နေညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့...

By Z_isnot_yours

57.4K 4.5K 594

Completed Myanmar GL Story🌼 ကျွန်မဟာ သံသရာတကွေ့မှာ ညို့မျက်ဝန်းနက်နက်တွေထဲခြေချော်ကျခဲ့ဖူးပါသည်။ ... More

စာကိုယ် -၁ (U+Z)
စာကိုယ် -၂( U+Z)
စာကိုယ်-၃(U+Z)
စာကိုယ်-၄(U+Z)
စာကိုယ်-၅(U+Z)
စာကိုယ်-၆(U+Z)
နိဒါန်းတစ်ခု၏နိဂုံး(U+Z)
အချပ်ပို(U+Z)🌼

နိဒါန်း(U+Z)

17.5K 718 155
By Z_isnot_yours

Unicode

အော်စတင်ကားနက်လေးတစ်စီး ခြံရှေ့သို့ ထိုးဆိုက်လာသံကြားသည်မို့ ခြံထဲကဒန်းလေးပေါ်တွင်ထိုင်ကာ သတင်းစာဖတ်နေသော နေရီရီဆိုသည့် အသက်အစိတ်အရွယ် အမျိုးသမီးလေးက ဖတ်လက်စ ၂၂. ၅.၁၉၆၂ အင်္ဂါနေ့ထုတ် ခေတ်အလင်းသတင်းစာကိုချကာ ခြံတံခါးသွားဖွင့်ပေးရသည် ။

"ညီမလေး ၊ ကြီးဒေါ်မြဘယ်သွားနေလို့ ကိုယ်တိုင်ခြံတံခါး လာဖွင့်နေရသလဲကွယ်" ကားခေါင်းခန်းမှ ကားမှန်ကိုချကာ ကိုကိုကြီးက လှမ်းမေးသည်။

" ကြီးဒေါ်ကို နေရီ ဈေးခဏလွှတ်လိုက်ထားလို့ပါ ကိုကိုကြီး" နေရီပြန်အဖြေမှာ ကိုကိုကြီးက ခေါင်းအသာ ငြိမ့်ကာ ကားကိုစင်ဝင်အောက်သို့ မောင်းသွားသည် ။ ကားနောက်ခန်းမှာတော့ နေရီတစ်ခါမှမမြင်ဖူးသည့် မျက်နှာစိမ်းအမျိုးသမီးလေးတစ်ယောက်ပါလာသည်။ ကိုကိုကြီး သတင်းစာတိုက်အတွက် အသစ်ခန့်ထားတဲ့ လက်နှိပ်စက် စာရေးမလေးဖြစ်မည်တွေးမိရင်းနေရီလည်း ခြံတံခါးကိုအသာပြန်ပိတ်ကာ အိမ်ကြီးထဲသို့ပြန်ဝင်လာလိုက်သည်။

နေရီ ဧည့်ခန်းထဲပြန်ဝင်လာတော့ ကိုကိုကြီးကိုမတွေ့ပါ။ အိမ်အပေါ်ထပ် တက်သွားသည်ဖြစ်ရမည် ။ကိုကိုကြီး ခေါ်လာသည့် အမျိုးသမီးလေးသာ ဧည့်ခန်းအတွင်းထိုင်နေသည်ကိုတွေ့လိုက်သည်။ ထို အမျိုးသမီးလေးက နေရီ့ပြန်အဝင်လာကို တွေ့တော့ အသာပြုံး၍နှုတ်ဆက်သည် ။ နေရီလည်း ဧည့်သည်ကို တစ်ခုခုတော့ ဧည့်ခံရမည်ဟုတွေးရင်း စကားပြောဖို့ပြင်ရသည်။

" ဧည့်သည်ပါလာတာဘဲ။ ဒီက ညီမ အပူဖြစ်ဖြစ် ၊ အအေးဖြစ်ဖြစ် တစ်ခုခု သုံးဆောင်ပါလားကွယ်" နေရီရီက သူ့ရှေ့က မိန်းမငယ်လေးကို သေချာကြည့်မိသည်။ အသက်အရွယ်ကတော့ သူ့ထက် နည်းနည်းငယ်လောက်မည်၊ အသားအရည်က ညိုစိမ့်စိမ့်ကလေးနှင့် မော့ကြည့်လာတဲ့ မျက်ဝန်းနက်နက်ကလေး၊ လှသည်ဆိုသည်ထက် ယဉ်သည်ဟုပြောလို့ရမည့်မျက်နှာကလေးက မျက်နှာမြင် ချစ်ခင်ပါတဲ့ဆုကိုပြည့်ထားပုံရသည်။ မိန်းကလေးချင်းတောင် လမ်းမှာတွေ့လျှင်လည်ပြန်ကြည့်ချင်စရာ။ အခုတော့ နေရီရီက လည်ပြန်မကြည့်ဘဲ မျက်နှာချင်းဆိုင်ကြည့်လို့ရနေသည်။

" နေပါစေရှင့်၊ ညို ဆရာ့ဆီက သတင်းစာတိုက်အတွက်လိုတဲ့ စာရွက်စာတမ်းတွေလာယူတာပါ။ ပြီးရင် တန်းပြန်တော့မှာပါ" ဟော၊အသံကြားသနားပါစေဆုက သူ့ဆီမှာပြည့်ထားပြန်ပြီထင်သည်။

" ညီမက ကိုကိုကြီး အသစ်ခန့်လိုက်တဲ့ စာရေးမလေးဖြစ်မယ်ထင်တယ်" နေရီကပြောရင်း မျက်နှာချင်းဆိုင် ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

"ဟုတ်ကဲ့ ညို မနေ့ကမှ အလုပ်စဝင်တာပါ"

"အော် ၊ ဒါနဲ့ ညီမ နာမည်ကညိုတဲ့လား"

" အပြည့်အစုံက ဒေစီညိုပါ"

"ဟော ၊ ညို ညာတယ် ၊ ဒေစီဆိုတာ အဖြူဘဲရှိတာမဟုတ်ဘူးလား ၊ အညိုရောင် ဒေစီပန်းကိုမြင်ဖူးလို့လား ၊ ညိုမြင်ဖူးရင် တို့ကိုပြပါလား။ " နေရီရီက ခပ်ပြုံးပြုံးပြောတဲ့ အမေးစကားကိုကြားတော့ ဒေစီညို ရုတ်တရက် ဘာပြန်ဖြေရမလဲမသိ။

"ဟို ..ညို့ကိုမေမေက ဒီလိုဘဲ ပေးထားတာ.."

" ဟားဟားး ငါ့ညီမကတော့ သွားစနေပြန်ပြီ။ ဒီလိုဘဲ ညိုရေ၊ ကိုယ့်ညီမက အတော်လေးအစသန်တာရယ်" လက်ထဲမှာ ဖိုင်တစ်ထပ်နဲ့ အိမ်အပေါ်တက်မှ ပြန်ဆင်းလာတဲ့ကိုကိုကြီးရဲ့ ရယ်သံကိုကြားရတော့မှ ညိုလည်းသဘောပေါက်သွားသည်။ သူ့ရှေ့က အမျိုးသမီးကတော့ သူ့ရဲ့ အူကြောင်ကြောင်ဖြစ်သွားတဲ့ပုံစံကလေးကိုကြည့်ပြီး ဘာတွေသဘောကျနေမှန်းမသိ ။ ရယ်ချင်စိတ်ကိုအတော်ဖုံးဖိထားရတဲ့ပုံနဲ့ ပြုံးစစကလေးဖြစ်နေသည်။

" ရော့ ညို ၊ ကိုတင်မောင်တို့ သတင်းစာတိုက်ကို လာတောင်းတဲ့အခါ ပေးလိုက်ပါ" ကိုကိုကြီးက သူ့လက်ထဲက ဖိုင်တွေကို ညို့လက်ထဲလွှဲပေးသည်။

" ဟုတ်ကဲ့ ဆရာ၊ ညို ပေးလိုက်ပါ့မယ်" ပြန်ဖို့ပြင်နေတဲ့ညို့လက်ထဲက ဖိုင်တစ်ဝက်ကို နေရီရီက ကူသယ်လိုက်သည်။

"ပေးပေး တို့ကူသယ်ပေးမယ်၊ ကိုကိုကြီး ညီမလေး ညို့ကိုခြံရှေ့အထိပြန်ပို့ပေးလိုက်ဦးမယ်နော်"

"အေးအေး"

အိမ်မကြီးကနေ ခြံရှေ့အထိ လျှောက်လာတဲ့ တောက်လျှောက် ညိုကနေရီ့ဘေးနားမှ စကားတခွန်းမှမပြောဘဲ ဆိတ်ဆိတ်ပင်လိုက်လာသည်။ နေရီကတော့ တွေးမိသည်။ သူစလိုက်တာများ ရှက်သွားသလားလို့ပေါ့။

" ညိုအခု သတင်းစာတိုက်ကိုပြန်သွားရမှာလား"

"ဟုတ်ကဲ့ ၊ ဒီဖိုင်တွေ လာယူမယ့်လူတွေကို သတင်းစာတိုက်မှာ သွားစောင့်ပေးရမှာပါ"

