A Tale Of Thousand stars

By AungMin201

9.2K 244 43

ဤဇာတ်လမ်းသည် မကြာသေးမီက LINE TV တွင် ပြသထားသော G-MM tv production မှ ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ ဖြစ်ပါသည်။ ဤ... More

A Tale Of Thousand stars Chapter - 1(A)
A Tale Of Thousand stars Chapter - 1(B)
A Tale Of Thousand stars Chapter - 1(C)
A Tale Of Thousand stars Chapter - 2(A)
A Tale Of Thousand stars Chapter - 2(B)
A Tale Of Thousand stars Chapter - 2(C)
A Tale Of Thousand stars Chapter - 3(A)
A Tale Of Thousand stars Chapter - 3(B)
A Tale Of Thousand stars Chapter - 3(C)
A Tale Of Thousand stars Chapter - 4(A)
A Tale Of Thousand stars Chapter - 4(B)
A Tale Of Thousand stars Chapter - 4(C)
A Tale Of Thousand stars Chapter - 5(A)
A Tale Of Thousand stars Chapter - 5(B)
A Tale Of Thousand stars Chapter - 5(C)
A Tale Of Thousand stars Chapter - 6(A)
A Tale Of Thousand stars Chapter - 6(B)
A Tale Of Thousand stars Chapter - 6(C)
A Tale Of Thousand stars Chapter - 7(A)
A Tale Of Thousand stars Chapter - 7(B)
A Tale Of Thousand stars Chapter - 7(C)
A Tale Of Thousand stars Chapter - 8(B)
A Tale Of Thousand stars Chapter - 8(C)
A Tale Of Thousand stars Chapter - 9(A)
A Tale Of Thousand stars Chapter - 9(B)
A Tale Of Thousand stars Chapter - 9(C)
A Tale Of Thousand stars Chapter - 10(A)
A Tale Of Thousand stars Chapter - 10(B)
A Tale Of Thousand stars Chapter - 10(C)
A Tale Of Thousand stars Chapter - 11

A Tale Of Thousand stars Chapter - 8(A)

107 2 1
By AungMin201

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars

Chapter - 8(A)
အပိုင်း (၂၂)

ပြဿဒ်တွေ အဆောင်မုဒ်ဦးတွေ အချွန်အတက်တွေဖြင့် နန်းတော်ကြီးအလား တည်ဆောက်ထားသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ဘုန်းတော်ကြီးကျောင်းတစ်ခုက ခန်းနားထည်ဝါလှပေသည်။

ကျေးငှက်ကလေးတွေကလည်း ထိုကျောင်းကြီး၏အတွင်းမှ အရိပ်ရအပင်တွင် ခိုနားကာ တကျီကျီမြည်အောင် မနက်ခင်းနေရောင်ခြည်နှင့်အတူ သဘာဝအလှကို ဖော်ကြူးနေလေသည်။

ထိုဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် အဝါရောင်သင်္ကန်းရှိ ထိုင်းဘုန်းကြီးတစ်ပါးအား ထီရန်တစ်ယောက် စားဖွယ်ရာ ပစ္စည်းမျိုးစုံဖြင့် ကပ်လှူနေလေသည်။

ထီရန်က ဒူးထောက်ကာ ပစ္စည်းတွေကို လက်ဖြင့်ကိုင်မပြီး ထိုဘုန်းကြီးကို ကပ်လှူလေသည်။ ပြီးနောက် ထီရန်ဆိုဖာ့ဒစ်စကွန်းဟု အမည်ရှိသည့် ထီရန်က ဒူးတုတ်ထိုင်ချကာ ထိုဘုန်းကြီးက အထက်ပုလ္လင်၌ တင်ပြင်ခွေထိုင်လျက်

" ရေစက်ကို ဖြေးဖြေးချင်းချပြီး တရားနာပေးပါ ''

အဲသလို ပြောလိုက်ပြီး ထီရန်လည်း ရေစက်ချကရားအိုးထဲမှ ရေကို ရေခွက်အထဲသို့ ဖြည်းဖြည်းချင်း ချပြီး တရားနာ၍ တစ်စုံတစ်ယောက်ကို ရေစက်ချ အမျှပေးဝေလေသည်။

" ထိုင်းရေစက်ချတရားဘာဝနာများရွတ်___ ''

အဲသလို ထိုင်းဘုန်းကြီးကလည်း အမျှပေးဝေသည့် တရားများကို ဟောကြားပြီး ထီရန်လည်း ရေစက်ချအမျှပေးဝေလိုက်လေတော့သည်။

ဒီလိုနဲ့ ထိုဘန်ကောက်မြို့၏ သေဆုံးသူတို့၏ ဓာတ်ပုံနှင့် မှတ်တမ်းမှတ်ရာတို့ကို အုတ် ခဲ အင်္ကတေတို့ဖြင့် နံရံကြီးမှာ စုစည်းထားသည့် ထိုဘုန်းတော်ကြီးကျောင်း၏ ထိုအရာများရှိသည့်နေရာကို ထီရန်တစ်ယောက် ပန်းစည်းလေးကိုင်၍ တဖြည်းဖြည်းလျှောက်လမ်းလာလေသည်။

ထိုဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်၏ အမျှပေးတရားကလည်း ထပ်ကြိမ်သံဖြင့် ကြီးစိုးနေလေသည်။

ထီရန်လည်း ထိုသေဆုံးသူတို့ ဓာတ်ပုံကို ထိုသို့ မှတ်တမ်းတင်ထားသည့် နံရံနားအရောက်မှာ မြေပြင်နှင့် နီးကပ်နေသည့် သေဆုံးသူ ဓာတ်ပုံတစ်ပုံအနားတွင် သူယူလာသည့် ပန်းစည်းလေးကို ချထားလိုက်လေသည်။

သူယူလာသည့် ပန်းစည်းလေးက အဖြူရောင်ပန်းလေးဖြစ်ပြီး ထိုပန်းစည်းလေးက မြေပြင်မှာ ခလျက် ထိုမြေပြင်နှင့် နီးကပ်နေသည့် နံရံတွင်ကနှုတ်တွေ ပန်းခက်ပန်းနွယ်ဖြင့် ပုံဖော်ကာ အဝါရောင်တွေ မွန်းမံထားသော သေဆုံးသူ မှတ်တမ်းဓာတ်ပုံကို ကြည့်လိုက်ရာ ထော့ဖန်၏ပုံတစ်ခု ဖြစ်လေသည်။

ထိုပုံလေး၏ အောက်ခြေတွင်

" ထော့ဖန်ချရဖွန် မွေးနေ့ ဧပြီ ၂၁ ၁၉၉၇ ကွယ်လွန်သည့်နေ့ ဧပြီ ၉ ၂၀၂၀ ''

ဟု ရေးထားလေသည်။ မှန်၏။ ထီရန်တစ်ယောက် ဖာပန်းဒေါင်းသို့ မသွားခင် ထော့ဖန်ချရဖွန် အတွက် ရေစက်ချအမျှ ပေးဝေခြင်း ဖြစ်လေသည်။

" ထော့ဖန် အခု ကျွန်တော် လုပ်အားပေးဆရာတစ်ယောက် ဖြစ်ပြီ အတော်ကြာတဲ့အထိ ကျွန်တော်

အမအတွက် ပန်းတွေ ယူလာပေးနိုင်မှာ မဟုတ်ဘူး ကျွန်တော့်ကို အမက ဘာကို ဂရုစိုက်ပေးစေချင်လဲဆိုတာ

ကျွန်တော် တကယ် မသိဘူး ဒါပေမယ့် ကျွန်တော် ယုံတာက အဲဒီဟာက ဖာပန်းဒေါင်းမှာ ရှိတဲ့အရာမဟုတ်လား

ကျွန်တော့်ကို ဆုတောင်းပေးပါနော် ကျွန်တော် သွားတော့မယ် ''

အဲသလို ထီရန်က ထော့ဖန်ချရဖွန်၏ ဓာတ်ပုံနှင့် မှတ်တမ်းလေးကို ကြည့်ကာ ထိုသို့ ပြောနေလေသည်။

မှန်၏။ ထီရန်၏ နှလုံးအတွင်းသားနံရံ ရောင်ယမ်းတာကို နှလုံးခွဲစိတ်လှဲလှယ်မည့်အချိန် ထီရန်ကို မေ့ဆေးထိုးထားသမို့ ထီရန်၏ စိတ်က ထော့ဖန်ဆိုသည့် အမနှင့် သွားတွေ့ပြီး ထော့ဖန်က ထီရန်၏ ဘယ်ဘက်နှလုံးရှိသည့်နေရာကို သူမ၏လက်ဖဝါးဖြင့် ဖိကိုင်ကာ ဂရုစိုက်ပေးပါနော်ဟု ပြောသည်ကို ထီရန်က ဘာကို ဂရုစိုက်ပေးစေချင်တာလဲဆိုတာ နားမလည် ဖြစ်နေလေသည်။

ထို့ကြောင့် ထိုဂရုစိုက်ပေးရမည့်အရာက ဖာပန်းဒေါင်းမှာ ရှိသမို့ ထိုရွာကို သွားဖို့အတွက် ဆုတောင်းခိုင်းကာ နှုတ်ဆက်၍ အမြဲ ပန်းတွေယူလာပေးနိုင်မှာ မဟုတ်တဲ့အကြောင်း ပြောကာ ထိုနေရာမှ ထွက်လာခဲ့လေတော့သည်။

ထိုအခါ ခေါင်းဆောင်ဖူဖာလည်း တစ်ချိန်က ခေါင်းဆောင်ဖူဖာနေသည့် ဖာပန်းဒေါင်းမှာ လုပ်အားပေးဆရာမ သွားလုပ်သည့် ထော့ဖန်အတွက် ပန်းစည်းလေးကိုင်ကာ ထိုသေဆုံးသူ မှတ်တမ်းနံရံအနားကို ထီရန် ထွက်သွား၍ မကြာမီ ရောက်လာလေသည်။

ခေါင်းဆောင်ဖူဖာ၏ လက်ထဲတွင်လည်း ထီရန်ထားခဲ့သည့် ပန်းစည်းအဖြူနှင့် ဆင်တူသည့် ပန်းစည်းလေးကို ကိုင်လာကာ ထော့ဖန်၏ဓာတ်ပုံမှတ်တမ်းအောက် ထီရန် ထားခဲ့သည့် မြေပြင်မှ ပန်းစည်းလေးကို ကြည့်ကာ ခေါင်းဆောင်ဖူဖာက တစ်ယောက်ယောက်လာသွားသည်ဆိုတာ သိ၍ ထိုနေရာပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေသည်။

ထို့နောက် ထိုသူက မည်သူဆိုတာကိုလည်း ခေါင်းဆောင်ဖူဖာ စဥ်းစား အဖြေရှာနေလေသည်။

ထိုသူက ထီရန်ဆိုတာ သိတော့မည့် ချင်းမိုင် ဖာပန်းဒေါင်းရွာ ဖာပန်းဒေါင်းကျောင်း ဆောက်လုပ်ကာ အောင်ပွဲကျင်းပနေသည့် နေရာ၌ ဒေါက်တာနမ်က ထော့ဖန်ကို ထီရန်၏ကားဖြင့် တိုက်မိတာ ဆိုပြီး ခေါင်းဆောင်ဖူဖာကို ပြောလိုက်ရာ ဘာတွေ ဆက်ဖြစ်ကြမည်ဆိုတာ ထိုနေရာ ဘန်ကောက်မြို့မှ ချင်းမိုင် ဖာပန်းဒေါင်းရွာသို့ ခေါင်းဆောင်ဖူဖာ မည်သို့ ခံစား အဖြေရှာမည်ဆိုတာ ဖတ်ရှုကြရပေတော့မည်။

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars
UNIT - 8

ချင်းမိုင် ဖာပန်းဒေါင်းရွာတွင် ကျောင်းဆရာအိမ်ထဲသို့ ခေါင်းဆောင်ဖူဖာ အရေးတကြီး ပြေးဝင်လာလေသည်။ ထို့နောက် ဆရာလေးထီရန်၏ အိပ်ခန်းထဲတွင်လည်း ပစ္စည်းတစ်ခုကို ရှာဖွေနေလေသည်။

ထိုအိပ်ခန်းထဲမှ စားပွဲပေါ်တင်ထားသည့် အိတ်တွေကို ဖွင့်၍ ရှာကြည့်ရာ မတွေ့သမို့ စာအုပ်တွေကို လှန်လော၍ ထပ်ရှာပြန်လေသည်။ ခေါင်းဆောင်ဖူဖာ၏ စိတ်ကလည်း ဒေါသစိတ်ကလေးပါကာ ပစ္စည်းတွေကို မညင်သာနိုင်တော့ဘဲ ဗြဲကရမ်းတွေ ဖြစ်အောင် ရှာဖွေလိုက်လေသည်။

