Untold Fairytale

By Choco__JN

15.4K 1.5K 253

Do you believe in Fairytale? More

๐Ÿฆ‹
- 2 -
- 3 -
- 4 -
- 5 -
- 6 -
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 13 -
- 14 -
- 15 -
- 16 -
- 17 -
- 18 -
- FINAL -

- 1 -

2.2K 128 11
By Choco__JN

Zawgyi version

ၾကည္လင္ေနတယ့္ အျပာေရာင္မိုးသားေတြရဲ့
ပိုင္နက္ထဲကို ညစ္ေမွာင္မဲနက္ေနတယ့္ တိမ္တိုက္ေတြ
က်ူးေက်ာ္စျပဳလာတယ့္အခ်ိန္က ညေနေစာင္း
ျဖစ္မယ္ထင္။

ဖုန္မႈန႔္ သဲမႈန႔္ေတြကိုသူနဲ႔အတူ သယ္ေဆာင္လာတယ့္
ေလလိႈင္းေတြက သစ္ပင္ေတြရဲ့အေပၚမွာ အ‌ေ‌ျခတက်
ရိွေနတယ့္ သစ္ရြက္ေတြကို ျပင္းထန္စြာ ဆြဲကိုင္လႈပ္၍ ‌
‌ေျမျပင္သို႔ ေႂကြက်ေစသည္။

မိုးေကာင္းကင္ေပၚက အလင္းေရာင္လ်ွပ္စီးတန္းႏွင့္အတူညိုေဆြးေဆြးသစ္ကိုင္းေျခာက္ေတြရဲ့ အခ်င္းခ်င္းရိုက္ခတ္သံက တဂ်ဳန္းဂ်ဳန္း ဟစ္ေႂကြးေအာ္ျမည္ေနတယ့္ မိုးၿခိမ္းသံေတြနဲ႔အတူ ပတ္ဝန္းက်င္ကိုလႊမ္းမိုးထားသည္။

ေနေရာင္ျခည္တိုးမေပါက္ႏိုင္ေလာက္ေအာင္
အုပ္ဆိုင္းထူထည္းေနတယ့္ ေတာအုပ္ထဲကို ဝႆန္မိုးစက္ေတြက က်ူးေက်ာ္ကာ သြန္းရြာက်လာသည္။ လူသူမရိွတယ့္ ဒီေတာအုပ္ထဲမွာ တစ္ထီးတည္းသီးျခားျဖစ္ေနသည္မွာ သံုးရက္ႏွင့္ ေန့တစ္ဝက္ရိွေနၿပီ။ အညိုေရာင္ဆံပင္မ်ားက ေတြ့ကရာေနရာ ေခါင္းထိုးၿပီး အိပ္ရသၫ့္ဒဏ္ေၾကာင့္ အျဖဴဘက္ကို ကူးလုနီးနီးျဖစ္ေနသည္။ ခပ္အုပ္အုပ္ျဖစ္ေနေသာ ညိုစင္းစင္းဆံပင္မ်ားကလည္း မိုးေရစက္မ်ား၏ အာဏာျပမႈေၾကာင့္ တစ္ေခ်ာင္းခ်င္းစီျဖစ္ကာ စိုထိုင္းထိုင္း။

လက္မွာက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတယ့္
လက္ဆြဲအိတ္‌ထဲမွာလည္း စားၿပီးသား မုန႔္အခြံေတြနဲ႔
ေရတစ္စက္ ႏွစ္စက္ေလာက္ရိွေတာ့ေသာ ေရဗူးအလြတ္
တစ္ဗူးသာရိွသည္။

မၫွာတာစြာ ရြာခ်ေနသၫ့္မိုးေၾကာင့္ မိုးေရတို႔နစ္ရႊဲေနသၫ့္တီရွပ္မွာ ရႊံ႔ေစး၊ သဲမႈန္မ်ားႏွင့္ သစ္ရြက္အပိုင္းအစ စေသာအမိႈက္သရိုက္ေတြေၾကာင့္ ေျဗာင္းဆန္ေအာင္ညစ္ေပေနသည္။

သူ႔အေတြးထဲမွာ ေသေသခ်ာခ်ာကုပ္တြယ္‌မိေနတာက
စိတ္ေျပလက္ေပ်ာက္ျဖစ္ရန္ လူဦးေရထူထပ္ၿပီး
မြန္းၾကပ္ဖို႔ေကာင္းတယ့္ ဆိုးလ္ၿမိဳ႔ကေန ဘိုးဘြားေတြရဲ့
ဇာတိျဖစ္တယ့္ ဂ်ယ္ဂ်ူသို႔ထြက္လာခဲ့ေသာ ခရီးစဉ္ျဖစ္သည္။

ေလေၾကာင္းခရီးနဲ႔လာလို႔ရရဲ့သားနဲ႔ တမင္ပံုမွန္
အမ်ားလုပ္ေနၾကလုပ္ငန္းစဉ္ကို ေသြဖယ္ၿပီး Camp ထြက္သလိုအိတ္တစ္လံုးလြယ္ ႀကံဳရာကားစီးၿပီး လိုက္လာတယ့္ သူ႔အျပစ္ေတြလို႔ဘဲေျပာရမလား။

•••••••

ခရီးလမ္းတစ္ေလ်ွာက္လံုး ေခ်ာေခ်ာေမြ့ေမြ့အဆင္ေျပလာခဲ့ေပမယ့္ ေတာစပ္တစ္ေနရာအေရာက္မွာ သူစီးလာတယ့္ ကားက ဓာတ္ဆီကုန္သြားရာမွ ဇာတ္လမ္းကစသည္။

" ကားနဲ႔ခရီးထြက္လာၿပီး ဓာတ္ဆီေလးေတာင္
အပိုမေဆာင္လာဘူးလား။ "

" ဒီမယ္လူ‌ေလး ဦးေလးတို႔လည္းစထြက္လာတုန္းက
ဆီအျပၫ့္ျဖၫ့္လာခဲ့တာဘဲ လူေလးမေက်နပ္ရင္
ကိုယ့္ဘာသာ လမ္းေလ်ွာက္သြားလိုက္။ "

" ဟာ ကြၽန္ေတာ္လည္းပိုက္ဆံအျပၫ့္ေပးထားတာဘဲေလ ခင္ဗ်ားဒီလိုေတာ့ မတရားမလုပ္နဲ႔! "

သူနဲ႔အတူလိုက္လာတယ့္ သူငယ္ခ်င္းနဲ႔
ကားသမားဦးေလးႀကီးရဲ့ အျငင္းပြားသံက တျဖည္းျဖည္း
က်ယ္ေလာင္လာေလသည္။ ကိုယ္ကဘဲ တာဝန္ယူၿပီး
ေခၚလာခဲ့တာေၾကာင့္ တစ္ခုခုသာျဖစ္ရင္
ကိုယ့္အျပစ္မကင္းသည္မို႔ သူလည္းမေနႏိုင္ေတာ့ဘဲ
" ဟယ္ခ်န္း ေတာ္ေတာ့။ "

" ဘာကိုေတာ္ရမွာလဲ သူျပန္ေျပာတယ့္ပံုကိုၾကၫ့္ပါဦး။
မသိရင္ ငါတို႔ကသူ႔ကားကို အလကားလိုက္စီးတာက်ေနတာဘဲ။ "

" ကြာ..ဒီေကာင္ေလး! " သေကာင့္သားရဲ့ စကားအဆံုးမွာ ဟိုဘက္ကလူက ရႉးရႉးရွဲရွဲျဖစ္သြားတာေၾကာင့္ အ‌ေျခအေနကိုအျမန္ဝင္ထိန္းလိုက္ရေတာ့တယ္။

" ဟယ္ခ်န္း ေတာ္ၿပီ ေတာ္ၿပီ။ ဦးေလးကေရာ
ကား‌ဆီကုန္သြားေတာ့ အခုဘယ္လိုလုပ္ရမွာလဲ။ "

" အကူေခၚထားတယ္ နည္းနည္းေတာ့ၾကာလိမ့္မယ္။ "
ဟယ္ခ်န္းနဲ႔ ၿငိထားတာေၾကာင့္ ဟိုဘက္က
အသံခပ္ျပတ္ျပတ္။

ဟယ္ခ်န္းကို ‌မင္းေနာက္ေတြ့မယ္ဆိုၿပီး အံႀကိတ္ျပလိုက္ေတာ့ ဒင္းကသူမသိသလို ပုခံုးတြန႔္ျပလာတယ္။

ေရာက္ေလရာ ေသာက္ျပႆနာရွာတယ္ေကာင္!

