Unicode
အဖြစ်အပျက်တွေဖြစ်ပျက်ပြီးတဲ့နောက်မှာချက်ချင်းပဲဗြိတိန်ရဲ့ဘုရင်ကြီးကပြင်သစ်ကိုဆင့်ခေါ်လိုက်သည်။
ယခင်ကတည်းကစကားကမ်းလှမ်းထားပြီးဖြစ်တာကြောင့်မင်္ဂလာပွဲအားနောက်နှစ်ရက်အလိုတွင်ကျင်းပတော့မည်ဖြစ်သည်။
နောက်နှစ်ရက်ဆိုရင်ပဲပြင်သစ်နဲ့ဗြိတိန်ကပေါင်းစည်းတော့မည်။
မင်္ဂလာပွဲကိုတတ်နိုင်သမျှအလျင်စလိုပြုလုပ်ထားကြသည်။
အဘယ်ကြောင့်ဆိုသော်မင်းသားလေးစိတ်ပြောင်းသွားလျှင်မည်သို့မျှမဖြစ်သောကြောင့်သာ...
မင်းသားလေးကတော့တစ်နေကုန်သူ့အခန်းထဲမှပင်မထွက်။
"သားငယ် နောက်နှစ်ရက်ကျရင်မင်္ဂလာပွဲကိုကျင်းပတော့မယ်"
"ဂျွန်ရော သူကောင်းကောင်းနေနေရရဲ့လား"
"သားငယ်ရဲ့ကပ္ပတိန်ကောင်းကောင်းရှိနေပါတယ်၊မယ်တော်အဆင်ပြေအောင်စီစဉ်ပေးထားတာပဲ"
"အင်း"
"သားငယ်ထမင်းလည်းနည်းနည်းပဲစားတယ်
မယ်တော်ယူလာတဲ့နွားနို့တစ်ခွက်ကိုတော့မငြင်းဘူးမလား"
"သားသောက်လိုက်မယ် အဲ့မှာပဲထားခဲ့ပါ"
"မယ်တော်ရှေ့ပဲသောက်
မယ်တော်ပြန်သွားရင်နွားနို့ခွက်ကိုမှောက်ပစ်လိုက်မှာမလား ကိုယ့်ကိုကိုယ်လည်းဂရုစိုက်ပါဦး သားငယ်ရယ်
ဒီပါးလေးတွေပိန်ဝင်နေတော့မှာပဲ"
နွားနို့ကိုမတ်ခွက်ကြီးနဲ့ထည့်လာသောမယ်တော်ကိုပြန်ပြီးကလန်ကဆန်မလုပ်ချင်တာကြောင့်တစ်ငုံတော့သောက်လိုက်သည်။
ချိုဆိမ့်ဆိမ့်အရသာနွားနို့ကတောင်သူ့ရင်ထဲကပူလောင်မှုကိုခြေဖျက်နိုင်စွမ်းမရှိချေ...။
"သောက်ဦးလေ"
"သားဗိုက်မဆာဘူး"
"ဒီတစ်ခွက်လေးပဲကုန်အောင်သောက်လိုက်ပါသားရယ်
သားငယ်ဒီလိုဖြစ်နေတာကိုမယ်တော်မမြင်ချင်တော့ဘူးလေ"
"တစ်ယောက်တည်းနေချင်တယ်
မယ်တော့်ကိုတော့အားနာပေမယ့်ထွက်သွားပေးပါလား"
"သားငယ်..."
"အခုချိန်မှာဘယ်သူ့ကိုမှမမြင်ချင်ဘူး"
"ဘယ်တုန်းကများသားငယ်ဒီလောက်ဖြစ်သွားရတာလဲ
ကတိပေးထားရင်ကတိအတိုင်းလုပ်ပေးရမယ်၊ဒါပေမယ့်ဒီအတိုင်းသာဆက်လုပ်နေရင်နောက်ဆုံးသားငယ်အားတွေလျော့ပြီးသေလိမ့်မယ်
မယ်တော်ပြောတာနားထောင်ပါ"
"သေတော့လည်းဘာဖြစ်လဲ
အစတည်းကရှင်သန်လာရမယ့်အစားသေလူပဲဖြစ်ခဲ့ရမှာ၊သေသွားခဲ့ရင်တောင်ဒီလောက်ခံစားခဲ့ရမှာမဟုတ်ဘူး"
"အဲ့လိုမပြောနဲ့လေကွယ် ကောင်းပြီ
သားရဲ့ကပ္ပတိန်လွတ်ဖို့မယ်တော်အစွမ်းကုန်ကူညီပေးမယ်၊နောက်နှစ်ရက်သားလက်ထပ်ပြီးတဲ့နေ့မယ်တော်တို့ထောင်ဖောက်ကြမယ်၊ပြီးရင်ကပ္ပတိန်ဂျွန်ကိုပြန်လွှတ်လိုက်မယ်"
ငိုက်စိုက်ကျနေသောခေါင်းလေးပြန်မတ်လာသည်။
ငိုထားတာတစ်နေ့လုံးတစ်ညလုံးဖြစ်လို့မျက်လုံးလေးတွေဟာနီရဲတွတ်လျက်...
"တကယ်လား"
"အဲ့ဒီ့အစားသားငယ်ကျန်းကျန်းမာမာဖြစ်အောင်နေရမယ် အခုနွားနို့တွေကိုသောက်လိုက်ပါ"
"အင်းးးသောက်မယ်"
ချက်ချင်းဆိုသလိုနွားနို့ခွက်ကိုကိုင်ပြီးမော့ချလိုက်တဲ့သားငယ်ကိုကြည့်ရင်းသူမပျော်ရပြန်ပါသည်။
တစ်ဖက်တွင်လည်းဝမ်းနည်းရပြန်သည်။
အချစ်အတွက်နဲ့သူမရဲ့သားငယ်ကကပ္ပတိန်ဂျွန်သာအသတ်ခံရရင်သူပါလိုက်သေမည့်ပုံဖြစ်နေသောကြောင့်ရင်နာရပြန်ပါသည်။
နောက်ဘယ်လိုအရာတွေကဆက်ဖြစ်လာဦးမလဲမသိ
ရင်မောလိုက်တာသားငယ်ရယ်....
_____
အချိန်တွေကုန်တာမြန်လွန်းသည်။
နှစ်ရက်ဆိုတဲ့အချိန်ကလွမ်းဆွတ်မှုတွေကိုဖြေဖျောက်ပေးနိုင်ဖို့စွမ်းအားမရှိခဲ့...
အလောတကြီးကျင်းပတဲ့မင်္ဂလာပွဲကိုသူလည်းမတက်ရောက်ချင်သလိုဒီလိုဖြစ်အောင်ဖန်တီးပေးသောကံကြမ္မာကိုလည်းမုန်းလှသည်။
ဒီလောက်အခက်အခဲတွေကိုကျော်ဖြတ်ပြီးအတူတူနေရတော့မယ်ကြံခါမှကံအလှည့်အပြောင်းကဖျက်လိုဖျက်ဆီးလုပ်ရသည်လား...
အကယ်၍ဂျွန်မလွတ်နိုင်ခဲ့ပဲကြိုးဒဏ်ပေးခံရမယ်ဆိုလျှင်သူပါလိုက်သေဖို့ဆုံးဖြတ်ထားသည်။
မချစ်မနှစ်သက်တဲ့လူနဲ့တစ်သက်လုံးပေါင်းသင်းနေရမယ့်အစားသေပစ်လိုက်တာကမှကောင်းဦးမည်။
မင်္ဂလာပွဲနေ့...
နန်းတော်ကြီး၏ဥယျာဉ်တော်ကြီး၌စည်ကားလို့နေပေသည်။
အဖြူရောင်ပိတ်စများဖြင့်ဆီးကာထားပြီးစားပွဲဝိုင်းများ၊မုန့်များ၊အစုံအလင်ပြင်ဆင်ထားကြသည်။
ဤအရာများဟာတစ်ပါးသူများအတွက်တော့အမြင်လှပေမယ့်မင်းသားလေးအတွက်တော့အသုဘအခမ်းအနားသဖွယ်သာရှိလေသည်။
လူတွေအားလုံးစုံညီတက်ရောက်ကြပြီးပျော်ပွဲရွှင်ပွဲများကျင်းပနေခိုက်မင်းသားလေးကမပျော်နိုင်ခဲ့ပါ။
သူ၏စိတ်တွင်ဟိုးမနီးမဝေးကလှမ်းမြင်နေရသည့်အကျဉ်းထောင်ထဲကဂျွန့်ဆီကိုပဲရောက်နေသည်။
ပြင်သစ်ရဲ့မင်းသမီးဆယ်လာကလည်းစိန်တွေနဲ့တောက်ပြောင်နေတဲ့အဖြူရောင်ဂါဝန်ရှည်ရှည်ကိုဝတ်ဆင်လို့သူ့ရှေ့ဆိုက်ရောက်နေခဲ့ပြီ။
မျက်နှာပေါ်မှာအလှအပများကိုလိမ်းခြယ်ထားပြီးမထူမပါးနှုတ်ခမ်းတစ်စုံကိုနီနီရဲရဲဆိုးထားသည်။
နတ်သမီးတမျှလှပသောသူမကိုလည်းသူမမက်မောမိခဲ့။
သူမက်မောခဲ့သည်ကနှုတ်ခမ်းပါးလေးတွေရဲ့ပိုင်ရှင်ကိုသာ...