အဲ့နောက် အိပ်ယာဘေးမှ ခုံရှိအံဆွဲကိုလည်း ရှာဖွေလေသည်။ ပြီးနောက် စောင်တွေ ကိုလည်း လှန်၍ ရှာကြည့်လေသည်။ အဲ့နောက် ခေါင်းဆောင်ဖူဖာက သူအလိုရှိသည့် ပစ္စည်းကို ရှာ၍မရသည့်အဆုံး မွေ့ယာကိုလှန်၍ ကြည့်လိုက်ရာ လိမ္မော်ရောင်ရှိသည့် ထော့ဖန်၏ ဒိုင်ယာရီစာအုပ်ကို တွေ့လေတော့သည်။

ခေါင်းဆောင်ဖူဖာလည်း ထိုစာအုပ်ကို အံ့သြမှုအပြည့်ဖြင့် ကိုင်၍ ဒေါသစိတ်ကလေးလည်းပါကာ ဖြစ်နေလေသည်။ ထိုစာအုပ်၏ အဖုန်းတွင်လည်း အနီရောင်ရှိသည့် ကြယ်တစ်ထောင်ပုံပြင် ကြယ်တစ်ထောင်ဒိုင်ယာရီဟူ၍ ရေးထားလေသည်။

မှန်၏။ ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာကို ဖာပန်းဒေါင်းကျောင်းအသစ်ကို တရားဝင်ဖွင့်သည့်ပွဲတွင် ထော့ဖန်ကို တိုက်သည့်ကားနှင့် ဆရာလေးထီရန်၏ကားနံပါတ်က တူနေသည်ကို ပြောပြ၍ ယခုလို ကျောင်းဆရာအိမ်ယာတွင် တစ်ခုခုကို ခေါင်းဆောင်ဖူဖာ ရှာဖွေလေရာ ထော့ဖန်၏ ဒိုင်ယာရီစာအုပ်ကို တွေ့လေခြင်း ဖြစ်လေသည်။

အဖြစ်မှန်တွေ အကုန်လုံးကို ဖွင့်ပြောတော့မည့် ဆရာလေးထီရန်လည်း ကျောင်းဖွင့်ပွဲမှာ မည်သို့ပြောဆိုနေသည်ကို ဖာပန်းဒေါင်းကျောင်းသို့ သွား၍ ဖတ်ရှုကြရပေတော့မည်။

ဆရာလေးထီရန်က ထိုကိစ္စကို ပြောဖို့ ခွန်အားနည်းနေကာ စိတ်မကောင်းဖြစ်ပြီး မျက်ဝန်းအိမ်တွင်လည်း မျက်ရည်စက်တွေ ရှိနေလေသည်။

ကျောင်း၏ ကျောက်သင်ပုန်းအနားမှ တန်းကိုမှီကာ လက်ကလေးပိုက်၍ ဆရာလေးထီရန် စိတ်မကောင်း ဖြစ်ပြီး သက်ပြင်းတွေ ချမိနေလေသည်။

ထိုအခါ လောင်ထယ်က ထိုကျောင်းကြီး၏ စာသင်ခန်း ဆရာလေးထီရန်ရှိသည့်အနားကို ဝင်လာကာ ဆရာလေးထီရန်က လောင်ထယ်ကို အဖြစ်မှန်တွေ အကုန်ပြောပြတော့မည်ဟူ၍ ပြောထားသမို့ လောင်ထယ်က စိတ်မကောင်းအားငယ်နေတဲ့ ဆရာလေးထီရန်ကို ကြည့်ကာ

" အဆင်သင့် ဖြစ်ပြီလား အစ်ကို ''

" မသိဘူး ''

" အစ်ကို အရမ်းမစိုးရိမ်ပါနဲ့ အစ်ကို ကျွန်တော့်ကို ပြောခဲ့သလိုမျိုး အားလုံးကို ပြောပြလိုက် ကျွန်တော် ယုံတယ် အားလုံးက နားလည်သွားမှာပါ လုပ်နိုင်မှာပါ ''

အဲသလို လောင်ထယ်ကပြောပြီး ဆရာလေးထီရန်၏ ပုခုံးကို ပုတ်ကာ အားပေးသမို ဆရာလေးထီရန်လည်း စိတ်မကောင်း ဖြစ်မိပေမယ့် အတတ်နိုင်ဆုံး ပြုံးလိုက်ရလေသည်။

" အော် ခေါင်းဆောင်ကို မြင်မိသေးလား ''

" ခုနတုန်းကတော့ တွေ့လိုက်တယ် ထင်တယ် အစ်ကို သူ ကျွန်တော့်အဖေနဲ့ စကားပြောနေတယ်
ထင်တယ် ''

အဲသလို လောင်ထယ်ကလည်း ထင်ရာ ပြောပြလိုက်ပြီး ဆရာလေးထီရန်လည်း သက်ပြင်းတစ်ချက်ချလိုက်လေသည်။

အဲ့နောက် ဖာပန်းဒေါင်းကျောင်း၏ အပြင်ဘက် နေရာတစ်ခုတွင် အပင်အောက်၌ ရွာသားများစုဝေးနေကြပြီး ခမာကလည်း ထိုလူစု၏ အရှေ့တွင် ရပ်ကာ ဆရာလေးထီရန်က ခမာ၏အနောက်မှာ လက်ကလေးပိုက်၍ နေလေသည်။

ခမာက ထိုလူစု၏ အရှေ့အမြင့်နေရာမှာ ရှိနေ၍ သူ၏လက်ထဲတွင်လည်း တောင်ဝှေးကို ကိုင်ကာ အသံသြဇာကျယ်ကျယ်ဖြင့်

" ဒီနေ့ ကျောင်းဖွင့်ပွဲလေးကို လာပေးကြလို့ အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ် ငါတို့

ကျောင်းလေးကို အောင်မြင်စွာ ပြန်ဖွင့်နိုင်ပြီ အဲဒါက အားလုံး အားလုံး တစ်ယောက်ချင်းစီရဲ့ ကြိုးစား

အားထုတ်ပေးမှုကြောင့်ပဲ ''

အဲသလို ခမာ ပြောသည်ကို အာရီ၏အဖေနဲ့အမေ ကာလယ်၏အဖေနှင့်အမေ အင်တာ၏အဖွား လန် ရော့ချန်း အာရီ ခေါင်နွန်း ကာလယ် အင်တာ မိကျူးတို့ နားထောင်နေကြလေသည်။ ခေါင်းဆောင်ဖူဖာကိုတော့ မမြင်ပေ။

"  အားလုံးက အတူ လုပ်ဆောင်ခဲ့ကြတယ် ပြီးတော့ ကျောင်းအတွက် အရာရာ ပေးဆပ်ထားတဲ့ ဆရာထီရန်ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ လုပ်ဆောင်ခဲ့ကြတယ် ''

လောင်ထယ်လည်း သူ၏အဖေ ခမာပြောတာကို နားထောင်ပြီး ဆရာလေးထီရန်ကို အတတ်နိုင်ဆုံး ပြုံး၍ ကြည့်နေလေသည်။

" ဒီအခါသမရမှာ ငါတို့ ကျောင်းဖွင့်ပွဲအတွက် ဆရာလေးထီရန်ကို တစ်ခုခု ပြောပေးစေချင်ပါတယ် လက်ခုပ်တီးပေးလိုက်ပါဦး ''

ခမာက အဲသလို ပြောပြီး လူစုကြီးထဲကို တောင်ဝှေးလေး ထောက်ကာ ဝင်သွားပြီး အားလုံးကလည်း အပြုံးကိုယ်စီဖြင့် လက်ခုပ်တီးကာ ဆရာလေးထီရန်ကို ကြိုဆိုလိုက်ကြလေသည်။

" ဆရာလေးထီရန် ဒီကိုလာပါ ''

" ကျေးဇူးတင်ပါတယ် ''

အဲ့နောက် ဆရာလေးထီရန်က မြေမြင့်ရာမှာ သူတစ်ယောက်တည်း ရပ်နေပြီး သူ၏အောက်မှ ရွာသူရွာသားအားလုံးကို လက်ကလေးပိုက်၍ ကြည့်ကာ စိတ်မကောင်း ဖြစ်မိပြီး သက်ပြင်းကလေးခဏခဏချမိပေမယ့် အတတ်နိုင်ဆုံးပြုံးလျက်

" ဒီကျောင်းကလေး ပြန်ဖွင့်တဲ့ အချိန်မှာ အခုလို ပြောခွင့်ရလို့ ကျွန်တော် အရမ်း ဝမ်းမြှောက်မိပါတယ်

ကျွန်တော် ဒီနေရာမှာ ရပ်နေရတာ အရမ်းဝမ်းသာပါတယ် တကယ်လို့ ကျွန်တော် ဒီကို ပထမဆုံးရောက်လာတဲ့

နေ့ကို ပြန်သွားနိုင်မယ်ဆိုရင် ကျွန်တော် ဒီနေ့ ဒီမှာ ရပ်နေခွင့်ရမယ်ဆိုတာကို ယုံနိုင်မှာ မဟုတ်ပါဘူး ''

အဲသလို ပြောနေသည့် ဆရာလေးထီရန်ကို အားလုံးက ဝိုင်း၍ကြည့်ကာ နားထောင်နေကြလေသည်။

" အမှန်တကယ်တော့ ကျွန်တော် ဒီကို လာခဲ့တာ ဆရာကောင်း တစ်ယောက်ဖြစ်ဖို့အတွက် မဟုတ်ခဲ့

ပါဘူး ကျွန်တော် ဒီကို လာခဲ့တာက ကျွန်တော့်မှာ ရှိနေတဲ့ မဖြေရှင်းနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်ပါ ''

ဆရာလေးထီရန်ကလည်း အဲသလို ဖာပန်းဒေါင်းကို အဘယ်ကြောင့်လာခဲ့ရသည်ဆိုတာ ပြောပြနေပြီး မဖြေရှင်းနိုင်တဲ့ ခံစားချက်တစ်ခုဆိုတာ မည်သည့်အရာ ဖြစ်မည်ဆိုတာ ကျောင်းအိမ်ယာ၌ ခေါင်းဆောင်ဖူဖာက ထိုစာအုပ်လေးကို ဖွင့်၍ ဖတ်ကြည့်နေလေသည်။

ထော့ဖန်ရေးထားသည်တို့က ကျွန်မ ကျောင်းသူများ အာရီ အသက်အကြီးဆုံး ကျောင်းသား ခေါင်နွန်း ကာလယ် အစားကြီး အင်တာ မိကျူး စသဖြင့် စသဖြင့် ဖြစ်လေသည်။

ထိုသို့ စာအုပ်ကလေးကို ကြည့်ကာ ခေါင်းဆောင်ဖူဖာ၏မျက်နှာက ဆရာလေးထီရန်အား ဒေါကစိတ်ကလေး ဖြစ်မိနေလေသည်။

ဖာပန်းဒေါင်းကျောင်း အရှေ့တွင်လည်း ဆရာလေးထီရန်၏ ပြောစကားက

" ကျွန်တော် ထင်ခဲ့တာက တကယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ဒီမှာ အသုံးဝင်အောင် နေနိုင်ရင်

ကျွန်တော့် ပုခုံးပေါ်မှာ သယ်ထားရတဲ့ အရာကို ထမ်းထားရတာအတွက် အကူအညီ ဖြစ်လိမ့်မယ်ပေါ့

ဒါပေမယ့် ကျွန်တော်က တစ်နေ့ပြီး တစ်နေ့ ပြဿနာတွေပဲ လုပ်မိနေတယ် ''

ဆရာလေးထီရန်က အဲသလို ပြော​ပြီး လောင်ထယ်နှင့်အတူ ရွာသားအားလုံးက ဂရုတစိုက်နားထောင်နေကြလေသည်။

ခေါင်းဆောင်ဖူဖာလည်း ထော့ဖန်၏ ဒိုင်ယာရီစာအုပ်မှ ထော့ဖန်၏ နှစ်ရောင်အရွက်ကြော် ခေါင်နွန်းက အရွက်တွေ မကြိုက်ဘူးတဲ့ ဟူသည့် စာလေးတွေ တစ်မျက်နှာပြီး တစ်မျက်နှာ လှန်၍ ဖတ်နေလေသည်။

ဆရာလေးထီရန်ကလည်း ရွာသားတွေ အားလုံးအရှေ့မှာ

" ကံကောင်းတာက ဒီက အားလုံးက ကျွန်တော့်ကို ခွင့်လွတ်ပေးနိုင်ကြတုန်းပဲ ''

အဲသလို ပြောပြီး ဒိုင်ယာရီစာအုပ်ဖတ်နေသည့် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန် နှစ်ရောင်အရွက်ကြော် စားကြည့်ခိုင်းတာကို သတိရလေသည်။

" ကျွန်တော့်ရဲ့ နှစ်ရောင်အရွက်ကြော် စားကြည့် စားကြည့်လိုက် ''

အဲသလို သတိရနေပြီး ခေါင်းဆောင်ဖူဖာက ဒေါသစိတ်ကလေးဖြင့် စာတွေကို ဆက်ပြီးဖတ်နေလေသည်။ ဆရာလေးထီရန်ကလည်း လိုရာကို ဆက်၍ ပြောဆိုနေလေသည်။