စိတ္ထဲကေနဘဲ အရင္က်ိန္ဆဲလိုက္ၿပီး အခုအရႈပ္ကို
ရွင္းဖို႔ျပင္ရေလသည္။

" အဲ့တာဆို ကြၽန္ေတာ္တို႔ကဘယ္ေလာက္ေတာင္
ေစာင့္‌ရမွာလဲ။ "

" သံုးေလးနာရီေလာက္ေတာ့ ၾကာလိမ့္မယ္။
ကားေပၚမွာ ထိုင္ေနခ်င္လည္း ထိုင္ေန။
ဟိုနားဒီနားေလ်ွာက္ၾကၫ့္ခ်င္လည္း ေလ်ွာက္ၾကၫ့္။ "

ေလးနာရီေလာက္ႀကီးေတာ့ ကားေပၚမွာ
ငုတ္တုတ္ထိုင္‌မေနႏိုင္တာေၾကာင့္ ေဘးပတ္ဝန္းက်င္ကို
မ်က္စိက‌စားၾကၫ့္ေတာ့ ‌သစ္ပင္ေတြအံု႔ဆိုင္းေနတယ့္
ေတာစပ္နဲ႔ ကားတစ္စီးစာသာ အသြားအျပန္လုပ္ႏိုင္ေသာကားလမ္းမ ႏွစ္လမ္းသာရိွသည္။

" ဦးေလး အဲ့တာဆိုဒီအထဲေရာ ေလ်ွာက္ၾကၫ့္လို႔ရလား။ "
အကူကိုေစာင့္ရင္း ေဆးလိပ္ဖြာေနတယ့္ ကားသမား
ဦးေလးႀကီးက သူလက္ၫွိးထိုးထားတယ့္ ေတာစပ္ဘက္ကိုလွၫ့္ၾကၫ့္လာတယ္။

" အင္း သြားခ်င္ရင္ေတာ့ သြားေပါ့။ အေဝးႀကီးေတာ့
မသြားနဲ႔။ ေတာစပ္နားေလာက္မွာဘဲ အေညာင္းေျပ
အညာေျပ ေလ်ွာက္ၾကၫ့္။ "

သြားလို႔ရတယ္ဆိုတယ့္ ခြင့္ျပဳခ်က္ရလိုက္ေတာ့
စကၠန႔္မျခား ကားေပၚကအရင္ဆင္းလိုက္သူက လီမင္ေယာင္း။

" အခ်ိန္အၾကာႀကီး ကားေပၚမွာထိုင္လာရေတာ့
ေညာင္းလိုက္တာ။ " လက္ႏွစ္ဖက္ကိုဆန႔္တန္းရင္း
ခါးကို ဟိုဘက္လွၫ့္ ဒီဘက္လွၫ့္ျဖင့္ အေညာင္းေျဖေနတယ့္ လီမင္ေယာင္းက ဟယ္ခ်န္းဘက္ကိုၾကၫ့္ၿပီး
စကားစတယ္။

" ထိုင္‌လာရတာ? အိပ္လာရတာလို႔ေျပာရမွာမလား။ "

အေၾကာင္းသိရက္နဲ႔ ဟယ္ခ်န္းကို စကားမရိွစကားရွာၿပီး
သြားေျပာတယ့္ လီမင္ေယာင္းက ဟိုကပက္ခနဲျပန္ေျပာလည္း ခပ္ၿပံဳးၿပံဳးပင္။

" အဲ့တာဆို သြားလို႔ရတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔
သံုးေယာက္ ေတာစပ္နားမွာ ခဏေလ်ွာက္ၾကၫ့္လိုက္ဦးမယ္ေနာ္။ " တစ္ကိုယ္စာ ပစၥည္းေတြထၫ့္ထားတယ့္
ေက်ာပိုးအိတ္ကို လြယ္လိုက္ၿပီး သြားေတာ့မည္ျဖစ္ေၾကာင္းကားသမားဦးေလးႀကီးကို အသိေပးလိုက္ၿပီး ‌တက္ႂကြေနတယ့္ ေျခလွမ္းေတြနဲ႔ သံုးေယာက္သားက ေတာစပ္နားကိုဦးတည္သည္။

" အာ... ခဏေနၾကဦး။ ဟိုေကာင္ေလးေတြ။ "
တစ္စံုတစ္ခုကို ေတြးေတာေနရင္း သတိရသြားပံုေပၚတယ့္ကားေမာင္းတယ့္ ဦးေလးႀကီးက အလ်င္အျမန္ လူငယ္ေလးသံုးေယာက္ကို ေအာ္ေခၚတယ္။

သို႔ေသာ္ သူငယ္ခ်င္းသံုးေယာက္ကေတာ့
သူေအာ္ေခၚသည္ကို မၾကားေခ်။ သူတို႔ကားရပ္ထားတယ့္ေနရာႏွင့္ ေတာ္ေတာ္ခပ္လွမ္းလွမ္းကိုပင္ ေရာက္ေနေလၿပီ။

" ေတာထဲမွာ ေတြ့သမ်ွဘာကိုမွ မစြဲလမ္းမိေစနဲ႔လို႔
မွာမလို႔ကို... " သူ႔ေခၚသံကို မၾကားဖူးဆိုတာ
သိတာေၾကာင့္ သူတစ္ကိုယ္ထဲၾကားရံုေလာက္
တိတ္တိတ္ေလးသာ ေရရြတ္လိုက္သည္။

" ဘာမွေတာ့ မျဖစ္ေလာက္ပါဘူး။ သူတို႔ကလည္း
ေတာစပ္နားေလာက္ဘဲ သြားမွာကို။ " တစ္ေယာက္ထဲ
ေရရြတ္လိုက္ၿပီး ဖြာလက္စ ေဆးလိပ္ကိုဘဲ ဆက္ၿပီး
ဖြာေနလိုက္ေလသည္။

•••••••

သူတို႔ေတာစပ္နားကိုေရာက္ေတာ့ သစ္သားနဲ႔ထြင္းထားတယ့္ဆိုင္းဘုတ္ကို ေျမၾကီးထဲမွာစိုက္ထားတာကို ေတြ့လိုက္ရတယ္။ ႏွစ္ေတြအမ်ားႀကီးၾကာၿပီျဖစ္လို႔ထင္ ဆိုင္းဘုတ္ေပၚကစာလံုးသံုးလံုးက ကြယ္ေပ်ာက္လုနီးပါး။

" ေဂါ့ဂ်ာဝယ္။ " မရည္ရြယ္ပါဘဲနဲ႔ ထိုစကားလံုးတို႔က
ပါးစပ္ဖ်ားကေန ခပ္ဖြဖြလ်ွံက်လာတယ္။
သစ္ပင္ေတြကိုရိုက္ခတ္ၿပီး ျဖတ္သန္းလာတယ့္
ေလေအးေတြက အႏူးညံ့ဆံုး အျငင္သာဆံုးနဲ႔
သူ႔ရဲ့မ်က္ႏွာတစ္ဝိုက္မွာ လာေရာက္ခိုလႈံသၫ့္ဟန္။

" ဘာႀကီးလဲ ဒီေတာရဲ့နာမည္လား။ "
လီမင္ေယာင္းေဘးကေန ခြာၿပီး သူ႔ရဲ့အနားကိုလာကပ္တယ့္ဟယ္ခ်န္းက ဒီအမည္နာမကို အေတာ္စိတ္ဝင္စားေနသၫ့္ပံု။

" အင္း ဟုတ္တယ္။ ေဂါ့ဂ်ာဝယ္။ အဲ့တာ ဒီေတာအုပ္ႀကီးရဲ့ နာမည္ဘဲ။ "

" ဒီနာမည္ရိွတာ ၾကာၿပီထင္တယ္။ ထြင္းထားတယ့္
ဆိုင္းဘုတ္ေတာင္ ေဆြးေနၿပီဆိုေတာ့။ " မင္ေယာင္းက သစ္သားဆိုင္းဘုတ္ကို လက္နဲ႔ထိုးၾကၫ့္ရင္းေျပာတယ္။

" ေတာထဲဝင္ၾကၫ့္ရေအာင္လို႔...အထဲမွာဘာေတြရိွမလဲ
အရမ္းသိခ်င္ေနၿပီ။ " အသံရွည္ဆြဲရင္း ဂ်စ္တိုက္သလိုေျပာေနတယ့္ဟယ္ခ်န္းရဲ့ မ်က္လံုးလားရာက ကိုယ့္ဆီမဟုတ္ဘဲ မင္ေယာင္းဆီကိုဆိုေတာ့ အသံတိတ္ရယ္လိုက္မိတယ္။ ဒါေပမယ့္ ရယ္တာအားပါသြားတယ္ထင္။

ဟယ္ခ်န္းက မ်က္ေစာင္းထိုးၿပီး
" ရယ္စရာပါလို႔လား။ ဘာရယ္တာလဲ။ "

ဟယ္ခ်န္းရဲ့ စပ္စပ္ထိမခံ ျပန္ျပန္ေျပာတယ့္အက်င့္ကို
မင္ေယာင္းကလည္း အသည္းယားေနသၫ့္ပံုပင္။
အေနာက္ဘက္ကို လွၫ့္ၿပီးခိုးရယ္တာ ပုခံုးေတြကေတာင္ တသိမ့္သိမ့္တုန္လို႔။

" ရား လီမင္ေယာင္း ဘာရယ္တာလဲလို႔ ! "

" ကဲ ကဲ လီဟယ္ခ်န္း ဂ်စ္တိုက္မေနနဲ႔ေတာ့။
ကားျပင္ဖို႔ အကူေတြမေရာက္ခင္အထိဘဲ ေလ်ွာက္ၾကၫ့္ဖို႔ အခ်ိန္ရတာေနာ္။ "

" ဟုတ္သားဘဲ ဟယ္ခ်န္းနီးကလည္း... "

လီမင္ေယာင္းကို သိပ္ေက်နပ္ေသးပံုမရတယ့္ လီဟယ္ခ်န္းက အေဟာက္ခံထားရတာေၾကာင့္ ဘာမွမေျပာဘဲ
ေပေစာင္းေစာင္းအၾကၫ့္နဲ႔သာ သူမေက်နပ္ေၾကာင္းကို
ေဖာ္ျပသည္။

‌ေျမၾကီးထဲစိုက္ထားတယ့္ သစ္သားဆိုင္းဘုတ္ရဲ့အလြန္
ေတာရဲ့ နယ္နိမိတ္စည္းေပၚကို ေျခခ်လိုက္တာနဲ႔
တစ္ခ်ိန္ထဲမွာ သူ႔ရဲ့ခႏၶာကိုယ္ကို ထူးဆန္းတယ့္ခံစားခ်က္ေပါင္းစံုက အလုအယက္ၿပံဳတိုးလာတယ္။

ရုတ္တရက္ႀကီး ခ်မ္းစိမ့္စိမ့္ျဖစ္လာတာေၾကာင့္
လက္ႏွစ္ဖက္နဲ႔ကိုယ္ကိုပိုက္ၿပီး ခႏၶာကိုယ္ကိုက်ံဳ႔ထားေတာ့သူ႔ရဲ့အမူအယာကိုသတိထားမိသြားတယ့္ မင္ေယာင္းက သူ႔ရဲ့ႏွဖူးေပၚ လက္တစ္ဖက္လာတင္ၿပီး " ဘာျဖစ္တာလဲ။ ေနမေကာင္းဘူးလား။ "