ဘိသိက်ဆရာကမင်္ဂလာကိစ္စအဝဝအတွက်ပြုလုပ်စရာရှိတာ၊ရွတ်ဖတ်စရာရှိတာကိုရွတ်ဖတ်နေသည်။
"သတို့သားကသတို့သမီးကိုတစ်သက်လုံးချစ်ခင်ကြင်နာစွာပေါင်းဖက်မည်ဟုကတိပြုပါသလော"
မလှမ်းမဝေးမှာရှိနေတဲ့အစ်ကိုနမ်ဂျွန်းကိုလှမ်းကြည့်တော့'ပေးခဲ့တဲ့ကတိကိုအခုတည်တော့လေ'ဟူသောအကြည့်ဖြင့်လှမ်းကြည့်နေသည်။
ကွဲအက်စပြုနေပြီဖြစ်သောနှလုံးသားရဲ့စကားသံကိုခေါက်ထားလိုက်ကာလက်ခံမိသည်။
ဂျွန်မသေဖို့အရေးအတွက်သူဒီလောက်တော့စွန့်လွှတ်ရမည်။
"ကတိပြုပါတယ်"
"သတို့သမီးကရောသတို့သားကိုတစ်သက်လုံးချစ်ခင်ကြင်နာစွာပေါင်းဖက်မည်ဟုကတိပြုပါသလော"
"ကတိပြုပါတယ်"
"ဒါဆိုနတ်ဘုရားများရဲ့အလိုဆန္ဒအရမင်္ဂလာပွဲပြီးမြောက်ပါပြီ၊သတို့သားနဲ့သတို့သမီးအခုအကြင်နာပေးအပ်နိုင်ပါပြီ"
ဆယ်လာကသူမရဲ့မျက်လုံးတွေကိုမှိတ်ချကာရှေ့တိုးလာသည်။သူ့နှုတ်ခမ်းတွေကနှုတ်ခမ်းပါးတစ်စုံကိုပဲလက်ခံနိုင်စွမ်းရှိခဲ့တာ...
နှုတ်ခမ်းထက်လက်ညှိုးတစ်ချောင်းတင်ကာအနမ်းကိုပယ်ဖျက်ပစ်လိုက်သည်။ဆယ်လာကတော့အံ့သြသွားပုံရပေမယ့်သူမဘာမှတော့မပြောပေဘူး။
ဖြောင်း!!ဖြောင်း!!ဖြောင်း!!
ကျယ်လောင်စွာထွက်ပေါ်လာတဲ့လက်ခုပ်သံတွေ
ဒီလက်ခုပ်သံတွေကဂျွန်နဲ့သူ့အတွက်ဖြစ်ခဲ့ရမှာ...
ကျွန်တော့်ကိုရောဒီတစ်ခါမကယ်နိုင်တော့ဘူးလား
ဂျွန်...
သံတိုင်သုံးချောင်းကာထားတဲ့ကြားကခြိမ့်ခြိမ့်သဲစည်ကားနေသောမင်္ဂလာပွဲကိုကြည့်နေမိသည်။ထောင်နဲ့မင်္ဂလာပွဲလုပ်တဲ့နေရာကနီးတော့ပြုလုပ်သမျှကိုအတိုင်းသားမြင်နေရသည်။
နှုတ်ခမ်းထူလေးပေါ်နှုတ်ခမ်းသားလေးတစ်စုံထပ်တူကျမိတဲ့အချိန်အကြည့်တွေကိုလွှဲပစ်လိုက်သည်။နောက်ဆုံးတော့ဂျီမင်းသည်သူမအပိုင်ပဲဖြစ်ခဲ့ပါလား
မျှော်လင့်ချင်မနေမိတော့တာအမှန်...
ကိုယ်မဟုတ်ပဲတစ်ခြားလူနဲ့ရှိနေတာကိုကြည့်ရတာတော့အရုပ်ဆိုးသည်။အတ္တကြီးတယ်လို့ထင်စရာဖြစ်နေတဲ့သူ့ရဲ့အတွေးတွေအကုန်လုံးကိုသူဖျောက်ဖျက်ပစ်လိုက်ချင်သည်။
မှတ်ဉာဏ်တွေရောအကုန်ဖျက်ဆီးပစ်ချင်သည်။
မှတ်ဉာဏ်တွေရှိနေလေပိုပြီးလောဘကြီးလေလေ
ထပ်ပြီးပိုင်ဆိုင်ချင်မိပြန်ပြီ....။
မင်္ဂလာဦးအခန်းထဲရောက်ထဲကငိုင်နေတဲ့သူမရဲ့ခင်ပွန်းဖြစ်သူကိုကြည့်ရင်းဆယ်လာတစ်ယောက်စိတ်မကောင်းဖြစ်ရပါသည်။သူမဒီကိုရောက်မလာခင်ကတည်းကသတင်းတွေကိုကြားခဲ့သည်။
မင်းသားကိုအတင်းအကျပ်သူမနဲ့လက်ထပ်စေခဲ့သည်။
သူမသိပ်ချစ်သည်။
မင်းသားကိုလွန်ခဲ့တဲ့၈လ၊မွေးနေ့ပွဲမှာမြင်ခဲ့ရတည်းကသိပ်ချစ်ခဲ့ရတာ...
စေ့စပ်ရမယ့်သူမှန်းသိလိုက်ရတဲ့အခါသိပ်ပြီးကံအကောင်းဆုံးလူဆိုပြီးပျော်ရတာအမော...
ပျောက်သွားသည့်ညကအရူးလိုပြာယာခတ်ငိုခဲ့ဖူးသည်။
နောက်၈လကြာပြီးမှမင်းသားကသူမမဟုတ်တဲ့တစ်စုံတစ်ယောက်ကိုချစ်မိသွားသည်တဲ့လား။
ကံကြမ္မာဇာတ်ဆရာသည်သူမအပေါ်ရက်ရက်စက်စက်။
"မင်းသား"
"......."
"ဆယ်လာလေ..."
"ထွက်သွား"
"မင်းသားရဲ့အခြေအနေကိုနားလည်ပါတယ်
ဆယ်လာ..."
"မင်းဘက်ကမသိပေမယ့်ငါ့အဖေကနိုင်ငံနှစ်ခုအတွက်နဲ့ငါ့ဘဝကိုပြောင်းပြန်လှန်သွားတာ
မင်းနဲ့ကိုယ်လက်ထပ်ခဲ့တာ အချစ်မပါဘဲနဲ့လေ
ရယ်စရာတော့နည်းနည်းကောင်းတယ်မလား"
မင်းသား၏စကားလုံးတွေသည်ဓားတစ်ချောင်းကဲ့သို့သူမရင်ထဲစိုက်ဝင်သည်။
သူမဘက်ကနှလုံးသားတစ်ခုလုံးနှင့်ရင်းနှီးပြီးမြတ်နိုးခဲ့ရသလောက်မင်းသားသည်သူမကိုအမုန်းကြီးမုန်းနေသည်။
"ကပ္ပတိန်ဂျွန်ကိုဖမ်းထားတဲ့ထောင်မှာထားထားတဲ့အစောင့်တွေကပြင်သစ်ကအစောင့်တွေ၊ဗြိတိန်ကဆိုရင်မင်းသားအမိန့်ပေးနိုင်မှန်းသိလို့ဘုရင်ကြီးကပြောင်းထားတာ
မင်းသားလက်ခံမယ်ဆိုရင်ကပ္ပတိန်ဂျွန်ကိုဒီညပဲကယ်ထုတ်လို့ရတယ်၊ပြီးရင်မင်းသားပါလိုက်သွားလို့ရနိုင်ပါတယ်"
တစ်လုံးချင်းစီထွက်ကျလာတဲ့သူမရဲ့အသံဟာတကယ့်ကိုတိုးတိုးလေး...။
ကိုယ်ပိုင်ဆိုင်ထားပြီးတဲ့အဖိုးတန်အရာကိုသူတစ်ပါးကိုမပေးချင်တာကတော့လူတိုင်းရဲ့အတ္တပဲမဟုတ်လား။
သို့ပေမယ့်သူမရဲ့အဖိုးတန်လေးကိုပျော်ရွှင်စေချင်တာမို့ဒီလမ်းကိုပဲရွေးချယ်မိလိုက်သည်။
"မင်းကရော"
"ဆယ်လာကတော့မင်းသားပျော်နေရင်ကျေနပ်ပါတယ်
အချိန်လည်းမရှိတော့ဘူးဆိုတော့သွားရအောင်"
မင်းသားသည်သူ့ကိုနားမလည်နိုင်သောမျက်ဝန်းတွေနှင့်စိုက်ကြည့်လာသည်။
မင်းသားဟာလေ လိုချင်စရာလောဘလေး...
အကြည့်တစ်ချက်နဲ့တင်သူမခြေလှမ်းတွေယိုင်လုဆဲဆဲဖြစ်နေပြီ။
"မင်းတကယ်ပြောနေတာလား"
"အချိန်နောက်ကျနေပြီမို့မြန်မြန်သွားရအောင်ရှင်"
ဆယ်လာကဂါဝန်ကိုမလိုက်ကာမြန်မြန်သွားဖို့တိုက်တွန်းသည်။
ခုချိန်အရေးကြီးတာကသူမစကားမှန်မှန်မမှန်မှန်ဂျွန်လွတ်နိုင်သည့်အခွင့်အရေးမလို့သူလိုက်မှဖြစ်မည်။
သူမပြောတဲ့အတိုင်းအချိန်ကလည်းနှောင်းနေပြီမို့လို့ဂျွန်ရှိရာပဲထွက်ခဲ့တော့သည်။
ထောင်ဆီရောက်တော့ပကတိငြိမ်သက်လျက်...
အစောင့်တွေကအိပ်ပျော်နေသည်။
နိုးနေတဲ့အစောင့်တစ်ယောက်လက်ထဲရွှေထုပ်ကိုထည့်ပြီးရှူးတိုးတိုးအမူအရာလုပ်ပြလိုက်သည်။
အစောင့်ကနားလည်သည့်ဟန်ခေါင်းတစ်ချက်ငြိမ့်ပြပြီးသော့တစ်ချောင်းလက်ထဲထည့်ပေးပြီးပြန်ထွက်သွားသည်။
သူပေးသောသော့ကိုသာလှမ်းယူလိုက်ပြီးနှစ်ယောက်သားထောင်တွင်းသို့လှမ်းခဲ့ကြသည်။
ထောင်ထဲကလူတွေကတော့များပြားလှသည်၊သူတို့ကိုမျက်ထောင့်နီနဲ့ကြည့်နေတဲ့သူတွေရော၊အိပ်ပျော်နေတဲ့လူတွေရော၊ကပ္ပတိန်ဂျွန်ကိုတော့တိုက်ပိတ်အခန်းထဲထည့်ထားမည်ဆိုတာကိုသိသောကြောင့်တိုက်ပိတ်အခန်းတွေဘက်ထွက်ခဲ့သည်။
"မင်းသားဒီကနေဝင်သွားရင်ကပ္ပတိန်ဂျွန်ရဲ့အခန်းဆီရောက်လိမ့်မယ်
အချိန်နာရီဝက်ပဲရပါလိမ့်မယ်
ခဏနေအစောင့်တွေလဲတော့မှာ...