" အားလုံးက ကျွန်တော့်ကို အခွင့်အရေး ပေးဖို့ ဆန္ဒရှိခဲ့ကြတယ် ကျွန်တော့်ကို အားလုံးက မိသားစုလို

သဘောထားကြတယ် အဲဒါက ကျွန်တော့်ကို ကျွန်တော့်ဘဝရဲ့ တန်ဖိုးကို သိလာစေတယ် ကျွန်တော့်ကို

ပျော်ရွှင်မှုဆိုတာကိုလည်း နားလည်လာစေတယ် အဲဒါက ကျွန်တော့်ကို ဒီနေရာက ကျွန်တော့်ရဲ့အိမ်လို ခံစားရစေခဲ့တယ် ''

ဆရာလေးထီရန်က အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာလည်း ထော့ဖန်၏စာအုပ်မှ ဘီလူးစိမ်းကြီးဟူသည်ကို ဖတ်ရှုက ဆရာလေးထီရန် ပြောသည့်

" ဘာလို့လဲဆိုတော့ ဒီငှက်ကြီးက ဒီရွာကို ဘီလူးစိမ်းကြီးဆီကနေ ကာကွယ်ပေးနေတာလေ ''

အဲသလိုတွေ ဆရာလေးထီရန်က ထော့ဖန်လို ပြုမူခဲ့တာ ဆရာလေးထီရန်က ထော့ဖန်နှင့် သိနှင့်နေတာ သိပြီးနေတာကို ခေါင်းဆောင်ဖူဖာ သတိထားမိလေတော့သည်။ ဆရာလေးထီရန်ကိုလည်း ပို၍ ဒေါသ ထွက်မိနေလေတော့သည်။

ဆရာလေးထီရန်လည်း အားလုံးကို

" တကယ်တော့ ကျွန်တော် သက်သက်သာသာနဲ့ ကျွန်တော် ထမ်းထားရတဲ့အရာကို လွှတ်ချလိုက်လို့

ရပေမယ့် အားလုံးက ကျွန်တော့်အပေါ် ပိုပြီး ကောင်းလေလေ အဲဒါက ကျွန်တော့်ပုခုံးပေါ်မှာ ပိုပိုပြီး

လေးလာသလိုပဲ ကျွန်တော့်အတွက် ထပ်ပြီး ထမ်းမထားနိုင်လောက်အောင် အရမ်းလေးလာခဲ့တယ် ''

အဲသလို အားငယ်ဝမ်းနည်း၍ ငိုသံလေးအနည်းငယ်ပါလာကာ ပြောနေပြီး လေးနက်လှတဲ့ စကားလုံးတွေကို ခမာနှင့် အားလုံးက နားမလည်သလို ဆက်၍ နားထောင်နေလေသည်။

" အားလုံးပဲ ကျွန်တော် တစ်ခါ သေမလို ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့် ဒီက လူတစ်ယောက်က ကျွန်တော့်ကို

သူ့ရဲ့ နှလုံးသားကို ပေးခဲ့တယ် ကျွန်တော် ဆက်ပြီး အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့တယ် ''

အဲသလို မျက်ဝန်းအိမ်မှ မျက်ရည်လေးဝဲကာ ဆရာလေးထီရန် ပြောဆိုနေပြီးကျောင်းအိမ်ယာ၌ ထော့ဖန်၏ ဒိုင်ယာရီစာအုပ်ကို ဖတ်၍ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ဒေါသ ဖြစ်နေလေသည်။

ဆရာလေးထီရန်စကားမဆုံးခင်မှာ ခေါင်းဆောင်ဖူဖာက ထော့ဖန်၏ဒိုင်ယာရီစာအုပ်ကို ကိုင်၍ ထိုလူစုအနားကို ရောက်လာကာ

" ဒါပေမယ့် မင်း ထော့ဖန်ကို မသိဘူးလို့ ပြောခဲ့တယ်မဟုတ်လား ''

အဲသလို ခေါင်းဆောင်ဖူဖာက လူစုအနောက်မှာ ပြောပြီး စာအုပ်ကလေးကို ကိုင်မြှောက်ကာ ခေါင်းဆောင်ဖူဖာအနားမှာ ရှိနေသည့် လောင်ထယ်နှင့်အတူ အားလုံးက ခေါင်းဆောင်ဖူဖာကို နောက်ပြန်လှည့်ကြည့်လိုက်လေသည်။

" အဲဒါဆို ဘာလို့ ထော့ဖန်ရဲ့ ဒိုင်ယာရီစာအုပ်က မင်းဆီမှာ ရှိနေရတာလဲ ''

ခေါင်းဆောင်ဖူဖာ အဲသလို ပြောလာသမို့ ဆရာလေးထီရန်က အားလုံးကို ထော့ဖန်သေဆုံးသွားသည်ကို ပြောပြလိုက်လေတော့သည်။

" အားလုံးပဲ ကျွန်တော့်ကို နှလုံးပေးခဲ့တဲ့လူက ဆရာမထော့ဖန်ပါ ''

ခမာတို့က ဆရာလေးထီရန် ပြောစကားကို နားမလည်၍ အားလုံး၏စိတ်ထဲနှင့် နှုတ်ဖျားမှ ဘယ်လို ဟူ၍ နားမလည်သလို ဖြစ်သွားကြရလေသည်။

" ထော့ဖန်က ကွယ်လွန်သွားခဲ့ပါပြီ ''

" တကယ်ပြောနေတာလား ဆရာမက
သေသွားပြီလား ''

ခမာနှင့်အတူ အားလုံးက အံ့သြသွားကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မယုံနိုင်အောင် ဖြစ်နေကြလေသည်။

" ဆရာမထော့ဖန်က တကယ် သေသွားပြီလား ''

" နောက်ပြီးတော့ ကျွန်တော့်မှာ ထော့ဖန် သေဆုံးတာအတွက် တာဝန်ရှိပါတယ် ''

အဲသလို ဆရာလေးထီရန်က ထော့ဖန်သေဆုံးရတာ သူ့ကြောင့်ဆိုသည်ကို အဲသလို သွယ်ဝိုက်၍ ပြောလိုက်ရာ အားလုံးကလည်း ထော့ဖန်ဆုံးတာ ဆရာလေးထီရန်ကြောင့်ဟူ၍ နားလည်သွားပြီး အံ့သြမှုတစ်ခုပေါ်တစ်ခုဆင့်၍ ထပ်ပြီး အံ့သြသွားကြလေသည်။

" ဘာလို့လဲ ထီရန် ''

အဲသလို ခေါင်းဆောင်ဖူဖာ ထော့ဖန်ဆုံးတာ ထီရန်နှင့်ပတ်သက်သည်ဆိုတာကို ယခုမှသိရသည့် အံ့သြနေသည့် လောင်ထယ်၏ဘေးမှ အော်၍ ဒေါသစိတ်ကလေးဖြင့် အော်၍ ပြောလိုက်လေသည်။

" မင်း ဘာလို့ ငါတို့ကို လိမ်ခဲ့တာလဲ ''

အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာလည်း ဝမ်းနည်းကာ မျက်ဝန်းအိမ်မှ မျက်ရည်ကို ထိန်းမထားနိုင် ဆရာလေးထီရန်လည်း ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကာကျကာ ဝမ်းနည်းနေလေသည်။ ရွာသားတွေကလည်း ထော့ဖန်ဆုံးတာကို အံ့သြနေပြီး နှုတ်ဖျားမှလည်း

" ဆရာမက တကယ် ဆုံးသွားတာလား
မယုံနိုင်စရာပဲ ''

" ဆရာလေးကို အရမ်းစိတ်ပျက်တာပဲ ''

" ဟုတ်တယ် ဆရာလေးထီရန်က အားလုံးကို လိမ်ခဲ့တယ် စိတ်ပျက်ဖို့ ကောင်းတယ် ဆရာမထော့ဖန် သနားပါတယ် ''

" ဒါက တကယ်ပဲလား ''

အဲသလို ခမာနှင့်အားလုံးက ဆရာလေးထီရန်ကို အပစ်တင်ပြီး ဆရာမထော့ဖန်အတွက် ဝမ်းနည်၍ ငိုမိကြလေတော့သည်။

ဆရာလေးထီရန်လည်း အားလုံးနှင့်ထပ်တူ ဝမ်းနည်း၍ ပါးပြင်မှာ မျက်ရည်တွေဖြင့် ကလေးတွေကို စိတ်မကောင်းဖြစ်ကာ ကြည့်လိုက်လေသည်။

" ဘာလို့ နင့်ကို သဘောကျအောင် လုပ်ခဲ့တာလဲ ပြီးတော့ ငါတို့ကို ဒီလို လုပ်ရက်တယ် ''

" အားလုံးပဲ စိတ်ထိန်းကြပါ လျှောက်မပြောကြပါနဲ့ ''

အားလုံးက ထော့ဖန်အတွက် စိတ်မကောင်းကာ ဆရာလေးထီရန်ကို အပစ်တင်ပြောဆိုနေကြပြီး ဆရာလေးထီရန်လည်း ဝမ်းနည်း၍ ငိုကာ သူရပ်၍ စကားပြောသည့်နေရာမှ ထိုလူစုအနားကို လာခဲ့ရာ ထိုလူစုကြီးက ဆရာလေးထီရန်ကို အမြင်မကြည်၍ သွားဖို့ လမ်းကလေး ဖယ်ပေးကြလေသည်။

ဆရာလေးထီရန်လည်း ဝမ်းနည်း၍ ငိုလျက် ထိုလူစုအနား ဖြတ်သွားပြီး ခေါင်းဆောင်ဖူဖာအနားအရောက်မှာ ခေါင်းဆောင်ဖူဖာ၏ မျက်နှာကို စိတ်မကောင်းဖြစ်ကာ ကြည့်လိုက်ပေမယ့် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ အကြည့်ကို လွှဲလိုက်လေသည်။

ထိုကြောင့် ဝမ်းနည်းမှုတွေ ပိုပြီး ပိုပြီး ဆရာလေးထီရန် ခံစားလိုက်ရကာ ပို၍ စိတ်အားငယ် မွန်းကြပ် စိတ်မကောင်း ဝမ်းနည်း ငိုမိလေတော့သည်။

ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်ကို စိတ်ပျက်မိကာ အားလုံးကလည်း ဆရာလေးထီရန်ကို စိတ်ပျက်မိ၍ ခမာက ကလေးတွေကို နက်သိမ့်ပေးနေလေသည်။

အဲသလို အကြည့်လွှဲလိုက်သည့် ခေါင်းဆောင်ဖူဖာ တကယ်ပင် ဆရာလေးထီရန်ကို စိတ်ပျက်မိလေသည်။ ဆရာလေးထီရန်လည်း ရင်ထဲတွင် စူးနက်နေအောင် ဝမ်းနည်းခံစားလိုက်ရကာ ထိုနေရာမှ အားမရှိအားငယ်သည့် ခြေလှမ်းတွေဖြင့် ထွက်လာခဲ့ရလေတော့သည်။

နောက်ဆုံးတော့ အမှန်တရားကို ဘယ်နည်းနဲ့မျှ ဖုန်းကွယ်၍ မရသည့် နိယာမအတိုင်း ဆရာလေးထီရန်က ဖာပန်းဒေါင်းရွာမှ လူအားလုံးကို အမှန်အတိုင်း အကုန် ပြောပြနိုင်ခဲ့လေသည်။

သို့ပေမယ့် အားလုံးက ဆရာလေးထီရန်ကို စိတ်ပျက်မိ၍ ဆရာလေးထီရန်လည်း အတိုင်းမသိအောင် ဝမ်းနည်းခဲ့ရသည်မှာ ခံစားကြည့်ရင် သိရပေလိမ့်မည်။

သို့ပေမယ့် ဝမ်းနည်းနေ၍ မပြီးသေးပေ မည်သို့ပင် ကြုံတွေ့ရစေကာမူ အသက်ဆက်ရှင်ရမည့် မနက်ဖြန်များစွာ ရှိသည်မို့ နောက်တစ်နေ့မနက် နေအလင်းရောင်က တောင်တန်းများကြားမှ ထွက်ပေါ်လာပြီး ချင်းမိုင် ဖာပန်းဒေါင်းရွာမှာ စာသင်ကျောင်းကြီးတွင် မည်သို့ ဆရာလေးထီရန် ကြုံတွေ့ရမည်ကို ဖတ်ရှုရပေမည်။

ရော့ချန်းက သစ်တောထိန်းသိမ်းရေးဝန်ထမ်း အင်္ကျီကို ဝတ်ကာ ကျောင်းစာသင်ခန်း၏ ညာဘက်အခန်းတစ်ခုတွင် ထိုင်ကာ နေလေသည်။

ထိုဖာပန်းဒေါင်းကျောင်းကြီး၏ အလံတိုင်မှ အလံကလည်း လေထဲတွင် တလူလူ လွှင့်နေလေသည်။ ထိုအခါ ဆရာလေးထီရန်လည်း စာသင်ဖို့ ကျောင်းကြီးဆီ ရောက်လာခဲ့လေသည်။