'အော်" ထွေထွေထူးထူးပြောစရာမရှိတာမို့ ပြန်လို့တိတ်ဆိတ်သွားရသည်။

ခြံတံခါးဝသို့ ရောက်တော့ နေရီက ဖိုင်တွေကို ညို့လက်ပေါ်ပြန်တင်ပေးလိုက်သည်။

" နိုင်ရောနိုင်ရဲ့လား ညို ၊ တို့လိုက်ပို့ရမလား"

"ဟုတ်ကဲ့၊ နိုင်ပါတယ် လိုက်ပို့မနေပါနဲ့တော့"

နေရီက ခြံတံခါးကို လူတစ်ယောက်စာလောက်ဟကာ ဖွင့်ပေးလိုက်တော့ ညို့ခြေနှစ်ဖက်လုံးက ခြံပြင်ရောက်သွားပြီဖြစ်သည်။

" နေရီရီ တို့နာမည်ကနေရီရီပါညို ၊ ညို့ကိုကျ နာမည်မေးပြီး တို့နာမည်မပြောပြလိုက်ရရင် တို့မတရားဘူးထင်လို့"

ခြံရှေ့ရောက်သွားသည့် ကျောပြင်သေးသေးလေးကပြန်ကြည့်လာသည်။ ပန်းနုရောင် လက်ရှည် ရင်ဖုံး ခါးတို အင်္ကျီကလေးနှင့် ပန်းဆီရောင်ရင့်ရင့် ပြောင်ထမီလေးကိုတွဲကာ ဝတ်ထားသည့် နေရီရီပုံစံက နေရောင်အောက်က ပွင့်ကာစ ပန်းဆီရောင်နှင်းဆီကလေးနှင့်ပင်တူနေသည်။ နေရီရီဆိုသည့်အမျိုးသမီး၏အလှက အခုလိုပြုံးနေသည့်အခါ ပိုလို့တောက်ပနေပါလားဟု ညို မဆီမဆိုင်တွေးလိုက်မိသည်။

"ဟုတ်ကဲ့ ၊ ညို့ကိုသွားခွင့်ပြုပါဦး ၊ မနေရီရီ"

အပြုံးမမည်သောအပြုံးသေးသေးကလေးဖြင့် နှုတ်ဆက်သွားသည့် ကျောပြင်လေးမြင်ကွင်းရှေ့က ပျောက်ကွယ်သွားသည်အထိ နေရီ ရပ်ကြည့်နေမိသည်။ ခြေတစ်လှမ်းတိုင်း မိုးပြာရောင်လက်ကိုင်ဇာပုဝါအသေးလေးနှင့် စုချည်ထားသည့် ခါးအထိ ရှည်တဲ့ ဆံနွယ်စင်းစင်းတွေ သော့သော့ကလေးယမ်းသွားပုံက ငေးကြည့်ချင်စရာ။ အရင်ကဒေစီအဖြူတွေကိုလှတယ်ထင်ခဲ့တာ ၊အခုတော့ ဒေစီအညိုလေးတစ်ပွင့်ကိုမမီနိုင်ပါလားဟုတွေးရင်း နေရီတစ်ယောက်ထပ်ပြုံးနေမိပြန်ပါကော။

--------

ညည့်လေက ခပ်အေးအေးသွေးသည်။
ပီယာနိုခန်းထဲမှ လွင့်လာတဲ့ သံစဉ်ငြိမ့်ငြိမ့်ကြောင့် ကိုကိုကြီး မအိပ်သေးဘဲ ပီယာနိုတီးနေတာဖြစ်မည်ဟုတွေးရင်း နေရီ ကိုကိုကြီးနဲ့စကားစမြည်ပြောဖို့ ပီယာနိုခန်းဘက်ကို ထွက်လာလိုက်သည်။

ရှင်မတောင်သနပ်ခါးနံ့သင်းသင်းကြောင့် ကိုကိုကြီးက ပီယာနိုတီးနေရင်း အခန်းဝကို လှည့်ကြည့်လိုက်တော့ နေရီက ခပ်ပြုံးပြုံးလေးနဲ့တံခါးဝမှာ ရပ်နေသည်ကို တွေ့ရသည်။

"ကိုကိုကြီး ပီယာနိုတီးသံကိုမကြားရတာကြာပြီ။ ဘာများလဲ။စိတ်ပျော်စရာရှိလာလို့လား"

နေရီက အခန်းထဲလျှောက်လာကာ ပီယာနို ခုံပေါ် လက်ကလေးတစ်ဖက်တင်လျှက်မေးသည်။

" ဘာရယ်မဟုတ်ပါဘူး ညီမလေးရယ်၊ မတီးတာကြတော့ လက်ရည်တွေကျကုန်မှာစိုးတာနဲ့ထိုင်တီးနေတာပါ"

"အော် ဒါနဲ့ကိုကိုကြီး ၊သတင်းစာတိုက်ကရော အခြေအနေ ဘယ်လိုရှိလဲ၊အစစအရာရာ အဆင်ပြေနေရဲ့လား"

"ကိုကိုကြီး ခေတ်အလင်းသတင်းစာတိုက်ကိုထောင်လာတာ နောက်ဇွန်လဆို ခြောက်နှစ်‌ပြည့်တော့မှာ၊ လုပ်ငန်းတွေက သူ့ဘာသာသူပုံမှန်လည်နေပါပြီ။ ပြီးတော့ ကိုကိုကြီး ဝန်ထမ်းတွေအကုန်လုံးကလည်းသတင်းစာတိုက်ပေါ်စေတနာထားကြတော့ မပြေစရာအကြောင်းမရှိပါဘူးလေ"

" ဝန်ထမ်းဆိုလို့ ကိုကိုကြီးအသစ်ခန့်လိုက်တဲ့စာရေးမလေးကရော ဘယ်လိုလဲ၊ အလုပ်မှာတော်ရဲ့လား"

"အော် ဒေစီညို့ကိုပြောတာလား။မဆိုးပါဘူး။သူကအခုမှဝင်ခါစဆိုတော့သင်ပေးရတာတွေရှိပေမယ့် ကြိုးစားရှာပါတယ်ကွယ်"

ကိုကိုကြီးလိုအလုပ်လုပ်ရင် သေသပ်တိကျလွန်းတဲ့ လူဆီက မဆိုးပါဘူးဆိုတဲ့ ချီးကျူးစကားကြောင့် နေရီတချက်ပြုံးမိသည်။သူ့ကိုကိုကြီးအကြောင်းသူအသိဆုံးမဟုတ်လား။တော်ရုံ လူအပေါ် ချီးကျူးခဲသည်။

"သူက ရန်ကုန်ကဘဲလားကိုကိုကြီး"

"အခုတော့ ဗိုလ်ဆွန်ပက်လမ်းထဲက အမျိုးသမီးအဆောင်မှာ နေတယ်ပြောတယ်"
ကိုကိုကြီးက ပီယာနိုတီးတာကိုရပ်လိုက်ပြီဖြစ်သည်။

"ရန်ကုန်မှာ တစ်ယောက်ထဲလာနေနေတာလား၊အမျိုးတွေ ဘာတွေရောမရှိဘူးတဲ့လား "
"အဲ ဒါတွေတော့ ကိုကိုကြီးလည်း မမေးမိသေးဘူးရယ်"
သိချင်တာမသိရတော့ နေရီမျက်နှာကအလိုမကျမှုကြောင့်မျက်မှောင်ကလေးကြုံ့နေသည်။

"ဟင်၊ ကိုကိုကြီးကလည်း ၊ကိုယ့်ဆီကဝန်ထမ်းအကြောင်းတော့သိသင့်တာပေါ့"

"ဟောဗျာ၊မိနေရီရယ်၊ ဒေစီညိုကအလုပ်ဝင်တာ ဒီနေ့နဲ့မှ နှစ်ရက်ဘဲရှိသေးတယ်လေ။ကိုကိုကြီး ဘယ်သိပ်သိဦးမလဲ"

ကိုကိုကြီးဟု နေရီခေါ်သည့် ဦးနေမင်းရှိန်က ခပ်ဖွဖွရယ်ရင်းပြောသည်။သူတို့မောင်နှမလုံးက အမျိုးလို့မပြောရဘူး။ရယ်လိုက်ရင် အတော်ကြည့်ကောင်းကြသည်။အရပ်အမောင်း တောင့်တောင့်၊အသားအရည်ခပ်လတ်လတ် ၊ ခပ်တိုတိုဆံပင်ပုံကိုဆီရွှဲနေအောင်လိမ်းထားကာ အမြဲတနေ အိပ်ခါနီးပင်ဖြစ်စေ သေသေသပ်သပ်ဖီးထားတတ်သူဖြစ်သည်။ အသားအရေလတ်သူမို့ မေးရိုးထင်းထင်းတစ်လျှောက် ရိတ်ခါစ မုတ်ဆိတ်ရာက ခပ်စိမ်းစိမ်းထင်းနေသည်။

"ဒါဆို နေရီမေးဦးမယ်။ ‌ဟို... ဒေစီညိုက အပျိုလား"