ဒီအတောအတွင်းကပ္ပတိန်ဂျွန်ကိုရအောင်ကယ်ထုတ်ခဲ့ပါ
ဆယ်လာဒီမှာစောင့်နေမယ်
မြန်မြန်တော့လုပ်ပါ"
"ဟုတ်ပြီ မင်းကိုလည်းကျေးဇူးတင်ပါတယ်
ကိုယ်ပြောခဲ့တာတွေအတွက်တောင်းလည်းပန်ပါတယ်"
သူမမူပိုင်သမင်မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့်ကြည့်နေသောဆယ်လာအားတစ်ချက်မျှပွေ့ဖက်လိုက်သည်။
ကျေးဇူးတင်မှုနဲ့တောင်းပန်မှုအားဖော်ပြသောအားဖြင့်...။
သူမ၏နှုတ်ခမ်းတွင်ခပ်ဖျော့ဖျော့အပြုံးကဖြတ်ပြေးသွားရသည်။
"ကျေးဇူးတင်ပါတယ် မင်းသား"
"အင်းးးကိုယ်ရောပဲ"
နှုတ်ဆက်အပြီးခပ်သုတ်သုတ်ထွက်လာခဲ့ကာတိုက်ပိတ်ခန်းတွေဘက်ရောက်လာသည်။
မှောင်မဲနေသောအခန်းတွေနောက်တွင်နောက်ဆုံးကပ္ပတိန်ဂျွန်ကိုတွေ့လိုက်ရပြီ။
သူရဲ့တစ်ဦးတည်းသောတစ်ယောက်တည်းသောဂျွန်သည်လမင်းကြီးကိုမော့ကြည့်ပြီးတစ်တွတ်တွတ်ပြောနေလျက်ရှိပြီးငိုရှိုက်သံတွေနှင့်...
ချလောက်!!
သံသော့ခလောက်ပွင့်ထွက်သွားသည်။
သံတံခါးကိုတွန်းလိုက်ပြီးအထဲဆက်ဝင်ခဲ့သည်။
"ဂျွန်..."
"အဟား...ငါတကယ်ရူးသွားပြီပဲ
သူ့ဟာသူမင်းသမီးနဲ့ပျော်နေရမယ့်မင်းသားလေးကိုဒီမှာလာတွေ့နေရပြန်ပြီ။
ဂျွန်ဂျောင်ကု မင်းတကယ်ရူးသွားပြီ"
"မဟုတ်ဘူးဂျွန်
ဂျီမင်းပါ ဂျွန့်ရှေ့ရောက်နေတာတကယ့်အစစ်ပါ"
"တကယ်..တကယ်ဂျီမင်းလား"
တုန်ရီနေသောအသံအချို့နှင့်မျက်ဝန်းတွေမှမျက်ရည်တွေစီးကျလာသောဂျွန်သည်ရီဝေဝေမျက်ဝန်းတွေနှင့်ကြည့်နေသည်။
လက်တွေမှာလည်းသွေးတွေထွက်လို့၊ဟိုလူတွေကျောက်ခဲနဲ့ပစ်ထားတဲ့နဖူးကဒဏ်ရာတောင်အခုထိမကျက်သေး...
ရင်ခွင်ကျယ်ကြီးထဲတိုးဝင်လိုက်ကာတင်းကျပ်နေအောင်ဖက်ထားမိသည်။
"ကျွန်တော်ရောက်လာပြီလေ
ဘယ်လောက်တောင်သူတို့ကဂျွန့်ကိုနှိပ်စက်ကြလို့ဒီလောက်တောင်ဒဏ်ရာဒဏ်ချက်တွေများနေရတာလဲ
ကြည့်ပါဦး လက်မှာလည်းသွေးတွေနဲ့"
"မင်းဒီကိုဘယ်လိုရောက်လာတာလဲ
မင်းကဒီမှာရှိနေရမှာမဟုတ်ဘူး"
"ကျွန်တော်ပြောပြမယ်
မင်္ဂလာပွဲကမလုပ်ရင်ဂျွန့်ကိုသတ်မယ်ဆိုလို့အတင်းအကျပ်လုပ်ခဲ့ရတာ
သင်္ဘောပေါ်မှာပြောခဲ့တာမှတ်မိသေးလား
ဂျွန့်ကိုတွေ့ရဖို့အတွက်ကျွန်တော့်ရဲ့လွတ်လပ်ခွင့်ကိုလဲခဲ့ရတာ
အခုဂျွန်ရဲ့အရှေ့မှာကျွန်တော်ရောက်လာပြီလေ၊ဂျွန့်ကိုကယ်ဖို့အတွက်ရောက်နေပြီ
ကျွန်တော်တို့ထွက်ပြေးရအောင်"
"ကိုယ်ဘယ်မှလိုက်မှာမဟုတ်ဘူး ဂျီမင်း"
"မဖြစ်ဘူး ကျွန်တော်နဲ့လိုက်ခဲ့မှရမယ်"
"မလိုက်နိုင်ဘူး ကိုယ်တောင်းပန်ပါတယ်
မင်းရဲ့ရှေ့ရေးကိုနောက်တစ်ခေါက်ထပ်ပြီးမပိတ်ပင်နိုင်တော့ဘူး"
"မရဘူးလို့ပြောနေတယ်မလား
လိုက်ခဲ့ရမယ်"
"မလိုက်ဘူး"
"လိုက်ခဲ့"
"မလိုက်ဘူး"
"ဂျွန်!!!"
တစ်ချက်မျှအော်ဟစ်ပြီးနောက်မြေပြင်ပေါ်ကိုဒူးထောက်ချလိုက်သည်။
ဂျွန်လိုက်မှဖြစ်မှာ..
မဟုတ်ရင်သူတို့ကဂျွန့်ကိုသတ်တော့မှာ
ဘာဖြစ်လို့များဂျွန်ကဒါတွေနားမလည်နိုင်ရတာလဲ
"အဲ့တာဘာလုပ်တာလဲ
ဒီလိုမလုပ်ပါနဲ့ကွာ"
"ဂျွန်လိုက်ခဲ့မှာလား"
"မလိုက်ဘူး"
"အခုမှထွက်မလာရင်နောက်ကျတော့ပါမယ်၊အခုချက်ချင်းထွက်လာမှရတော့မှာ"
ဆယ်လာ၏အသံသည်နောက်ပါးမှထွက်လာသည်။
အချိန်သည်နှစ်မိနစ်မျှသာကျန်တော့သည်မို့သတိလာပေးခြင်းသာဖြစ်သည်။
ဆယ်လာကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက်ဂျွန်၏မျက်လုံးတွေသည်လည်းအရောင်ပြောင်းသွားခဲ့သည်။
"ဂျွန်တကယ်မလိုက်ဘူးလား"
"ဟင့်အင်း"
"ဘာလို့လဲ ကျွန်တော်သေသွားတာမြင်ချင်လို့လား"
"မင်းကအခုချိန်တခြားသူတစ်ယောက်ရဲ့အပိုင်၊ကိုယ့်အပိုင်မှမဟုတ်တော့တာ"
"ဘယ်သူပြောလဲ ဂျွန့်ကို"
"အမှန်ပဲ မျက်စိရှေ့မှာမြင်နေရတာကို"
"ခင်ဗျားအရမ်းရက်စက်တာပဲ...
အဲ့ဒီနေ့ခင်ဗျားကိုကြိုးစင်ဆီခေါ်သွားတဲ့အခါကျကျွန်တော်ဘယ်လိုခံစားရမလဲမသိဘူးလား
ခင်ဗျားကိုတစ်ရက်မတွေ့ရတာတောင်ရူးနှမ်းပြီးသေတော့မယ့်ကျွန်တော့်အဖြစ်ကိုစာနာပါဦး
ဒီလိုလူကခင်ဗျားမရှိတော့တဲ့အခါကျကောင်းကောင်းနေနိုင်ဦးမယ်ထင်လား၊အဲ့လိုမျိုးမလုပ်နိုင်ခဲ့ရင်လည်းအစကတည်းကမျှော်လင့်ချက်တွေရော၊အချစ်တွေရောမပေးခဲ့နဲ့လေ!!!"
သူဘာမှမပြောနိုင်ပါ။စကားသံတစ်ခွန်းမျှထွက်မလာပဲဆိတ်ငြိမ်နေမိသည်။
ဂျီမင်းပြောသမျှကမှန်နေတာကြောင့်ပင်။
ခဏအကြာမှသူ့ရင်ခွင်ထဲခေါင်းစိုက်ပြီးငိုနေတဲ့ဂျီမင်းကိုဆွဲထုတ်လိုက်ပြီး...
"ဒီကနေထွက်သွားတော့"
"ဂျွန် နောက်ဆုံးအထိဒီလိုလုပ်မှဖြစ်မှာလား"
"ထွက်သွားလိုက်တော့လို့ပြောနေတယ်
ခဏနေအစောင့်တွေရောက်လာတော့မှာ၊မင်းကိုဒုက္ခမရောက်စေချင်ဘူး
ကိုယ့်ကိုဘာမှလှည့်မကြည့်နေတော့ပဲအမြန်ဆုံးထွက်သွားလိုက်ပါ
မင်းသားလေး မင်းကိုယ့်စကားနားထောင်မှဖြစ်မယ်"
အဲ့လိုမှမဟုတ်ရင်ကိုယ်နောက်တစ်ခါလောဘကြီးမိလိမ့်မယ် ဂျီမင်း
အမှားတွေမလုပ်မိခင်တားနိုင်ဖို့ကိုယ်မင်းကိုပြောနေတာပါ။
ကိုယ်မင်းကိုသိပ်ချစ်တာသိရဲ့သားနဲ့ကွာ...