အိတ်ကလေးကို ဆွဲကိုင်ကာ စိတ်ပျက်မိနေတဲ့ ရော့ချန်းကို ဆရာလေးထီရန်က တစ်ချက်ကြည့်၍ စာသင်ခန်းထဲကို ဝင်သွားလေသည်။ အခန်းထဲကို ရောက်သော် နေရာလွတ်နေသည့် ကျောင်းသူကျောင်းသားထိုင်သည့်ခုံတွေကို ကြည့်ကာ သူယူလာသည့်အိတ်ကို စားပွဲပေါ်တင်၍ ခုံမှာထိုင်ပြီး ကလေးတွေကို ခဏစောင့်လိုက်လေသည်။

သို့ပေမယ့် တစ်ဦးတစ်ယောက်မှ ပေါ်မလာသေးသမို့ ထိုင်နေရာမှ ထ၍စောင့် နာရီကို တစ်ချက်ကြည့်၍ ထပ်စောင့် ဘယ်ဘက်ညာဘက် လမ်းလျှောက်ရင်း စောင့်နေပေမယ့်လည်း ပေါ်မလာခဲ့ပေ။

ဒီလိုနဲ့ ဘယ်လောက်ပင် စိတ်ပျက်စေကာမူ စကားမပြော မခေါ်ဘဲ မနေလို့ မရသမို့ အဲသလို စိတ်အားထက်သန်တဲ့ ဆရာလေးထီရန်ကို ရော့ချန်းက လှည့်ကြည့်ကာ

" ဆရာလေးထီရန် ဒီနေ့တော့ အိမ်ပြန်လိုက်ပါလား ဘယ်သူမှ လာမှာ မဟုတ်ဘူး ''

" ချန်း အရင် ပြန်လိုက်ပါ ကျွန်တော် နည်းနည်းလောက် ထပ်စောင့်ချင်သေးတယ် ''

အဲသလို ဆရာလေးထီရန်က ပြောပြီး ရော့ချန်းလည်း ခေါင်းကလေးဆတ်ပြလိုက်ကာ မကြာမီအချိန်၌ မိကျူးက ဆရာလေးထီရန်ဟု ခေါ်ကာ စာသင်ခန်းထဲက ဆရာလေးထီရန်ဆီ အပြေးရောက်လာလေသည်။

" ဆရာထီရန် ''

" နေကောင်းလား မိကျူး ဒါနဲ့ အာရီရော
ဘယ်မှာလဲ ''

" အမေက သမီးတို့ကို မလာစေချင်ဘူး မိကျူးက ခိုးထွက်လာခဲ့တာ မိကျူးက ဆရာထီရန်ကို
လွမ်းနေတာ ''

" အစ်ကိုလည်း လွမ်းပါတယ် ဒါဆို ဒီနေ့
ဘာသင်ချင်လဲ ''

" ဆရာထီရန် သေတယ်ဆိုတာ ဘာလဲဟင် အမေကပြောတယ် ဆရာက ဆရာမထော့ဖန်ကို သေအောင်လုပ်ခဲ့တာတဲ့ ''

အဲသလို အရမ်းစပ်စုတဲ့ မိကျူးက မေးလာသမို့ ဆရာလေးထီရန် ပြောစရာစကားမရှိအောင် ငြိမ်သွားကာ ရော့ချန်းလည်း သက်ပြင်းချမိပြီး ဆရာလေးထီရန်က မိကျူး၏ခေါင်းကလေးလို အသာလေးပွတ်ကာ နက်သိမ့်ပေးလိုက်လေသည်။

မိကျူးပြောသည့် သေသည်ဆိုတာဘာလဲဟင် ဟူသည့်အတိုင်း ဆရာမထော့ဖန် ကွယ်လွန်သွားခဲ့၍ ဖာပန်းဒေါင်းမှ ရွာသူရွာသားအားလုံးက ထော့ဖန်၏ဓာတ်ပုံတစ်ခုကို အပင်ကြီးတစ်ပင်၏ ခြေရင်းတွင် ထား၍ ဝမ်းနည်းမှု ပန်းစည်းတွေ တစ်ဦးပြီးတစ်ဦး လာ၍ ထားကာ စိတ်မကောင်း ဖြစ်နေကြလေသည်။

ဆရာလေးထီရန်လည်း ထိုနေရာကို ရောက်လာကာ ထပ်တူဝမ်းနည်းရပြီး ဆရာလေးထီရန်ကို တွေ့တဲ့လူတိုင်းက စိတ်ပျက်မိ၍ ရှောင်ထွက်သွားကြလေသည်။

အင်တာ၏အဖွားက ပန်းစည်းချ၍ အပြန် ဆရာလေးထီရန်က

" အဖွား ''

ဟူ၍ နှုတ်ဆက်လိုက်ပေမယ့် အင်တာ၏အဖွားက ဘာမှပြန်မပြောဘဲ ရှောင်ထွက်သွားလေသည်။ အာရီနှင့် မိကျူးတို့၏ အဖေ အမေတို့နှင့် တွေ့ပြန်သော်လည်း ဆရာလေးထီရန်ကို စိတ်ပျက်ကာ မျက်စောင်းထိုး၍ ဒေါထသွားလေသည်။

အလားတူပဲ ဖာပန်းဒေါင်းမှ ရွာသားအားလုံးနှင့် ကာလယ်၏မိဘတွေ ခေါင်နွန်း၏ မိဘတွေကလည်း ဆရာလေးထီရန်ကို တွေ့ရာ အားလုံးက အဖက်မလုပ်ဘဲ ရှောင်ထွက်သွားကြလေသည်။

မှန်၏။ ဆရာလေးထီရန်က ယခု ကိစ္စကို ဖာပန်းဒေါင်းမှာနေပြီး လပေါင်းများစွာ နှုတ်ပိတ်၍ လိမ်လည်ခဲ့တာတွေကို စိတ်ပျက်မိ၍ ဖြစ်ပေသည်။ အဆိုးဆုံးက ထော့ဖန်သေဆုံးတာ သူ့မှာ တာဝန်ရှိတာသိသိနဲ့ သူက ထော့ဖန်၏ နှလုံးနဲ့ အသက်ရှင်၍ ယခုလို နှုတ်ဆိတ်၍ နေနေတာကို အားလုံးက ပို၍ စိတ်ပျက်မိလေသည်။

ဆရာလေးထီရန်ဘက်ကကြည့်ပြန်သော်လည်း ဖာပန်းဒေါင်းက ရွာသူရွာသားတွေအားလုံးက ထော့ဖန်ကို အရမ်းချစ်ကြသမို့ သူတို့ချစ်တဲ့ ထော့ဖန်ဆုံးသွားပြီဆိုတာ မည်သည့်အင်အားနဲ့ ပြောပြရမည် ဖြစ်၏။ ထို့ကြောင့်လည်း ခေါင်း​ဆောင်ဖူဖာနှင့်လန် ရော့ချန်း ဒေါက်တာနမ်တို့က ယခုအချိန်ထိ ဖုန်းထားခဲ့လေသည်။

သို့ပေမယ့် ယခုတော့ အရာအားလုံးက အမှန်တရားအတိုင်း ပေါ်ပေါက်လာခဲ့လေတော့သည်။ ထိုအမှန်တရားကို ရင်ဆိုင်ရတော့မည့် ဆရာလေးထီရန် မည်သို့ ကြုံတွေ့နေရမည်ဆိုတာ ဝမ်းနည်း၍ အပင်ရင်းမှ ထော့ဖန်၏ ပုံကို ကြည့်နေသည့် ဆရာလေးထီရန်၏ ရင်ထဲကို ခံစားကြည့်ကြရပေမည်။

ဒီလိုနဲ့ အားမရှိသည့် ခြေလှမ်းတွေနဲ့ သူနေသည့်ဖာဖီရွန်တပ်စုကို ပြန်လာခဲ့လေသည်။ ဖာဖီရွန်တပ်စုက ကုန်းမြင့်တစ်နေရာမှာရှိသမို့ ဆရာလေးထီရန်လည်း ထိုကုန်းပေါ်သို့ တက်သည့် မြေလှေကားထစ်အတိုင်း တက်လာကာ တပ်စုနားအရောက်မှာ ခြေထောက်တစ်စုံကို မြင်ပြီး တဖြည်းဖြည်းမော့ကြည့်လိုက်ရာ လက်ပိုက်၍ ကျောပေးကာ ရပ်နေသည့် ခေါင်းဆောင်ဖူဖာကို တွေ့လေတော့သည်။

ခေါင်းဆောင်ဖူဖာ၏ ခြေအရင်းနားမှာလည်း ဆရာလေးထီရန်၏ ကျောပိုးအိတ်တစ်လုံးရှိနေလေသည်။ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ဘက်လှည့်လာပြီး စိတ်ပျက်မိတဲ့ မျက်နှာနှင့် လေသံလေထားတို့က သိသိသာသာ ပေါ်လာပေတော့သည်။

" ကျောင်းပြန်ဆောက်တာလည်း ပြီးသွားပြီ မီးကွင်းပစ်သွားတဲ့ တရားခံကိုလည်း ဖမ်းမိပြီ မင်း ဒီမှာ ဆက်နေစရာ အကြောင်း မရှိတော့ဘူး ''

" လိုက်ပို့စရာ မလိုပါဘူး ဒီမှာ နေခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ''

" ရှေ့လျှောက် တစ်ခုခုလိုအပ်ရင် ရော့ချန်းနဲ့လန်ကို ပြော ဒီမှာ ရှိနေတဲ့ လူအားလုံးက မင်းကို အရမ်းစိတ်ပျက်နေကြတယ် ထွက်သွားတော့ ငါ မင်းကို ထပ်ပြီး မမြင်ချင်တော့ဘူး ''

အဲသလို မျက်နှာထား တင်းတင်းဖြင့် ပြော၍ သက်ပြင်းချကာ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို အကြည့်လွှဲလိုက်လေသည်။ ဆရာလေးထီရန်လည်း ထိုသို့ ပြောခံရသမို့ ဝမ်းနည်း၍ မျက်ရည်ကျမိလေတော့သည်။

အဲသလို ငိုပြီး သူ၏အိတ်ကို သွားယူရာ ခေါင်းဆောင်ဖူဖာက ဆရာ​လေးထီရန်ကို ထော့ဖန်၏ဒိုင်ယာရီ စာအုပ်ထားခဲ့ဖို့ ပြောလေသည်။

" အဲဒါကို ဒီမှာ ထားခဲ့ သူ့ဆီက နှလုံးကို မင်းယူထားတာနဲ့တင် လုံလောက်နေပါပြီ ''

ဆရာလေးထီရန်လည်း ထော့ဖန်၏ ဒိုင်ယာရီစာအုပ်ကို လက်ပိုက်၍ သူ့ကိုမကြည့်ဘဲပြောနေသည့် ခေါင်းဆောင်ဖူဖာကို ပေးလိုက်လေသည်။

" တကယ်တော့ ဖြစ်နိုင်ရင် ကျွန်တော် သူ့ကို ပြန်ခေါ်လာပေးချင်တယ် ''

(ဆက်လက်ဖော်ပြပေးပါမည်)

နွေဦးကိုကိုမောင်

(Zawgyi Version)

ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
                 1000 stars

Chapter - 8(A)
အပိုင္း (၂၂)

ျပႆဒ္ေတြ အေဆာင္မုဒ္ဦးေတြ အခြၽန္အတက္ေတြျဖင့္ နန္းေတာ္ႀကီးအလား တည္ေဆာက္ထားသည့္ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕၏ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ခုက ခန္းနားထည္ဝါလွေပသည္။

ေက်းငွက္ကေလးေတြကလည္း ထိုေက်ာင္းႀကီး၏အတြင္းမွ အရိပ္ရအပင္တြင္ ခိုနားကာ တက်ီက်ီျမည္ေအာင္ မနက္ခင္းေနေရာင္ျခည္ႏွင့္အတူ သဘာဝအလွကို ေဖာ္ၾကဴးေနေလသည္။

ထိုဘုန္းေတာ္ႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ အဝါေရာင္သကၤန္းရွိ ထိုင္းဘုန္းႀကီးတစ္ပါးအား ထီရန္တစ္ေယာက္ စားဖြယ္ရာ ပစၥည္းမ်ိဳးစုံျဖင့္ ကပ္လႉေနေလသည္။

ထီရန္က ဒူးေထာက္ကာ ပစၥည္းေတြကို လက္ျဖင့္ကိုင္မၿပီး ထိုဘုန္းႀကီးကို ကပ္လႉေလသည္။ ၿပီးေနာက္ ထီရန္ဆိုဖာ့ဒစ္စကြန္းဟု အမည္ရွိသည့္ ထီရန္က ဒူးတုတ္ထိုင္ခ်ကာ ထိုဘုန္းႀကီးက အထက္ပုလႅင္၌ တင္ျပင္ေခြထိုင္လ်က္