" ဘာမွမျဖစ္ပါဘူး။ ငါအဆင္ေျပတယ္။ "

" အဖ်ားလည္းမရိွပါဘူး။ ဘာျဖစ္လို႔လဲ။ ခ်မ္းလို႔လား။ "

" အင္း နည္းနည္းေပါ့။ ဒါေပမယ့္ ဘာမွမျဖစ္ပါဘူး။
စိတ္မပူနဲ႔။ "

" ရား ဟိုႏွစ္ေယာက္! မင္းတို႔အဲ့မွာဘဲ ရပ္ေနေတာ့မွာလား။လာေလ! " တက္ႂကြတယ့္ေျခလွမ္းေတြနဲ႔ ဟယ္ခ်န္းကေတာ့သူတို႔ႏွစ္ေယာက္နဲ႔ ခပ္ေဝးေဝးေနရာကိုပင္ ေရာက္ႏွင့္ေနၿပီ။

" ဟယ္ခ်န္းနီး အေဝးႀကီးမသြားနဲ႔လို႔ မွာထားတယ္မလား။ လမ္းေပ်ာက္သြားမယ္! "

" ဟာ... ‌ဘယ္လမ္းကိုေပ်ာက္ရမွာလဲ။ အခုမွ ေတာစပ္မွာဘဲ ရိွေသးတာကို။ ဟိုမွာၾကၫ့္ ကားလမ္းကိုေတာင္ျမင္ေနရတယ္။ " ေျခဟန္လက္ဟန္ႏွင့္ မင္ေယာင္းကို ကားလမ္းကိုပင္လက္ၫွိုးထိုးျပလိုက္ေသးသည္။

" မ်က္စိေအာက္ကေနေတာင္ လီဟယ္ခ်န္းကို အေပ်ာက္မခံႏိုင္ျဖစ္ေနတာလား။ " မင္ေယာင္းရဲ့ေဘးကို ကပ္ၿပီးေလသံျဖင့္ေျပာေတာ့ သေကာင့္သားက မ်က္လံုးျပဴး မ်က္စံျပဴးျဖင့္လက္ေတြေရာ ေခါင္းေတြေရာခါၿပီး ျငင္းေလသည္။

" အပိုေတြလုပ္ျပန္ၿပီ။ မင္းတို႔ႏွစ္ေယာက္အေၾကာင္း
ငါမသိရင္ခက္မယ္။ "

" ငါနဲ႔ ဟယ္ခ်န္းနီးနဲ႔က တကယ္ဘာမွမဟုတ္ပါဘူးကြာ။ "

မင္ေယာင္းက သူတို႔ႏွစ္ေယာက္ရဲ့အ‌ေျခအေနကို
အျခားလူေတြကိုမသိေစခ်င္တယ့္ပံုေပၚေနတာမို႔လို႔
ထပ္မစေတာ့ဘဲ ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ပါးစပ္ပိတ္ေနလိုက္တယ္။

ကိုယ္ေပၚက ထူးဆန္းတယ့္ခံစားခ်က္ႀကီးကေတာ့
ေပ်ာက္ကြယ္မသြား။

" ဟင္ ဟယ္ခ်န္းနီးေရာ! "

သူတို႔ႏွစ္ေယာက္ထဲ စကားေကာင္းေနတာနဲ႔ လီဟယ္ခ်န္းကိုဂရုမစိုက္လိုက္မိေပ။ ဟယ္ခ်န္းက စိတ္ျမန္လက္ျမန္တယ့္လူစားမ‌်ိဳးမို႔လို႔ မေစာင့္ႏိုင္ဘဲ သူကအရင္သြားႏွင့္တယ့္ပံု။

" သ‌ြားန‌ွင့္ၿပီထင္တယ္။ ဒီေကာင္ကြာ လူေပ်ာက္မယ္လို႔
အတန္တန္ေျပာထားတာေတာင္ ဂရုမစိုက္ဘူး ၾကၫ့္။ "

" အဲ့တာအသာထားဦး။ အရင္ဆံုး သူ႔ကိုလိုက္ရွာမွရမယ္။အခုေလာက္ဆို ဒီေတာစပ္နားမွာဘဲရိွဦးမွာ။ "
မင္ေယာင္းက စိတ္အပူလြန္ၿပီး ဟယ္ခ်န္းကိုဖုန္းေခၚဖို႔
ႀကိဳးစားတယ္။ ဒါေပမယ့္သူတို႔ေရာက္ေနတာက
ေတာထဲမွာေလ ဘယ္ကတာဝါတိုင္ကရိွမွာလဲ။

" ရူးေနလား ဘယ္လိုလုပ္ဖုန္းဆက္လို႔ရမွာလဲ။
ငါတို႔ေရာက္ေနတယ့္ ေနရာကိုျပန္ၾကၫ့္ဦး။ "

" အဲ့တာဆို ဘယ္လိုလုပ္ရမွာလဲ။ သူအရမ္းအေဝးႀကီး မေရာက္ခင္အရင္လိုက္ရွာရမွာေပါ့။ " ေျပာေျပာဆိုဆိုနဲ႔ဘဲ မင္ေယာင္းက ေတာထဲကိုေျပးဝင္ဖို႔လုပ္ေတာ့ လက္ကိုအျမန္ ဖမ္းဆြဲလိုက္ၿပီး " ကမူးရႉးထိုးမလုပ္နဲ႔ ပိုဆိုးကုန္လိမ့္မယ္။ ဟယ္ခ်န္းကို ငါသြားရွာလိုက္မယ္။ မင္းက စိတ္ၿငိမ္ၿငိမ္ထားၿပီးကားရပ္ထားတယ့္ ေနရာကိုျပန္သြား။ ေျပာမရဘူး ဟယ္ခ်န္းက အဲ့ကိုျပန္ေရာက္ခ်င္ရင္လည္း ေရာက္ေနမွာ။ "

မင္ေယာင္းလက္ကို ဆုပ္ကိုင္ၿပီးစိတ္ေအးေအးထားဖို႔
အရင္ေျပာရတယ္။ ဒီေကာင္က လီဟယ္ခ်န္းနဲ႔ပတ္သက္ရင္သူ႔ရဲ့ စဉ္းစားဆံုးျဖတ္ႏိုင္တယ့္အေတြးအေခၚေတြ
အကုန္ေပ်ာက္ကုန္ေရာ။

" အဲ့တာဆို မင္းကေရာ။ မင္းေရာလမ္းေပ်ာက္သြားရင္
ဘယ္လိုလုပ္မလဲ။ "

" ငါ့ကိုစိတ္မပူနဲ႔ မင္းထက္စာရင္ ငါသြားတာပိုအဆင္ေျပလိမ့္မယ္။ မင္းလုပ္ရမွာက ကားရပ္ထားတယ့္ေနရာကို
သြားၿပီး ငါနဲ႔ ဟယ္ခ်န္းကိုေစာင့္ေန ဟုတ္ၿပီလား။ "

မင္ေယာင္းက အသိအမွတ္ျပဳတယ့္အေနနဲ႔
ေခါင္းၿငိမ့္ျပတာကိုျမင္ၿပီးတာနဲ႔ အခ်ိန္ဆြဲမေနေတာ့ဘဲ
လြယ္ထားတယ့္အိတ္ကို ေသခ်ာဆုပ္ကိုင္လိုက္ၿပီး
ဟယ္ခ်န္းကိုရွာဖို႔ ေတာထဲကိုေျပးဝင္သြားလိုက္တယ္။

•••••••

" ဟယ္ခ်န္း! ဟယ္ခ်န္း! လီဟယ္ခ်န္း! မင္းဘယ္မွာလဲ! "

" ရား လီဟယ္ခ်န္း ငါ့အသံကိုၾကားရင္ ျပန္ထူးစမ္း! "

" ဟယ္ခ်န္း! "

သူ႔ရဲ့ ေျခလွမ္းေတြက ေတာနက္ထဲကို ပိုဦးတည္လာေလေလသူ႔ကိုယ္ထဲမွာ ခံစားေနရတယ့္ ထူးဆန္းတယ့္ခံစားခ်က္ကမေလ်ွာ့သြားဘဲ ပိုဆိုးလာေလေလဘဲ။ လည္ပင္းကို ႀကိဳးတစ္ေခ်ာင္းနဲ႔ ရစ္ပတ္ထားၿပီး ေတာနက္လာေလေလ လည္ပင္းကိုရစ္ပတ္ထားတယ့္ႀကိဳးက ပိုၿပီးတင္းတင္းက်ပ္က်ပ္ ရစ္ပတ္လာသလိုမ်ိဳး။

" ဟယ္..အဟြတ္ အဟြတ္.. ဟယ္ခ်န္း! "
လည္ပင္းမွာရိွတယ့္ တင္းက်ပ္တယ့္ခံစားခ်က္က ပိုပိုဆိုးဝါးလာတယ္။ အသက္ရႈလို႔မရေတာ့တယ့္အထိ။ အျမင္အာရံုေတြကလည္း ေဝဝါးလာတယ္။ တစ္စံုတစ္ခုကို သူမေတြ့ခင္အထိ။ ေဝဝါးလာတယ့္ အျမင္အာရံုၾကားက ျမင္လိုက္ရတာက ျဖဴစြတ္ေနတယ့္ ယုန္တစ္ေကာင္ကို။

ထူးဆန္းတယ္..ပံုမွန္ဆို ေတာယုန္ေတြက လူေတြနားအကပ္ခံဖို႔မေျပာနဲ႔ လူရိပ္ေတြ့တာနဲ႔တင္ လ်စ္ခနဲထြက္ေျပးတတ္တယ့္ အမ်ိဳးေတြ။ အခုက်ေတာ့ ထိုယုန္ျဖဴေလးက သူ႔ေျခေထာက္အနားကိုပင္ေရာက္လာသည္။