သို့သော်အချိန်နှောင်းသွားခဲ့သည်။
လှည့်ပတ်နေသောအစောင့်တစ်ယောက်ကတွေ့မြင်သွားတာကြောင့်အချက်ပေးခေါင်းလောင်းကိုသူကပြေးတီးလိုက်သည်။
လူတွေအကုန်လုံးရောက်လာကာနန်းတော်ကိုပါသတိပေးလိုက်တော့သည်။
သူတို့ပြေးမလွတ်တော့ပါ။
ပြေးမထွက်နိုင်မီအချိန်လေးအတွင်းမှာပဲအကျဉ်းထောင်တစ်ခုလုံးမီးရောင်တွေနှင့်ပြည့်နှက်သွားရတော့သည်။
"ဂျီမင်း မင်းဘာလို့ပေးထားတဲ့ကတိကိုမတည်ရတာလဲ
မင်းကောင်းကောင်းနေရင်ဘာမှမလုပ်ပါဘူးလို့ကတိပေးထားရက်နဲ့အခုတော့ခမည်းတော်ပါသိသွားပြီ။
သူအရမ်းစိတ်ဆိုးနေတယ်။ပင်လယ်ဓားပြဂျွန်ကိုမနက်ဖြန်ပဲကြိုးဒဏ်ပေးတော့မယ်လို့အမိန့်ချမှတ်လိုက်ပြီ"
မိုးကြိုးတစ်ချက်ကနှလုံးသားတည့်တည့်ကိုပစ်ချလိုက်သည်။ကွဲအက်လုနီးပါးနှလုံးသားသည်ထပ်ခြမ်းကွဲသွားရသည်။
မနက်ဖြန်...မနက်ဖြန်တဲ့လား
ဂျွန်ကမနက်ဖြန်အသတ်ခံရတော့မှာလား...
"အဲ့တာဘာကြောင့်လဲဆိုတော့အစ်ကို့ကြောင့်...
လွှတ်ပေးပါဆိုတဲ့ကတည်းကပြန်လွှတ်ပေးခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး၊အစ်ကို့ကိုမုန်းတယ်!!!"
"သူ့ကိုအခန်းထဲလိုက်ပို့ပေးလိုက်ဦး
သူပင်ပန်းနေပြီ"
"ဖယ်ကြစမ်း
လွှတ်!!ငါ့ကိုမထိနဲ့"
"မင်းသမီးဆယ်လာလည်းကိုယ့်အခန်းကိုယ်ကောင်းကောင်းမွန်မွန်ပြန်ပါတော့"
"ဖယ်လို့ပြောနေတယ်မလား!!"
ဖြစ်ပျက်နေတာတွေအားလုံးကိုကြည့်နေရုံသာ...
သူလည်းဘာမှမလုပ်ပေးနိုင်ခဲ့...
ညီဖြစ်သူကိုတော်တော်သနားပေမယ့်ခမည်းတော်ကစေခိုင်းသည့်အတွက်အတင်းအကြပ်လုပ်ရသည်။
ပထမအစကကောင်းကောင်းမွန်မွန်လက်ထပ်ပြီးရင်အဝေးဆုံးကိုတိတ်တိတ်လေးပို့ပေးလိုက်မယ်လုပ်ခဲ့တာ...
ခမည်းတော်ကြားသွားတော့အခုပိုဆိုးသွားခဲ့ပြီ။
"သူ့ကိုခေါ်သွား"
"ဖယ် အစ်ကိုနမ်ဂျွန်း
ကျေးဇူးပြုပြီးကျွန်တော်ဒီလိုတောင်းပန်ပါတယ်
ဂျွန့်ကိုပြန်လွှတ်ပေးပါ"
"အစ်ကိုမတတ်နိုင်ဘူး"
"ဒါဖြင့်ရင်နောက်ဆုံးစကားလေးတစ်ခွန်းတော့ပြောခွင့်ပေးပါ"
"ဒါကအစ်ကိုလုပ်ပေးနိုင်တယ်
ခမည်းတော်ရဲ့ဒေါသကိုအစ်ကိုတို့သွားစမ်းလို့မရနိုင်ဘူး
ခဏတော့စကားပြောခွင့်ပေးမယ်
ပြီးရင်ကြည်ကြည်သာသာနန်းတော်ကိုပြန်ရမယ်နော်"
"ကောင်းပါပြီ"
"အားလုံးလိုက်ခဲ့
အပြင်မှာစောင့်နေကြမယ်"
"ဟုတ်ကဲ့ မင်းသား"
အားလုံးထွက်သွားသည့်အချိန်...
တိုက်ပိတ်ခန်းထဲနှစ်ယောက်တည်းကျန်ခဲ့သည်။
စောစောကတည်းကဂျွန်လိုက်ခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်
ကျွန်တော်ဘယ်လိုလုပ်ရမလဲ ဂျွန်ရယ်
"ဂျွန်"
"ဂျီမင်း အွန့်..."
နှုတ်ခမ်းပါးတွေကိုစုပ်ယူနမ်းရှိုက်လိုက်သည်။
သံကြိုးတွေနဲ့လက်ကိုခတ်ထားတာကြောင့်သူနမ်းနေသည်ကိုဖယ်ရှားမပစ်နိုင်သလိုဂျွန်သည်ရုန်းကန်နေခဲ့သည်။
ဖိကပ်သည်...
နမ်းရှိုက်သည်...
မက်မောသည်...
နှမြောသည်...
ချစ်မြတ်နိုးသည်။
ဤနှုတ်ခမ်းပါးတွေကို
နောက်ဆုံးတော့ဒီဟာတွေကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့သူကတစ်ယောက်တည်းဖြစ်ခဲ့တာပဲ
အနမ်းတွေကိုရပ်တန့်လိုက်ပြီးနားနားကပ်ကာစကားတစ်ခွန်းတော့ပြောခဲ့သည်။
"မနက်ဖြန်ဂျွန့်လည်ပင်းထက်ကြိုးကွင်းရောက်တဲ့အချိန်ကျွန်တော့်နှလုံးသားထဲဓားတစ်ချောင်းစိုက်ဝင်သွားပြီလို့သာမှတ်ယူလိုက်ပါတော့
သေလည်းအတူပေါ့ ကပ္ပတိန်ရယ်"
စကားအဆုံးတွင်တော့ထိုနေရာမှလှည့်မကြည့်ပဲထွက်ပြေးလာလိုက်သည်။
ရင်ကလည်းအတိုင်းအဆမရှိနာနေရသလိုမျက်ရည်တွေသည်တာကျိုးသလိုတားမနိုင်ဆီးမနိုင်...။
သူပြောခဲ့တဲ့အတိုင်းပဲဂျွန်မရှိရင်သူမနေနိုင်ပါ။
နေရင်လည်းအတူတူနေရမည်။
သေရင်လည်းအတူတူသေရမည်။
လှမ်းအော်လိုက်သောစကားသံအချို့ကိုလျစ်လျှူရှူလိုက်ကာထွက်ပြေးလာသည်။
"ဂျီမင်းမဖြစ်ဘူး အဲ့လိုမလုပ်ရဘူး!!"
သံကြိုးတွေကြားအတင်းရုန်းမိတော့နာသည်။
သံတံခါးကိုဂျိမ်းခနဲမြည်အောင်ပိတ်သွားသည့်အသံရယ်၊ထွက်ပြေးသွားခဲ့တဲ့ဖိနပ်သံလေးရယ်ကိုပဲကြားလိုက်ရတော့သည်။
သူမတားဆီးနိုင်ခဲ့ပါ။
ဒီညလည်းငိုကြွေးရဦးမည်။
ကြယ်တွေသည်လည်းမလင်းလက်
လမင်းသည်လည်းမတောက်ပနိုင်တော့....။
_____
.
.
.
Zawgyi
အျဖစ္အပ်က္ေတြျဖစ္ပ်က္ၿပီးတဲ့ေနာက္မွာခ်က္ခ်င္းပဲၿဗိတိန္ရဲ႕ဘုရင္ႀကီးကျပင္သစ္ကိုဆင့္ေခၚလိုက္သည္။
ယခင္ကတည္းကစကားကမ္းလွမ္းထားၿပီးျဖစ္တာေၾကာင့္မဂၤလာပြဲအားေနာက္ႏွစ္ရက္အလိုတြင္က်င္းပေတာ့မည္ျဖစ္သည္။
ေနာက္ႏွစ္ရက္ဆိုရင္ပဲျပင္သစ္နဲ႕ၿဗိတိန္ကေပါင္းစည္းေတာ့မည္။
မဂၤလာပြဲကိုတတ္နိုင္သမွ်အလ်င္စလိုျပဳလုပ္ထားၾကသည္။
အဘယ္ေၾကာင့္ဆိုေသာ္မင္းသားေလးစိတ္ေျပာင္းသြားလွ်င္မည္သို႔မွ်မျဖစ္ေသာေၾကာင့္သာ...