" နေရီက ဘာလုပ်ဖို့မေးတာတုန်း၊ကိုကိုကြီးက ဝန်ထမ်းတွေကိုအပျို လူပျိုမှခန့်တယ်လို့တော့မဟုတ်ဘဲရယ်"

"ဟာ။ကိုကိုကြီးကလည်း၊နေရီမေးတာကောင်းကောင်းမဖြေဘူး" မျက်မှောင်ကြုတ်နေသည့်နေရီရီခမျာ နှုတ်ခမ်းပင်ခပ်စူစူကလေးဖြစ်လာသည်။

" အင်း။အလုပ်လျှောက်လွှာမှာတော့ အိမ်ထောင်မရှိလို့ပါတယ်။ တကယ်ပျိုမပျိုတော့သွားစစ်ကြည့်လို့မှမရဘဲကွဲ့"
ကိုကိုကြီးက ထအရွှန်းဖောက်သည်။အခုမှ နေရီမျက်နှာကပြေလျော့ကာပြုံးပြုံးကလေးဖြစ်လာသည်။

"ကဲ မိနေရီရယ်။ ဒီနေ့မှ ကိုကိုကြီးကို အမေးအမြန်းသိပ်ထူနေသလိုဘဲ။ ကဲ ဘာထပ်မေးချင်သေးလဲ"

"ဟီး။မရှိတော့ပါဘူး ကိုကိုကြီးရဲ့"

"သွား သွား။ဒါဆိုလည်းညည့်နက်နေပြီမို့သွားအိပ်တော့"

ကိုကိုကြီးက ပြောလိုက်တော့ နေရီရီလည်း အိပ်ခါနီးကန်တော့သွားကာ သူ့အိပ်ခန်းထဲဝင်သွားပြီဖြစ်သည်။ ကိုကိုကြီးလည်း ပီယာနိုးဖုံးကိုပိတ်လိုက်တာ ကိုယ့်အိပ်ခန်းထဲကိုယ်ဝင်လိုက်တော့သည်။

----------

ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ်က ခေတ်အလင်းစာတိုက်မှာ နေ့လယ်သုံးနာရီခန့်တွင်အလုပ်များလျှက်ရှိသည်။ ဒီကနေ့‌ နေ့လယ်ပိုင်းအထိရထားသမျှ သတင်းတွေကို နောက်တစ်နေ့မနက်အတွက် သတင်းစာထဲထည့်ဖို့တည်းဖြတ်ပြင်ဆင်ရင်းအလုပ်များနေကြသည်။ ဘက်လိုက်ခြင်းကင်းကင်း အဖြူအမဲသဲကွဲစွာ တိကျသေချာသောသတင်းများဖြင့် ဖြစ်ပျက်သမျှခေတ်ကာလကို အများပြည်သူထံ မီးမောင်းထိုးပြရမည်မှာ သူတို့သတင်းသမားတွေ၏တာဝန်ဖြစ်သည်မဟုတ်ပါလား။ အမှန်တရားဆိုရင် ရေငုံနှုတ်ပိတ်မနေဘဲ ပြောသင့်ပြောထိုက် ဝေဖန်သင့် ဝေဖန်ထိုက်သည်ဆိုရင်တော့ တရားကျကျဝေဖန်‌ ရေးသားကြရမည်ဖြစ်သည်။ အယ်ဒီတာ ရုံးခန်းထဲတွင်တော့ သတင်းစာတိုက်ကိုပို့လာသည့် ကာတွန်းများကို စိစစ်ရွေးချယ်နေရသည့် ဦးနေမင်းရှိန်။ ၁၉၆၂ မတ်လ၂ရက် အာဏာသိမ်းမှုဖြစ်ပွားပြီးသည့်နောက်ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)တက်လာသည့်အခါ တိုင်းပြည်အတွင်း ကြိုက်သူရှိသလို မကြိုက်သူလည်းရှိသည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးတာအခုဆို သုံးလပြည့်တော့မည့် အချိန်ကာလတစ်ခုကို ရောက်နေပြီ။ နိုင်ငံအတွင်း ဆန္ဒပြပွဲတွေကကွက်ကြားကွက်ကြား၊အာဏာသိမ်းဖြစ်စဉ်အတွင်း သမ္မတဟောင်းစပ်ဝ်ရွှေသိုက်၏သား စပ်ဝ်မီမီသိုက် သေနတ်ပစ်ခံရ၍သေဆုံးသွားမှုနှင့်ပတ်သတ်၍ စစ်တပ်နှင့်စော်ဘွားများကြား ရန်စတွေကလည်းပိုလို့ကြီးထွားလျှက်။ ခေတ်ကာလမကောင်းသည့်အခြေအနေတွင် သတင်းစာများအနေနှင့် အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ် အရေးမတော်တစ်ပြုတ်ဖြစ်သွားနိုင်သည်။ ခေတ်ပျက်ကြီးကိုဝေဖန်သည့် သရော်စာ ဆောင်းပါး ကာတွန်းများက ခေတ်အလင်းသတင်းစာတိုက်ကို ဆက်တိုက်။ထည့်သင့်မထည့်သင့် ဦးနေမင်းရှိန်အတော်ခေါင်းကိုက်နေသော်လည်း ဖြစ်ချင်ရာဖြစ် ပြည်သူ့အသံကို ထုတ်အော်ပြနိုင်ဖို့ရာ သူတို့သတင်းသမားတွေရဲ့ တာဝန်ဟုသာတွေးရင်း အမည်ခံ ဆိုရှယ်လစ်နှင့် အာဏာသိမ်းစစ်တပ်ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို ထည့်ပစ်လိုက်တော့သည်။

"ညို"

မနက်ဖြန်သတင်းစာထဲတွင် ထည့်ရန် နာရေး ကြော်ငြာတစ်ခုကိုရေးနေသည့် လက်နှိပ်စက်ပေါ်က ညို့လက်ချောင်းလေးကလေးများရပ်တန့်သွားကာ အသံလာရာကိုကြည့်လိုက်တော့ စားပွဲရှေ့တွင် ရပ်နေသည့် နေရီရီကို တွေ့လိုက်ရသည် ။ ရွှေရောင်အပွင့်ကလေးများသည့် ဝမ်းဆက်ကို ကျော့ရှင်းနွဲ့ပျောင်းသော ခန္ဓာကိုယ်ထက် ဆင်မြန်းထားသည့်ပုံက အမြင်တွင်ယဉ်ယဉ်ကလေး၊ မျက်နှာချေခပ်ပါးပါး၊ နှုတ်ခမ်းဆိုးဆေး အနီဖျော့ဖျော့ကလေးသာဆိုးထားပေမယ့် နုနယ်သော မျက်နှာကလေးက လင်းလို့နေသည်။ အရင်နေ့က နေရီရီက အိမ်နေရင်းအဝတ်အစားနဲ့တွင် ကြည့်ကောင်းနေပေမယ့် အခုလိုပြင်ဆင်ထားမှုကြောင့် လှသည်ထက်ပိုသည်။

" ဟိတ်၊ ဘာလို့ ဒီလောက်တောင်ငေး။ မျက်တောင်လေး ဘာလေးခတ်ပါဦးညိုရဲ့ တို့သိပ်များလှနေလို့လား "

ခပ်သော့သော့ ရယ်သံစွက်နေသည့် အသံကလေးထွက်လာမှ ညို ကိုယ့်အဖြစ်ကိုသတိထားမိပြီး ချောင်းအသာ ဟန့်လိုက်ရသည်။

" ဟို မနေရီရီ.. ဆရာ့ကိုလာရှာတာလား။ ဆရာ သူ့ရုံးခန်းထဲမှာရှိပါတယ်။ ညို သွားခေါ်ပေးရမလား"

" နေ နေ ၊ညို လုပ်စရာရှိတာ ဆက်လုပ်ပါ။ တို့ ကိုယ့်ဘာသာဘဲ သွားလိုက်ပါ့မယ်"

ခပ်ပြုံးပြုံးကလေး ပြောပြီး အယ်ဒီတာ့ ရုံးခန်းအတွင်းဝင်သွားတော့မှ ညို သက်ပြင်းအသာချရသည်။ ဒီရက်ပိုင်းမှာ ရင်တုန်ပန်းတုန်နဲ့ ။ သူအိပ်ရေးပျက်တာတွေသိပ်များနေလို့လား။

မိနစ်ပိုင်းလောက်ကြာသောအခါ နေရီရီက ဆရာ့ ရုံးခန်းထဲမှပြန်ထွက်လာသည်။

" သွားရအောင် ညို"

" ရှင် ဘယ်ကို၊ ညိုအလုပ်မပြီးသေးဘူးရှင့် "

"ရတယ် ၊ ထားခဲ့လိုက်၊ ခဏဘဲကြာမှာ၊ နေရီ ကိုကိုကြီးကိုပြောခဲ့တယ် ၊ ညို့ကိုအဖော်ခေါ်သွားစရာရှိလို့လို့ "

"ဟို..ဘယ်ကိုသွားမလို့လဲ"

"ခိုးပြေးမလို့"

"....."