သူ႔ရဲ့ေျခေထာက္ကို ေခါင္းနဲ႔တိုးေဝ႔ွၿပီး ထြက္သြားတယ္။
အာ..မဟုတ္ဘူး။ ထြက္သြားတာထက္ သူ႔ကိုပါလာဖို႔
ေခၚေနသလိုမ်ိဳး လွၫ့္ၾကၫ့္ လွၫ့္ၾကၫ့္နဲ႔ အေရ႔ွကို
ဆက္သြားတာ။

အခုအခ်ိန္မွာ ဟယ္ခ်န္းကိုရွာမယ္ဆိုတာသိေပမယ့္လည္းထူးဆန္းစြာပင္ ထိုယုန္ရဲ့အေနာက္ကိုလိုက္ဖို႔ကိုဘဲ  စိတ္အားထက္သန္ေနသည္။

" အဟြတ္ မင္း..ဘယ္သြားေနတာလဲ.. "
ေျခလွမ္းေတြကေတာ့ ထိုယုန္ျဖဴရဲ့ ေခၚေဆာင္ရာအတိုင္း။

ေတာက တျဖည္းျဖည္းနက္သည္ထက္ ပိုနက္လာၿပီ။
သူကိုယ္တိုင္ကလည္း လမ္းဆက္ေလ်ွာက္ဖို႔မျဖစ္ႏိုင္ေတာ့။

လက္ဖ်ားေတြပါ ေအးစက္လာၿပီး ေလကိုမနည္းလုရႈေနသည္။ ဒီလိုမ်ိဳးသာ ေနာက္ထပ္ငါးမိနစ္ေလာက္အထိထပ္ျဖစ္ေနမယ္ဆိုရင္ ႀကိမ္းေသတယ္။ သူဒီေနရာမွာတင္ ေသသြားႏိုင္တယ္။

လည္ပင္းက ဖိအားကလည္းမေလ်ွာ့သြားဘဲ
ပိုပိုၿပီးတိုးလာသည္ ေသႏိုင္ေလာက္သၫ့္အထိ။
ေျခေထာက္ေတြက ဆက္ၿပီးဝန္ကိုမထမ္းႏိုင္ေတာ့ဘဲ
ထိုေနရာမွာ ေခြယိုင္က်သြားသည္။

" မင္းအေနာက္ကို..ဆက္လိုက္ဖို႔ အဟြတ္.. မျဖစ္ႏိုင္ေတာ့ဘူး..ေကာင္ေလးေရ.. "

သူၾကၫ့္လိုက္တယ့္အခ်ိန္မွာ ယုန္ျဖဴေလးက သစ္ပင္တစ္ပင္ရဲ့ ေျခရင္းမွာ။ အင္း.. ေတာ္ေတာ့္ကိုၾကီးတယ့္
သစ္ပင္ရဲ့ ေျခရင္းမွာေပါ့။

အဲ့ဒီသစ္ပင္ႀကီးကို ျမင္လိုက္ရခ်င္းခ်င္း သူ႔ရဲ့လည္ပင္းမွာ
ရစ္ပတ္ထားတယ့္ ႀကိဳးတစ္ေခ်ာင္းလိုဖိအားက ေလ်ာ့က်သြားတယ္။ ေလ်ာ့က်သြားတာထက္ တျဖည္းျဖည္းနဲ႔ လံုးဝမရိွေတာ့သလိုေပ်ာက္ကြယ္သြားတာ။

" ဒါဘယ္ေနရာလဲ။ မင္းငါ့ကိုဘယ္ကိုေခၚလာတာလဲ
ေကာင္ေလး။ "

ေခြယိုင္က်သြားတယ့္ ေျခေထာက္ေတြကို ျပန္အားထၫ့္လိုက္ၿပီး သစ္ပင္ေအာက္ကိုေလ်ွာက္သြားလိုက္ေတာ့
ထူးဆန္းတယ့္ အေငြ့အသက္ေတြက သူ႔ရဲ့ကိုယ္ကို
လာရစ္ပတ္တယ္။

" ငါဒီသစ္ပင္ကို အခုမွပထမဆံုးျမင္ဖူးတာပါ။
ဘာလို႔ အရမ္းရင္းႏွီးေနသလိုခံစားေနရတာလဲ။ "
သူတစ္ကိုယ္တည္းၾကားရံုေလာက္သာ ေရရြတ္လိုက္တယ္။

သူ႔အတြက္ေတာ့ ဒီေန့ေတြ့ရသမ်ွ ႀကံဳရသမ်ွအားလံုးက
အသစ္အဆန္းေတြခ်ည္း။ ဒီအပင္တစ္ခုတည္း..ပထမဆံုးေတြ့ရတာကို အရမ္းရင္းႏွီးေနတယ္လို႔ ခံစားေနရတာ။

သူတျဖည္းျဖည္းနဲ႔ ထိုသစ္ပင္အနားကိုတိုးသြားလိုက္ၿပီး
သစ္ပင္ေျခရင္းမွာကပ္ေနတယ္ ယုန္ျဖဴေလးကို ေပြ့ပိုက္လိုက္တယ္။

" မင္း‌အေနာက္ကိုလိုက္လာမိတာ မွားၿပီထင္တယ္။
ငါ့သူငယ္ခ်င္းကို ရွာမလို႔ကို အခုေတာ့.. " သူစကားစကို
ရပ္လိုက္ၿပီး ေကာင္းကင္ကိုေမာ့ၾကၫ့္လိုက္ေတာ့
ငွက္ေတြအိပ္တန္းတက္ခ်ိန္ကိုေတာင္ ေရာက္ေနၿပီ။
" အခုေတာ့ ငါဒီအပင္ေအာက္မ‌ွာဘဲ ညအိပ္ရေတာ့မယ္ထင္တယ္။ လာရာလမ္းကိုလည္း မျပန္တတ္ေတာ့ဘူး။ "

မနက္ျဖန္ေတာ့ မင္ေယာင္းတို႔ ငါ့ကိုလာရွာမယ္လို႔
ေမ်ွာ္လင့္ရတာဘဲ။

သူ႔လက္မွာပိုက္ထားတယ့္ ယုန္‌ကိုေအာက္ကိုခ်ေပးလိုက္ၿပီးသူ႔အတြက္ ရင္းႏွီးေနတယ္လို႔ ခံစားေနရတယ့္အပင္ကို သူလွၫ့္ပတ္ၾကၫ့္လိုက္တယ္။

" ဟင္ ဒါဘာေလးလဲ။ " သစ္ပင္ရဲ့ အလယ္တၫ့္တၫ့္မွာဆိုေပမယ့္ ေတာ္ေတာ္ေလးကို မိွန္မိွန္ေလးရိွေနတာမို႔လို႔ သူအစက သတိမထားမိတာျဖစ္ရမယ္။

လက္ရဲ့အရာႏွစ္ခု။ အရြယ္အစားမတိမ္းမယိမ္းရိွတယ့္ လက္ရာႏွစ္ခုကို သစ္ပင္ရဲ့ အသားေပၚမွာ ခြၽန္ထက္တယ့္ ပစၥည္းတစ္ခုခုနဲ႔ ထြင္းထားတယ့္ပံုစံမ်ိဳး။

" ဘယ္ဘက္က လက္ရာက ငါ့ရဲ့လက္အရြယ္အစားနဲ႔ေတာင္တူေနပါ့လား။ " သူတစ္ကိုယ္တည္းေရရြတ္လိုက္ၿပီး သူကိုယ္တိုင္ေတာင္ မသိလိုက္ဘဲ သူ႔ရဲ့လက္က ထိုသစ္ပင္ေပၚမွာ ထြင္းထားတယ့္ လက္ရဲ့အရာအေပၚ ထပ္တူထပ္မိလ်က္သား။

တစ္ခဏအတြင္းမွာ ကိုယ္ေပၚမွာရစ္ပတ္ေနတယ့္ အခိုးအေငြ့ေတြက သူ႔ရဲ့ကိုယ္ထဲကိုေဖာက္ထြင္းသြားၿပီး ႏွလံုးသားမွာလာေရာက္ခိုလႈံသလိုမ်ိဳးခံစားလိုက္ရတယ္။

သူ႔ရဲ့လက္ကို သစ္ပင္ကိုေပၚကေန အျမန္ခြာလိုက္ၿပီး ယွဉ္တြဲထားတယ့္ လက္ပံုစံအရာႏွစ္ခုကို ေငးၾကၫ့္ေနမိသည္။ မ်က္ခမ္းစပ္တို႔က လႈပ္ခတ္လာၿပီး ႏႈတ္ခမ္းသားအစံုက တုန္တုန္ရီရီ။ အခ်ိန္ခဏေလးအတြင္းမွာ မ်က္ရည္စက္‌တို႔က မ်က္ဝန္းထဲကေန လ်ွံက်လာၿပီး မ်က္ႏွာျပင္ေပၚကို ျဖတ္သန္းသြားသည္။ ဆည္ေရက်ိဳးက်လာသမ်ိဳးစီးဆင္းလာတယ့္ မ်က္ရည္စက္ေတြက မ်က္ႏွာေပၚကိုျဖတ္သန္းသြားၿပီး အခ်ိန္အေတာ္ၾကာမွ သူ႔ကိုယ္သူသတိထားမိတယ္။

သူ ငိုေနမိတာဘဲ။ နင့္နင့္သည္းသည္းကို...
အေၾကာင္းျပခ်က္မဲ့စြာ နင့္နင့္သည္းသည္းကိုငိုေနမိတာ။

အားတင္းၿပီး ရပ္ထားရတယ့္ေျခအစံုကလည္း ဆက္ၿပီး အားမတင္းႏိုင္ေတာ့သၫ့္ဟန္။ ေတာလမ္းတစ္ေလ်ွာက္မွာ ရခဲ့ဒဏ္ေတြနဲ႔အတူေပါင္းၿပီး သူကိုယ္တိုင္ကလည္း ေျမၾကီးေပၚလဲက်သြားတယ္။