မင္းသားေလးကေတာ့တစ္ေနကုန္သူ႕အခန္းထဲမွပင္မထြက္။
"သားငယ္ ေနာက္ႏွစ္ရက္က်ရင္မဂၤလာပြဲကိုက်င္းပေတာ့မယ္"
"ဂြၽန္ေရာ သူေကာင္းေကာင္းေနေနရရဲ႕လား"
"သားငယ္ရဲ႕ကပၸတိန္ေကာင္းေကာင္းရွိေနပါတယ္၊မယ္ေတာ္အဆင္ေျပေအာင္စီစဥ္ေပးထားတာပဲ"
"အင္း"
"သားငယ္ထမင္းလည္းနည္းနည္းပဲစားတယ္
မယ္ေတာ္ယူလာတဲ့ႏြားနို႔တစ္ခြက္ကိုေတာ့မျငင္းဘူးမလား"
"သားေသာက္လိုက္မယ္ အဲ့မွာပဲထားခဲ့ပါ"
"မယ္ေတာ္ေရွ႕ပဲေသာက္
မယ္ေတာ္ျပန္သြားရင္ႏြားနို႔ခြက္ကိုေမွာက္ပစ္လိုက္မွာမလား ကိုယ့္ကိုကိုယ္လည္းဂ႐ုစိုက္ပါဦး သားငယ္ရယ္
ဒီပါးေလးေတြပိန္ဝင္ေနေတာ့မွာပဲ"
ႏြားနို႔ကိုမတ္ခြက္ႀကီးနဲ႕ထည့္လာေသာမယ္ေတာ္ကိုျပန္ၿပီးကလန္ကဆန္မလုပ္ခ်င္တာေၾကာင့္တစ္ငုံေတာ့ေသာက္လိုက္သည္။
ခ်ိဳဆိမ့္ဆိမ့္အရသာႏြားနို႔ကေတာင္သူ႕ရင္ထဲကပူေလာင္မႈကိုေျခဖ်က္နိုင္စြမ္းမရွိေခ်...။
"ေသာက္ဦးေလ"
"သားဗိုက္မဆာဘူး"
"ဒီတစ္ခြက္ေလးပဲကုန္ေအာင္ေသာက္လိုက္ပါသားရယ္
သားငယ္ဒီလိုျဖစ္ေနတာကိုမယ္ေတာ္မျမင္ခ်င္ေတာ့ဘူးေလ"
"တစ္ေယာက္တည္းေနခ်င္တယ္
မယ္ေတာ့္ကိုေတာ့အားနာေပမယ့္ထြက္သြားေပးပါလား"
"သားငယ္..."
"အခုခ်ိန္မွာဘယ္သူ႕ကိုမွမျမင္ခ်င္ဘူး"
"ဘယ္တုန္းကမ်ားသားငယ္ဒီေလာက္ျဖစ္သြားရတာလဲ
ကတိေပးထားရင္ကတိအတိုင္းလုပ္ေပးရမယ္၊ဒါေပမယ့္ဒီအတိုင္းသာဆက္လုပ္ေနရင္ေနာက္ဆုံးသားငယ္အားေတြေလ်ာ့ၿပီးေသလိမ့္မယ္
မယ္ေတာ္ေျပာတာနားေထာင္ပါ"
"ေသေတာ့လည္းဘာျဖစ္လဲ
အစတည္းကရွင္သန္လာရမယ့္အစားေသလူပဲျဖစ္ခဲ့ရမွာ၊ေသသြားခဲ့ရင္ေတာင္ဒီေလာက္ခံစားခဲ့ရမွာမဟုတ္ဘူး"
"အဲ့လိုမေျပာနဲ႕ေလကြယ္ ေကာင္းၿပီ
သားရဲ႕ကပၸတိန္လြတ္ဖို႔မယ္ေတာ္အစြမ္းကုန္ကူညီေပးမယ္၊ေနာက္ႏွစ္ရက္သားလက္ထပ္ၿပီးတဲ့ေန႕မယ္ေတာ္တို႔ေထာင္ေဖာက္ၾကမယ္၊ၿပီးရင္ကပၸတိန္ဂြၽန္ကိုျပန္လႊတ္လိုက္မယ္"
ငိုက္စိုက္က်ေနေသာေခါင္းေလးျပန္မတ္လာသည္။
ငိုထားတာတစ္ေန႕လုံးတစ္ညလုံးျဖစ္လို႔မ်က္လုံးေလးေတြဟာနီရဲတြတ္လ်က္...
"တကယ္လား"
"အဲ့ဒီ့အစားသားငယ္က်န္းက်န္းမာမာျဖစ္ေအာင္ေနရမယ္ အခုႏြားနို႔ေတြကိုေသာက္လိုက္ပါ"
"အင္းးးေသာက္မယ္"
ခ်က္ခ်င္းဆိုသလိုႏြားနို႔ခြက္ကိုကိုင္ၿပီးေမာ့ခ်လိဳက္တဲ့သားငယ္ကိုၾကည့္ရင္းသူမေပ်ာ္ရျပန္ပါသည္။
တစ္ဖက္တြင္လည္းဝမ္းနည္းရျပန္သည္။
အခ်စ္အတြက္နဲ႕သူမရဲ႕သားငယ္ကကပၸတိန္ဂြၽန္သာအသတ္ခံရရင္သူပါလိုက္ေသမည့္ပုံျဖစ္ေနေသာေၾကာင့္ရင္နာရျပန္ပါသည္။
ေနာက္ဘယ္လိုအရာေတြကဆက္ျဖစ္လာဦးမလဲမသိ
ရင္ေမာလိုက္တာသားငယ္ရယ္....
_____
အခ်ိန္ေတြကုန္တာျမန္လြန္းသည္။
ႏွစ္ရက္ဆိုတဲ့အခ်ိန္ကလြမ္းဆြတ္မႈေတြကိုေျဖေဖ်ာက္ေပးနိုင္ဖို႔စြမ္းအားမရွိခဲ့...
အေလာတႀကီးက်င္းပတဲ့မဂၤလာပြဲကိုသူလည္းမတက္ေရာက္ခ်င္သလိုဒီလိုျဖစ္ေအာင္ဖန္တီးေပးေသာကံၾကမၼာကိုလည္းမုန္းလွသည္။
ဒီေလာက္အခက္အခဲေတြကိုေက်ာ္ျဖတ္ၿပီးအတူတူေနရေတာ့မယ္ႀကံခါမွကံအလွည့္အေျပာင္းကဖ်က္လိုဖ်က္ဆီးလုပ္ရသည္လား...
အကယ္၍ဂြၽန္မလြတ္နိုင္ခဲ့ပဲႀကိဳးဒဏ္ေပးခံရမယ္ဆိုလွ်င္သူပါလိုက္ေသဖို႔ဆုံးျဖတ္ထားသည္။
မခ်စ္မႏွစ္သက္တဲ့လူနဲ႕တစ္သက္လုံးေပါင္းသင္းေနရမယ့္အစားေသပစ္လိုက္တာကမွေကာင္းဦးမည္။
မဂၤလာပြဲေန႕...
နန္းေတာ္ႀကီး၏ဥယ်ာဥ္ေတာ္ႀကီး၌စည္ကားလို႔ေနေပသည္။
အျဖဴေရာင္ပိတ္စမ်ားျဖင့္ဆီးကာထားၿပီးစားပြဲဝိုင္းမ်ား၊မုန႔္မ်ား၊အစုံအလင္ျပင္ဆင္ထားၾကသည္။
ဤအရာမ်ားဟာတစ္ပါးသူမ်ားအတြက္ေတာ့အျမင္လွေပမယ့္မင္းသားေလးအတြက္ေတာ့အသုဘအခမ္းအနားသဖြယ္သာရွိေလသည္။
လူေတြအားလုံးစုံညီတက္ေရာက္ၾကၿပီးေပ်ာ္ပြဲ႐ႊင္ပြဲမ်ားက်င္းပေနခိုက္မင္းသားေလးကမေပ်ာ္နိုင္ခဲ့ပါ။
သူ၏စိတ္တြင္ဟိုးမနီးမေဝးကလွမ္းျမင္ေနရသည့္အက်ဥ္းေထာင္ထဲကဂြၽန႔္ဆီကိုပဲေရာက္ေနသည္။
ျပင္သစ္ရဲ႕မင္းသမီးဆယ္လာကလည္းစိန္ေတြနဲ႕ေတာက္ေျပာင္ေနတဲ့အျဖဴေရာင္ဂါဝန္ရွည္ရွည္ကိုဝတ္ဆင္လို႔သူ႕ေရွ႕ဆိုက္ေရာက္ေနခဲ့ၿပီ။
မ်က္ႏွာေပၚမွာအလွအပမ်ားကိုလိမ္းျခယ္ထားၿပီးမထူမပါးႏႈတ္ခမ္းတစ္စုံကိုနီနီရဲရဲဆိုးထားသည္။
နတ္သမီးတမွ်လွပေသာသူမကိုလည္းသူမမက္ေမာမိခဲ့။
သူမက္ေမာခဲ့သည္ကႏႈတ္ခမ္းပါးေလးေတြရဲ႕ပိုင္ရွင္ကိုသာ...
ဘိသိက္ဆရာကမဂၤလာကိစၥအဝဝအတြက္ျပဳလုပ္စရာရွိတာ၊႐ြတ္ဖတ္စရာရွိတာကို႐ြတ္ဖတ္ေနသည္။
"သတို႔သားကသတို႔သမီးကိုတစ္သက္လုံးခ်စ္ခင္ၾကင္နာစြာေပါင္းဖက္မည္ဟုကတိျပဳပါသေလာ"
မလွမ္းမေဝးမွာရွိေနတဲ့အစ္ကိုနမ္ဂြၽန္းကိုလွမ္းၾကည့္ေတာ့'ေပးခဲ့တဲ့ကတိကိုအခုတည္ေတာ့ေလ'ဟူေသာအၾကည့္ျဖင့္လွမ္းၾကည့္ေနသည္။
ကြဲအက္စျပဳေနၿပီျဖစ္ေသာႏွလုံးသားရဲ႕စကားသံကိုေခါက္ထားလိုက္ကာလက္ခံမိသည္။
ဂြၽန္မေသဖို႔အေရးအတြက္သူဒီေလာက္ေတာ့စြန႔္လႊတ္ရမည္။
"ကတိျပဳပါတယ္"
"သတို႔သမီးကေရာသတို႔သားကိုတစ္သက္လုံးခ်စ္ခင္ၾကင္နာစြာေပါင္းဖက္မည္ဟုကတိျပဳပါသေလာ"
"ကတိျပဳပါတယ္"
"ဒါဆိုနတ္ဘုရားမ်ားရဲ႕အလိုဆႏၵအရမဂၤလာပြဲၿပီးေျမာက္ပါၿပီ၊သတို႔သားနဲ႕သတို႔သမီးအခုအၾကင္နာေပးအပ္နိုင္ပါၿပီ"
ဆယ္လာကသူမရဲ႕မ်က္လုံးေတြကိုမွိတ္ခ်ကာေရွ႕တိုးလာသည္။သူ႕ႏႈတ္ခမ္းေတြကႏႈတ္ခမ္းပါးတစ္စုံကိုပဲလက္ခံနိုင္စြမ္းရွိခဲ့တာ...
