းဆိုင္ရပ္ေနၾကသၫ့္ သူတို႔ႏွစ္ေယာက္၏အရပ္ေတြကတေျပးညီ။

ေနြဦးေမာင္သည္ ဥႆဦးကို စိတ္ပ်က္ဟန္ၾကၫ့္သည္။ထိုအၾကၫ့္ေၾကာင့္ ဥႆဦး၏ပံုစံကပိုၿပီးအရဲြ႔တိုက္ဖို႔ တာဆူလာသည္။
"မင္းအႀကိဳက္ေတြကႏွစ္ၾကာလည္းမေျပာင္းလဲဘူးေနာ္။ အရင္ကေတာ့ ပိုင္ရွင္ရိွၿပီးသား မိန္းကေလးနဲ႔ပလူးတယ္။ အခုက်ေတာ့ ခပ္ႏံုႏံုေယာက္်ားတစ္ေယာက္တဲ့လား။"

"ဥႆဦး!! မင္းေစာက္ပါးစပ္ကို စည္းကမ္းရိွဖို႔ ငါအၿမဲေမ်ွာ္လင့္ခဲ့တာ။ဘာလဲ။ဒီေက်ာင္းမွာ မင္းကိုယ္မင္း ေဘာင္ဝင္မယ္ထင္ေနလား။"

ဥႆဦးက ခပ္ဟဟရယ္ရင္း
"ေအးေပါ့။ ဒီေက်ာင္းမွာေဘာင္မဝင္ရင္ေတာင္...အေစာ ဆီမွာေတာ့ ေဘာင္ဝင္ခ်င္ဝင္မွာေပါ့။"

ေနြဦးေမာင္၏မ်က္ႏွာက တမဟုတ္ခ်င္းေမွာင္မဲသြားသည္။ အံႀကိတ္ထားရ၍ေမးရိုးရိွအေၾကာမ်ားပင္ေထာင္းေထာင္းထလာသည္။
ဥႆဦးရဲ့ေကာ္လံကို သူဘယ္အခ်ိန္ကတည္းက ဆဲြစုတ္ထားမိမွန္းမသိလိုက္ပါ။
"ဘာ! အေစာ ဟုတ္လား?။ မင္းသူ႔ကိုထိရဲရင္ေတာင္ ငါကထိဖို႔ခြင့္ျပဳမယ္ထင္ေနလား။
ငါတို႔ၾကားကျပႆနာမွာ ေျမစာပင္လိုက္မရွာနဲ႔"

ေနြဦးေမာင္၏မ်က္ႏွာမွာ ေဒါသအေငြ့တလူလူထြက္ေနသလို ဥႆဦး၏မ်က္ႏွာကလည္း နာက်ည္းခ်က္ေတြအျပၫ့္။ေလွာင္ခ်င္ဟန္က အစြန္းထြက္။
"ဒီေနရာမွာ ငါေအာ္ရယ္ပစ္ခ်င္လိုက္တာ ေနြဦးေမာင္ရာ..."

ဥႆဦးက ေနြဦးေမာင္ရဲ့လက္ကို ဆဲြျဖဳတ္လိုက္ရင္း ရင့္ရင့္သီးသီး ထပ္ဆိုသည္။
"ငါတို႔ႏွစ္​ေယာက္ၾကားက ျပႆနာက ၾကားလူေၾကာင့္ပဲမဟုတ္လား။ ဘာအခုမွေျမစာပင္လဲ။
ဟက္... အမွန္ေတာ့ ငါက မင္းကိုလြမ္းေနတာေလ။ အခုေတြ့ရၿပီဆိုေတာ့ အလြမ္းေျပသြားၿပီ။
ေနာက္လည္းလာခဲ့မယ္ေနာ္။မင္းေျပာသလိုပဲ အခ်ိန္ေတြသိပ္ေပါေနလို႔၊"

"အာ ေမ့လို႔။ မင္းဆီလာမွာေတာ့မဟုတ္ဘူး။ အေစာ ဆီကို။ bye bye "

ဥႆဦး၏မ်က္ႏွာေပးသည္ သူ႔ေဒါသနဲ႔မ်ိဳသိပ္ထားရသၫ့္ခံစားခ်က္ေပါင္းစံုကို တြန္းအားေပးေနသည္။
ကိုေအာင္ရင္ လက္ဖက္ရည္ဆိုင္ထဲကို ေနြဦးေမာင္ ျပန္လွမ္းၾကၫ့္လိုက္ခ်ိန္တြင္ သူ႔ကို ပူပန္စြာ လွမ္းၾကၫ့္​ေနသၫ့္ နရီႏွင့္ အၾကၫ့္ခ်င္းဆံုသည္။
သူ ေနာင္တ သိပ္ရသည္။ ဘာလို႔ နရီ့ကို အစကနဦးကတည္းက နီးစပ္ဖို႔မႀကိဳးစားခဲ့တာလဲ။
အခ်ိန္ၾကာႀကီးမတဲြထားရေသးသၫ့္ ႀကိဳးမို႔ ျပတ္ဖို႔အေၾကာင္းဖန္လာမွာကိုသူေၾကာက္သည္။

°°°°°
စာေရးသူမွတ္စု

အခ်ိန္ၾကာသြားရတာက စာေရးဖို႔စိတ္ကို ေခြးစားသြားလို႔ပါ။😞 စားသြားတဲ့ေခြးကိုသာေျပာပါ။အိုင့္ေၾကာင့္မဟုတ္ပါ😁

ဆရာေက်ာ္ေျပာတဲ့အေၾကာင္းက
ဆရာႀကီးေနဘုန္းလတ္ေျပာတဲ့တကၠသိုလ္ပါ❣️❣️
















































Continue Reading

You'll Also Like

10.6M 714K 67
punishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။
6.6K 427 194
Ez egy random hülyesegem
333K 26.5K 29
Mini Story Uni Life Style Sweet Romance
972K 51K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...