သူ႔ရဲ့ မ်က္လံုးေတြအလံုးစံုမမိွတ္သြားခင္ လူအရိပ္ကို ဖ်တ္ခနဲေတြ့လိုက္ရသည္။ ထိုလူရဲ့လက္ထဲမွာလည္း တစ္စံုတစ္ခုကို ပိုက္ထားလ်က္။ ယုန္တစ္ေကာင္... ေတာလမ္းအစကေန ဒ‌ီေနရာအထိ သူ႔ကိုေရာက္ေအာင္ ေခၚလာတယ့္ ယုန္ျဖဴ‌ကိုဘဲပိုက္ထားတာ။

ဒီအထိဘဲ။ ဒါသူ႔ရဲ့ ျမင္ကြင္းေတြအေမွာင္မက်သြားရင္အထိ ေနာက္‌ဆံုးျမင္လိုက္ရတယ့္ ပံုရိပ္ဘဲ။

" မင္း‌ေရာက္လာၿပီဘဲ ဂ်ယ္ႏို။
ငါ့ရဲ့ လီဂ်ယ္ႏို "

•••••••

Unicode version

ကြည်လင်နေတယ့် အပြာရောင်မိုးသားတွေရဲ့ ပိုင်နက်ထဲကို ညစ်မှောင်မဲနက်နေတယ့်တိမ်တိုက်တွေ ကျူးကျော်စပြုလာတယ့်အချိန်က ညနေစောင်း ဖြစ်မယ်ထင်။

ဖုန်မှုန့် သဲမှုန့်တွေကိုသူနဲ့အတူ သယ်ဆောင်လာတယ့် လေလှိုင်းတွေက သစ်ပင်တွေရဲ့အပေါ်မှာ အ‌‌ေခြတကျ ရှိနေတယ့် သစ်ရွက်တွေကို ပြင်းထန်စွာ ဆွဲကိုင်လှုပ်၍ ‌ ‌မြေပြင်သို့ ကြွေကျစေသည်။

မိုးကောင်းကင်ပေါ်က အလင်းရောင်လျှပ်စီးတန်းနှင့်အတူညိုဆွေးဆွေးသစ်ကိုင်းခြောက်တွေရဲ့ အချင်းချင်းရိုက်ခတ်သံက တဂျုန်းဂျုန်း ဟစ်ကြွေးအော်မြည်နေတယ့် မိုးခြိမ်းသံတွေနဲ့အတူ ပတ်ဝန်းကျင်ကိုလွှမ်းမိုးထားသည်။

နေရောင်ခြည်တိုးမပေါက်နိုင်လောက်အောင်
အုပ်ဆိုင်းထူထည်းနေတယ့် တောအုပ်ထဲကို ဝဿန်မိုးစက်တွေက ကျူးကျော်ကာ သွန်းရွာကျလာသည်။ လူသူမရှိတယ့် ဒီတောအုပ်ထဲမှာ တစ်ထီးတည်းသီးခြားဖြစ်နေသည်မှာ သုံးရက်နှင့် နေ့တစ်ဝက်ရှိနေပြီ။ အညိုရောင်ဆံပင်များက တွေ့ကရာနေရာ ခေါင်းထိုးပြီး အိပ်ရသည့်ဒဏ်ကြောင့် အဖြူဘက်ကို ကူးလုနီးနီးဖြစ်နေသည်။ ခပ်အုပ်အုပ်ဖြစ်နေသော ညိုစင်းစင်းဆံပင်များကလည်း မိုးရေစက်များ၏ အာဏာပြမှုကြောင့် တစ်ချောင်းချင်းစီဖြစ်ကာ စိုထိုင်းထိုင်း။

လက်မှာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ့် လက်ဆွဲအိတ်‌ထဲမှာလည်း စားပြီးသား မုန့်အခွံတွေနဲ့ ရေတစ်စက် နှစ်စက်လောက်ရှိတော့သော ရေဗူးအလွတ် တစ်ဗူးသာရှိသည်။

မညှာတာစွာ ရွာချနေသည့်မိုးကြောင့် မိုးရေတို့နစ်ရွှဲနေသည့်တီရှပ်မှာ ရွှံ့စေး၊ သဲမှုန်များနှင့် သစ်ရွက်အပိုင်းအစ စသော အမှိုက်သရိုက်တွေကြောင့် ဗြောင်းဆန်အောင်ညစ်ပေနေသည်။

သူ့အတွေးထဲမှာ သေသေချာချာကုပ်တွယ်‌မိနေတာက စိတ်ပြေလက်ပျောက်ဖြစ်ရန်လူဦးရေထူထပ်ပြီး မွန်းကြပ်ဖို့ကောင်းတယ့် ဆိုးလ်မြို့ကနေ ဘိုးဘွားတွေရဲ့ ဇာတိဖြစ်တယ့် ဂျယ်ဂျူသို့ထွက်လာခဲ့သော ခရီးစဉ်ဖြစ်သည်။

လေကြောင်းခရီးနဲ့လာလို့ရရဲ့သားနဲ့ တမင်ပုံမှန် အများလုပ်နေကြလုပ်ငန်းစဉ်ကို သွေဖယ်ပြီး Camp ထွက်သလိုအိတ်တစ်လုံးလွယ် ကြုံရာကားစီးပြီး လိုက်လာတယ့် သူ့အပြစ်တွေလို့ဘဲပြောရမလား။

•••••••

ခရီးလမ်းတစ်လျှောက်လုံး ချောချောမွေ့မွေ့အဆင်ပြေလာခဲ့ပေမယ့် တောစပ်တစ်နေရာအရောက်မှာ သူစီးလာတယ့် ကားက ဓာတ်ဆီကုန်သွားရာမှ ဇာတ်လမ်းကစသည်။

" ကားနဲ့ခရီးထွက်လာပြီး ဓာတ်ဆီလေးတောင် အပိုမဆောင်လာဘူးလား။ "

" ဒီမယ်လူ‌လေး ဦးလေးတို့လည်းစထွက်လာတုန်းက ဆီအပြည့်ဖြည့်လာခဲ့တာဘဲ လူလေးမကျေနပ်ရင် ကိုယ့်ဘာသာ လမ်းလျှောက်သွားလိုက်။ "

" ဟာ ကျွန်တော်လည်းပိုက်ဆံအပြည့်ပေးထားတာဘဲလေ ခင်ဗျားဒီလိုတော့ မတရားမလုပ်နဲ့! "

သူနဲ့အတူလိုက်လာတယ့် သူငယ်ချင်းနဲ့
ကားသမားဦးလေးကြီးရဲ့ အငြင်းပွားသံက တဖြည်းဖြည်း ကျယ်လောင်လာလေသည်။ ကိုယ်ကဘဲ တာဝန်ယူပြီး ခေါ်လာခဲ့တာကြောင့် တစ်ခုခုသာဖြစ်ရင်  ကိုယ့်အပြစ်မကင်းသည်မို့ သူလည်းမနေနိုင်တော့ဘဲ
" ဟယ်ချန်း တော်တော့။ "

" ဘာကိုတော်ရမှာလဲ သူပြန်ပြောတယ့်ပုံကိုကြည့်ပါဦး။ မသိရင် ငါတို့ကသူ့ကားကို အလကားလိုက်စီးတာကျနေတာဘဲ။ "

" ကွာ..ဒီကောင်လေး! " သကောင့်သားရဲ့ စကားအဆုံးမှာ ဟိုဘက်ကလူက ရှူးရှူးရှဲရှဲဖြစ်သွားတာကြောင့် အ‌ခြေအနေကိုအမြန်ဝင်ထိန်းလိုက်ရတော့တယ်။

" ဟယ်ချန်း တော်ပြီ တော်ပြီ။ ဦးလေးကရော ကား‌ဆီကုန်သွားတော့ အခုဘယ်လိုလုပ်ရမှာလဲ။ "

" အကူခေါ်ထားတယ် နည်းနည်းတော့ကြာလိမ့်မယ်။ "ဟယ်ချန်းနဲ့ ငြိထားတာကြောင့် ဟိုဘက်က အသံခပ်ပြတ်ပြတ်။

ဟယ်ချန်းကို ‌မင်းနောက်တွေ့မယ်ဆိုပြီး အံကြိတ်ပြလိုက်တော့ ဒင်းကသူမသိသလို ပုခုံးတွန့်ပြလာတယ်။

ရောက်လေရာ သောက်ပြဿနာရှာတဲ့ကောင်!