ႏႈတ္ခမ္းထက္လက္ညွိုးတစ္ေခ်ာင္းတင္ကာအနမ္းကိုပယ္ဖ်က္ပစ္လိုက္သည္။ဆယ္လာကေတာ့အံ့ၾသသြားပုံရေပမယ့္သူမဘာမွေတာ့မေျပာေပဘူး။
ေျဖာင္း!!ေျဖာင္း!!ေျဖာင္း!!
က်ယ္ေလာင္စြာထြက္ေပၚလာတဲ့လက္ခုပ္သံေတြ
ဒီလက္ခုပ္သံေတြကဂြၽန္နဲ႕သူ႕အတြက္ျဖစ္ခဲ့ရမွာ...
ကြၽန္ေတာ့္ကိုေရာဒီတစ္ခါမကယ္နိုင္ေတာ့ဘူးလား
ဂြၽန္...
သံတိုင္သုံးေခ်ာင္းကာထားတဲ့ၾကားကၿခိမ့္ၿခိမ့္သဲစည္ကားေနေသာမဂၤလာပြဲကိုၾကည့္ေနမိသည္။ေထာင္နဲ႕မဂၤလာပြဲလုပ္တဲ့ေနရာကနီးေတာ့ျပဳလုပ္သမွ်ကိုအတိုင္းသားျမင္ေနရသည္။
ႏႈတ္ခမ္းထူေလးေပၚႏႈတ္ခမ္းသားေလးတစ္စုံထပ္တူက်မိတဲ့အခ်ိန္အၾကည့္ေတြကိုလႊဲပစ္လိုက္သည္။ေနာက္ဆုံးေတာ့ဂ်ီမင္းသည္သူမအပိုင္ပဲျဖစ္ခဲ့ပါလား
ေမွ်ာ္လင့္ခ်င္မေနမိေတာ့တာအမွန္...
ကိုယ္မဟုတ္ပဲတစ္ျခားလူနဲ႕ရွိေနတာကိုၾကည့္ရတာေတာ့အ႐ုပ္ဆိုးသည္။အတၱႀကီးတယ္လို႔ထင္စရာျဖစ္ေနတဲ့သူ႕ရဲ႕အေတြးေတြအကုန္လုံးကိုသူေဖ်ာက္ဖ်က္ပစ္လိုက္ခ်င္သည္။
မွတ္ဉာဏ္ေတြေရာအကုန္ဖ်က္ဆီးပစ္ခ်င္သည္။
မွတ္ဉာဏ္ေတြရွိေနေလပိုၿပီးေလာဘႀကီးေလေလ
ထပ္ၿပီးပိုင္ဆိုင္ခ်င္မိျပန္ၿပီ....။
မဂၤလာဦးအခန္းထဲေရာက္ထဲကငိုင္ေနတဲ့သူမရဲ႕ခင္ပြန္းျဖစ္သူကိုၾကည့္ရင္းဆယ္လာတစ္ေယာက္စိတ္မေကာင္းျဖစ္ရပါသည္။သူမဒီကိုေရာက္မလာခင္ကတည္းကသတင္းေတြကိုၾကားခဲ့သည္။
မင္းသားကိုအတင္းအက်ပ္သူမနဲ႕လက္ထပ္ေစခဲ့သည္။
သူမသိပ္ခ်စ္သည္။
မင္းသားကိုလြန္ခဲ့တဲ့၈လ၊ေမြးေန႕ပြဲမွာျမင္ခဲ့ရတည္းကသိပ္ခ်စ္ခဲ့ရတာ...
ေစ့စပ္ရမယ့္သူမွန္းသိလိုက္ရတဲ့အခါသိပ္ၿပီးကံအေကာင္းဆုံးလူဆိုၿပီးေပ်ာ္ရတာအေမာ...
ေပ်ာက္သြားသည့္ညကအ႐ူးလိုျပာယာခတ္ငိုခဲ့ဖူးသည္။
ေနာက္၈လၾကာၿပီးမွမင္းသားကသူမမဟုတ္တဲ့တစ္စုံတစ္ေယာက္ကိုခ်စ္မိသြားသည္တဲ့လား။
ကံၾကမၼာဇာတ္ဆရာသည္သူမအေပၚရက္ရက္စက္စက္။
"မင္းသား"
"......."
"ဆယ္လာေလ..."
"ထြက္သြား"
"မင္းသားရဲ႕အေျခအေနကိုနားလည္ပါတယ္
ဆယ္လာ..."
"မင္းဘက္ကမသိေပမယ့္ငါ့အေဖကနိုင္ငံႏွစ္ခုအတြက္နဲ႕ငါ့ဘဝကိုေျပာင္းျပန္လွန္သြားတာ
မင္းနဲ႕ကိုယ္လက္ထပ္ခဲ့တာ အခ်စ္မပါဘဲနဲ႕ေလ
ရယ္စရာေတာ့နည္းနည္းေကာင္းတယ္မလား"
မင္းသား၏စကားလုံးေတြသည္ဓားတစ္ေခ်ာင္းကဲ့သို႔သူမရင္ထဲစိုက္ဝင္သည္။
သူမဘက္ကႏွလုံးသားတစ္ခုလုံးႏွင့္ရင္းႏွီးၿပီးျမတ္နိုးခဲ့ရသေလာက္မင္းသားသည္သူမကိုအမုန္းႀကီးမုန္းေနသည္။
"ကပၸတိန္ဂြၽန္ကိုဖမ္းထားတဲ့ေထာင္မွာထားထားတဲ့အေစာင့္ေတြကျပင္သစ္ကအေစာင့္ေတြ၊ၿဗိတိန္ကဆိုရင္မင္းသားအမိန႔္ေပးနိုင္မွန္းသိလို႔ဘုရင္ႀကီးကေျပာင္းထားတာ
မင္းသားလက္ခံမယ္ဆိုရင္ကပၸတိန္ဂြၽန္ကိုဒီညပဲကယ္ထုတ္လို႔ရတယ္၊ၿပီးရင္မင္းသားပါလိုက္သြားလို႔ရနိုင္ပါတယ္"
တစ္လုံးခ်င္းစီထြက္က်လာတဲ့သူမရဲ႕အသံဟာတကယ့္ကိုတိုးတိုးေလး...။
ကိုယ္ပိုင္ဆိုင္ထားၿပီးတဲ့အဖိုးတန္အရာကိုသူတစ္ပါးကိုမေပးခ်င္တာကေတာ့လူတိုင္းရဲ႕အတၱပဲမဟုတ္လား။
သို႔ေပမယ့္သူမရဲ႕အဖိုးတန္ေလးကိုေပ်ာ္႐ႊင္ေစခ်င္တာမို႔ဒီလမ္းကိုပဲေ႐ြးခ်ယ္မိလိုက္သည္။
"မင္းကေရာ"
"ဆယ္လာကေတာ့မင္းသားေပ်ာ္ေနရင္ေက်နပ္ပါတယ္
အခ်ိန္လည္းမရွိေတာ့ဘူးဆိုေတာ့သြားရေအာင္"
မင္းသားသည္သူ႕ကိုနားမလည္နိုင္ေသာမ်က္ဝန္းေတြႏွင့္စိုက္ၾကည့္လာသည္။
မင္းသားဟာေလ လိုခ်င္စရာေလာဘေလး...
အၾကည့္တစ္ခ်က္နဲ႕တင္သူမေျခလွမ္းေတြယိုင္လုဆဲဆဲျဖစ္ေနၿပီ။
"မင္းတကယ္ေျပာေနတာလား"
"အခ်ိန္ေနာက္က်ေနၿပီမို႔ျမန္ျမန္သြားရေအာင္ရွင္"
ဆယ္လာကဂါဝန္ကိုမလိုက္ကာျမန္ျမန္သြားဖို႔တိုက္တြန္းသည္။
ခုခ်ိန္အေရးႀကီးတာကသူမစကားမွန္မွန္မမွန္မွန္ဂြၽန္လြတ္နိုင္သည့္အခြင့့္အေရးမလို႔သူလိုက္မွျဖစ္မည္။
သူမေျပာတဲ့အတိုင္းအခ်ိန္ကလည္းေႏွာင္းေနၿပီမို႔လို႔ဂြၽန္ရွိရာပဲထြက္ခဲ့ေတာ့သည္။
ေထာင္ဆီေရာက္ေတာ့ပကတိၿငိမ္သက္လ်က္...
အေစာင့္ေတြကအိပ္ေပ်ာ္ေနသည္။
နိုးေနတဲ့အေစာင့္တစ္ေယာက္လက္ထဲေ႐ႊထုပ္ကိုထည့္ၿပီးရႉးတိုးတိုးအမူအရာလုပ္ျပလိုက္သည္။
အေစာင့္ကနားလည္သည့္ဟန္ေခါင္းတစ္ခ်က္ၿငိမ့္ျပၿပီးေသာ့တစ္ေခ်ာင္းလက္ထဲထည့္ေပးၿပီးျပန္ထြက္သြားသည္။
သူေပးေသာေသာ့ကိုသာလွမ္းယူလိုက္ၿပီးႏွစ္ေယာက္သားေထာင္တြင္းသို႔လွမ္းခဲ့ၾကသည္။
ေထာင္ထဲကလူေတြကေတာ့မ်ားျပားလွသည္၊သူတို႔ကိုမ်က္ေထာင့္နီနဲ႕ၾကည့္ေနတဲ့သူေတြေရာ၊အိပ္ေပ်ာ္ေနတဲ့လူေတြေရာ၊ကပၸတိန္ဂြၽန္ကိုေတာ့တိုက္ပိတ္အခန္းထဲထည့္ထားမည္ဆိုတာကိုသိေသာေၾကာင့္တိုက္ပိတ္အခန္းေတြဘက္ထြက္ခဲ့သည္။
"မင္းသားဒီကေနဝင္သြားရင္ကပၸတိန္ဂြၽန္ရဲ႕အခန္းဆီေရာက္လိမ့္မယ္
အခ်ိန္နာရီဝက္ပဲရပါလိမ့္မယ္
ခဏေနအေစာင့္ေတြလဲေတာ့မွာ...