" ေရစက္ကို ေျဖးေျဖးခ်င္းခ်ၿပီး တရားနာေပးပါ ''

အဲသလို ေျပာလိုက္ၿပီး ထီရန္လည္း ေရစက္ခ်ကရားအိုးထဲမွ ေရကို ေရခြက္အထဲသို႔ ျဖည္းျဖည္းခ်င္း ခ်ၿပီး တရားနာ၍ တစ္စုံတစ္ေယာက္ကို ေရစက္ခ် အမွ်ေပးေဝေလသည္။

" ထိုင္းေရစက္ခ်တရားဘာဝနာမ်ား႐ြတ္___ ''

အဲသလို ထိုင္းဘုန္းႀကီးကလည္း အမွ်ေပးေဝသည့္ တရားမ်ားကို ေဟာၾကားၿပီး ထီရန္လည္း ေရစက္ခ်အမွ်ေပးေဝလိုက္ေလေတာ့သည္။

ဒီလိုနဲ႕ ထိုဘန္ေကာက္ၿမိဳ႕၏ ေသဆုံးသူတို႔၏ ဓာတ္ပုံႏွင့္ မွတ္တမ္းမွတ္ရာတို႔ကို အုတ္ ခဲ အကၤေတတို႔ျဖင့္ နံရံႀကီးမွာ စုစည္းထားသည့္ ထိုဘုန္းေတာ္ႀကီးေက်ာင္း၏ ထိုအရာမ်ားရွိသည့္ေနရာကို ထီရန္တစ္ေယာက္ ပန္းစည္းေလးကိုင္၍ တျဖည္းျဖည္းေလွ်ာက္လမ္းလာေလသည္။

ထိုဘုန္းေတာ္ႀကီးေက်ာင္း၏ ေက်ာင္းထိုင္ဆရာေတာ္၏ အမွ်ေပးတရားကလည္း ထပ္ႀကိမ္သံျဖင့္ ႀကီးစိုးေနေလသည္။

ထီရန္လည္း ထိုေသဆုံးသူတို႔ ဓာတ္ပုံကို ထိုသို႔ မွတ္တမ္းတင္ထားသည့္ နံရံနားအေရာက္မွာ ေျမျပင္ႏွင့္ နီးကပ္ေနသည့္ ေသဆုံးသူ ဓာတ္ပုံတစ္ပုံအနားတြင္ သူယူလာသည့္ ပန္းစည္းေလးကို ခ်ထားလိုက္ေလသည္။

သူယူလာသည့္ ပန္းစည္းေလးက အျဖဴေရာင္ပန္းေလးျဖစ္ၿပီး ထိုပန္းစည္းေလးက ေျမျပင္မွာ ခလ်က္ ထိုေျမျပင္ႏွင့္ နီးကပ္ေနသည့္ နံရံတြင္ကႏႈတ္ေတြ ပန္းခက္ပန္းႏြယ္ျဖင့္ ပုံေဖာ္ကာ အဝါေရာင္ေတြ မြန္းမံထားေသာ ေသဆုံးသူ မွတ္တမ္းဓာတ္ပုံကို ၾကည့္လိုက္ရာ ေထာ့ဖန္၏ပုံတစ္ခု ျဖစ္ေလသည္။

ထိုပုံေလး၏ ေအာက္ေျခတြင္

" ေထာ့ဖန္ခ်ရဖြန္ ေမြးေန႕ ဧၿပီ ၂၁ ၁၉၉၇ ကြယ္လြန္သည့္ေန႕ ဧၿပီ ၉ ၂၀၂၀ ''

ဟု ေရးထားေလသည္။ မွန္၏။ ထီရန္တစ္ေယာက္ ဖာပန္းေဒါင္းသို႔ မသြားခင္ ေထာ့ဖန္ခ်ရဖြန္ အတြက္ ေရစက္ခ်အမွ် ေပးေဝျခင္း ျဖစ္ေလသည္။

" ေထာ့ဖန္ အခု ကြၽန္ေတာ္ လုပ္အားေပးဆရာတစ္ေယာက္ ျဖစ္ၿပီ အေတာ္ၾကာတဲ့အထိ ကြၽန္ေတာ္

အမအတြက္ ပန္းေတြ ယူလာေပးနိုင္မွာ မဟုတ္ဘူး ကြၽန္ေတာ့္ကို အမက ဘာကို ဂ႐ုစိုက္ေပးေစခ်င္လဲဆိုတာ

ကြၽန္ေတာ္ တကယ္ မသိဘူး ဒါေပမယ့္ ကြၽန္ေတာ္ ယုံတာက အဲဒီဟာက ဖာပန္းေဒါင္းမွာ ရွိတဲ့အရာမဟုတ္လား

ကြၽန္ေတာ့္ကို ဆုေတာင္းေပးပါေနာ္ ကြၽန္ေတာ္ သြားေတာ့မယ္ ''

အဲသလို ထီရန္က ေထာ့ဖန္ခ်ရဖြန္၏ ဓာတ္ပုံႏွင့္ မွတ္တမ္းေလးကို ၾကည့္ကာ ထိုသို႔ ေျပာေနေလသည္။

မွန္၏။ ထီရန္၏ ႏွလုံးအတြင္းသားနံရံ ေရာင္ယမ္းတာကို ႏွလုံးခြဲစိတ္လွဲလွယ္မည့္အခ်ိန္ ထီရန္ကို ေမ့ေဆးထိုးထားသမို႔ ထီရန္၏ စိတ္က ေထာ့ဖန္ဆိုသည့္ အမႏွင့္ သြားေတြ႕ၿပီး ေထာ့ဖန္က ထီရန္၏ ဘယ္ဘက္ႏွလုံးရွိသည့္ေနရာကို သူမ၏လက္ဖဝါးျဖင့္ ဖိကိုင္ကာ ဂ႐ုစိုက္ေပးပါေနာ္ဟု ေျပာသည္ကို ထီရန္က ဘာကို ဂ႐ုစိုက္ေပးေစခ်င္တာလဲဆိုတာ နားမလည္ ျဖစ္ေနေလသည္။

ထို႔ေၾကာင့္ ထိုဂ႐ုစိုက္ေပးရမည့္အရာက ဖာပန္းေဒါင္းမွာ ရွိသမို႔ ထို႐ြာကို သြားဖို႔အတြက္ ဆုေတာင္းခိုင္းကာ ႏႈတ္ဆက္၍ အၿမဲ ပန္းေတြယူလာေပးနိုင္မွာ မဟုတ္တဲ့အေၾကာင္း ေျပာကာ ထိုေနရာမွ ထြက္လာခဲ့ေလေတာ့သည္။

ထိုအခါ ေခါင္းေဆာင္ဖူဖာလည္း တစ္ခ်ိန္က ေခါင္းေဆာင္ဖူဖာေနသည့္ ဖာပန္းေဒါင္းမွာ လုပ္အားေပးဆရာမ သြားလုပ္သည့္ ေထာ့ဖန္အတြက္ ပန္းစည္းေလးကိုင္ကာ ထိုေသဆုံးသူ မွတ္တမ္းနံရံအနားကို ထီရန္ ထြက္သြား၍ မၾကာမီ ေရာက္လာေလသည္။

ေခါင္းေဆာင္ဖူဖာ၏ လက္ထဲတြင္လည္း ထီရန္ထားခဲ့သည့္ ပန္းစည္းအျဖဴႏွင့္ ဆင္တူသည့္ ပန္းစည္းေလးကို ကိုင္လာကာ ေထာ့ဖန္၏ဓာတ္ပုံမွတ္တမ္းေအာက္ ထီရန္ ထားခဲ့သည့္ ေျမျပင္မွ ပန္းစည္းေလးကို ၾကည့္ကာ ေခါင္းေဆာင္ဖူဖာက တစ္ေယာက္ေယာက္လာသြားသည္ဆိုတာ သိ၍ ထိုေနရာပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္လိုက္ေလသည္။

ထို႔ေနာက္ ထိုသူက မည္သူဆိုတာကိုလည္း ေခါင္းေဆာင္ဖူဖာ စဥ္းစား အေျဖရွာေနေလသည္။

ထိုသူက ထီရန္ဆိုတာ သိေတာ့မည့္ ခ်င္းမိုင္ ဖာပန္းေဒါင္း႐ြာ ဖာပန္းေဒါင္းေက်ာင္း ေဆာက္လုပ္ကာ ေအာင္ပြဲက်င္းပေနသည့္ ေနရာ၌ ေဒါက္တာနမ္က ေထာ့ဖန္ကို ထီရန္၏ကားျဖင့္ တိုက္မိတာ ဆိုၿပီး ေခါင္းေဆာင္ဖူဖာကို ေျပာလိုက္ရာ ဘာေတြ ဆက္ျဖစ္ၾကမည္ဆိုတာ ထိုေနရာ ဘန္ေကာက္ၿမိဳ႕မွ ခ်င္းမိုင္ ဖာပန္းေဒါင္း႐ြာသို႔ ေခါင္းေဆာင္ဖူဖာ မည္သို႔ ခံစား အေျဖရွာမည္ဆိုတာ ဖတ္ရႈၾကရေပေတာ့မည္။

ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
                 1000 stars
UNIT - 8

ခ်င္းမိုင္ ဖာပန္းေဒါင္း႐ြာတြင္ ေက်ာင္းဆရာအိမ္ထဲသို႔ ေခါင္းေဆာင္ဖူဖာ အေရးတႀကီး ေျပးဝင္လာေလသည္။ ထို႔ေနာက္ ဆရာေလးထီရန္၏ အိပ္ခန္းထဲတြင္လည္း ပစၥည္းတစ္ခုကို ရွာေဖြေနေလသည္။

ထိုအိပ္ခန္းထဲမွ စားပြဲေပၚတင္ထားသည့္ အိတ္ေတြကို ဖြင့္၍ ရွာၾကည့္ရာ မေတြ႕သမို႔ စာအုပ္ေတြကို လွန္ေလာ၍ ထပ္ရွာျပန္ေလသည္။ ေခါင္းေဆာင္ဖူဖာ၏ စိတ္ကလည္း ေဒါသစိတ္ကေလးပါကာ ပစၥည္းေတြကို မညင္သာနိုင္ေတာ့ဘဲ ၿဗဲကရမ္းေတြ ျဖစ္ေအာင္ ရွာေဖြလိုက္ေလသည္။

အဲ့ေနာက္ အိပ္ယာေဘးမွ ခုံရွိအံဆြဲကိုလည္း ရွာေဖြေလသည္။ ၿပီးေနာက္ ေစာင္ေတြ ကိုလည္း လွန္၍ ရွာၾကည့္ေလသည္။ အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက သူအလိုရွိသည့္ ပစၥည္းကို ရွာ၍မရသည့္အဆုံး ေမြ႕ယာကိုလွန္၍ ၾကည့္လိုက္ရာ လိေမၼာ္ေရာင္ရွိသည့္ ေထာ့ဖန္၏ ဒိုင္ယာရီစာအုပ္ကို ေတြ႕ေလေတာ့သည္။

ေခါင္းေဆာင္ဖူဖာလည္း ထိုစာအုပ္ကို အံ့ၾသမႈအျပည့္ျဖင့္ ကိုင္၍ ေဒါသစိတ္ကေလးလည္းပါကာ ျဖစ္ေနေလသည္။ ထိုစာအုပ္၏ အဖုန္းတြင္လည္း အနီေရာင္ရွိသည့္ ၾကယ္တစ္ေထာင္ပုံျပင္ ၾကယ္တစ္ေထာင္ဒိုင္ယာရီဟူ၍ ေရးထားေလသည္။

မွန္၏။ ေဒါက္တာနမ္က ေခါင္းေဆာင္ဖူဖာကို ဖာပန္းေဒါင္းေက်ာင္းအသစ္ကို တရားဝင္ဖြင့္သည့္ပြဲတြင္ ေထာ့ဖန္ကို တိုက္သည့္ကားႏွင့္ ဆရာေလးထီရန္၏ကားနံပါတ္က တူေနသည္ကို ေျပာျပ၍ ယခုလို ေက်ာင္းဆရာအိမ္ယာတြင္ တစ္ခုခုကို ေခါင္းေဆာင္ဖူဖာ ရွာေဖြေလရာ ေထာ့ဖန္၏ ဒိုင္ယာရီစာအုပ္ကို ေတြ႕ေလျခင္း ျဖစ္ေလသည္။

အျဖစ္မွန္ေတြ အကုန္လုံးကို ဖြင့္ေျပာေတာ့မည့္ ဆရာေလးထီရန္လည္း ေက်ာင္းဖြင့္ပြဲမွာ မည္သို႔ေျပာဆိုေနသည္ကို ဖာပန္းေဒါင္းေက်ာင္းသို႔ သြား၍ ဖတ္ရႈၾကရေပေတာ့မည္။

ဆရာေလးထီရန္က ထိုကိစၥကို ေျပာဖို႔ ခြန္အားနည္းေနကာ စိတ္မေကာင္းျဖစ္ၿပီး မ်က္ဝန္းအိမ္တြင္လည္း မ်က္ရည္စက္ေတြ ရွိေနေလသည္။