"နောက်တာပါ လန့်မသွားပါနဲ့ ၊ နေရီ ဆူးလေဘုရားပေါ်တက်မလို့လေ၊ အဲ့ဒါ တစ်ယောက်ထဲ မသွားချင်လို့ ။ ညို ခဏလေးလိုက်ခဲ့ပေးပါလား။" မျက်တောင်ရှည်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာပြောလာသော မိန်းမလှလေး၏တောင်းဆိုမှုကို မငြင်းနိုင်ပါ။ အေးလေ။ ဘာဝေးတာမှတ်လို့ ။ သူတို့သတင်းစာတိုက်က မဟာဗန္ဓုလလမ်းပေါ်မှာမလို့ ဆူးလေဘုရားကို လမ်းလျှောက်သွားလျှင်ပင် ရောက်သည်မဟုတ်ပါလား။ ဘုရားပေါ်တက်ပြီးမှ ရုံးကိုပြန်လာပြီး အလုပ်ဆက်လုပ်လည်းဖြစ်သည်ဟုတွေးရင်း

" လမ်းလျှောက်သွားမှာလား မနေရီ"

" အင်း ၊ အင်း ။ နီးနီးလေးဘဲကို ညိုရဲ့ ၊ လမ်းဘဲလျှောက်ကြမယ်"လိုချင်တာရသွားသည့် ကလေးတစ်ယောက်မပါ နေရီက သွားညီညီလေးတွေပေါ်သည်အထိ ရယ်ပြနေသည်။

"ဒါဆိုလည်း သွားစို့"

"ဟိတ် ကောင်မလေးတွေ။ခေတ်ကြီးက ကောင်းတာမဟုတ်ဘူးနော် မြန်မြန်သွားပြီး မြန်မြန်ပြန်လာကြ"

အယ်ဒီတာ ရုံးခန်းထဲက ဦးနေမင်းရှိန်၏ အသံပါဝါကောင်းကောင်းကို သူတို့နှစ်ယောက်လုံး အပြင်ထွက်ခါနီးကြားလိုက်ရသေးသည်။

---

အချိန်က ညနေလေးနာရီခန့်၊ ကျနေရောင်အောက်မှာ ဆူးလေ စေတီတော်ဟာ ရွှေ‌ရောင်တဝင်းဝင်း။

သူတို့ဘုရားပေါ်မတက်မီ ဘုရားပန်းကပ်ဖို့ပန်းဝင်ခဲ့ကြသည်။ နေရီကတော့ စနေသမီးမို့ နှင်းဆီကိုးပွင့်ဝယ်သည်။ ဒေစီညိုကတော့ ဗုဒ္ဓဟူးသမီးမို့ ရွက်လှဘဲဝယ်လိုက်သည်။ပန်းဆိုင်ကပြန်အထွက်တွင် နေရီရီက ပြုံးစစဖြင့် စဖြစ်အောင်စလိုက်သည်။

" ညိုက ဗုဒ္ဓဟူးသမီးလား ။ ဒါနဲ့ ညိုကြားဖူးတယ်မလား ဥဿာ၊စိန်ပန်း၊ ဒန်းလှကိုရှာတဲ့ ၊ နေရီကတော့ စနေသမီး"

ညိုကတော့ အတွေးပေါက်သွားသည့် ပုံရသည်။ မျက်နှာကလေးက ရှက်ရဲရဲဖြင့် ဘုရားပေါ်ဦးအောင်တက်သွားသည်။ သူ့ဆရာပြောတာအမှန်ဖြစ်နေသည်။နေရီရီက ရုပ်တည်နဲ့အစသန်လွန်းသည်။

"ဟေတု ပစ္စယောတိ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော....."

ပဌာန်းအကျယ်ကို မတိုးမကျယ်ဖြင့် ပူဇော်နေသည့် ပုံရိပ်လေးကို ညိုဘေးကနေ ငေးကြည့်နေမိသည် ။ လက်ဆယ်ဖြာကို ကြာငုံအသွင်ချီထားသည့် လက်ချောင်းသွယ်သွယ်လေးတွေနှင့် ၊ လက်ခုံတစ်လျှောက်မှာ မွေးညင်းတို့က ရေးရေး။ နေရီကအသားအရောင်က ကြည်ကြည်လေးမို့ လက်ခုံတစ်လျှောက် သွေးကြောစိမ်းစိမ်းကလေးတို့ကိုပင်ဖြာလျက်။ တကယ်ဘဲမြန်မာအမျိုးသမီးတစ်ယောက်၏အလှတရားက ငေးမဝချင်စရာ။ ဆက်ပြီး ငေးနေမိရင် ရုံးမှာတုန်းကလို အပြောခံရမလားတွေးမိရင်းခပ်မြန်မြန်အကြည့်လွှဲလိုက်ရသည်။

လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံမှုဟာ ရေစက်တွေကြောင့်သာဆိုရင် နေရီရီနဲ့ ဒေစီညိုရဲ့ ရေစက်တွေဟာ ဖြတ်သွားဖြတ်လာ သာမန်အသိမိတ်ဆွေဆိုတာထက် ပိုလို့နေမှန်း အခုအချိန်မှာတော့ သူတို့နှစ်ယောက်လုံးသတိထားမိဦးမည် မဟုတ်ပါ။
---------

ဘုရားပေါ်က ပြန်အဆင်း ဇောင်းတန်းကလက်ဆောင်ပစ္စည်းအရောင်းဆိုင်ကိုဝင်ဖြစ်ကြသည်။

နေရီရီက သူ့ကြီးကြီးမြအတွက်ဟု ဆိုကာ အုန်းပုတီးတစ်ကုံးကိုဝယ်ပြီး ညို့အတွက်တော့ လာဘ်ခေါ် ရွှေရောင် ဇီးကွက်ရုပ် အသေးလေးနှစ်ရုပ်ကို လက်ဆောင်ဝယ်ပေးသည်။ လာဘ်ကောင်းအောင် ငွေများများဝင်အောင်လို့ ဇီးကွက်နှစ်ကောင်ကိုအတူတူထား၊ သူများချစ်ခြင်းကိုမခွဲနဲ့နော်ဟုလည်း မှာလိုက်သေးသည်။

ညို့ဘဝမှာ ပထမဦးဆုံးအဖြစ် မိဘမဟုတ်တဲ့ တခြားလူတစ်ယောက်ဆီက လက်ဆောင်ရဖူးလိုက်ခြင်း။

---------
AN/ ဥဿာ၊စိန်ပန်း၊ဒန်းလှကိုရှာ ဆိုတာက ဗေဒင်စကားအရ အိမ်ထောင်ဖက် ကောင်းကိုတွဲပေးထားတာ။ဥပမာ ဥဿာဆို ဥဆိုတဲ့တနင်္ဂနွေ သားသမီးနဲ့ သ‌ဆိုတဲ့သောကြာသားသမီးက အိမ်ထောင်ဖက်ကောင်းပေါ့။
ဓမ္မာ၊သောက၊အင်းဝ၊ရာဇာကိုတော့ ရန်ဖက်လို့ သတ်မှတ်ပါတယ်တဲ့။
------
Zawgyi

ေအာ္စတင္ကားနက္ေလးတစ္စီး ၿခံေရွ႕သို႔ ထိုးဆိုက္လာသံၾကာသည္မို႔ ၿခံထဲကဒန္းေလးေပၚတြင္ထိုင္ကာ သတင္းစာဖတ္ေနေသာ ေနရီရီဆိုသည့္ အသက္အစိတ္အ႐ြယ္ အမ်ိဳးသမီးေလးက ဖတ္လက္စ ၂၂. ၅.၁၉၆၂ အဂၤါေန႕ထုတ္ ေခတ္အလင္းသတင္းစာကိုခ်ကာ ၿခံတံခါးသြားဖြင့္ေပးရသည္ ။

"ညီမေလး ၊ ႀကီးေဒၚျမဘယ္သြားေနလို႔ ကိုယ္တိုင္ၿခံတံခါး လာဖြင့္ေနရသလဲကြယ္" ကားေခါင္းခန္းမွ ကားမွန္ကိုခ်ကာ ကိုကိုႀကီးက လွမ္းေမးသည္။

" ႀကီးေဒၚကို ေနရီ ေဈးခဏလႊတ္လိုက္ထားလို႔ပါ ကိုကိုႀကီး" ေနရီျပန္အေျဖမွာ ကိုကိုႀကီးက ေခါင္းအသာ ၿငိမ့္ကာ ကားကိုစင္ဝင္ေအာက္သို႔ ေမာင္းသြားသည္ ။ ကားေနာက္ခန္းမွာေတာ့ ေနရီတစ္ခါမွမျမင္ဖူးသည့္ မ်က္ႏွာစိမ္းအမ်ိဳးသမီးေလးတစ္ေယာက္ပါလာသည္။ ကိုကိုႀကီး သတင္းစာတိုက္အတြက္ အသစ္ခန႔္ထားတဲ့ လက္ႏွိပ္စက္ စာေရးမေလးျဖစ္မည္ေတြးမိရင္းေနရီလည္း ၿခံတံခါးကိုအသာျပန္ပိတ္ကာ အိမ္ႀကီးထဲသို႔ျပန္ဝင္လာလိုက္သည္။