ဒီအေတာအတြင္းကပၸတိန္ဂြၽန္ကိုရေအာင္ကယ္ထုတ္ခဲ့ပါ
ဆယ္လာဒီမွာေစာင့္ေနမယ္
ျမန္ျမန္ေတာ့လုပ္ပါ"
"ဟုတ္ၿပီ မင္းကိုလည္းေက်းဇူးတင္ပါတယ္
ကိုယ္ေျပာခဲ့တာေတြအတြက္ေတာင္းလည္းပန္ပါတယ္"
သူမမူပိုင္သမင္မ်က္လုံးဝိုင္းဝိုင္းေလးေတြႏွင့္ၾကည့္ေနေသာဆယ္လာအားတစ္ခ်က္မွ်ေပြ႕ဖက္လိုက္သည္။
ေက်းဇူးတင္မႈနဲ႕ေတာင္းပန္မႈအားေဖာ္ျပေသာအားျဖင့္...။
သူမ၏ႏႈတ္ခမ္းတြင္ခပ္ေဖ်ာ့ေဖ်ာ့အၿပဳံးကျဖတ္ေျပးသြားရသည္။
"ေက်းဇူးတင္ပါတယ္ မင္းသား"
"အင္းးးကိုယ္ေရာပဲ"
ႏႈတ္ဆက္အၿပီးခပ္သုတ္သုတ္ထြက္လာခဲ့ကာတိုက္ပိတ္ခန္းေတြဘက္ေရာက္လာသည္။
ေမွာင္မဲေနေသာအခန္းေတြေနာက္တြင္ေနာက္ဆုံးကပၸတိန္ဂြၽန္ကိုေတြ႕လိုက္ရၿပီ။
သူရဲ႕တစ္ဦးတည္းေသာတစ္ေယာက္တည္းေသာဂြၽန္သည္လမင္းႀကီးကိုေမာ့ၾကည့္ၿပီးတစ္တြတ္တြတ္ေျပာေနလ်က္ရွိၿပီးငိုရွိုက္သံေတြႏွင့္...
ခ်ေလာက္!!
သံေသာ့ခေလာက္ပြင့္ထြက္သြားသည္။
သံတံခါးကိုတြန္းလိုက္ၿပီးအထဲဆက္ဝင္ခဲ့သည္။
"ဂြၽန္..."
"အဟား...ငါတကယ္႐ူးသြားၿပီပဲ
သူ႕ဟာသူမင္းသမီးနဲ႕ေပ်ာ္ေနရမယ့္မင္းသားေလးကိုဒီမွာလာေတြ႕ေနရျပန္ၿပီ။
ဂြၽန္ေဂ်ာင္ကု မင္းတကယ္႐ူးသြားၿပီ"
"မဟုတ္ဘူးဂြၽန္
ဂ်ီမင္းပါ ဂြၽန႔္ေရွ႕ေရာက္ေနတာတကယ့္အစစ္ပါ"
"တကယ္..တကယ္ဂ်ီမင္းလား"
တုန္ရီေနေသာအသံအခ်ိဳ႕ႏွင့္မ်က္ဝန္းေတြမွမ်က္ရည္ေတြစီးက်လာေသာဂြၽန္သည္ရီေဝေဝမ်က္ဝန္းေတြႏွင့္ၾကည့္ေနသည္။
လက္ေတြမွာလည္းေသြးေတြထြက္လို႔၊ဟိုလူေတြေက်ာက္ခဲနဲ႕ပစ္ထားတဲ့နဖူးကဒဏ္ရာေတာင္အခုထိမက်က္ေသး...
ရင္ခြင္က်ယ္ႀကီးထဲတိုးဝင္လိုက္ကာတင္းက်ပ္ေနေအာင္ဖက္ထားမိသည္။
"ကြၽန္ေတာ္ေရာက္လာၿပီေလ
ဘယ္ေလာက္ေတာင္သူတို႔ကဂြၽန႔္ကိုႏွိပ္စက္ၾကလို႔ဒီေလာက္ေတာင္ဒဏ္ရာဒဏ္ခ်က္ေတြမ်ားေနရတာလဲ
ၾကည့္ပါဦး လက္မွာလည္းေသြးေတြနဲ႕"
"မင္းဒီကိုဘယ္လိုေရာက္လာတာလဲ
မင္းကဒီမွာရွိေနရမွာမဟုတ္ဘူး"
"ကြၽန္ေတာ္ေျပာျပမယ္
မဂၤလာပြဲကမလုပ္ရင္ဂြၽန႔္ကိုသတ္မယ္ဆိုလို႔အတင္းအက်ပ္လုပ္ခဲ့ရတာ
သေဘၤာေပၚမွာေျပာခဲ့တာမွတ္မိေသးလား
ဂြၽန႔္ကိုေတြ႕ရဖို႔အတြက္ကြၽန္ေတာ့္ရဲ႕လြတ္လပ္ခြင့္ကိုလဲခဲ့ရတာ
အခုဂြၽန္ရဲ႕အေရွ႕မွာကြၽန္ေတာ္ေရာက္လာၿပီေလ၊ဂြၽန႔္ကိုကယ္ဖို႔အတြက္ေရာက္ေနၿပီ
ကြၽန္ေတာ္တို႔ထြက္ေျပးရေအာင္"
"ကိုယ္ဘယ္မွလိုက္မွာမဟုတ္ဘူး ဂ်ီမင္း"
"မျဖစ္ဘူး ကြၽန္ေတာ္နဲ႕လိုက္ခဲ့မွရမယ္"
"မလိုက္နိုင္ဘူး ကိုယ္ေတာင္းပန္ပါတယ္
မင္းရဲ႕ေရွ႕ေရးကိုေနာက္တစ္ေခါက္ထပ္ၿပီးမပိတ္ပင္နိုင္ေတာ့ဘူး"
"မရဘူးလို႔ေျပာေနတယ္မလား
လိုက္ခဲ့ရမယ္"
"မလိုက္ဘူး"
"လိုက္ခဲ့"
"မလိုက္ဘူး"
"ဂြၽန္!!!"
တစ္ခ်က္မွ်ေအာ္ဟစ္ၿပီးေနာက္ေျမျပင္ေပၚကိုဒူးေထာက္ခ်လိဳက္သည္။
ဂြၽန္လိုက္မွျဖစ္မွာ..
မဟုတ္ရင္သူတို႔ကဂြၽန႔္ကိုသတ္ေတာ့မွာ
ဘာျဖစ္လို႔မ်ားဂြၽန္ကဒါေတြနားမလည္နိုင္ရတာလဲ
"အဲ့တာဘာလုပ္တာလဲ
ဒီလိုမလုပ္ပါနဲ႕ကြာ"
"ဂြၽန္လိုက္ခဲ့မွာလား"
"မလိုက္ဘူး"
"အခုမွထြက္မလာရင္ေနာက္က်ေတာ့ပါမယ္၊အခုခ်က္ခ်င္းထြက္လာမွရေတာ့မွာ"
ဆယ္လာ၏အသံသည္ေနာက္ပါးမွထြက္လာသည္။
အခ်ိန္သည္ႏွစ္မိနစ္မွ်သာက်န္ေတာ့သည္မို႔သတိလာေပးျခင္းသာျဖစ္သည္။
ဆယ္လာကိုျမင္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ဂြၽန္၏မ်က္လုံးေတြသည္လည္းအေရာင္ေျပာင္းသြားခဲ့သည္။
"ဂြၽန္တကယ္မလိုက္ဘူးလား"
"ဟင့္အင္း"
"ဘာလို႔လဲ ကြၽန္ေတာ္ေသသြားတာျမင္ခ်င္လို႔လား"
"မင္းကအခုခ်ိန္တျခားသူတစ္ေယာက္ရဲ႕အပိုင္၊ကိုယ့္အပိုင္မွမဟုတ္ေတာ့တာ"
"ဘယ္သူေျပာလဲ ဂြၽန႔္ကို"
"အမွန္ပဲ မ်က္စိေရွ႕မွာျမင္ေနရတာကို"
"ခင္ဗ်ားအရမ္းရက္စက္တာပဲ...
အဲ့ဒီေန႕ခင္ဗ်ားကိုႀကိဳးစင္ဆီေခၚသြားတဲ့အခါက်ကြၽန္ေတာ္ဘယ္လိုခံစားရမလဲမသိဘူးလား
ခင္ဗ်ားကိုတစ္ရက္မေတြ႕ရတာေတာင္႐ူးႏွမ္းၿပီးေသေတာ့မယ့္ကြၽန္ေတာ့္အျဖစ္ကိုစာနာပါဦး
ဒီလိုလူကခင္ဗ်ားမရွိေတာ့တဲ့အခါက်ေကာင္းေကာင္းေနနိုင္ဦးမယ္ထင္လား၊အဲ့လိုမ်ိဳးမလုပ္နိုင္ခဲ့ရင္လည္းအစကတည္းကေမွ်ာ္လင့္ခ်က္ေတြေရာ၊အခ်စ္ေတြေရာမေပးခဲ့နဲ႕ေလ!!!"