စိတ်ထဲကနေဘဲ အရင်ကျိန်ဆဲလိုက်ပြီး အခုအရှုပ်ကိုရှင်းဖို့ပြင်ရလေသည်။

" အဲ့တာဆို ကျွန်တော်တို့ကဘယ်လောက်တောင်စောင့်‌ရမှာလဲ။ "

" သုံးလေးနာရီလောက်တော့ ကြာလိမ့်မယ်။
ကားပေါ်မှာ ထိုင်နေချင်လည်း ထိုင်နေ။
ဟိုနားဒီနားလျှောက်ကြည့်ချင်လည်း လျှောက်ကြည့်။ "

လေးနာရီလောက်ကြီးတော့ ကားပေါ်မှာ
ငုတ်တုတ်ထိုင်‌မနေနိုင်တာကြောင့် ဘေးပတ်ဝန်းကျင်ကို မျက်စိက‌စားကြည့်တော့ ‌သစ်ပင်တွေအုံ့ဆိုင်းနေတယ့် တောစပ်နဲ့ ကားတစ်စီးစာသာ အသွားအပြန်လုပ်နိုင်သောကားလမ်းမ နှစ်လမ်းသာရှိသည်။

" ဦးလေး အဲ့တာဆိုဒီအထဲရော လျှောက်ကြည့်လို့ရလား။ " အကူကိုစောင့်ရင်း ဆေးလိပ်ဖွာနေတယ့် ကားသမား
ဦးလေးကြီးက သူလက်ညှိးထိုးထားတယ့် တောစပ်ဘက်ကိုလှည့်ကြည့်လာတယ်။

" အင်း သွားချင်ရင်တော့ သွားပေါ့။ အဝေးကြီးတော့ မသွားနဲ့။ တောစပ်နားလောက်မှာဘဲ အညောင်းပြေ အညာပြေ လျှောက်ကြည့်။ "

သွားလို့ရတယ်ဆိုတယ့် ခွင့်ပြုချက်ရလိုက်တော့ စက္ကန့်မခြား ကားပေါ်ကအရင်ဆင်းလိုက်သူက လီမင်ယောင်း။

" အချိန်အကြာကြီး ကားပေါ်မှာထိုင်လာရတော့ ညောင်းလိုက်တာ။ " လက်နှစ်ဖက်ကိုဆန့်တန်းရင်း ခါးကို ဟိုဘက်လှည့် ဒီဘက်လှည့်ဖြင့် အညောင်းဖြေနေတယ့် လီမင်ယောင်းက ဟယ်ချန်းဘက်ကိုကြည့်ပြီး
စကားစတယ်။

" ထိုင်‌လာရတာ? အိပ်လာရတာလို့ပြောရမှာမလား။ "

အကြောင်းသိရက်နဲ့ ဟယ်ချန်းကို စကားမရှိစကားရှာပြီး သွားပြောတယ့် လီမင်ယောင်းက ဟိုကပက်ခနဲပြန်ပြောလည်း ခပ်ပြုံးပြုံးပင်။

" အဲ့တာဆို သွားလို့ရတယ်ဆိုတော့ ကျွန်တော်တို့ သုံးယောက် တောစပ်နားမှာ ခဏလျှောက်ကြည့်လိုက်ဦးမယ်နော်။ " တစ်ကိုယ်စာ ပစ္စည်းတွေထည့်ထားတယ့်
ကျောပိုးအိတ်ကို လွယ်လိုက်ပြီး သွားတော့မည်ဖြစ်ကြောင်းကားသမားဦးလေးကြီးကို အသိပေးလိုက်ပြီး ‌တက်ကြွနေတယ့် ခြေလှမ်းတွေနဲ့ သုံးယောက်သားက တောစပ်နားကိုဦးတည်သည်။

" အာ... ခဏနေကြဦး။ ဟိုကောင်လေးတွေ။ "
တစ်စုံတစ်ခုကို တွေးတောနေရင်း သတိရသွားပုံပေါ်တယ့်ကားမောင်းတယ့် ဦးလေးကြီးက အလျင်အမြန် လူငယ်လေးသုံးယောက်ကို အော်ခေါ်တယ်။

သို့သော် သူငယ်ချင်းသုံးယောက်ကတော့
သူအော်ခေါ်သည်ကို မကြားချေ။ သူတို့ကားရပ်ထားတယ့်နေရာနှင့် တော်တော်ခပ်လှမ်းလှမ်းကိုပင် ရောက်နေလေပြီ။

" တောထဲမှာ တွေ့သမျှဘာကိုမှ မစွဲလမ်းမိစေနဲ့လို့ မှာမလို့ကို... " သူ့ခေါ်သံကို မကြားဖူးဆိုတာ သိတာကြောင့် သူတစ်ကိုယ်ထဲကြားရုံလောက် တိတ်တိတ်လေးသာ ရေရွတ်လိုက်သည်။

" ဘာမှတော့ မဖြစ်လောက်ပါဘူး။ သူတို့ကလည်း တောစပ်နားလောက်ဘဲ သွားမှာကို။ " တစ်ယောက်ထဲ ရေရွတ်လိုက်ပြီး ဖွာလက်စ ဆေးလိပ်ကိုဘဲ ဆက်ပြီး ဖွာနေလိုက်လေသည်။

•••••••

သူတို့တောစပ်နားကိုရောက်တော့ သစ်သားနဲ့ထွင်းထားတယ့်ဆိုင်းဘုတ်ကို မြေကြီးထဲမှာစိုက်ထားတာကို တွေ့လိုက်ရတယ်။ နှစ်တွေအများကြီးကြာပြီဖြစ်လို့ထင် ဆိုင်းဘုတ်ပေါ်ကစာလုံးသုံးလုံးက ကွယ်ပျောက်လုနီးပါး။

" ဂေါ့ဂျာဝယ်။ " မရည်ရွယ်ပါဘဲနဲ့ ထိုစကားလုံးတို့က ပါးစပ်ဖျားကနေ ခပ်ဖွဖွလျှံကျလာတယ်။ သစ်ပင်တွေကိုရိုက်ခတ်ပြီး ဖြတ်သန်းလာတယ့် လေအေးတွေက အနူးညံ့ဆုံး အငြင်သာဆုံးနဲ့ သူ့ရဲ့မျက်နှာတစ်ဝိုက်မှာ လာရောက်ခိုလှုံသည့်ဟန်။

" ဘာကြီးလဲ ဒီတောရဲ့နာမည်လား။ "
လီမင်ယောင်းဘေးကနေ ခွာပြီး သူ့ရဲ့အနားကိုလာကပ်တယ့်ဟယ်ချန်းက ဒီအမည်နာမကို အတော်စိတ်ဝင်စားနေသည့်ပုံ။

" အင်း ဟုတ်တယ်။ ဂေါ့ဂျာဝယ်။ အဲ့တာ ဒီတောအုပ်ကြီးရဲ့ နာမည်ဘဲ။ "

" ဒီနာမည်ရှိတာ ကြာပြီထင်တယ်။ ထွင်းထားတယ့် ဆိုင်းဘုတ်တောင် ဆွေးနေပြီဆိုတော့။ " မင်ယောင်းက သစ်သားဆိုင်းဘုတ်ကို လက်နဲ့ထိုးကြည့်ရင်းပြောတယ်။

" တောထဲဝင်ကြည့်ရအောင်လို့...အထဲမှာဘာတွေရှိမလဲ အရမ်းသိချင်နေပြီ။ " အသံရှည်ဆွဲရင်း ဂျစ်တိုက်သလိုပြောနေတယ့်ဟယ်ချန်းရဲ့ မျက်လုံးလားရာက ကိုယ့်ဆီမဟုတ်ဘဲ မင်ယောင်းဆီကိုဆိုတော့ အသံတိတ်ရယ်လိုက်မိတယ်။ ဒါပေမယ့် ရယ်တာအားပါသွားတယ်ထင်။

ဟယ်ချန်းက မျက်စောင်းထိုးပြီး
" ရယ်စရာပါလို့လား။ ဘာရယ်တာလဲ။ "

ဟယ်ချန်းရဲ့ စပ်စပ်ထိမခံ ပြန်ပြန်ပြောတယ့်အကျင့်ကို မင်ယောင်းကလည်းအသည်းယားနေသည့်ပုံပင်။
အနောက်ဘက်ကို လှည့်ပြီးခိုးရယ်တာ ပုခုံးတွေကတောင် တသိမ့်သိမ့်တုန်လို့။

" ရား လီမင်ယောင်း ဘာရယ်တာလဲလို့ ! "

" ကဲ ကဲ လီဟယ်ချန်း ဂျစ်တိုက်မနေနဲ့တော့။
ကားပြင်ဖို့ အကူတွေမရောက်ခင်အထိဘဲ လျှောက်ကြည့်ဖို့ အချိန်ရတာနော်။ "

" ဟုတ်သားဘဲ ဟယ်ချန်းနီးကလည်း... "

လီမင်ယောင်းကို သိပ်ကျေနပ်သေးပုံမရတယ့် လီဟယ်ချန်းက အဟောက်ခံထားရတာကြောင့် ဘာမှမပြောဘဲ ပေစောင်းစောင်းအကြည့်နဲ့သာ သူမကျေနပ်ကြောင်းကို
ဖော်ပြသည်။

‌မြေကြီးထဲစိုက်ထားတယ့် သစ်သားဆိုင်းဘုတ်ရဲ့အလွန် တောရဲ့ နယ်နိမိတ်စည်းပေါ်ကို ခြေချလိုက်တာနဲ့ တစ်ချိန်ထဲမှာ သူ့ရဲ့ခန္ဓာကိုယ်ကို ထူးဆန်းတယ့်ခံစားချက်ပေါင်းစုံက အလုအယက်ပြုံတိုးလာတယ်။

ရုတ်တရက်ကြီး ချမ်းစိမ့်စိမ့်ဖြစ်လာတာကြောင့်  လက်နှစ်ဖက်နဲ့ကိုယ်ကိုပိုက်ပြီး ခန္ဓာကိုယ်ကိုကျုံ့ထားတော့သူ့ရဲ့အမူအယာကိုသတိထားမိသွားတယ့် မင်ယောင်းက သူ့ရဲ့နှဖူးပေါ် လက်တစ်ဖက်လာတင်ပြီး " ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား။ "

" ဘာမှမဖြစ်ပါဘူး။ ငါအဆင်ပြေတယ်။ "

" အဖျားလည်းမရှိပါဘူး။ ဘာဖြစ်လို့လဲ။ ချမ်းလို့လား။ "

" အင်း နည်းနည်းပေါ့။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ စိတ်မပူနဲ့။ "

" ရား ဟိုနှစ်ယောက်! မင်းတို့အဲ့မှာဘဲ ရပ်နေတော့မှာလား။လာလေ! " တက်ကြွတယ့်ခြေလှမ်းတွေနဲ့ ဟယ်ချန်းကတော့သူတို့နှစ်ယောက်နဲ့ ခပ်ဝေးဝေးနေရာကိုပင် ရောက်နှင့်နေပြီ။