ေနရီ ဧည့္ခန္းထဲျပန္ဝင္လာေတာ့ ကိုကိုႀကီးကိုမေတြ႕ပါ။ အိမ္အေပၚထပ္ တက္သြားသည္ျဖစ္ရမည္ ။ကိုကိုႀကီး ေခၚလာသည့္ အမ်ိဳးသမီးေလးသာ ဧည့္ခန္းအတြင္းထိုင္ေနသည္ကိုေတြ႕လိုက္သည္။ ထို အမ်ိဳးသမီးေလးက ေနရီ႕ျပန္အဝင္လာကို ေတြ႕ေတာ့ အသာၿပဳံး၍ႏႈတ္ဆက္သည္ ။ ေနရီလည္း ဧည့္သည္ကို တစ္ခုခုေတာ့ ဧည့္ခံရမည္ဟုေတြးရင္း စကားေျပာဖို႔ျပင္ရသည္။

" ဧည့္သည္ပါလာတာဘဲ။ ဒီက ညီမ အပူျဖစ္ျဖစ္ ၊ အေအးျဖစ္ျဖစ္ တစ္ခုခု သုံးေဆာင္ပါလားကြယ္" ေနရီရီက သူ႕ေရွ႕က မိန္းမငယ္ေလးကို ေသခ်ာၾကည့္မိသည္။ အသက္အ႐ြယ္ကေတာ့ သူ႕ထက္ နည္းနည္းငယ္ေလာက္မည္၊ အသားအရည္က ညိုစိမ့္စိမ့္ကေလးႏွင့္ ေမာ့ၾကည့္လာတဲ့ မ်က္ဝန္းနက္နက္ကေလး၊ လွသည္ဆိုသည္ထက္ ယဥ္သည္ဟုေျပာလို႔ရမည့္မ်က္ႏွာကေလးက မ်က္ႏွာျမင္ ခ်စ္ခင္ပါတဲ့ဆုကိုျပည့္ထားပုံရသည္။ မိန္းကေလးခ်င္းေတာင္ လမ္းမွာေတြ႕လွ်င္လည္ျပန္ၾကည့္ခ်င္စရာ။ အခုေတာ့ ေနရီရီက လည္ျပန္မၾကည့္ဘဲ မ်က္ႏွာခ်င္းဆိုင္ၾကည့္လို႔ရေနသည္။

" ေနပါေစရွင့္၊ ညို ဆရာ့ဆီက သတင္းစာတိုက္အတြက္လိုတဲ့ စာ႐ြက္စာတမ္းေတြလာယူတာပါ။ ၿပီးရင္ တန္းျပန္ေတာ့မွာပါ" ေဟာ၊အသံၾကားသနားပါေစဆုက သူ႕ဆီမွာျပည့္ထားျပန္ၿပီထင္သည္။

" ညီမက ကိုကိုႀကီး အသစ္ခန႔္လိုက္တဲ့ စာေရးမေလးျဖစ္မယ္ထင္တယ္" ေနရီကေျပာရင္း မ်က္ႏွာခ်င္းဆိုင္ ထိုင္ခုံမွာဝင္ထိုင္လိုက္သည္။

"ဟုတ္ကဲ့ ညို မေန႕ကမွ အလုပ္စဝင္တာပါ"

"ေအာ္ ၊ ဒါနဲ႕ ညီမ နာမည္ကညိုတဲ့လား"

" အျပည့္အစုံက ေဒစီညိုပါ"

"ေဟာ ၊ ညို ညာတယ္ ၊ ေဒစီဆိုတာ အျဖဴဘဲရွိတာမဟုတ္ဘူးလား ၊ အညိုေရာင္ ေဒစီပန္းကိုျမင္ဖူးလို႔လား ၊ ညိုျမင္ဖူးရင္ တို႔ကိုျပပါလား။ " ေနရီရီက ခပ္ၿပဳံးၿပဳံးေျပာတဲ့ အေမးစကားကိုၾကားေတာ့ ေဒစီညို ႐ုတ္တရက္ ဘာျပန္ေျဖရမလဲမသိ။

"ဟို ..ညို႔ကိုေမေမက ဒီလိုဘဲ ေပးထားတာ.."

" ဟားဟားး ငါ့ညီမကေတာ့ သြားစေနျပန္ၿပီ။ ဒီလိုဘဲ ညိုေရ၊ ကိုယ့္ညီမက အေတာ္ေလးအစသန္တာရယ္" လက္ထဲမွာ ဖိုင္တစ္ထပ္နဲ႕ အိမ္အေပၚတက္မွ ျပန္ဆင္းလာတဲ့ကိုကိုႀကီးရဲ႕ ရယ္သံကိုၾကားရေတာ့မွ ညိုလည္းသေဘာေပါက္သြားသည္။ သူ႕ေရွ႕က အမ်ိဳးသမီးကေတာ့ သူ႕ရဲ႕ အူေၾကာင္ေၾကာင္ျဖစ္သြားတဲ့ပုံစံကေလးကိုၾကည့္ၿပီး ဘာေတြသေဘာက်ေနမွန္းမသိ ။ ရယ္ခ်င္စိတ္ကိုအေတာ္ဖုံးဖိထားရတဲ့ပုံနဲ႕ ၿပဳံးစစကေလးျဖစ္ေနသည္။

" ေရာ့ ညို ၊ ကိုတင္ေမာင္တို႔ သတင္းစာတိုက္ကို လာေတာင္းတဲ့အခါ ေပးလိုက္ပါ" ကိုကိုႀကီးက သူ႕လက္ထဲက ဖိုင္ေတြကို ညို႔လက္ထဲလႊဲေပးသည္။

" ဟုတ္ကဲ့ ဆရာ၊ ညို ေပးလိုက္ပါ့မယ္" ျပန္ဖို႔ျပင္ေနတဲ့ညို႔လက္ထဲက ဖိုင္တစ္ဝက္ကို ေနရီရီက ကူသယ္လိုက္သည္။

"ေပးေပး တို႔ကူသယ္ေပးမယ္၊ ကိုကိုႀကီး ညီမေလး ညို႔ကိုၿခံေရွ႕အထိျပန္ပို႔ေပးလိုက္ဦးမယ္ေနာ္"

"ေအးေအး"

အိမ္မႀကီးကေန ၿခံေရွ႕အထိ ေလွ်ာက္လာတဲ့ ေတာက္ေလွ်ာက္ ညိုကေနရီ႕ေဘးနားမွ စကားတခြန္းမွမေျပာဘဲ ဆိတ္ဆိတ္ပင္လိုက္လာသည္။ ေနရီကေတာ့ ေတြးမိသည္။ သူစလိုက္တာမ်ား ရွက္သြားသလားလို႔ေပါ့။

" ညိုအခု သတင္းစာတိုက္ကိုျပန္သြားရမွာလား"

"ဟုတ္ကဲ့ ၊ ဒီဖိုင္ေတြ လာယူမယ့္လူေတြကို သတင္းစာတိုက္မွာ သြားေစာင့္ေပးရမွာပါ"

'ေအာ္" ေထြေထြထူးထူးေျပာစရာမရွိတာမို႔ ျပန္လို႔တိတ္ဆိတ္သြားရသည္။

ၿခံတံခါးဝသို႔ ေရာက္ေတာ့ ေနရီက ဖိုင္ေတြကို ညို႔လက္ေပၚျပန္တင္ေပးလိုက္သည္။

" နိုင္ေရာနိုင္ရဲ႕လား ညို ၊ တို႔လိုက္ပို႔ရမလား"

"ဟုတ္ကဲ့၊ နိုင္ပါတယ္ လိုက္ပို႔မေနပါနဲ႕ေတာ့"

ေနရီက ၿခံတံခါးကို လူတစ္ေယာက္စာေလာက္ဟကာ ဖြင့္ေပးလိုက္ေတာ့ ညို႔ေျခႏွစ္ဖက္လုံးက ၿခံျပင္ေရာက္သြားၿပီျဖစ္သည္။

" ေနရီရီ တို႔နာမည္ကေနရီရီပါညို ၊ ညို႔ကိုက် နာမည္ေမးၿပီး တို႔နာမည္မေျပာျပလိုက္ရရင္ တို႔မတရားဘူးထင္လို႔"

ၿခံေရွ႕ေရာက္သြားသည့္ ေက်ာျပင္ေသးေသးေလးကျပန္ၾကည့္လာသည္။ ပန္းႏုေရာင္ လက္ရွည္ ရင္ဖုံး ခါးတို အကၤ်ီကေလးႏွင့္ ပန္းဆီေရာင္ရင့္ရင့္ ေျပာင္ထမီေလးကိုတြဲကာ ဝတ္ထားသည့္ ေနရီရီပုံစံက ေနေရာင္ေအာက္က ပြင့္ကာစ ပန္းဆီေရာင္ႏွင္းဆီကေလးႏွင့္ပင္တူေနသည္။ ေနရီရီဆိုသည့္အမ်ိဳးသမီး၏အလွက အခုလိုၿပဳံးေနသည့္အခါ ပိုလို႔ေတာက္ပေနပါလားဟု ညို မဆီမဆိုင္ေတြးလိုက္မိသည္။