ေက်ာင္း၏ ေက်ာက္သင္ပုန္းအနားမွ တန္းကိုမွီကာ လက္ကေလးပိုက္၍ ဆရာေလးထီရန္ စိတ္မေကာင္း ျဖစ္ၿပီး သက္ျပင္းေတြ ခ်မိေနေလသည္။

ထိုအခါ ေလာင္ထယ္က ထိုေက်ာင္းႀကီး၏ စာသင္ခန္း ဆရာေလးထီရန္ရွိသည့္အနားကို ဝင္လာကာ ဆရာေလးထီရန္က ေလာင္ထယ္ကို အျဖစ္မွန္ေတြ အကုန္ေျပာျပေတာ့မည္ဟူ၍ ေျပာထားသမို႔ ေလာင္ထယ္က စိတ္မေကာင္းအားငယ္ေနတဲ့ ဆရာေလးထီရန္ကို ၾကည့္ကာ

" အဆင္သင့္ ျဖစ္ၿပီလား အစ္ကို ''

" မသိဘူး ''

" အစ္ကို အရမ္းမစိုးရိမ္ပါနဲ႕ အစ္ကို ကြၽန္ေတာ့္ကို ေျပာခဲ့သလိုမ်ိဳး အားလုံးကို ေျပာျပလိုက္ ကြၽန္ေတာ္ ယုံတယ္ အားလုံးက နားလည္သြားမွာပါ လုပ္နိုင္မွာပါ ''

အဲသလို ေလာင္ထယ္ကေျပာၿပီး ဆရာေလးထီရန္၏ ပုခုံးကို ပုတ္ကာ အားေပးသမို ဆရာေလးထီရန္လည္း စိတ္မေကာင္း ျဖစ္မိေပမယ့္ အတတ္နိုင္ဆုံး ၿပဳံးလိုက္ရေလသည္။

" ေအာ္ ေခါင္းေဆာင္ကို ျမင္မိေသးလား ''

" ခုနတုန္းကေတာ့ ေတြ႕လိုက္တယ္ ထင္တယ္ အစ္ကို သူ ကြၽန္ေတာ့္အေဖနဲ႕ စကားေျပာေနတယ္
ထင္တယ္ ''

အဲသလို ေလာင္ထယ္ကလည္း ထင္ရာ ေျပာျပလိုက္ၿပီး ဆရာေလးထီရန္လည္း သက္ျပင္းတစ္ခ်က္ခ်လိဳက္ေလသည္။

အဲ့ေနာက္ ဖာပန္းေဒါင္းေက်ာင္း၏ အျပင္ဘက္ ေနရာတစ္ခုတြင္ အပင္ေအာက္၌ ႐ြာသားမ်ားစုေဝးေနၾကၿပီး ခမာကလည္း ထိုလူစု၏ အေရွ႕တြင္ ရပ္ကာ ဆရာေလးထီရန္က ခမာ၏အေနာက္မွာ လက္ကေလးပိုက္၍ ေနေလသည္။

ခမာက ထိုလူစု၏ အေရွ႕အျမင့္ေနရာမွာ ရွိေန၍ သူ၏လက္ထဲတြင္လည္း ေတာင္ေဝွးကို ကိုင္ကာ အသံၾသဇာက်ယ္က်ယ္ျဖင့္

" ဒီေန႕ ေက်ာင္းဖြင့္ပြဲေလးကို လာေပးၾကလို႔ အားလုံးကို ေက်းဇူးအရမ္းတင္ပါတယ္ ငါတို႔

ေက်ာင္းေလးကို ေအာင္ျမင္စြာ ျပန္ဖြင့္နိုင္ၿပီ အဲဒါက အားလုံး အားလုံး တစ္ေယာက္ခ်င္းစီရဲ႕ ႀကိဳးစား

အားထုတ္ေပးမႈေၾကာင့္ပဲ ''

အဲသလို ခမာ ေျပာသည္ကို အာရီ၏အေဖနဲ႕အေမ ကာလယ္၏အေဖႏွင့္အေမ အင္တာ၏အဖြား လန္ ေရာ့ခ်န္း အာရီ ေခါင္ႏြန္း ကာလယ္ အင္တာ မိက်ဴးတို႔ နားေထာင္ေနၾကေလသည္။ ေခါင္းေဆာင္ဖူဖာကိုေတာ့ မျမင္ေပ။

"  အားလုံးက အတူ လုပ္ေဆာင္ခဲ့ၾကတယ္ ၿပီးေတာ့ ေက်ာင္းအတြက္ အရာရာ ေပးဆပ္ထားတဲ့ ဆရာထီရန္ရဲ႕ ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႕အတူ လုပ္ေဆာင္ခဲ့ၾကတယ္ ''

ေလာင္ထယ္လည္း သူ၏အေဖ ခမာေျပာတာကို နားေထာင္ၿပီး ဆရာေလးထီရန္ကို အတတ္နိုင္ဆုံး ၿပဳံး၍ ၾကည့္ေနေလသည္။

" ဒီအခါသမရမွာ ငါတို႔ ေက်ာင္းဖြင့္ပြဲအတြက္ ဆရာေလးထီရန္ကို တစ္ခုခု ေျပာေပးေစခ်င္ပါတယ္ လက္ခုပ္တီးေပးလိုက္ပါဦး ''

ခမာက အဲသလို ေျပာၿပီး လူစုႀကီးထဲကို ေတာင္ေဝွးေလး ေထာက္ကာ ဝင္သြားၿပီး အားလုံးကလည္း အၿပဳံးကိုယ္စီျဖင့္ လက္ခုပ္တီးကာ ဆရာေလးထီရန္ကို ႀကိဳဆိုလိုက္ၾကေလသည္။

" ဆရာေလးထီရန္ ဒီကိုလာပါ ''

" ေက်းဇူးတင္ပါတယ္ ''

အဲ့ေနာက္ ဆရာေလးထီရန္က ေျမျမင့္ရာမွာ သူတစ္ေယာက္တည္း ရပ္ေနၿပီး သူ၏ေအာက္မွ ႐ြာသူ႐ြာသားအားလုံးကို လက္ကေလးပိုက္၍ ၾကည့္ကာ စိတ္မေကာင္း ျဖစ္မိၿပီး သက္ျပင္းကေလးခဏခဏခ်မိေပမယ့္ အတတ္နိုင္ဆုံးၿပဳံးလ်က္

" ဒီေက်ာင္းကေလး ျပန္ဖြင့္တဲ့ အခ်ိန္မွာ အခုလို ေျပာခြင့္ရလို႔ ကြၽန္ေတာ္ အရမ္း ဝမ္းျမႇောက္မိပါတယ္

ကြၽန္ေတာ္ ဒီေနရာမွာ ရပ္ေနရတာ အရမ္းဝမ္းသာပါတယ္ တကယ္လို႔ ကြၽန္ေတာ္ ဒီကို ပထမဆုံးေရာက္လာတဲ့

ေန႕ကို ျပန္သြားနိုင္မယ္ဆိုရင္ ကြၽန္ေတာ္ ဒီေန႕ ဒီမွာ ရပ္ေနခြင့္ရမယ္ဆိုတာကို ယုံနိုင္မွာ မဟုတ္ပါဘူး ''

အဲသလို ေျပာေနသည့္ ဆရာေလးထီရန္ကို အားလုံးက ဝိုင္း၍ၾကည့္ကာ နားေထာင္ေနၾကေလသည္။

" အမွန္တကယ္ေတာ့ ကြၽန္ေတာ္ ဒီကို လာခဲ့တာ ဆရာေကာင္း တစ္ေယာက္ျဖစ္ဖို႔အတြက္ မဟုတ္ခဲ့

ပါဘူး ကြၽန္ေတာ္ ဒီကို လာခဲ့တာက ကြၽန္ေတာ့္မွာ ရွိေနတဲ့ မေျဖရွင္းနိုင္တဲ့ ခံစားခ်က္တစ္ခုေၾကာင့္ပါ ''

ဆရာေလးထီရန္ကလည္း အဲသလို ဖာပန္းေဒါင္းကို အဘယ္ေၾကာင့္လာခဲ့ရသည္ဆိုတာ ေျပာျပေနၿပီး မေျဖရွင္းနိုင္တဲ့ ခံစားခ်က္တစ္ခုဆိုတာ မည္သည့္အရာ ျဖစ္မည္ဆိုတာ ေက်ာင္းအိမ္ယာ၌ ေခါင္းေဆာင္ဖူဖာက ထိုစာအုပ္ေလးကို ဖြင့္၍ ဖတ္ၾကည့္ေနေလသည္။

ေထာ့ဖန္ေရးထားသည္တို႔က ကြၽန္မ ေက်ာင္းသူမ်ား အာရီ အသက္အႀကီးဆုံး ေက်ာင္းသား ေခါင္ႏြန္း ကာလယ္ အစားႀကီး အင္တာ မိက်ဴး စသျဖင့္ စသျဖင့္ ျဖစ္ေလသည္။

ထိုသို႔ စာအုပ္ကေလးကို ၾကည့္ကာ ေခါင္းေဆာင္ဖူဖာ၏မ်က္ႏွာက ဆရာေလးထီရန္အား ေဒါကစိတ္ကေလး ျဖစ္မိေနေလသည္။

ဖာပန္းေဒါင္းေက်ာင္း အေရွ႕တြင္လည္း ဆရာေလးထီရန္၏ ေျပာစကားက

" ကြၽန္ေတာ္ ထင္ခဲ့တာက တကယ္လို႔ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဒီမွာ အသုံးဝင္ေအာင္ ေနနိုင္ရင္

ကြၽန္ေတာ့္ ပုခုံးေပၚမွာ သယ္ထားရတဲ့ အရာကို ထမ္းထားရတာအတြက္ အကူအညီ ျဖစ္လိမ့္မယ္ေပါ့

ဒါေပမယ့္ ကြၽန္ေတာ္က တစ္ေန႕ၿပီး တစ္ေန႕ ျပႆနာေတြပဲ လုပ္မိေနတယ္ ''

ဆရာေလးထီရန္က အဲသလို ေျပာ​ၿပီး ေလာင္ထယ္ႏွင့္အတူ ႐ြာသားအားလုံးက ဂ႐ုတစိုက္နားေထာင္ေနၾကေလသည္။

ေခါင္းေဆာင္ဖူဖာလည္း ေထာ့ဖန္၏ ဒိုင္ယာရီစာအုပ္မွ ေထာ့ဖန္၏ ႏွစ္ေရာင္အ႐ြက္ေၾကာ္ ေခါင္ႏြန္းက အ႐ြက္ေတြ မႀကိဳက္ဘူးတဲ့ ဟူသည့္ စာေလးေတြ တစ္မ်က္ႏွာၿပီး တစ္မ်က္ႏွာ လွန္၍ ဖတ္ေနေလသည္။

ဆရာေလးထီရန္ကလည္း ႐ြာသားေတြ အားလုံးအေရွ႕မွာ

" ကံေကာင္းတာက ဒီက အားလုံးက ကြၽန္ေတာ့္ကို ခြင့္လြတ္ေပးနိုင္ၾကတုန္းပဲ ''

အဲသလို ေျပာၿပီး ဒိုင္ယာရီစာအုပ္ဖတ္ေနသည့္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ ႏွစ္ေရာင္အ႐ြက္ေၾကာ္ စားၾကည့္ခိုင္းတာကို သတိရေလသည္။

" ကြၽန္ေတာ့္ရဲ႕ ႏွစ္ေရာင္အ႐ြက္ေၾကာ္ စားၾကည့္ စားၾကည့္လိုက္ ''

အဲသလို သတိရေနၿပီး ေခါင္းေဆာင္ဖူဖာက ေဒါသစိတ္ကေလးျဖင့္ စာေတြကို ဆက္ၿပီးဖတ္ေနေလသည္။ ဆရာေလးထီရန္ကလည္း လိုရာကို ဆက္၍ ေျပာဆိုေနေလသည္။

" အားလုံးက ကြၽန္ေတာ့္ကို အခြင့္အေရး ေပးဖို႔ ဆႏၵရွိခဲ့ၾကတယ္ ကြၽန္ေတာ့္ကို အားလုံးက မိသားစုလို

သေဘာထားၾကတယ္ အဲဒါက ကြၽန္ေတာ့္ကို ကြၽန္ေတာ့္ဘဝရဲ႕ တန္ဖိုးကို သိလာေစတယ္ ကြၽန္ေတာ့္ကို

ေပ်ာ္႐ႊင္မႈဆိုတာကိုလည္း နားလည္လာေစတယ္ အဲဒါက ကြၽန္ေတာ့္ကို ဒီေနရာက ကြၽန္ေတာ့္ရဲ႕အိမ္လို ခံစားရေစခဲ့တယ္ ''

ဆရာေလးထီရန္က အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာလည္း ေထာ့ဖန္၏စာအုပ္မွ ဘီလူးစိမ္းႀကီးဟူသည္ကို ဖတ္ရႈက ဆရာေလးထီရန္ ေျပာသည့္