" ဟယ်ချန်းနီး အဝေးကြီးမသွားနဲ့လို့ မှာထားတယ်မလား။ လမ်းပျောက်သွားမယ်! "

" ဟာ... ‌ဘယ်လမ်းကိုပျောက်ရမှာလဲ။ အခုမှ တောစပ်မှာဘဲ ရှိသေးတာကို။ ဟိုမှာကြည့် ကားလမ်းကိုတောင်မြင်နေရတယ်။ " ခြေဟန်လက်ဟန်နှင့် မင်ယောင်းကို ကားလမ်းကိုပင်လက်ညှိုးထိုးပြလိုက်သေးသည်။

" မျက်စိအောက်ကနေတောင် လီဟယ်ချန်းကို အပျောက်မခံနိုင်ဖြစ်နေတာလား။ " မင်ယောင်းရဲ့ဘေးကို ကပ်ပြီးလေသံဖြင့်ပြောတော့ သကောင့်သားက မျက်လုံးပြူး မျက်စံပြူးဖြင့်လက်တွေရော ခေါင်းတွေရောခါပြီး ငြင်းလေသည်။

" အပိုတွေလုပ်ပြန်ပြီ။ မင်းတို့နှစ်ယောက်အကြောင်း ငါမသိရင်ခက်မယ်။ "

" ငါနဲ့ ဟယ်ချန်းနီးနဲ့က တကယ်ဘာမှမဟုတ်ပါဘူးကွာ။ "

မင်ယောင်းက သူတို့နှစ်ယောက်ရဲ့အ‌ခြေအနေကိုအခြားလူတွေကိုမသိစေချင်တယ့်ပုံပေါ်နေတာမို့လို့ ထပ်မစတော့ဘဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ပါးစပ်ပိတ်နေလိုက်တယ်။

ကိုယ်ပေါ်က ထူးဆန်းတယ့်ခံစားချက်ကြီးကတော့ ပျောက်ကွယ်မသွား။

" ဟင် ဟယ်ချန်းနီးရော! "

သူတို့နှစ်ယောက်ထဲ စကားကောင်းနေတာနဲ့ လီဟယ်ချန်းကိုဂရုမစိုက်လိုက်မိပေ။ ဟယ်ချန်းက စိတ်မြန်လက်မြန်တယ့်လူစားမ‌ျိုးမို့လို့ မစောင့်နိုင်ဘဲ သူကအရင်သွားနှင့်တယ့်ပုံ။

" သွားနှင့်ပြီထင်တယ်။ ဒီကောင်ကွာ လူပျောက်မယ်လို့ အတန်တန်ပြောထားတာတောင် ဂရုမစိုက်ဘူး ကြည့်။ "

" အဲ့တာအသာထားဦး။ အရင်ဆုံး သူ့ကိုလိုက်ရှာမှရမယ်။အခုလောက်ဆို ဒီတောစပ်နားမှာဘဲရှိဦးမှာ။ " မင်ယောင်းက စိတ်အပူလွန်ပြီး ဟယ်ချန်းကိုဖုန်းခေါ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့်သူတို့ရောက်နေတာက
တောထဲမှာလေ ဘယ်ကတာဝါတိုင်ကရှိမှာလဲ။

" ရူးနေလား ဘယ်လိုလုပ်ဖုန်းဆက်လို့ရမှာလဲ။  ငါတို့ရောက်နေတယ့် နေရာကိုပြန်ကြည့်ဦး။ "

" အဲ့တာဆို ဘယ်လိုလုပ်ရမှာလဲ။ သူအရမ်းအဝေးကြီး မရောက်ခင်အရင်လိုက်ရှာရမှာပေါ့။ " ပြောပြောဆိုဆိုနဲ့ဘဲ မင်ယောင်းက တောထဲကိုပြေးဝင်ဖို့လုပ်တော့ လက်ကိုအမြန် ဖမ်းဆွဲလိုက်ပြီး " ကမူးရှူးထိုးမလုပ်နဲ့ ပိုဆိုးကုန်လိမ့်မယ်။ ဟယ်ချန်းကို ငါသွားရှာလိုက်မယ်။ မင်းက စိတ်ငြိမ်ငြိမ်ထားပြီးကားရပ်ထားတယ့် နေရာကိုပြန်သွား။ ပြောမရဘူး ဟယ်ချန်းက အဲ့ကိုပြန်ရောက်ချင်ရင်လည်း ရောက်နေမှာ။ "

မင်ယောင်းလက်ကို ဆုပ်ကိုင်ပြီးစိတ်အေးအေးထားဖို့ အရင်ပြောရတယ်။ ဒီကောင်က လီဟယ်ချန်းနဲ့ပတ်သက်ရင်သူ့ရဲ့ စဉ်းစားဆုံးဖြတ်နိုင်တယ့်အတွေးအခေါ်တွေ
အကုန်ပျောက်ကုန်ရော။

" အဲ့တာဆို မင်းကရော။ မင်းရောလမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ "

" ငါ့ကိုစိတ်မပူနဲ့ မင်းထက်စာရင် ငါသွားတာပိုအဆင်ပြေလိမ့်မယ်။ မင်းလုပ်ရမှာက ကားရပ်ထားတယ့်နေရာကို သွားပြီး ငါနဲ့ ဟယ်ချန်းကိုစောင့်နေ ဟုတ်ပြီလား။ "

မင်ယောင်းက အသိအမှတ်ပြုတယ့်အနေနဲ့
ခေါင်းငြိမ့်ပြတာကိုမြင်ပြီးတာနဲ့ အချိန်ဆွဲမနေတော့ဘဲ လွယ်ထားတယ့်အိတ်ကို သေချာဆုပ်ကိုင်လိုက်ပြီး ဟယ်ချန်းကိုရှာဖို့ တောထဲကိုပြေးဝင်သွားလိုက်တယ်။

•••••••

" ဟယ်ချန်း! ဟယ်ချန်း! လီဟယ်ချန်း! မင်းဘယ်မှာလဲ! "

" ရား လီဟယ်ချန်း ငါ့အသံကိုကြားရင် ပြန်ထူးစမ်း! "

" ဟယ်ချန်း! "

သူ့ရဲ့ ခြေလှမ်းတွေက တောနက်ထဲကို ပိုဦးတည်လာလေလေသူ့ကိုယ်ထဲမှာ ခံစားနေရတယ့် ထူးဆန်းတယ့်ခံစားချက်ကမလျှော့သွားဘဲ ပိုဆိုးလာလေလေဘဲ။ လည်ပင်းကို ကြိုးတစ်ချောင်းနဲ့ ရစ်ပတ်ထားပြီး တောနက်လာလေလေ လည်ပင်းကိုရစ်ပတ်ထားတယ့်ကြိုးက ပိုပြီးတင်းတင်းကျပ်ကျပ် ရစ်ပတ်လာသလိုမျိုး။

" ဟယ်..အဟွတ် အဟွတ်.. ဟယ်ချန်း! "
လည်ပင်းမှာရှိတယ့် တင်းကျပ်တယ့်ခံစားချက်က ပိုပိုဆိုးဝါးလာတယ်။ အသက်ရှုလို့မရတော့တယ့်အထိ။ အမြင်အာရုံတွေကလည်း ဝေဝါးလာတယ်။ တစ်စုံတစ်ခုကို သူမတွေ့ခင်အထိ။ ဝေဝါးလာတယ့် အမြင်အာရုံကြားက မြင်လိုက်ရတာက ဖြူစွတ်နေတယ့် ယုန်တစ်ကောင်ကို။

ထူးဆန်းတယ်..ပုံမှန်ဆို တောယုန်တွေက လူတွေနားအကပ်ခံဖို့မပြောနဲ့ လူရိပ်တွေ့တာနဲ့တင် လျစ်ခနဲထွက်ပြေးတတ်တယ့် အမျိုးတွေ။ အခုကျတော့ ထိုယုန်ဖြူလေးက သူ့ခြေထောက်အနားကိုပင်ရောက်လာသည်။

သူ့ရဲ့ခြေထောက်ကို ခေါင်းနဲ့တိုးဝှေ့ပြီး ထွက်သွားတယ်။ အာ..မဟုတ်ဘူး။ ထွက်သွားတာထက် သူ့ကိုပါလာဖို့ ခေါ်နေသလိုမျိုး လှည့်ကြည့် လှည့်ကြည့်နဲ့ အရှေ့ကို ဆက်သွားတာ။

အခုအချိန်မှာ ဟယ်ချန်းကိုရှာမယ်ဆိုတာသိပေမယ့်လည်းထူးဆန်းစွာပင် ထိုယုန်ရဲ့အနောက်ကိုလိုက်ဖို့ကိုဘဲ  စိတ်အားထက်သန်နေသည်။

" အဟွတ် မင်း..ဘယ်သွားနေတာလဲ.. "
ခြေလှမ်းတွေကတော့ ထိုယုန်ဖြူရဲ့ ခေါ်ဆောင်ရာအတိုင်း။

တောက တဖြည်းဖြည်းနက်သည်ထက် ပိုနက်လာပြီ။ သူကိုယ်တိုင်ကလည်း လမ်းဆက်လျှောက်ဖို့မဖြစ်နိုင်တော့။ လက်ဖျားတွေပါ အေးစက်လာပြီး လေကိုမနည်းလုရှုနေရသည်။ ဒီလိုမျိုးသာ နောက်ထပ်ငါးမိနစ်လောက်အထိထပ်ဖြစ်နေမယ်ဆိုရင် ကြိမ်းသေတယ်။ သူဒီနေရာမှာတင် သေသွားနိုင်တယ်။

လည်ပင်းက ဖိအားကလည်းမလျှော့သွားဘဲ
ပိုပိုပြီးတိုးလာသည် သေနိုင်လောက်သည့်အထိ။ ခြေထောက်တွေက ဆက်ပြီးဝန်ကိုမထမ်းနိုင်တော့ဘဲ ထိုနေရာမှာ ခွေယိုင်ကျသွားသည်။