"ဟုတ္ကဲ့ ၊ ညို႔ကိုသြားခြင့္ျပဳပါဦး ၊ မေနရီရီ"

အၿပဳံးမမည္ေသာအၿပဳံးေသးေသးကေလးျဖင့္ ႏႈတ္ဆက္သြားသည့္ ေက်ာျပင္ေလးျမင္ကြင္းေရွ႕က ေပ်ာက္ကြယ္သြားသည္အထိ ေနရီ ရပ္ၾကည့္ေနမိသည္။ ေျခတစ္လွမ္းတိုင္း မိုးျပာေရာင္လက္ကိုင္ဇာပုဝါအေသးေလးႏွင့္ စုခ်ည္ထားသည့္ ခါးအထိ ရွည္တဲ့ ဆံႏြယ္စင္းစင္းေတြ ေသာ့ေသာ့ကေလးယမ္းသြားပုံက ေငးၾကည့္ခ်င္စရာ။ အရင္ကေဒစီအျဖဴေတြကိုလွတယ္ထင္ခဲ့တာ ၊အခုေတာ့ ေဒစီအညိုေလးတစ္ပြင့္ကိုမမီနိုင္ပါလားဟုေတြးရင္း ေနရီတစ္ေယာက္ထပ္ၿပဳံးေနမိျပန္ပါေကာ။

--------

ညည့္ေလက ခပ္ေအးေအးေသြးသည္။
ပီယာနိုခန္းထဲမွ လြင့္လာတဲ့ သံစဥ္ၿငိမ့္ၿငိမ့္ေၾကာင့္ ကိုကိုႀကီး မအိပ္ေသးဘဲ ပီယာနိုတီးေနတာျဖစ္မည္ဟုေတြးရင္း ေနရီ ကိုကိုႀကီးနဲ႕စကားစျမည္ေျပာဖို႔ ပီယာနိုခန္းဘက္ကို ထြက္လာလိုက္သည္။

ရွင္မေတာင္သနပ္ခါးနံ႕သင္းသင္းေၾကာင့္ ကိုကိုႀကီးက ပီယာနိုတီးေနရင္း အခန္းဝကို လွည့္ၾကည့္လိုက္ေတာ့ ေနရီက ခပ္ၿပဳံးၿပဳံးေလးနဲ႕တံခါးဝမွာ ရပ္ေနသည္ကို ေတြ႕ရသည္။

"ကိုကိုႀကီး ပီယာနိုတီးသံကိုမၾကားရတာၾကာၿပီ။ ဘာမ်ားလဲ။စိတ္ေပ်ာ္စရာရွိလာလို႔လား"

ေနရီက အခန္းထဲေလွ်ာက္လာကာ ပီယာနို ခုံေပၚ လက္ကေလးတစ္ဖက္တင္လွ်က္ေမးသည္။

" ဘာရယ္မဟုတ္ပါဘူး ညီမေလးရယ္၊ မတီးတာၾကေတာ့ လက္ရည္ေတြက်ကဳန္မွာစိုးတာနဲ႕ထိုင္တီးေနတာပါ"

"ေအာ္ ဒါနဲ႕ကိုကိုႀကီး ၊သတင္းစာတိုက္ကေရာ အေျခအေန ဘယ္လိုရွိလဲ၊အစစအရာရာ အဆင္ေျပေနရဲ႕လား"

"ကိုကိုႀကီး ေခတ္အလင္းသတင္းစာတိုက္ကိုေထာင္လာတာ ေနာက္ဇြန္လဆို ေျခာက္ႏွစ္‌ျပည့္ေတာ့မွာ၊ လုပ္ငန္းေတြက သူ႕ဘာသာသူပုံမွန္လည္ေနပါၿပီ။ ၿပီးေတာ့ ကိုကိုႀကီး ဝန္ထမ္းေတြအကုန္လုံးကလည္းသတင္းစာတိုက္ေပၚေစတနာထားၾကေတာ့ မေျပစရာအေၾကာင္းမရွိပါဘူးေလ"

" ဝန္ထမ္းဆိုလို႔ ကိုကိုႀကီးအသစ္ခန႔္လိုက္တဲ့စာေရးမေလးကေရာ ဘယ္လိုလဲ၊ အလုပ္မွာေတာ္ရဲ႕လား"

"ေအာ္ ေဒစီညို႔ကိုေျပာတာလား။မဆိုးပါဘူး။သူကအခုမွဝင္ခါစဆိုေတာ့သင္ေပးရတာေတြရွိေပမယ့္ ႀကိဳးစားရွာပါတယ္ကြယ္"

ကိုကိုႀကီးလိုအလုပ္လုပ္ရင္ ေသသပ္တိက်လြန္းတဲ့ လူဆီက မဆိုးပါဘူးဆိုတဲ့ ခ်ီးက်ဴးစကားေၾကာင့္ ေနရီတခ်က္ၿပဳံးမိသည္။သူ႕ကိုကိုႀကီးအေၾကာင္းသူအသိဆုံးမဟုတ္လား။ေတာ္႐ုံ လူအေပၚ ခ်ီးက်ဴးခဲသည္။

"သူက ရန္ကုန္ကဘဲလားကိုကိုႀကီး"

"အခုေတာ့ ဗိုလ္ဆြန္ပက္လမ္းထဲက အမ်ိဳးသမီးအေဆာင္မွာ ေနတယ္ေျပာတယ္"
ကိုကိုႀကီးက ပီယာနိုတီးတာကိုရပ္လိုက္ၿပီျဖစ္သည္။

"ရန္ကုန္မွာ တစ္ေယာက္ထဲလာေနေနတာလား၊အမ်ိဳးေတြ ဘာေတြေရာမရွိဘူးတဲ့လား "
"အဲ ဒါေတြေတာ့ ကိုကိုႀကီးလည္း မေမးမိေသးဘူးရယ္"
သိခ်င္တာမသိရေတာ့ ေနရီမ်က္ႏွာကအလိုမက်မႈေၾကာင့္မ်က္ေမွာင္ကေလးႀကဳံ႕ေနသည္။

"ဟင္၊ ကိုကိုႀကီးကလည္း ၊ကိုယ့္ဆီကဝန္ထမ္းအေၾကာင္းေတာ့သိသင့္တာေပါ့"

"ေဟာဗ်ာ၊မိေနရီရယ္၊ ေဒစီညိုကအလုပ္ဝင္တာ ဒီေန႕နဲ႕မွ ႏွစ္ရက္ဘဲရွိေသးတယ္ေလ။ကိုကိုႀကီး ဘယ္သိပ္သိဦးမလဲ"

ကိုကိုႀကီးဟု ေနရီေခၚသည့္ ဦးေနမင္းရွိန္က ခပ္ဖြဖြရယ္ရင္းေျပာသည္။သူတို႔ေမာင္ႏွမလုံးက အမ်ိဳးလို႔မေျပာရဘူး။ရယ္လိုက္ရင္ အေတာ္ၾကည့္ေကာင္းၾကသည္။အရပ္အေမာင္း ေတာင့္ေတာင့္၊အသားအရည္ခပ္လတ္လတ္ ၊ ခပ္တိုတိုဆံပင္ပုံကိုဆီ႐ႊဲေနေအာင္လိမ္းထားကာ အၿမဲတေန အိပ္ခါနီးပင္ျဖစ္ေစ ေသေသသပ္သပ္ဖီးထားတတ္သူျဖစ္သည္။ အသားအေရလတ္သူမို႔ ေမးရိုးထင္းထင္းတစ္ေလွ်ာက္ ရိတ္ခါစ မုတ္ဆိတ္ရာက ခပ္စိမ္းစိမ္းထင္းေနသည္။

"ဒါဆို ေနရီေမးဦးမယ္။ ‌ဟို... ေဒစီညိုက အပ်ိဳလား"

" ေနရီက ဘာလုပ္ဖို႔ေမးတာတုန္း၊ကိုကိုႀကီးက ဝန္ထမ္းေတြကိုအပ်ိဳ လူပ်ိဳမွခန႔္တယ္လို႔ေတာ့မဟုတ္ဘဲရယ္"

"ဟာ။ကိုကိုႀကီးကလည္း၊ေနရီေမးတာေကာင္းေကာင္းမေျဖဘူး" မ်က္ေမွာင္ၾကဳတ္ေနသည့္ေနရီရီခမ်ာ ႏႈတ္ခမ္းပင္ခပ္စူစူကေလးျဖစ္လာသည္။

" အင္း။အလုပ္ေလွ်ာက္လႊာမွာေတာ့ အိမ္ေထာင္မရွိလို႔ပါတယ္။ တကယ္ပ်ိဳမပ်ိဳေတာ့သြားစစ္ၾကည့္လို႔မွမရဘဲကြဲ႕"
ကိုကိုႀကီးက ထအ႐ႊန္းေဖာက္သည္။အခုမွ ေနရီမ်က္ႏွာကေျပေလ်ာ့ကာၿပဳံးၿပဳံးကေလးျဖစ္လာသည္။