" ဘာလို႔လဲဆိုေတာ့ ဒီငွက္ႀကီးက ဒီ႐ြာကို ဘီလူးစိမ္းႀကီးဆီကေန ကာကြယ္ေပးေနတာေလ ''

အဲသလိုေတြ ဆရာေလးထီရန္က ေထာ့ဖန္လို ျပဳမူခဲ့တာ ဆရာေလးထီရန္က ေထာ့ဖန္ႏွင့္ သိႏွင့္ေနတာ သိၿပီးေနတာကို ေခါင္းေဆာင္ဖူဖာ သတိထားမိေလေတာ့သည္။ ဆရာေလးထီရန္ကိုလည္း ပို၍ ေဒါသ ထြက္မိေနေလေတာ့သည္။

ဆရာေလးထီရန္လည္း အားလုံးကို

" တကယ္ေတာ့ ကြၽန္ေတာ္ သက္သက္သာသာနဲ႕ ကြၽန္ေတာ္ ထမ္းထားရတဲ့အရာကို လႊတ္ခ်လိဳက္လို႔

ရေပမယ့္ အားလုံးက ကြၽန္ေတာ့္အေပၚ ပိုၿပီး ေကာင္းေလေလ အဲဒါက ကြၽန္ေတာ့္ပုခုံးေပၚမွာ ပိုပိုၿပီး

ေလးလာသလိုပဲ ကြၽန္ေတာ့္အတြက္ ထပ္ၿပီး ထမ္းမထားနိုင္ေလာက္ေအာင္ အရမ္းေလးလာခဲ့တယ္ ''

အဲသလို အားငယ္ဝမ္းနည္း၍ ငိုသံေလးအနည္းငယ္ပါလာကာ ေျပာေနၿပီး ေလးနက္လွတဲ့ စကားလုံးေတြကို ခမာႏွင့္ အားလုံးက နားမလည္သလို ဆက္၍ နားေထာင္ေနေလသည္။

" အားလုံးပဲ ကြၽန္ေတာ္ တစ္ခါ ေသမလို ျဖစ္ခဲ့ဖူးတယ္ ဒါေပမယ့္ ဒီက လူတစ္ေယာက္က ကြၽန္ေတာ့္ကို

သူ႕ရဲ႕ ႏွလုံးသားကို ေပးခဲ့တယ္ ကြၽန္ေတာ္ ဆက္ၿပီး အသက္ရွင္ဖို႔ အခြင့္အေရးေပးခဲ့တယ္ ''

အဲသလို မ်က္ဝန္းအိမ္မွ မ်က္ရည္ေလးဝဲကာ ဆရာေလးထီရန္ ေျပာဆိုေနၿပီးေက်ာင္းအိမ္ယာ၌ ေထာ့ဖန္၏ ဒိုင္ယာရီစာအုပ္ကို ဖတ္၍ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ေဒါသ ျဖစ္ေနေလသည္။

ဆရာေလးထီရန္စကားမဆုံးခင္မွာ ေခါင္းေဆာင္ဖူဖာက ေထာ့ဖန္၏ဒိုင္ယာရီစာအုပ္ကို ကိုင္၍ ထိုလူစုအနားကို ေရာက္လာကာ

" ဒါေပမယ့္ မင္း ေထာ့ဖန္ကို မသိဘူးလို႔ ေျပာခဲ့တယ္မဟုတ္လား ''

အဲသလို ေခါင္းေဆာင္ဖူဖာက လူစုအေနာက္မွာ ေျပာၿပီး စာအုပ္ကေလးကို ကိုင္ျမႇောက္ကာ ေခါင္းေဆာင္ဖူဖာအနားမွာ ရွိေနသည့္ ေလာင္ထယ္ႏွင့္အတူ အားလုံးက ေခါင္းေဆာင္ဖူဖာကို ေနာက္ျပန္လွည့္ၾကည့္လိုက္ေလသည္။

" အဲဒါဆို ဘာလို႔ ေထာ့ဖန္ရဲ႕ ဒိုင္ယာရီစာအုပ္က မင္းဆီမွာ ရွိေနရတာလဲ ''

ေခါင္းေဆာင္ဖူဖာ အဲသလို ေျပာလာသမို႔ ဆရာေလးထီရန္က အားလုံးကို ေထာ့ဖန္ေသဆုံးသြားသည္ကို ေျပာျပလိုက္ေလေတာ့သည္။

" အားလုံးပဲ ကြၽန္ေတာ့္ကို ႏွလုံးေပးခဲ့တဲ့လူက ဆရာမေထာ့ဖန္ပါ ''

ခမာတို႔က ဆရာေလးထီရန္ ေျပာစကားကို နားမလည္၍ အားလုံး၏စိတ္ထဲႏွင့္ ႏႈတ္ဖ်ားမွ ဘယ္လို ဟူ၍ နားမလည္သလို ျဖစ္သြားၾကရေလသည္။

" ေထာ့ဖန္က ကြယ္လြန္သြားခဲ့ပါၿပီ ''

" တကယ္ေျပာေနတာလား ဆရာမက
ေသသြားၿပီလား ''

ခမာႏွင့္အတူ အားလုံးက အံ့ၾသသြားၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ မယုံနိုင္ေအာင္ ျဖစ္ေနၾကေလသည္။

" ဆရာမေထာ့ဖန္က တကယ္ ေသသြားၿပီလား ''

" ေနာက္ၿပီးေတာ့ ကြၽန္ေတာ့္မွာ ေထာ့ဖန္ ေသဆုံးတာအတြက္ တာဝန္ရွိပါတယ္ ''

အဲသလို ဆရာေလးထီရန္က ေထာ့ဖန္ေသဆုံးရတာ သူ႕ေၾကာင့္ဆိုသည္ကို အဲသလို သြယ္ဝိုက္၍ ေျပာလိုက္ရာ အားလုံးကလည္း ေထာ့ဖန္ဆုံးတာ ဆရာေလးထီရန္ေၾကာင့္ဟူ၍ နားလည္သြားၿပီး အံ့ၾသမႈတစ္ခုေပၚတစ္ခုဆင့္၍ ထပ္ၿပီး အံ့ၾသသြားၾကေလသည္။

" ဘာလို႔လဲ ထီရန္ ''

အဲသလို ေခါင္းေဆာင္ဖူဖာ ေထာ့ဖန္ဆုံးတာ ထီရန္ႏွင့္ပတ္သက္သည္ဆိုတာကို ယခုမွသိရသည့္ အံ့ၾသေနသည့္ ေလာင္ထယ္၏ေဘးမွ ေအာ္၍ ေဒါသစိတ္ကေလးျဖင့္ ေအာ္၍ ေျပာလိုက္ေလသည္။

" မင္း ဘာလို႔ ငါတို႔ကို လိမ္ခဲ့တာလဲ ''

အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာလည္း ဝမ္းနည္းကာ မ်က္ဝန္းအိမ္မွ မ်က္ရည္ကို ထိန္းမထားနိုင္ ဆရာေလးထီရန္လည္း ပါးျပင္ေပၚသို႔ မ်က္ရည္ေတြ စီးကာက်ကာ ဝမ္းနည္းေနေလသည္။ ႐ြာသားေတြကလည္း ေထာ့ဖန္ဆုံးတာကို အံ့ၾသေနၿပီး ႏႈတ္ဖ်ားမွလည္း

" ဆရာမက တကယ္ ဆုံးသြားတာလား
မယုံနိုင္စရာပဲ ''

" ဆရာေလးကို အရမ္းစိတ္ပ်က္တာပဲ ''

" ဟုတ္တယ္ ဆရာေလးထီရန္က အားလုံးကို လိမ္ခဲ့တယ္ စိတ္ပ်က္ဖို႔ ေကာင္းတယ္ ဆရာမေထာ့ဖန္ သနားပါတယ္ ''

" ဒါက တကယ္ပဲလား ''

အဲသလို ခမာႏွင့္အားလုံးက ဆရာေလးထီရန္ကို အပစ္တင္ၿပီး ဆရာမေထာ့ဖန္အတြက္ ဝမ္းနည္၍ ငိုမိၾကေလေတာ့သည္။

ဆရာေလးထီရန္လည္း အားလုံးႏွင့္ထပ္တူ ဝမ္းနည္း၍ ပါးျပင္မွာ မ်က္ရည္ေတြျဖင့္ ကေလးေတြကို စိတ္မေကာင္းျဖစ္ကာ ၾကည့္လိုက္ေလသည္။

" ဘာလို႔ နင့္ကို သေဘာက်ေအာင္ လုပ္ခဲ့တာလဲ ၿပီးေတာ့ ငါတို႔ကို ဒီလို လုပ္ရက္တယ္ ''

" အားလုံးပဲ စိတ္ထိန္းၾကပါ ေလွ်ာက္မေျပာၾကပါနဲ႕ ''

အားလုံးက ေထာ့ဖန္အတြက္ စိတ္မေကာင္းကာ ဆရာေလးထီရန္ကို အပစ္တင္ေျပာဆိုေနၾကၿပီး ဆရာေလးထီရန္လည္း ဝမ္းနည္း၍ ငိုကာ သူရပ္၍ စကားေျပာသည့္ေနရာမွ ထိုလူစုအနားကို လာခဲ့ရာ ထိုလူစုႀကီးက ဆရာေလးထီရန္ကို အျမင္မၾကည္၍ သြားဖို႔ လမ္းကေလး ဖယ္ေပးၾကေလသည္။

ဆရာေလးထီရန္လည္း ဝမ္းနည္း၍ ငိုလ်က္ ထိုလူစုအနား ျဖတ္သြားၿပီး ေခါင္းေဆာင္ဖူဖာအနားအေရာက္မွာ ေခါင္းေဆာင္ဖူဖာ၏ မ်က္ႏွာကို စိတ္မေကာင္းျဖစ္ကာ ၾကည့္လိုက္ေပမယ့္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ အၾကည့္ကို လႊဲလိုက္ေလသည္။

ထိုေၾကာင့္ ဝမ္းနည္းမႈေတြ ပိုၿပီး ပိုၿပီး ဆရာေလးထီရန္ ခံစားလိုက္ရကာ ပို၍ စိတ္အားငယ္ မြန္းၾကပ္ စိတ္မေကာင္း ဝမ္းနည္း ငိုမိေလေတာ့သည္။

ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္ကို စိတ္ပ်က္မိကာ အားလုံးကလည္း ဆရာေလးထီရန္ကို စိတ္ပ်က္မိ၍ ခမာက ကေလးေတြကို နက္သိမ့္ေပးေနေလသည္။

အဲသလို အၾကည့္လႊဲလိုက္သည့္ ေခါင္းေဆာင္ဖူဖာ တကယ္ပင္ ဆရာေလးထီရန္ကို စိတ္ပ်က္မိေလသည္။ ဆရာေလးထီရန္လည္း ရင္ထဲတြင္ စူးနက္ေနေအာင္ ဝမ္းနည္းခံစားလိုက္ရကာ ထိုေနရာမွ အားမရွိအားငယ္သည့္ ေျခလွမ္းေတြျဖင့္ ထြက္လာခဲ့ရေလေတာ့သည္။

ေနာက္ဆုံးေတာ့ အမွန္တရားကို ဘယ္နည္းနဲ႕မွ် ဖုန္းကြယ္၍ မရသည့္ နိယာမအတိုင္း ဆရာေလးထီရန္က ဖာပန္းေဒါင္း႐ြာမွ လူအားလုံးကို အမွန္အတိုင္း အကုန္ ေျပာျပနိုင္ခဲ့ေလသည္။

သို႔ေပမယ့္ အားလုံးက ဆရာေလးထီရန္ကို စိတ္ပ်က္မိ၍ ဆရာေလးထီရန္လည္း အတိုင္းမသိေအာင္ ဝမ္းနည္းခဲ့ရသည္မွာ ခံစားၾကည့္ရင္ သိရေပလိမ့္မည္။

သို႔ေပမယ့္ ဝမ္းနည္းေန၍ မၿပီးေသးေပ မည္သို႔ပင္ ႀကဳံေတြ႕ရေစကာမူ အသက္ဆက္ရွင္ရမည့္ မနက္ျဖန္မ်ားစြာ ရွိသည္မို႔ ေနာက္တစ္ေန႕မနက္ ေနအလင္းေရာင္က ေတာင္တန္းမ်ားၾကားမွ ထြက္ေပၚလာၿပီး ခ်င္းမိုင္ ဖာပန္းေဒါင္း႐ြာမွာ စာသင္ေက်ာင္းႀကီးတြင္ မည္သို႔ ဆရာေလးထီရန္ ႀကဳံေတြ႕ရမည္ကို ဖတ္ရႈရေပမည္။

ေရာ့ခ်န္းက သစ္ေတာထိန္းသိမ္းေရးဝန္ထမ္း အကၤ်ီကို ဝတ္ကာ ေက်ာင္းစာသင္ခန္း၏ ညာဘက္အခန္းတစ္ခုတြင္ ထိုင္ကာ ေနေလသည္။