" မင်းအနောက်ကို..ဆက်လိုက်ဖို့ အဟွတ်.. မဖြစ်နိုင်တော့ဘူး..ကောင်လေးရေ.. "

သူကြည့်လိုက်တယ့်အချိန်မှာ ယုန်ဖြူလေးက သစ်ပင်တစ်ပင်ရဲ့ ခြေရင်းမှာ။ အင်း.. တော်တော့်ကိုကြီးတယ့် သစ်ပင်ရဲ့ ခြေရင်းမှာပေါ့။

အဲ့ဒီသစ်ပင်ကြီးကို မြင်လိုက်ရချင်းချင်း သူ့ရဲ့လည်ပင်းမှာ ရစ်ပတ်ထားတယ့် ကြိုးတစ်ချောင်းလိုဖိအားက လျော့ကျသွားတယ်။ လျော့ကျသွားတာထက် တဖြည်းဖြည်းနဲ့ လုံးဝမရှိတော့သလိုပျောက်ကွယ်သွားတာ။

" ဒါဘယ်နေရာလဲ။ မင်းငါ့ကိုဘယ်ကိုခေါ်လာတာလဲ ကောင်လေး။ "

ခွေယိုင်ကျသွားတယ့် ခြေထောက်တွေကို ပြန်အားထည့်လိုက်ပြီး သစ်ပင်အောက်ကိုလျှောက်သွားလိုက်တော့ ထူးဆန်းတယ့် အငွေ့အသက်တွေက သူ့ရဲ့ကိုယ်ကို လာရစ်ပတ်တယ်။

" ငါဒီသစ်ပင်ကို အခုမှပထမဆုံးမြင်ဖူးတာပါ။ ဘာလို့ အရမ်းရင်းနှီးနေသလိုခံစားနေရတာလဲ။ " သူတစ်ကိုယ်တည်းကြားရုံလောက်သာ ရေရွတ်လိုက်တယ်။

သူ့အတွက်တော့ ဒီနေ့တွေ့ရသမျှ ကြုံရသမျှအားလုံးက အသစ်အဆန်းတွေချည်း။ ဒီအပင်တစ်ခုတည်း..ပထမဆုံးတွေ့ရတာကို အရမ်းရင်းနှီးနေတယ်လို့ ခံစားနေရတာ။

သူတဖြည်းဖြည်းနဲ့ ထိုသစ်ပင်အနားကိုတိုးသွားလိုက်ပြီး သစ်ပင်ခြေရင်းမှာကပ်နေတယ် ယုန်ဖြူလေးကို ပွေ့ပိုက်လိုက်တယ်။

" မင်း‌အနောက်ကိုလိုက်လာမိတာ မှားပြီထင်တယ်။ ငါ့သူငယ်ချင်းကို ရှာမလို့ကို အခုတော့.. " သူစကားစကို ရပ်လိုက်ပြီးကောင်းကင်ကိုမော့ကြည့်လိုက်တော့ ငှက်တွေအိပ်တန်းတက်ချိန်ကိုတောင် ရောက်နေပြီ။ " အခုတော့ ငါဒီအပင်အောက်မှာဘဲ ညအိပ်ရတော့မယ်ထင်တယ်။ လာရာလမ်းကိုလည်း မပြန်တတ်တော့ဘူး။ "

မနက်ဖြန်တော့ မင်ယောင်းတို့ ငါ့ကိုလာရှာမယ်လို့ မျှော်လင့်ရတာဘဲ။

သူ့လက်မှာပိုက်ထားတယ့် ယုန်‌ကိုအောက်ကိုချပေးလိုက်ပြီးသူ့အတွက် ရင်းနှီးနေတယ်လို့ ခံစားနေရတယ့်အပင်ကို သူလှည့်ပတ်ကြည့်လိုက်တယ်။

" ဟင် ဒါဘာလေးလဲ။ " သစ်ပင်ရဲ့ အလယ်တည့်တည့်မှာဆိုပေမယ့် တော်တော်လေးကို မှိန်မှိန်လေးရှိနေတာမို့လို့ သူအစက သတိမထားမိတာဖြစ်ရမယ်။

လက်ရဲ့အရာနှစ်ခု။ အရွယ်အစားမတိမ်းမယိမ်းရှိတယ့် လက်ရာနှစ်ခုကို သစ်ပင်ရဲ့ အသားပေါ်မှာ ချွန်ထက်တယ့် ပစ္စည်းတစ်ခုခုနဲ့ ထွင်းထားတယ့်ပုံစံမျိုး။

" ဘယ်ဘက်က လက်ရာက ငါ့ရဲ့လက်အရွယ်အစားနဲ့တောင်တူနေပါ့လား။ " သူတစ်ကိုယ်တည်းရေရွတ်လိုက်ပြီး သူကိုယ်တိုင်တောင် မသိလိုက်ဘဲ သူ့ရဲ့လက်က ထိုသစ်ပင်ပေါ်မှာ ထွင်းထားတယ့် လက်ရဲ့အရာအပေါ် ထပ်တူထပ်မိလျက်သား။

တစ်ခဏအတွင်းမှာ ကိုယ်ပေါ်မှာရစ်ပတ်နေတယ့် အခိုးအငွေ့တွေက သူ့ရဲ့ကိုယ်ထဲကိုဖောက်ထွင်းသွားပြီး နှလုံးသားမှာလာရောက်ခိုလှုံသလိုမျိုးခံစားလိုက်ရတယ်။

သူ့ရဲ့လက်ကို သစ်ပင်ကိုပေါ်ကနေ အမြန်ခွာလိုက်ပြီး ယှဉ်တွဲထားတယ့် လက်ပုံစံအရာနှစ်ခုကို ငေးကြည့်နေမိသည်။ မျက်ခမ်းစပ်တို့က လှုပ်ခတ်လာပြီး နှုတ်ခမ်းသားအစုံက တုန်တုန်ရီရီ။ အချိန်ခဏလေးအတွင်းမှာ မျက်ရည်စက်‌တို့က မျက်ဝန်းထဲကနေ လျှံကျလာပြီး မျက်နှာပြင်ပေါ်ကို ဖြတ်သန်းသွားသည်။ ဆည်ရေကျိုးကျလာသမျိုးစီးဆင်းလာတယ့် မျက်ရည်စက်တွေက မျက်နှာပေါ်ကိုဖြတ်သန်းသွားပြီး အချိန်အတော်ကြာမှ သူ့ကိုယ်သူသတိထားမိတယ်။

သူ ငိုနေမိတာဘဲ။ နင့်နင့်သည်းသည်းကို...
အကြောင်းပြချက်မဲ့စွာ နင့်နင့်သည်းသည်းကိုငိုနေမိတာ။

အားတင်းပြီး ရပ်ထားရတယ့်ခြေအစုံကလည်း ဆက်ပြီး အားမတင်းနိုင်တော့သည့်ဟန်။ တောလမ်းတစ်လျှောက်မှာ ရခဲ့ဒဏ်တွေနဲ့အတူပေါင်းပြီး သူကိုယ်တိုင်ကလည်း မြေကြီးပေါ်လဲကျသွားတယ်။

သူ့ရဲ့ မျက်လုံးတွေအလုံးစုံမမှိတ်သွားခင် လူအရိပ်ကို ဖျတ်ခနဲတွေ့လိုက်ရသည်။ ထိုလူရဲ့လက်ထဲမှာလည်း တစ်စုံတစ်ခုကို ပိုက်ထားလျက်။ ယုန်တစ်ကောင်... တောလမ်းအစကနေ ဒီနေရာအထိ သူ့ကိုရောက်အောင် ခေါ်လာတယ့် ယုန်ဖြူ‌ကိုဘဲပိုက်ထားတာ။

ဒီအထိဘဲ။ ဒါသူ့ရဲ့ မြင်ကွင်းတွေအမှောင်မကျသွားရင်အထိ နောက်‌ဆုံးမြင်လိုက်ရတယ့် ပုံရိပ်ဘဲ။

" မင်း‌ရောက်လာပြီဘဲ ဂျယ်နို

ငါ့ရဲ့ လီဂျယ်နို "

•••••••








Continue Reading

You'll Also Like

37.2K 1K 16
His name was Elliott Bennett and was the result of a night between Bonnie Bennett and Kai Parker in the Prison world. Born a siphon witch but elected...
37.5K 1.1K 23
It's 18+ because there are bad words and abusive stuff too!!! ใ€‚ Started: January,31,19 ใ€‚ Finished: May, 29, 19 Ended with 1.17k ๐Ÿฅฐ *COVER MADE BY ME...
2.1K 399 19
Norenminโ˜‚โ˜‚ แ€แ€ฝแ€ฒแ€แ€ฝแ€ฌแ€›แ€™แ€šแ€บแ€ท แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธแ€แ€”แ€บแ€ธแ€›แ€พแ€ญแ€•แ€ผแ€ฎแ€ธแ€žแ€ฌแ€ธ แ€žแ€ฐแ€…แ€ญแ€™แ€บแ€ธแ€”แ€พแ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€€ แ€˜แ€ฌแ€กแ€แ€ฝแ€€แ€บแ€™แ€ปแ€ฌแ€ธ แ€†แ€ฏแ€ถแ€แ€ฝแ€ฑแ€ทแ€แ€ฒแ€ทแ€€แ€ผแ€›แ€แ€ฌแ€œแ€ฒ..''แ€แ€ฒแ€ท "Red Spider Lilyแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€›แ€ฒแ€ทflower Languageแ€€ แ€”แ€ฑแ€ฌ...
16.2K 456 51
โ•ญโ”ˆโ”€โ”€โ”€โ”€โ”€โ”€โ”€ เณ„เพ€เฟ หŠหŽ- โ•ฐโ”ˆโžค humanity . . . โ‡ข ห—หห‹ reforming a villain that scrooge has faced since the beginning. he considers himself Scrooge's number 1 e...