"ကဲ မိေနရီရယ္။ ဒီေန႕မွ ကိုကိုႀကီးကို အေမးအျမန္းသိပ္ထူေနသလိုဘဲ။ ကဲ ဘာထပ္ေမးခ်င္ေသးလဲ"

"ဟီး။မရွိေတာ့ပါဘူး ကိုကိုႀကီးရဲ႕"

"သြား သြား။ဒါဆိုလည္းညည့္နက္ေနၿပီမို႔သြားအိပ္ေတာ့"

ကိုကိုႀကီးက ေျပာလိုက္ေတာ့ ေနရီရီလည္း အိပ္ခါနီးကန္ေတာ့သြားကာ သူ႕အိပ္ခန္းထဲဝင္သြားၿပီျဖစ္သည္။ ကိုကိုႀကီးလည္း ပီယာနိုးဖုံးကိုပိတ္လိုက္တာ ကိုယ့္အိပ္ခန္းထဲကိုယ္ဝင္လိုက္ေတာ့သည္။

----------

ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလလမ္းေပၚက ေခတ္အလင္းစာတိုက္မွာ ေန႕လယ္သုံးနာရီခန႔္တြင္အလုပ္မ်ားလွ်က္ရွိသည္။ ဒီကေန႕‌ ေန႕လယ္ပိုင္းအထိရထားသမွ် သတင္းေတြကို ေနာက္တစ္ေန႕မနက္အတြက္ သတင္းစာထဲထည့္ဖို႔တည္းျဖတ္ျပင္ဆင္ရင္းအလုပ္မ်ားေနၾကသည္။ ဘက္လိုက္ျခင္းကင္းကင္း အျဖဴအမဲသဲကြဲစြာ တိက်ေသခ်ာေသာသတင္းမ်ားျဖင့္ ျဖစ္ပ်က္သမွ်ေခတ္ကာလကို အမ်ားျပည္သူထံ မီးေမာင္းထိုးျပရမည္မွာ သူတို႔သတင္းသမားေတြ၏တာဝန္ျဖစ္သည္မဟုတ္ပါလား။ အမွန္တရားဆိုရင္ ေရငုံႏႈတ္ပိတ္မေနဘဲ ေျပာသင့္ေျပာထိုက္ ေဝဖန္သင့္ ေဝဖန္ထိုက္သည္ဆိုရင္ေတာ့ တရားက်က်ေဝဖန္‌ ေရးသားၾကရမည္ျဖစ္သည္။ အယ္ဒီတာ ႐ုံးခန္းထဲတြင္ေတာ့ သတင္းစာတိုက္ကိုပို႔လာသည့္ ကာတြန္းမ်ားကို စိစစ္ေ႐ြးခ်ယ္ေနရသည့္ ဦးေနမင္းရွိန္။ ၁၉၆၂ မတ္လ၂ရက္ အာဏာသိမ္းမႈျဖစ္ပြားၿပီးသည့္ေနာက္ဗိုလ္ခ်ဳပ္ေနဝင္းဦးေဆာင္သည့္ျမန္မာဆိုရွယ္လစ္လမ္းစဥ္ပါတီ(မဆလ)တက္လာသည့္အခါ တိုင္းျပည္အတြင္း ႀကိဳက္သူရွိသလို မႀကိဳက္သူလည္းရွိသည္။ အာဏာသိမ္းမႈျဖစ္ပြားၿပီးတာအခုဆို သုံးလျပည့္ေတာ့မည့္ အခ်ိန္ကာလတစ္ခုကို ေရာက္ေနၿပီ။ နိုင္ငံအတြင္း ဆႏၵျပပြဲေတြကကြက္ၾကားကြက္ၾကား၊အာဏာသိမ္းျဖစ္စဥ္အတြင္း သမၼတေဟာင္းစပ္ဝ္ေ႐ႊသိုက္၏သား စပ္ဝ္မီမီသိုက္ ေသနတ္ပစ္ခံရ၍ေသဆုံးသြားမႈႏွင့္ပတ္သတ္၍ စစ္တပ္ႏွင့္ေစာ္ဘြားမ်ားၾကား ရန္စေတြကလည္းပိုလို႔ႀကီးထြားလွ်က္။ ေခတ္ကာလမေကာင္းသည့္အေျခအေနတြင္ သတင္းစာမ်ားအေနႏွင့္ အသြားမေတာ္တစ္လွမ္း အစားမေတာ္တစ္လုပ္ အေရးမေတာ္တစ္ျပဳတ္ျဖစ္သြားနိုင္သည္။ ေခတ္ပ်က္ႀကီးကိုေဝဖန္သည့္ သေရာ္စာ ေဆာင္းပါး ကာတြန္းမ်ားက ေခတ္အလင္းသတင္းစာတိုက္ကို ဆက္တိုက္။ထည့္သင့္မထည့္သင့္ ဦးေနမင္းရွိန္အေတာ္ေခါင္းကိုက္ေနေသာ္လည္း ျဖစ္ခ်င္ရာျဖစ္ ျပည္သူ႕အသံကို ထုတ္ေအာ္ျပနိုင္ဖို႔ရာ သူတို႔သတင္းသမားေတြရဲ႕ တာဝန္ဟုသာေတြးရင္း အမည္ခံ ဆိုရွယ္လစ္ႏွင့္ အာဏာသိမ္းစစ္တပ္ဆိုသည့္ ေဆာင္းပါးတစ္ပုဒ္ကို ထည့္ပစ္လိုက္ေတာ့သည္။

"ညို"

မနက္ျဖန္သတင္းစာထဲတြင္ ထည့္ရန္ နာေရး ေၾကာ္ျငာတစ္ခုကိုေရးေနသည့္ လက္ႏွိပ္စက္ေပၚက ညို႔လက္ေခ်ာင္းေလးကေလးမ်ားရပ္တန႔္သြားကာ အသံလာရာကိုၾကည့္လိုက္ေတာ့ စားပြဲေရွ႕တြင္ ရပ္ေနသည့္ ေနရီရီကို ေတြ႕လိုက္ရသည္ ။ ေ႐ႊေရာင္အပြင့္ကေလးမ်ားသည့္ ဝမ္းဆက္ကို ေက်ာ့ရွင္းႏြဲ႕ေပ်ာင္းေသာ ခႏၶာကိုယ္ထက္ ဆင္ျမန္းထားသည့္ပုံက အျမင္တြင္ယဥ္ယဥ္ကေလး၊ မ်က္ႏွာေခ်ခပ္ပါးပါး၊ ႏႈတ္ခမ္းဆိုးေဆး အနီေဖ်ာ့ေဖ်ာ့ကေလးသာဆိုးထားေပမယ့္ ႏုနယ္ေသာ မ်က္ႏွာကေလးက လင္းလို႔ေနသည္။ အရင္ေန႕က ေနရီရီက အိမ္ေနရင္းအဝတ္အစားနဲ႕တြင္ ၾကည့္ေကာင္းေနေပမယ့္ အခုလိုျပင္ဆင္ထားမႈေၾကာင့္ လွသည္ထက္ပိုသည္။

" ဟိတ္၊ ဘာလို႔ ဒီေလာက္ေတာင္ေငး။ မ်က္ေတာင္ေလး ဘာေလးခတ္ပါဦးညိုရဲ႕ တို႔သိပ္မ်ားလွေနလို႔လား "

ခပ္ေသာ့ေသာ့ ရယ္သံစြက္ေနသည့္ အသံကေလးထြက္လာမွ ညို ကိုယ့္အျဖစ္ကိုသတိထားမိၿပီး ေခ်ာင္းအသာ ဟန႔္လိုက္ရသည္။

" ဟို မေနရီရီ.. ဆရာ့ကိုလာရွာတာလား။ ဆရာ သူ႕႐ုံးခန္းထဲမွာရွိပါတယ္။ ညို သြားေခၚေပးရမလား"

" ေန ေန ၊ညို လုပ္စရာရွိတာ ဆက္လုပ္ပါ။ တို႔ ကိုယ့္ဘာသာဘဲ သြားလိုက္ပါ့မယ္"

ခပ္ၿပဳံးၿပဳံးကေလး ေျပာၿပီး အယ္ဒီတာ့ ႐ုံးခန္းအတြင္းဝင္သြားေတာ့မွ ညို သက္ျပင္းအသာခ်ရသည္။ ဒီရက္ပိုင္းမွာ ရင္တုန္ပန္းတုန္နဲ႕ ။ သူအိပ္ေရးပ်က္တာေတြသိပ္မ်ားေနလို႔လား။

မိနစ္ပိုင္းေလာက္ၾကာေသာအခါ ေနရီရီက ဆရာ့ ႐ုံးခန္းထဲမွျပန္ထြက္လာသည္။

" သြားရေအာင္ ညို"

" ရွင္ ဘယ္ကို၊ ညိုအလုပ္မၿပီးေသးဘူးရွင့္ "

"ရတယ္ ၊ ထားခဲ့လိုက္၊ ခဏဘဲၾကာမွာ၊ ေနရီ ကိုကိုႀကီးကိုေျပာခဲ့တယ္ ၊ ညို႔ကိုအေဖာ္ေခၚသြားစရာရွိလို႔လို႔ "

"ဟို..ဘယ္ကိုသြားမလို႔လဲ"

"ခိုးေျပးမလို႔"

"....."