ထိုဖာပန္းေဒါင္းေက်ာင္းႀကီး၏ အလံတိုင္မွ အလံကလည္း ေလထဲတြင္ တလူလူ လႊင့္ေနေလသည္။ ထိုအခါ ဆရာေလးထီရန္လည္း စာသင္ဖို႔ ေက်ာင္းႀကီးဆီ ေရာက္လာခဲ့ေလသည္။

အိတ္ကေလးကို ဆြဲကိုင္ကာ စိတ္ပ်က္မိေနတဲ့ ေရာ့ခ်န္းကို ဆရာေလးထီရန္က တစ္ခ်က္ၾကည့္၍ စာသင္ခန္းထဲကို ဝင္သြားေလသည္။ အခန္းထဲကို ေရာက္ေသာ္ ေနရာလြတ္ေနသည့္ ေက်ာင္းသူေက်ာင္းသားထိုင္သည့္ခုံေတြကို ၾကည့္ကာ သူယူလာသည့္အိတ္ကို စားပြဲေပၚတင္၍ ခုံမွာထိုင္ၿပီး ကေလးေတြကို ခဏေစာင့္လိုက္ေလသည္။

သို႔ေပမယ့္ တစ္ဦးတစ္ေယာက္မွ ေပၚမလာေသးသမို႔ ထိုင္ေနရာမွ ထ၍ေစာင့္ နာရီကို တစ္ခ်က္ၾကည့္၍ ထပ္ေစာင့္ ဘယ္ဘက္ညာဘက္ လမ္းေလွ်ာက္ရင္း ေစာင့္ေနေပမယ့္လည္း ေပၚမလာခဲ့ေပ။

ဒီလိုနဲ႕ ဘယ္ေလာက္ပင္ စိတ္ပ်က္ေစကာမူ စကားမေျပာ မေခၚဘဲ မေနလို႔ မရသမို႔ အဲသလို စိတ္အားထက္သန္တဲ့ ဆရာေလးထီရန္ကို ေရာ့ခ်န္းက လွည့္ၾကည့္ကာ

" ဆရာေလးထီရန္ ဒီေန႕ေတာ့ အိမ္ျပန္လိုက္ပါလား ဘယ္သူမွ လာမွာ မဟုတ္ဘူး ''

" ခ်န္း အရင္ ျပန္လိုက္ပါ ကြၽန္ေတာ္ နည္းနည္းေလာက္ ထပ္ေစာင့္ခ်င္ေသးတယ္ ''

အဲသလို ဆရာေလးထီရန္က ေျပာၿပီး ေရာ့ခ်န္းလည္း ေခါင္းကေလးဆတ္ျပလိုက္ကာ မၾကာမီအခ်ိန္၌ မိက်ဴးက ဆရာေလးထီရန္ဟု ေခၚကာ စာသင္ခန္းထဲက ဆရာေလးထီရန္ဆီ အေျပးေရာက္လာေလသည္။

" ဆရာထီရန္ ''

" ေနေကာင္းလား မိက်ဴး ဒါနဲ႕ အာရီေရာ
ဘယ္မွာလဲ ''

" အေမက သမီးတို႔ကို မလာေစခ်င္ဘူး မိက်ဴးက ခိုးထြက္လာခဲ့တာ မိက်ဴးက ဆရာထီရန္ကို
လြမ္းေနတာ ''

" အစ္ကိုလည္း လြမ္းပါတယ္ ဒါဆို ဒီေန႕
ဘာသင္ခ်င္လဲ ''

" ဆရာထီရန္ ေသတယ္ဆိုတာ ဘာလဲဟင္ အေမကေျပာတယ္ ဆရာက ဆရာမေထာ့ဖန္ကို ေသေအာင္လုပ္ခဲ့တာတဲ့ ''

အဲသလို အရမ္းစပ္စုတဲ့ မိက်ဴးက ေမးလာသမို႔ ဆရာေလးထီရန္ ေျပာစရာစကားမရွိေအာင္ ၿငိမ္သြားကာ ေရာ့ခ်န္းလည္း သက္ျပင္းခ်မိၿပီး ဆရာေလးထီရန္က မိက်ဴး၏ေခါင္းကေလးလို အသာေလးပြတ္ကာ နက္သိမ့္ေပးလိုက္ေလသည္။

မိက်ဴးေျပာသည့္ ေသသည္ဆိုတာဘာလဲဟင္ ဟူသည့္အတိုင္း ဆရာမေထာ့ဖန္ ကြယ္လြန္သြားခဲ့၍ ဖာပန္းေဒါင္းမွ ႐ြာသူ႐ြာသားအားလုံးက ေထာ့ဖန္၏ဓာတ္ပုံတစ္ခုကို အပင္ႀကီးတစ္ပင္၏ ေျခရင္းတြင္ ထား၍ ဝမ္းနည္းမႈ ပန္းစည္းေတြ တစ္ဦးၿပီးတစ္ဦး လာ၍ ထားကာ စိတ္မေကာင္း ျဖစ္ေနၾကေလသည္။

ဆရာေလးထီရန္လည္း ထိုေနရာကို ေရာက္လာကာ ထပ္တူဝမ္းနည္းရၿပီး ဆရာေလးထီရန္ကို ေတြ႕တဲ့လူတိုင္းက စိတ္ပ်က္မိ၍ ေရွာင္ထြက္သြားၾကေလသည္။

အင္တာ၏အဖြားက ပန္းစည္းခ်၍ အျပန္ ဆရာေလးထီရန္က

" အဖြား ''

ဟူ၍ ႏႈတ္ဆက္လိုက္ေပမယ့္ အင္တာ၏အဖြားက ဘာမွျပန္မေျပာဘဲ ေရွာင္ထြက္သြားေလသည္။ အာရီႏွင့္ မိက်ဴးတို႔၏ အေဖ အေမတို႔ႏွင့္ ေတြ႕ျပန္ေသာ္လည္း ဆရာေလးထီရန္ကို စိတ္ပ်က္ကာ မ်က္ေစာင္းထိုး၍ ေဒါထသြားေလသည္။

အလားတူပဲ ဖာပန္းေဒါင္းမွ ႐ြာသားအားလုံးႏွင့္ ကာလယ္၏မိဘေတြ ေခါင္ႏြန္း၏ မိဘေတြကလည္း ဆရာေလးထီရန္ကို ေတြ႕ရာ အားလုံးက အဖက္မလုပ္ဘဲ ေရွာင္ထြက္သြားၾကေလသည္။

မွန္၏။ ဆရာေလးထီရန္က ယခု ကိစၥကို ဖာပန္းေဒါင္းမွာေနၿပီး လေပါင္းမ်ားစြာ ႏႈတ္ပိတ္၍ လိမ္လည္ခဲ့တာေတြကို စိတ္ပ်က္မိ၍ ျဖစ္ေပသည္။ အဆိုးဆုံးက ေထာ့ဖန္ေသဆုံးတာ သူ႕မွာ တာဝန္ရွိတာသိသိနဲ႕ သူက ေထာ့ဖန္၏ ႏွလုံးနဲ႕ အသက္ရွင္၍ ယခုလို ႏႈတ္ဆိတ္၍ ေနေနတာကို အားလုံးက ပို၍ စိတ္ပ်က္မိေလသည္။

ဆရာေလးထီရန္ဘက္ကၾကည့္ျပန္ေသာ္လည္း ဖာပန္းေဒါင္းက ႐ြာသူ႐ြာသားေတြအားလုံးက ေထာ့ဖန္ကို အရမ္းခ်စ္ၾကသမို႔ သူတို႔ခ်စ္တဲ့ ေထာ့ဖန္ဆုံးသြားၿပီဆိုတာ မည္သည့္အင္အားနဲ႕ ေျပာျပရမည္ ျဖစ္၏။ ထို႔ေၾကာင့္လည္း ေခါင္း​ေဆာင္ဖူဖာႏွင့္လန္ ေရာ့ခ်န္း ေဒါက္တာနမ္တို႔က ယခုအခ်ိန္ထိ ဖုန္းထားခဲ့ေလသည္။

သို႔ေပမယ့္ ယခုေတာ့ အရာအားလုံးက အမွန္တရားအတိုင္း ေပၚေပါက္လာခဲ့ေလေတာ့သည္။ ထိုအမွန္တရားကို ရင္ဆိုင္ရေတာ့မည့္ ဆရာေလးထီရန္ မည္သို႔ ႀကဳံေတြ႕ေနရမည္ဆိုတာ ဝမ္းနည္း၍ အပင္ရင္းမွ ေထာ့ဖန္၏ ပုံကို ၾကည့္ေနသည့္ ဆရာေလးထီရန္၏ ရင္ထဲကို ခံစားၾကည့္ၾကရေပမည္။

ဒီလိုနဲ႕ အားမရွိသည့္ ေျခလွမ္းေတြနဲ႕ သူေနသည့္ဖာဖီ႐ြန္တပ္စုကို ျပန္လာခဲ့ေလသည္။ ဖာဖီ႐ြန္တပ္စုက ကုန္းျမင့္တစ္ေနရာမွာရွိသမို႔ ဆရာေလးထီရန္လည္း ထိုကုန္းေပၚသို႔ တက္သည့္ ေျမေလွကားထစ္အတိုင္း တက္လာကာ တပ္စုနားအေရာက္မွာ ေျခေထာက္တစ္စုံကို ျမင္ၿပီး တျဖည္းျဖည္းေမာ့ၾကည့္လိုက္ရာ လက္ပိုက္၍ ေက်ာေပးကာ ရပ္ေနသည့္ ေခါင္းေဆာင္ဖူဖာကို ေတြ႕ေလေတာ့သည္။

ေခါင္းေဆာင္ဖူဖာ၏ ေျခအရင္းနားမွာလည္း ဆရာေလးထီရန္၏ ေက်ာပိုးအိတ္တစ္လုံးရွိေနေလသည္။ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ဘက္လွည့္လာၿပီး စိတ္ပ်က္မိတဲ့ မ်က္ႏွာႏွင့္ ေလသံေလထားတို႔က သိသိသာသာ ေပၚလာေပေတာ့သည္။

" ေက်ာင္းျပန္ေဆာက္တာလည္း ၿပီးသြားၿပီ မီးကြင္းပစ္သြားတဲ့ တရားခံကိုလည္း ဖမ္းမိၿပီ မင္း ဒီမွာ ဆက္ေနစရာ အေၾကာင္း မရွိေတာ့ဘူး ''

" လိုက္ပို႔စရာ မလိုပါဘူး ဒီမွာ ေနခြင့္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ''

" ေရွ႕ေလွ်ာက္ တစ္ခုခုလိုအပ္ရင္ ေရာ့ခ်န္းနဲ႕လန္ကို ေျပာ ဒီမွာ ရွိေနတဲ့ လူအားလုံးက မင္းကို အရမ္းစိတ္ပ်က္ေနၾကတယ္ ထြက္သြားေတာ့ ငါ မင္းကို ထပ္ၿပီး မျမင္ခ်င္ေတာ့ဘူး ''

အဲသလို မ်က္ႏွာထား တင္းတင္းျဖင့္ ေျပာ၍ သက္ျပင္းခ်ကာ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို အၾကည့္လႊဲလိုက္ေလသည္။ ဆရာေလးထီရန္လည္း ထိုသို႔ ေျပာခံရသမို႔ ဝမ္းနည္း၍ မ်က္ရည္က်မိေလေတာ့သည္။

အဲသလို ငိုၿပီး သူ၏အိတ္ကို သြားယူရာ ေခါင္းေဆာင္ဖူဖာက ဆရာ​ေလးထီရန္ကို ေထာ့ဖန္၏ဒိုင္ယာရီ စာအုပ္ထားခဲ့ဖို႔ ေျပာေလသည္။

" အဲဒါကို ဒီမွာ ထားခဲ့ သူ႕ဆီက ႏွလုံးကို မင္းယူထားတာနဲ႕တင္ လုံေလာက္ေနပါၿပီ ''

ဆရာေလးထီရန္လည္း ေထာ့ဖန္၏ ဒိုင္ယာရီစာအုပ္ကို လက္ပိုက္၍ သူ႕ကိုမၾကည့္ဘဲေျပာေနသည့္ ေခါင္းေဆာင္ဖူဖာကို ေပးလိုက္ေလသည္။

" တကယ္ေတာ့ ျဖစ္နိုင္ရင္ ကြၽန္ေတာ္ သူ႕ကို ျပန္ေခၚလာေပးခ်င္တယ္ ''

(ဆက္လက္ေဖာ္ျပေပးပါမည္)

ႏြေဦးကိုကိုေမာင္

Continue Reading

You'll Also Like

4K 167 36
Damon smirked, blue orbs shining. "Come backstage after the show," he whispered to only her. "Me and the lads all need to talk to you." Sarah knew re...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
40.8M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
119K 4.7K 54
~ Coffee And Liquor Series: Book 1 ~ "There's only one person in Gotham whose caffeine addiction is that bad. Of course, I know who you are." "And yo...