သူဘာမွမေျပာနိုင္ပါ။စကားသံတစ္ခြန္းမွ်ထြက္မလာပဲဆိတ္ၿငိမ္ေနမိသည္။
ဂ်ီမင္းေျပာသမွ်ကမွန္ေနတာေၾကာင့္ပင္။
ခဏအၾကာမွသူ႕ရင္ခြင္ထဲေခါင္းစိုက္ၿပီးငိုေနတဲ့ဂ်ီမင္းကိုဆြဲထုတ္လိုက္ၿပီး...
"ဒီကေနထြက္သြားေတာ့"
"ဂြၽန္ ေနာက္ဆုံးအထိဒီလိုလုပ္မွျဖစ္မွာလား"
"ထြက္သြားလိုက္ေတာ့လို႔ေျပာေနတယ္
ခဏေနအေစာင့္ေတြေရာက္လာေတာ့မွာ၊မင္းကိုဒုကၡမေရာက္ေစခ်င္ဘူး
ကိုယ့္ကိုဘာမွလွည့္မၾကည့္ေနေတာ့ပဲအျမန္ဆုံးထြက္သြားလိုက္ပါ
မင္းသားေလး မင္းကိုယ့္စကားနားေထာင္မွျဖစ္မယ္"
အဲ့လိုမွမဟုတ္ရင္ကိုယ္ေနာက္တစ္ခါေလာဘႀကီးမိလိမ့္မယ္ ဂ်ီမင္း
အမွားေတြမလုပ္မိခင္တားနိုင္ဖို႔ကိုယ္မင္းကိုေျပာေနတာပါ။
ကိုယ္မင္းကိုသိပ္ခ်စ္တာသိရဲ႕သားနဲ႕ကြာ...
သို႔ေသာ္အခ်ိန္ေႏွာင္းသြားခဲ့သည္။
လွည့္ပတ္ေနေသာအေစာင့္တစ္ေယာက္ကေတြ႕ျမင္သြားတာေၾကာင့္အခ်က္ေပးေခါင္းေလာင္းကိုသူကေျပးတီးလိုက္သည္။
လူေတြအကုန္လုံးေရာက္လာကာနန္းေတာ္ကိုပါသတိေပးလိုက္ေတာ့သည္။
သူတို႔ေျပးမလြတ္ေတာ့ပါ။
ေျပးမထြက္နိုင္မီအခ်ိန္ေလးအတြင္းမွာပဲအက်ဥ္းေထာင္တစ္ခုလုံးမီးေရာင္ေတြႏွင့္ျပည့္ႏွက္သြားရေတာ့သည္။
"ဂ်ီမင္း မင္းဘာလို႔ေပးထားတဲ့ကတိကိုမတည္ရတာလဲ
မင္းေကာင္းေကာင္းေနရင္ဘာမွမလုပ္ပါဘူးလို႔ကတိေပးထားရက္နဲ႕အခုေတာ့ခမည္းေတာ္ပါသိသြားၿပီ။
သူအရမ္းစိတ္ဆိုးေနတယ္။ပင္လယ္ဓားျပဂြၽန္ကိုမနက္ျဖန္ပဲႀကိဳးဒဏ္ေပးေတာ့မယ္လို႔အမိန႔္ခ်မွတ္လိုက္ၿပီ"
မိုးႀကိဳးတစ္ခ်က္ကႏွလုံးသားတည့္တည့္ကိုပစ္ခ်လိဳက္သည္။ကြဲအက္လုနီးပါးႏွလုံးသားသည္ထပ္ျခမ္းကြဲသြားရသည္။
မနက္ျဖန္...မနက္ျဖန္တဲ့လား
ဂြၽန္ကမနက္ျဖန္အသတ္ခံရေတာ့မွာလား...
"အဲ့တာဘာေၾကာင့္လဲဆိုေတာ့အစ္ကို႔ေၾကာင့္...
လႊတ္ေပးပါဆိုတဲ့ကတည္းကျပန္လႊတ္ေပးခဲ့ရင္ဒီလိုေတြျဖစ္လာမွာမဟုတ္ဘူး၊အစ္ကို႔ကိုမုန္းတယ္!!!"
"သူ႕ကိုအခန္းထဲလိုက္ပို႔ေပးလိုက္ဦး
သူပင္ပန္းေနၿပီ"
"ဖယ္ၾကစမ္း
လႊတ္!!ငါ့ကိုမထိနဲ႕"
"မင္းသမီးဆယ္လာလည္းကိုယ့္အခန္းကိုယ္ေကာင္းေကာင္းမြန္မြန္ျပန္ပါေတာ့"
"ဖယ္လို႔ေျပာေနတယ္မလား!!"
ျဖစ္ပ်က္ေနတာေတြအားလုံးကိုၾကည့္ေန႐ုံသာ...
သူလည္းဘာမွမလုပ္ေပးနိုင္ခဲ့...
ညီျဖစ္သူကိုေတာ္ေတာ္သနားေပမယ့္ခမည္းေတာ္ကေစခိုင္းသည့္အတြက္အတင္းအၾကပ္လုပ္ရသည္။
ပထမအစကေကာင္းေကာင္းမြန္မြန္လက္ထပ္ၿပီးရင္အေဝးဆုံးကိုတိတ္တိတ္ေလးပို႔ေပးလိုက္မယ္လုပ္ခဲ့တာ...
ခမည္းေတာ္ၾကားသြားေတာ့အခုပိုဆိုးသြားခဲ့ၿပီ။
"သူ႕ကိုေခၚသြား"
"ဖယ္ အစ္ကိုနမ္ဂြၽန္း
ေက်းဇူးျပဳၿပီးကြၽန္ေတာ္ဒီလိုေတာင္းပန္ပါတယ္
ဂြၽန႔္ကိုျပန္လႊတ္ေပးပါ"
"အစ္ကိုမတတ္နိုင္ဘူး"
"ဒါျဖင့္ရင္ေနာက္ဆုံးစကားေလးတစ္ခြန္းေတာ့ေျပာခြင့္ေပးပါ"
"ဒါကအစ္ကိုလုပ္ေပးနိုင္တယ္
ခမည္းေတာ္ရဲ႕ေဒါသကိုအစ္ကိုတို႔သြားစမ္းလို႔မရနိုင္ဘူး
ခဏေတာ့စကားေျပာခြင့္ေပးမယ္
ၿပီးရင္ၾကည္ၾကည္သာသာနန္းေတာ္ကိုျပန္ရမယ္ေနာ္"
"ေကာင္းပါၿပီ"
"အားလုံးလိုက္ခဲ့
အျပင္မွာေစာင့္ေနၾကမယ္"
"ဟုတ္ကဲ့ မင္းသား"
အားလုံးထြက္သြားသည့္အခ်ိန္...
တိုက္ပိတ္ခန္းထဲႏွစ္ေယာက္တည္းက်န္ခဲ့သည္။
ေစာေစာကတည္းကဂြၽန္လိုက္ခဲ့ရင္ဒီလိုျဖစ္မွာမဟုတ္
ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲ ဂြၽန္ရယ္
"ဂြၽန္"
"ဂ်ီမင္း အြန႔္..."
ႏႈတ္ခမ္းပါးေတြကိုစုပ္ယူနမ္းရွိုက္လိုက္သည္။
သံႀကိဳးေတြနဲ႕လက္ကိုခတ္ထားတာေၾကာင့္သူနမ္းေနသည္ကိုဖယ္ရွားမပစ္နိုင္သလိုဂြၽန္သည္႐ုန္းကန္ေနခဲ့သည္။
ဖိကပ္သည္...
နမ္းရွိုက္သည္...
မက္ေမာသည္...
ႏွေျမာသည္...
ခ်စ္ျမတ္နိုးသည္။
ဤႏႈတ္ခမ္းပါးေတြကို
ေနာက္ဆုံးေတာ့ဒီဟာေတြကိုပိုင္ဆိုင္ခြင့္ရခဲ့တဲ့သူကတစ္ေယာက္တည္းျဖစ္ခဲ့တာပဲ
အနမ္းေတြကိုရပ္တန႔္လိုက္ၿပီးနားနားကပ္ကာစကားတစ္ခြန္းေတာ့ေျပာခဲ့သည္။
"မနက္ျဖန္ဂြၽန႔္လည္ပင္းထက္ႀကိဳးကြင္းေရာက္တဲ့အခ်ိန္ကြၽန္ေတာ့္ႏွလုံးသားထဲဓားတစ္ေခ်ာင္းစိုက္ဝင္သြားၿပီလို႔သာမွတ္ယူလိုက္ပါေတာ့
ေသလည္းအတူေပါ့ ကပၸတိန္ရယ္"
စကားအဆုံးတြင္ေတာ့ထိုေနရာမွလွည့္မၾကည့္ပဲထြက္ေျပးလာလိုက္သည္။
ရင္ကလည္းအတိုင္းအဆမရွိနာေနရသလိုမ်က္ရည္ေတြသည္တာက်ိဳးသလိုတားမနိုင္ဆီးမနိုင္...။
သူေျပာခဲ့တဲ့အတိုင္းပဲဂြၽန္မရွိရင္သူမေနနိုင္ပါ။
ေနရင္လည္းအတူတူေနရမည္။
ေသရင္လည္းအတူတူေသရမည္။
လွမ္းေအာ္လိုက္ေသာစကားသံအခ်ိဳ႕ကိုလ်စ္လ်ႉရႉလိုက္ကာထြက္ေျပးလာသည္။
"ဂ်ီမင္းမျဖစ္ဘူး အဲ့လိုမလုပ္ရဘူး!!"
သံႀကိဳးေတြၾကားအတင္း႐ုန္းမိေတာ့နာသည္။
သံတံခါးကိုဂ်ိမ္းခနဲျမည္ေအာင္ပိတ္သြားသည့္အသံရယ္၊ထြက္ေျပးသြားခဲ့တဲ့ဖိနပ္သံေလးရယ္ကိုပဲၾကားလိုက္ရေတာ့သည္။
သူမတားဆီးနိုင္ခဲ့ပါ။
ဒီညလည္းငိုေႂကြးရဦးမည္။
ၾကယ္ေတြသည္လည္းမလင္းလက္
လမင္းသည္လည္းမေတာက္ပနိုင္ေတာ့....။
_____