"ေနာက္တာပါ လန႔္မသြားပါနဲ႕ ၊ ေနရီ ဆူးေလဘုရားေပၚတက္မလို႔ေလ၊ အဲ့ဒါ တစ္ေယာက္ထဲ မသြားခ်င္လို႔ ။ ညို ခဏေလးလိုက္ခဲ့ေပးပါလား။" မ်က္ေတာင္ရွည္မ်ားကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာေျပာလာေသာ မိန္းမလွေလး၏ေတာင္းဆိုမႈကို မျငင္းနိုင္ပါ။ ေအးေလ။ ဘာေဝးတာမွတ္လို႔ ။ သူတို႔သတင္းစာတိုက္က မဟာဗႏၶဳလလမ္းေပၚမွာမလို႔ ဆူးေလဘုရားကို လမ္းေလွ်ာက္သြားလွ်င္ပင္ ေရာက္သည္မဟုတ္ပါလား။ ဘုရားေပၚတက္ၿပီးမွ ႐ုံးကိုျပန္လာၿပီး အလုပ္ဆက္လုပ္လည္းျဖစ္သည္ဟုေတြးရင္း

" လမ္းေလွ်ာက္သြားမွာလား မေနရီ"

" အင္း ၊ အင္း ။ နီးနီးေလးဘဲကို ညိုရဲ႕ ၊ လမ္းဘဲေလွ်ာက္ၾကမယ္"လိုခ်င္တာရသြားသည့္ ကေလးတစ္ေယာက္မပါ ေနရီက သြားညီညီေလးေတြေပၚသည္အထိ ရယ္ျပေနသည္။

"ဒါဆိုလည္း သြားစို႔"

"ဟိတ္ ေကာင္မေလးေတြ။ေခတ္ႀကီးက ေကာင္းတာမဟုတ္ဘူးေနာ္ ျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္လာၾက"

အယ္ဒီတာ ႐ုံးခန္းထဲက ဦးေနမင္းရွိန္၏ အသံပါဝါေကာင္းေကာင္းကို သူတို႔ႏွစ္ေယာက္လုံး အျပင္ထြက္ခါနီးၾကားလိုက္ရေသးသည္။

---

အခ်ိန္က ညေနေလးနာရီခန႔္၊ က်ေနေရာင္ေအာက္မွာ ဆူးေလ ေစတီေတာ္ဟာ ေ႐ႊ‌ေရာင္တဝင္းဝင္း။

သူတို႔ဘုရားေပၚမတက္မီ ဘုရားပန္းကပ္ဖို႔ပန္းဝင္ခဲ့ၾကသည္။ ေနရီကေတာ့ စေနသမီးမို႔ ႏွင္းဆီကိုးပြင့္ဝယ္သည္။ ေဒစီညိုကေတာ့ ဗုဒၶဟူးသမီးမို႔ ႐ြက္လွဘဲဝယ္လိုက္သည္။ပန္းဆိုင္ကျပန္အထြက္တြင္ ေနရီရီက ၿပဳံးစစျဖင့္ စျဖစ္ေအာင္စလိုက္သည္။

" ညိုက ဗုဒၶဟူးသမီးလား ။ ဒါနဲ႕ ညိုၾကားဖူးတယ္မလား ဥႆာ၊စိန္ပန္း၊ ဒန္းလွကိုရွာတဲ့ ၊ ေနရီကေတာ့ စေနသမီး"

ညိုကေတာ့ အေတြးေပါက္သြားသည့္ ပုံရသည္။ မ်က္ႏွာကေလးက ရွက္ရဲရဲျဖင့္ ဘုရားေပၚဦးေအာင္တက္သြားသည္။ သူ႕ဆရာေျပာတာအမွန္ျဖစ္ေနသည္။ေနရီရီက ႐ုပ္တည္နဲ႕အစသန္လြန္းသည္။

"ေဟတု ပစၥေယာတိ ေဟတူ ေဟတုသမၸယုတၱကာနံ ဓမၼာနံ တံ သမုဌာနာနၪၥ ႐ူပါနံ ေဟတုပစၥေယန ပစၥေယာ....."

ပဌာန္းအက်ယ္ကို မတိုးမက်ယ္ျဖင့္ ပူေဇာ္ေနသည့္ ပုံရိပ္ေလးကို ညိုေဘးကေန ေငးၾကည့္ေနမိသည္ ။ လက္ဆယ္ျဖာကို ၾကာငုံအသြင္ခ်ီထားသည့္ လက္ေခ်ာင္းသြယ္သြယ္ေလးေတြႏွင့္ ၊ လက္ခုံတစ္ေလွ်ာက္မွာ ေမြးညင္းတို႔က ေရးေရး။ ေနရီကအသားအေရာင္က ၾကည္ၾကည္ေလးမို႔ လက္ခုံတစ္ေလွ်ာက္ ေသြးေၾကာစိမ္းစိမ္းကေလးတို႔ကိုပင္ျဖာလ်က္။ တကယ္ဘဲျမန္မာအမ်ိဳးသမီးတစ္ေယာက္၏အလွတရားက ေငးမဝခ်င္စရာ။ ဆက္ၿပီး ေငးေနမိရင္ ႐ုံးမွာတုန္းကလို အေျပာခံရမလားေတြးမိရင္းခပ္ျမန္ျမန္အၾကည့္လႊဲလိုက္ရသည္။

လူတစ္ေယာက္နဲ႕တစ္ေယာက္ ေတြ႕ဆုံမႈဟာ ေရစက္ေတြေၾကာင့္သာဆိုရင္ ေနရီရီနဲ႕ ေဒစီညိုရဲ႕ ေရစက္ေတြဟာ ျဖတ္သြားျဖတ္လာ သာမန္အသိမိတ္ေဆြဆိုတာထက္ ပိုလို႔ေနမွန္း အခုအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံးသတိထားမိဦးမည္ မဟုတ္ပါ။
---------

ဘုရားေပၚက ျပန္အဆင္း ေဇာင္းတန္းကလက္ေဆာင္ပစၥည္းအေရာင္းဆိုင္ကိုဝင္ျဖစ္ၾကသည္။

ေနရီရီက သူ႕ႀကီးႀကီးျမအတြက္ဟု ဆိုကာ အုန္းပုတီးတစ္ကုံးကိုဝယ္ၿပီး ညို႔အတြက္ေတာ့ လာဘ္ေခၚ ေ႐ႊေရာင္ ဇီးကြက္႐ုပ္ အေသးေလးႏွစ္႐ုပ္ကို လက္ေဆာင္ဝယ္ေပးသည္။ လာဘ္ေကာင္းေအာင္ ေငြမ်ားမ်ားဝင္ေအာင္လို႔ ဇီးကြက္ႏွစ္ေကာင္ကိုအတူတူထား၊ သူမ်ားခ်စ္ျခင္းကိုမခြဲနဲ႕ေနာ္ဟုလည္း မွာလိုက္ေသးသည္။

ညို႔ဘဝမွာ ပထမဦးဆုံးအျဖစ္ မိဘမဟုတ္တဲ့ တျခားလူတစ္ေယာက္ဆီက လက္ေဆာင္ရဖူးလိုက္ျခင္း။

---------
AN/ ဥႆာ၊စိန္ပန္း၊ဒန္းလွကိုရွာ ဆိုတာက ေဗဒင္စကားအရ အိမ္ေထာင္ဖက္ ေကာင္းကိုတြဲေပးထားတာ။ဥပမာ ဥႆာဆို ဥဆိုတဲ့တနဂၤေႏြ သားသမီးနဲ႕ သ‌ဆိုတဲ့ေသာၾကာသားသမီးက အိမ္ေထာင္ဖက္ေကာင္းေပါ့။
ဓမၼာ၊ေသာက၊အင္းဝ၊ရာဇာကိုေတာ့ ရန္ဖက္လို႔ သတ္မွတ္ပါတယ္တဲ့။
------

Continue Reading

You'll Also Like

1.4M 35.6K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
65.2K 2K 16
စိတ်ကူးယဉ်သက်သက်သာ ရေးသားထားခြင်းဖြစ်ပါသည် GL Punishment type လေးမို့ အားပေးကြပါအုံးနော်
58.6K 2.5K 28
ဘဝမှာတစ်ခါလောက်ဖြစ်ဖြစ်ပျော်ရွှင်ခြင်းဆိုတာကိုခံစားကြည့်ချင်တယ် #ခွန်းရှိူင်းဆက်​မောင်(ခေါ်)ခွန်းကလျာမောင် နာကျင်စရာတွေရှိလဲချစ်ပါ့မယ်မောင် #မေမြတ်နိ...
4.8M 302K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...